← Chapters

သစ်ပင်အိမ်ကို ဝါးမြိုနေသော ပုရွက်ဆိတ်အုပ်စု

Vol. 12 Ch. 177

သစ်ပင်အိမ်ကို ဝါးမြိုနေသော ပုရွက်ဆိတ်အုပ်စု

Vol. 12 Ch. 177

ဧရာမ အမည်းရောင် ပုရွက်ဆိတ်ကြီးများသည် မီတာ ၁၀၀ အတွင်းသို့ ထပ်မံ ခြေလှမ်းမလှမ်းကြတော့ပေ။

ထိုနယ်မြေအတွင်းရှိ နွယ်ပင်များသည်လည်း ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် မြေကြီးထဲသို့ တဖြည်းဖြည်း ပြန်ဝင်သွားကြပြီး အပြင်ဘက်ဆုံး အဝိုင်းတစ်ခုသာ ကျန်ရစ်တော့၏။

ဤနွယ်ပင်များသည် တိုက်ခိုက်မှုကို ရပ်တန့်မသွားဘဲ မီတာ ၁၀၀ အကွာရှိ ပုရွက်ဆိတ်စစ်တပ်ကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေသဖြင့် ပုရွက်ဆိတ်များမှာ နောက်ထပ် မီတာ ၁၀ ကျော်ခန့် ဆုတ်ခွာသွားကြရသည်။

အမှန်စင်စစ် သူ၏နွယ်ပင်များသည် အကာအကွယ်နယ်မြေပြင်ပရှိ ဗီဇပြောင်းနွယ်ပင်များကဲ့သို့ နယ်မြေကျော်လျှင် သေဆုံးသွားမည့်အရာများ မဟုတ်ပေ။

၎င်းတို့၏ ပေါက်ရောက်ရာ အကွာအဝေးမှာ မီတာ ၁၀၀ ဖြစ်သော်လည်း နွယ်ပင်ကိုယ်တိုင်က မီတာ ၁၀ ကျော် ရှည်လျားသဖြင့် နောက်ထပ် မီတာ ၁၀ အကွာအဝေးအထိ လှမ်း၍ တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

"ဝိုး... ငါ့ရဲ့ နောက်ဖေးခြံဝင်းကြီးက တော်တော်လေး ကျယ်သွားပြန်ပြီပဲ"

သို့သော်လည်း နွယ်ပင်များ ထွက်ပေါ်လာစေရန်အတွက် ရန်သူများက မီတာ ၁၀၀ အတွင်းသို့ အရင် ဝင်ရောက်လာဖို့တော့ လိုအပ်သေးသည်။

အခြေအနေများ တည်ငြိမ်သွားသည်ကို မြင်ရသဖြင့် ရွှီရှင်းသည် စိတ်အေးလက်အေးဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။

"ကဲ... ဒီပုရွက်ဆိတ်တွေ အထဲကို ဝင်လာနိုင်မှာ မဟုတ်တော့ပါဘူး"

ရွှီရှင်းက သင်းခွေချပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

အစပိုင်းတွင် သင်းခွေချပ်ကြီးမှာ အတော်လေး စိုးရိမ်နေခဲ့သော်လည်း ယခုကဲ့သို့ အစွမ်းထက်သည့် ကာကွယ်ရေးစနစ်ကို မြင်လိုက်ရသည့်အခါတွင်တော့ ပါးစပ်အဟောင်းသားဖြင့် အံ့သြနေတော့သည်။

သူမသည် ဤနေရာတွင် ဤမျှ အစွမ်းထက်သည့် ကာကွယ်ရေး အဆောက်အအုံ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့သည်မှာ သိသာလှ၏။

"တွေ့လား... ငါပြောသားပဲ၊ ဒီနေရာက အရမ်းလုံခြုံပါတယ်လို့။ အခုတော့ စိတ်ချလက်ချ နေလို့ရပြီနော်"

ရွှီရှင်းက ထိုသို့ပြောလိုက်သော်လည်း အကောင်ပေါက်လေး နှစ်ကောင်ကိုတော့ အောက်သို့ ယူမလာသေးပေ။

ဒီပုရွက်ဆိတ်တွေက နောက်ပိုင်းမှာ ဘယ်လို ထပ်ပြီး သောင်းကျန်းလာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်ပါလား။

