အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အပိုင်း(၁၁၂)
ရှောင်းလီယွီသည် ချုံးဟွားနန်းဆောင်ကို ပြန်ရောက်လာပြီး ကြမ်းပြင်ပေါ် တွေ့သမျှပစ္စည်းကို ပေါက်ခွဲလိုက်ပြီးနောက် ကုတင်ပေါ် မှောက်ကာ တရှုံ့ရှုံ့ငို ကြွေးနေတော့သည်။
သည်အချိန်တွင် မင်းကြီးက ချုံးဟွားနန်းဆောင်တွင် ရောက်နေလေသည်။ နန်းတွင်းအစေခံက မင်းကြီး သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် ဝူကွေ့ဖေးကို သွားမရှာရဲပေ။ သူတို့သည် မင်းသားခြောက်ကိုသာ ခေါ်လိုက်ရတော့သည်။
မင်းသားခြောက်က မင်းသားများကြားတွင် အသွင်ပြင်ဖြစ်စေ အရည်အချင်းဖြစ်စေ ဧကရာဇ်ချင်းလုံနှင့် အတူဆုံးမင်းသား ဖြစ်သည်။ ဧကရာဇ်ချင်းလုံက သူ့ကို အလွန်မျက်နှာပေးသည်ကလည်း မဆန်းတော့ပေ။
သူသည် တံခါးမှ ဝင်လာပြီး အစေခံမျိုးနှင့် မိန်းမစိုးများကို အရင်ဆုံး ထွက်သွားခိုင်းလိုက်ပြီးမှ ရှောင်းလီယွီ၏ အိပ်ရာနားသို့ သွားလိုက်လေသည်။
“ဘာလဲ၊ အဲဒီလူက နင့်ကို အနိုင်ကျင့်သွားတာ မလား”
မင်းသားခြောက်က မေးလိုက်၏။ သူပြောနေသူက ရှန်ဖုန်းမင်ဖြစ်ကြောင်း အလိုလို သိပြီးသားပင်။
ရှောင်းလီယွီက ခေါင်းမော့လိုက်ပြီး မျက်လုံးနီများဖြင့် ပြောလိုက်လေသည်။
“အစ်ကိုတော် ပြောစမ်းပါ၊ သူ တကယ်ပဲ မိန်းမတွေကို လုံးဝမကြိုက်တာလား”
ဒါကြောင့် သူက သူမကို အမြဲတမ်း ဒီလိုဆက်ဆံနေတာပေါ့။
မင်းသားခြောက်က စားပွဲကို လက်ချောင်းများနှင့် ခေါက်နေလိုက်သည်။ ကောလာဟလလဆိုတာက တကယ်ကို ပြန့်တာမြန်တာပဲ။
နှစ်ယောက်သား စကားပြောနေစဥ် ဝူကွေ့ဖေးက ဧကရာဇ်ချင်းလုံကို လိုက်ပို့ပေးလိုက်ပြီး ဘေးအခန်းသို့ ရောက်လာတော့သည်။
သူမသည် တံခါးမှ ဝင်လာသည်နှင့် ချက်ချင်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အကျိုးအပဲ့များကို တွေ့လိုက်ရပြီး သူမ၏မျက်နှာက မည်းမှောင်သွားတော့သည်။
“ဘာဖြစ်နေတာလဲ၊ နည်းနည်းပါးပါး ဝမ်းနည်းစရာရှိတာနဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ပြီ၊ အဲလိုဆိုရင်တော့ နောက်ပိုင်းကျရင်နင့်အတွက် ဖျက်ဆီးစရာတွေ ထပ်ရှိလာအုံးမှာပဲ။
ကြည့်ရတာ ငါ နင့်ကို အရမ်းအလိုလိုက်ထား မိခဲ့တာပဲ”
“မယ်တော်” ရှောင်းလီယွီသည် သူမ၏ရင်ခွင်ထဲ ပစ်ဝင်လိုက်ပြီး စတင် ငိုကျွေးတော့သည်။
“မယ်တော် ကြည့်ရတာ ရှန်မိသားစုနဲ့ လက်ထပ်ဖို့ လမ်းကြောင်းက အလုပ်မဖြစ်တော့ဘူးထင်ပါတယ်”
မင်းသားခြောက်က ပြောလိုက်သည်။
ဝူကွေ့ဖေးလည်း စိတ်ပျက်သွားလေသည်။ သူမသည် ထိုသို့လာမည်ကို ခံစားမိသော်လည်း လက်မလျှော့ချင်ခဲ့ပေ။
“သားက ဘယ်လို စဥ်းစားထားလို့လဲ” သူမက မေးလိုက်၏။
“မယ်တော့်ကို သားတော် အရင်က ပြောခဲ့ဖူးတဲ့အတိုင်းပဲ ချင်းဟယ်ဝမ်ရယ်ရဲ့ သားတော်က ညီမတော်လေးနဲ့ အသက်အတူတူလောက်ပဲ၊ သူလည်း အရည်အချင်းပုံရပါတယ်”
မင်းသားခြောက်က စကားကို လည်လည်ဝယ်ဝယ်ဖြစ်အောင် ပြောလိုက်လေသည်။ သူ မပြောခဲ့သည့် တခြားအကြောင်းရာလည်း ရှိသေးသည်။ ချင်းဟယ်ဝမ်ရယ်သည် ညီလာခံတွင် ဘက်မရွေးခဲ့သည့် လူနည်းစုထဲက တစ်ယောက် ဖြစ်လေသည်။ လက်ထပ်ခြင်းက သူ့ကို စခန်းထဲသို့ ဆွဲခေါ်နိုင်လိမ့်မည်။
“သမီး လက်မထပ်ဘူး” ဝူကွေ့ဖေးဘာမှ မပြောနိုင်ခင်မှာပင် ရှောင်းလီယွီက တအံ့တဩနှင့် ပြောလိုက်လေသည်။ ချင်းဟယ်ဝမ်ရယ်ရဲ့ သားက ပန်းတွေနဲ့ အိပ်တတ်ပြီး တနေ့လုံး ဆောင်ကြာမြိုင်မှာ တွယ်ကပ်နေတာ သူမ သိသားပဲ။ စဥ်းစားလိုက်ရင်တောင် ဖျားချင်စိတ်ပေေါက်တယ်။
“ဒီကိစ္စက မင်း ဆုံးဖြတ်ရမှာမဟုတ်ဘူး”
ဝူကွေ့ဖေးက တည်ကြည်လွန်းသည့် အသံတစ်ခုဖြင့် ပြောလိုက်လေသည်။ “ဒီကိစ္စ အဆင်မပြေဘူးဆိုရင်တော့ ရှောင်းလီယွီကို ချင်းဟယ်ဝမ်ရယ်ရဲ့ သား ရှောင်းရွှမ်း နဲ့ လက်ဆက်ပေးဖို့ပဲ ရှိတယ်”
“မယ်တော်” ရှောင်းလီယွီက မယုံနိုင်အောင် ဖြစ်နေလေသည်။
“မယ်တော် သမီးကို မချစ်ဘူးလား”
သူမကို ရှောင်းရွှမ်းနဲ့ လက်ထပ်ခိုင်းတာက သူမကို မီးပုံထဲ တွန်းချနေတာပဲလေ။
“ငါ မင်းကို အရမ်းချစ်လွန်းလို့ အခုဖြစ်အောင် လုပ်ခဲ့မိတာပေါ့၊ မင်း ဘာ အတတ်ပညာမှာလည်း မသင်ကြားထားဘူး၊ မင်းရဲ့ ဒေါသတွေကို ပစ္စည်းတွေအပေါ် ပုံချဖို့ပဲ တတ်တယ်၊ စဥ်းစားကြည့်စမ်း၊ မင်းရဲ့ အစ်ကိုတော်သာ အိမ်ရှေ့စံကို မနိုင်ခဲ့ရင် အိမ်ရှေ့စံ နန်းတက်လာတဲ့အခါ သူ့ဆီမှာ ငါတို့အတွက် နေရာရှိပါ့မလား။
အဲဒီအချိန်ကျရင် နင် ဘယ်သူ့ကို လက်ထပ်တယ်ဆိုတာ အရေးမကြီးတော့ဘူး၊ သူတို့တွေအားလုံးက အပိုင်းပိုင်းအစစ ဆွဲဖြဲခံရတာနဲ့ အဆုံးသတ်သွားမှာပဲ။
ဆန့်ကျင်ဘက်အနေနဲ့ မင်းသား ခဏလောက် သည်းခံပြီး မင်းအစ်ကိုတော်ကို ကူညီပေးလိုက်ရင် မင်းအစ်ကိုတော် အောင်မြင်လာတဲ့အခါ မင်းလိုချင်တာ ဘာမဆို ရနိုင်လိမ့်မယ်” ဝူကွေ့ဖေးက ပြောလိုက်သည်။
ရှောင်းလီယွီသည် ခေါင်းခါလိုက်ပြီး
“ဟင့်အင်း မလုပ်ဘူး၊ သမီး လက်မထပ်ဘူး၊ လက်မထပ်နိုင်ဘူး”
“ဒါဆို မင်း ရှန်ဖုန်းမင်ကို လက်ထပ်နိုင်အောင် လုပ်လေ၊ မဟုတ်လို့ကတော့ မင်း လက်ထပ်ရမှာပဲ”
ဝူကွေ့ဖေးက နောက်ဆုံးတော့ သူမ၏စိတ်ကို ဆုံးဖြတ်ချက်ချပြီးသယောင်။
“မယ်တော်ရယ်” ရှောင်းလီယွီက တောင်းပန်တော့သည်။
ဝူကွေ့ဖေးက မလှုပ်မယှက်ပင်။
“အစ်ကိုတော်၊ အစ်ကိုတော် ကျေးဇူးပြုပြီး ညီမတော်ကို ကူညီပါနော်၊ အစ်ကိုတော်က ညီမတော်ကို အချစ်ဆုံးပဲလေ၊ ရှောင်းရွှမ်မှာ လူတကာနဲ့ ဆက်ဆံတတ်တဲ့ အကျင့်ရှိတာ အစ်ကိုတော် သိပါတယ်”
ရှောင်းလီယွီက ရုတ်တရက် မင်းသားခြောက်ဖက်သို့ လှည့်ကာ ဝမ်းပန်းတနည်း ပြောလေသည်။
မင်းသားခြောက်က မျက်မှောင်ကြုတ်လိုက်ပြီး
“လီယွီ မင်းက ငါ့ညီမတော်ပါ၊ ရှောင်းရွှမ်းကို လက်ထပ်ပြီးသွားရင် သူ မင်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး၊ အဲဒီမိန်းမတွေကိုတော့ မင်း ကြိုက်တာ လုပ်လို့ရတယ်”
ရှောင်းလီယွီသည် မင်းသားခြောက်ကို မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်လိုက်တော့သည်။ သူမက ဘာလို့ အဲဒီမိန်းမတွေကို ရှင်းပစ်ရမှာလဲ။ သူမမှ ရှောင်းရွှမ်းကို မကြိုက်တာပဲ။
“အစ်ကိုတော် ညီမတော် တောင်းပန်ပါတယ်၊ ညီမတော် ရှောင်းရွှမ်းကို လက်မထပ်ချင်ဘူး၊ ကျေးဇူးပြုပြီး ကူညီပေးပါနော်၊ ဒီကိစ္စကလွဲရင် ညီမတော် အားလုံးနားထောင်ပါ့မယ်” သူမက ငိုယိုတော့သည်။
မင်းသားခြောက်က သူမ၏အကြည့်ကို ရှောင်နေလိုက်သည်။
“အစ်ကိုတော် အစ်ကိုတော်က....”
