← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အပိုင်း (၁၂၁)

လင်ထင်အန်းသည် ရှန်ဖုန်းမင်ကို တွေ့လိုက်လေသည်။ သူ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ရှန်ဖုန်းမင်က သေကွင်းသေကွက် တိုက်ကွက်များနှင့် သူ့ကို တိုက်ခိုက်လာပြီးဖြစ်သည်။

လင်ထင်အန်းက ဒေါသထွက်သွားတော့သည်။ သူသည် ရှန်ဖုန်းမင်ကို နေရာတွင်ပင် သ-တ်ချင်စိတ် ပေါက်သွားတော့သည်။

သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလို စတင် တိုက်ခိုက်တော့သည်။

လင်ထင်အန်းသည် နာမည်ကြီးဆရာတစ်ယောက်၏ သင်ကြားပေးခံရပြီး နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား လေ့ကျင့်ခဲ့သည်။ သူ့သိုင်းပညာက ကောင်းသော်လည်း သူသည် မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများမှ နောက်ဆုံးအချိန်အထိ အသက်ရှင်နိုင်ခဲ့သည့် ရှန်ဖုန်းမင်နှင် ရင်နေရလေသည်။

မကြာမီ လင်ထင်အန်းသည် အရေးနိမ့်လာတော့သည်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို တွေ့သွားပြီး သူမ၏နောက်ဆုံးလက်ကျန်အားဖြင့် ကမ်းစပ်ဆီသို့ ကူးသွားလိုက်တော့သည်။

သူမသည် နောက်ဆုံး ကမ်းစပ်နားသို့ ရောက်လာချိန်တွင် သူမ၏နှလုံးသားထက နတ်ဆိုးမီးတောက်ကို ဆက်ပြီး ဖိနှိပ်မထားနိုင်တော့ပဲ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အင်အားမဲ့ကာ ခွေကျသွားတော့သည်။

“ရှန်ဖုန်းမင်” သူမက လှမ်းခေါ်လိုက်လေသည်။

ဒါသည် သူမက သူ့နာမည်ကို ပထမဆုံးအကြိမ် ခေါ်လိုက်ခြင်းပင်။ သခင်လေးရှန်လည်း မဟုတ်သလို လူကြီးမင်းရှန်လည်း မဟုတ်ပေ။

ဆေးအစွမ်းကြောင့် အသံက နှစ်လိုဖွယ် ပရိယာယ်ကြွယ်လှသည်။ အကောင်ပေါက်လေးကို ဆိုးနွဲ့သည့် ခံစားတစ်ခုလည်း ဆောင်နေပြီး လူများ၏ရင်ထဲသို့ တည့်တည့်မတ်မတ် တိုးဝင်သွားတော့သည်။

ရှန်ဖုန်းမင်သည် ချက်ချင်းရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ကျန်းယွင်ကျူးသည် ဆက်မထိန်းနိုင်တော့ပဲ ရေထဲပြန်ကျသွားသည်ကို တွေ့လိုက်ရတော့သည်။

သူသည် လင်ထင်အန်းကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ ကျန်းယွင်ကျူး ရှိရာဘက်သို့ ချက်ချင်း ခုန်ဆင်းသွားတော့သည်။ သူက သူမကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်ပြီး သူ၏အပေါ်ဝတ်ရုံကို ချွတ်ကာ သူမ၏ခန္ဓာကိုယ်ကို ခြုံပေးထားလိုက်ပြီး သူမကို ချက်ချင်းကောက်ချီလိုက်ပြီးနောက် နန်းတော်မှ ချက်ချင်း ထွက်သွားလိုက်တော့သည်။

ကျန်းယွင်ကျူး၏ အခြေအနေမှာ မူမမှန် ဖြစ်နေမှန်း ချက်ချင်း သတိထားမိလိုက်ပြီး ဘယ်လိုအဆိပ်မျိုးမိထားသည့်ကို သိဖို့ရန် နတ်ဆေးသမားတော်ဝူထံ သူမကို ခေါ်သွားလိုက်တော့သည်။

လင်ထင်အန်းသည် ထိုနေရာတွင် ငေးငူကာ ရပ်နေခဲ့လေသည်။ ခုနက ကျန်းယွင်ကျူးရဲ့ ချိုသာတဲ့ ခေါ်သံကြောင့်သာ မဟုတ်ရင် သူ သေတော့မလို့။ ရှန်ဖုန်းမင်က သူ့ကို သတ်ချင်နေတာ။

သူ မသေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက် ထွက်သွားတဲ့ ကျောပြင်ကို တွေ့လိုက်ရတော့ သူ လုံးဝကို မပျော်နိုင်တော့ဘူး။ သူ့ရင်ထဲမှာ သံတုံးတစ်ကြီးတစ်ခုကို ဆွဲထားသလို လေးလံနေတာ တော်တော့ကို နေလို့မကောင်းဘူး။

သည်ဖက်တွင် ရှန်ဖုန်းမင်သည် တော်တော်လေး လျင်မြန်လှပြီး မကြာမီတွင် အပြင်နန်းတော်သို့ ရောက်လာခဲ့တော့သည်။ ရှီလျို့ကို တွေ့လိုက်ရ၏။

“စစ်သေနာပတိချုပ်ရှန်”

ရှီလျို့သည် စိုးရိမ်တကြီး မေးလိုက်တော့သည်။ သူမသည် ကျန်းယွင်ကျူး၏ မူမမှန်ဖြစ်နေပုံကို သတိထားမိလိုက်သည်။

“ပြန်သွားပြီး သမားတော်ဝူကို သွားရှာပြီး သူ့ကို စစ်ဆေးပေးဖို့ အဆင်သင့်ပြင်ထားဖို့ ပြောလိုက်၊ ပြီးတော့ ရေအေးတစ်စည် ပြင်ဆင်ထားလိုက်”

ရှန်ဖုန်းမင်က မြန်မြန် အမိန့်ပေးလိုက်ပြီး သူ့လက်မောင်းတွင် ကျန်းယွင်ကျူးကို ချီထားကာ လှည်းနားရောက်လာသည်အထိ ဆက်လျှောက်လာခဲ့လိုက်သည်။

“စစ်သေနာပတိချုပ်ရှန်”

ကျန်းချန်ချွမ်းက လှည်းမောင်းသည့် တာဝန်ယူထားလေသည်။

“စားသောက်ဆိုင်ကို ပြန်မယ်”

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ချီကာ လှည်းထဲဝင်သွားပြီး အမိန့်ပေးလိုက်တော့သည်။

ကျန်းချန်ချွမ်းက လှည်းကို ချက်ချင်းမောင်းကာ အရှိန်ဖြင့် ထွက်သွားလိုက်တော့သည်။

ရှီလျို့ကလည်း ချက်ချင်း လှုပ်ရှားလိုက်လေသည်။

သည်အချိန်တွင် ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူး စားမိထားသည့် ဆေးအမျိူးအစားကို ခန့်မှန်းမိပြီးဖြစ်လေသည်။

ရှန်ဖုန်းမင် ပွေ့ဖက်ထားသည်ကို ခံထားရသဖြင့် ကျန်းယွင်ကျူးသည် သူမ၏နှာခေါင်းထဲတွင် တမူထူးခြားသည့် လရောင်ရနံ့ကို ရှူရှိုက်မိလိုက်ပြီး နောက်ဆုံးဆင်ခြင်ဉာဏ်က ပျောက်ဆုံးသွားလေတော့သည်။

သူမက သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ သူမ၏ ချိနဲ့ ပျော့ပြောင်းသည့် ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ကို တွယ်ကပ်နေလေသည်။

ရှန်ဖုန်းမင်သည် သူ့ခါးက ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဆေးတစ်လုံး သွန်ထုတ်လိုက်ကာ ကျန်းယွင်ကျူး၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

သူမ၏ပါးစပ်ထဲတွင် အေးမြမြ ခံစားချက်တစ်ခု ဝင်လာပြီး ကျန်းယွင်ကျူးသည် သတိနည်းနည်း ပြန်ဝင်လာသည်။

“ရှန်ဖုန်းမင်” သူမက မပွင့်တပွင့် ခေါ်လိုက်လေသည်။

“ကိုယ် ရှိတယ်၊ ကိုယ် တောင်းပန်ပါတယ်နော်’

ရှန်ဖုန်းမင်က သူမကို တင်းနေအောင် ဖက်ထားလိုက်သည်။ သူက သူမကို ကာကွယ်ပေးမယ်လို့ ကတိပေးထားပေမဲ့ သူမကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ ထိုအဖြစ်က သူ့ကို အပြစ်ရှိစိတ်နှင့် ဒေါသဖြစ်လာစေတော့သည်။

“ကျွန်မ နေလို့မကောင်းဘူး”

ကျန်းယွင်ကျူးက ရီဝေဝေအကြည့်တစ်ခုဖြင့် သူ့ကြည့်ကာ ပြောလိုက်လေသည်။

“ကိုယ် သိတယ်၊ ကိုယ် မင်းကို နှလုံးငြိမ်ဆေးပေးထားတယ်၊ ကိုယ်တို့တွေ စားသောက်ဆိုင် ရောက်ထဲအထိ မင်းရဲ့လက္ခဏာကို သက်သာအောင် လုပ်ပေးနိုင်...”

ရှန်ဖုန်းမင်၏ နောက်ပိုင်း စကားလုံးကများက ပျောက်ရှသွားတော့သည်။ ကျန်းယွင်ကျူးက သူ့ကို ရုတ်တရက် နမ်းလိုက်တော့သည်။

ဒါသည် ပထမဆုံးအကြိမ်အဖြစ် သူမသဘောဖြင့် အရင်ဆုံး သူ့ကို နမ်းလိုက်ခြင်းပင်။

ရှန်ဖုန်းမင်သည် သူ့အုံးနှောက်ထဲတွင် ပေါက်ကွဲသွားသည့် ခံစားချက်တစ်ခုသာ ရလိုက်လေသည်။ ဆင်ခြင်ဉာဏ်ဟုခေါ်သည့် အရာအားလုံးက ပျောက်ဆုံးသွား လုနီးနီးပင် သူသည် အချိန်တော်တော်ကြာအောင် ရုန်းကန်လိုက်ပြီးနောက် ကျန်းယွင်ကျူးကို ဆွဲခွာလိုက်တော့သည်။

ကျန်းယွင်ကျူးက ဝမ်းနည်းသွားသယောင် သူ့ကို ကြည့်နေလေသည်။

နှုတ်ခမ်းနီနီလေးက မသိမသာ ပွင့်ဟနေပြီး မျက်ဝန်းများက စိုစွတ်မှိုင်းပြနေသည်။ အလွန်ဆွဲဆောင်နေဟန် တူနေတော့သည်။ အထူးသဖြင့် ထိုဝမ်းနည်းသည့်ရုပ်ကလေးက လူများကို သူမအားကို အရူးအမူးချစ်ချင်မိအောင် လုပ်နေတော့သည်။

ကျန်းယွင်ကျူးကတော့ လက်ရှိသူမသည် မည်မျှ ဆွဲဆောင်မှုရှိနေမှန်း မသိပေ။

“မင်း အဆိပ်မိထားတယ်”

ရှန်ဖုန်းမင်၏ ရှတတအသံတစ်ခုဖြင့် ပြောလိုက်လေသည်။

“ကျွန်မ ရှင့်ကို လိုချင်တယ်” ကျန်းယွင်ကျူးက တစ်ဖန် အနားကပ်လာလေသည်။

ရှန်ဖုန်းမင်က သူမကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ပြီး သူမ မလှုပ်နိုင်အောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။

“ကိုယ် သိပါတယ်၊ ခဏလေးပဲစောင့်နော်၊ ခဏနေ ကိုယ်တို့တွေ စားသောက်ဆိုင်ကို ပြန်ရောက်တော့မယ်”

ကျန်းယွင်ကျူးသည် မလှုပ်ရှားနိုင်တော့ပေ။ သူမသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရပါ စိတ်အားငယ်နေသဖြင့် မသက်မသာဖြစ်နေလေသည်။ အကြောင်းမှာ သူမသည် ပုံမှန်အတိုင်း မတွေးခေါ်နိုင်လေရာ ရှန်ဖုန်းမင်က သူမကို မချစ်တော့ဘူးဟု ခံစားလိုက်တော့သည်။ စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ ခံစားချက်အမျိုးမျိုးတို့က ရောနှောနေတော့သည်။ သူမက သူ့လည်ပင်း ခပ်နာနာလေး ကိုက်ပစ်လိုက်တော့သည်။

လေထဲတွင် သွေးနံ့တစ်ခု ထွက်လာ၏။ သို့သော်ငြား ရှန်ဖုန်းမင်သည် ဘာနာကျင်မှုကိုမှ မခံစားရပေ။ သူ၏မူလ နာကျင်မှုနှင့် ယှဥ်လျှင် သူ့လည်ပင်းပေါ်က နာကျင်မှုလောက်ကတော့ ဘာမှမဟုတ်ချေ။

ကျန်းချန်ချွမ်း၏လှည်းက အလွန်မှ မြန်မြန်ဆန်ဆန် မောင်းနှင်နေလေသည်။ ရှီကွမ်းစားသောက်ဆိုင်က တော်ဝင်နန်းတော်နှင့် သိပ်မဝေးပေ။ မကြာမီ လှည်းသည် စားသောက်ဆိုင် ဝင်ပေါက်သို့ ဆိုက်လာတော့သည်။

“ခေါင်းဆောင် ကျွန်တော်တို့ ရောက်ပါပြီ” သူက သတင်းပို့လိုက်၏။

ရှန်ဖုန်းမင်က လက်ထဲတွင် ကျန်းယွင်ကျူးကို ချီပြီး ဆင်းလာခဲ့သည်။

နတ်ဆေးသမားတော်ဝူသည် အစောကြီးကတည်းက သတင်းရထားပြီးဖြစ်ရာ စောင့်ဆိုင်းနေလေသည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏ လက်ကောက်ဝတ် တစ်ဖက်ကို ထုတ်ပေးလိုက်၏။ နတ်ဆေးသမားတော်ဝူက သွေးခုန်နှုန်းကို စမ်းလိုက်ပြီး ချက်ချင်း ထခုန်လိုက်ကာ

“ဘာအဆိပ်လဲ၊ ဘယ်သူ လုပ်တာလဲ၊ ဘယ်သူလဲ....”

