ဝိညာဉ်နိူးဆွခြင်း
Vol. 50 Ch. 746
"ရှုပ်ထွေးသွားလိုက်စမ်း ၊ ပိုပြီး ပရမ်းပတာ ဖြစ်လိုက်စမ်း"
ကောင်းမင်အနေဖြင့် ဘာမှထပ်လုပ်ရန် မလိုအပ်တော့ပေ။ သူ ထွက်ခွာလာချိန်မှာပင် သတ္တိရှိသော စွန့်စားသူအချို့က ထိုနေရာသို့ ရောက်ရှိနေကြပြီဖြစ်သည်။
ဂိုဒေါင်ထဲတွင် မှောင်ခိုဈေးကွက်တစ်ခုလုံး၏ ကြွယ်ဝမှုများ ရှိနေသည်။ ယခုတွင် တောင်ဘုရင်သည် ခရိုင် ၃ သို့ ရောက်ရှိနေပြီး မှောင်ခိုဈေးကွက်မှာလည်း ကူးစက်ရောဂါအရင်းအမြစ်ကြောင့် ဖရိုဖရဲ ဖြစ်နေချိန် ဖြစ်သည်။ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချမ်းသာအောင် မလုပ်ပါက နောင်တွင် နောင်တရကြပေလိမ့်မည်။
ကောင်းမင်က မီးတစ်ချက်သာ ရှို့ထားခဲ့သော်လည်း နေရာအနှံ့တွင် ပေါက်ကွဲသံများနှင့် တိုက်ခိုက်သံများ ဟိန်းထွက်နေတော့သည်။
"ရှုပ်ထွေးသွားလိုက်စမ်း ၊ ရှုပ်ထွေးနေတာ ကောင်းတယ်၊ အမိန့်ဟောင်းတွေ လောင်ကျွမ်းသွားမှပဲ မြေဆီလွှာမှာ ပျိုးပင်သစ်တွေ ရှင်သန်ဖို့ မြေသြဇာ အလုံအလောက် ရမှာပေါ့"
ကောင်းမင်သည် လူအင်အားနည်းပါးစွာ ခေါ်လာမိခြင်းကို ယခုမှ နောင်တရမိသည်။ ခွေးလူသား ငါးဦးသည် ပစ္စည်းအများအပြားကို မသယ်ဆောင်နိုင်ကြပေ။
သူသည် ခွေးလူသားများကို ပစ္စည်းများနှင့်အတူ မှောင်ခိုဈေးကွက်မှ အရင်ဆုံး ထွက်ခွာခိုင်းလိုက်သည်။ ထို့နောက် သူ့မှတ်ဉာဏ်အပိုင်းအစများနောက် လိုက်၍ လီဆန်းစီ ငှားရမ်းထားသော ဂိုဒေါင်ကို ရှာဖွေလိုက်သည်။
၎င်းကို ဂိုဒေါင်တစ်ခုဟု ခေါ်ဆိုရန်ပင် ခက်ခဲလှ၏။ ၎င်းမှာ သိုလှောင်ခန်းတစ်ခုအတွင်းရှိ ကြီးမားသော အအေးခန်းသေတ္တာတစ်ခုမျှသာ ဖြစ်သည်။ ကောင်းမင် သေတ္တာပေါ်ရှိ သံကြိုးများကို ရိုက်ချိုး၍ သော့ကို ဖျက်ဆီးပစ်လိုက်သည်။ အေးစက်စက်သော လေထုက သူ့ကို လာရောက်ရိုက်ခတ်သည်။
အအေးခန်းထဲ၌ အေးခဲနေသော အမျိုးသမီး အလောင်းတစ်လောင်း ရှိနေလေသည်။ သူမ၏ အရေပြားနှင့် အဝတ်အစားများက အရိုးပေါ်တွင်ကပ်နေပြီး ပါးချိုင့်များ နက်ဝင်လျက် ဆံပင်များပေါ်တွင် နှင်းခဲများ ကပ်ငြိနေခဲ့သည်။
အလောင်းတွင် များပြားလှသော ဒဏ်ရာများ ရှိနေပြီး အားလုံးကို ပြန်လည်ချုပ်လုပ်ထားသည်။ သူမသေဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း သူမထံမှ ငြိမ်းချမ်းသော ခံစားချက်ကို ရရှိနေရဆဲ ဖြစ်သည်။
