← Chapters

အမွေအနှစ်ကို အသက်သွင်းခြင်း

Vol. 30 Ch. 299

အမွေအနှစ်ကို အသက်သွင်းခြင်း

Vol. 30 Ch. 299

အစစ်အမှန်နတ်ဆိုး နက်နဲသိမ်မွေ့မှုသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်၏ အဓိကအနှစ်သာရပင်။

ဤသည်မှာ ပိုင်လင်း၏ခရီးစဉ်အတွက် ပန်းတိုင်လည်း ဖြစ်ပေ၏။

ထိုအရာကို တစ်ကြိမ် ရရှိသွားပါက သူမ၏ရှေ့အလားအလာသည် အဆတစ်ထောင် တိုးတက်လာမည်မှာ သေချာပေါက်ပင်။

ထို့ထက်ပို၍ ဤသည်မှာ အစစ်အမှန် နတ်ဆိုး ခန္ဓာကိုယ်ကိုပင် စုစည်းပေးနိုင်ပြီး သူမ၏မရီဒါန်းများ ပို၍ခိုင်မာလာအောင် သေချာပေါက် ဖြည့်စွက်ပေးနိုင်ပေမည်။

ထိုအရာ၏အံ့အားသင့်ဖွယ်ရာများမှာ မရေမတွက်နိုင်အောင် များပြားပြီး အချိန်တိုအတွင်း၌ သူမအား ကြီးမားသော အမြင့်များသို့ တက်လှမ်းသွားစေနိုင်သည်။

သို့သော် နှိုင်းယှဉ်မှုမရှိဘဲ အန္တရာယ် မရှိနိုင်ချေ။

သတ်ဖြတ်ခံရုံဖြင့် ပြိုင်ဘက်ကင်း ဖြစ်လာစေနိုင်သော တခြားအမွေအနှစ်တစ်ခုနှင့် နှိုင်းယှဉ်ပါက ထိုအရာနှစ်ခုသည် တည်ရှိမှုအဆင့်အတန်း လုံးဝမတူညီကြချေ။

ဒါပေမဲ့...

တစ်ဖက်လူပြောတာ အမှန်ဟုတ်ပါ့မလား...

မည်သို့ပင်ဆိုစေကာမူ သေဆုံးပြီးနောက် ကောင်းကင်ဧကရာဇ် ဖြစ်လာခြင်းသည် အလွန်အမင်း အံ့အားသင့်စရာ ကောင်းလှသည်။

ထို့ပြင် အလွန်အမင်း မယုံကြည်နိုင်စရာလည်း ကောင်းပေ၏။

အချိန်တခဏကြာသည်အထိ ပိုင်လင်း ဝေခွဲရခက်နေကာ အကျပ်အတည်းတစ်ခုထဲတွင် ပိတ်မိနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမ၏မျက်လုံးများထဲတွင် ခိုင်မာပြတ်သားမှုများ ထင်ဟပ်လာခဲ့သည်။

တွေဝေသူသည် ဆုံးရှုံးရပေမည်။

အခွင့်အရေးဆိုသည်မှာ တစ်ကြိမ်သာ လာတတ်သည်။ ထိုအရာကို ဆုပ်ကိုင်ထားနိုင်ပါက အလွန်မြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ပေမည်။

အကယ်၍ ထိုအရာကို သူမ၏လက်ချောင်းများကြားမှ လွတ်ထွက်သွားစေပါက သူမသည် နောက်ပိုင်းတွင် အကြီးအကျယ် နောင်တရရမည်မှာ သေချာပေါက်ပင်။

ဤှသည်မှာ အမှန်ဖြစ်စေ အမှားဖြစ်စေ သူမ စွန့်စားရမည်ဟု ဆုံးဖြတ်လိုက်၏။

ဤသည်ကို မိုးကောင်းကင်ကို တုန်ခါစေသော လောင်းကြေးတစ်ခုအဖြစ် သူမ ယူဆလိုက်သည်။

ထိုသို့တွေးတောပြီးနောက် ပိုင်လင်းက တိုက်ရိုက်ပြောဆိုလိုက်သည်။

"စီနီယာ ရှင် နားလည်သဘောပေါက်ခဲ့တဲ့ အဲ့ဒီအထူးစွမ်းရည်ကို အမွေဆက်ခံဖို့ ကျွန်မ ရွေးချယ်ပါတယ်...ကျေးဇူးပြုပြီး ကျွန်မကို ပေးပါ..."

