နီဗားနားနှောင်ကြိုး
Vol. 30 Ch. 300
ပိုင်လင်းသည် ကျောက်တံခါးကြီးမှ ထွက်လာခဲ့ပြီး သူမ၏စိတ်အခြေအနေ အနည်းငယ် ပေါ့ပါးနေခဲ့သည်။
ကျယ်ပြန့်သော ပင်လယ်ပြင်တွင် ခုန်ပျံနေသော ငါးတစ်ကောင်နှင့် မြင့်မားသော ကောင်းကင်ယံတွင် ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ သူရဲကောင်းဆန်သည့် ရည်မှန်းချက်တစ်ခုက သူမ၏စိတ်ထဲတွင် စတင်၍ ကြီးထွားလာခဲ့သည်။
ရုတ်တရက် သူမ၏မျက်နှာအမူအယာ တောင့်တင်းသွားပေ၏။
ကျောက်တံခါးကြီး၏ရှေ့ရှိ မြေပြင်ပေါ်၌ အဖြူရောင်ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့သည်။
သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်ရှည်များက လေထုထဲတွင် လူးလွန့်နေသည်။
သူ၏ပုံရိပ်မှာ အရပ်မြင့်ပြီး သွယ်လျကာ သူ၏သွင်ပြင်သည် ချောမောခန့်ညားပြီး ညင်သာသိမ်မွေ့နေပေ၏။
သူ၏မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေသည်။
သူ၏ချောမောသော မျက်နှာပေါ်တွင် နူးညံ့ပြီး ကျက်သရေရှိသော အသွင်အပြင်တစ်ခု ရောယှက်နေခဲ့သည်။
နေရောင်ခြည်သည် သစ်ကိုင်းများကြားမှ ဖြာကျနေပြီး သူ့အပေါ်သို့ မှိန်ပျပျ ရွှေရောင်အလင်းစက်လေးများ ကျရောက်နေကာ သူ့ကို ပို၍ပင် မြင့်မြတ်ပြီး လောကကြီးနှင့် သီးခြားကင်းကွာနေပုံပေါက်စေသည်။
ထိုနေရာတွင် မတ်တတ်ရပ်နေရုံဖြင့် သူသည် လောကကြီးတွင် လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
သူသည် သူမ နေ့ရောညပါ တွေးတောနေခဲ့သော ပုံရိပ်နှင့် ဖြည်းညှင်းစွာ ထပ်တူကျသွားပေ၏။
သူသည် နူးညံ့ပြီး သိမ်မွေ့ကာ လောကကြီးနှင့် ကင်းကွာနေပြီး လောကီလောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးအလားပင်။
"အရှင်..."
သူမ မယုံနိုင်ခဲ့ချေ။
သူမ အာရုံချောက်ချားနေသလောဟုပင် သူမ တွေးတောမိသည်။
ဤလူမှာ တခြားသူ မဟုတ်ဘဲ ကျောက်တံခါးကြီး၏အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သော ကျုံးချင်ပင်။
ပိုင်လင်းကို မြင်တွေ့ချိန်၌ ကျုံးချင်၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ ဖြစ်တည်လာသည့် အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။
"မတွေ့ရတာ ကြာပြီနော်..."
ဤအပြုံးသည် ပိုင်လင်း၏နှလုံးသားထဲသို့ စီးဝင်သွားသော ကြည်လင်သည့် စမ်းရေပေါက်တစ်ခုနှင့် တူနေခဲ့သည်။
"အရှင်.... တကယ့်ကို အရှင်ပဲ..."
ထိုအချိန်မှသာ သူမ အမှန်တကယ် ယုံကြည်လက်ခံသွားခဲ့သည်။
ဒါက အာရုံချောက်ချားမှု မဟုတ်ဘူး...
အိပ်မက်တစ်ခုလည်း မဟုတ်ဘူး..
ဒါက သူမရဲ့ရှေ့မှာ ကျုံးချင် တကယ်ကြီး မတ်တတ်ရပ်နေတာပဲ...