ရှောင်းလီယွီသည် မယုံနိုင်အောင် ဖြစ်သွားတော့သည်။ ဒီလူနှစ်ယောက်က သူမကို အချစ်ဆုံးဖြစ်တဲ့ မယ်တော်နဲ့ အစ်ကိုတော်လေ။ သူတို့အားလုံးက အရင်က သူမ သဘောအတိုင်းပဲ မဟုတ်ဘူးလား။ အခုကျမှ သူမကို ဘာလို့ အတင်း သေလမ်းပို့နေကြတာလဲ။
ဧကန္တ အရင်က သူမကို ချစ်ခဲ့တဲ့ အချစ်တွေက အားလုံး အတုအယောင်တွေပဲလား။ သူတို့အတွက် အာဏာရဖို့ အလဲအလှယ်အနေနဲ့ သူမကို ရှောင်းရွှမ်းနဲ့ပဲ လက်ထပ်ပေးချင်နေကြတာလား။
ရှောင်းလီယွီသည် ရုတ်တရက် ထရပ်လိုက်ပြီး ထွက်ပြေးသွားတော့သည်။
“လီယွီ” မင်းသားခြောက်က ထရပ်လိုက်ပြီး သူမနောက် လိုက်သွားချင်ခဲ့သည်။
“မင်း စိတ်အေးအေးထား၊ သေချာစဥ်းစား”
ဝူကွေ့ဖေးက ပြောလိုက်သည်။
“သူ့အတွက် သူ့အဆင့်အတန်းကို အသိအမှတ်ပြုဖို့ အချိန်တန်ပြီ”
မင်းသမီး။ ဒီအဆင့်အတန်းက ဂုဏ်ကျက်သရေကို ကိုယ်စားပြုတဲ့အပြင် တာဝန်ဆိုတာတွေနဲ့လည်း ထပ်တူကျတယ်လေ။
ပြီးခဲ့သည့် နှစ်အနည်းငယ်က ရှမင်းဆက်သည် ရှီရုံ၊ ပေတိတို့နှင့် လက်ဆက်ပြီး မဟာမိတ်မလုပ်ခဲ့ပေ။ မဟုတ်လျှင် လွှတ်လိုက်ရမည့်သူများကလည်း မင်းသမီးများဖြစ်ပေလိမ့်မည်။ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာခဲ့ကြပေ။
သူတို့နှင့် ယှဥ်ကြည့်လျှင် ရှောင်းလီယွီသည် ကံကောင်းသည်ဟု မှတ်ယူရပေမည်။
မင်းသားခြောက်က ပြန်ထိုင်ချလိုက်ပြီး အနည်းငယ် မခံစားနိုင်ဖြစ်သွားလေသည်။
သည်အချိန်တွင် နန်းတွင်းအစေခံများက အန်းဖင်နယ်စား၏ သား လင်ထင်အန်းက သူနှင့်တွေ့လိုကြောင်း သတင်းလာပို့လေသည်။
“ငါ ချက်ချင်းလာခဲ့မယ်”
မင်းသားခြောက်က ပြန်ဖြေလိုက်၏။ သူက ဝူကွေ့ဖေးကို နှုတ်ဆက်မည် ပြင်လိုက်ပြီးမှ ရုတ်တရက် ပြောလိုက်လေသည်။
“မယ်တော် လင်ထင်အန်းကို ဘယ်လို သဘောရလဲ”
“မင်း ဘာကို ပြောချင်တာလဲ”
လင်ထင်အန်းနှင့် ဝူကွေ့ဖေးတို့က တစ်ကြိမ် တွေ့ဖူးခဲ့ကြသည်။ သူက တော်တော်လေး အကျင့်စရိုက်ကောင်းပါတယ်။ ဒါပေမဲ့ သူက သူတို့ဖက်ကို ရောက်နေပြီးသားမဟုတ်ဘူးလား။
မင်းသားခြောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး
“အန်းဖင်နယ်စားက လုံးဝ ရှေ့မတိုးလာဘူး၊ လင်ထင်အန်းကတော့ သားတော်ကို ကူညီပေးချင်ပုံရပါတယ်၊ ဒါပေမဲ့ တကယ်တော့ သူက နောက်ပြန်ဆုတ်နေတာ၊ မယ်တော် သိပါတယ်၊ တချို့လူတွေက သစ္စာရှိတဲ့ပုံပေါ်တယ်၊ ဒါပေမဲ့ အိမ်ရှေ့မင်းသားနဲ့ တိတ်တဆိတ် ဆက်သွယ်နေကြတာလည်း ရှိတယ်။
ပြီးခဲ့တဲ့ တစ်ခေါက် ဝူလင်တောင် သတ္တုမိုင်းတွင်း ဘာဖြစ်သွားလဲ...”
ထိုအကြောင်းကို ပြောနေရင်း သူသည် စိတ်ပျက်လာတော့သည်။ သူသည် ထိုကိစ္စကို အပြစ်အနာဆာမရှိအောင် အကောင်အထည်ဖော်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသည်။ ထိုကြောင့်သာလျှင် ထိုကိစ္စက မင်းကြီးထံရောက်သွားပြီး နောက်ဆုံးတော့ ရှန်ဖုန်းမင်၏လက်အတွင်းသို့ ကျရောက်သွားခဲ့ရသည်။
နည်းနည်းလေးသာ ထပ်ဖြစ်ခဲ့လျှင် သူသည် ကံဆိုးမိုးမှောင်ကျ ပေတော့မည်။ အခုတော့ သူသည် အောက်လူများကို မယုံကြည်ရဲတော့ချေ။
“မင်း ပြောချင်တာက လင်ထင်အန်းက....”
ဝူကွေ့ဖေးကမေးလိုက်၏။
“သားတော် အဲဒီအဓိပ္ပာယ် ပြောချင်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ တကယ်လို့များ လီယွီသာ လင်ထင်အန်းနဲ့ လက်ထပ်ခဲ့ရင် ကိစ္စတော်တော်များများကို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်” မင်းသားခြောက်က ပြောလိုက်သည်။
“ချင်းဟယ်ဝမ်ရယ် ဘက်ကို ဘယ်လိုလုပ်မှာလဲ” ဝူကွေ့ဖေးက တွေဝေနေမိတော့သည်။
“တကယ်လို့ လင်ထင်အန်းက လီယွီကို လက်ထပ်ချင်တယ်ဆိုရင် သူက နည်းနည်းပါးပါး စိတ်ရင်းအမှန်ကိုတော့ ပြသရမှာပေါ့” မင်းသားခြောက်က ထုတ်ပြောလိုက်သည်။
ဝူကွေ့ဖေးက သူ ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားတော့သည်။ ဒါက စိတ်ကူးကောင်းတစ်ခု ပဲ။ ပြီးတော့ လင်ထင်အန်းရဲ့အကျင့်စရိုက်နဲ့ ရုပ်အသွင်က ရှောင်းရွှမ်းထက် အများကြီးသာတယ်။ သူနဲ့ ရှောင်းလီယွီတို့ရဲ့ မင်္ဂလာပွဲကို အဆုံးသတ်ကောင်းတစ်ခုလို့ သတ်မှတ်နိုင်တယ်။
“မင်း ဒီကိစ္စကို သွားလုပ်လိုက်တော့” ဝူကွေ့ဖေးက ပြောလိုက်သည်။
မင်းသားခြောက်က ပြန်ထွက်သွားပြီး လင်ထင်အန်းနှင့် သွားတွေ့လိုက်လေသည်။
သူတို့နှစ်ယောက်သည် အနောက်ဘက် မြို့ပြင်က အမဲလိုက်ကွင်းတွင် အတူတူ အမဲလိုက်ခဲ့ကြသည်။ သူတို့၏ နားနေချိန်များတွင် သူက ရှောင်းလီယွီအကြောင်း ထုတ်ပြောလိုက်လေသည်။
လင်ထင်အန်း၏ ဉာဏ်ရည်နှင့်ဆိုလျှင် သူပြောချင်သည့်စကားကို ချက်ချင်းခန့်မှန်းမိလေသည်။ ရှောင်းလီယွီကို လက်ထပ်ခိုင်းတာတဲ့လား။ သူသည် ကျန်းယွင်ကျူးအကြောင်းကို ချက်ချင်း တွေးမိသွားတော့သည်။ သို့သော် ကျန်းယွင်ကျူးက စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်နေသည်။ သူက သူမကို သဘောကျခဲ့လျှင်တောင် သူမကို သူ့တရားဝင်ဇနီးတစ်ယောက်အဖြစ် လက်ထပ်နိုင်မည် မဟုတ်ပေ။ ရှန်ဖုန်းမင်ကလည်း ထိုသို့လုပ်နိုင်မည်မဟုတ်ဟု ယုံကြည်ထားလိုက်သည်။
လက်ရှိအခြေအနေကို ကြည့်ရင် နားလည်နိုင်တယ်လေ။ သူက သူမကို အပြင်မှာပဲ မယားငယ်တစ်ယောက်လို ထားမှာပဲ...
ဒါပေမဲ့ သူသာ ရှောင်းလီယွီကို လက်ထပ်လိုက်မယ်ဆိုရင်တော့....
သူ့စိတ်ထဲက အတွေးများက ယောက်ယက်ခတ်နေသော်လည်း သူ့မျက်နှာပေါ်တွင်တော့ မလွင်ချေ။ သူသည် ငြင်းလည်းမငြင်းသလို သဘောလည်း မတူလိုက်ပေ။
မင်းသားခြောက်က သည်ခေါင်းစဥ်ကို ဆက်မပြောတော့ပေ။ ထို့အစား သူက လင်ထင်အန်းကို မနက်ဖြန် ရေကန်သို့ အလည်အပတ်သွားရန် ဖိတ်လိုက်လေသည်။ ထိုအချိန်မှ သူသည် ရှောင်းလီယွီကို အတူတူ ခေါ်လာရလိမ့်မည်။
လင်ထင်အန်းက လက်ခံလိုက်၏။
နောက်တစ်နေ့ မနက်စောစောတွင် မင်းသားခြောက်က ရှောင်းလီယွီကို လင်ထင်အန်းနှင့်တွေ့ရန် ခေါ်လာခဲ့လိုက်သည်။
ရှောင်းလီယွီ၏ မျက်လုံးများက အနည်းငယ် မို့နေလေသည်။ သူမသည် လုံးဝ မလိုက်လာချင်သော်လည်း မင်းသားခြောက်က သူမ လိုက်လာခဲ့လျှင် ရှောင်းရွှမ်းကို လက်ထပ်စရာ မလိုတာလည်း ဖြစ်နိုင်သည်ဟု ပြောထားသည်။ ထိုကြောင်း သူမက လိုက်လာခဲ့တော့သည်။ လင်ထင်အန်းကို တွေ့လိုက်ရတော့ သူမသည် မျက်နှာလွှဲထားမိတော့သည်။
လင်ထင်အန်းက ရှောင်းလီယွီ၏ကိစ္စများကို စုံစမ်းထားပြီးဖြစ်လေသည်။ သူမ သည်လိုဖြစ်နေရသည့် အကြောင်းကို သူက အလိုလို သိပြီးသားပင်။
သူမက သူ့ကို လျစ်လျူရှုထားပြီး မင်းသားခြောက်နှင့် စကားစမြည်နေရလည်း အဆင်ပြေပေသည်။
သူတို့သုံးယောက်က လိုက်လျောညီထွေ ရှိလှသည်။
ရေကန်ဘေးတွင် ကျန်းယွင်ရှို့က ရပ်နေပြီး ယူကျုံးမရဖြစ်နေတော့သည်။ မင်းသားခြောက်က ရှောင်းလီယွီကို လင်ထင်အန်းနှင့် လက်ထပ်ခိုင်းဖို့ ရည်ရွယ်နေမှန်း သူမ သိထားပြီးဖြစ်နေသည်။ လင်ထင်အန်းက သည်နေ့ သူတို့နှစ်ယောက်နှင့် ရေကန်သို့ အလည်လာခြင်းက ကိစ္စတခုခုကို ရည်ရွယ်ထားပြီးသားပင်။
ကျန်းယွင်ရှို့သည် ရှောင်းလီယွီ ရုတ်တရက် ပေါ်လာခြင်းကို နားမလည်တော့ပေ။ အိပ်မက်ထဲမှာတုန်းက လင်ထင်အန်းက ကျန်းယွင်ကျူးကို အန်းဖင်နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးအဖြစ် လက်ထပ်ခဲ့တာပဲ မလား။
ရှောင်းလီယွီ။ သူက ဝူကွေ့ဖေးရဲ့သမီး ပြီးတော့ ရှမင်းဆက်ရဲ့ ဆယ်ယောက်မြောက်မင်းသမီး။ သူမက မင်းသမီးတစ်ယောက်ကို ဘယ်လိုယှဥ်နိုင်မှာလဲ။
အခိုက်တန့်အတွင်း ကျန်းယွင်ရှို့သည် ဝမ်းနည်းသလို နားကျည်းမိတော့သည်။ ဘာလို့လဲ။ ကျန်းယွင်ကျူးနဲ့ ကံတရားချင်း လဲခဲ့ပြီးမှ ဘာလို့ အရာအားလုံးက ပြောင်းလဲနေတဲ့ပုံပေါ်နေတာလဲ။
နောက်တစ်နေ့တွင် မယ်တော်ကြီးသည် ကျန်းယွင်ကျူးလုပ်ပေးခဲ့သည့် ထိုက်ပိုင်ဘဲသားကို မေ့သွားပုံရပြီး သူမ၏ ခံတွင်းမတွေ့သည့်အခြေအနေကလည်း ပျောက်သွားလေသည်။ တန့်ယန်းမင်းသမီးကတော့ စိတ်ထဲတွင် ခုနေသည်။ သူမသည် ရှီကွမ်းစားသောက်ဆိုင်သို့ မသွားတော့သလို မယ်တော်ကြီးရှေ့တွင်လည်း ကျန်းယွင်ကျူးအကြောင်းကို မပြောတော့ပေ။ ကျန်းယွင်ကျူး၏ ဘဝမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိသွားသယောင်။
