← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

Chapter 439 ဂြိုဟ်မိစ္ဆာ

“အား …”

ထိုဖောက်ထွင်းမြင်ရသည့် စိတ်ဝိညာဉ်တွင်းမှနေ၍ ကြောက်မက်ဖွယ် ကောင်းသော အော်သံက ပဲ့တင်ထပ်၍ ဖြစ်ပေါ် လာသည်။

ဧကရီ၏ စိတ်ဝိညာဉ်က အရူးအမူး ရုန်းကန်နေ၏။ သို့သော် အနက်ရောင် ဦးခေါင်းခွံတစ်ခုက သူမအား အနက်ရောင် ချီမျှင်စုများဖြင့် တင်းကြပ်စွာ ရစ်ပတ်ထားပြီး ယဲ့ဖန်ရှေ့သို့ ခေါ်ဆောင်လာသည်။

“ဝိညာဉ်စား ဦးခွံ၊ ဒါက … သေမင်းနတ်ဆိုးဆုဒြာထဲက ဝိညာဉ်စား ဦးခွံမလား”

ဧကရီ၏ စိတ်ဝိညာဉ်က တုန်လှုပ်ခြောက်ခြားလို့နေ၏။

ထိုသည်သာမကသေးပေ။

သူမသည် ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို တစ်ခါက ကြားခဲ့ဖူးသည်။

ရှေးယခင် မကောင်းဆိုးဝါးမျိုးနွယ်၌ ပြိုင်ဘက်ကင်းသော မျက်လုံးခြောက်လုံးရှိသည့် ဇီးကွက် သားရဲကောင်ကြီး တစ်ကောင် ရှိခဲ့ပြီး စကြဝဠာတစ်ခွင်အား ကြီးစိုးခဲ့သည်။

အင်မော်တယ်မျိုးနွယ်များနှင့် နတ်ဘုရား မျိုးနွယ်များက ၎င်းကို တတ်နိုင်သမျှ ရှောင်ရှားကြသည်။

နောက်ပိုင်းတွင် မကောင်းဆိုးဝါးမျိုးနွယ်များကို ဦးဆောင်၍ နတ်ဆိုးဂြိုဟ်ကို တိုက်ခိုက်ခဲ့သည်။

နတ်ဆိုးနှင့် မကောင်းဆိုးဝါးတို့၏ စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။

ထိုမျက်လုံးခြောက်လုံးနှင့် ဇီးကွက်သားရဲကြီးသည် နတ်ဆိုးဧကရာဇ်၏ ဝိညာဉ်စားဦးခွံဖြင့် တစ်စစီ ဆွဲဖြဲခြင်း ခံခဲ့ရသည်။

ရက်ပေါင်း ရှစ်ဆယ့်တစ်ရက်ကြာ မွမ်းမံသန့်စင်ခံရပြီးနောက် အသေဆိုးဖြင့် သေသွားလေသည်။

သူ၏အော်ဟစ်သံက စကြဝဠာတစ်ခွင်၌ ပဲ့တင်ထပ်ခဲ့ပြီး လူတိုင်းအား သွေးပျက်စေခဲ့သည်။

နတ်ဘုရားများ၊ အင်မော်တယ်များနှင့် နတ်ဆိုးများ တုန်လှုပ်၍ သတိလစ်လုမတတ် ဖြစ်ခဲ့ရသည်။

ယခုအခါတွင်မူ ဧကရီသည် သူမကိုယ်သူ ဤသို့ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဉ်စားဦးခွံဖြင့် မွမ်းမံခံရလိမ့်မည်ဟု ထင်မထားမိပါ။

“အရှင် နတ်ဆိုးဧကရာဇ် အသတ်ချမ်းသာပေးပါ”

ဧကရီ ကြောက်လန့်လို့နေ၏။ သူမ၏ စိတ်ဝိညာဉ်သည် လေထုထဲ ပျံလွင့်နေပြီး ဆက်တိုက် ဟစ်အော်နေသည်။

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျေးဇူးပြုပြီး ဒီကျွန်အိုကြီးက လင်းလန်ကို ကယ်တင်ခဲ့ပြီးတော့ သူ့ကို ဧကရီ အမွေအနှစ် ပေးအပ်ခဲ့တာကို ထောက်ထားပြီးတော့ အသက်ချမ်းသာပေးပါ”

“ဒီကျွန်အိုကြီးက ဧကရီလင်းလန်ကို အသက်ရှင်သေးသရွေ့ တစ်သက်လုံး ထာဝရ ခစားချင်စိတ် ရှိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ”

ဧကရီ၏ စိတ်ဝိညာဉ်က ကြောက်စိတ်ကြောင့် တုန်လှုပ်နေပြီး အနူးအညွတ် တောင်းပန်လာ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ဧကရာဇ် ပီခမ်းနှင့် ထောင်ချီသော သတ်ဖြတ်သူများ အပါအဝင် အားလုံး အိပ်မက်မက်နေသည်ဟု ထင်မှတ်သွားကြလေသည်။

နဂါးငွေ့တန်း အင်ပါယာ၏ ထိတ်လန့်ဖွယ် အကောင်းဆုံး စိတ်ဝိညာဉ်။

ပြိုင်ဘက်ကင်းသည့် ကြောက်မက်ဖွယ်ကောင်းသော ဧကရီသည် တုနှိုင်းမဲ့သည်။ သို့သော် ယခုအခါတွင် ဧကရီက သူတောင်းစားသဖွယ် တောင်းပန်ခယနေ၏။

ဤသို့ အကြီးအကျယ် ပြောင်းလဲသွားခြင်းက သူတို့အား အိပ်မက်မက်နေသည်ဟု ထင်မှတ်သွားစေခဲ့သည်။

“လင်းလန်လား”

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်၌ လှောင်ပြောင်ရိပ် စွန်းထင်းလာသည်။

“ဘာမဟုတ်တဲ့ အမွေအနှစ်က ခန္ဓာကိုယ်ကို သေလုမျောပါး ဖြစ်အောင် လုပ်တာနဲ့ ဘာမှမထူးဘူး၊ မင်းက သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ချင်နေတာလေ။ သူက မင်းရဲ့အမွေအနှစ်အားလုံးကို နားလည်သွားတာနဲ့ သူ သေမှာပဲ”

“မင်းက သူ့ဝိညာဉ်ကို လုံးဝ သတ်ဖြတ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်သိမ်းယူမှာပဲ”

“သောက်ကောင်မ”

*ဘာ*

ဧကရီ၏ စိတ်ဝိညာဉ်က အပြင်းအထန် တုန်ယင်သွားလေသည်။ သူမစိတ်ထဲမှ တွက်ချက်ထားမှုကို ယဲ့ဖန်က ရှင်းရှင်းလင်းလင်း သိနေလိမ့်မည်ဟု သူမ ထင်မထားမိပါ။

အထူးသဖြင့် ယဲ့ဖန်ထံမှ လူသတ်လိုသော အရိပ်အငွေ့များကို ခံစားလိုက်ရချိန်တွင် သူမစိတ်ဝိညာဉ်သည် ပျက်ဆီးလုနီးပါး ဖြစ်လာရသည်။

“မလုပ်နဲ့”

သူမ၏ ခြောက်ခြားဖွယ်‌ အော်သံများကြား၌ ငရဲမီးများက သူမကို ချက်ချင်း မီးမြှိုက်လာ၏။

“အား…”

ဧကရီ၏ စိတ်ဝိညာဉ်သည် နာကျင်မှုကြောင့် တုန်ယင်လို့နေသည်။ ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေသံက နဂါးငွေ့တန်း တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

