အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
Chapter 427
ဝုန်း!
ထို့နောက်တွင်မူ စိတ်ဝိညာဉ်တိုက်ပွဲ ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များ ကွယ်ပျောက်သွားလေသည်။
ကိုးထောင်သော နတ်ဆိုးတို့၏ ခွန်အားများက မိုးထိမတတ် တိုးမြင့်လာသည်။ လူတိုင်း အဆင့်တက်လာကြသည်။ လူတိုင်း အဆင့်ချိုးဖောက် တက်ရောက်လာနိုင်ကြလေသည်။
ဤသွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းအား အံ့အားသင့်စေသည်။
“ငါ … ငါ အဆင့်တက်သွားပြီ၊ ဟဟဟ … ဆယ်နှစ်ကျော် ပိတ်ဆို့နေတဲ့ အတားအဆီးက ကျိုးပေါက်သွားပြီကွ”
“သန်မာတယ်၊ ငါ့မှာ အဆုံးမရှိတဲ့ နတ်ဘုရားစွမ်းအင်တွေ ရှိလာသလို ငါ ခံစားမိတယ်၊ မြတ်စွာဘုရား ဒါ နတ်ဘုရား နည်းစနစ်ပဲ”
“မယုံနိုင်လောက်စရာပဲ၊ ငါ့ဘဝမှာ နတ်ဘုရားဂိုဏ်းချုပ်အဆင့်ကို ရောက်ဖို့ အဆင့်မမီလောက်ဘူးလို့ ငါ ထင်ခဲ့တာ၊ အခုတော့ ငါက တကယ်ကို နတ်ဘုရားဂိုဏ်းချုပ်အဆင့်ကို ရောက်သွားပြီကွ”
“….”
ထောင်နှင့်ချီသော နတ်ဆိုးများ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူတို့၏ မျက်နှာထက်၌ တက်ကြွမှုနှင့် အံ့အားသင့်မှုတို့ ထင်ဟပ်နေ၏။
တစ်ကြိမ် အဆင့်တက်လာခြင်းက ဆယ်စုနှစ်နှင့်ချီ၍ ကြိုးစားတာနှင့် ညီမျှနေ၏။
ဤပျော်ရွှင်မူက နတ်ဆိုးတိုင်းကို မြူးကြွလန်းဆန်းစေသည်။
စိတ်ဝိညာဉ်သခင် ရက်ရှာတောင်မှ သူမ၏နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်လေးက တုန်ယင်နေလေသည်။ ယခုအခါတွင် သူမသည် ရှေ့ဆက်ကြိုးစားနေသရွေ့ စစ်မှန်သော နတ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်လေပြီ။
ဒုန်း!
ထိုသို့သောအချိန်၌ ကိုးထောင်သော နတ်ဆိုးမျိုးနွယ်များက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာပြန်သည်။ ယခုအချိန်၌ သူတို့မျက်နှာထက်တွင် စိတ်အားတက်ကြွမှုနှင့် ရိုလေလေးစားမှုများ ထင်ဟပ်နေ၏။
“စိတ်ဝိညာဉ်တိုက်ပွဲ နတ်ဆိုးများက သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်ကျော်ရာကျော် ရှည်ပါစေ”
ဤအသံက နားကွဲလုမတတ် ကျယ်လောင်လှကာ ဂြိုဟ် တစ်ခုလုံးအား တုန်ခါသွားစေည်။
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။
ထောင်နှင့်ချီသော နတ်ဆိုးများ စုဝေးနေခြင်းက နတ်ဘုရား မျိုးနွယ်များကို ကြက်သီးမွေးညင်း ထသွားစေသည်။
ထိုကိုးထောင်သော နတ်ဆိုးများ တံတွေးတစ်ချက် ထွေးလိုက်ရုံနှင့် နတ်ဘုရားမျိုးနွယ်များကို နစ်မြုပ်သွားအောင် လုပ်နိုင်သည်ဟု ထင်မှတ်မှားရလေသည်။
အတိုင်းမသိသော နတ်ဆိုးများကို ကြည့်ရင်း နတ်ဘုရားဂိုဏ်းချုပ် သိုင်းပညာရှင်တောင်မှ ကတုန်ကယင် ဖြစ်လာလေသည်။
*ဘာလုပ်ရမလဲ*
ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ နဖူးမှ ချွေးအေးများ တဒီးဒီးစီးကျလာသည်။ လူတိုင်း မျက်ခုံး တဆတ်ဆတ်လှုပ်နေကြလေသည်။
အထူးသဖြင့် ယဲ့ဖန်က တစ်ဖက်လှည့်၍ သူတို့ရှိရာသို့ လှမ်းကြည့်လာသည်ကို တွေ့လိုက်ကြလေသည်။
ဒုန်း!
ရာနှင့်ချီသော နတ်ဘုရားများ ခြေမခိုင်တော့ဘဲ မြေကြီးပေါ် ဒူးထောက်ကျလာလေသည်။
“တကယ်ပဲ နတ်ဆိုးဧကရာဇ်ကိုး၊ ငါ နတ်ဘုရားမျိုးနွယ်ကို စွန့်ခွာပြီး နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းချင်တယ်”
“ငါရောပဲ၊ ငါ ခုနတုန်းက တွေဝေခဲ့တယ်၊ အခု အရှင် နတ်ဆိုးဧကရာဇ်က ငါ့ကို အခွင့်အရေးထပ်ပေးမယ်လို့ မျှော်လင့်တာပဲ”
“နတ်ဆိုးမျိုးနွယ်က လေးစားဖွယ်အကောင်းဆုံး မျိုးနွယ်ပဲ၊ အရှင်နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ပူးပေါင်းခွင့်ပေးပါ”
“….”
ယခုအချိန်၌ ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ်များ ဒူးထောက် ဝပ်တွားနေကြသည်။ သူတို့အားလုံး ရှက်ရွံ့နေကြပြီး ကိုယ့်ပါးကိုယ်သာ ရိုက်ချင်နေကြလေသည်။
“နတ်ဆိုးမျိုးနွယ် ဖြစ်သော်ငြားလည်း ဆယ်စုနှစ်နှင့်ချီ၍ ကြိုးစားမှရလာမည့် ရလဒ်မျိုး ရလာမည်ဆိုသည်ကို ကြိုသိခဲ့ပါ သူတို့ ငိုယိုရမည်ဆိုလျင်တောင်မှ သူတို့ နတ်ဆိုးမျိုးနွယ်သို့ ဝင်ရောက်မည်ပင်။
သို့သော် ယခုအခါတွင်တော့ …
“နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းမယ်တဲ့လား”
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးလာပြီး သူ၏မျက်လုံးများ ဓားကဲ့သို့ ထက်ရှအေးစက်လာသည်။
“မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့ပင်မယ့် မင်းတို့က သေချင်နေ တာပဲ၊ အခုမှ နတ်ဆိုးမျိုးနွယ်ထဲ ဝင်ချင်တယ် ဆိုရင်တော့ နောက်ကျသွားပြီ”
*ဘာ*
ယဲ့ဖန်၏ စကားများက ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ်များအား တွေဝေသွားစေပြီး မျက်နှာပျက် သွားကြစေသည်။
သို့သော် ထိုစကားက ဤမျှနှင့် မရပ်သေးချေ။
“မင်းတို့ နတ်ဆိုးစိတ်ဝိညာဉ်ကို နှိပ်စက်ခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲမှာ ပါဝင်ခဲ့တာပဲဖြစ်ဖြစ် မင်းတို့အားလုံးက သေလူတွေပဲ”
“ဒီနေ့ မင်းတို့ သွေးကြွေးကို မင်းတို့အသက်နဲ့ ပြန်ဆပ်ရမယ်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏မျက်လုံးများက တောက်ပ လာသည်။ ထို့အတူ အနက်ရောင် ချီမျှင်စုများက ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။
ထိုစဉ် သူက လက်ဆန့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုအနက်ရောင် ချီမျှင်စုများက ဧရာမ နတ်ဆိုးလက်ကြီးအသွင် ပြောင်းသွားလေသည်။
ထို့နောက် ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ ထံသို့ ထိုလက်ကြီးက ကျရောက်လာသည်။
ထိုသို့သောအချိန်၌ အော်ဟစ်ငိုယိုသံများ ဆက်တိုက် ထွက်ပေါ် လာသည်။
ထိုနတ်ဆိုးလက်ကြီးကြောင့် ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်များ ဆွဲထုတ်ခံရသည်ကိုမြင်ပြီး အားလုံး သွေးပျက်သွားကြသည်။
“အား….”