“ဘယ်လို ကုရမလဲ”

ရှန်ဖုန်းမင်က သူ့ကို ဖြတ်ပြောလိုက်သည်။ ဆေးခပ်ခဲ့တဲ့ လူတိုင်းကို သူရှာဖွေ ဖော်ထုတ်မှာပါ။ အခုလောလောဆယ်တော့ ကျန်းယွင်ကျူးကို အရင်ဆုံး ကုသရအောင်ပါ။

ဘယ်လို ကုရမှာလဲ တဲ့လား။ နတ်ဆေးသမားတော်သည် ရှက်ရွံ့ဟန် ဖြစ်သွားတော့သည်။ ဒီဆေးကို အသုံးပြုဖို့ တိုက်ရိုက်အကျဆုံးနည်းလမ်းက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပဲပေါ့... သူ မသိဘူးတဲ့လား။

“တခြား နည်းလမ်းရှိသလား၊ ပြီးတော့ ဒီဆေးက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လား” ရှန်ဖုန်းမင်က မေးလိုက်သည်။

နတ်ဆေးသမားတော်ဝူမှာ အနည်းငယ် အံ့ဩသွားတော့သည်။ ကျန်းယွင်ကျူးအပေါ်ထားတဲ့ သူ့ခံစားချက်တွေကို သိသားပဲ။ ဒီလိုအချိန်မှာ သူက တခြားနည်းလမ်း ရှိသေးလားလို့ မေးသတဲ့လား။

သူက ကျန်းယွင်ကျူးရဲ့ အန္တရာယ်ကို အခွင့်အရေးမယူချင်ခဲ့တာတဲ့လား။

ထိုသို့ စဥ်းစားလိုက်ပြီး နတ်ဆေးသမားတော်ဝူက ရှန်ဖုန်းမင်ကို ကြည့်လိုက်ရာ သူက အမှန်ပင် မလုပ်ချင်ကြောင်း တွေ့လိုက်ရလေသည်။ နောက်ဆုံးတော့ သူ့စိတ်ထဲတွင် ရှန်ဖုန်းမင်ကို အထင်ကြီးသွားကာ မြန်မြန် ပြန်ဖြေလိုက်တော့သည်။

“ဒီဆေးကို ‘နွေဦးနေ့ရက်ကျော့ကွင်း’လို့ ခေါ်တယ်၊ ဆေးက ပမာဏ တော်တော်များတယ်၊ ဆေးခပ်ခံထားရတဲ့သူက ဆန့်ကျင်ဘက်လိင်နဲ့ မဟုတ်ဘူးဆိုရင်.... ခန္ဓာကိုယ်နဲ့ စိတ်ကို ထိခိုက်စေလိမ့်မယ်။

ဒါပေမဲ့ မင်း သူ့ကို ဖြေဆေးတစ်မျိုး ပေးထားတယ်ထင်တယ်၊ အဲဆေးက မဆိုးဘူး၊ မင်း သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ။

ငါ ဖြေဆေးသွားလုပ်လိုက်အုံးမယ်၊ ဆေးသောက်ပြီးသွားရင်တော့ သူ အများကြီး ပိုသက်သာလာမှာပါ။

သူ ဒီနေ့ညကို ကျော်နိုင်ပြီဆိုတာနဲ့ နေကောင်းသွားလိမ့်မယ်။

ခန္ဓာကိုယ်ကိုလည်း ထိခိုက်စရာအကြောင်း မရှိတော့ဘူး”

“လူကြီးမင်းကိုပဲ ဒုက္ခပေးရမှာပဲ”

ရှန်ဖုန်းမင်က ပြောလိုက်တော့သည်။ ဆေးညွှန်း မြန်မြန်ရေးပေးဖို့ နတ်ဆေးသမားတော်ဝူကိုပဲ အပူကပ်ရတော့မှာပဲ။

သူသည် သည်စကားတစ်ခွန်းကိုသာ ပြောနိုင်တော့သည်။ နတ်ဆေးသမားတော်က ထူးဆန်းသလို ခံစားလိုက်ရပြီး ချောင်းဟန့်လိုက်ကာ

“မင်း မပြောရင်တောင် ငါက ဆေးညွှန်းရေးမှာပါ၊ မင်းသာ သူ့ကို ကောင်းကောင်း စောင့်ရှောက်ထား”

ပြောပြီးသည်နှင့် သူသည် ချက်ချင်း ဆေး သွားလုပ်လိုက်တော့သည်။

ရှန်ဖုန်းမင်က သူ ထွက်သွားသည်ကို ကြည့်နေလိုက်ပြီး ဆေးပုလင်းထဲက နောက်ထပ် နှလုံးငြိမ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ကာ ကျန်းယွင်ကျူးကို ပေးလိုက်လေသည်။

ခဏကြာပြီးနောက် ဆေးကို ကြိုပြီးသွားတော့သည်။ အနီရောင်ဆေးရည်ပန်းကန် တစ်ခွက်ဖြစ်ပြီး ထူးဆန်းသည့်အနံ့တစ်မျိုး ထုတ်လွှတ်နေလေသည်။

ရှန်ဖုန်းမင်က နတ်ဆေးသမားတော်ဝူကို ကြည့်လိုက်ပြီး ‘သေချာလို့လား’ ‘ဒီဆေးက မှန်ရဲ့လား’ ဟု မေးနေသယောင်။

“ငါက မင်းထက်တောင် သူ့ကို ဘာမှထပ်မဖြစ်စေချင်သေးတယ်”

သံသယဖြစ်ခံလိုက်ရသဖြင့် နတ်ဆေးသမားတော်ဝူက ဒေါသထွက်ထွက်ဖြင့် ပြောလိုက်တော့သည်။

ရှန်ဖုန်းမင်က ဆေးပန်းကန်လုံးကို ယူလိုက်ပြီး ကျန်းယွင်ကျူးကို တိုက်လိုက်လေသည်။

၁၅မိနစ်ခန့်ကြာပြီးနောက် ဆေးတစ်ခွက်က အာနိသင်ပြလာတော့သည်။ ကျန်းယွင်ကျူးသည် အများကြီးသက်သာလာပြီး သူမ၏မျက်လုံးများကလည်း ပိုပြီး ကြည်လင်လာလေသည်။

“အဘိုးဝူ” သူမက ခေါ်လိုက်၏။

“မင်းကို ဘယ်သူ ဆေးခပ်တာလဲ”

နတ်ဆေးသမားတော်က အံကြိတ်ကာ မေးလိုက်သည်။ အတင့်ရဲလို့ သူမကို ဆေးခပ်သတဲ့လေ။ သူက လူတစ်ယောက်ကို အနာပြည်ထွက်ပြီး သေအောင် အဆိပ်မခပ်ဘူးလို့ ထင်တယ်ပေါ့လေ။

ဆေးနှင့် အဆိပ်တို့သည် ရင်းမြစ်တစ်ခုတည်းက လာကြသည်။ နတ်ဆေးသမားတော်ဝူသည် ရောဂါများကို ကုသကာ လူများ ကယ်တင်ပေးနိုင်လေသည်။ သူသည် လျှို့ဝှက်ကာ လူများကို အဆိပ်ခတ်ပြီးလည်း သ-တ်နိုင်လေသည်။ တစ်ခုမှာ သူ မလုပ်ချင်ဆုံးအရာ ဖြစ်နေခြင်းကြောင့်ပင်။ သို့သော် သူသည် အခုတော့ အသည်းပေါက်အောင် ဒေါသခြောင်းခြောင်းထွက် နေတော့သည်။

ကျန်းယွင်ကျူး၏စိတ်သည် ရှုပ်ထွေးနေလေသည်။ သူမက မေးခွန်းကို ပြန်မဖြေနိုင်ပေ။

“ကျွန်တော် သူ့ကို နားစေချင်သေးတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

နတ်ဆေးသမားတော်ဝူက ခေါင်းညိတ်ရန်သာ တတ်နိုင်တော့သည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပွေ့ထားလိုက်ကာ သူမအခန်းအထဲသို့ ပြန်ဝင်သွားတော့သည်။ သူက သူမကို အိပ်ရာပေါ် ချပေးချင်လိုက်သည်။

သို့သော်ငြား ကျန်းယွင်ကျူးက သူ့လည်ပင်းကို တင်းနေအောင် ဖက်ထားလေသည်။

“ကျွန်မ အရမ်းပူတယ်” သူမက ဆို့နင့်ကာ ပြောလိုက်၏။

ရှန်ဖုန်းမင်က သူမကို ပြန် ဖက်ထားလိုက်သည်။

နွေလယ်ဖြစ်လေရာ သူလည်း ပူလောင်နေလေသည်။ သူတို့နှစ်ယောက်သည် အပြန်အလှန် ဖက်ထားသဖြင့် သူ့ကို ပိုပြီး ပူအိုက်နေစေတော့သည်။

“ခေါင်းဆောင် ရေအေး အဆင်သင့်ဖြစ်ပါပြီ” ရှီလျို့က သတင်းပို့လိုက်၏။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ချီကာ ဘေးအခန်းသို့ သွားလိုက်သည်။ ထိုအခန်းထဲတွင် ရေအေးထည့်ထားသည့် ရေစည်ကြီးတစ်ခု အမှန်ပင် ရှိနေသည်။

သူသည် သူမကို ရေအေးထဲ ထည့်ပေးချင်လေသည်။

သို့သော် ကျန်းယွင်ကျူးက သူ့ကို တွယ်ကပ်ကာ တင်းကြပ်အောင် သိုင်းဖက်ထားလေသည်။

နောက်ဆုံးတော့ ရှန်ဖုန်းမင်သည် သူမကို ဖက်ထားလိုက်ပြီး သူ့ကိုယ်သူ ရေအေးထဲ ဆင်းကာ နစ်ထားလိုက်တော့သည်။

အေးစိမ့်စိမ့်ခံစားချက် နှစ်ယောက်လုံးကို ထိတွေ့သွားပြီး နေလို့ပိုကောင်းသွားတော့သည်။

သည်အချိန်တွင် လူတချို့ကတော့ လုံးဝ မပျော်နိုင်ပေ။

လင်ထင်အန်းသည် ဒေါသထွက်ထွက်ဖြင့် စားပွဲရှေ့တွင် ထိုင်ချလိုက်လေသည်။ သူ့စိတ်ထဲတွင် ညနေခင်း ဆည်းဆာချိန်၌ ရေထဲက ထွက်လာသည့် ကျန်းယွင်ကျူး၏ လှပသည့် ရုပ်သွင်နှင့် ရှန်ဖုန်းမင်က သူမကို ချီသွားသည့် ပုံရိပ်တို့က နေရာအပြည့်ယူထားလေသည်။

ကျန်းယွင်ကျူးသည် ထိုဆေးတစ်မျိုးကို သောက်ထားမှန်း သိနေသည်။

အခုချိန်တွင် သူတို့ ဘာလုပ်နေမည်ကိုလည်း ခန့်မှန်းနိုင်လေသည်။

သူသည် တစိမ့်စိမ့်စဥ်းစားမိလေလေ ဒေါသ ပိုထွက်လာလေလေ ဖြစ်နေလေသည်။

သည်အချိန်တွင် လင်ချင်းက ဝင်လာပြီး သူ ရှာတွေ့ခဲ့သည့် အကြောင်းအရာများကို တင်ပြလိုက်တော့သည်။

