← Chapters

မယုံနိုင်စရာ စွမ်းရည်များ

Vol. 30 Ch. 298

မယုံနိုင်စရာ စွမ်းရည်များ

Vol. 30 Ch. 298

ကူးပြောင်းသူ..

ပိုင်လင်းသည် မည်သည့်ကြောင့်မှန်း နားမလည်ဘဲ စိတ်ရှုပ်ထွေးသွားပေ၏။

ထိုအသုံးအနှုန်းကို သူမ ကြားဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။

ထို့အပြင် ဤလူက သူသည် နတ်ဆိုးသခင်ဟု ပြောပြီး နတ်ဆိုးသခင်မဟုတ်ဟုလည်း ဆိုပြန်ရာ ဤှသည်ကိုလည်း သူမ နားမလည်နိုင်ခဲ့ချေ။

ဖြစ်ရင်ဖြစ် မဖြစ်ရင်မဖြစ်သာရှိပြီး...

ဖြစ်လည်းဖြစ်တယ် မဖြစ်လည်းမဖြစ်ဘူး ဟူသည်က မည်သည့်အဓိပ္ပါယ် ဖြစ်သနည်း...

ပိုင်လင်းသည် စိတ်အနည်းငယ် ရှုပ်ထွေးသွားပေ၏။

"စီနီယာ....ကျေးဇူးပြုပြီးတော့ ပိုပြီးအသေးစိတ်ကျကျ ရှင်းပြပေးလို့ ရမလား..."

ပိုင်လင်းက သူမ၏လက်ကိုပူးဆုပ်ပြီး ရိုသေလေးစားစွာ မေးမြန်းလိုက်သည်။

ကျယ်ပြန့်သော မြေပြင်အထက်တွင် အဖြူရောင်ဝတ်ရုံရှင်သည် သူ၏လက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။

သူ၏နံဘေးပတ်လည်တွင် သန့်စင်သော အလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေခဲ့သည်။

သူသည် အမှန်တကယ်ကို မြင့်မြတ်လှပေ၏။

သူတစ်ယောက်တည်း မတ်တတ်ရပ်နေပြီး သီးသန့်ကင်းကွာကာ သန့်စင်နေပြီး ဤလောကနှင့် မသက်ဆိုင်သည့်အလားပင်။

အချိန်တခဏအကြာတွင် သူ စကားပြောဆိုလိုက်သည်။ သူ၏အသံတွင် နူးညံ့ပြီး ညှို့ငင်နိုင်စွမ်းရှိသော စွမ်းရည်တစ်ခု ပါဝင်နေခဲ့သည်။

"မင်း ဒါကို ကွဲပြားခြားနားတဲ့ ခန္ဓာကိုယ်အပိုင်စီးတာမျိုးလို့ နားလည်နိုင်တယ်...ငါက အစက အပြာရောင် ကမ္ဘာဂြိုဟ်တစ်ခုကနေ လာတာ..."

"ငါက ဒီလောကကို မမျှော်လင့်ဘဲ ရောက်လာခဲ့ပြီးတော့ ငါ့ရဲ့စိတ်ဝိညာဉ်က ဒီနတ်ဆိုးခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး သူနဲ့ တသားတည်း ပေါင်းစပ်သွားခဲ့တယ်..."

"ဒါက သက်ရှိပုံစံ အသစ်တစ်ခုကို ဖြစ်လာစေခဲ့တယ်..."

ဤစကားများသည် သံသယဝင်စရာ မလိုလောက်အောင် ပိုင်လင်းအတွက် ကြီးမားသော ထိတ်လန့်တုန်လှုပ်စေမှုတစ်ခု ဖြစ်ပေ၏။

"ရှင့်က... တခြားကမ္ဘာက လာတာလား...အဲ့ဒါက ဒဏ္ဍာရီလာ ရှေးဟောင်းကပ်ဘေးနယ်မြေ လား..."