ဒါပေမဲ့ ဒီကလေးလေးတွေက နို့မပြတ်သေးပေမဲ့ ပုရွက်ဆိတ်တွေကို ကြောက်မယ့်ပုံတော့ မပေါ်ပေ။

သူတို့မှာလည်း အကြေးခွံ ချပ်ဝတ်လွှာတွေ ပါပြီးသားဖြစ်ရာ ဒီခြေလက်သေးသေးလေးတွေက ပုရွက်ဆိတ်တွေထက် အများကြီး ပိုသန်မာပုံရသည်။

ခြုံငုံကြည့်ရလျှင်တော့ သူ သစ်ပင်အိမ်ပတ်ပတ်လည်ကို မီးကွင်းကြီးလုပ်ပြီး ကာကွယ်ဖို့ မလိုတော့ပေ။

နောက်ထပ် ပုရွက်ဆိတ်လှိုင်း အနည်းငယ်ကိုသာ ရှင်းလိုက်လျှင် သူတို့ကို အပြတ်နှိမ်နင်းနိုင်မှာ ဖြစ်သည်။

မီးကွင်းလုပ်ခြင်းက တောမီးလောင်နိုင်တဲ့ အန္တရာယ် ရှိသေးသည် မဟုတ်ပါလား။

အကယ်၍ ပုရွက်ဆိတ်အချို့က မီးစွဲပြီး ဟိုပြေးဒီပြေး လုပ်နေရင်တော့ ဒုက္ခလှလှ တွေ့နိုင်၏။

ဒါကြောင့် မလိုအပ်ဘဲနဲ့ မီးမသုံးတာ အကောင်းဆုံးပင်။

ဒါပေမဲ့ သူ မလိုအပ်တာက တခြားသူတွေ မလိုအပ်ဘူးလို့ မဆိုလိုပေ။

ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာတော့ ဒီရုတ်တရက် အခြေအနေကြောင့် ဆူညံပွက်လောရိုက်နေချေပြီ။

"ဘုရားရေ... ဧရာမ ပုရွက်ဆိတ်ကြီးတွေ တော်တော်များတာပဲ။ ဘယ်ကနေ ဒီလောက်တောင် ထွက်လာကြတာလဲဟ။"

"နွယ်ပင်တွေကိစ္စ ပြီးရုံရှိသေးတယ်၊ အခု ပုရွက်ဆိတ်တွေ လာပြန်ပြီ။"

"နွယ်ပင်တို့ရေ... အစွမ်းပြလိုက်ကြစမ်း။ ပုရွက်ဆိတ်အုပ်ကို အပြတ်နှိမ်နင်းလိုက်ကြ။ ဝိုး... တစ်ချက်ရိုက်လိုက်ရင် အပြုံလိုက် သေတာပဲ၊ တကယ်ကို မိုက်တယ်။"

"စောစောက နှလုံးသားအပိုင်းအစကို မရှို့ခဲ့သင့်ဘူး။ အဲဒါကြောင့် သစ်ပင်အိမ် ပတ်ဝန်းကျင်က အကာအကွယ် မရှိတော့တာလား။ ဒါ စူးစမ်းရှာဖွေသူတွေရဲ့ ထောင်ချောက်လားမသိဘူး"

"ငတုံးရဲ့... မင်းသာ နှလုံးသားအပိုင်းအစကို မရှို့ရင် ပုရွက်ဆိတ်တွေ လာတိုက်ဖို့တောင် မလိုဘဲ မင်းသစ်ပင်အိမ်က ဟိုနွယ်ပင်တွေကြောင့် ပျက်စီးနေပြီဟ"

"အကြီးအကဲတို့ရေ... ဟိုအပေါ်က လူကို ဘလော့ လိုက်ဖို့ တောင်းဆိုပါတယ်၊ သူ့ကို ဘယ်တော့မှ မကူညီပါနဲ့တော့"

"အမလေး... ပုရွက်ဆိတ်တွေ ကာကွယ်ရေးမျဉ်းကို ကျော်လာပြီ။ သူတို့တွေ အပေါ်ကို တက်လာနေကြတယ်။ ပင်စည်ကို မတိုက်ဘဲ ငါ့သစ်ပင်အိမ်ကို ကိုက်ဖြတ်နေကြပြီ။"

