အဇူရာတိမ်မြို့အတွက် အစီအစဉ်
Vol. 27 Ch. 277
“စီနီယာအစ်ကိုကြီး စီနီယာအစ်ကိုကြီး”
အစည်းအဝေးပြီးဆုံးသွားချိန်တွင် ကျန်းကျစ်ချိုး ကျန်းယန်နောက်မှ လိုက်လာခဲ့သည်။
သူ့တာ၀န်က အဇူရာတိမ်မြို့ကို အခုထက် သုံးဆပိုကြီးအောင်ပြောင်းလဲပစ်ဖို့ဖြစ်ပြီး လူဦးရေးကိုလည်း ၁သန်းအထိ တိုးမြှင့်ရမည်ဖြစ်သည်။
ထိုတာ၀န်က သူ့ပုခုံးပေါ်ရောက်နေပြီဖြစ်သော်လည်း သူဘယ်ကစရမလဲ မသိခဲ့ပေ။
သူသူ့အစ်ကိုကြီးဆီမှ လမ်းညွှန်ချက်တောင်းခံဖို့ လိုအပ်၏။မဟုတ်လျှင် ထိုတာ၀န်ကိုပြီးမြောက်ဖို့က လွယ်ကူမည် မဟုတ်ပေ။
“ခဏစောင့်” ကျန်းယန် ကျန်းကျစ်ချိုးကို အချက်ပြလိုက်လေသည်။
“ငါစီနီယာဂူကို အရင်ပြန်ပို့လိုက်ဦးမယ် ပြီးရင် မင်းနဲ့ဆွေးနွေးမယ်”
သူဂူဒူအာ့ကို ကိုယ်တိုင်လိုက်ပို့ဖို့ လို၏။ နောက်ဆုံးတွင် တားမြစ်နယ်မြေထဲ ၀င်နိုင်သူက သူနှင့်သူဆရာသာ ရှိသည် မဟုတ်ပါလော။ သူ့ဆရာကို လိုက်ပို့ခိုင်း၍လည်း မဖြစ်သေးပေ။
“စီနီယာဂူ ကျေးဇူးပြုပြီး ခဏလောက်တော့ထပ်စောင့်ပေးပါ ကျွန်တော်အခြားကိစ္စတွေ စီစဉ်ပြီးရင် စီနီယာ့ကို အခြားစီနီယာတွေနဲ့တွေ့ဖို့ ခေါ်သွားပေးပါ့မယ်” ကျန်းယန် ဂူဒူအာကို ပြောလိုက်သည်။
ဂူဒူအာလည်း စိတ်ထဲမရှ်ိကြောင်းပြောပြီး ရှေ့ကသွားဖို့သာ လက်ဟန်ပြလိုက်၏။
ကျန်းယန် ထွက်သွားပြီးသောအခါ မိစ္ဆာလေးကောင် ဂူဒူအားနားဝိုင်းလာပြီး စိတ်၀င်တစားမေးလိုက်လေသည်။
“သူတို့ ဘာလုပ်ချင်ကြတာလဲ”
ဂူဒူအာ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။
“ဒီကောင်လေးက ငါထင်ထားတာထက်ပိုပြီး အရည်အချင်းရှိတယ်…နောက်နှစ် ၂၀အတွင်း ငါတို့သူ့ကိုနည်းနည်းတော့ ကူညီရမယ့်ပုံပဲ နှစ်၂၀အတွင်း ငါတို့ရည်ရွယ်ချက်လည်း ပြည့်သွားနိုင်တယ်
ငါတို့ကျိန်းသေပေါက် ပြင်ဆင်ထားရမယ် အခုကစပြီး နောက် ၂၀ ရောက်တဲ့အခါ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားလာလိမ့်မယ်”
