← Chapters

အဓိကအဖွဲ့ကြီး သုံးဖွဲ့

Vol. 27 Ch. 281

အဓိကအဖွဲ့ကြီး သုံးဖွဲ့

Vol. 27 Ch. 281

လွန်ခဲ့‌သော နှစ် ၅၀ တုန်းက ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ထိုကိစ္စမှာ အဇူရာတိမ်ဂိုဏ်း၏ တပည့်ရင်းနှစ်ယောက်ဖြစ်သော နန်းကုန်းချီယုနှင့် ကျန်းချမ်ချိုး တို့က ဂိုဏ်းကိုသစ္စာဖောက်ကာ ၀မ်လင်းအထွတ်အမြတ်မြေနှင့်လန်ကျားအထွတ်အမြတ်မြေဆီ ရောက်ရှိသွားကြခြင်းပင်။

ထိုနှစ်ယောက် ထွက်ပြေးသွားခဲ့စဉ်က သူတို့သည် ဂိုဏ်း၏အထွတ်အမြတ်ရတနာနှစ်ခုကို ယူဆောင်သွားခဲ့ကြ၏။

ထိုရတနာနှစ်ခုသည် အမတရတနာများအဖြစ်ပြောင်းလဲဖို့ အချိန်တစ်ခုသာ လိုတော့သော အရာများ ဖြစ်ကြသည်။

နန်းကုန်းချီယုနှင့်ကျန်းချမ်ချိုးတို့ လုံလောက်သောကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိသွားပြီး လုံလောက်သောစိတ်ဝိညာဉ်စွမ်းအားဖြည့်တင်းပေးလိုက်သည်နှင့် ထိုရတနာများက အမတရတနာများ ဖြစ်လာကြမှာ သေချာ၏။

ထိုကိစ္စကြောင့် လန်ကျားအထွတ်အမြတ်မြေနှင့်၀မ်လင်းဂိုဏ်းက အကျိုးအမြတ်အများကြီး ရသွားခဲ့ဖူးသည်။

ဤကိစ္စဖြစ်ပျက်ပြီးနောက်တွင်တော့ အခြားဂိုဏ်းများတွင်လည်း အကြံသစ်များ ပေါ်လာခဲ့ကြ၏။

အဇူရာတိမ်ဂိုဏ်းတွင် တပည့်မရှိတော့သောကြောင့် သူတို့သည် တပည့်အသစ်များ ထပ်ပြီးခန့်အပ်ရမှာ သေချာပေသည်။

အကယ်၍ သူတို့သာ သူတို့၏ပါရမီရှင်တပည့်များကို အဇူရာတိမ်ဂိုဏ်းထဲ၀င်ခိုင်းပြီး ထိုတပည့်များကြီးထွားလာလျှင် သူတို့သည် အဇူရာတိမ်ဂိုဏ်းကို အတွင်းထဲမှ ဖျက်၍ရမည်မဟုတ်ပါလော။

သူတို့ မဖျက်ဆီးနိုင်လျှင်တောင် အနည်းဆုံးတော့ ဂိုဏ်းထဲမှာ စွမ်းအားကြီးကျင့်စဉ်များ စွမ်းအားကြီးရတနာများကို ရယူနိုင်၏။

ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းက တပည့်အသစ်များခေါ်ယူရန် သူတို့ဂိတ်တံခါးကိုဖွင့်သည်နှင့် ဂိုဏ်းကြီးများက သူတို့ပါရမီရှင်များကို ဂိတ်တံခါးတွင် သွားစောင့်ခိုင်းပြီး ဂိုဏ်းထဲသွင်းဖို့ ကြိုးစားတတ်သည်။

ထိုကဲ့သို့သော အခြေအနေနှင့်ရင်ဆိုင်ရရာတွင် အဇူရာတိမ်ဂိုဏ်းက အဘယ်သို့ တပည့်လက်ခံရဲပါတော့မည်နည်း။

နှစ်လေးဆယ်အတွင်း အဇူရာတိမ်ဂိုဏ်းက တပည့်တစ်ယောက်မှ လက်မခံခဲ့သောကြောင့် သူတို့သူလျှိုထည့်သွင်းမည့်အကြံအစည်က အကောင်အထည်မပေါ်နိုင် ဖြစ်ခဲ့ရ၏။