"ငါ့သစ်ပင်အိမ်ထဲကို တိုက်ရိုက် ဝင်လာကြပြီ။ ငါ့ကိုတော့ မတိုက်ဘူး၊ နံရံတွေကိုပဲ ဝိုင်းကိုက်နေကြတာ။ ငါ ဘာလုပ်ရမလဲ၊ ငါ သွားတိုက်ရင် သူတို့တွေ ငါ့ကို ဝိုင်းအုံကြမှာလားမသိဘူး"

ပုရွက်ဆိတ်တွေက ပင်စည်ကို မတိုက်ဘဲ သစ်ပင်အိမ်ကို ကိုက်နေတာလား....။

ဟုတ်ပါသည် ဒီပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက ယုန်တွေလောက်သာ ရှိပေမဲ့ သူတို့ရဲ့ ပစ်မှတ်က အသက်ရှင်ကျန်ရစ်သူတွေ မဟုတ်ဘဲ သစ်ပင်အိမ် ဖြစ်နေခြင်းပင်။

ဗီဇပြောင်းနွယ်ပင်တွေက သစ်ပင်ပင်စည်ကို တိုက်ခိုက်ကြပြီး ဒီပုရွက်ဆိတ်ကြီးတွေကတော့ သစ်ပင်အိမ်ရှိရာ အပေါ်ဘက်ကို တက်ပြီး သစ်ပင်အိမ်ကို ကိုက်ဖြတ် ဖျက်ဆီးကြတာ ဖြစ်သည်။

ရွှီရှင်းတို့ပေးတဲ့ နှလုံးသားအပိုင်းအစတွေသာ မရှိရင်တော့ လူအများစုဟာ နွယ်ပင်ရော ပုရွက်ဆိတ်ပါ နှစ်ဖက်ညှပ် တိုက်ခိုက်တာကို ခံရမှာ သေချာသည်။

ရွှီရှင်းက ဆက်သွယ်ရေးလိုင်းမှာ ချက်ချင်း စာပို့လိုက်၏။

"ပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက တောယုန်တွေလောက်ပဲ ရှိပြီး သိပ်မသန်ပါဘူး။ သူတို့ရဲ့ ပစ်မှတ်က သစ်ပင်အိမ်ပါ၊ လူတွေကို မဟုတ်ပါဘူး။ လက်နက်တွေ ကိုင်ပြီး သူတို့ကို အခုပဲ ချက်ချင်း သွားတိုက်ကြပါ"

ကျိချောင်းယန်ကလည်း ဝင်ပြောသည်။

"သူတို့ရဲ့ အားနည်းချက်က ခေါင်းပဲ။လှံလိုမျိုး လက်နက်တွေနဲ့ တစ်ချက်တည်း ထိုးသတ်လို့ ရပါတယ်။ မြန်မြန် လှုပ်ရှားကြပါ၊ ပုရွက်ဆိတ်တွေ သစ်ပင်အိမ်ကို ဝါးမြိုတာကို ထိုင်မကြည့်နေကြနဲ့။"

"အကြီးအကဲတွေ ပြောမှပဲ စိတ်အေးရတော့တယ်။ သွားကြစို့ ညီအစ်ကိုတို့"

"ယုန်လောက်ပဲ အားရှိတာလား။ ဒီလောက်လေးဆို ငါက မျိုးဖြုတ်ပေးမှာပေါ့"

"ဟားဟား... အေးဆေးပဲဟ၊ ဒီပုရွက်ဆိတ်တွေက သောက်ပေါတွေ။ လက်နက်တွေ ကိုင်ပြီး အကုန်သတ်ပစ်ကြ"

ရွှီရှင်း - "အရမ်းကြီး စိုးရိမ်ပြီး အလောတကြီး မလုပ်ကြပါနဲ့။ သစ်ပင်အိမ်မှာ သူ့ဘာသာ ပြန်လည်ကောင်းမွန်နိုင်တဲ့ စွမ်းရည် ရှိပါတယ်။ စိတ်အေးအေးထားပြီးပဲ တိုက်ကြပါ၊ ပျက်စီးမှာကို အရမ်းကြီး မပူပါနဲ့"

"သိပါပြီ အကြီးအကဲ"