အဖြူရောင်ဝတ်ရုံရှင်က အပြုံးနှင့် ခေါင်းညိတ်လိုက်၏။

"ဒါပေမဲ့ အဲ့ဒီကိစ္စမတိုင်ခင် ငါ ကြိုတင်ပြီး ရှင်းပြစရာတစ်ခု ရှိတယ်..."

"အဲ့ဒီအထူးစွမ်းရည်ကို ငါ ရရှိခဲ့တုန်းက ကြီးမြတ်တဲ့ တာအိုစွမ်းအားကို လှုံ့ဆော်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတာ... ပြီးတော့ ဒါကို မင်းဆီ လွှဲပြောင်းပေးတဲ့အချိန်မှာ အကျိုးသက်ရောက်မှုက အများကြီး လျော့ကျသွားနိုင်တယ်..."

"ဒါကြောင့် မင်း သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်ဧကရာဇ်အဆင့်ကို ချက်ချင်းရရှိဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိလောက်ဘူး..."

"ဒါပေမဲ့ ဒါက မင်းကို သေဆုံးပြီးတဲ့နောက်မှာ ပြန်လည်ရှင်သန်ခွင့်ပေးမှာ ဖြစ်ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုက အတိုင်းအတာတစ်ခုအထိ တိုးလာလိမ့်မယ်..."

"ပြီးတော့ သေဆုံးနိုင်တဲ့ အကြိမ်အရေအတွက်က အကန့်အသတ် မရှိဘူး..."

"ဒါက ပုံစံပြောင်းထားတဲ့ နီဗားနားရုပ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာနဲ့ ညီမျှတယ်..."

"တစ်ယောက်ယောက်က မင်းကို ဖိနှိပ်ပြီး ထာဝရ အကျဉ်းချမထားသရွေ့ ဘယ်သူကမှ မင်းကို ဘာမှ လုပ်လို့မရဘူး..."

ဤစကားများက ပိုင်လင်း၏နှလုံးသားကို ကဆုန်စိုင်း ခုန်ပေါက်သွားစေခဲ့သည်။

အဆင့်တစ်ဆင့်တည်းဖြင့် မအောင်မြင်နိုင်သော်လည်း...

ဤသည်မှာ မယုံနိုင်လောက်အောင် ကောင်းကင်ဘုံကို အန်တုနိုင်ဆဲပင်။

သူမ သေလေလေ ပို၍စွမ်းအားကြီးမားလာလေလေပင်။

ထို့ပြင် သူမ အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်သည်။

ဤကဲ့သို့ စွမ်းရည်မျိုးသည် အလွန်အမင်း အဓိပ္ပာယ်မဲ့လွန်းပေ၏။

"စီနီယာ...ဒီစွမ်းရည်ကို လက်ခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်..."

ပိုင်လင်းက ချက်ချင်းဆိုသလိုပင် သူမ၏လက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။

သူမ၏မျက်နှာပေါ်တွင် ခိုင်မာပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။

"ကောင်းပြီလေ..."