ငယ်သံပါအောင် အော်ဟစ်နေသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ ကြောက်လန့်နေကြ၏။
“ဒါ … ဒါ ဘာကြီးလဲ၊ ငါ့နတ်ဘုရား စိတ်ဝိညာဉ်၊ မြတ်စွာဘုရား ငါ့နတ်ဘုရား စိတ်ဝိညာဉ်က ဆွဲဖြဲခံရတော့မယ်”
“ချီးတဲ့မှ နာတယ်ကွ၊ မိစ္ဆာ … မင်းက မိစ္ဆာပဲ”
“အား … နာတယ်”
ထိုသို့သောအချိန်၌ ကြေးချွတ်သန့်စင်ဘုံသို့ ရောက်နေသကဲ့သို့ ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက ခြောက်ခြားဖွယ် ကောင်းလောက်အောင် အော်ဟစ်နေရသည်။
သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များသည် ကြောက်မက်ဖွယ် ကောင်းသော လက်များ၏ ဆွဲဖြဲခြင်းကို ခံနေရသဖြင့် မှင်တက်နေကြသည်။
သို့သော် ဤသည်ကား အစသာရှိသေးသည်။
“ငါ့ညီအစ်ကိုတွေ ထွက်လာတော့”
ယဲ့ဖန်၏ အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ သူ့လက်မောင်းရှိ အနက်ရောင် နတ်ဆိုးဦးခွံ တက်တူးများမှနေ၍ အနက်ရောင် အလင်းတန်းများ ဖြာထွက်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးစိတ်ဝိညာဉ်များက တံခွန်ကဲ့သို့ ထွက်ပေါ်လာကြသည်။ ထို့နောက် မြေကြီးပေါ်ရှိ ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ အသားထဲသို့ တိုးဝင်ပျံသန်း သွားကြပြီး အခြားသူ၏ ခန္ဓာကိုယ်အား အပိုင်စီးကြလေတော့သည်။
ဤမြင်ကွင်းက ရာနှင့်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် များ၏ စိတ်ဝိညာဉ်ကို ခြောက်ခြားသွားစေသည်။
“မလုပ်နဲ့”
“အဲ့ဒါ ငါ့ခန္ဓာကိုယ်ကွ၊ ခွေးမသား ငါ့ကို ချပေးစမ်း”
ထိုသို့သောအချိန်၌ ရာနှင့်ချီသော စိတ်ဝိညာဉ်များ အလွန်အမင်း ကြောက်ရွံ့ နေကြသည်။
သူတို့၏ ခန္ဓာကိုယ်များကို အခြားသူများက ဝင်ယူသွားသဖြင့် သူတို့ အသက်ရှင်နေလျင်တောင်မှ အလွန်အမင်း အားနည်းသော နတ်ဘုရား စိတ်ဝိညာဉ်အဖြစ်နှင့်သာ နေထိုင်နိုင်တော့မည် ဖြစ်သည်။
ဤသည်က သူတို့အတွက် မိုးကြိုးပစ်ချခြင်း ခံလိုက်ရသလိုပင်။
ထိုစဉ် ရာနှင့်ချီသော နတ်ဆိုးများက နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သွားကြလေသည်။
သူတို့ မျက်လုံးဖွင့်လာချိန်တွင် မျက်ဝန်းထက်၌ နတ်ဆိုး စွမ်းအင်များ ထင်ဟပ်နေ၏။
မြေကြီးပေါ် လဲကျနေသော ရာနှင့်ချီသည့် ခန္ဓာကိုယ်များက ထရပ်လာကြသည်။ ထိုသည်သာမကသေး ရာနှင့်ချီသော နတ်ဆိုးများ ပြန်လည်မွေးဖွားလာသည်နှင့် သူတို့၏ သိုင်းအဆင့် များက ရုတ်တရက် ထိုးတက်လာသည်။
တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။
နတ်ဘုရား သေနာပတိအဆင့်သာရှိသော နတ်ဆိုးတစ်ကောင်က နတ်ဘုရား ဂိုဏ်းချုပ်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားသည်။
ဆယ်ယောက်၊ အယောက် ငါးဆယ်၊ အယောက်တစ်ရာ။
….
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော နတ်ဆိုးများက နတ်ဘုရားဂိုဏ်းချုပ်အဆင့်သို့ အဆင့်တက် သွားကြလေသည်။
အထူးသဖြင့် နတ်ဆိုးသုံးကောင်ပင်။
နတ်ဘုရားဂိုဏ်းချုပ်အဆင့်ရှိသူ ကြံကြီးသည် အထွတ်အထိပ် နတ်ဘုရားဂိုဏ်းချုပ်အဆင့်သို့ ထိုးတက်သွားပြီး ထို့နောက်တွင်မူ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်အထိ အဆင့်တက်သွားလေသည်။
နတ်ဆိုးသစ်နက်က နတ်ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် နတ်ဆိုး စစ်စိုခိုက နတ်ဧကရာဇ်တစ်ပိုင်းအဆင့်သို့ အဆင့်တက် သွားကြလေသည်။
ကိုယ်ပိုင်ခန္ဓာကိုယ်ရှိသောကြောင့် အခြားသူ၏ ခန္ဓာကိုယ်ကို ဝင်ရောက်စရာ မလိုသော ဘက်ခါမှလွဲ၍ ကျန်နတ်ဆိုးခေါ င်းဆောင် သုံးယောက်လုံး အဆင့်တက်သွား ကြသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ရက်ရှာတို့အဖွဲ့အား နတ်ဆိုးမျိုးနွယ် အဖွဲ့ထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအဖွဲ့၌ ဘုရင်အဆင့် လေးယောက်ရှိနေ၏။
“မြတ်စွာဘုရား၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ပါလား၊ ဒါ … ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လက်ခုပ်တွင်း၌ ချုပ်ကိုင်ခြင်း ခံထားရသည့် ရာနှင့်ချီသော နတ်ဘုရား စိတ်ဝိညာဉ်များ သွေးပျက်သွားကြသည်။
