← Chapters

ကာကွယ်ရေးတိုက်ပွဲ ပြီးဆုံးခြင်းနှင့် သစ်ပင်အိမ် အဆင့်တက်ခြင်း

Vol. 12 Ch. 179

ကာကွယ်ရေးတိုက်ပွဲ ပြီးဆုံးခြင်းနှင့် သစ်ပင်အိမ် အဆင့်တက်ခြင်း

Vol. 12 Ch. 179

ဆူညံနေတဲ့ ကောင်လေး သုံးကောင်ကို ဂရုမစိုက်တော့ဘဲ ရွှီရှင်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်၏။

ထူးခြားမှု မရှိတာ သေချာမှ စိတ်ကို အေးအေးထားပြီး ဆိုဖာပေါ်မှာ မှီချလိုက်တော့သည်။

စူးစမ်းရှာဖွေသူများအဖွဲ့ထဲတွင်တော့...

လီဝမ်ရှီး - "ငါ မီးကွင်းကြီး လုပ်လိုက်ပြီဟေ့။ တော်တော်လေး အစွမ်းထက်တာပဲ၊ တိုးဝင်လာသမျှ ပုရွက်ဆိတ်တွေ အကုန် မီးလောင်သေကုန်ကြတာ"

ကျောက်ရှောင်ချွမ်း - "ဒီသွေးရောင်ဆူးနွယ်ပင်တွေက တော်တော်ကြာကြာ မီးလောင်နိုင်ပုံရတယ်။ မီးလောင်နေတာ ကြာနေပေမဲ့ အောက်က နွယ်ပင်တွေက သိပ်ပြီး ကုန်မသွားသေးဘူး။"

ချီရွှယ်ဖေး - "ဟူး... နောက်ဆုံးတော့ သစ်ပင်အိမ်ထဲက ပုရွက်ဆိတ်တွေကို အကုန် ရှင်းနိုင်သွားပြီ။ သူတို့တွေက ပြတင်းပေါက်တွေကိုပါ ဝိုင်းကိုက်နေကြတာ၊ ပိတ်ထားလည်း အထဲကို ဝင်လာကြတာပဲ။ တော်သေးတာက ဆေးပင်တွေကိုတော့ မစားကြလို့။"

ချင်ယွန်လုံ - "တတိယထပ်ကို ထိန်းချုပ်ရတာ တကယ် မလွယ်ဘူးဗျာ။ ငါ့ရဲ့ တတိယထပ် ပြတင်းပေါက်တွေ အကုန် အကိုက်ခံလိုက်ရတယ်။ တော်သေးတာက ရွှီရှင်းရဲ့ နည်းလမ်းက အလုပ်ဖြစ်လို့။"

ဝမ်လေ့ - "နှလုံးသားအပင်က သန်မာတယ်ဆိုပေမဲ့ ပုရွက်ဆိတ်အချို့ကတော့ အထဲကို လွတ်ထွက်လာတာပဲ၊ အဲဒါတွေကို လိုက်သတ်နေရတယ်။ ငါလည်း မီးကွင်းလေး တစ်ခုလောက် လုပ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် သွေးရောင်ဆူးနွယ်ပင်တွေကို ငါ အများကြီး သတ်ထားတာပဲ။"

ကျိချောင်းယန် - "မလိုပါဘူး။ ရံဖန်ရံခါ လွတ်လာတဲ့ ပုရွက်ဆိတ်လောက်ကိုတော့ ငါတို့ ကိုင်တွယ်နိုင်ပါတယ်။ ဗီဇပြောင်းနွယ်ပင်ရည်တွေကို ဖြုန်းမနေပါနဲ့၊ အဲဒါကို ပေါက်ကွဲမြှား ပစ္စည်းလုပ်တဲ့နေရာမှာ သုံးလို့ရသေးတယ်လေ။"

ဆိုဖာပေါ်မှာ သက်သောင့်သက်သာ လှဲနေရင်း ရွှီရှင်းသည် ကစားလို့၀ပြီး ပင်ပန်းသွားတဲ့ ခဲခဲလေးကို သူ့ကိုယ်ပေါ် တက်ခိုင်းလိုက်၏။