ကျန်းယန်၏အစီအစဉ်အရဆိုလျှင် နောက် ၂၀ကြာသည့်အခါ သူတို့သည် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆီ ရောက်ရှိနိုင်ပေလိမ့်မည်။
ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းကလည်း သူတို့၏တန်ခိုးအထွားဆုံးအချိန်သို့ ပြန်လည်ရောက်ရှိနေနိုင်၏။
အခြားဂိုဏ်းကြီးများက အဇူရာတိမ်ဂိုဏ်းကို အလွယ်တကူ ရှင်းပစ်နိုင်ပါမည်လော။
ထိုအချိန်သို့ရောက်လာခဲ့လျှင် ဤကမ္ဘာပေါ်တွင် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာမှာ သေချာပေသည်။
“ကျွန်တော်တို့ မိစ္ဆာလက်နက်တွေကို ပြန်ယူနိုင်မယ့် အခွင့်အရေးရော ရှိလား” ဂူယန် မေးလိုက်၏။
သူတို့မိစ္ဆာလက်နက်များသည် သူတို့ခွန်အား၏တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ ထိုလက်နက်များသည် သူတို့ဖိနှိပ်ခံခဲ့ရစဉ်က သူတို့နှင့်အတူ ချိတ်ပိတ်ခြင်းကို ခံခဲ့ရ၏။
အကယ်၍ သူတို့သာ ထိုလက်နက်များကို ပြန်ရယူနိုင်ခဲ့လျှင် သူတို့ခွန်အားများကလည်း သေချာပေါက် တိုးမြင့်လာပေလိမ့်မည်။
ဘယ်လိုကိစ္စကြီးပဲ ဖြစ်လာလာ သူတို့လက်ထဲတွင်သာ မိစ္ဆာလက်နက်များ ရှ်ိနေခဲ့လျှင် သူတို့ယုံကြည်မှု ရှိပေသည်။
ဂူဒူအာ ခေါင်းခါလိုက်၏။
“ငါတို့အခု မိစ္ဆာလက်နက်တွေအကြောင်း ပြောလို့ မဖြစ်သေးဘူး နောက်မှဆွေးနွေးကြမယ် အခု ငါတို့နဲ့သူတို့က ဆန့်ကျင်ဘက်ဖြစ်နေတုန်းပဲ
အဲ့တာကိုမမေ့နဲ့
လတ်တလော တစ်ဖက်တည်းမှာရပ်နေကြတယ်ထင်ရပေမယ့် ငါတို့ အဲ့ဒီကလေးကိုတောင် သတိထားရမယ်
ငါတို့ မိစ္ဆာအရှင်ပေးအပ်လိုက်တဲ့တာ၀န်ကို မဖြစ်မနေ အောင်မြင်အောင် လုပ်ရမယ်
အဲ့တာကြောင့် ဘာတွေပဲဖြစ်လာလာ ငါတို့အနေနဲ့ နှစ် ၂၀ကို စိတ်ရှည်ရှည်နဲ့စောင့်ရမယ်”
မိစ္ဆာများ ခေါင်းညိတ်လိုက်ကြပြီး ဆက်လက်ကျင့်ကြံနေခဲ့ကြ၏။
…….
ထိုစဉ် ကျန်းယန် သူ့ဗီလာဆီပြန်ရောက်လာခဲ့ပြီး ကျန်းကျစ်ချိုးလည်း သူ့နောက်မှ အလောတကြီး လိုက်လာခဲ့သည်။
“စီနီယာအစ်ကိုကြီး….”