……

နှစ်လေးဆယ်ကြာပြီးသည့်နောက်တွင်တော့ အဇူရာတိမ်ဂိုဏ်းက နောက်တစ်ကြိမ်တောင်ဂိတ်တံခါးကို ဖွင့်ခဲ့သည်။

ထိုအခေါက်တွင်လည်း ချင်းယွင်ကျိက တပည့်လက်မခံလိုသောကြောင့် အလွန်ခက်ခဲသော စမ်းသပ်ချက်များကိုသုံးကာ တပည့်လက်မခံဖို့ ကြိုးစားခဲ့၏။

သို့သော် ဤတစ်ခေါက်တွင် ထူးဆန်းသောအဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့သည်။

ချင်းယွင်ကျိ စီစဉ်ထားသော စိန်ခေါ်မှုများက ဘယ်လောက်ခက်ခဲနေပါစေ ထိုလူငယ်လေးက စိန်ခေါ်မှုအားလုံးကို ဖြတ်ကျော်နိုင်ခဲ့၏။

အလွန်ငယ်သေးသော်လည်း ထိုကောင်လေးတွင် ထက်ရှလွန်းသောပါးစပ်လည်း ရှိသည်။

သူသည် အလွန်ပြောတတ်သောကြောင့် နောက်ဆုံးတွင် ချင်းယွင်ကျိ သူနှင့်ရင်မဆိုင်တော့ပေ။

အဆုံးသတ်တွင်တော့ ချင်းယွင်ကျိ အကူအညီမဲ့စွာဖြင့် ထိုကောင်လေးကို တပည့်အဖြစ်လက်ခံခဲ့လိုက်ရ၏။

ထိုထူးဆန်းသောကောင်လေးမှာ ကျန်းယန်ကလွဲပြီး အခြားမဟုတ်ပေ။

ချင်းယွင်ကျိ ကျန်းယန်ကိုတပည့်အဖြစ်လက်ခံခဲ့လိုက်ရပါသော်လည်း သူ့အပေါ်တွင် အာရုံသိပ်မရှိခဲ့ပေ။

တကယ်တော့ သူကျန်းယန်ကို သံသယရှိနေသေးသောကြောင့် ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ထိုကောင်လေးက ဆရာသမားအပေါ် အတော်လေးရိုသေလေးစားတတ်ကာ သူ့တစ်နေ့တာလုပ်ငန်းဆောင်တာများတွင်လည်း သံယသဖြစ်စရာ ဘာမှရှိမနေခဲ့ပေ။

ထို့ကြောင့် ချင်းယွင်ကျိ အတော်လေးရှုပ်ထွေးသွားခဲ့ရ၏။

ထိုကောင်လေးသည် တကယ်ကြီး သူ့တပည့်ဖြစ်လာချင်ခြင်းပေလော။

တကယ်ပဲ အခြားဂိုဏ်းများနှင့်သက်ဆိုင်သောသူ ဟုတ်မနေခြင်းပေလော။

ကျန်းယန်ကိုနှစ်ပေါင်းများစွာစောင့်ကြည့်ခဲ့ပြီး ဘာသံသယရှိစရာမှ မတွေ့သောအခါမှ ချင်းယွင်ကျိ စိတ်ချသွားခဲ့သည်။

၁၀နှစ်ကြာပြီးနောက် အဇူရာတိမ်ဂိုဏ်းက ဂိတ်တံခါးကိုနောက်တစ်ကြိမ်ထပ်ဖွင့်ခဲ့ပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုထူးဆန်းသောကောင်လေးက တပည့် ၈၆ယောက်ကို တစ်ခါတည်းဖြင့် လက်ခံပစ်ခဲ့သည်။

ထိုအခိုက်တွင် ချင်းယွင်ကျိ အတော်လေးတုန်လှုပ်သွားခဲ့ရ၏။

သူတို့အတွက် တပည့် ၈၆ယောက်ကိုလက်ခံရန် ငွေကြေးပြဿနာရှိနေရုံသာမက ထိုတပည့်များထဲတွင် များစွာသော သူလျှိုများ ပါလာနိုင်သေးသည်။

သို့သော် သူ့တပည့်က လက်ခံပြီးပြီဖြစ်သောကြောင့် သူ့တွင်ရွေးချယ်စရာ မရှိတော့ပေ။

ထို့နောက်တွင်တော့ ချင်းယွင်ကျိ ကျန်းယန်တစ်ယောက် ထိုတပည့်များကို ဦးနှောက်ဆေးကာ ဂိုဏ်းကိုပြန်လည်တည်ထောင်ပုံကို စောင့်ကြည့်ခဲ့ရ၏။

