အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
Chapter 430
ဝုန်း ဝုန်း ဝုန်း!
ငလျင်လှုပ်သကဲ့သို့ ဂရေးဂြိုဟ်တစ်ခုလုံး တုန်ခါလို့နေသည်။ တုန်ခါနှုန်းက မခံမရပ်နိုင်လွန်းကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့အတူ ကောင်းကင်ထက်၌ မိုးရွာသွန်းနေသလား မှတ်ရသည်။ ဂရေးမိသားစုတစ်ခုလုံး ပျက်သုဉ်းကိန်း ဆိုက်နေလေ၏။
ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကြလေသည်။ စစ်သင်္ဘောများ တစ်စီးပြီး တစ်စီး ပျက်စီး သွားကြသည်။
ယနေ့သည် ကမ္ဘာပျက်သောနေ့ပင်။
ဂရေးထူး၏ ခန္ဓာကိုယ်များ သွေးများပန်းထွက်လာသည်။ သူသည် အရှင် ဟော်ဒါ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။ ဂရေးထူသည် တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေပြီး နာကျင်မှု ကြောင့် တုန်ယင်နေသော်လည်း သူ့မျက်လုံးများက ခက်ထန်၍ မီးဝင်းဝင်းတောက်နေသည်။
“သတ်”
အေးစက်စက် ဓားတစ်လက်က ဝဲပျံသွားပြီးနောက် အရှင်ဟော်ဒါ၏ ရင်ဘတ်၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ် လာလေသည်။
“ချီးတဲ့မှ ဂရေးထူ မင်း ခုခံရင် မင်း သေရလိမ့်မယ်”
အရှင်ဟော်ဒါ၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေ၏။ ယခုအချိန်တွင် သူနှင့် ဂရေးထူတို့သည် အရူးအမူး တိုက်ခိုက် နေကြသည်။
တစ်ခြားတစ်နေရာတွင်မူ အရှင်နိုင်းလ်၊ အရှင်ဖစ်ခ်၊ အရှင် သွေးတစ္ဆေ၊ အရှင်ရွှမ်းမင်တို့က ဧကရာဇ် အကြီးအကဲ ငရဲဝံပုလွေဆိုးကား သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။
နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ခုနစ်ယောက်၏ တိုက်ပွဲကား ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ တိုက်ပွဲအခြေအနေက အလွန်အမင်း ပြင်းထန်လျက် ရှိသည်။ နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ခုနစ်ယောက် ၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ ထပ်လာသည်။
အထူးသဖြင့် ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့သည် အလွန်အမင်း ရူးသွပ်လျက် ရှိနေ၏။
ဒဏ်ရာအတွက် ဒဏ်ရာတစ်ချက်။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမြတ်သော သိုင်းပညာရှင် နှစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများ စွန်းထင်းလာပြီး တုန်ယင်လာလေသည်။
အရှင်နိုင်းလ်က ငရဲဝံပုလွေဆိုး၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာကြီးတစ်ချက် ဖြစ်ပေါ်လာအောင် တိုက်လိုက်လိုက်သည်။
ငရဲဝံပုလွေဆိုး ဒေါသူပုန်ထသွားလေသည်။ သူက ဒဏ်ရာကို အရေးမစိုက်ဘဲ သူ့ဘေးမှ အရှင်ဖစ်ခ်၏လက်မောင်းကို ဖမ်းဆွဲ လိုက်သည်။
“ငရဲလက်ချောင်း”
ရုတ်တရက် လက်ချောင်းများက အရှင်ဖစ်ခ်၏ နှလုံးသားထဲသို့ ရိုက်ခတ် သွားလေသည်။ ထို့နောက် အရှင်ဖစ်ခ်သည် မိုးကြိုးပစ်ချ ခံရသကဲ့သို့ အနောက်သို့ မီတာနှင့်ချီ၍ လွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။
“ခွေးမသား”
သူ့မျက်နှာက အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ အပြင်းအထန် ရိုက်နှက်ခံရလေသည်။
ငရဲဝံပုလွေဆိုးက အရှင်ဖစ်ခ်ကို တိုက်ခိုက်နေချိန်တွင် သူ့လက်မောင်းအား အရှင်သွေးတစ္ဆေက တိုက်ခတ်လာသည်။ ငရဲဝံပုလွေဆိုး၏ ပခုံးမှ သွေးများ စီးကျလာ၏။ သို့သော် သူ့မျက်လုံးများက ရူးသွပ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ မီးဝင်းဝင်း တောက်ကာ အသက်ပြင်းပြင်းရှူနေလေသည်။
“သေစမ်း”
ငရဲဝံပုလွေဆိုးက အေးစက်နေသော ဓားကိုဖမ်းဆုပ်၍ ကျန်လက်တစ်ဘက်ဖြင့် အရှင်သွေးတစ္ဆေ၏ နှလုံးသားသို့ ဖောက်ထွင်းလိုက်သည်။
ရွှစ်!
နတ်ဘုရား၏ သွေးများ ပန်းထွက်လာပြီး အရှင်သွေးတစ္ဆေ၏ ခန္ဓာကိုယ်က ချက်ချင်း အေးခဲသွားလေသည်။
တောက်! တောက်!
ချင်းချင်းနီသော သွေးများက ဖြူဖွေးသော လက်ဖဝါးမှနေ၍ စီးကျလာသည်။ အရှင်သွေးတစ္ဆေ၏ မျက်ဝန်းထဲ၌ ကြောက်လန့် နေမှုနှင့် အံ့အားသင့်ဟန်များ ပြည့်နှက်နေ၏။
*ငါ နားမလည်နိုင်ဘူး၊ သူ ဒဏ်ရာရနေတုန်း ငါက သူ့ကို ဓားနဲ့ခုတ်ပိုင်းချင်ခဲ့တာလေ*
*ဘာလို့ သေရတဲ့သူက ငါ ဖြစ်နေရတာလဲ*
“ငရဲ … ငရဲဝံပုလွေဆိုး”
အရှင်သွေးတစ္ဆေ၏ အသံထွက်လာချိန်၌ ငရဲဝံပုလွေဆိုးက သူ့လက်ဖဝါးကို ဆွဲထုတ်လိုက်ပြီး နှလုံးသားကို ဆွဲထုတ် လိုက်လေသည်။
ဘုတ်!
အရှင် သွေးတစ္ဆေ၏အလောင်းက ကောင်းကင်မှနေ၍ ပြုတ်ကျ သွားလေသည်။
တိတ်ဆိတ်ခြင်း။
ထိုသို့သောအချိန်၌ ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်လို့ သွားလေသည်။
ငရဲဝံပုလွေဆိုး၏ မျက်လုံးကို ကြည့်မိသည့် သတ်ဖြတ်သူတိုင်း ကတုန်ကယင် ဖြစ်ကာ အံ့အားသင့်နေကြသည်။
ထိုသူက အရှင်သွေးတစ္ဆေကို သတ်၍ အရှင်ဖစ်ခ်ကိုပါ ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
အံ့ဩစရာကောင်းလိုက်လေခြင်း။
“ခွေးမသား”
ဟော်ဒါ မျက်နှာပျက်သွားလေသည်။ သူသည် ငရဲဝံပုလွေဆိုး၏ ဒဏ်ရာကို အခွင့်ကောင်းယူ၍ သူ့အား ဓားဖြင့် ထိုးလိုက်သည်။
ရွှစ်!
