← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အပိုင်း (၁၂၄)

“ဒီကိစ္စကို ရက်နည်းနည်းလောက် စဥ်းစားပါရစေအုံး”

မယ်တော်ကြီးက နောက်ဆုံးတော့ ပြောလိုက်လေသည်။ သူမက ထိုစကားကို ပြောလိုက်လျှင် သဘောတူသည့် အဓိပ္ပာယ်ပင်။

“အဘွားတော်ကို ကျေးဇူးတင်ပါတယ်”

ရှန်ဖုန်းမင်က ဝမ်းသာသွားကာ ပြောလိုက်လေသည်။

မယ်တော်ကြီးက လက်ခါပြလိုက်သည်။ ဒီကိစ္စက နည်းနည်းတော့ လက်ဝင်တယ်။

ညနေပိုင်းတွင် အလုပ်ပြီးသွားသည့်နောက် ရှန်ဖုန်းမင်က ရှီကွမ်းစားသောက်ဆိုင်သို့ သွားလိုက်ပြန်သည်။ မနေ့က ဖြစ်ခဲ့သည့်ကိစ္စက သူ့ကို ကျန်းယွင်ကျူးအတွက် စိတ်ပူစေမိသည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးက နေကောင်းနေပြီဖြစ်သည်။ သူ ရောက်လာချိန်တွင် သူမက ရေခဲမုန့် စားနေသည်။

ရေခဲကို ရေခဲခြစ်တစ်ခု ဖြစ်အောင် လုပ်ထားလိုက်သည်။ အပေါ်တွင် စပျစ်သီးခြောက်၊ သစ်ကြားသီးစေ့နှင့် တခြားအသီးခြောက်များကို တင်ထားကာ သူမ၏ အိမ်လုပ်ယို တစ်ဇွန်းအပြည့်လောင်းထည့်လိုက်ပြီး နောက်ဆုံးတွင် လတ်လတ်ဆတ်ဆတ် အချဥ်ဖောက်ထားသည့် ဒိန်ချဥ်တစ်ဇွန်းကို ထည့်လိုက်သည်။ ရေခဲမုန့်ခွက်ကြီးတစ်ခု အသင့်ဖြစ်လာတော့သည်။

နွေလယ်တွင် ရေခဲမုန့်၏ နှစ်လိုဖွယ်ဆွဲမှုကို ဘယ်သူက ဆန့်ကျင်နိုင်ပါမည်နည်း။

အဘိုးကြီးဝူ၊ ကျင့်ကျောင်းယွဲ့၊ ကျန်းချန်းချွမ်း၊ ရှီလျို့နှင့် တခြားသူများသည် ကိုယ်စီ ရေခဲမုန့် တစ်ခွက်စီနှင့် စားသောက်နေကြသည်။

အပြင်ဘက်တွင် ပူပြင်းလှသည့်နွေရာသီနေ့ရက်တစ်ခု ဖြစ်သော်လည်း အခန်းထဲက လူအားလုံးကတော့ လန်းဆန်းကာ အေးချမ်းနေသည်ကို ခံစားနေရသည်။

ရှန်ဖုန်းမင်က ဝင်လာပြီး သည်လိုမြင်ကွင်းကို မြင်လိုက်ရတော့ ခဏလောက် ငြိမ်ကျသွားတော့သည်။

သူစိတ်ပူနေတာတွေက နည်းနည်း မလိုအပ်တော့တဲ့ ပုံပဲ။

ကျန်းယွင်ကျူးက သူ့မျက်နှာပေါ်က ချွေးသီးများကို တွေ့လိုက်ပြီး သူ့အတွက် ရေခဲမုန့်တစ်ခွက် ယူလာပေးလိုက်သည်။

ရေခဲခြစ်နှင့် ရောထားသည့် ချိုချဥ်အရသာ ဒိန်ချဥ်က အလွန်မှ လတ်ဆတ်လေရာ ရှန်ဖုန်းမင်က စားနေရင်း မရပ်နိုင်တော့ပေ။

ကျန်းယွင်ကျူးက စားနေသည်မှာ ပြီးသလောက်ရှိသွားသည်။ သူမက ဘေးတွင် ထိုင်ရင်း သူ စားနေသည့်ကို စောင့်ကြည့်နေလိုက်သည်။

ရုတ်တရက် သူမက တစ်ခုခုကို သတိရသွားပြီး ထရပ်လိုက်ကာ အနောက်ဘက်ခြံသို့ သွားလိုက်ပြီး လိမ်းဆေးဘူးတစ်ခု သွားယူလိုက်လေသည်။

“ဒါက သွေးခဲတာနဲ့ ရောင်နေတာတွေကို သက်သာစေတယ်” သူမက သူ့ကို ပြောပြလိုက်သည်။

ရှန်ဖုန်းမင်က လိမ်းဆေးကို ကြည့်လိုက်ပြီး သူမ ပြောချင်သည့်အဓိပ္ပာယ်ကို ခဏလောက် နားမလည်သလို ဖြစ်သွားတော့သည်။

ရှက်ရွံ့သွားပြီး ကျန်းယွင်ကျူးက သူ့လည်ပင်းကို ထောက်ပြလိုက်၏။ မနေ့က သူမ နည်းနည်းလေး ကြမ်းတမ်းသွားခဲ့တယ်နော်။

ရှန်ဖုန်းမင်က လိမ်းဆေးကို ယူလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။ တကယ်တော့ ဒါက အသေးအဖွဲ့ဒဏ်ရာလေးပါ။ သူမသာ သူ့ကို မပြောရင် မေ့တော့မလို့။

သူ့ကို သည်လိုပုံစံ တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးသည် သူ ဆေးမလိမ်းမှာ စိုးရိမ်သွားတော့သည်။ သူမက လိမ်းဆေးကို ပြန်ကောက်ယူလိုက်ပြီး အဖုံးဖွင့်ကာ ဆေးကို နစ်ယူလိုက်ပြီး သူ့အနား ကပ်သွားလိုက်တော့သည်။

ဒဏ်ရာက နွေရာသီဆိုရင် ရောင်လွယ်တယ်လေ။ သေသေချာချာ ကုထားတာ ပိုကောင်းတယ်။

ဖြူဖွေးချောမွတ်သည့် လက်ချောင်းများက လိမ်းဆေးထဲ နစ်ဝင်သွားပြီး ရှန်ဖုန်းမင်၏ဒဏ်ရာပေါ်သို့ အသာအယာပုတ်ကာ လိမ်းပေးလိုက်သည်။ ရှန်ဖုန်းမင်က ထိုနေရာကို ချက်ချင်း အာရုံရောက်သွားတော့သည်။ သူ့ခန္ဓာကိုယ်ပင် တောင့်တင်းသွားတော့သည်။

ဒဏ်ရာက မကြီးပေ။ ကျန်းယွင်ကျူးက လိမ်းဆေးကို မြန်မြန် လိမ်းပေးလိုက်သည်။

ရှန်ဖုန်းမင်က သူ့ခန္ဓာကိုယ်ထဲက စိတ်ဂနာမငြိမ်သည့်အဖြစ်ကို ဖိနှိပ်ထားလိုက်ပြီး သည်နေ့ ဖြစ်ခဲ့သည့်ကိစ္စများကို ကျန်းယွင်ကျူးအား ပြောပြလိုက်လေသည်။ မနေ့က ဖြစ်ခဲ့သည့် ကိစ္စက ရှောင်းလီယွီ ကျူးလွန်ခဲ့သည့် ကိစ္စဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သည်နေ့ မင်းကြီးက သူတို့နှစ်ယောက်ကို အပြစ်ပေးခဲ့သည်။

ကျန်းယွင်ကျူးသည် သည်စကားကို ကြားလိုက်ပြီးနောက် အလွန်မှ အံ့ဩသွားတော့သည်။ ရှောင်းလီယွီကို အပြစ်ပေးတာတော့ သူမ နားလည်ပါတယ်။ ဒါပေမဲ့ ကွေ့ဖေးကို ရာထူးချလိုက်တယ်တဲ့လား။

ရှန်ဖုန်းမင်က စုဖင်၏အကြောင်းကို ပြန်ပြောပြလိုက်သည်။

သူသည် ထပ်ပြောစရာပင် မလိုတော့ချေ။ ကျန်းယွင်ကျူးက တစ်ခုခုကို ခန့်မှန်းမိပြီးသား ဖြစ်သွားတော့သည်။

ဝူကွေ့ဖေး။ ဟင့်အင်း။ ကိုယ်လုပ်တော်ဝူက အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့တာပဲ။ ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။

သည်အချိန်တွင် ရှန်ဖုန်းမင်က ဆက်ပြောလိုက်သည်။

“ကိုယ်တို့ကို လက်ထပ်ပွဲ ချီးမြှင့်ပေးဖို့ အဘွားတော်ဆီမှာ တောင်းဆိုထားတယ်၊ သူက ရက်ပိုင်းလောက် စဥ်းစားလိုက်အုံးမယ်တဲ့”

ထူးဆန်းနေသည်။ ကျန်းယွင်ကျူးသည် သတင်းကို ကြားလိုက်လျှင် အထိတ်တလန့် ဖြစ်သွားသင့်သည်။ သို့သော် သူမက တစ်ဖက်လူကို ကြည့်လိုက်ပြီး ပါးစပ် ဟလိုက်၏။ နောက်ဆုံးတော့ သူမက ဘာငြင်းဆန်သည့်အပြုအမူမှ ထုတ်မလာခဲ့ပေ။၊

ရှန်ဖုန်းမင်သည် ရင်ခုန်သွားပြီး သူမ၏နှုတ်ခမ်းကို ဖိထားလိုက်တော့သည်။

မနေ့က ဖြစ်ခဲ့သည့်ကိစ္စသည် အမြင်မတင့်သလို ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာကောလာဟလမှ ထွက်မလာချေ။ လူများက ဝူကိုယ်လုပ်တော်အဖြစ် ရာထူးချခံလိုက်ရပြီး ရှောင်းလီယွီသည် အပြစ်ပေးခံလိုက်ရကြောင်းသာ သိကြသော်လည်း အကြောင်းအရင်းကိုတော့ မသိကြပေ။

မင်းသားခြောက်အဖွဲ့က ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ အကြောင်းသိကြသူများက ရှန်ဖုန်းမင်သည် ဆက်ပြီး လက်တုံ့ပြန်မှာကို စိုးရိမ်နေကြသည်။ သူတို့အားလုံးက သတိအနေအထား ဖြစ်လာတော့သည်။ တချို့က လက်ရှိအခြေအနေကို ကြိုးစားထိန်းသိမ်းရန် အပြေးအလွှား ဖြစ်နေကြတော့သည်။

နောက်တစ်နေ့တွင် ဝေါယာဥ်ငယ်လေးတစ်ခုသည် ချုံးဟွားနန်းဆောင်သို့ ရောက်လာလေသည်။

ဝေါယာဥ်ခန်းဆီးက မြောက်တက်လာသည်။ အထဲတွင် ၁၅ -၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် ကြာပန်းရောင် ဇာစကပ်ကို ဝတ်ဆင်ထားပြီး ပန်းပွင့်သရဖူကို ဆောင်းထားသည်။ သူမ၏အလှအပကို ဖော်ပြဖို့ရာ စကားလုံးများပင် မလုံလောက်ပေ။

သည်မိန်းကလေးမှာ ဝူကိုယ်လုပ်တော်၏တူမတော် ဖြစ်သည်။ ဝူမိသားစုတွင် မိန်းမလှလေးများ များစွာရှိပြီး ဒီမိန်းကလေးက ငယ်ရွယ်စဥ်ကတည်း ကိုယ်လုပ်တော်ဝူထက် ပိုတော်သယောင်ရှိသည်။

ကိုယ်လုပ်တော်ဝူက မျက်နှာပေါ်တွင် တည်ငြိမ်သည့် အမူအရာတစ်ခုဖြင့် ချုံးဟွားခန်းမရှေ့တွင် ရပ်နေသည်။ အရောင်အသွေးက မှေးမှိန်သွားပြီး ချစ်မေတ္တာတို့ကလည်း ထို့အတူပင်။ သူမသည် သည်နေ့ကို မျှော်လင့်ထားပြီးသော်လည်း စောစော ရောက်လာလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။ ကံကောင်းချင်တော့ သူမသည် အခုထိ မရှုံးသေးပေ။

သည်လောက်ကြီးမားသည့်ကိစ္စတစ်ခုက မင်းသားခြောက်ဘက်တွင် ဖြစ်ပျက်သွားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက လင်ထင်အန်းသည် အိမ်က စောစောထွက်ပြီး နောက်ကျမှ ပြန်လာတတ်သည်။

သည်နေ့တွင်တော့ သူထွက်သွားပြီး မကြာခင်မှာပင် ဟွိုက်နန်ဝမ်ရယ်က အစေခံတစ်စုကို ရုတ်တရက်ခေါ်လာခဲ့သည်။