ကျန်းယန် လက်ကာပြလိုက်၏။
“မင်းဘာမေးချင်လဲ ငါသိပါတယ် အရင်ဆုံး အဇူရာတိမ်မြို့မှာ ငွေဘယ်လောက်ရှိလဲ ငါ့ကိုပြောပြ”
“ကျွန်တော်တို့မှာ စိတ်ဝိညာဉ်ကျောက်တုံး ၅သန်းကျော်တော့ရှိပါတယ်” ကျန်းကျစ်ချိုးဖြေလိုက်သည်။
“အဲ့ဒီ ၅ သန်းကို ကောင်းကောင်းအသုံးချရမယ်” ကျန်းယန် ပြောလိုက်ကာ ကျန်းကျစ်ချိုးကို ထိုင်ဖို့အချက်ပြလိုက်၏။
“အဇူရာတိမ်မြို့ရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုတွေက အဇူရာတိမ်ဂိုဏ်းအပေါ် အလုံးစုံ မှီခိုနေတယ်
အဲ့တာက ရေရှည်အတွက်တော့ မကောင်းဘူး
အဇူရာတိမ်မြို့က သူ့ကိုယ်ပိုင်အင်အားတစ်ခုရှိလာအောင် ကြိုးစားရမယ်”
ကျန်းကျစ်ချိုး ကြောင်နေခဲ့သည်။
ကျန်းယန်ပြောသောစကားလုံးများကို သူနားလည်သလိုရှိသော်လည်း သေချာစဉ်းစားကြည့်သောအခါ ဘာကိုဆိုလိုနေသလဲ နားမလည်တော့ပြန်ပေ။
ကျန်းယန် ငေးကြောင်နေသော ကျန်းကျစ်ချိုးကို ရှင်းပြလိုက်၏။
“ငါဆိုလိုတာက အဇူရာတိမ်မြို့က ဘယ်မြို့နဲ့မှမတူတဲ့ သူ့ကိုယ်ပိုင်ဝိသေသတွေရှိတဲ့ မြို့တစ်မြို့ဖြစ်လာဖို့ပဲ
ငါ့မှာ အကြံပြုချက်အချို့တော့ရှိတယ် အဲ့တာတွေကို နမူနာယူပြီး သုံးကြည့်
အရင်ဆုံး ငါတို့ပြောင်းလဲရမှာက အိမ်ေထာင်စုစာရင်းသွင်းစနစ်ကိုပဲ ငါတို့က အဇူရာတိမ်မြို့မှာ အမြဲနေမယ့်သူတွေနဲ့ အပြင်လူဧည့်သည်တွေကို ကျိန်းသေပေါက် ခွဲခြားထားရမယ် အဲ့တာမှ အနာဂတ်အတွက်စီစဉ်ရတာ ပိုလွယ်လာမှာ
ဘယ်သူပဲဖြစ်နေပါစေ အဇူရာတိမ်မြို့ထဲ၀င်လာတာနဲ့ အဲ့ဒီလူက အရင်ဆုံး စာရင်းသွင်းရမယ်
အမြဲတမ်းနေထိုင်သူ မဟုတ်တဲ့သူတွေကို ဧည့်သည်တွေအဖြစ် စာရင်းသွင်းထားရမယ် သူတို့ရဲ့ နေထိုင်ခွင့်ကုန်ဆုံးသွားတာနဲ့ အဲ့ဒီလူတွေက ထွက်သွားရမယ် အဲ့ဒီနည်းလမ်းနဲ့ ငါတို့က အဇူရာတိမ်မြို့ထဲအမြဲတမ်းနေထိုင်သူတွေကို သူတို့အိမ်ယာတွေအပေါ် ဒီမြို့အပေါ် ပိုပြီး တန်ဖိုးထားလာအောင် လုပ်လို့ရသလို အပြင်လူတွေကလည်း မြို့ထဲမှာ အိမ်ပိုင်ယာပိုင်ရှိဖို့ အသည်းအသန်ကြိုးစားလာကြလိမ့်မယ်
ဒါပေါ့ အဇူရာတိမ်မြို့က အမြဲတမ်းနေထိုင်သူတွေအပေါ် အကျိုးအမြတ်တွေလည်း ပေးရမှာပေါ့
ဥပမာ လူတိုင်းရဲ့လုံခြုံရေးကို အာမခံနိုင်ဖို့ မြို့ထဲမှာ တိုက်ခိုက်ခြင်းကို တားမြစ်လိုက်တာမျိုး
အဇူရာတိမ်ဂိုဏ်းရဲ့ စစ်ဆေးပွဲတွေမှာ မြို့ထဲကလူတွေက အဓိကပါ၀င်ခွင့်ရတာမျိုး ပေါ့”