ဓားရှည်က အလွန်အင်အားပြင်းထန်လှပြီး ငရဲဝံပုလွေဆိုး၏ ရင်ဝတည့်တည့်သို့ ထိုးစိုက်သွားလေသည်။ ထိုသို့သောအချိန်၌ …
“မင်းအသက်က ငါ့အပိုင်ပဲ”
ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ အရှင်ဟော်ဒါ၏ စိုးထိတ်နေသော မျက်လုံးအောက်မှာပင် ဂရေးထူက အရူးတစ်ယောက်ကဲ့သို့ သူ၏ဓားရှည်ကို ဆွဲဖမ်းလာသည်။
ဂရေးထူ၏ လက်ဖဝါးမှ ရဲရဲနီသော သွေးများ စီးကျလာသည်။ သူ၏ လက်တစ်ဘက်လုံး စုတ်ပြဲမတတ် ဖြစ်နေ၏။
သို့သော် သူက ထိုအရာကို အရေးမလုပ်ဘဲ အရူးလို ပြုံး၍ လက်သီးဆုပ်ကာ အရှင်ဟော်ဒါ၏ ရင်ဘတ်အား အားဖြင့် ထိုးနှက်လိုက်သည်။
ဒုန်း!
အရှင် ဟော်ဒါသည် မိုးကြိုးပစ်ချခဲ့ရသကဲ့သို့ ဖြစ်ကာ သူ့ရင်ဘတ်က ချက်ချင်း အက်သွားကာ ပါးစပ်တစ်လုပ်အပြည့် သွေးအန်မိလေသည်။
ကြောက်လန့်ဖွယ်ကောင်းလိုက်လေခြင်း။
ထိုသို့သောအချိန်၌ ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့၏ ရူးသွပ်မှုတို့က လူတိုင်းကို ထိတ်လန့်သွားစေသည်။
လူနှစ်ယောက်က ငါးယောက်ကို ယှဉ်ချနေသည်။ တစ်ယောက် သေ၍ နှစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားသည်။
မယုံနိုင်စရာ ကောင်းလိုက်လေခြင်း။
“သောက်ကောင်တွေ”
အရှင်နိုင်းလ်က သုန်မှုန်လို့နေ၏။
“သတ်ကြ၊ အဲ့နှစ်ယောက်က ဒဏ်ရာအပြင်းအထန် ရထားပြီးပြီ၊ အဲ့တော့ သိပ်ကြာကြာခံနိုင်မှာ မဟုတ်ဘူး”
“သူတို့ကိုသတ်ပြီး အရှင်သွေးတစ္ဆေအတွက် သူတို့ခေါင်းနဲ့ ယဇ်ပူဇော်ကြ”
ဝုန်း!
ထိုသို့သောအချိန်၌ အရှင်နိုင်းလ်၊ အရှင်ရွှမ်းမင်နှင့် ဒဏ်ရာ အပြင်းအထန်ရနေသော အရှင်ဖစ်ခ်တို့က ငရဲဝံပုလွေဆိုးထံသို့ ပြေးဝင်လာကြသည်။
တစ်ဘက်၌ ကောင်းကင်ထက်မှ ပြုတ်ကျလျက်ရှိသော အရှင်ဟော်ဒါက သူ့ကိုယ်သူ ထိန်းလိုက်ပြီး ဂရေးထူနှင့် ထပ်၍ တိုက်ခိုက်လာလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ရူးသွပ်ဖွယ်ကောင်းသော တိုက်ပွဲက တစ်ဖန်ပြန်လည် ဖြစ်ပေါ် လာ၏။
သို့သော် တိုက်ခိုက်နေချိန်၌ ကျန်အကြီးအကဲလေးယောက်သည် ပို၍တောင်မှ ထိတ်လန့်လာရလေသည်။ ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့သည် လုံးဝကို စိတ္တဇလိုပင်။
သူတို့သည် ရင်ကိုကော့ထားပြီး ရှောင်ရှားခြင်း မရှိချေ။
တိုက်ကွက်တိုင်းက သေကွင်းသေကွက်ကို ပစ်မှတ်ထား ကြသည်ပင်။
ကြောက်မက်ဖွယ်ကောင်းသော အော်သံများနှင့် အရိုးကျိုးသံ များက ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုသို့သော အချိန်၌ အပြင်းအထန် ဒဏ်ရာရနေသော အရှင်ဖစ်ခ်က ဓားရှည်ကိုဝင့်၍ ငရဲဝံပုလွေဆိုး၏ ရင်ဝကို ချက်ချင်း ထိုးခွင်းလာသည်။
ငရဲဝံပုလွေဆိုးသည် နာကျင်မှုနှင့်အတူ တုန်ယင်လို့သွားလေသည်။ သို့သော် သူ၏နှုတ်ခမ်းကတော့ လှောင်ပြုံးကို ဆင်မြန်း ထားလေသည်။
“မကောင်းတော့ဘူး”
ထိုမူမမှန်သော အပြုံးကိုမြင်ပြီး အရှင်ဖစ်ခ်သည် လိပ်ပြာလွင့် မတတ် ထိတ်လန့်သွားကာ ချက်ချင်း ထွက်ပြေးချင် လာသည်။
ထိုစဉ် ငရဲဝံပုလွေဆိုး၏ လက်ဝါးက အရှင်ဖစ်ခ်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
“မလုပ်နဲ့”
ကြောက်လန့်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာ၏။
ဝုန်း!
အရှင်ဖစ်ခ်၏ ဦးခေါင်းသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွား၏။
နတ်ဘုရားဂိုဏ်းချုပ်အဆင့်၏ အလောင်းက ပြုတ်ကျသွား လေတော့သည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
တစ်ခြားတစ်ဘက်၌ ဂရေးထူသည် အရှင်ဟော်ဒါ၏ ဓားချက်ကြောင့် သူ့၏လက်မောင်းတစ်ဘက် ခုတ်ဖြတ် ခံလိုက်ရသည်။ သို့သော် သူက ထိုအရာကို အလေးမထားဘဲ အရှင်ဟော်ဒါ ထံသို့ ပြေးဝင်သွားလေသည်။
“သတ်မယ်၊ သတ်ပစ်မယ်”
ကျန်လက်ဝါးတစ်ဘက်ဖြင့် အရှင်ဟော်ဒါ၏ လည်ပင်းကို ဖျစ်ညှစ် လိုက်သည်။ ချင်းချင်းနီနေသော နတ်ဘုရားသွေးများက ပန်းထွက်လာသည်။
အရှင်ဟော်ဒါ၏ လည်ပင်းက ပေါက်ထွက်နေပြီး သွေးများက ဆက်တိုက် ပန်းထွက်နေ၏။
ဂလု!