ပိုင်လင်း၏နားလည်မှုအရ ထျန်းယွမ်ကုန်းမြေ သည် သက်ရှိသတ္တဝါ သန်းရာပေါင်းများစွာ နေထိုင်သည့် နယ်မြေဖြစ်ပြီး လောကကြီး၏ ဗဟိုချက်လည်း ဖြစ်ပေ၏။

ထို့ပြင် ထျန်းယွမ်ကုန်းမြေ၏အပြင်ဘက်ရှိ ကမ္ဘာသည် ဒဏ္ဍာရီလာ ရှေးဟောင်းကပ်ဘေးနယ်မြေပင်။

အဖြူရောင်ဝတ်ရုံရှင်က ရယ်ပြုံးပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"အဲ့ဒါက ရှေးဟောင်းကပ်ဘေးနယ်မြေ မဟုတ်ဘူး...ဒါက သာမန် သေမျိုးကမ္ဘာတစ်ခု သက်သက်ပဲ..."

"အဲ့ဒီမြေပေါ်မှာ ကျင့်ကြံသူတွေရဲ့ တည်ရှိမှုတောင် မရှိဘူး..."

ပိုင်လင်း အံ့အားသင့်သွားခဲ့သည်။ ထို့ထက်ပို၍ သူမသည် စိတ်ရှုပ်ထွေးနေပြီး မယုံကြည်နိုင်ဖြစ်နေပေ၏။

သူ၏စကားများအရ တစ်ဖက်လူသည် မူလက သာမန်သေမျိုးတစ်ဦးသာ ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်လော...

သာမန်သေမျိုးတစ်ဦးက ကမ္ဘာတစ်ခုမှ တခြားတစ်ခုသို့ ကူးပြောင်းနိုင်သလော....

ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ကမ္ဘာနှစ်ခုကြား ကူးပြောင်းခြင်းကို မဆိုထားနှင့် ထျန်းယွမ်ကုန်းမြေ၌ ဒေသနှစ်ခုကြား ကူးပြောင်းခြင်းပင်လျှင် ပြဿနာတစ်ခု ဖြစ်ပေ၏။

အဖြူရောင်ဝတ်ရုံရှင်သည် ပိုင်လင်း၏ မျက်လုံးများထဲမှ မယုံကြည်နိုင်မှုများကို မြင်တွေ့လိုက်ရသည်။

သူက ပြုံးလိုက်ပြီးနောက် စိတ်ခံစားမှုများဖြင့် သက်ပြင်းချလိုက်သည်။

"မင်း ယုံကြည်ဖို့ ခက်ခဲနေရင်တောင် ဒါက အမှန်တရားပဲ...ကောင်းကင်နဲ့မြေပြင်ကြားမှာ သာမန်အသိနဲ့ ကြည့်လို့မရတဲ့ အရာတွေ အများကြီး ရှိတယ်..."

"တကယ်တော့ ငါကိုယ်တိုင်တောင် ဒါကို မယုံနိုင်စရာလို့ ထင်မိတယ်..."

"ငါ ဒီလောကကို ရောက်လာတုန်းက မြောက်ပိုင်းဒေသ တစ်ခုလုံးကို တိုက်ရိုက်အုပ်စိုးပြီး မြောက်ပိုင်းဒေသရဲ့ အစွမ်းထက်ဆုံး ဖြစ်လာဖို့ သုံးနှစ်ပဲ အချိန်ယူခဲ့ရတယ်..."

"ကျော်ကြားမှုဆီကို သွားတဲ့ ဒီလမ်းကြောင်းပေါ်မှာ ငါ့ရဲ့ ကဏဦးအတွေးက သေဖို့ နည်းလမ်းရှာရုံသက်သက်ဆိုတာ ဘယ်သူက သိမှာလဲ..."

ပိုင်လင်း၏ဦးနှောက်သည် ပြိုကွဲသွားတော့မည့်အလား ခံစားမိပေ၏။

သုံးနှစ်...

သုံးနှစ်အတွင်း သူသည် မြောက်ပိုင်းဒေသ တစ်ခုလုံးကို အုပ်စိုးခဲ့သည်။

သူမကို အံ့အားသင့်စေခြင်းအပြင် သူမ ပို၍နားမလည်နိုင်သောအရာမှာ သူသည် သေကြောင်းကြံရန် နည်းလမ်းရှာခြင်းသာဖြစ်ကြောင်း အမှန်တကယ် ပြောဆိုခဲ့ခြင်းပင်။

"စီနီယာ...ရှင်က မြောက်ပိုင်းဒေသမှာ အစွမ်းထက်ဆုံး ဖြစ်လာခဲ့ပြီဆိုတော့ ဘာလို့ သေဖို့နည်းလမ်းကို စိတ်နှလုံးသားအပြည့်အဝနဲ့ ရှာနေသေးတာလဲ..."

