အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အပိုင်း(၁၂၇)
ကျန်းယွင်ကျူးသည် စကားပြောပြီးနောက် အားလုံးကို ကြည့်လိုက်ပြီး
“ရှင်တို့မှာ ပြောစရာတွေရှိသေးလား”
ဘာပြောစရာ ရှိအုံးမှာလဲ။ ကျန်းယွင်ကျူးက သူတို့အတွက် အားလုံးကို စဥ်းစားထားပေးပြီးသားပဲလေ။ သူတို့ကတော့ အရိုးကြေကြေအရေခမ်းခမ်း တာဝန်ထမ်းဖို့ပဲ ရှိတော့တာပေါ့။
အားလုံးက တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြပြီး
“ကျွန်တော်တို့တွေ ယုံကြည်မှုနဲ့ အသက်ဆက်ပါမယ်”
အသံက ကောင်းကင်ယံထက် လွင့်ပျံသွားလေသည်။
နွေရာသီက ပူပြင်းလွန်းလှသည်။ ကျန်းယွင်ကျူး၏ အဝါရောင်ရောထားသည့် အဖြူရောင်အဝတ်အစားက ပူပြင်းလှသည့်နေရောင်ထက်ပင် ပိုပြီး တောက်ပနေသယောင်။
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က နောက်တွင် ရပ်နေကြသည်။ သူတို့နှစ်ယောက်က ရှေ့က မြင်ကွင်းကို ကြည့်နေကြလေသည်။ ယန်ရှန့်သည် ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး ရှန်ဖုန်းမင်ကို အားကျသွားတော့သည်။
ကံဆိုးတဲ့သူက ဘာလို့ သူပဲ အမြဲဖြစ်နေတာလဲ။ ရှန်ဖုန်းမင် မိန်းမ မယူတော့ သူ့အမေက သူ့ကို ဆူပူပြီး သူကပဲ ရှန်ဖုန်းမင်နဲ့ တစ်ခုခုဖြစ်နေသလို သံသယဝင်ခဲ့တယ်။ အခု ရှန်ဖုန်းမင်က မိန်းမ ယူတော့မယ်တော့လည်း သူ့အမေက သူ့ကို ပိုပြီးတော့တောင် ခက်ခဲအောင် လုပ်နေပြန်ပြီ။
ဒီနေ့ရက်က ဘယ်တော့မှ ပြီးဆုံးမှာလဲ။ မဖြစ်ဘူး။ သူလည်း ပင်လယ်ပြင်ကို ထွက်မှရမယ်။
ယန်ရှန့်သည် တစ်ယောက်တည်း ညည်းညူနေစဥ် စင်္ကြံတစ်ခုအောက်တွက်ော့ လူတစ်ယောက်က လက်ဖြင့် မုတ်ဆိတ်မွှေးကို သပ်နေလေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးများပြည့်လျှံတော့သည်။
“သခင်ကြီး ဒါက အကြီးဆုံးသခင်လေးရဲ့အိမ်တော်ပါ” ရှန်ဖူက လေသံတိုးတိုးဖြင့် တော်ဝင်ပညာရှင်ရှန်ကို သတိပေးလိုက်၏။
“သူ့အိမ်တော်ဆိုတော့ကော ဘာဖြစ်တုံး၊ ငါက သူ့အိမ်တော်ကို မလာရဘူးလား”
တော်ဝင်ပညာရှင်ရှန်က ခက်ထန်သည့်မျက်နှာထားတစ်ခုနှင့် ပြောလိုက်၏။
တော်ဝင်ပညာရှင်ရှန်သည် ရှန်အိမ်တော်သို့ လက်ထပ်မိန့် ရောက်မလာခင်အထိ ရှန်ဖုန်းမင် လက်ထပ်တော့မည့်အကြောင်းကို မသိခဲ့ရပေ။
သည်လောက် ကြီးမားသည့် ကိစ္စကို ဘယ်သူမှလည်း မပြောပြကြပေ။ သူသည် ဘယ်လိုပဲ စိတ်သဘောထား ပြည့်ဝသည်ဆိုသော်လည်း ဒေါသတော့ ထွက်ရလိမ့်မည်။
ချက်ချင်းပင် သူသည် တန့်ယန်းမင်းသမီးနှင့် ထပ်ပြီး ရန်ဖြစ်တော့သည်။ ဟုတ်ပါသည်။ သူလည်း မနိုင်ပါချေ။
အချိန်တော်တော်ကြာသည်အထိ စိတ်ဆိုးနေပြီး ရှန်ဖုန်းမင်က ပြန်မလာသဖြင့် သူက ရှန်ဖုန်းမင်ကို လာရှာရတော့သည်။ သည်မြင်ကွင်းကို အချိန်ကိုက် တွေ့လိုက်ခြင်းပင်။
“ရပါတယ်ခင်ဗျာ၊ သခင်ကြီး လာလို့ရပါတယ်”
ရှန်ဖူက မြန်မြန် ပြန်ဖြေလိုက်၏။ ထို့နောက် သူက မေးလိုက်လေသည်။
“သခင်ကြီး အကြီးဆုံးသခင်လေးကို ခေါ်ပေးရမလား”
သူသည် အနည်းငယ် စိုးရိမ်နေမိသည်။ သခင်ကြီးက ဒေါသဖြင့် ရောက်လာခြင်းပင်။ ပြဿနာမလုပ်သည်ကို ပိုကောင်းလိမ့်မည်။
တော်ဝင်ပညာရှင်ရှန်က ခဏလောက် စဥ်းစားလိုက်ပြီး
“မလိုတော့ဘူး၊ ကလေးက အရွယ်ရောက်နေပြီ”
သူသည် ပြောပြီးသည်နှင့် လှည့်ပြန်သွားလေသည်။
ရှန်ဖူမှာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ သခင်ကြီးက ဒီလိုပဲ ထွက်သွားတာလား။
ဒါသည် အကြောင်းအရာငယ်လေးတစ်ခုပင်။ ကျန်းယွင်ကျူးသည် သည်နေရာတွင် လူနှစ်ယောက် ရှိနေသည်ကို သတိမထားမိလိုက်ပေ။
သည်အချိန်တွင် ချီကျန်း၊ ဟန်ခို့နှင့် တခြားသူများက ကုန်ပစ္စည်းများကို ထုပ်ပိုးလိုက်ပြီး ဆိပ်ခံတံတားဆီသို့ အပြေးသွားလိုက်ကြသည်။
ကျန်းယွင်ကျူးနှင့် တခြားသူများကလည်း မြို့တော်သို့ ပြန်လာခဲ့ကြသည်။
ရှီကွမ်းစားသောက်ဆိုင်တွင် နန်းတော်က မိန်းမစိုးနှစ်ဦးက စောင့်ဆိုင်းနေလေသည်။ မယ်တော်ကြီးက ဆုလာဘ် ချီးမြှင့်လိုက်ခြင်းပင်။
“စိမ်းပြာရောင်ဇာမဏီဆံထိုးတစ်စုံ၊ ကျောက်စိမ်းလက်ကောက်တစ်စုံ၊ မြနှင့်ရွှေစပ်ထားသည့် အနီရောင်နားဆွဲတစ်စုံ....”
“ရွှေပိုးထည်အုပ်တစ်ရာ၊ ငွေပိုးထည် အုပ်တစ်ရာနဲ့ တိမ်မျှင်ဇာပိတ်အုပ် ငါးဆယ်....”
“လက်ကိုင် ၈ခုပါတဲ့ ကျောက်စိမ်းဖြူ၊ မြကျောက်ရောင် တရုတ်ဘဲဘူးအဝိုင်းတစ်စုံနဲ့ ဆိတ်ပုံစံ မဟူရာအိုး တစ်စုံ....”
အမိန့်တော် ပြန်နေသည့် မိန်းမစိုး၏အသံက စူးရှလှသည်။ မယ်တော်ကြီး၏ဆုလာဘ်များကို ရွတ်လို့မပြီးခင် အမိန့်တော် ပြန်နေစဥ် လက်ဖက်ရည်တည်ဖို့ပင် အချိန်ရလိုက်လေသည်။
ထိုပစ္စည်းများသည် စားသောက်ဆိုင်တစ်ခုလုံးကို ပြည့်လုနီးနီးပင်။ နေရာတိုင်းတွင် အနီရောင်ပိုးသားများ ဖြစ်နေသည်။ တစ်လအတွင် မင်္ဂလာပွဲကြီးအတွက် အထူး ပြင်ဆင်ထားသည်နှင့်တူသည်။
ခြံဝင်းထဲက အနီရောင်များကို ကြည့်ရင်း ကျန်းယွင်ကျူးသည် လက်ထပ်ဖို့ရာ တစ်လပင် မလိုတော့ကြောင်း နားလည်လိုက်တော့သည်။ လက်ထပ်ရတော့မှာပဲ....။ သူမသည် ဘေးက လူကို ကြည့်လိုက်လေသည်။
ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏လက်ကို တင်းနေအောင် ဆုပ်ထားပြီး
“အဘွားတော်ကို ကျေးဇူးတင်စကားပြောဖို့ ကိုယ် မင်းကို နန်းတွင်းထဲ ခေါ်သွားပေးမယ်နော်”
မယ်တော်ကြီးက ဆုလာဘ်များ ချီးမြှင့်ထားလေရာ ကျေးဇူးတင်စကားကတော့ သေချာပေါက် ပြောရပေမည်။ ကျန်းယွင်ကျူးက ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သားက နန်းတွင်းထဲသို့ အတူတူဝင်လာခဲ့သည်။ သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးအပေါ်ထားသည့် မယ်တော်ကြီး၏သဘောထားက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမက ကျန်းယွင်ကျူးကို လူငယ်မျိုးဆက်အား ကြည့်နေသည့်မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူမက ကြည့်နေမိလေလေ ပိုပြီး ဝမ်းသာလာမိလေလေပင်။
နန်းတော်ထဲက ထွက်လာပြီးနောက် မင်္ဂလာပွဲက တစ်လပင် မလိုတော့ချေ။ အားလုံးကို မြန်မြန်ဆန်ဆန် ပြင်ဆင်ထားရမည်။
ကျန်းယွင်ကျူး၏မိသားစုက မြို့တော်တွင် မရှိမှန်း မယ်တော်ကြီးက သိထားလေသည်။ သူမက သည်ကိစ္စကို ကူညီဖြေရှင်းပေးဖို့ရာ အထိန်းတော်ချီကို လွှတ်လိုက်သည်။
“အထိန်းတော်ချီကိုပဲ ဒုက္ခပေးရပါတော့မယ်” ကျန်းယွင်ကျူးက အထိန်းတော်ချီကို ပြောလိုက်၏။
အထိန်းတော်ချီက ပြုံးလျက်ပင်။ ဒါက ပျော်စရာကောင်းတဲ့ ကိစ္စပဲလေ။ သူမက တာဝန် ယူပေးချင်ပါတယ်။ ကျန်းယွင်ကျူးက မယ်တော်ကြီး၏အသက်ကို ကယ်တင်ပေးခဲ့တာပဲ။ ဒါက သူမရဲ့အသက်ကို ကယ်ပေးတာနဲ့ အတူတူပဲလေ။ သူမက ကျေးဇူးပြန်ဆက်ချင်တာ ကြာပါပြီ။
“ကိုယ် မင်းရဲ့မိဘတွေကို လူလွှတ်ပြီး ကြိုခိုင်းလိုက်ပြီးပြီ၊ သူတို့တွေ လဝက်လောက်နေရင် ရောက်လာလိမ့်မယ်” သည်တစ်ကြိမ်တွင် ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက သည်ကိစ္စကို အခုမှ စဥ်းစားမိသည်။ မျှော်လင့်မထားဘဲ သူက သူမအတွက် လုပ်ပေးခဲ့သည်။
အမှန်တွင်တော့ သည်ကိစ္စတင် မကပေ။ ရှန်ဖုန်းမင်က အားလုံးကို စဥ်းစားထားပြီးသားဖြစ်သည်။ သို့သော် ကျန်းယွင်ကျူး၏သဘောထားကို လိုအပ်သည့် တချို့ ကိစ္စရှိနေသည်။
အထိန်းတော်ချီသည် အလုပ်တွင် စိစစ်သေချာသူဖြစ်ပြီး အားလုံးကို သေသေချာချာလုပ်ပေးခဲ့သည်။
မယ်တော်ကြီးက ကျန်းယွင်ကျူးကို အိမ်တစ်ဆောင် လက်ဆောင်ပေးခဲ့သေးသည်။ ချန်းရှန်းလမ်းမပေါ်တွင် ရှိလေသည်။ ဝင်ပေါက်လေးခုနှင့် အိမ်ကို အသစ် အလှဆင်ပေးထားသည်။ ကျန်းယွင်ကျူးက သည်နေရာတွင် လက်ထပ်ဖို့ စောင့်ရလိမ့်မည်။
နောက်တစ်နေ့တွင် ရှန်မိသားစုက မင်္ဂလာပွဲကို တောင်းရမ်းဖို့ရန် လက်ဖွဲ့ပစ္စည်းများကို လူလွှတ်ပြီး လွှတ်ပြီးပို့လိုက်လေသည်။
သားဖြစ်သူက နောက်ဆုံးတော့ လက်ထပ်တော့မည်။ တန့်ယန်းမင်းသမီးက အလွန်ပျော်နေပြီး မင်္ဂလာပွဲကို အခမ်းနားဆုံးဖြစ်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားသည်။ သည်လိုမှ သူမ၏သားတွင် ချစ်ရသည့် မိန်းကလေးတစ်ယောက် ရှိမှန်း အားလုံးက သိကြလိမ့်မည်။
ကျန်းယွင်ကျူး၏ နိမ့်ပါးသည့်မိဘမျိုးရိုးအတွက်တော့ သူမက စဥ်းစားထားပြီးသားပင်။ သူမက နိမ့်ပါးသည့်မျိုးရိုးမှ လာလျှင်ကော ဘာဖြစ်ပါသနည်း။ ရှန်မိသားစုသည် အမြင့်တွင် ရှိနေသ၍တော့ လုံလောက်လေသည်။ သူမက လက်ထပ်ပြီးလျှင် သူမသည် ရှန်မိသားစု၏ မိသားစုဝင်ဖြစ်လာလိမ့်မည်။ ဘယ်သူက သူမကို လျှော့တွက်ရဲပါမည်နည်း။
လက်ဖွဲ့ပစ္စည်းသက်သက်ပင် သေတ္တာအလုံး ၃၀အပြည့်ရှိပြီး အားလုံးကို ပိုးပိတ်စများနှင့် ချည်ထားသည်။ အားလုံးကို ကျန်းအိမ်သို့ ပို့လိုက်တော့သည်။
ထို့နောက် အမျိုးသမီးဘက်က ဇာတာခွင်နှင့် အမျိုးသားဘက်က ဇာတာခွင်တို့ကို တိုက်စစ်ပြီး လက်ဆောင်များ ပို့လိုက်သည်။
လက်ဆောင်များ ပို့ဆောင်သည်ဆိုတာကလည်း လက်ဖွဲ့ပစ္စည်း ပို့လိုက်ခြင်းပင်။ သည်နေ့တွင် မြို့တော်တခွင်လုံး၌ ခံစားချက်တစ်ခုက မွှေနှောက်နေသည်။ ရှည်လျားသည့် လက်ဖွဲ့ပို့ပေးသည့်အဖွဲ့က မဆုံးနိုင်တော့သယောင်။
အားလုံးက အားကျကြလေသည်။ ယောက်ျားလေး ရထားတာ ကောင်းတယ်လို့ ပြောတဲ့သူတိုင်း ကြည့်ထားကြ။ သမီးကောင်းတစ်ယောက် ရထားရင်လည်း ကံကောင်းခြင်းတွေကို ခံစားနိုင်ပါတယ်။
ကျန်းယွင်ကျူးသည် ရှန်မိသားစုက သည်ကိစ္စကို အလွန်အလေးအနက်ထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အိပ်မက်ထဲတွင် လင်ထင်အန်းသည် မင်္ဂလာပွဲကျင်းပရန် အန်းနယ်စားကြီးကို နားချပြီးနောက်မှ သူမက လင်ထင်အန်းနှင့် လက်ထပ်ခဲ့ရသည်။ သို့သော် သူမ၏ နောက်ခံမျိုးရိုးကြောင့် ဖြစ်မည်။ မင်္ဂလာပွဲကို အလျင်စလို လုပ်ခဲ့ရလေသည်။
အခုတော့.... သူမသည် ရှန်မိသားစု၏ စိတ်ရင်းကို ခံစားမိလေသည်။