အစေခံများက ဝံပုလွေနှင့်ကျားများ နှယ်။ သူတို့သည် တံခါးမှ ဝင်လာပြီး ခြံအနောက်ဘက်သို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။

လင်ထင်အန်း၏အိမ်တော်တွင် အစောင့်များရှိနေပြီး သူတို့က တားဖို့ကြိုးစားလိုက်ကြသည်။ သို့သော် ဟွိုက်နန်ဝမ်ရယ်က ရွှေနဂါးအမိန့်ပြားကို ထုတ်လာခဲ့သည်။

လင်ထင်အန်းက ရှိမနေပေ။ အမိန့်ပြားကို တွေ့လိုက်ကြသဖြင့် သူတို့သည် ဆက်ပြီး မတားရဲတော့ချေ။

မကြာမီ ဟွိုက်နန်ဝမ်ရယ်၏ လူများသည် ခြံအနောက်ဘက် ထင်းတဲထဲက ကျန်းယွင်ရှို့ကို ရှာတွေ့သွားတော့သည်။

ကျန်းယွင်ရှို့သည် ဟွိုက်နန်ဝမ်ရယ် သည်နေ့ရောက်လာမည်ကို သိထားသည်။ သူမက ဆေးကြောသန့်စင်ကာ လာဗန်ဒါရောင် ဇာပန်းအဝတ်အစားကို လဲဝတ်ထားလိုက်သည်။ သူမသည် နှစ်လိုဖွယ် ဆွဲဆောင်မှု ရှိနေတော့သည်။ ထို့အပြင် သည်အရောင်ကို ဝတ်ဆင်ထားရာ သူမ၏ ဖြူဖွေးသည့် အသားအရေကို နှစ်လိုဖွယ် ဆွဲဆောင်မှု ရှိနေစေတော့သည်။

ဟွိုက်နန်ဝမ်ရယ်က သည်မြင်ကွင်းကို တွေ့လိုက်ရသောအခါ ချက်ချင်း အလွန်ဝမ်းသာသွားပြီး ချက်ချင်းသွားကာ သူမကို ကောက်ချီလိုက်ပြီး ဝေါယာဥ်ဆီသို့ သယ်သွားလိုက်တော့သည်။

ဝေါယာဥ်ထဲတွင် သူသည် သူမ၏ခန္ဓာကိုယ်ကို အတိုင်းထက်အလွန် ပွတ်သပ်ချင်နေတော့သည်။ ထိုနုပျိုလှသည့် ကိုယ်ခန္ဓာကိုယ်က သူ့ကို စွဲလမ်းအောင် လုပ်နေလေသည်။

ကျန်းယွင်ရှို့က ရွံ့ရှာမိ၏။ အဲဒီအိုးမင်းရွတ်တွနေတဲ့ မျက်နှာကြီး။ အရေတွေ စပြီးတွဲကျနေတဲ့ အဲဒီအသားအရေ....။ သို့သော် သူမက ထိုခံစားချက်ကို ထုတ်မပြနိုင်ဘဲ သူ့ကို မြှောက်ပင့်ဖို့ပင် ကြိုးစားလိုက်သေးသည်။

မကြာခဏဆိုသလို အမျိုးသမီး၏ ချွဲနွဲ့နူးညံ့သည့် ရှိုက်သံ တစ်ချက် နှစ်ချက်ကို ဝေါယာဥ်ထဲတွင် ကြားနိုင်လေသည်။ အထဲတွင် ဖြစ်ပျက်နေသည်များကိုတော့ ဝေါယာဥ်ကို သယ်လာကြသူများက အလိုလို နားလည်ပြီးသားပင်။

မကြာမီတွင် လူတစ်ယောက်က အိမ်တော်၌ ဖြစ်ပျက်သွားသည့်ကိစ္စကို လင်ထင်အန်းဆီ သတင်းပို့လိုက်လေသည်။ သည်အချိန်တွင် လင်ထင်အန်းသည် အလုပ်များနေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အကောင်အထည်ဖော်ရန် ကုန်သင်္ဘောအဖွဲ့တစ်ခုကို ဖွဲ့နေသည်။ မဟုတ်လျှင် လုပြည်နယ်တွင် စိုက်ထားသည့် ထိုပိုးစာပင်များက အချည်းနှီးဖြစ်သွားလိမ့်မည်။

သူသည် လော့၊ တု နှင့်တခြားမိသားစုများ၏ ကုန်သင်္ဘောအဖွဲ့နှင့် အလုပ်ရုံများကို မဝယ်ယူနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် နောက်ထပ်အကောင်းဆုံး ကိစ္စအတွက် ပြင်ဆင်နေရတော့သည်။

အစောင့်၏သတင်းကို ကြားလိုက်ရပြီးနောက် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက သည်ကိစ္စကို ဘေးချိတ်ထားလိုက်ပြီး အလုပ်ဆက်လုပ် လိုက်တော့သည်။

အစကတည်းက ကျန်းယွင်ရှို့ကို သူ့ဘေးမှာ ထားဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ သူမကို ဘယ်လို ရှင်းထုတ်ရမလဲ အဖြေ ရှာမတွေ့သေးတာပဲရှိတာ။

ဟွိုက်နန်ဝမ်ရယ်က သူမကို လိုချင်တယ်ဆိုမှ ယူသွားပါစေပေါ့။

ဒါပေါ့။ ဟွိုက်နန်ဝမ်ရယ်က သူ့ပစ္စည်းကို ယူသွားပြီးဆိုမှတော့ နောက်ပိုင်းကျ တစ်ခုခု ပြန်ပေးရလိမ့်မယ်။

သည်နေ့ညတွင် ဟွိုက်နန်ဝမ်ရယ်၏အိမ်တော်သည် ‘သစ်တော်ပင်တစ်ပင်က ပန်းသီးအရိုင်းပင်လေးကို ဖိနှိပ်နေသဖြင့် အနီရောင်လှိုင်းလုံးများ ရိုက်ခတ်ခံနေရလေသည်။

အမှန်တွင်တော့ ကျန်းယွင်ရှို့သည် လင်ထင်အန်းအကြောင်း တွေးနေခြင်းပင်။ သူမက ဟွိုက်နန်ဝမ်ရယ်နှင့် ထွက်ပြေးသွားသည်ကို သိသွားချိန်တွင် စိတ်ဆိုးကာ ဟွိုက်နန်ဝမ်ရယ် အိမ်တော်တွင် သူမကို လာရှာမလားဟု စဥ်းစားနေခဲ့သည်။ သို့သော် မဟုတ်ပါ။ ဘာမှ ဖြစ်မလာခဲ့ပေ။

နောက်တစ်နေ့တွင် ဟွိုက်နန်ဝမ်ရယ်က သူမကို အဖိုးတန်ပတ္တမြားခေါင်းစွပ် အဆင်တန်ဆာတစ်ခု၊ အရင်က သူမ လုံးဝစိတ်မကူးကြည့်ခဲ့ဖူးသည့် အရည်အသွေးမြင့် မြရောင်ကျောက်စိမ်း လက်ကောက်တစ်ကွင်း နှင့် လက်ရာမြောက်လှသည့် ဘရိုကိတ်ပိတ်များစွာတို့ကို ချီးမြှင့်ပေးခဲ့သည်။

ကျန်းယွင်ရှို့သည် တစ်ခုကို ကြည့်လိုက် နောက်တစ်ခုကို ထိကြည့်လိုက်နှင့် ရယ်မောချင်သော်လည်း မရယ်နိုင်ခဲ့ပေ။

သူမ လိုချင်သည့်အရာများကို ပိုင်ဆိုင်ခဲ့သယောင် ထင်ရသော်လည်း သူမ၏နှလုံးသားထဲတွင်တော့ မီးတောက်တစ်ခုက ရှိနေသယောင်။

အထူးသဖြင့် ညက ဟွိုက်နန်ဝမ်ရယ်ကို ခစားရသည့်အဖြစ်ကို စဥ်းစားမိလေသည်။

ခဏလောက် ထိုင်နေလိုက်ပြီး သူမက မှန်ရှေ့တွင် ထိုင်ချလိုက်ကာ အစေခံမလေးကို သူမကို ကူညီပြင်ဆင် ခိုင်းလိုက်သည်။

ခေါင်းပေါ်တွင် တောက်ပသည့် ပုလဲများကို ထိုးထားပြီး မြရောင်ကျောင်းစိမ်းနားကပ်ကို ဝတ်ဆင်ထားကာ မှန်ထဲက လူသည် အလွန်မှ အထက်တန်းဆန်နေလေသည်။ ကျန်းယွင်ရှို့သည် သူမကိုယ်သူမ သည်လိုမြင်လိုက်ချိန်မှ နောက်ဆုံးတော့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

“ရှီကွမ်းသီးသန့် စားသောက်ဆိုင်ကို သွားမယ်”

သူမက အမိန့်ပေးလိုက်သည်။ သူမက ကျန်းယွင်ကျူးကို သွားတွေ့ပြီး အခု သူမ ဘယ်လောက် ချမ်းသာနေပြီဆိုတာကို သူမကို သွားပြမလို့လေ။ သူမက ဒီနေ့ကို စောင့်လာတာ အရမ်းကြာနေပြီပဲ။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် အသီးအရွက်စျေးသို့ ရောက်နေပြီး သည်နေ့ စျေးထဲတွင် ရှိနေသည့် လတ်လတ်ဆတ်ဆတ် အသီးအရွက်များကို ကြည့်နေလေသည်။

လှည်းတစ်စီးက သူမ၏လမ်းကို ပိတ်ထားလိုက်ပြီးနောက် အစေခံနှစ်ယောက်က ရှေ့သို့ တက်လာခဲ့သည်။ အစေခံတစ်ယောက်က လှည်းခန်းဆီးကို မ,ပေးလိုက်ပြီး ကျန်တစ်ယောက်က လှည်းရှေ့တွင် ဒူးထောက်လိုက်လေသည်။

အဝတ်အစား အပြည့်အစုံနှင့် ကျန်းယွင်ရှို့သည် အစေခံ၏ကျောပေါ် နင်းကာ လှည်းပေါ်မှ ဖြည်းညင်းစွာ ဆင်းလာပြီး ကျန်းယွင်ကျူးကို စေ့စေ့စပ်စပ် လေ့လာလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အားကျစိတ်၊ အံ့ဩစိတ်များကို တွေ့ရဖို့ မျှော်လင့်ထားလေသည်။

“ဒါက ဟွိုက်နန်ဝမ်ရယ်ရဲ့ ကိုယ်လုပ်တော်အသစ်ပဲ”

ကျန့်ချန်းချွမ်းက ကျန်းယွင်ကျူုးကို လေသံဖြင့် ပြောပြလိုက်သည်။

ထိုကိစ္စဖြစ်သွားပြီးနောက် ကျန့်ချန်းချွမ်းနှင့် ကျန်လူများသည် သတိပိုရှိလာပြီး ကျန်းယွင်ကျူးကို ကာကွယ်ပေးဖို့ လက်ဦးမှု ယူထားလိုက်ကြသည်။ သူတို့သည် နားများ မျက်စိများ ကောင်းကြလေရာ ကိစ္စအများအပြားကို သိကြသည်မှာတော့ သဘာဝပင်။

ကျန်းယွင်ကျူးသည် ကျန်းယွင်ရှို့က ဟွိုက်နန်ဝမ်ရယ်၏ကိုယ်လုပ်တော် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူမ၏မျက်နှာပေါ်တွင် ဘာမှ ရှိမနေချေ။ သူသည် ကျန်းယွင်ရှို့ကို မတွေ့သည့်နှယ် အသီးအရွယ်စျေးထဲက ထွက်လာဖို့ ပြင်ဆင်လိုက်တော့သည်။

သူမ၏ဂရုမစိုက်သည့်ပုံစံက ကျန်းယွင်ရှို့ကို စိတ်ဆိုးသွားစေလေသည်။

“အစ်မ”

ကျန်းယွင်ရှို့က သူမကို လှမ်းခေါ်ပြီး တားလိုက်သည်။

ကျန်းယွင်ကျူးက သူမကို လျစ်လျူရှုထားလိုက်သည်။ သူက သူမကို အစ်မကြီးတစ်ယောက်လို တကယ်ပဲ သဘောထားခဲ့ဖူးလို့လား။ အဲလိုမလုပ်ခဲ့ဖူးဘူးလေ။ နောက်လည်း လုပ်မှာမဟုတ်ဘူး။ သူတို့တွေက သူစိမ်းတွေထက်တောင် ဆိုးသေးတယ်။ သူ့အတွက်နဲ့တော့ သူမရဲ့အတွေးတွေကို ဖြုန်းတီးဖို့ မလိုပါဘူး။

“အစ်မ ငါ နင့်ကို အရင်ကပြောခဲ့ဖူးတယ်နော်၊ နင် တစ်နေ့နေ့ မအောင်မြင်နိုင်ခဲ့ရင် ငါ့ကို ဆီလာပြီး တောင်းပန်လို့ ရတယ်”