ကျန်းကျစ်ချိုး ကျန်းယန်ကို ငေးကြောင်စွာ စိုက်ကြည့်နေခဲ့၏။ အဇူရာတိမ်မြို့ဆီ ရောက်ရှိလာသူအများစုသည် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။
ကျင့်ကြံသူတွေကို အုပ်ချုပ်ဖို့တဲ့လား။
အဇူရာတိမ်မြို့တွင် ထိုကဲ့သို့သောအာဏာ မည်သို့ရှိနိုင်ပါမည်နည်း။
“စီနီယာအစ်ကိုကြီး ကျွန်တော်က ဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးတာလေ” ကျန်းကျစ်ချိုး ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“အခုဆို ရွှေအမြုတေအဆင့်နဲ့ဝိညာဉ်အခြေတည်အဆင့်တွေက မြို့ထဲမှာ ဥဒဟိုသွားလာနေကြတာ နတ်ဝိညာဉ်အဆင့်အချို့တောင် ပါသေးတယ် ကျွန်တော်သူတို့ကို မထိန်းချုပ်နိုင်ဘူး
ဒါမှမဟုတ် ဆရာဦးလေးတစ်ယောက်ယောက်ကို မြို့ကိုအုပ်ချုပ်ဖို့ လွှတ်လိုက်ရင်ရော”
ကျန်းယန် ခေါင်းခါပြလိုက်သည်။
“မင်းဆရာဦးလေးတွေမှာလည်း ပြီးဆုံးအောင်လုပ်ရမယ့် တာ၀န်တွေရှိနေတယ် အရေးမကြီးရင် သူတို့ကိုမနှောင့်ယှက်နဲ့
ငါကျန်းချန်ရှန်းနဲ့၀မ်ပေ့လဲ့အဖွဲ့ကလူတွေကို မင်းကိုကူညီဖို့ လွှတ်လိုက်မယ်”
ကျန်းကျစ်ချိုး ငေးကြောင်သွားခဲ့၏။
ထိုအဖွဲ့သားအများစုသည် အခြေခံတည်ဆောက်ခြင်းအဆင့်များသာဖြစ်ကြလေရာ ထိုသူများနှင့် ဘာလုပ်နိုင်ပါမည်နည်း။
ရွှေအမြုတေအဆင့် ၃၀၀ ရှိနေလျှင်တောင် နတ်ဝိညာဉ်အဆင့် ၁ယောက်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်များအတွက်တော့ ပြောစရာပင် မလိုပေ။
“စိတ်မပူပါနဲ့ ငါလွှတ်လိုက်တယ်ဆိုမှတော့ သူတို့က အခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်းရှိလို့ပါ” ကျန်းယန် ပြုံး၍ ပြောလိုက်သည်။
“ပြီးတော့ ဒီနေ့ကစပြီး အဇူရာတိမ်မြို့က အမြဲသန့်ရှင်းသပ်ရပ်နေပုံပေါ်အောင် ကြိုးစားရမယ်
အဓိကလမ်းမကြီးတွေကို နေ့တိုင်း ပုံမှန်သန့်ရှင်းရေးလုပ်ရမယ် မြို့ရဲ့အသွင်အပြင်ကို ထိခိုက်စေတဲ့ အိမ်တွေကိုလည်း မင်းပဲ လျော်ကြေးပေးပြီးတော့ ဖျက်ခိုင်းလိုက်
အနာဂတ်မှာမြို့ရဲ့အသွင်သဏ္ဍာန်ကိုထိခိုက်စေရင်တော့ လျော်ကြေးမပေးတော့ဘူးဆိုတာပါ ထည့်ပြော”
ကျန်းကျစ်ချိုး အမြန်ပြန်ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး ကျွန်တော့်မှာ လူအင်အားမလုံလောက်ဘူး”