"ကျေးဇူးပါ အကြီးအကဲရွှီ"

တစ်ချိန်တည်းမှာပင် စူးစမ်းရှာဖွေသူများအဖွဲ့ကလည်း စောစောက မီးနဲ့တိုက်မည့် ကိစ္စကို စဉ်းစားနေကြသည်။

ချင်ယွန်လုံ - "ငါတို့ စမ်းကြည့်သင့်လား။ ပုရွက်ဆိတ်တွေက တကယ် များလွန်းတယ်။ ငါတို့သစ်ပင်အိမ်က ပိုကြီးပြီး အထပ်တွေ များနေတော့ ငါတို့ကိုယ်တိုင်ပဲ လိုက်ရှင်းနေရင် တော်တော် ရှုပ်ထွေးမှာ အကုန်လည်း ပြောင်မှာ မဟုတ်ဘူး"

ကျောက်ရှောင်ချွမ်း - "ဒီအတိုင်း ပစ်ထားရင် သစ်ပင်အိမ်က အကိုက်မခံရရင်တောင် ပြန်ကောင်းဖို့ အချိန်အကြာကြီး ယူရမှာပဲ။ အဆင့်မြှင့်တာကိုပါ ထိခိုက်သွားနိုင်တယ်"

ချီရွှယ်ဖေး - "တော်သေးတာက အကာအကွယ်ကို ကျော်လာတဲ့ အရေအတွက်က နည်းနေသေးတာပဲ။ သူတို့က လူတွေနဲ့ ပစ္စည်းတွေကို စိတ်မဝင်စားဘဲ သစ်ပင်အိမ်ကိုပဲ ကိုက်နေကြတာ။ ဒါပေမဲ့ စိတ်ချရအောင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုတော့ ကိုယ်နဲ့မကွာ ထားကြနော်"

ရွှီရှင်း - "ဘယ်သူ မီးနဲ့ စမ်းချင်လဲ။ ငါ့ဆီမှာ မသုံးရသေးတဲ့ သွေးရောင်ဆူးနွယ်ပင်တွေ ရှိတယ်။ ငါ ပေးလို့ရတယ်၊ ဒါပေမဲ့ တောမီးလောင်မှာကိုတော့ သတိထားကြဦး"

ဒီအချိန်မှာတော့ ရွှီရှင်းဟာ လေထဲတွင် တွဲလောင်းခိုရင်း ပုရွက်ဆိတ်တွေရဲ့ လှုပ်ရှားမှုကို အမြဲ စောင့်ကြည့်နေ၏။

ငွေရောင်ဘုရင်နဲ့ မီမီတို့ကတော့ သူတို့ရဲ့ တိုက်ခိုက်ချင်တဲ့ စိတ်ကို မထိန်းနိုင်တော့ဘဲ ရွှီရှင်းရဲ့ ခွင့်ပြုချက်နဲ့ ပုရွက်ဆိတ်အုပ်စုထဲကို ခုန်ဝင်သွားကြချေပြီ။

သစ်ပင်အိမ် ပတ်ပတ်လည်မှာ ပုရွက်ဆိတ်စစ်တပ် အုပ်စု ၇ ခု ရှိတဲ့အထဲက နှစ်အုပ်စုထဲကို သူတို့တွေ ဝင်မွှေနေကြခြင်း ဖြစ်သည်။

အာဖုကတော့ သစ်ပင်အိမ်အောက်မှာ ဇောက်ထိုးခိုရင်း စောင့်နေ၏။

အကယ်၍ ပုရွက်ဆိတ်အုပ်စုကြီးကသာ အပြုံလိုက် တိုက်ခိုက်လာရင် အသံလှိုင်းနဲ့ ထိအောင် တိုက်ခိုက်နိုင် သူမှာ သူတစ်ကောင်သာ ရှိ၏။

သူက သိပ်အစွမ်းမရှိပေမဲ့ ဒီလို ယုန်လောက်ပဲ အားရှိတဲ့ ပုရွက်ဆိတ်တွေကို ကိုင်တွယ်ဖို့ကတော့ အကောင်းဆုံးရွေးချယ်စရာပင်။