လက်ဖွဲ့ပစ္စည်းများထဲတွင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပေးဖို့ရန် လူတစ်ယောက်အား အထူးတောင်းဆိုထားသည့် ဘူးလေးတစ်ခုပါနေသည်။
ကျန်းယွင်ကျူးက ဘူးကို ဖွင့်ကြည့်လိုက်၏။ အထဲတွင် စာတစ်စောင်ပါသည်။ ရှန်ဖုန်းမင်ကိုယ်တိုင် ရေးထားခြင်းပင်။ ကွာရှင်းစာတစ်စောင်ပင်။ သူသည် စာပေါ်တွင် တံဆိပ်တုံးနှိပ်ထားပြီးဖြစ်သည်။ ကျန်းယွင်ကျူးက သူမ၏နာမည်ကို ရေးထိုးပြီး လက်ဗွေနှိပ်လိုက်သည်နှင့် သည်ကွာရှင်းစာက အကျုံးဝင်သွားလိမ့်မည်။ ထိုအချိန်ကစပြီး သူမသည် သူနှင့် ဘာမှမပတ်သက်တော့ချေ။
သူမက မပျော်တော့လျှင် သူသည် သူမကို လွတ်လပ်ခွင့်ပေးပါမည်ဟူသည့် သူပေးထားသည့်ကတိကို သတိရနေခြင်းပင်။
ကျန်းယွင်ကျူးသည် ထိုကွာရှင်းစာချုပ်ကို ကိုင်ထားလေသည်။ သူမ၏နှလုံးသားက လှိုင်းထန်နေသည့် ပင်လယ်လို လှုပ်ရှားနေတော့သည်။
သည်ကွာရှင်းစာချုပ်တွင် သူ့လက်ရေးသည် သပ်ရပ်နေပြီး အစီအစဥ်ကျလှသည်။ သို့သော် စာလုံးတိုင်းနှင့် ဆုံးသွားသည့်နေရာများ၌ ရပ်နေသည့်နေရာတစ်ခု ပါနေသည်။ ထိုနေရာတွင် မှင်က ပိုထူနေသည်။ သူ သည်စာကို ရေးစဥ်က ခံစားချက်၏ သက်သေပင်။
ကျန်းယွင်ကျူးသည် ကွာရှင်းစာချုပ်ကို ရင်ဘတ်နားတွင် ကပ်ထားလိုက်သည်။ တော်တော်ကြာအောင် အချိန်ယူလိုက်ပြီးမှ တည်ငြိမ်သွားတော့သည်။
သူမသည် ရုတ်တရက်ဆိုစလို သူမ၏အနာဂတ် အိမ်ထောင်သည်ဘဝအတွက် မျှော်လင့်ချက်တချို့ ထားမိလာတော့သည်။
နှစ်ရက်ကြာပြီးနောက် အဘိုးချန်နှင့် တခြားသူများက မြို့တော်သို့ ရောက်လာခဲ့သည်။
ရှန်ဖုန်းမင်က သူတို့ကို လူလွှတ်ပြီး ကြိုခိုင်းလိုက်ချိန်က သူသည် ကိစ္စအားလုံးကို ရှင်းပြထားပြီးသားဖြစ်သည်။
အဘိုးချန်နှင့် တခြားသူများသည် မြို့တော်သို့ လာသည့် လမ်းတွင် အူကြောင်ကြောင်လေးများ ဖြစ်နေတော့သည်။ သူတို့အိမ်မှာနေသွားတဲ့ မြို့တော်ကဆိုတဲ့ အဲဒီစီးပွားရေးသမားက ချီလင်သက်တော်စောင့်ဌာနရဲ့ စစ်သေနာပတိချုပ်ရှန် ဖြစ်နေတာတဲ့လား။ သူက အရမ်းကို ကြမ်းကြုတ်ပြီး လူသ-တ်ရတာကြိုက်တယ်လို့ သတင်းကြီးနေတာမလား။ သူတို့တွေက ဘာလို့ အဲလိုမထင်မိကြပါလိမ့်။
ပြီးတော့ ကျန်းယွင်ကျူးက သူနဲ့ လက်ထပ်မှာတဲ့လား။ သူတို့တွေက အချင်းချင်း လုံးဝကို မတူကြတာပဲ။ သူတို့တွေက ဘယ်လိုများ လက်ထပ်ကြမှာလဲ။
သူတို့သည် အမှန်မှဟုတ်ရဲ့လားဟု မယုံကြည်နိုင် ဖြစ်နေကြတော့သည်။
သူတို့သည် မြို့တော်သို့ ရောက်လာပြီး တံခါးလေးပေါက်ပါသည့် အိမ်နှင့် တောင်လိုပုံနေသည့် လက်ဖွဲ့ပစ္စည်းများကို တွေ့လိုက်ရချိန်မှ ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်နှင့် အမှန်တကယ် လက်ထပ်တော့မည်ကို နောက်ဆုံးတော့ ယုံကြည်သွားကြတော့သည်။
“အဘိုး၊ အဖေ၊ အမေ....”
ကျန်းယွင်ကျူးသည် သူတို့ကို တွေ့လိုက်ရသဖြင့် အလွန်ပျော်သွားတော့သည်။
“ယွင်ကျူး” “မမ” အမျိုးသမီးချန်နှင့် တခြားသူများကလည်း အလွန်ဝမ်းသာသွားလေသည်။
“ဝင်ပြီး ထိုင်ကြအုံး”
ကျန်းယွင်ကျူးက သူတို့၏လက်များကို ဆွဲပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။
မိသားစုသည် အချိန်တော်ကြာအောင် ခွဲခွာနေရပြီး ပြန်လည်ဆုံစည်းခြင်းပင်။ ထို့အပြင် ကျန်းယွင်ကျူးက လက်ထပ်တော့မည်။ အမျိုးသမီးချန်က စကားပြောရင်း မျက်ရည်များ စီးကျလာတော့သည်။
“ဒီလောက် ပျော်ရွှင်စရာကောင်းတဲ့ နေ့မှာ မင်းက ဘာလို့ ငိုနေတာလဲ”
ကျန်းချိန်က အမျိုးသမီးချန်ကို ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများကလည်း နီရဲလို့နေသည်။ သူသည် ကျန်းယွင်ကျူးက မြို့တော်သို့ ရောက်လာပြီးနောက်ပိုင်းတွင် မည်သို့ နေထိုင်ကြောင်းနှင့် ရှန်ဖုန်းမင်ကို လက်ထပ်ချင်ရဲ့လားဟု မေးလေသည်။
သူမ ဖိအားပေးခံရမှာကို စိုးရိမ်တာပါ။ နောက်ဆုံး သူမက သာမန်အရပ်သူတစ်ယောက်လေ။ ရှန်ဖုန်းမင်က ရာထူးမြင့်ပြီး အာဏာလည်းရှိတယ်။ သူက သူမကို အတင်းဖိအားပေးပြီး လက်ထပ်ခိုင်းရင်လည်း သူမမှာ ရွေးစရာမရှိဘူးမလား။
ဒါပေမဲ့ သူမက အတင်းပေးစားခံရရင်တောင် သူလည်း သူမကို မကူညီနိုင်ပါဘူးလေ။
ထိုသို့စဥ်းစားလိုက်ပြီး သူသည် အလိုလို စိတ်ဓာတ်ကျသွားတော့သည်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူမအလိုအတိုင်း လက်ထပ်တာပါ။ ပြီးတော့ သူမက သာမန်အရပ်သူတစ်ယောက် မဟုတ်တော့ဘူးလေ။ သူမက အခု မြို့စားမင်းသမီးယွင်ရုံဖြစ်သွားပြီ။ သိပ်မကြာသေးတာမလို့ သူတို့ကို စာရေးပြီး မပြောပြရသေးတာပဲ ရှိတာ။
“မြို့စားမင်းသမီး ယွင်ရုံ ဟုတ်လား၊ အဲဒါက ဘာလဲ” အမျိုးသမီးချန်က မေးလိုက်၏။ မြို့စားမင်းသမီးက စီရင်စုတရာသူကြီးနဲ့ အတူတူပဲလား။
ကျန်းလင်က စီရင်စုတရားသူကြီး၏ အဓိပ္ပာယ်ကို သူမအား မြန်မြန်ရှင်းပြလိုက်လေသည်။
သည်စကားကို ကြားလိုက်ပြီးနောက် အမျိုးသမီးချန်က ဝမ်းသာသွားလေသည်။ သူမသည် ကျန်းယွင်ကျူးအတွက် စိတ်ပူစရာ မလိုတော့မှန်း ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏သမီးတွင် စိတ်ကူးများ ရှိပြီးသားပင်။
အမျိုးသမီးချန်နှင့် တခြားသူများက ရောက်လာကြသော်လည်း သူတို့သည် မြို့တော်က အရေးကိစ္စများကို မသိကြပေ။ အထိန်းတော်ချီက မင်္ဂလာပွဲအတွက် တာဝန်ယူပေးခဲ့သည်။
သည်အတွက် အမျိုးသမီးချန်နှင့် တခြားသူများက အလွန်မှ ကျေးဇူးတင်ကြပြီး သူတို့သည် မြင့်မြတ်သည့်ပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့လိုက်ရသလို ခံစားလိုက်ရတော့သည်။
အထိန်းတော်ချီက မြင့်မြတ်သည့်ပုဂ္ဂိုလ်တစ်ယောက်တော့ မလုပ်ရဲပေ။ သို့သော် သူတို့၏ စိတ်သဘောထားများက သူမကို ကြိတ်ပြီး သဘောကျစေခဲ့သည်။ သူမသည် အာဏာရလာသည်နှင့် ထောင်လွှားရိုင်းစိုင်းကြသည့် လူများစွာကို တွေ့ဖူးခဲ့သည်။ အမျိုးသမီးချန်နှင့် တခြားသူများက သည်လိုစိတ်ကူးမျိုး လုံးဝမရှိကြပေ။ သူတို့သည် ပိုပြီးတော့ပင် သတိနှင့် နေတတ်ကြလေသည်။ သည်မိသားစု၏ အကျင့်စရိုက်က ထူးခြားလှသည်။
ညပိုင်းတွင် သူမက မယ်တော်ကြီးအား သည်အကြောင်းများကို ပြောပြလိုက်ရာ မယ်တော်ကြီးက ပြုံးတော်မူသည်။
မင်္ဂလာပွဲကြီး မတိုင်ခင် သုံးရက်အလိုတွင် ကျန်းယွင်ကျူး၏ မင်္ဂလာဝတ်စုံက နောက်ဆုံးတော့ အသင့်ဖြစ်သွားခဲ့သည်။ သည်မင်္ဂလာဝတ်စုံသည် မီးတောက်လို တောက်ပလှသည်။ ကျန်းယွင်ကျူးကို တောက်ပလာစေပြီး သာမန်လူများနှင့် လုံးဝမတူတော့ချေ။
“လှလိုက်တာ၊ လှလိုက်တာ”
အမျိုးသမီးချန်က အထပ်ထပ် ပြောလေသည်။ သူမ၏မျက်လုံးများက မနေနိုင်တော့ဘဲ နီရဲသွားတော့သည်။
သည်နေ့တွင် ချင်ယောင်းနှင့် လင်ယွိပိုင်တို့သည် ကျန်းယွင်ကျူး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မြို့တော်သို့ လာခဲ့ကြသည်။ သူတို့သည် ထောင်ထဲမှ ထွက်လာပြီးဖြစ်သည့် ကုချီဖုန်းကို တစ်ခါတည်း ခေါ်လာလိုက်ကြသည်။
အခုတော့ လုပြည်နယ်က ဒုက္ခသည်ကိစ္စကလည်း နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီဖြစ်ရာ ချင်ယောင်းသည် သည်ခရီးပြိးလျှင် မြို့တော်တွင် အခြေချဖို့ စီစဥ်ထားလေသည်။
“သူဌေး” ကုချီဖုန်းက ကျန်းယွင်ကျူးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထောင်ထဲသို့ ရောက်ပြီးနောက် သူသည် အခုတော့ အများကြီး ပိုတည်ငြိမ်လာခဲ့သည်။
သူတို့တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးသည် ကုယန်ကျိုးနှင့် ရှဲ့ချန်တို့ကို သတိရသွားလေသည်။ သူတို့တွေ အရာရှိတွေ ဖြစ်လာပြီးကတည်း သူမနဲ့ အဆက်အသွယ် နည်းသထက် နည်းသွားခဲ့တယ်။ ဒီတစ်ခါ မင်းကြီးက မင်္ဂလာပွဲတစ်ခု ချီးမြှောက်ပေးတော့ သူတို့တွေက လူလွှတ်ပြီး သီးသန့် လက်ဆောင် ပို့ပေးလိုက်ကြတယ်။ သူတို့တွေက သူမရဲ့မင်္ဂလာပွဲကို တက်ချင်ကြတဲ့ပုံ မပေါ်ဘူး။
သူတို့တွေက သူမနဲ့ သံယောဇဥ်ကို ဖြတ်တောက်ဖို့ ကြိုးစားနေကြတာလား။ သူမနဲ့ ရှန်ဖုန်းမင်က ပိုပြီး နီးစပ်သွားလို့များလား။
ကျန်းယွင်ကျူးက သည်လိုပဲ ခန့်မှန်းမိသည်။
သူမသည် အမြဲလိုလို တစ်ဖက်သားကို ဖိအားဖို့ရန် ဆန္ဒမရှိပေ။ ကုယန်ကျိုးနှင့် ရှဲ့ချန်တို့က သည်လိုထင်လျှင်လည်း သည်လိုပဲ တတ်နိုင်လေသည်။
ချင်ယောင်း၊ လင်ယွိပိုင်နှင့် ကုချီဖုန်းတို့က သည်ကိစ္စကို မသိကြသေးပေ။ အထူးသဖြင့် ချင်ယောင်းပင်။ ကျန်းယွင်ကျူး ထွက်လာပြီးကတည်းက သူမကို အလွန်သတိရခဲ့မိသည်။
အခုတော့ အဆင်ပြေသွားပြီ။ သူတို့တွေ အတူတူ ပြန်နေနိုင်ပြီလေ။
ဒါပေမဲ့ သူမက ချင်ယောင်းထက်အရင် လက်ထပ်ခဲ့တာပဲ။
မိန်းကလေးနှစ်ယောက်သည် တီးတိုးပြောစရာ အများအပြားရှိနေသည်။ သည်နေ့ကတော့ အလွန်လျင်မြန်စွာပင် ကုန်လွန်သွားခဲ့သည်။
မနက် ၃နာရီသာ ရှိသေးသည်။ ကျန်းယွင်ကျူးက ရေချိုးဖို့ အိပ်ရာထနေပြီးဖြစ်သည်။ အပြင်ဘက်တွင် စကားသံများ ပိုကြားလာရသည်။
အထိန်းတော်ချီက အစီအစဥ်များ လုပ်ပေးနေသည်။ အားလုံးက အစီအစဥ်အတိုင်း ဖြစ်နေသည်။ ကျန်းယွင်ကျူးအတွက် အလှပြင်ပေးမည့် အမျိုးသမီးတစ်ယောက်လည်း ရောက်နေသည်။
ရေချိုးပြီးသည်နှင့် ကျန်းယွင်ကျူး၏ အသားအရေသည် အဖြူရောင်ကြွေထည်လေးကို ချောမွတ်နေပြီး သူမ၏မျက်ခုံး၊ မျက်လုံးများက ပန်းချီကားတစ်ချပ်နှယ်။ အလှပင်ပေးသည့် အမျိုးသမီးသည် စိတ်ထဲတွင် စုပ်သပ်နေမိတော့သည်။ စစ်သေနာပတိချုပ်ရှန် ချစ်ရတဲ့သူလို့မပြောရဘူး။ လှပလွန်းတဲ့ သူတစ်ယောက်ပဲ။ ယောက်ျား ဖြစ်နေရင်တော့ သူမကို ထိကိုင်ချင်မိကြမှာပဲ။
အထူးသဖြင့် အခုချိန်တွင် ကျန်းယွင်ကျူးသည် အတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်ထားလေသည်။ သူမက ကျန်းယွင်ကျူး၏ မို့မောက်သည့်ရင်အစုံနှင့် ခါးက နွေဦး၏ မိုးမခပင်လေးနှင့်တူနေသည်ကို မြင်လိုက်ရတော့သည်။
...