သည်စကားကို သူတို့ကို ရောင်းခဲ့သည့်နေ့က သူမက ကျန်းယွင်ကျူးကို ပြောခဲ့ခြင်းပင်။

ကျန်းယွင်ကျူးက သူမကို ကြည့်လိုက်၏။ ဒီတော့ သူမက မအောင်မြင်နိုင်ဘူးလို့ ကျန်းယွင်ရှို့က ထင်နေတာလား။

ကျန်းယွင်ကျူးနောက်တွင် ရှီကွမ်းစားသောက်ဆိုင် ရှိနေသည်။ စားသောက်ဆိုင်က နေ့တိုင်း ငွေအများကြီး ဝင်နေသည်။ ဟုတ်ပါသည်။ သူမသည် ကောင်းကောင်းမွန်မွန် နေနေရပေသည်။

ကျန်းယွင်ရှို့က သည်ပြဿနာကို သတိထားမိခဲ့ပြီး တခြားအဓိပ္ပာယ်ကောက်လိုက်ကာ

“အစ်မ နင်တစ်ခုခုလိုချင်ရင် ငါ့ကို ပြောလို့ရပါတယ်၊ ရွှေ၊ ငွေ၊ ပိုးထည်။ အားလုံး အဆင်ပြေတယ်”

ကျန်းယွင်ကျူးသည် အော်ရယ်ချင်သွားတော့သည်။ ဒါပေမဲ့ သူက သူမ လိုချင်တာကို ပေးမှာတဲ့လား။ သူကဖြင့် သူမကို တောင်းပန်စေချင်ရုံ သက်သက်ပဲလေ။

သူမ စကားမပြောနိုင်ခင်မှာပင် ရှီလျို့သည် ဒေါသကြောင့် ပေါက်ကွဲလုနီးနီး ဖြစ်သွားတော့သည်။ ဒီစိတ်ရှုပ်စရာကောင်းတဲ့ မိန်းမက ဘယ်ကရောက်လာတာလဲ။

“ဒါဆို ပိုးစနဲ့ ဖဲစ အုပ်ရေ တစ်သောင်း၊ ရွှေသားလျန် တစ်သိန်း အရင်ပေးရင် ပိုကောင်းတယ်” ရှီလျို့က ပြောလိုက်၏။

ပိုးစနဲ့ဖဲစ အုပ်တစ်သောင်း၊ ရွှေသားလျန် တစ်သိန်း။ သူမက ပြောရဲလိုက်တာ။ ကျန်းယွင်ရှို့သည် ရှီလျို့ကို ခပ်စိမ်းစိမ်းကြည့်လိုက်တော့သည်။

“ရှင့်မှာလည်း မရှိဘဲနဲ့ ဘာမဆိုလို့ ပြောရဲသေးတယ်နော်”

ရှီလျို့က ရွံရှာဟန်ဖြင့် မှတ်ချက်ပေးလိုက်၏။

“နင်” ကျန်းယွင်ရှို့၏မျက်နှာသည် နီရဲသွားတော့သည်။

ရှီလျို့၏ဝိုင်းစက်နေသည့် မျက်လုံးများက ပိုကျယ်သွားလေသည်။ သူမရဲ့ တောင်းဆိုချက်က အရမ်းများတယ်လို့ မထင်ပါဘူး။ ဒီပစ္စည်းတွေလောက်ကတော့ စစ်သေနာပတိချုပ်ရှန်နဲ့ သူမရဲ့မမလေးက ကုန်သင်္ဘောအဖွဲ့ တည်ဆောက်ပြီးရင် ရှာနိုင်တော့မှာပဲ။

ကျန်းယွင်ရှို့မှာ မျက်နှာပျက်ရတော့သည်။ သူမက ကျန်းယွင်ကျူးကို ခပ်စိမ်းစိမ်း ကြည့်လိုက်ပြီး အင်္ကျီလက်ကို ဝေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။

သည်ကိစ္စကို နားမလည်တတ်လေရာ ကျန်းယွင်ကျူးလည်း စိတ်ထဲတွင် လုံးဝထည့်မနေတော့ဘဲ ကုန်ကြမ်းပစ္စည်းဝယ်ဖို့ ထွက်လာခဲ့တော့သည်။

ကျန်းယွင်ရှို့သည် လှည်းထဲဝင်သွားပြီးနောက်တွင် သူမက တစိမ့်စိမ့်တွေးလေလေ ဒေါသ ပိုထွက်လာလေလေ ဖြစ်သွားတော့သည်။ အစက သူမသည် ဝမ်ရယ်အိမ်တော်သို့ ဦးတည်နေခဲ့လေသည်။ သို့သော် လမ်းဆုံနား ရောက်လာချိန်တွင် သူမက လှည်းသမားကို အရှေ့ဘက်သို့ မောင်းဖို့ပြောလိုက်တော့သည်။ သူမသည် လင်ထင်အန်းကို တွေ့ချင်မိသည်။

အခု သူမက ဟွိုက်နန်ဝမ်ရယ်ရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီလေ။ သူ နောင်တများ ရနေပြီလား။

လင်ထင်အန်းက အိမ်တွင် မရှိချေ။ ကျန်းယွင်ရှို့က သူ့ကို နာရီဝက်လောက် စောင့်လိုက်ရပြီးမှ လင်ထင်အန်းက မြင်းတစ်ကောင်စီးကာ ပြန်လာခဲ့လေသည်။

ကျန်းယွင်ရှို့က လှည်းခန်းဆီးကို မလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။

“အကြီးဆုံးသခင်လေး”

သူမသည် လင်ထင်အန်းဘေးတွင် ရှိချိန်က သူ့ကို ခေါ်လေ့ရှိသည့်အတိုင်း ခေါ်လိုက်လေသည်။ သူမက လင်ထင်အန်းကို တမင်ဆွပေးနေခြင်းပင်။

ကံဆိုးချင်တော့ လင်ထင်အန်းက ဂရုမစိုက်ချေ။ သူက ပြောလိုက်၏။

“ဟွိုက်နန်ဝမ်ရယ်ရဲ့အိမ်တော်မှာ နေရာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ မင်းမှာ အရည်အချင်းရှိခဲ့ရင် ဟွိုက်နန်ဝမ်ရယ်အတွက် ဝမ်ရယ်ငယ်လေး မွေးပေးလို့ရတယ်”

သူ့စကားက အလွန်မှ သင့်တင့်လျောက်ပတ်လေသည်။ ဟွိုက်နန်ဝမ်ရယ်က သူမကို ကိုယ်လုပ်တော်အဖြစ် လက်ခံထားခြင်းကလည်း အသစ်စက်စက်အခိုက်တန့် ဖြစ်နေခြင်းကြောင့်ပင်။ သူမသာ ဉာဏ်ကောင်းခဲ့လျှင် ဟွိုက်နန်ဝမ်ရယ်ကို စိတ်ကျေနပ်အောင် လုပ်ပေးတတ်ရန် စဥ်းစားပြီး ဝမ်ရယ်အိမ်တွင် အခြေတစ်ခုရအောင် လုပ်သင့်သည်။

သူကတော့ သူမသည် တစ်ချီတည်းနှင့် ယောကျ်ားလေးတစ်ယောက် မွေးနိုင်ဖို့ မျှော်လင့်ပြီး သူကတော့ ဟွိုက်နန်ဝမ်ရယ်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခု ရှိလာလိမ့်မည်။

သူ့စကားများက ကျန်းယွင်ရှို့၏အကျိုးအတွက်ဟု ထင်ရသော်လည်း ကျန်းယွင်ရှို့၏နားထဲတွင်တော့ ထက်ရှသည့် ဓားများလို ဖြစ်နေတော့သည်။ သူမက ဟွိုက်နန်ဝမ်ရယ်နောက် လိုက်သွားတာကို လုံးဝဂရုမစိုက်ဘဲနဲ့ သူမကိုတောင် ဟွိုက်နန်ဝမ်ရယ်အတွက် ကလေးမွေးပေးစေချင်သေးတာတဲ့လား။

သူမ၏နှလုံးသားထဲတွင် ဒေါသများ ပေါက်ထွက်လာကာ သူမသည် လင်ထင်အန်းကို သ-တ်ပစ်ချင်သွားတော့သည်။

ဟင့်အင်း။ သူမက သူ့ကို ဝမ်းနည်းအောင် လုပ်ပြီး နောင်တရအောင် လုပ်ချင်သေးတယ်။ ရုတ်တရက်ဆိုသလို သူမသည် စိတ်ကူးတစ်ခု ရလာတော့သည်။

သည်အခိုက်တွင် လင်ထင်အန်းက သူမနှင့် ဆက်ပြီး စကားမပြောချင်တော့ရာ သူ့မြင်းပေါ်က ဆင်းကာ အိမ်တော်ထဲသို့ ဝင်သွားခဲ့လေသည်။

ကျန်းယွင်ရှို့က ရုတ်တရက် ထုတ်ပြောလိုက်၏။

“အကြီးဆုံးသခင်လေး ကျန်းယွင်ကျူးက ရှင့်နဲ့လက်ထပ်ရမဲ့ ရှင့်မိန်းမ အဖြစ် ရည်ရွယ်ထားတဲ့သူဆိုတာ ရှင် သိရဲ့လား”

ဒါသည် သူမ၏အကြီးဆုံး လျှို့ဝှက်ချက်ပင်။ သည်အကြောင်းကို တခြားသူများ သိသွားမှာ အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။ သို့သော် အခုတော့ လင်ထင်အန်းကို နေမထိထိုင်မသာ ခံစားရစေရန် ထိုအကြောင်းကို ပြောပြချင်သွားတော့သည်။

...

အပိုင်း(၁၂၅)

သေချာသွားတော့သည်။ လင်ထင်အန်း၏မျက်နှာမှာ ရုတ်ခြည်း ပြောင်းလဲသွားကာ

“မင်း ဘာပြောလိုက်တယ်”

“အဟား ဟား”

နိုးကြွကာ စိတ်လှုပ်ရှားသွားပြီး အနည်းငယ် စိတ်ပျက်ပျက်ဖြင့် ကျန်းယွင်ရှို့က ရုတ်တရက် အော်ရယ်လိုက်လေသည်။ သူမသည် မျက်ရည်များ စီးကျလာသည်အထိ အော်ရယ်လိုက်တော့သည်။

သို့သော် မကြာမီတွင် သူမသည် ဆက်ပြီး မအော်ရယ်နိုင်တော့ပေ။ လင်ထင်အန်းက သူမ၏လည်ပင်းကို ဖမ်းဆုပ်ထားပြီး သူမကို သေအောင် ညစ်သ-တ်လုနီးနီးပင်။

“မင်း အခုလေးတင် ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ” လင်ထင်အန်းက ညိုမည်းနေသည့်မျက်နှာဖြင့် မေးလိုက်၏။

ကျန်းယွင်ရှို့မှာ အသက်မရှုနိုင်တော့ပေ။ သေရမှာစိုးသည့်စိတ်က သူမကို ငြိမ်ကျသွားစေတော့သည်။ သူမသည် အခုလေးတင် ပြောလိုက်သည့် စကားအတွက် နောင်တရလာတော့သည်။

သို့သော် လင်ထင်အန်းက သူမကို နောင်တရခွင့် လုံးဝမပေးချေ။

၁၅မိနစ်ကြာပြီးနောက် လင်ထင်အန်းသည် ကျန်းယွင်ရှို့က ကျန်းမိသားစုသည် လူများကို ရောင်းလိုက်ချိန်က အိပ်မက်တစ်ခု မက်ခဲ့ကြောင်း သိလိုက်ရသည်။ အိပ်မက်ထဲတွင် ကျန်းယွင်ကျူးသည် သစ်ကိုင်းအတိုတစ်ခုကို ရခဲ့ပြီး အန်းဖင်နယ်စားအိမ်တော်တွင် ရောင်းခံလိုက်ရပြီးနောက် သူနှင့် လက်ထပ်ခဲ့သည်တဲ့။

လက်ရှိလက်တွေ့တွင်တော့ ကျန်းယွင်ရှို့က သစ်ကိုင်းအတိုတစ်ချောင်းကို လုယူခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်လာခဲ့သည်။

ရှန်ဖုန်းမင်အနေဖြင့် သူသည် ကျန်းယွင်ကျူးကို အိပ်မက်ထဲတွင် တွေ့ခဲ့ကောင်း တွေ့ခဲ့သော်လည်း နှစ်ယောက်က ရေစက်မပါခဲ့ပေ။

ကျန်းယွင်ကျူးက သူ့လူဖြစ်ဖို့ ကံပါလာခဲ့တာပြ။ သူမက သူ့ရဲ့လူ....။ သည်အတွေးသည် လင်ထင်အန်း၏ စိတ်ထဲတွင် ဝေ့ဝဲနေပြီး ဧရာမစပါးကြီးမြွေတစ်ကောင်လို သူ့ကို ဝါးမျိုနေလေသည်။

သူသည် ရင်ဘတ်ထဲတွင် မွန်းကြပ်နေသည့်ခံစားချက်သာ ရှိနေတော့သည်။ သူ့လည်ချောင်းက ချိုမြိန်မှုနှင့် ပြည့်နေပြီး သွေးများပင် အန်ထွက်တော့မတတ်ပင်။