ပိုင်လင်းက သူမ၏စိတ်နှလုံးသားထဲမှ သံသယကို ထုတ်ဖော်မေးမြန်းလိုက်သည်။

ပိုင်လင်း၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် အဖြူရောင်ဝတ်ရုံရှင်သည် အလွန်စိတ်ရှည်ပုံရပေ၏။ သူက အလျင်စလိုခြင်းမရှိသောအသံဖြင့် ရှင်းပြလိုက်သည်။

"ငါ ကူးပြောင်းလာတုန်းက ကြီးမြတ်တဲ့ တာအို တစ်ခုခုကို လှုံ့ဆော်မိခဲ့တယ်... အထူးစွမ်းရည် တစ်ခုကို နားလည်သဘောပေါက်သွားခဲ့တယ်..."

"အထူးစွမ်းရည်..."

ပိုင်လင်း၏ လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။

ဤကဲ့သို့ ဖြစ်စေမည့် အထူးစွမ်းရည်မျိုးက မည်ကဲ့သို့ အရာမျိုးဖြစ်သည်ကို သူမ အမှန်တကယ် သိချင်နေခဲ့သည်။

ပိုင်လင်း၏ မေးခွန်းထုတ်နေသော အကြည့်အောက်တွင် အဖြူရောင်ဝတ်ရုံရှင်က ဖြည်းညှင်းစွာ ဆက်လက်၍ ပြောဆိုနေခဲ့သည်။ "စကားမစပ်... ဒီစွမ်းရည်က အရမ်းထူးဆန်းတယ်... ဒါပေမဲ့ ကောင်းကင်ကို အန်တုနိုင်တယ်... ကောင်းကင်ဧကရာဇ်ရဲ့ အမြင့်မြတ်ဆုံး ရာထူးနေရာကို ချက်ချင်းတက်လှမ်း ဖို့ ဒါမှမဟုတ် ငါ့ရဲ့မူလဇာတိမြေကို ပြန်သွားဖို့ ငါ သေဖို့ပဲ လိုတယ်..."

"ဒါပေမဲ့ ငါ့ရဲ့သေဆုံးတာက ပြင်ပအကြောင်းတရားတွေကြောင့်ပဲ ဖြစ်ရမယ် ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ မရဘူး..."

"ဒါကြောင့် ငါ ကူးပြောင်းလာခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါက သေမင်းကို အဆက်မပြတ်နဲ့အရူးအမူး ဖိတ်ခေါ်နေခဲ့တယ်..."

"သေခြင်းတရားကို ရှာတွေ့မယ့်အစား ငါ အကြိမ်ကြိမ် ပိုပြီးရန်စလေလေ ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားက ပိုပြီးမြန်မြန်ကြီးထွားလာလေလေ ဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."

"နောက်ဆုံးမှာ ငါက မြောက်ပိုင်းဒေသ ကို မရည်ရွယ်ဘဲတောင် ပေါင်းစည်းလိုက်နိုင်တယ်..."

ပိုင်လင်း လုံးလုံးလျားလျား မှင်တက်သွားခဲ့ကာ သူမ၏စိတ်ခံစားမှုများ အလွန်အမင်း လှိုင်းထန်သွားခဲ့သည်။

ဒါက ဘယ်လိုမျိုး ကောင်းကင်ကို အန်တုနိုင်တဲ့ စွမ်းရည်မျိုးလဲ...

သူ သတ်ဖြတ်ခံရသရွေ့ သူသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု ဆိုသလော...

သူမ၏နားလည်မှုအရ ကျင့်ကြံခြင်းသည် ယေဘုယျအားဖြင့် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းညှင်းစွာ တိုးတက်လေ့ရှိပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် အံ့အားသင့်ဖွယ်ကောင်းသော ကံကြမ္မာကောင်းတစ်ခုကို ရရှိပါက ကြီးမားသော ကျင့်ကြံဆင့်နယ်ပယ် အမြောက်အများကို တစ်ပြိုင်နက်တည်း ဖြတ်ကျော်ခြင်းက အကန့်အသတ် ဖြစ်ပေလိမ့်မည်။

သို့သော် တစ်ဖက်လူကမူ တစ်ကြိမ်သတ်ဖြတ်ခံရခြင်းဖြင့် ပြိုင်ဘက်ကင်းသော အမြင့်မြတ်ဆုံးအဆင့်ကို ရရှိနိုင်သည်။

ဒါက ဘယ်လိုတားမြစ်ထားတဲ့ ကျင့်စဉ်မျိုးလဲ...