အရှင်ဟော်ဒါ၏ မျက်နှာထက်၌ ကြောက်စိတ်နှင့် မယုံကြည်နိုင် ဟန်များဖြင့် ပြည့်နှက်နေသည်။ သူသည် သူ့လည်ပင်းကို ဖိအုပ်ထားရင် နတ်ဘုရား စွမ်းအင်ကို လည်ပတ်လိုက်သည်။ နောက်ဆုံးတွင်မူ သူ၏ ကြောက်လန့်နေသော မျက်လုံးများက အေးခဲသွားပြီးနောက် တစ်ကိုယ်လုံး ကောင်းကင်ထက်မှ ပြုတ်ကျ သွားလေသည်။
ဘုန်း!
ဤမြင်ကွင်းက ဗုံးပေါက်ကွဲသွားသကဲ့သို့ အသက်ရှင်နေသေးသော အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့နှင့်အတူ သတ်ဖြတ်သူ အယောက် တစ်သောင်းနီးပါးအားလုံး မှင်တက်သွားကြလေသည်။
ကြမ်းတမ်းလှချည်လား။
သူတို့ ထင်တောင်ထင်မထားမိချေ။
အကြီးအကဲငါးယောက်က နှစ်ယောက်ကို ဝိုင်းထားခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း၌ အကြီးအကဲ သုံးယောက်က နေရာမှာတင် သေသွားရလေသည်။
အံ့ဩစရာကောင်းလိုက်လေခြင်း။
“ဘယ်လိုလုပ် ဒီလောက် ရူးသွပ်ကြတာပါလိမ့်”
အရှင်နိုင်းလ်၏ မျက်နှာထက်၌ မပြောပြနိုင်သော ကြောက်လန့်မှုများ ထင်ဟပ်နေ၏။ အကယ်၍ သူသာ ဆက်တိုက်ပါက အရှင်ဟော်ဒါနှင့် အခြားသူများကဲ့သို့ အဆုံးသတ် လှမည်မဟုတ်ဟု ခံစားမိနေသည်။
*ဘယ်လိုလုပ်ရမလဲ*
ထိုသို့သောအချိန်၌ အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ ဇောချွေးပြန်နေပြီး နဖူးမှ ချွေးတဒီးဒီးကျနေလေသည်။
သူတို့ ကြောက်လန့်နေကြသည်။ ထိုလူနှစ်ယောက်သည် ရူးနှမ်းနေသော လူများသာ ဖြစ်လေသည်။
သူတို့သည် သေရမည်ဆိုလျင်တောင်မှ အခြားသူများကို အတူ ဆွဲခေါ်သွားမည့် လူစားများ ဖြစ်ကြလေသည်။
နောက်ဆုတ်၊ နေမြဲအတိုင်းနေကြ။
ထိုစဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ပုံရိပ်နှစ်ခုက သရဲတစ္ဆေကဲ့သို့ သူတို့နောက်ကျောမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ထိုပုံရိပ် နှစ်ခုက သူတို့နောက်ကျောသို့ ရောက်လာကြ လေသည်။
ဝုန်း! ဝုန်း!
ပြင်းထန်သော သံမဏိ လက်သီးချက်နှစ်ချက်က ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ထံသို့ ကျရောက်လာသည်။
ဒုန်း!
ရုတ်တရက် သူတို့ ကျောရိုးများ ကြေမွသွားပြီး အပြင်းအထန် ဒဏ်ရာရကာ သေလုမျောပါး ဖြစ်သွားကြသည်။
ထိုသည်သာမကသေး ထိုပုံရိပ်နှစ်ခုအား ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် လူတိုင်း ထိတ်လန့်သွားကြလေသည်။
လတ်စသက်တော့ ထိုပုံရိပ်နှစ်ခုက နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းနှင့် အနက်ရောင်ဝတ်ရုံနှင့်လူ ဖြစ်နေသည်ကိုး။
Chapter 431
“ပီခမ်း”
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ အပြင်းအထန် ထိခိုက် သွားကြသည်။ သူတို့နှစ်ယောက်လုံး သွေးအန်နေကာ မျက်နှာက စက္ကူကဲ့သို့ ဖြူစုတ်နေပြီး သေခြင်းတရား အရိပ်အငွေ့များ ကပ်ညိနေသည်။
သူတို့သည် ရုတ်တရက် ရောက်လာပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသော လူနှစ်ယောက်ကို ကြည့်နေကြသည်။
နဂါးငွေ့တန်း အင်ပါယာ၏ မြင့်မြတ်သော ဧကရာဇ်နှင့် နဂါးငွေ့တန်း အင်ပါယာ၏ တောင်ဝင်အရှင်က စက်ဆုပ်ဖွယ် ကောင်းသော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုး အသုံးပြု လိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။
အလွန့်ကို ရှက်ဖွယ်အတိပင်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင် တို့က အံ့ဩ ကျေနပ်နေကြသည်။
“ဧကရာဇ်ကို ဂါဝရပြုပါတယ်”
သူတို့နှစ်ယောက်သည် ပီခမ်းနှင့် အလျင်စလို မျက်နှာချင်းဆိုင် လိုက်ပြီးနောက် ကိုယ်ကိုရို့၍ ဂါဝရပြုလေသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ပီခမ်း၏ မျက်နှာထားက အေးစက်သွားသည်။
“အသုံးမကျလိုက်တဲ့ကောင်တွေ၊ ငါးယောက်နဲ့ နှစ်ယောက် ယှဉ်ချတယ်၊ သုံးယောက် သေသွားတယ်၊ ငါ မင်းတို့ကို ဘာလုပ်ရမှာလဲ”
ပီခမ်း၏ စကားလုံးများက အလွန် ပြတ်သားလှသောကြောင့် အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ သေးထွက်ကျ မတတ် ကြောက်လန့်သွားကြသည်။
နှစ်ယောက်သား လေထဲမှာပင် ဒူးထောက်လျက်သား ဖြစ်သွားပြီး တဆတ်ဆတ် တုန်ယင်နေကြသည်။
“ဧကရာဇ် ချမ်းသာပေးပါ၊ ကျွန်တော်တို့က မသန်မာတာ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက်က တအား ကြမ်းတမ်းနေတာပါ၊ သူတို့က ... ရူးနေကြတာပါ”
ထိုစကားကြောင့် ပီခမ်း၏ မျက်လုံးများက အပြင်းအထန် ဒဏ်ရာရနေသော ဂရေးထူနှင့် ငရဲဝံပုလွေဆိုးထံသို့ အကြည့်ရောက် သွားလေသည်။ မျက်လုံးများက မီးဝင်းဝင်း တောက်နေလေသည်။
“တယ်ဟုတ်နေပါလား၊ သစ္စာဖောက်တွေ”