ပိုင်လင်းအတွက် ကျုံးချင်သည် သူမ၏စိတ်နှလုံးသားထဲမှ အလင်းတန်းတစ်ခုပင်။
သူမ အမှောင်ထုထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေချိန်၌ သူသည် သူမကို ဒုက္ခများမှ ကယ်တင်ခဲ့ပြီး ရွှံ့နွံထဲမှ ဆွဲထုတ်ပေးခဲ့သည်။
သူသည် ဤလောကတွင် သူမ နေ့ရောညပါ တွေးတောလွမ်းဆွတ်မိမည့် လူအနည်းငယ်အနက်မှ တစ်ဦးပင်။
ကျုံးချင်အတွက်ကမူ...
ပိုင်လင်းသည် သူ၏တပည့် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အောင်မြင်မှု ရရှိစေရန် ကူညီပေးသည့် အရေးပါသော တည်ရှိမှုတစ်ခုပင်။
သူ၏စိတ်နှလုံးသားထဲတွင် သူမသည် အဓိကကျသော နေရာတစ်ခု၌ ရှိနေခဲ့သည်။
သူတို့၏မျက်လုံးအကြည့်များ ဆုံတွေ့သွားပေ၏။
ပိုင်လင်းက အလွန်စိတ်လှုပ်ရှားနေပုံ ရနေခဲ့သည်။
သူမ၏မျက်တောင်ရှည်များ အနည်းငယ် တုန်ယင်နေပြီး သူမ၏ ကြီးမားသော မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေကာ နူးညံ့သိမ်မွေ့မှုများ ထင်ဟပ်နေသည်။
စကားလုံးတစ်ထောင်သည် နောက်ဆုံးတွင် မေးခွန်းတစ်ခုတည်းအဖြစ် စုစည်းသွားပေ၏။
"အရှင်... ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."
ပိုင်လင်း၏စိတ်ထဲတွင်...
ကျုံးချင်သည် အရှေ့ပိုင်းဒေသရှိ ရှန်ကျန်းဂိုဏ်း ၏မူဖူတောင်သခင်သာ ဖြစ်နေဆဲပင်။
သူ ဤနေရာတွင် လုံးဝထွက်ပေါ်မလာသင့်ချေ။
ကျုံးချင်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"မင်း ဒီနေရာမှာ ရှိနေတယ်ဆိုတာ ငါ သိလို့လာခဲ့တာလေ..."
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ဤသည်က ပိုင်လင်း၏မျက်လုံးများတွင် မျက်ရည်များကို ချက်ချင်းပြည့်နှက်သွားစေသည်။
သူမ၏မိသားစုနှင့်မိတ်ဆွေများ ကြေကွဲဖွယ် ကောင်းစွာ သေဆုံးသွားကတည်းက ဂရုစိုက်ခံရခြင်းက မည်သို့ခံစားရလဲဆိုတာကို သူမ မေ့လျော့သွားခဲ့လေပြီ။
ထို့ပြင် သူမ၏အမြင်အရ ကျုံးချင် ဤနေရာသို့ လာရခြင်းမှာ ကြီးမားသော အန္တရာယ်များကို ဖြတ်ကျော်ခဲ့ရပေမည်။
မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်းဒေသသည် အရှေ့ပိုင်းဒေသနှင့် မတူညီချေ။
ဤဒေသ၏အလုံးစုံ စွမ်းအားသည် အရှေ့ပိုင်းဒေသထက် များစွာပို၍ သာလွန်သည်။
သူသည် သူမကို ရှာဖွေရန် တောင်များနှင့်မြစ်များ ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ခရီးနှင်လာခဲ့ခြင်းဖြစ်ရာ သူမ မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
သူ၏စကားတစ်ခွန်းက ပိုင်လင်း၏စိတ်ထဲတွင် အဆုံးမဲ့သော စိတ်ကူးယဉ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျုံးချင် မသိခဲ့ချေ။
အချိန်တခဏကြာ တွေးတောပြီးနောက် သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောဆိုလိုက်၏။
"ပိုင်လင်း....ငါ မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားတယ်...မင်း ငါ့ရဲ့တပည့် ဖြစ်ဖို့ ဆန္ဒရှိလား..."
