← Chapters

ကောင်းကင်နတ်ဘုရားတောင် ၏ ရိုးသားမှု

Vol. 30 Ch. 295

ကောင်းကင်နတ်ဘုရားတောင် ၏ ရိုးသားမှု

Vol. 30 Ch. 295

နတ်ဆိုးနန်းတော်....

ကြက်ပေါက်စတစ်နှင့် တခြားသူများသည် ခန်းမကြီးထဲတွင် အရက်သောက်ကာ ပျော်ရွှင်နေကြ၏။

အောက်ဘက်တွင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ဦးဆောင်သော လက်အောက်ငယ်သားတစ်စုက သူတို့ကို အဖော်ပြုပေးနေကြသည်။

စားသောက်ပွဲတွင် ခွက်ချင်းတိုက်သံများနှင့် အပြန်အလှန် ဆုတောင်းပေးသံများက အဆက်မပြတ် ထွက်ပေါ်နေခဲသည်။

မြှောက်ပင့်ဖားယားမှုများနှင့် ချီးမွမ်းမှုများကလည်း အဆုံးမရှိ စီးဆင်းနေပေ၏။

ခန်းမထဲရှိ အခြေအနေ အလွန်သက်ဝင်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်မှာပင် အစောင့်ခေါင်းဆောင်က ပြေးဝင်လာပြီး ကြက်ပေါက်စတစ်ကို ​သတင်းပို့လိုက်သည်။

"ကြက်သခင်ကြီး...အပြင်ဘက်မှာ ကောင်းကင်နတ်ဘုရားတောင်က လူတွေ ရောက်နေပြီးတော့ သခင့်ကို တွေ့ခွင့်တောင်းနေပါတယ်..."

"သူတို့က နတ်ဆိုးနန်းတော်ဆီ အညံ့ခံဖို့ ရောက်လာတာလို့ ပြောတယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမကြီးထဲမှ ဆူညံသံများ တိတ်ဆိတ်သွားသည်။

လက်အောက်ငယ်သားတစ်စုထံတွင် အံ့အားသင့်သွားသော မျက်နှာအမူအယာများ ထင်ဟပ်လာကြသည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသာလျှင် အမူအယာကင်းမဲ့စွာဖြင့် ရှိနေပေ၏။

ကြက်ပေါက်စတစ်ကမူ အေးအေးလူလူဖြင့် သူ၏ဝိုင်အရက်ကို တစ်ငုံသောက်လိုက်သည်။

အရက်တစ်ခွက် ကုန်သွားပြီးနောက် သူက သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီနှံကောင်တွေကို မနက်ဖြန်ကျမှ ချေမှုန်းဖို့ ငါ စီစဉ်ထားတာ.... ဒါပေမဲ့ သူတို့က ငါ့ရဲ့ တံခါးဝကို သူတို့ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး..."

"ကောင်းပြီလေ...ငါ သူတို့ကို တွေ့မယ်..."

"သူတို့ကို ဝင်ခွင့်ပြုလိုက်..."

"သူတို့ကို မသတ်ဖို့ အကြောင်းပြချက်တစ်ခုခု ကြက်သခင်ကြီးကို သူတို့ ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်..."

"နတ်ဆိုးနန်းတော်က ဘယ်သူ့ကိုမဆို လက်ခံတာ မဟုတ်ဘူး..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်နှလုံးသားများ လှုပ်ရှားသွားပေ၏။

တစ်ချိန်တုန်းက ကောင်းကင်နတ်ဘုရားတောင် သည် သူတို့ မော့ကြည့်ရသည့် တည်ရှိမှုကြီးတစ်ခုပင်။

ကြက်ပေါက်စတစ်၏ ပါးစပ်ထဲတွင် ထိုအင်အားစုသည် နှံကောင်တစ်ကောင်သာ ဖြစ်သွားလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ စိတ်ကူးယဉ်တွေးတောခဲ့ဖူးခြင်း မရှိချေ။

ဤသည်က အမှန်တကယ်ကို... ကွက်ကွက်ကွင်းကွင်း မြင်သာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ကြက်ပေါက်စတစ် ကြွားလုံးထုတ်နေသည်ဟု သူတို့ ယောင်ယမ်း၍ပင် မတွေးမိကြချေ။

အထူးသဖြင့် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် ထိုကိစ္စကို အနက်ရှိုင်းဆုံး ခံစားခဲ့ရလေ၏။

ယခင်က ဖူဝမ်နန်းတော်၏ဘိုးဘေးကြီး မည်မျှထိ စွမ်းအားကြီးမားခဲ့သနည်း...