နာရီဝက်ကြာပြီးနောက် ငယ်သံပါအောင် အော်ဟစ်နေသည့် အသံက ပျောက်ကွယ်သွားပြီး ဧကရီ၏ နတ်ဘုရား ဝိညာဉ်သည်လည်း ငရဲမီး၏ ဝါးမျိုခြင်း ခံလိုက်ရကာ လုံးဝ ပျောက်ကွယ်သွားသည်။

သူမသည် ဘယ်သောအခါမှ ပြန်လည်မမွေးဖွားနိုင်တော့ချေ။

တိတ်ဆိတ်လို့နေ၏။ ယခုအချိန်၌ ကောင်းကင်တစ်ခွင်လုံး ငြိမ်သက်လို့နေသည်။

နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်၊ ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့သည် သတိလစ်နေသော လင်းလန်ကို စောင့်ကြပ်ရင်း စိတ်လှုပ်ရှားနေကြလေသည်။

နတ်ဆိုးဧကရာဇ်။

သူတို့၏ သခင်ကြီးသည် နတ်ဘုရား ဆရာသခင် အလယ်အလတ်အဆင့်သာ ရှိသော်လည်း နဂါးငွေ့တန်း ဧကရီကို သတ်ဖြတ်၍ ပြိုင်စံရှား ခန္ဓာကိုယ်သုံးခုကို ပေါင်းစပ်နိုင်ခဲ့သည်။

အကယ်၍ ဤသတင်းသာ စကြဝဠာတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပါက လောကသခင် သုံးယောက်တောင်မှ တုန်လှုပ်သွားလောက်သည်။

တစ်ခြားတစ်ဖက်တွင်မူ ဧကရီ၏ စိတ်ဝိညာဉ်ကို ငရဲမီးက ဝါးမျိုသွားသည်ကိုမြင်ပြီး ဧကရီပီခမ်း၊ အရှင်နိုင်းလ်၊ အရှင်ရွှမ်းမင်နှင့် သတ်ဖြတ်သူများအားလုံး သေမတတ် ကြောက်လန့်ကာ ထွက်ပြေးကြလေတော့သည်။

ဝှစ်! ဝှစ်!

လူတိုင်း အရပ်မျက်နှာအနှံ့သို့ တကွဲတပြား ထွက်ပြေး သွားနေကြသည်။ သူတို့၏ ခေါင်းဆောင် သေသွားမှတော့ သူတို့၏ သတ္တိများအားလုံး ပျောက်ဆုံးကုန်ကာ အသည်းအသန် ထွက်ပြေး ကြတော့သည်။

သူတို့သည် ဧကရီ၏ စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည် ကိုကြည့်ပြီး သေမတတ် ကြောက်လန့်သွားကြသည်။

မီတာတစ်ရာ။ တစ်ကီလိုမီတာ။ ကီလိုမီတာ များစွာသို့ ရောက်ရှိသွားကြသည်။

ပီခမ်းက အမြန်ဆုံးပင် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စစ်သင်္ဘောထံသို့ ရောက်နေလေသည်။

“အသက်ရှင်ရမယ်၊ ငါ … ငါ အသက်ရှင်မှဖြစ်မယ်”

ထိုသို့သောအချိန်၌ ပီခမ်းတွင် အသက်ရှင်ချင်သည့် မျှော်လင့်ချက်ကို မြင်နေပုံရသည်။ သူ၏ ကျန်ရှိနေသော လက်မောင်း တစ်ဘက်ဖြင့် တံခါးကို ဖွင့်လိုက်သည်။

ကျွီ!

စစ်သင်္ဘော၏တံခါး ပွင့်သွားသည်။ ပီခမ်း အလွန် အားတက်သွားပြီး အထဲဝင်ရန် ပြင်လိုက်သည်။

ထိုစဉ် ခပ်လှမ်းလှမ်းမှနေ၍ သေမင်းအရိပ်အငွေ့တစ်ချို့က အရူးအမူး ပျံ့နှံ့လာသည်။

စစ်သင်္ဘောတစ်စီးလုံး ရေခဲကြောင့် ပျက်စီးသွားလေသည်။

ပီခမ်း၏လက်ဝါးသည် တံခါးဝကို ကိုင်မိရုံသာ ရှိသေး၏။

ဝှစ်!

ဆန်းကြယ်ရေခဲချီဓာတ်များက သူ့တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ထို့နောက်တွင်မူ ထိပ်တန်း အဆိပ်ငွေ့များက သူ့တစ်ကိုယ်လုံးသို့ စိမ့်ဝင်လာ၏။

“မလုပ်နဲ့”

ပီခမ်း၏ မျက်လုံးထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက် လာသည်။

သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် ရွှံ့စေးအဖြစ် ပြောင်းလဲ သွားလေသည်။ နဂါးငွေ့တန်း အင်ပါယာ၏ မြင့်မြတ်သော ပီခမ်းသည် ဤနည်းအားဖြင့် သေဆုံးသွား တော့သည်။

သူသည်သာမကသေးပေ။ ပြိုင်စံရှား ချီဓာတ်သုံးမျိုးက အရပ်မျက်နှာအနှံ့သို့ ဆက်တိုက် ပျံ့နှံ့သွားသည်။

အရှင်နိုင်းလ်၊ အရှင်ရွှမ်းမင်နှင့် ထောင်ချီသော သတ်ဖြတ်သူ တို့သည် စစ်သင်္ဘောထံသို့ မရောက်ခင်မှာပင် ဆန်းကြယ် ရေခဲချီဓာတ်ကြောင့် အေးခဲသွားပြီး ထိပ်တန်း အဆိပ်ငွေ့ကြောင့် ရွှံ့စေးအသွင် ပြောင်းသွားလေတော့သည်။

ဂျွတ်! ဂျွတ်!

အက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထောင်ချီသော နဂါးငွေ့တန်း သတ်ဖြတ်သူများသည် ကောင်းကင်ထက်၌ တစ်စစီဖြစ်သွားပြီး အရိုးပင် မကျန်ခဲ့တော့ချေ။

ထို့နောက်တွင်မူ နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းမှစ၍ အကြီးအကဲ ငါးယောက်နှင့် ထောင်ချီသော သတ်ဖြတ်သူစစ်တပ်တစ်ခုလုံး ပျက်စီးသွားလေတော့သည်။

နဂါးငွေ့တန်း အင်ပါယာ၏ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားလေသည်။

…

ဝေးကွာသော စကြဝဠာ၏ တစ်နေရာ၌ မှောင်မိုက်နေသော မရဏဂြိုဟ်နယ်မြေတစ်ခု ရှိလေသည်။

ထိုနယ်မြေ၌ မည်သည့် သက်ရှိဂြိုဟ်ဟူ၍ မရှိဘဲ ဂြိုဟ်သေပေါင်းများစွာ ရှိလေသည်။

အမှောင်နှင့် သေခြင်းတရားတို့က ထိုနေရာ၏ သင်္ကေတသဖွယ် ဖြစ်နေသည်။

ယဲ့ဖန်တစ်ယောက် ကောင်းကင်အလင်းသခင်ကို သတ်ဖြတ်၍ မသေမျိုး ခန္ဓာကိုယ်အား စုပ်ယူ၍ မွမ်းမံလိုက်ချိန်တွင် ထိုမရဏဂြိုဟ် နယ်မြေတွင်း၌ ဂြိုဟ်တစ်လုံးစာရှိသော မျက်လုံး တစ်စုံက ရုတ်တရက် ပွင့်လာသည်။

ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

မျက်အိမ်တစ်ခုကပင် ကမ္ဘာဂြိုဟ်တစ်လုံးစာ ရှိပြီး သွေးကဲ့သို့ ရဲရဲနီနေပြီး နတ်ဆိုးတစ်ကောင်၏ မျက်လုံးနှင့် ဆင်တူလှသည်။

ထို့အတူ အရိုးကွဲမတတ် အသံကပါ ထွက်ပေါ်လာသည်။

“ငါ့မသေမျိုးမျိုးဆက်က … သေသွားပြီ”

“ဘယ်သူလဲ၊ ဘယ်သူလုပ်တာလဲ”

ဝုန်း!