ဤစကားကို ကြားသောအခါ ပိုင်လင်း၏လှပသောသော မျက်နှာလေးပေါ်၌ ကြောင်အမ်းသွားမှုများ ထင်ဟပ်လာသည်။
ထို့နောက် သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။
အရှင်သည် သူမလောက်ပင် စွမ်းအားကြီးမားခြင်းမရှိဟု တွေးထင်ရပေ၏။
ထို့ပြင် သူမသည် ယခုအချိန်၌ နီဗားနားရုပ်ခန္ဓာကိုယ်ကို ရရှိထားပြီးဖြစ်သည်။
မြင့်မားသော အဆင့်များသို့ သူမ တက်လှမ်းရန်မှာ အချိန်တိုအတွင်း၌သာဖြစ်သည်။
မည်သည်ကြောင့် သူသည် သူမကို တပည့်အဖြစ် ရုတ်တရက် လက်ခံလိုသနည်း....
သို့သော် ပိုင်လင်း၏အမြင်အရ သူမသည် လောကကြီးရှိ မည်သူ့ကိုမဆို ငြင်းဆိုနိုင်သော်လည်း အရှင့်ကိုမူ မငြင်းဆိုနိုင်ချေ။
ဤသည်မှာ....
အရှင်သည် သူမ၏အသက်ကို ကယ်တင်ခဲ့ရုံသာမက...
သူမ၏စိတ်နှလုံးသားထဲတွင် အရှင်သည် ထူးခြားသော နေရာတစ်ခုတွင် ရှိနေသောကြောင့်လည်း ဖြစ်ပေ၏။
ဤသည်ကို တွေးတောမိချိန်၌ သူမ များစွာတွေဝေမနေတော့ချေ။
"ဟုတ်ကဲ့..."
အကယ်၍ သူက တပည့်တစ်ယောက် လက်ခံချင်သည်ဆိုလျှင် အကြောင်းပြချက်မရှိသည့်တိုင် သူမ သဘောတူရပေမည်။
ပိုင်လင်း သဘောတူလိုက်သည်နှင့်အမျှ...
စနစ်၏အသံက ကျုံးချင်၏စိတ်ထဲတွင် မြည်ဟီးလာခဲ့ပေ၏။
"ပိုင်လင်းကို သင်ရဲ့တပည့်အဖြစ် အောင်မြင်စွာ လက်ခံနိုင်ခဲ့ပြီးတော့ နီဗားနားနှောင်ကြိုးကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်..."
"နီဗားနားနှောင်ကြိုး...တပည့်ဖြစ်သူ သေဆုံးတိုင်း ကြီးမားတဲ့ ကျင့်ကြံဆင့်စွမ်းအားကို ရရှိလိမ့်မယ်...ဒါ့ပြင် တပည့်ဖြစ်သူရဲ့ကျင့်ကြံမှုကို လက်ခံသူထံ အဆတစ်သောင်းနှုန်းဖြင့် ပြန်ပြီးပေးအပ်နိုင်တယ်..."
"နီဗားနားရုပ်ခန္ဓာကိုယ်ကို တပြိုင်နက်တည်း ရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်"
"နီဗားနားရုပ်ခန္ဓာကိုယ်....အကန့်အသတ်မရှိ ရှင်သန်နိုင်စွမ်းရှိပြီး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အထူးရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်... သေဆုံးပြီးတဲ့နောက်မှာ နေရာမှာတင် ပြန်ရှင်သန်နိုင်တယ်... ပြန်ရှင်သန်ပြီးတဲ့နောက်မှာ ကျင့်ကြံမှုက အတိုင်းအတာတစ်ခုအထိ တိုးလာလိမ့်မယ်....ကျင့်ကြံမှု ပိုမြင့်လေလေ တိုးတက်မှု ပိုကြီးမားလေလေပဲ... သေဆုံးနိုင်တဲ့ အကြိမ်အရေအတွက်က အကန့်အသတ် မရှိဘူး..."
"ဒီနှောင်ကြိုးကို လက်ခံသူရဲ့ဆန္ဒအတိုင်း အသက်သွင်းနိုင်သလို ပိတ်ထားလို့လည်းရတယ်..."
"နီဗားနားနှောင်ကြိုးကို အသက်သွင်းထားရင် တပည့်ဖြစ်သူသေဆုံးချိန်မှာ ရရှိတဲ့ ကျင့်ကြံမှုက နှစ်ဆတိုးလာလိမ့်မယ်..."