သူမက သမ်းဝေရင်း သူ့ဗိုက်ပေါ်မှာတင် အိပ်ပျော်သွားတော့သည်။

သူက သူ့ရဲ့ နည်းလမ်းကို အဖွဲ့ထဲမှာ မျှဝေပေးလိုက်သည်။

"မင်းတို့ရဲ့ နွယ်ပင်တွေကို ပတ်ဝန်းကျင်က တောအုပ်တွေကို ဖျက်ဆီးခိုင်းလိုက်လို့ ရတယ်။ အဲဒါဆိုရင် နွယ်ပင်တွေက ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားပြီး ပုရွက်ဆိတ်အုပ်စုတွေကို ပိုပြီး လွယ်လွယ်ကူကူ ဟန့်တားနိုင်လိမ့်မယ်။ သစ်ပင်အိမ် အမြစ်နားမှာ အမိန့်ပေးလိုက်ရုံပဲ။"

ဝမ်လေ့ - "ပတ်ဝန်းကျင်က တောအုပ်ကြီးကို ဖျက်ဆီးပစ်ရမယ် ဟုတ်လား။ အဲဒါက နည်းနည်းတော့ လွန်လွန်းမနေဘူးလား..."

ကျိချောင်းယန် - "နှလုံးသားအပင်က ထိန်းချုပ်ထားတဲ့ နွယ်ပင်တွေကို တကယ်ပဲ ကိုယ်တိုင် စေခိုင်းလို့ ရတာလား။"

ရွှီရှင်းက သူကြုံခဲ့ရတဲ့ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ဝမ်လေ့ - "သိပြီ။ ဒီမြေကွက်လပ်ကို ငါတို့ အနှေးနဲ့အမြန် သုံးရမှာပဲဆိုတော့ နှလုံးသားအပင်ကိုပဲ အကုန်စုပ်ယူခိုင်းလိုက်တာ အကောင်းဆုံးပဲပေါ့"

ကျိချောင်းယန် - "ငါလည်း နွယ်ပင်တွေကို သေသေချာချာ ထိန်းချုပ်နိုင်အောင် သွားစမ်းကြည့်လိုက်ဦးမယ်။"

လီဝမ်ရှီး - "ဝိုး... သူတို့ပြောနေတာတွေ ငါ တစ်ခုမှ နားမလည်တော့ဘူး..."

ချီရွှယ်ဖေး - "ဒါကတော့ အပြင်ထွက်ရဲတဲ့သူတွေပဲ ရမယ့် အကျိုးကျေးဇူးပေါ့၊ ငါတို့နဲ့တော့ မဆိုင်ပါဘူးလေ။"

လီဝမ်ရှီး - "ငါလည်း အပြင်ထွက်နိုင်တာပဲ.."

ဝမ်လေ့ - "မလုပ်ပါနဲ့ ။ ဝမ်ရှီးလေးသာ ချပ်ဝတ်တန်ဆာကြီး ဝတ်ပြီး အပြင်ထွက်ရင် သွေးရောင်ဆူးနွယ်ပင်တွေကြားမှာ ပိတ်မိပြီး ပြန်မလွတ်နိုင်ဘဲ ဖြစ်နေလိမ့်မယ်။ ငါတောင် အားအင်ကုန်ခါနီးမှ သီသီလေး လွတ်လာတာ။"

ဝမ်ကွေ့ရှင်း - "ဟားဟား... ငါတော့ ပုရွက်ဆိတ်တွေကို အကုန် ရှင်းပစ်လိုက်ပြီဟေ့။စုစုပေါင်း ရမှတ် ၂၃၀၀ ကျော်တောင် ရခဲ့တယ်။ မဆိုးဘူးပဲ၊ ငါတော့ တော်တော် ပင်ပန်းသွားပြီ၊ သွားအိပ်တော့မယ်။"

ချင်ယွန်ဟု - "...."

