← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

Chapter 442 ဝိညာဉ်စား ပုရွက်ဆိတ်မိခင် မွေးဖွားလာပြီ

ကမ္ဘာဂြိုဟ်၊ နဂါးငွေ့တန်း အင်ပါယာ၏ ပင်မဂြိုဟ်။

မရေတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များက ကမ္ဘာဂြိုဟ်ထံသို့ လာရောက်စုပုံလာသည်။

မြင့်မြတ်သော စိတ်ဝိညာဉ်ချီဓာတ်နှင့် နတ်ဆိုးစွမ်းအင်များက ကမ္ဘာဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် ဂြိုဟ်တစ်ခုလုံး ထင်မှတ်မထားလောက်အောင် ဆင့်ကဲပြောင်းလဲလာ၏။

ထို့အတူ ကမ္ဘာဂြိုဟ် ပတ်လည်ရှိ မာကျူရီဂြိုဟ်၊ ဂျူပီတာဂြိုဟ်၊ နက်ပကျွန်းဂြိုဟ် အစရှိသည့် ဂြိုဟ်များအားလုံးသည်လည်း သက်ရှိများ နေထိုင်နိုင်သော ဂြိုဟ်များအဖြစ်သို့ ပြောင်းလဲ သွားသည်။

၎င်းတို့၌ သိုင်းပညာရှင် တစ်ယောက်စီက စောင့်ကြပ်နေကြသည်။

ကမ္ဘာဂြိုဟ်တစ်ခုလုံးသည် နဂါးငွေ့တန်း၏ လေးစား ကြည်ညိုခြင်းကို ခံရလေသည်။

….

ကျန်းရှီမြို့၏ လမ်းငယ်လေးတစ်ခု၌ ယဲ့ဖန်နှင့် လင်းလန်တို့ ဖြည်းညင်းစွာ လမ်းလျှောက်နေကြသည်။

သူတို့နောက်မှ ဝံပုလွေရိုင်း၊ ရက်ရှာနှင့် အခြားသူများက ခပ်ဖြည်းဖြည်း လိုက်ပါလာကြသည်။

ရင်းနှီးသလိုလိုနှင့် မရင်းနှီးတော့သော လမ်းငယ်လေးများကို ကြည့်ပြီး လင်းလန်၏ မျက်နှာလေးက ဇဝေဇဝါနှင့် စိတ်ရှုပ်နေပုံ ပေါ်လာသည်။

“နောက်ဆုံးတော့ ပြန်လာရပြီ။ ကျွန်မ ဒီက အိမ်အရသာလေးကို သတိရနေခဲ့တာ”

သူမသည် နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း ကမ္ဘာဂြိုဟ်နှင့် ယဲ့ဖန်ကို လွမ်းဆွတ်တမ်းတခဲ့ရသည်။

ယခုအခါတွင် သူမသည် ကမ္ဘာမြေသို့ ပြန်လာနိုင်ခဲ့ပြီး ယဲ့ဖန်နှင့် အဖော်ပြု၍ နေထိုင်လာနိုင်သောကြောင့် ဤသည်က သူမအတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုပင်။

*ဒါက*

လင်းလန်က ပန်းပွင့်လေးကဲ့သို့ ပြုံးလာပြီး သူမမျက်ဝန်းများက လခြမ်းကွေးပမာ ဖြစ်လာသည်။

“ယဲ့ဖန် ရှင် ဒီလမ်းလေးကို မှတ်မိလား”

“ဒီနေရာလေ၊ ဒါက အရင်တုန်းက ဈေးဆိုင်တန်းလေးတစ်ခု ဖြစ်ခဲ့ဖူးတယ်လေ”

*ဈေးဆိုင်တန်း*

သူမစကားကြောင့် လီယုံ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ၏မျက်ဝန်းထဲ၌ နူးညံ့ကြင်နာမှု အရိပ်အငွေ့များ ပြည့်နှက် လာ၏။

“ဒါပေါ့၊ ကိုယ် မှတ်မိတာပေါ့၊ မင်း ကုန်းယွင်ဖေး ပြန်ပေးဆွဲတာကို မခံရခင်က မင်း မတော်တဆမှုတစ်ခုနဲ့ ကြုံနိုင်သလိုမျိုး စိတ်ထင့် နေခဲ့တာလေ”

“ကိုယ့်ကို ဒီနေရာကို ခေါ်လာခဲ့ပြီးတော့ ခေါက်ဆွဲကြော်တစ်ပွဲ အတူတူစားပြီး ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်လေ”

“ကိုယ့်ကို နှုတ်ဆက်စကား ပြောခဲ့တာပေါ့”

သူ့စကားကို ကြားပြီး လင်းလန်၏ မျက်ဝန်း၌ အံ့ဩဟန် ပြလာသည်။

“ဒီလောက် အချိန်ကြာခဲ့တာတောင် ရှင် မှတ်မိနေဦးမယ်လို့ ကျွန်မ ထင်မထားမိဘူး”

လင်းလန်သည် ခေါက်ဆွဲကြော် စားရသည်ကို နှစ်ခြိုက်သည်။ ခေါက်ဆွဲကြော်၌ သူမ၏ ဘဝပုံပြင်လေးတစ်ခု ပါဝင်နေသည်။

သူမနှင့် ယဲ့ဖန်၏ ဘဝပုံပြင်လေးတစ်ပုဒ်ပင်။

“အဲ့ခေါက်ဆွဲကြော်ဆိုင်လေး မရှိတော့တာ စိတ်မကောင်းစရာပဲ”

အရှေ့မှ ရှင်းလင်းနေသော ဈေးဆိုင်တန်းလေးကို ကြည့်ပြီး လင်းလန်၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များ စွန်းထင်းလာသည်။

ယဲ့ဖန်လည်း ဒီနေရာ၌ ရှိနေသည်၊ အရာအားလုံး အတူတူ ရှိနေသေးသော်လည်း လူတွေကတော့ ပြောင်းလဲကုန်လေပြီ။

ထိုသို့သောအချိန်၌ ယဲ့ဖန်က အထူးတဆန်း ပြုံးလာ၏။

“ဘယ်သူက အဲ့ဆိုင်လေး မရှိတော့ဘူးလို့ ပြောလို့လဲ*

*ဘယ်လို*

လင်းလန် တောင့်ခနဲ ဖြစ်သွားသည်။ ထို့နောက် ယဲ့ဖန် လက်ဖျောက်တီးလိုက်သည်ကို သူမ တွေ့လိုက်ရလေသည်။

ဖျောက်!

လမ်းငယ်လေးဘေး၌ သစ်သားတံခါးတစ်ခု ပွင့်လာလေသည်။ ထိုတံခါးပေါက်မှနေ၍ သင်းပျံ့သော ခေါက်ဆွဲကြော်ရနံ့က ပျံ့လွင့်လာ၏။

ထိုနေရာသည် ခေါက်ဆွဲကြော် ဆိုင်လေးပင် ဖြစ်လေသည်။

“ဒါ ... ဒါက”

လင်းလန်သည် ရင်းနှီးသော ခေါက်ဆွဲကြော်ရနံ့ကို ရှူရှိုက်ရင်း မျက်နှာတစ်ပြင်လုံး အံ့ဩဟန်များနှင့် ပြည့်နှက်နေ၏။

ယခင် ဆိုင်ပိုင်ရှင်က ဆိုင်ထဲမှ ထွက်လာသည်ကို တွေ့လိုက် ရသည်။ သူသည် ယဲ့ဖန်နှင့် လင်းလန်ရှေ့၌ ဒူးထောက်ရင်း စိတ်လှုပ်ရှား တုန်ယင်စွာ ပြောလာသည်။