သူ ထွက်ပေါ်လာသည်နှင့် လူအများကို သူတို့၏ခေါင်းများ မမော့နိုင်လောက်အောင် ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့ရာတွင် ရလဒ်သည် မည်သို့ဖြစ်လာသနည်း...

သူသည် ကန်ကျောက်၍သတ်ဖြတ်ခြင်း ခံလိုက်ရသည် မဟုတ်လော...

ကြက်သခင်ကြီးထံတွင် ဤကဲ့သို့ စကားမျိုးကို ပြောဆိုရန် စွမ်းအားနှင့်ယုံကြည်မှု အမှန်တကယ်ကို ရှိနေခဲ့ပေ၏။

မကြာမီမှာပင်...

ကောင်းကင်နတ်ဘုရားတောင်မှ လူများကို ပင်မခန်းမကြီးထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ခန်းမကြီးထဲသို့ ဝင်လာသည်နှင့် လင်းထျန်း ဦးဆောင်သော အဖွဲ့သည် လမင်းကြီးကို ဝန်းရံထားသော ကြယ်များကဲ့သို့ ဝန်းရံခံထားရသည့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို ချက်ချင်း အာရုံစိုက်လိုက်ကြ၏။

"သူတို့က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလား...တကယ်ကို မယုံနိုင်စရာပဲ..."

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အတော်လေး အန္တရာယ်ကင်းပုံရကာ အိမ်မွေးတိရစ္ဆာန်အုပ် တစ်အုပ်အလားပင်။

မဟုတ်သေး.... သူတို့၏ပြင်ပအသွင်အပြင်သည် အိမ်မွေးတိရစ္ဆာန်အုပ်တစ်အုပ်နှင့် တူညီနေခဲ့သည်။

အကယ်၍ သူတို့ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရပါက ဤသူများသည် ဖူဝမ်နန်းတော်ကို သုတ်သင်ခဲ့သော အစစ်အမှန် တရားခံများဖြစ်ကြောင်း လူအနည်းငယ်သာ ယုံကြည်ကြပေလိမ့်မည်။

ကောင်းကင်နတ်ဘုရားတောင်မှ လူများကမူ အနည်းငယ်သော အထင်အမြင်သေးမှု အရိပ်အယောင်ကိုမျှ မပြသဝံ့ကြချေ။

သူတို့သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ကို တိုက်ရိုက်ကြည့်ဝံ့ခြင်းပင် မရှိချေ။

သူတို့၏အသက်များသည် ယခုအချိန်၌ တစ်ဖက်လူ၏စိတ်အခြေအနေအပေါ် လုံးလုံးလျားလျား မူတည်နေ​သည်။

ဤသည်ကို တွေးတောမိချိန်၌ လင်းထျန်း သည် နတ်ဆိုးစစ်သူကြီးများ၏ရှေ့သို့ အလျင်အမြန် သွားကာ ဒူးထောက်၍ အရိုအသေပေးလိုက်ပြီး နှိမ့်ချရို့ကျိုးစွာ ပြောဆိုလိုက်သည်။

"ကောင်းကင်နတ်ဘုရားတောင်ရဲ့ ဂိုဏ်းချုပ် ဂျူနီယာလင်းထျန်းက နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ကို အရိုအသေပေးပါတယ်..."

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက နတ်ဆိုးနန်းတော်ကို စော်ကားခဲ့တယ်ဆိုတာ ကျွန်တော် အရင်က မသိခဲ့ပါဘူး..."

"ကျွန်တော့်တို့ကောင်းကင်နတ်ဘုရားတောင် သူတို့နဲ့ မဟာမိတ် ဖွဲ့ခဲ့တာက တကယ့်ကို အပြစ်တစ်ခုပါပဲ..."

"အခု ကောင်းကင်နတ်ဘုရားတောင်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်လိုက်ပါပြီ..."

"အခု ဒီလိုရောက်လာရတာက ပထမဆုံးအနေနဲ့ တောင်းပန်ဖို့ပါ..."

"ဒုတိယအနေနဲ့ ကျွန်တော်တို့ကောင်းကင်နတ်ဘုရားတောင်က နတ်ဆိုးနန်းတော် ရဲ့ အင်အားစုထဲကို ဝင်ရောက်ခွင့်ရဖို့မျှော်လင့်တာကြောင့် ကျွန်တော်တို့ကို လက်ခံပေးဖို့ နတ်ဆိုးစစ်သူကြီးတွေကို တောင်းဆိုချင်တာပါ..."