ဝမ်လေ့ - "ဟာဗျာ..."

ကျောက်ရှောင်ချွမ်း - "အမကြီးဝမ်... ငါ့ကိုလည်း နည်းလမ်းလေး လမ်းညွှန်ပေးပါဦး"

ရွှီရှင်းလည်း ဘာပြောရမှန်း မသိတော့ပေ။

သူ ထရပ်ပြီး ပြတင်းပေါက်ကနေ ထပ်ကြည့်လိုက်၏။

နွယ်ပင်တွေကတော့ အဆက်မပြတ် ထိုးသတ်နေဆဲဖြစ်ပြီး ငွေရောင်ဘုရင်၊ မီမီနဲ့ ကြင်ယာတော်တို့လည်း ပျော်ပျော်ပါးပါး အမဲလိုက်နေကြဆဲ ဖြစ်သည်။

ဒါပေမဲ့ ကာကွယ်ရေးနယ်မြေ အပြင်ဘက်မှာတော့ ပုရွက်ဆိတ်အုပ်စုတွေက သိပ်သည်းနေတုန်းပင်။

သူ့ရဲ့ ရမှတ်တွေကတော့ တစ်ထောင်ကျော်လောက်ပဲ တိုးလာခဲ့သည်။

ဒီလောက်များတဲ့ ပုရွက်ဆိတ်တွေကို ရှင်းဖို့ဆိုတာ တိုက်ခိုက်နိုင်စွမ်း တစ်ခုတည်းနဲ့ မရပေ။

ငွေရောင်ဘုရင်နဲ့ မီမီတို့က အစွမ်းထက်တယ်ဆိုပေမဲ့ သတ်တဲ့အရှိန်ကတော့ ဝမ်ကွေ့ရှင်းကို မမီနိုင်တာ သိသာလှသည်။

အရင်က နွယ်ပင်တွေကို သတ်တုန်းကလည်း အရေအတွက် များလေလေ သူမအတွက် ပိုကောင်းလေလေလို့ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

"သူမမှာ ဘယ်လို စွမ်းရည်မျိုး ရှိနေတာလဲ။"

အားမကျဘူးဆိုရင် လိမ်ရာကျပေလိမ့်မည်။

တိုက်ခိုက်ရေး စွမ်းရည်တွေက တကယ်ကို အားကိုးရ၏။

သူ့ရဲ့ ပစ္စည်းခွဲခြားနိုင်တဲ့ စွမ်းရည်နဲ့ မြေပုံဖတ်နိုင်တဲ့ စွမ်းရည်တွေကတော့ အကူအညီပေးတဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်သည်။

နောက်ထပ် စွမ်းရည်တစ်ခု ဘယ်တော့မှ ပွင့်လာမလဲဆိုတာ သူ မသိသေးပေ။

အားလုံးရဲ့ ပြဿနာတွေ ပြေလည်သွားပြီဖြစ်တာကြောင့် ရွှီရှင်းလည်း စိတ်အေးလက်အေး ရှိသွားရသည်။

ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်ရာ စုစုပေါင်း လူဦးရေက အပြောင်းအလဲ မရှိဘဲ သုံးထောင်ကျော် ရှိနေသေးသဖြင့် ပုရွက်ဆိတ်တွေက လူတွေကို တကယ်ပဲ မထိခိုက်စေတာ သေချာသွားပြီဖြစ်သည်။

သစ်ပင်အိမ်သာ အကိုက်မခံရရင် ဒီကာကွယ်ရေးတိုက်ပွဲကို လူတိုင်း ကျော်ဖြတ်နိုင်မှာလားမသိဘူး....။

အခုချိန်မှာ ဆက်သွယ်ရေးလိုင်းကတော့ တိတ်ဆိတ်နေသည်။

လူတိုင်းက အိမ်ထဲ ရောက်လာတဲ့ ပုရွက်ဆိတ်တွေကို ရှင်းနေရပုံရပြီး အချို့ကသာ တိုက်ပွဲရလဒ်တွေကို လာပြောနေကြ၏။