လင်ထင်အန်းက နားထောင်လိုက်ပြီး သူ၏ဓားအသွင် မျက်ခုံးများကို ပင့်ထားလိုက်ပြီး

“သူ့ကို ခေါ်လိုက်”

“အင်း”

လင်ချင်းက ပြန်ဖြေလိုက်ပြီးနောက် ထွက်သွားကာ ကျန်းယွင်ရှို့ကို လှမ်းခေါ်လိုက်တော့သည်။

ကျန်းယွင်ရှို့သည် လင်ထင်အန်းအတွက် သစ်တော်သီးစွပ်ပြုတ်ကို လုပ်ပေးနေသည်။ သည်ရက်ပိုင်းတွင် သူမက မချက်ပြုတ်တတ်သဖြင့် လင်ထင်အန်း၏အချစ်ကို မရနိုင်ဖြစ်နေသည်ဟု စဥ်းစားလိုက်လေသည်။ ထို့ကြောင့် သူမက အချက်အပြုတ်ကို စတင် လေ့လောတော့သည်။

အချက်အပြုတ်ပညာက ညတွင်းချင်း တတ်မြောက်နိုင်သည့် ကိစ္စမဟုတ်ခြင်းပင်။

နွေရာသီတွင် ပူပြင်းလှပြီး သူမသည် မီးဖိုတွင် စောင့်နေရသဖြင့် ချွေးများ စိုနေလေသည်။

သည်အချိန်တွင် လင်ထင်အန်းက သူမကို တွေ့ချင်သည်ဟု ကြားလိုက်ရသောအခါ အလွန်မှ ဝမ်းသာသွားပြီး ကြိုးကြိုးစားစား ချက်ပြုတ်ခဲ့သည်က တန်သွားပြီးဟု ခံစားလိုက်ရတော့သည်။

သစ်တော်သီးစွပ်ပြုတ်ကို ကိုင်ထားပြီး သူမက လင်ထင်အန်းကို လာတွေ့လေသည်။

“ကျွန်တော်မျိုးမ သခင်လေးကို ဂါရဝပြုပါတယ်”

သူမသည် နှစ်လိုဖွယ်ရုပ်အသွင်၊ ချိုသာသည့် အသံတစ်ခုဖြင့် လင်ထင်အန်းကို ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။

လင်ထင်အန်းက သူမ၏မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။

သူသည် အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ မရိုက်ခဲ့သော်လည်း သည်နေ့တော့ သူသည် အလွန်မှ ဒေါသထွက်လွန်းနေရာ ခြွင်းချက်ထားလိုက်တော့သည်။

သူ့ရိုက်ချက်က အားပြင်းလွန်းသဖြင့် ကျန်းယွင်ရှို့သည် ပါးရိုက်ခံလိုက်ရချိန်တွင် လည်ထွက်သွားပြီး သစ်တော်သီးစွပ်ပြုတ်ကလည်း မြေကြီးပေါ်သို့ ဖိတ်ကျသွားတော့သည်။

ကျန်းယွင်ရှို့သည် သူမ၏ပါးကို အုပ်ထားလိုက်ပြီး အခိုက်တန့်အတွင်း ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဖြစ်သွားတော့သည်။

သစ်တော်သီးစွပ်ပြုတ်က သူမဘေးသို့ စီးလာကျသည်အထိပင်။

သူမက ကွဲသွားသည့် ကြွေပန်းကန်လုံးကို ကြည့်လိုက်ပြီးနောက် လင်ထင်အန်းကို မော့ကြည့်လိုက်လေသည်။

“မင်းက ဒီစာကို လူတစ်ယောက်ကို ရေးခိုင်းလိုက်တယ်ပေါ့လေ”

လင်ထင်အန်းက ကိစ္စတစ်ခုကို ချက်ချင်း ထုတ်ပြောလိုက်တော့သည်။ ရှောင်းလီယွီက ကျန်းယွင်ကျူးကို ဘာလို့ ရုတ်တရက် တိုက်ခိုက်ခဲ့တာလဲလို့ စဥ်းစားမရဖြစ်နေတာ ဆွပေးလိုက်တဲ့လူက သူမ ဖြစ်နေတာကိုး။

သူ့မေးခွန်းကို ကြားလိုက်ရသည်တွင် ကျန်းယွင်ရှို့သည် အနည်းငယ် ပျာယာခတ်သွားတော့သည်။ သည်ကိစ္စကို လုပ်ခဲ့သူမှာ အမှန်ပင် သူမ ဖြစ်လေသည်။

သို့သော် သူမက ချက်ချင်း ဒေါသထွက်တော့သည်။ သူမ ဘာမှားလို့လဲ။ ကျန်းယွင်ကျူးက လင်ထင်အန်းရဲ့ ကုန်သင်္ဘောအဖွဲ့ကို လုယူသွားခဲ့တယ်လေ။ လင်ထင်အန်းကို ဆန့်ကျင်နေတာ ရှင်းနေတာပဲ။ သူမက ကျန်းယွင်ကျူးကို ရှင်းပစ်ဖို့ ရှောင်းလီယွီရဲ့လက်ကို ငှားခဲ့တာပါ။ ဒါက ပြီးပြည့်စုံတဲ့ကိစ္စ မဟုတ်ဘူးလား။

သူမကို သည်လိုတွေ့လိုက်ရသဖြင့် လင်ထင်အန်းသည် ပိုပြီး ဒေါသထွက်လာတော့သည်။ သူ့ကိစ္စတွေမှာ သူမ ကြားဝင်ပေးစရာ မလိုပါဘူး။ သူ ရှင်းပစ်ချင်တာက ရှန်ဖုန်းမင်။ ကျန်းယွင်ကျူး မဟုတ်ဘူး။

အခုတော့.... အခုအချိန်တွင် ကျန်းယွင်ကျူး လုပ်နေမည့်အရာကို စဥ်းစားမိလိုက်ပြီး ဒေါသက ပွက်ပွက်ဆူသွားတော့သည်။

“သူ့ကို ဆွဲထုတ်သွား”

သူက ပြောလိုက်၏။ သူသည် သည်းမခံနိုင်တော့ဘဲ သူမကို သ-တ်မိမှာ စိုးမိတော့သည်။

လင်ချင်းက ကျန်းယွင်ရှို့ကို ချက်ချင်း ဆွဲထုတ်သွားတော့သည်။

စီနင်နန်းဆောင်တွင်တော့ မယ်တော်ကြီးက ရှန်ဖုန်းမင် ဒေါသထွက်သွားသည်နှင့် ပတ်သက်သည့် ကိစ္စကို မကြာခင် သိရှိသွားတော့သည်။

ကျန်းယွင်ကျူးက အစောင့်တစ်ယောက်နဲ့ ထွက်သွားပြီး ရှန်ဖုန်းမင်က မိန်းမစိုးကို ထိန်းသိမ်းထားဖို့ အမိန့်ချထားတယ်တဲ့...။ မယ်တော်ကြီးသည် ငယ်ရွယ်စဥ်ကလည်း ချင်းလုံဧကရာဇ် နန်းတက်နိုင်ရန် ထောက်ပံ့ပေးခဲ့ရသည်။ သူမ မတွေ့ကြုံဖူးသည့်မှာ ဘာများ ကျန်ပါအုံးမည်နည်း။ လက်ရှိတွင် သူမက ကျန်းမာရေး မကောင်းသဖြင့် နန်းတော်အတွင်းက လူများက အရင်က သူမ မည်မျှအာဏာပြင်းခဲ့ကြောင်း တဖြည်းဖြည်း မေ့လျော့ သွားခြင်းပင်။

သူမက နားထောင်ပြီးသွားသည့်နောက် အကြောင်းအရာအများအပြားကို သတိရသွားတော့သည်။

“တစ်ယောက်ယောက်ကတော့ စီနင်နန်းတော်ထဲကို လက်နဲ့ ရွယ်ထားတာပဲ” သူမက အေးအေးလူလူ ပြောလိုက်လေသည်။

အထိန်းတော်ချီသည် တုန်လှုပ်သွားပြီး ခေါင်းငုံ့ထားလိုက်ကာ ပြန်ဖြေလိုက်တော့သည်။

“အမှန်ပါပဲ ၊ တစ်ယောက်ယောက်ကတော့ လက်တံ တော်တော်ရှည်နေပါပြီ”

. . .

အပိုင်း (၁၂၂)

ကျန်းယွင်ရှို့သည် ထင်းလှောင်ရုံတွင် ပိတ်ခံထားလိုက်ရတော့သည်။ သူမသည် ထိုနေရာတွင် ကြောင်တောင်တောင် ထိုင်ချလိုက်ပြီး မြေကြီးပေါ်က ထင်းများကို အကြောင်သား စိုက်ကြည့်နေမိလေသည်။ လင်ထင်အန်း၏ပါးရိုက်ချက်က သူမ၏မျှော်လင့်ချက်များနှင့် စိတ်ကူးယဥ်ထားသည်များ အားလုံးကို ဖယ်ရှားပစ်လိုက်တော့သည်။ သူမသည် အန်းဖင်နယ်စားအိမ်တော်၏ သခင်မငယ်လေး ဘယ်တော့မှ ဖြစ်မလာနိုင်တော့သလို ခံစားလိုက်ရတော့သည်။

သူမ၏ပါးပြင်က နာကျင်နေလေသည်။ သို့သော် သူမ၏နှလုံးသားထဲက စိတ်ပျက်ပြီး နာကျင်မှုနှင့် ယှဥ်လျှင်တော့ ဘာမှ မဟုတ်တော့သလိုပင်။

သူမသည် အခန်းထဲက တိုင်ကို မှီထားလိုက်ပြီး မျက်လုံးများက မှိန်ဖျော့သွားတော့သည်။

“မိန်းကလေးယွင်ရှို့၊ မိန်းကလေး ယွင်ရှို့ ရှင် အဲမှာ ရှိနေလား”

သည်အခိုက်တွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အသံတစ်ခုက အပြင်ဘက်မှနေ၍ လေသံတိုးတိုးဖြင့် မေးလာသည်။

ကျန်းယွင်ရှို့ကသည် အစကတော့ ပြန်မဖြေလိုက်ပေ။ ထို့နောက် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သေသေချာချာ နားထောင်လိုက်လေသည်။

“မိန်းကလေးယွင်ရှို့ ကျွန်မက အထိန်းတော်ရှား ပါ၊ ရှင် အဲမှာ ရှိနေသလား” အပြင်ဘက်က အသံက ဆက်ပြောလေသည်။

အထိန်းတော်ရှား။ ကျန်းယွင်ရှို့သည် တစ်ခုခုကို မှတ်မိသွားပြီး သူမ၏မျက်လုံးများက တဖန် အရောင်ပြန်တောက်လာခဲ့သည်။ သူမက တံခါးနားကပ်သွားလိုက်ပြီး

“ကျွန်မ ရှိတယ်”

လင်ထင်အန်းသည် ကျန်းယွင်ရှို့ကို ဘယ်လိုအပြစ်ပေးမည်ဟု မပြောခဲ့ပေ။ လင်ချင်းက ကျန်းယွင်ရှို့ကို ထင်းတဲထဲတွင် သော့ခလောက်တစ်ခုတည်းနှင့်သာ ပိတ်ထားခဲ့သည်။

အထိန်းတော်ရှားက တံခါးကို အနည်းငယ်တွန်းလိုက်တော တံခါးသည် အနည်းငယ်ပွင့်သွားပြီး အထဲကို ကြည့်လိုက်၏။ မြင်ကွင်းထဲသို့ ဝင်လာသည်မှာ မည်းမှောင်နေသည့်အရာပင်။ သူမသည် ဘာမှကို မမြင်ရပေ။

သည်အချိန်တွင် ကျန်းယွင်ရှို့သည် ထင်းတဲ၏ တံခါးနားသို့ ရောက်နေပြီဖြစ်သည်။ အပြင်ဘက်က လရောင်၏ အကူအညီဖြင့် သူမသည် အပြင်ဘက်က အခြေအနေကို သေသေချာချာ မြင်နေရသည်။

အထိန်းတော်ရှားက ကိုယ်ကိုညွှတ်လိုက်ပြီး တံခါးနားသို့ သတိဖြင့် ကပ်သွားရာ သူမကို တွေ့သွားမည်ကို စိုးရိမ်နေသည့်နှယ်။

“အထိန်းတော်ရှား”

ကျန်းယွင်ရှို့သည် ကောက်ရိုးတမျှင်ကို ဖမ်းဆုပ်လိုက်မိသည့်နှယ် စိတ်အားတက်ကာ ခေါ်လိုက်လေသည်။

အထိန်းတော်ရှားက သူမ၏အင်္ကျီလက်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းယွင်ရှို့ကို လှမ်းပေးလိုက်ကာ

“မိန်းကလေးယွင်ရှို့ ဒီအဖြူရောင်ကြွေဘူးထဲမှာ အရောင်ကျဆေးပါတယ်၊ ဆီစိမ်စက္ကူအိတ်ထဲမှာတော့ ပန်ကိတ်နှစ်ခုပါတယ်၊ အရင်ဆုံး ဒါကို သုံးထားလိုက်နော်”