တစ်ချိန်တည်းမှာပဲ ကြင်ယာတော် သင်းခွေချပ်ကြီးကလည်း ပုရွက်ဆိတ်အုပ်စု တစ်ခုနားကို ချဉ်းကပ်သွားသည်။

ရွှီရှင်းက သူမ ဘာလုပ်မလဲလို့ ကြည့်နေစဉ်မှာပဲ သူမက ရှည်လျားတဲ့ လျှာကြီးကို ထုတ်ပြီး ကြောင်ပေါက်လေးတစ်ကောင် အရွယ်ရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ပါးစပ်ထဲ လိပ်ထည့်လိုက်တော့သည်။

"ဟ ဘူဖေး ပွဲတော်ကြီးပါလား"

ရွှီရှင်း မေ့သွားတော့မလို့ပင် ၊ သင်းခွေချပ်တွေဆိုတာ အင်းဆက်နဲ့ ပုရွက်ဆိတ်တွေကို စားတဲ့ သတ္တဝါတွေ မဟုတ်ပါလား။

ဒီပုရွက်ဆိတ်အုပ်စုကတော့ သူမအတွက် အကောင်းစား ဘူဖေး စားပွဲကြီး ဖြစ်သွားတော့သည်။

ပတ်ဝန်းကျင်က ပုရွက်ဆိတ်တွေဟာ သူတို့အဖော် အစားခံရတာကို မြင်တော့ သစ်ပင်အိမ်ကို တိုက်ခိုက်နေတာ ခဏရပ်ပြီး ကြင်ယာတော် သင်းခွေချပ်ကြီးကို ဝိုင်းတိုက်ကြတော့သည်။

ဒါပေမဲ့ သူမကတော့ ဂရုပင်မစိုက်ပေ။

ဒီပုရွက်ဆိတ်တွေက သူမရဲ့ မာကျောတဲ့ အကြေးခွံတွေကို ဘယ်လိုမှ မဖောက်နိုင်သောကြောင့်ဖြစ်သည်။

အဲဒီအစား သူတို့ရဲ့ ပါးစပ်တွေပဲ ကျိုးကုန်ကြပြီး သူမရဲ့ ပါးစပ်ထဲကို တစ်ကောင်ပြီးတစ်ကောင် ရောက်ကုန်ကြတော့သည်။

ကလေးနို့တိုက်နေရတာကြောင့်ရော၊ အဆင့်တက်ခါနီးဖြစ်တာကြောင့်ရော သူမရဲ့ စားနိုင်စွမ်းက တကယ်ကို ကြီးမားလှသည်။

ရွှီရှင်း ကြည့်နေရင်းမှာတင် သူမဟာ ပုရွက်ဆိတ် တစ်ရာကျော်ကို မရပ်မနား စားပစ်လိုက်ပြီး ပျက်စီးနေတဲ့ သူမရဲ့ အကြေးခွံတွေတောင် တဖြည်းဖြည်း ပြန်ကောင်းလာခဲ့၏။

ဒီလောက် မာတဲ့ အကြေးခွံတွေ ဘယ်လိုဖြစ်ပြီး ပျက်စီးခဲ့တာလဲဆိုတာ သူ တကယ် သိချင်မိသည်။

ဟိုဧရာမ အကောင်ကြီးကများ အိမ်တွင်းအကြမ်းဖက်မှု လုပ်ခဲ့တာလားမသိဘူး....။

ဒါနဲ့... ဟိုဧရာမ သင်းခွေချပ်ကြီးက ဘာလို့ ဗီဇပြောင်းသင်းခွေချပ်တွေကြားမှာ နေပြီးတော့ ဧရာမသတ္တဝါသွေးပါတဲ့ သူ့ကလေးတွေကို စွန့်ပစ်ခဲ့ရတာလဲ။

သူ စဉ်းစားလို့မရပေ၊ ဒီဗီဇပြောင်းလဲမှု နှစ်မျိုးကြားက ဆက်နွှယ်မှုနဲ့ ကွာခြားချက်ကို နောက်မှပဲ ရှာဖွေရတော့မည်။

