← Chapters

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉)ပဲပြာအရှင်၏ မူလဇစ်မြစ်

"မင်းက လုယန်လား"

ယင်ထန်က တည်ငြိမ်စွာမေးသည်။

"ယင်ယန်မသေမျိုးအရှင်က ကျုပ်ကိုလည်း သိနေတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ သူ့ကိုယ်သူပင် မိတ်မဆက်ရသေး။

"ခုနက ကောင်းကင်လျှပ်စီးကို လှည့်စားဖို့ မင်းနာမည်ပြောင်းလိုက်တာကို ငါစောင့်ကြည့်နေတာပါ။ နတ်ဝိညာဉ်အဆင့်နဲ့ ကံကြမ္မာကို လှည့်စားနိုင်တယ်ဆိုတာ ပါရမီထူးလို့ပါပဲ"

ထိုစကားကို လုယန်ဘယ်လိုတုံ့ပြန်ရမှန်းမသိ။ ယင်ထန်ပြောသည့်စကားအတိုင်း အသာမျှောလိုက်ရမလား။ သို့မဟုတ် သူသင်ထားသည့်ပညာသည် ကံကြမ္မာပြောင်းပညာမဟုတ်ဘဲ နာမည်ပြောင်းပညာပါဟုပြောရမလား သူမသိတော့။

ကံကောင်းထောက်မစွာဖြင့် နတ်မယ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ငါသေပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့လဲ"

ယင်ထန်မသေမျိုးအတွေးဝိညာဉ်များက ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။ အောင်းလင်းနှင့်နတ်မယ်ထက် သူပိုသိလိမ့်မည်။

"ငါတို့လေးယောက် အနာဂတ်မှာ မင်းသေမယ်ဆိုတာသိတော့ ဒါကိုကာကွယ်ဖို့ နည်းလမ်းစုံကြိုးစားခဲ့တယ်။ အချိန်မသေမျိုးက အချိန်အရိယဖလနဲ့ အနာဂတ်ကိုကြည့်တယ်။ ငါက သိစိတ်ဝိညာဉ်ခွဲပြီး ကောင်းကင်လျှပ်စီးကြားကနေ မင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်တယ်။ ကိုးဆနဲ့ချီလင်က ခြောက်ယောက်မြောက်မသေမျိုးကို ရှာတယ်။

မင်းမသေမီနေ့ကပဲ အချိန်မသေမျိုးက မင်းအနာဂတ်ကို ကြည့်ခဲ့သေးတယ်။ ဒါပေမယ့် သူမြင်တာက အနာဂတ်မှာ ဘာထူးခြားတာမှမဖြစ်ဘူး။ မင်းမသေခင် နာရီဝက်လောက်က မင်းအိမ်တော်ထဲကိုဝင်သွားတာ ငါကိုယ်တိုင်မြင်တယ်။ နောက်တော့ မင်းစွမ်းအင်ရောင် ရုတ်တရက် အပြင်းအထန်လှုပ်ရှားလာပြီး ချက်ချင်းပြန်ပျောက်သွားတယ်။

မင်းရဲ့ရုပ်ခန္ဓာ၊ ဝိညာဉ်၊ အရိယဖလ။ ဘာဆိုဘာမှမရှိတော့ဘူး။ သက်ရှိတိုင်းက မင်းအကြောင်းမေ့သွားတယ်"

နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ ထိုအဖြစ်ကို သူမမှတ်မိ။ ထိုအချိန်က သူတစ်ခုခုအမှားအယွင်းဖြစ်ခဲ့ခြင်းဖြစ်မည်။

"ငါတို့လေးယောက် မင်းအခြေအနေ မူမမှန်တာသိလို့ မြောက်ပိုင်းကြယ်ဆီ ချက်ချင်းပြေးလာပြီး နေရာတစ်ခုလုံးကို ပိတ်ဆိုတယ်။ သိပ်မကြာခင် မြောက်ပိုင်းကြယ်ကမ္ဘာထောင့်စွန်းမှာ မသေမျိုးတစ်ယောက်ကိုတွေ့တယ်။ မင်းအိမ်တော်ထဲမှာ ဘာတိုက်ပွဲသဲလွန်စမှမပေါ်အောင် သူဘယ်လိုတိတ်တိတ်ကလေး သတ်နိုင်ခဲ့သလဲမသိဘူး။ ငါတို့စောင့်ကြည့်မှုအောက်ကနေ သူဘယ်လိုလွတ်အောင်ရှောင်ခဲ့သလဲဆိုတာလည်း တွေးမရဘူး။

အဲဒီ့နောက် ကောင်းကင်တိုက်ပွဲကြီး စဖြစ်တယ်။ ဒီမသေမျိုးရဲ့ တိုက်ခိုက်စွမ်းရည်က ငါတို့ထင်ထားတာထက် အများကြီးသာနေတယ်။ ငါတို့လေးယောက်ကို သူတစ်ယောက်တည်း လက်ရည်တူယှဉ််နိုင်တယ်။

...အင်း...ပြောရရင် ဒီလိုစွမ်းအားမျိုးရှိမှလည်း သူမင်းကိုသတ်နိုင်မှာမဟုတ်လား။ အဲဒီ့မသေမျိုးက ငါတို့နဲ့ အသေအကြေမတိုက်ဘူး။ တိုက်ပွဲတစ်လျှောက်လုံး ဆက်တိုက်ထွက်ပြေးတယ်။ နောက်ဆုံးတော့ တကယ်လည်း သူလွတ်သွားတယ်။

သူထွက်မပြေးနိုင်အောင် ငါတို့လေးယောက် ကြယ်ကမ္ဘာတွေကို အလုံပိတ်တိုက်နယ်တွေအဖြစ်သန့်စင်ပြီး မသေမျိုးလေးယောက်တံဆိပ်နဲ့ချိတ်ပိတ်တယ်။ မင်းပြန်ရှင်သန်လာမှသာ ငါတို့ပူးပေါင်းစွမ်းအားနဲ့ ဒီတံဆိပ်ကို ချိုးဖျက်နိုင်မှာ"

ထိုကိစ္စအားလုံးသည် နတ်မယ်ကို ပြန်အသက်သွင်းစေရန် နောက်ကွယ်မှလုပ်ကြံသူကို ဖိအားပေးဖို့ဖြစ်သည်။

ထိုမသေမျိုးကလည်း ထိုအချက်ကိုသိသည်။ နတ်မယ်ကို ပြန်အသက်သွင်းဖို့ထက် အလုံပိတ်ကမ္ဘာထဲတွင်နေဖို့သာ ရွေးချယ်ခဲ့သည်။

