← Chapters

အရွက်တွေကြွေကျကုန်ပြီဆိုရင် သေခါနီးပြီ

Vol. 5 Ch. 441

အရွက်တွေကြွေကျကုန်ပြီဆိုရင် သေခါနီးပြီ

Vol. 5 Ch. 441

ထိုတန်ခိုး စွမ်းအားများကြောင့်သာ မဟုတ်လျှင် ချင်းရွှမ်မှ တပည့်များသည် ထိုသူကို စတင် တိုက်ခိုက်မိကြမည် ဖြစ်လေသည်။

ထိုအချိန်တွင် ချန်ကျင်းချင် သူတို့အနားသို့ ရောက်လာသည်ကို ထိုကျင့်ကြံသူနှင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များက သတိပြုမိ လိုက်ကြလေသည်။ ချန်ကျင်းချင်မှာ သူ၏ အသက်ဓာတ် စွမ်းအားများကို ဖုံးကွယ်ထားခြင်း မရှိသည့်အတွက် အားလုံးက သူ့ကို ကောင်းကောင်း သတိပြုမိကြသည်။

တပည့်နှစ်ယောက်က ချန်ကျင်းချင်ကို လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

"ဂိုဏ်းတူအစ်ကို နှုတ်ဆက်ပါတယ်"

ချန်ကျင်းချင်က ခေါင်းညိတ်ပြလိုက်သည်။

ချန်ကျင်းချင်မှာ ချင်းရွှမ်နတ်တံခါးသို့ ရောက်လာသည်မှာ နောက်ကျသည့်တိုင် ဂိုဏ်းချုပ် ဖြစ်သူ၏ ဆက်ခံသူ တပည့်ဖြစ်သည့် အတွက် အားလုံးက သူ့ကို လေးစားသမှုဖြင့် ဂိုဏ်းတူ အစ်ကိုဟုသာ ခေါ်ကြလေသည်။ ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် သူ့ကိုလည်း မသိသည့်သူ မရှိပေ။

"အစ်ကိုချန်၊ ဒီလူက အမှောင်မိစ္ဆာဂိုဏ်းက လူပဲ၊ သူက ဂိုဏ်းချုပ်ကို တွေ့ချင်လို့တဲ့၊ ကျုပ်တို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ၊ ဘာလုပ်ရမလဲဆိုတာ အစ်ကိုက ဆုံးဖြတ်ပေးပါဦး"

အမှန်တော့ ထိုတပည့်က သူ၏လက်မှ ပြဿနာ လွတ်သွားလျှင် ပြီးရောဆိုသည့် သဘောဖြင့် ချန်ကျင်းချင်ကို ထိုးချလိုက်ခြင်း ဖြစ်လေသည်။ ထိုကျင့်ကြံသူသာ သာမန် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် သူတို့က ချန်ကျင်းချင်ကို အရေးလုပ်ပြီး မေးနေမည်ပင် မဟုတ်ပေ။ ထိုကျင့်ကြံသူ၏ တန်ခိုး စွမ်းအားများက ချင်းရွှမ်မှ တပည့်နှစ်ယောက် ဆီသို့ တိုးဝင် လာလေသည်။

ချန်ကျင်းချင်က ပြုံးလိုက်ရင်း ကျင့်ကြံသူကို စကားပြောလိုက်သည်။

"ကျုပ်က ချန်ကျင်းချင်ပါ၊ ဆန်းကျန်းရန် နတ်ဘုရားရဲ့ တပည့်ပါ၊ မိတ်ဆွေက အမှောင်မိစ္ဆာဂိုဏ်းက ဂိုဏ်းသားလား၊ အမှောင်မိစ္ဆာသခင်ရဲ့ အသက်ကို လိုချင်လို့ ကျုပ်ရဲ့ဆရာကို လက်ဆောင် ပေးမလို့လား၊ အဲဒါကို ဘယ်လို သက်သေပြမှာလဲ"

ချန်ကျင်းချင်၏ စကားများကြောင့် ချင်းရွှမ်မှ တပည့်နှစ်ယောက်က ရယ်မော လိုက်ကြလေသည်။ ချန်ကျင်းချင်က ထိုသူ၏ အဓိပ္ပာယ်မရှိသည့် စကားများကို ယုံကြည် နေသည်လား။

ဧည့်သည် ကျင့်ကြံသူက ပြုံးလိုက်ရင်း…

"ကျုပ်က ယွီကျုန်းကျယ်ပါ၊ ကျုပ်ကို အမှောင်မိစ္ဆာ သခင်က လွှတ်လိုက်တာပါ၊ လက်ဆောင် တစ်ခုလည်း ပါပါတယ်၊ ဒီက မိတ်ဆွေလေးက ဆန်းကျန်းရန် နတ်ဘုရားရဲ့ တပည့်ဆိုမှတော့ အပန်းမကြီးဘူး ဆိုရင် ဆန်းကျန်းရန် နတ်ဘုရားကို သွားပြီး အကြောင်းကြားပေးပါလား၊ ဆန်းကျန်းရန် နတ်ဘုရားက ဒီလောက် တန်ခိုးစွမ်းအား မြင့်မားတာ၊ ကျုပ်အမှန်တွေ ပြောနေတယ် ဆိုတာကို သိမှာပါ"