ထိုအလောင်းသည် လီဆန်းစီထက် ငယ်ရွယ်ပုံရသည်။သို့သော်လည်း သူမ ဝတ်ဆင်ထားသော အဝတ်အစားများကို မြင်လိုက်ရသည့်အခါ ကောင်းမင်သည် မသက်မသာခံစားမှုနှင့်အတူ စိတ်ထဲတွင် စိမ်းသက်သော စကားလုံးတစ်လုံး ပေါ်လာခဲ့သည်။
"အမေ"။
အလောင်း၏ ခြေကျင်းဝတ်တွင် ရင်ခွဲရုံ အမှတ်အသားတစ်ခု ချည်နှောင်ထားသည်။ သို့သော် အချိန်များ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် စာလုံးများကို ဖတ်မရတော့ပေ။
"လီဆန်းစီက သူ့ပြန်ရှင်အောင် လုပ်ချင်နေတာလား၊ ဒါက သူနဲ့ သိပ်မတူသလိုပဲ၊ ငါကပဲ သူ့အကြောင်းကို သေချာမသိသေးတာ ဖြစ်မယ်"
အအေးခန်းထဲတွင် ညှိုးနွမ်းနေသော ဘဝပန်းများ ပြန့်ကျဲနေခဲ့သည်။ ဂိုဒေါင်ထဲတွင်လည်း အလောင်းအိတ်များကို တွေ့ရသည်။ လီဆန်းစီသည် အလောင်းကို သယ်ထုတ်ရန် ကြိုတင်ပြင်ဆင်နေခဲ့ပုံရ၏။
အလောင်းကို ထုပ်ပိုးပြီးနောက် ကောင်းမင်က သူ့ကျောပေါ် ကျောပိုးလိုက်သည်။ အေးခဲနေသော အလောင်းသည် သူ့နှလုံးသားကို နွေးထွေးစေပြီး ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ငြိမ်းချမ်းမှုကို ရရှိစေကာ သူ၏ ဆိုးယုတ်မှုများကိုပင် လျော့ပါးသွားစေသည်။
မှောင်ခိုဈေးကွက်အတွင်း ဆူပူမှုများ ဖြစ်ပွားနေစဉ် ကောင်းမင်သည် အချိန်မဆွဲနေဘဲ ဆေးဝါးစက်ရုံဟောင်း၏ တားမြစ်နယ်မြေသို့ အမြန်ဆုံး ပြန်လာလိုက်သည်။
သူသည် အလျင်အမြန်ပြင်ဆင်ရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ဘဲ တားမြစ်နယ်မြေအနီးတွင် ထွက်ပြေးလာကြသော မြို့ခံအများအပြားကို တွေ့လိုက်ရသည်။
ခရိုင် ၃ မှာ လုံးဝ စစ်မြေပြင်ကြီး ဖြစ်နေပြီဖြစ်သည်။ ဂိုဏ်းကြီးနှစ်ခုက သွေးဆာစွာ တိုက်ခိုက်နေကြပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေမပြနိုင်သူ မှန်သမျှကို ပစ်မှတ်ထားနေကြသည်။ ကြားနေဟူသည်မှာ မရှိတော့ပေ။
ညစ်ညမ်းမှုများ ပျံ့နှံ့နေပြီး ရူးသွပ်နေသော လူနာများက လမ်းပေါ်တွင် လျှောက်သွားနေကြသည်။ အသိစိတ်မဲ့သော ဝက်လူသားများကလည်း အသွေးအသားများကို ဝါးမြိုနေကြသည်။ သေနတ်သံများနှင့် မီးတောက်များက သက်ရှိများကို ရိတ်သိမ်းနေကြရာ လူ့အသက်တစ်ချောင်းသည် မြက်ပင်တစ်ပင်လောက်ပင် တန်ဖိုးမရှိတော့ဟု ဆိုရပေမည်။
"အသက်ရှင်ဖို့အတွက် ဒီမြို့ခံတွေက တားမြစ်နယ်မြေထဲအထိ ပြေးဝင်ရဲကြတာပဲ၊ ဒီဂိုဏ်းတွေက အထဲက မကောင်းဆိုးဝါးတွေထက်တောင် ပိုကြောက်ဖို့ ကောင်းနေတာပေါ့"
ကောင်းမင်စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး လီဆန်းစီ၏ အသက်မွေးဝမ်းကျောင်း အလုပ်ကို သတိရသွားသည်။