"ဒါ့ပြင် နီဗားနားနှောင်ကြိုးကို ပထမဆုံးအကြိမ် အသက်သွင်းပြီး ကျင့်ကြံဆင့်တိုးတက်မှုကို ရရှိခဲ့တဲ့အတွက် လက်ခံသူ ကို ဂုဏ်ပြုပါတယ်... လက်ခံသူရဲ့ကျင့်ကြံမှုက ယန်သုံးပါးနယ်ပယ်ကို ရောက်ရှိသွားပါပြီ..."
စနစ်၏အသိပေးချက်များ ဆက်တိုက်ဝင်ရောက်လာသည်နှင့်အမျှ ကျုံးချင် စိတ်လှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသော စွမ်းအားတစ်ရပ်ကို သူ ခံစားမိပေ၏။
သူ၏ ကာလရှည်ကြာ ရပ်တန့်နေသော ကျင့်ကြံဆင့်သည် ယန်သုံးပါးနယ်ပယ်သို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤနီဗားနားရုပ်ခန္ဓာကိုယ် သည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အန်တုနိုင်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
ပိုင်လင်းသည် အထူးရုပ်ခန္ဓာကိုယ်ကို ရရှိပြီးမှသာ သူမကို တပည့်အဖြစ် လက်ခံနိုင်မည်ဟု စနစ်က ပြောခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဤအကန့်အသတ်မရှိသော သေဆုံးမှု အရေအတွက်ဖြင့် အနာဂတ်တွင် သူ မည်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ သူသည် ရှုံးနိမ့်ခြင်းမရှိသော အနေအထားတွင် အမြဲတစေ ရှိနေနိုင်ကြောင်း ဆိုလိုခြင်းပင်။
ရန်သူများသည် အလွန်စွမ်းအားကြီးမားပါက သူတို့က သူ့ကို သတ်ဖြတ်နိုင်ပေမည်။
သို့သော် သူ သတ်ဖြတ်ခံရတိုင်း နေရာမှာပင် ပြန်လည်ရှင်သန်နိုင်ရုံသာမက သူ၏ကျင့်ကြံမှုသည် အတိုင်းအတာတစ်ခုအထိပင် တိုးလာနိုင်ပေ၏။
သူ တိုက်ခိုက်လေလေ ပို၍စွမ်းအားကြီးမားလေလေ ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ အလွန်သိသာထင်ရှားသော လှည့်စားမှုတစ်ခုပင်။
ပိုင်လင်း၏အခွင့်အရေးမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို အန်တုနိုင်ပြီး သူမနှင့်အတူရှိနေခြင်းမှ သူ အကျိုးအမြတ် ရရှိခဲ့သည်ဟု ဆိုရပေမည်။
ပိုင်လင်းအတွက် အကျိုးကျေးဇူးများသည်လည်း ကြီးမားပေ၏။ နှောင်ကြိုးကို အသက်သွင်းလိုက်ခြင်းက ပိုင်လင်းအား သူမ သေဆုံးတိုင်း ကျင့်ကြံမှုစွမ်းအားကို နှစ်ဆ ရရှိစေနိုင်သည်။
နှစ်ဆတိုးခြင်းကို လျှော့မတွက်လိုက်ပါနှင့်...
သေဆုံးပြီးနောက် ကျင့်ကြံမှု နှစ်ဆတိုးလာခြင်း...
