← Chapters

လေလွင့်နေသော အစောင့်

Vol. 30 Ch. 294

လေလွင့်နေသော အစောင့်

Vol. 30 Ch. 294

ဤအချိန်၌ ကောင်းကင်နတ်ဘုရားတောင်၏ စခန်းတွင် အတော်လေး စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူတို့သည် ရန်သူ၏မျက်နှာကိုပင် မမြင်ဖူးသေးသော်လည်း သူများအားလုံးက အညံ့ခံရန် ပြင်ဆင်နေကြလေပြီ။

အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက ဘယ်သောအခါမျှ အဆုံးသတ်သွားမည်မဟုတ်သော ဒဏ္ဍာရီတစ်ခု ဖြစ်လာရန် လုံလောက်ပေလိမ့်မည်။

လူမည်မျှထိများများကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်မည်အား မည်သူက သိမည်နည်း....

မည်သို့ပင်ဆိုစေကာမူ ဤလူများသည် မည်သူများ ဖြစ်သနည်း....

ဤသည်မှာ ကောင်းကင်နတ်ဘုရားတောင်ပင်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ရှေးဟောင်းအင်အားစုတစ်စု....

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် မြောက်ပိုင်းဒေသကို လွှမ်းမိုးထားခဲ့သည့် ထိပ်သီးအင်အားစုကြီးတစ်စု....

ကောင်းကင်နတ်ဘုရားတောင်မှ လူများသည်လတခြားသူများ မည်သို့တွေးတောမည်ကို ဂရုမစိုက်ကြချေ။

ဤအချိန်၌ သူတို့သည် သူတို့၏စိတ်ဆန္ဒများအတိုင်းသာ ပြုမူလိုကြ၏။

ဖူဝမ်နန်းတော်သည် စွမ်းအားကြီးမားသည် မဟုတ်လော...

သို့ရာတွင် ရလဒ်သည် မည်သို့ဖြစ်လာသနည်း...

ဤသည်မှာ တစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရခြင်းပင်။

ဂိုဏ်းချုပ်ဖူကျုံးနှင့် ရှေးဟောင်းဘိုးဘေး ဖူကျီး တို့ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် ရိုက်သတ်ခံလိုက်ရသည်။

ဤကြေကွဲဖွယ် မြင်ကွင်းက ထိုအကြောင်းကို တွေးတောရုံဖြင့် လူအများကို ကြောက်ရွံ့မှုများ ကျန်ရစ်နေစေခဲ့သည်။

သူတို့သည် ဖူဝမ်နန်းတော်၏ခြေရာနောက်ကို မလိုက်လိုကြပေ။

ကျင်းချန်ချင်း ရောက်မလာမီက လက်ရှိတွင် လူအလွန်များပြားနေသော နတ်ဆိုးမြို့တော်၌ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ နှင့် ပူးပေါင်းခြင်းအားဖြင့် သူတို့ အေးအေးဆေးဆေး နေနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။

ထို့နောက် တစ်ဖက်လူက နတ်ဆိုးနန်းတော်၏ စွမ်းအားအနည်းငယ်ကို ဖော်ပြလိုက်သည်နှင့် ထိုစိတ်ကူးက မည်မျှထိ မိုက်မဲကြောင်း လူများအားလုံး နားလည်သဘောပေါက်သွားကြ၏။

သူတို့သည် ခုခံမည့် အတွေးတစ်ခုကိုပင် မစုစည်းနိုင်ကြချေ။

ယန်သုံးပါးနယ်ပယ်အထက်ရှိ ထိပ်သီးကျင့်ကြံသူဆယ့်နှစ်ဦးနှင့် လျှို့ဝှက်ဆန်းကြယ်သော သခင်တစ်ဦး....