ကျန်းယွင်ရှို့သည်လည်း သူ့ရုပ်အသွင်ကြောင့် လန့်ဖျပ်သွားတော့သည်။ သူ သတိလွတ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ သူမက သူ့လက်ထဲမှ ထွက်ပြေးလာပြီး လှည်းပေါ်တက်ကာ မြန်မြန်ထွက်သွားတော့သည်။

လင်ထင်အန်းက သူမကို လွှတ်ပေးလိုက်သည်။ သူသည် သူမ အခုလေးတင် ပြောခဲ့သည့် စကားကို စဥ်းစားနေမိတော့သည်။

စာဖတ်ခန်းထဲတွင် လင်ထင်အန်းသည် အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်ကာ ထိုင်နေမိသည်။ အိပ်မက်တွေက စိတ်ထင်ယောင်ထင်မှားအဖြစ်တွေပဲ။ သူကိုယ်တိုင်လည်း အိပ်မက်တွေ အများကြီး မက်ဖူးပါတယ်။ ဒါပေမဲ့ ဒါကတွေ ညပိုင်းမှာ ပြန်ပေါ်လာတဲ့ နေ့ခင်းက စိတ်ကူးတွေပဲ။ ဒါပေမဲ့ ကျန်းယွင်ရှို့ ပြောခဲ့တာကျတော့ အရမ်းကို လက်တွေ့ဆန်နေတယ်။

အဲဒီအိပ်မက်က အမှန်ပဲလား။ ဒါမှမဟုတ် ဒီလောကရဲ့ အတိတ်ဘဝတစ်ခုလား။

မူလက ထိုနေ့က ဖြစ်ခဲ့သည့်ကိစ္စကြောင့် လင်ထင်အန်းသည် ကျန်းယွင်ကျူးကို လက်လျှော့ထားလိုက်ပြီး ဖြစ်လေသည်။ သို့သော် အခုတော့....။ သူသည် သေချာစဥ်းစားလေလေ ကျန်းယွင်ကျူးကို သူသာ ပိုင်ဆိုင်သင့်သည်ဟု ခံစားမိလေလေ ဖြစ်လာတော့သည်။

သူမက သူကြိုက်တဲ့ လက်ဖက်ရည်ကို လုပ်ပေးလိမ့်မယ်။ သူမက သူ့အနားမှာ ရှိနေသင့်တယ်လို့ ခံစားရအောင် လုပ်ပေးလိမ့်မယ်။

ပြန်လည်ဝင်စားတာများ ရှိနေခဲ့ရင်....။ လင်ထင်အန်းသည် မျက်လုံးထဲတွင် ထူးခြားသည့် အကြည့်တစ်ခုဖြင့် သူ့ဘေးက နံရံပေါ်ရှိ ပုံတူပန်းချီကားကို ကြည့်လိုက်လေသည်။

သူ သူမကို လိုချင်တယ်။

အိပ်မက်ထဲမှာ သူမက သူ့ဇနီးဆိုမှတော့ အခုလည်း သူက သူမကို လက်ထပ်ချင်သွားပြီ။

ဘာလုပ်ရမလဲ....။ သူ့လက်က စားပွဲခင်းကို အသာအယာ ဆုပ်ထားလိုက်သည်။

လေးရက်မြောက်နေ့တွင် ချန်းကျိုး၌ အမှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်ကို ပြောပြပြီး ချက်ချင်း သွားစုံစမ်းခိုင်းလိုက်သည်။

ရှန်ဖုန်းမင်က အမိန့်ကို လက်ခံခဲ့ပြီး အမှုကို စုံစမ်းဖို့ ထွက်လာခဲ့သည်။ သူ့အတွက်တော့ အရေးမကြီးပေ။ သူသည် ခရီးသွားနေကျပင်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် ကျန်းယွင်ကျူးအတွက် စိတ်ပူရလေသည်။

သူသည် သူမကို တချိန်လုံး သူ့ဘေးတွင်ထားကာ ခေါ်သွားလိုသော်လည်း အဆင်ပြေမည် မဟုတ်မှန်း သိနေသည်။

“ကိုယ် အဘွားတော်ဆီမှာ အမိန့်တော်တစ်ခု တောင်းထားပြီးပြီ၊ မင်း နန်းတွင်းထဲ ဝင်တဲ့အခါ ဘယ်ကိုသွားသွား မင်းနဲ့အတူတူ ရှီလျို့ကို ခေါ်သွားလို့ရတယ်နော်။ တစ်ခုခုဖြစ်ရင် သူက ဘာလုပ်ရမယ်ဆိုတာ သိတယ်” ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပြောလိုက်သည်။

“ဟုတ်ပါပြီ” ကျန်းယွင်ကျူးက သဘောတူလိုက်၏။

“ဒီတစ်ကြိမ် ယန်ရှန့်က မြို့တော်မှာပဲ နေခဲ့လိမ့်မယ်၊ နန်းတော်အပြင်ဘက်မှာ တစ်ခုခုဆိုရင် သူ့ကို သွားရှာလို့ရတယ်၊ သူ မင်းကို ကူညီပေးလိမ့်မယ်” ရှန်ဖုန်းမင်က ဆက်ပြောလိုက်သည်။

“အွန်း”

“ဒီလက်ကောက်၊ အထဲမှာ အပ်တွေ ပြန်ဖြည့်ခိုင်းထားပြီးပြီ၊ အန္တရာယ်ရှိလာရင် ဒါကို သုံးဖို့ သတိရနော်”

“ကောင်းပါပြီ”

“ဘာပဲဖြစ်ဖြစ် ကိုယ်ပြန်လာတဲ့အထိ စောင့်ပြီး ကိုယ့်ကို ပြောပြရမယ်”

သူ့အမှာစကားများကို နားထောင်လိုက်ပြီးနောက် ကျန်းယွင်ကျူးသည် ရင်ထဲထိသွားတော့သည်။ ဒီလောကမှာ သူမကို ဂရုအစိုက်ဆုံးလူက သူပဲ ဖြစ်မှာပဲ။

“အန္တရာယ်ကင်းဖို့ပဲ အာရုံစိုက်ပြီး စောစောပြန်ခဲ့နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။ အမှန်ပင်။ သူမသည် သူ့ကို စိတ်ပူမိလေသည်။

“ကိုယ် ဂရုစိုက်မှာပါ” ရှန်ဖုန်းမင်က သူမအနားကပ်သွားကာ ပြောလိုက်သည်။

သူက သူမ၏ခါးကို သိုင်းဖက်ထားလိုက်ပြီး မလွှတ်ချင်ပေ။

သူမကလည်း သူ့ခါးကို အသာအယာ ပြန်ဖက်ထားလိုက်ပြီး သူ့ရင်ခုန်သံကို နားထောင်နေလိုက်သည်။ အခိုက်တန့်လေးတွင် သူ့ကို မလွှတ်ချင်အောင် ဖြစ်သွားတော့သည်။

နောက်ဆုံးတော့ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို လွှတ်ပေးလိုက်သည်။ သူ ပြန်လာသည်နှင့် သူတို့ကို လက်ထပ်ခွင့် ချီးမြှင့်ပေးရန် မယ်တော်ကြီးထံတွင် သေချာပေါက် တောင်းဆိုရလိမ့်မည်။

သူ သူမကို ပိုင်ဆိုင်ချင်တယ်လေ။

ရှန်ဖုန်းမင် ထွက်သွားပြီးနောက် ကျန်းယွင်ကျူးက စားသောက်ဆိုင်ကို ဖွင့်လိုက်ပြီး ဟင်းလျာများ ချက်ပြုတ်လိုက်၊ စင်ဘာကို စနောက်လိုက်၊ အဘိုးကြီးဝူ၊ တခြာသူများနှင့် ရယ်စရာပြောလိုက် နေလာခဲ့သည်။ သို့သော် သူမသည် သူ့အကြောင်းကို အမြဲတမ်း မသိစိတ်က စဥ်းစားနေမိတတ်ပြီး သူ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမိလေသည်။

သည်နေ့တွင် မယ်တော်ကြီးက ကောက်နုတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။ လင်ထင်အန်း တင်သွင်းထားသည့် စာပင်။ သူသည် ရှနိုင်ငံ၊ ရှီရုံနှင့် ပေတိတို့၏ လက်ရှိအခြေအနေကို အသေးစိတ် ပိုင်းခြားပြထားသည်။ ရှမင်းဆင်သည် ချမ်းသာသည့် တိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး အားကောင်းသည့် စစ်အင်အား ပိုင်ဆိုင်ထားသည့်ဟု ထင်သည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ မြင်းတပ်က ရှီရုံနှင့် ပေတိတို့ထက် ဆိုးဝါးနေခြင်းပင်။

ရှနိုင်ငံတွင် နောက်ထက် မြင်းတပ်အင်းအား ငါးသောင်းရလာခဲ့လျှင် ရှီရုံနှင့် ပေတိတို့ကို သုတ်သင်ပစ်ရန် ပြဿနာမရှိတော့ပေ။

သူ့ကောက်နုတ်ချက်က အသေးစိတ် တင်ပြထားကာ လက်တွေ့ကျလှသည်။ ချင်းလုံဧကရာဇ်၏ စိတ်ထဲသို့ တန်းဝင်သွားတော့သည်။ ရှီရုံက မနှစ်က သူ့ကို လုပ်ကြံဖို့ဆိုပြီး လူလွှတ်ရဲခဲ့တယ်လေ။ ရှန်ဖုန်းမင်ကြောင့်သာ မဟုတ်ရင် သူ အစောကြီးကတည်း သေသွားပြီ။ သူက ရှီရုံကို အရင်ကတည်းက ဖြိုခွဲပစ်ချင်ခဲ့ပေမဲ့ အခွင့်အရေးမရခဲ့ဘူး။

ဒါပေါ့။ သူ မြင်းတပ်အင်အား ငါးသောင်းကို လိုချင်ပါတယ်။ ဒါပေမဲ့ ရှီရုံနဲ့ ပေတိတို့က သူတို့ရဲ့စစ်မြင်းတွေကို ရတနာလို အမြဲသဘောထားခဲ့ပြီး ရှနိုင်ငံကို ဘယ်တော့မှ မရောင်းချခဲ့ဖူးဘူး။ ရှနိုင်ငံက မြင်းတွေက တဖက်လူထက် အမှန်ပဲ အရည်အသွေးနိမ့်နေတယ်။ မြင်းတပ် ငါးသောင်းက ဘယ်က ရောက်လာမှာလဲ။

လင်ထင်အန်းတွင် အဖြေတစ်ခု ရှိနေသည်။ သူသည် ပေတိက စီးပွားရေးသမားများနှင့် အဆက်အသွယ် ရှိခဲ့သည်။ သူသည် ပေတိက မြင်းကောင်းတစ်သုတ်ကို ဝယ်ယူနိုင်ခဲ့ပြီး လူငှားက မြင်းများကို မွေးထားနိုင်သည်။ နှစ်အနည်းငယ်အတွင်းတွင် ရှနိုင်သည် မြင်းတပ်အင်းအား ငါးသောင်း ပိုင်ဆိုင်လာလိမ့်မည်။

ချင်းလုံဧကရာဇ်က သည်အဖြေကို တွေ့လိုက်ရပြီး အလွန်ဝမ်းသာသွားကာ လင်ထင်အန်းကို ချက်ချင်း ဆင့်ခေါ်လိုက်လေသည်။ သူသာ သည်ကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင် သူ့ကို ဆုတော်အမြောက်များ သေချာပေါက် ချီးမြင့်ရမည်။

သို့သော်ငြား လင်ထင်အန်းက ဒူးထောက်လိုက်ပြီး သူသည် ဘာဆုတော်မှ မလိုချင်ကြောင်း ပြောလိုက်သည်။ သူ မျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ ချင်းလုံဧကရာဇ်က သူ့အား မင်္ဂလာပွဲတစ်ခု ချီးမြှင့်ပေးပြီး မြို့စားမင်းသမီး ယွင်ရုံကို သူ့ဇနီးအဖြစ် ချီးမြောက်ပေးရန် ဖြစ်လေသည်။

“မြို့စားမင်းသမီး ယွင်ရုံ”

ချင်းလုံဧကရာဇ်သည် ကျန်းယွင်ကျူးကို မှတ်မိနေသည်။ အဓိကအကြောင်းအရင်းမှာ သူမသည် ထိုကိစ္စနှင့် ပတ်သက်နေခြင်းကြောင်းပင်။ ထိုအချိန်က သူသည် ဒေါသထွက်ပြီး ဝူကွေ့ဖေးကို ရာထူးချခဲ့သည်။

ထိုအချိန်က ကျန်းယွင်ကျူးက ထိုဆေးတစ်မျိုးကို သောက်ခဲ့ပြီး ရှန်ဖုန်းမင်က သူမကို ခေါ်သွားခဲ့သလို မှတ်မိနေသည်။

