နှစ်တစ်ထောင်အစီအစဉ်
Vol. 27 Ch. 280
“အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို သေချာစောင့်ကြည့်ထား အဖြစ်အပျက်တစ်ခုမှ မလွတ်စေနဲ့”
၀မ်လင်းဂိုဏ်း၏ နေနတ်မင်းခန်းမထဲတွင် ကျိုးရွှမ်ရှန်း ကျင်းတောက်ကို ညွှန်ကြားနေခဲ့သည်။
“အဖြစ်အပျက်တစ်ခုခုရှိတာနဲ့ ချက်ချင်းငါ့ဆီသတင်းပို့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်” ကျင်းတောက်ဦးညွှတ်ကာ ပြန်ပြောလိုက်၏။
သူအဇူရာတိမ်ကုန်းမြေတိုက်ကြီးဘက်တစ်ချက်ကြည့်လိုက်ပြီးနောက် အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ကျွန်တော်တို့အစီအစဉ်အောင်မြင်နိုင်မယ့် အခွင့်အရေးတစ်ခု တကယ်ပဲရှိလာနိုင်မှာလား”
ကျိုးရွှမ်ရှန်းအေးအေးဆေးဆေးပြန်ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ငါလူတွေရဲ့ စိတ်နေသဘောထားမျိုးစုံကို မြင်တွေ့ခဲ့ပြီးပြီ
လူတွေက အပြင်ရန်သူရှိလာတဲ့အခါ အားလုံးပူးပေါင်းပြီး အဲ့ဒီရန်သူကိုတိုက်ခိုက်ကြတယ်
ဒါပေမယ့် အပြင်ရန်သူမရှိတဲ့အခါမှာတော့ အတွင်းပိုင်းပဋိပက္ခတွေ ဖြစ်လာကြတယ်
အဇူရာတိမ်ဂိုဏ်းအတွက်လည်း ခြွင်းချက်ရှိမနေဘူး
အထူးသဖြင့် သူတို့နဲ့မိစ္ဆာတွေကြားမှာ ရန်ငြှိုးကြီးကြီးမားမားရှိနေတဲ့အခါမျိုးမှာပေါ့ သူတို့အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းတယ်ဆိုတာ အတင်းအကြပ်ဖိအားပေးခံထားရလို့ပဲ
အခုသူတို့မှာ အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံးတွေရှိနေပြီ သူတို့က အဲ့ဒီကျောက်တုံးတွေနဲ့ ၀င်္ကပါကိုအားကောင်းလာအောင် လုပ်လိမ့်မယ် ပြီးရင် ငါတို့ကလည်း သူတို့ကို နှစ်၂၀အတွင်း မတိုက်ခိုက်ဖို့ ကတိပေးထားတယ် ဆိုတော့ အဲ့ဒီနှစ် ၂၀အတွင်း ကျိန်းသေပေါက် သူတို့ကြားထဲ အတွင်းရေးပဋိပက္ခတွေဖြစ်လာလိမ့်မယ်
အဲ့ဒီပဋိပက္ခတွေ ပေါက်ကွဲထွက်လာတဲ့နေ့က ငါတို့လှုပ်ရှားရမယ့် နေ့ပဲ”
ထိုနေရာအရောက်တွင် ကျိုးရွှမ်ရှန်းအကြည့်များအေးစက်သွားပြီး ဆက်ပြောလိုက်သည်။
“သူတို့က ၀မ်လင်းဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံ ၂၀ ကိုတကယ်ကြီးအလွယ်တကူ ယူသွားလို့ရမယ်ထင်နေလား
အဲ့ဒီအကြွေးကို အမြန်ဆုံး သွေးနဲ့ပြန်ပေးဆပ်ရလိမ့်မယ်!”