အပိုင်း (၁၂၈)
သူမက အပွင့်လန်းဆုံးအရွယ်လေ။ မျက်နှာချေတွေ အများကြီး မလိုပါဘူး။ နည်းနည်လေး လိမ်းခြယ်ပေးလိုက်တာနဲ့ သတို့သမီးက အံ့ဩစရာကောင်းလောက်အောင်ကို လှသွားပြီ။
အလှပြင်ပေးသည့် အမျိုးသမီးက ကျန်းယွင်ကျူး၏နဖူးတွင် ပျိုနီပန်းပွင့်လေးကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲပေးလိုက်ပြီး သူမ၏အလှကို တိုးအောင် လုပ်ပေးလိုက်တော့သည်။
တောက်ပနေသည့် အနီရောင်မင်္ဂလာဝတ်စုံကို ဖြန့်ချလိုက်ပြီး ဝတ်ရုံပေါ်တွင် ပျိုနီပန်းများ ပန်ထားသည့် ဇာမဏီငှက်က လင်းလက်တောက်ပနေသည်။ ဝတ်ရုံကို သတို့သမီးပေါ်တွင် ဝတ်ဆင်ပေးလိုက်သည်နှင့် အားလုံးကို အသက်ရှူမှားသွားတော့သည်။
သည်အခိုက်တွင် အပြင်ဘက်မှာ ဗုံသံ မောင်းသံများ ထွက်လာ၏။ သတို့သားက သူမကို လာရောက် ကြိုဆိုခြင်းပင်။
ရှနိုင်ငံ၏ အစဥ်အလာအရ ကျန်းယွင်ကျူးသည် ခေါင်းတွင် ဇာပိတ်စဖြင့် မအုပ်ထားပေ။ သူမ၏မျက်နှာကို အနီရောင်သန္တာကျောက်ဆွဲများနှင့် ကွယ်ထားပြီး တင့်တယ်လှသည့် မေးစေ့နှင့် ချောမွတ်သည့်လည်တိုင်ကိုသာ ဖော်ထားသည်
အနီရောင်ပိုးအိပ်ရာပေါ်တွင် ထိုင်ရင်း ကျန်းယွင်ကျူးသည် သန္တာကျောက်ပုတီး ခန်းဆီကိုဖြတ်ကာ အပြင်က အခြေအနေကို ခပ်ရေးရေး မြင်နေရသည်။
အားလုံးက ဝန်းရံထားပြီး အနီရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ဝင်လာခဲ့သည်။
ရှန်ဖုန်းမင်ပင်။ ကျန်းယွင်ကျူးသည် သူက အနီရောင်ဝတ်ထားလျှင် မည်သို့ပုံစံဖြစ်မည်နည်းဟု အမြဲတမ်း သိနေခဲ့မိသည်။
သူမက ပုတီးခန်းဆီးမှတဆ့် သေသေချာချာ မမြင်ရခြင်းတစ်ခုပင်။
အမျိုးသမီးချန်နှင့် တခြားသူများက သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သည်နေ့၏ ရှန်ဖုန်းမင်သည် ကျောက်စိမ်းဆံထိုးတစ်ခုကို ဝတ်ဆင်ထားပြီး နက်မှောင်သည့်ဆံပင်က ဖဲသားကဲ့သို့နှယ်။ သူသည် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့၏ အေးစက်မှုကို အများကြီး လျော့ကျသွားစေပြီး ဇာမဏီမျက်လုံးနှင့် အနီရောင်နှုတ်ခမ်းများက ကျောက်စိမ်းတောင်များနှင့် ကြည်လင်သည့်နှင်းပွင့်နှယ်။ သူသည်လည်း နှင်းများပေါ်က အေးမြသည့်ဆီးသီးနှင့် တူကာ ခန့်ညားကျက်သရေရှိပြီး တောက်ပသည့်အမျိုးသားတစ်ယောက်အသွင် ခံစားရလေသည်။
သတို့သားက အလွန်ချောမောပေသည်။ သတို့သမီး၏ အလှကို စဥ်းစားမိလိုက်ချိန်တွင် မိုးနတ်မင်းက ဖန်ဆင်းပေးသည့် စုံတွဲတစ်တွဲဟု အားလုံးက ခံစားလိုက်ရတော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်သည် အိပ်ရာနားသို့ ရောက်လာပြီး ကိုယ်ကိုညွှတ်ကာ ကျန်းယွင်ကျူးကို မ,ချီလိုက်ပြီး အပြင်သို့ လျှောက်ကာ ထွက်လာခဲ့သည်။
သူသည် လက်ထဲတွင် ကျန်းယွင်ကျူးကို ချီကာ ပုံမှန်အတိုင်း လျှောက်လာခ့သည်။ စိုးရိမ်ပူပင်ဟန် လုံးဝမရှိသယောင်။
သူတို့သည် ရှည်လျားသည့် စင်္ကြံအတိုင်း လျှောက်လာပြီး တံခါးဘောင်များကို ကျော်လာပြီး ထုတ်တန်းများကို တစ်လွှာပြီး တစ်လွှာဖြတ်လာလေသည်။ ကျန်းယွင်ကျူးသည် သည်အတိုင်း သွားရတော့မည်ဟု စဥ်းစားလိုက်ချိန်တွင် သူသည် သူမကို ဝေါယာဥ်ပေါ်သို့ တင်ပေးလိုက်သည်။
စစ်သေနာပတိချုပ်ရှန်က လက်ထပ်တော့မည်။ မြို့တော်သည် ထိုတစ်နေ့လုံး စည်ကားလာခဲ့သည်။ အားလုံးက လမ်းဘေးတွင် ရပ်ကာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပြီး သူ လက်ထပ်မည့်သူက ဘယ်လိုလူမျိုးဖြစ်မလဲဟု မြင်ချင်နေကြလေသည်။
ရှည်လျားသည့် ကြိုဆိုရေးလူတန်းကြီးက မဆုံးနိုင်တော့သယောင်။ ရုတ်တရက် လူတစ်ယောက်က အံ့ဩတကြီး ထပြောလိုက်၏။
“သူတို့တွေ လာကြပြီ”
လမ်းအဆုံးကို ကြည့်လိုက်ရာ တောက်ပသည့်အနီရောင် မင်္ဂလာဝေါယာဥ်က တိမ်များကြားတွင် ရောက်နေသည့်နှယ်။
ဝေါယာဥ်၏ အနီရောင်အမိုးက ဘေးပတ်လည်တွင် အနီရောင်ဇာပိတ်သားကို ကာထားလေသည်။ အနီရောင်ဇာပိတ်သား၏ အပေါ်တွင် ပုတီးစေ့ခန်းဆီးတစ်လွှာ ချထားသည်။ လမ်းပေါ်က လူများသည် အထဲဘက်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူတို့သည် အထဲတွင် ထိုင်နေသည့် အနီရောင်အဝတ်အစားနှင့် လူတစ်ယောက်ကိုသာ ဝိုးတဝါးမြင်ရသည်။
သို့သော် သူမ၏ကျက်သရေရှိလှသည့် ကိုယ်ဟန်ကို ကြည့်လျှင် သူမသည် မည်မျှ ချောမောလှပမည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
အားလုံးက စကားစမြည်ပြောရင်း ရယ်မောနေကြသည်။ ထိုစဥ် လူတစ်ယောက်သည် သူတို့ကြားထဲတွင် ရပ်နေပြီး ဝေါယာဥ်ထဲက လူကို စိုက်ကြည့်နေလေသည်။ သူ့နှလုံးသားသည် ဓားတစ်ချောင်းက လိမ်ပြီး ထိုးသွင်းလိုက်သလို ခံစားလိုက်ရတော့သည်။
လင်ထင်အန်းပင်။ သူသည် စိတ်မဖြေနိုင် ဖြစ်နေတော့သည်။ ဝေါယာဥ်ထဲက လူက သူ့သတို့သမီး ဖြစ်ရမှာလေ။ ဒါပေမဲ့ အခုတော့ သူမက တခြားတစ်ယောက်ကို လက်ထပ်သွားပြီ။
သူ့မှာတော့ အလိုမတူနိုင်ဘဲ ဘာမှမလုပ်နိုင် ဖြစ်ရတော့တယ်။ လှုပ်ရှားဖို့အတွက် အခွင့်အရေးတောင် မရှိတော့ဘူး။
လှည့်ထွက်သွားကာ သူသည် လူကြားထဲတွင် ပျောက်ကွယ်သွားတော့သည်။
လမ်းတစ်လျှောက်တွင် မင်္ဂလာဝေါယာဥ်ကို ကြည့်နေကြသည့် လူများရှိနေသည်။
ကုယန်ကျိုးက စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။
လမ်းမျက်နှာချင်းဆိုင်တွင် ရှဲ့ချန်နှင့် ချင်ယောင်းတို့က ရပ်နေကြသည်။
“ရှင်ဘာလို့ ယွင်ကျူးရဲ့ မင်္ဂလာပွဲကို မတက်တာလဲ”
ချင်ယောင်းက ဒေါသထွက်ထွက်နှင့် မေးလေသည်။ ပြီးတော့ သူမ ဒီတစ်ခါ လာတော့ သူက သူမကို လုံးဝသူစိမ်းလို ဆက်ဆံနေတာပဲ။ သူ စိတ်များ ပြောင်းသွားပြီလား။ ပြီးတော့ ကျန်းယွင်ကျူးနဲ့ ခင်မင်မှုတွေကို မေ့သွားတာလား။
ရှဲ့ချန်သည် အေးစက်သည့် မျက်နှာထားနှင့် လှည့်ထွက်သွားချင်သော်လည်း နောက်ဆုံးတော့ သူက ပြောလိုက်လေသည်။
“ကိုယ့်မှာ အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခု လုပ်စရာရှိတယ်”
ချင်ယောင်းသည် အခိုက်တန့်အတွင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရုတ်တရက်ဆိုသလို သူမက သူ့ခါးကို ဖက်ထားလိုက်၏။ သူ ဘယ်ကိုပဲ သွားသွား သူနဲ့အတူတူ သူမကို ခေါ်သွားပါနော်။ သေရမယ်ဆိုရင်တောင်မှပေါ့။
ကြိုဆိုရေးလူတန်းက မြို့၏အနောက်ဘက်ခြမ်းသို့ ရောက်လာခဲ့သည်။
ရှီချန်း၏ အရှေ့မြောက်ဘက်တွင် ကြီးကျယ်ခန်းနားလှသည့် အိမ်တော်တစ်လုံးရှိလေသည်။ ဟွိုက်နန်ဝမ်ရယ်၏ အိမ်တော်ပင်။
သည့်နေက ရှေ့တွင် တာဝန်ကျသည့် လူများက အလွန်မှ သတိထားနေရသည်။ လတ်တလောတွင် ဝမ်ရယ်က စိတ်အခြေအနေ မကောင်းပေ။ သူတို့သည် မတော်တဆ သူ့ကို ဒေါသထွက်အောင်လုပ်မိမှာ စိုးရိမ်နေကြသည်။
သို့သော် အနောက်ဘက်ခြံက လူများကတော့ အများကြီး အေးဆေးသက်သာနေပြီး အထူးသဖြင့် အစွန်အဖျားတွင် ရှိသည့်ခြံဝင်းတွင် နေသူများပင်။ မည်သို့ဆိုစေ ဝမ်ရယ်က သည်နေရာကို လာမည်မဟုတ်ချေ။ သူတို့သည် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်လေသည်။
သည်အခိုက်တွင် သူတို့သည် မြို့တော်တစ်ခုလုံးကို စိတ်ဝင်တစားဖြစ်စေသည့် အပြင်ဘက်က မင်္ဂလာပွဲကြီးအကြောင်းကို ပြောနေကြသည်။
“မင်းသားခြောက်ရဲ့ မင်္ဂလာပွဲတုန်းကတောင် ဒီလောက်မစည်ကားဘူးနော်” မျက်နှာဝိုင်းနှင့် အစေခံမလေးက မှတ်ချက်ပေးလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အားကျမှုအပြည့်ပင်။
“အဲဒီ..... စစ်သေချာပတိချုပ်ရှန်က အချိန်မရွေး လူတွေကို သ-တ်တဲ့သူပဲ၊ နင်သာ လက်ထပ်ရမယ် ဆိုရင်ကော လက်ထပ်ရဲလို့လား” တခြားအစေခံမလေးက ပြောလိုက်သည်။
“လက်ထပ်မှာပေါ့၊ ငါက ဘာလို့ လက်မထပ်ရမှာလဲ၊ ငါ သူနဲ့ လမ်းပေါ်မှာ တစ်ခါ ဆုံဖူးတယ်....”