“ဂရေးထူ၊ ဧကရာဇ် အကြီးအကဲ မင်းတို့ ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲဆိုတာကို ငါ သိချင်တယ်”
ပီခမ်း၏မျက်လုံးများက အေးစက်လို့နေ၏။
ကမ္ဘာမြေသားတစ်ယောက်ကြောင့် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသော အကြီးအကဲနှစ်ယောက်က သူ့ကို သစ္စာဖောက် သွားလိမ့်မည်ဟု သူ ယခုထိ မယုံနိုင်သေးပါ။
ဤသည်ကား မယုံနိုင်စရာကောင်းလှသည်။
သို့သော် သူ့စကားကိုကြားပြီးနောက် ငရဲဝံပုလွေဆိုးက သူ့ပါးစပ်ထောင့်မှ စီးကျနေသောသွေးကိုသုတ်၍ ပြုံးလိုက်သည်။
“မင်းကလား၊ မင်းက ဘာမို့လို့လဲ”
ငရဲဝံပုလွေဆို၏ မျက်လုံးထဲ၌ အထင်သေးမှုများ စွန်းထင်းနေ၏။
“ကျုပ်ရဲ့ ငရဲကလန်က သခင်ကြီးအတွက် မွေးဖွားပြီးတော့ သခင်ကြီးအတွက်ပဲ သေဆုံးကြတယ်၊ မင်းက ကျုပ်ဘိုးဘေးရဲ့ ဆံခြည်မျှင်တစ်ချောင်းလောက်တောင် မတော်တာလေ”
*ဘာ*
ငရဲဝံပုလွေဆိုး၏ စကားက နဂါးငွေ့တန်းအင်ပါယာ၏ ဧကရာဇ်ကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
အင်ပါယာ၏ ဧကရာဇ်တစ်ယောက်အနေနှင့် သူသည် မရေတွက်နိုင်သော သက်ရှိများ၏ ကံကြမ္မာကို ထိန်းချုပ် နိုင်ခဲ့သည်။ လူတစ်ယောက်၏ ဆံပင်တစ်ချောင်းထက်တောင်မှ ညံ့ဖျင်းသေးသည်ဟု ပထဆုံးအကြိမ် သူ အပြောခံလာရသည်။
ထိုသည်သာမကသေး ဂရေးထူက ချောင်းဆိုးရင်း ရူးနှမ်းစွာ ရယ်မောလာသည်။
“နဂါးငွေ့တန်းရဲ့ ဧကရာဇ်တဲ့လား၊ အမှိုက်ကောင်၊ မင်းက ငါ့သခင်ကြီးရဲ့ ဖိနပ်ကိုတောင် မမှီတာ၊ ငါ့သခင်ကြီး ပြန်လာတဲ့ အချိန်ကျရင် နဂါးငွေ့တန်းတစ်ခုလုံး သုတ်သင် ဆေးကြောခံ ရလိမ့်မယ်”
“ပီခမ်း မင်းရဲ့ခွေးခေါင်းကို သေချာဆေးပြီး စောင့်နေလိုက်၊ ဟားဟားဟား ....”
ဂရေးထူက အရူးတစ်ယောက်သဖွယ် ရယ်မောနေ၏။ ရယ်သံများထဲနှင့် ရူးသွပ်မှုနှင့် ပျက်သုဉ်းခြင်းတို့ ပါဝင်နေ၏။
ယခုကဲ့သို့အချိန်၌ သူသည် တကယ့် နတ်ဆိုးတစ်ကောင်နှင့် ပိုပိုတူနေသည်။
“ချီးတဲ့မှ”
သူတို့နှစ်ယောက်၏ စကားများကိုကြားပြီး နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ် ပီခမ်း၏မျက်နှာက ပြာနှမ်းလာသည်။
သူ ဧကရာဇ်နေရာကို ရယူပြီးကတည်းက ယခုမှ ပထမဆုံးအကြိမ် အလှောင်ခံရခြင်း ဖြစ်လေသည်။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
“မင်းတို့ သစ္စာဖောက်ကောင်တွေ၊ မင်းတို့ တကယ် သေချင်နေပြီပဲ”
“ဒီနေ့ ဂရေးကလန်ကို သွေးနဲ့ဆေးကြောပြီး မင်းတို့ ခွေးနှစ်ကောင်ရဲ့ ခေါင်းကိုဖြတ်ပစ်မယ်။ ပြီးရင် နေအဖွဲ့အစည်းကို ဖျက်ဆီးပြီးတော့ ကမ္ဘာဂြိုဟ်ကို စိစိညက်ညက် ကျေအောင် လုပ်ပစ်မယ်”
ထိုသို့ပြောနေချိန်၌ ပီခမ်း၏မျက်လုံးထဲတွင် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။
“ငါ ယဲ့ဖန်ဆိုတဲ့ ကြောက်ဖို့ကောင်းတဲ့ ကောင်ကို သူ မသေခင် တွေ့ချင်မိသား”
ပီခမ်း၏ ခြေလှမ်းများက ငရဲဝံပုလွေဆိုးနှင့် ဂရေးထူထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သူ့လက်ထဲ၌ ရွှေအိုရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။
ခြေလှမ်းတစ်လှမ်းချင်းစီ၌ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေ၏။
“ငါ သေရတောမှာလား”
ဂရေးထူသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိ သော်လည်း ပြုံးနေသည်။
သူ့မျက်နှာ၌ ကြောက်စိတ်ဟူ၍ မရှိချေ။ သူ့ဘဝတစ်လျှောက်လုံး ဂရုစိုက်၍ သေချာ စဉ်းစားချင့်ချိန်ပြီးမှသာ ဆောင်ရွက် ပြုမူခဲ့သည်။
သို့သော် သူ နှစ်တစ်ထောင် ရှင်သန်နေခဲ့ခြင်းက အချည်းနှီး ဖြစ်နေသည်ကို ယခုအခါမှသာ သူ သိလိုက်ရလေသည်။
ဘဝတစ်လျှောက်တွင် လက်စားချေရန်အတွက် အဆင်သင့် ဖြစ်နေမှဖြစ်မည်၊ သေသင့်သည့်သူများကို သတ်ဖြတ်ပြီး ဖျက်ဆီးသင့်သော တစ္ဆေမျိုးနွယ်များကို ဖျက်ဆီးသင့်ပေသည်။
နတ်ဆိုးတစ်ကောင်အဖြစ် ရှင်သန်ပြီးနောက် နောင်တမရဘဲ သေဆုံးမည်။
ဤသို့တွေးတောပြီးနောက် ဂရေးထူက မျက်လုံးမှိတ် ထားလိုက်သည်။
“သခင်ကြီး ကျွန်တော်နဲ့ သခင်ကြီးတို့ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့တဲ့အချိန်က တိုတောင်းလွန်းပါတယ်။ ဒါပေမဲ့ နောင်ဘဝ ရောက်လည်း သခင်ကြီးက ကျွန်တော့်သခင်ကြီးအဖြစ် ရှိနေဦးမှာပါ၊ ကျွန်တော်ကလည်း သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ရှိနေဦးမှာပါ”
ဂရေးထူ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။ ဤသည်မှာ နှစ်တစ်ထောင်အတွင်း သူ ပထမဆုံး ကျခဲ့သော မျက်ရည် ဖြစ်လေသည်။
နတ်ဆိုးတစ်ကောင်၌ ချစ်ခြင်းမေတ္တာရှိသလို အမုန်းတရားလည်း ရှိသည်။ အသွေးအသားတို့ရှိသလို မျက်ရည်များလည်း ရှိပါ၏။