ရှန်ဖုန်းမင်နဲ့ ကျန်းယွင်ကျူး....။ ကျန်းယွင်ကျူးကသာ ရှန်ဖုန်းမင်ရဲ့လူ ဖြစ်နေရင် ဒီမင်္ဂလာပွဲကို လက်ခံပေးလို့ ရမှာ မဟုတ်ဘူး။

“မင်းကြီး ကျွန်တော်မျိုး မြို့စားမင်းသမီးယွင်ရုံကို ချစ်မြတ်နိုးနေပါတယ်၊ မင်းကြီးက ကျွန်တော်မျိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ်”

လင်ထင်အန်းသည် သူက ကျန်းယွင်ကျူးကို လိုချင်သယောင် ဟန်လုပ်ပြလိုက်တော့သည်။

ချင်းလုံဧကရာဇ်သည် လင်ထင်အန်းက သည်စာအုပ်ကို ရုတ်တရက် တင်သွင်းရသည့် အကြောင်းအရင်းကို ချက်ချင်းနားလည်သွားတော့သည်။ သူက သူ့ကို မင်္ဂလာပွဲတစ်ခု လက်ခံပေးစေချင်နေတာပဲ။ သူက လက်မခံပေးဘူးဆိုရင် မြင်းတွေဝယ်မဲ့ကိစ္စက ဖြစ်နိုင်ပါအုံးမလား။ အလုပ်ဖြစ်တာလည်းဖြစ်နိုင်သလို အလုပ်မဖြစ်တာလည်း ဖြစ်နိုင်တယ်။

သူသာ ကျန်းယွင်ကျူးကို လင်ထင်အန်းဆီ ချီးမြှင့်လိုက်ရင် ဒါက မြင်းတပ် ငါးသောင်းနဲ့ အလဲအလှယ်လုပ်နိုင်မဲ့ သဘောလား။

ချင်းလုံဧကရာဇ်သည် ချက်ချင်း သဘောတူချင်သွားတော့သည်။ ကျန်းယွင်ကျူး မပြောနှင့် လင်ထင်အန်းက မင်းသမီးတချို့ကို လိုချင်လျှင်ပင် မြင်းတပ်အင်အား ငါးသောင်းရနိုင်သ၍ သူက သူတို့ကို ပေးရလိမ့်မည်။

သို့သော် လင်ထင်အန်း၏ ကျေးဇူးကြွေးကို ပြန်တောင်းဆိုနေသည့် နည်းလမ်းက အလွန်မှ သိသာနေသည်။ ချင်းလုံဧကရာဇ်က သူ့ကို အချိန်ဆွဲထားချင်သွားတော့သည်။ မဟုတ်လျှင် နောက်ပိုင်း အားလုံးက သည်ကိစ္စကို အတုခိုးလာလျှင် ဧကရာဇ်တစ်ပါးဖြစ်သည့် သူ့ဂုဏ်သိက္ခာက အဘယ်နေရာ ရောက်သွားပါမည်နည်း။

“ငါ ကိုယ်တော် ဒီကိစ္စကို စဥ်းစားလိုက်အုံးမယ်” ချင်းလုံဧကရာဇ်က ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် မင်းကြီး” လင်ထင်အန်းက ပြန်ထွက်သွားလေသည်။

ပင်မဆောင်ကြီးတွင် ချင်းလုံဧကရာဇ်က ထိုင်နေပြီး ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကိစ္စကို စဥ်းစားနေလေသည်။ လွန်ခဲ့သည့်နှစ်ရက်က ချန်းကျိုးတွင် ကိစ္စကြီးတစ်ခု ဖြစ်သွားသဖြင့် ရှန်ဖုန်းမင်က မြို့တော်မှ ထွက်သွားသည်ကို ရုတ်တရက် စဥ်းစားမိလိုက်လေသည်။ သူ မြို့တော်က ထွက်သွားပြီးတာနဲ့ ချက်ချင်း လင်ထင်အန်းက မင်္ဂလာပွဲကိစ္စကို အဆိုပြုလာခဲ့တယ်။ အားလုံးက အရမ်းတိုက်ဆိုင်လွန်းနေတဲ့ပုံပဲ။

ဟုတ်တာပေါ့။ ရှန်ဖုန်းမင်ရဲ့အကျင့်က အရမ်းခေါင်းမာပြီး ပြတ်သားတယ်။ ကျန်းယွင်ကျူးက သူ့လူဖြစ်နေပြီး လင်ထင်အန်းက သူ့ဆီမှာ လက်ထပ်ခွင့် တောင်းဆိုချင်တယ်ဆိုရင် ရှန်ဖုန်းမင် မရှိတဲ့အချိန်မှပဲ လုပ်နိုင်မယ်။

ဒါပေမဲ့ ရှန်ဖုန်းမင်က အနှေးနဲ့ အမြန် ရောက်လာမှာပဲလေ။

ချင်းလုံဧကရာဇ်လည်း မရေမရာ ပြန်ဖြစ်သွားတော့သည်။ သူက သံမဏိမြင်းတပ် ငါးသောင်းကို လိုချင်ပေမဲ့လည်း ရှန်ဖုန်းမင်ကို အလွန် တန်ဖိုးထားတယ်လေ။ ဒီတော့ ဒီလက်ထပ်ပွဲကိစ္စကို ဘယ်လိုလုပ်ရပါ့မလဲ။

သူသည် ထရပ်လိုက်ပြီး သည်ကိစ္စကို မယ်တော်ကြီးနှင့် တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

စီနင်နန်းဆောင်တွင် ချင်းလုံဧကရာဇ်သည် မယ်တော်ကြီးနှင့်အတူ နေ့လယ်စာတစ်နပ် အတူတူ စားပြီးသွားခဲ့သည်။ သူက ဆင်ခြေတစ်ခုပေးပြီး ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးအကြောင်း စကားစမြည်ပြောလိုက်သည်။

မယ်တော်ကြီးကလည်း တိုက်တိုက်ဆိုင်ဆိုင် သည်ကိစ္စကို သူနှင့် ဆွေးနွေးချင်ခဲ့သည်။

ချင်းလုံဧကရာဇ်က ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်၏ လူဖြစ်သွားပြီးလားဆိုသည့်အကြောင်းကို မေးချင်သည်။

မယ်တော်ကြီးက သည်အကြောင်းကို သိထားသည်။ သူတို့နှစ်ယောက်သည် ဖြူစင်ကြလေသည်။

ချင်းလုံဧကရာဇ်က အံ့ဩသွားပြီးနောက် ဝမ်းသာသွားတော့သည်။ ဒီလိုအခြေအနေမှာတောင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို မလိုချင်ခဲ့ဘူးတဲ့လား။ ကြည့်ရတာ သူ မိန်းမတွေကို မကြိုက်တာပဲဖြစ်မယ်။

မယ်တော်ကြီးမျက်နှာက လေးနက်သွားလေသည်။ သူမရဲ့မြေးတော်က လူကြီးလူကောင်း တစ်ယောက်ပဲလေ။ သူက တခြားလူ အန္တရာယ်ဖြစ်နေတဲ့အခြေအနေကို ဘယ်လိုလုပ်ပြီး အခွင့်အရေး ယူရက်မှာလဲ။

“ဖုန်းမင်က သူတို့နှစ်ယောက်ကို မင်္ဂလာပွဲ ချီးမြှင့်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ်၊ ငါလည်း ဒီကိစ္စကို မင်းကြီးနဲ့ တိုင်ပင်မလို့ပဲ၊ မင်းကြီးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ”

မယ်တော်ကြီးက မေးလိုက်၏။ ဒီနှစ်ရက်အတွင်းတွင် မယ်တော်ကြီးသည် စဥ်းစားကြည့်လေလေ ရှန်ဖုန်းမင်၏ဆန္ဒကို ဖြည့်ဆည်းပေးသင့်လေလေဟု ခံစားမိလေသည်။

သူက သူမကိုတောင်းဆိုတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဘာပဲဖြစ်ဖြစ် သူမက သဘောတူပေးသင့်တယ်လေ။

ချင်းလုံဧကရာဇ်၏အမူအရာက အောင့်သက်သက် ဖြစ်သွားလေသည်။ လင်ထင်အန်းက သူ့ထံတွင် မင်္ဂလာကိစ္စ ချီးမြင့်ပေးဖို့ တောင်းဆိုထားသည့်အကြောင်း မယ်တော်ကြီးကို ပြောပြလိုက်တော့သည်။ ထို့နောက် မြင်းတပ် ငါးသောင်းကိစ္စကို အလေးပေး ပြောပြလိုက်သည်။ သည်မြင်းတပ် ငါးသောင်းနှင့်ဆိုလျှင် ရှနိုင်ငံသည် ဘာကိုမှ ကြောက်ဖို့မလိုတော့ပေ။

“မင်းက သူ့ကို မင်္ဂလာပွဲ မချီးမြောက်ဘူးဆိုရင် သူက ဒီကိစ္စကို မလုပ်နိုင်တော့ဘူးလား”

မယ်တော်ကြီးက ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။

ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုခုများ လွဲချော်သွားခဲ့ရင်ပေါ့....။ ချင်းလုံဧကရာဇ်က ထိုမတော်တဆကိစ္စများကို မဖြစ်လိုပေ။ ထို့အပြင် လင်ထင်အန်းက ဒီကိစ္စကို အောင်မြင်အောင် လုပ်ခဲ့လျှင် သူ့ကို ဆုတော်အမြောက်အများ ချီးမြောက်သင့်လေသည်။

မယ်တော်ကြီးက စဥ်းစားလိုက်၏။

နောက်ဆုံး သူတို့နှစ်ယောက်လည်း ဆုံးဖြတ်ချက်တစ်ခု မချနိုင်ခဲ့ပေ။ ချင်းလုံဧကရာဇ်က ကျန်းယွင်ကျူးကို လင်ထင်အန်းအား သေချာပေါက် ပေးလိုက်နိုင်သည်။ အထူးသဖြင့် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်၏လူ မဟုတ်မှန်း သိလိုက်ရသောကြောင့်ပင်။

မယ်တော်ကြီးက အနည်းငယ် ခေါင်းခါမိသည်။ ရှန်ဖုန်းမင် နှစ်သက်နေတဲ့လူကို တခြားတစ်ယောက်ဆီ ပေးလိုက်ဖို့က....။ သူမကတော့ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ရုံးတော်က အဲဒီမြင်းတွေကို လိုအပ်နေတာလည်း သူမ သိနေတယ်။

ချင်းလုံဧကရာဇ် ပြန်သွားပြီးနောက် မယ်တော်ကြီးက ခဏလောက်စဥ်းစားလိုက်ပြီး အထိန်းတော်ချီကို အမိန့်ပေးလိုက်၏။

“တန့်ယန်းကို ငါ့ကို လာတွေခိုင်းလိုက်”

နာရီဝက်ကြာပြီးနောက် တန့်ယန်းမင်းသမီးသည် မယ်တော်ကြီးကို တွေ့ရန် နန်းတွင်းသို့ ဝင်လာခဲ့သည်။

“ဖုန်းမင်က သူ့ကို လက်ထပ်ပွဲချီးမြှင့်ပေးဖို့ ငါ့ကို တောင်းဆိုထားတာ မင်း သိလား၊ သူက မြို့စားမင်းသမီးယွင်ရုံကို လက်ထပ်ချင်တယ်တဲ့” မယ်တော်ကြီးက တန့်ယန်းမင်းသမီးကို တိုက်ရိုက်မေးလိုက်သည်။

တန့်ယန်းမင်းသမီးသည် တအံ့တဩဖြစ်သွားသော်လည်း ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်လေသည်။ သူမရဲ့ သားဖြစ်သူကို နားလည်တာပေါ့။ သူက ဆုံးဖြတ်ထားတဲ့ကိစ္စကို လုပ်မှာပဲ။

“ဒီနေ့ အန်းဖင်နယ်စားရဲ့အကြီးဆုံးသခင်လေးက မင်းကြီးဆီမှာ မြို့စားမင်းသမီးယွင်ရုံကို သူ့ဇနီးအဖြစ် ပေးဖို့ တောင်းဆိုခဲ့တယ်” မယ်တော်ကြီးက ဆက်ပြောလိုက်သည်။

ဒီစကားများက တန့်ယန်းမင်းသမီး မျှော်လင့်ထားသည်ထက် ကျော်လွန်နေတော့သည်။

မယ်တော်ကြီးသည် လင်ထင်အန်းက စစ်မြင်းများကို ဝယ်ယူကာ မွေးမြူပေးမည့်အကြောင်း ပြောပြလိုက်ပြီး နောက်ဆုံးတွင် တန့်ယန်းမင်းသမီးကို တန်းပြောလိုက်တော့သည်။

“ငါ မင်းကို ခေါ်တာက ဒီကိစ္စအပေါ် မင်းရဲ့အမြင်ကို မေးချင်လို့။

ဒါက ဖုန်းမင် မိန်းကလေးတစ်ယောက်ကို ချစ်သွားတာ ပထမဆုံးပဲ၊ တစ်ခုခုအတွက် သူ ငါ့ဆီမှာ တောင်းဆိုတာလည်း ပထမဆုံးပဲ၊ သူအခု မြို့တော်မှာ မရှိဘူး၊ သူ ပြန်လာလို့ သူနှစ်သက်တဲ့သူကို တခြားတစ်ယောက်ရဲ့ ဇနီးအဖြစ် ပေးလိုက်တာ သိသွားရင်....”