“ဂိုဏ်းချုပ်က ဉာဏ်ကြီးပါပေတယ်” ကျင်းတောက် ပြုံး၍ ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက လူငယ်လေးတွေစုထားတဲ့ဂိုဏ်းတစ်ဂိုဏ်းကလွဲပြီး ဘာမှမဟုတ်ပါဘူး သူတို့ဘာသိမှာလဲ
ဒီတစ်ခေါက် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေရထားတော့ သူတို့ပျော်ပျော်ကြီး အောင်ပွဲခံနေကြမှာပဲ
သူတို့မသိဝာာက အရာအားလုံးက ဂိုဏ်းချုပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ် ဆိုတာကိုပဲ”
ကျိုးရွှမ်ရှန်း အသာအယာခေါင်းညိတ်ပြကာ ဆက်ပြောလိုက်လေသည်။
“ငါတို့ဂိုဏ်းထဲက ပါးနပ်တဲ့ဝိညာဉ်အခြေတည်အဆင့်တွေကို ရွေးထုတ်ပြီး ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေအဖြစ် ရုပ်ဖျက်ခိုင်းပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပို့လိုက်
အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာ အင်ပါယာနှစ်ခုနဲ့ ဂိုဏ်းတွေအများကြီးရှိနေတုန်းပဲ
အဲ့ဒီဝိညာဉ်အခြေတည်အဆင့်တွေကို သူတို့အချင်းချင်းကြားထဲ ပဋိပက္ခတွေဖြစ်ပြီး အခြားအင်အားစုတွေက အဇူရာတိမ်ဂိုဏ်းကို အမြင်မကြည်ဖြစ်သွားအောင် ၀င်မွှေခိုင်းလိုက်
မိစ္ဆာတွေအကြောင်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲမှာ သတင်းဖြန့်ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားစေရင် အကောင်းဆုံးပဲ
ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါတို့အဇူရာတိမ်ဂိုဏ်းထဲ ပို့ထားတဲ့ မျိုးစေ့တွေအများကြီးရှိတယ်မဟုတ်လား
အဲ့ဒီမျိုးစေ့တွေ အကုန်လုံးက ပါရမီရှင်တွေချည်းပဲ အခုလောက်ဆို ရွှေအမြုတေအဆင့်ကိုရောက်နေလောက်ပြီ ဝိညာဉ်အခြေတည်အဆင့်ကိုတောင် ရောက်နေနိုင်တယ်
အခုအဇူရာတိမ်ဂိုဏ်းမှာ အရင်းအမြစ်တွေအများကြီးရှိနေပြီဆိုတော့ ငါတို့လူတွေကို ရှေ့တစ်လှမ်းတက်ခိုင်းရမယ့် အချိန်ပဲ
ဝိညာဉ်အခြေတည်အဆင့်တွေကို အဲ့ဒီတပည့်တွေနဲ့ ဆက်သွယ်ဖို့အခွင့်အရေးရှာပြီး ဂိုဏ်းတပည့်ေတွထဲကနေ မိစ္ဆာတွေကို တိုက်ခိုက်ဖို့လှုံ့ဆော်ခိုင်းလိုက်
ဒီအစီအစဉ်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မင်းပဲစီစဉ်ခဲ့တာဆိုတော့ မင်းပဲပြီးပြည့်စုံအောင် အဆုံးသတ်ပေး
မင်းကိုယ်တိုင် ဝိညာဉ်အခြေတည်အဆင့်တွေကိုရွေးလိုက် ဒီကိစ္စကိုလူအများကြီး မသိစေနဲ့
အချိန်မကျသေးရင် သူတို့ကို ပုန်းပြီးပဲ စောင့်ခိုင်းထားလိုက်
အဲ့ဒီမျိုးစေ့တွေအမြင့်ရောက်သွားလေလေ ငါတို့အတွက် အကျိုးရှိလေလေပဲ”
“ဟုတ်ကဲ့ပါ” ကျင်းတောက် ခေါင်းညိတ်ပြလိုက်၏။
“ဂိုဏ်းချုပ် ကိစ္စမရှိတော့ရင် ကျွန်တော်အခုပဲသွားစီစဉ်လိုက်ပါတော့မယ်”
“သွားတော့” ကျိုးရွှမ်ရှန်း လက်ကာပြလိုက်လေသည်။