တစ်ဘက်တွင်တော့ ငရဲဝံပုလွေဆိုး၏ ကျောရိုးက ကျိုးကြေ နေသည်။ ယခုကဲ့သို့သောအချိန်၌ သူသည် သူ၏အဘိုးနှင့် ဖခင်ဖြစ်သူကိုသာ စဉ်းစားနေမိသည်။
“အဲ့ကိုသွားပြီး ဘိုးဘေးအတွက် တိုက်ခိုက်မယ်”
“အဲ့ကိုသွားပြီး ငရဲကလန်အတွက် သေဆုံးမယ်”
ထိုစကားနှစ်ခွန်းသည် သူ့စိတ်ထဲ မှတ်ကျောက်တင်ထားသကဲ့သို့ စွဲထင်နေပြီး ဘယ်သောအခါမှ မမေ့နိုင်ချေ။
ဘိုးဘေး။ ငရဲကလန်။
ဤသည်မှာ ငရဲဝံပုလွေဆိုး၏ ဘဝ၏ စွဲလမ်းမှုသာ ဖြစ်လေသည်။
ဗလာကျင်းနေသော ကောင်းကင်ကြီးကို ကြည့်ရင်း ငရဲ ဝံပုလွေဆိုးသည် ဂုဏ်ယူနေသော သူ၏အဘိုးနှင့် ဖခင်တို့ကို မြင်နေရသလို ဖြစ်နေသည်။
“အဘိုး၊ အဖေ ကျွန်တော် နားလည်သွားပြီ၊ ငရဲကလန်အတွက် အသက်ရှင်ပြီး အသက်ကို ဘိုးဘေးအတွက် စွန့်လွှတ်မယ်။ ဘာနောင်တမှ မရဘူး”
သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေရင်း မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအပြုံးသည် သေခါနီး၌ ဖြစ်ပေါ်လာသော အပြုံးတစ်ခုပင်။
ထိုအပြုံးကိုမြင်ပြီး ပီခမ်းသည် လည်ဆံမွေးထောင်နေသော ခြင်္သေ့ တစ်ကောင်ကဲ့သို့ ဒေါသထွက်နေသည်။
ဤသို့သော အချိန်တိုလေးအတွင်း၌ ဂရေးထူနှင့် ဧကရာဇ် အကြီးအကဲတို့ထံ၌ ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုတာကို သူ တွေး၍မရနိုင်ချေ။
*ဘာလို့ မင်းတို့က နိမ့်ကျတဲ့ ကမ္ဘာမြေသားတစ်ယောက်အတွက် သေဆုံးချင်ကြပြီးတော့ အဲ့အတွက် နောင်တ မရကြတာလဲ*
ထိုကမ္ဘာမြေသား၏ ကြောက်မက်ဖွယ် ကောင်းသော အသွင်အပြင်နှင့် လွှမ်းမိုးမှုက ပီခမ်းအား ထိတ်လန့်စေသည်။
“မင်းတို့ကောင်တွေ သေလိုက်တော့”
ပီခမ်း၏ မျက်လုံးထဲ၌ ရက်စက်မှုတို့ကြီးစိုးနေ၏။ သူ့လက်ထဲမှ ကိုင်ဆွဲထားသော ရွှေအိုရောင်ဓားသည် ထိုသူနှစ်ယောက်၏ ဦးခေါင်းကို ပြင်းထန်စွာ ခုတ်ပိုင်းသွားလေသည်။
ရဲရဲနီသော သွေးများက ကောင်းကင်ကို ဖြန်းပက်သွားလေသည်။
သူတို့၏ လည်ပင်းထက်မှ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ဦးခေါင်းက တဖြည်းဖြည်း ပြတ်ကျလာသည်။
“ဘိုးဘေး”
“ဧကရာဇ်အကြီးအကဲ”
ဤမြင်ကွင်းက ဂရေးကလန်သားတိုင်း၏ ရင်ကိုကွဲစေလေသည်။
သူတို့အားလုံး ရူးသွပ်လာကြသည်။ ဘိုးဘေးနှင့် ဧကရာဇ် အကြီးအကဲတို့ သေဆုံးသွားသည်ကိုမြင်ပြီး သူတို့၏ အမုန်းတရားများ ပေါက်ဖွားလာသည်။
အနောက်ဘက်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ရင်ထဲအသည်းထိ ပျော်မူးနေ၏။
“ဟား ... ယဲ့ဖန် မင်းလူတွေ အသတ်ခံရတာကို မင်း သိသွားတဲ့ အချိန်ကျရင် မင်းရဲ့အမူအရာက သိပ်ကိုကြည့်ကောင်းနေမှာပဲ ... ဟမ်”
အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားက တန့်သွားပြီး သူ့အပြုံးက ချက်ချင်း အေးခဲသွားလေသည်။ ထို့အပြင် သူ့မျက်လုံးများက အံ့ဩဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်နေ၏။
ထိုသို့သောအချိန်၌ ကောင်းကင်တစ်ခုလုံး အေးခဲလို့နေသည်။
အနက်ရောင် ဝတ်ရုံနှင့်လူသာမက ဧကရာဇ်ပီခမ်း၊ အကြီးအကဲ နှစ်ယောက်၊ သတ်ဖြတ်သူ အယောက် တစ်သောင်းနီးပါးနှင့် မရေတွက်နိုင်သော ဂရေးကလန်သားတို့အားလုံး မျက်လုံး အဝိုင်းသားနှင့် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကြ လေသည်။
အားလုံး၏ အကြည့်အောက်မှာပင် ဖြည်းဖြည်းချင်း ပြတ်ကျ နေသော ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့၏ ဦးခေါင်းများက လုံးဝ ပြတ်ကျမသွားချေ။
ထိုအစား သူတို့၏ ပြတ်သွားသော လည်ပင်းတစ်ဝိုက်၌ အနက်ရောင် ချီမျှင်စုများ ရစ်ဝဲနေသည်။ ထို့နောက်တွင်မူ ဦးခေါင်းပြတ်များက တဖြည်းဖြည်း ပြန်မတ်လာပြီး လည်ပင်းနှင့် ပြန်ဆက်သွားလေသည်။
သွေးများက နက်မှောင်နေ၏။ လည်ပင်းမှ ဒဏ်ရာတစ်ခုလုံးက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ် သွားလေသည်။
*ဒါ မဖြစ်နိုင်ဘူး*
မျက်စိရှေ့၌ မြင်နေရသည့် မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
အထူးသဖြင့် ပီခမ်းပင်၊ ယခုအချိန်၌ သူသည် မယုံသင်္ကာ ဖြစ်နေသော မျက်နှာထားမျိုး ဖြစ်နေ၏။
“မဟုတ်ဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အသက်ပြန်ရှ င်လာတယ်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဧကရာဇ် ပီခမ်းသည် မယုံသင်္ကာနှင့် သရဲသဘက်ကို တွေ့ရသကဲ့သို့ ဖြစ်နေသည်။
ထိုစဉ် ပြန်လည်ရှင်သန်လာသော ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့က မျက်လုံးပြန်ပွင့်လာပြီး ဒယိမ်းဒယိုင်နှင့် အနက်ရောင်ချီမျှင်စုရှေ့၌ ဒူးထောက်လာကြသည်။
“ငရဲဝံပုလွေဆိုးက ဘိုးဘေးကို ကြိုဆိုပါတယ်”
“ကျေးကျွန် ဂရေးထူက သခင်ကြီးကို ကြိုဆိုပါတယ်”
ဝုန်း!