"အဲဒီမသေမျိုးကတော့ မင်းကိုပြန်အသက်သွင်းမှာမဟုတ်ဘူးလေ။ ဒါကြောင့် မူလနည်းလမ်းအတိုင်း ယုံကြည်မှုစွမ်းအားကိုသုံးဖို့ ရွေးချယ်ခဲ့တယ်။ ငါတို့ လိမ်ဆင်ဖန်တီးခဲ့တဲ့ ဗုဒ္ဓဝါဒကို မင်းမှတ်မိသေးလား။ အဲဒါ ယုံကြည်မှုစွမ်းအားကိုအဓိကထားတဲ့ စမ်းသပ်ချက်ပဲ။

ဗုဒ္ဓဝါဒကို မင်းသိပ်အရေးမစိုက်ပေမယ့် ချင်ဟဲကတော့ တကယ်အလေးအနက်ထားတယ်။ မင်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကိုရောပေါ့။ ယုံကြည်မှုစွမ်းအားကို သူသေချာလေ့လာတယ်။ ငါတို့လေးယောက်ထက်တောင် ပိုနားလည်တယ်။

သူ့အမြင်အရ ယုံကြည်မှုစွမ်းအားနဲ့ ရုပ်ခန္ဓာတစ်ခု ဖန်တီးနိုင်တယ်တဲ့။ ပြောရရင်တော့ မင်းရဲ့ရုပ်ခန္ဓာကို ဖန်တီးဖို့ပေါ့။ ဒီတော့ ယုံကြည်မှုစွမ်းအားစုဆောင်းဖို့ ငါတို့လေးယောက် မီးနိုင်ငံကို တည်ထောင်ခဲ့တယ်။ မီးနိုင်ငံတည်ထောင်ပြီး နှစ်တစ်သောင်းကြာတော့ တော်ဝင်ရှီမျိုးနွယ်(ကောင်းကင်ဆန်းကြယ်ဂိုဏ်း၏ မူလအစမျိုးနွယ်)ကနေ ပါရမီတစ်ယောက် ထွက်လာတယ်။

အရိယဖလတစ်ခုတည်ဆောက်ပြီး မသေမျိုးဖြစ်လာတယ်။ သူ့တာအိုဘွဲ့နာမည်ကို 'တော်ဝင်သမိုင်းဆရာ'လို့ လူတွေခေါ်ကြတယ်။ သမိုင်းဆရာမသေမျိုးပေါ့။ သူ့အရိယဖလက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကြည့်နိုင်စွမ်းရှိတယ်။ ဒီတော့ လူသတ်မှုဖြစ်စဉ်ကို ပြန်ကြည့်ပေးဖို့ ငါသူ့ကိုတောင်းဆိုတယ်။ ဒါပေမယ့် သူဘာမှမမြင်ရဘူး"

"ရှောင်လင်းက ဒီအကြောင်းပြောပြပါတယ်"

"အောင်းလင်းနဲ့ တွေ့ပြီးပြီလား။ ဒါဆို အချိန်ကုန်သက်သာတာပေါ့။ ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲအကြောင်းလည်း သူပြောပြခဲ့တယ်မဟုတ်လား။ ကောင်းကင်ရုံးတော်ရဲ့ ယုံကြည်မှုစနစ်နဲ့ ရုပ်ခန္ဓာကိုတည်ဆောက်ပြီး ကိုးငရဲယုံကြည်မှုစနစ်နဲ့ ပြန်မွေးဖွားခြင်းအရိယဖလကို ဖန်တီးဖို့ပါ။ ပြန်မွေးဖွားခြင်းအရိယဖလစွမ်းအားနဲ့ သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်နိုင်ရင် မင်းကိုပြန်အသက်သွင်းနိုင်မယ်လေ"

"နေပါဦး၊ ကိုးငရဲစနစ်က ပြန်မွေးဖွားခြင်းအရိယဖလကို တည်ဆောက်နိုင်တယ်ပေါ့"

နတ်မယ် စကားဖြတ်မေးသည်။ အောင်းလင်းက သူ့ကို ထိုအကြောင်းမပြောခဲ့။

"အောင်းလင်းက မင်းကိုမပြောဘူးလား။ ...ဪ ဟုတ်သားပဲ။ မီးနိုင်ငံတည်ထောင်ပြီးလို့ နှစ်နှစ်သောင်းအကြာမှာ သူအိပ်စက်သွားတယ်။ အဲဒီ့အချိန်မှာ ကိုးငရဲဘုံက အပြည့်အဝမဖွံ့ဖြိုးသေးဘူး။ ပြန်မွေးဖွားခြင်းအရိယဖလ ပေါ်မလာသေးဘူး။ ဒီတော့ သူမသိတာမဆန်းလှပါဘူး။

နောက်ဆုံးတော့လည်း ကိုးငရဲက ပြန်မွေးဖွားခြင်းအရိယဖလသန္ဓေကိုပဲ ဖန်တီးနိုင်ခဲ့တယ်။ အရိယဖလအစစ်ကို မတည်ဆောက်နိုင်ခဲ့ပါဘူး"

ယင်ထန်က ကိုးငရဲတည်ထောင်ခဲ့သည့်အဖြစ်ကို ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချ၍ ခေါင်းခါသည်။

"ဒီအရိယဖလသန္ဓေကြောင့်ပဲ ပြဿနာကြီးတစ်ခုဖြစ်လာတယ်လေ"

"သေတဲ့လူကို ပြန်မမွေးဖွားနိုင်လို့လား"

နတ်မယ် စပ်စုလိုက်သည်။

ယင်ထန် ဆက်၍ခေါင်းခါနေသည်။

"အရိယဖလသန္ဓေက သေတဲ့လူကို တကယ်ပြန်မွေးဖွားနိုင်ပါတယ်။ မင်းကိုတကယ် ပြန်အသက်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ရှင်သန်လာတဲ့လူက မသေမျိုးအဆင့်မှာရှိခဲ့တဲ့ မင်းမဟုတ်ဘူး။ မသေမျိုးတစ်ဝက်အဆင့်က မင်းပါ"

လုယန် မျက်လုံးပြူးသွားသည်။ ပဲပြာအရှင် ဘယ်လိုဖြစ်တည်လာသည်ကို နားလည်လာသလိုရှိသည်။

နတ်မယ်သည် မသေမျိုးတစ်ဝက်အဆင့်တွင် အရိယဖလသန္ဓေနှစ်ခုရှိခဲ့သည်။ ဖျက်ဆီးခြင်းအရိယဖလသန္ဓေနှင့် ထာဝရအရိယဖလသန္ဓေ။

"ဒါဆို ခင်ဗျားတို့ ပြန်အသက်သွင်းခဲ့တဲ့လူက ပဲပြာအရှင်ပေါ့"

ယင်ထန်က နားမလည်ဟန်ဖြင့် လုယန်ကိုလှည့်ကြည့်သည်။

"ပဲပြာအရှင်ဆိုတာ ဘယ်သူလဲ"

