← Chapters

တိမ်တောင်အင်ပါယာကို ကိုင်တွယ်ခြင်း

Vol. 27 Ch. 283

တိမ်တောင်အင်ပါယာကို ကိုင်တွယ်ခြင်း

Vol. 27 Ch. 283

ကျန်းယန် မြေပြင်ပေါ်လဲကျနေသော မိန်းမစိုးဟုန်ကိုတစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်က လီရှီချင်းဆီရောက်ရှိသွားခဲ့၏။

“ရပ်တည်ချက်ခဏခဏပြောင်းနေတဲ့ ဧကရာဇ်မျိုးကို ကျွန်တော်မကြိုက်ဘူး ဆိုတော့ ခင်ဗျားရဲ့ ဧကရာဇ်ပလ္လင်ကို ကျိန်းသေပေါက် အစားထိုးရတော့မယ်

ခင်ဗျားကို လ၀က်အချိန်ပေးမယ် လ၀က်အတွင်း သင့်တော်တဲ့ဆက်ဆံသူရှာပြီး သူ့ကို အဇူရာတိမ်ဂိုဏ်းဆီ သတင်းပို့ဖို့ လွှတ်လိုက် မဟုတ်ရင်လည်း ‌တိမ်တောင်အင်ပါယာမှာရှိတဲ့အင်အားတွေအားလုံးကို စုစည်းပြီး အဇူရာတိမ်ဂိုဏ်းကို ခုခံဖို့ ပြင်ထားလိုက်ပေါ့

လ၀က်ကြာလို့မှ ဧကရာဇ်အသစ်ကိုမမြင်ရသေးရင် ကျုပ်ကိုယ်တိုင် တိမ်တောင်အင်ပါယာဆီလာပြီး တော်၀င်မိသားစုတစ်ခုလုံးကို အမြစ်ပြတ်ရှင်းပစ်မယ်”

သူသည် ရက်စက်သောလူတစ်ယောက်မဟုတ်သောကြောင့် လီရှီချင်းကို ချက်ချင်းသတ်မပစ်ခဲ့ပေ။

အကယ်၍ သူသာ လီရှီချင်းကိုသတ်ပစ်လိုက်လျှင် တိမ်တောင်အင်ပါယာတွင် ပလ္လင်လုမည့် ပြည်တွင်းစစ်တစ်ခုပေါ်ပေါက်လာမှာ သေချာ‌ေပသည်။

အဓိကအင်အားစုကြီးများသာ အာဏာအတွက်တိုက်ခိုက်နေကြလျှင် အတန်ကြာသည်အထိ ကိစ္စများက တည်ငြိမ်သွားတော့မည် မဟုတ်ပေ။

ထို့ကြောင့် လီရှီချင်းကို အသက်ရှင်လျက်ထားလိုက်ခြင်းက သူ့အတွက်ပိုပြီးအကျိုးများ၏။

အကယ်၍ လီရှီချင်းက ဆက်ပြီးခုခံဖို့ ရွေးချယ်လိုက်လျှင်တော့ ပိုတောင်ကောင်းသေးသည်။ သူသည် တော်၀င်မိသားစုတစ်ခုလုံးကိုဖြုတ်ချပြီး မင်းအသစ်တင်လိုက်ပြီး နောက်ကွယ်ကထိန်းချုပ်လိုက်လျှင် တိမ်တောင်အင်ပါယာက အလျင်အမြန်ပင် တိုးတက်လာနိုင်သေး၏။

“တိမ်တောင်အင်ပါယာမှာနေပြီး နတ်ဝိညာဉ်အဆင့်ထိကျင့်ကြံဖို့ဆိုတာ ခင်ဗျားအတွက်လည်း လွယ်ကူမှာ မဟုတ်ဘူး

ခင်ဗျားဒီမှာဆက်နေပြီး တိမ်တောင်အင်ပါယာကိုကာကွယ်နေမယ်ဆိုရင် ခင်ဗျားကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ ခွန်အားတစ်ရပ်အဖြစ် သတ်မှတ်လို့ရတယ်