ထိုစကားနှစ်ခွန်းက ဧကရာဇ် ပီခမ်းနှင့် အနက်ရောင် ဝတ်ရုံနှင့်လူတို့အား ကတုန်ကယင် ဖြစ်သွားစေသည်။
နှစ်ယောက်သား ဘေးပတ်လည်ကို အသည်းအသန် လိုက်ကြည့် မိကြသည်။
ရုတ်တရက် ထိုအနက်ရောင်ချီမျှင်စုများထဲမှ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ထွက်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရလေသည်။
သူသည် လေကိုခွင်း၍ လှမ်းလာနေသည်။ ခြေလှမ်းတိုင်း၌ ဂရေးဂြိုဟ်ကြီးတစ်ခုလုံး တုန်ယင်လို့နေသည်။
လေကိုခွင်းလာသော သူ၏ခြေလှမ်းများ၌ မာန်ပါနေသည်။ ကောင်းကင်၌ ဒရမ်တီးနေသကဲ့သို့ သတ်ဖြတ်သူများ ရင်တုန်နေကြလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့နောက် ဖြစ်ပျက်လာသည့် အဖြစ်အပျက်တစ်ခုက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ခြေလှမ်းအတွင်း၌ သတ်ဖြတ်သူ တစ်ယောက်၏ နှလုံးက ပေါက်ကွဲထွက်သွားလေသည်။
သွေးမြူခိုးများက ကောင်းကင်အနှံ့ ပျံ့နှံ့နေ၏။
Chapter 432
ဝှစ်! ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ ကောင်းကင်ထက်တွင် သွေးမြူခိုးများ တဖြောက်ဖြောက်ကျလျက် ရှိသည်။
သတ်ဖြတ်သူများ အဖွဲ့ထဲ၌ သတ်ဖြတ်သူတစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသော ခြေဖဝါးရာနှင့်အတူ နှလုံးသား ပေါက်ကွဲထွက်သွားလေသည်။
“အား ….”
အော်ဟစ်သံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေလေသည်။
သတ်ဖြတ်သူ အယောက်တစ်သောင်းနီးပါးထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော သတ်ဖြတ်သူတို့ နှလုံးပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။
ဤမြင်ကွင်းက သန်မာသော သိုင်းပညာရှင်များအား ထိတ်လန့်သွားစေခဲ့သည်။
“မြတ်စွာဘုရား အင်အားကြီးလှချည်လား”
အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ ရင်တုန်နေကြသည်။ နှလုံးသား၏ ဥပဒေသအား တစ်ဘက်သူ၏ ခြေသံများက ထိန်းချုပ်ထားသည့်ပုံပင်။
ထို့ကြောင့် သူတို့မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်လာကြ လေသည်။ ထို့အတူ ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့သည်လည်း အံ့ဩနေကြသည်။
“သခင်ကြီးက ပိုသန်မာလာတဲ့ပုံပဲ”
သူတို့နှစ်ယောက်လုံး အားရတက်ကြွနေသည်။
ယဲ့ဖန်ကိုမြင်ချိန်၌ အနက်ရောင်ဝတ်ရုံနှင့်လူ တစ်ယောက်တည်း ကသာ မျက်မှောင်ကြုတ်နေ၏။
“ယဲ့ဖန်”
ထိုအနက်ရောင်ဝတ်ရုံနှင့်လူ မျက်ခုံးတဆက်ဆက် လှုပ်နေ၏။
သူ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာလာပြီးနောက် သူသည် ကြီးမားသော အခွင့်အရေးကို ရရှိခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းလောက် အောင် တိုးတက်လာသည်ဟု သူ ထင်ခဲ့မိသည်။
ယဲ့ဖန်၏ တိုးတက်နှုန်းက သူ ခန့်မှန်းထားသည်ထက် ပို၍ကျော်လွန် နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“သူ့ကိုသတ်မှရမယ်၊ မဟုတ်လို့ကတော့ ဒီလူက မိုးကောင်းကင်ကို ဆန့်ကျင်တော့မှာ”
အနက်ရောင်ဝတ်ရုံနှင့်လူသည် ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားကို အတွင်းကျကျသိသလို အလွန် ရက်စက်ကြောင်းလည်း သိထားသည်။
ယဲ့ဖန်သည် သူ၏ရန်သူတိုင်း၏ မျက်လုံးထဲတွင် အိပ်မက်ဆိုးသာ ဖြစ်လေသည်။
သူ မသေသေးသရွေ့ ထိုအနက်ရောင်ဝတ်ရုံနှင့်လူ ဘယ်သော အခါမှ စိတ်မအေးနိုင်ပါ။
ထိုစဉ် နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းက အနက်ရောင် ဝတ်ရုံနှင့်လူအား လှည့်ကြည့်၍ ပြာနှမ်းနေသော မျက်နှာထားနှင့် မေးလိုက်သည်။
“အလောင်းကောင် သူက ယဲ့ဖန်လား”
အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်ပြ၍ သတ်ဖြတ်လိုသော အရိပ်အငွေ့တို့ဖြင့် ပြန်ပြောလိုက်သည်။
“သူပါပဲ သူက ဘုရင်မ တစ်ချိန်လုံး တွေးတောနေတဲ့သူပါပဲ၊ သူ့ကို သတ်ရမယ်၊ သူ့ကို သေအောင် လုပ်ရပါမယ်”
“ကောင်းပြီလေ၊ သိပ်တော်တဲ့ ကမ္ဘာမြေသား ပုရွက်ဆိတ်ကောင်”
ဧကရာဇ် ပီခမ်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေ၏။
သူ သဘောကျသော အမျိုးသမီးက ယဲ့ဖန်အကြောင်း တွေးတောနေသည်ကို သူ တွေးနေမိသည်။
သူ၏ အစွမ်းအစ ရှိသောနောက်လိုက်များက တော်ဝင်အမိန့်ကို မနာခံဘဲ ယဲ့ဖန်ထံသို့ အညံ့ခံလိုက် ကြသည်။
အားလုံးကို ခြုံကြည့်သော် ပီခမ်းသည် ယဲ့ဖန်၏ အသားကိုစား၍ သွေးကို သောက်ပစ်ချင်စိတ် ပေါက်လာလေသည်။
ယခုလိုအချိန်၌ သူ အမုန်းဆုံးသူက မျက်စိရှေ့မှောက် ရောက်လာသဖြင့် သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က တစ်ဟုန်ထိုး ထိုးတက်လာသည်။
ထိုစဉ် ပီခမ်းက ရှေ့သို့လှမ်းသွားပြီး ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
“သူ့အသက်ကို ငါကိုယ်တိုင် နုတ်ယူမယ်”
ဝုန်း!