“စစ်နတ်ဘုရားနဲ့ ဧကရီကို ဖုန်းလန်ချောင်း ခေါက်ဆွဲကြော်ဆိုင် ကနေ ကြိုဆိုပါတယ်ခင်ဗျား”

ဖုန်းလန်ချောင်း ခေါက်ဆွဲကြော်ဆိုင်။

*ဒါက ...*

လင်းလန်၏ လှပသောမျက်နှာထက်၌ မယုံနိုင်ဟန်များနှင့် ပြည့်နှက် နေ၏။ တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် ခေါက်ဆွဲဆိုင် လုံးဝ မရှိနိုင်တော့ဟု သူမ ထင်ခဲ့မိသည်။ ခေါက်ဆွဲဆိုင်လေးက ဆိုင်ခန်းအသေးစားတစ်ခု မဟုတ်တော့ဟု သူမ ထင်မထားမိပါ။

ထိုသို့သောအချိန်၌ လင်းလန်၏ လှပသော မျက်ဝန်းများက ယဲ့ဖန်ကို စိုက်ကြည့်ရင်း မျက်ရည်များ စီးကျလာသည်။

“မင်း ဒီခေါက်ဆွဲကြော်အရသာကို သတိရနေမယ်ဆိုတာကို ကိုယ် သိနေခဲ့တယ်လေ၊ အဲ့ဒါကြောင့် ဒီဆိုင်ပိုင်ရှင်ကို ပြန်ရှာခဲ့ပြီးတော့ သူ ခေါက်ဆွဲကြော်ဆိုင်ကြီး ဖွင့်နိုင်အောင် ကူညီပေးခဲ့တာ”

ယဲ့ဖန်က လင်းလန်၏ လှပသော မျက်နှာထက်မှ မျက်ရည်များကို ဖယ်ရှားပေးလိုက်ပြီး ခပ်ဖွဖွ ပြုံးပြလိုက်သည်။

ထိုစကားကြောင့် လင်းလန် နှာခေါင်းတရှုံ့ရှုံ့ ဖြစ်လာပြန်သည်။

*ကျွန်မ နှလုံးသားထဲမှာ ရှင် နေရာယူထားလွန်းလို့ ထပ်ပြီးတောင် နေရာမယူနိုင်တော့ဘူး*

“ယဲ့ဖန် ကျေးဇူးတင်ပါတယ်”

လင်းလန်က ယဲ့ဖန်အား ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။ သူနှင့် တွေ့ဆုံခွင့်ရသည်က သူမဘဝ၏ ကံကောင်းမှုပင် ဖြစ်သည်ဟု သူမ ခံစားမိခဲ့ရသည်။

“သွားကြစို့၊ ခေါက်ဆွဲကြော်က အဆင်သင့် ဖြစ်ခါနီးနေပြီ”

ယဲ့ဖန်က အသာပြုံး၍ လင်းလန်၏လက်ကိုဆွဲကာ ခေါက်ဆွဲဆိုင် ထဲသို့ ဝင်သွားလိုက်သည်။

ခေါက်ဆွဲဆိုင်သည် နွေးထွေး၍ တိတ်ဆိတ်သည်။ နှစ်ဦးသား အတိတ်အကြောင်း ငြိမ်သက်စွာ ပြောဆိုနေကြသည်။

နဂါးငွေ့တန်း စစ်နတ်ဘုရားနှင့် နဂါးငွေ့တန်းဧကရီတို့က အမှတ်တရ အနေနှင့် ခေါက်ဆွဲကြော်တစ်ပွဲကို စောင့်မျှော်နေ လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သင်းပျံ့သော ရနံ့တစ်ခုက မီးဖိုချောင်ထဲမှ ပျံ့လွင့်လာသည်။ ငယ်ရွယ်သော စားပွဲထိုးတစ်ယောက်က ပန်းကန်ပြားကိုကိုင်၍ ထွက်လာသည်။

အရသာရှိသော ခေါက်ဆွဲကြော်နှစ်ပွဲကို စားပွဲပေါ် ချပေးပြီးနောက် စားပွဲထိုးက ယဲ့ဖန်နှင့် လင်းလန်ကို မသိမသာ အရိုအသေ ပေးလေသည်။

“စစ်နတ်ဘုရားနဲ့ ဧကရီတို့ ဖြည်းဖြည်းချင်း သုံးဆောင်ကြ ပါခင်ဗျာ”

ထိုစားပွဲထိုးသည် အလွန်ငယ်နေသေးသည်။ သူသည် အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိဦးမည့်ပုံပေါ်သည်။ သူ့မျက်နှာ၌ တက်ကြွမှုများနှင့် ပြည့်နှက်နေ၏။

ထိုလူငယ်ကို ကြည့်ပြီး ယဲ့ဖန် မျက်မှောင်ကြုတ်သွားကာ သူ့မျက်လုံး၌ အရိပ်တစ်ရိပ် မသိမသာ ဖြတ်ပြေးသွားသည်။

ထို့နောက် သူသည် နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ထိုစားပွဲထိုး ထွက်သွားသည်နှင့် လင်းလန်သည် မစောင့်နိုင်တော့ဘဲ တူကို ကောက်ယူလိုက်သည်။ သူမ စားတော့မည့်အချိန်၌ ...

“ခဏလေး”

ယဲ့ဖန်က ချက်ချင်း လင်းလန်ကို ဟန့်တားလာသည်။

“ဘာဖြစ်လို့လဲ”

လင်းလန်၏ လှပသော မျက်ဝန်း၌ အံ့ဩရိပ်များ ဖြတ်ပြေး သွားသည်။ ထိုစဉ် သူမ၏ တွေဝေနေသော အကြည့်အောက်မှာပင် ယဲ့ဖန်၏ လက်ချောင်းကြားမှ အနက်ရောင် ချီမျှင်စုတစ်စု ထွက်ပေါ်လာပြီး ခေါက်ဆွဲကြော် ပန်းကန်ထံသို့ ပျံ့လွင့်လာ၏။

ရွှစ်!

အနက်ရောင် ချီမျှင်စုက ခေါက်ဆွဲကြော်ပန်းကန်ကို ရစ်ဝဲလွှမ်းခြုံ သွားသည်။ ထို့နောက် ယဲ့ဖန်က ခေါင်းညိတ်ပြ လိုက်သည်။

“ရပြီ၊ မင်း စားလို့ရပြီ”

ထိုအပြုအမူက လင်းလန်ကို ပို၍တွေဝေသွားစေသည်။ သို့သော် သူမ သိပ်မမေးတော့ဘဲ ဖြည်းဖြည်းချင်း အရသာခံ၍ စားသောက် လိုက်သည်။

အရသာက အတူတူပင်။ အရသာက ယခင်အတိုင်း ပြောင်းလဲ သွားခြင်း မရှိပေ။

ဤခေါက်ဆွဲကြော်ကို စားပြီးနောက် လင်းလန်သည် အတိတ်ကို သတိရသွားပုံရသည်။ သူမမျက်နှာထက်၌ အပြုံးပန်းများ ပို၍ ပွင့်လန်းလာသည်။

ခေါက်ဆွဲကြော်တစ်ပွဲက လျင်မြန်စွာ စား၍ပြီးသွားလေသည်။ ယဲ့ဖန်က ပြုံး၍ စားပွဲထိုးကို လှမ်းပြောလိုက်သည်။

“ပိုက်ဆံရှင်းမယ်”

“စစ်နတ်ဘုရားခင်ဗျား၊ သူဌေးက ခင်ဗျား ဆိုင်ကို လာလည်လို့ရပါတယ်လို့ ပြောလိုက်ပါတယ်၊ ဒါက ဆိုင်အတွက် ဂုဏ်ကျက်သရေ ပါပဲဗျ။ အစားအသောက်အားလုံးက အခမဲ့ပါပဲ”