ထာဝရနတ်မယ်၏ နာမည်အပြည့်အစုံကို ယင်ထန်မှတ်ဉာဏ်တွင် ယခုထိမသိသေး။

"ကိစ္စမရှိပါဘူး။ ဆက်ပြောပါ ယင်ထန်အရှင်"

"တစ်ချိန်က ဖျက်ဆီးခြင်းအရိယဖလသန္ဓေနဲ့ မသေမျိုးတစ်ဝက်အဆင့်ကို မင်းရောက်ခဲ့တယ်မဟုတ်လား။ နောက်မှ ဒီနည်းလမ်းနဲ့ စွမ်းအားအကြီးဆုံးမသေမျိုးအဖြစ်ကို မရနိုင်ဘူးလို့ အချိန်မသေမျိုးက မင်းကိုဖျောင်းဖျတယ်။ သဘာဝတာအိုနဲ့ပဲ အမြင့်ဆုံးမသေမျိုးအဖြစ်ကို ရနိုင်တယ်လို့ သူပြောတယ်။

ဒါကြောင့် မင်းကိုယ်မင်း ခွဲထုတ်ပြီး ဖျက်ဆီးခြင်းအရိယဖလသန္ဓေပိုင်တဲ့ ကိုယ်ခွဲကို မင်းသတ်လိုက်တယ်။ ကူးဖြတ်ခြင်းအဆင့်ကို ပြန်ဆင်းပြီး ထာဝရအရိယဖလသန္ဓေကို ပြန်တည်ဆောက်တယ်မဟုတ်လား။

ကိုးငရဲဘုံကနေ ပြန်မွေးဖွားလာတာက မင်းတစ်ချိန်ကသတ်ခဲ့တဲ့ကိုယ်ခွဲ ဖျက်ဆီးခြင်းအရိယဖလသန္ဓေပိုင်ရှင်ပဲ"

ပဲပြာအရှင် ဖြစ်တည်ပုံကို လုယန်နားလည်လာသည်။ သို့သော် နားမလည်သည့်အချက်တစ်ချို့ရှိသည်။

"ကျုပ်တစ်ခုမေးလို့ရမလား"

"မေးပါ"

ယင်ထန်မသေမျိုးက နတ်မယ်ကိုပြန်အသက်သွင်းခဲ့သည့် ဤလုယန်ကို အတော်ခင်မင်မိသည်။

"အဲဒီ့ဖျက်ဆီးခြင်းအရိယဖလသန္ဓေပိုင်ရှင်နတ်မယ်က မီးနိုင်ငံရဲ့ ကောင်းကင်ရုံးတော်သခင်နဲ့ အတူတူပဲလား"

"ဟုတ်တဲ့"

"အရှေ့ပင်လယ်မှာ ကျုပ်တို့သူ့ကို တွေ့ဖူးတယ်။ သူ့ဟန်ပန်အမူအရာက ဒီကနတ်မယ်နဲ့ နည်းနည်းကွဲပြားတယ်။ အတော်အေးစက်ပြီး အထက်စီးဆန်တယ်။ သူ့ကိုပြန်အသက်သွင်းတုန်းက တစ်ခုခုအမှားအယွင်းဖြစ်ခဲ့သေးလား"

အရှေ့ပင်လယ်တွင် ခဏတာတွေ့ခဲ့သည့် ပဲပြာအရှင်သည် သွေးအေးပြတ်သားသည်။ တည်ငြိမ်သည်။ လက်ရှိနတ်မယ်နှင့် လုံးဝကွဲပြားသည်။

လုယန်မေးသည့်မေးခွန်းကို ယင်ထန် နားမလည်။

"အေးစက်ပြီး အထက်စီးဆန်တယ်ဆိုတာ ပုံမှန်ပဲမဟုတ်လား။ သူအရင်က အဲလိုပဲလေ"

"အဲ..."

***********************************

အခန်း (၈၉၀) ကလေးစိတ်နှလုံး

"မင်းမသိဘူးလား။ နတ်မယ်ရဲ့ပုံစံဟာ အရင်က အခုလိုမဟုတ်ဘူး။ ငါနဲ့ချီလင်အခြေတည်အဆင့်မှာ သူကရွှေသန္ဓေအဆင့်နဲ့ အနိုင်ယူခဲ့တဲ့အချိန်ကို မှတ်မိသေးတယ်။ အေးစက်စက်မျက်နှာနဲ့ သူပြောတယ်။ 'ပါရမီရှင်'လို့ ပြောနေကြတဲ့လူတွေဟာ ဒီလောက်လည်းမဟုတ်ပါဘူးတဲ့။

အဲဒီတုန်းက သူပြောတဲ့ပုံစံကို အရမ်းမိုက်တယ်လို့ ငါတွေးခဲ့တာ။ အဲလိုပုံစံဖြစ်အောင် ခဏခဏကြိုးစားလေ့ကျင့်ခဲ့တယ်"

နှစ်လေးသိန်းကျော်မှ ဖြစ်ရပ်များဆီ ယင်ထန်အတွေးပြန်ရောက်သွားသည်။ ဝါးတောတစ်ခုတွင် သူနှင့်ချီလင်တို့ မြေပေါ်တွင်လဲကျနသည်။ နတ်မယ်က အစိမ်းရောင်ဝတ်၍ ဝါးခမောက်ဆောင်းထားသည်။ မျက်နှာထားက အေးစက်တင်းမာသည်။ သက်ရှိအားလုံးကို ထီမထင်သည့် မျက်လုံးမျိုးရှိသည်။

စွမ်းအားရှင်အစစ်တစ်ယောက်သည် ထိုသို့ပင်ဖြစ်ရမည်ဟု ယင်ထန်တွေးခဲ့သည်။

"ထာဝရနတ်မယ်က ပြိုင်ဘက်ကင်းစွမ်းအားနဲ့ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေ စိန်ခေါ်တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းသန္ဓေကို တည်ဆောက်ခဲ့တယ်။ ပြီးတော့ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နဲ့ လောကထဲလှည့်လည်ခဲ့တယ်။ စိန်ခေါ်သူအားလုံးကို အနိုင်ယူပြီး နာမည်ကျော်ခဲ့တယ်။

အဲဒီတုန်းက သူ့ကိုမြင်တာနဲ့ လူတိုင်းကြောက်ဒူးတုန်ကြတယ်"

ယင်ထန်ပြောသည့်မြင်ကွင်းကို လုယန်စိတ်ကူးကြည့်သည်။ နတ်မယ်က အခြေတည်အဆင့်ဖြင့် ရွှေသန္ဓေအဆင့်များစွာကို စိန်ခေါ်တိုက်ခိုက်မည်။ လူအများရှေ့မှာပင် ပြိုင်ဘက်ကင်းသန္ဓေဖန်တီး၍ ရန်သူအားလုံးကို အနိုင်ယူသည်။ ဝင့်ကြွားသည့်ခြေလှမ်းဖြင့် လျှောက်ခဲ့သည်။