ခင်ဗျားကို ရွေးချယ်စရာပေးမယ် ကျုပ်ဆီမှာအညံ့ခံမလား ဒီမှာပဲ ဆက်နေပြီး တိမ်တောင်အင်ပါယာကိုကာကွယ်မလား အဲ့တာတွေတစ်ခုမှ‌မ‌‌ရွေးချင်ရင်တော့ သေရမယ်”

မိန်းမစိုးဟုန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျန်းယန်ကို မော့ကြည့်လိုက်၏။

“ဒီအစေခံအိုကြီးက သခင့်ရဲ့အမိန့်အတိုင်းလိုက်နာပါ့မယ်”

သူသည် အညံ့ခံဖို့ရွေးချယ်လိုက်လေပြီ။

ကျန်းယန် အသာအယာခေါင်းညိတ်ပြကာ ညွှန်ကြားလိုက်သည်။

“ခင်ဗျားက တိမ်တောင်အင်ပါယာဧကရာဇ်အသစ်တင်မြှောက်မယ့် ကိစ္စကို ကြီးကြပ်ပေးရမယ် ဒါပေမယ့် ခင်ဗျားကစောင့်ကြည့်ဖို့ပဲလိုတာ ၀င်ပါဖို့မလိုဘူး

လ၀က်ကြာရင် အဇူရာတိမ်ဂိုဏ်းဆီလာပြီး ကျုပ်ကိုလာတွေ့”

သူမိန်းမစိုးဟုန်ကို ဒဏ်ရာများကုသရန်အတွက် ဆေးလုံးတစ်လုံး ပစ်ပေးလိုက်ပြီးနောက် အဇူရာတိမ်ဂိုဏ်းဆီ ပျံသန်းထွက်ခွာသွားခဲ့၏။

ဤအချိန်က တိမ်တောင်အင်ပါယာ၏ အရေးအကြီးဆုံးအချိန်ဖြစ်သောကြောင့် သူတတိယမင်းသားကို သွားမတွေ့ခဲ့ပေ။

ထိုကလေး လုံလောက်အောင်အရည်အချင်းရှိခဲ့လျှင်တော့ ယခုအချိန်က သူ့အာဏာကိုတည်ဆောက်ဖို့ အကောင်းဆုံးအချိန်သာ ဖြစ်ပေသည်။

လီရှီချင်း ရှုပ်ပွနေသော ဆံပင်များ အမြင်မပြတ်သားတော့သော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေခဲ့၏။

ကျန်းယန် ထွက်သွားပြီး အတန်ကြာသောအခါမှသာ သူဖြည်းဖြည်းချင်းထရပ်နိုင်ခဲ့သည်။ သူခြောက်ကပ်ကပ်ရယ်မောလိုက်ပါသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးရှိမနေခဲ့ပေ။

တကယ်တော့ သူ့နှလုံးသားထဲတွင် နောင်တများနှင့် ပြည့်နေခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သော ၂နှစ်တုန်းက တိမ်တောင်အင်ပါယာနှင့်အဇူရာတိမ်ဂိုဏ်း၏ဆက်ဆံ‌ေရးက အတော်လေးကောင်းမွန်ခဲ့သည်။

သို့သော် ဤ၂နှစ်အတွင်း တိမ်တောင်အင်ပါယာ၏အင်အားက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့၏။

သူတို့သည် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှလွဲပြီး အင်ပါယာပိုင်နယ်မြေထဲရှိ ဂိုဏ်းမှန်သမျှကို ရှင်းထုတ်ပစ်လျှင်ပစ် မဟုတ်လျှင်လည်း အညံ့ခံခိုင်းခဲ့သည်။