ဤအကြောင်းကို တွေးတောမိရုံဖြင့် သူတို့အားလုံးကို မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်နေလေပြီ။

နှစ်ဖက်လုံးသည် အဆင့်တူ မဟုတ်ကြချေ၊ အကယ်၍ သူတို့သာ ထိပ်တိုက်တွေ့ပါက သူတို့အတွက် ဆုံးရှုံးနစ်နာမှု အလွန်များပြားမည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

အမှန်အားဖြင့် ကျင်းချန်ချင်း၏သတင်းနှင့် ပတ်သက်၍ သူတို့ လုံးဝသံသယမရှိခဲ့ခြင်း မဟုတ်ချေ။

သို့သော် သူတို့ သေချာပြန်တွေးကြည့်ကာ အထူးသဖြင့် ဖူဝမ်နန်းတော်၏ ပျက်စီးဆုံးရှုံးမှုကို သူတို့ မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သဖြင့် ကျင်းချန်ချင်းက သူတို့ကို လှည့်စားရန် မည်သည့် အကြောင်းပြချက်မျှ ရှာမတွေ့ခဲ့ကြချေ။

လက်ရှိချိန်၌ နတ်ဆိုးမြို့တော်တွင် ထိပ်သီးအင်အားစုကြီးများကို ဖျက်ဆီးနိုင်စွမ်းရှိသူတစ်ဦး ရှိနေကြောင်း သူတို့ ယခင်ကတည်းက သိထားခဲ့ကြ၏။

ထို့ကြောင့် ကျင်းချန်ချင်း၏ စကားများနှင့် ပေါင်းစပ်လိုက်ချိန်တွင် ထိုကိစ္စ၏အမှန်တရားကို သူတို့ လွယ်လင့်တကူ ခန့်မှန်းနိုင်ခဲ့သည်။

ယာယီတဲအတွင်းတွင် အစည်းအဝေး ဆက်လက်၍ ကျင်းပနေခဲ့သည်။

သို့သော် တစ်စုံတစ်ယောက်က မေးခွန်းအသစ် တစ်ခုကို မေးမြန်းလာပေ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့က တစ်ဂိုဏ်းလုံးကို နတ်ဆိုးနန်းတော်ဆီ လက်နက်ချမယ်ဆိုရင်... မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ ကျွန်တော်တို့ မဟာမိတ်ဖွဲ့ထားတာက ဘယ်လိုလုပ်မလဲ..."

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအကြောင်းကို မပြောလျှင် အဆင်ပြေသော်လည်း ထိုအရာကို ဖော်ပြလိုက်သည်နှင့် လင်းထျန်းထံတွင် ဒေါသများ ပြည့်နှက်သွားခဲ့သည်။

ထိုသောက်ရေးမပါသော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကြောင့်သာ မဟုတ်ပါက ကောင်းကင်နတ်ဘုရားတောင်သည် နတ်ဆိုးနန်းတော်ကဲ့သို့သော ဧရာမအင်အားစုကြီး၏ ပစ်မှတ်ထားခြင်းကို မည်သို့ ခံရမည်နည်း....

ထို့ကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဂိုဏ်းတစ်ဂိုဏ်းလုံး အညံ့ခံရန် ဖိအားပေးခံရခြင်း ဖြစ်ပေ၏။

သူ ထိုအကြောင်းကို ပို၍တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေ ဖြစ်ပြီး လင်းထျန်း သည် နေရာမှာပင် စားပွဲကို မှောက်လှန်ပစ်လုနီးပါး ဖြစ်သွားခဲ့သည်။

သူ၏မျက်လုံးများ နီမြန်းလာပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။

"မဟာမိတ်လား... ငရဲကို သွားခိုင်းလိုက်...အဲ့ဒီလူမိုက်တွေက ငါတို့ကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တာ..."

"တကယ်လို့ ကျင်းချန်ချင်း က အခုလောလောဆယ် သူတို့ကို ထိလို့မရဘူးလို့ မပြောခဲ့ရင်....သစ္စာစောင့်သိမှုအနေနဲ့ တင်ပြဖို့ သူတို့ထဲက ခေါင်းတချို့ကို ငါ ကိုယ်တိုင် ခုတ်ဖြတ်ပြီးပြီ..."

"မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကို လျစ်လျူရှုလိုက်..."