သည်နေ့ သူဌေးလော့၏ ကုန်သင်္ဘောဆိုက်လာခဲ့သည်။ ပင်လယ်စာ အများအပြားကို ယူပြန်ခဲ့သည်။ မြို့တော်မှ အနောက်မြောက် ကီလိုမီတာ ၁၅၀တွင် ပေါဟိုင်ပင်လယ်အော် ရှိသည်။ သူဌေးလော့၏ ကုန်သင်္ဘောက ထိုနေရာတွင် ကျောက်ချခဲ့သည်။
ကျန်းယွင်ကျူးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် သူဌေးလော့က ပင်လယ်စားများကို လူလွှတ်ပြီး မြို့တော်သို့ ညတွင်းချင်း ပို့ခိုင်းလိုက်လေသည်။
ထို့ကြောင့် နောက်တစ်နေ့မနက်ခင်းတွင် ကျန်းယွင်ကျူးသည် အလွန်မှ လတ်ဆတ်သည့် ပင်လယ်စားလှည်းနှစ်စီးကို တွေ့လိုက်ရလေသ်ည။
‘အဘက်ဘက်မှ ကြီးကျယ်ခမ်းနားပြီး တိုက်ခိုက်တတ်သည့် လျှာများနှင့် နှုတ်ခမ်းများပါသည့် နှင်းဂဏန်းများ၊ ဆူးများခြံရံနေသည့် သံပခြုပ်များ၊ လူးလွန့်ကာ တွားသွားနေသည့် ရေဘဝများနှင့် အရောင်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် ပင်လယ်ငါးများ ပါရှိသည်။ ကျန်းယွင်ကျူးသည် တချို့ ပင်လယ်ငါးများကို သိပြီး တချို့ကိုတော့ သူမမှာ မြင်ပင် မမြင်ဖူးချေ။
အမဲလိုက်ရမည့် မြင်ကွင်းကြောင်း ဝမ်းသာသွားပြီး ကျန်းယွင်ကျူးက ကျင့်ကျောင်းယွဲ့ကို တန်းပြောလိုက်တော့သည်။
“ဒီနေ့ ဟင်းလျာစာရင်းက ပင်လယ်စာ၊ ကြိုတင်မှာယူထားတဲ့ သူတွေကို အကြောင်းလိုက်၊ သူတို့တွေက ပင်လယ်စာ မစားချင်ဘူးဆိုရင် နောက်သုံးရက်နေရင် ရက်ပြောင်းလို့ရတယ်လို့။
အိုး ဟုတ်သားပဲ။ တချို့က ပင်လယ်စာ မစားနိုင်ကြဘူး၊ သူတို့တွေကိုတော့ အရင်က ပင်လယ်စာ စားဖူးသလားဆိုတာနဲ့ တစ်ခုခု မတည့်တာ ရှိလားလို့ မေးထားလိုက်၊ မရှိဘူးဆို သူတို့တွေ မနက်ဖြန် လာလို့ရတယ်လို့”
ကျန်းယွင်ကျူးသည် လူတချို့က ပင်လယ်စာနှင့် ဓာတ်မတည့်တာ ရှိမှန်း သိလေသည်။ သည်ခေတ်ထဲတွင် ဆေးပညာက ခေတ်နောက်ကျနေသည်။ တစ်ယောက်ယောက်သာ ပြင်းထန်သည့် ဓာတ်မတည့်မှုဖြစ်သွားခဲ့လျှင် သေသွားနိုင်သည်။ ထိုအချိန်ကျလျှင် ဒုက္ခရောက်သွားလိမ့်မည်။ ထို့ကြောင့် အရင်ဆုံး မဖြစ်မနေ အတည်ပြုရပေမည်။
ကျင့်ကျောင်းယွဲ့သည် ချီလင်သက်တော်စောင့်အဖွဲ့ထဲက တစ်ယောက်က ပင်လယ်စာစားပြီးနောက် တကိုယ်လုံး အင်ပြင်ထခဲ့ဖူးသည်ကို မြင်တွေ့ခဲ့ဖူးသည်။ သူမသည် သည်ကိစ္စ၏အတိမ်အနက်ကို သိထားလေရာ ချက်ချင်း သဘောတူလိုက်တော့သည်။
ကျန်းယွင်ကျူးက ပင်လယ်စာများကို ကြည့်လိုက်ပြီး သူမ၏လက်ညိုးကို လှုပ်ရှားလိုက်လေသည်။
ဂဏန်းပြာကြီးတွေပဲ။ ဂဏန်းအမတွေက ၇လပိုင်း အစောပိုင်းမှာဆိုရင် ဥတွေမပြည့်သေးဘူး။ ဒါပေမဲ့ ဂဏန်းထီးတွေကတော့ စားဖို့အဆင်သင့်ဖြစ်နေတဲ့ အဆီတွေအပြည့်ပဲ။
မနက်ခင်းတွင် ပင်လယ်စာ ဆန်ပြုတ်တစ်အိုး ချက်ပြုတ်ရန် ဂဏန်းများကို သုံးလိုက်သည်။ ဆန်ပြတ်က အိုးထဲတွင် ပွက်ပွက်ဆူနေသည်။ ဂဏန်းများကလည်း တဖြည်းဖြည်း အစိမ်းရောင်မှ အနီရောင်ပြောင်းသွားပြီး ဂဏန်း၏ ယူမာမီအရသာက လူများ၏နှာခေါင်းထဲသို့ တိုးဝေ့သွားတော့သည်။
ရွှယ်ကျင်းသည် အရင်က ဝူလင်စီရင်စုတွင်သာ အမြဲနေခဲ့ပြီး အလွန်သေးငယ်သည့် မြစ်ဂဏန်းများကိုသာ တွေ့ဖူးလေသည်။ သည်လောက်ကြီးမားသည့် ပင်လယ်ဂဏန်းကို ပထမဆုံးမြင်ဖူးခြင်းပင်။ သူသည် တအံ့တဩဖြစ်နေတော့သည်။
အနံ့ကို ရှူကြည့်လိုက်ပြီးနောက် ယွင်တုနှင့် တခြားသူများက မီးဖိုဆောင်အပြင်ဘက်တွင် စုဝေးလာပြီး တံတွေးမျိုချရင်း အထဲဘက်သို့ ကြည့်နေကြလေသည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက သံပခြုပ်ကို စတင် ကိုင်တွယ်လိုက်သည်။ သံပခြုပ်နဲ့ ကြက်ဥပေါင်း။ သူမ အကြိုက်ပဲ။
တစ်ခုပဲ။ သံပခြုပ်က ကိုင်ရခက်တယ်။ အပြင်ဘက်မှ ဆူးတွေအများကြီးနဲ့။ သေချာသတိမထားရင် လက်ကို ဆူးစူးသွားလိမ့်မယ်။
“သူဌေး ကျွန်တော် လုပ်မယ်”
ကျန့်ဟယ်က ပြောလိုက်သည်။ သူသည် သည်ထူးဆန်းသည့် ပုံစံနှင့်ပစ္စည်းကို အလွန်မှ စိတ်ဝင်စားနေလေသည်။
ကျန်းယွင်ကျူးက အေးအေးဆေးဆေး ဖြစ်သွားသဖြင့် ဝမ်းသာသွားပြီး သူ့ကို သံပခြုပ်ကိုင်နည်း ပြောလိုက်တော့သည်။
ထို့နောက် သူမသည် ဓားရောင် တဖျပ်ဖျပ်လက်သွားသည်ကို တွေ့လိုက်လေသည်။ သံပခြုပ်များကို သေသေသပ်သပ် သန့်သန့်ရှင်းရှင်း ကိုင်တွယ်ပြီးသွားတော့သည်။
“တော်လိုက်တာ” ကျန်းယွင်ကျူးက ချီးကျူးလိုက်၏။
ကျန့်ဟယ်၏မျက်နှာမှာ မသိမသာ နီရဲသွားလေသည်။
“သူဌေး ဒါက စားလို့ရလား”
ကျင့်ကျောင်းယွဲ့က သည်အချိန်တွင် ပြန်ရောက်လာသည်။ ဆူးအပြည့်နှင့် မည်းနက်နေသည့် သံပခြုပ်များကိုကြည့်ရင်း သူမက မေးလိုက်သည်။ သူမက အရင်တုန်းက ဂဏန်းတော့ စားဖူးတယ်လေ။ ဒါပေမဲ့ ဒါကြီးကတော့ အရမ်းကို ထူးဆန်းတယ်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ နောက်တော့ သိလာလိမ့်မည်ဟူသည့် အပြုံးပင်။
...
အပိုင်း (၁၁၃)
သံပခြုပ်ကို ကိုင်လိုက်ပြီးနောက် ဆူးများနှင့် ဖုံးကွယ်ထားသည့် အခွံထဲက ရွှေရောင်သန်းနေသည့် အသားတချို့ကို မြင်လိုက်ရသည်။ သည်အချိန်တွင် ကြက်ဥနည်းနည်းပါးပါးကို ခေါက်လိုက်ကာ သင့်တော်သည့် ရေပမာဏတစ်ခုကို ထည်လိုက်ပြီး နှံ့အောင်မွှေလိုက်ကာ သံပခြုပ်အခွံထဲသို့ ကြက်ဥရည်များကို လောင်းထည့်လိုက်ပြီးနောက် ကြက်သည်အထိ ပေါင်းထားလိုက်သည်။
သည်အချိန်ကို အသုံးချလိုက်ပြီး ကျန်းယွင်ကျူးက စပါရီဒီငါးတချို့ကို ကြော်လိုက်သည်။ မနက်စာက အသင့်ဖြစ်လာလေသည်။
အပေါ်တွင် ကြက်သွန်မြိတ်လေးများ ဖြူးထားသည့် ပျစ်နှစ်ပြီး ကြည်လင်နေသည့် ဂဏန်းသားဆန်ပြုတ်နှင့် စူးရှရှအနံ့တစ်ခု ထုတ်လွတ်နေသည်ကို မြင်ရသည်။ ကြက်ဥသံပခြုပ်ပေါင်းကို အိုးထဲမှ ထုတ်လိုက်သည်။ အဝါဖျော့ရောင် ကြက်ဥရည်က ခဲနေသည်။ အပေါ်တွင် နှမ်းဆီတစ်စက်နှစ်စက်လောက် တင်လိုက်သည်။ ထက်ရှသည့် ဆူးချွန်နှင့်ဆန့်ကျင်စွာ အလွန်မှ ဆွဲဆောင်မှုရှိသည့် ခံစားချက်တစ်ခု ရှိနေလေသည်။
စပါရီဒီငါးကြော်က ရွှေရောင်သန်းပြီး ကြွပ်ရွနေသည်။
ရွှယ်ကျင်းသည် အအေးစာ အရံဟင်းတချို့ကို ချက်ပြုတ်ထားလိုက်သည်။ စားပွဲပေါ်မှ မနက်စာသည် ထူးထူးခြားခြား အလျှံပယ်ဖြစ်နေတော့သည်။
“အတူတူ စားရအောင်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ မင်းကြီး သူမကို နန်းတော်ထဲ ဆင့်ခေါ်တဲ့နေ့က ကျင့်ကျောင်းယွဲ့နဲ့ တခြားသူတွေက သူမကို ဒီလို ကာကွယ်ပေးခဲ့တယ်လေ။ သူမ စိတ်ထဲမှာ ခံစားသွားရတော့တာပေါ့။ သူမက သူတို့ကို ဆိုင်အလုပ်သမားတွေလို့ပဲ သတ်မှတ်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို အတူတူ ထမင်းစားဖို့ ခေါ်တာပေါ့။
“သူဌေး”
ကျင့်ကျောင်းယွဲ့နှင့် တခြားသူများက မျက်လုံးများ တောက်ပလာတော့သည်။
“ထိုင်ကြ”
“သူဌေးက ငါတို့ကို ထိုင်ဖို့ ပြောနေတယ်လေ၊ ထိုင်ကြမယ်”
ရွှယ်ကျင်းက ကျန်းယွင်ကျူးအကြောင်းသိပြီး သူမက အားလုံးကို စိတ်ရင်းနှင့် ဖိတ်ခေါ်နေမှန်း နားလည်လေသည်။ ချက်ချင်းပင် သူက သွားများပေါ်သည်အထိ ပြုံးကာ ပြောလိုက်သည်။
အခြေအနေက ပိုပြီး အေးဆေးသက်သာလာတော့သည်။ အားလုံးက ပန်းကန်လုံးများကို ကိုင်လိုက်ကြပြီး ထမင်းခူးကာ စားပွဲပေါ်က အရသာရှိသည့် အစားအသောက်များကို ဝမ်းသာအားရ စားသောက်ကြတော့သည်။
ရွှယ်ကျင်းသည် ကြက်ဥသံပခြုပ်ပေါင်း၏ အရသာကို အလွန်မှ သိချင်နေလေသည်။ ချက်ချင်းပင် သူက တစ်ခုကို ယူလိုက်သည်။ သူ လှမ်းယူလိုက်ချိန်တွင် သူ့လက်ကို ဆူးစူးသွားလေသည်။ သို့သော် သူက ဂရုမစိုက်ပေ။ ဇွန်းတစ်ချောင်းကို ယူလိုက်ပြီး ကြက်ဥပေါင်းကို ခပ်လိုက်လေသည်။
ကြက်ဥပေါင်းနှင့် သံပခြုပ်အသားတို့သည် အတူတူရောသွားပြီး အလွန်မှ နူးညံ့ကာ ချွဲပစ်နေသည်။ ဇွန်းတစ်ချောင်းဖြင့် ခပ်လိုက်ပြီးနောက်တွင် အချိန်မရွေးချောကျတော့မည်နှယ် လှုပ်နေသည်။
သူ့ပါးစပ်ထဲထည့်လိုက်ချိန်တွင် ရွှယ်ကျင်းမှာ မယုံနိုင်အောင် ဖြစ်သွားတော့သည်။ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရသာရှိနေတာလဲ။
“သူဌေး ဒီအစားအသောက်က....”