မူလနဂါးငွေ့တန်း အင်ပါယာမှ အသန်မာဆုံးသော ဧကရာဇ်၏ ခွန်အားသည်လည်း နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ပင် ဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ ယဲ့ဖန်၏ လက်အောက်ငယ်သားများထဲမှ လေးယောက်က ဘုရင်အဆင့်နှင့်အထက်သို့ ရောက်နေကြသည်။
ဤသည်က နဂါးငွေ့တန်း အင်ပါယာကြီးကို အခက်အခဲ ဖျက်ဆီးနိုင်လေသည်။
ဤကြောက်မက်ဖွယ် ကောင်းသော အဆင့်တက်မှုကြီးက နတ်ဘုရား စိတ်ဝိညာဉ်တိုင်းကို မှင်တက်သွားစေသည်။
ထိုစဉ် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သုံးယောက် ဦးဆောင်သည့် ရာနှင့်ချီသော နတ်ဘုရားဂိုဏ်းချုပ်အဆင့် နတ်ဆိုးများက ယဲ့ဖန်ရှေ့၌ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင် လာကြသည်။
“သေဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေက အလောင်းကောင်ကနေပြီး ပြန်လည်မွေးဖွားလာပါပြီ”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော်ရှည်ပါစေ”
ဟစ်ကြွေးသံက အတောမသတ်တော့ချေ။
ဤမြင်ကွင်းက ရာနှင့်ချီသော နတ်ဘုရား စိတ်ဝိညာဉ်များကို သွေးပျက်ခြောက်ခြားသွားစေသည်။
*သွားပြီ*
သူတို့၏ခန္ဓာကိုယ်များကို လုယူခြင်းခံလိုက်ရလေပြီ။ နတ်ဆိုး စိတ်ဝိညာဉ်က လွတ်မြောက်လာလျင်တောင်မှ သူတို့ခွန်အားနှင့် ဆိုလျင် သူတို့ခန္ဓာကိုယ်ကို ပြန်ယူနိုင်တော့မည် မဟုတ်ပါ။
ဤသည်ကိုတွေးမိပြီးနောက် နတ်ဘုရား စိတ်ဝိညာဉ်တိုင်း ထိတ်လန့်ခြောက်ခြားကာ ယဲ့ဖန်ကို တောင်းပန် ကြလေသည်။
“အရှင်နတ်ဆိုးဧကရာဇ်၊ ကျွန်တော် … ကျွန်တော့်ခန္ဓာကိုယ်ကို စွန့်လွှတ်ပါ့မယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ချမ်းသာပေးပါ”
“အရှင်နတ်ဆိုးဧကရာဇ် ကျွန်တော့်ခန္ဓာကိုယ်ကို ကျွန်မ မလိုချင်တော့ပါဘူး၊ ကျွန်တော့်ကိုသာ လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုသာ လွှတ်ပေးပါဗျာ”
“ကျွန်တော် တစ်သက်လုံး နတ်ဆိုးစိတ်ဝိညာဉ်အဖြစ် နေပါ့မယ်၊ သခင်ကြီးကို ခစားပြီး သခင်ကြီး ဂုဏ်တက်လာအောင် နေပါ့မယ်”
“….”
ယခုအချိန်၌ ရာနှင့်ချီသော နတ်ဘုရား စိတ်ဝိညာဉ်များ လုံးဝကြောက်လန့်နေကြသည်။ သူတို့ နောင်တရ နေကြ၏။
ဤသို့ဖြစ်လာမည်ဆိုတာကိုသာ သိခဲ့ပါက သူတို့ တွေဝေမနေဘဲ နတ်ဆိုးမျိုးနွယ်ထဲသို့ ဝင်ရောက်ခဲ့မှာပင်။
သို့သော် ယခုအခါတွင်တော့ အချိန်နှောင်းသွားလေပြီ။
“မင်းတို့ကို လွှတ်ပေးရမယ် ဟုတ်လား”
ယဲ့ဖန်က ရာနှင့်ချီသော နတ်ဘုရား စိတ်ဝိညာဉ်များကိုကြည့်ပြီး ပျက်ရယ်ပြုလိုက်သည်။
“ငါက နတ်ဆိုးလေ၊ နတ်ဆိုးဆိုတာက နတ်ဘုရားတွေကို သုတ်သင်ပြီး အင်မော်တယ်တွေကို သတ်ဖြတ်တယ်”
“အဲ့တော့ မင်း သေလို့ရပြီ”
*ဘာ*
ထိုစကားက ရာနှင့်ချီသော နတ်ဘုရားစိတ်ဝိညာဉ်များအား သေမိန့်ချလိုက်သလိုပင်။ သူတို့ အရူးအမူး ရုန်းကန်ကြသည်။
သို့သော် ပုရွက်ဆိတ်များကဲ့သို့ သူတို့၏ ကြိုးစားမှုများက အရာမထင်ပေ။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလက်ဖဝါးက ဖျစ်ညှစ် လာ၏။
ဖျောက်!
ထို့နောက်တွင်မူ ရာနှင့်ချီသော နတ်ဘုရား စိတ်ဝိညာဉ်များ လုံးဝ ပျောက်ကွယ်သွားလေသည်။
ထိုအခါမှသာ ယဲ့ဖန်၏အကြည့်များက ကြယ်တာရာ အစုအဝေးရှိရာ အရပ်သို့ လှမ်းကြည့်လာပြီး သူ၏နှု တ်ခမ်းထောင့်က တွန့်ကွေးလာသည်။
“နဂါးငွေ့တန်း ငါ လာပြီ”
Chapter 428
နဂါးငွေ့တန်း အင်ပါယာ။
ဆာရိုနယ်မြေ။
နဂါးငွေ့တန်း အင်ပါယာ၏ အရှင်သခင် လက်ရှိဧကရာဖ် ပီခမ်းက ဆာရိုဂြိုဟ်နယ်မြေအား သွေးပင်လယ် ဝေနေစေသည်။
အရှင်သခင်ငါးယောက်နှင့်အတူ နဂါးငွေ့တန်း၏ မဟာအင်အားစု များကိုလည်း စေလွှတ်လိုက်သည်။
တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကို သုတ်သင်ကြလေသည်။ ဆာရိုဂြိုဟ် နယ်မြေတစ်ခုလုံး၌ သွေးချောင်းစီး၍ မီးပင်လယ်ဝေနေ၏။
မီးဂြိုဟ်။
ထိုဂြိုဟ်သည် ယဲ့ဖန် ဆန်းကြယ်ရေခဲခန္ဓာကိုယ်၏ အစွမ်းကို စမ်းသပ်ချင်၍ မီးဘီလူးကောင်ကို သတ်ကာ ကယ်တင်ခဲ့သော ဂြိုဟ်ဖြစ်လေသည်။
ဂြိုဟ်ပေါ်၌ ယဲ့ဖန်၏ ဧရာမ ဆန်းကြယ်ရေခဲ နတ်ဘုရား ရုပ်တုကြီး ရှိလေသည်။ ထိုဂြိုဟ်ပေါ်၌ မည်သည့် မီးသားရဲကောင်မှ မရှိတော့ပါ။
သို့သော် လေထုသည် အလွန် လေးလံထိုင်းမှိုင်းနေပြီး သိမ်ငယ်၍ ဝမ်းနည်းရိပ်များနှင့် ပြည့်နှက်နေ၏။