တကယ့်အလန်းစားပုံစံဖြစ်သည်။

"နောက်ပိုင်း သတ်ဖြတ်ခြင်းအရိယဖလသန္ဓေကိုယ်ပွားကို သူခွဲထုတ်ပြီးသတ်လိုက်တယ်။ အချိန်မသေမျိုးရဲ့ပေးတဲ့ အကြံအတိုင်း ကလေးစိတ်နှလုံးကို ပြန်ရှာဖွေတယ်"

ယင်ထန်မသေမျိုး တောင့်တသည့်မျက်လုံးမျိုးဖြင့် မော့ကြည့်လာသည်။

"သူ့ပုံစံကို ငါတို့အားလုံး အားကျခဲ့ကြတာ။ သူ့မျိုးနွယ်ဒီလိုကြုံခဲ့တာတောင် ကလေးတစ်ယောက်ရဲ့ စိတ်နှလုံးမျိုး၊ သူ့မူလပုံစံမျိုးကို ပြန်ပြောင်းပြီး သဘာဝတာအိုနဲ့ မသေမျိုးဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီနေ့ သူဒီလိုမျိုးဖြစ်လာတာ"

မျိုးနွယ်တွင်ကြုံခဲ့သည့်ကိစ္စ...

ထိုစကားကို လုယန်ပြန်တွေးနေသည်။ နတ်မယ်သည် မျိုးနွယ်ငယ်လေးတစ်ခုတွင် မွေးဖွားခဲ့ကြောင့် လူနှင့်သားရဲတိုက်ပွဲတစ်ခုကြောင့် ထိုမျိုးနွယ်ပျက်စီးခဲ့ကြောင့် နတ်မယ်တစ်ခါကပြောဖူးသည်။

ထိုအဖြစ်ကို ပြောပြစဉ်က နတ်မယ်တကယ်ဝမ်းနည်းနေသည်ကြောင့် သူရိပ်မိသည်။ ထို့ကြောင့် သူထပ်မမေးခဲ့။

နတ်မယ်၏ မူလစရိုက်က ယခုလက်ရှိပုံစံမျိုးဖြစ်ကြောင်း ယင်ထန်ပြောမှသိရသည်။ သူ့မျိုးနွယ်အသတ်ခံရပြီးနောက် အေးစက်တင်းမာသည့်စရိုက်မျိုး ပြောင်းလဲခဲ့ခြင်းဖြစ်မည်။

ထိုသို့ဖြစ်သည်မှာလည်း မဆန်းလှ။ ကိုယ့်မျိုးနွယ်တစ်ခုလုံး အဖြစ်ဆိုးကြုံပြီးနောက် ပျော်ပျော်နေနိုင်သည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။

နတ်မယ်၏ မူလစရိုက်သည် ရိုးသားပြီးစိတ်ကူးယဉ်ဆန်သူ ဖြစ်လိမ့်မည်။ မျိုးနွယ်ဖျက်ဆီးခံရပြီးနောက် အေးစက်တင်းမာလာမည်။ ဖျက်ဆီးခြင်းအရိယဖလသန္ဓေတည်ဆောက်မည်။ ထို့နောက် အချိန်မသေမျိုး၏ လမ်းညွှန်မှုကြောင့် သူ့အတိတ်ကို စွန့်လွှတ်ပြီး မူလပုံစံအစစ်ဖြင့် မသေမျိုးအဆင့်ကို ရယူသည်။

"ဒါပေမယ့် သေချာရဲ့လား ယင်ထန်အရှင်။ နတ်မယ်က ခင်ဗျားတို့နှစ်ယောက်ကို အနိုင်ယူတုန်းက တကယ်အေးစက်စက်ပုံစံလား"

...နတ်မယ်၊ ခင်‌ဗျားက ရွှေသန္ဓေအဆင့်ဖြစ်တာ‌တောင် 'လာမနှောက်ယှက်နဲ့'ဆိုတဲ့ အထာမျိုးနဲ့ ကိုယ့်ထက်အဆင့်နိမ့်တဲ့နှစ်ယောက်ကို တိုက်ခိုက်တယ်ပေါ့...

တွေးလေလေ ထူးဆန်းသည်ဟု မြင်လာလေဖြစ်သည်။

ယင်ထန်က အတိတ်အကြောင်းများ ပြန်ပြောနေသဖြင့် နတ်မယ် ရှက်သွေးဖြာပြီး သူ့ခြေထောက်သူငုံ့ကြည့်၍ ခြေမနှစ်ချောင်းကို ပွတ်နေခဲ့သည်။ လုယန်၏လက်ရှိအမူအရာကို ကြည့်ဖို့ရှက်နေခဲ့သည်။

သို့သော်ယခု လုယန်၏မေးခွန်းကြောင့် ချက်ချင်းခေါင်းထောင်လာပြီး လုယန်လက်မောင်းကိုပုတ်သည်။

"ငါမျက်နှာထားက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။ သူတို့ကငါ့ကို အရင်စိန်ခေါ်တာလေ။ ပြိုင်ဘက်ပေါ်လာရင် တိုက်ပွဲကို ရှောင်လို့ဘယ်ရမလဲ။ ပြီးတော့ အဲဒီတုန်းက သူတို့နှစ်ယောက်လုံးကလည်း အခြေတည်အဆင့်စွမ်းအားနဲ့ ရွှေသန္ဓေအဆင့်ကျင့်ကြံသူတွေကို အနိုင်ယူနိုင်စွမ်းရှိတဲ့လူတွေပဲ။

ဒီတော့ ငါသူတို့နှစ်ယောက်ကို ရွှေသန္ဓေအဆင့်နဲ့တိုက်ခိုက်ရတာ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ရသလိုပဲ မဟုတ်လား။ စဉ်းစားကြည့်ရင် ငါ့ဘက်ကတောင် နစ်နာသေးတယ်"

လုယန် "..."

ဒါဆို သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်တာ ဂုဏ်ယူစရာကိစ္စလို့ ခင်ဗျားတကယ်တွေးနေတယ်ပေါ့...