သူက မျက်လုံးများကို ပြူးကျယ်ထားလိုက်ပြီး ဗလုံးဗထွေး ပြောလိုက်လေသည်။
“သံပခြုပ်က အရသာအပြည့်နဲ့ အရသာရှိလိုက်တာ၊ ကြက်ဥပေါင်းကလည်း အရမ်းကို လတ်ဆတ်တယ်၊ နှစ်ခု အတူရောထည့်လိုက်တော့ အလိုလိုကို အရသာရှိသွားတော့တာ၊ ဒီဟင်းလျာက ဆားတောင် ထည့်စရာမလိုဘူး” ကျန်းယွင်ကျူးက ရှင်းပြလိုက်သည်။
ကျွတ်။ ကျွတ်။ ဆားတောင် ထည့်စရာမလိုဘူးတဲ့။ ဒါက သူ့ကိုယ်ပိုင် အရသာရဲ့ အလှတရားကို ပြလိုက်တာပဲ။
ရွှယ်ကျင်းက စကားနားထောင်တတ်သည့် ကျောင်းသားတစ်ယောက်လို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်လေသည်။ သူသည် စာမတတ်သူ ဖြစ်နေရသည်ကိုပင် မုန်းမိတော့သည်။ မဟုတ်လျှင်တော့ သူသည် သည်အကြောင်းများကို သေချာပေါက် ရေးမှတ်ထားရလိမ့်မည်။
ကျင့်ကျောင်းယွဲ့နှင့် တခြားသူများက ကြက်ဥသံပခြုပ်ပေါင်းကို စားလိုက်ကြသည်။ အရသာရှိလိုက်တာ။ သူတို့တွေ အရင်က တစ်ခါမှ မစားဖူးတဲ့ အရသာပဲ။ နူးအိနေတဲ့ ကြက်ဥပေါင်းက ပါးစပ်ထဲ လျှောခနဲ ဝင်သွားတဲ့အချိန်မှာပဲ စွဲလမ်းသွားတော့တယ်။
သူတို့သည် သတိမထားမိလိုက်ခင်မှာပဲ အားလုံးသည် စားပွဲပေါ်က ကြက်ဥသံပခြုပ်ပေါင်းကို အလောတကြီး စားလိုက်ကြလေသည်။
ကျန်းယွင်ကျူးက သဘောကျရင်း ကြည့်နေလိုက်သည်။
“ဒီဂဏန်းသားဆန်ပြုတ်က အရသာရှိတယ်”
ထို့နောက် အားလုံးက ဂဏန်းသားဆန်ပြုတ်ကို သောက်လိုက်ကြသည်။ လုံးဝကို ထူးခြားသည့် ယူမာမီအရသာတစ်ခု ရှိနေသည်။ ရှမင်းဆက်၏ ရေကြောင်းကုန်သွယ်ရေးက တိုးတက်ခဲ့သည်။ မြို့တော်က လူများသည် မကြာခဏဆိုသလို ပင်လယ်ဂဏန်းများကို ဖြန့်ဖြူးကြသော်လည်း ရှမင်းဆက် ပြည်သူများက ဂဏန်းလက်မကြီးများကို ပိုကြိုက်ကြကာ အရသာက စစ်မှန်သည်ဟု ခံစားကြလေသည်။
ကျင့်ကျောင်းယွဲ့နှင့် တခြားသူများကလည်း အရင်က သည်လိုတွေးခဲ့ဖူးသည်။ သို့သော် သည်နေ့ ကျန်းယွင်ကျူးလုပ်ထားသည့် ဂဏန်းသားဆန်ပြုတ်ကို စားလိုက်ပြီးနောက်တွင်တော့ သူတို့သည် ပင်လယ်ဂဏန်းကလည်း သူ့ကိုယ်အရသာရှိကာ ဂဏန်းလက်မပြီးထက် မနိမ့်ကြောင်း နားလည်သွားကြလေသည်။
စားပွဲပေါ်က အားလုံးကို ဖြိုလိုက်ပြီးနောက် အားလုံးသည် အနည်းငယ် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရပြီး ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေလိုက်ကြတော့သည်။
သည်အချိန်တွင် ဝူယွီက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ကျန့်ချန်းချွမ်း၏လက်မောင်းကို တွန်းလိုက်ကာ အသံတိတ် လက်ဟန်လုပ်ပြလိုက်လေသည်။
ကျန့်ချန်းချွမ်းက သူ့ကို ဝါးစားမတတ်ကြည့်လိုက်တော့သည်။ ကိုယ့်ဟာကိုယ်ကျတော့ ဘာလို့မပြောတာတဲ့လဲ။
သို့သော်ငြား မေးဖို့ရာ တောင်းဆိုထားသူက သူဖြစ်လေသည်။
ကျန်းယွင်ကျူးဘက် လှည့်ကြည့်လိုက်တော့ ကျန်းယွင်ကျူးက အခြေအနေကောင်းနေသည်။ သူမသည် အများကြီး မစားထားသလို သည်အချိန်တွင် သူမ၏ထိုင်ခုံမှာ ထထွက်သွားနှင့်ပြီးဖြစ်လေသည်။ သူမက နေ့လယ်ခင်းတွင် ထိုပင်လယ်စာများကို မည်သို့ပြင်ဆင်ရမည်နည်းဟု စဥ်းစားနေမိသည်။
ကျန့်ချန်းချွမ်းက ထရပ်လိုက်ပြီး ကျန်းယွင်ကျူး၏ ဘေးသို့ လာခဲ့လေသည်.
“သူဌေး”
“ဟင်”
ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်ပြီး သူ၏ရှက်ရွံ့နေသည့် မျက်နှာကို တွေ့လိုက်ရသည်။
“ဘာလဲ”
သူမက မေးလိုက်၏။ ကျန့်ချန်းချွမ်းသည် ပြတ်သားသည့် အကျင့်တစ်ခုရှိပြီး သည်လိုအမူအရာများ မရှိသလောက်ပင်။
တစ်ခုခု ဖြစ်လို့လား။ ထိုသို့စဥ်းစားမိတော့ သူမ၏အာရုံစိုက်မှုက မြင့်တက်လာတော့သည်။
ကျန့်ချန်းချွမ်းက အလောတကြီး ပြန်ဖြေလိုက်လေသည်။
“အရေးကြီး ကိစ္စတော့မဟုတ်ပါဘူး၊ တချို့က ကျွန်တော့်ကို မေးခိုင်းထားလို့ပါ၊ စားသောက်ဆိုင်က လူငှားအုံးမှာလားတဲ့”
သူက ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကျောင်းယွဲ့က ထရပ်လိုက်ပြီး ကျန်းယွင်ကျူးကို အားကိုးတကြီး ကြည့်လိုက်လေသည်။ တစ်ယောက်လည်း သူမကို ဒီကိစ္စ မေးခိုင်းထားသေးတယ်လေ။ မထင်ထားဘဲ ကျန့်ချန်းချွမ်းကို အရင်ဦးသွားတယ်။
“ရှင်လည်း ဒီအကြောင်းမေးချင်တာတော့ မဟုတ်ပါဘူးနော်” ကျန်းယွင်ကျူးက ကျင့်ကျောင်းယွဲ့ကို မေးလိုက်သည်။
ကျင့်ကျောင်းယွဲ့က ခေါင်းညိတ်လိုက်၏။
“သူဌေး” ကျန့်ဟယ်၏ ရေခဲမျက်နှာကလည်း မသိမသာ တောင့်တင်းသွားလေသည်။
“ရှင်လည်း ဒီအကြောင်းကို မေးမလို့လား” ကျန်းယွင်ကျူးက အံ့ဩသွားတော့သည်။
ကျန့်ဟယ်က ခေါင်းညိတ်ပြလိုက်၏။
“ရှင်တို့တွေ လူတစ်ယောက်ထဲအတွက် မေးနေတာတော့ မဟုတ်ပါဘူးနော်” ကျန်းယွင်ကျူးမှာ စိတ်ဝင်စားသွားတော့သည်။
တချို့က မြန်မြန်ခေါင်းခါပြလိုက်သည်။
ကျန်းယွင်ကျူးက သေသေချာချာ မေးကြည့်လိုက်မှ လူတစ်ယောက်တည်း မဟုတ်သည်ကို သိလိုက်ရတော့သည်။
သည်ရက်ပိုင်းများတွင် ကျန့်ချန်းချွမ်းနှင့် တခြားသူများသည် ရှီကွမ်းစားသောက်ဆိုင်တွင် နေလာကြပြီး ကောင်းကင်ကြီးက အပြာရောင်ဖြစ်နေကာ သစ်ရွက်များကလည်း အစိမ်းရောင်ပြောင်းလဲသွားယောင် ဖြစ်နေခြင်းပင်။ သူတို့သည် မနက်နိုးလာတိုင်း အားအင်အပြည့်ဖြစ်နေသည်။
သူတို့သည် စားသောက်ဆိုင်သို့ ရောက်လာချိန်တွင် သန့်ရှင်းရေးလုပ်ကြပြီး အားလပ်ချိန်တွင် ဝိုင်နှစ်ခွက်လောက် သောက်ကြပြီး တစ်ခါတစ်လေ ကျန်းယွင်ကျူးချက်ထားသည့် အစားအသောက်များကို စားခဲ့ရသည်။ ထိုခံစားချက်က အလွန်မှ အေးချမ်းကာ သက်သောင့်သက်သာ ဖြစ်လေသည်။ အမှန်ပင် နတ်ဘုံက ဘဝတစ်ခုအလားပင်။
ထို့နောက်တွင်တော့ သူတို့၏ ဓားကိုင်ဖော် ဓားကိုင်ဖက် အရင်က လုပ်ဖော်ကိုင်ဖက်များက ကျန်းယွင်ကျူးသည် စားသောက်ဆိုင်တွင် လူငှားအုံးမည်လားဟု သူတို့ကို မေးခိုင်းကြတော့သည်။
သူတို့လည်း ဝိုင်က အလွန်ကောင်းမွန်ပြီး၊ အစားအသောက်များက အလွန်အရသာရှိလျှင် ထိုဘဝမျိုးကို လာရောက် ကြည့်ရှုချင်ပေသည်။
ကျန်းယွင်ကျူးသည် ထိုအကြောင်းကို ကြားလိုက်ပြီးနောက်တွင် ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။ ဒါက စားသောက်ဆိုင်လေကွယ်။ အပန်းဖြေရိပ်သာမှ မဟုတ်တာ။ သူတို့တွေ ဘာတွေစဥ်းစားနေကြတာလဲ။
“အခုလောလောဆယ်တော့ လူအင်အားမလိုသေးပါဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။
ကျင့်ကျောင်းယွဲ့နှင့် တခြားသူများက နှမြောတသသည့် အမူအရာများ ဖြစ်သွားကြတော့သည်။ သူတို့ရဲ့မိတ်ဆွေတွေနဲ့ သူတို့ယုံကြည်ရတဲ့သူတွေလေ။ သူတို့တွေလည်း သူတို့ကို စားသောက်ဆိုင်ကို အရမ်းလာစေချင်ကြတာပေ့ါ။ ငွေရတာ မရတာက နောက်ကိစ္စပဲ။ အဓိကအချက်က သူတို့တွေ အတူတူရှိတဲ့အချိန်ဆို ပျော်ရွှင်ကြတယ်လေ။
နေ့လယ်ခင်းတွင် ရှီကွမ်းစားသောက်ဆိုင်သည် ပင်လယ်စား စားသောက်ပွဲတစ်ခု ကျင်းပလေသည်။ ဒေါင်းငါး၊ ကင်းမွှန် အနှစ်ကြော်၊ ကြက်ဥသံပခြုပ်ပေါင်း၊ စမုန်ဖြူခရုဟင်းရည် စသည်တို့ပါသည်။ အားလုံးကို နှစ်သက်ကြသည်။ ရှီကွမ်းစားသောက်ဆိုင်သည် လူပြောများသည့် သီးသန့်ဟင်းလျာများ တိုးလာတော့သည်။
ညနေခင်းတွင် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က ပင်လယ်စားများကို လာစားကြသည်။ သူတို့နှစ်ယောက်လုံးက တော်တော်များများ စားလိုက်ကြသည်။
စိတ်ကျေနပ်လောက်အောင် စားသောက်ပြီးနောက် သုံးယောက်သား စကားစမြည်ပြောလိုက်ကြသည်။ ကျန်းယွင်ကျူးသည် သူက လူငှားလိုသေးလားဟု ကျန့်ချန်းချွမ်း မေးလာသည့်အကြောင်းကို ပြောပြလိုက်လေသည်။ သူမက သူတို့၏စိတ်ကူးကို ကြားချင်လေသည်။
ထိုအကြောင်း ပြောလိုက်သည်တွင် ယန်ရှန့်က အလွန်စိတ်ဆင်းရဲသွားတော့သည်။ ဒီရက်ပိုင်း လူတချို့က သူ့ဆီလာပြီး ကျင့်ကျောင်းယွဲ့နဲ့ တခြားသူတွေကို နေရာတစ်ခု စီစဥ်ပေးခဲ့တဲ့အကြောင်းကို လာပြောနေကြတယ်လေ။ သူတို့ကိုရောတဲ့။ သူတို့အားလုံးက ချီလင်သက်တော်စောင့်ဌာနမှာ ရေရှည်လုပ်ခဲ့ကြတဲ့ အဖွဲ့တွေပဲ။ သူမှာ အဖြေပေးဖို့ ခက်တော့တာပေါ့။
“လူအများကြီး အနားယူလိုက်ရတာလား”
ကျန်းယွင်ကျူးက သိချင်သွားသည်။ သူမစိတ်ထဲမှာတော့ ချီလင်သက်တော်စောင့်တွေက ကျင်ယိဝေ့နဲ့ တူသလိုပါပဲ။ သူတို့တွေက သူတို့ရဲ့စွမ်းအားကို ထုတ်ပြသင့်တာလေ။ ဒါပေမဲ့ ဘာလို့လဲ။ ယန်ရှန့်က သူတို့အကြောင်း ပြောလိုက်တော့ ဒီလိုပုံကြီး ဘာလို့ဖြစ်နေတာလဲ။