ကျန်းယန်၏လုပ်ဆောင်ချက်များကြောင့် စိတ်အေးသွားရမှသာ နောက်ဆုံးတွင် ချင်းယွင်ကျိ ကျန်းယန်ကို ဂိုဏ်း၏ကိစ္စအ၀၀အား လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ကျန်းယန်သည် ဘယ်လိုရလဒ်မျိုးကို ဆောင်ကျဉ်းလာနိုင်မလဲဆိုတာ သူလည်း သိချင်နေခဲ့၏။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းပတ်ပတ်လည်၌ စခန်းကြီးသုံးခုရှိနေခဲ့သည်။

ထိုစခန်းကြီးများသည် ၀မ်ပေ့လဲ့၏ ၀တ်စုံနီတပ်ဖွဲ့ ကျန်းချန်ရှန်း၏ ၀တ်စုံပြာတပ်ဖွဲ့နှင့် လျန့်ယိ၏၀တ်စုံဝါတပ်ဖွဲ့တို့ ဖြစ်ကြ၏။

စခန်းကြီးသုံးခုထဲတွင် ဘယ်သူမှ ကျင့်ကြံမနေကြပေ။

ထိုအခိုက်တွင် သူတို့သည် အဇူရာတိမ်ဂိုဏ်း၏ သမိုင်းနှင့် စီနီယာအစ်ကိုကြီးနီတိကို လေ့လာနေခဲ့ကြသည်။

…..

“ဒီနေ့ ငါတို့ အဇူရာတိမ်သမိုင်း သင်ခန်းစာ ၃၆မှာပါတဲ့ မိစ္ဆာကပ်ဘေးရောက်ရှိလာခြင်း အကြောင်းလေ့လာကြမယ်

လွန်ခဲ့သော နှစ်တစ်ထောင်တုန်းက အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားခဲ့တယ် မရေတွက်နိုင်တဲ့ မိစ္ဆာတွေက အာကာသကိုဖြတ်ပြီး အဇူရာတိမ်ဂိုဏ်းဆီဆင်းသက်လာကြပြီးတော့ ကပ်ဘေးကြီးတစ်ခုကို ယူဆောင်လာခဲ့တယ်…”

နာရီ၀က်ခန့်လေ့လာပြီးနောက် သူတို့သည် သူတို့လေ့လာထားသမျှကို ပြန်ဆွေး‌နွေးနေခဲ့ကြ၏။

အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက် မေးလိုက်သည်။

“စီနီယာအစ်ကိုကျန်း မိစ္ဆာတွေက ဘာနဲ့တူလဲ ဘာလို့သူတို့က အဇူရာတိမ်ဂိုဏ်းကို ကျူးကျော်ကြတာလဲ”

ကျန်းချန်းရှန် လေးနက်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“မိစ္ဆာတွေဘာလို့ ငါတို့ဂိုဏ်းကိုကျူးကျော်ခဲ့တာလဲဆိုတာ ငါလည်းမသိဘူး

ဒါပေမယ့် စီနီယာအစ်ကိုကြီးတစ်ခါပြောခဲ့ဖူးတယ် ငါတို့က ငါတို့အဇူရာတိမ်ဂိုဏ်းကို ကျူးကျော်လာတဲ့သူမှန်သမျှကို သတ်ဖြတ်ရဲပြီး ဂိုဏ်းကိုကာကွယ်ရဲရမယ်တဲ့

ဒီနေရာက ငါတို့‌ေမွးရပ်‌ေမြပဲ ငါတို့‌ေမွးရပ်‌ေမြကိုဖျက်ဆီးဖို့ကြိုးစားတဲ့သူမှန်သမျှကို တတ်နိုင်သမျှနည်းပေါင်းစုံသုံးပြီး ရှင်းလင်းပစ်ရမယ်

ငါ့ကိုပြောစမ်း တစ်ယောက်ယောက်က ငါတို့အိမ်ကိုဖျက်ဆီးပစ်ချင်နေရင် ငါတို့ဘာလုပ်သင့်လဲ”

“သူတို့ကို ဖျက်ဆီးပစ်” အားလုံး တညီတညာတည်း အော်ပြောလိုက်ကြ၏။

“အမှန်ပဲ” ကျန်းချန်းရှန် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

“မိစ္ဆာတွေက ဘာနဲ့တူသလဲဆိုတာကိုတော့….အချိန်ကျလာရင် မင်းတို့အားလုံး သူတို့ကိုမြင်ခွင့်ရကြမှာပါ