"နောက်ဆုံးတော့ အကုန်သတ်လိုက်နိုင်ပြီ... အား၊ နောက်ထပ် ခိုးဝင်လာပြန်ပြီ"

"အပေါ်ထပ် အောက်ထပ် ပြေးနေရတာ တကယ် ပင်ပန်းတာပဲ"

"ဟားဟား... ငါ့မှာတော့ တစ်ထပ်ပဲ ရှိတာ။ လေးနဲ့ မြှားကိုကိုင်ပြီး ထိုင်စောင့်နေရုံပဲ၊ ဝင်လာတာနဲ့ ပစ်သတ်လိုက်တာ၊ တော်တော်လေး လွယ်တာပဲ။"

ပုရွက်ဆိတ်တွေက အိမ်ထဲဝင်လာမှ တိုက်ခိုက်တာဖြစ်တာကြောင့် တစ်ထပ်တည်းရှိတဲ့ သူတွေအတွက်ကတော့ အေးဆေးပင်။

သူတို့သစ်ပင်အိမ်တွေက စတုရန်းမီတာ ၃၀ တောင် မပြည့်တာကြောင့် အပေါ်ထပ် အောက်ထပ် ပြေးနေစရာ မလိုပေ။

မြှားတွေ ကုန်သွားရင်လည်း ပြန်ကောက်ပြီး သုံးလို့ရ၏။

ဒါပေမဲ့ နှစ်ထပ် သို့မဟုတ် ရွှီရှင်းလို သုံးထပ်၊ လေးထပ်ရှိတဲ့ သူတွေအတွက်ကတော့ ကိုယ်တိုင်လိုက်သတ်နေလျှင် တော်တော်လေး ပင်ပန်းမှာ အမှန်ပင်။

ရွှီရှင်းသာ တစ်ယောက်တည်းဆိုလျှင် ဒီလေးထပ်လုံးကို လိုက်ရှင်းနေရလောက်၏။

ခြုံငုံကြည့်ရလျှင် သစ်ပင်အိမ် အဆင့်နိမ့်လေလေ ပုရွက်ဆိတ်အုပ်စုကို ကိုင်တွယ်ရ ပိုလွယ်လေလေ ဖြစ်ရမည်။

သူ့အတွက်တော့ လုပ်စရာ သိပ်မရှိတော့တာကြောင့် ဒီပွဲပြီးဆုံးမယ့်အချိန်ကိုပဲ စောင့်ရတော့မည်။

ရွှီရှင်းသည် သူ့ဗိုက်ပေါ်မှာ အိပ်ပျော်နေတဲ့ ခဲခဲလေးကို ဆိုဖာပေါ်သို့ အသာအယာ ရွှေ့ပေးလိုက်၏။

ဒီကောင်မလေးဟာ မနေ့ညက မြေအောက်က ဗီဇပြောင်းနှလုံးသားကို စိုးရိမ်နေတာကြောင့် ကောင်းကောင်း မအိပ်ခဲ့ရရှာပေ။

အခုတော့ ဘေးကင်းသွားပြီဖြစ်တာကြောင့် အိပ်မောကျနေပြီး ရွှီရှင်း ရွှေ့လိုက်တဲ့အချိန်မှာတော့ အသံလေး တစ်ချက်ပြုကာ နှုတ်ခမ်းလေးတွေကိုပဲ သပ်နေတော့သည်။

ရွှီရှင်းသည် စာကြည့်ခန်းထဲသို့ သွားကာ ကျောက်ဆစ်ဓား ကို ကိုင်ပြီး တစ်ခုခု ထွင်းထုနေလိုက်၏။

ရေနက်ပုလဲတွေရဲ့ အစွမ်းနဲ့ အမြဲတမ်း လေ့ကျင့်နေခဲ့တာကြောင့် ထွင်းထုရတာဟာ အရင်ကထက် အများကြီး ပိုပြီး လွယ်ကူချောမွေ့လာချေပြီ။

---

အခန်း ၁၇၉ ပြီး။

All Chapters