မြို့လယ်ခေါင်၌ မီးဘုရင်သည် ညှိုးငယ်နေပုံပေါ်ပြီး အောက်မှ လူသားမျိုးနွယ်များကို ငုံ့ကြည့်၍ ဝမ်းနည်းစွာ ပြောလိုက်သည်။
“တိုင်းသူပြည်သားတို့ လူတိုင်း သတင်းကြားပြီးကြပြီလို့ ထင်ပါတယ်။ အခု နဂါးငွေ့တန်း အင်ပါယာက ကျုပ်တို့ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံးကို သွေးချောင်းစီးမတတ် သုတ်သင်နေကြတယ်”
“အဲ့ဒီ အာဏာပါးကွပ်သားတွေက မကြာခင် မီးဂြိုဟ်ဆီကို ရောက်လာလိမ့်မယ်လို့ ကျုပ် ထင်တယ်”
ထိုစကားကို ကြားပြီး မြို့လယ်ခေါင်ရှိ လူသားမျိုးနွယ်များအားလုံး ငိုကြွေးကြလေသည်။
မျှော်လင့်ချက် ပျက်သုဉ်းခြင်းနှင့် ကြောက်စိတ်များက လူတိုင်း၏ စိတ်နှလုံးသားထဲသို့ စိမ့်ဝင်ပျံ့နှံ့နေသည်။
မီးဘုရင်က သူ့မျက်နှာပေါ်မှ မျက်ရည်ကိုသုတ်ကာ အောက်ဘက် မြို့လယ်ခေါင်ရှိ လူများကို လက်ပြ၍ ဝမ်းနည်းစွာ ပြောလိုက်သည်။
“သွားတော့ အားလုံး မြန်မြန်သွားကြတော့”
“အဲ့ဒီ သတ်ဖြတ်သူတွေ မလာခင် မင်းတို့ အသက်ရှင်ရမယ့် နည်းလမ်းတွေ့မှ ဖြစ်မယ်၊ သူတို့ရောက်လာတာနဲ့ အားလုံး ပြီးဆုံးပြီ”
မီးဘုရင်၏စကားကြောင့် မြို့လယ်ခေါင်တစ်ခုလုံး ပို၍ဝမ်းနည်းစွာ ငိုကြွေးလာကြသည်။ မရေတွက်နိုင်သော လူများစွာက သူတို့၏ ရိုသေလေးစားထိုက်သော ဘုရင်ကို မော့ကြည့်နေကြသည်။
“အရှင် အရှင်ကရော။ အရှင် မသွားဘူးလား”
*သွားရမယ်တဲ့လား*
မီးဘုရင်၏ မျက်နှာထက်၌ ခံပြင်းသောအပြုံးမျိုး ဖြစ်ပေါ် လာသည်။ သူက မိုးထိမတတ် မြင့်မားသော ဆန်းကြယ် ရေခဲနတ်ဘုရား ရုပ်တုကို လှမ်းကြည့်ရင်း ပြောလာသည်။
ငါက မီးဂြိုဟ်ရဲ့ ဘုရင်ပဲ။ ငါက မီးဂြိုဟ်နဲ့အတူ ရှင်သန်ပြီး သေဆုံးမယ်၊ ပြီးတော့ ဆန်းကြယ်ရေခဲ နတ်ဘုရားနဲ့အတူ ယှဉ်တွဲတည်ရှိမယ်။ ဆန်းကြယ်ရေခဲနတ်ဘုရားက ငါ့ကို ကောင်းချီးပေးမယ်လို့ ငါ ယုံကြည်တယ်”
ဆန်းကြယ်ရေခဲ နတ်ဘုရား။
ထိုသို့သောအချိန်၌ ထောင်သောင်းချီသော လူများက မြင့်မြတ်သော ရုပ်တုကို ပြိုင်တူကြည့်လာကြသည်။
သူတို့၏ မျက်နှာထက်၌ အလွန်အမင်း ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေ၏။
အစပိုင်းအခါက သူတို့အားလုံး ဖျက်ဆီးခံရတော့မည့်အချိန်တွင် ဆန်းကြယ်ရေခဲ နတ်ဘုရား ရောက်လာပြီး သူတို့အား မီးဘီလူးကောင်လက်ထဲမှ ကယ်တင်ခဲ့သည်။
ဤသည်ကား သူတို့အားလုံး၏ နတ်ဘုရားပင် ဖြစ်လေသည်။ ထို့အတူ ယခုအခါတွင်လည်း …
“ငါ မသွားဘူး၊ ငါ ဆန်းကြယ်ရေခဲ နတ်ဘုရားနဲ့အတူ တည်ရှိမယ်။ ငါတို့ ထွက်သွားရင် အဲ့သတ်ဖြတ်သူတွေက ဒီရုပ်တုကို ဖျက်ဆီးပစ်လိမ့်မယ်။ သူတို့ ဆန်းကြယ်ရေခဲနတ်ဘုရားကို မတော်မလျော်လုပ်တာမျိုး ငါ လက်မခံနိုင်ဘူး”
“ငါရောပဲ၊ အရင်တုန်းက ဆန်းကြယ်ရေခဲ နတ်ဘုရားက ဒီကိုလာပြီး ငါ့မိသားစုကို ကယ်တင်ခဲ့တယ်။ ဒီရုပ်တုက ငါတို့ တစ်မိသားစုလုံးရဲ့ ယုံကြည်ရာပဲ။ ယုံကြည်မှုက အဖျက်ဆီးခံ လို့မဖြစ်ဘူး။ ပြီးတော့ ရုပ်တုက ဖျက်ဆီးခံလို့ မရဘူး”
“ငါလည်း မသွားချင်ဘူး”
“ငါရောပဲ …”
ထိုသို့သော အချိန်တွင် မြို့လယ်ခေါင်တစ်ခုလုံး၌ ဟစ်ကြွေးသံ များဖြင့် ပြည့်နှက်လာလေသည်။
ထောင်သောင်းချီသော မီးဂြိုဟ်သူဂြိုဟ်သားများက ထွက်သွားရန် ဝန်လေးနေကြသည်။
သူတို့ တစ်ခါ သေမလို ဖြစ်ခဲ့ပြီးလေပြီ။ ဆန်းကြယ်ရေခဲ နတ်ဘုရားသာ ရောက်မလာပါက မီးဂြိုဟ်ပေါ်၌ မည်သည့် လူသားမျှ ရှိနေတော့မည် မဟုတ်ပါ။
ယခုအချိန်တွင်တော့ သူတို့ ဒီနေရာမှ ထွက်မသွားချင်ပါ။ သူတို့ နတ်ဘုရား၏ ရုပ်တုကို စွန့်ခွာမသွားချင်ပါ။
ဤမြင်ကွင်းကိုကြည့်ပြီး မီးဘုရင်၏ မျက်နှာထက်၌ ဝမ်းနည်းရိပ်များ ယှက်သန်းလာသည်။
သူသည် ယဲ့ဖန်၏ ရုပ်တုရှေ့၌ ဒူးထောက်ချရင်း မျက်ရည်ကျ လာသည်။
“ကြီးမြတ်သော ဆန်းကြယ်ရေခဲ နတ်ဘုရားခင်ဗျား၊ ကျေးဇူးပြုပြီး အရှင့်လူတွေကို ကောင်းချီးပေးပေးပါ”
ထို့နောက် မီးဘုရင်က ခေါင်းငုံ့လိုက်သည်။ သူသည်သာမက မီးဘုရင်၏ အောက်၌ရှိသော ထောင်သောင်းချီသည့် လူများ ကလည်း ယဲ့ဖန်၏ရုပ်တုကို မော့ကြည့်ကာ ဒူးထောက်၍ အရိုအသေပေးကြလေသည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
ရူးသွပ်စွာ ဟစ်ကြွေးသံများက ဂြိုဟ်တစ်ခုလုံးသို့ ပျံ့လွင့်လာ၏။ ဤရုပ်တုသည် သူတို့၏ ယုံကြည်ရာဖြစ်ပြီး သူတို့အား အားမာန်များ ပေးစွမ်းနိုင်သလိုပင်။
ဝုန်း!