ယန်ရှန့်က လူတော်တော်များများ အကြောင်းကို ရှင်းပြလိုက်သည်။
ချီလင်သက်တော်စောင့်တွေက လိုအပ်ချက်တွေ မြင့်တယ်လေ။ ယေဘူယျအားဖြင့် သူတို့တွေက အရမ်းကို အန္တရာယ်များတဲ့ တာဝန်တွေကို ဆောင်ရွက်ရတာ။ ဌာနကို သွားကြည့်ရင် သိလာလိမ့်မယ်။ အဖွဲ့ထဲမှာ အသက် ၃၅နှစ်အထက်လူတွေက လက်ချိုးရေလို့တောင်ရတယ်။ ပြီးတော့ အသက်၄၀ဆို လုံးဝကို မရှိသလောက်ပဲ။ သူတို့တွေက သေသူသေ မဟုတ်ရင် ဒဏ်ရာရသူရနဲ့။ ပြီးတော့ ကိစ္စအမျိုးမျိုးကလည်း မှားယွင်းတတ်ကြသေးတယ်လေ။
ချီလင်သက်တော်စောင့်ဌာနဆိုတာ ဆက်ခေါ်ထားဖို့ အရမ်းကို အခွင့်အရေးနည်းပါးတဲ့ နေရာတစ်ခုပဲ။
ချီလင်သက်တော်စောင့်ဌာနကနေ အနားယူပြီးသွားရင် တချို့က လူသစ်တွေကို လေ့ကျင့်ပေးကြတယ်။ ဒါပေမဲ့ လူအများကြီးကို မလိုသလောက်ပဲ။ ကျန်တဲ့သူတွေကတော့ အများစုက ငွေပမာဏတစ်ခုကို လက်ခံလိုက်ကြပြီး ဘာမှမတတ်နိုင်ဘဲ ထွက်သွားကြရတာပဲ။
ထွက်သွားပြီးရင်ကော ဘာဖြစ်သွားလဲ ဟုတ်လား။ တချို့က အိမ်ထောင်ကျ ကလေးရပေမဲ့ အဓိကပြဿနာက သူတို့ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် မနေတတ်တာပဲ။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အရင်က သူတို့ကို မည်သို့စီစဥ်ပေးမည့်အကြောင်း တိုင်ပင်ခဲ့ကြဖူးသည်။ သူတို့ကို ကျင်းကျောက်ပြည်နယ်သို့ သွားစေချင်သည်။ သို့မဟုတ်လျှင်လည်း နေရာအသီးသီးတွင် အလုပ်လုပ်စေချင်သည်။ သူတို့၏အရည်အချင်းများနှင့်ဆိုလျှင် သူတို့သည် အလုပ်ကို သေချာပေါက် လုပ်နိုင်ပေလိမ့်မည်။
သို့သော်ငြား ရုံးတော်က အမတ်များက ဆက်တိုက် ငြင်းပယ်ကြသည်။ ဧကရာဇ်ချင်းလုံပင် သဘောမတူခဲ့ပေ။
“ကျွန်တော်တို့တွေက နေရာတိုင်းမှာ မျက်လုံးတွေ ထားချင်တာလို့ သူတို့တွေက ထင်နေတာလေ”
ယန်ရှန့်က လှောင်ရယ်လိုက်ပြီး
“ဒါကြောင့် သူတို့တွေက သဘောမတူကြတာပေါ့”
ကျန်းယွင်ကျူးက ဘာမှ ပြန်မပြောလိုက်ပေ။ သူတို့နှစ်ယောက်မှာ ရည်ရွယ်ချက်ကောင်းတွေရှိတာ သူမ သိပါတယ်လေ။ ဒါပေမဲ့ အမတ်တွေရဲ့ စိုးရိမ်သောကကလည်း တကယ်ရှိနေတာကိုး။
သူတို့တွေက ချီလင်သက်တော်စောင့်တွေကို ကြောက်နေကြပြီးသားလေ။ တကယ်လို့များ ချီလင်သက်တော်စောင့်တွေကို ဌာနအသီးသီးမှာ ခန့်ထားလိုက်ရင် ဘယ်သူမှ အိပ်ပျော်ကြတော့မှာ မဟုတ်လေဘူး။
အခန်းသည် တိတ်ဆိတ်လာတော့သည်။
ရုတ်တရက်ဆိုသလို ယန်ရှန့်က ကျန်းယွင်ကျူးကို တန်းပြောလိုက်သည်။
“မိန်းကလေးကျန်း မြို့တော်မှာ မင်း နောက်ထပ် စားသောက်ဆိုင်နည်းနည်းပါးပါး ထပ်ဖွင့်လိုက်ရင်ကော၊ မင်းရဲ့လုပ်ငန်းက သေချောပေါက် တိုးတင်ပြီး လူတွေလည်း ပိုငှားလာနိုင်မှာ။
မဟုတ်ဘူး၊ မင်း သူတို့ကို ငှားရင် ကျွန်တော်တို့က မင်းကို ထောက်ပံ့ကြေးပေးနိုင်ပါတယ်”
ယန်ရှန့်၏စကားလုံးများက အလွန်မှ ရိုးသားသော်လည်း ကျန်းယွင်ကျူးက စားသောက်ဆိုင်အများကြီး မဖွင့်ချင်ပေ။ အဲထက်ဆိုးတာက အဲဒီလူတွေက တကယ့်အရည်အချင်းတွေ ရှိကြတယ်လေ။ စားသောက်ဆိုင်မှာ ဧည့်ခံပေးတဲ့သူလုပ်ခိုင်းတာက သူတို့ရဲ့အရည်အချင်းတွေကို ဖုံးကွယ်ထားတာပဲ။
နောက်ပိုင်းကျရင် ချီလင်သက်တော်စောင့်က အနားယူသွားတဲ့သူတွေအားလုံးက စားသောက်ဆိုင်တွေမှာ စားပွဲထိုး လုပ်နေရတယ်လို့ သတင်းထွက်ကုန်မှဖြင့်။ ပြောလို့သာလွယ်တာ နားခါးတယ်လေ။
ဘယ်သူက ချီလင်သက်တော်စောင့်တစ်ယောက် ဖြစ်လာချင်ပါတော့မလဲ။ သူတို့တွေက အလုပ်အရမ်းကြိုးစားခဲ့ပေမဲ့ ဇာတ်သိမ်းကောင်းတစ်ခုတောင် မပိုင်ဆိုင်ရဘူးတဲ့။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် စားပွဲက မကုန်သေးသည့် ပင်လယ်စာများကို မြင်သွားပြီး ရုတ်တရက် စိတ်ကူးတစ်ခု ရသွားတော့သည်။
“ရှင်တို့တွေ ပင်လယ်ရပ်ခြားကို သွားဖို့ စဥ်းစားခဲ့ကြဖူးသလား”
“ပင်လယ်ရပ်ခြား ဟုတ်လား”
ရှန်ဖုန်းမင်က ကျန်းယွင်ကျူးသည် ဝူလင်စီရင်စုတွင် ပိုးစာပင်များ စိုက်ပျိုးခဲ့ကြောင်းကို သိထားလေရာ ချက်ချင်း အတွေးများသွားတော့သည်။ နောက်ပိုင်းတော့ သူက စုံစမ်းခဲ့လိုက်သည်။ အမှန်ပင် ကျယ်ပြန့်သည့် အလားအလာရှိသည့် ပင်လယ်ရပ်ခြားကုန်သွယ်ရေးတစ်ခုပင်။
ထိုစကားကို ကြားလိုက်တော့ ယန်ရှန့်သည် သူ့အင်အားများ ပြန်တက်လာတော့သည်။ သူသည် ချီလင်သက်တော်စောင့်ဌာနတွင် ပင်လယ်ရပ်ခြားက ပစ္စည်းအများအပြားကို တွေ့ဖူး ကြားဖူးခဲ့သည်။ သူသည် ထိုနေရာများကို သိချင်ခဲ့လေသည်။
“ပင်လယ်ထဲမှာ ပင်လယ်ဓားပြတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်၊ ရေကြောင်းကုန်သွယ်ရေးမှာ ရုံးတော်ရဲ့ စီမံချက်က လိုအပ်ချက်တွေအများကြီး ရှိနေတယ်”
ယန်ရှန့်သည် ရုတ်တရက် ဝမ်းသာအားရနှင့် ရှန်ဖုန်းမင်ကို မေးလိုက်တော့သည်။
“မင်း ပြောကြည့်စမ်းပါ၊ ငါတို့တွေ မင်းကြီးကို ပြောပြပြီး ဌာနတစ်ခု တည်ထောင်လိုက်မယ်၊ ပြီးရင် ငါတို့လူတွေကို စီစဥ်ပေးလိုက်မယ်လေ”
သူတို့တွေက ဒီနိုင်ငံထဲမှာ ခွင့်မပြုဘူးဆိုမှတော့ ပင်လယ်ရပ်ခြားမှာတော့ မတားမြစ်သင့်ဘူးပေါ့။
ရှန်ဖုန်းမင်က ခေါင်းခါလိုက်သည်။ မင်းကြီးက သဘောတူမှာ မဟုတ်ဘူးလေ။
ယန်ရှန့်က ဒေါသတကြီး ကုလားထိုင်နောက်ကို ပြန်မှီလိုက်တော့သည်။ သူက တစ်ခုခု လုပ်စရာရင် သူတို့ကို လာရှာပြီး ဘာမှမရှိတဲ့အချိန်ကျတော့ သူတို့ကို ကြောက်နေတယ်တဲ့။ သူတို့တွေကလေ တကယ်ပဲ တတ်လည်းတတ်နိုင်ကြတဲ့သူတွေ။
“အရင်ဆုံး ကျွန်မတို့တွေက ကုန်သင်္ဘောတစ်စင်း ဆောက်ဖို့ တော့ ကြိုးစားလို့ရပါတယ်”
ကျန်းယွင်ကျူးသည် သည်စကားကို ပြောလိုက်ချိန်တွင် နှစ်ရာချီကြာပြီးနောက် ဗြိတိန်၊ ပေါ်တူဂီနှင့် စပိန်တို့က အရှေ့အိန္ဒိယကုမ္ပဏီများကို စဥ်းစားမိလိုက်သည်။
နည်းနည်းတော့ဝေးတယ်။ ဒါပေမဲ့ နောက်လာမည့် နှစ်အနည်းငယ်အတွင်းမှာ ရှမင်းဆက်ရဲ့ ရေကြောင်းကုန်သွယ်ရေးက ကြီးမားတဲ့တိုးတက်မှုတစ်ခု ရှိလာမှ သူမ သိနေတယ်။
သူတို့အတွက် ကုန်သင်္ဘောတစ်စီး ဆောက်ပြီး ငွေရှာရင် အဆင်ပြေလိမ့်မယ်။
ငွေသာရှိရင် အဲဒီလူတွေအတွက် မစီစဥ်ပေးနိုင်မှာ ဘာစိုးရိမ်စရာလိုသေးလဲ။ တခြား စိတ်ကူး မရှိဘူးဆိုတာလည်း ငွေမလောက်လို့ပဲ နေမှာပေါ့။
ပြီးတော့ ကုန်သင်္ဘောက နေရာတိုင်းကို သွားရမှာမလို့ အရည်အချင်းမျိုးစုံလိုအပ်တယ်လေ။
“ကုန်သင်္ဘောဟုတ်လား၊ လုပ်ငန်းလုပ်ဖို့လား”
ယန်ရှန့်က မေးလိုက်သည်။
“ရှင် အရင်ဆုံး လုပ်ငန်းတစ်ခုကို လုပ်နိုင်ပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“နောက်ပိုင်းကျရင်ကော” ရှန်ဖုန်းမင်က မေးလိုက်သည်။
ဒါကတော့.... ကျန်းယွင်ကျူး ပြုံးလိုက်လေသည်။
“ လုပ်ငန်းပဲ ဆက်လုပ်နေအုံးမှာပဲ”
ရှန်ဖုန်းမင်၏နှုတ်ခမ်းထောင့်က မသိမသာ မြင့်တက်သွားလေသည်။ ဒါက မှန်ရဲ့လား။
“ကျွန်တော်က စီးပွားရေး မလုပ်တတ်ဘူးနော်”
ယန်ရှန့်က ရှန်ဖုန်းမင်ဘက်လှည့်လိုက်ပြီးနောက် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ ရှန်ဖုန်းမင်က လုပ်တတ်တယ်။ ကျန်းယွင်ကျူးလည်း အတူတူပဲ။
ယန်ရှန့်သည် ရုတ်တရက် နှုတ်ဆိတ်သွားတော့သည်။ သူတစ်ယောက်ဘဲ လုပ်ရည်ကိုင်ရည် မရှိတာလားဟ။
“မင်းတို့တွေ ဒီလုပ်ငန်းကို အတူတူလုပ်ချင်လား”
ရှန်ဖုန်းမင်က အကြံပြုလိုက်သည်။ ဟုတ်ပါသည်။ သူက ကျန်းယွင်ကျူးကို ဦးစားပေးမေးလိုက်ခြင်းပင်။
ကျန်းယွင်ကျူးက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အလွန်မှ စိတ်ဝင်ခဲ့သည်။ ဒါ့အပြင် သူတို့ကိုယ်ပိုင် ကုန်သင်္ဘော တည်ဆောင်ထားကတာ သူမ ပြန်ခေါ်ချင်တဲ့အချိန်တိုင်း သူတို့ကို ပြန်ခေါ်နိုင်တယ်ဆိုတဲ့ သဘောပဲမလား။ ပြီးတော့ သူမက နောက်ပိုင်း ပင်လယ်ကို သွားကြည့်ချင်တယ်ဆိုရင်တောင် အရမ်းကို အဆင်ပြေသွားပြီလေ။
“ကျွန်မက ငွေအရင်းအနှီးအများကြီး မရှိဘူး”
သူမက ပြောလိုက်သည်။ ကုန်သင်္ဘောတစ်စီး ဆောက်ဖို့ဆိုရင် အကုန်အကျ အရမ်းများမှာလေ။ အခုအချိန်မှာ သူမရဲ့ စားသောက်ဆိုင်က အမြတ်အများကြီး ရတယ်ဆိုပေမဲ့ သင်္ဘောဆောက်ဖို့ လိုအပ်တဲ့ငွေပမာဏနဲ့ ယှဥ်လိုက်ရင်တော့ ရေပုံထဲက ရေတစ်စက်လောက်ပဲ ရှိတယ်။
...