သူမ ထိတ်လန့်တုန်လှုပ်နေကာ တစ်ဖက်လူ၏ သာမာန်ကာလျှံကာ စကားများကြောင့် သူမ ဆွံ့အသွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။

မြောက်ပိုင်းဒေသကို မရည်ရွယ်ဘဲ အုပ်စိုးခဲ့သည်ဆိုသည်မှာ သူ မည်သည့်အရာအား ဆိုလိုသနည်း...

သမိုင်းတလျှောက်လုံးတွင် မရေမတွက်နိုင်သော အုပ်စိုးသူများနှင့် ရည်မှန်းချက်ကြီးသူများသည် မြောက်ပိုင်းဒေသကိုပေါင်းစည်းလိုခဲ့ကြ၏။

သို့သော် သူတို့သည် အကြံအစည်များ မည်မျှပင် ဖန်တီးခဲ့ပါစေ ပြင်ဆင်မှု ထောင်ပေါင်းများစွာနှင့် အစီအစဉ်ပေါင်းများစွာကို ပြုလုပ်ခဲ့ပါစေ နောက်ဆုံးတွင် သူတို့အနက်မှ အများစုသည် မည်သည့်အရာမျှ မရရှိဘဲ အဆုံးသတ်သွားခဲ့ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က မြောက်ပိုင်းဒေသကို မရည်ရွယ်ဘဲ တိုက်ရိုက်အုပ်စိုးခဲ့မိကြောင်း ထိုလူများ သိသွားပါက သူတို့ မည်သို့ တွေးတောကြမည်နည်း။

အမှန်တကယ်ကို တစ်ဖက်လူ ပြောသည်မှာ အမှန်ပင်။

တချို့အရာများကို သာမန်အသိဖြင့် ကြည့်၍မရနိုင်ချေ။

ဤသည်မှာ ဘဝပုံစံခွက်တစ်ခုတွင် အနိုင်ရရှိသူ တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားသည်။

တစ်ဖက်လူ၏စကားများကို နားထောင်ပြီးနောက် ပိုင်လင်း၏သံသယများ အနည်းငယ်မျှ လျော့ပါးမသွားခဲ့ချေ။ ထိုအစား သူမ၏သံသယများသည် ပို၍ပို၍စုပုံလာပေ၏။

သူမသည် အချိန်တခဏကြာမျှ တွေဝေသွားပြီးနောက် သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

"စီနီယာ... ရှင်က မြောက်ပိုင်းဒေသ မှာ အစွမ်းအထက်ဆုံး ဖြစ်လာခဲ့ပြီ... ပြီးတော့ မြောက်ပိုင်းဒေသတစ်ခုလုံးကိုတောင် ပေါင်းစည်းခဲ့ပြီးပြီဆိုတော့..."

"သဘောတရားအရပြောရရင် မြောက်ပိုင်းဒေသ မှာ ရှင့်ကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုမျိုး မရှိသင့်ဘူး... ဒါဆို နောက်ဆုံးမှာ ရှင်က ဘာဖြစ်သွားတာလဲ..."

အဖြူရောင်ဝတ်ရုံရှင်က တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။

"ဆန္ဒရှိရင် နည်းလမ်းရှိတယ်ဆိုတာကို အချက်အလက်တွေက သက်သေပြနေတယ်...ငါ့ရဲ့ အဆက်မပြတ် သေမင်းကို ဖိတ်ခေါ်မှုအောက်မှာ နောက်ဆုံးတော့ မြောက်ပိုင်းဒေသ နဲ့ မသက်ဆိုင်တဲ့ အရမ်းထိတ်လန့်ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုကို ငါ ရန်စမိသွားတယ်..."

"တစ်ဖက်လူရဲ့လက်ဝါးရိုက်ချက် တစ်ချက်တည်းက မင်း အခုမြင်နေရတဲ့ မြင်ကွင်းကို ဖန်တီးခဲ့တာပဲ..."