ထိုစဉ်
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အလင်းတော်အမြောက် ကျရောက်လာပြီး ရုပ်တုကို ထိမှန်သွားလေသည်။
ဂျွတ်!
ထို့နောက် ရုပ်တုတစ်ခုလုံး ပေါက်ကွဲသွား၏။ ဧရာမ ရုပ်တုကြီးတစ်ခုလုံး တစ်စစီဖြစ်ကာ ကောင်းကင်မှ ပြုတ်ကျလာ လေတော့သည်။
“သေစမ်းကွာ”
ဤမြင်ကွင်းကြောင့် မီးဂြိုဟ်ပေါ်ရှိ လူများအားလုံး ဒေါသူပုန်ထသွားလေသည်။
သူတို့၏ နတ်ဘုရား၊ သူတို့၏ ယုံကြည်ရာအား မျက်စိရှေ့မှာပင် ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရခြင်းက လူတိုင်း၏ သတ်ဖြတ်လိုစိတ်အား အလွန်အမင်း ပေါက်ကွဲထွက်လာစေသည်။
လူတိုင်းက ဘေးဘီကို လှည့်ကြည့်ကြသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော စစ်သင်္ဘောတစ်စီးက မီးဂြိုဟ်ပေါ်သို့ ဆင်းသက်လာသည်။
ရာနှင့်ချီသော နတ်ဘုရား သေနာပတိအဆင့် ကြေးစားများက စစ်သင်္ဘောထဲမှ မီးဂြိုဟ်ပေါ်သို့ အရူးအမူး ခုန်ထွက်လာကြသည်။
“သတ်ဖြတ်သူတွေ၊ သူတို့ ရောက်လာပြီ၊ တိုက်ဖို့ ပြင်ကြဟေ့”
မီးဘုရင် ထိတ်လန့်နေသည်။ ထောင်နှင့်ချီသော လူများက ကြုံးဝါးလာည်။
ချွင်!
ထောင်သောင်းချီသော လူများသည် သူတို့၏ ဓားအိမ်ထဲမှ ဓားများကို ဆွဲထုတ်လိုက်ကြပြီး ကြောက်ရွံ့ဟန်မရှိဘဲ သတ်ဖြတ် တိုက်ခိုက်လိုစိတ်သာ ပြင်းပြနေ၏။
ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော ကြေးစား စစ်သားများက လေပေါ် ပျံသန်းလာကြသည်။
ထိုသူတို့အား နတ်ဘုရား ဂိုဏ်းချုပ်အဆင့် လေးယောက်က ဦးဆောင်လာသည်။
သူတို့၏ နောက်၌ ရာနှင့်ချီသော နတ်ဘုရား သေနာပတိအဆင့်များ လိုက်ပါလာ၏။ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းအား ကြောက်လန့်သွားစေသည်။
“နိမ့်ကျတဲ့ ဆာရိုဂြိုဟ်သားတွေ၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ခန္ဓာကိုယ်ကို ထားခဲ့စမ်း။ ငါတို့ သတ်တာခံရရင် မင်းတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံရမယ်”
သေမင်းကဲ့သို့သောအသံမျိုး ထွက်ပေါ်လာသည်။ ထိုအသံကြောင့် မီးဂြိုဟ်သူဂြိုဟ်သားများအားလုံး အလွန် တွေဝေသွားကြသည်။
“စစ်ပွဲဟေ့ တိုက်မယ်၊ ချကြ”
မီးဘုရင်၏ မျက်လုံးများက ရဲရဲနီနေပြီး သွေးဆာ၍ သတ်ဖြတ်လိုဟန် ပေါ်နေသည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရားရဲ့ ရုပ်တုကို မင်းတို့ ဖျက်ဆီးတယ် ချကြ”
“မင်းတို့ ငါတို့ ဆာရိုဂြိုဟ်နယ်မြေကို ဖျက်ဆီးတယ် ချကြဟေ့”
“မင်းတို့ ငါတို့ ယုံကြည်ရာကို ဖျက်ဆီးတယ် ချမယ်”
မီးဘုရင်က ရူးသွပ်စွာ ကြုံးဝါးလာသည်။
သူ့အောက်ရှိ ထောင်သောင်းချီသော လူများ၏ ချီဓာတ်များက ဓားသွားကဲ့သို့ ထက်ရှလာသည်။
အေးတိအေးစက် မျက်လုံးများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက် နေကြသည်။
“ကောင်းပြီလေ၊ ဆာရိုဂြိုဟ်ရဲ့ အသေးအဖွဲတစ်ဖွဲ့က မထီမဲ့မြင် ပြုမူနေပါလား”
နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ခေါင်းဆောင်က လှောင်ရယ် လေသည်။
“မင်းတို့က နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးခံချင်မှတော့ ငါတို့က လုပ်ပေးရတာပေါ့”
“သတ်”
ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်က အချက်ပြလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရား ဂိုဏ်းချုပ်အဆင့် လေးယောက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး မီးဂြိုဟ်ပေါ်မှ လူများကို အရူးအမူး သတ်ဖြတ်ကြလေသည်။
ထိုသို့သောအချိန်၌ မီးဂြိုဟ်ပေါ်တွင် သွေးချောင်းစီး လေတော့သည်။ သွေးပင်လယ်က ကောင်းကင်ထက်တိုင် နီမြန်းနေ၏။
နာမည်ကြီးသော မီးဘုရင်၏လူများ ကျဆုံးကြလေသည်။ သိုင်းပညာရှင်တိုင်း အသတ်ခံကြရသည်။
ထောင်သောင်းချီသောလူများ၌ မည်သူမျှ ပြေးမလွတ်ပေ။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဟူသော ဆိုရိုးက မီးဂြိုဟ်နှင့် ကိုက်ညီနေလေ၏။
အလောင်းများက တောင်လိုပုံနေကြသည်။ အဖြစ်ဆိုးနှင့် ပျက်စီးခြောက်ကပ်ခြင်းက လူတိုင်း၏ နှလုံးသားထဲသို့ စိမ့်ဝင်လာသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးပါလား။ လူတိုင်း အသတ်ခံနေရသည်။
“ကြီးမြတ်သော ဆန်းကြယ်ရေခဲ နတ်ဘုရား”
သွေးသံတရဲရဲနှင့် မီးဘုရင်က သူ့ကိုယ်သူနှင့် သူ့လူများနှင့်အတူ ကျိုးပဲ့နေသော ရုပ်တုကို ကြည့်နေမိသည်။ မျက်ရည်များက မိုးစက်သဖွယ် ကျဆင်းလာသည်။
“ကျွန်တော်တို့ အသုံးမကျပါဘူး၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ယုံကြည်ရာကို မကာကွယ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ နတ်ဘုရားရဲ့ စိတ်ဝိညာဉ်ကို မစောင့်ရှောက်နိုင်ခဲ့ဘူး”
ရူးမတတ် အော်ဟစ်သံများက ကောင်းကင်ထက်သို့ လွင့်ပျံနေ၏။ မီးဂြိုဟ်သူဂြိုဟ်သားတိုင်း မျော်လင့်ချက် ပျက်သုဉ်းနေကြသည်။
သေဆုံးခြင်းက ရောက်ရှိလို့လာလေပြီ။
သတ်ဖြတ်သူ၏ ဓားက ဝင့်လာချိန်တွင် များစွာသော မီးဂြိုဟ်သူဂြိုဟ်သားတို့ သေဆုံးရပေတော့မည်။
သို့သော် ထိုသို့သောအချိန်၌ မီးဂြိုဟ်ပေါ်မှ အနက်ရောင် ချီဓာတ်များ ပေါက်ကွဲလာသည်။
လူတိုင်း၏ အံ့ဩနေသော အကြည့်အောက်မှာပင် အင်မတန် ကြောက်မက်ဖွယ် ကောင်းသော အရာက ဝင်ရောက် လာလေသည်။
အခြားသော စစ်သင်္ဘောများ ရောက်ရှိလာပြီး မီးဂြိုဟ်ထက်၌ ပျံသန်းနေ၏။