အဇူရာတိမ်မြို့သည် အလွန်ကြီးလေရာ ထိုမြို့ကြီးကို နေ့စဉ်ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ လုံလောက်သောလူအင်အား သူ့တွင်ရှိမနေခဲ့ပေ။
ကျန်းယန် ပြုံးလိုက်သည်။
“အဖွဲ့ကြီး ၃ဖွဲ့ထဲမှာ ခန္ဓာသန့်စင်ခြင်းအဆင့်တပည့်တွေအများကြီးရှိတယ် သူတို့ကို လွှတ်လိုက်မယ် သူတို့ကိုသန့်ရှင်းရေးလုပ်တဲ့နေရာမှာ ခိုင်းပေး သူတို့ခန္ဓာကိုယ်သန့်စင်ခြင်းအတွက်လည်း အထောက်အကူဖြစ်အောင်
ဘာပဲဖြစ်ဖြစ်သူတို့ကိုလည်း ဂိုဏ်းကအရင်းအမြစ်တွေထောက်ပံ့ရမှာပဲလေ မင်းဆီကိုလွှတ်လိုက်တော့ ဂိုဏ်းလည်း အကုန်အကျသက်သာတာပေါ့ မင်းလည်း လုံလောက်တဲ့လူအင်အားရလာလိမ့်မယ် သူတို့အတွက် တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး ၅တုံးကနေ ၁၀တုံးအထိပေး ဒါဆိုရင် မင်းခိုင်းသမျှကို စိတ်ပါလက်ပါနဲ့ လုပ်ပေးကြလိမ့်မယ်”
“ကျွန်တော့်မှာပိုက်ဆံအဲ့လောက်မရှိဘူး” ကျန်းကျစ်ချိုး အမူအရာက ပိုပိုပြီး သနားစရာကောင်းလာခဲ့သည်။
အဇူရာတိမ်မြို့တွင် အဲ့လောက်ရန်ပုံငွေရှိမနေခဲ့ပေ။
ကျန်းယန်မျက်ခုံးများတွန့်ကွေးသွားကာ ပြောလိုက်၏။
“ငါမင်းကို အိမ်ေထာင်စုစာရင်းသွင်းတဲ့စနစ်အကြောင်း မပြောခဲ့ဘူးလား အဲ့ဒီကိစ္စကနေ မင်းငွေတွေ၀င်လာလိမ့်မယ်
အဇူရာတိမ်မြို့က ပိုကောင်းတဲ့ပတ်၀န်းကျင်တစ်ခုဖြစ်လာအောင် ကြိုးစားနေရင် နေထိုင်သူတွေကလည်း အဲ့ဒီအတွက်တန်ကြေးတစ်ခုပေးဖို့ ဆန္ဒရှိကြမှာပဲ
မြို့၀င်ခွန်ဆိုတာ အဲ့တာပဲ
အခုကစပြီး အဇူရာတိမ်မြို့ထဲ ၀င်လာတဲ့သူမှန်သမျှ မြို့၀င်ခွန်အဖြစ် စိတ်ဝိညာဉ်ကျောက်တုံး ၅တုံးပေးရမယ်
ဒါပေါ့ သာမန်လူတွေကတော့ စိတ်ဝိညာဉ်ကျောက်တုံးပေးစရာမလိုဘူး သူတို့အတွက်တော့ ကြေးဒင်္ဂါး ၅ပြား သတ်မှတ်လိုက်မယ် အဲ့တာကို အပို၀င်ငွေအဖြစ် ယူဆလို့ရတယ်”
ကျန်းကျစ်ချိုး ကြောင်အသွားခဲ့ပြန်သည်။
ထိုအရာက နေ့ခင်းကြောင်တောင်ဓားပြတိုက်နေခြင်း မဟုတ်ပါလော။
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ဖူးသော ကျန်းကျစ်ချိုးတစ်ယောက် သူ့စီနီယာအစ်ကိုကြီးကို ရှုပ်ထွေးသောခံစားချက်များဖြင့် ကြည့်ရှုနေခဲ့မိ၏။
ကုန်သွယ်ရေးတွင် အခွန်ကောက်ခြင်းမှာ အကျိုးအကြောင်းဆီလျော်သော ကိစ္စသာ ဖြစ်ပေသည်။
သို့သော်လည်း အဇူရာတိမ်မြေပေါ် ခြေချသည်နှင့် အခွန်ပေးရခြင်းမျိုးကတော့….