"သူတို့က နတ်ဆိုးနန်းတော်ရဲ့ ပစ်မှတ်ထားတာကို ခံထားရပြီဆိုတော့ သူတို့ အချိန်အကြာကြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

ကောင်းကင်နတ်ဘုရားတောင်၏ ဂိုဏ်းချုပ် သည် ကျိန်ဆဲရလောက်အောင် ဒေါသထွက်နေခြင်းက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို သူ မည်မျှထိ မုန်းတီးကြောင်း ပြသနေပေ၏။

ထိုသို့ဖြင့် ကျိန်ဆဲမှုများကြားတွင် အစည်းအဝေးတစ်ခု အဆုံးသတ်သွားခဲ့သည်။

အစည်းအဝေးအပြီးတွင် ကောင်းကင်နတ်ဘုရားတောင်မှ လူများသည် အချိန်ဆွဲမနေဝံ့ဘဲ ချက်ချင်းလှုပ်ရှားလိုက်ကြ၏။

ဤအညံ့ခံသည့်ကိစ္စသည် အလွန်အရေးကြီးပြီး ရွှေ့ဆိုင်း၍ မရနိုင်ချေ။

အကယ်၍ လက်နက်မချမီ တစ်ဖက်လူများ လာရောက်တိုက်ခိုက်မည့်အချိန်ကို စောင့်ပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နတ်ဘုရားတောင်တစ်ခုလုံးမှ လူများ စုရုံးလာကာ နတ်ဆိုးနန်းတော်ရှိရာ အရပ်သို့ အလျင်အမြန် ထွက်ခွာသွားကြသည်။

ခန့်မှန်းခြေ နာရီအနည်းငယ်အကြာတွင် ရာပေါင်းများစွာသော လူအုပ်ကြီးသည် နောက်ဆုံးတွင် နတ်ဆိုးနန်းတော်၏နယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် ရှေ့သို့ လှမ်းကြည့်လိုက်ကြ၏။

မြေပြင်မှ တိုးထွက်လာပြီး ကောင်းကင်ယံတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသော အနက်ရောင်နန်းတော်တစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုနန်းတော်သည် တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအင်များထဲတွင် ပုန်းအောင်းနေပြီး လူများကို ဝါးမြိုရန် အသင့်ဖြစ်နေသည့် ရက်စက်ကြမ်းတမ်းသော သားရဲကြီး တစ်ကောင်နှင့် တူညီနေခဲ့သည်။

နတ်ဆိုးနန်းတော်၏ အပြင်ဘက်တွင် အစောင့်များ တင်းကြပ်စွာ ရှိနေပေ၏။

ခြေသုံးလှမ်းလျှင် အစောင့်တစ်ဦးနှင့် ခြေဆယ်လှမ်းလျှင် ကင်းစောင့်တစ်ဦး ရှိသည်ဟု ဆိုနိုင်သည်။

လူအရေအတွက်သည် တစ်သောင်းကျော်ခန့် ရှိနေခဲ့ပြီး ဤလူများအနက် အားနည်းသူဟူ၍ တစ်ဦးတစ်ယောက်မျှ မပါဝင်ချေ။

သူတို့အနက်မှ မည်သူ့ကိုမဆို အရှေ့ပိုင်းဒေသ သို့ စေလွှတ်လိုက်ပါက ထင်ရာစိုင်း ပြုမူနိုင်သည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

ယခင်က ဂိုဏ်းချုပ် တစ်ဦးသည် ယခုချိန်၌ နိမ့်ကျသော တံခါးစောင့်တစ်ဦးမျှသာ ဖြစ်ပေ၏။

ဤအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာသော နတ်ဆိုးနန်းတော်သည် တိုက်ခိုက်ရေးစွမ်းအားအရ အလွန်အမင်း စွမ်းအားကြီးမားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

ကောင်းကင်နတ်ဘုရားတောင်မှ လူများသည် နတ်ဆိုးနန်းတော်၏ အပြင်ဘက် ပေအနည်းငယ်အကွာသို့ ရောက်ရှိလာချိန်၌ လေးစားမှု ပြသရန်အတွက် လေထဲမှ ဆက်လက်၍ မပျံသန်းရဲတော့ဘဲ ခြေလျင်လျှောက်၍ အရိုအသေပေးရန် ရွေးချယ်ခဲ့သည်။