စားပွဲထိုးက လီယုံကို နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။

စားပွဲထိုး၏စကားကို နားထောင်ရင်း ယဲ့ဖန်က သူ့ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။

“မင်း အထင်လွဲနေပြီ။ ငွေရှင်းပြီး ထွက်သွားရမှာ ငါ မဟုတ်ဘူး မင်းပဲ”

*ဘာ*

ထိုစကားကြောင့် စားပွဲထိုး မျက်နှာပျက်သွားသည်။ သူ့မျက်လုံးက အရောင်လက်လာပြီးနောက် ပြုံး၍ ပြန်ပြောလာသည်။

“စစ်နတ်ဘုရားက နောက်ပြီဗျာ၊ ကျွန်တော် ... ကျွန်တော် ဘာလုပ်မိလို့လဲ”

စားပွဲထိုးသာမက လင်းလန်နှင့် သူ့ဘေးမှ ဝံပုလွေရိုင်းနှင့် အခြားသူများပါ ဇဝေဇဝါ ဖြစ်သွားပြီး ယဲ့ဖန်ကို ငေးကြည့်နေကြသည်။

“မင်းမှာ ရှင်းစရာနှစ်ခုရှိတယ်။ မင်း သွေးအဆိပ်ကိစ္စကို အရင်ရှင်း”

ယဲ့ဖန်၏ စကားက လူတိုင်းကို သွေးပျက်သွားစေခဲ့သည်။ သို့သော် ဤမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က စားပွဲထိုးကို စူးစူးရဲရဲ စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ ထင်တာ မမှားရင် မင်း ခုနလေးတင် နတ်ဘုရားနဲ့ အင်မော်တယ်တွေကို သတ်ဖို့ သွေးအဆိပ်တစ်စက်ကို ခေါက်ဆွဲကြော်ထဲ ထည့်လိုက်တယ်မလား”

“ပြီးတော့ ခေါက်ဆွဲကြော် ကြော်ပြီးသွားတဲ့ ဆိုင်ပိုင်ရှင်လည်း သေသွားပြီ။ မင်းက ရုပ်သေးပဲ”

ထိုစကားက ဘေးပတ်လည်မှ လူတိုင်းအား မှင်တက် သွားစေသည်။

*ဒါ ဘာအဓိပ္ပာယ်လဲ*

မည်သူမျှ နားမလည်ကြချေ။ စားပွဲထိုးတစ်ယောက်တည်းသာ မျက်နှာပျက် သွားလေသည်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။

ယဲ့ဖန်၏ အင်္ကျီစအောက်မှ အနက်ရောင်အမျှင်များ ထွက်ပေါ် လာပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်အသွင် ပြောင်းသွား လေသည်။

မကြာခင်မှာပင် ဝိညာဉ်စားပုရွက်ဆိတ်များက အစွယ်များကိုဟ၍ စားပွဲထိုးထံသို့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြေးဝင်သွားသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်များက ထိုစားပွဲထိုးကို စားချင်နေပုံ ရသည်။

“ဒါက ...”

စားပွဲထိုး မျက်နှာပျက်ယွင်း၍ ချက်ချင်း ထွက်ပြေးချင်လာသည်။

ထိုသို့သောအချိန်၌ ဆန်းကြယ်အေးခဲချီဓာတ်များ ပျံ့လွင့်လာပြီး သူ့တစ်ကိုယ်လုံး မလှုပ်နိုင်အောင် အေးခဲသွားစေသည်။ ထို့နောက်တွင် ယဲ့ဖန်က သံမဏိလက်သီးတစ်ချက်ကို ပစ်သွင်း လိုက်သည်။

ဒုန်း!

လက်သီးချက်က စားပွဲထိုး၏ဦးခေါင်းကို ပြင်းထန်စွာ ကျရောက် သွားသည်။

ဂျွတ်!

သူ၏ဦးခေါင်း ကျိုးကြေသွားပြီး အနက်ရောင် အလင်းတန်း တစ်ခုက ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

ထိုအရာက .... ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုစားပွဲထိုး၏ ဦးခေါင်းထဲ၌ ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ထိုဝိညာဉ်စား ပုရွက်ဆိတ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ယဲ့ဖန်၏ ဦးခေါင်းထံသို့ ကြွေကျလာသော ကြယ်ကဲ့သို့ ပြေးဝင်လာ၏။

ထိုသို့သောအချိန်၌ ဝိညာဉ်စားပုရွက်ဆိတ်အုံကြီး ထွက်ပေါ်လာပြီး ထိုဝိညာဉ်စား ပုရွက်ဆိတ်အား ဝိုင်း၍ ကိုက်ဖြတ် စားသောက် လေသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်သည် သည်းကြီးမည်းကြီး ရုန်းကန်နေ သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုရွက်ဆိတ်အုံ၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

ထို့နောက်တွင်မူ ကြမ်းပြင်ပေါ်၌ သွေးသံတရဲရဲနှင့် သေလုမျောပါး ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်သာ ကျန်ရှိတော့သည်။

ပုရွက်ဆိတ်အုံကြီးက နောက်ပြန်ဆုတ်သွားပြီးနောက် ယဲ့ဖန်က ရှေ့သို့လှမ်းလာသည်။

“သွေးအဆိပ်လည်း သုံးနိုင်တယ်၊ စိတ်ထိန်းချုပ်တာလည်း ကောင်းတယ်”

“ကြည့်ရတာ အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်က ပုရွက်ဆိတ် အုံကြီးထဲက ပုရွက်ဆိတ်မိခင် မွေးဖွားလာပြီ ထင်တယ်”

Chapter 443 ပုရွက်ဆိတ်လေး သတ်ပစ်လိုက်

*ပုရွက်ဆိတ်မိခင် မွေးလာတယ်*

ထိုစကားကြောင့် လင်းလန်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။

“ယဲ့ဖန်၊ ဘာတွေ ဖြစ်နေတာလဲ”

လင်းလန် ပဟေဠိဖြစ်နေ၏။ ဤနေရာ၌ အခြား ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိနေလိမ့်မည်ဟု ထင်မထားမိပါ။

အံ့ဩစရာ ကောင်းလိုက်လေခြင်း။

ဝံပုလွေရိုင်းနှင့် အခြားသူများက ယဲ့ဖန်အား ရိုသေလေးစားစွာ ကြည့်နေကြသည်။ ယခုအချိန်၌ ယဲ့ဖန်သည် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်၍ သေလုမျောပါးဖြစ်နေသော ဝိညာဉ်စား ပုရွက်ဆိတ်ကို သေချာ လေ့လာနေ၏။

ဤဝိညာဉ်စား ပုရွက်ဆိတ်၏ ခန္ဓာကိုယ်တွင်း၌ စိတ်ဝိညာဉ် လှိုင်းတစ်ခု စိမ့်ဝင်ပျံ့နှံ့နေသည်ကို သူ သေသေချာချာ ခံစားမိနေသည်။

“ဒီဝိညာဉ်စား ပုရွက်ဆိတ်က အိပ်မက်ဆိုး ချောက်ကမ်းပါးကပဲ”

*ဘာ*

သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် အခြားသူများ ထိတ်လန့်ကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာကြသည်။

“သခင်ကြီး စည်းတံဆိပ်က ပျက်ဆီးသွားတာလား”

ဝံပုလွေရိုင်းနှင့် အခြားသူများသည် ချောက်ကမ်းပါးအောက်၌ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စား ပုရွက်ဆိတ်အသိုက် ရှိသည်ကို သိထားကြပါ၏။

အကယ်၍ စည်းတံဆိပ်သာ ပျက်ဆီးသွားပါက ထောင်သောင်း ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ စည်းတံဆိပ်ထဲမှ အတားအဆီးမဲ့ ထွက်လာလျင် ကမ္ဘာတစ်ခုလုံး ထပ်မံ၍ သွေးစွန်းကာ ကပ်ဆိုက်ပေတော့မည်။

ယဲ့ဖန် ဘာမှမပြောချေ။ သူ၏လက်ဖဝါးပေါ်၌ ငရဲမီးတောက်တစ်ခု တောက်ပလာသည်။

ငရဲမီးက သေလုမျောပါး ဖြစ်နေသော ဝိညာဉ်စား ပုရွက်ဆိတ်ကို ဝါးမျိုသွားပြီး စိတ်ဝိညာဉ်တစ်ခု၏ အော်သံက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။

“အား….”