ထိုပေါက်ကွဲသံနှင့်အတူ ဂြိုဟ်နယ်မြေ၌ ဧရာမ ရှေးဘီလူးကောင်ကြီးက ရုတ်တရက် ထရပ်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားလွန်းပြီး သူ မတ်တပ်ထရပ် လိုက်သည့် ခဏမှာပင် ဂြိုဟ်များ ပျက်ဆီးသွားလေသည်။

သူသည် တစ်ကောင်တည်း မဟုတ်ချေ။ ထိုကြောက်မက်ဖွယ် ကောင်းသော ဂြိုဟ်မိစ္ဆာကြီးသည် လက်ချောင်း တစ်ချောင်း နှင့်တင် ကမ္ဘာဂြိုဟ်ကို ဖိချေနိုင်ပြီး နေကို ဖြတ်ရိုက် နိုင်၏။

အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဂါး…”

ထိုမိစ္ဆာကောင်ကြီး၏ ပါးစပ်မှ မာန်ဖီသံ ထွက်ပေါ်လာသည်။ ဂြိုဟ်နယ်မြေတစ်ခုလုံး တုန်ယင်သွားလေ၏။

ထို့နောက်တွင်မူ ထိုမိစ္ဆာကောင်ကြီးသည် ရုန်းကန်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော သံကြိုးများပါ ထွက်ပေါ်လာသည်။

ထိုသံကြိုးများက သူ၏လက်၊ ခြေထောက်၊ လည်ပင်းနှင့် တစ်ကိုယ်လုံးကို ချုပ်နှောင်ထားသည်။

ထိုသံကြိုးများသည် တစ်မူထူးခြားလှသလို ရိုးလည်း ရိုးစင်းလှသည်။

ထိုသံကြိုးများပေါ်၌ မှော်စာလုံးများနှင့် ပြည့်နှက်နေသည်။ ဤဂြိုဟ်မိစ္ဆာကြီးအား နှစ်ပေါင်းများစွာ ချုပ်နှောင်ထားပုံ ရသည်။

ဂြိုဟ်နယ်မြေက မည်မျှကြီးမားပါစေ၊ သူ့အတွက် ထွက်ပြေးရန် ခက်ခဲလှသည်။

“နှစ်တွေ ကြာခဲ့ပြီ”

“မူလဇစ်မြစ်ကို ဆုတ်ဖြဲပြီး စကြဝဠာထဲ ဖြန့်ကျက်ပြီး မသေမျိုး ခန္ဓာကိုယ် မျိုးစေ့ရှစ်စေ့ကို စိုက်ပျိုးနိုင်ဖို့ အား တော်တော် သုံးခဲ့ရတယ်”

“အထူးသဖြင့် နတ်ဘုရားတို့ ကျဆုံးရာ နယ်မြေက မျိုးစေ့ပဲ။ အဲ့တစ်ယောက်ပဲ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့တာ”

“အဲ့တစ်ယောက်က ဒီပြဿနာကြားကနေ ပြန်လည်မွေးဖွား နိုင်မယ့် သော့ချက်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက အသတ်ခံရရုံ တင်မကဘူး နတ်ဘုရား စိတ်ဝိညာဉ်ပါ ပျက်စီး သွားပြီ”

ထိုသို့ပြောနေစဉ်တွင် ဂြိုဟ်မိစ္ဆာ၏ မျက်နှာက သုန်မှုန်နေသည်။

“မင်း ဘယ်သူဘဲ ဖြစ်ဖြစ်၊ ဒီထောင်ချောက်ကနေ ထွက်လာနိုင်တာနဲ့ မင်း ဒီစကြဝဠာထဲမှာပဲ အသတ်ခံရစေမယ်ကွ”

“ဂါး”

ရူးသွပ်မတတ် မာန်ဖီသံက မရဏဂြိုဟ်နယ်မြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ဂြိုဟ်များသည် ထိုမာန်ဖီသံကို ကြောက်လန့်သကဲ့သို့ တုန်ခါသွားကြလေ၏။

Chapter 440 စစ်တပ်အားလုံး လာကြပြီ

နဂါးငွေ့တန်း အင်ပါယာ၏ နိုင်းလ် ဂြိုဟ်နယ်မြေအတွင်း၌။

နိုင်းလ်ဂြိုဟ်၏ သိုင်းပညာရှင်တစ်ယောက်က အင်ပါယာစစ်ပွဲ အကြောင်း ပြောနေလေသည်။ ယုံကြည်မှုရှိသော အပြုံးက သူတို့၏မျက်နှာထက်၌ ပေါ်လွင်နေ၏။

“ဟားဟားဟား … ဆာရိုဂြိုဟ်နယ်မြေရဲ့ သိုင်းပညာရှင်တွေတော့ ဒီတစ်ခါ ကံဆိုးပြီပဲ။ ဂြိုဟ်နယ်မြေငါးခုက အကြီးအကဲ ငါးယောက်ရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရတော့ ဒီတစ်ခေါက်တော့ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး မီးမြိုက်နေလောက်ပြီ”

“ဟုတ်တယ်လေ၊ ဘယ်သူက သူတို့ကို နဂါးငွေ့တန်းရဲ့ တော်ဝင်မျိုးနွယ်ကို အာခံခိုင်းလို့လဲ။ စိတ်မကောင်းပါစရာပဲ၊ ကျွတ် … ကျွတ်”

“မင်း ပြောကြည့်စမ်း၊ ငါတို့ နိုင်းလ်ဂြိုဟ်ရဲ့ သတ်ဖြတ်သူတွေက ဂြိုဟ်ဘယ်နှစ်ခုကို ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်လဲ။ ငါ့အထင်တော့ ဂြိုဟ်တစ်ရာလောက်တော့ ရှိမယ်ထင်တယ်။ ငါ သေချာပြောရဲတယ်ကွာ”

…

ထိုသို့သောအချိန်၌ နိုင်းလ်ဂြိုဟ်နယ်မြေထဲမှ လူတိုင်းသည် နိုင်းလ်ဂြိုဟ်၏ သတ်ဖြတ်သူများအပေါ် ယုံကြည်ချက်အပြည့် ထားထားကြလေသည်။

သို့သော် လူတိုင်း စိတ်လှုပ်ရှားနေကြစဉ်တွင်

ဝီ! ဝီ! ဝီ!