လုယန် နောက်ထပ်ဆက်မေးသည်။

"တစ်ခုတော့ မဟုတ်သေးဘူးထင်တယ်။ ပဲပြာအရှင်က မီးနိုင်ငံကို ဖျက်ဆီးခဲ့တာမဟုတ်လား။ အတိတ်ကနတ်မယ်တောင် ဒီလိုလုပ်ရပ်မျိုးကို မလုပ်လောက်ဘူး"

ရှေးဟောင်းခေတ်သည် အပြိုင်အဆိုင်ကြမ်းတမ်းသော်လည်း နတ်မယ်သည် ယင်ထန်နှင့်ချီလင်တို့ကို အသေမသတ်ခဲ့။

အထူးသဖြင့် ချီလင်မသေမျိုးသည် သဘာဝအတိုင်းမွေးဖွားလာသည့် ချီလင်ဖြစ်သည်။ သူ့တန်ဖိုးကို ဘယ်ရတနာနှင့်မှ နှိုင်းယှဉ်၍မရ။ သို့တိုင်အောင် နတ်မယ်က အသေမသတ်ခဲ့။

ပဲပြာအရှင်သာဆိုလျှင် နှစ်ယောက်လုံးကို အရင်ကတည်းက အပြတ်ရှင်းခဲ့လောက်သည်။

လုယန်စကားကြောင့် 'ပဲပြာအရှင်'ဆိုသည်မှာ မီးနိုင်ငံ၏ကောင်းကင်ရုံးတော်သခင်ကို ဆိုလိုကြောင်း ယင်ထန် နားလည်လာသည်။

"ဟုတ်တယ်။ ထူးဆန်းနေတာက အဲဒါပဲ။ အရင်က ထာဝရနတ်မယ်ဟာ အေးစက်တင်းမာပေမယ့် သူ့လုပ်ရပ်တွေက အစွန်းမရောက်ဘူး။ အမြဲတမ်း အထိန်းအကွပ်ရှိတယ်။ ငါတို့လေးယောက်လည်း အဲဒီလိုပဲယုံကြည်တယ်။ ဖျက်ဆီးခြင်းအရိယဖလသန္ဓေအဆင့်နဲ့ ပြန်မွေးဖွားလာတဲ့အချိန်မှာ ပြဿနာကအဲလောက်မကြီးသေးဘူး။

သူပြန်ရှင်သန်လာတော့ သူ့နာမည်သူမမှတ်မိဘူး။ ဘာကြောင့်ဒီလိုဖြစ်လာတယ်ဆိုတာတော့ မသိဘူး။ သူပြန်ရှင်သန်လာတဲ့အချိန်မှာ မသေမျိုးအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ။ သူ့ရုပ်ခန္ဓာကိုရတာနဲ့ မသေမျိုးကောင်းကင်လျှပ်စီးကို ချက်ချင်းဆင့်ခေါ်တယ်။ ဖျက်ဆီးခြင်းအရိယဖလအစစ်ကို သက်သေပြခဲ့တယ်။

ဒါပေမယ့် မသေမျိုးအဆင့်တက်ပြီးတော့ သူ့စရိုက်မှန်ပေါ်လာတယ်။ အစုအပြုံလိုက် စပြီးသတ်ဖြတ်တယ်။ မီးနိုင်ငံတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားတယ်။ အစပိုင်းမှာ သူ့စွမ်းအားက သာမန်ပဲ။ ဒါပေမယ့် လူပိုသတ်လေ သူ့စွမ်းအားပိုတိုးလေဖြစ်လာတယ်။ အမှန်တော့ သူ့စွမ်းအားတိုးလာချိန်မှာတောင် ငါတို့လေးယောက်နဲ့ သမိုင်းမသေမျိုးတို့ ပူးပေါင်းတိုက်ခိုက်ရင် သူ့ကိုနှိပ်ကွပ်နိုင်ပါသေးတယ်"

ယင်ထန် စကားခဏရပ်သည်။ ထို့နောက် အလေးအနက်လေသံဖြင့်ပြောသည်။

"ဒါပေမယ့် အဲဒီ့အချိန်မှာ အချိန်မသေမျိုး သေသွားတယ်လေ"

ဓာတ်ငါးမျိုးဂိုဏ်းအောက်မှ လောကသစ်ပင်ကို လုယန်တို့နှစ်ယောက် မှတ်မိသည်။ အချိန်မသေမျိုးသည် တစ်ချိန်က မဟာတိုက်ပွဲကြီးတစ်ခု နွှဲခဲ့ရသည့် လက္ခဏာဖြစ်သည်။

"သူဘယ်လိုသေသွားတာလဲ"

နတ်မယ်က ချက်ချင်းမေးသည်။

အချိန်မသေမျိုးသည် ထာဝရနတ်မယ်ပြီးလျှင် သတ်ရအခက်ဆုံးလူဖြစ်သည်။ အချိန်အရိယဖလကို ပိုင်ဆိုင်ထားသည်။ အချိန်ကို ပြောင်းပြန်လှန်နိုင်သည်။ အနာဂတ်ကို ကြိုမြင်တိုင်သည်။ သူ့ကိုဘယ်လိုသတ်မည်နည်း။

ယင်ထန် ခေါင်းခါသည်။

"မသိဘူး။ အဲဒီ့တုန်းက ကောင်းကင်ရုံးတော်သခင် စပြီးပုန်ကန်နေပြီ။ ငါလည်း သူသတ်မယ့်လူစာရင်းထဲမှာပါတယ်။ အခြေအနေမကောင်းလို့ ငါပုန်းနေရတယ်။ အချိန်မသေမျိုးရဲ့တိုက်ပွဲအကြောင်း သိပ်မသိဘူး။

ဒါပေမယ့် အချိန်မသေမျိုးကိုသတ်နိုင်တဲ့လူဟာ အမြဲတမ်းပုန်းအောင်းနေတဲ့ နောက်ကွယ်က မသေမျိုးပဲဖြစ်မယ်ထင်တယ်။ အချိန်မသေမျိုးသေသွားတဲ့နောက်ပိုင်း ကျန်တဲ့ငါတို့လေးယောက် ထပ်မပူးပေါင်းဖြစ်တော့ဘူး။ ကိုယ့်တိုက်ပွဲကိုယ် ရင်ဆိုင်ကြတယ်။

အခု မင်းတို့လည်း သိပြီးလောက်ပြီ။ မီးနိုင်ငံက ဖျက်ဆီးခံလိုက်ရတယ်လေ။ ငါ့မူလခန္ဓာကနေတစ်ဆင့် ကောင်းကင်ရုံးတော်သခင် ခြေရာမခံနိုင်အောင် ငါ့ခန္ဓာနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်။ ကောင်းကင်လျှပ်စီးကို အကာအကွယ်အဖြစ်သုံးပြီး ကြောင်းကျိုးဆက်စပ်မှုစွမ်းအားနဲ့ ရှာမတွေ့နိုင်အောင် ငါပုန်းနေခဲ့တာ။

ကျင့်ကြံသူတွေ ကောင်းကင်လျှပ်စီးဖြတ်ကျော်တဲ့အချိန်မှသာ သူတို့အတွင်းနတ်ဆိုးကနေတစ်ဆင့် အပြင်လောကမှာ ဘာအပြောင်းအလဲတွေဖြစ်နေပြီလဲဆိုပြီး ငါခန့်မှန်းသုံးသပ်နေခဲ့တာ ဒီနေ့အထိပါပဲ"