ထိုအကြောင်းကို ပြန်ပြောရင်း မျက်နှာဝိုင်းနှင့် အစေခံမလေး၏ နှလုံးသားသည် နွေဦးထဲတွင် ပွင့်လန်းသွားတော့သည်။ ဒီလိုယောက်ျားတစ်ယောက်အတွက်နဲ့တော့ ဒီနေ့လက်ထပ်ပြီး မနက်ဖြန် သေဆိုလည်း တန်ပါတယ်။
ပြီးတော့ ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုလည်း ရှိသေးတယ်လေ။ အားကျစရာပဲကိုး။
“နင် လက်ထပ်ချင်ရင်တော့ လုပ်ပေါ့လေ၊ ဒါပေမဲ့ တချို့တွေလိုတော့ မလုပ်နဲ့၊ တစ်ခုခု လှပဖို့ပဲ စဥ်းစားပြီး အခန်းထဲက အဲဒီလူလိုတော့ မလုပ်နဲ့” တခြားအစေခံမလေးက ပြောလိုက်သည်။
အခန်းထဲက လူအကြောင်း ပြောလိုက်သည်တွင် မျက်နှာဝိုင်းနှင့် အစေခံမလေးက နှာခေါင်းရှုံ့လိုက်ပြီး
“ဟုတ်ပါ့ဟယ်၊ ငါတို့ကိုပါ လိုက်ဆွဲထည့်ခဲ့တာ”
အခန်းထဲတွင် ကျန်းယွင်ရှို့သည် ဗုံမောင်းသံနှင့် အပြင်က ဆူညံသံများကို ကြားနေရသည်။ သတို့သမီး ကြိုဆိုသည့်လူတန်းတစ်ခု၏ အသံဟု ထင်ရသော်လည်း မည်သူ မင်္ဂလာဆောင်မှန်းတေော့ သူမ မသိပါချေ။
အစေခံမလေးနှစ်ယောက်က ‘စစ်သေနာပတိချုပ်ရှန်’ဟု ပြောလိုက်သည်ကို ကြားလိုက်ရပြီး သူမသည် ပြောင်ရှင်းနေသည့် မျက်နှာကို ရုတ်တရက် မော့လိုက်ပြီး တံခါးဖွင့်လိုက်လေသည်။
“ဘယ်သူ လက်ထပ်တာလဲ” သူမက အစေခံမလေးနှစ်ယောက်ကို မေးလိုက်သည်။
အစေခံမလေးနှစ်ယောက်က သူမကို မျက်စောင်းဖြင့် ကြည့်လိုက်ပြီး သူမကို ပြန်မဖြေကြပေ။
လင်ထင်အန်း ပြောသည့်အတိုင်းပင် ဟွိုက်နန်ဝမ်ရယ်သည် ကျန်းယွင်ရှို့၏ သစ်လွင်ပုံကို ခဏတာ ခံစားခဲ့ခြင်းပင်။ သူမကို ရပြီးနောက်တွင် သူသည် သူမကို လဝက်ကျော်လောက် အလိုလိုက်ပေးခဲ့ပြီးနောက် သူမကို ငြီးငွေ့သွားကာ ချောင်ထိုးထားလိုက်တော့သည်။
ဟွိုက်နန်ဝမ်ရယ်၏ အိမ်တော်တွင် သူ့ဂရုစိုက်ခံရဖို့ စောင့်နေကြသည့် ငယ်ရွယ်ပြီး ပိုလှပကာ ပိုပြီး ချစ်စရာကောင်းသည့် မိန်းကလေးများစွာ ရှိလေသည်။
ဟုတ်ပါသည်။ အချစ်မခံရတော့သည့် ကျန်းယွင်ရှို့လိုလူများစွာလည်း ရှိလေသည်။ သူတို့တွင် ရာထူးအဆင့်တစ်ခု ရှိလျှင်တော့ အဆင်ပြေသေးသည်။ မရှိခဲ့လျှင်တော့ သူတို့သည် အိမ်တော်၏ ထောင့်တစ်နေရာတွင် အမှိုက်သဖွယ် စွန့်ပစ်ခံရပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတော့သည်။
ကျန်းယွင်ရှို့က သူတို့ထဲက တစ်ယောက်ပင်။ သူမသည် အစွန်ဖျားဆုံး ခြံဝင်း၏ အိမ်တွင် လဝက်ကျော်လောက် နေလာခဲ့ရသည်။
အစပိုင်းတွင်တော့ သူမသည် ထိုအဖြစ်ကို မယုံကြည်နိုင်ဘဲ ဟွိုက်နန်ဝမ်ရယ်ကို သွားရှာကာ သူ့အချစ်ကို ပြန်လိုချင်ခဲ့သည်။ သို့သော် ဟွိုက်နန်ဝမ်ရယ်က သူမကို လုံးဝမတွေ့ချင်တော့ပေ။ သူသည် ငြီးငွေ့သွားပြီဆိုလျှင် အမှန်ပင် ငြီးငွေ့သွားလို့ပင်။
နောက်ပိုင်းတွင် သူမသည် ဟွိုက်နန်ဝမ်ရယ်၏ ဆက်ခံသူကို ကိုယ်ဝန်ဆောင်နိုင်ဖို့ စိတ်ကူးခဲ့သေးသည်။ သူမသည် ကိုယ်ဝန်ဆောင်နိုင်သ၍ ဒုတိယကိုယ်လုပ်တော် ဖြစ်လာနိုင်သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းက သူမသည် ဓမ္မတာ လာခဲ့လေသည်။
မတတ်သာတော့ဘဲ သူမက သူမ၏တန်ဖိုးရှိသည့် ပစ္စည်းများကို မျက်နှာဝိုင်းနှင့် အစေခံမလေးကို ပေးပြီး သူမအတွက် ဟွိုက်နန်ဝမ်ရယ်ထံတွင် တောင်းဆိုပေးရန် လင်ထင်အန်းဆီ စာသွားပို့ခိုင်းခဲ့သည်။
လင်ထင်အန်းသည် သူ၏မင်္ဂလာပွဲချီးမြှင့်ခြင်းက ကျရှုံးခဲ့ရာ သူက သူမနှင့် စာရင်းရှင်းချင်နေသည်။ သူမ ပြောတဲ့စကားက အမှန်ပဲဆိုရင် သူမသည် ကျန်းယွင်ကျူးရဲ့ တုတ်ချောင်းကို လဲခဲ့ပြီး သူမကို အန်းဖင်နယ်စားအိမ်တော်ကို မဝင်နိုင်အောင်လုပ်ခဲ့လို့ ရှန်ဖုန်းမင်နဲ့ လက်ထပ်သွားတာပဲ။ သူက သူမကို ဘယ်လိုပြီး အလွတ်ပေးနိုင်မှာလဲ။
အစကတော့ သူမကို ရှင်းပစ်ဖို့ စီစဥ်ထားပြီးသားပင်။ သူမ၏အခြေအနေကို သိလိုက်ရပြီးနောက် သူသည် သူ၏ပထမအစီအစဥ်ကို လက်လျှော့လိုက်တော့သည်။
သူမကို အစွန်အဖျားခြံဝင်းလေးထဲမှာပဲ တစ်ယောက်ထဲ ဒုက္ခရောက်ခိုင်းထားလိုက်မယ်။ သူမလည်း သူမရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေရဲ့ အကျိုးဆက်ကို ခံစားသင့်တာပေါ့။
ကျန်းယွင်ရှို့သည် လုံးဝကြံရာမရဖြစ်သွားတော့သည်။ သည်ခြံဝင်းထဲတွင် နေရသည်က အချုပ်ထဲတွင် နေရသည်ထက် ပိုဆိုးသေးသည်။
“စစ်သေနာပတိချုပ်ရှန် လက်ထပ်သွားပြီဟုတ်လား၊ သူ ဘယ်သူ့ကို လက်ထပ်သွားတာလဲ”
ကျန်းယွင်ရှို့သည် မျက်နှာဝိုင်းနှင့် အစေခံမလေးကို ဖမ်းဆွဲလိုက်ပြီး သူမသည် ရူးသွားသည့်နှယ် မေးလိုက်တော့သည်။
မျက်နှာဝိုင်းနှင့် အစေခံမလေးက ကြောက်လန့်သွားပြီး
“လက်ထပ်သွားတာက စစ်သေနာပတိချုပ်ရှန်လေ၊ သူ လက်ထပ်သွားတဲ့သူက မြို့စားမင်းသမီးယွင်ရုံလို့ ကြားတာပဲ”
မြို့စားမင်းသမီးယွင်ရုံက ကျန်းယွင်ကျူးလေ။
အပြင်မှာ လက်ထပ်ပွဲလုပ်နေတာက ကျန်းယွင်ကျူးပေါ့။ သူမက ရှန်မိသားစုရဲ့ သခင်မငယ်လေး ဖြစ်လာတော့မှာပေါ့။
ရှန်မိသားစုက အန်းဖင်နယ်စားထက် ပိုပြီး အာဏာရှိတယ်လေ။
ကျန်းယွင်ရှို့သည် တစ်ချိန်ထဲတွင် ငိုချင်ရမလို ရယ်ရမလို ဖြစ်သွားတော့သည်။ သူမက သူမရဲ့ကံတရားကို ပြောင်းလဲခဲ့တာလေ။ ပြီးတော့ သူမ ပြန်ရလိုက်တာက ဘာလဲ။
သူမ သတိလွတ်နေသည်ကို အခွင့်ကောင်းယူလိုက်ပြီး သူမဘေးက အစေခံမလေးက သူမကို မြေကြီးပေါ် တွန်းလဲလိုက်ပြီး မျက်နှာဝိုင်းနှင့် အစေခံမလေးကို လှမ်းဆွဲလိုက်တော့သည်။
မျက်နှာဝိုင်းနှင့် အစေခံမလေးသည် သတိပြန်ဝင်လာတော့သည်။ သူမသည် ရှက်ရွံ့ကာ ဒေါသထွက်လာပြီး ကျန်းယွင်ရှို့ကို ကန်ကျောက်ဖို့ ခြေထောက်ကို မ,လိုက်လေသည်။ သို့သော် နောက်ဆုံးတွင် သူမသည် မလုပ်ရဲဘဲ ကျန်းယွင်ရှို့ကိုယ်ပေါ်သို့ တံတွေးထွေးချလိုက်တော့သည်။
ကျန်းယွင်ရှို့က သူမ၏ခြေထောက်ကို လှမ်းဖမ်းလိုက်ပြီး
“ငါ့ကို မြို့စားမင်းသမီး ယွင်ရုံဆီ စာတစ်စောင်သွားပို့ပေးပါ၊ ငါက သူ့ညီမလေးပါ၊ သူ့ညီမလေးအရင်းပါ၊ သူ သိရင် ငါ့ကို လာကယ်ပေးမှာ”
နောက်ဆုံး အသက်ကယ်ပေးမည့် ကောက်ရိုးကို ဖမ်းဆုပ်နေသည့်နှယ် သူမသည် စိုးရိမ်တကြီးနှင့် ပြောလိုက်လေသည်။
“အရူးမ”
မျက်နှာဝိုင်းနှင့် အစေခံမလေးက ထိုစကားကို မယုံပေ။ ပြီးခဲ့တဲ့တစ်ခေါက်က သူမကို ကူညီပေးပြီး ဒုဝန်ကြီး လင်ဆီ စာသွားပို့ပေးတော့လည်း သူက သူမကို လျစ်လျူရှုထားတာပဲ။
“ငါ နင့်ကို ငွေပေးပါ့မယ်”
ကျန်းယွင်ရှို့က ပြောလိုက်ပြီး ဟိုစမ်းသည်စမ်းလုပ်လိုက်သည်။ သူမတွင် အဘယ်မှာ ငွေရှိပါမည်နည်း။ သည်အစွန်အဖျားခြံဝင်းထဲတွင် ကြာမြင့်စွာနေရသည့် ကာလတွင်လည်း အစားအသောက်အတွက် ငွေကုန်ရသည်။ စာပို့ပေးဖို့အတွက်လည်း ငွေကုန်ရလေသည်။
ရုတ်တရက် သူမသည် လုံးဝန်းဝန်းအရာဝတ္ထုတစ်ခုကို ထိမိသွားတော့သည်။ သူမက ထုတ်ကြည့်လိုက်တော့ လရောင်ပုလဲတစ်လုံး ဖြစ်နေသည်။ ဒီပုလဲကြောင့်သာ သူမသည် ဟွိုက်နန်ဝမ်ရယ်၏ ပုလဲဖြစ်လာဖို့ သဘောတူခဲ့ခြင်းပင်။ အခု သည်ပုလဲကို တွေ့လိုက်ရတော့ သူမသည် နောင်တရလို့ မဆုံးတော့ပေ။
မျက်နှာဝိုင်းနှင့် အစေခံမလေး၏မျက်လုံးများက လင်းလက်သွားလေသည်။ သူမက လက်ဆန့်လိုက်ပြီး ပုလဲကို လုယူလိုက်၏။
သည်အချိန်တွင် သတို့သမီးကြိုဆိုရေးလူတန်းက ရှန်အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပွေ့ချီလိုက်ပြီး သူမကို မင်္ဂလာဦးအခန်းထဲက အိပ်ရာပေါ်သို့ ချီသွားလိုက်လေသည်။
လူတစ်ယောက် သူ့ကို ကျောင်းစိမ်ရူယိ လှမ်းပေးလိုက်ပြီး သူက ရူယိကို သုံးက ကျန်းယွင်ကျူး၏ ဇာမဏီသရဖူပေါ်က သန္တာကျောက်ဆွဲများကို ပင့်လိုက်ပြီး သူမ၏မျက်နှာကို ဖော်လိုက်လေသည်။
သည်အချိန်တွင် မင်္ဂလာဦးအခန်းထဲတွင် ရှန်မိသားစု၏ အမျိုးသမီးဧည့်သည်များနှင့် ပြည့်နေလေသည်။ သူတို့သည် သတို့သမီး၏ရုပ်ရည်ကို အစောကြီးကတည်း သိချင်နေခဲ့ကြသည်။ သည်ရုပ်လေးကို မြင်လိုက်သည်တွင် သူတို့အားလုံးသည် မှင်တက်သွားကြတော့သည်။
သတို့သမီး၏အသားအရေက နှင်းလို ကြွရွနေသည်။ သူမ၏မျက်ခုံးများက ထင်းနေသည်။ သူမ၏အနီတောက်တောက် နှုတ်ခမ်းကို လှလှပပ ပုံဖော်ထားသည်။ သူမ၏တကိုယ်လုံးကလည်း သူမ၏မျက်ခုံးများကြားက ပျိုနီပန်းလေးကို နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းလှသည်။ ဘရိုကိတ်သား ခြင်ထောင်၊ အဝတ်အစား၊ ဇာမဏီသရဖူနင့် အနီရောင်တိမ်သား ဝတ်ရုံတို့ကို ပေါင်းလိုက်လျှင် သူမသည် ရောင်ခြည်စက်ဝန်းတစ်ခုထဲတွင် ဖုံးကွယ်ထားသယောင်။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် သူမ၏ပတ်ဝန်းကျင်က အရာအားလုံးကို မြင်နေရသည်။ ရှန်ဖုန်းမင် အပါအဝင်ပင်။
သူသည် အနီရောင်လေးနှင့် ကြည့်ကောင်းနေလေသည်။
သူမ၏ ညင်သာသည့်အကြည့်တွင် ရှန်ဖုန်းမင်သည် တစ်ခုခုက သူ့နှလုံးသားကို လာရိုက်မိသလို ခံစားလိုက်ရပြီး သူစိတ်လည်း လှုပ်ရှားလာတောသည်။
သည်အချိန်တွင် လူတစ်ယောက်က ဝိုင်ခွက်တစ်ခွက်ကို ယူလာပေးလေသည်။ ရှန်ဖုန်းမင်က ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး ကျန်းယွင်ကျူး လှမ်းပေးလိုက်သည်။
ကျန်းယွင်ကျူးက ဝိုင်ခွက်ကို ယူလိုက်သည်။
သူတို့နှစ်ယောက်သည် လက်ချင်းယှက်ပြီး လက်ထဲက ဝိုင်ကို သောက်လိုက်ကြလေသည်။
ဘေးက လူများက သူတို့ကို ဂုဏ်ပြုစကားဆိုကြသည်။
နှစ်ယောက်လုံး၏ မျက်နှာများက နီမြန်းသွားကြလေသည်။
ထို့နောက် နောက်ထပ် ထုံးတမ်းအစဥ်အလာတစ်ခုကို လုပ်လိုက်ကြသည်။ အားလုံး လုပ်ပြီးသွားသည့်နောက်တွင် ရှန်ဖုန်းမင်က အပြင်ထွက်ကာ ဧည့်သည်များ ဧည့်ခံပြီး ကျန်းယွင်ကျူးကတော့ မင်္ဂလာခုတင်ပေါ်တွင် ထိုင်ကာ သူပြန်အလာကို စောင့်နေလိုက်သည်။
“မမလေး၊ မဟုတ်တော့ဘူး၊ သခင်မ၊ တစ်ခုခု စားလိုက်ရအောင်”
မင်္ဂလာခန်းထဲတွင် ကျန်းယွင်ကျူးတစ်ယောက်သာ ကျန်သည်။ ရှီလျို့က သူမ စားဖို့အတွက် သွားရေစာများကို မြန်မြန် ထုတ်ပေးလိုက်သည်။