အဖြူရောင်ဝတ်ရုံရှင်က ဤသည်ကို ကြားချိန်၌ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူက လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်သည်။

သူ၏ ကြည်လင်နေသော ကျောက်စိမ်းကဲ့သို့ လက်ညှိုးမှ လှည့်ပတ်နေသည့် နတ်ဘုရားအလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ပိုင်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မရေမတွက်နိုင်သော မှတ်ဥာဏ်များက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူမ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပေ၏။

ဤအချိန်၌ ပိုင်လင်းသည် အဆုံးအစမဲ့သော မှတ်ဥာဏ်ပင်လယ်ပြင်ကြီးထဲတွင် နစ်မြုပ်နေလေပြီ။

သူမ၏စိတ်သည် ထိုမှတ်ဥာဏ်ပင်လယ်ပြင်ကြီးထဲတွင် မျောလွင့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏စိတ်နှလုံးသားထဲတွင် ရုတ်တရက် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤသည်ကို စွမ်းရည်တစ်ခုဟု ခေါ်ဆိုမည့်အစား အကြောင်းနှင့်အကျိုး ကံကြမ္မာမျဉ်းကြောင်းများကို ကြိုးကိုင်ခြယ်လှယ်ရန် သော့ချက်တစ်ခုဆိုလျှင် ပို၍မှန်ကန်ပေမည်။

သူမ၏သေဆုံးမှု တန်ကြေးဖြင့် သူမကိုယ်သူမ အားကောင်းလာစေရန် ကံကြမ္မာထံမှ စွမ်းအားများကို သူမ ကြားဖြတ်ယူရပေမည်။

အကြောင်းနှင့်အကျိုး ကံကြမ္မာမျဉ်းကို ကြိုးကိုင်ခြယ်လှယ်နိုင်သည့် ကြီးမားသော စွမ်းအားက သူမအား အချိန်တိုင်းတွင် အထွတ်အထိပ် အခြေအနေ၌ ရှိနေစေပေမည်။

"ဘယ်လောက်တောင်... စွမ်းအားကြီးမားလိုက်လဲ..."

သူမ အလွန်ထိတ်လန့်တုန်လှုပ်နေသဖြင့် စကားပင် မပြောနိုင်ခဲ့ချေ။

ဤနီဗားနားရုပ်ခန္ဓာကိုယ်သည် အလွန်အမင်း ကောင်းကင်ဘုံကို အန်တုနိုင်လွန်းသည်။

သူမသည် ရေခဲတောင်၏ ထိပ်ဖျားလေးမျှကိုသာ နားလည်သဘောပေါက်ခဲ့သော်လည်း သူမသည် တာအို၏အထွတ်အထိပ်ကို မရေမရာ ထိတွေ့မိခဲ့ပြီဟု သူမ ခံစားမိပေ၏။

သူမသည် ဖော်ပြ၍မရနိုင်သော နယ်ပယ်တစ်ခုကိုပင် တွေ့မြင်ခဲ့ရသည်။

ဤသည်က သူမကို ထိတ်လန့်သွားစေခဲ့သည်။

ဤနီဗားနားရုပ်ခန္ဓာကိုယ်သည် အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းလှသည်။

ယခုမှစ၍ နှစ်ကာလများပင်လျှင် သူမအပေါ် အမှတ်အသားတစ်ခု ချန်ထားခဲ့ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး ကောင်းကင်ကြီး ပြိုကျကာ မြေပြင်ကွဲအက်သွားလျှင်ပင် သူမ အသက်ရှင်ကျန်ရစ်နိုင်မည်ဟု သူမ ခံစားမိပေ၏။

အချိန် မည်မျှကြာမြင့်သွားသည်ကို သူမ မသိချေ။

အဖြူရောင်ဝတ်ရုံရှင်သည် စွမ်းရည်များကို ပေးအပ်ခြင်း ပြီးဆုံးသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည်လည်း စတင်၍ ဝေဝါးလာခဲ့သည်။

"စီနီယာ ဘာဖြစ်လို့လဲ..."

ပိုင်လင်း အလွန်အမင်း ထိတ်လန့်သွားပေ၏။

ထို့နောက် သူမ၏လေ့လာဆင်ခြင်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် တစ်စုံတစ်ခုကို ကြိုတင်ခံစားသိရှိနေပုံရပြီး မှိန်ပျပျဝမ်းနည်းမှုတစ်ခုက သူမ၏စိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

သူမသည် ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်၏။

အဖြူရောင်ဝတ်ရုံရှင်က တောက်ပစွာ ပြုံးလိုက်သည်။

"ဝမ်းနည်းနေဖို့ မလိုပါဘူး.... ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကနေ ချန်ထားခဲ့တဲ့ အသိစိတ်လေး တစ်ခုပဲ..."