ထို့နောက် လင်းထျန်း ဦးဆောင်သော အဖွဲ့သည် အစောင့်များကို ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ သူတို့တစ်ဦးစီတိုင်း၏ စိတ်နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

ဤအစောင့်များအနက် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ အမြောက်အများ ရှိနေပေ၏။

ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူများကို တံခါးစောင့်ရန်အတွက် အသုံးပြုခြင်းမှာ အနည်းငယ် အဓိပ္ပာယ်မဲ့နေသည်။

ထိပ်သီးအင်အားစုကြီးများတွင်ပင် ယန်သုံးပါး နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် အဓိကထောက်တိုင်ကြီးကဲ့သို့ တည်ရှိမှုတစ်ခုဟု ယူဆနိုင်ကြောင်း သိထားရပေမည်။

နတ်ဆိုးနန်းတော်မှ ပြသထားသော အစောင့်အင်အားဖြင့်ပင် ကောင်းကင်နတ်ဘုရားတောင်ကို ယှဉ်ပြိုင်ရန် လုံလောက်နေပြီဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

ယန်သုံးပါးနယ်ပယ်အထက်ရှိ အလွန်စွမ်းအားကြီးမားသော နန်းတော်သခင် ဆယ့်နှစ်ဦး နန်းတော်အတွင်းတွင် ရှိနေသည်ကို ထည့်ပြောနေရန်ပင် မလိုတော့ချေ။

ထို့ပြင် နန်းတော်သခင်ဆယ့်နှစ်ဦး၏နောက်ရှိ အရှင်သခင်လည်း ရှိနေသေးပေ၏။

အချိန်တခဏအတွင်းတွင် လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်မှုနှင့် စိတ်သက်သာရာရမှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။

နတ်ဆိုးနန်းတော်၏ စွမ်းအားကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်သွားပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သောကြောင့် စိတ်သက်သာရာရသွားခြင်း ဖြစ်ပေ၏။

သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သည့်တိုင် ကောလာဟလ ကြားရခြင်းမှာ သူတို့ကိုယ်တိုင် မျက်မြင်တွေ့ရခြင်း၏ ထိတ်လန့်တုန်လှုပ်မှုနှင့် မယှဉ်နိုင်ချေ။

သူတို့အဖွဲ့ ချဉ်းကပ်လာသည်နှင့်အမျှ...

အစောင့်များသည် သူတို့၏စိတ်နှလုံးသားထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ကောင်းကင်နတ်ဘုရားတောင်သည် အလွန်နာမည်ကျော်ကြားပေ၏။

သူတို့၏အင်္ကျီလက်များပေါ်တွင် ပန်းထိုးထားသော မြူနှင်းများ ဖုံးလွှမ်းနေသည့် ကောင်းကင်တောင်အမှတ်သင်္ကေတသည် မြောက်ပိုင်းဒေသ တွင် အခွင့်အာဏာတံဆိပ်ပြားတစ်ခုနီးပါး ဖြစ်နေခဲ့သည်။

လူများအားလုံး ထိုအင်အားစုကို သိသည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

မကြာမီက သူတို့၏နန်းတော်သခင်သည် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး မနက်ဖြန်တွင် ကောင်းကင်နတ်ဘုရားတောင်ကို တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ပေ၏။

ယခုချိန်၌ ကောင်းကင်နတ်ဘုရားတောင်သည် အင်အားအပြည့်ဖြင့် ရောက်ရှိလာလေပြီ။

ဤလူများသည် လက်ဦးအောင် လှုပ်ရှားချင်နေကြသလော....

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နတ်ဘုရားတောင်သည် လူများအားလုံးအတွက် အလွန် စွမ်းအားကြီးမားနေဆဲပင်။

ထို့ကြောင့် အစောင့်များအနက်မှ မည်သူကမျှ ပေါ့ဆဝံ့ခြင်း မရှိကြချေ။

အစောင့်ခေါင်းဆောင်တစ်ဦးက ကျယ်လောင်စွာ ​အော်ဟစ်လိုက်သည်။

"ကောင်းကင်နတ်ဘုရားတောင်က လူတွေ...မင်းတို့ရဲ့ လာရင်းရည်ရွယ်ချက်က ဘာလဲ..."