အမှန်တွင်တော့ အခန်းထဲက စားပွဲပေါ်တွင် မုန့်အချိုများနှင့် အသီးခြောက် အမျိုးမျိုးရှိလေသည်။ သို့သော် အားလုံးက သူ့အဓိပ္ပာယ်နှင့် သူ ရှိကြသည်။ ထိုစွန်ပလွံသီးများနှင့် ကြာစေ့ကဲ့သို့ပင်။ ကျန်းယွင်ကျူးသည် ထိုအသီးများကို အမှန်ပင် မစားရက်ပေ။
ကျန်းယွင်ကျူးသည် အမှန်ပင် အနည်းငယ်ဗိုက်ဆာနေသည်။ သူမက နည်းနည်းပါးပါး စားလိုက်ပြီး လက်ဖက်ရည်နည်းနည်း သောက်လိုက်သည်။
ထို့နောက်တွင် ရှည်ကြာသည့် စောင့်ဆိုင်းခြင်းတစ်ခု ရောက်လာခဲ့သည်။ ဘယ်လောက်ကြာကြာ စောင့်လိုက်ရသည်မသိပေ။ အထိန်းတော်ချန်က ဝင်လာပြီး
“သခင်မ အကြီးဆုံးသခင်လေး ခဏနေ ပြန်လာတော့မယ်၊ ရေချိုးပြီး အဝတ်အစားလဲ ထားချင်လား”
ကျန်းယွင်ကျူသည် သည်လိုပုံစံနှင့် ကြည့်ကောင်းနေသော်လည်း အလွန်မှ လေးလံနေကာ အိပ်ဖို့ရန် မသင့်တော်ချေ။
“အင်း” ကျန်းယွင်ကျူးက သဘောတူလိုက်၏။
လူတစ်ယောက်က ချက်ချင်းဝင်လာပြီး သူမ၏ဆံပင်ကို ဖြည်ပေးကာ ဇာမဏီသရဖူကို ချွတ်ပေးလိုက်ပြီး သူမ၏မင်္ဂလာဝတ်ရုံကို ချွတ်ပေးလိုက်လေသည်။
နက်မှောင်သည့်ဆံထုံးက ရေတံခွန်အလား ပြေကျသွားပြီး သူမ၏သွယ်လျလျ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေသည်။
ဘေးနားကအခန်းတွင် ရေနွေးအဆင်သင့် ပြင်ထားပေးသည်။
ကျန်းယွင်ကျူးည် တစ်နေ့လုံး ပင်ပန်းသမျှကို ဆေးကြောရန် ခန္ဓာကိုယ်ကို ရေထဲစိမ်ထားလိုက်သည်။
နာရီဝက်ကြာပြီးနောက် သူမသည် ရေထဲက ထွက်လာပြီး ကိုယ့်ဟာကို ခြောက်သွေ့အောင် လုပ်လိုက်ပြီး ညအိပ်ဝတ်စုံကို လဲလိုက်လေသည်။
သည်ညအိပ်ဝတ်စုံကလည်း အနီရောင်ပင်။ သို့သော် ဝတ်စုံစာ် အလွန်မှ နူးညံ့ပြီး ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းတစ်ခုကို ပုံဖေါ်ထားသည်။
ကျန်းယွင်ကျူးသည် အများကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး အိပ်ရာပေါ်တွင် ထိုင်ကာ ရှန်ဖုန်းမင်ကို ဆက်စောင့်နေလိုက်သည်။
သည်အချိန်တွင် အပြင်ဘက်၌ ညပိုင်းရောက်နေပြီ။
တောက်ပသည့် လ
မင်းကြီးက တဖြည်းဖြည်း မြင့်တက်လာသည်။ ရုတ်တရက် အပြင်ဘက်က ခြေသံများ ထွက်လာသည်။
“အကြီးဆုံးသခင်လေး အခန်းထဲ ပြန်လာပြီ”
အထိန်းတော်ချန်က ဝမ်းသာအားရ ပြောလိုက်၏။၊ ထို့နောက် သူမက အားလုံးကို မျက်စိမှိတ်ပြပြီး အချက်ပေးလိုက်လေသည်။ အားလုံးက ကြင်စဦးမောင်နှံ၏ မင်္ဂလာဦးညကို အနှောင့်အယှက် မဖြစ်စေရန် အခန်းထဲက ထွက်သွားလိုက်ကြတော့သည်။
. . .
အပိုင်း (၁၂၉)
၉လပိုင်းအစတွင် မြို့တော်၏ ညချမ်းက အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေလေသည်။ အစက်အပျောက်ဖြစ်နေသည့် ကြယ်များနှင့် အေးမြမြလဝန်း၏ ကြည်လင်တောက်ပသည့်အရောင်က ကမ္ဘာမြေကို ဖြန့်ကျက်ထားသည်။
တံခါးကို ကျွီခနဲ မြည်သံတစ်ချက်နှင့် ပွင့်သွားသည်။ ရှန်ဖုန်းမင်သည် လျှောက်ကာ ဝင်လာလေသည်။
သူသည် အနီရောင်ဝတ်စားထားသည်။ သူသည် ရေချိုးခဲ့ပြီးသည့်နှယ်။ သူ့ဆံပင်များက မှင်ရည်လို နက်နေပြီး သူ့မျက်ဝန်းများက တောက်ပလို့နေသည်။
စားပွဲပေါ်တွင် အမူးပြေဟင်းရည် အသင့်ပြင်ထားပြီး ကျန်းယွင်ကျူးက ရပ်နေကာ သူ့အတွက် ဟင်းရည်တစ်ပန်းကန် ထည့်ပေးရန် ပြင်လိုက်သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်သည် တံခါးကို ပိတ်လိုက်ပြီး သူမဘေးသို့ ရောက်လာခဲ့သည်။
ကျန်းယွင်ကျူးက သူ့ကို အမူးပြေဟင်းရည် ကမ်းပေးလိုက်ပြီး
“နည်းနည်းလောက် သောက်လိုက်ပါလား”
ရှန်ဖုန်းမင်သည် ဝိုင်အများကြီး သောက်ထားသော်လည်း မမူးနေချေ။ သူသည် အမူးပြေဟင်းရည်ကို တစ်ချက်လေးပင် မကြည့်ပေ။ ထို့အစား သူသည် ပြင်းပနေသည့် မျက်လုံးများနှင့် ကျန်းယွင်ကျူးကို စိုက်ကြည့်နေလိုက်သည်။
ကျန်းယွင်ကျူးမှာ ရှက်သွေးဖြာသွားတော့သည်။ အင်းပေါ့လေ။၊ နောက်ဘာဖြစ်မယ်ဆိုတာ သူမ သိနေတာပဲ။ သူတို့တွေက လင်နဲ့မယား ဖြစ်သွားကြပြီပဲ။
“ယွင်ကျူး ကိုယ်....”
ရှန်ဖုန်းမင်က သူမ၏လက်ကို ဖမ်းဆွဲလိုက်ပြီး မေးလိုက်၏။
သည်အချိန်တွင် သူ့လက်များက အပူလောင်ထားသယောင်။ ကျန်းယွင်ကျူး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပူကြောင့် ချိနဲ့လာတော့သည်။ သူမ၏နှင်းလို ချောမွတ်သည့် အသားအရေပေါ်တွင် ပန်းရောင် စွန်းထင်းသွားလေသည်။ နွေဦးချယ်ရီပွင့်များလို ဆွဲဆောင်မှုရှိလှသည်။
ရှန်ဖုန်းမင်သည် ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ အမူးပြေဟင်းရည်ကို စားပွဲပေါ် ပစ်ထားလိုက်ကာ ကိုယ်ကိုညွှတ်ပြီး သူမကို ကောက်ချီလိုက်ပြီး သူမကို ခုတင်ပေါ်တွင် ဖိထားလိုက်သည်။
ရှန်ဖုန်းမင်သည် သူ့ကိုယ်သူ ထိန်းချုပ်မှုလွှတ်သွားပြီး သူမကို မလေးမစားလုပ်မိမှာ စိုးလေရာ အစက အရူးအမူး ပြင်းရှရှ မနမ်းရဲခဲ့ပေ။ သို့သော် အခုတော့ သူမသည် သူ့လူဖြစ်သွားပြီ။ သူ၏ တရားဝင် ဇနီးဖြစ်သွားပြီ။ သူသည် သူမကို စိတ်ရှိတိုင်း နမ်းရှုံ့နိုင်တော့မည်။
ကျန်းယွင်ကျူးမှာ ပူပြင်းသည့်ခံစားချက်သာ ဖြစ်နေတော့သည်။ ဒီညမှ ဘာလို့ အဲလောက်ပူနေရတာလဲ။ ပူလွန်းလို့ အသက်တောင် မရှူနိုင်တော့ဘူး။
သည်အချိန်တွင် အဝတ်အစားချွတ်ရာမှ တချွတ်ချွတ်မြည်သံကို ကြားလိုက်ပြီး သူမ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်လေသည်။ ခူးဆွတ်ခံဖို့ရန် စောင့်ဆိုင်းနေသည့် ပွင့်လန်းနေသည့် ပန်းတစ်ပွင့်နှယ်။
ရှန်ဖုန်းမင်၏ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေလေသည်။ ထိုအမာရွတ်များသည် အကြီး အသေး၊ အသစ် အဟောင်း စုံလို့ပင်။
ကျန်းယွင်ကျူးသည် သူမ၏လက်များနှင့် သူ့အမာရွတ်ကို အမှတ်တမဲ့ ပွတ်သပ်လိုက်လေသည်။
သူမ၏လုပ်ရှားမှုက မရည်ရွယ်ဘဲ ရှန်ဖုန်းမင်ကို လှုံ့ဆော်မိတော့သည်။ သူက သူမကို တင်းကြပ်နေအောင် ဖက်ထားလိုက်ပြီး ငုံ့ချလိုက်လေသည်။
ထို့နောက်တွင်တော့ ကျန်းယွင်ကျူးသည် သူ့အမာရွတ်များအတွက် ထပ်ပြီး ဝမ်းမနည်းတော့ပေ။ သူမက သူ့ခန္ဓာကိုယ်ပေါ်တွင် ထပ်ပြီးတော့ပင် နည်းနည်းလောက် ကုတ်ခြစ်ချင်သွားတော့သည်။ သူမမှာ ထိုအင်အားမရှိနေသည်ကတော့ နှမြောစရာပင်။ သူမသည် သူလိုချင်သည့် အရာတိုင်းကို ခွင့်ပြုထားရန်သာ တတ်နိုင်တော့သည်။
တံခါးအပြင်ဘက်က လျှောက်လမ်းပေါ်တွင် အထိန်းတော်ချန်သည် ချွဲနွဲ့သည့် အော်သံတစ်ချက်ကို ကြားလိုက်ပြီး လူတစ်ယောက်က ခပ်ကြမ်းကြမ်း အနိုင်ကျင့်ခံလိုက်သည့်နှယ် ပြတ်တောင်း ပြတ်တောင်း ညည်းသံတိုးတိုးလေးများက နောက်မှ ထွက်ပေါ်လာသည်။ အသံက ယစ်မူးဖွယ် လှပလွန်းသည်။ လူတို့၏နှလုံးသားထဲတွင် စွဲကပ်နေပြီး ထပ်ပြီး မကြားချင်ဘဲ မနေနိုင်အောင် လုပ်နေတော့သည်။
သတို့သမီးက သည်လိုဖြစ်နေပြီဆိုတော့ ဒီနေ့ညတော့ သူမတော့ အများကြီး ခံစားရတော့မဲ့ပုံပဲ....။ အထိန်းတော်ချန်သည် ကြည်နူးမှုကို ခံစားရင်း အပြုံးတစ်ခုနှင့် လျှောက်ကာ ပြန်လာခဲ့လေသည်။
တန့်ယန်းမင်းသမီးက အနောက်ဘက်ခြံထဲတွင် လက်ဖက်ရည်သောက်နေလေသည်။ ဟုတ်ပါသည်။ သူမ၏အာရုံက လက်ဖက်ရည်နားတွင် လုံးဝမရှိပေ။ သူမ၏မျက်လုံးများက မကြာခဏဆိုသလို တဖျပ်ဖျပ် ခတ်နေသည်။
သည်အချိန်တွင် အထိန်းတော်ချန်က ဝင်လာခဲ့သည်။
“ဘယ်လိုလဲ”
သူမက မေးလိုက်၏။ အမှန်အတိုင်း ပြောရရင် သူမ စိတ်ပူနေမိတယ်လေ။ သားဖြစ်သူက အရမ်းကို အရည်အချင်း ရှိပြီး အဲဒီကိစ္စကို လုပ်နိုင်တယ်ဆိုတာ သေချာသိပါတယ်။ ဒါပေမဲ့လည်းပေါ့လေ....။
“သခင်မ မနက်ဖြန်မနက်အတွက်တော့ သခင်မလေးကို နည်းနည်းအလျှော့ပေးမှပဲရမယ်”
အထိန်းတော်ချန်းက သည်လို ပြန်ဖြေလိုက်သည်။
သူမရဲ့အဓိပ္ပာယ်က အဲကိစ္စ ဖြစ်မြောက်သွားပြီပေါ့လေ။ ပြီးတော့ အရမ်းကို....။
တန့်ယန်းမင်းသမီးသည် သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး
“မနက်ဖြန်မနက် အစောကြီးထမလာနဲ့လို့ သူတို့ကို ပြောထားလိုက်”
ဒါပေါ့လေ။ သူမက ပန်းလေးလို နူးညံ့သိမ်မွေ့တဲ့ သတို့သမီးကို ညှာတာပေးရမှာပေါ့။ အခုတော့ သူမကို ကြည့်လေလေ ပိုပြီး သဘောကျလာလေလေ ဖြစ်နေပြီလေ။
“ဟုတ်ကဲ့”
အထိန်းတော်ချန်က ပြုံးကာ ပြောလိုက်သည်။
တန့်ယန်းမင်းသမီးသည် လက်ဖက်ရည် ဆက်မသောက်တော့ပဲ လက်ဖက်ရည်ပန်းကန်လုံးကို ချထားလိုက်ကာ အိပ်ခန်းသို့ ပြန်သွားတော့သည်။
တော်ဝင်ပညာရှင်ရှန်သည် အိပ်ရာဝင်နှင့်ပြီး သူ့လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားကာ စာဖတ်နေသယောင်။
တန့်ယန်းမင်းသမီးက အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သိပ်ကို သူတော်ကောင်းကြီးပေါ့လေ။ သူက တကယ်ပဲ စာဖတ်နေတာတဲ့လား။
“ပြီးသွားပြီ” သူမက ပြောလိုက်၏။
တော်ဝင်ပညာရှင်ရှန်သည် အသာအယာ ချောင်းဟန့်လိုက်၏။ သူ့သား အဆင်ပြေမယ်ဆိုတာ သိသားပဲ။
အိပ်ချိန်တန်ပြီ။
နောက်တစ်နေ့ ကောင်းကင်ကြီး တောက်ပလာချိန်တွင် ကျန်းယွင်ကျူးသည် မျက်လုံးများ ပွင့်လားပြီး အိပ်ရာထမည် ပြင်လိုက်သည်။ အခုမှ လက်ထပ်ပြီးစ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒုတိယနေ့မနက်ခင်းမှာ ယောက္ခမိဘတွေကို လက်ဖက်ရည် ကမ်းရမယ်လေ။ မနေ့ကတောင် ဒီကိစ္စကို စဥ်းစားမိနေပါသေးတယ်။ ဘာလို့ ဒီအချိန်အထိ အိပ်ပျော်သွားရတာလဲ။
သူမက လှုပ်ရှားလိုက်ချိန်တွင်တော့ တစ်ကိုယ်လုံး နာကျင်နေသည်ကို ခံစားလိုက်ရတော့သည်။ အထူးသဖြင့် ဖက်ခံထားသည့် ခါးပင်။ သူမသည် ထချင်ပါသော်လည်း မထနိုင်တော့ပေ။
ရှန်ဖုန်းမင်က မျက်လုံးများကို ဖွင့်လိုက်ပြီး
“ခဏလောက် ဆက်အိပ်ရအောင်ပါ”
ကျန်းယွင်ကျူးကို သူ့ကို စူးရှသည့် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သူ့ကို အပြစ်တင်လိုက်လေသည်။ ထို့နောက်
“ရှင် ဘာလို့ ကျွန်မကို မနှိုးတာလဲ”
“ရှန်ဖုန်းမင်က သူမ စိတ်ပူနေသည့် အကြောင်းအရင်းကို သိနေပြီး