အပိုင်း(၁၁၄)
“ကိုယ့်မှာ ရှိတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ဒါပေါ့ သူ့မှာ ရှိတယ်လေ။ ရှန်မိသားစုက နှစ်ပေါင်းရာချီ ရပ်တည်လာခဲ့တာပဲ။ သူတို့တွေက ကဗျာစာပေမိသားရဲ့ အမွေဆက်ခံသူတွေဆိုပေမဲ့လည်း သူတို့မှ သုံးမကုန်တဲ့ ငွေအများကြီး ပိုင်ဆိုင်ထားကြတယ်။
“ငါလည်း ပါမယ်၊ ငါ့အမေကို ပြောပြပြီး သူ့ဆီက ငွေတောင်းလိုက်မယ်”
ယန်ရှန့်က ကြားဖြတ်ပြောလိုက်သည်။ ရှန်းဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့နောက်လိုက်ပါခြင်းက သေချာပေါက် ငွေရှာနိုင်လိမ့်မည်ဟု ခံစားမိနေသည်။
ယန်မိသားစုက ဂုဏ်ကျက်သရေ ထွန်းတောက်တဲ့ပုံပါပဲ။ စစ်သူကြီး ကျန်းကောတဲ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ မိသားစုက ချမ်းသာမနေပါဘူး။
စစ်တပ် အထွေထွေအသုံးစားရိတ်က စာပေပညာရှင်တွေထက် အများကြီး အကုန်အကျပိုများတယ်။ စာပေပညာရှင်တွေက စာအုပ်တွေဝယ်မယ် ပြီးတော့ ကျောင်းလခပေးမယ်။ စစ်တပ် အထွေထွေ အသုံးစားရိတ်ကျတော့ မြင်းကောင်းတစ်ယောက်ကို လျန်ထောင်ချီ ကုန်တာလေ။ လက်နက်ကောင်းတစ်ခု ရဖို့အတွက်ဆိုရင်လည်း လျန်တစ်ရာ နှစ်ရာက အနည်းဆုံးပဲ။ ဆိုရိုးစကားတောင် ရှိပါသေးတယ်။ ‘စာပေပညာမှာ နွမ်းပါးပြီး သိုင်းပညာ ကြွယ်ဝတယ်’တဲ့။ သဘောကတော့ ငွေရှိသူသာ သိုင်းပညာတွေ သင်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
စစ်သူကြီးယန်က သူ့လက်အောက်ငယ်သားများအပေါ် အလွန်ကိုယ်ချင်းစာတရား ထားလေသည်။ ရှန်ဖုန်းမင်က ချီလင်သက်တော်စောင့်ဌာနမှ အနားယူသွားသူများအတွက် စိုးရိမ်ပေးခဲ့သည်။ စစ်တပ်မှာ အနားယူသွားသူများနှင့် ယှဥ်လျှင် ချီလင်သက်တော်စောင့်များက ပိုပြီးသာသေးသည်။
ပထမအချက်မှာ ချီလင်သက်တော်စောင့်ဌာနတွင် လူပိုနည်းပြီး လစာက မြင့်သည်။ သူတို့သည် အနားယူသွားလျှင်တောင် ငွေပမာအမြောက်အများ လက်ခံရရှိနိုင်ပေသည်။
သို့သော် စစ်တပ်ထဲက လူများကတော့ သာမန်စစ်သားများ ဖြစ်ကြသည်။ သူတို့သည် လတိုင်း ငွေလျန် ၁စ သာ ရကြသည်။ သူတိုသည် ဒဏ်ရာရခဲ့လျှင် သို့မဟုတ် စစ်တပ်မှာ ထွက်ခဲ့ရလျှင် အများကြီး လျန်ငွေ ၁၀စ သာ ရနိုင်ပေသည်။
လျန်ငွေ ၁၀စ က ဘာအသုံးကျပါမည်နည်း။ ဒဏ်ရာပြင်းထန်ခဲ့လျှင် ဒဏ်ရာကို ကုသဖို့ရာ လုံလောက်ရုံသာ ရှိသည်။ သူတို့၏အနာဂတ် ဘဝက မည်သို့ ဆက်လျှောက်ရပါမည်နည်း။
ထို့ကြောင့် စစ်သူကြီးယန်က သူ့လက်အောက်ငယ်သားများကို မကြာခဏဆိုသလို ထောက်ပံ့ကြေးများ ပေးတတ်သည်။ သဘာဝအလျောက်ပင် ယန်မိသားစုက နွမ်းပါးသည်ထက် နွမ်းပါးလာတော့သည်။ အခုတော့ စစ်သူကြီးကျန်းကော အိမ်တော်၏ အဆင့်အတန်းကို ထိန်းသိမ်းဖို့ရန် သခင်မယန်၏ နာမည်အောက်က ဆိုင်တချို့ကို အားကိုးနေရတော့သည်။
“ဒီနှစ်ပိုင်းတွေမှာ ရှီရုံနဲ့ ပေတိက နယ်စပ်ကို ကြီးကြီးမားမား ကျူးကျော်လာတာမျိုး မလုပ်ခဲ့ပေမဲ့ သူတို့တွေ လှုပ်ရှားမှု အသေးလေးတွေကို ဆက်တိုက်လုပ်နေကြတယ်၊ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ စစ်သားအများကြီးကလည်း အနားယူလိုက်ကြရတယ်၊ ဖုန်းမင်၊ မိန်းကလေးကျန်း ဒီတစ်ခါ ကျွန်တော်တို့တွေ လူဘယ်နှစ်ယောက်လို မှာလဲ၊ လူအင်အား မရှိဘူးဆိုရင် ကျွန်တော်တို့တွေ သူတို့ကို ငှားပြီး ခိုင်းလို့ရနိုင်မလား”
ယန်ရှန့်က သည်လိုဝမ်းနည်းစရာအခြမ်းကို ချပြသည်မှာ ရှားပါးလှသည်။
ကျန်းယွင်ကျူးကတော့ ပြဿနာမရှိပေ။ မည်သို့ဆိုစေ လူငှားရမည်ပင်။ စစ်သူကြီးယန် ဦးဆောင်မှုနောက် လိုက်ခဲ့သည့် စစ်သားများက သေချာပေါက် တော်လိမ့်မည်ဟု ယုံထားသည်။
“အင်း”
ရှန်ဖုန်းမင်ကလည်း တုံ့ပြန်သည်။
“ဝမ်းသာလိုက်တာ၊ မင်း ဘာစောင့်နေတာလဲ၊ ကုန်သင်္ဘောအဖွဲ့ တည်ထောင်ပြီး မြန်မြန် လုပ်ကြမယ်လေ၊ ဒါဆို ငါ့အဖေကို ပြောလိုက်မယ်၊ သူတော့ ဝမ်းသာနေတော့မှာပဲ” ယန်ရှန့်က ပြောလိုက်သည်။
ငွေကြေးကိစ္စ ဖြေရှင်းပြီးသွားသည်နှင့်တစ်ပြိုင်နက် ကုန်သင်္ဘောကိစ္စကို အကြမ်းဖျဥ်း တွက်ချက်လိုက်ကြသည်။ ကျန်တာကတော့ သူတို့လုပ်ချင်သည့် လုပ်ငန်းနှင့် မည်သည့်နေရာတွင် လုပ်ငန်းလုပ်မည့်အကြောင်းပင်။
လက်ရှိမှာတော့ အကျိုးအမြတ်အများဆုံး ရေကြောင်းကုန်သွယ်ရေးက ပိုးထည်၊ လက်ဖက်ခြောက်နဲ့ ကြွေထည်တွေကို အရောင်းအဝယ်လုပ်တာပဲ။ အိုး ဟုတ်သား။ နောက်တစ်မျိုး ရှိသေးတယ်။ ရောင်စုံဖန်ခွက်လေးတွေလေ။ သူတို့တွေ ဒီပစ္စည်းတွေကိုလည်း ရောင်းလို့ရတယ်။
ဘယ်သွားမလဲဆိုတာကတော့ အခုနေ သိကြတဲ့နေရာတွေက ဂျာဗား၊ အင်ဒိုနီးရှားနဲ့ အနောက်ဘက် တိုက်ကြီးတွေပဲ။ တချို့လမ်းကြောင်းတွေက ဖော်ထုတ်ထားပြီးသားဆိုတော့ တော်တော်လေး အန္တရာယ်ကင်းတယ်။ ဒါပေမဲ့ လမ်းကြောင်းအများစုကိုတော့ မသိရသလို အန္တရာယ်လည်း အပြည့်ပဲ။
ဒီအန္တရာယ်တွေထဲမှာ ပင်လယ်ဓားပြ၊ လေမုန်တိုင်း၊ လှိုင်းလုံးကြီးတွေ၊ ဒေသခံ အင်အားစုတွေ ပါတယ်။
“ပင်လယ်ဓားပြ ဟုတ်လား၊ ပင်လယ်ဓားပြဆိုရင် သိပ်ကောင်းတာပေါ့၊ သူတွေက အရမ်းချမ်းသာတယ်လို့ ကြားဖူးတယ်၊ ကျွန်တော်တို့ ချီလင်သက်တော်စောင့်တွေကလည်း ရာဇဝတ်သား ဖမ်းတဲ့နေရာမှာ အတော်ဆုံးပဲမလား၊ သူတို့တွေ မလာရင်တော့ ထားပါတော့၊ လာပြီဆိုရင်တော့ နေဖို့သာပြင်ထားလိုက်။
ပြီးတော့ ကျွန်တော်တို့ ကုန်သင်္ဘောအဖွဲ့က ရုံးတော်ပိုင် မဟုတ်ဘူးလေ၊ သိမ်းဆည်းရတဲ့ ပစ္စည်းတွေကတော့...ဟဲဟဲ”
ယန်ရှန့်သည် ဌာနအသစ်တစ်ခု ထောင်မည့်အစား သူ့ကိုယ်ပိုင် ကုန်သင်္ဘောအဖွဲ့ ပိုင်ဆိုင်လိုက်ရသည်က ပိုကောင်းသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ ပြောမလို့မရဘူးလေ။ သူ အဲဒီ ပင်လယ်ဓားပြတွေကို သုတ်သင်ရင်း ငွေအများကြီး ရှာချင် ရှာနိုင်နေအုံးမှာပဲ။
ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး အဓိပ္ပာယ်ရှိသည်ကို တွေ့လိုက်ရသည်။ ချီလင်သက်တော်စောင့်တွေက အဖွဲ့ကို ခေါင်းဆောင်ပြီး စစ်သူကြီးယန် လက်အောက်က စစ်သားတွေက သင်္ဘောသားတွေအဖြစ် တာဝန်ယူလိုက်မယ်။ သူတို့ရဲ့ကုန်သင်္ဘောအဖွဲ့က ရှမင်းဆက်က အမြင့်ဆုံး တိုက်ခိုက်ရေး အင်အားရှိတဲ့အဖွဲ့ ဖြစ်မှာပဲ။ ဘယ်သူက တားနိုင်အုံးမှာလဲ။
သို့နှင့် ဒုတိယအပိုင်းကို အတည်ပြုလိုက်ကြသည်။ သူတို့သည် ထိုမစူးစမ်း မလေ့လာရသေးသည့် လမ်းများကို သီးသန့် သွားကြမည်၊ စွန့်စားမှုကြီးက ကြီးမားသည့်အကျိုးအမြတ်ကို ပြန်ရမည့် အဓိပ္ပာယ်ပင်။
သည်ကိစ္စနှင့် ပတ်သက်ပြီး ကျန်းယွင်ကျူးတွင် အားသာချက်တစ်ခု ရှိနေသည်။ သူမသည် ပထဝီအနေအထားကို သေသေချာချာ မသိသော်လည်း ကမ္ဘာပေါ်တွင် တိုက်ကြီးများ၏ နယ်မြေပိုင်းခြားပုံကို သိထားသည်။ သူတို့သည် သူမက ထောက်ပြသည့် လမ်းကြောင်းကို လိုက်နေသ၍တော့ ကုန်မြေအသစ်ကို ရှာတွေ့ဖို့ရန်က ပြဿနာ မဟုတ်တော့ပေ။