"ပြီးတော့ ငါလည်း ငါ့ရဲ့ ကာလရှည်ကြာ တောင့်တခဲ့တဲ့ ဆန္ဒကို အောင်မြင်စွာ ဖြည့်ဆည်းနိုင်ခဲ့တယ်..."

"ငါ တိုက်ရိုက်သတ်ဖြတ်ခံလိုက်ရတယ်..."

သေခြင်းတရားကို ဖော်ပြချိန်၌ လူအများသည် သံသယဝင်စရာ မလိုလောက်အောင် ကြောက်ရွံ့ကြပေ၏။

ထို့ထက်ပို၍ သူတို့သည် ထိတ်လန့်ကာ တုန်လှုပ်ချောက်ချားနေကြသည်။

သို့သော် အဖြူရောင်ဝတ်ရုံရှင်သည် သူ၏အတွေ့အကြုံကို ဖော်ပြရန် ရွှင်ပြသော လေသံကို အမှန်တကယ် အသုံးပြုခဲ့ပေ၏။

"ဒါဆိုရင် စီနီယာကို မေးပါရစေ...နောက်ဆုံးမှာ ရှင်က ဘာကို ရွေးချယ်ခဲ့တာလဲ..."

တစ်စုံတစ်ယောက်က အောင်မြင်စွာ သတ်ဖြတ်ခံရသရွေ့ ကောင်းကင်ဧကရာဇ်အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်သည် သို့မဟုတ် ဇာတိမြေသို့ ပြန်နိုင်ပေမည်။

ပိုင်လင်းသည် သူမကိုယ်သူမ မေးကြည့်လိုက်ရာ အကယ်၍ သူမသာဆိုလျှင် ပထမတစ်ခုကို ရွေးချယ်မိမည်မှာ သေချာပေါက်ပင်။

မည်သို့ပင်ဆိုစေကာမူ ဤှသည်မှာ ကောင်းကင်ဧကရာဇ်ပင်။

ထိုသို့ဆိုပါက သူမ၏ရှေ့တွင် မတ်တတ်ရပ်နေသူသည် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေနိုင်သလော...

အချိန်တခဏအတွင်းတွင် သူမ၏စိတ်နှလုံးသားထဲတွင် အဆုံးမရှိသော လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့ပေ၏။

ယနေ့၌ သူမ ကြုံတွေ့ခဲ့ရသည့် အရာများသည် အမှန်တကယ်ကို အလွန်ထူးဆန်းလွန်းသည်ဟု သူမ ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ ဘဝအတွေ့အကြုံက သူမ၏ လောကအမြင်ကို အဆက်မပြတ် ရိုက်ခတ်နေပြီး သူမ၏ နက်ရှိုင်းစွာ စွဲမြဲနေသော ဘဝအမြင်ကို အပိုင်းပိုင်းအစစ စုတ်ဖြဲနေခဲ့သည်။

သို့သော် တစ်ဖက်လူ၏အဖြေမှာ သူမ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။

"တကယ်တော့ ကောင်းကင်ဧကရာဇ်ဆိုတာ ပြိုင်ဘက်ကင်းတာနဲ့ အဓိပ္ပာယ်တူ စကားလုံးပဲ..."

"သေဆုံးခြင်းမရှိ အိုမင်းခြင်းမရှိဘဲနဲ့ ထာဝရ တည်မြဲနိုင်ပြီးတော့ ခေတ်အဆက်ဆက် ကြောက်ရွံ့ရိုသေခံရပြီး အမြင့်မြတ်ဆုံးနဲ့ ပြိုင်ဘက်ကင်းတယ်..."

"ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့တာအိုရလဒ် နဲ့ ယှဉ်ရင် ငါ့ရဲ့ ဇာတိမြေကို ငါ ပိုပြီးလွမ်းဆွတ်နေတယ်..."

"ဒါကြောင့် နောက်ဆုံးမှာ ငါက အိမ်ပြန်ဖို့ ရွေးချယ်ခဲ့တယ်..."

ဤစကားကို ကြားချိန်၌ ပိုင်လင်း အံ့အားသင့်သွားခဲ့သည်။

သူမ၏စိတ်နှလုံးသားထဲတွင် သူမ ညည်းညူချင်သော အချက်များ မရေမတွက်နိုင်အောင် ရှိနေသော်လည်း ထိုအရာများကို မည်သို့ ဖော်ပြရမည်အား သူမ မသိခဲ့ချေ။

ကောင်းကင်ဧကရာဇ်အဆင့်....