“အမေက ပြောထားတယ်လေ ညီမကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါတဲ့၊ လက်ဖက်ရည် ကမ်းဖို့အတွက် အလျင်လိုစရာမလိုပါဘူး”
သူက ပြောရင်းဆိုရင်း ကျန်းယွင်ကျူး၏ခါးကို ဖမ်းဆွဲကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။
နှစ်ယောက်သားသည် အသားချင်း ထိသွားတော့သည်။
ကျန်းယွင်ကျူးသည် အစပိုင်းတွင်တော့ ဘာမှ မခံစားရချေ။ နောက်ပိုင်းတွင်မှ သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲကို သတိထားမိလိုက်ပြီး အလောတကြီး ပြေးထွက်ချင်သွားတော့သည်။
“ကိုယ် ဘာမှ မလုပ်ပါဘူး”
ရှန်ဖုန်းမင်က သူမကို ပြန်ဆွဲထားကာ ပြောလိုက်၏။ မနေ့ညက လောကကြီးရဲ့ အချမ်းသာဆုံးသော ကောင်းခြင်းကို တွေ့ကြုံခဲ့ရတယ်လေ။ သူ့ခန္ဓာကိုယ်က အရသာတွေ့သွားပြီး အရသာကို သိနေပြီ။ ဒီတော့ သူက တုံ့ပြန်ပြီပေါ့။ ဒါပေမဲ့ သူမရဲ့ခန္ဓာကိုယ်က နေသားမကျသေးဘူးဆိုတာ သူ သိပါတယ်။ ရက်နည်းနည်းလောက်တော့ ကျင့်ယူပေးရလိမ့်မယ်။
သူသည် အမြဲတမ်း ပြောစကား တည်တတ်သူပင်။ ကျန်းယွင်ကျူးသည် သူ၏ခန္ဓာကိုယ်က စိတ်အေးသွားပြီး ပြန်လဲချလိုက်တော့သည်။
သူမသည် ဆက်ပြီး မအိပ်နိုင်တော့တာ တစ်ခုပင်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်က ပူနေလေသည်။
“အိပ်ရာထပြီး အဖေနဲ့ အမေတို့ကို လက်ဖက်ရည် သွားကမ်းကြမယ်လေ” ကျန်းယွင်ကျူးက ဖြည်းဖြည်းချင်း အကြံပေးလိုက်သည်။
“ညီမရဲ့ခန္ဓာကိုယ်....”
“ရပါတယ်”
ကျန်းယွင်ကျူးက ပြောပြီးသည်နှင့်ချက်ချင်း ထထိုင်လိုက်သည်။ သူမသည် အိပ်ရာပေါ်တွင် ဆက်လှဲနေလျှင် တစ်ခုခုတော့ အနှေးနှင့် အမြန် ဖြစ်တော့မည်ဟု ခံစားနေရသည်။
ရှန်ဖုန်းမင်မှာ မတတ်သာတော့ဘဲ သူမကို လွှတ်ပေးလိုက်ရသည်။
နှစ်ယောက်က ထလာပြီး အဝတ်အစားလဲလိုက်ကြသည်။ ထို့နောက် အစေခံများ ဝင်လာနိုင်ရန် တံခါး ဖွင့်ပေးလိုက်သည်။
ကျန်းယွင်ကျူးသည် သည်နေရာသို့ ဟဲရင်းနှင့် ရှီလျို့တို့ကို ခေါ်လာခဲ့သည်။ သူတို့ကို သူမ၏ဘေးတွင် ထားရသည်ကို အသားကျနေပြီဖြစ်သည်။
သူမက သဘောကျသ၍ ရှန်ဖုန်းမင်က သဘောတူပေးလိမ့်မည်။
ခဏကြာပြီးနောက် နှစ်ယောက်သားသည် ဝတ်စားပြီး ထွက်လာကြလေသည်။
အဆောင်များမှ ထွက်လာသည့်နှင့် ကျန်းယွင်ကျူးသည် လမ်းများကို မသိတော့ပေ။ ရှန်ဖုန်းမင်က သူမ၏လက်ကို တွဲပြီး လက်ချင်းချိတ်ကာ သူမကို ပင်မဆောင်သို့ ခေါ်လာခဲ့လေသည်။
ရှန်အိမ်တော်တွင် အစေခံများစွာ ရှိလေသည်။ သူတို့သည် သခင်လေးနှင့် သခင်မငယ်လေးတို့က လက်တွဲပြီး လျှောက်လာသည်ကို အဝေးမှ မြင်လိုက်ရချိန်တွင်တော့ အစပိုင်းတွင် အံ့ဩသွားပြီးနောက် အားကျမှုအပြည့် ဖြစ်သွားတော့သည်။
အထိန်းတော်ချန်က ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးကို အဝေးကြီးကတည်းမြင်လိုက်ပြီး တော်ဝင်ပညာရှင်ရှန်နှင့် တန့်ယန်းမင်းသမီးတို့ကို ချက်ချင်း အကြောင်းကြားလိုက်၏။
“သခင်ကြီး ၊ သခင်မ၊ သခင်လေးနဲ သခင်မငယ်လေးတို့ လက်ဖက်ရည် ကမ်းဖို့ ဒီကိုလာနေကြပါပြီ”
တော်ဝင်ပညာရှင်ရှန်နှင့် တန့်ယန်းမင်းသမီးတို့သည် မော့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ချင်း ချိတ်ထားကြသည်ကို တွေ့လိုက်ကြလေသည်။
ပုံမှန်ဆိုလျှင် အေးစက်နေတတ်သည့် သားဖြစ်သူ၏ မျက်နှာက မျက်လုံးများထဲတွင်ပင် အပြုံးတစ်ခု ရှိနေသယောင်။ သူသည် ခါတိုင်းထက် ပိုပြီး ခံ့ညားချောမော နေတော့သည်။ ထို့အပြင် သူ့ဘေးက လူသည် မိုးရွားပြီးစ မက်မွန်ပွင့်လေးလို နူးညံ့သိမ်မွေ့ကာ လှပနေသည်။ နှစ်ယောက်သားက လက်ချင်းတွဲပြီး လာနေကြသည်။ အရာအားလုးက ပန်းချီကားတစ်ချပ်လိုပင်။
တန့်ယန်းမင်းသမီး၏ မျက်နှာပေါ်က အပြုံးမှာ မည်သို့မှ မရပ်တန့်နိုင်တော့ပေ။
“အထိန်းတော်ချန် ကျွန်မကို ပြောစမ်းပါ၊ မြေးလေး အရင်မွေးရင်ကောင်းမလား၊ မြေးမလေး အရင်မွေးရင်ကောင်းမလား” သူမ၏စိတ်တို့က သည်အခြေအနေထိပင် စဥ်းစားထားပြီးဖြစ်နေသည်။
အထိန်းတော်ချန်သည် သူမက အလွန်ပျော်နေသည်ကို သိနေလေသည်။ သူမ၏ပါးစပ်က ပျားရည်တို့ သုတ်လိမ်းထားသည့်နှယ်။
“သခင်လေးက ချောမောပြီး သခင်မငယ်လေးက လှပတယ်၊ ယောက်ျားလေးဆိုရင် သေချာပေါက် ခန့်ချောကြီးဖြစ်မှာ၊ မိန်းကလေးမွေးရင်တော့ သေချာပေါက် လှမှာပဲ၊ လှပတဲ့ အသွင်ရှိနေမှတော့လေ အရင်ဆုံး ပန်းပွင့်ခိုင်းလိုက်ပြီး နောက်မှ အသီးသီးပါစေပေါ့၊ အရင်ဆုံး အစ်ကိုကြီး မွေးတာလည်း ကောင်းတာပဲ၊ နောက်ဆိုရင် ညီမလေးကို ဖူးဖူးမှုတ်ထားမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်”
“ရှင်ကတော့နော် ပြောတတ်တယ်”
သည်စကားလုံးများက တန့်ယန်းမင်းသမီးကို ပို၍ပင် ပျော်ရွှင်လာစေတော့သည်။
သူမကိုယ်တိုင်ကလည်း သားတစ်ယောက်ပဲ ရှိတာလေ။ တကယ်တော့ သူမက မြေးမလေးကို ချစ်တာ။ ဒါပေမဲ့ မြေးလေးဆိုရင်လည်း ချစ်တာပါပဲ။
တော်ဝင်ပညာရှင်ရှန်က တည်ကြည်ဖြောင့်မတ်သည့် မျက်နှာဖြင့် ပြုံးကာ သူမဘေးတွင် နားထောင်နေလေသည်။ သည်နေ့ သူနှင့် တန့်ယန်းမင်းသမီးတို့သည် ရှားရှားပါးပါး စကားမများကြပေ။
သည်အခိုက်တွင် ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့သည် ဝင်လာကြပြီး သူတို့ကို အတူတူ ဒူးထောက်ကာ နှုတ်ဆက်လိုက်လေသည်။
“မြန်မြန်ထပါ၊ ဘာလို့ ကောင်းကောင်းမနားကြတာလဲ” တန့်ယန်းမင်းသမီးက ပြောလိုက်သည်။
“ငါတို့တွေ မိသားစုတစ်ခုထဲလေ၊ အဲလောက်ထိ အားနာနေစရာမလိုပါဘူး”
တော်ဝင်ပညာရှင်ရှန်ကလည်း ပြောလိုက်သည်။
မလာခင်ကတော့ ကျန်းယွင်ကျူးသည် အနည်းငယ် စိတ်ပူနေမိသေးသည်။ တန့်ယန်းမင်းသမီးက ပြောဆိုရခက်ပြီး တော်ဝင်ပညာရှင်ရှန်က သူမကို သဘောမကျမှာ စိုးရိမ်မိသည်။ မျှော်လင့်မထားဘဲ သူတို့နှစ်ယောက်လုံးက သူမအပေါ် အလွန်မှကြင်နာတတ်လေသည်။
သင်္ဘောသီးကို ပေးလာလျှင် အဖိုးတန်ကျောက်စိမ်းဖြင့် အစားပြန်ပေးရမည်။ (အပေးအယူမျှတယ်) ကျန်းယွင်ကျူးက သူတို့ကို မိဘအရင်းလို သဘောထားလိုက်တော့သည်။
ပြောရင်းဆိုရင်းနှင့် သူတို့သည် အမွေဆက်ခံသူအကြောင်းပင် ရောက်သွားတော့သည်။ တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို မြန်မြန်သွားတော့ဖို့ ပြောလိုက်ပြီး အထိန်းတော်ချန်ကို ယင်ဓာတ် အားဖြည့်ပေးသည့် ဟင်းရည်တချို့ကို ချက်ပေးဖို့ အမိန့်ပေးလိုက်ပြီး နေ့လယ်ခင်းတွင်သူမ၏သွင်ပြင်ကို လှပစေချင်သည်။
တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် မြေးလေးတစ်ယောက် လိုချင်သည့် ဆန္ဒရှိကြောင်း သူတို့၏ မျက်နှာပေါ်တွင် အတိုင်းသားပေါ်လွင်နေတော့သည်။
ပင်မဆောင်ထဲမှ ထွက်လာပြီး အခန်းသို့ ပြန်ရောက်လာပြီးနောက် ကျန်းယွင်ကျူးက မှန်ရှေ့တွင် ငေးငိုင်ကာ ထိုင်နေတော့သည်။
“ဘာဖြစ်လို့လဲ”
ရှန်ဖုန်းမင်က သူမကို နောက်ကနေပြီး ဖက်ထားလိုက်သည်။ သူမ၏စိတ်ထဲတွင် တစ်ခုခုရှိနေကြောင်း သူ ခံစားမိနေသည်။
ကျန်းယွင်ကျူးသည် သူမ၏စိတ်ထဲတွင် အမှန်ပင် တစ်ခုခု ရှိနေလေသည်။ မနေ့ညက သူမ ဆေးသောက်ခဲ့တယ်လေ။ တားဆေးတစ်မျိုးပေါ့။ သူမက ကလေး ချက်ချင်း မယူချင်သေးဘူး။ မိဘဆိုတာ သူတို့ကလေးတွေကို တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်လို့ သူမက အမြဲတမ်း ယုံကြည်ထားခဲ့တာလေ။ ကလေးကို အန္တရာယ်ကင်းကင်း၊ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာအောင် ပြုစုဖို့ အာမမခံနိုင်ရင် ကလေးမမွေးတာဘဲ ကောင်းတယ်။
ဒါပေမဲ့ အခုကျတော့ တန့်ယန်းမင်းသမီးနဲ့ တော်ဝင်ပညာရှင်ရှန်တို့မှာ မြေးတစ်ယောက်လိုချင်တဲ့ ဆန္ဒပြင်းပြနေပြီး သူတို့တွေက သူမကို အရမ်းကို ကောင်းကောင်း ဆက်ဆံပေးကြတယ်....။
“ကိုယ့်ကို ပြောပြ” ရှန်ဖုန်းမင်က သူမ၏နဖူးကို နမ်းလိုက်သည်။
သူမက ခေါင်းမော့လိုက်ပြီး ရှန်ဖုန်းမင်နှင့် အကြည့်ချင်း ဆုံသွားသည်။
သူမက သူ့ကို ယုံလို့ရပါတယ်နော်။ ဟုတ်တယ်မလား။
ကျန်းယွင်ကျူးသည် ရတနာဘူးတစ်ခုကို ယူကာ ဖွင့်လိုက်သည်။ အောက်ဖက်တွင် အံဝှက်တစ်ခု ပါသည်။ အံဝှက်ထဲမှ ဆေးပုလင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
“နတ်ဆေးသမားတော်ဝူကို ကျွန်မအတွက် ဒီပစ္စည်းလုပ်ပေးဖို့ တောင်းဆိုခဲ့တာ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်၏။ အဲဒီတော့...။
“ကိုယ်ဝန်၊ တားနိုင်တယ်” ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်ကို ဆက်တိုက်ကြည့်ရင်း သူ့တုံ့ပြန်ပုံကို သေသေချာချာ ဖမ်းယူဖို့ ကြိုးစားလိုက်လေသည်။
သူမက ကလေးမလိုချင်ဘူးတဲ့။ သည်အတွေးက ရှန်ဖုန်းမင်၏စိတ်ထဲတွင် ရုတ်တရက်ပေါ်တော့သည်။ သူ့ခံစားချက်က အလွန်ပျော်နေရာမှ အထီးကျန်သွားတော့သည်။ ထိုဆေးစက်လေးက အမှတ်တမဲ့ သူ့အမူအရာကို ပြောင်းလဲသွားအောင် လုပ်လိုက်တော့သည်။
သို့သော် သူ့ကိုယ်သူက မြန်မြန်ထိန်းချုပ်လိုက်ပြီး
“မနေ့ညက ဒီဆေးကို သောက်ခဲ့တာလား”
ကျန်းယွင်ကျူးသည် ရုတ်တရက် သူ့မျက်လုံးကို မကြည့်ရဲတော့ပေ။ သူမက မျက်နှာလွှဲလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
“ဘာလို့လဲ”
ကျန်းယွင်ကျူးက သူမ၏အတွေးများကို ပြောပြလိုက်တော့သည်။
ရှန်ဖုန်းမင်က စိတ်အေးသွားသလို သက်ပြင်းချလိုက်၏။ သူ့ပြဿနာ ဖြစ်နေတာကိုး။ သူက သူမကို စိတ်အေးရအောင် မထားပေးခဲ့မိတာပဲ။
သူသည် စကားလုံးကို သေချာစဥ်းစားလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ပြောလိုက်တော့သည်။
“တကယ်တော့ ကိုယ်လည်း ကိုယ့်မိဘတွေကို သံသယ ဖြစ်ခဲ့ဖူးပါတယ်၊ အမေက ဘာလို့ ကိုယ့်ကို မွေးခဲ့တာလဲလို့ပေါ့၊ ဒီတော့ ကိုယ် ညီမရဲ့စိုးရိမ်စိတ်တွေကို နားလည်တယ်။
တစ်ခါက ကိုယ်လည်း စဥ်းစားခဲ့ဖူးတယ်လေ၊ ဘယ်တော့မှ မိန်းမယူမှာ မဟုတ်သလို ကလေးလည်း မွေးမှာမဟုတ်ဘူးလို့ပေါ့။
ဒါပေမဲ့...”
ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ ဒါပေမဲ့ သူက သူမနဲ့ တွေ့ခဲ့တယ်လေ။ သူ သူမနဲ့ အတူတူ ရှိချင်ခဲ့တယ်။ တကယ်လို့များ သူတို့တွေ ကလေးမွေးလာရင် သူက ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာအောင် သေချာပေါက်လုပ်ပေးရလိမ့်မယ်လို့ပေါ့။
ရှန်ဖုန်းမင်က ခဏလောက် ရပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ညီမ ကလေးမလိုချင်ဘူးဆိုရင်လည်း မယူပါနဲ့လေ”
သူကတော့ သူတို့နှစ်ယောက်က မွေးလာမဲ့ ကလေးတစ်ယောက်တော့ လိုချင်တာပေါ့။ ဒါပေမဲ့ မိန်းမတစ်ယောက်အတွက် ကလေးတစ်ယောက် မွေးရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သူ သိပါတယ်။ သူက သူမကို အဲလိုခါးသီးမှုတွေ မခံစားစေချင်ပါဘူး။
သူတို့နှစ်ယောက်ပဲဆိုရင်လည်း တသက်လုံး အတူတူနေသွားရမှာ တော်တော်လေး ကောင်းတဲ့ကိစ္စပါပဲလေ။
ကျန်းယွင်ကျူးက ခေါင်းမော့လိုက်ပြီး
“အဖေနဲ့ အမေကရော ဘယ်လိုလုပ်မှာလဲ”
သူတို့တွေက သဘောတူမှာမဟုတ်ဘူး။
“အဲကိစ္စ စိတ်မပူပါနဲ့၊ ကိုယ် သူတို့ကို သွားပြီး ရှင်းပြလိုက်မယ်၊ အလုပ်မဖြစ်ဘူးဆိုရင်လည်း ကိုယ့်ခန္ဓာကိုယ်ကြောင့်လို့ ပြောလိုက်မှာပေါ့၊ အဲလိုဆိုရင် သူတို့တွေက ညီမကို ခက်ခဲအောင် လုပ်ကြမှာ မဟုတ်ပါဘူး” ရှန်ဖုန်းမင်က ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ်ပါလေ။ အရင်ကလည်း သူ့ကို အဲလို မကြာမကြာ ပြောခဲ့ကြတာပဲ။ ဂရုမစိုက်တော့ပါဘူး။
ကျန်းယွင်ကျူးက သူ့ကို မျက်စောင်းထိုးလိုက်သည်။ သူမသည် ရယ်ချင်သွားသော်လည်း မရယ်ခဲ့ပေ။
သူက သူ့ဂုဏ်သိက္ခာကို တကယ်ပဲ ဂရုမစိုက်ဘူးပေါ့လေ။
“နောက်ဆိုရင် ဒီဆေးမသောက်နဲ့တော့နော်”
ရှန်ဖုန်းမင်က ဆေးပုလင်းကို ယူလိုက်သည်။ ဒါက သုံးပွင့်အဆိပ်ပဲ။ သူမက အားနည်းနေတာ။ ဆေးသောက်ရမဲ့သူက သူပဲဖြစ်သင့်တာ။ ဒါမှမဟုတ်လည်း နည်းလမ်းတစ်ခုခု သုံးရမှာပေါ့။
ကျန်းယွင်ကျူးသည် သူပြောချင်သည့် စကားကို သိသွားပြီး သူ့ခါးကို ရုတ်တရက် ဖက်ထားလိုက်တော့သည်။
“ကျွန်မ မစားတော့ပါဘူး”
ခဏလောက် ရပ်လိုက်ပြီး
“ရှင်လည်း မစားရဘူးနော်”
“ဟင်”
“တကယ်တော့ ကျွန်မတို့တွေ ကလေးလိုချင်ရင်တောင် ချက်ချင်း ရနိုင်ချင်မှ ရနိုင်မှာလေ”
ကျန်းယွင်ကျူးက ပြောလိုက်သည်။ သူမသည် ကံကိုသာ အပ်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှန်ဖုန်းမင်က သူမ၏နဖူးကို ဖွဖွလေး နမ်းလိုက်လေသည်။ တကယ်တော့ သူက ဒီထက်ပိုပြီး ကြိုးကြိုးစားစား လုပ်နိုင်သေးတယ်လေ။
သည်နေ့တွင် သူတို့နှစ်ယောက်သည် အိမ်တွင် အနားယူလိုက်ကြပြီး ကော်များလို ကပ်နေကြသည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက သူမ၏ကိုယ်ပိုင် စားသောက်ဆိုင်သို့ သွားကြည့်ချင်သည်။ ရက်ပေါင်းများစွာ မင်္ဂလာပွဲအတွက် ပြင်ဆင်ပြီးနောက်တွင် သူမသည် စားသောက်ဆိုင်သို့ ရောက်ဖြစ်သလောက်ပင်။ အခုတော့ သူမသည် အားလပ်သွားပြီးဖြစ်ရာ အနည်းငယ် စိုးရိမ်မိတော့သည်။
ရှန်ဖုန်းမင်က တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ထံ ချက်ချင်း သွားပြောပေးလေသည်။
သူ ဘာပြောခဲ့သည်တော့ မသိရပေ။ သို့သော် နောက်ပိုင်းတွင် ကျန်းယွင်ကျူးသည် စားသောက်ဆိုင် ဖွင့်ရင်း၊ ကုန်သင်္ဘော အလုပ်များလုပ်ရင်းနှင့် သူမ ကြိုက်တာ လုပ်နိုင်လာလေသည်။
ကျန်းယွင်ကျူးက သူ့ကို ဝမ်းသာအားရ နမ်းလိုက်တော့သည်။ သူကလေ သူမအပေါ် အရမ်းကောင်းတာပဲ။
ထို့နောက် သူမသည် စားပွဲပေါ်တင်ပြီး ဖက်ထားခံလိုက်ရတော့သည်။
သူမခန္ဓာကိုယ်က အပြည့်အဝ အားမရှိသေးပေ။ ရှန်ဖုန်းမင်က သူမကို နမ်းလိုက်ပြီး လွှတ်ပေးလိုက်လေသည်။
ကျန်းယွင်ကျူးသည် စားသောက်ဆိုင်သို့ သွားလိုက်သည်။ စားသောက်ဆိုင်က အလွန်မှ စည်ကားနေလေသည်။ ရွှယ်ကျင်းသည် ရှန်ဖုန်းမင်၏သရုပ်မှန်ကို သိသွားသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ သူသည် အံ့ဩသွားသလို စိုးရိမ်သွားတော့သည်။
“သူဌေးရယ် ကျွန်တော်က သူဌေး ဘယ်တော့မှ ထပ်မလာတော့ဘူးလို့ ထင်နေတာ”
သူသည် ကျန်းယွင်ကျူးကို တွေ့လိုက်ရတော့ ဝမ်းသာလွန်းဖြင့် ငိုမိလုနီးနီးပင်။ ကျန်းယွင်ကျူးက ရှန်မိသားစုနဲ့ လက်ထပ်သွားပြီလေ။ ချမ်းသာတဲ့ မိသားစုတစ်ခုပေါ့။ သူက သူမကို ဘယ်တော့မှ ထပ်မတွေ့ရတော့မှာ ကြောက်နေမိတာ။
ကျင့်ကျောင်းယွဲ့နှင့် တခြားသူများကလည်း ကျန်းယွင်ကျူးထံ ဝိုင်းလာကြသည်။ စားသောက်ဆိုင်သည် သူမ မရှိလည်း သက်တောင့်သက်သာ ဖြစ်နေသေးသော်လည်း အမြဲတမ်း တစ်ခုခု လိုအပ်နေသလို ခံစားနေရသည်။ အခုတော့ သူမ ပြန်ရောက်လာရာ ဝမ်းသာစရာပင်။
ရင်းနှီးပြီးသား နေရာကို ပြန်ရောက်လာသဖြင့် ကျန်းယွင်ကျူးသည် စိတ်ကြည်လင်နေပြီး အားလုံးနှင့် စကားစမြည်ပြောလိုက်လေသည်။
နေ့လယ်ခင်း ရောက်တော့မည်။ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့၏ သဘောထား ကြီးမြတ်မှုအတွက် ကျေးဇူးတင်မိလေရာ သူမက သူတို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပေးလိုက်ပြီး ရှီလျို့ကို အိမ်သို့ သွားပို့ခိုင်းလိုက်သည်။
သည်အချိန်တွင် ရှန်အိမ်တော်၌ ကျန်းယွင်ကျူး ထွက်လာပြီးနောက် ရှန်ဖုန်းမင်က အလုပ်သွားလိုက်သည်။ အိမ်တော်တွင် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့သာ ကျန်ခဲ့သည်။ သူတို့နှစ်ယောက်သည် စားပွဲတစ်ခုတည်းတွင် ထိုင်ကာ စားသောက်နေကြသည်။ အထီးကျန်ပြီး ခြောက်ကပ်လို့နေသည်။
သည်အချိန်တွင် ရှီလျို့က အစားအသောက်များ ယူလာခဲ့သည်။ အားလုံးကို ကျန်းယွင်ကျူးကိုယ်တိုင် လုပ်ထားပြီး ပူပူနွေးနွေး ရှိနေတုန်းပင်။
“သခင်ကြီး သခင်မ၊ သခင်မငယ်လေးက သခင်ကြီးတို့အတွက် တွေးပေးထားပါ”
အထိန်းတော်ချန်က စားပွဲပေါ်တွင် အစားအသောက်များကို ချပေးရင်း တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ကို ချက်ချင်းပြောလိုက်သည်။
ထိုက်ပိုင်ဘဲသား၊ အမျိုးသမီးစုန့်ငါးဟင်းရည်၊ နဂါးဇာမဏီအသားလုံး...။ ဟင်းပွဲတိုင်းက အရောင်စုံပြီး အနံ့အရာအပြည့်ပဲ။ အထိန်းတော်ချီသည် ဟင်းပွဲကို ကြည့်ရင်း သွားရေယိုမတတ်ပင်။
တန့်ယန်းမင်းသမီး၏ အခြေအနေက သိသိသာသာ တိုးတက်လာလေသည်။ သူမသည် ထိုက်ပိုင်ဘဲသားတစ်စိတ်ကို စားလိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင်အပြုံးတစ်ခု ပေါ်လာလေသည်။
ကျန်းယွင်ကျူး ချက်ထားသည့် အစားအသောက်ကို စားရသည်မှာ တော်ဝင်ပညာရှင်ရှန်အတွက်တော့ ပထမဆုံးအကြိမ်ပင်။ ထိုအချိန်က ရှန်ဖုန်းမင် ယူပြန်လာသည့် ဝက်အူချောင်းနှင့် နောက်ပိုင်း သူပို့ပေးခဲ့သည့် သွားရေစာများက သာမန်တစ်နပ်စာနှင့် လုံးဝယှဥ်လို့မရခဲ့ပေ။
သည်လို စားသောက်ပြီးနောက် သူသည် ချက်ချင်း လွှမ်းမိုးခံလိုက်ရတော့သည်။
ဒီဘဲသားက ဘာလို့ အရမ်းကို အရသာရှိနေတာလဲ။ ပြီးတော့ ဒီငါးဟင်း။ အရမ်းလတ်ဆတ်ပြီး လျှာတောင် ကျွတ်ထွက်တော့မယ်။ ဒီနဂါးဇာမဏီအသားလုံးရောပဲ....။
သူသည် စားလေလေ ပိုပြီး ပျော်ရွှင်လာလေလေပင်။ အခန်းထဲက အခြေအနေက ချက်ချင်း ပြောင်းလဲသွားတော့သည်။
အထိန်းတော်ချီက ဘေးမှ ကြည့်ရင် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ သခင်မငယ်လေးရဲ့ အရည်အချင်းကတော့ သာလွန်လွန်းပါတယ်။ ဒီလိုညီညွှတ်မျှတတဲ့မိသားစုတစ်ခု ပိုင်ဆိုင်ထားရတာ ဘယ်လောက်ကောင်းလိုက်သလဲ။
သခင်တွေက ပျော်နေတော့ သူမလည်း ပျော်ရပါတယ်။
ညနေခင်းတွင် ကျန်းယွင်ကျူးသည် အိမ်ပြန်လာခဲ့လေသည်။
စားသောက်ဆိုင်က ထွက်လာသည်နှင့် အစေခံမလေးတစ်ယောက်က ရောက်လာခဲ့သည်။
“မြို့စားမင်းသမီး ယွင်ရုံလားရှင့်”
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမိန်းကလေးက စိုးရိမ်တကြီးနှင့် ကျန်းယွင်ကျူးကို လှမ်းကြည့်လိုက်ပြီး မြန်မြန် ခေါင်းငုံ့ထားလိုက်သည်။ စစ်သေနာပတိချုပ်ရှန် နှစ်သက်တဲ့သူလို့ မပြောရဘူး။ သူမက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းလို့ လူတွေက သူမကို တိုက်ရိုက်တောင် မကြည့်ရဲဘူး။
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးသည် ဟွိုက်နန်ဝမ်ရယ်အိမ်တော်က လာခဲ့ခြင်းပင်။ သည်နေ့ သူမသည် ရှန်အိမ်တော် အပြင်ဘက်တွင် စောင့်ကြည့်နေရင်း အထဲက ကျန်းယွင်ကျူးကို စာမည်သို့ ပို့ပေးရမည်ကို စဥ်းစားနေလေသည်။