"ဒါကက အမွေအနှစ်ကို လက်ဆင့်ကမ်းပေးဖို့ ကံကြမ္မာပါတဲ့လူတစ်ယောက်ကို စောင့်နေခဲ့တာ..."

"အခု တာဝန်ပြီးဆုံးသွားပြီဆိုတော့ ငါ ပျောက်ကွယ်သွားသင့်ပြီ..."

"ဒီနီဗားနားရုပ်ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးပြီး မင်း လိုချင်တာ အားလုံးကို ရနိုင်ဖို့ ငါ မျှော်လင့်မိတယ်..."

"နှုတ်ဆက်ပါတယ်..."

အစမှအဆုံးအထိ အဖြူရောင်ဝတ်ရုံရှင်သည် လောကီနှင့် အလွန်သီးခြားကင်းကွာနေပုံရသည်။

"အော် ဒါနဲ့..."

အဖြူရောင်ဝတ်ရုံရှင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

"နီဗားနားရုပ်ခန္ဓာကိုယ်က လွှမ်းမိုးနိုင်စွမ်း ရှိပေမဲ့ မင်း ဘယ်တော့မှ ရန်မစသင့်တဲ့ လူတစ်မျိုး ရှိတယ်..."

"အဲ့ဒီလူစားမျိုးက မင်းရဲ့နီဗားနားရုပ်ခန္ဓာကိုယ် ကို ဖျက်ဆီးပြီး မင်းကို တကယ်ကြီး သတ်ပစ်နိုင်တယ်..."

"စီနီယာ...သူတို့က ဘယ်သူတွေလဲ..."

ပိုင်လင်း၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပြီး သူမက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

"အဲ့ဒီလူတွေက သာမန်လူတွေနဲ့ မကွာခြားဘူး... သူတို့ရဲ့ အသွင်အပြင်ကနေ ဘာမှ မသိနိုင်ဘူး...ငါ မင်းကို ကဗျာတစ်​ပုဒ် သင်ပေးမယ်..."

"ပထမစာကြောင်းက.... ကိန်းဂဏန်းတွေ ပြောင်းလဲသွားရင်တောင် အမှန်တရားက ပြောင်းလဲမှာ မဟုတ်ဘူး..."

"တကယ်လို့ တစ်ယောက်ယောက်က ဒုတိယစာကြောင်းဖြစ်တဲ့ အမှတ်အသားက ကိန်းဂဏန်းတွေအပေါ် မူတည်တယ်လို့ ဖြည့်စွက်နိုင်ရင်..."

"သူတို့က မင်း လုံးဝရန်မစသင့်တဲ့ တည်ရှိမှုတွေပဲ...တကယ်လို့ မင်း သူတို့နဲ့ ကြုံတွေ့ရရင် သူတို့နဲ့ မိတ်ဆွေဖွဲ့တာ အကောင်းဆုံးပဲ..."

"မင်း မှတ်ထားပါ..."

သူ၏အသံ ကျရောက်သွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်နှင့် မြေပြင်ကြားမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

ဤစာကြောင်းနှစ်ကြောင်း၏ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်ကို ပိုင်လင်း သိပ်နားမလည်ခဲ့ချေ။

သို့သော် သူမသည် ထိုအရာကို သူမ၏စိတ်နှလုံးသားထဲတွင် မြဲမြံစွာ သိမ်းဆည်းထားခဲ့သည်။

မကြာမီမှာပင် သူမ စိတ်လှုပ်ရှားလာခဲ့သည်။

အဖြူရောင်ဝတ်ရုံရှင် ပျောက်ကွယ်သွားပြီးနောက်...