မယ်တော်ကြီးသည် နှုတ်ဆိတ်သွားတော့သည်။ အဲဒီအချိန်ကျရင် ရှန်ဖုန်းမင် ဘယ်လိုများ တုံ့ပြန်လိမ့်မည်ကို မသိပေ။

အသဲကွဲနေမလား ဒါမှမဟုတ်....။ သူ့အကျင့်စရိုက်က နဂိုကမှ အေးစက်စက်နဲ့ ဘာမဆိုလုပ်နိုင်တာ။

သူမ အဲဒီအခြေအနေအထိတော့ ရောက်မသွားစေချင်ဘူး။

တန့်ယန်းမင်းသမီးလည်း ရင်ထဲတွင် တင်းကြပ်သွားတော့သည်။ အဲလိုသာ ဖြစ်လာခဲ့ရင် သူမအနေနဲ့ သားဖြစ်သူကို တကယ် ဆုံးရှုံးရလိမ့်မယ်။ အထူးသဖြင့် သူမက ဒီကိစ္စကို သိရက်နဲ့ မတားခဲ့မှန်း သူ သိသွားခဲ့ရင်လေ။

လင်ထင်အန်းနဲ့ အဲဒီမြင်းတပ် ငါးသောင်းကတော့။ သူမအတွက်တော့ သားဖြစ်သူလောက် အရေးမကြီးပါဘူး။

မြင်းတပ်ငါးသောင်းဆိုတာလည်း အစီအစဥ်တစ်ခုပဲ။ နောက်ပိုင်းမှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက သိလို့လဲ။

ပြီးတော့ လင်ထင်အန်းက မင်းသားခြောက်နဲ့ အရမ်းရင်းနှီးတယ်လို့ ကြားထားတယ်။ အချိန်တန်လို့ မြင်းတပ် ငါးသောင်းရလာရင်တောင် မြင်းတပ်ကို သွင်းလိုက်တာလား ထုတ်သွားတာလားဆိုတာက သေချာသိရတာ မဟုတ်ဘူး။

ဟုတ်ပါသည်။ တန့်ယန်းမင်းသမီးက ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ သို့သော် သူမသည် စဥ်းစားလေလေ ကျန်းယွင်ကျူးကို လင်ထင်အန်းအား မပေးလိုက်နိုင်ကြောင်း ခံစားမိလေလေ ဖြစ်နေတော့သည်။

သူမရဲ့သား နှစ်သက်တဲ့အရာက တခြားသူတွေရဲ့ဟာ ဘယ်တော့မှ ဖြစ်မလာစေရဘူး။

“ဒါဆို မင်းက ဘယ်လိုပြောမှာလဲ၊ ဖုန်းမင်ကို မင်္ဂလာပွဲ ချီးမြှောက်ပေးလိုက်ပြီး မြို့စားမင်းသမီးယွင်ရုံကို သူ့ဇနီး လုပ်ခွင့်ပေးမှာလား” မယ်တောကြီးက အော်ရယ်တော့သည်။

တန့်ယန်းမင်းသမီးသည် လှည့်စားခံလိုက်ရသလို ရုတ်တရက် ခံစားမိသွားတော့သည်။ သူမက သဘောတူလိုက်သည်နှင့် ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်၏ တရားဝင်ဇနီးဖြစ်လိမ့်မည်။

သို့သော် သူမမှာ သဘောတူပေးရန်ကလွဲလျှင် ရွေးချယ်စရာမရှိတော့သယောင်။

…

အပိုင်း (၁၂၆)

“တကယ်တော့ ဒါက တော်တော်လေး အဆင်ပြေတယ်လို့ ထင်တာပဲ၊ ရှန်မိသားစုရဲ့အဆင့်အတန်းက မြင့်ပြီးသားပဲလေ၊ မင်းက သူ့ကို မင်းသမီးတစ်ဆယ်နဲ့ လက်ထပ်စေချင်တာလား”

မြို့စားမင်းသမီးယွင်ရုံက တော်တော်လေး တော်ပါတယ်။

ဒီထက်ပို ရှားပါးတာက ဖုန်းမင် သူ့ကို နှစ်သက်နေတာပဲ”

နောက်စကားတွင် မယ်တော်ကြီးက အေးအေးလူလူ သက်ပြင်းချလိုက်တော့သည်။ တော်ဝင်မိသားစုက လူတွေက သူမပဲဖြစ်ဖြစ် တန့်ယန်းမင်းသမီးပဲဖြစ်ဖြစ် ဒီဘဝမှာ လွတ်လပ်ခွင့် မရခဲ့ဘူးလေ။ အဲဒီတုန်းက သူတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ အခုတော့ သူတို့တွေ အာဏာရဲ့အထွတ်အထိပ်မှာ ရပ်နေကြပြီ။ သူတို့ကလေးတွေရော သူတို့ကိုယ်တိုင်ရဲ့ အမှားတွေကို ထပ်လုပ်ခိုင်းစရာ လိုသေးလို့လား။

တန့်ယန်းမင်းသမီးလည်း ပြောစရာစကား ပျောက်ရှသွားတော့သည်။ တကယ်တော့ သူမလည်း ကျန်းယွင်ကျူးကို မမုန်းပါဘူး။ ဒီလိုဆိုတော့လည်း ဟုတ်ပါပြီလေ။ ဘက်မလိုက်ပဲ ပြောရရင် ကျန်းယွင်ကျူးက မဆိုးဘူးလို့ သူမလည်း ခံစားမိပါတယ်။

“ပြီးတော့ မင်းပဲ ဖုန်းမင်ကို မိန်းကလေးတွေနဲ့ အမြဲရင်းနှီးစေချင်ခဲ့တာမလား၊ အခု နောက်ဆုံးတော့ သူ့မှာ သဘောကျရမဲ့သူ ရှိလာပြီလေ၊ ဒီတစ်ကြိမ် လွဲချော်သွားရင် ဘယ်အချိန်ကျမှ မြေးချီနိုင်တော့မှာလဲ” မယ်တော်ကြီးက ဆက်ပြောလိုက်သည်။

မြေး။ သူမသည် စကားတစ်လုံးတည်းနှင့် အိပ်မက်ထဲမှာ အလန့်တကြား နိုးထလာတော့သည်။ တန့်ယန်းမင်းသမီးသည် ချက်ချင်း စိုးရိမ်လာတော့သည်။ မဖြစ်ဘူး။ ကျန်းယွင်ကျူးကို တခြားတစ်ယောက်နဲ့ လက်ထပ်ခွင့်ပေးလိုက်လို့ မဖြစ်ပါဘူး။

သူမသည် မယ်တော်ကြီးကို ချက်ချင်း တောင်းဆိုလိုက်တော့သည်။

သားအမိနှစ်ယောက်က ချင်းလုံဧကရာဇ်ကို သွားတွေ့ကြသည်။

သူတို့သည် ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်ကို မင်္ဂလာပွဲ ချီးမြှင့်ပေးပြီး ကျန်းယွင်ကျူးကို သူ့ဇနီးအဖြစ် လက်ထပ်ပေးစေချင်သည်။

အကြောင်းအရင်းက ရှန်ဖုန်းမင်က ရုံးတော်ကို နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့တယ်လေ။ သူ့မှာ သေမင်းဆီကနေ ဘယ်နှစ်ကြိမ် ထွက်ပြေးခဲ့ရလဲ။ ဒီအပြင် ချင်းလုံဧကရာဇ်ရဲ့အသက်ကိုလည်း ကယ်ပေးခဲ့တယ်။ ဧကန္တ သူ့လုပ်ဆောင်ပေးခဲ့တာတွေက အကောင်အထည် မပေါ်လာသေးတဲ့ လင်ထင်အန်းရဲ့ မြင်းတပ်ငါးသောင်းလောက်တောင် မကောင်းလို့လား။

ပြီးတော့ သူ့ရှက်စရာကောင်းတဲ့ အဖြစ်တွေ။ ချင်းလုံကရာဇ်ကိုယ်စား ဘယ်လောက်တောင်မှ တာဝန်ယူဖြေရှင်းပေးခဲ့ရသလဲ။

တစ်နည်းပြောမယ်ဆိုရင် သူက ချင်းလုံဧကရာဇ်ရဲ့ တူတော်ပဲ။ ဆွေမျိူးအချင်းချင်း ကူညီပေးသင့်တယ် မလား။

သားအမိနှစ်ယောက်သည် ကောင်းတစ်ခါ ဆိုးတစ်လှည့် ဟန်လုပ်ပြလိုက်ကြသည်။ ချင်းလုံဧကရာဇ်ပင် မငြင်းဆန်နိုင်တော့ပေ။

သားအမိနှစ်ယောက် ပြန်သွားပြီးနောက်တွင် ချင်းလုံဧကရာဇ်မှာ ခေါင်းကိုက်ကာ ကျန်ခဲ့တော့သည်။

ခြောက်ရက်မြောက်နေ့တွင် ရှန်ဖုန်းမင်သည် ပြန်ရောက်လာခဲ့သည်။ သူက ချင်းလုံဧကရာဇ်ထံ အမှုကိစ္စ တင်ပြရန် နန်းတော်သို့ ချက်ချင်း ဝင်လိုက်သည်။

ချင်းလုံဧကရာဇ်က အမှုတွဲကို ဖတ်လိုက်ပြီးနောက် ခရီးကြောင့် ပင်ပန်းကာ သိသိသာသာ ပိုပိန်သွားသည့် ရှန်ဖုန်းမင်ကို လေ့လာလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်တစ်ခု ချထားပြီးသားပင်။

သည်နေ့တွင် ချင်းလုံဧကရာဇ်က အမိန့်တော်နှစ်ခုကို ထုတ်ပြန်ခဲ့သည်။

ပထမတစ်ခုမှာ မြို့စားမင်းသမီးယွင်ရုံကို ရှန်ဖုန်းမင်ထံ ဇနီးအဖြစ်အပ်နှင်းကြောင်း အမိန့်ဖြစ်သည်။ ဒုတိယတစ်ခုမှ လင်ထင်အန်းကို ဘဏ္ဍာရေးဌာန၏ ဒုဝန်ကြီးအဖြစ် ရားထူးတိုးမြင့်ပေးလိုက်ပြီး မင်းသမီး ယွီရို့ကို သူ့ဇနီးအဖြစ် ချီးမြင့်ပေးလိုက်သည်။

အမိန့်တော် ထွက်လာချိန်တွင်တော့ အားလုံးက တအံ့တဩဖြစ်သွားကြတော့သည်။

မြို့စားမင်းသမီးယွင်ရုံတဲ့။ အဲဒါ ဘယ်သူလဲ။ ရှန်ဖုန်းမင်းက သခင်မလေးတွေကို ကြိုက်သတဲ့လား။

ရှန်ဖုန်းမင်ကို တစ်ယောက်တည်း သေကာ မျိုးဆက်ပြတ်စေချင်သူများသည် သည်နေ့တွင်တော့ ဟိုက်နန်ဝမ်ရယ်ကဲ့သို့ အံကြိတ်လျက် အိပ်မပျော်နိုင် ဖြစ်သွားကြတော့သည်။

မင်္ဂလာပွဲကို မင်းကြီးက ချီးမြှောက်ထားခြင်း ဖြစ်နေသည်။ မည်သူကမှ တားဆီးလို့မရနိုင်ပေ။

ဒုတိယအမိန့်တော်အတွက်တော့ လင်ထင်အန်း၏ ရာထူးတိုးကိစ္စက အဆန်း မဟုတ်ပေ။ လတ်တလောတွင် သူသည် မြို့တော်၌ အလွန်တက်ကြွကာ လုပ်ဆောင်ခဲ့သည်။ သို့သော် မင်းသမီးတစ်ဆယ်ကမှ သူ့ဇနီး ဖြစ်သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် မင်းသမီးတစ်ဆယ့်တစ် ဖြစ်နေရပါသနည်း။

သူဌေးလော့နှင့် တခြားသူများသည် ကုန်ပစ္စည်းပထမအသုတ်ကို ပြင်ဆင်ထားပြီးဖြစ်လေသည်။ ကျန်းယွင်ကျူးက ကုန်ပစ္စည်းများကို သွားရောက် စစ်ဆေးခဲ့သည်။ သူမသည် စားသောက်ဆိုင်သို့ ပြန်ရောက်သည်နှင့် ချက်ချင်း လူတစ်ယောက်၏ ရင်ခွင်ထဲ ဆွဲပွေ့ခြင်း ခံလိုက်ရတော့သည်။

သူမက အော်ဟစ်မိတော့မတတ်ပင်။

“ကိုယ်ပါ”