မကြာခင်တွင် ၀မ်လင်းဂိုဏ်းမှ ဝိညာဉ်အခြေတည်အဆင့်အနည်းငယ် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီသို့ လျှို့ဝှက်ထွက်ခွာသွားခဲ့၏။
တစ်ချိန်တည်းမှာပင် တာအိုပေါင်းစည်းခြင်းအဆင့်သို ရောက်ခါစ သူတစ်ယောက် သူ့အဆင့်ကိုအတင်းအကြပ်ဖိနှိပ်ကာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ရောက်လာခဲ့လေသည်။
ချင်းယွင်ကျိသည် တာအိုပေါင်းစည်းခြင်းအဆင့်များ ကုန်းမြေတိုက်ကြီးထဲ ၀င်မလာဖို့ တားမြစ်ခဲ့သော်လည်း သူ့တွင် ၀င်လာသမျှလူတိုင်းကို လိုက်စစ်ဆေးနေနိုင်မည့်နည်းလမ်းရှိမနေပေ။
အထူးသဖြင့် မိစ္ဆာများကိုအမြဲဖိနှိပ်နေရချိန်၌ သူ့အတွက် ခိုး၀င်လာသူများကို စစ်ဆေးဖို့ ပိုခက်သွားခဲ့၏။
ရုတ်တရက်ဆိုသလို အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၌ များစွာသော ခြေသလုံးအိမ်တိုင် ဝိညာဉ်အခြေတည်အဆင့်များ ပေါ်ပေါက်လာခဲ့လေသည်။
ထိုကျင့်ကြံသူများထဲမှ နှစ်ယောက်ဆိုလျှင် တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာသို့ သွားပြီးပင် နေရာတစ်ခုရရှိစေရန် ရှာဖွေနေခဲ့၏။
တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်ခန်းမထဲ၌ မြင့်မြတ်သခင် များစွာသော တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်အတူ ဆွေးနွေးနေခဲ့သည်။
“ဒီတစ်ခေါက် ငါတို့လန်ကျားအထွတ်အမြတ်မြေက အများကြီးမဆုံးရှုံးခဲ့ဘူး ဘာလို့လဲဆိုတာကိုလည်း ဒီနေရာမှာရှိနေတဲ့သူတွေအားလုံး ကောင်းကောင်းကြီး နားလည်မယ်လို့ ငါယုံတယ်” မြင့်မြတ်သခင် ဖြည်းဖြည်းချင်း ပြောလိုက်၏။
တာအိုပေါင်းစည်းခြင်းအဆင့်များ တိတ်ဆိတ်နေခဲ့ကြပြီး သူတို့ခံစားချက်များလည်း ရှုပ်ထွေးနေခဲ့ကြသည်။
သူတို့လျော်ကြေးငွေက အဘယ်ကြောင့် အနည်းဆုံးဖြစ်နေရပါသနည်း။
ထိုအရာမှာ မိစ္ဆာများကို အသက်စွန့်၍ဖိနှိပ်ပေးခဲ့သော သူတို့စီနီယာများကြောင့်သာ မဟုတ်ပါလော။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းနဲ့ လန်ကျားအထွတ်အမြတ်မြေရဲ့ဆက်ဆံရေးက အတော်လေးကောင်းခဲ့တယ်” မြင့်မြတ်သခင် ဆက်ပြောလိုက်၏။
“ဒါပေမယ့် နှစ်တစ်ထောင်ကြာပြီးတဲ့နောက် ငါတို့ဆက်ဆံရေးက အများကြီး ရှုပ်ထွေးသွားခဲ့ပြီ
အခုအဖြစ်အပျက်ကနေပြီးတော့ ငါတို့ကြားက ရှုပ်ထွေးနေတဲ့ဆက်ဆံရေးတွေကို ရှင်းလင်းဖို့ အခွင့်အရေးတစ်ခု ရလာခဲ့တယ်
ငါအခုတွေးနေတာက အနာဂတ်မှာ ငါတို့ကြားကဆက်ဆံရေးပိုပြီးတိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ”
“မြင့်မြတ်သခင် ဆိုလိုတာက…” တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် သတိထား၍ မေးလိုက်သည်။
မြင့်မြတ်သခင် ပြုံးလိုက်၏။