“ကောင်လေး၊ မင်းက ငါ့ရဲ့ မြင့်မြတ်တဲ့ ပုရွက်ဆိတ်မျိုးနွယ်က မျိုးဆက်တွေကို ကျွန်ပြုခဲ့တယ်၊ ငါ့ပုရွက်ဆိတ်မျိုးနွယ်က လက်စားပြန်ချေတာကို စောင့်နေလိုက်”

“ငါ့ရဲ့ ပုရွက်ဆိတ်ဘုရင်ကြီး နိုးထလာတာနဲ့ ကမ္ဘာမြေကို ဆေးကြောချိန် ရောက်လာတော့မယ်ဆိုတာကို ငါ ပုရွက်ဆိတ် မိခင်ကြီးက ကျိန်ဆိုရဲတယ်”

ထိုအော်သံက အလွန့်ကို အင်အားကြီးလှသည်။

ထိုအသံ ကွယ်ပျောက်သွားသည်နှင့် ထိုဝိညာဉ်စား ပုရွက်ဆိတ် သည်လည်း ချက်ချင်း သေဆုံးသွားလေတော့သည်။

“အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်”

ယဲ့ဖန်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းလာသည်။

အရွယ်ရောက်ပြီးသား သို့မဟုတ် အရွယ်ရောက်ခါနီး ဝိညာဉ်စား ပုရွက်ဆိတ်များသာ စကားပြောနိုင်ပြီး အခြားဝိညာဉ်စား ပုရွက်ဆိတ်များကို ထိန်းချုပ်နိုင်သည့် ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ်စွမ်းအင် ရှိကြလေသည်။

သွေးအဆိပ်သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လူသတ်လက်နက်များထဲက တစ်ခု ဖြစ်သည်။

ယခုအချိန်တွင်တော့ …

“ကြည့်ရတာ အိပ်မက်ဆိုး ချောက်ကမ်းပါးကထင်တယ်”

ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်နေ၏။

…

အိပ်မက်ဆိုး မြစ်ဝကျွန်းပေါ်ဒေသ ဗိမ္မာန်။

အစပိုင်း၌ လူသားမျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ်တို့ကြားရှိ တိုက်ပွဲအပြီးတွင် ဤဒေသသည် လူသားမျိုးနွယ်များအတွက် တားမြစ်ဒေသ ဖြစ်လာခဲ့သည်။

ကမ္ဘာဂြိုဟ်တစ်ခုလုံး ပေါင်းစည်းပြီးမှသာလျင် သိုင်းပညာရှင် များစွာက ဤနေရာသို့ ရောက်လာပြီး အိပ်မက်ဆိုး ဗိမ္မာန်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ ကြောက်မက်ဖွယ်ကောင်း‌သော ပုံရိပ်များ ရောက်ရှိလာကြသည်။ ယဲ့ဖန်သည် ဤနေရာသို့ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် အခြားသူများနှင့်အတူ လာခဲ့သည်။

သို့သော် သူတို့ရှေ့မှမြင်ကွင်းက သူတို့အား လုံးဝကို ထိတ်လန့်သွားစေခဲ့သည်။

သွေးများနှင့် ပြည့်နှက်လို့နေသည်။ အိပ်မက်ဆိုး ဗိမ္မာန် တစ်ခုလုံးသည် လူသတ်ကွင်းပြင်နှင့် တူနေ၏။

လူရိပ်ဟူ၍ မတွေ့ရသလို သားရဲများ၏ အရိပ်အယောင်လည်း မတွေ့ရချေ။

မြေကြီးပေါ်၌ အပျက်အစီးများနှင့် ပြည့်နှက်နေသည်။ နေရာတိုင်း၌ လူသားတို့၏ အရိုးများနှင့် သားရဲတို့၏ အရိုးများက ပြန့်ကျဲလို့နေသည်။

ကျောချမ်းစေသည့် မြင်ကွင်းက တုန်လှုပ်ဖွယ်ကောင်းလှပေ၏။

ဝံပုလွေရိုင်းနှင့် အခြားသူများ လူချင်းခွဲ၍ ရှာဖွေကြသည်။ သူတို့ ပြန်ရောက်လာကြသောအခါ အကြီးအကျယ် မျက်နှာပျက် ယွင်းနေကြသည်။

“သခင်ကြီး၊ အိပ်မက်ဆိုးဗိမ္မာန်မှာ စုစုပေါင်း လူသားတို့ရဲ့ အရိုးပေါင်း ၁၈၆၃ ချောင်း၊ သားရဲအရိုးပေါင်း ၂၃၁၄ ရိုးကို တွေ့ခဲ့ရပါတယ်။ ဒီနေရာက သုသာန်တစပြင် ဖြစ်နေပါပြီ”

ဝံပုလွေရိုင်း၏ မျက်နှာက စက္ကူကဲ့သို့ ဖြူစုတ်နေသည်။ ဤနေရာမှ သွေးကွက်များသည် သူတို့ ထင်ထားသည်ထက် ကျော်လွန်နေ၏။

သူတို့စကားကို နားထောင်ပြီးနောက် ယဲ့ဖန်၏ မျက်နှာက ပို၍မည်းမှောင်လာသည်။

“သွားမယ်၊ အိပ်မက်ဆိုး ချောက်ကမ်းပါးဆီ သွားကြမယ်”

ထိုစကားအဆုံး၌ လူတိုင်း ရိပ်ခနဲ လှုပ်ရှား၍ အိပ်မက်ဆိုး ချောက်ကမ်းပါးဆီသို့ အပြေးသွားကြသည်။ ချောက်ကမ်းပါး တောတစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ရာ၏ ရှင်းလင်းခြင်းကို ခံလိုက်ရပုံရသည်။

သစ်ပင်အိုကြီးတစ်ပင်က မြေကြီးပေါ်သို့ ကျိုးကျနေသည်။ ရှုပ်ယှက်ခက် လို့နေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏မျက်နှာက ပိုပို၍ သုန်မှုန် လာသည်။

“မင်းတို့ ဒီမှာ စောင့်နေ၊ တကယ်လို့ ချောက်ကမ်းပါးအောက်မှာ ရူးသွပ်နေတဲ့ ပုရွက်ဆိတ်တွေ ရှိနေတယ်ဆိုရင် သူတို့အားလုံးကို လုံးဝ သတ်ပစ်ရမယ်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

ဝံပုလွေရိုင်းနှင့် အခြားသူများအားလုံး ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ ဤမြင်ကွင်းကို ကြည့်ပြီးနောက် ယဲ့ဖန်က ချောက်ကမ်းပါး၏ အောက်ခြေဆီသို့ ခုန်ဆင်းသွားသည်။

ယဲ့ဖန်သည် လျင်မြန်လှသည်။ မကြာခင်မှာပင် ချောက်ကမ်းပါး အောက်ခြေသို့ ရောက်လာကြသည်။

စည်းတံဆိပ်၌ ဘောလုံးတစ်လုံးစာ အပေါက်တစ်ပေါက် ဖြစ်ပေါ်နေ၏။ စည်းတံဆိပ်က ကျိုးပျက်သွားမှန်း သိသာလှသည်။

“သေစမ်း”

ယဲ့ဖန်၏ မျက်လုံးများက အေးစက်သွားသည်။ ထို့နောက် သူသည် သူ့ကိုယ်သူ နတ်ဆိုးစွမ်းအင် ချီဓာတ်အဖြစ် အသွင်ပြောင်း၍ စည်းတံဆိပ်အောက်မှ ပုရွက်ဆိတ် အသိုက်အုံထဲသို့ ဝင်သွား လိုက်သည်။

ဝှစ်!