"အချိန်မသေမျိုးက တကယ်သေသွားပြီလား"

နတ်မယ် မယုံချင်သေး။ သူလည်း ပြန်ရှင်သန်နိုင်သည့် နည်းလမ်းတစ်ခုရှိသည်။ အချိန်မသေမျိုးလည်း သူ့ကိုယ်ပိုင်နည်းလမ်းတစ်ခု ရှိပေလိမ့်မည်။

ယင်ထန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့် ပြန်ပြောသည်။

"သေချင်မှလည်း သေဦးမှာပါ။ ငါသိသလောက်တော့ အဲဒီ့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးငရဲမှာ တည်ဆောက်ခဲ့တဲ့ ပြန်မွေးဖွားခြင်းအရိယဖလသန္ဓေလည်း ပျောက်သွားတယ်။ သူသေရင်တောင် ဒီသန္ဓေစွမ်းအားသုံးပြီး လူဝင်စားဘဝနဲ့ ပြန်မွေးဖွားလို့ရနိုင်တာပဲ"

လုယန်ရော နတ်မယ်ပါ အံ့အားသင့်သွားကြသည်။

ပြန်မွေးဖွားခြင်းအရိယဖလသန္ဓေ ပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ယောက်ကို သူတို့တကယ်သိထားသည်။

(**လီဟော်ရန်ကို ဆိုလိုပါသည်။ လူဝင်စားတစ်ယောက်ဖြစ်၍ တစ်ချိန်က ပြန်မွေးဖွားခြင်းအရိယဖလသန္ဓေပိုင်ရှင် မသေမျိုးတစ်ဝက်အဆင့် ဖြစ်ခဲ့လိမ့်မည်ဟု သူတို့ခန့်မှန်းထားကြသည်။ လီဟော်ရန်သည် ကိုးဘဝမြောက်လူဝင်စားဖြစ်သည်။ ပထမဆုံးဘဝအကြောင်းကို သူမမှတ်မိသေး)

***********************************

အခန်း (၈၉၁) ဝိညာဉ်ပြောင်းအဆင့်တက်ခြင်း

သူတို့သုံးယောက် စကားပြောနေစဉ် သိစိတ်နယ်မြေ၏ အက်ကြောင်းတစ်ခုပွင့်လာသည်။ လက်ကောက်ဝတ်တွင် ရွှေခေါင်းလောင်းငယ်များ ကြိုးသီ၍ဝတ်ထားသည့် ဝတ်စုံဖြူမိန်းမတစ်ယောက် မျက်နှာတင်းတင်းဖြင့် ဝင်လာသည်။

"အမယွမ်ဘယ်လိုရောက်လာတာလဲ"

ယွမ်ကျိကိုမြင်သည်နှင့် လုယန်ပျော်သွားသည်။

"အပြင်ဘက်ကနေ ငါကြည့်နေတာ။ နှလုံးနတ်ဆိုးစမ်းသပ်ချက်ထဲ မင်းပိတ်မိနေတာတွေ့လို့ ငါလာကြည့်တာ။ မင်းဒုက္ခနည်းနည်းကြုံခဲ့ပုံပဲ"

ထို့နောက် ယွမ်ကျိက တစ်ဦးတည်းသောလူစိမ်းကို လှမ်းကြည့်သည်။

"ရှင်ကဘယ်သူလဲ"

အင်အားကြီးရန်သူတစ်ယောက်ကို တွေ့လိုက်ရသလို ယင်ထန်ခံစားရသည်။ သူ့ထက်စွမ်းအင်ရောင်ပြင်းထန်သူကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

ယင်ထန်မသေမျိုး၏ စွမ်းအင်ရောင် ရုတ်တရက်ပြောင်းလဲသွားသည်။ မခန့်မှန်းနိုင်လောက်အောင် မြင့်တက်လာသည်။ အဆုံးစမဲ့ခေတ်ကာလနှင့် သေမျိုးလောကဆင်းရဲကြားမှ ဖြတ်သန်းရောက်ရှိလာသလို ထင်ရသည်။

လက်နှစ်ဘက်ကို ဟန်ပါပါဝင့်၍ နောက်ပစ်လိုက်သည်။ ယွမ်ကျိမျက်လုံးကို စိုက်ကြည့်သည်။

"ငါ့နာမည် ယင်ထန်မသေမျိုးပါ။ ကောင်းကင်ဆင်းရဲဖြတ်တုန်းက တာအိုရှင်ယွမ်ကျိကို ကျုပ်မြင်ဖူးပါတယ်"

"ဪ...ရှေးဟောင်းခေတ် မသေမျိုးငါးယောက်ထဲက ယင်ထန်မသေမျိုးရဲ့ သိစိတ်ဝိညာဉ်အကြွင်းအကျန်တစ်ခု ကောင်းကင်လျှပ်စီးထဲမှာ ပုန်းကွယ်နေတယ်ပေါ့။ ရှင့်အစီအစဉ်တွေတွေက သူ့ကောင်းကွက်နဲ့သူ တကယ်ရှိပါတယ်"

ယင်ထန် အံ့အားသင့်သွားသည်။ တကယ်စွမ်းအားမြင့်သူပီသသည်။ သူ့သရုပ်မှန်ကို ချက်ချင်းတန်းသိသည်။ ဝိညာဉ်အကြွင်းအကျန်တစ်စက သူနှင့်တန်းတူဆက်ဆံခွင့်မရှိကြောင်း တန်းတူဆက်ဆံလိုလျှင် မူလခန္ဓာဖြင့်လာသင့်ကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။

"တာအိုမိတ်ဆွေက ငါ့ကိုချီးကျူးလွန်းနေပါပြီ။ အနာဂတ်မျိုးဆက်တွေမှာ မိတ်ဆွေလိုပါရမီရှင်မျိုး ပေါ်လာမယ်လို့ ထင်မထားခဲ့ဘူး။ လူငယ်မျိုးဆက်တွေကဟာ တကယ်အံ့ဩစရာပါပဲ"

ယင်ထန်စိတ်ထဲ လှောင်ပြုံးကျိတ်ပြုံးနေသည်။ ယွမ်ကျိသည် နောက်ပိုင်းမျိုးဆက်ဖြစ်ကြောင်း တမင်အလေးပေးပြော၍ ဝါစဉ်မြင့်သူနေရာသို့ ယူလိုက်ခြင်းဖြစ်သည်။ ယွမ်ကျိ ဘယ်လိုတုံ့ပြန်မည်ကို သူစောင့်ကြည့်နေသည်။

"ပါရမီဆိုတာ ဘာမှသိပ်အရေးမပါပါဘူး"

ယွမ်ကျိလေသံက အတက်အကျမရှိ။ အသေးအဖွဲကိစ္စတစ်ခုကို ပြောနေပုံမျိုးဖြစ်သည်။

ယင်ထန် "..."