နိုင်းလ်ဂြိုဟ်နယ်မြေ၏ ပင်မဂြိုဟ်မှ စစ်သင်္ဘောများ အလျင်အမြန် ပြန်ဝဲလာကြသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုစစ်သင်္ဘောများသည် ကျန်ရစ်ခဲ့သော သတ်ဖြတ်သူ စစ်တပ်မှ စစ်သင်္ဘောများ ဖြစ်ကြလေသည်။ အလွန် များပြားသော စစ်သင်္ဘောများက နိုင်းလ်ဂြိုဟ်နယ်ပေါ်မှ တစ်စီးပြီးတစ်စီး ပျံသန်းသွားကြသည်။

“ကြည့်ဦး၊ အဲ့ဒါ သတ်ဖြတ်သူတွေပဲ။ ဒါ သတင်းကောင်းပဲ ဖြစ်ရမယ်”

မရေတွက်နိုင်သော နိုင်းလ်ဂြိုဟ်မှ သိုင်းပညာရှင်များ အံ့အားသင့် သွားကြသည်။ ထိုသို့သောအချိန်၌ လူတစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ကျွီ!

ထိုအခါ ထိုစစ်သင်္ဘောများထဲမှ တစ်စီး၏ တံခါးပေါက်က ပွင့်လာပြီး သတ်ဖြတ်သူတစ်ယောက်က အပြင်သို့ ခပ်သွက်သွက် ထွက်လာသည်။

“ဆာ … ကျွန်တော်တို့ နိုင်းလ်သိုင်းပညာရှင်တွေရဲ့ လက်အောက်မှာ သန်မာတဲ့ရန်သူတွေ ဘယ်လောက်များများ အသတ်ခံလိုက်ရပြီလဲ။ အင်ပါယာက ဆုချတာကော ရှိလားဗျ”

“ဟားဟား … သတ်ဖြတ်သူတွေ အောင်နိုင်လာတဲ့အခါတိုင်း အင်ပါယာက ဆုကြီးကြီး ချီးမြှင့်လေ့ရှိတာပဲ။ ဘာဆုချလဲဆို တာတော့ ငါလည်း မသိဘူး”

“သတ်ဖြတ်သူ စစ်တပ်ကြီး ပြန်အလာကို ငါ တကယ် စောင့်မျှော်နေမိပြီ”

“…”

ထိုနိုင်းလ်ဂြိုဟ်မှ သိုင်းပညာရှင်များ၌ အပြုံးပန်းများ ဝေဆာနေကြသည်။ သို့သော် သူတို့စကားကို ကြားပြီး ကောင်းကင်ထက်မှ သတ်ဖြတ်သူတစ်ယောက်က မျက်နှာပျက် ယွင်းသွားသည်။

“နိုင်းလ်ဂြိုဟ်ရဲ့ သတ်ဖြတ်သူ စစ်တပ်ကြီးက ပျက်စီးသွားပြီ”

တိတ်ဆိတ်လို့သွားသည်။

ထိုစကားသံ ပဲ့တင်ထပ်သွားပြီးနောက် ဂြိုဟ်တစ်ခုလုံး သုဿန်အလား တိတ်ဆိတ်သွားလေ၏။

နိုင်းလ်ဂြိုဟ်မှ သိုင်းပညာရှင်တိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေကြသည်။

*စစ်တပ် ပျက်စီးသွားပြီ*

*ဒီလိုဆို သတ်ဖြတ်သူတွေအားလုံးနီးပါး သေသွားလောက်ပြီပေါ့*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များအားလုံး သွေးပျက် လာကြသည်။ အားလုံးက ထိတ်လန့်၍ မယုံနိုင်ဟန်များ ဖြစ်နေကြသည်။

သို့သော် ဤမျှနှင့်မပြီးသေးချေ။ ကောင်းကင်ထက်မှ သတ်ဖြတ်သူ တစ်ယောက်က ဆက်ပြောလာသည်။

“နိုင်းလ်ဂြိုဟ်နယ်မြေရဲ့ စစ်တပ်ကြီး ပျက်စီးသွားပြီး၊ အရှင်နိုင်းလ် တောင်မှ … အသတ်ခံလိုက်ရတယ်”

*ဘာ*

ထိုစကားက လူတိုင်းကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားစေခဲ့သည်။

နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ရှိသည့် အရှင် နိုင်းလ်က ဘယ်လိုလုပ် ဆာရိုဂြိုဟ်နယ်မြေ၌ အသတ်ခံ လိုက်ရသနည်း။

အံ့ဩစရာကောင်းလိုက်လေခြင်း။

“ဒုတိယအကြီးအကဲက အမိန့်ပေးလိုက်တယ်၊ ရန်သူက နိုင်းလ်ဂြိုဟ်နယ်မြေကို မကြာခင် တိုက်ခိုက်တော့မယ်တဲ့။ ကျေးဇူးပြုပြီး နိုင်းဂြိုဟ်နယ်မြေက သိုင်းပညာရှင်အားလုံး ရန်သူကို ခုခံဖို့အတွက် စစ်တပ်ကို ကူအားဖြည့်ပေးကြပါ”

ထိုသို့ပြောပြီး ထိုသတ်ဖြတ်သူက စစ်သင်္ဘောထဲ ပြေးဝင်၍ ပျံသန်းထွက်ခွာသွားသည်။ ဤသည်မှ ကပ်ဘေး၏ အစသာရှိသေးသည်။ မကြာခင်မှာပင် စစ်သင်္ဘောများကြောင့် နိုင်းလ်စစ်တပ်ကြီး ဖျက်ဆီးခံလိုက်ရသည့် သတင်းက အလျင်အမြန် ပျံ့နှံ့သွားသည်။

နိုင်းလ်ဂြိုဟ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားကြသည်။ သို့သော် နိုင်းလ်ဂြိုဟ်နယ်မြေသည် အစသာ ရှိသေးသည်။

ဟော်ဒါ ဂြိုဟ်နယ်မြေ။ ရွှမ်းမင် ဂြိုဟ်နယ်မြေ။

….

နဂါးငွေ့တန်း အင်ပါယာ၏ ဂြိုဟ်နယ်မြေငါးခုလုံး ဆင်တူသော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရလေတော့သည်။

အကြီးအကဲငါးယောက်နှင့် ထောင်သောင်းချီသော သတ်ဖြတ်သူ စစ်တပ်များ အသတ်ခံလိုက်ရသည်။

ဤသည်က မိုးပြိုသကဲ့သို့ ဂြိုဟ်နယ်မြေငါးခုရှိ သိုင်းပညာရှင်များကို ခြောက်ခြားသွားစေခဲ့သည်။

သို့သော် ဂြိုဟ်နယ်မြေ ငါးခုလုံးမှ သိုင်းပညာရှင်များသည် ပူဆွေးစိတ်နှင့် နာကြည်းစိတ်များကြောင့် ရန်သူကို ခုခံရန်အတွက် စစ်တပ်ထဲသို့ ဝင်ရောက်ရန် အဆင်သင့် ဖြစ်လာကြသည်။

ပို၍ပြင်းထန်သော သတင်းများက တော်ဝင် နဂါးငွေ့တန်း အင်ပါယာထဲသို့ ပျံ့နှံ့လာ၏။

မသေမျိုး ခန္ဓာကိုယ် ပျက်စီးသွားပြီ။ ဧကရာဇ် ပီခမ်း အသတ်ခံလိုက်ရပြီ။ ဧကရီဟောင်း၏ စိတ်ဝိညာဉ် ဖျက်ဆီးခံ လိုက်ရပြီ။

ဝုန်း!