မြေပြင်ပေါ်ရှိ ပေတစ်သောင်း မြင့်သော အစစ်အမှန်နတ်ဆိုး စိတ်ဝိညာဉ်ပုံရိပ်ယောင်ကြီး သည်လည်း စတင်၍ ပျက်စီးသွားပေ၏။

ပတ်ဝန်းကျင်ရှိ မြေပြင်သည် သာမာန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားပြီး ဗလာဟင်းလင်းအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

"အပြင်ထွက်ရမယ့် အချိန်ရောက်ပြီ..."

ပိုင်လင်းက ညင်သာစွာ သက်ပြင်းချလိုက်၏။

တစ်ချိန်တည်းမှာပင်...

နတ်ဆိုးမြို့တော် အတွင်းတွင်...

ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

နတ်ဆိုးချီစွမ်းအင်များအားလုံး ပျောက်ကွယ်စပြုလာခဲ့သည်။

တားမြစ်ထားသော သတ်ဖြတ်ခြင်းဝင်္ကပါ အမြောက်အများသည် တုန်ခါသံများနှင့်အတူ ပြိုကျပျက်စီးသွားခဲ့သည်။

နေရောင်ခြည်သည် မှိုင်းညို့ပြီး သွေးကဲ့သို့ နီမြန်းနေသော ကောင်းကင်ယံကို စတင်၍ ဖောက်ထွင်းဝင်ရောက်လာခဲ့ပေ၏။

"ဒါက အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ အသီးအပွင့်ကို အောင်မြင်အောင် သိမ်းပိုက်နိုင်ခဲ့တဲ့ လက္ခဏာပဲ..."

တစ်စုံတစ်ယောက်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။

သို့သော် မကြာမီမှာပင် ထိုစိတ်ခံစားမှု အရိပ်အယောင်သည် တလိမ့်လိမ့်ထနေသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေ၏။

ယခင်က နတ်ဆိုးမြို့တော်တွင် တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး နတ်ဘုရားစိတ်အာရုံများကို ပိတ်ဆို့ဟန့်တားထားသည်။ ထိုကြောင့် လူများအားလုံးအတွက် ကြီးမားသော အတားအဆီးများကို ဖြစ်စေသည့် အလွန်အန္တရာယ်များသော နေရာများစွာ ရှိနေခဲ့သည်။

သူတို့သည် ​အရှေ့ အနောက် သို့မဟုတ် တောင် မြောက်ကို မခွဲခြားနိုင်ခဲ့ကြသည့်အပြင် စမ်းသပ်နယ်မြေ များကိုပင် ရှာမတွေ့နိုင်ခဲ့ကြချေ။

ယခုအချိန်၌ နတ်ဆိုးစွမ်းအင်များ ပျောက်ကွယ်သွားပြီး အန္တရာယ်ရှိသော တားမြစ်ဝင်္ကပါများသည် မူလစွမ်းအားများကို ဆုံးရှုံးသွားခဲ့လေပြီ။

ဤသည်မှာ သူတို့၏နတ်ဘုရားစိတ်အာရုံများကို နောက်တစ်ကြိမ် ပြန်လည်၍ အသုံးပြုနိုင်ပြီဟု ဆိုလိုခြင်းပင်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် နတ်ဆိုးမြို့တော်တလျှောက် အတားအဆီးမရှိ ဖြတ်သန်းသွားပေ၏။

အစစ်အမှန်နတ်ဆိုးအမွေခံကို ရှာဖွေရန် သူတို့ အရေးတကြီး ဆန္ဒရှိနေကြသည်။

ဤလူများ၏အတွေးများမှာ အလွန်ရိုးရှင်းလှသည်။

သူတို့သည် စမ်းသပ်နယ်မြေကို မတွေ့ရင်လျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း...

သူတို့သည် အစစ်အမှန်နတ်ဆိုး၏ အသိအမှတ်ပြုမှုကို မရလျှင်ပင် မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း....