ရလဒ်အနေဖြင့် တိမ်တောင်အင်ပါယာသည် ကြီးမားလွန်းသော အရင်းအမြစ်ပမာဏကို ရရှိခဲ့၏။

ထိုအရင်းအမြစ်များကြောင့် နဂါးပျံတပ်ဖွဲ့၏ အင်အားက ၅၀၀၀ အထိ တိုးမြင့်သွားခဲ့ပြီး ထိုထဲတွင် ရွှေအမြုတေအဆင့်များပင် ပေါ်ပေါက်လာခဲ့သည်။

ပိုအရေးကြီးသည်မှာ မိန်းမစိုးဟုန် နတ်ဝိညာဉ်အဆင့်ရောက်ရှိသွားသောအချက်သာ ဖြစ်၏။

လီရှီချင်းအတွက်တော့ ထိုကိစ္စက သူ့ယုံကြည်မှုများကို တိုးမြှင့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

သူ့မျက်လုံးထဲတွင် အဇူရာတိမ်ဂိုဏ်း၌ နတ်ဝိညာဉ်အဆင့်အနည်းငယ်သာရှိပြီး သူတို့သည် ထိုနည်းပါးလှသော လူပမာဏကို အားကိုးနေကြရသူများသာ ဖြစ်၏။

ယခုအခါသူ့တွင် စစ်သည် ၅၀၀၀ပါသော နဂါးပျံတပ်ရှိနေသည့်အပြင် နတ်ဝိညာဉ်အဆင့်တစ်ယောက်လည်း ရှိနေခဲ့ချေပြီ။ ထို့အပြင် သူ့အင်ပါယာ၏နယ်မြေကလည်း အဇူရာတိမ်ဂိုဏ်းနယ်မြေထက် အများကြီး ပိုကြီးနေခဲ့သည်။

သူသည် အဇူရာတိမ်ဂိုဏ်းကို ဘာကြောက်စရာလိုပါတော့မည်နည်း။

ထိုယုံကြည်မှုကြောင့် သူပိုပြီး မောက်မာလာခဲ့၏။

ထိုမောက်မာမှုက သူ့မျက်နှာပေါ်တွင်လည်း ထင်ဟက်လာခဲ့သည်။

ဆေးလုံးကိုမြိုချလိုက်ပြီးနောက် မိန်းမစိုးဟုန် လီရှီချင်းကို လုံး၀ဂရုမစိုက်တော့ပေ။ ထိုအစား သူဘေးတွင်ထိုင်ပြီးသာ တိတ်တဆိတ်ဒဏ်ရာများကို ကုစားနေခဲ့၏။

သူသည် တိမ်တောင်အင်ပါယာတွင် အကြာကြီး နေလာခဲ့သူဖြစ်သောကြောင့် ဧကရာဇ်များ နန်းတက်ခြင်း နန်းဆင်းခြင်း များစွာကို မြင်တွေ့ခဲ့ရဖူးသည်။

အသက်အရွယ်သက်သက်ဖြင့်သာ တွက်မည်ဆိုလျှင် သူ့ကို လီရှီချင်း၏ဘိုးဘေးဟုပင် ခေါ်၍ ရလောက်၏။

ယခုအခါ သူသည် ကျန်းယန်ထံတွင် အညံ့ခံလိုက်ပြီဖြစ်သောကြောင့် သူ့တွင်လီရှီချင်းအတွက်ဘာမှလုပ်ပေးဖို့ တာ၀န်မရှိတော့ပေ။ သူ့တာ၀န်က တိမ်တောင်အင်ပါယာ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ပေးဖို့သာ ဖြစ်သည်။

လီရှီချင်းကလည်း မိန်းမစိုးဟုန်ကိုသွားမရှုပ်ခဲ့ပေ။

တကယ်တော့ ထိုအဖိုးကြီးသူ့ကိုအချိန်မရွေး ထတိုက်ခိုက်မှာကိုတောင် သူကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။