ပုရွက်ဆိတ်အသိုက်ထဲသို့ ယဲ့ဖန် ရောက်သွားသည်နှင့် ရုတ်ချည်းဆိုသလို ပြင်းထန်သည့် သွေးနံ့များက လှိုင်လှိုင်ထ၍ သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ထို့နောက် ယဲ့ဖန် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။ မြေကြီးပေါ်၌ ဝိညာဉ်စား ပုရွက်ဆိတ်များ တစ်စစီဖြစ်ကာ ပြန့်ကျဲလို့နေသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်များသည် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါတစ်မျိုး၏ ဆွဲစုတ်ခြင်းကို ခံခဲ့ရသည့်ပုံပင်။

၎င်းတို့၏ သွေးများက နေရာအနှံ့သို့ စီးဆင်းနေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ပုရွက်ဆိတ်လေးနှင့် ခြောက်ထောင်သော ပုရွက်ဆိတ်စစ်တပ်ကြီးသည် အလွန်အမင်း ဒေါပွလာကြသည်။

သေကုန်ပြီ။ ချောက်ကမ်းပါး အောက်ခြေက ဝိညာဉ်စား ပုရွက်ဆိတ် မျိုးနွယ်အဖွဲ့များ သေကုန်လေပြီ။

သို့သော် ထိုသို့ရှိနေစဉ်၌ ထိုအလောင်းများကြားထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင် ပေါ်ထွက်လာသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်များ ကြောက်လန့်နေပုံရသည်။ အားလုံးက သတိအနေအထား ဖြစ်လာသည်။

ထို့နောက်တွင်မူ ပုရွက်ဆိတ်စစ်တပ်ကို စောင့်မျှော်နေသော ချောက်ကမ်းပါးထဲမှ ပုရွက်ဆိတ်များသည် အပြေးအလွှား ရောက်လာပြီး တစ်စုံတစ်ခုကို သတိပေးနေသကဲ့သို့ ဆက်တိုက် အော်ဟစ်နေကြသည်။

သူတို့ပုံစံက ပုရွက်ဆိတ်လေးကို ဤနေရာ၌ ဖြစ်ပျက်သွားသော ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စများကို ပြောပြနေသည့်ပုံပင်။

ဒုန်း!

ထိုစဉ် ထိုဆူညံသံကို ကြားလိုက်ရပြီးနောက် ထောင်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ တုန်ယင်လာကြသည်။

ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ အားလုံးသည် ဇတ်ပု၍ တစ်ကောင်ပြီးတစ်ကောင် ပြေးပုန်းကြလေသည်။

ထိုအခါ ပုရွက်ဆိတ်အသိုက်၏ နက်ရှိုင်းသော ထောင့်တစ်နေရာ၌ တွင်းနက်တစ်ခု ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။

အသံက ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒုန်း! ဒုန်း! ဒုန်း!

ခပ်အုပ်အုပ်အသံက တစ်ချက်တစ်ချက် ထွက်ပေါ်လာ၏။ ထိုအသံသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးနိုင်ပုံရသည်။ ဝိညာဉ်စား ပုရွက်ဆိတ်တိုင်း မြေကြီးပေါ် လဲကျ၍ တုန်ယင်နေကြသည်။

ထိုစဉ် ကြောက်လန့်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အကြည့်အောက်မှာပင် ဖရဲသီးအရွယ်အစား ရှိသော ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်က တွင်းနက်၏ အပေါက်ဝမှ ထွက်ပေါ် လာသည်။

ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ၎င်း၏ခန္ဓာကိုယ် အရွယ်အစားက ဒါဇင်နှင့်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အရွယ်အစားနှင့် ညီမျှနေသည်။

၎င်း၏ချွန်ထက်သော လက်သည်း၊ ခြေသည်းများက တစ်ပေမျှ ရှည်များပြီး အေးစက်စက် အရိပ်အငွေ့များ ထုတ်လွှတ်နေပြီး အရာအားလုံးကို ဆွဲဆုတ်နိုင်နေပုံရသည်။

ထက်ရှသော လက်သည်းခြေသည်းများ၌ သွေးစများ ကပ်ညိနေ၏။ ထိုဝိညာဉ်စား ပုရွက်ဆိတ်ထံမှ မကောင်းဆိုးဝါး ဆန်သည့် မရဏ အရိပ်အသက်များကလည်း ဆက်တိုက် ပျံ့လွင့်လာသည်။

“အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်မိခင်ပါလား”

ယခုအချိန်၌ ယဲ့ဖန်သည် ဖြူဖပ်ဖြူရော် ဖြစ်လို့နေ၏။ သူ အရင်တစ်ခေါက် ဒီနေရာကို စစ်ဆေးခဲ့စဉ်က အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင် တစ်လေမှ မရှိခဲ့ချေ။ ထိုသို့ဆိုလျင် ဤအကောင်က ဘယ်က ဘယ်လို ရောက်လာရသနည်း။

ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်၏ အကြည့်များသည် မရည်ရွယ်ဘဲ မှောင်မိုက်နေသော တွင်းနက်ဆီသို့ အကြည့်ရောက် သွားလေသည်။

“တွင်းနက် ... အဲ့ထဲမှာ ပုန်းကွယ်နေတဲ့ မြေအောက်နေရာတစ်ခု ရှိနေတာကိုး”

ယဲ့ဖန်၏ မျက်လုံးက အရောင်လက်လာသည်။ ထိုသို့သောအချိန်၌ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ပါးစပ်ကိုဖြဲ၍ ပြောဆို လာသည်။

“ဟီးဟီး ... လူသားမျိုးနွယ် ကောင်လေး၊ နောက်ဆုံးတော့ မင်း ဒီရောက်လာပြီပဲ”

“မင်း ငါ့ကို တမင်တကာ ဒီကိုလာအောင် လုပ်တာလား”

ယဲ့ဖန် မျက်နှာထား ပြောင်းသွားသည်။ သူ့စကားကို ကြားသည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က ကြောက်ခမန်းလိလိ ရယ်သံနှင့် ထရယ်လေသည်။

“ဟီးဟီး ... လူသားလေး ... မင်းက ဉာဏ်မထိုင်းဘူးပဲ”

“ငါက ဒီအိပ်မက်ဆိုးကုန်းမြေပေါ်ကနေ ထွက်မလာနိုင်ဘူး။ အဲ့တော့ ငါ ဟိုကောင်လေးကိုပဲ ထိန်းချုပ်ပြီးတော့ မင်းကို ဒီရောက်အောင် ခေါ်လာလိုက်တာ”

ထိုသို့ပြောနေစဉ်တွင် အေးစက်နေသော ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ မျက်လုံး၌ ရက်စက် ကြမ်းကြုတ်ဟန်များက အထင်းသား ပေါ်လွင်နေသည်။

“အားနည်းတဲ့ လူသားမျိုးနွယ် ကောင်လေးက ငါ့ပုရွက်ဆိတ်မျိုးနွယ်က ကလေးတွေကို ဘယ်လို ကျွန်ပြုခဲ့သလဲ ဆိုတာကို ငါ သိချင်နေခဲ့တာ”