ထို့နောက် သူမက ဘူးတစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းယွင်ရှို့ကို လှမ်းပေးလိုက်ကာ ရုပ်တည်နှင့် ပြောလိုက်လေသည်။

“ဒါက ဝမ်ရယ် ရှင့်ကို ပေးလိုက်တဲ့လက်ဆောင် လရောင်ပုလဲပါ၊ မိန်းကလေးယွင်ရှို့ရယ်၊ ကြည့်စမ်းပါအုံး၊ ဝမ်ရယ်က ရှင့်ကို စိတ်ရင်းနဲ့ပါ၊ ရှင့်ကို တစ်ခါမှတောင် မေ့မသွားခဲ့ဘူး။

ပြီးတော့ မှာလိုက်သေးတယ်၊ ရှင် သေသေချာချာ စဥ်းစားပြီးရင် ဝမ်ရယ်ကို အချိန်မရွေး ပြောလိုက်ပါတဲ့၊ ဝမ်ရယ်က ရှင့်ကို သူ့အိမ်တော်ဆီ ချက်ချင်း ခေါ်သွားပေးမယ်တဲ့”

မပိုင်ဆိုင်လိုက်ရသည့် ပစ္စည်းက အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဟွိုက်နန်ဝမ်ရယ်သည် အစေခံနှစ်ယောက်နှင့် လင်ထင်အန်းထံမှ ပြန်လာပြီးနောက် သူသည် ကျန်းယွင်ရှို့အကြောင်းကို အမြဲတမ်း စဥ်းစားနေခဲ့သည်။ နောက်ပိုင်းတွင် ကျန်းယွင်ရှို့နှင့် လင်ထင်အန်းတို့သည် မြို့တော်သို့ သွားခဲ့ရာ ဟွိုက်နန်ဝမ်ရယ်သည် ကျန်းယွင်ရှို့ကို နှစ်ကြိမ်တွေ့လိုက်ရသည်။ သူ့နှလုံးသားမှာ သည့်မခံနိုင်တော့ပေး ပိုပိုပြီး အသည်းတယားယား ဖြစ်သွားတော့သည်။

သူက လင်ထင်အန်းထံမှ သူမကို တောင်းခဲ့ချိန်က လင်ထင်အန်းက လွှတ်ပေးခဲ့ခြင်းသာ။

ထို့ကြောင့် သူက ကျန်းယွင်ရှို့သည် ဝမ်ရယ်အိမ်တော်သို့ လာမည့် မျှော်လင့်ချက်ဖြင့် အထိန်းတော်ရှားကို လာဘ်ထိုးပြီး ကျန်းယွင်ရှို့အား မကြာခဏဆိုသလို ဆံထိုး၊ လက်ကောက်တို့ပေးဖို့ ပြောထားလေသည်။ သူမသည် ဝမ်ရယ်အိမ်တော်သို့ ရောက်လာသည်နှင့် ဆန်စိမ်းက ချက်ပြီးသား ဖြစ်သွားမည်။ လင်ထင်အန်းက သူမကို မလွှတ်ပေးချင်လျှင်တောင် လွှတ်ပေးရလိမ့်မည်။

သည်အခြေအနေက ကျန်းယွင်ရှို့၏ ပကာသနကို ကြီးကြီးမားမား ကျေနပ်စေလေသည်။ ဒါပေမဲ့ ဟွိုက်နန်ဝမ်ရယ်က အသက်အရမ်းကြီးနေပြီလေ။ ပြီးတော့ သူမက လင်ထင်အန်းကိုပဲ ချစ်တာ။ ဒါကြောင့်ပဲ ဘယ်တော့မှ လက်မခံခဲ့တာပေါ့။ ဒါပေမဲ့ သူမက ဟွိုက်နန်ဝမ်ရယ်ရဲ့ စိတ်ကိုတော့ လုံးဝ မဖြတ်တောက်ပစ်ဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာပေါ့။

ဒီနေ့ညတွင် သည်လိုကိစ္စမျိုး ဖြစ်သွားလေရာ ဟွိုက်နန်ဝမ်ရယ်သည် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။ သူက ဂိုဒေါင်ထဲက လရောင်ပုလဲကို ထုတ်လာခဲ့ပြီး ကျန်းယွင်ရှို့ကို ပေးလိုက်တော့သည်။

ကျန်းယွင်ရှို့သည် ဘူးကို ဖွင့်လိုက်ပြီး အထဲတွင် ဆီးသီးအရွယ် ပုလဲတစ်လုံးကို တွေ့လိုက်ရတော့သည်။ လရောင်အောက်တွင် နှစ်လိုဖွယ်ကောင်းအောင် တောက်ပနေတော့သည်။

“ဟယ်... မိန်းကလေး ယွင်ရှို့၊ ဘူးကို မြန်မြန်ဖုံးထားစမ်းပါ၊ တစ်ယောက်ယောက်သာ တွေ့သွားရင် ဒုက္ခရောက်တော့မှာပဲ”

အထိန်းတော်ရှားက အပြင်မှနေ၍ စိုးရိမ်တကြီး ပြောလိုက်သည်။

ကျန်းယွင်ရှို့သည် ဘူးကို မြန်မြန် ပိတ်လိုက်သော်လည်း ပုလဲလုံး၏ အလင်းရောင်က သူမ၏ရင်ထဲတွင် တောက်ပနေဆဲပင်။

“မိန်းကလေးယွင်ရှို့၊ ဒီပုလဲက ကျွန်မတို့အတွက် ဘာအဓိပ္ပာယ်လဲ သိလား၊ ရှင် ဟွိုက်နန်ဝမ်ရယ် အိမ်တော်ကို သွားမယ်ဆိုရင် အဲဒီမှာ ဘာမကောင်းတာတွေ ရှိမှာမလို့လဲ၊ ဟွိုက်နန်ဝမ်ရယ်မှာ ဆက်ခံသူ မရှိတာ ရှင်သိပါတယ်၊ ရှင်သာ အိမ်တော်ထဲ ဝင်ပြီး တစ်ချီထဲနဲ့ သားလေးတစ်ယောက် မွေးနိုင်ခဲ့ရင် ဝမ်ရယ်အိမ်တော်မှာ ရှင့်အတွက်လည်း ပြောစရာစကားတွေ ရှိလာမှာမလား။

နောက်ပိုင်း ရှင် ဘုရင်မတစ်ပါး ဖြစ်လာချင်တယ်ဆိုရင်တောင်မှ.....”

အထိန်းတော်ချီက နှာခေါင်းရှုံ့ကာ ရယ်သံတစ်ချက် ထုတ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

“ဝမ်ရယ်က နည်းနည်းလေး အသက်ကြီးနေပြီဆိုပေမဲ့ အသက်ပိုကြီးတဲ့သူတွေ လူတွေကို ဘယ်လို ချစ်ခင်ပေးရမယ်ဆိုတာ ပိုသိကြတယ်၊ အကြီးဆုံးသခင်လေးက ချောမောပြီး ခံ့ညားလွန်းပါတယ် ဒါပေမဲ့ သူနဲ့အတူတူနေမယ်ဆိုရင်ကော ဘာဆက်ဖြစ်မှာလဲ။

သူက နောက်ဆိုရင် သူ့ရဲ့တရားဝင်မိန်းမကိုပဲ လက်ထပ်မှာပဲ၊ ပြောမရဘူး၊ သူက မင်းသမီးတစ်ဆယ်နဲ့ လက်ထပ်ချင် လက်ထပ်သွားမှာပဲ၊ မင်းသမီးတစ်ဆယ်က မြင့်မြတ်တဲ့အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားတယ်၊ သူက တခြားသူတွေကို လက်ခံနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ သူက လက်မခံရင်တော့....၊ မိန်းကလေးယွင်ရှို့ ရှင်က အဲလောက်လှတာကွယ်၊ ရှင်ကိုယ်တိုင်အတွက် စဥ်းစားပါ၊ မင်းသမီးတစ်ဆယ်က ရှင့်ကို အကြီးဆုံးသခင်လေးဘေးမှာ နေခွင့်ပြုမှာတဲ့လား။

ဝမ်ရယ်ဘက်မှာဆိုရင်တော့ မတူတော့ဘူးနော်။

အမျိုးသမီးတစ်ယောက် ဖြစ်မှာ၊ အိုး ၊ ယောက်ျားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာက ယောက်ျားတစ်ယောက်ကို လက်ထပ်တာပဲပေါ့၊ အခြေခံလိုအပ်ချက်တွေ ရှိတယ်လေ၊ စားနိုင်သောက်နိုင်ဖို့က အရေးကြီးဆုံးကိစ္စပဲ၊ ယောက်ျားတစ်ယောက်အနေနဲ့တော့ မီးငြိမ်းသွားလည်း အတူတူပါပဲ။

ရှင်ကတော့ ရှင်ကိုယ်တိုင်အတွက် ကောင်းကောင်း ပြင်ဆင်ထားရမယ်နော်၊ ဟွိုက်နန်ဝမ်ရဲ့ အိမ်တော်ကို ဝင်ပြီးသွားတဲ့နောက်ပိုင်း မင်းသားနေရာအတွက် သားတစ်ယောက်သာ မွေးနိုင်ခဲ့ရင် ရှင့်မှာ တသက်စာ ဂုဏ်အရှိန်အဝါနဲ့ ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်လာမှာပဲ။

နောက်ကျရင် အကြီးဆုံးသခင်လေးလင်ကတောင် ရှင်နဲ့တွေ့ရင် ရှင့်ကို ဦးညွှတ်နှုတ်ဆက်ချင် နှုတ်ဆက်နေရအုံးမယ်”

အထိန်းတော်ရှား၏ပါးစပ်သည် သူမ၏နားချစကားမှာ ပန်းတစ်ပွင့် ပွင့်အောင်ပင် လုပ်နိုင်လေသည်။ သူမ စကားအရ ကျန်းယွင်ရှို့သည် ဟွိုက်နန်ဝမ်ရယ်၏အိမ်တော်သို့ ဝင်နိုင်သ၍ သားတစ်ယောက် မွေးပြီး ဘုရင်မတစ်ပါးပင် ဖြစ်လာတော့မယောင်။

ကျန်းယွင်ရှို့သည် စကား၏ နောက်ပိုင်းအခြမ်းကို သံသယအတိ ဖြစ်မိလေသည်။ ဟွိုက်နန်ဝမ်ရယ်ကဖြင့် အရမ်းကို အိုမင်းနေပြီ။ သူက သားတစ်ယောက် ရနိုင်အုံးမှာတဲ့လား။

သို့သော်ငြား သူမသည် ဆွဲဆောင်ခံလိုက်ရသည်ကတော့ ငြင်းမရပေ။ တစ်သက်စာ ဂုဏ်အရှိန်အဝါနှင့် ချမ်းသာကြွယ်မှု။ ‘နောက်ကျရင် အကြီးဆုံးသခင်လေးလင်ကတောင် ရှင်နဲ့တွေ့ရင် ရှင့်ကို ဦးညွှတ်နှုတ်ဆက်ချင် နှုတ်ဆက်နေရအုံးမယ်’ဟူသည့် အထိန်းတော်ရှား၏ စကားတို့က သူမ၏ရင်ကို ထိသွားတော့သည်။

သူမသည် လက်ထဲက ပုလဲထည့်ထားသည့် ဘူးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး နောက်ဆုံး ရုန်းကန်မှုတစ်ခုကို လုပ်လိုက်တော့သည်။

အက်ကြောင်းတစ်ခု တွေ့လိုက်ရသည်တွင် အထိန်းတော်ရှားက ဆက်ပြောလေသည်။

“မိန်းကလေးယွင်ရှို့၊ ရှင် စောစော ဆုံးဖြတ်ချက် ချရမယ်နော်၊ ဝမ်ရယ် အိမ်တော်ကို ဝင်ချင်လို့ စောင့်နေတဲ့သူတွေနဲ့ ဝင်ခွင့်မရတဲ့သူတွေ ဘယ်လောက်တောင်များလိုက်သလဲ၊ တစ်ယောက်ယောက်ကသာ ရှင့်ထက်အရင် ဒီအခွင့်အရေးကို လုယူသွားပြီး ဝမ်ရယ်သူငယ်လေး မွေးလိုက်ရင်ဘယ်လိုလုပ်မလဲ....”