သူခုခံသင့်ပါသလော။ အညံ့ခံသင့်ပါသလော။

သူ့တွင်လ၀က်အချိန်ရှိသေးသောကြောင့် သူအလောတကြီး မဆုံးဖြတ်ခဲ့ပေ။

ကျန်းယန် တိမ်တောင်အင်ပါယာနှင့်ရင်ဆိုင်ပြီးချိန်တွင် ကောင်းကင်ဒဏ္ဍာရီကလည်း အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းသို့ ရောက်ရှိလာခဲ့လေသည်။

ဂိုဏ်းမဟာမိတ်များ ဟူသော နာမည်အောက်တွင် သူဂိုဏ်းများအားလုံးကို စု‌ေ၀းလိုက်၏။

ဂိုဏ်းမဟာမိတ်ထဲတွင် ဂိုဏ်းပေါင်း ၄၅ဂိုဏ်းပါ၀င်ပြီး ထိုနေရာသို့ ဂိုဏ်းချုပ် ၄၅ ယောက် ရောက်ရှိလာခဲ့ကြသည်။

ထိုအထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် ဟူ၍ ကောင်းကင်ဒဏ္ဍာရီသာပါပြီး နတ်ဝိညာဉ်အဆင့် ၈ ယောက်ပါ၀င်ကာ အခြားသူများကတော့ ဝိညာဉ်အခြေတည်အဆင့်များသာ ဖြစ်နေပြီး ရွှေအမြုတေအဆင့် အနည်းငယ်ပင် ပါနေသေးသည်။

ကောင်းကင်ဒဏ္ဍာရီအားလုံးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လေးလေးနက်နက်ပြောလိုက်၏။

“ဂိုဏ်းမဟာမိတ်များအဖွဲ့ တည်ထောင်ပြီးကတည်းက ငါတို့အနေနဲ့ ဘာကြီးကြီးများများ လှုပ်ရှားမှုမျိုးမှ မလုပ်ရသေးဘူး အဲ့တာက ထူးဆန်းနေတယ်လို့ မင်းတို့အားလုံးလည်းထင်ကြတယ်မဟုတ်လား”

အားလုံးခေါင်းညိတ်ပြလိုက်ကြသည်။

တကယ်တော့ ဂိုဏ်းမဟာမိတ်များအဖွဲ့တည်ထောင်တုန်းက အားလုံး သဘောတူခဲ့ကြသည်မှာ ကောင်းကင်ဒဏ္ဍာရီလို တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က ထိုအဖွဲ့ကို နောက်ခံပေးထားသောကြောင့် ဖြစ်၏။

သို့သော် အဖွဲ့တည်ထောင်ပြီးတာ ၂နှစ်ကြာသည့်တိုင်အောင် ကောင်းကင်ဒဏ္ဍာရီက ဘာမှမလုပ်သေးပေ။

အချို့နတ်ဝိညာဉ်အဆင့်များဆိုလျှင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းဆီသို့ပင် အလည်သွားခဲ့သော်လည်း ကောင်းကင်ဒဏ္ဍာရီကတော့ ဘာဖြေရှင်းချက်မှ မပေးခဲ့ပေ။

ကောင်းကင်ဒဏ္ဍာရီခါးကိုမတ်ကာ လိုရင်းကို ပြောလိုက်လေသည်။

“တကယ်တော့ ဂိုဏ်းမဟာမိတ်များအဖွဲ့ တည်ထောင်ရခြင်း ရည်ရွယ်ချက်က အဇူရာတိမ်ဂိုဏ်းကြောင့်ပဲ

အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းတွေ သဲမှုန်တွေလို ပြန့်ကြဲနေတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ အဇူရာတိမ်ဂိုဏ်းက ယုံကြည်တယ်

အဲ့တာကြောင့် သူတို့က ငါ့ကိုဂိုဏ်းမဟာမိတ်တည်ထောင်တဲ့နေရာမှာ ဦးဆောင်ပေးဖို့ ပြောခဲ့တာ”