သူသည် ထိုစကားများကို ပြောဆိုနေရင်း တည်ကြည်လေးနက်စွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေပြုလိုက်၏။

ထို့နောက် သူက သိုလှောင်အိတ်တစ်လုံးကို ဆွဲထုတ်လိုက်သည်။

လင်းထျန်းသည် ထိုအရာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူက ပြောဆိုသည်။

"ဒီသိုလှောင်အိတ်ထဲမှာ တော်ဝင်အဆင့်ဆေးလုံးတစ်လုံး ပါပါတယ်..."

"ပြီးတော့ အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြော တစ်ခုလည်း ပါတယ်..."

"ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ပြသတဲ့ အထိမ်းအမှတ်လေးတစ်ခုအနေနဲ့ ဒါတွေကို နတ်ဆိုးစစ်သူကြီးတွေက လက်ခံပေးမယ်လို့ ကျွန်တော် မျှော်လင့်မိတယ်..."

ဤလက်ဆောင်ကို နည်းပါးသည်ဟု မဆိုနိုင်ချေ။

တော်ဝင်အဆင့်ဆေးလုံး...

ကောင်းကင်နတ်ဘုရားတောင်ကဲ့သို့ ထိပ်သီးအင်အားစုကြီးတစ်စုအတွက်ပင် ဤသည်မှာ ရရှိရန် ခက်ခဲသော ရှားပါးရတနာတစ်ခု ဖြစ်သည်။

စိတ်ဝိညာဉ်သွေးကြောသည်လည်း အလွန် တန်ဖိုးကြီးသော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။

မြောက်ပိုင်းဒေသတစ်ခုလုံးတွင် အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောဟူ၍ အနည်းငယ်သာ ရှိသည်။

ဤပစ္စည်းနှစ်ခုသည် ကောင်းကင်နတ်ဘုရားတောင်မှ လူများအတွက်ပင် ကြီးမားသော တန်ကြေးတစ်ခုဟု ဆိုနိုင်သည်။

ဤအရာများသည် အင်အားစုတစ်ခု၏ အခြေခံအုတ်မြစ်နှင့် စွမ်းအားကို များစွာမြှင့်တင်ပေးနိုင်သည့် ရတနာများ ဖြစ်ကြသည်။

သို့သော် ယခုအချိန်သည် သူတို့၏ ရတနာများအတွက် ဝမ်းနည်းနေရမည့် အချိန်မဟုတ်ကြောင်း သူတို့ သိရှိထားသည်။

ရတနာများကို ဆုံးရှုံးသွားပါက ပြန်လည်၍ ရှာဖွေနိုင်သည်။

သို့သော် သူတို့၏အသက်များ ဆုံးရှုံးသွားပါက အမှန်တကယ်ပင် ဘာမှကျန်ရှိတော့မည် မဟုတ်ချေ။

သို့သော် သူ ကမ်းလှမ်းသော ရှားပါး ရတနာများကို ရင်ဆိုင်ရချိန်တွင် ကြက်ပေါက်စတစ်သည် ထိုအရာများကို ကြည့်ရန် အနည်းငယ်မျှပင် စိတ်မဝင်စားခဲ့ချေ။

သူသည် စားသောက်ပွဲရှိ ခုံရှည်ပေါ်တွင် မတ်မတ် ထိုင်နေပြီး လက်တစ်ဖက်ကဲ့သို့ တောင်ပံတစ်ဖက်ဖြင့် စားပွဲရှည်ကို ဖြည်းညင်းစွာ ခေါက်နေခဲ့သည်။

ထို့နောက် သူ၏မျက်လုံးများဖြင့် လင်းထျန်း ဆီသို့ စောင်းငဲ့၍ ကြည့်လိုက်၏။

"ဒါက မင်းတို့ ကောင်းကင်နတ်ဘုရားတောင်ရဲ့ ရိုးသားမှုလား..."

သူ၏စကားများက အလွန်အမင်း မကျေနပ်မှုကို ပြသနေသည်။

ဤသည်က လင်းထျန်းနှင့် ကောင်းကင်နတ်ဘုရားတောင်မှ တခြားသူများကိုလည်း ချွေးစေးများ ထွက်လာသည်အထိ ကြောက်လန့်သွားစေခဲ့သည်။

ဤရတနာနှစ်ခုကို သူတို့သည် ဂရုတစိုက် ရွေးချယ်ထားခဲ့ခြင်း ဖြစ်ပေ၏။

တစ်ဖက်လူမှ သူတို့ကို အရေးစိုက်စေရန် ဤရတနာများမှာ လုံလောက်သည်ဟု သူတို့ တွေးထင်ထားခဲ့ကြသည်။

တစ်ဖက်လူသည် ထိုအရာများကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲနေမည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြချေ။

ဘာလုပ်ရမလဲ...