ဤသတင်းက ဗုံးပေါက်ကွဲသကဲ့သို့ ဂြိုဟ်နယ်မြေငါးခုလုံးကို လုံးဝ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

သေကုန်ပြီ။ အားလုံး သေသွားလေပြီ။

ဧကရီနှင့် ဧကရာဇ်မှစ၍ ထောင်သောင်းချီသော သတ်ဖြတ်သူများ အထိ၊ မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိချေ။

ဤသည်က ဂြိုဟ်နယ်မြေငါးခုလုံးမှ သက်ရှိတိုင်းအား ကြက်သီး မွေးညင်းထ၍ သွေးပျက်သွားစေသည်။

မည်သို့သော ကြောက်စရာကောင်းသည့် အရာမျိုးက အင်ပါယာ တစ်ခုလုံးကို လုံးဝ ဖျက်ဆီးနိုင်တာလဲဆိုတာကို သူတို့ စဉ်းစားမရချေ။

ဒါက … ဖြစ်နိုင်ချေ မရှိပေ။ သို့သော် မျှော်လင့်ချက် ပျက်သုဉ်းခြင်းက ယခုမှ စတင်မှာ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် စစ်သင်္ဘောများက ဂြိုဟ်နယ်မြေ ငါးခုထံသို့ စီးနင်းဝင်ရောက်လာကြသည်။

ထိုစစ်သင်္ဘောများကို ဦးဆောင်လာသူက နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ငါးယောက်ပင် ဖြစ်သည်။

ထိုနတ်ဧကရာဇ် တစ်ပိုင်းအဆင့် ငါးယောက်မှာမူ စိတ်ဝိညာဉ် သခင် ရှက်ရှာ၊ နတ်ဆိုးအိုကြီး ဘက်ခါနှင့် ကျန်နတ်ဆိုးသုံး ကောင်တို့ပင် ဖြစ်ကြလေ၏။

ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။

ဤမြင်ကွင်းက ဂြိုဟ်နယ်မြေငါးခုလုံးမှ သိုင်းပညာရှင်များကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။

ယခင် အင်ပါယာ၏ ဧကရာဇ်ဖြစ်သူ ပီခမ်းတောင်မှ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သာ ရှိသည်။ ယခုအခါတွင်မူ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ငါးယောက်တောင်မှ ရောက်ရှိနေ၏။

ဤသည်က စစ်တပ်နှင့် ပူးပေါင်း၍ ခုခံချင်ကြသော သိုင်းပညာရှင်များအားလုံးကို ပစ်လဲကျသွားလေတော့သည်။

ဂြိုဟ်နယ်မြေများအားလုံး အညံ့ခံလာကြသည်။ လူတိုင်း ဒူးထောက်လာသည်။

ဂြိုဟ်နယ်မြေငါးခုလုံးကို ဖျက်ဆီးနိုင်သည့် အလားအလာရှိသည့် ဆာရိုဂြိုဟ်နယ်မြေ၏ စစ်တပ်ကြီးသည် နယ်မြေငါးခုလုံးကို သိမ်းပိုက်သွားနိုင်လေသည်။

ယခုဆိုလျင် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးကို နတ်ဆိုး မျိုးနွယ်များက ပိုင်ဆိုင်သွားလေတော့သည်။

ထိုသည်သာမကသေးချေ။ မျိုးဆက်သစ်တို့၏ ဧကရီလင်းလန်က သူမ၏နန်းတက်ပွဲကို ကြေညာလေသည်။

သူမသည် နဂါးငွေ့တန်း အင်ပါယာ၏ အထွတ်အထိပ် အုပ်ချုပ်သူ ဖြစ်လာတော့သည်။

ထို့အပြင် ကမ္ဘာဂြိုဟ်အား နဂါးငွေ့တန်း၏ ပင်မဂြိုဟ်အဖြစ် သတ်မှတ်လိုက်ပြီး ဂြိုဟ်အားလုံး၏ လေးစားခြင်းကို ခံယူလေသည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ရုပ်တုများက ဂြိုဟ်တိုင်း ဂြိုဟ်တိုင်း၌ မားမားမတ်မတ် ထွက်ပေါ်လာသည်။

နဂါးငွေ့တန်း အင်ပါယာ၏ မင်းဆက် ပြောင်းလဲသွားလေသည်။

....

ကမ္ဘာဂြိုဟ်ပေါ်တွင် တိတ်ဆိတ်၍ ငြိမ်းချမ်းလျက် ရှိသည်။

အသက်ဓာတ်ပျော်ရည် မိုးစက်များက တစ်လလုံးနီးပါး ရွာသွန်းနေခဲ့သည်။ တစ်ကမ္ဘာလုံး၌ အသက်ဓာတ် စွမ်းအင်များနှင့် ပြည့်နှက်နေ၏။

လူသားမျိုးနွယ်များ၊ ကြမ်းကြုတ်သော သားရဲများနှင့် သက်ရှိများ အားလုံး အပြင်းအထန် ဆင့်ကဲ ပြောင်းလဲ သွားကြလေသည်။

ကျန်းရှီမြို့ သိုင်းပညာကျောင်းတော်၌ ဆရာမတစ်ယောက်က အားကစားကွင်းရှိ ရုပ်တုရှေ့၌ ငြိမ်သက်စွာ ရပ်တန့်ရင်း ငေးမောနေသည်။

သူမကား ယုဖေးပင်။

ကျန်းနန် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် သူမသည် ကျန်းရှီမြို့သို့ ပြန်လာ၍ သိုင်းနည်းပြတစ်ယောက်အဖြစ် အလုပ်ဝင် လုပ်လေသည်။

ယခုအချိန်၌ သူမသည် နတ်ဘုရားဂိုဏ်းသားအဆင့် ရောက်နေပြီ ဖြစ်သည်။ သူမရှေ့မှ ရုပ်တုကို ကြည့်ရင်း ယုဖေး၏ လှပသော မျက်နှာထက်၌ ခါးသီးစိတ်များ၊ အမှတ်တရများနှင့် ပြည့်နှက်နေ၏။

ရုပ်တုကား ယဲ့ဖန်၏ ရုပ်တုပင် ဖြစ်သည်။ ယခုဆိုလျင် ယဲ့ဖန်၏ရုပ်တုများက ကမ္ဘာအနှံ့၌ ရှိနေပြီ ဖြစ်သည်။

လူသားမျိုးနွယ်ဖြစ်စေ၊ သားရဲမျိုးနွယ်ဖြစ်စေ သူ့ကို ယုံကြည်ကိုးကွယ်ကြလေသည်။

“ကျွန်မ အရင်က ရှင့်ကို ဘယ်လောက်တောင် စက်ဆုပ်ပြီး မုန်းတီးခဲ့သလဲဆိုတာကို ကျွန်မ သတိရမိတယ်”

ယုဖေးက ယဲ့ဖန်၏ရုပ်တုကို ခံစားချက်များ ရောပြွန်းနေသော မျက်နှာနှင့် ကြည့်နေမိသည်။

“အဲ့အချိန်တုန်းက ရှင်က ကျွန်မအမြင်မှာရော၊ လူတိုင်းရဲ့ အမြင်မှာရော သုံးစားမရတဲ့ တရားမဝင်သား တစ်ယောက်လေ၊ ဒါပေမယ့် ကျွန်မတို့အားလုံး စုံလုံးကန်းခဲ့တယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ”

“ရှင်က ကျွန်မကို အကြိမ်တိုင်း ထိတ်လန့်စေခဲ့တယ်။ လူတိုင်း ထိတ်လန့်ခဲ့ကြတာပါပဲ”