လူတိုင်း၏အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့ကြ၏။

ဤကိစ္စတွင် အဇူရာတိမ်ဂိုဏ်း ပါ၀င်ပတ်သက်နေခြင်းပေလော။

အထူးသဖြင့် နတ်ဝိညာဉ်အဆင့်ရှိသောဂိုဏ်းများ၏ အမူအရာများက ပိုပြီး ထူးဆန်းလာခဲ့သည်။

လွန်ခဲ့သော ၂နှစ်တုန်းက သူတို့အားလုံးသည် အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုမိခဲ့ကြ၏။

သူတို့ထဲကတစ်ယောက်ဆိုလျှင် ကြောက်ရွံ့မှုကြောင့် စိတ်ဝိညာဉ်ပြိုကွဲတော့ မတတ်ပင် ဖြစ်သွားခဲ့ရသည်။

ကောင်းကင်ဒဏ္ဍာရီဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါနဲ့အဇူရာတိမ်ဂိုဏ်းနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ အဇူရာတိမ်ဂိုဏ်းက ငါတို့ဂိုဏ်းတွေရဲ့တည်ရှိမှုကို အသိအမှတ်ပြုခဲ့တယ်

တစ်နည်းပြောရရင် ငါတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ ပေါ်ပေါ်ထင်ထင်ဂိုဏ်းတည်ထောင်လို့ရပြီးတော့ ငါတို့အမွေအနှစ်တွေကို ချန်ထားခဲ့လို့ရပြီ”

နတ်ဝိညာဉ်အဆင့်တစ်ယောက် အေးစက်စက်ထေ့ငေါ့လိုက်သည်။

“ကျုပ်တို့က ဂိုဏ်းတည်ထောင်ဖို့ကို တကယ်ကြီး အဇူရာတိမ်ဂိုဏ်းရဲ့ခွင့်ပြုချက် လိုမှာလား”

“ငါတို့ တကယ်ပဲ လိုတယ်” ကောင်းကင်ဒဏ္ဍာရီ ခါးသက်သက်ပြုံးလိုက်၏။

“လွန်ခဲ့တဲ့ နှစ် ၁၀၀၀တုန်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက အဇူရာတိမ်ဂိုဏ်းရဲ့ နယ်မြေပဲ

သူတို့မှာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ၀င်္ကပါကြီးတစ်ခုရှိတယ်

ပြောရရင် ငါတို့အားလုံးက သူတို့ရဲ့ ၀င်္ကပါအောက်မှာ နေနေကြရတာပဲ”

ဂိုဏ်းတိုင်း၏အမူအရာများ ရုတ်ချည်းပြောင်းလဲသွားခဲ့ကြသည်။

အခုလို သတင်းမျိုးကို သူတို့ပထမဆုံးအကြိမ်ကြားဖူးလိုက်ရခြင်း ဖြစ်၏။

သူတို့သည် တစ်ချိန်လုံး တစ်ယောက်ယောက်၏မျက်လုံးများအောက်တွင် ကျင့်ကြံနေခဲ့ရခြင်း ပေလော။

ကောင်းကင်ဒဏ္ဍာရီခေါင်းခါလိုက်သည်။

“အားလုံးပဲ စိတ်ပူစရာမလိုပါဘူး အဇူရာတိမ်ဂိုဏ်းက လက်ရှိသူတို့ရဲ့ လီ ၃၀၀ပတ်လည် နယ်မြေကိုပဲ ယူမှာလို့ တရား၀င်ကြေငြာထားပြီးသား

မင်းတို့ဒါကိုတော့ ယုံထားလို့ရတယ်

အဲ့တာကြောင့် ငါတို့အခုပြောလို့ရဲ့အရာကတော့ ငါတို့တွေ အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ စိတ်ချလက်ချနဲ့ ခြေကုပ်ချနိုင်ပြီ ဆိုတာပါပဲ”