ထိုစစ်သင်္ဘောထဲမှ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင် ထွက်ပေါ်လာသည်။ သူ့နောက်၌ တစ်ထောင်၊ ငါးထောင်၊ ကိုးထောင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာရှင် တစ်သောင်းနီးပါး ရောက်လာကြသည်။ အားလုံးက သွေးပျက်ဖွယ် ကောင်းလှသည်။
အားအနည်းဆုံးသူကပင် နတ်ဘုရား သေနာပတိအဆင့် ရှိလေသည်။ သူတို့ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်း နတ်ဧကရာဇ်တစ်ပိုင်းအဆင့် လေးယောက် ပါနေ၏။
ထိုစဉ် မီးဂြိုဟ်သူဂြိုဟ်သားတိုင်းသည် ထိုသူတို့အား ဦးဆောင် လာသော အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို တွေ့လိုက်ရ ပြီးနောက် အားလုံး တုန်လှုပ်သွားကြသည်။
“ဒါ … ဒါ ဆန်းကြယ်ရေခဲ နတ်ဘုရားပဲ”
Chapter 429
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။
ထိုသို့သောအချိန်၌ မီးဂြိုဟ်၏ ကောင်းကင်ယံထံ၌ လွှမ်းမိုးနိုင်သော သိုင်းပညာရှင်များနှင့် ပြည့်နှက်လာသည်။
အားအနည်းဆုံးသူပင် နတ်ဘုရား သေနာပတိအဆင့် ရှိနေ၏။ အသန်မာဆုံးသောသူကား နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ဖြစ်နေသည်။
လူအယောက်တစ်သောင်းနီးပါး၏ ကြောက်မက်ဖွယ်ကောင်းသော လွှမ်းမိုးမှုက မီးဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်လေသည်။
သူတို့၏ ဖောက်ခွဲမှုတစ်ခုကပင် ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ် နိုင်နေ၏။
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
မီးဂြိုဟ်ပေါ်မှ လူတိုင်းသည် အနက်ရောင်ဝတ်စုံနှင့်လူငယ်လေး ဦးဆောင်လာသော လူစုကို မြင်သည်နှင့် အားလုံး အားတက်လာကြသည်။
ဒုန်း!
မီးဘုရင်နှင့် မရေတွက်နိုင်သော လူများက ဒူးထောက်ကာ ကောင်းကင်ယံ ထက်သို့ မော့ကြည့်၍ ဟစ်ကြွေးလာကြသည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရား ကြွရောက်လာမှုကို ကြိုဆိုပါတယ်”
ဝုန်း!
ဤမြင်ကွင်းက သတ်ဖြတ်သူများ၏ စိတ်ဝိညာဉ်ကို ခြောက်ခြား သွားစေသည်။
အင်အားကြီးလိုက်လေခြင်း။ ဘယ်လိုလုပ် ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ ရှိနေတာပါလိမ့်။
ဦးဆောင်နေသော နတ်ဘုရားဂိုဏ်းချုပ် လေးယောက်သည် ယခုအချိန်၌ သေးထွက်မတတ် ကြောက်လန့်နေကြသည်။
ယဲ့ဖန် ဦးဆောင်လာသော တပ်ဖွဲ့၌ နတ်ဘုရားဂိုဏ်းချုပ်အဆင့်များ အများအပြား ပါရှိသလို အထူးသဖြင့် သူတို့၏ စိတ်ဝိညာဉ်များကို အလွယ်တကူ ဖျက်ဆီးနိုင်သော နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်ပါ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
“သေစမ်း”
ဦးဆောင်နေသော နတ်ဘုရား ဂိုဏ်းချုပ်အဆင့်တစ်ယောက်သည် ခေါင်းမွေးထောင်သလို ခံစားမိနေသည်။ သူသည် သူ၏ရင်ထဲမှ ကြောက်စိတ်ကို ချုပ်ထိန်း၍ အားတင်းကာ ကောင်းကင်ထက်မှ ယဲ့ဖန်ကို လှမ်းမေးလိုက်သည်။
“မင်းရဲ့အရှင်က ဘယ်သူလဲ။ ငါက နဂါးငွေ့တန်း ဧကရာဇ်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်နေတာ၊ မင်း ငါတို့ကို ဝင်မတားဘူးလို့ မျှော်လင့်ပါတယ်”
ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်သည် ယဲ့ဖန်နှင့် အခြားသူများကို ရန်စမိမည်ကို စိုးထိတ်မိနေသည်။ ယခုအချိန်၌ သူသည် နဂါးငွေ့တန်း ဧကရာဇ်၏ နာမည်ကိုသာ ထုတ်ပြော၍ အခြားသူများကို ထိတ်လန့်အောင်သာ လုပ်နိုင်ပေသည်။
*နဂါးငွေ့တန်း ဧကရာဇ်တဲ့လား*
ထိုစကားက ယဲ့ဖန်၏ အေးစက်သော မျက်လုံးများကို ဝင်းလက် သွားစေသည်။
“ဘာအမိန့်လဲ”
“ဧကရာဇ်ရဲ့အမိန့်အရ နဂါးငွေ့တန်း အင်ပါယာရဲ့ အကြီးအကဲ ငါးယောက်က ဆာရိုဂြိုဟ်နယ်မြေကို အမြတ်ဖြတ် ချေမှုန်းပွဲကို ပူးပေါင်းရမယ်။ ကျေးဇူးပြုပြီး အေးအေးဆေးဆေးနေပြီး ငါတို့ ဧကရာဇ်ဆီ ပြန်မယ့်အချိန်ထိ စောင့်နေပါ၊ အဲ့လိုလုပ်ပေးမယ် ဆိုရင်တော့ ကျေးဇူးတင်ပါတယ်”
ထိုသို့သောအချိန်၌ ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်သည် တုန်ယင်လို့ နေ၏။ ထိုစကားကိုကြားပြီး ယဲ့ဖန်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
*ဆာရိုဂြိုဟ်နယ်မြေကို အမြတ်ဖြတ် ချေမှုန်းမယ်တဲ့လား*
“ဘာသောက်သတ်ဖြတ်သူလဲ၊ ဘာ နဂါးငွေ့တန်းလဲ”
ယဲ့ဖန်က ရယ်မောနေသည်။ ရယ်သံနှင့်တင် ထိတ်လန့် ခြောက်ခြား၍ သွေးပျက်ဖွယ် ကောင်းနေလေသည်။ ဤမြင်ကွင်း ကြောင့် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင် သည် ဇောချွေးပြန်လာပြီး ကျောချမ်းလာသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူ့ရင်ဘတ်ထဲ၌ မကောင်းသော ခံစားချက်မျိုး ဝင်နေ၏။
*ဒီလူက*
ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်သည် ယဲ့ဖန်၏ မျက်နှာကို ကြည့်ပြီးနောက် မြေကြီးပေါ်မှ သူတို့ကြောင့် ပျက်ဆီးသွားသော ရုပ်တုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ကိုယ်လုံး တုန်ယင်လာသည်။
“သေစမ်း၊ သူက မီးဂြိုဟ်သားတွေ ကိုးကွယ်တဲ့သူပဲ … မြတ်စွာဘုရား”
ဤသည်ကို တွေးမိပြီးနောက် နတ်ဘုရားဂိုဏ်းချုပ်အဆင့် ကြက်သီး မွေးညင်း ထလာသည်။
“ပြေး”
တစ်ပြိုင်နက်တည်းမှာပင် သူက အခြားသတ်ဖြတ်သူများအား အော်ပြောလိုက်ပြီးနောက် သရဲသဘက်ကို တွေ့ရသကဲ့သို့ နောက်ဆုတ်၍ ထွက်ပြေးချင်နေသည်။
ထိုသို့သောအချိန်၌ စိတ်ဝိညာဉ်သခင် ရက်ရှာက လက်ဆန့် ထုတ်လာသည်။
ဝုန်း!