“အထိန်းတော်ရှား”

ကျန်းယွင်ရှို့က သူမကို စကားဖြတ်ပြောလိုက်တော့သည်။

“အင်း”

ကျန်းယွင်ရှို့က ခဏလောက် ရပ်လိုက်ပြီး အံကြိတ်ထားလိုက်ကာ

“တကယ်လို့ ကျွန်မက ဝမ်ရယ်အိမ်တော်ကို ဝင်ဖို့ သဘောတူလိုက်ရင် ကျွန်မရဲ့အဆင့်က ဘာဖြစ်မှာလဲ”

သူမက အစေခံတစ်ယောက်တော့ ထပ်မဖြစ်ချင်တော့ဘူးလေ။

သူမပြောချင်သည့် အဓိပ္ပာယ်မှာ သူမက သဘောတူလိုက်ပြီဟူ၍ပင်။ အထိန်းတော်ရှားက ဝမ်းသာအားရ ပြောတော့သည်။

“ဝမ်ရယ်က ပြောပါတယ်၊ ရှင် တံခါးကနေ ဝင်လာတဲ့အချိန်ကျရင် ရှင်က အထက်တန်း ကိုယ်လုပ်တော် ဖြစ်မှာတဲ့၊ ရှင်သာ ဝမ်ရယ်ငယ်လေးတစ်ယောက်ကို မွေးနိုင်ခဲ့ရင် ရှင့်ကို ဒုတိယကိုယ်လုပ်တော်အဆင့် တန်းပေးမှာ။

မိန်းကလေးယွင်ရှို့ ဒီရာထူးက မနိမ့်ဘူးတော်၊ ရှင့်အဆင့်နဲ့ဆိုရင် ဒုတိယကိုယ်လုပ်တော်နေရာ တန်းရဖို့ မဖြစ်နိုင်ဘူးဆိုတာ ရှင် သိပါတယ်”

“အထက်တန်း ကိုယ်လုပ်တော်”

ကျန်းယွင်ကျူးက နောက်ကလိုက်ရွတ်ကာ အနည်းငယ် စိတ်ပျက်သွားတော့သည်။ ကျန်းယွင်ကျူးရဲ့ အိပ်မက်ထဲမှာတော့ သူမက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်ခဲ့တာပဲ။ သူမကျမှ ဘာဖြစ်လို့ ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်နိုင်ရတာလဲ။

သို့သော် အထိန်းတော်ရှား၏ စကားမှန်နေသည်ကိုလည်းလည်း သူမ သိလေသည်။ သူမ၏ အဆင့်နှင့်ဆိုလျှင် သူမအတွက် ဒုတိယကိုယ်လုပ်တော် သို့မဟုတ် တရားဝင်ဇနီး ဖြစ်လာဖို့က မဖြစ်နိုင်ပေ။

“ကျွန်မ အမြင်ကတော့ ရှင်က ကံကောင်းတဲ့သူပါနော် ကောင်မလေး၊ ရှင် အိမ်တော်ထဲ ဝင်ပြီးသွားရင်း ရှင်က ဝမ်ရယ်အတွက် မျိုးဆက်ကို ဆက်ထိန်းပေးနိုင်လိမ့်မယ်၊ အချိန်တန်လာရင်တော့....”

“ကောင်းပြီလေ ၊ ကျွန်မ ကတိပေးတယ်”

“ဒီလိုမှပေါ့... မိန်းကလေးယွင်ရှို့၊ ရှင်သဘောတူလိုက်ပြီနော်” အထိန်းတော်ရှားက တအံ့တဩ ရေရွတ်လိုက်လေသည်။

“အွန်း”

ကျန်းယွင်ရှို့သည် အနည်းငယ် နောင်တရမိသော်လည်း ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။

“ကောင်းပါပြီ မိန်းကလေး၊ ရှင့်မျက်နှာကို ဆေးမြန်မြန် လိမ်းလိုက်အုံး၊ ကျွန်မ ဝမ်ရယ်ကို သတင်းသွားပို့လိုက်အုံးမယ်၊ နှစ်ရက်နေပြီးရင် ရှင့်ကို အိမ်တော်ထဲ သေချာပေါက် ခေါ်သွားပေးမယ်နော်” အထိန်းတော်ရှားက ပြောလိုက်၏။

သည်စကားကို ကြားလိုက်ရတော့ ကျန်းယွင်ရှို့သည် လိမ်းဆေးကို မြန်မြန် ထုတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် လိမ်းလိုက်လေသည်။ အခုတော့ သူမရဲ့ အရင်းအနှီးက သူမရဲ့ပျိုမြစ်လှပတဲ့ ခန္ဓာကိုယ်ပဲ။ ဟွိုက်နန်ဝမ်ရယ်ရဲ့ အမွေဆက်ခံမဲ့ ကိုယ်ဝန် မရသေးခင်တော့ သူ့နှစ်သက်မှုကို ဆုံးရှုံးလိုက်လို့ မဖြစ်ဘူး။

လိမ်းဆေးက နန်းတွင်း လျှို့ဝှက်ဆေးတစ်မျိုးဖြစ်သည်။ သူမက ဆေးလိမ်းပြီးနောက် မျက်နှာပေါ်က ပူစပ်စပ် ခံစားချက်နေရာတွင် အေးမြသည့် ခံစားချက်တစ်ခု ချက်ချင်း အစားထိုးဝင်ရောက်လာခဲ့သည်။

ဖိုးရွှေလကလည်း အရှေ့ဘက်သို့ မြင့်တက်သွားခဲ့သည်။ ကျန်းယွင်ကျူး၏ ဆေးမိထားသည့် အခြေအနေသည် နောက်ဆုံးတော့ အများကြီး သက်သာသွားတော့သည်။ သူမသည် အိပ်ချင်နေကာ ပင်ပန်းနေသဖြင့် တန်းအိပ်ပျော်သွားတော့သည်။

ရှန်ဖုန်းမင်က ထိုအဖြစ်ကို သိလိုက်ရပြီး သူမကို ရေစည်ပိုင်းထဲက ချီကာ ထွက်လာပြီး သူမကို အဝတ်အစားသစ် လဲပေးရန် ရှီလျို့ကို ခေါ်လိုက်ပြီးနောက် သူမကို အိပ်ရာပေါ် တင်ပေးလိုက်သည်။

သည်နေ့ည ရှန်ဖုန်းမင်သည် အိမ်မပြန်ပေ။ သူက သူမ၏အိပ်ရာဘေးတွင် သူမကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။

ကျန်းယွင်ကျူးသည် သည်တကြိမ်တွင်တော့ ကောင်းကောင်း အိပ်မပျော်တော့ပေ။ အရုဏ်တက်ပြီး မကြာခင်တွင် နိုးလာတော့သည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ် ခြောက်သွေ့ကာ ပူလောင်နေသော်လည်း သည်းခံနိုင်သေးသည်။

ရှန်ဖုန်းမင်က အိပ်ရာဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခေါင်းက ငိုက်စိုက်ကြနေပြီး သူသည် အိပ်ပျော်နေသည့်နှယ်။ သူ့မျက်ခုံးများကြားတွင် ပင်ပန်းနေသည့် အရိပ်ယောင်တစ်ခု တွေ့လိုက်ရသည်။

ထို့အပြင် သူ့ဘယ်ဖက် လည်ပင်းပေါ်တွင် ဒဏ်ရာတစ်ခု ရှိနေလေသည်။ ထိုနေရာက သွေးများက ခြောက်သွားပြီး ဘေးကအသားအရေက နီရဲနေကာ အနည်းငယ်ပင် ရောင်နေလေသည်။ မနေ့က ကျန်းယွင်ကျူး အားဖြင့် မည်မျှ ခပ်နာနာ ကိုက်ခဲ့မှန်းကို သက်သေပြနေတော့သည်။

မနေ့က မှတ်ဉာဏ်အားလုံးက ပြန်ရောက်လာခဲ့သည်။ ကျန်းယွင်ကျူးသည် မနေ့က ရှန်ဖုန်းမင်ကို တွက်ကပ်နေခဲ့ပုံ၊ သူမကို ကူညီပေးဖို့ သူ့ကို တောင်းဆိုနေပုံကို မှတ်မိသွားတော့သည်။ သူ့လည်ပင်းကို ကိုက်ခဲ့ပုံနှင့် သူမကို မလေးစားသည်ထက် သူမနှင့်အတူ ရေအေးထဲတွင် အတူတူစိမ်ပေးခဲ့ပုံကိုလည်း မှတ်မိနေသည်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို တည့်တည့်ကြည့်လိုက်ကြီး သူ့ရုပ်သွင်ကို သေသေချာချာ ပုံဖော်ကြည့်လိုက်လေသည်။ သူ့မျက်ခုံးတွေက ရှည်လျားပြီး ဖြောင့်တန်းနေတာပဲ။ သူ့မျက်တောင်တွေက ထူပြီး ယပ်တောင်လေးတစ်ခုလို ကော့ညွှတ်နေတယ်။ သူ့နှာတံကလည်း မြင့်တာပဲ။ သူ့နှုတ်ခမ်းတွေက လှလှပပ ပုံစံကျတယ်။ သူ့မျက်နှာက ပြတ်သားပြီး သူရဲကောင်းဆန်တယ်။

အရင်တုန်းက သူမက သူ့ကို ကြည့်ရင် သူက ချောတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ စိတ်အေးချမ်းတဲ့ ခံစားမှုအာရုံတစ်ခုကို ခံစားမိနေတယ်။

သည်အချိန်တွင် ရှန်ဖုန်းမင်၏ မျက်တောင်များသည် အနည်းငယ် လှုပ်သွားပြီး သူ့မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာကာ ကျန်းယွင်ကျူး၏အကြည့်နှင့် သွားဆုံတော့သည်။

ထိုမျက်လုံးများက စိုးရိမ်စိတ်အပြည့်ဖြစ်နေသည်။

“ရှန်ဖုန်းမင်” ကျန်းယွင်ကျူးက လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

“အင်း ကိုယ် ဒီမှာရှိတယ်”

သည်စကားတစ်ခွန်းနှင့်တင် ကျန်းယွင်ကျူး၏ နှလုံးသားသည် ပျော့ပြောင်းသွားပြီး နွေးတက်လာတော့သည်။ သူမက လက်ကို ဆန့်လိုက်ပြီး ရှန်ဖုန်းမင်၏ လည်ပင်းကို သိုင်းဖက်လိုက်ကာ သူ့နှုတ်ခမ်းများကို ပြင်းရှရှ နမ်းလိုက်တော့သည်။

ရှန်ဖုန်းမင်၏မျက်လုံးများက တဖြည်းဖြည်း ဝိုင်းစက်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို ပွေ့ဖက်ဖို့ရာ လက်ကို ဆန့်လိုက်သော်လည်း တွေဝေနေဆဲ။

ကျန်းယွင်ကျူးက သူ့နှုတ်ခမ်းကို ခွာပေးလိုက်ပြီး ရှက်သွေးဖြာရင်း ပြောလိုက်သည်။

“ဆေးအစွမ်းက ကုန်သွားပါပြီ၊ ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိပါတယ်”

သည်စကားက ရှန်ဖုန်းမင်၏စိတ်ကို မီးရှူးမီးပန်းများလို ပေါက်ကွဲသွားစေတော့သည်။

သူ့လက်ကို ကျန်းယွင်ကျူး၏ခါးတွင် သိုင်းဖက်လိုက်ပြီး သူမ၏နှုတ်ခမ်းကို ဖိထားလိုက်တော့သည်။

ခဏလောက် ပြင်းရှရှ အနမ်း ခြွေလိုက်ပြီးနောက် ကျန်းယွင်ကျူးသည် အနည်းငယ် မောလာတော့သည်။ သူမက လက်ကို ဆန့်ကာ ရှန်ဖုန်းမင်ကို တွန်းလိုက်သည်။

ရှန်ဖုန်းမင်က သူမကို လွှတ်ပေးလိုက်ပြီး သူ့ရှေ့က မိန်းမလှလေးကို အကဲခတ်နေလေသည်။ သူ့မျက်လုံးများက ရေအသွင် ရွှန်းစိုနေတော့သည်။

အပြင်ဘက်တွင် မလင်းသေးချေ။ ကျန်းယွင်ကျူးက အိပ်ရာအတွင်းဖက်သို့ ရွှေ့ပေးလိုက်ပြီး ခဏလောက် လာတက်အိပ်ဖို့ သူ့ကို လက်ဟန်ပြလိုက်လေသည်။ သူမကို တစ်ညလုံး စောင့်ကြည့်ပြီးနောက် သူသည် ပင်ပန်းလို့နေသည်။

ရှန်ဖုန်းမင်က အိပ်ရာ၏တစ်ဖက်ခြမ်းတွင် လဲလျောင်းလိုက်သည်။ သူသည် အရပ်မြင့်က ခြေတံရှည်လေသည်။ နဂိုက အလွန်မှ မသေးလှသည့် အိပ်ရာမှာ ရုတ်တရက် အနည်းငယ် ကျဥ်သွားသလို ဖြစ်သွားတော့သည်။

နှစ်ယောက်သားက အတူတူ တိုးဝေ့နေလိုက်ကြသည်။ ကျန်းယွင်ကျူးက ငိုက်မျဥ်းနေသည့်ဒဏ်ကို မခုခံနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ပြန် အိပ်ပျော်သွားတော့သည်။