နောက်ဆုံးတော့ စူးစမ်းရှာဖွေသူများအဖွဲ့ထဲမှာ တစ်ယောက်ယောက် စကားပြောလာသည်။

ကျောက်ရှောင်ချွမ်း - "ငါ သစ်ပင်အိမ်ပတ်ပတ်လည်မှာ ကျင်းတွေ အဝိုင်းလိုက် တူးပြီးပြီ၊ ငါ အရင် စမ်းကြည့်မယ်။ ဒီပုရွက်ဆိတ်တွေ မီးကျင်းကို ဖြတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ အစ်ကိုရွှီ... ငါ့ကို သွေးရောင်ဆူးနွယ်ပင်တွေ ပို့ပေးပါဦး"

"ကောင်းပြီလေ"

ရွှီရှင်းက သူ့ကို လုံလောက်တဲ့ နွယ်ပင်တွေ လွှဲပြောင်းပေးလိုက်၏။

တစ်ဖက်မှာတော့ ကျောက်ရှောင်ချွမ်းဟာ သစ်ပင်အိမ်အောက်မှာ သံချပ်ဝတ်ကို ဝတ်ပြီး အသင့်ပြင်နေသည်။

သူဟာ သူ တူးထားတဲ့ ၁ မီတာနက်ပြီး ၂ မီတာကျယ်တဲ့ ကျင်းတွေထဲမှာ သွေးရောင်ဆူးနွယ်ပင်တွေကို အလျင်အမြန် ဖြန့်ခင်းလိုက်၏။

ဒါကို အဝိုင်းပတ်ဖြစ်အောင် လုပ်ဖို့ သူ တော်တော်လေး အားစိုက်ခဲ့ရတာ ဖြစ်သည်။

ဒီအတောအတွင်း ပုရွက်ဆိတ် အများအပြားဟာ သူ့ကို ကျော်ဖြတ်ပြီး သစ်ပင်အိမ်ပေါ် တက်ကာ နံရံတွေ၊ ကြမ်းပြင်တွေကို ဝိုင်းကိုက်နေကြချေပြီ။

ကျောက်ရှောင်ချွမ်းကတော့ သူတို့ကို ဂရုမစိုက်သေးဘဲ နွယ်ပင်တွေ ခင်းထားတဲ့ ကျင်းထဲကို မီးမြှားတစ်စင်း ပစ်ထည့်လိုက်၏။

"ရှူးးး....."

မီးမြှားမှန်တဲ့ နေရာကနေ မီးတောက်တွေ ဟုန်းခနဲ ထွက်လာပြီး ကျင်းတစ်လျှောက် အလျင်အမြန် ကူးစက်သွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာတင် သစ်ပင်အိမ် ပတ်ပတ်လည်မှာ ၁ မီတာကျော်မြင့်ပြီး ၂ မီတာကျယ်တဲ့ မီးတံတိုင်းကြီး ဖြစ်ပေါ်လာချေပြီ။

"ဟဲဟဲ... ခံတပ်ကျုံးကို ပြောင်းပြန် အသုံးချတာပေါ့၊ ဒါကိုတော့ မီးကျုံး လို့ပဲ ခေါ်လိုက်တော့မယ်"

ကျောက်ရှောင်ချွမ်းဟာ မီးတောက်တွေကြောင့် နီရဲနေတဲ့ သူ့မျက်နှာက ချွေးတွေကို သုတ်ရင်း မီးထဲကို တိုးဝင်လာတဲ့ ပုရွက်ဆိတ်တွေရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်၏။

သူ့ရဲ့ စိုးရိမ်တကြီး စောင့်ကြည့်မှုအောက်တွင် ပုရွက်ဆိတ် အများအပြားဟာ မီးတံတိုင်းထဲကို တိုးဝင်ကြသည်။

အချို့က ကျင်းထဲ ပြုတ်ကျပြီး ပြာအဖြစ် ပြောင်းသွားကြသလို၊ အချို့က လွတ်အောင် ပြေးနိုင်ပေမဲ့ ကိုယ်ပေါ်က မီးကို မငြိမ်းသတ်နိုင်ကြဘဲ သစ်ပင်အိမ် ပင်စည်နား မရောက်ခင်မှာတင် မီးလောင်ပြီး ပြာပုံဘဝ ရောက်ကုန်ကြတော့သည်။

"လှလိုက်တဲ့မြင်ကွင်းကွာ... အောင်မြင်သွားပြီဟေ့"

---

အခန်း ၁၇၇ ပြီး။

All Chapters