လောင်းကြေးထပ်မြှင့်ရမလား....

သို့သော် ဤခရီးစဉ်တွင် သူတို့နှင့်အတူ တန်ဖိုးကြီးမားသော ပစ္စည်းများကို များများစားစား ယူဆောင်လာခဲ့ခြင်း မရှိချေ။

သူတို့ ထပ်ပေါင်းထည့်ပေးလျှင်ပင် တစ်ဖက်လူက ထိုအရာများကို ကြည့်မည်မဟုတ်ပေ။

လင်းထျန်းသည် အနည်းငယ် တွေဝေသွားပြီး တစ်ဖက်လူမှ အရေးစိုက်စေရန် သူ မည်သည့်အရာဖြင့် ကမ်းလှမ်းနိုင်မည်ကို သူ၏ဦးနှောက်ကို အစွမ်းကုန် အသုံးချ၍ ရှာဖွေနေချိန်မှာပင်...

ထိုအချိန်မှာပင် ကျင်းချန်ချင်းက ရှေ့သို့တက်လာခဲ့သည်။ ထို့နောက် သူက ကျယ်လောင်သောအသံဖြင့် အပြစ်တင်လိုက်၏။

"ကြက်သခင်ကြီးက ဘယ်လို တည်ရှိမှုမျိုးလဲ.... သူက မင်းတို့ရဲ့လက်ထဲက သေးငယ်တဲ့ အရာလေးတွေကို ဘယ်လိုလုပ်ပြီးတော့ ဂရုစိုက်မှာလဲ..."

"မင်းတို့က နတ်ဆိုးစစ်သူကြီးတွေကို အစေခံမလေး တွေတောင် မပေးရသေးဘူး....မင်းတို့ရဲ့ ရိုးသားမှုက မလုံလောက်သေးဘူး..."

ဤစကားများသည် လင်းထျန်းအား ရှင်းလင်းသော အရိပ်အမြွက်တစ်ခုကို ပြသလိုက်ခြင်းပင်။

ဤသည်က လင်းထျန်းထံမှ သူ့အား ကျေးဇူးတင်သော အကြည့်တစ်ခုကို ရရှိသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားပေ၏။

'သူတို့က တော်ဝင်အဆင့်ဆေးလုံးနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကိုတောင် ဂရုမစိုက်ကြဘဲနဲ့ အမျိုးသမီးတွေကိုတော့ ဂရုစိုက်ကြတယ်ပေါ့..."

စိတ်ရှုပ်ထွေးမှုသည် သက်သက်ဖြစ်ပြီး ကျင်းချန်ချင်းသည် သူ့ကို အန္တရာယ်ပြုမည် မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။

ဤသည်ကို တွေးတောမိချိန်၌ သူက ကြက်ပေါက်စတစ်အား အလျင်အမြန် ပြောဆိုလိုက်သည်။

"ကြက်သခင်ကြီး...ဒီအဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောနဲ့ တော်ဝင်အဆင့်ဆေးလုံးတွေက ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ပထမဆုံး လက်ဆောင်လေးတွေပါပဲ..."

"ဒုတိယလက်ဆောင်ကတော့ ကျွန်တော်တို့ ဂိုဏ်းရဲ့ အမျိုးသမီး တပည့်တွေပါ..."

ဤသို့ပြောဆိုပြီးနောက် သူသည် သူ၏ ဂိုဏ်းရှိ အလှပဆုံးနှင့် ကျက်သရေအရှိဆုံး အမျိုးသမီး တပည့်များကို ရှေ့ထွက်လာရန် သီးသန့်အသံသတင်းစကားတစ်ခု အလျင်အမြန် ပေးပို့လိုက်သည်။

ဤသည်မှာ ကြက်ပေါက်စတစ်၏ ရွေးချယ်ခြင်းကို ခံရရန်အတွက်ပင်။

လင်းထျန်း၏အမိန့်ကို ရရှိသော ထိုအမျိုးသမီး တပည့်များသည် အချိန်ဆွဲနေဝံ့ခြင်း မရှိကြချေ။

အမျိုးသမီးဆယ်ဦးကျော်သည် တရှပ်ရှပ်ခြေလှမ်းသံများနှင့်အတူ ရှေ့သို့ထွက်လာကာ တန်းစီလိုက်ကြသည်။

သူမတို့သည် လင်းထျန်း၏နောက်သို့ ရောက်လာကာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ၏ရှေ့တွင် ဒူးထောက်၍ ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

"ကျွန်မတို့က နတ်ဆိုးစစ်သူကြီးတွေကို နှုတ်ခွန်းဆက်သပါတယ်..."