ရှန်ဖုန်းမင်က သူမ၏နားနားသို့ တီးတိုးပြောလိုက်၏။

ကျန်းယွင်ကျူး၏ နားဖျားသည် ချက်ချင်း နီတက်လာတော့သည်။ သူမ၏ပန်းရောင်နားများသည် အလွန်မှ လှပပြီးသော်လည်း အခုတော့ ကျောက်စိမ်းလေးကို ပိုပြီး ဆွဲဆောင်မှု ရှိနေတော့သည်။

သူမသည် အနည်းငယ်စိတ်ဆိုးသွားပြီး သူ့ကို တွန်းထုတ်ချင်တော့သည်။ သို့သော် မော့ကြည့်လိုက်ပြီး သူ၏ပင်ပန်းနေသည့် မျက်နှာကို တွေ့လိုက်ရချိန်တွင်တော့ သူမ၏နှလုံးသားမှာ ပျော့ပြောင်းသွားတော့သည်။

“ကိုယ့်ကို ခဏလောက် ပေးဖက်ထားပါအုံး” အသံက စူးရှတိုးငြင်းပြီး ရမ္မက်ဆန္ဒ မရပါချေ။

ကျန်းယွင်ကျူးလသည် မလှုပ်ရှားတော့ဘဲ သူ့ကို ပေးဖက်ထားလိုက်တော့သည်။

သညအချိန်တွင် မိန်းမစိုးတစ်ယောက်က အမိန့်တော်တစ်ခုကို သယ်လာခဲ့သည်။ ကျန်းယွင်ကျူးသည် မြန်မြန်ထရပ်လိုက်ပြီး ရှန်ဖုန်းမင်နှင့်အတူ အမိန့်တော်ကို လက်ခံလိုက်လေည်။

မင်္ဂလာပွဲချီးမြှင့်ပေးသည့် အမိန့်တော်ဖြစ်နေသည်။ ကျန်းယွင်ကျူးက ကြောင်အမ်းအမ်းဖြင့် အမိန့်တော်ကို လက်ခံလိုက်၏။

သည်အချိန်တွင် အမိန့်တော် သယ်လာပေးသည့် မိန်းမစိုးသည် လင်ထင်အန်း၏အိမ်တော်သို့ ရောက်လာခဲ့သည်။

လင်ထင်အန်းက တလေးတစား ဒူးထောက်လိုက်ပြီး အမိန့်တော်ကို လက်ခံလိုက်၏။

ဘဏ္ဍာရေးဌာန၏ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်က မထူးဆန်းပေ။ သူ့ကို မင်္ဂလာပွဲ ချီးမြှင့်ပေးမည့် နောက်ပိုင်းအမိန့်တော်ကို စောင့်စားနေလိုက်သည်။

ချင်းလုံဧကရာဇ်သည် မင်္ဂလာပွဲတစ်ခုမှ အမှန်ပင် ချီးမြှင့်ခဲ့သော်လည်း မြို့စားမင်းသမီး ယွင်ရုံမဟုတ်ဘဲ မင်းသမီးယွီရို့ ဖြစ်နေတော့သည်။

လင်ထင်အန်းသည် နားကြားများ မှားမိသလားဟု သံသယဖြစ်ပြီး အချိန်တော်တော်ကြာအောင် ထမလာနိုင်ခဲ့ပေ။

“လူကြီးမင်းလင် အမိန့်တော်ကို လက်ခံပါ” အမိန့်တော် ပြန်ပေးသည့် မိန်းမစိုးက သတိပေးလိုက်၏။

လင်ထင်အန်းသည် သတိပြန်ဝင်လာပြီး အမိန့်တော်ကို ဆတ်ခနဲ ယူလိုက်ကာ သေသေချာချာ ဖတ်လိုက်လေသည်။ အမှန်ပင် မင်းသမီးယွီရို့ဖြစ်နေပြီး မြို့စားမင်းသမီးယွင်ရုံ မဟုတ်ပေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူသည် နေရာတွင်ပင် ကြောင်တောင်တောင် ရပ်နေမိတော့သည်။

သည်အချိန်တွင် ကိုယ်လုပ်တော်ဝူနှင့် မင်းသားခြောက်တို့ကလည်း လင်ထင်အန်းကို မင်္ဂလာပွဲ ချီးမြှင့်ခဲ့သည့်သတင်း ကြားလိုက်ကြသည်။

“မယ်တော် ခမည်းတော်က ညီမတော်ကို လင်ထင်အန်းနဲ့ လက်ဆက်ပေးမယ်လို့ ကတိပေးခဲ့တယ်မလား”

မင်းသားခြောက်က ကိုယ်လုပ်တော်ဝူကို မေးလိုက်၏။

လင်ထင်အန်းသည် ကောက်နုတ်ချက်တစ်ခုကို ရုတ်တရက် အပ်လိုက်ချိန်တွင် မင်းသားခြောက်သည် ထိုကိစ္စကို အလွန်ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။ ပိုပြီး ထူးဆန်းဖို့ကောင်းနေသည်က ချင်းလုံဧကရာဇ်သည် သူတို့သည် ရှောင်းလီယွီကို လင်ထင်အန်းနှင့် လက်ဆက်ပေးချင်မှန်း သိထားသည်။ သူက မင်းသမီးတစ်ဆယ့်တစ်ကိုမှ လင်ထင်အန်းထံ အပ်နှင်းလိုက်ရပါသနည်း။

မင်းသမီးတစ်ဆယ့်တစ်၏ မယ်တော်သည် ကိုယ်လုပ်တော်ရှု ဖြစ်သည်။ ကိုယ်လုပ်တော်ရှု၏အဖေ စစ်ဆေးရေးလူကြီးမင်းက ဖြောင့်မတ် ပြတ်သားသည်။ သူသည် အဖွဲ့လိုက်လှုပ်ရှားမှုများထဲတွင် မပါဝင်သည့် ရုံးတော်က လူနည်းစုထဲမှ တစ်ယောက်ဖြစ်လေသည်။

“ခမည်းတော်က ငါတို့ကို စောင့်ကြည့်နေတာလေ”

ကိုယ်လုပ်တော်ဝူသည် စူပုတ်နေသည့် မျက်နှာထားနှင့် ပြောလိုက်သည်။ ရှောင်းလီယွီကို ရှန်ဖုန်းမင်းနဲ့ လက်ထပ်ပေးချင်တဲ့ သူမရဲ့စိတ်ကူးက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲဆိုတာ အခုမှ နားလည်မိတော့တယ်။ ရှန်ဖုန်းမင်က လက်မထပ်ချင်တာလည်း မပြောနဲ့ ချင်းလုံဧကရာဇ်ကတောင် သူတို့ရဲ့မင်္ဂလာပွဲကို သဘောမတူဘူးတဲ့လေ။

ကြည့်စမ်းပါအုံး။ လင်ထင်အန်းက မြင်းတပ် ငါးသောင်းကိစ္စ မပြောခင်ကတည်းက သူမက မင်းကြီးကို ရှောင်းလီယွီနဲ့ လင်ထင်အန်းကို လက်ထပ်ပေးချင်ပါတယ်လို့ ပြောထားပြီးသား။ မင်းကြီးက ဘာမှ မပြောခဲ့ဘူးလေ။

ဒါပေမဲ့ အခုကျတော့ သူက နောင်တရနေတာပဲ။ လင်ထင်အန်းက သူတို့ဘက်မှာ ရပ်သွားမှာကို ကြောက်နေတာ အသိသာကြီးပဲ။

“လင်ထင်အန်း”

ကိုယ်လုပ်တော်ဝူသည် ချင်းလုံဧကရာဇ်ကို မုန်းမိသော်လည်း လင်ထင်အန်းကို ပိုပြီး မုန်းလေသည်။ ဒီလိုနည်းလမ်းမျိုး ရှိနေမှတော့ သူက ဘာလို့ စောစောကတည်းက မပြောခဲ့တာတဲ့လဲ။

“ကြာပါပြီ၊ သူက ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းမဟုတ်ဘူးဆိုတာ သားတော် ခံစားမိနေတယ်”

မင်းသားခြောက်က ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ခဏလောက် နှုတ်ဆိတ်သွားကြလေသည်။ လက်ရှိအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ရန် တစ်ခုခုတော့ လုပ်ရလိမ့်မည်ဟု နှစ်ယောက်လုံးက ခံစားမိလိုက်ကြသည်။

“လီယွီကို ရှောင်းရွှမ်းနဲ့ပဲ လက်ထပ်ပေးလိုက်ရအောင်”

ကိုယ်လုပ်တော်ဝူက ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ပြီး ထုတ်ပြောလိုက်၏။ ချင်းဟယ်ဝမ်ရယ်ကို ခမည်းခမက် တော်လိုက်ရင် သူတို့မှာ အင်အားပိုကောင်းလာလိမ့်မယ်။

ရှောင်းရွှမ်း....။ မင်းသားခြောက်က တစ်ခုခုပြောလိုက်ချင်လေသည်။ နောက်ဆုံးတော့ ဘာမှ မပြောလိုက်ပေ။ ရှောင်းရွှမ်းက လူကောင်းတစ်ယောက် မဟုတ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့တွေ ရှုံးသွားခဲ့ရင် ရှောင်းလီယွီ ဘယ်သူ့ကိုပဲ လက်ထပ်ပါစေ အဖြေကတော့ အတူတူပဲ ဖြစ်လိမ့်မယ်။ အရင်ဆုံး အကျိုးအမြတ်တချို့ ရှာထားတာက ပိုကောင်းပါတယ်လေ။

လတ်တလောတွင် မြို့တော်၌ မင်္ဂလာပွဲ သုံးခုရှိလေသည်။ တစ်ခုမှာ ရှန်ဖုန်းမင်၏မင်္ဂလာပွဲ ဖြစ်သည်။ အားလုံးက သည်မင်္ဂလာပွဲကို စိတ်အဝင်စားဆုံးပင်။ သည်စစ်သေနာပတိချုပ်ရှန်က ဘယ်လိုလူမျိုးကို လက်ထပ်မှာပါလိမ့်ဟု အားလုံးက သိချင်နေကြ၏။

တန့်ယန်းမင်းသမီးကတော့ မြေးချီရဖို့အရေး စိတ်အားထက်သန်လေရာ မင်္ဂလာရက်ကို အနီးဆုံး ဖြစ်အောင် သတ်မှတ်လိုက်ပြီး တစ်လသာခွာထားလေသည်။

ဒုတိယမင်္ဂလာပွဲမှာ လင်ထင်အန်းက မင်းသမီးယွီရို့ကို သူ့ဇနီးအဖြစ် လက်ထပ်ခြင်းပင်။ မင်္ဂလာရက်ကိုတော့ မသတ်မှတ်ရသေးချေ။

တတိယမင်္ဂလာပွဲမှာ ချင်းဟယ်ဝမ်ရယ်၏ သား ရှောင်းရွှမ်းက ရှောင်းလီယွီကို ဇနီးအဖြစ် လက်ထပ်လိမ့်မည်။ သည်မင်္ဂလာပွဲကတော့ အလွန်မှ အလောကြီးနေပုံရသည်။ မင်္ဂလာရက်ကို နှစ်လအကြာအတွင် သတ်မှတ်ထားလေသည်။

ကျန်းယွင်ကျူးသည် မကြာမီတွင် နောက်မင်္ဂလာပွဲနှစ်ခုအကြောင်း ကြားလိုက်ရသည်။ သူမရဲ့အိပ်မက်ထဲမှာ ရှောင်းလီယွီက ချင်းဟယ်ဝမ်ရယ်ရဲ့ သားနဲ့လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ အခုလည်း အတူတူပဲ။ လင်ထင်အန်းက မင်းသမီးယွီရို့နဲ့ လက်ထပ်မယ်။ သူမက မင်းသမီးယွီရို့ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ သူမက မင်းသမီးတစ်ပါးဆိုတော့ သူမရဲ့အဆင့်အတန်းက အလိုလို မြင့်ပြီးသားပဲ။

ဟုတ်ပါတယ်။ သူမက ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။ မနေ့က ယန်ရှန့် သူမကို လာပြောတယ်လေ။ ကုန်သင်္ဘောအတွက် သင်္ဘောသားတွေ ရောက်ပြီတဲ့။ ဒီနေ့ သူတို့ သွားဖို့ အချိန်က ကွက်တိပဲ။

ရှန်ဖုန်းမင်၊ ယန်ရှန့်၊ ကျန်းယွင်ကျူးနှင့် နတ်ဆေးသမားတော်ဝူတို့သည် မြို့မှ ထွက်လာပြီး မြို့တော်စွန်ရှိ အိမ်တော်တစ်ခုသို့ သွားလိုက်ကြလေသည်။