“ငါမင်းတို့အားလုံးကိုခေါ်လိုက်ပြီဆိုမှတော့ ဒီကိစ္စကိုငါ့အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ မဟုတ်တော့ပါဘူး”
နောက်ထပ်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ဖြည်းဖြည်းချင်း ပြောလိုက်ပြန်သည်။
“ကျွန်တော်ထင်တာတော့ အခြားဂိုဏ်းတွေက အဇူရာတိမ်ဂိုဏ်းကို အလွယ်တကူ အလွှတ်ပေးမှာမဟုတ်ဘူး အထူးသဖြင့် ၀မ်လင်းဂိုဏ်းပဲ
ကျွန်တော်တို့က အဇူရာတိမ်ဂိုဏ်းနဲ့ကြားက ဆက်ဆံရေးကို တိုးတက်အောင်လုပ်မယ်ဆိုရင်တောင် အများကြီးအသုံး၀င်လာမှာ မဟုတ်ဘူး
ကျိုးရွှမ်ရှန်းက ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကိုရောက်နေတာ အတော်ကြာနေပြီ သူကအကန့်အသတ်ကိုချိုးဖြတ်ပြီး တက်လှမ်းသွားနိုင်တယ်
ပြောရရင် လက်ရှိကမ္ဘာကြီးကို ၀မ်လင်းဂိုဏ်းက ဦးဆောင်နေတာလို့တောင်ပြောလို့ရတယ်
ကျွန်တော်တို့သာ ရုတ်တရက်ကြီး အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် အခြားဂိုဏ်းတွေ မနှစ်မြို့တာကိုခံရနိုင်တယ် အထူးသဖြင့် ၀မ်လင်းဂိုဏ်းပဲ
၀န်ခံရရင် ကျွန်တော်တို့လန်ကျားအထွတ်အမြတ်မြေရဲ့ အုတ်မြစ်ကနက်ရှိုင်းတော့ ကျိုးရွှမ်ရှန်း ကျွန်တော်တို့ကို တိုက်ရိုက်အမိန့်လာပေးနိုင်မှာတော့မဟုတ်ဘူး
ဒါပေမယ့်လည်း သူတို့နဲ့တိုက်ခိုက်ရရင် ကျွန်တော်တို့အင်အားနည်းသွားမှာ သေချာတယ်
အဲ့တာကြောင့် လက်ရှိအခြေအနေအရ အဇူရာတိမ်ဂိုဏ်းနဲ့ တရင်းတနှီးမနေတာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်”
တတိယမြောက်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ၀င်ပြောလိုက်၏။
“ကျုပ်လည်း သဘောတူတယ်
ဘာလို့လဲဆိုတော့ အဇူရာတိမ်ဂိုဏ်းရဲ့ အင်အားကအရမ်းအတုအယောင်ဆန်နေလို့ပဲ
သူတို့မှာ ကြောက်စရာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၆ယောက်ရဲ့ အင်အားရှိတယ်ဆိုပေမယ့် အားလုံးက မိစ္ဆာတွေဆီကရလာတဲ့အင်အားပဲ သူတို့ပိုင်တာဆိုလို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပဲရှိတာ
အခုဆို အဇူရာတိမ်ဂိုဏ်းမှာ အရင်းအမြစ်တွေအများကြီးရှိနေပြီး သူတို့အုတ်မြစ်ကိုလည်း သန်မာလာအောင်လုပ်လို့ရနေပြီဆိုတော့ အဇူရာတိမ်ဂိုဏ်းနဲ့မိစ္ဆာတွေကြား ပဋိပက္ခတစ်ခုက မလွဲမသေဖြစ်လာမှာပဲ
နောက်ဆုံးတော့ သူတို့ကြားထဲမှာ တစ်ယောက်ယောက်သေသွားမှပြေနိုင်မယ့် အမုန်းတရားမျိုး ရှိနေကြတာလေ
အဲ့ဒီလိုရန်ငြှိုးမျိုးက ဖြေရှင်းလို့မရဘူး”
မြင့်မြတ်သခင်ခေါင်းညိတ်ပြလိုက်၏။ တခဏတွေးတောပြီးနောက် သူဖြည်းဖြည်းချင်းပြောလိုက်သည်။
“ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါတို့နဲ့အဇူရာတိမ်ဂိုဏ်းကြားက အကွာအဝေးကို မနီးမဝေးလေးပဲ ထားလိုက်ကြတာပေါ့