ရှန်မိသားစု၏ သခင်မငယ်လေး ကျန်းယွင်ကျူးက အိမ်မှ ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထို့ကြောင့် သူမက ထိုစကားများကို လူကိုယ်တိုင် ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
“မင်းက ဘယ်သူ” ကျန်းယွင်ကျူးက မေးလိုက်၏။
ရှီလျို့က အစေခံမလေးကို သတိနှင့် ကြည့်လိုက်လေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးက သူမအကြောင်းကို အကျဥ်းချုပ် ပြောပြလိုက်ပြီးနောက် ကျန်းယွင်ရှို့အကြောင်းကို ပြောပြလိုက်ကာ ကျန်းယွင်ကျူးထံ သူမပြောခိုင်းလိုက်သည့် စကားများကို ပြောပြလိုက်သည်။
ကျန်းယွင်ရှို့က အချစ်မခံရတော့ဘဲ အစွန်အဖျားက ခြံဝင်းမှာ စွန့်ပစ်ခံလိုက်ရတယ်ပေါ့။ ကျန်းယွင်ရှို့က သူမကို ကူညီစေချင်တယ်တဲ့လား။
ကျန်းယွင်ကျူးက ခဏလောက် စဥ်းစားလိုက်ပြီး
“ကျွန်မအတွက် မေးပေးစမ်းပါ၊ ‘နင်သာဆိုရင်ရာ နင်က ကူညီမှာလား’လို့”
ပြောပြီးသည်နှင့် သူမက မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးကို လျစ်လျူရှုထားလိုက်ပြီး ထွက်လာခဲ့လေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးက စိတ်ရှုပ်သွားတော့သည်။ ကျန်းယွင်ကျူးက အဲစကားပြောသွားတာ ဘာအဓိပ္ပာယ်တဲ့လဲ။ သူမက ထပ်မေးချင်လိုက်သော်လည်း ကျန်းယွင်ကျူး၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။
ထားလိုက်ပါလေ။ ဘာပဲဖြစ်ဖြစ် သူမ ကတိပေးထားတဲ့ကိစ္စကို ပြည့်အောင် လုပ်ပေးပြီးပြီပဲ။
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးက ဟွိုက်နန်ဝမ်ရယ်အိမ်တော်သို့ ပြန်လာခဲ့သည်။
ကျန်းယွင်ရှို့သည် သူမကို စောင့်နေခဲ့လေသည်။ သူမ ပြန်လာသည်ကို တွေ့လိုက်ရတော့ ချက်ချင်း ရှေ့သို့ လှမ်းသွားလိုက်ပြီး
“ဘာတဲ့လဲ၊ သူ ဘာပြောလိုက်လဲ”
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးက အေးစက်စက်မျက်နှာထားနှင့် ပြောလိုက်၏။
“တစ်ဖက်လူက ရှင့်ကို ဒီစကား ပြန်ပြောပေးဖို့ ပြောလိုက်တယ်။ ‘နင်သာဆိုရင်ကော နင်က ကူညီမှာလား’တဲ့”
သူမသည် သည်စကား၏အဓိပ္ပာယ်ကို နားမလည်သော်လည်း ကျန်းယွင်ရှို့ကတော့ ကျန်းယွင်ကျူး ပြောချင်သည့် စကားကို ချက်ချင်းနားလည်လိုက်လေသည်။ ကျန်းယွင်ကျူးသာ အချစ်မခံရတော့ဘဲ စွန့်ပစ်ခံလိုက်ရရင် သူမက ကျန်းယွင်ကျူးကို ကူညီမှာလား လို့ မေးခဲ့တာပဲ။
တကယ်လို့များ ကျန်းယွင်ကျူးသာ စွန့်ပစ်ခံရတဲ့သူဆိုရင် သူမက ကျန်းယွင်ကျူးကို ကူညီမှာလား။ ကျန်းယွင်ရှို့သည် သူမကိုယ်သူမ ပြန်မေးခွန်းထုတ်ရင်း နေရာတွင် အေးခဲသွားတော့သည်။
ဟင့်အင်း။ လုံးဝပဲ။ သူမက ဝမ်းသာပြီး ဟာသတစ်ခုလိုတောင် ကြည့်နေအုံးမှာ။
သူမကတောင် မကူညီပေးတာပဲ။ ဒီတော့ သူမက ဘယ်လိုများ အကူအညီတောင်း နိုင်ရတာလဲ။ ကျန်းယွင်ကျူး ပြောချင်သည့် အဓိပ္ပာယ်ပင်။
အမှန်တရားက သူမကို ငြင်းဆန်မရအောင် ဖြစ်စေတော့သည်။
ကျန်းယွင်ရှို့သည် ရုတ်တရက် အော်ရယ်လိုက်ပြီး စိတ်ပျက်ပျက်နှင့် ရယ်မောနေလိုက်တော့သည်။ သူမ နောင်တရမိပါတယ်။ သူမ အဲဒီတုတ်ချောင်းအတိုကို မလုယူခဲ့သင့်တာ။ သူမက အန်းဖင်နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်လာဖို့ မတွေးခဲ့သင့်တာ။ သူမ နောင်တရမိဆုံးက ဟွိုက်နန်ဝမ်ရယ်ရဲ့ ကိုယ်လုပ်တော် မဖြစ်လာခဲ့သင့်တာပဲ....။
မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမလေးသည် သူမ၏အမူအရာကြောင့် လန့်ဖျပ်သွားတော့သည်။ သူမ စိတ်ရောဂါ ရသွားတာပဲ။
ကျန်းယွင်ကျူးသည် ရှန်အိမ်တော်သို့ ပြန်လာချိန်တွင် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် သူမကို တွေ့လိုက်သောအခါ ဘာထူးထူးဆန်းဆန်း အမူအရာမှ မဖြစ်ကြပေ။
သူတို့လေးယောက်သည် ညနေစာအတူတူ စားလိုက်ကြသည်။ နေ့လယ်ခင်းကထက် အများကြီး ပိုပြီး စည်ကားနေလေသည်။
လက်ထပ်ပြီး တတိယမြောက်နေ့တွင် ကျန်းယွင်ကျူးသည် အိမ်ပြန်ရမည့် တတိယနေ့ဖြစ်သည်။ ရှန်ဖုန်းမင်က သူမနှင့် အဖော်လိုက်ပေးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် အမျိုးသမီးချန်နှင့် တခြားသူများက သူမအတွက် အလွန်စိုးရိမ်နေကြသည်။ သူမနှင့် ရှန်ဖုန်းမင်တို့ သည် ပျော်ရွှင်စရာကောင်းသည့် လူငယ်စုံတွဲလေးလို လက်ချင်းတွဲပြီး အတူတူပြန်လာကြသည်ကို မြင်လိုက်ရပြီး အားလုံးက စိတ်အေးသွားကြတော့သည်။
ရယ်ရယ်မောမော စကားပြောလိုက်ပြီးနောက် ကျန်းချိန်က မနက်ဖြန် ဝူလင်စီရင်စုသို့ ပြန်တော့မည့်အကြောင်း အကြံပြုလိုက်သည်။
“ဒီမှာနေရတာက မကောင်းလို့လား” ကျန်းယွင်ကျူးက သူတို့နှင့်မခွဲရက်ပေ။
“ဒီမှာနေရတာ အရမ်းကောင်းပါတယ်, ဒါပေမဲ့ အိမ်ကို ပိုပြန်ချင်တယ်လေ” ကျန်းချိန်က ပြောလိုက်သည်။
“သူက သူ့အလုပ်ကို မခွဲနိုင် ဖြစ်နေတာလေ” အမျိုးသမီးချန်က အပြုံးနှင့် ဝင်ပြောလိုက်သည်။
ကျန်းချိန်၏ မျက်နှာက နီရဲသွားတော့သည်။ သူကတကယ်ပဲ သူ့အလုပ်ကို မခွဲနိုင်ဘူးလေ။ ဒါပေမဲ့ တခြားအကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ မြို့တော်က ကောင်းတယ်ဆိုပေမဲ့ သူတို့နေရာ မဟုတ်ဘူးလေ။ ဒီနေရာမှာ သူတို့တွေက ရေထဲမျောနေတဲ့ ဘဲစာပင်တွေလိုပဲ။
ဝူလင်စီရင်စုကိုပဲ ပြန်ပြီး အခြေချတာပဲ ပိုကောင်းပါတယ်။ သူတို့လည်း စိတ်အေးရတယ်လေ။
ကျန်းယွင်ကျူးက နားချချင်သေးသည်။ သို့သော် ကျန်းချိန်နှင့် တခြားသူများက ဆုံးဖြတ်ချပြီးသား ဖြစ်နေသည်။ သူတို့သည် ဝူလင်စီရင်စုက ဘဝကို ပိုပြီးနှစ်သက်ကြသည်။
နောက်ဆုံးတွင် ကျန်းယွင်ကျူးက သူတို့ကို ဆွဲမထားတော့ပေ။ အားလုံးမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေရှိ တာပဲလေ။ ဘယ်သူကမှ တခြားသူကို တိုက်တွန်းနေလို့ မရပါဘူး။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းယွင်ကျူးက ကျန်းချိန်နှင့် မိသားစုများကို လိုက်ပို့ပေးလိုက်သည်။
“ငါလည်း မနက်ဖြန်သွားတော့မယ်”
သမားတော်ဝူက ပြောလိုက်သည်။ ကုန်သင်္ဘောက ပြီးခဲ့သည့် ရက်ပိုင်းက အသင့်ဖြစ်နေသော်လည်း အားလုံးက ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့၏ မင်္ဂလာပွဲကို တက်ရောက်ချင်ကြသည်။ ထို့ကြောင့် အခုချိန်ထိ အချိန်ရွှေ့ထားခဲ့ခြင်းပင။
ရွက်လွှင့်ဖို့ အချိန်ကျလေပြီ။
ကျန်းယွင်ကျူးသည် အခုလေးတင် ကျန်းချိန်နှင့် မိသားစုကို လိုက်ပို့ပေးခဲ့ရသည်။ သူမသည် နတ်ဆေးသမားတော်ဝူကို မထွက်သွားစေချင်သေးပေ။
သို့သော်လည်း မတတ်နိုင်ပေ။
နောက်တစ်နေ့တွင် သူမနှင့် ရှန်ဖုန်းမင်တို့သည် နတ်ဆေးသမားတော်ဝူကို ဆိပ်ခံတံတားဆီသို့ လိုက်ပို့ပေးလိုက်ကြသည်။
သည်နေရာတွင် သင်္ဘောကြီး အစင်း၂၀က ကမ်းကပ်ထားပြီးဖြစ်သည်။ သင်္ဘောပေါ်က ကိရိယာတန်ဆာပလာများလည်း အပြည့်ဖြစ်သည်။ ချီကျန်း၊ ဟန်ခို့နှင့် တခြားများက သင်္ဘောပေါ်တွင် ဦးပိုင်းတွင် ရပ်နေကြကာ သွားဖို့အသင့်ဖြစ်နေပြီး ကြီးကျယ်ခန်းနားနေဟန်ပင်။
နတ်ဆေးသမားတော်ဝူက ရှေ့ဆုံးက သင်္ဘောကြီးပေါ်သို့ တက်လိုက်လေသည်။
“အဘိုး ဂရုစိုက်နော်” ကျန်းယွင်ကျူးက သတိပေးလိုက်သည်။
“မင်းလည်း ကျန်းကျန်းမာမာနေအုံး၊ ငါ ပြန်အလာကို စောင့်နေလိုက်”
နတ်ဆေးသမားတော်ဝူက ပြောလိုက်သည်။ ထို့နောက် သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ
“ သူ နည်းနည်လေး နစ်နစ်နာနာ ခံစားရတယ်ဆိုလို့ကတော့....”
“စိတ်မပူပါနဲ့” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ဘေးချင်းယှဥ်ရပ်နေသည့် သူတို့ကို တွေ့လိုက်ရသဖြင့် နတ်ဆေးသမားတော်ဝူသည် နောက်ဆုံးတော့ ရှန်ဖုန်းမင်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပြီး သင်္ဘောကြီးပေါ်သို့ တက်သွားတော့သည်။
သင်္ဘောကြီးက ရွက်များကို တင်လိုက်ပြီး လှိုင်းများကို ကျော်ကာ အဝေးသို့ ထွက်သွားလေတော့သည်။
ကျန်းယွင်ကျူးသည် ထိုနေရာတွင် ရပ်နေပြီး အချိန်တော်တော်ကြာသည်အထိ စိတ်မအေးနိုင် ဖြစ်နေလေသည်။
သည်အချိန်တွင် ရှန်ဖုန်းမင်က သူမကို ဖက်ထားလိုက်သည်။ သူမမှာ သူရှိတယ်လေ။
ကျန်းယွင်ကျူးက သူ့ခါးကို ပြန်ဖက်ထားလိုက်သည်။ နေရောင်ခြည်က ရေပေါ်တွင် ဖြာကျနေပြီး နှစ်ယောက်၏ပုံရိပ်က ထင်နေသည်။ အလွန်မှ နွေးထွေးပြီး လှပလွန်းလေတော့သည်။
. . .
Main Story ပြီးသွားပါပြီ extra ကျန်ပါသေးတယ်၊ ဒါပေမဲ့ etrans က မပြီးသေးတာကြောင့် ကြာပါအုံးမယ်