ရှန်ဖုန်းမင်က မအိပ်ချင်ပေ။ သူက သူမ၏ခါးကို ဖက်ထားပြီး သူမကို သည်အတိုင်း ကြည့်နေတော့သည်။

အချိန်တော်တော်ကြာသွားပြီးနောက် သူက ခေါင်းကို နိမ့်လိုက်ပြီး သူမ၏နဖူးကို ဖွဖွလေး နမ်းလိုက်ပြီးနောက် သူ့မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

ကောင်းကင်ကြီးက လင်းထိန်လို့နေသည်။ ကျန်းယွင်ကျူးသည် မျက်လုံးဖွင့်လိုက်ပြီး အများကြီး နေလို့ကောင်သွားသလို ခံစားလိုက်ရသည်။

သူမက လှုပ်လိုက်သည်နှင့် ရှန်ဖုန်းမင်က မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့လက်များက သူမ၏ခါးပေါ်တွင် ရှိနေဆဲ။ အပူဓာတ်က ကျန်းယွင်ကျူး၏ခန္ဓာကိုယ်ကို လောင်မြိုက်သွားစေတော့သည်။

“ထချိန်တန်ပြီ”

ကျန်းယွင်ကျူးက ထလိုက်ပြီး သူ့လက်ကို ရှောင်ဖို့ နောက်သို့ ဆုတ်လိုက်၏။

ရှန်ဖုန်းမင်က ထထိုင်လိုက်ပြီး သူမကို ကြည့်လိုက်ကာ သူမ စဥ်းစားနေသည့်အရာကို အနည်းငယ် မရေမရာဖြစ်သွားလေသည်။

သူ့ကိုလည်း အပြစ်ပြောလို့မရပေ။ ကျန်းယွင်ကျူးတွင် ‘ မှတ်ဉာဏ်ပျောက်’သွားတတ်သည့် အကျင့်တစ်ခု ရှိခဲ့သည်။

ကျန်းယွင်ကျူးက အနည်းငယ် ရှက်သွားပြီး ရှေ့သို့ ညွှတ်ကာ သူ့နဖူးကို နမ်းလိုက်ပြီး သူမ၏အခြေအနေကို သက်သေပြလိုက်လေသည်။

ထိုပါးလျလျ နူးညံ့သည့် ငှက်မွှေးလို အနမ်းတစ်ခုက ရှန်ဖုန်းမင်ကို မဆုံးနိုင်သည့်ပျော်ရွှင်တစ်ခုနှင့် ရုတ်ခြည်း ပြည့်နှက်သွားစေတော့သည်။

သည်လိုခံစားချက်ကို အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သို့တိုင် ရှန်ဖုန်းမင်သည် သည်ခံစားချက်ကို နှစ်သက်မှန်းတော့ သိနေလေသည်။

ကျန်းယွင်ကျူး အိပ်ရာပေါ်က ဆင်းသွားသည်အထိ သတိပြန်မဝင်လာသေးပေ။

ကျန်းယွင်ကျူးက မျက်နှာသစ်ဖို့ ပြင်ဆင်လိုက်သည်။

သိပ်မကြာခင်မှာပင် ရှီလျို့က ရေနွေးယူလာပေးလိုက်သည်။ သူမသည် ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏ အခန်းထဲတွင် ရှိနေသည်ကို ထူးဆန်းသည့်အမူအရာ ဖြစ်မနေဘဲ ကျန်းယွင်ကျူးကို ခေါင်းဖြီးပေးနေလိုက်သည်။

မည်းနက်သည့် ဆံနွယ်က ပြေကျသွားပြီး တစောင်းပုံဆံထုံးလှလှလေးတစ်ခုအသွင် မြန်မြန်ဆန်ဆန် ဖြီးသင်ပေးလိုက်သည်။

ရှီလျို့က ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး သည်နေ့ သူမ ဘာကျောက်မျက်ရတနာ ဝတ်ချင်သလဲဟု မေးမည်ပြင်လိုက်၏။

သည်အချိန်တွင် ရှန်ဖုန်းမင်က လက်ထဲတွင် ဘူးလေးတစ်ခု ကိုင်ကာ ရောက်လာပြီး ဘူးကို ဖွင့်လိုက်သည်။ အထဲတွင် သူအရင်ကတည်းက ထွင်းထားသည့် ကျောက်စိမ်းဆံထိုး ရှိနေသည်။

“မင်းအတွက် ကိုယ် ဆံထိုး ထိုးပေးမယ်”

သူက ကျန်းယွင်ကျူးကို တန်းပြောလိုက်တော့သည်။

…

အပိုင်း (၁၂၃)

ကျန်းယွင်ကျူးသည် အဖြူရောင်ကျောက်စိမ်း ဆံထိုးကိုမြင်လိုက်ချိန်တွင် တုံ့ဆိုင်းသွားတော့သည်။ သူက ဒီဆံထိုးကို အမြဲတမ်း ကိုယ်နဲ့မကွာ သိမ်းထားခဲ့တာလား။

အမှန်ပင်။ ရှန်ဖုန်းမင်သည် ဆံထိုးကို ကိုယ်နှင့်မကွာ သိမ်းထားပြီး သူမကိုပေးချင်ပါသော်လည်း သူမက လက်မခံမည်ကို စိုးရိမ်နေခဲ့မိသည်။

ဒီတော့ အခု သူမ ဒါကို လိုချင်ပါ့မလား။

သူသည် အနည်းငယ် ပူပန်နေလေသည်။ ဟုတ်ပါသည်။ သူသည် အရိုင်းဆန်သည့် လူငယ်လေးတစ်ယောက်လို အမှန်ပင် စိတ်အိုက်နေတော့သည်။

ကျန်းယွင်ကျူးက ခဏလောက် တုံ့ဆိုင်းသွား၏။

“အင်း” သူမက သဘောတူလိုက်သည်။

နွေရာသီလေပြေ တိုက်ခတ်လာချိန်တွင် ရှန်ဖုန်းမင်၏မျက်နှာက အပြုံးများနှင့် ပြည့်လျှံနေတော့သည်။ သူက အဖြူရောင်ကျောက်စိမ်းဆံထိုးကို သူမ၏ဆံပင်ကြားထဲသို့ ထိုးသွင်းပေးလိုက်သည်။

နွေးထွေးလှသည့် အဖြူရောင်ကျောက်စိမ်းဆံထိုးက အနက်ရောင်ဆံသားနှင့် ပြီးပြည့်စုံနေအောင် လိုက်ဖက်နေလေသည်။

လှပပေသည်။ ဆံထိုးက လှသည်။ လူကလည်း လှသည်။ ရှီလျို့က ဘေးတွင်ရပ်နေကာ တွေးမိလေသည်။ စစ်သေနာပတိချုပ်ရှန်သာ မရှိရင် သူမက အသည်းယားလို့ အော်ဟစ်ပြီးတာ ကြာပြီလေ။

ရှန်ဖုန်းမင်သည် လှပသည်ဟု ခံစားလိုက်မိလိုက်ပြီး သူ့မျက်ခုံးနှင့် မျက်လုံးများကို ပေါ့ပေါ့ပါးပါး ပင့်ထားလိုက်တော့သည်။

သူသည် ကျန်းယွင်ကျူးနှင့် မနက်စာ စားလိုက်ပြီးနောက် ထွက်သွားတော့သည်။

စားသောက်ဆိုင်က ထွက်လာပြီးနောက်တွင် သူ့အမူအရာက ချက်ချင်း အေးစက်ကာ လေးနက်လာတော့သည်။ မနေ့က ကျန်းယွင်ကျူးသာ ထွက်ပြေးမလာနိုင်ခဲ့ရင် ဘာတွေဖြစ်သွားမယ်ဆိုတာ မစဥ်းစားရဲဘူး။ သူသည် အစောပိုင်းက ပျော်ရွှင်နေသလောက် အခုတော့ ဒေါသခြောင်းခြောင်း ထွက်နေတော့သည်။

“ခေါင်းဆောင်”

ချီလင်သက်တော်စောင့် အဖွဲ့က သူ့ကို စောင့်နေနှင့်ကြသည်။

ရှန်ဖုန်းမင်သည် သူ့မြင်းပေါ်တက်လိုက်ပြီး နန်းတော်သို့ သွားလိုက်လေသည်။ သူသည် မနေ့က ထိုမိန်းမစိုး၏ပါးစပ်ကို ဖွင့်ထုတ်ရလိမ့်မည်။

မကြာမီ သူသည် စီနင်နန်းတော်သို့ ရောက်လာ၏။

“လူကြီးမင်းရှန် မယ်တော်ကြီးက ဒီလူလေးယောက်ကို လူကြီးမင်းလက်ထဲ လွှဲခိုင်းလိုက်ပါတယ်”

အထိန်းတော်ချီက နန်းတော် တံခါးပေါက်တွင် ရှန်ဖုန်းမင်ကို ကြိုတင်စောင့်ဆိုင်းနေလေသည်။ သူ လာနေသည်ကို မြင်လိုက်သည်တွင် သူမက ဘေးတွင် ချည်နှောင်ထားသည့် လူလေးယောက်ကို လက်ညှိုးထိုးပြလိုက်၏။

သူတို့လေးယောက်လုံးကို မေးရိုးလွဲအောင် လုပ်ထားပြီး သူတို့၏ခြေလက်များကို တုပ်နှောင်ထားလေသည်။ သူတို့အတွက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ရန် မဖြစ်နိုင်ပေ။

လေးယောက်ထဲက တစ်ယောက်က မနေ့က မိန်းမစိုးဖြစ်သည်။ နန်းတွင်းအစေခံမလေးတစ်ယောက်လည်း ပါသည်။ ကျန်းယွင်ကျူးသာ ထိုနေရာတွင် ရှိနေခဲ့လျှင် သူမသည် မနေ့က သူမအတွက် အစားအသောက် ယူလာပေးခဲ့သည့် နန်းတွင်းအစေခံမလေးကို ချက်ချင်းမှတ်မိနေလိမ့်မည်။

သူတို့လေးယောက်သည် အသည်းအသန် ကြောက်လန့်နေကြလေသည်။ တချို့က မျက်ရည်နှင့် မျက်ခွက် ဖြစ်ကာ မနေ့က သူတို့လုပ်ခဲ့သည့်ကိစ္စကို နောင်တရနေပြီး တချို့ကတော့ လုံးဝစိတ်ဓာတ်ကျနေကာ မြန်မြန်သေချင်နေကြတော့သည်။

ဌာနသို့ ရောက်သွားပြီးနောက်တွင်တော့ သူတို့သည် သေချင်လျှင်တောင် မသေနိုင်ဖြစ်နေရသည်က သနားစရာပင်။

မယ်တော်ကြီးကတော့ မယ်တော်ကြီးပါပဲ။ သူမက နန်းတွင်းရေးကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြုထားခဲ့ပေမဲ့ စီနင်နန်းတော်ထဲက သူလျှိုတွေအားလုံးကို မြန်မြန်ပဲ ဖမ်းမိသွားခဲ့တယ်။

“အထိန်းတော်ကြီး အဘွားတော်ကို ကျေးဇူးတင်ကြောင်း ကျေးဇူးပြုပြီး ပြောပေးပါအုံး” ရှန်ဖုန်းမင်က ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မယ်တော်ကြီးကလည်း ပြောပါတယ်၊ အဖြေထွက်လာရင် သူ့ကို ပြောပါအုံးတဲ့၊ နန်းတော်ကြီးက အချိန်အကြာကြီး အေးချမ်းနေခဲ့တာပါတဲ့” အထိန်းတော်ချီက ပြောလိုက်သည်။

ရှန်ဖုန်းမင်သည် သူမ ပြောချင်သည့် စကားကို ချက်ချင်းနားလည်သွားတော့သည်။

“အင်း”

ထို့နောက် သူသည် ထိုလူလေးယောက်ကို ဌာနသို့ ခေါ်သွားလိုက်တော့သည်။

လက်ဖက်ရည်တစ်ခွက် နှပ်စာအချိန်လေးအတွင်းတွင် သူတို့လေးယောက်က အားလုံးကို ဝန်ခံလိုက်ကြသည်။ သူတို့က ဝူကွေ့ဖေး စီနင်နန်းဆောင်ကို လွှတ်ထားတဲ့ လူတွေတဲ့။ မနေ့က သူတို့လုပ်ခဲ့တဲ့ကိစ္စမှာ ရှောင်းလီယွီရဲ့ အမိန့်ကြောင့်တဲ့။ လင်ထင်အန်းနဲ့တော့ ဘာမှ မပတ်သက်တဲ့ပုံပဲ။

သူက အဲမှာ တိုက်ဆိုင်ပြီး ရောက်နေတာ။

ဒါက တိုက်ဆိုင်မှုတစ်ခု ပဲလား။ ရှန်ဖုန်းမင်သည် ထရပ်လိုက်ပြီး နန်းတော်ထဲသို့ ဝင်ကာ မယ်တော်ကြီးကို သွားတွေ့လိုက်လေသည်။