ဤအချိန်၌ လင်းထျန်းက ရှေ့သို့တက်လာခဲ့ကာ သူ၏လက်ကိုပူးဆုပ်ပြီး အစောင့်ခေါင်းဆောင် အား ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်သည်။

"ကျေးဇူးပြုပြီးတော့ ညီအစ်ကိုအစောင့်က ငါတို့ ကောင်းကင်နတ်ဘုရားတောင်က ဂိုဏ်းတစ်ဂိုဏ်းလုံး အညံ့ခံဖို့ လာခဲ့တယ်လို့ မင်းရဲ့ နန်းတော်သခင်ကို အသိပေးပေးပါ..."

"ကျွန်တော်တို့က နန်းတော်သခင်နဲ့ တွေ့ဆုံခွင့် တောင်းပါတယ်..."

"ဘာ..."

နန်းတော်တံခါးဝရှိ အစောင့်ခေါင်းဆောင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ အာရုံချောက်ချားနေသည်ဟု တွေးထင်လိုက်၏။

သူသည် တောင့်တင်းသန်မာသော သူ၏လက်တစ်ဖက်ဖြင့် သူ၏ နားကို ကလော်လိုက်သည်။

ထို့နောက် သူ၏မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် အလွန်အမင်း မယုံနိုင်ဖြစ်နေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"မင်း အဲ့ဒါကို နောက်တစ်ခေါက် ပြန်ပြောပါအုံး... မင်းတို့က ဒီနေရာကို ဘာလာလုပ်တာလဲ..."

အကယ်၍ ကောင်းကင်နတ်ဘုရားတောင်မှ လူများသည် နတ်ဆိုးနန်းတော်ကို တိုက်ခိုက်ရန် ရောက်လာခဲ့ပါက သူ အလွန်အမင်း အံ့အားသင့်နေမည်မဟုတ်ချေ။

သို့သော် တစ်ဖက်လူက အညံ့ခံရန် လာခဲ့ပါက ဤသည်မှာ မယုံနိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် မည်သူဖြစ်သနည်း...

ကောင်းကင်နတ်ဘုရားတောင်...

ဤသည်မှာ အတိတ်တွင် သူတို့ မော့ကြည့်နိုင်ရုံသာ တတ်နိုင်ခဲ့သည့် တည်ရှိမှုတစ်ခုပင်။

လင်းထျန်းသည် ထိုစကားကိုကြားချိန်၌ နောက်တစ်ကြိမ် ထပ်မံ၍ ပြောဆိုလိုက်သည်။

"ကျေးဇူးပြုပြီးတော့ ညီအစ်ကိုအစောင့်က ငါတို့ ကောင်းကင်နတ်ဘုရားတောင်က ဂိုဏ်းတစ်ဂိုဏ်းလုံး အညံ့ခံဖို့ လာခဲ့တယ်လို့ မင်းရဲ့ နန်းတော်သခင်ကို အသိပေးပေးပါ...ပြီးတော့ ကျွန်တော်တို့က နန်းတော်သခင်နဲ့ တွေ့ဆုံခွင့် တောင်းပါတယ်..."

ဤတစ်ကြိမ်တွင်မူ အစောင့်ခေါင်းဆောင်သည် သေချာသွားခဲ့လေပြီ။ တစ်ဖက်လူများသည် အမှန်တကယ်ကို ပြဿနာရှာရန် လာခဲ့ခြင်း မဟုတ်ဘဲ အညံ့ခံရန် ရောက်လာခဲ့ခြင်းပင်။

ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ မြင့်တက်လာပေ၏။

မူလက သူသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့ဖူးသော်လည်း ယခုအချိန်၌ တံခါးစောင့်လေး တစ်ဦးမျှသာ ဖြစ်နေသဖြင့် သူ၏အဆင့်အတန်း ကွာဟမှုအပေါ် အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။