ဤအခြေအနေမျိုးတွင် ပိုင်လင်းသည် ဤဘဝတွင် ကျင့်ကြံခြင်းလမ်းကြောင်းမှ လမ်းလွဲမှုများစွာကို ရှောင်တိမ်းနိုင်ပေမည်။
ယခုလောလောဆယ်တွင် ကျုံးချင်သည် နှောင်ကြိုးသုံးခုကို အသက်သွင်းထားပြီး ဖြစ်ပေ၏။
တစ်ခုမှာ အမှိုက်နှောင်ကြိုး ဖြစ်ပြီး တပည့်ဖြစ်သူသည် သူတို့၏ကျင့်ကြံမှုအမြန်နှုန်းကို အဆတစ်ရာ မြှင့်တင်ပေးနိုင်သည်။
တခြားတစ်ခုမှာ အားဖြည့်ထားသော အုပ်စိုးသူအရှင်နှောင်ကြိုး ဖြစ်ပြီး တပည့်ဖြစ်သူသည် ဒဏ်ရာမှ သက်သာပျောက်ကင်းမှုကို အဆတစ်ထောင် ရရှိနိုင်၏။
နောက်ဆုံးတစ်ခုကမူ နီဗားနားနှောင်ကြိုး ဖြစ်ပြီး တပည့်ဖြစ်သူ သေဆုံးတိုင်း သူ ရရှိမည့် ကျင့်ကြံမှုကို နှစ်ဆတိုးစေနိုင်သည်။
ထို့ပြင် မည်သည့်နှောင်ကြိုးဖြစ်စေကာမူ တပည့်ဖြစ်သူ၏ ကျင့်ကြံမှု တိုးလာသရွေ့ ထိုကျင့်ကြံမှုကို သူထံသို့ အဆတစ်သောင်းနှုန်းဖြင့် ပြန်လည်ပေးအပ်ပေမည်။
နှောင်ကြိုးသုံးခု တပြိုင်နက်တည်း အလုပ်လုပ်နေခြင်းဖြင့်...
ကျုံးချင်သည် အမှန်တကယ်ကို အမြင့်သို့ ပျံသန်းတော့မည်ဟု ခံစားလိုက်ရသည်။
ထို့အပြင် အမှိုက်နှောင်ကြိုးနှင့် နီဗားနားနှောင်ကြိုးတို့သည် သာမန်ပုံစံများသာ ဖြစ်ပေ၏။
အကယ်၍ ထိုအရာများကိုသာ အုပ်စိုးသူအရှင်နှောင်ကြိုးကဲ့သို့ အားဖြည့်နိုင်ပါက သူ၏ကျင့်ကြံအရှိန်နှုန်းသည် ပို၍ပင် မြင့်တက်လာနိုင်ပြီး သူ နောက်ထပ် နတ်ဘုရားစွမ်းရည်နှစ်ခုကိုပင် ရရှိနိုင်သည်။
ဤဖွံ့ဖြိုးတိုးတက်မှုနှုန်းဖြင့် ကျုံးချင်သည် သူ၏အနာဂတ်လမ်းကြောင်း၌ ရှင်းလင်းသော အဆုံးသတ်တစ်ခုကို မြင်တွေ့နေရပြီဟု ခံစားလိုက်ရသည်။
ဤသည်မှာ ပြိုင်ဘက်ကင်းခြင်းပင်။
"ဟူး..."
ကျုံးချင်သည် သူ၏စိတ်နှလုံးသားထဲရှိ မငြိမ်သက်မှုများကို ဖိနှိပ်ကာ အသက်ပြင်းပြင်း ရှိုက်လိုက်၏။
ထို့နောက် သူ၏ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်သည်။
"လက်ခံသူ ...ကျုံးချင်..."
"ကျင့်ကြံမှု...ယန်သုံးပါးနယ်ပယ် ..."
"တပည့်..လင်းဖုန်း နေမင်းနက်နဲသိမ်မွေ့ နယ်ပယ် အစောပိုင်းအဆင့်...အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနဲ့ ပြန်ရောက်လာသည်..."
"တပည့်...စုယဲ့ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့်...အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."
"တပည့်....တုဟောက် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်... အဆတစ်ထောင် ပြန်လည်ကောင်းမွန်ခြင်း အသက်ဝင်နေတယ်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."
"တပည့်....ပိုင်လင်း ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်...သေဆုံးခြင်း နှစ်ဆကျင့်ကြံမှု အသက်ဝင်နေသည်...ကျင့်ကြံမှုက လက်ခံသူဆီကို အဆတစ်သောင်းနှုန်းနှင့် ပြန်ရောက်လာသည်..."
"အသက်ဝင်နေသောနှောင်ကြိုးများ...အမှိုက်နှောင်ကြိုး ၂/၂... (သာမန်ပုံစံ)"
"အသက်ဝင်နေသော နှောင်ကြိုးများ...အုပ်စိုးသူအရှင်နှောင်ကြိုး ... (အားဖြည့်ပုံစံ...)"