"ဒါတွေကို မှတ်တမ်းတင်ပြီး ဖြန့်လိုက်မယ်ဆိုရင် ဒါက ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလား"
လူတိုင်းက ဂိုဏ်းများကို ကြောက်ရွံ့ကြရသည်။ မြို့တော်ကောင်စီပင်လျှင် ဂိုဏ်းများ အင်အားကြီးလွန်းသဖြင့် တိုက်ရိုက် ရင်မဆိုင်ဝံ့ပေ။ အကယ်၍ ၎င်းတို့ အင်အားချည့်နဲ့သွားပါက သို့မဟုတ် ၎င်းတို့ကို ပြန်လည်တိုက်ခိုက်နိုင်မည့် အင်အားတစ်ခု ပေါ်ထွက်လာပါက မြို့ခံအများအပြားမှာ ဂိုဏ်းများကို ပြန်လှန်တိုက်ခိုက်ကြပေလိမ့်မည်။
ထွက်ပြေးလာသော လူအုပ်ကြီးကို ရှောင်ရှားရင်း ကောင်းမင်သည် စွန့်ပစ်စက်ရုံအတွင်းသို့ ဝင်ရောက်လာပြီး တားမြစ်နယ်မြေအတွင်းရှိ ဆေးရည်ကန်တစ်ခုကို ရှာဖွေလိုက်သည်။
သူသည် ဆေးရည်ကန်ထဲသို့ ဆေးရည်မျိုးစုံ လောင်းထည့်လိုက်သည်။ ထို့နောက် အမျိုးသမီး၏ ရုပ်အလောင်းကို ထည့်သွင်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။
သူသည် ကမ္ဘာကြီးကို မျက်စိအမြင်ဖြင့် မကြည့်တော့ဘဲ အခြားရှုထောင့်တစ်ခုမှနေ၍ တားမြစ်နယ်မြေကို စောင့်ကြည့်လိုက်သည်။
သွေးကြောများကဲ့သို့ ဖောင်းကြွနေသော အမြစ်များက မြို့ကြီးကို ဝန်းရံထားပြီး နံရံနှင့် မျက်နှာကြက်များပေါ်တွင် မျက်လုံးများ ပွင့်လာကြသည်။ သွေးစွန်းအဝတ်အစားများ ဝတ်ထားသည့် ကလေးငယ်များမှာ အူနှင့်တူသော ကြိုးများပေါ်တွင် လွှဲစီးနေကြပြီး သူတို့၏ ခြေထောက်များက ပုပ်သိုးနေသော အသွေးအသားနှင့် အရိုးများကို နင်းထားကြသည်။
အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ဆေးရည်ကန်အလယ်ရှိ အမျိုးသမီးအလောင်းသည်လည်း ပြောင်းလဲသွားသည်။ သူမသည် မျက်စိကျိန်းမတတ် ခမ်းနားထည်ဝါသည့် အဝတ်အစားများကို ဝတ်ဆင်ထား၏။
ထိုခမ်းနားထည်ဝါသည့် အဝတ်အစားများကို ဖယ်ရှားလိုက်သောအခါ နံရိုးများအောက်တွင် ကိုယ်တွင်းအင်္ဂါများမရှိဘဲ ဟောင်းလောင်းဖြစ်နေသည့် အရည်အိတ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအိတ်ထဲတွင် ညှိုးနွမ်းနေသော ဘဝပန်းများနှင့် ဓာတ်ပုံများကို ထည့်သွင်းထားသည်။
အဖြူအမည်း ဓာတ်ပုံများထဲမှ လူများက ပြုံးနေကြသည်၊ လက်ပြနေကြသည်၊ ဖက်လှဲတကင်း ရှိနေကြသည်။ ဓာတ်ပုံတစ်ပုံချင်းစီတိုင်းမှ သွေးကြောမျှင်လေးများ ထွက်ပေါ်လာပြီး လီဆန်းစီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သူ့သွေးများကို စုပ်ယူနေကြသည်။