ထိုစဉ် သန်မာသော မရဏ အရိပ်အငွေ့များက ယဲ့ဖန်ကို ဖုံးလွှမ်းလာသည်။
ယဲ့ဖန်နှင့် ပီခမ်းတို့ ထိပ်တိုက်တွေ့ဆုံကြလေပြီ။
“သခင်ကြီး သတိထားပါ၊ ပီခမ်းက နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ပါ၊ သူ့လက်ထဲက ဧကရာဇ်ဓားပါ တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်”
ဂရေးထူက ယဲ့ဖန်ကို သတိပေးလာသည်။
နတ်ဧကရာဇ်တစ်ပိုင်းအဆင့်သည် နဂါးငွေ့တန်း အင်ပါယာ၌ နဂါးငွေ့တန်း ဧကရီဘုရင်မပြီးလျင် အသန်မာဆုံးသော တည်ရှိမှု ဖြစ်လေသည်။
ထိုစဉ် ရွှေအိုရောင်ဓားတစ်လက်ကို လွှဲယမ်းလာသည်။
ပီခမ်း၏မျက်လုံးများက ယဲ့ဖန်၏ မျက်နှာကို စူးစိုက်ကြည့်လာပြီး ပါးစပ်ကို မဲ့ရွဲ့လိုက်သည်။
“မျိုးမစစ်ကောင်လေး မင်း သေဖို့သာပြင်ထား”
ထိုစကားလုံးများ၌ သတ်ဖြတ်လိုဟန်များ ပြည့်နှက်နေသည်။ ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်က ရယ်လေသည်။
“ပုရွက်ဆိတ်တွေက မသေခင် ဘာလို့ ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
*ဘာ*
*ပုရွက်ဆိတ်တွေ ဟုတ်လား*
ပီခမ်း ထင်မထားမိချေ။ သူသည် မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်သော ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေလေသည်။
“ကောင်းပြီလေ၊ မောက်မာတဲ့ ခွေးမသားလေး”
ပီခမ်း၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလှသည်။
“ဒီလိုဆိုမှတော့ မင်း သေပေတော့”
ပီခမ်း၏ ဧကရာဇ်ဓားက ဝင့်သွားပြီး ယဲ့ဖန်၏ လည်ပင်းကို တန်း၍ ခုတ်ပိုင်းလာသည်။
ရွှစ်!
ရွှေရောင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ဓားချက်က အလွန်ပြင်းထန်သော အရှိန်ဖြင့် လေကိုခွင်းလာသည်။ ချက်ချင်း ဆိုသလိုပင် လေဟာနယ်တစ်ခုလုံး ဟက်တက်ကွဲ သွားလေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချက်က ကောင်းကင် ပတ်လည်မှ ဥက္ကာခဲများထံသို့ ပျံ့နှံ့သွားပြီး ဥက္ကာခဲများအားလုံး ချက်ချင်း ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့်အတူ သူသည် ယဲ့ဖန်အား ဓားနှင့်ခုတ်ပိုင်းလိုက်သည်။
“သေမင်းဧကရာဇ် ဓားချက်”
ထိုစဉ် ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ မျက်နှာပျက်သွားကြသည်။
ထိုဓားချက်သည် ဧကရာဇ်ပီခမ်း၏ ကြောက်မက်ဖွယ် ကောင်းသော လူသတ်သိုင်းကွက်များထဲမှ တစ်ခု ဖြစ်လေသည်။
ဟိုအရင်တစ်ချိန်က လေမိုးကြိုး အင်ပါယာမှ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင် သွေးစွန်း တစ္ဆေအရိပ်သည် တပ်မတော်ကြီးတစ်ခုကို ဦးဆောင်၍ နဂါးငွေ့တန်း အင်ပါယာသို့ ကျူးကျော် ဝင်ရောက်ခဲ့သည်။
ထိုတပ်မတော်ကြီးနှင့် သွေးစွန်းတစ္ဆေအရိပ်တို့အား ပီခမ်းက ထိုဓားချက်နှင့် သတ်ဖြတ်ခဲ့သည်။
ထို့အတူ ပီခမ်းသည် ပထမကမ္ဘာစစ်ကြီး၏ အရှင်သခင် ဖြစ်လာခဲ့လေသည်။ ဤဓားချက်သည် မိုးကောင်းကင်ကို ဖျက်ဆီး၍ မြေကမ္ဘာအား သုတ်သင်နိုင်သော လူသတ်သိုင်းကွက် ဖြစ်လေသည်။
“သခင်ကြီး သတိထား”
ဂရေးထူနှင့် ငရဲဝံပုလွေဆိုးတို့ အကြီးအကျယ် မျက်နှာပျက်ကာ အလွန်အမင်း စိုးရိမ်နေကြသည်။
ယဲ့ဖန်၏ နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေပြီး ထိုရွှေအိုရောင် ဓားချက်ကို လက်တစ်ဘက်တည်းဖြင့် ဟန့်တားလာသောကြောင့် သူတို့ အံ့အားသင့်သွားရသည်။
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ ရင်တုန်လာသည်။ သို့သော် သူတို့သည် မျှော်လင့်တကြီး စောင့်စားနေမိကြသေးသည်။
“သေချာတယ်၊ သခင်ကြီးက အေးအေးဆေးဆေး ဖြစ်နေမှတော့ သူ သေချာပေါက် ဖမ်းနိုင်လို့ပဲ ဖြစ်ရမယ်”
ဂရေးထူနှင့် ငရဲဝံပုလွေဆိုးတို့က ယဲ့ဖန်အပေါ် ယုံကြည်မှု ရှိကြသည်။
ရွှေအိုရောင်ဓား၊ ဤဓားသည် ဧကရာဇ်၏ ဓားတစ်လက်ဖြစ်ပြီး အစစ်အမှန် နတ်ဘုရားလက်နက် ဖြစ်လေသည်။
ကောင်းကင်လက်နက်ထက် အဆင့်တစ်ဆင့် ပိုမြင့်သော လက်နက်ဖြစ်သည်။
ဓားချက် တစ်ချက်တည်းနှင့်တင် ဂြိုဟ်ကမ္ဘာများကို နှစ်ခြမ်းခွဲပစ်နိုင်သည်။
သို့သော် ယခုအခါတွင် ယဲ့ဖန်က ထိုဓားကို လက်တစ်ဘက် တည်းဖြင့် ဖမ်းဆီးချင်နေသည်။ သာမန်လူများအတွက်မူ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ယဲ့ဖန်က ထိုဓားချက်ကို ဖမ်းဆီးရဲမှတော့ သူ့၌ ကိုယ်ပိုင် လှည့်ကွက်များ ရှိလိမ့်မည်ဆိုသည်ကို ဂရေးထူနှင့် ငရဲဝံပုလွေဆိုးသာ သိလေသည်။
ထိုသို့သောအချိန်၌ သူတို့နှစ်ယောက်သည် အလွန်အမင်း စိုးရိမ်နေပြီး သူတို့၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လေမလား ထင်မှတ်မှားရလေ၏။
သူတို့သည်သာမက အနက်ရောင်ဝတ်ရုံနှင့် လူသည်လည်း ပို၍ စိတ်လှုပ်ရှားနေလေသည်။
“ဟားဟား … ဘဝင်မြင်တဲ့ စစ်သည်တော်က ရှုံးနိမ့်မှာပဲ၊ ဒီခွေးမသားက တစ်ချိန်လုံး ဖျက်ဆီးနိုင်နေတော့ ဂုဏ်ယူနေတယ်ပေါ့လေ”
“နတ်ဘုရားလက်နက်ကို လက်တစ်ဘက်တည်းနဲ့ ဖမ်းမယ်တဲ့လား၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
အနက်ရောင်ဝတ်ရုံနှင့်လူသည် နတ်ဘုရား လက်နက်ကြောင့် ယဲ့ဖန်၏လက်ဖဝါးက တစ်ချက်တည်းနှင့် ပြတ်ထွက်သွားမည်ကို မြင်ယောင်နေဟန်နှင့် လှောင်ပြုံးပြုံးနေသည်။
“သေစမ်း”
ပီခမ်း၏ မျက်နှာက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။ သူ့လက်ထဲမှ ဓားသည်လည်း ပို၍ အရှိန်ပြင်းလာသည်။
ဝုန်း!