သူမတို့၏အသံများသည် ညငှက်များကဲ့သို့ ပီပြင်ရှင်းလင်းပြီး ချိုသာနေပေ၏။

ဤအမျိုးသမီးတပည့်များအားလုံး ရုပ်ရည်ချောမောလှပကြသည်။

ထို့ပြင် သူမတို့သည် ကောင်းကင်နတ်ဘုရားတောင် မှ လာခြင်းဖြစ်သဖြင့် ညင်သာသိမ်မွေ့သော အရှိန်အဝါတစ်ရပ်ကို သယ်ဆောင်ထားကြသည်။

ကြက်ပေါက်စတစ်၏မျက်နှာသည် အပြုံးတစ်ခုဖြင့် ချက်ချင်းဝင်းပသွားပြီး သူ၏ စိတ်အခြေအနေ ကောင်းမွန်သွားခဲ့သည်။

"ထုံးတမ်းစဥ်လာတွေ လုပ်စရာ မလိုပါဘူး...မြန်မြန် ထကြပါ..."

သူသည် ခုံရှည်ပေါ်မှ ချက်ချင်းခုန်ဆင်းလာပြီး မိန်းမလှလေးတစ်ဦးစီကို နွေးထွေးစွာ တုံ့ပြန်လိုက်၏။

နောက်ဆုံးတွင် သူက လင်းထျန်း၏ရှေ့သို့ ရောက်လာခဲ့ကာ ချီးကျူးလိုက်သည်။

"မင်းတို့ရဲ့ရိုးသားမှုကို ကြက်သခင်ကြီး ခံစားမိပြီ...မင်းတို့က ဥာဏ်ပညာရှိတဲ့ ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တယ်လို့ ငါ ပြောရမယ်...မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနဲ့ မင်းတို့ရဲ့ မဟာမိတ်ကိစ္စကို ငါ လုံးဝ မေ့ထားလိုက်ပြီ..."

"မင်းတို့ ဘယ်လောက် အသိဉာဏ်ရှိလဲဆိုတာကို မြင်ရတော့ ကြက်သခင်ကြီးက ကောင်းကင်နတ်ဘုရားတောင်ကို နတ်ဆိုးနန်းတော်ရဲ့အင်အားစုထဲ ဝင်ခွင့်ပြုမယ်..."

လင်းထျန်းက ဤသည်ကို ကြားချိန်၌ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကြက်သခင်ကြီး ..."

ယခု၌မူ ကောင်းကင်နတ်ဘုရားတောင်မှ လူများ၏ အသက်များ နောက်ဆုံးတွင် ကယ်တင်ခြင်းခံလိုက်ရလေပြီ။

အစောပိုင်းက သူ မည်ကဲ့သို့ ဖိအားမျိုးကို ခံစားခဲ့ရသည်အား ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

သူ စိတ်လှုပ်ရှားနေပြီးနောက် အနည်းငယ် မယုံနိုင်စရာ ဖြစ်သွားခဲ့ပေ၏။

တော်ဝင်အဆင့်ဆေးလုံးနှင့် အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောတို့ဖြင့် မဖြေရှင်းနိုင်သော ကိစ္စတစ်ခုကို အမျိုးသမီးတပည့် အနည်းငယ်ဖြင့် အမှန်တကယ် ဖြေရှင်းနိုင်ခဲ့သလော....

ဤသည်မှာ အမှန်တကယ်ကို သူ မမျှော်လင့်ထားသောအရာပင်။

ကောင်းကင်နတ်ဘုရားတောင်မှ လူများထံတွင် စိတ်သက်သာရာရသွားသော သက်ပြင်းချမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့ ဘယ်သောအခါမျှ တွေးမိမည် မဟုတ်ချေ။

သူတို့ လက်ခံထားသော အမျိုးသမီးတပည့်များသည် ဂိုဏ်းအတွက် သွေးသစ်လောင်းပေးခြင်းနှင့် ဂိုဏ်း၏အမွေအနှစ်ကို လက်ဆင့်ကမ်းခြင်းအပြင် ဤကဲ့သို့ အသုံးဝင်မှုမျိုးလည်း ရှိလိမ့်မည်ဟု ထင်မှတ်မထားမိချေ။

ဤသည်မှာ အမှန်တကယ်ကို ဓားငယ်လေးတစ်ချောင်းဖြင့် သူတို့၏တင်ပါးကိုစိုက်ပြီး မျက်စိပွင့်သွားစေသည့်အလားပင်။

All Chapters