"ဒါတွေက မှတ်ဉာဏ်တွေလား ဒါမှမဟုတ် စွဲလမ်းမှုတွေလား"
တားမြစ်နယ်မြေ၏ ရှုထောင့်မှ ကြည့်ရှုပါက အရာများစွာကို လက်တွေ့အမြင်ဖြင့် ရှင်းပြ၍ မရနိုင်ပေ။ ၎င်းတို့ကို လက်တွေ့လောကတွင် လုံးဝကွဲပြားသော မြင်ကွင်းများအဖြစ် မြင်တွေ့ရပေလိမ့်မည်။
ညှိုးနွမ်းနေသော ဘဝပန်းများကို ဖယ်ရှားပစ်လိုက်သည်။ ပြီးနောက် ကောင်းမင်သည် မှောင်ခိုဈေးကွက်မှ ရရှိလာသော လတ်ဆတ်သည့် အသားများနှင့် ကိုယ်တွင်းအင်္ဂါများကို အမျိုးသမီး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဘဝပန်းအသစ်များကို စိုက်ပျိုးလိုက်သည်။
ယဇ်ပလ္လင်ပိုင်ရှင် မလိုအပ်တော့သော လှပသည့် မှတ်ဉာဏ်များသည် အမျိုးသမီး၏ ရုပ်အလောင်းကို ပြည့်နှက်သွားစေပြီး ပြင်းထန်သော အသက်စွမ်းအားများက ကိုယ်တွင်းအင်္ဂါများကို လှုံ့ဆော်ပေးလိုက်သည်။ သွေးကြောများ စတင်ပေါက်ဖွားလာ၏။ ၎င်းတို့က သေခြင်းတရားကို အတွင်းဘက်မှ အပြင်ဘက်သို့ မောင်းထုတ်လျက် သက်ရှိအသစ်တစ်ခုကို တည်ဆောက်ပေးနေသည်။
အလောင်းအတွင်းရှိ အဖြူအမည်း ဓာတ်ပုံများမှာ တဖြည်းဖြည်း အရောင်များ စတင်ရရှိလာလေသည်။ အရာအားလုံး အကောင်းဘက်သို့ ဦးတည်နေသည်ဟု ထင်ရချိန်တွင် အမျိုးသမီး၏ ဦးခေါင်းမှ တရှဲရှဲအသံများ ထွက်ပေါ်လာတော့သည်။ သူမ၏ ဆံပင်နက်များ ဖြူဖွေးလာပြီး ပါးစပ်က ပွင့်ဟလာသည်။သူမ၏ လည်ချောင်းထဲတွင် မတူညီသော ပါးစပ်ပေါင်းများစွာ ပေါက်ဖွားလာသကဲ့သို့ ကွဲပြားသော အသံမျိုးစုံ ထွက်ပေါ်လာသည်။
အမျိုးသမီး၏ အသိစိတ်မှာ ဓာတ်ပုံများအတွင်းနှင့် လီဆန်းစီ၏ မှတ်ဉာဏ်များအတွင်း၌သာ ကျန်ရှိနေပုံရသည်။ သူမသည် အားနည်းနေသဖြင့် ထိုကိုယ်အင်္ဂါများတွင် ပါရှိလာသော အသိစိတ်များကို မတွန်းလှန်နိုင်ပေ။ ဤအတိုင်း ဆက်သွားပါက အလောင်းမှ တခြားလူတစ်ယောက် ပြန်လည်မွေးဖွားလာပေလိမ့်မည်။
အသည်းအသန်ဖြစ်နေသော ကောင်းမင်သည် နည်းလမ်းမျိုးစုံကို စမ်းသပ်တော့သည်။ သူသည် ဦးစွာ သူ့လက်ကောက်ဝတ်ကို လှီး၍ အဖြူအမည်း ဓာတ်ပုံများကို ပူနွေးသော သူ့သွေးများဖြင့် တိုက်ကျွေးလိုက်သည်။ အရောင်ပါသော ဓာတ်ပုံအချို့က သွေးရောင် လွှမ်းသွား၏။ လီဆန်းစီ၏ ဆိုးယုတ်မှုသည် သူ၏ အောက်ဆုံးစည်းကို ကျော်လွန်သွားသကဲ့သို့ ကောင်းမင်အား အရူးတစ်ယောက်လို စတင်တိုက်ခိုက်လိုက်ပြီး အတူတူသေချင်နေလေသည်။
"ငါ မင်းကို ကူညီနေတာကွ၊ မင်းက သောက်တုံးလား"