များပြားသော နတ်ဘုရားစွမ်းအင်များက ကြီးမားသော လက်ကြီး တစ်ဘက်အသွင်ပြောင်းသွားပြီး ထွက်ပြေးနေသော နတ်ဘုရား ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်ကို လှမ်းဖမ်းလာသည်။
“မလုပ်နဲ့”
ထိုနတ်ဘုရားဂိုဏ်းချုပ်အဆင့်က ကြောက်မက်ဖွယ်ကောင်းသော အော်သံနှင့်အတူ ထိုလက်ကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ လေသည်။
ဝှစ်!
ဧရာမလက်ကြီး၏ ဖျစ်ညှစ်ခြင်းကြောင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲကာ သွေးများပန်းထွက်လာသည်။ အရိုးတောင် မကျန်ချေ။
ဤမြင်ကွင်းက ကျန်ရှိနေသော နတ်ဘုရားဂိုဏ်းချုပ်အဆင့် သုံးယောက်နှင့် ရာနှင့်ချီသော နတ်ဘုရား သေနာပတိများကို သွေးပျက်သွားစေသည်။
“ခေါင်းဆောင်”
သူတို့သုံးယောက်နှင့် လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြလေသည်။ အင်အားကြီးသော နတ်ဘုရား ဂိုဏ်းချုပ်အဆင့်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသတ်ခံ လိုက်ရလေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းအား ငေးငိုင်၍ သွေးပျက်သွားစေသည်။
ယခုအချိန်၌ များစွာသော သတ်ဖြတ်သူတို့သည် ဆာလောင် နေသော ဝံပုလွေ၏ ဝင်ဆွဲခြင်းကို ခံရသည့်သိုးအုပ်ကဲ့သို့ ထွက်ပြေးကြလေသည်။
ထိုစဉ် သေခြင်းတရားက ကျရောက်လို့လာသည်။
နတ်ဆိုးတစ်သောင်းနီးပါးက ပြိုင်တူ လှုပ်ရှားလာကြသည်။ သူတို့သည် အတန်းလိုက် လှုပ်ရှားလာကြပြီး သူတို့လမ်း၌ ရှိသော ထွက်ပြေးနေသည့် သတ်ဖြတ်သူများအားလုံးကို စိစိညက်ညက် ကျေအောင် သတ်ဖြတ်ကြလေသည်။
နောက်တစ်ယောက်၊ နောက်ထပ်တစ်ယောက်။
များစွာသော သတ်ဖြတ်သူတို့၏ ခန္ဓာကိုယ်များက ဖက်ထုပ်များ သဖွယ် ကောင်းကင်ထက်မှ ဆက်တိုက် ပြုတ်ကျလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သွေးနတ်ဘုရားကြောင့် ကောင်းကင် ထက်၌ သွေးများနှင့် ချင်းချင်းနီလာ၏။
မြေပြင်ထက်၌ ပုံဆိုးပန်းဆိုး အလောင်းများက တောင်လိုရာလို ပုံနေသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်လေခြင်း။
ဤမြင်ကွင်းက မီးဂြိုဟ်ပေါ်မှ လူတိုင်းကို ထိတ်လန့်၍ အားတက်သွားစေသည်။
“ပြန်လည်မွေးဖွားလာတဲ့ မြင့်မြတ်သော ဆန်းကြယ်ရေခဲ နတ်ဘုရားကို ကျေးဇူးအထူးတင်ပါတယ်”
မီးဘုရင်နှင့် သူ့လူများအားလုံးက ကောင်းကင်ထက်မှ ယဲ့ဖန်နှင့် အခြားသူများကို မော့ကြည့်ကာ ပထမဆုံးအကြိမ် ဝတ်ပြု ဆုတောင်းကြလေသည်။
သူတို့၏ မျက်နှာထက်၌ ကြီးစွာသော စိတ်အားထက်သန်မှုများ ထင်ဟပ်နေ၏။ ယခုအချိန်၌ ယဲ့ဖန်သည် ထပ်မံ၍ သူတို့၏ ကယ်တင်ရှင် ဖြစ်လာလေသည်။
မီးဂြိုဟ်သူဂြိုဟ်သားတိုင်း၏ ရင်ထဲ၌ ရိုသေလေးစားစိတ်နှင့် ကျေးဇူးတင်စိတ်များနှင့် ပြည့်နှက်နေလေသည်။
ယဲ့ဖန်က သူတို့အားလုံးကို ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာ သွားလေသည်။
အံ့ဖွယ်ကောင်းလိုက်ပါဘိ။
“တစ်ယောက်ယောက်ကတော့ သေချင်နေပြီနဲ့တူတယ်၊ ဒီလိုဆို မှတော့ နဂါးငွေ့တန်းကို သွေးနဲ့ ဆေးကြောရတာပေါ့”
ယဲ့ဖန်၏ စကားအဆုံး၌ တစ်သောင်းနီးပါးသော နတ်ဆိုးများက အဖွဲ့လေးဖွဲ့အဖြစ် ပိုင်းခြားလိုက်ကြသည်။ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် တစ်ယောက်ချင်းဆီက နှစ်ထောင့်လေးရာ၊ ငါးရာခန့် အဖွဲ့ဖွဲ့၍ ဆာရိုဂြိုဟ်နယ်မြေရှိ ဂြိုဟ်များထံသို့ ထွက်ခွာကြလေသည်။
သတ်ဖြတ်သူများကို သတ်ဖြတ်ကြသည်။ နဂါးငွေ့တန်းကို သတ်ဖြတ်လေသည်။
ယဲ့ဖန်ကတော့ တစ်ကိုယ်တည်း ခရီးဆက်၍ အမြန်ဆုံးနှုန်းဖြင့် နဂါးငွေ့တန်း၏ ဂြိုဟ်များထံသို့ လျင်မြန်စွာ ထွက်ခွာလေသည်။
.....
ထိုသို့သောအချိန်၌ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး၌ ပို၍ ပြင်းထန်သော သွေးမြူခိုးများနှင့် ပြည့်နှက်နေ၏။
သတ်ဖြတ်သူများက ဂြိုဟ်များပေါ်သို့ ရောက်လာသော်လည်း နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံရလေ တော့သည်။
တစ်သောင်းနီးပါးသော နတ်ဆိုးတို့သည် ဆာရိုဂြိုဟ်နယ်မြေ၏ အစွန်အများမှစ၍ ဖျက်ဆီးဝင်ရောက်လာကြပြီး ဆာရိုဂြိုဟ် နယ်မြေ၏ ဗဟိုသို့ အရူးအမူး ရောက်ရှိလာလေသည်။
တစ်ခု၊ နှစ်ခု၊ သုံးခု၊ ငါးခု၊ ဆယ်ခု။
....