သူတို့သည် သည်နေ့ သညလူများနှင့် တွေ့ပြီးလျှင် သည်လူများက ဆိပ်ကမ်းသို့ ကုန်ပစ္စည်း ပထမအသုတ်ကို စောင့်ကြပ်ပို့ဆောင်ပေးလိမ့်မည်။ ရှန်ဖုန်းမင်၏ သင်္ဘောကြီးကို နေရာချပြီးသည်နှင့် သူတို့သည် ပင်လယ်က ရာသီဥတုကို လေ့လာရလိမ့်မည်။ ထို့နောက် သူတို့သည် ရွက်လွှင့်ပြီး ခရီးထွက်ဖို့ သင်္ဘောတက်ကြလိမ့်မည်။

“အဘိုး သူတို့နဲ့ ပင်လယ်ကို ခရီးလိုက်ထွက်လို့မလား”

ကျန်းယွင်ကျူးက နတ်ဆေးသမားတော်ဝူကို ထပ်မေးလိုက်၏။ သူမက သူ့ကို စိတ်ပူနေခြင်းပင်။

အဘိုးကြီးဝူသည် အစောကြီးကတည်းက မြို့တော်မှ ထွက်ခွာချင်နေခဲ့သည်။ နေ့တိုင်း လူပေါင်း သောင်းခြောက်ထောင်က သူ့ကို လာရှာနေကြရာ သူ့မှာ သေချင်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်ရသည်။

သူစိုးရိမ်သည့် တစ်ခုတည်းသောအရာမှာလည်း ကျန်းယွင်ကျူး ပင်။

“မင်း အဲဒီကလေးနဲ့ လက်ထပ်ချင်တာလား” သူက ကျန်းယွင်ကျူးကို မေးလိုက်၏။

ကျန်းယွင်ကျူးက နောက်ဆုံးတော့ ခေါင်းညိတ်လိုက်လေသည်။ ရှန်ဖုန်းမင် သူမအပေါ်ထားတဲ့ မေတ္တာတွေကို ခံစားလို့ရတယ်လေ။ သူမလည်း စမ်းကြည့်ချင်မိတယ်။ အလုပ်မဖြစ်ဘူးဆိုရင်လည်း သူက သူမကို လွှတ်ပေးမယ်လို့ ကတိပေးထားပဲ။

အဘိုးကြီးဝူက နှာခေါင်းရှုံ့လိုက်ပြီး

“မင်းရဲ့ မင်္ဂလာပွဲကို တက်ပြီးရင် ငါ ထွက်သွားတော့မှာ”

အချိန်ကို တွက်ကြည့်တော့ ထိုအချိန်လောက်ပင်။

အိမ်တော်ထဲတွင် အနားယူသွားသည့် ချီလင်သက်တော်စောင့်အဖွဲ့ တစ်ဖွဲ့နှင့် ယန်မိသားစုစစ်တပ်မှ အနားယူသွားသူများက ထိုနေရာတွင် စောင့်နေနှင့်ကြလေသည်။

လူအဖွဲ့ နှစ်ဖွဲ့က ကွဲပြားကြသည်။ ထိုနေရာတွင် ရပ်နေရာ အရောင်အဝါနှစ်ခု ထွက်နေသယောင်။

ချီလင်သက်တော်စောင့်ဌာနက လူများအားလုံးသည် သေသေချာချာ ရွေးထုတ်ထားပြီး တင်းကျပ်လွန်းသည့် လေးကျင့်ရေးဖြင့် ပျိုးထောင်ခံခဲ့ကြရသည်။ အားလုံးတွင် ထူးခြားသည့် အရည်အချင်းများရှိကြသည်။ သူတို့သည် ထိုနေရာတွင် ကျားအုပ်ကြီးတစ်ခုလို ရပ်နေကြလေသည်။

ယန်မိသားစု စစ်တပ်က လူများက ဝံပုလွေအုပ်ကြီးတစ်ခုနှင့် တူသည်။ သူတို့သည် သာမန်လူများပင်။ ယန်မိသားစုစစ်တပ်သို့ ဝင်ခဲ့ပြီးနောက် ပစ္စုပ္ပန်က သူတို့ဖြစ်လာမည့် ဖန်တရာတေနေသည့် စစ်ပွဲများကို တွေ့ကြုံခဲ့ရသည်။ သူတို့သည် ချီလင်သက်တော်စောင့်များနှင့် မတူကြပေ။ လူထောင်ချီက တိုက်ပွဲတွင် အတူတူ တိုက်ပွဲဝင်ခဲ့ကြသည်။ သူတို့သည် အဖွဲ့လိုက်လုပ်ရသည်ကို ပိုပြီး အာရုံတစိုက်ရှိကြသည်။

သူတို့တွေက တစ်ယောက်တည်းဆိုရင် ချီလင်သက်တော်စောင့်တွေကို မနိုင်နိုင်ဘူးဆိုပေမဲ့ ဆယ်ယောက်၊ အယောက်တစ်ရာ ၊ အယောက်တစ်ထောင် ဆိုရင်ကော။

ချီလင်သက်တော်စောင့်များ၏ ခေါင်းဆောင်က လူငယ်တစ်ယောက်ဖြစ်ပြီး ချီကျန်းဟု ခေါ်သည်။ သူသည် ချောမောပြီး မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဆောင်ထားသည်။

ယန်မိသားစုစစ်တပ်ဘက်က ခေါင်းဆောင်မှာ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ဖြစ်ပြီး ခပ်ကြမ်းကြမ်းအသားအရေနှင့် ပြတ်သားသည့် အသွင်တစ်ခု ရှိသည်။ ပိုပြီး သိသာထင်ရှားသည့်က သူသည် ညာဖက်လက် မရှိနေခြင်းပင်။ ထိုလူ၏နာမည်က ဟန်ခို့ ဖြစ်သည်။

သည်လူများသည် ရှန်ဖုန်းမင်၊ ယန်ရှန့်တို့နှင့် တွေ့ပြီးသားဖြစ်သည်။ သည်နေ့ ကျန်းယွင်ကျူးကို သူတို့နှင့် မိတ်ဆက်ပေးဖို့ဖြစ်သည်။ ယွင်မင်ကုန်သွယ်ရေးအဖွဲ့တွင် ကျန်းယွင်ကျူးသည် ဦးဆောင်သူနေရာတွင် ရှိလေသည်။ ကျန်းယွင်ကျူးသည် နောက်ပိုင်းတွင် ကုန်သွယ်ရေးအဖွဲ့နှင့် ပတ်သက်သည့်ကိစ္စအားလုံးကို တာဝန်ယူလိမ့်မည်။

ယန်ရှန့်က နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်၏။

ချီကျန်းနှင့် တခြားသူများက ကျန်းယွင်ကျူးအကြောင်းကို အစောကြီးကတည်းက ကြားဖူးထားကြသည်။ ကျန့်ချန်းချွမ်းနှင့် ကျင့်ကျောင်းယွဲ့တို့သည် အားတိုင်း ရှီကွမ်းစားသောက်ဆိုင်က သူတို့၏ ပျော်စရာကောင်းသည့် ဘဝကို လာကြွားနေတတ်ကြသည်။ ထို့အပြင် ကျန်းယွင်ကျူးသည် စစ်သေနာပတိချုပ်ရှန်၏ ဇနီးလောင်း ဖြစ်လေသည်။ သူတို့သည် ကျန်းယွင်ကျူးကို လေးစားကြသည်။

ဟန်ခို့နှင့် တခြားသူများကတော့ အနည်းငယ် တွန့်ဆုတ်နေကြသည်။ ကျန်းယွင်ကျူးက သခင်မလေးတစ်ယောက်လေ.....။

“မင်းတို့တွေ ဘယ်လိုကြည့်နေကြတာလဲ၊ နောက်ပိုင်း မင်းတို့ ဖျားနာကြမှ ငါ မင်းတို့ကို ဆေးကုပေးမှာ မဟုတ်ဘူးနော်၊ သတိထားကြ” အဘိုးကြီးဝူက သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်တော့သည်။

အားလုံးက သူ့ဘက်ကို လှည့်ကြည့်လိုက်ကြ၏။ ဒီအဘိုးကြီးက ဘယ်သူလဲ။

“ဒါက နတ်ဆေးသမားတော်ဝူပါ၊ သူက ဒီတစ်ခါ ရှင်တို့နဲ့အတူတူ ပင်လယ်ကို လိုက်ထွက်မှာလေ”

ကျန်းယွင်ကျူးသည် သူတို့၏ သံသယမကင်းသည့် မျက်လုံးများကို မမြင်လိုက်သည့်နှယ် တည်တည်ငြိမ်ငြိမ် မိတ်ဆက်ပေးလိုက်သည်။

နတ်ဆေးသမားတော်ဝူ။ ဒါက နတ်ဆေးသမားတော်ဝူတဲ့။ အားလုံးသည် ပထမတွင် အံ့ဩသွားကြပြီးနောက် အားလုံးက အလွန်ဝမ်းသာသွားကြတော့သည်။ သင်္ဘောက ကုန်းမြေနဲ့ အဝေးကြီးကို သွားမှာလေ။ ဆေးကုသမှုနဲ့ ဆေးဝါးတွေမရှိဘူး။ ဒါကြောင့်ပဲ လူအများကြီး သေကြေရမှာ။ နတ်ဆေးသမားတော်ဝူက သူတို့နဲ့အတူတူ ပင်လယ်ခရီးကို လိုက်ခဲ့မယ်ဆိုရင်တော့ သူတို့မှာ အာမခံချက်တစ်ခုတော့ ရှိလာလိမ့်မယ်မလား။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် သည်တစ်ကြိမ် ပင်လယ်ထွက်မည့် သူမ၏အစီအစဥ်ကို စတင် ဆွေးနွေးလိုက်တော့သည်။

ပထမဆုံးအနေဖြင့် သည်တစ်ကြိမ် ပင်လယ်ထွက်လျှင် အန္တရာယ်ကင်းဖို့က ပထမဖြစ်သည်။ သူတို့သည် ကုန်သွယ်ရေးကိစ္စကို မစဥ်းစားမီ သူတို့၏ကိုယ်ပိုင် လုံခြုံရေးကို အရင်ဆုံး သေချာအောင် လုပ်ရမည်။ တစ်ခုခု ဖြစ်လာခဲ့လျှင် ကုန်ပစ္စည်းများကို ထားခဲ့နိုင်သည်။ ကယ်ဆယ်ရေးအတွက်လည်း စောင့်ဆိုင်းနိုင်သည်။

သည်စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အားလုံး၏နှလုံးသားက တလှပ်လှပ် ခုန်သွားကြတော့သည်။ သူတို့သည် ချီလင်သက်တော်စောင့်များနှင့် စစ်သားများ ဖြစ်ခဲ့ကြသည်။ သူတို့သည် တာဝန်ကို ဦးစားပေးတတ်ခဲ့ကြသည်။ သို့သော် အခုတော့ ကျန်းယွင်ကျူးက သူတို့၏ လုံခြုံရေးက အရေးအကြီးဆုံဟုစု ပြောနေလေသည်။

ဒုတိယအနေဖြင့် ကျန်းယွင်ကျူးက ကုန်သင်္ဘော အမြတ်ရလာခဲ့လျှင် အမြတ်ခွဲဝေပုံကို ရှင်းပြလိုက်သည်။

ချီကျန်းနှင့် ဟန်ခို့တို့သည် သည်အကြောင်းကို ကြားထားပြီးသားဖြစ်သည်။ မဟုတ်လျှင် သူတို့သည် သည်နေရာသို့ တက်တက်ကြွကြွ ရောက်လာလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ဟန်ခို့ပင်။ စစ်တပ်က ညီအစ်ကိုများအားလုံးက ဆင်းရဲသည့်နောက်ခံမှ ဖြစ်ကြသည်။ သူတို့အများစုက ဆုံးပါးသွားပြီး သူတို့မိသားစုများက အခေါင်းတစ်ခုအတွက်ပင် မတတ်နိုင်ခဲ့ပေ။ သူတို့သည် သည်နေရာသို့ ရောက်လာသည်မှာလည်း သူတို့ကိုယ်တိုင်အတွက် အသက်မွေးဝမ်းကြောင်း ပြုချင်တာဖြစ်သည်။ ဒုတိယအချက်မှာ မလိုက်လာနိုင်သူများအတွက် နေထိုင်စားသောက်အတွက် ငွေနည်းနည်းပါးပါး စုဆောင်းပေးချင်သည်။

ကျန်းယွင်ကျူးက စကားကို လိမ်မာပါးနပ်စွာပြောလိုက်လေရာ သူတို့သည် နားထောင်ရင်း ပိုပြီးစိတ်လှုပ်ရှားလာတော့သည်။ ကိုယ်တိုင်ပင် မသိလိုက်ပဲ သူမအပေါ်တွင် ရှိနေသည့် သူတို့၏အထင်မြင်သေးမှုက ပျောက်ကွယ်သွားတော့သည်။

တတိယ၊ စတုတ္ထ.....။ ကျန်းယွင်ကျူးက ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို ဆက်ပြောလိုက်သည်။ ချီကျန်း၊ ဟန်ခို့နှင့် တခြားများ၏ မျက်လုံးများသည် အရောင်တောက်သည်ထက် တောက်ပလာလေတော့သည်။

All Chapters