ချုံးဟွားနန်းတော်တွင် ရှောင်းလီယွီသည် မနေ့ညက လုံးဝ အိပ်မပျော်ခဲ့ပေ။ အခုတော့ သူမက စိတ်ဓာတ်ကျနေတော့သည်။ မနေ့က သူမ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လိမ့်မည်လို့ ထင်ထားခဲ့တာလေ။ ရှန်ဖုန်းမင်က ကျန်းယွင်ကျူး တခြားယောက်ျားတစ်ယောက်နဲ့ အိပ်နေတာကို မြင်ပြီး သူမကို ဒေါသထွက်ထွက်နဲ့ သ-တ်ပစ်လိမ့်မယ်ပေါ့။ ဒါမှမဟုတ်လည်း အဆိုးဆုံးအခြေအနေက သူမကို မုန်းသွားလိမ့်မယ်ပေါ့။

ဒါပေမဲ့ ဘယ်သူ ထင်ထားမှာလဲ။ ကျန်းယွင်ကျူးဆိုတဲ့ မိန်းမက သန်မာတဲ့ အစောင့်တစ်ယောက်ကို သ-တ်နိုင်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်တဲ့။

အစီအစဥ်ကတော့ လုံးဝ ကျရှုံးတာပဲ။

ကိစ္စက ဒီအတိုင်း ပြီးသွားတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ မနေ့က ကိစ္စဖြစ်ပြီးကတည်း စီနင်နန်းတော်မှာ အရာအားလုံးက ပုံမှန်အတိုင်းပဲ ဖြစ်နေတဲ့ပုံပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘူး။ ဘယ်လို လုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်မှာလဲ။

မနေ့က ဖြစ်ခဲ့သည့်ကိစ္စတွင် ရှောင်းလီယွီသည် ဝူကွေ့ဖေးကို မပြောဘဲ လုပ်ခဲ့ခြင်းဖြစ်သည်။ တကယ်လို့များ.....။ ရှောင်းလီယွီသည် စဥ်းစားလေလေ နေမထိ ထိုင်မသာ ဖြစ်လာလေလေပင်။

သည်အချိန်တွင် မယ်တော်ကြီးက ဇာတ်ကြောင်းတစ်ခုလုံးကို နားလည်ထားပြီးဖြစ်လေသည်။ ခါတိုင်းလို တည်တည်ငြိမ်ငြိမ်နှင့်ပင် သူမက ပြောလိုက်၏။

“မင်းကြီးကို ပင့်လာခဲ့ပါ”

“ဟုတ်ကဲ့”

အထိန်းတော်ချီသည် ထွက်သွားပြီး ချင်းလုံဧကရာဇ်ကို ပင့်ဖိတ်လိုက်သည်။

မကြာမီ ချင်းလုံဧကရာဇ်က မယ်တော်ကြီးကို လာရောက်နှုတ်ဆက်လေသည်။

မယ်တော်ကြီးက သူ့နှုတ်ဆက်စကားကို အမှုမထားဘဲ ရှန်ဖုန်းမင်ကို တန်းပြောလိုက်၏။

“ဖုန်းမင် ပြောလိုက်”

ချင်းလုံဧကရာဇ်သည် မယ်တော်ကြီးက အမျက်ထွက်နေမှန်း ချက်ချင်း သိလိုက်တော့သည်။ မယ်တော်ကြီးကို အမျက်ထွက်ရအောင် ဘယ်သူလုပ်ခဲ့တာပါလိမ့်။ သူက မတ်မတ်ရပ်လိုက်ပြီး ရှန်ဖုန်းမင်ကို ကြည့်လိုက်သည်။

ရှန်ဖုန်းမင်သည် မနေ့က ကိစ္စအပြင် ထိုလူလေးယောက် သူ့ထံတွင် ဝန်ခံခဲ့သည့် အကြောင်းအရောများကို တင်ပြလိုက်တော့သည်။

ချင်းလုံဧကရာဇ်က ဖတ်ကြည့်လိုက်၏။ ကျန်းယွင်ကျူးအား အန္တရာယ်ပြုမည့် ရှောင်းလီယွီ၏ အကြံအစည် ဖြစ်နေသည်။ သူသည် ကျန်းယွင်ကျူးကို သဘောကျသော်လည်း သူမကြောင့်တော့ အမျက်ထွက်ရလောက်သည့် အဆင့်တော့ မဟုတ်သေးပေ။ သို့သော်ငြား အမှုတွဲကို ဖတ်လိုက်ပြီးနောက် သူသည် အရင်က အဖြစ်အပျက်တစ်ခုကို သတိရသွားတော့သည်။

သူ၏ ဆုံးပါသွားပြီးသော ချစ်လှစွာသောစုဖင်။ သူသည် ထိုနေ့က စိတ်အားတက်ကြွစွာဖြင့် သူမ၏ နန်းဆောင်သို့ သွားခဲ့သည်။ သို့သော် သူမကို အစောင့်တစ်ယောက်နှင့် လုံးထွေးနေသည်ကို မြင်လိုက်ရပြီး အလွန်ဒေါသထွက်လွန်းသဖြင့် သူမကို ချက်ချင်း သ-တ်ပစ်ခဲ့သည်။

အခုလိုကြည့်လိုက်တော့ သည်ကိစ္စက ထိုဖြစ်ရပ်နှင့် ဆင်တူနေသည်။

ချင်းလုံဧကရာဇ်သည် လေဒဏ် လှိုင်းဒဏ်များစွာကို တွေ့ကြုံခဲ့ပြီး ဖြစ်လေသည်။ သူသည် နောက်တစ်ကြိမ် သေချာတွေးတောကြည့်လိုက်တော့ သံသယဖြစ်စရာ အချက်များစွာကို ချက်ချင်း ပြန်သတိရသွားတော့သည်။ သူသည် လျှို့ဝှက်ကြံစည်ခံလိုက်ရသည်ကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

သူ့ကိုများ အတင့်ရဲပြီး ကြံစည်ရဲရတယ်လို့။ ချင်းလုံဧကရာဇ်သည် ချက်ချင်း အမျက်ထွက်သွားကာ ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။

“အဲဒီ ရွံစရာကောင်းတဲ့ မိန်းမနဲ့ မင်းသမီးတစ်ဆယ်ကို ခေါ်လာခဲ့စမ်း”

ဝူကွေ့ဖေးသည် မနေ့ကတည်းက မျက်ခုံးလှုပ်နေပြီး မကောင်းတာတစ်ခုခု ဖြစ်တော့မည့်နှယ်။ သူမသည် သည်ရက်ပိုင်းတွင် ကိစ္စများကို ဂရုတစိုက် ပြန်စဥ်းစားလိုက်ပြီး တစ်ခုခုမှားနေသည်ဟု မထင်မိချေ။

ခုနက အစောင့်များက သူမကို လာရောက်ဖမ်းဆီးခဲ့သည်။

“မင်းကြီးက ဘာလို့ ငါ့ကို ဖမ်းဆီးချင်တာလဲ။ ငါ ဘာအမှားလုပ်ခဲ့မိလို့လဲ”

သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူမ၏အရောင်အဝါသည် အမြင့်ဆုံးလင်းလက်နေရာ ရှောင်းလီယွီကို ခေါ်ထုတ်လာသည်ကို မြင်လိုက်ချိန်အထိပင်။ ထို့နောက်တွင်တော့ သူမ၏မျက်နှာက ထိတ်လန့်အမှုအပြည့် ဖြစ်သွားပြီး ရင်တုန်သွားတော့သည်။

သူတို့နှစ်ယောက်ကို စီနင်နန်းတော်သို့ မြန်မြန် ခေါ်ဆောင်ခဲ့လာလိုက်သည်။

“ဒီကွေ့ဖေးက မင်းကြီးနဲ့ မယ်တော်ကြီးတို့ကို ဂါရဝပြုပါတယ်”

ဝူကွေ့ဖေးသည် စိုးရိမ်ပူပန်နေသော်လည်း ထုတ်မပြချေ။

သူမနှင့် ယှဥ်လျှင် ရှောင်းလီယွီက တော်တော်လေး အရည်အချင်းမဲ့ပေသည်။ သူမသည် ဦးညွှတ် နှုတ်ဆက်လိုက်သော်လည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။ အပြစ်ရှိသည့်စိတ်က သိသာလွန်းနေသည်။

“စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ မိန်းမ”

ချင်းလုံဧကရာဇ်က စားပွဲကို ရိုက်လိုက်ပြီး ဆဲဆိုတော့သည်။

သည်စကားတစ်ခွန်းနှင့်ပင် ကောင်းကင်ကြီး ပြိုကျပြီး မြေကြီးက အက်ကွဲသွားသည့်နှယ်။ ဝူကွေ့ဖေး၏ မျက်နှာသည် ရုတ်ခြည်းဆိုသလို နီနေရာမှ ဖြူဆွတ်သွားတော့သည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ချင်းလုံဧကရာဇ်က သူမကို စကားကြမ်းကြမ်း မပြောခဲ့ဖူးချေ။ သို့သော် သည်နေ့တော့ သူက သူမကို ‘စက်ဆုပ်စရာကောင်းတဲ့မိန်းမ’ဟု ခေါ်ခဲ့သည်။ သူမသည် အလန့်တကြား မဖြစ်ဘဲ ဘယ်မှာရှိပါမည်နည်း။

“မင်းကြီး ကျွန်တော်မျိုးမ မင်းကြီးကို ဘယ်လို အမျက်ထွက်မိအောင် လုပ်ခဲ့မိလည်း မသိရပါဘူး၊ ကြောက်ရွံ့လှပါတယ်”

ဝူကွေ့ဖေးက ချက်ချင်း ဒူးထောက်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့် ပြောလိုက်၏။

“မင်း မသိဘူးပေါ့လေ၊ မင်း စိတ်ထဲမှာတော့ နားလည်မယ်လို့ ငါကိုယ်တော် ထင်တာပဲ”

ချင်းလုံဧကရာဇ်က ဒေါသတကြီး ပြောလိုက်သည်။

ဝူကွေ့ဖေးသည် ဝမ်းနည်းဟန် ဖြစ်နေဆဲ။

ဟုတ်ပါသည်။ ချင်းလုံဧကရာဇ်သည် ထိုကိစ္စက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးလိမ့်မည်ဖြစ်ရာ သူသည် ကြံစည်ခံလိုက်ရသည်ဟုတော့ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ သူက ရှန်ဖုန်းမင် သူ့ကို တင်ပြထားသည့် အမှုတွဲကို ဝူကွေ့ဖေးဆီ ပစ်ပေးလိုက်ပြီး သူမကို ကိုယ်တိုင် ဖတ်ခိုင်းလိုက်တော့သည်။

ဝူကွေ့ဖေးသည် ထိုစာကို တွေ့လိုက်ရချိန်တွင် သူမ၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူုဆုတ်သွားတော့သည်။ သည်အခိုက်တွင် ရှောင်းလီယွီသည် သည်လိုအမူအရာဖြစ်နေပြီး ချင်းလုံဧကရာဇ်က အလွန်မှ ဒေါသထွက်နေသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားတော့သည်။ သူမသည် နောင်တနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူမက ရှောင်းလီယွီကို အလွန်အလိုလိုက်ခဲ့မိသဖြင့် နောင်တရမိပြီး ရှောင်းလီယွီက ဤမျှလောက် တုံ့အလွန်းသည့်အတွက် မုန်းမိလေသည်။

အကြံအစည်တစ်ခုတည်းကို နှစ်ခါသုံးခဲ့သတဲ့။ တခြားသူတွေ နင့်ကို သံသယဖြစ်မှာ တကယ် မကြောက်တာပဲ။

သို့သော်ငြား သည်အချိန်တွင်တော့ ဘာပြောပြော အလွန်နောက်ကျသွားပေပြီ။ ရှောင်းလီယွီ လုပ်ခဲ့သည့်အရာက မျက်မြင်သက်သေ၊ ပစ္စည်းသက်သေဖြင့် ငြင်းဆန်လို့ မရနိုင်ပေ။

သူမက ရှောင်းလီယွီကို ကောင်းကောင်း မသင်ပြပေးခဲ့ကြောင်း ပြောကာ သူမ၏အမှားကို ချက်ချင်း ဝန်ခံလိုက်ပြီး သူမက ဘာပြစ်ဒဏ်ဖြစ်ဖြစ် လိုလိုလားလား ခံယူပါမည်ဟု ပြောလိုက်ရတော့သည်။ သူသည် စုဖင်နှင့် ပတ်သက်သည့် ကိစ္စကို ဘာတစ်ခုမှ ထုတ်မပြောခဲ့ပေ။

ချင်းလုံဧကရာဇ်ကလည်း ထိုအကြောင်းကို ထုတ်မပြောစေချင်ပေ။ သို့သော် အပြစ်ပေးခံသင့်သူကိုတော့ သေချာပေါက် အပြစ်ပေးရပေမည်။