ဤသည်က အမှန်တကယ်ကို တိုက်ရိုက် စွန့်လွှတ်ခြင်း ခံလိုက်ရသည်။

ထိုအစား သူသည် အိမ်ပြန်ရန် ရွေးချယ်ခဲ့သလော...

ဤသည်ကို မြင်တွေ့ချိန်၌ အဖြူရောင်ဝတ်ရုံရှင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"လူတွေအားလုံးရဲ့ လေ့လာလိုက်စားမှုတွေက မတူညီကြဘူး...လူတချို့က လောကကြီးကို ကြီးစိုးချင်ကြတယ်...လူချို့က ဒေသတစ်ခုမှာ ချမ်းသာချင်ကြတယ်...လူချို့က နာမည်ကျော်ကြားမှုနဲ့ အာဏာအတွက် ရုန်းကန်ကြတယ်...ငါ ရှာဖွေနေတာကတော့ ငါ့ရဲ့ မူလအစဖြစ်တဲ့ သာမန်အိမ်လေးပဲ..."

ဤစိတ်နေသဘောထားက ပိုင်လင်းကို တည်ကြည်လေးနက်သွားစေခဲ့သည်။

သူမ၏စိတ်နှလုံးသားထဲတွင် စစ်မှန်သော ရိုသေလေးစားမှုတစ်ခု ပေါက်ဖွားလာခဲ့ပေ၏။

တစ်နည်းအားဖြင့် ဤသည်မှာ သူ၏မူလရည်ရွယ်ချက်ကို မမေ့လျော့ခြင်းဟုလည်း မှတ်ယူနိုင်သည်။

ဤအချိန်၌ အဖြူရောင်ဝတ်ရုံရှင်က အနည်းငယ် တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။

"စကားအပိုပြောတာတွေ ပြီးသွားပြီ...အခု အဓိက အကြောင်းအရာကို သွားရမယ့် အချိန်ရောက်ပြီ..."

"မင်း ဒီနေရာကို ရောက်လာနိုင်တာက အမွေအနှစ်ကို လက်ခံရယူဖို့ အရည်အချင်း ပြည့်မီတယ်ဆိုတာ သက်သေပြနေတယ်..."

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးနွယ် သွေး​မျိုးဆက် ရှိနေတယ်ဆိုတာကို ငါ ခံစားလို့ရတယ်..."

"အခု ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်..."

"တစ်ခုက အစစ်အမှန်နတ်ဆိုး နက်နဲသိမ်မွေ့မှု ကို အမွေဆက်ခံဖို့..."

"အစစ်အမှန်နတ်ဆိုး နက်နဲသိမ်မွေ့မှုကို ရယူလိုက်တာနဲ့ မင်းရဲ့ကျင့်ကြံမှုက တစ်နေ့ကို မိုင်တစ်ထောင် ရှေ့တိုးနိုင်တယ်..."

"အနာဂတ်မှာ ကောင်းကင်နဲ့မြေပြင်ရဲ့ အရပ်မျက်နှာအဘက်ဘက်ကို ကြီးစိုးပြီးတော့ မြောက်ပိုင်းဒေသမှာ အစွမ်းထက်ဆုံးလူ ဖြစ်လာဖို့က ပြဿနာ မဟုတ်ဘူး..."

"ဒုတိယတစ်ခုကတော့ ငါ နားလည်သဘောပေါက်ခဲ့တဲ့ အဲ့ဒီအထူးစွမ်းရည်ကို အမွေဆက်ခံဖို့ပဲ... တိတိကျကျ ပြောရရင် ဒါက ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံပဲ..."

"မင်း နှစ်ခုထဲက တစ်ခုကို ရွေးရမယ်..."

ဤစကားကိုကြားချိန်၌ ပိုင်လင်း၏ နှလုံးခုန်နှုန်း အလွန်အမင်း လျှင်မြန်သွားခဲ့သည်။

သူမ ဤနေရာသို့ ကြီးမားသော အခက်အခဲများကြားမှ ရောက်ရှိလာခြင်းမှာ ဤအချိန်အခိုက်အတန့်အတွက် အတိအကျ မဟုတ်လော....

All Chapters