ဂြိုဟ်များ၌ အလောင်းများစွာ ကျန်ရစ်ခဲ့ပြီး နတ်ဆိုးတို့၏ အမည်နာမက ထိုးတက်လာသည်။
နတ်ဆိုးသည် ဂြိုဟ်တစ်ခုပြီးတစ်ခုတို့၏ ယုံကြည်ရာ ဖြစ်လာလေသည်။
သတ်ဖြတ်သူအဖွဲ့များကို အလျင်အမြန် သတ်ဖြတ်ပြီးနောက် ဂြိုဟ်များကို ကယ်တင်ကြသည်။
နတ်ဆိုးရှာရွန်။
...
တစ်ချိန်တည်းမှာပင် ဆာရိုဂြိုဟ်နယ်မြေ၏ ဂရေးကလန် ရှိရာဂြိုဟ်၌ ရူးသွပ်ဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေ၏။
“သတ်၊ သတ်၊ သတ်”
ကောင်းကင်ထက်မှ အလောင်းတစ်လောင်း ပြုတ်ကျလာသည်။ နတ်ဘုရားသွေးများက တဖြောက်ဖြောက် ကျလာသည်။
ဂရေးကလန်သားများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး၍ သေကြေနေကြသည်။ စစ်သားများသည် အကြီးအကဲ ငါးယောက်နှင့် ရင်ဆိုင်နေရသည်။
အခြား ဂရေးကလန်သားတစ်ဖွဲ့က နတ်ဘုရားဂိုဏ်းသားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။ အကြီးအကဲ ငါးယောက်၏ စစ်တပ်က အလွန်သန်မာလှလေသည်။
“ဂရေးထူ၊ ဧကရာဇ် အကြီးအကဲ ဒီတစ်ခေါက် မကျသွားနဲ့ဦး မင်း နေရဦးမယ်”
အရှင်ဟော်ဒါက ငုံကြည့်၍ ခနဲ့ပြုံးပြုံးနေသည်။ သူ့နောက်၌ အကြီးအကဲ လေးယောက် ရပ်နေ၏။
အရှင် နိုင်းလ်၊ အရှင် ဖစ်ခ်၊ အရှင် သွေးတစ္ဆေ၊ အရှင် ရွှမ်းမင်။
ထိုအကြီးအကဲ ငါးယောက်လုံးသည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်များဖြစ်ကြပြီး ဂရေးထူထက် ပို၍သန်မာကြ လေသည်။
ထိုသည်သာမကသေး၊ ထိုအကြီးအကဲငါးယောက်၏ အနောက်၌ ကြောက်မက်ဖွယ်ကောင်းသော စစ်သင်္ဘောများစွာ ရှိနေသည်။
ထောင်နှင့်ချီသော အစောင့်အများက ခံ့ညားထည်ဝါသော အရှိန်အဝါဖြင့် ဂရေးဂြိုဟ်တစ်ခုလုံးကို ဝိုင်းရံထားသည်။
ငှက်များနှင့် သားရဲများတောင်မှ ထွက်မြောက်နိုင်မည်မဟုတ်ပါ။
ကောင်းကင်ထက်မှ သတ်ဖြတ်သူများကိုကြည့်ပြီး ဂရေးထူနှင့် ဧကရာဇ်အကြီးအကဲတို့ အလွန်အမင်း သုန်မှုန်နေကြသည်။
“ဟော်ဒါ မင်းနဲ့ငါက နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တာ၊ မင်းက တကယ်ပဲ အားလုံးကို သတ်ချင်နေတာလား”
ဂရေးထူ၏ မျက်လုံးများက နီရဲနေသည်။ စစ်ပွဲအတွင်း၌ ဂရေးကလန်သည် ကြီးမားပြင်းထန်စွာ ထိခိုက်နစ်နာခဲ့ပြီး ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး ပျက်ဆီးလုနီးပါး ဖြစ်နေလေသည်။
ဤသည်မှာ မခံစားနိုင်သော နာကျင်မှုပင် ဖြစ်လေသည်။ ထိုစကားကို ကြားနေပြီး အရှင်ဟော်ဒါက လှောင်ပြောင်လေသည်။
“ဂရေး ငါ မင်းကို အပြစ်မတင်နဲ့။ ငါတို့က ဧကရာဇ်ရဲ့အမိန့်အတိုင်း လုပ်ကြရတာပဲ။ မင်း ကမ္ဘာမြေနဲ့ ယဲ့ဖန်ကို အပ်သရွေ့ ငါတို့ မင်းကို သက်ညှာပေးဖို့ ဧကရာဇ်ကို ကူပြောပေးနိုင်ပြီးတော့ မင်းမိသားစုကို သက်သက်ညှာညှာ ဆက်ဆံပေးမယ်”
*ကမ္ဘာမြေနဲ့ ယဲ့ဖန်ကို အပ်ရမယ်တဲ့လား*
ဤသည်ကိုကြားပြီး ဂရေးထူနှင့် ဧကရာဇ်အကြီးအကဲတို့၏ မျက်နှာက ပို၍ပျက်ယွင်းလာသည်။
“ဟော်ဒါ နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်က ရက်စက်လွန်းပြီးတော့ ငါ့ကို သတ်ချင်နေတယ်”
“ငါ ဂရေးထူက နတ်ဆိုးမျိုးနွယ်ထဲကို ဝင်လိုက်ပြီ၊ ငါက နတ်ဘုရားမျိုးနွယ် မဟုတ်တော့ဘူး။ မင်း ကမ္ဘာမြေကို လိုချင်တယ်ဆိုရင် ငါ့အလောင်းကို နင်းသွားမှပဲ ရမယ်။ မင်းက သခင်ကြီးကို လိုချင်နေတယ်ဆိုရင် ငါ့အသက်ကို နုတ်ယူသွားမှပဲ ရမယ်”
*ဘာ*
ဂရေးထူ၏ စကားကြောင့် အကြီးအကဲ ငါးယောက်၏ မျက်နှာထားက ပြောင်းလဲလို့သွားလေသည်။
*သခင်အဖြစ် အသိအမှတ်ပြလိုက်ပြီလား*
မြင့်မြတ်သော အကြီးအကဲ ဂရေးထူက ကမ္ဘာမြေသား တစ်ယောက်ကို သခင်ကြီးအဖြစ် အသိအမှတ် ပြုထားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ရှက်ဖို့ကောင်းလိုက်တာ”
“ကောင်းပြီလေ၊ ဂရေးထူ မင်းရဲ့ သတ်ဖြတ်သူကို နှုတ်ဆက်လိုက်။ မင်းက ငါတို့ရဲ့ နဂါးငွေ့တန်း ဧကရာဇ်ကို မျက်နှာပျက်အောင် လုပ်ခဲ့တာပဲ”
ဟော်ဒါနှင့် အခြားသူများ၏ ပတ်လည်၌ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ထွက်ပေါ်လာသည်။
“ဒီလိုဆိုမှတော့ မင်း သေသင့်တယ်”
“သတ်ကြ”
မိုးခြိမ်းသံကဲ့သို့သော အသံနှင့်အတူ အကြီးအကဲ ငါးယောက်နှင့် ထောင်ချီသော သတ်ဖြတ်သူများက ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ဂရေးကလန်သားတို့၏ ဂြိုဟ်၌ ရူးသွပ်မှုများ ဖြစ်ပေါ်လာပြီး ရုတ်တရက် သေခြင်းတရားက ရောက်ရှိလာလေတော့သည်။