သို့သော် ယခုအချိန်၌ ထိပ်သီးအင်အားစုကြီး လေးစုအနက်မှ တစ်စုဖြစ်သော ကောင်းကင်နတ်ဘုရားတောင်ပင်လျှင် လက်နက်ချရန် အပြေးအလွှား ရောက်လာခဲ့လေပြီ။

တစ်နည်းနည်းဖြင့် ထူးဆန်းသော သာလွန်မှု ခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤှသည်မှာ ဂုဏ်ယူဝံ့ကြွားသော ခံစားချက်တစ်ခုပင်။

ဤသည်က သူ နတ်ဆိုးနန်းတော်သို့ ဝင်ရောက်ခဲ့သည့်အတွက် ဂုဏ်ယူဝံ့ကြွားရသော စိတ်ခံစားချက်တစ်ခု ဖြစ်ပေ၏။

ပတ်ဝန်းကျင်ရှိ အစောင့်အများစုသည်လည်း အလားတူ ခံစားမိကြသည်။

ယခင်က သူတို့သည် နတ်ဆိုးနန်းတော် ၏ သိမ်းသွင်းခြင်းကို ခံခဲ့ရစဉ်က အပြင်ပန်းတွင် ရိုသေလေးစားသော်လည်း အတွင်းစိတ်ထဲတွင်မူ အနည်းနှင့်အများ မကျေနပ်မှုများ ရှိခဲ့ကြသည်။

သို့သော် ယခုအချိန်၌ သူတို့၏ စိတ်မကျေမနပ်ဖြစ်နေသော ခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

မင်းရဲ့အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မြတ်ပါစေ ကောင်းကင်နတ်ဘုရားတောင်ထက် ပိုပြီး မြင့်မြတ်နိုင်လို့လား...

မင်းရဲ့စွမ်းအား ဘယ်လောက်ပဲ ကြီးမားပါစေ ကောင်းကင်နတ်ဘုရားတောင်ရဲ့ ဂိုဏ်းချုပ် ထက် ပိုပြီး စွမ်းအားကြီးနိုင်လို့လား...

လင်းထျန်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်ကိုပင် သူတို့ မြင်တွေ့ခဲ့ရသည်။ ဤှသည်မှာ နတ်ဆိုးနန်းတော်၏ နန်းတော်သခင်မှ သူတို့အား လက်ခံခြင်းမပြုမည်ကို စိုးရိမ်ပူပန်နေခြင်းပင်။

ဤကိစ္စများကြောင့် လူများအားလုံးသည် နတ်ဆိုးနန်းတော်သို့ ဝင်ရောက်ခြင်း၏ အနာဂတ်မှာ သူတို့ စိတ်ကူးထားသည်ထက် များစွာ ပို၍ကြီးကျယ်ခမ်းနားနိုင်ကြောင်း ရုတ်တရက် ခံစားမိပေ၏။

လူများအားလုံးထံတွင် မတူညီသော အတွေးများ ရှိနေစဉ်၌ အစောင့်ခေါင်းဆောင်က လင်းထျန်းအား ဂရုမစိုက်သည့်အကြည့်ဖြင့် ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဒီနေရာမှာ စောင့်နေ...ငါ သခင့်ကို သွားပြောလိုက်မယ်..."

သူ စကားပြောဆိုနေစဉ် သူ၏ကျောသည် မသိစိတ်မှနေ၍ အနည်းငယ် ခပ်မတ်မတ် ဖြစ်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်..."

သူ့ကို တုံ့ပြန်လိုက်သည်မှာ လင်းထျန်း၏ ကျေးဇူးတင်စကားပင်။

အစောင့်ခေါင်းဆောင်သည် မူးဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိပ်သီးအင်အားစုကြီးတစ်ခု၏ ရှေ့တွင် သူ ဤမျှထိ မားမားမတ်မတ် နေနိုင်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ စိတ်ကူးမယဉ်ဖူးခဲ့ချေ။

သူ၏ဘဝတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု သူ ချက်ချင်းခံစားမိပေ၏။

All Chapters