“စိတ်မကောင်းစရာက မင်းက တအား စိတ်ပျက်ဖို့ ကောင်းနေတာပဲ”

ထိုသို့ပြောပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ယဲ့ဖန်အား လူသေ တစ်ယောက်အား ကြည့်သကဲ့သို့နှင့် စားကောင်း သောက်ဖွယ် တစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

ထိုစကားကို ကြားပြီး ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးသွားသည်။

“ရက်စက်တဲ့ မျိုးမစစ်အိုကြီးပဲ”

“မင်းက လူသားတွေနဲ့ သားရဲတွေကို စားရုံတင်မကလို့ မင်းရဲ့ ပုရွက်ဆိတ် မျိုးနွယ်စုကိုတောင်မှ ပြန်စားခဲ့သေးတယ်။ တော်တော်ကို သွေးဆာတာပဲ”

“ငါ ထင်တာ မမှားရင် မင်း အကြာပြီးအိပ်ပြီး နိုးလာတုန်းက မင်းက အားအနည်းဆုံး အကောင်ပဲ ဖြစ်မယ်”

*ဘာ*

ထိုစကားကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ မျက်လုံးက မသိမသာ မီးတောက်သွားသည်။

“ဟမ့် ဘာကို အားအနည်းဆုံးလဲ”

“မရေတွက်နိုင်တဲ့ နှစ်တွေတုန်းက ငါ့ရဲ့ ပုရွက်ဆိတ်မျိုးနွယ်က ဂြိုဟ်တွေကို စိုးမိုးခဲ့ပြီးတော့ မရေတွက်နိုင်တဲ့ အင်မော်တယ်တွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေက ငါ့အစားအသောက်တွေ ဖြစ်ခဲ့တာ”

“ပြီးတော့ မင်း၊ မင်းလည်း ငါ့ဆီက အစားခံရမယ့်ကိန်းကနေ ပြေးမလွတ်နိုင်ပါဘူး”

ထိုသို့ပြောပြီးနောက် ချွန်ထက်သော သွေးစွန်းနေသည့် လက်သည်းများကို ရှေ့သို့လှမ်း၍ ယဲ့ဖန်ထံသို့ ချဉ်းကပ် လာသည်။

“ကဲ အခု ... ငါ့အစာလေး ... ဒီမှာ နေလိုက်တော့”

ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က ယဲ့ဖန်ထံ လှစ်ခနဲ ပြေးဝင်လာ၏။

သရဲတစ္ဆေများကဲ့သို့ လျင်မြန်လွန်းလှသည်။ ဤမြင်ကွင်းကို မြင်သည်နှင့် ယဲ့ဖန်က ရယ်မောလေသည်။

“မင်းရဲ့သွေးကိုသုံးပြီး ထောင်သောင်းချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ် တွေကို စိုးမိုးပစ်မယ်”

“မင်းရဲ့အသက်က ပုရွက်ဆိတ်လေးရဲ့ ကြီးမားတဲ့ ဂုဏ် ကျက်သရေကို ယူဆောင်လာပေးလိ့မ်မယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က လက်ကိုဝင့်၍ အမိန့်ပေး လိုက်သည်။

“ပုရွက်ဆိတ်လေး သူ့ကို သတ်လိုက်”

Chapter 444 မင်းအတွက် သေခြင်းတရား ခေါင်းလောင်းထိုးနေတာ

“ပုရွက်ဆိတ်လေး သူ့ကို သတ်လိုက်”

ယဲ့ဖန်၏ စကားသံ ပဲ့တင်ထပ်သွားချိန်၌ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် မသိမသာ မှင်တက်သွားလေသည်။ ထို့နောက် သူမသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“ဟီးဟီး … ရူးမိုက်တဲ့ လူသားမျိုးနွယ်ပါလား။ ဒါက ငါ့ရဲ့ပုရွက်ဆိတ်မျိုးနွယ်၊ ငါက သူတို့ရဲ့ ဘိုးဘေးလေ၊ ဘယ်လိုလုပ် သူတို့က ငါ့ကို သတ်ရဲမှာလဲ”

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ၎င်း၏ အစွယ်ကို ဖြဲပြ၍ ယဲ့ဖန်ထံသို့ လှစ်ခနဲ ပြေးဝင်လာသည်။

“နင် သေလိုက်တော့”

ဝှစ်!

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် အနက်ရောင် လျှပ်စီးသဖွယ် ပြေးဝင်လာနေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေး သွားပြီး ရပ်မြဲတိုင်း ရပ်နေလေသည်။

သူ၏ အပြုအမူကြောင့် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ပွက်လောရိုက်သွားကြသည်။

သွားပြီ။ ပုရွက်ဆိတ်အုံကြီး၏ အမြင်တွင် လူသားမျိုးနွယ် ထွက်မပြေးဘဲ နေနေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်သည်ဟု ထင်နေကြသည်။

ချွင်!

ထိုစဉ် သံသံချင်း ထိခိုက်မိသံ ထွက်ပေါ်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်ခနဲ ဖြစ်သွားလေသည်။

လက်သီးအရွယ်အစားရှိသည့် ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်သည် ယဲ့ဖန်ရှေ့ ပိတ်ဆို့၍ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်ကို ခုခံလိုက်ပြီးနောက် အဝေးသို့ လွင့်ထွက် သွားလေသည်။

ထိုဝိညာဉ်စား ပုရွက်ဆိတ်သည်ကား ပုရွက်ဆိတ်လေးပင်။

*ဟမ်*

ဤမြင်ကွင်းက ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ် များကို မှင်တက်သွားစေခဲ့သည်။

ဤလူသားအတွက် မိမိဘိုးဘေးဖြစ်သော ပုရွက်ဆိတ်မိခင်ကို ပြန်တိုက်ခိုက်ဝံ့သည့် ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

“ဒါက …”

ဘေးပတ်လည်မှ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ သာကမ ပုရွက်ဆိတ်မိခင်ပါ မှင်တက်နေသည်၊ ထို့နောက် သူမသည် အလွန်အမင်း ဒေါသထွက်လို့လာ၏။

“ကောင်စုတ်လေး၊ ငါက နင့်ဘိုးဘေးနော်၊ နင် လူသားအတွက်နဲ့ ငါ့ကို ဘယ်လိုတောင် အာခံရဲတာလဲ”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်ထံမှ လူသတ်လိုသော အရိပ်အငွေ့ များက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထွက်ပေါ် လာသည်။

သူမ နိုးထလာပြီးနောက် သူမကို ပြန်တိုက်ခိုက်ဝံ့သည့် ပထမဆုံးသော ဝိညာဉ်စား ပုရွက်ဆိတ်မျိုးဆက်ပင် ဖြစ်လေ သည်။ သူမ အလွန်အမင်း ဒေါသထွက်လာ၏။

ကျွိ! ကျွိ! ကျွိ!