“ရှင် ကျန်းရှီမြို့ကို အရင်စိုးမိုးခဲ့တယ်၊ နောက် ကျန်းနန်ကို ဖျက်ဆီးခဲ့တယ်။ နောက်တော့ ဟွာရှကို ထိန်းချုပ်ခဲ့တယ်။ နောက်ဆုံးတော့ တစ်ကမ္ဘာလုံးမှာ မူပိုင်အခွင့်အရေးတွေ ရှိလာပြီ”

“အခု ရှင်က ကမ္ဘာဂြိုဟ်ရဲ့ သူရဲကောင်း ဖြစ်လာခဲ့ပြီ။ ပြီးတော့ ရှင်က စကြဝဠာထဲကို ခရီးထွက်သွားပြန်တယ်”

ထိုသို့ပြောရင်း ယုဖေးက ကောင်းကင်ပြာကို မော့ကြည့်ရင်း သူမမျက်နှာထက်မှ ခါးသီးမှုများက ပို၍ များပြားလာသည်။

“တကယ်လို့သာ နောက်ထပ် အခွင့်အရေးရခဲ့မယ်ဆိုရင် ကျွန်မ ရှင်နဲ့ ဘယ်တော့မှ လမ်းခွဲခဲ့မှာ မဟုတ်ဘူး။ သေရင်တောင်မှ လမ်းခွဲမှာ မဟုတ်ဘူး”

ယုဖေး၏ ပါးပြင်ထက်မှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။

သူမ နေ့စဉ်နေ့တိုင်းနှင့် ညစဉ်ညတိုင်း နောင်တများနှင့် ပြည့်နှက် နေခဲ့ရသည်။ သူမ ထိုသူကို လွမ်းပါ၏။ သူ့အား အလွန်အမင်း ပိုင်ဆိုင်ချင်ပါ၏။

သို့သော် သူမနှင့် ထိုသူက ကမ္ဘာခြားနေမှန်း သူမ သိပါသည်။ သူမက သူနှင့် ထိုက်တန်သူ မဟုတ်ချေ။

ဤသည်ကိုတွေးမိပြီး ယုဖေး၏ မျက်နှာထပ်၌ မှင်တက်နေသော အမူအရာ ထွက်ပေါ်လာပြီး ရင်ကွဲ၍ လောကကြီးထဲမှ ထွက်သွား ချင်စိတ် ပေါ်လာသည်။

ထိုသို့သောအချိန်၌ ...

ဝုန်း! ဝုန်း! ဝုန်း!

ကောင်းကင်ထက်၌ ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ယုဖေး မော့ကြည့်လိုက်ပြီးနောက် အကြီးအကျယ် မျက်နှာပျက် သွားသည်။ ကမ္ဘာပေါ်၌ ဝင်္ကပါ အကာအရံ တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုဝင်္ကပါ အကာအရံသည် နေအဖွဲ့အစည်းအပြင်မှ မြင်ကွင်များကို ပြသနိုင်သော အတားအဆီး ဖြစ်သည်။ ယဲ့ဖန်က ဤဝင်္ကပါ အကာအရံနှင့် ကမ္ဘာမြေကို ဖုံးကွယ်ခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်၌ ထိုဝင်္ကပါ အကာအရံ အပြင်ဘက်တွင် ကြောက်မက်ဖွယ် ကောင်းသော စစ်သင်္ဘောများစွာက ကမ္ဘာဂြိုဟ်သို့ ဦးတည်၍ မောင်းနှင်လာကြသည်။

တစ်စီး၊ ဆယ်စီး၊ အစီးတစ်ရာ၊ အစီးတစ်ထောင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ချီသော စစ်သင်္ဘောများက နေအဖွဲ့အစည်း၏ ဝင်္ကပါ အကာအရံထဲသို့ ဝင်ရောက် လာကြသည်။

ထိတ်လန့်ဖွယ် ကောင်းလိုက်လေခြင်း။

ဤမြင်ကွင်းက ကမ္ဘာမြေသားတိုင်းကို အလွန်အမင်း ရူးသွပ် သွားစေသည်။

Chapter 441 ဘုရင်

“မြတ်စွာဘုရား၊ ကောင်းကင်ကို ကြည့်စမ်းပါဦး၊ အဲ့ဒါ ဘာကြီးလဲ”

ထိုစဉ် ကောင်းကင်ထက်မှ မြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကျန်းရှီ သိုင်းပညာကျောင်းတော် တစ်ခုလုံး တုန်လှုပ် သွားကြသည်။

ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး တစ်ယောက်ပြီးတစ်ယောက် ကျောင်းထဲမှ ထွက်လာကြသည်။

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများနှင့် ကောင်းကင်ကို မော့ကြည့်နေကြလေသည်။

ကျန်းရှီမြို့သာမက ဟွာရှအခြေစိုက်စခန်း၌ သံလက် ဝံပုလွေရိုင်း၊ မိုရိုသွေးစွန်းတစ္ဆေနှင့် အခြားသူများအားလုံး ကောင်းကင်ထက်သို့ ပျံသန်းလာကြသည်။

အိန္ဒိယအခြေစိုက်စခန်း၌ တထာဂထက ပြေးထွက်လာသည်။ သူ၏မျက်နှာက သုန်မှုန်နေပြီး အတိုင်းမသိ ခြောက်ခြားနေ၏။

လူလုပ်ကျွန်းဆွယ်၌လည်း သူတောင်းစားအိုကြီးနှင့်၊ လင်းဒီလော့ဖ်နှင့် အခြားသူများသာမက ပင်လယ်ထဲမှ နဂါးနက် ဘုရင်မပါ ကောင်းကင်ထက်သို့ ပျံသန်းလာကြသည်။

ထိုသို့သောအချိန်၌ ကမ္ဘာမြေပေါ်မှ သိုင်းပညာများအားလုံး အတူတကွ ထွက်ခွာလာကြသည်။

ကမ္ဘာမြေသား သိုင်းပညာရှင်များအားလုံးသည် ကောင်းကင် ထက်မှ စစ်သင်္ဘောအဖွဲ့များကို ကြည့်ပြီး မှင်တက်နေကြသည်။

“ထောင်နဲ့ချီတဲ့ စစ်သင်္ဘောတွေ၊ အဲ့ဒီသိုင်းပညာရှင်တွေက ကမ္ဘာမြေကို တိုက်ခိုက်ဖို့လာတာလား”

လင်းဒီလော့ဖ် အပြစ်ရှိသလို ခံစားမိနေသည်။ ထိုစစ်သင်္ဘောများက ဂရေးဂြိုဟ်၏ စစ်သင်္ဘောများနှင့် ယှဉ်နိုင်မှန်း သူ သိနေ၏။

ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြိုင်ဘက်ကင်း ကြသည်။

ထိုစဉ်အခါက ဂရေးဂြိုဟ်၏ စစ်သင်္ဘောတစ်စုကပင် ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးနိုင်လုနီးပါး ဖြစ်ခဲ့သည်။ ယခုအခါတွင် ထိုသို့သော စစ်သင်္ဘောများ ထောင်နှင့်ချီ၍ ရောက်ရှိလာ၏။

ထိုသို့ဆိုလျင် ကမ္ဘာဂြိုဟ်သည် တိုက်ခိုက်ခံရသည်နှင့် ဂြိုဟ်တစ်ခုလုံး ပျက်ဆီးသွားပေလိမ့်မည်။

“မြန်မြန်လုပ်၊ လူထုစည်းဝေးပွဲ ထုတ်ပြန်လိုက်။ ကမ္ဘာပေါ်က သက်ရှိအားလုံး တိုက်ပွဲအတွက် စုစည်းထားကြ”

သူတောင်းစားအိုကြီး ကြက်သီးမွေးညင်းထနေပြီး လင်းဒီလော့ဖ်အား လှမ်းအော် ပြောလိုက်သည်။

သူ့စကားကို ကြားသည်နှင့် လင်းဒီလော့ဖ်သည် လျစ်လျူမရှုရဲဘဲ ချက်ချင်း ကောင်းကင်မှ ပြန်ဆင်း၍ တစ်ကမ္ဘာလုံးဆိုင်ရာ စည်းဝေးပွဲ အမိန့် ထုတ်ပြန်လေသည်။

ထိုစဉ် ကမ္ဘာမြေသားအားလုံး ဝင်္ကပါ အကာအရံထက်မှ စစ်သင်္ဘော၏ တံခါးပေါက် ပွင့်လာပြီး ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

လူအယောက်တစ်ရာ၊ တစ်ထောင်ကျော်၊ တစ်သောင်းကျော်။

….