ဝူကွေ့ဖေးက သူမ၏သမီးကို မှန်မှန်ကန်ကန် မသင်ကြားပေးခဲ့သဖြင့် သူမ၏ ကွေ့ဖေးရာထူးကို ဖယ်ရှားပြီး ကိုယ်လုပ်တော်ဝူ ဖြစ်လာစေ။

ရှောင်းလီယွီသည် မင်းသမီးတစ်ယောက်အနေဖြင့် သည်လို လူရယ်စရာကောင်းသည့် ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ သူမကို ယွီယန်မင်းသမီးမှ ယွီရှင်းမင်းသမီး အဖြစ် အဆင့်ချလိုက်သည်။

မင်းသမီးများတွင်လည်း အဆင့်များ ရှိလေသည်။ ရှမင်းဆက်၏ ထုံးတန်းအစဥ်အလာအရ မိဖုရားခေါင်များမှ မွေးသည့် မင်းသမီးများသည် အင်မတန် မြင့်မြတ်လှသည်။ သူတို့၏ဘွဲ့က ‘ယန်’ ဖြစ်လေသည်။

ဝူကွေ့ဖေးသည် အချစ်ခံမိဖုရားဖြစ်ခဲ့သည်။ ရှောင်းလီယွီသည် တရားဝင်မျိုးဆက်မှ မဟုတ်သော်လည်း ချင်းလုံဧကရာဇ်က ခြွင်းချက်ထားပြီး သူမကို ယွီယန်မင်းသမီးဘွဲ့ကို အပ်နှင်းခဲ့သည်။ သို့သော် အခုတော့ သူမသည် ယွီရှင်းမင်းသမီးအဖြစ် အဆင့်ချခံလိုက်ရသည်။ တစချိန်တည်းတွင် သူမကို နှစ်ဝက် နေအိမ်အကျယ်ချုပ် ထားပြီး ကိုယ့်ဟာကို အမြင်မှန်ရသည်အထိ နေ့တိုင်း ‘အမျိုးသမီးတို့၏ ကျင့်ဝတ်’ ကို ကူးရေးရမည်။

သည်ပြစ်ဒဏ်က မသိသာလှသည်တော့ မဟုတ်ပေ။ အထူးသဖြင့် ဝူကွေ့ဖေးအတွက်ပင်။ သူမသည် ကွေ့ဖေးတစ်ယောက်မှ ကိုယ်လုပ်တော်တစ်ယောက် အဖြစ် ရာထူးချခံလိုက်ရသည်။ စံစားရသည့်အခြေအနေက မိုးနှင့်မြေလို ကွာခြားလှပေသည်။ စင်စစ်တွင် ဒါသည် ဝူကွေ့ဖေးက အချစ်ခံရသည့်အခြေအနေမှ ကျဆင်းသွားသည့် အမှတ်အသား ဖြစ်နေသယောင်။ သို့ဆိုလျှင် မင်းသားခြောက်ကရော။

ထိုအခါမှ ဝူကွေ့ဖေးသည် အထိတ်တလန့် ဖြစ်ရတော့သည်။ မင်းကြီးက ဘယ်လိုများ အကြင်နာမဲ့နိုင်ရက်တာလဲ။ သူမက ကွေ့ဖေးနေရာမှာ ထိုင်ရဖို့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ရတာ။ အခုတော့ ညတွင်းချင်း ပျောက်ကွယ်သွားပါရော။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမသည် မင်းကြီးကို အသနားခံချင်သော်လည်း ဧကရာဇ်ချင်းလုံက သူမစကားကို ဆက်ပြီး နားမထောင်ချင်တော့ပေ။ သူသည် သူမကို သည်အတိုင်း မောင်းထုတ်လိုက်တော့သည်။

ဝူကွေ့ဖေးသည် ချုံးဟွားနန်းတော်သို့ ပြန်ရောက်လာပြီး ရှောင်းလီယွီကို ပါးချလိုက်တော့သည်။ သူမက ရှောင်းလီယွီကို ခါးခါးသီးသီး ဝါးစားတော့မတတ်ကြည့်နေသည်။ သူမကသာ သမီးအရင်းခေါက်ခေါက် မဟုတ်ခဲ့ရင် သူမကို သေချာပေါက် သ-တ်ပစ်လိုက်ပြီ။

ရှောင်းလီယွီသည် သူမ၏ပါးကို အုပ်လိုက်ပြီး စိတ်လွတ်သွားတော့သည်။ ဘယ်လိုဖြစ်ပြီး ဒီလို အဆုံးသတ်သွားတာလဲ။

“မနက်ဖြန်ကစပြီး နင် နန်းတော်ထဲမှာပဲ နေပြီး စာအုပ်တွေ ကူးရမယ်”

ဝူကွေ့ဖေးက ပြောလိုက်၏။ သူမသည် ရှောင်းလီယွီက သူမကို ကူညီပေးလိမ့်မည်ဟု ဆက်ပြီး မျှော်လင့်မထားတော့ချေ။ သူမကို လက်ထပ်ပေးဖို့ အခွင့်အရေးတစ်ခုကို စောင့်ပြီး မင်းသမီးတစ်ယောက်အနေဖြင့် သူမ၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခိုင်းရမည်။

ရှောင်းလီယွီသည် စိတ်ထဲတွင် မတရားသလို ခံစားရသော်လည်း ထုတ်မပြောရဲပေ။

သည်ကိစ္စသည် နန်းတော်တခွင်လုံး မြန်မြန်ဆန်ဆန် သတင်းပျံ့သွားတော့သည်။ မင်းကြီးက ရုတ်တရက် ဝူကွေ့ဖေးကို မနှစ်တော့သည့် အကြောင်းအရင်းကို အားလုံးက စဥ်းစားနေကြလေသည်။

သည်ကိစ္စက ချီလင်သက်တော်စောင့်ဌာနနှင့် ပတ်သက်ရမည်ဟု တချို့က ဆိုကြသည်။

စစ်သေနာပတိချုပ်ရှန်တဲ့။ အမလေး။ အားလုံးက ကိုယ်စီအတွေးနှင့် ဖြစ်နေကြသော်လည်း ဘယ်သူမှ ထုတ်မပြောရဲကြပေ။ ကိစ္စ ထိုလူနှင့် ပတ်သက်နေလျှင် ဖြစ်တန်ရာသည်။

မနှစ်က မြို့တော်၏ သွေးမုန်တိုင်းအကြောင်းကို စဥ်းစားမိကြပြီး အားလုံးက တုန်လှုပ်သွားတော့သည်။ မြို့တော်က နောက်ထပ် ကသောင်းကနင်း ဖြစ်အုံးမှာလား။

သည်အချိန် စီနင်နန်းတော်တွင် ချင်းလုံဧကရာဇ်က ပြန်သွားပြီဖြစ်သည်။ မယ်တော်ကြီးနှင့် ရှန်ဖုန်းမင်တို့သာ ကျန်ခဲ့သည်။

မယ်တော်ကြီးက ရှန်ဖုန်းမင်ကို ထိုင်ခိုင်းလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“မနေ့က မင်းနဲ့ မြို့စားမင်းသမီး ယွီရုံတို့....”

ကျန်းယွင်ကျူးသည် မနေ့က ထိုဆေးတစ်မျိုးကို စားခဲ့မိပြီး နောက်ဆုံး သူမကို ခေါ်ကိုထုတ်သွားသူမှာ ရှန်ဖုန်းမင် ဖြစ်ကြောင်း သိထားလေသည်။ ဒီလိုဆိုရင် သူနဲ့ကျန်းယွင်ကျူးတို့က.....။

ရှန်ဖုန်းမင်က သူမ မေးချင်သည့်အကြောင်းကို သိလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်၏။

“အဘွားတော်၊ ကျွန်တော် သူ့ကို မလေးမစား မလုပ်ချင်ပါဘူး”

ထို့နောက် သူက တည်တည်တံ့တံ့ဖြင့် ဒူးထောက်ချလိုက်ပြီး

“အဘွားတော်က အဆုံးဖြတ်ပေးပြီး ကျွန်တော်တို့ကို မင်္ဂလာပွဲချီးမြှင့်ပေးဖို့ တောင်းဆိုပါတယ်”

သူသည် ကျန်းယွင်ကျူး၏ စိတ်ကူးကို သိထားပြီးသားပင်။ ထို့ကြောင့် သူက မယ်တော်ကြီးထံမှ လက်ထပ်ခွင့် ချီးမြှင့်ပေးဖို့ တောင်းဆိုချင်ခဲ့ပြီး သူသည် သူမနှင့်အတူ တစ်သက်လုံး အတူတူနေသွားနိုင်မည်။

မယ်တော်ကြီးက စကား၏ ပထမပိုင်းကို ကြားလိုက်ချိန်တွင် သူမ၏မျက်နှာက တည်ငြိမ်နေလေသည်။ သို့သော် နောက်ပိုင်းကို ကြားလိုက်ချိန်တွင်တော့ မျက်မှောင်ကြုတ်သွားတော့သည်။ ကျန်းယွင်ကျူးက သမားတော်ကို ပင့်ပေးပြီး သူမကိုလည်း ဆေးလှူခဲ့တယ်။ သူမက ကျန်းယွင်ကျူးကို အများကြီး သဘောကျပါတယ်။ ရှန်ဖုန်းမင်က သူမကို ဒုတိယမယားအဖြစ် လက်ထပ်ချင်တာဆိုရင် သူမက ချက်ချင်း သဘောတူလိုက်မှာပဲ။

ဒါပေမဲ့ တရားဝင်ဇနီးဆိုတာကတော့.... တစ်ကိုယ်ကောင်းဆန်ဆန် ပြောရရင် ရှန်ဖုန်းမင်က ဒီထက် ပိုကောင်းတာနဲ့ ထိုက်တန်တယ်လို့ ထင်မိတာပဲ။

“အဘွားတော် ကျွန်တော်က ဘာအဆင့်အတန်းကိုမှ ဂရုမစိုက်ဘူးဆိုတာ အားလုံးသိပါတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

“ငါ သိပါတယ်”

မယ်တော်ကြီးက လက်ဆန့်လိုက်ပြီး သူ့ကို ထူပေးလိုက်လေသည်။ သူက အဲဒီအာဏာနဲ့ အကျိုးအမြတ်တွေကို မကြိုက်ဘူးဆိုတာ သူမ သိတာပေါ့။ ဒါကြောင့် သူမက သူ့ကို ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားခဲ့တာ။ ဒါပေမဲ့ ဒီကိစ္စအတွက်ကြောင့်နဲ့တော့ သူမ အထင်.....။

“အဘွားတော် ကျွန်တော် သူ့ကိုပဲ ချစ်မြတ်နိုးတာပါ”

ရှန်ဖုန်းမင်က ထမရပ်လိုက်ဘဲ မယ်တော်ကြီးကို တစ်လုံးချင်း သေချာပြောကာ သူ့အတွေးကို သူမကို ပြောပြလိုက်တော့သည်။

ဒီလောကမှ တော်ထက်တဲ့သခင်မလေးတွေအများကြီး ရှိချင်ရှိမယ်။ သူတို့တွေက အင်မတန် လှပကြမယ်။ ဒါမှမဟုတ် လှပတဲ့အသွင်သဏ္ဌာန် ရှိချင်ရှိမယ်။ ဒါပေမဲ့ သူတို့တွေက သူနဲ့ ဘာမှမဆိုင်ဘူးလေ။ သူက သူမကိုပဲ ချစ်ပြီး သူမကိုပဲ လိုချင်ခဲ့တာ။

သူ သူမကို တွေ့လိုက်ရတဲ့အချိန်ကဆိုရင် ပျော်ရွှင်သွားပြီး ဘဝကြီးက ပိုပြီး တောက်ပလာသလိုပဲ။

ကျန်းယွင်ကျူးအကြောင်း စဥ်းစားမိလျှင် ရှန်ဖုန်းမင်၏အမူအရာသည် အမှတ်တမဲ့ ပြောင်းလဲသွားလေသည်။ သူသည် လုံးဝ အေးစက်မနေတော့ချေ။ သူ့မျက်လုံးများထဲတွင်လည်း ကြယ်များ တောက်ပနေသယောင်။

မယ်တော်ကြီးသည် သူ့ကို အရင်က သည်လိုပုံစံမျိုး တစ်ခါမှ မမြင်ခဲ့ဖူးရာ အခိုက်တန့် မှင်တက်သွားတော့သည်။

ရှန်ဖုန်းမင်က သူမဆီမှာ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးသလို သူဘာလိုချင်တယ်ဆိုတာကိုလည်း မပြောပြခဲ့ဖူးဘူး။ သူက အေးစက်တဲ့ ဓားတစ်လက်လိုပဲ။

ဒါပေမဲ့ အခုတော့ သူက အဲဒီမိန်းကလေးကို လိုချင်ပါတယ်တဲ့လေ။

All Chapters