သို့သော် ပုရွက်ဆိတ်လေးသည် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ စကားကို လုံးဝကို လျစ်လျူရှုထားလေသည်။ လက်သီးဆုပ် အရွယ်အစားရှိသော ပုရွက်ဆိတ်လေးသည် ယဲ့ဖန်ရှေ့ရပ်၍ ၎င်း၏ တောင်ပံများကို ထောင်မတ်၍ ပုရွက်ဆိတ်မိခင်အား ယဲ့ဖန်ကို မထိရန် သတိပေးနေပုံရသည်။

“ကောင်းပြီလေ၊ သိပ်တော်တဲ့ သစ္စာဖောက်လေး”

ဤမြင်ကွင်းကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ပိုပို၍ ဒေါသထွက်လာသည်။

“မင်းက ဒီလူသားအတွက် အာခံရဲမှတော့ မင်းလည်း သေရမယ်”

ထိုသို့ပြောပြီး ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ကြမ်းကြုတ်သော မရဏ အရိပ်အငွေ့များဖြင့် ရှေ့သို့ ပြေးတက်၍ ပုရွက်ဆိတ်လေးအား သတ်ဖြတ်ရန် ကြိုးစားလာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုသို့သောအချိန်၌ ဝိညာဉ်စား ပုရွက်ဆိတ်တို့၏ ဘုရင်ဖြစ်သူ ပုရွက်ဆိတ်လေးနှင့် ဘိုးဘေးဖြစ်သူ ပုရွက်ဆိတ်မိခင်တို့ အရူးအမူး တိုက်ခိုက်နေကြလေသည်။

သူတို့၏ အရှိန်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ဤပုရွက်ဆိတ်အသိုက်အတွင်း၌ လျှပ်စီးကဲ့သို့ ဆက်တိုက် လှုပ်ရှားနေကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဘုရားများ၏ အလောင်းများ ယိုယွင်းပျက်ပြားလာသည်။

လေ၊ ရေ တိုက်စားထားသည့် ကျောက်တုံးကြီးများ ပျက်စီးကုန်သည်။ ယခုအချိန်၌ ပုရွက်ဆိတ်အသိုက် တစ်ခုလုံး ပျက်ကိန်းဆိုက်နေသလိုပင်။

သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ အပျက်အစီးများနှင့် ပြည့်နှက်လာသည်။

ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။

ဤမြင်ကွင်းကြောင့် ထောင်ပေါင်းများစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များ ထိတ်လန့်အံ့အားသင့်လာကြသည်။

သူတို့ ပုရွက်ဆိတ်လေးကို မှတ်မိပါသည်။ သူသည် တစ်ချိန်က ပုရွက်ဆိတ်အသိုက်ထဲ၌ မုန်တိုင်းထန်အောင် လုပ်ခဲ့သော ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင် ဖြစ်လေသည်။

သူသည် ပြိုင်ဘက် ပုရွက်ဆိတ်ဘုရင်လောင်းများကို သတ်ဖြတ်ခဲ့ ပြီးနောက် ခြောက်ထောင်သော ဝိညာဉ်စား ပုရွက်ဆိတ်များကို ခေါ်ယူ၍ အောင်မြင်စွာ ထွက်သွားနိုင်ခဲ့သည်။

သို့သော် ဤမျှအချိန်တိုလေးအတွင်း၌ ထိုခြောက်ထောင်သော ပုရွက်ဆိတ်များ၏ ကြီးထွားနှုန်းက မထင်မှတ်ထား နိုင်လောက်အောင် မြန်ဆန်နေလိမ့်မည်ဟု ကျန်ပုရွက်ဆိတ်များ ထင်မထားမိချေ။

သူတို့၏ အစွမ်းသည် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ စွမ်းအင်နှင့်တောင်မှ ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေသည်။

ထိုသို့သော အချိန်၌ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ အစွယ်များက ပုရွက်ဆိတ်လေး၏ အရေပြားကို ကြမ်းတမ်းစွာ ဆွဲဆုတ် သွားလေသည်။ ထို့နောက် ၎င်း၏လက်သည်းများကို ဝင့်လိုက်သည်။

ပုရွက်ဆိတ်လေး၏ နောက်ကျော၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ထိခိုက်သွားပြီး လွင့်ထွက်သွားလေတော့သည်။

မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာပြီးနောက် ပုရွက်ဆိတ်လေးသည် သွေးသံတရွှဲရွှဲနှင့် ဖြစ်နေသော်လည်း ယဲ့ဖန်ရှေ့၌ ကာ၍ ရပ်နေဆဲပင်။

“နောက်ဆုတ်မလား အသေခံမလား”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က ပုရွက်ဆိတ်လေးကို စိုက်ကြည့်၍ ခက်ထန်စွာ သတိပေးလိုက်လေသည်။

ကျွိ! ကျွိ! ကျွိ!

သို့သော် ပုရွက်ဆိတ်လေးသည် ထိုစကားများကို ကြားပြီး ပိုပို၍ ဒေါသထွက်ကာ ကြမ်းတမ်းလာသည်။

“ကောင်းပြီလေ၊ မင်းက သူ့အတွက် သေချင်နေမှတော့ ငါက အဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ရက်စက်ကြမ်းကြုတ် သောအသံ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် လုံးဝကို ကြမ်းကြုတ်လာသည်။

ပုရွက်ဆိတ်လေးကို ထိပ်တိုက်ရင်ဆိုင်၍ ထပ်ခါထပ်ခါ သတ်ဖြတ်လေသည်။

ဝှစ်! ဝှစ်! ဝှစ်!

ထက်ရှသော လက်သည်းများက ပုရွက်ဆိတ်လေး၏ ကိုယ်ကို ဆွဲဖြဲလုနီးပါး ဖြစ်နေသည်။ အဆိပ်ရှိသော အစွယ်များက ပုရွက်ဆိတ်လေး၏ ကိုယ်ကို ကိုက်ဖြတ်နေသောကြောင့် သွေးများ စီးကျလာသည်။

ပုရွက်ဆိတ်လေး တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်နေ၏။ သို့သော် ပုရွက်ဆိတ်လေး၏ မျက်လုံးတွင်း၌ နောင်တရစိတ်၊ အညံ့ခံစိတ် မရှိဘဲ အရူးအမူး သတ်ချင်နေစိတ်သာ ရှိနေလေသည်။

“သေလိုက်တော့”

ထိုသို့သောအချိန်၌ ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် ပုရွက်ဆိတ်လေး၏ တိုက်ခိုက်မှုကို ဟန့်တား၍ ပုရွက်ဆိတ် လေး၏ လည်ပင်းကို ပိုင်းဖြတ်ရန် သူမ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်းလိုက်သည်။

ဤအဖြစ်အပျက်က အလွန်အမင်း လျင်မြန်လှသည်။ ပုရွက်ဆိတ်လေး ရှောင်ချိန်မရလိုက်ချေ။

*သွားပြီ*

ခြောက်ထောင်သော ပုရွက်ဆိတ်များသာမက ပုရွက်ဆိတ် အသိုက်ထဲမှ ထောင်သောင်းချီသော ပုရွက်ဆိတ်များက အကြီးအကျယ် တုန်လှုပ်လာကြသည်။

သူတို့၏ မျက်လုံး၌ အကြီးအကျယ် ဝမ်းနည်းနေဟန်များဖြင့် ပြည့်နှက်နေသည်။

ပုရွက်ဆိတ်လေးက သန်မာ၍ ကြောက်မက်ဖွယ် ကောင်းလျင်တောင်မှ သူတို့မျိုးနွယ်ထဲတွင် အရွယ်မရောက် သေးသော ဝိညာဉ်စား ပုရွက်ဆိတ်များသည် အားအနည်းဆုံး ဖြစ်လေသည်။

သို့သော် အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်သည် ဘယ်သောအခါမှ အားနည်းသွားမည် မဟုတ်ပါ။

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ လက်သည်းများက ပုရွက်ဆိတ်လေး၏ လည်ပင်းထံသို့ ကျရောက်လုနီးနီး ဖြစ်နေသော်လည်း ပုရွက်ဆိတ်လေးသည် ကြောက်ရွံ့ခြင်း အလျင်း မရှိချေ။

သူသည် တစ်စုံတစ်ရာကို ငံ့လင့်နေသည့်ပုံ ပေါ်နေ၏။

ဒေါင်!