ဓားချက်က ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ ထိုစဉ် ယဲ့ဖန်၏ လက်ဖဝါးမှ ထူးဆန်းသော ရေခဲမြူခိုးများ ထွက်ပေါ်လာပြီး နတ်ဘုရားလက်နက်ဖြစ်သော ရွှေအိုရောင်ဓားကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
ရွှေအိုရောင် ဓားတစ်လက်လုံး ရေခဲထုများနှင့် ဖုံးအုပ်သွားလေသည်။
ပီခမ်းတောင်မှ အရိုးကွဲမတတ် အေးသော အအေးဓာတ်ကို ခံစားမိသည်။
ထိုစဉ် ရုတ်တရက် ယဲ့ဖန်၏ လက်ဝါးက ရွှေအိုရောင်ဓားကို ဖမ်းဆုပ်လာသည်။
ချွင်ခနဲ မြည်သံထွက်ပေါ်လာပြီး ရွှေအိုရောင်ဓားသည် ယဲ့ဖန်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
တောက်! တောက်!
ရဲရဲနီသော သွေးစက်များက ယဲ့ဖန်၏ လက်ဖဝါးမှ စီးကျလာသည်။ သို့သော် ကောင်းကင်တစ်ခုလုံးက တိတ်ဆိတ်လို့နေ၏။
*ဖမ်းလိုက်တာလား*
*နတ်ဘုရားလက်နက်ကို လက်တစ်ဘက်တည်းနဲ့ ဖမ်းလိုက် တယ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ ထိတ်လန့်သွားသလို ပျော်ရွှင်သွားကြသည်။
အနက်ရောင်ဝတ်ရုံနှင့်လူသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဘာလို့လဲ …”
လွန်ခဲ့သော လများက ကောင်းကင်လက်နက်၏ အစွမ်းကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သည်ကို အနက်ရောင်ဝတ်ရုံနှင့်လူ မှတ်မိနေပါသေးသည်။
သို့သော် ထင်မှတ်မထားဘဲ လအနည်းငယ်အတွင်းမှာပင် ယဲ့ဖန်က နတ်ဘုရားလက်နက်ကို ခုခံနိုင်နေသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးတက်လာမှုအရှိန်က အနက်ရောင်ဝတ်ရုံနှင့်လူအား သွေးပျက် သွားစေသည်။
ထိုသို့ရှိနေချိန်တွင် နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းသည်လည်း ထိတ်လန့်နေသောကြောင့် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေသည်။
“အရေပြားကိုပဲ ဖြတ်မိသွားတာလား၊ ဒါ …. ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ပီခမ်း သွေးပျက်လာသည်။ သူ၏ ရွှေအိုရောင်ဓားအကြောင်း သူ အသိဆုံး ဖြစ်သည်။
ဓားချက်တစ်ချက်တည်းနှင့်တင် ထောင်ချီသော သန်မာသည့် ရန်သူများကို သုတ်သင်နိုင်သည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တောင်မှ ဤဓားဖြင့် အခုတ်ခံရလျင် သေချာပေါက် သေရမည်ပင်။
သို့သော် ယခုအခါတွင် နတ်ဘုရား ဆရာသခင်အဆင့်လေးက ဖမ်းဆီးလိုက်သဖြင့် သူ့ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားလေသည်။
“ငါ မယုံဘူးကွာ”
ပီခမ်းက လက်မခံနိုင်ဟန်ဖြင့် ကြုံးဝါးလာသည်။
သူသည် ဓားကို ပြန်ဆွဲယူ၍ ယဲ့ဖန်ကို ထပ်၍ခုတ်ပိုင်းလိုက်သည်။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်၌ အထင်သေးဟန်များ ချိတ်ဆွဲနေ၏။ သူ၏လက်ဖဝါး၌ ဆန်းကြယ် ရေခဲချီဓာတ်များ ပျံ့နှံ့လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
မကြာခင်မှာပင် လူနှစ်ယောက်၏ တိုက်ပွဲ စတင်လေတော့သည်။ ကောင်းကင်တစ်ခုလုံး မိုးပြိုမတတ် မြည်ဟီးနေ၏။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းအား ထိတ်လန့်သွားစေသည်။
ရွှေအိုရောင်ဓားအား ယဲ့ဖန်က လက်တစ်ဘက်ဖြင့် ထပ်ဖမ်းလိုက်ပြီး ဆန်းကြယ် ရေခဲချီဓာတ်များ ရှိနေသော ကျန်လက်တစ်ဘက်ဖြင့် ပီခမ်း၏ခန္ဓာကိုယ်ကို ရိုက်နှက် လိုက်သည်။
ဝုန်း!
ပီခမ်း အသည်းအသန် ပြန်ခုခံလေသည်၊ သို့သော် သူ၏လက်သီးက ချက်ချင်း အေးခဲလုမတတ် ဖြစ်လာရသည်။
လက်သီးချက် တစ်ချက်တည်းနှင့် ပီခမ်း တစ်ကိုယ်လုံး မီတာ တစ်ရာမျှ လွင့်ထွက်သွားလေသည်။
သို့သော် … ဤသည်ကား အစသာ ရှိချေသေးသည်။
ယဲ့ဖန်၏ ရူးသွပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ စတင်လာ လေသည်။
ဝုန်း! ဝုန်း! ဝုန်း!
တိုက်ကွက်တိုင်း၌ ပီခမ်း နောက်ဆုတ်နေရသည်။ သူ၏ သံမဏိလက်သီးက ထိုးနှက်ခံလိုက်ရသည်။
သူ့ရင်ဘတ်သည်လည်း ဆိုးဆိုးရွားရွားကို ကျိုးကြေနေသည်။ ဧကရာဇ်၏ သွေးစက်များက လေထဲ လွင့်စဉ်လာသည်။
ဤမြင်ကွင်းက လူတိုင်းအား သွေးပျက်ခြောက်ခြားသွားစေ၏။