သူတို့သည် အစစ်အမှန်နတ်ဆိုးအမွေခံကို ထိန်းချုပ်ထားနိုင်သမျှ ကာလပတ်လုံး သူတို့သည် အကြီးမားဆုံး အနိုင်ရရှိသူများ ဖြစ်လာပေလိမ့်မည်။

လူများအားလုံးသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် ယှဉ်ပြိုင်ရန် လာခဲ့ကြခြင်း ဖြစ်ပေ၏။

ယခုအချိန်၌ အစစ်အမှန်နတ်ဆိုးအမွေအနှစ်သည် ပိုင်ရှင်ရှိသော အရာတစ်ခု ဖြစ်လာခဲ့လေပြီ။

ဤသည်မှာ ကိစ္စ၏အဆုံးသတ် ဖြစ်သင့်သည်။

သို့သော် ယခုတစ်ကြိမ် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိခြင်းမှာ အလွန်ထူးခြားလွန်းပေ၏။

ဤသည်မှာ စာမေးပွဲ ဖြေဆိုရန် သွားနေသော စာသင်သားထောင်ပေါင်းများစွာနှင့် တူညီနေခဲ့သည်။

ထောင်နှင့်ချီသော ကိုယ်စားလှယ်လောင်းများသည် စိတ်အားထက်သန်ပြီး အဆင်သင့်ဖြစ်နေခဲ့ကြသည်။

သို့ရာတွင် ဖြစ်ပျက်ခဲ့သည်မှာ....

သူတို့သည် စာမေးပွဲမေးခွန်းများကိုပင် မတွေ့ရသေးဘဲ တစ်စုံတစ်ယောက်က စာသင်ခန်းထဲတွင်ထိုင်ကာ စာမေးပွဲ ဖြေဆိုနေလေပြီ။

ထို့နောက် ရလဒ်ကို သူတို့အား ပြောပြခဲ့သည်မှာ စာမေးပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး ထိပ်တန်းပညာရှင်တစ်ယောက် မွေးဖွားလာခဲ့ခြင်းပင်။

ဤသည်ကို မည်သူက သည်းခံနိုင်မည်နည်း....

မည်သူမျှ သည်းခံနိုင်မည် မဟုတ်ချေ။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် နတ်ဆိုးမြို့တော်တစ်ခုလုံး မငြိမ်မသက်မှုများဖြင့် လှိုင်းထန်နေခဲ့သည်။

သတ်ဖြတ်လိုခြင်း အရှိန်အဝါများက မိုးကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့ကာ မုန်တိုင်းတစ်ခု မလွဲမသွေ ကျရောက်တော့မည်မှာ သိသာထင်ရှားသည်။

တောင်တန်းကြားရှိ တောအုပ်တစ်ခုထဲတွင်...

"ပိုင်လင်းက အထူး ရုပ်ခန္ဓာကိုယ်ကို အောင်မြင်စွာ ပေါင်းစပ်ပြီးပြီ... လက်ခံသူက သူ့ကို တပည့်အဖြစ် လက်ခံဖို့ ဆက်ပြီးလုပ်ဆောင်နိုင်ပြီ..."

ကျောက်ဆောင်ပေါ်တွင်...

ကျုံးချင်သည် မျက်လုံးစုံမှိတ်ကာ ထိုင်နေခဲ့လေ၏။ စနစ်၏စကားများက သူ၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။

ဤနေ့အတွက် သူ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။

ယခုအချိန်၌ ပိုင်လင်းသည် နောက်ဆုံးတွင် သူမ၏အထူးရုပ်ခန္ဓာကိုယ်ကို အသက်သွင်းနိုင်ခဲ့လေပြီ။

ဤသည်မှာ တပည့်တစ်ဦးကို လက်ခံရန်အတွက် ကြိုတင်လိုအပ်ချက် ပြည့်မီသွားပြီဟု ဆိုလိုခြင်းပင်။

သူ စတင်၍ လှုပ်ရှားနိုင်လေပြီ။

ဤသည်ကို တွေးမိချိန်၌ ကျုံးချင်က ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။

All Chapters