သို့သော် ထိုသို့သောအချိန်၌ ခေါင်းလောင်းထိုးသံ ထွက်ပေါ် လာသည်။ ထိုခေါင်းလောင်းသံ၌ မှော်စွမ်းအင်များ ပါဝင်နေပုံရသည်။

ထိုခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ထောင်သောင်းချီ သော ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူတို့၏ စိတ်ဝိညာဉ်များ အေးခဲသွားသကဲ့သို့ တောင့်ခနဲ ဖြစ်ကာ လဲကျသွားလေသည်။

ထို့အတူ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် အခြေအနေ ပိုဆိုးပြီး မိုးကြိုးပစ်ချခံ လိုက်ရသကဲ့သို့ အပြင်းအထန် တုန်ခါသွားသည်။

၎င်း၏ ချွန်ထက်နေသော အစွယ်များနှင့် လက်သည်းများ သည်လည်း မသိမသာ တန့်သွားလေသည်။ ထိုစဉ် …

“ဒါ အချိန်ကောင်းပဲ”

ပုရွက်ဆိတ်လေးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်းလိုက်သည်။

ရွှစ်!

သူ၏ လက်သည်းများက ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ ဝမ်းဗိုက်ကို ထိုးစိုက်၍ ဆွဲဖြဲသွားသည်။

“အား…”

ပြင်းထန်သော ဝေဒနာက ဝိညာဉ်စား ပုရွက်ဆိတ်မိခင်က ရူးမတတ် ဖြစ်သွားစေသည်။ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်ဆုတ်သွားသည်။

ဝမ်းဗိုက်မှ သွေးများ စီးကျလာပြီး သူမ၏ မျက်လုံး၌ အလွန်အမင်း ထိတ်လန့်နေဟန်များ ပြည့်နှက်နေသည်။

မြင့်မြတ်သော ပုရွက်ဆိတ်မိခင်သည် သေးငယ်သော ပုရွက်ဆိတ်လေးကြောင့် ထိခိုက်ခြင်း ခံရလိမ့်မည်ဟု ထင်မထားမိချေ။

“ဘာခေါင်းလောင်းလဲ”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် သွေးပျက်လို့နေ၏။ သူမ၏ စိတ်ဝိညာဉ် စွမ်းအင်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်။ သာမန်အားဖြင့် စိတ်ဝိညာဉ်ကို တိုက်ခိုက်သော လက်နက်များသည် သူမအတွက် မထိရောက်ချေ။

သို့သော် ယခုအခါတွင် သူမ၏ စိတ်ဝိညာဉ်က ထိုခေါင်းလောင်းသံ၏ ချိပ်ပိတ်ခြင်းကို ခံလိုက်ရပုံပေါ်သည်။

ထိတ်လန့်နေသော ပုရွက်ဆိတ်မိခင်ကို ကြည့်ပြီး ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးသွားသည်။

“မင်းအတွက် သေမင်းခေါင်းလောင်း မြည်နေတာလေ”

“ခွေးမသား”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်သည် အလွန် ဒေါသထွက်လို့နေသည်။ သူမ မယုံမကြည်နိုင် ဖြစ်နေ၏။ သေးနုပ်သော ကောင်စုတ်လေး၏ အနိုင်ယူခြင်း ခံလိုက်ရသည်ကို မယုံနိုင်သလို ဖြစ်နေသည်။

“ဝိညာဉ်စား ပုရွက်ဆိတ် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း”

ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအင်က ပုရွက်ဆိတ်မိခင်ထံမှ ထွက်ပေါ်လာပြီး ကျန်ပုရွက်ဆိတ်များကို လွှမ်းခြုံသွားသည်။

ထိုစိတ်ဝိညာဉ် တိုက်ခိုက်မှုဖြင့် အရွယ်မရောက်သေးသော ဝိညာဉ်စား ပုရွက်ဆိတ်များကို လုံးဝ ထိန်းချုပ်လိုက်သည်။

သို့သော် ထိုသို့သောအချိန်၌။

ဒေါင်!

ကောင်းကင်ခွင်း ခေါင်းလောင်းသံက ပြန်လည်၍ ထွက်ပေါ်လာသည်။ ပုရွက်ဆိတ်မိခင်၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုသည် လုံးဝ ပျက်ဆီးသွားလေသည်။

ပုရွက်ဆိတ်လေးသည် ထိုအခွင့်အရေးကို အမိအရ အသုံးချ၍ အစွယ်ကို လှစ်ဟ၍ ပုရွက်ဆိတ်မိခင်ထံသို့ ပြေးဝင်ကာ သူမအား ပြင်းထန်စွာ ကိုက်ဖြတ်လိုက်သည်။

သွေးသံတရဲရဲနှင့် အသားစတစ်စ ပြတ်ထွက်သွားသည်။

“ဘာ”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင် ရူးမတတ် ဖြစ်သွားသည်။ ကောင်းကင်ခွင်း ခေါင်းလောင်းက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို တောင်မှ ပယ်ဖျက်နိုင်လိမ့်မည်ဟု သူမ ထင်မထားမိပါ။

သူမ ထိတ်လန့်နေစဉ်တွင် ပုရွက်ဆိတ်လေးက ပြေးဝင်လာပြီး သူ၏ ချွန်ထက်သော လက်သည်းများကို အရူးအမူး ဝှေ့ယမ်းလာသည်။

သူနှင့်အတူ ခေါင်းလောင်းသံများက ဆက်တိုက် ထွက်ပေါ် လာသည်။

ဒေါင်!

ပုရွက်ဆိတ်မိခင်၏ ချွန်ထက်သော လက်သည်းများ ပြတ်ထွက် ကုန်သည်။

ဒေါင်!

သူမ၏ ကျောကုန်းက ပြင်းထန်စွာ စုတ်ပြဲသွားသည်။

ဒေါင်!

သူမ၏ ခြေလက်အင်္ဂါများ အကြီးအကျယ် ပျက်စီးသွားသည်။

….

ထိုသို့သောအချိန်၌ ထောင်သောင်းချီသော ပုရွက်ဆိတ်များ ထိတ်လန့်လို့နေသည်။

ခေါင်းလောင်းသံ၏ အကူအညီနှင့်အတူ ပုရွက်ဆိတ်လေး၏ ချွန်ထက်သော လက်သည်းခြေသည်းများနှင့် အစွယ်များက ဝိညာဉ်စား ပုရွက်ဆိတ်မိခင်ကို တစ်စစီ ကိုက်ဖဲ့ဆွဲဆုတ်နေသည်။

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ တစ်ကိုယ်လုံး တစ်စစီ ဖြစ်နေပြီး ရဲရဲနီသော သွေးများက နေရာတိုင်းကို စီးဆင်းနေ၏။

“မလုပ်နဲ့”

ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ မျက်လုံးထဲ၌ အတိုင်းအဆ မရှိသော ကြောက်စိတ်များ ပျော်ဝင်နေသည်။ သူမသည် သေခြင်းတရားကို ခံစားမိနေသည်။ သူမ အသည်းအသန် ရုန်းကန်၍ ပြန်တိုက်ခိုက်ချင်သည်။

သို့သော် ကောင်းကင်ခွင်း ခေါင်းလောင်းကြောင့် သူမ၏ စိတ်ဝိညာဉ်က ထပ်ခါထပ်ခါ အေးခဲသွားရသည်။ နောက်ဆုံးတွင်မူ ပုရွက်ဆိတ်လေး၏ ချွန်ထက်သော လက်သည်းများက ဝိညာဉ်စား ပုရွက်ဆိတ်မိခင်၏ လည်ပင်းထံသို့ ကျရောက်လာသည်။

လက်သီးအရွယ်အစားခန့်ရှိသော ပုရွက်ဆိတ်ဦးခေါင်းတစ်လုံး ပြုတ်ကျလာလေတော့သည်။

All Chapters