ထိုစကားကို သူဘယ်လို တုံ့ပြန်ရမည်နည်း။

သို့သော် ကြာကြာစဉ်းစားစရာမလိုတော့ပါ။ လုယန်တို့ကြည့်နေစဉ်မှာပင် ယန်ထန်၏သဏ္ဌာန်က တဖြေးဖြေးမှေးမှိန်လာသည်။ သူ့နောက်ဘက်မှအရာများ ထိုးဖောက်မြင်လာရသည်။

"ယင်ထန်၊ ဒီသိစိတ်ဝိညာဉ်က စွမ်းအင်ကုန်တော့မှာလား"

ပျောက်ကွယ်ခါနီးပြီဖြစ်၍ သူဆက်ပြီးလေရှည်နေစရာမလိုတော့။ လက်နှစ်ချောင်းအတူပူး၍ နားထင်ကိုထောက်၍ ဖြတ်ခနဲခါထုတ်ရင်း ရယ်‌မော၍ပြောသည်။

"ကဲ...အခု ငါသွားတော့မယ်။ ငါ့မူလခန္ဓာအစစ် ဘယ်ရောက်နေမှန်းတော့မသိဘူး။ ဒါပေမယ့် မင်းတို့ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်"

သိပ်မကြာမီ ယင်ထန်မသေမျိုးအသွင် လုံးဝပျောက်သွားသည်။

ယွမ်ကျိက အင်ပါယာထိုင်ခုံသုံးခုထုတ်၍ လုယန်နှင့်နတ်မယ်ကို ထင်ဖို့အချက်ပြသည်။ သူ့ကိုယ်ပိုင်သိစိတ်နယ်မြေတွင် ဧည့်ခံနေသယောင်ထင်ရသည်။

"ယင်ထန်ရဲ့ဝိညာဉ်က ဘာလို့ဒီကိုရောက်လာတာလဲ"

လုယန်နှင့်နတ်မယ် အမှန်အတိုင်းရှင်းပြလိုက်သည်။ ပြန်ဝင်စားခြင်းအရိယဖလသန္ဓေအကြောင်း ပြောပြသည်။

ယွမ်ကျိမျက်လုံးတွင် ကရုဏာရိပ် နည်းနည်းပေါ်လာသည်။

"ဒါဆို မောင်လေးလီဟော်ရန်က အချိန်မသေမျိုးဝင်စားတဲ့သဘောပေါ့"

ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။

"ဒါနဲ့ ပဲပြာမသေမျိုးက ဘာလို့စရိုက်ပြောင်းသွားတယ်ထင်လဲ။ မူလနတ်မယ်ရဲ့ရိုက်နဲ့ ဘာလို့ကွဲပြားသွားတာလဲ။ ဘာလို့ မီးနိုင်ငံကို သူဖျက်ဆီးချင်ရတာလဲ"

လုယန်က သုံးသပ်သည်။

"ယင်ထန်အရှင်ပြောပုံအရဆို ပဲပြာအရှင်က လူပိုသတ်လေ အင်အားကြီးလေ ဖြစ်လာတယ်။ ရှေးဟောင်းမသေမျိုးလေးယောက် သူ့ကိုအနိုင်မယူနိုင်တဲ့အဆင့်ထိ ရောက်လာတယ်"

"ဒါဆို သူဘာလို့လူသတ်လေ အင်အားကြီးလေဖြစ်လာတယ်ထင်လဲ။ ဒါက ဖျက်ဆီးခြင်းအရိယဖလရဲ့ စရိုက်သဘာဝလို့ထင်လား"

လုယန် ခေါင်းခါသည်။

"ဒါက ဖျက်ဆီးခြင်းအရိယဖလလက္ခဏာ ဟုတ်မဟုတ်တော့ မသိဘူး။ သေချာတာကတော့ လူသတ်တိုင်း သူစွမ်းအားကြီးလာတာတော့ မဖြစ်နိုင်ဘူး။ အဲလိုသာဆို မီးနိုင်ငံကျဆုံးပြီးကတည်း နှစ်သုံးသိန်းအတွင်းမှာ လောကကြီးကို သူဖျက်ဆီးခဲ့မှာပေါ့။

သူ့အကြောင်းသိတဲ့လူတွေကိုပဲ သတ်ချင်တာလို့ ကျုပ်ယူဆတယ်။ မီးနိုင်ငံပြည်သူအားလုံးက သူ့ကိုသိနေလို့ အဲဒီ့လူတွေကိုသတ်ရင်း သူပိုစွမ်းအားကြီးလားတာဖြစ်မယ်"

လုယန်သုံးသပ်ချက်ကို ယွမ်ကျိကျေနပ်သွားသည်။

"ဟုတ်တယ်၊ ငါလည်းအဲလိုပဲတွေးတယ်"

"သူဘာလို့ စွမ်းအားကြီးဖို့ ဒီလောက်စိတ်အားထက်သန်နေတာလဲ၊ ဘာလို့နတ်မယ်ရဲ့စရိုက်နဲ့ ကွဲလွဲနေတာလဲဆိုတာပဲ နားမလည်။ ဒါဟာ ယုံကြည်မှုစွမ်းအားနဲ့ ပတ်သက်မယ်ထင်တယ်"

"ဆက်ပြောပါဦး"

"ယုံကြည်မှုစွမ်းအားအကြောင်း ကျုပ်မသိဘူး။ ဒါပေမယ့် အရှေ့ပင်လယ်က ဖန်လိုင်ကျွန်းသခင်အဖြစ်ကိုကြည့်ရင် သဲလွန်စနည်းနည်းတော့ သိရတယ်။ ယုံကြည်မှုစွမ်းအားဆိုတာ အသွားနှစ်ဘက်ပါတဲ့ဓားလိုပဲ။ လူတစ်ယောက်ကို စွမ်းအားတိုးစေသလို သူ့စိတ်ကိုလည်း ထိန်းချုပ်နိုင်တယ်။

ပဲပြာအရှင်ရဲ့ရုပ်ခန္ဓာကို ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက်ထားတာ။ ရှေးခေတ်မသေမျိုးလေးယောက်ရဲ့ ယုံကြည်မှုလည်း သေချာပေါက်ပါနေမှာပဲ။ သူတို့ယုံကြည်ချက်က နတ်မယ်ကို ပြန်အသက်သွင်းရုံတင်မဟုတ်ဘူး။ နတ်မယ်ပြန်ရှင်သန်လာရင် သူတို့အတူပူးပေါင်းပြီး မူလလုပ်ကြံသူကို သတ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်းပါနေတာကို မသေမျိုးလေးယောက်ကိုယ်တိုင် သတိမထားမိတာဖြစ်မယ်ထင်တယ်"