အချိန်ကျလျှင် သူတို့သည် ထိုနေရာတွင် ကြွေထည်နှင့် ပိုးထည်များကို ရောင်းချနိုင်ပြီး ရွှေတုံးနှင့် ငွေတုံးများကို သယ်ပြန်လာနိုင်လိမ့်မည်။
သည်လို စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ကုန်သင်္ဘောနှင့်အတူ စွန့်စားခန်းထွက်ရင်း ငွေရှာချင်စိတ်ပေါက်သွားတော့သည်။
ထို့နောက်တွင်တော့ သွားမည့်လမ်းကြောင်းကို သတ်မှတ်ရန်ပင်။ အမှန်တွင်တော့ ပထမအပိုင်းဖြစ်သည့် ရောင်းချမည့်ပစ္စည်းကလည်း ပြဿနာတစ်ခုမဟုတ်ပေ။
ထို့နောက် အသုံးစားရိတ်၊ ရင်းနှီးမြှုပ်နှံမည့် ပမာဏ နှင့် အမြတ်ငွေ ခွဲပုံတို့ ရှိလာသည်။
ယန်ရှန့်သည် သူ့အမေက အများဆုံး လျန် နှစ်သောင်းထုတ်နိုင်လိမ့်မည်ဖြစ်ပြီး ဒါပလည်း အိမ်က ပစ္စည်းများကို ရောင်းချပြီးမှရမည်ဟု တွက်ဆထားသည်။
ကုန်သွယ်ရေး ပထမအသုတ်အတွက် ရှန်ဖုန်းမင်က လူသူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် သင်္ဘောကြီး အစင်း၃၀ ကို ပြင်ဆင်ထားခဲ့သည်။ ကုန်စည်ဖြည့်တင်းဖို့ရန် ဝယ်ယူထားသည့် ပမာဏကို ပေါင်းလိုက်လျှင် လျန် ငါးသိန်းလောက် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
သည်ငွေပမာဏနှင့် ယှဥ်လျှင် ယန်ရှန့်၏ လျန်ငွေ နှစ်သောင်းက အစွန်းထွက်လေးသာဖြစ်သည်။
ကျန်းယွင်ကျူး ထုတ်ပေးနိုင်သည့် ငွေက ပိုလို့ပင် နည်းသေးသည်။ သူမက အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး လျန်ငွေ သုံးထောင်ကိုသာ ထုတ်ပေးနိုင်လိုက်သည်။
သူမသည် ဆင်းရဲသားတစ်ယောက်ပင်။ သူမက သည်လုပ်ငန်းမှ နှုတ်ထွက်ရနိုင်သည်ဟုပင် ခံစားမိလေသည်။
နောက်ဆုံးတွင်တော့ သူတို့သုံးယောက်က တိုင်ပင်လိုက်ကြပြီး ရှန်ဖုန်းမင်က ဝေစု၏ ၆၀% နှင့် ချီလင်သက်တော်စောင့်ဌာနက ၁၂% ကိုင်ထားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ၁၂%ကို အဖွဲ့အား ဦးဆောင်ပေးသည့် ချီလင်သက်တော်စောင့်များအပြင် နောက်ပိုင်း အနားယူကြမည့် ချီလင်သက်တော်စောင့်များကို အဓိက ခွဲဝေပေးရမည်။
ယန်ရှန့်က ၆% ရသည်။ ၁၀%ကိုတော့ ကုန်သင်္ဘော၏ သင်္ဘောသားများကို ပေးပြီး ထိုထဲက အစိတ်အပိုင်းတစ်ခုကို စစ်တပ်က အနားယူသွားသည့် စစ်သားများအတွက် ချန်ထားပေးမည်။
ကျန်သည့် ၁၂%ကတော့ ကျန်းယွင်ကျူးအတွက် ဖြစ်သည်။ သူမက သည်အစီအစဥ်ကို တင်ပြခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင်လည်း ကိစ္စအများစုကို ကိုင်တွယ်ရပေမည်။
“မဟုတ်တာပဲ၊ ကျွန်မအတွက် အရမ်းများလွန်းတယ်”
ကျန်းယွင်ကျူးက အကြိမ်ကြိမ် လက်ခါပြလိုက်သည်။ ၁၂ရာခိုင်နှုန်းတဲ့။ ဒါက ကြီးမားတဲ့ အမြတ်တစ်ခုပဲ။ သူမ အဲလို စဥ်းတောင်မစဥ်းစားရဲ့ဘူး။
“ဘာက အရမ်းများလို့လဲ။ မများပါဘူး”
ယန်ရှန့်က ပြုံးကာ ပြောလိုက်သည်။
ရှန်ဖုန်းမင်က ခေါင်းညိတ်လိုက်သည်။
ကျန်းယွင်ကျူးက အရမ်းများနေသည်ဟု တင်းခံနေသည်။ ပင်လယ်ထဲကို စွန့်စားပြီး သွားရတဲ့သူတွေက ချီလင်သက်တော်စောင့်တွေနဲ့ သင်္ဘောသားအဖွဲ့ဝင်တွေလေ။ ဒါတွေက သူတို့အားလုံး ရှာလာတဲ့ဟာတွေပဲ။
သူမက အစောပိုင်းအဆင့်တွေမှာပဲ လိုအပ်တာတွေ လုပ်ပေးရုံပဲ။ အများကြီး ယူလို့တော့ မကောင်းပါဘူး။
နောက်ဆုံးတွင်တော့ သူမက ချီလင်သက်တော်စောင့်များနှင့် သင်္ဘောသားများကို ဝေစု၏ ၁%နှုန်းစီ ပေးလိုက်တော့သည်။ ချီလက်သက်တော်စောင့်များက ၁၃%၊ သင်္ဘောသားများက ၁၁% နှင့် သူမက ၁၀% ယူလိုက်သည်။
အမှန်တွင် သူမက ပိုပြီး ပေးချင်သေးသော်လည်း ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က လက်မခံကြပေ။ ထို့ကြောင့် သည်လိုပဲ သတ်မှတ်လိုက်တော့သည်။
“ကျွန်တော်တို့ရဲ့ ကုန်သင်္ဘောတွေ အခက်အခဲကျော်လွှားနိုင်ပြီး ငွေအများကြီး ရှာနိုင်ပါစေလို့ ဆုတောင်းတယ်”
ယန်ရှန့်က သူ့ဝိုင်ခွက်ကို ကောက်ကိုင်ကာ ဝမ်းသာရွှင်လန်းကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးကလည်း ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည်။
ရှန်ဖုန်းမင်သည် အစက ယန်ရှန့်ကို ပြန်မပြောချင်သော်လည်း ကျန်းယွင်ကျူးက ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည်ကို မြင်လိုက်ပြီး သူလည်း ခွက်ကို ကိုင်မြောက်လိုက်သည်။
သူတို့သုံးယောက်သည် သူတို့၏ဝိုင်များကို သောက်လိုက်ကြပြီးနောက် စိတ်ကြည်လင်သွားကြတော့သည်။
“ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ကုန်သင်္ဘောအဖွဲ့ကို နာမည်တစ်ခုတော့ ပေးသင့်တယ်မလား၊ အဲဒီအချန်ကျရင် သူတို့တွေက ပင်လယ်ထဲမှာ ကျွန်တော်တို့ အဖွဲ့နာမည်ကို ထုတ်ပြောလိုက်တာနဲ့ ကြောက်လန့်သွားကြလိမ့်မယ်” ယန်ရှန့်က စိတ်လှုပ်ရှားကာ ပြောလေသည်။
ချီလင်သက်တော်စောင့်တွေက ရှမင်းဆက်ကို ခြောက်ခြိမ်းလာခဲ့တာပေမဲ့ အထက်မှာ ဘုရင်မင်းမြတ်ရှိပြီး နားညီးဖို့ကောင်းတဲ့ အမတ်တွေလည်း ရှိသေးတယ်လေ။ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။ ပင်လယ်ရပ်ခြားကိုသွားပြီး နတ်မင်းတွေနဲ့ တွေ့ရင် နတ်မင်းတွေကို သ-တ်ပြီး ဖန်ဆင်းရှင်တွေကို တွေ့ရင် ဖန်ဆင်းရှင်တွေကို သ-တ်မယ်(စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် လှုပ်ရှားမယ်)။ ဒါမှ စိတ်လှုပ်ရှားစရာပဲ။
သည်လို စဥ်းစားလိုက်ပြီး ယန်ရှန့်သည် ချီလင်သက်တော်စောင့် အလုပ်မှ ထွက်ကာ ပင်လယ်သို့သာ ထွက်ချင်သွားတော့သည်။
“နာမည်ဟုတ်လား”
ကျန်းယွင်ကျူးလည်း ဒါက လိုအပ်သည်ဟု ထင်မိသည်။
ဘာက နာမည်ကောင်းတစ်ခု ဖြစ်မလဲ။
“ချီလင်လား”
ယန်ရှန့်သည် ပြောလိုက်ပြီးနောက်မှ ထိုနာမည်ကို အထင်သေးမိလေသည်။ သူကတော့ ချီလက်သက်တော်စောင့်ဆိုတဲ့ နာမည်ကို မကြိုက်ပါဘူး။ ရုတ်တရက်ဆိုသလို သူသည် မျက်နှာချင်းဆိုင်က လူနှစ်ယောက်ကို မျက်လုံးချင်းဆုံအောင် ကြည့်လိုက်လေသည်။ သူ့မျက်လုံးများက အနည်းငယ် ညစ်ကျယ်ကျယ်ဟန်တစ်ခု ဖျတ်ခနဲလက်သွားပြီး အပြုံးတစ်ခုနှင့် ပြောလိုက်တော့သည်။
“မင်ယွင် ကုန်သွယ်ရေးအဖွဲ့လို့ ခေါ်ရင် ပိုကောင်းမယ်”
ကုန်သွယ်ရေးအဖွဲ့က စီးပွားရေးကုမ္ပဏီတစ်ခုနှင့် အတူတူဖြစ်သော်လည်း သည်ခေတ်တွင်တော့ ကုန်သွယ်ရေးအဖွဲ့ဟု ခေါ်ကြသည်။
မင်ယွင်သည် ရှန်ဖုန်းမင်၏ ‘မင်’နှင့် ကျန်းယွင်ကျူး၏ ‘ယွင်’မှ ယူထားခြင်းပင်။
ကျန်းယွင်ကျူးက ယန်ရှန့်ကို ဝါးစားမတတ် စိုက်ကြည့်လိုက်လေသည်။ သူတို့တွေက အရေးကြီးကိစ္စကို တိုင်ပင်နေကြတာလေ။
“ယွင်မင်ကုန်သွယ်ရေးလို့ ခေါ်တာပိုကောင်းမယ်”