"အသက်ဝင်နေသော နှောင်ကြိုးများ...နီဗားနားနှောင်ကြိုး ... (သာမန် ပုံစံ)"
"နောက်ထပ်ဖော်ထုတ်ရမည့် နှောင်ကြိုးတွေ ကျန်ရှိနေသည်..."
"ရရှိထားသော ရုပ်ခန္ဓာကိုယ်များ...အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် နီဗားနားရုပ်ခန္ဓာကိုယ် ..."
"ရရှိထားသော အထူး စွမ်းရည်များ... လောက်လျှူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူချေမှုန်းခြင်း ဝင်္ကပါခံနိုင်ရည်စွမ်း ၊ ကိုယ်ပိုင်ကမ္ဘာငယ်လေး ..."
"ရရှိထားတဲ့ အထူးလက်နက် - သုညစည်းတံဆိပ် ..."
"ရရှိထားသော စီးတော်ယာဉ် - သန့်စင်သောသွေးမျိုးဆက်ရှိသော ချီလင် ..."
ဤအချိန်၌ အချက်အလက် မျက်နှာပြင်သည် သိသိသာသာ ပို၍တိုးတက်လာခဲ့သည်။
ပိုင်လင်း စုယဲ့နှင့်လင်းဖုန်းတို့သည် အဆတစ်ရာ တိုးမြှင့်ခြင်းကို အသက်သွင်းခဲ့သော်လည်း အာနိသင်များမှာ မတူညီကြချေ။
ပထမတစ်ခုမှာ သေဆုံးပြီးနောက် ရရှိသော ကျင့်ကြံမှု တိုးမြှင့်ခြင်း ဖြစ်ပြီး နောက်နှစ်ခုမှာ ပုံမှန် ကျင့်ကြံချိန်တွင် ကျင့်ကြံမှု တိုးမြှင့်ခြင်း ဖြစ်ပေ၏။
သို့သော် အသစ်လက်ခံလိုက်သော တပည့်နှစ်ဦးနှင့် နှိုင်းယှဉ်ပါက အစောဆုံး တပည့်နှစ်ဦးဖြစ်သည့် စုယဲ့နှင့်လင်းဖုန်းတို့ထံတွင် အနိမ့်ဆုံး ကျင့်ကြံဆင့် ရှိနေကြသည်။
ဤသည်မှာ သူတို့ထံ၌ လုံ့လဝီရိယမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။
အမှန်အားဖြင့် စုယဲ့နှင့်လင်းဖုန်းတို့သည် ကျုံးချင်၏သင်ကြားမှုအောက်တွင် တစ်နှစ်တိတိ ရှိနေလေပြီ။
တစ်နှစ်အတွင်း သာမန်သေမျိုးများအဖြစ်မှ သူတို့၏ လက်ရှိကျင့်ကြံဆင့်အထိ တက်လှမ်းနိုင်ခြင်းက သူတို့၏တိုးတက်မှုသည် လောကကြီးရှိ ပါရမီရှင်များ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို သေချာပေါက် ရှက်ရွံ့သွားစေပေလိမ့်မည်။
သို့သော် မည်သို့ပင်ဖြစ်စေ နှိုင်းယှဉ်ကြည့်လျှင် သူတို့သည် အနည်းငယ် နောက်ကျကျန်နေခဲ့ပေ၏။
ဤသည်က နောက်တစ်ကြိမ် ပြန်ရောက်ချိန်၌ သူတို့၏စွမ်းအားများကို တတ်နိုင်သမျှ တိုးတက်စေမည့် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေရမည်ဟု ကျုံးချင်အား တွေးတောသွားစေခဲ့သည်။
သေချာသည်မှာ ဤသည်က သူ နောက်မှ စဉ်းစားရမည့်ကိစ္စပင်။
သူ၏လက်ရှိအာရုံစိုက်မှုသည် ပိုင်လင်းအပေါ်တွင် ရှိနေပေ၏။
သူသည် တပည့် လက်ခံပြီးပြီဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် ပိုင်လင်း၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရပေမည်။
...
Thank For Reading.