နတ်မယ်ကိုပြန်အသက်သွင်းနိုင်လျင်ပင် ထိုရန်ကြွေးကို မရှင်း၍မဖြစ်။

"ဒီအတွေးလမ်းကြောင်းအတိုင်း စဉ်းစားရင် ပဲပြာအရှင်ဟာ နတ်မယ်ရဲ့အေးစက်တဲ့စရိုက်ထက်ပိုမြင့်တဲ့ အဆင့်တစ်ခုကိုရောက်သွားပြီး သူစွမ်းအားတိုးဖို့အတွက် ဘာမှအထိန်းအကွပ်မထားတဲ့အဖြစ်မျိုး ရောက်လာတာဖြစ်မယ်"

"ငါလည်း မင်းလိုပဲတွေးပါတယ်။ ဒါပေမယ့် မင်းအချက်တစ်ချက်တော့ မစဉ်းစားမိဘူး"

"ဘာကိုလဲ"

"ယုံကြည်မှုစွမ်းအားနဲ့ အင်အားကြီးတိုးချင်တဲ့ သူ့စိတ်အတွေးဟာ ရှေးခေတ်မသေမျိုး‌လေးယောက်ရဲ့ မျှော်လင့်ချက်ကြောင့်တင် မကလောက်ဘူး။ ဟိုလူသတ်သမားနဲ့လည်း ဆိုင်လောက်တယ်"

လုယန် အံ့အားသင့်သွားသည်။ မှန်သည်။ ထိုအချက်ကို သူဘာကြောင့်မစဉ်းစားမိသည်မသိ။ နှစ်တစ်သိန်းကျော်ကြာအောင် လူသတ်သမားက မသေမျိုးလေးယောက် နတ်မယ်အားအသက်သွင်းဖို့ ကြိုးစားသည်ကို အရေးမစိုက်ဘဲ ထိုင်ကြည့်နေခဲ့မည်လော...

သေချာပေါက် တစ်ခုခုတော့ လှုပ်ရှားခဲ့လိမ့်မည်။

"လောလောဆယ် ဒီအကြောင်းထားပါတော့။ မင်းကအခု ကောင်းကင်ဆင်းရဲဖြတ်နေတုန်းပဲရှိသေးတယ်လေ။ အပြီးသတ်ဖို့ တစ်ဆင့်ကျန်သေးတယ်"

ယွမ်ကျိထရပ်လိုက်သည်။ ထိုင်ခုံသုံးခုကို ပြန်ပျောက်ကွယ်သွားသည်။

ယွမ်ကျိသတိပေးမှ လုယန်လည်း ကိုယ့်အဖြစ်ကိုယ် ပြန်သတိရလာသည်။

အရှေးကြီးဆုံးဖြစ်သည် ခန္ဓာကိုယ်သန့်စင်၍ အသွင်ပြောင်းသည့်အဆင့်ကို မစတင်ရသေး။

"အကိုလုယန်ရဲ့ နှလုံးစမ်းသပ်ချက်က မပြီးသေးဘူးလား"

ထောင်ယော်ယဲ့ လေထဲတွင်လွင့်မျောနေဆဲဖြစ်သည့် လုယန်ဆီ စိုးရိမ်တကြီး လှမ်းကြည့်နေသည်။

"ဟေ့...ကြည့်ဦး။ လှုပ်လာပြီ။ အကိုလုယန် လှုပ်လာပြီ"

ဂိုဏ်တးပည့်တစ်ယောက်က လုယန်လက်ချောင်းများ လှုပ်လာသည်ကို သတိထားမိသည်။ နှလုံးနတ်ဆိုးစမ်းသပ်ချက် ပြီးဆုံးသွားသည့်သဘောဖြစ်သည်။

မှန်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် လွင့်‌မျောနေသည့်လုယန် မျက်လုံးပွင့်လာသည်။ သူ့ဟန်ပန်က အရင်နှင့်လုံးဝမတူတော့။

အစောပိုင်းက သူထိန်းချုပ်ထားခဲ့သည့် ကောင်းကင်လျှပ်စီးများ သူ့ကိုယ်ပေါ်တွင် ဝေ့ဝဲနေဆဲဖြစ်သည်။ ယခု ထိုစွမ်းအားဖြင့် သူ့ခန္ဓာကိုယ်ကို သန့်စင်ရတော့မည်။

လုယန် ထိန်းချုပ်မှုကို လွှတ်လိုက်သည်။ လျှပ်စီးစွမ်းအင်များ သူ့ကိုယ်ထဲထိုးဝင်သွားသ်ည။ ကြွက်သားများ သွေးကြောများကို အသက်သွင်းသည်။

ဆင်းရဲဖြတ်ကျော်ချိန်က ဝေဒနာနှင့်မတူတော့။ သန့်စင်သည့်ဖြစ်စဉ်က အတော်သက်တောင့်သက်သာရှိသည်။ ခန္ဓာကိုယ်မွှေးညှင်းပေါက်တိုင်းပွင့်သွားသည်။ ပြင်ပဝိညာဉ်စွမ်းအင်ကို စုပ်ယူသည်။ သူ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားအဖြစ် သန့်စင်သည်။

စွမ်းအင်ကန်(ဒန်ထန်)၊ သိစိတ်အာရုံ၊ သိစိတ်နယ်မြေ၊ စွမ်းအင်သွေးကြောများ၏ အရည်အသွေး...သူ့တစ်ကိုယ်လုံး အသွင်ပြောင်းသွားသည်။

ချန်ကောင်းကင်လျှပ်စီးဖြင့် သန့်စင်လိုက်သည့် ရလာဒ်က အံ့ဩစရာကောင်းသည်။ အရင်က ထိပ်ဆုံးအဆင့်ဖြစ်သည့် သန့်စင်မှုသုံးပါးကောင်းကင်လျှပ်စီးထက် ပိုအကျိုးကျေးဇူးများသည်။

နတ်ဝိညာဉ်အဆင့်တွင် ထိုလျှပ်စီးမျိုး ဘယ်သူမှမကြုံဖူးကြ။

လုယန် ဒန်ထန်ထဲသို့ လှမ်းကြည့်သည်။ သူ့နတ်ဝိညာဉ် တစ်ကိုယ်လုံး အက်ကွဲသွားသည်။ ထို့နောက် တဖြေးဖြေးပြန်စုစည်းလာသည်။ ပို၍သန့်စင်အားကြီးသည့် စွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ စွမ်းအင်သစ်ပုံစံတစ်ခုပေါ်လာသည်။ နောက်ဆုံးတွင် လုယန်နှင့်အရွယ်အစားတူ မူလဝိညာဉ်အသွင်တစ်ခု ဖြစ်တည်လာသည်။

လျှပ်စီးက နတ်ဝိညာဉ်ကို မူလဝိညာဉ်အဖြစ်သန့်စင်လိုက်ခြင်းဖြစ်သည်။

ယခု သူသည် ဝိညာဉ်ပြောင်းအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

*************************************

All Chapters