အချိန်ကျမကျကိုတော့ စီနီယာအစ်ကိုကြီးက ဆုံးဖြတ်လိမ့်မယ်”

ထိုစဉ် လျန့်ယိကလည်း သူ့၀တ်စုံဝါအဖွဲ့ကို ရှင်းပြနေခဲ့၏။

“စီနီယာအစ်ကိုကြီး တစ်ခါကပြောခဲ့ဖူးတယ် ငါတို့က ငါတို့တစ်ယောက်တည်းအားနဲ့ အနိုင်မယူနိုင်တဲ့ရန်သူနဲ့ ဆုံတွေ့ရတဲ့အခါ တတ်နိုင်သမျှအင်အားတွေအားလုံးကို စုစည်းပြီး အနိုင်ယူဖို့ ကြိုးစားကြရမယ်တဲ့

မင်းတို့အားလုံး မှတ်မိကြလား

ငါတို့မြောက်ပိုင်းမှာ စွမ်းအားကြီးရွှမ်ဖုန်းဂိုဏ်းနဲ့ ရင်ဆိုင်ကြရတော့ ငါတို့လုံး၀ မခုခံနိုင်ခဲ့ဘူး

ငါတို့က အဇူရာတိမ်ဂိုဏ်းက ဆိုတာနဲ့ သူတို့က တိုက်ခိုက်ချင်ခဲ့ကြတယ်

အဲ့ဒီတုန်းက ငါစီနီယာအစ်ကိုကြီးရဲ့ သင်ကြားပြသမှုတွေကို လေးလေးနက်နက်နားလည်သဘောပေါက်ခဲ့ပြီး ငါတို့ကို တိုက်ခိုက်ချင်နေတဲ့ ချီရှန်းဂိုဏ်းနဲ့ ရအောင်မဟာမိတ်ဖွဲ့ခဲ့တယ်

နောက်ဆုံးမှာတော့ ငါတို့တွေ ချီရှန်းဂိုဏ်းနဲ့ပေါင်းပြီး ရွှမ်ဖုန်းဂိုဏ်းကို အနိုင်ယူနိုင်ခဲ့တယ်

အဲ့ဒီတိုက်ပွဲပြီးတဲ့နောက်မှာ ချီရှန်းဂိုဏ်းကအတော်လေးအားနည်းသွားခဲ့တော့ ငါတို့က ချီရှန်းဂိုဏ်းကိုထပ်ပြီးဖိနှိပ်ခဲ့ပြန်တယ်

အဆုံးသတ်မှာတော့ အနိုင်ရသူက ငါတို့ပဲဖြစ်ခဲ့တယ်

ငါတို့က ဂိုဏ်းနှစ်ဂိုဏ်းလုံးရဲ့အုတ်မြစ်တွေကို သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘဲ ငါတို့တစ်ယောက်ချင်းစီရဲ့ ခွန်အားတွေကလည်း သိသိသာသာတိုးတက်လာခဲ့တယ်

အဲ့တာကြောင့်ပဲ မင်းတို့က မင်းတို့ရဲ့အားလပ်ချိန်တွေမှာ စီနီယာအစ်ကိုကြီးရဲ့ စကားလုံးတွေကို သေချာတွေးတော လေ့လာသင့်တာပဲ

အဲ့ဒီစကားလုံးတွေက ငါတို့ကို လမ်းညွှန်မှုပေးနိုင်တယ်

ကျင့်ကြံခြင်းလမ်းကြောင်းမှာ စီနီယာအစ်ကိုကြီးရဲ့ လမ်းညွှန်ပြသမှုမရှိရင် ငါတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

၀တ်စုံနီတပ်စခန်းတွင် ၀မ်ပေ့လဲ့ အားကျိုးမာန်တက်မိန့်ခွန်းခြွေနေခဲ့၏။

“ငါတို့အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုဖိနှိပ်ပြီး ကမ္ဘာကြီးအပေါ် အကြီးအကျယ်အကျိုးပြုခဲ့တယ်

ဒါပေမယ့် ဂိုဏ်းကြီး ၉ ဂိုဏ်းက အရှက်မဲ့စွာနဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူခဲ့တယ်