ရှန်ဖုန်းမင်က ရုတ်တရက် ရေရွတ်လိုက်သည်။ သူ့အသံက အေးစက်နေ၏။ ဟာသလုပ်နေသည့်ဟန် လုံးဝမပေါ်ချေ။
သူက ကျန်းယွင်ကျူးရဲ့ ‘ယွင်’ကို ရှေ့ကိုမှာထားလိုက်တယ်။
ယန်ရှန့်က သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး
“ဒီနာမည်က အရမ်းကောင်းတယ်၊ ဒီနာမည်ပဲ ခေါ်ကြရအောင်”
ကျန်းယွင်ကျူး:... နေကြပါအုံး။ ရှင်တို့တွေ အတည်ပေါက်လုပ်နေကြတာလား။
ယွင်မင်ကုန်သွယ်ရေး။ နာမည်ကို သည်လို အခြေအနေမှာပင် အတည်ပြုလိုက်ကြလေသည်။ ကျန်းယွင်ကျူးကတော့ သူတို့သည် ပေါက်ကရလုပ်နေသည်ဟုသာ ခံစားမိလေသည်။
ယန်ရှန့်သည် ထိုနေ့ညက ပြန်သွားပြီး သူတို့၏ကုန်သွယ်ရေးအဖွဲ့က အနာဂတ်တွက် ငွေရှာမည့် အစီအစဥ်ကို သခင်မယန်အား ပြောပြလိုက်ချိန်တွင် ပါးစပ်အမြှုပ်ထွက်မတတ်ပင်။
သခင်မယန်က အစပိုင်းတွင် လက်မခံခဲ့ချေ။ မိသားစုမှာ ငွေပမာဏအများကြီး ဆိုလို့ ဒီလောက်ပဲရှိတော့တာလေ။ အားလုံးကို ရင်းနှီးလိုက်ပြီးမှာ ဘာမှ ပြန်မရတော့ရင် ဘယ်လိုလုပ်မလဲ။ မိသားစု နောက်ဆိုရင် အနောက်မြောက်လေကိုပဲ စားရလိမ့်မယ်။
နောက်ပိုင်းမှ ယန်ရှန့်က မတတ်သာတော့ဘဲ သခင်မယန်ကို လျှို့ဝှက်ချက်အား ထိန်းသိမ်းထားဖို့ ကတိတောင်းလိုက်ပြီး ကုန်သွယ်ရေး၏ အခြေအနေအတိကျကို သူမအား ပြောပြလိုက်တော့သည်။
အခုမှ သခင်မယန်သည် အားအင်ပြည့်လာတော့သည်။ ရှန်ဖုန်းမင်က ငါးသိန်း ရင်းနှီးတယ်ဟုတ်လား။ ကျန်းယွင်ကျူးက စီမံပေးတယ်တဲ့လား။ ချီလင်သက်တော်စောင့်တွေက အဖွဲ့ကို ဦးစီးပြီး စစ်တပ်က အနားယူသွားတဲ့လူတွေက သင်္ဘောသားတွေ လုပ်မှာတဲ့လား။ သူတို့တွေက နယ်မြေသစ်တွေဆီ သွားပြီး ပင်လယ်ဓားပြတွေကို နှိမ်နင်းမယ်တဲ့... ပင်လယ်ဓားပြတွေက ချမ်းသာကြတာပဲ။
ဘယ်လိုပဲ ကြည့်ကြည့် ဒါက အကျိုးအမြတ်များတဲ့ လုပ်ငန်းပဲ။
“နင်က ဘာလို့ နှစ်သောင်းပဲ ရင်းနှီးခဲ့တာလဲ”
သခင်မယန်သည် ယန်ရှန့်ကို အပြစ်တင်မည့်အစား ထိုသို့ မေးလိုက်လေသည်။ မိသားစုမှာ ငွေမရှိဘူးဆိုရင်တောင် သူမက အပြင်ထွက်ပြီး ချေးငှားလို့ရတာပဲလေ။
ယန်ရှန့်မှာ ဆွံ့အသွားတော့သည်။ ခုနတုန်းကတော့ အမေအဲလိုပြောတာ မဟုတ်ပါဘူး။ ပြီးတော့ သူက ဒီလုပ်ငန်းမှာ လမ်းကြုံလိုက်တဲ့သူသာသာပဲလေ။ ကျန်းယွင်ကျူးက အကြံထုတ်တယ်။ ရှန်ဖုန်းမင်က ငွေထုတ်ပေးတယ်။ နောက်ဆိုလည်း သူတို့ပဲ လုပ်ကြလိမ့်မှာ။ ဒီတော့ သူက အလကားနေရင်း ဝေစုအများကြီး ရထားတာပဲလေ။ သူတို့တွေက သူ့ကို ဂရုစိုက်ပေးနေကြတာပဲ။
ပြီးတော့ ဝေစုအများကြီးကိုလည်း အဖေ့တပ် အနားယူသွားတဲ့စစ်သားတွေကို ဝေပေးမှာပါ။ နောက်ဆိုရင် အဖေလည်း အဲဒီစစ်သားတွေအတွက် စိတ်ပူပေးစရာ မလိုတော့ဘူးပေါ့။ ဒါက အိမ်ရဲ့ ပြဿနာကြီးကို ဖြေရှင်းပေးလိုက်တာပဲ မလား။
လူသားတစ်ယောက်အနေနဲ့ အရမ်းလောဘကြီး မနေသင့်ပါဘူး။
သခင်မယန်က သေသေချာချာ စဥ်းစားလိုက်ပြီး လက်ခံလိုက်လေသည်။
ရုတ်တရက်ဆိုသလို သူမ၏စိတ်က တဖန် သတိပြန်လည်လာတော့သည်။ နေအုံး။ ယန်ရှန့်၊ ရှန်ဖုန်းမင်နဲ့ ကျန်းယွင်ကျူးတို့က ဘယ်လိုဖြစ်ပြီး တွဲမိသွားကြတာလဲ။ အရင်တုန်းကတော့ သူတို့တွေက ဘာမှ မပတ်သက်ကြသလိုနဲ့လေ။
“အခု ရှင်းစမ်း” သခင်မယန်က စားပွဲကို ပုတ်လိုက်လေသည်။
“ဒါက တစ်ဖက်လူရဲ့ကိစ္စပါ၊ ကျွန်တော်က ဘယ်လို ပြောရမှာလဲ” ယန်ရှန့်က ပြန်ချေပလိုက်သည်။
ထို့နောက်တွင်မှ သူသည် စကားလွန်သွားမှန်း သိလိုက်တော့သည်။
သခင်ယန်မှာ အလွန်အထိတ်တလန့် ဖြစ်သွားတော့သည်။ ယန်ရှန့်က မိန်းမပျိုတွေကို ကယ်တင်ပေးရတာ သဘောကျတယ်လေ။ သူနဲ့ ကျန်းယွင်ကျူးတို့ တွဲနေတာလို့ ထင်ထားခဲ့တာ။ ရှန်ဖုန်းမင်နဲ့ ကျန်းယွင်ကျူးက တွဲနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ရှန်ဖုန်းမင်က မိန်းကလေးကို ကြိုက်သတဲ့လား။
သူတို့နှစ်ယောက်...
“အမေ ကျွန်တော့်ရဲ့ ချစ်လှစွာသောမာတာမိခင်၊ အပြင်မှာ လျှောက်ပြောပြီး ပြဿနာတက်အောင် မလုပ်နဲ့နော်၊ ကျွန်တော့်မှာ သူတို့နှစ်ယောက် တွဲမိအောင် အရမ်းကြိုးစားထားခဲ့ရတာ”
ယန်ရှန့်သည် ရှန်ဖုန်းမင်ကို အနားယူခိုင်းပြီး သူကိုယ်တိုင် ချီလင်သက်တော်စောင့်ဌာနကို တာဝန်ယူခဲ့ရသည့် နေ့ရက်များကို ပြန်စဥ်းစားမိသွားတော့သည်။ ခါးသီးလွန်းလှပါတယ်လေ။
သခင်မယန်က သူ့ကို အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်၏။
“အမေ ကျွန်တော်နဲ့ ရှန်ဖုန်းမင်တို့ တွဲနေတာလို့တော့ မထင်ပါဘူးနော်”
ယန်ရှန့်က မျက်မှောင်ကြုတ်ထားလိုက်၏။
အဲဒီကောလာဟလလသတင်းတွေက လူလုပ်ထားတာတွေပဲ။ သူက မိန်းကလေးတွေကိုပဲ ကြိုက်တာ။ ရှန်ဖုန်းမင်လည်း အတူတူပဲ။ သူတို့ကြားမှာ တခြားဘာမှ မပတ်သပ်ဘူးနော်။
သခင်မယန်သည် အချိန်တော်ကြာအောင် စောင့်ဆိုင်းလာပြီးမှ သတင်းကို လက်ခံလိုက်တော့သည်။ သူမမှာ ဆင်ခြင်နိုင်စွမ်းရှိလေရာ အဓိပ္ပာယ်မရှိသည်များကို ပြောမနေတော့ချေ။ တစ်ခုပဲ။ သူမက ကျန်းယွင်ကျူးကို အရမ်းသဘောကျတာလေ။ သူမအတွက် ရှန်မိသားစုနဲ့ လက်ထပ်ဖို့က နည်းနည်းတော့ ခက်ခဲမှာပဲ။
လက်ထပ်ချင်တဲ့သူက ကျန်းယွင်ကျူး မဟုတ်ဘူး ရှန်ဖုန်းမင်ပါ။ ယန်ရှန့်သည် သူမကို အမှန် ပြင်ပေးချင်သော်လည်း နောက်ဆုံးတော့ သူက ပြောလိုက်လေသည်။
“အမေ ဒီကိစ္စကို စိတ်မပူနဲ့၊ ငွေသာ မြန်မြန်စုပေး။ ဪ ရှိသေးတယ်၊ ကျွန်တော် သင်္ဘောသားကိစ္စကို နောက်မှ အဖေ့ဆီ စာရေးလိုက်မယ်၊ အမေ အဖေကို မှာချင်တာရှိသေးလား”
“သူ့ကို ပြောလိုက်စမ်းပါ၊ နောက်ဆုံးသာ သားက အရွယ်ရောက်လာပြီး မိသားစုကို ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာ သိသွားပြီလို့၊ ငါ ပြောသလို ပြန်ပြောလိုက်” သခင်မယန်က ပြန်ပြောလိုက်သည်။
ဒါသည် ယန်ရှန့်ကို ပေါ်တင် ချီးမွှမ်းလိုက်ခြင်းပင်။ ယန်ရှန့်က ဝမ်းသာအားရ ပြုံးလိုက်တော့သည်။
“ပြီးတော့ သံမဏီသစ်ပင်က ပန်းပွင့်တာ မပွင့်တာ ဘာဖြစ်နေနေ ငါလည်း မြေးမချီရသေးဘူး၊ ဘာလုပ်ရမယ်ဆိုတာ သူ့ကို ပြောပြလိုက်” သခင်မယန်က ဆက်ပြောလိုက်၏။ ရှန်ဖုန်းမင်တောင် သူကြိုက်တဲ့ မိန်းကလေးရသွားပြီ။ တန့်ယန်းမင်းသမီးက မြေးချီနေတဲ့အချိန်မှာ သူမကလည်း မြေးမရှိတာမျိုးတော့ မဖြစ်ချင်ပါဘူး။
ယန်ရှန့်၏မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့သည်။ မလုပ်ပါနဲ့လေ။ နောက်ဆုံးစကားကို မေ့ပစ်လိုက်လို့မရဘူးလား။
နောက်ဆုံးတွင် ယန်ရှန့်၏စာထဲ၌ ထိုအကြောင်းနှင့်ပတ်သက်ပြီး တစ်ခုမှ ထည့်မပြောလိုက်ပေ။ သူက စစ်သူကြီးယန်အား ကုန်သင်္ဘောကိစ္စအကြောင်းကို ပြောပြလိုက်ပြီး အနားယူသွားသည့် စစ်သားများ၊ ဒဏ်ရာရသွားသည့် စစ်သားများကို အဖွဲ့တစ်ခု ရွေးထုတ် ခိုင်းထားလိုက်သည်။ ငွေရှာဖို့ရာ ငွေရှိနေပေပြီ။