ငါတို့သူတို့ကို ဒုက္ခနည်းနည်းလောက် ပေးလို့လည်းရတယ်
ဒီလောက်ပြဿနာလေးတွေကိုမှ မဖြေရှင်းနိုင်ရင်တော့ သူတို့က ပျက်ဆီးသွားသင့်တယ်
စကားမစပ် အဇူရာတိမ်ဂိုဏ်းဆီ ကျားရှန်း ပို့ထားတဲ့ ပါရမီရှင်တွေ ရှိသေးတယ်မဟုတ်လား
အခု အဲ့ဒီပါရမီရှင်တွေက သူတို့ကိုယ်သူတို့ကောင်းကောင်းရုပ်ဖျက်ထားနိုင်ကြတယ်မဟုတ်လား
သူတို့ကို စလှုပ်ရှားခိုင်းလိုက်တော့
သူတို့လှုပ်ရှားလိုက်ရင် အဇူရာတိမ်ဂိုဏ်းထဲက ရတနာနည်းနည်းလောက်တောင် ငါတို့ဆီ ပါလာနိုင်သေးတယ်”
တာအိုပေါင်းစည်းခြင်းအဆင့်များ ရယ်မောလိုက်ကြလေသည်။
ကိစ္စများကို ဆွေးနွေးပြီးနောက် မြင့်မြတ်သခင် အိမ်ပြန်လာခဲ့၏။ ကျင့်ကြံနေသော ကုန်းရှို့ပင်းကို ကြည့်နေရင်း သူတခဏတွေးတောလိုက်ပြီး ပြောလိုက်သည်။
“မင်းအဇူရာတိမ်ဂိုဏ်းကို တစ်ခေါက်လောက်သွားချင်လား”
“အဖေ” ကုန်းရှို့ပင်း သူ့အဖေကို အံ့အားသင့်နေဟန်ဖြင့် ပြန်ကြည့်လိုက်၏။
မြင့်မြတ်သခင် ပြုံးလိုက်သည်။
“မင်းက ဒေါသပညာရပ်ကို တတ်မြောက်သွားပြီ အဲ့ဒီကလေးကို သင်ခန်းစာနည်းနည်းလောက်သွားမပေးချင်ဘူးလား”
ချက်ချင်းဆိုသလို ကုန်းရှို့ပင်းမျက်နှာပေါ် ဒေါသရိပ်များ သန်းလာခဲ့၏။
“ကျွန်တော်သွားချင်ပါတယ် ဒါပေမယ့် ကျွန်တော့်ကြောင့် အခြားကိစ္စကြီးတွေအပေါ် သက်ရောက်မှုရှိသွားမှာလည်း ကြောက်တယ်”
မြင့်မြတ်သခင် အသာအယာခေါင်းယမ်းလိုက်သည်။
“မင်းတို့ဂျူနီယာနှစ်ယောက်တိုက်ခိုက်တာက ဘယ်လိုလုပ် ကိစ္စတွေအားလုံးအပေါ် သက်ရောက်မှုရှိသွားစေနိုင်မှာလဲ
မင်းသွားချင်ရင် ငါမင်းနဲ့အတူ အဖော်ထည့်ပေးလိုက်မယ်
ဒီတိုင်း အဇူရာတိမ်ဂိုဏ်းဆီ အလည်အပတ်သွားတဲ့ခရီးတစ်ခုလိုမျိုး သွားလိုက်”
“ကျွန်တော်သွားမယ်”
ကုန်းရှို့ပင်း ခပ်ကြမ်းကြမ်းခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။
သူကလဲ့စားချေချင်နေခဲ့၏။
မြင့်မြတ်သခင်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“မင်းသွားရင် ချင်းယွင်ကျိဆီလည်း သေချာသွားလည်ခဲ့
အို့ ဟုတ်သားပဲ မင်းတာအိုလက်တွဲဖော်တစ်ယောက်လည်း ရှာခဲ့သင့်တယ်
ငါကြည့်ပြီးပြီ အဇူရာတိမ်ဂိုဏ်းက အဲ့ဒီကောင်မလေးက အတော်လေးအဆင်ပြေတယ် မင်းသူ့ကိုလက်ထပ်ခွင့်တောင်းသင့်တယ်
မင်းကိုကူညီဖို့ အမျိုးသမီးကျင့်ကြံသူနည်းနည်းလောက်ခေါ်သွား
နေပါဦး…ကုန်းချင်းဟန် ပိုင်ပင်းနဲ့ကျင်းလီတို့ဆို မဆိုးဘူး သူတို့ကိုလည်း မင်းနဲ့အတူ အဇူရာတိမ်ဂိုဏ်းဆီ ခေါ်သွား
ဘာပဲဖြစ်ဖြစ် သူတို့ကလည်း ကျန်းယန်နဲ့တွေ့ချင်နေတာကြာပြီဆိုတော့ မင်းခေါ်သွားလို့ရတယ်”
ကုန်းရှို့ပင်း သူ့အဖေ့ကိုငေးကြောင်စွာ စိုက်ကြည့်နေခဲ့မိသည်။
အကြောင်းပြချက်အချို့ကြောင့် သူ့အဖေ၏အပြုံးနောက်တွင် တစ်ခုခုကိုဖုံးကွယ်ထားသလို သူခံစားနေခဲ့ရ၏။