သူတို့က မိစ္ဆာတွေရဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားပြီး ငါတို့ကိုအကောက်ကြံခဲ့လို့ အဇူရာတိမ်ဂိုဏ်းကဘိုးဘေးများစွာ သေဆုံးခဲ့ရတယ်

အဇူရာတိမ်ဂိုဏ်းရဲ့ အနောက်မြောက်ဘက်က သားရဲအိုကြီး ကျိုးရွမ်ရှန်းရဲ့တိုက်ခိုက်မှုကြောင့် ငါတို့ဂိုဏ်းရဲ့ နယ်မြေများစွာ ထိခိုက်ပျက်ဆီးခဲ့ရတယ်

ငါတို့က အဲ့ဒီအမုန်းတရားကို နှလုံးသားထဲမှာစွဲနေအောင် မှတ်ထားရမယ်

ငါတို့တွေ ကြိုးကြိုးစားစားကျင့်ကြံပြီးတော့ ငါတို့ဂိုဏ်းကို ကျူးကျော်ချင်တဲ့ ရန်သူတွေကို ပြန်လည်တိုက်ထုတ်ရမယ်

ငါတို့ရဲ့ဆွေမျိုးတွေ ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီး ငါတို့မွေးရပ်မြေပြာကျသွားမယ့်နေ့မျိုး ရောက်လာမှာကို ငါမမြင်ချင်ဘူး

မင်းတို့က မင်းတို့မိဘတွေနဲ့ မင်းတို့တာအိုလက်တွဲဖော်တွေကိုတောင် မကာကွယ်နိုင်ရင် အမတလမ်းစဉ်ကို ဘာလုပ်ဖို့ကျင့်ကြံနေတော့မှာလဲ

အဲ့ဒီလိုသာ ဖြစ်ခွင့်‌ေပးလုိက်ရင် မင်းတို့ကို လူလို့ခေါ်ဖို့တောင် မထိုက်တော့ဘူး”

၀မ်ပေ့လဲ့ ၀တ်စုံနီတပ်ဖွဲ့ကိုကြည့်ကာ အားကျိုးမာန်တက် ဟောပြောနေခဲ့လေသည်။

ခေါင်းဆောင်သုံးယောက်လုံးသည် ကျန်းယန်၏ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး နားလည်ကြ၏။

ယခုအခါ သူတို့သည် ဂိုဏ်းထဲကလူတိုင်းကို ဦးနှောက်ဆေးနေခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ပါရမီရှိသောတပည့်များကို တာ၀န်များ ပေးနေခဲ့၏။

စခန်းကြီးသုံးခုထဲတွင် အဖွဲ့ကြီးသုံးဖွဲ့မှာ အားမာန်အပြည့်ဖြင့် ကြိုးစားနေခဲ့ကြချေပြီ။

အဇူရာတိမ်ဂိုဏ်းသည် လျော်ကြေးအဖြစ် ဂိုဏ်းကြီး ၉ ဂိုဏ်းထံမှ စိတ်ဝိညာဉ်ကျောက်တုံး ၆၀ဘီလီယံကျော် ရရှိခဲ့သောကိစ္စကိုတော့ ဘယ်သူမှ ထုတ်မပြောကြပေ။

ထိုအစားသူတို့သည် ဂိုဏ်းသားများစိတ်ထဲသို့ အမုန်းတရားများသာ ဆက်လက်သွတ်သွင်းနေခဲ့ကြသည်။

အရှင်းဆုံး ပြောရလျှင်

အဇူရာတိမ်ဂိုဏ်းသည် လုံး၀အရှုံးမခံနိုင်ပေ။

အကယ်၍ ရှုံးခဲ့လျှင်လည်း သူတို့သည် သေချာပေါက် ကလဲ့စားပြန်ချေပြီး ထိုအနိုင်ကျင့်ခံရမှုကို ဆေးကြောပစ်ရပေမည်။

…….

ထိုစဉ် ခိုး၀င်လာသော ဝိညာဉ်အခြေတည်အဆင့်များ အဇူရာတိမ်ဂိုဏ်းနားသို့ ချဉ်းကပ်လာခဲ့ကြ၏။

အပေါ်ယံတွင် သူတို့သည် အဇူရာတိမ်ဂိုဏ်းကို လာရောက်ဂါရ၀ပြုကြပုံပေါ်နေသော်လည်း သူတို့တကယ့်ရည်ရွယ်ချက်ကိုတော့ သူတို့သာ သိနိုင်ပေလိမ့်မည်။

All Chapters