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်းချီသော ကမ္ဘာခြား သိုင်းပညာရှင်များက နေအဖွဲ့အစည်း အပြင်ဘက်၌ ထွက်ပေါ် လာကြသည်။

လူတိုင်း၏ အရိပ်အငွေ့က ကြောက်မက်ဖွယ်ကောင်းသည်။

နတ်ဘုရားဂိုဏ်းချုပ်အဆင့်များ များစွာ ရှိနေသည်။ နတ်ဘုရား သေနာပတိအဆင့်များ များစွာ ပါရှိနေ၏။

ထောင်သောင်းချီသော စစ်တပ်ကြီးကို အဖွဲ့ငါးဖွဲ့အဖြစ် ခွဲခြမ်းထားသည်။

*ဒါက …*

ကမ္ဘာမြေပေါ်မှ လူတိုင်း မျှော်လင့်ချက် ပျက်သုဉ်းလာကြသည်။

“မြတ်စွာဘုရား၊ အဲ့ဒီ လူတစ်သောင်းက နိုင်းလ်နယ်မြေကပဲ”

“အဲ့တစ်ဘက်က ဟော်ဒါနယ်မြေက သတ်ဖြတ်သူပဲ”

“ရွှမ်းမင်နယ်မြေက လူတွေလည်း ရောက်နေတယ်”

“….”

ကမ္ဘာမြေက သိုင်းပညာရှင်များ ပြောဆိုနေကြလေသည်။

ဂရေးဂြိုဟ်၏ စစ်သင်္ဘောမှ သက်ရှိကွန်ပျူတာထံမှနေ၍ သူတို့သည် နဂါးငွေ့တန်းအင်ပါယာ၏ ဂြိုဟ်နယ်မြေ ငါးခုအကြောင်း နားလည်ထားခဲ့ကြပြီးသား ဖြစ်သည်။

သို့သော် နဂါးငွေ့တန်း အင်ပါယာ၏ ဂြိုဟ်နယ်မြေ ငါးခုလုံးက ထောင်သောင်းချီသော စစ်တပ်များ ရောက်လာလိမ့်မည်ဟု ကမ္ဘာမြေသား သိုင်းပညာရှင်များ ထင်မထားမိကြချေ။

ဤသည်က အံ့ဩဖွယ်ကောင်းလှသည်။

တထာဂထ ဇောချွေးပြန်နေ၏။

“ဒီထောင်သောင်းချီတဲ့ သိုင်းပညာရှင်တွေက တစ်ချက် တည်းနဲ့တင် နေအဖွဲ့အစည်းတစ်ခုလုံးကို ပျက်ဆီးအောင် လုပ်နိုင်နေပြီ။ ဘာလုပ်ရမလဲ၊ အခု ဘာလုပ်သင့်လဲ”

တထာဂထ၏ စကားများက ကမ္ဘာမြေပေါ်မှ သိုင်းပညာရှင်များ အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

မျှော်လင့်ချက် ပျက်သုဉ်းခြင်း။

ထိုသို့သောအချိန်၌ မျှော်လင့်ချက် ပျက်သုဉ်းသွားစိတ်များက လူတိုင်း၏ ရင်ထဲ၌ ပျံ့နှံ့လို့လာ၏။

ထို့အတူ မြေပြင်၌လည်း အခြေစိုက်စခန်း လေးခုလုံးမှ လူသားများအားလုံး အပြင်သို့ ထွက်လာကြသည်။

သူတို့သည် စစ်သင်္ဘောများနှင့် များပြားလှသော ကမ္ဘာခြား သိုင်းပညာရှင်များကို ကြည့်ပြီး လူတိုင်း ဝမ်းနည်းကာ စိတ်ဓာတ်ကျလာကြသည်။

သူတို့အားလုံး ယဲ့ဖန်၏ ရုပ်တုရှေ့၌ ဒူးထောက်လာကြသည်။

“ကြီးမြတ်သော နတ်ဆိုးဧကရာဇ်၊ ကမ္ဘာမြေသားတွေကို စောင့်ရှောက်ပြီးတော့ ဒီဝဋ်ဒုက္ခကနေ လွတ်မြောက်အောင် ကယ်တင်ပေးပါ”

“ကမ္ဘာဂြိုဟ်ကြီး ပျက်ဆီးပါတော့မယ်၊ ကျေးဇူးပြုပြီး အရှင် နတ်ဆိုးဧကရာဇ် ကယ်တင်ပေးပါ”

“အရှင်နတ်ဆိုးဧကရာဇ်၊ ခင်ဗျား ဘယ်ရောက်နေလဲဗျာ …”

ဆုတောင်းစကားသံများနှင့် ငိုကြွေးသံများက ကမ္ဘာအရပ်ရပ်မှ ပျံ့နှံ့လာသည်။

ယခုအချိန်၌ ကမ္ဘာမြေသားတိုင်းနှင့် သက်ရှိသတ္တဝါများအားလုံး တစ်စုံတစ်ယောက် သို့မဟုတ် နတ်ဘုရား တစ်ပါးကို ခြွင်းချက်မရှိ သတိတရ တမ်းတနေကြသည်။

သို့သော် ထိုသို့သောအချိန်၌ နေအဖွဲ့အစည်းကို ဖုံးကွယ်ထားသည့် ဝင်္ကပါ အတားအဆီးက ပျက်ဆီးသွား လေသည်။

နေအဖွဲ့အစည်းတစ်ခုလုံး၊ ကမ္ဘာဂြိုဟ်တစ်ခုလုံးသည် ထောင်သောင်းချီသော ကမ္ဘာခြား စစ်တပ်ကြီးရှေ့၌ မျက်ဝါး ထင်ထင် ပေါ်လာလေတော့သည်။

“ပျက်ဆီးသွားပြီ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤမြင်ကွင်းက ကမ္ဘာမြေသားတိုင်းအား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။

လျှို့ဝှက် ဝင်္ကပါ အတားအဆီးက မည်သို့ ကျိုးပျက်သွားမှန်း သူတို့ မသိလိုက်ချေ။ ထို့အတူ များပြားလှသော စစ်သင်္ဘောများနှင့် သိုင်းပညာရှင်များ ကမ္ဘာဂြိုဟ်ရှိရာဘက်သို့ လှစ်ခနဲ ပြေးဝင်လာကြသည်။

“မကောင်းတော့ဘူး။ အမှောင်ဘုရင်ကို အကြောင်းကြားတော့”

သူတောင်းစားအိုကြိး ထိတ်လန့်သွားလေသည်။ ယခုအခါတွင် တစ်စုံတစ်ယောက်က အမှောင် နတ်ဆိုးဘုရင်ကို အသိပေးနေ၏။

သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသည့် စစ်သင်္ဘောများက အရှိန်အဟုန်နှင့် ပျံသန်းလာသည်။ ဝင်္ကပါ အတားအဆီးကို ချိုးဖောက်ပြီးနောက် သူတို့သည် ကမ္ဘာဂြိုဟ်အား ဝိုင်းထားကြသည်။

များလှပေ၏။

ကမ္ဘာဂြိုဟ်တစ်ခုလုံးကို စစ်သင်္ဘောများက ဝိုင်းရံထားကြသည်။

ထိုမျှနှင့် မပြီးသေးချေ။ စစ်သင်္ဘောများအားလုံးက လမ်းတစ်ခု ဖန်တီးလာကြသည်။ ဤမြင်ကွင်းက သားရဲများစွာက သားရဲဘုရင်အတွက် လမ်းဖယ်ပေးနေကြသလိုပင်။

ဤမြင်ကွင်းက ထိတ်လန့်ဖွယ်ကောင်းလှသည်။

“ပိုပြီး အင်အားကြီးတဲ့ တစ်စုံတစ်ယောက်များ ရှိနေတာလား”

ထိုသို့သောအချိန်၌ သိုင်းပညာရှင်များအားလုံးနှင့် သားရဲများ အားလုံး ရေခဲထုထဲ ပြုတ်ကျသွားသကဲ့သို့ အေးခဲလာကြပြီး မျက်ခုံးလှုပ်လာကြသည်။

သူတောင်းစားအိုကြီးနှင့် ဝံပုလွေရိုင်း အစရှိသည့် သူများတောင်မှ နဖူး၌ ချွေးများနှင့် စို့နေကြသည်။

သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အင်အားကြီးသော သိုင်းပညာရှင် ငါးယောက်က ဦးဆောင်၍ ထွက်ပေါ်လာသည်။

*ဒါက … လတ်စသက်တော့ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ငါးယောက် ဖြစ်နေတာကိုး*

ကြောက်မက်ဖွယ်ကောင်းသော လွှမ်းမိုးနိုင်မှုက ကမ္ဘာဂြိုဟ် တစ်ခုလုံးကို အပြင်းအထန် တုန်လှုပ်သွားစေသည်။

ထိုသို့သော လွှမ်းမိုးမှုကို တောင့်မခံနိုင် ဖြစ်နေချိန်တွင်။

“ကြည့်စမ်း။ အဲ့လူငါးယောက်နောက်က ဘာလဲ”

တထာဂတက တအံ့တဩ ထအော်လာသည်။ သူ့စကားကို ကြားပြီးနောက် ထိုသူငါးယောက်နောက်မှ စစ်သင်္ဘောတစ်စီး လိုက်ပါလာသည်ကို အားလုံး တွေ့လိုက်ရသည်။

ထိုစစ်သင်္ဘောသည် စစ်သင်္ဘောအဖွဲ့၏ ဘုရင်ပင် ဖြစ်သည်။ ထိုစစ်သင်္ဘော ဖြတ်သွားတိုင်း ကျန်စစ်သင်္ဘောများအားလုံးက အသံနှိမ့်ပေးရသည်။

ထို့အပြင် စစ်သင်္ဘော၏ ခေါင်းပိုင်း၌ အလံတစ်ခုကို လွှင့်ထူထားသည်။

ထိုအလံကား နဂါးငွေ့တန်း အင်ပါယာ။

“ဒါက နဂါးငွေ့တန်း တော်ဝင်မိသားစုရဲ့ စစ်သင်္ဘောပဲ”

ဖြစ်နိုင်ချေကို တွေးမိပြီးနောက် ကမ္ဘာမြေသားတိုင်း ထိတ်လန့် သွားကြသည်။

မြင့်မြတ်သော နဂါးငွေ့တန်း တော်ဝင်မိသားစုက ကမ္ဘာဂြိုဟ်ကို ရောက်လာသည်။ ဤသည်က တွေးပင်မတွေးဝံ့သည့် ကိစ္စပင်။

နဂါးငွေ့တန်း အင်ပါယာ၏ စစ်သင်္ဘောက ကမ္ဘာပေါ်သို့ ရောက်လာပြီးနောက် စစ်သင်္ဘော၏ တံခါးပေါက် ပွင့်လာသည်။

ကျွီ!

ထိုစဉ် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ငါးယောက်နှင့် နဂါးငွေ့တန်း အင်ပါယာ၏ ထောင်သောင်းချီသော စစ်တပ်ကြီးအားလုံးသည် ဒူးထောက်ဝပ်တွားလာကြသည်။

ထို့အတူ ကြွေးကြော်သံကလည်း ပဲ့တင်ထပ်လာ၏။

“နဂါးငွေ့တန်း စစ်နတ်ဘုရားကို ကြိုဆိုပါတယ်”

“နဂါးငွေ့တန်း ဧကရီကို ကြိုဆိုပါတယ်”

ထိုကြောက်ခမန်းလိလိ ဟစ်ကြွေးသံက ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ သက်ရှိတိုင်း ကောင်းကင်ထက်သို့ အသည်းအသန် မော့ကြည့်မိသည်။

*ဘာ*

*နဂါးငွေ့တန်း စစ်နတ်ဘုရား၊ နဂါးငွေ့တန်း ဧကရီ*

*ဒါက …*

လူတိုင်း ထိတ်လန့်နေကြသည်။ ထို့နောက်တွင်မူ စစ်သင်္ဘောထဲမှ အမျိုးသားနှင့် အမျိုးသမီးတစ်ယောက် ထွက်လာချိန်တွင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဂလု!

သူတောင်းစားအိုကြီးနှင့် အခြားသူများ မနည်းကို တံတွေးမျိုချမိကြသည်။

သူတို့၏မျက်နှာ၌ မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

သူတို့သည် အနက်ရောင် အဝတ်အစားနှင့်လူငယ်ကို ကြည့်ပြီး အိပ်မက်မက်နေသလို ခံစားမိကြသည်။

“ယဲ့ … ယဲ့ဖန်၊ နဂါးငွေ့တန်း စစ်နတ်ဘုရား၊ အဲ့ဒါက … ယဲ့ဖန်လား”

သူတောင်းစားအိုကြီး ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့အားနေ၏။ သူ့မျက်လုံး သူ မယုံနိုင်အောင် ဖြစ်နေသည်။

ဂြိုဟ်နယ်မြေငါးခုလုံး၏ ထောင်သောင်းချီသော လူများ ဒူးထောက် အရိုအသေ ပေးနေသောသူက ယဲ့ဖန် ဖြစ်လို့နေ လေသည်။

ဝုန်း!

ထိုသို့သောအချိန်၌ ကမ္ဘာဂြိုဟ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်လို့နေ၏။

သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် အံ့ဩ၍ တုန်ယင်လို့ နေသည်။

ဘုရင်၊ ကမ္ဘာဂြိုဟ်၏ ဘုရင် ပြန်လာလေပြီ။

ဤမြင်ကွင်းကို ကြည့်ပြီး ကမ္ဘာမြေသားတိုင်း သွေးပွက်ပွက် ဆူလာ၏။

လူသားမျိုးနွယ်ဖြစ်စေ၊ သားရဲမျိုးနွယ် ဖြစ်စေ ဆက်တိုက် ဆူညံစွာ ကြွေးကြော်လာကြသည်။

“ဘုရင်”

“ဘုရင်”

“ဘုရင်”

All Chapters