သူကိုယ်တိုင်လည်း ထိုစကားအားပြောဆိုရာတွင် ခံစားချက်များဖြင့် ပြည့်လျှံနေခဲ့၏။

အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ အခုလိုထုတ်ပြန်ချက်မျိုး မထုတ်ပြန်ခဲ့လျှင် သူတို့ဂိုဏ်းများသည် ဘယ်တော့မှ တရား၀င်လာတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် လူတိုင်းက တစ်ယောက်ယောက်၏၀င်္ကပါထဲတွင် နေထိုင်နေခဲ့ရခြင်း ဖြစ်သည်။ ၀င်္ကပါပိုင်ရှင် ဘယ်တော့ လှုပ်ရှားလိုက်မလဲ ဘယ်သူမှ မသိနိုင်ပေ။

သို့သော် အခြားဂိုဏ်းချုပ်များကတော့ စိတ်မအေးနိုင်ကြသေးပေ။

ထိုအစားသူတို့ရှုပ်ထွေးနေခဲ့ကြ၏။

ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ဖို့ ဘာလို့အခြားတစ်ယောက်၏ ခွင့်ပြုချက်လိုရတာလဲဆိုတာ သူတို့အခုထိ နားမလည်နိုင်သေးပေ။

ကောင်းကင်ဒဏ္ဍာရီ ဆက်ပြောလိုက်သည်။

“ငါတို့ဂိုဏ်းတွေတည်ထောင်လို့ရပေမယ့် အဇူရာတိမ်ဂိုဏ်းမှာ အခြေအနေတစ်ခုတော့ရှိတယ်

အခုအဇူရာတိမ်ကုန်းမြေတိုက်ကြီးက အခက်အခဲကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ် တကယ်လို့ ငါတို့သာသေချာဂရုမစိုက်ရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျက်ဆီးသွားနိုင်တယ်

အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းက ကုန်းမြေတိုက်ကြီးထဲက ဂိုဏ်းတွေအားလုံး ပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းရဲ့ အစီအစဉ်အတိုင်းလိုက်နာကြဖို့ ထုတ်ပြန်ထားတယ်

ဒါကလူတိုင်းရဲ့လုံခြုံရေးနဲ့ ငါတို့ရဲ့အုတ်မြစ်တွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အတွက်ပါပဲ အဲ့တာကြောင့် ငါကတော့ သူတို့တောင်းဆိုချက်ကို သဘောတူတယ်”

“ဘာ”

ဂိုဏ်းချုပ်များအားလုံး ချက်ချင်းမကျေမနပ်ဖြစ်သွားခဲ့ကြ၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ရမှာလား ဒါဆိုကျုပ်တို့က အဇူရာတိမ်ဂိုဏ်းရဲ့ နောက်လိုက်တွေ ဖြစ်မသွားဘူးလား”

“အဇူရာတိမ်ဂိုဏ်းက ကုန်းမြေတိုက်ကြီးရဲ့ အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာချင်နေတာ မဟုတ်ဘူးလား”

“ဒါ‌ဆိုနောက်ဆုံးတော့ ဂိုဏ်းမဟာမိတ်များ အဖွဲ့က အဇူရာတိမ်ဂိုဏ်းကို အမှုထမ်းဖို့ တည်ရှိနေတာလား ဒီလိုဆိုရင်တော့ ကျုပ်ဒီအဖွဲ့ထဲက ထွက်တယ် ဘယ်သူကျုပ်နဲ့လိုက်ချင်လဲ”

အချို့ဂိုဏ်းချုပ်များက ချက်ချင်း ခပ်ကြမ်းကြမ်းတုန့်ပြန်လိုက်ကြ၏။

အထူးသဖြင့် နတ်ဝိညာဉ်အဆင့်ရှိသောဂိုဏ်းများ၏ တုန့်ပြန်မှုက ပိုပြင်းထန်ပေသည်။ သူတို့အများစုချက်ချင်းဆိုသလို အစည်းအဝေးထဲမှ ထွက်သွားခဲ့ကြ၏။

All Chapters