သူက လျင်မြန်စွာ ရပ်တန့်လိုက်သော်လည်း သွေးများ စီးဝင်သွားပြီဖြစ်ရာ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ပြိုကွဲမည့်လက္ခဏာများ ပြသလာတော့သည်။ သူမ၏ အသက်စွမ်းအားက ပြင်းထန်လွန်းသော်လည်း သူမ၏ အသိစိတ်မှာမူ အလွန်အားနည်းနေသေးသည်။
အသေအချာ စဉ်းစားပြီးနောက် ကောင်းမင်သည် မှောင်ခိုဈေးကွက် ဂိုဒေါင်မှ ရရှိခဲ့သော ‘မျက်လုံးပုလင်း’ ကို ထုတ်ယူလိုက်သည်။ မျက်လုံးတစ်လုံးချင်းစီတွင် အမှောင်မြို့တော်ကြီးနှင့် မလိုက်ဖက်သည့် လှပသော အသိစိတ်များ ကိန်းအောင်းနေခြင်းဖြစ်သည်။
ကောင်းမင်သည် တားမြစ်ချက်များကို ချိုးဖောက်၍ ထိုမျက်လုံးများကို အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
ဘဝပန်းကြောင့် လှုံ့ဆော်ခံထားရသော သွေးကြောများသည် ချက်ချင်းပင် ထိုမျက်လုံးများဆီသို့ နွယ်ပင်များကဲ့သို့ တွားတက်သွားကြပြီး တားမြစ်နယ်မြေ၏ ရှုထောင့်မှပင် မမြင်တွေ့နိုင်သော အသိစိတ်စွမ်းအင်များ ပျံ့နှံ့သွား၏။
ပွင့်လန်းနေသော ဘဝပန်းပွင့်များအောက်တွင် မျက်လုံးများ ပွင့်လာကြသည်။ ကမ္ဘာကြီးနှင့် လူသားများအပေါ် ထားရှိသော ၎င်းတို့၏ မျှော်လင့်ချက်ပုံရိပ်များသည် အလောင်း၏ ဦးနှောက်ဆီသို့ စီးဝင်သွားပြီး သေခြင်းတရားများပြည့်နှက်နေသော စိတ်အာရုံထဲသို့ မျှော်လင့်ချက်နှင့် အရောင်အသွေးများကို သွန်းလောင်းပေးလိုက်တော့သည်။
ကောင်းမင်သည် သူ့ရှေ့မှောက်တွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံမိနေသည်။ လီဆန်းစီ၏ ဆိုးယုတ်မှုသည်လည်း ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းမှ စိတ်လှုပ်ရှားစွာဖြင့် ခုန်ထွက်လုမတတ် ဖြစ်နေသည်။ သူတို့သည် ပြန်လည်ရှင်သန်ခြင်းဟူသော အံ့ဖွယ်ဖြစ်ရပ်ကို အတူတကွ သက်သေခံနေကြခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများနှင့် စိတ်ဒဏ်ရာများ မှေးမှိန်သွား၏။ နာကျင်စရာ အတိတ်များကို ကုသပြီးနောက်တွင် အသက်စွမ်းအားများက ဆက်တိုက်တိုးထွက်လာသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူမ၏ အရိုးများက ရှည်ထွက်လာကာ တွန့်လိမ်နေသော အရေပြားပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ပေါ်ထွက်လာသည်။ ၎င်းမှာ အမှောင်ယဇ်ပလ္လင် သို့မဟုတ် သွေးမြို့တော်နှင့်မတူဘဲ တစ်ခါမှ မမြင်ဖူးသော နတ်ဘုရားအမှတ်အသားများပင် ဖြစ်သည်။