"ကျုပ်တို့က ခင်ဗျားကို မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆရာက ခုတလော ဧည့်သည် အတွေ့မခံဘူး၊ ပြီးတော့ ဒီကမိတ်ဆွေဆီက မြင့်မြတ်တဲ့ တန်ခိုးစွမ်းအားတွေ ထွက်ပေါ်နေတာ အမှောင်မိစ္ဆာ ဂိုဏ်းသားဆိုတာ ဆီလျော်မှု မရှိဘူး၊ ခင်ဗျားက ကျုပ်တို့ကို ရည်ရွယ်ချက် ရှိရှိနဲ့ လှည့်စားနေတာ ဆိုရင်တော့ ကျုပ်တို့ဆရာ စိတ်ဆိုး ဒေါသထွက်ရင် ကျုပ်တို့က တာဝန် မယူနိုင်ဘူးနော်"

ယွင်ကျုန်းကျယ်က ခေါင်းညိတ် လိုက်ရင်း…

"အမှောင်မိစ္ဆာသခင် ပြောတာမှန်တာပဲ၊ ဆန်းကျန်းရန် နတ်ဘုရားရဲ့ တပည့် ချင်းရွှမ် နတ်တံခါးရဲ့ ဆက်ခံသူက သူလိုကိုယ်လို သာမာန်ပဲ၊ ဘာမှ မထူးခြားဘူးတဲ့"

ထိုသူ၏ စော်ကားလွန်းသော စကားကြောင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များမှာ မခံမရပ်နိုင် ဖြစ်ကုန် ကြလေသည်။ သူတို့၏ တန်ခိုးစွမ်းအားများ အကုန်အသုံးပြုကာ ထိုသူကို တိုက်ခိုက် ပစ်ချင် နေကြလေသည်။ သို့သော် ထိုသူထံမှ မြင့်မြတ်သည့် တန်ခိုးစွမ်းအားက မြင့်တက်လာကာ သူတို့အားလုံးကို တစ်လှမ်းမှ မရွေ့နိုင်အောင် တားထား လိုက်လေသည်။

ဧည့်သည် ကျင့်ကြံသူ၏ စကားကြောင့် ချန်ကျင်းချင်က မျက်မှောင်တစ်ချက် ကြုတ်လိုက် မိသည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထိုသူ့ထံမှ ထွက်ပေါ်နေသည့် မြင့်မြတ်သည့် တန်ခိုးစွမ်းအားများကို စုပ်ယူ ပစ်လိုက်လေသည်။ ချန်ကျင်းချင်၏ တန်ခိုး စွမ်းအားများမှာ စီးထွက်လာပြီး အလွန်လည်း သန့်စင်လေသည်။

ယန်ကျုန်းကျယ်သည် စစ်မှန်သည့် ကွန်ဖြူးရှပ်ဝါဒကို ကျင့်ကြံခဲ့သူ တစ်ယောက်ဖြစ်ပြီး သူ၏ မြင့်မြတ်သော တန်ခိုးစွမ်းအား များကြောင့် ချင်းရွှမ်မှ တပည့်ငယ်များလောက် ကိုတော့ အဖက်ပင် လုပ်သည့်သူ မဟုတ်ပေ။ သို့သော် ယခု ချန်ကျင်းချင် အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအား ကိုတော့ သူခန့်မှန်း၍မရနိုင်ပေ။

သို့သော် ချန်ကျင်းချင်မှာ မထင်မှတ်ဘဲ ထိုသို့ တန်ခိုးစွမ်းအား အသုံးပြုလိုက်မိခြင်း ဖြစ်ပြီး အနည်းငယ် စိတ်ရှုပ် သွားခဲ့လေသည်။ ထို့ပြင် မြင့်မြတ်သော တန်ခိုးစွမ်းအားသည် ကြည်လင်သည့် စမ်းရေအလား သူ၏ ဦးနှောက်ထဲ အထိ ဝင်ရောက်လာပြီး ခန္ဓာကိုယ် အတွင်းသို့ စီးဆင်း သွားလေသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားပြီး မြင်ကွင်းများက ငြိမ်သက် သွားသည်။

သူ ဆန်းလျန်၏ အသံကို ကြားလိုက် ရလေသည်။

"သူ့ကို ကျုပ်ဆီခေါ်ခဲ့ပါ"

ယွီကျုန်းကျယ်နှင့် ချန်ကျင်းချင် နားမလည်သည့် ကိစ္စများကို ဆန်းလျန်က ကောင်းစွာ နားလည်လေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယန်ရွှီးသည် မည်သူ့ကိုမှ စေလွှတ်မည် မဟုတ်ပေ။ တမင်သက်သက် လုပ်ခြင်း ဖြစ်နိုင်လေသည်။

ယန်ရွှီးနှင့် ဆန်းလျန်တို့၏ တိုက်ပွဲသည် သုံးလပိုင်းမှ စတင်မည် ဖြစ်လေသည်။ သို့သော် ထိုတိုက်ပွဲကို စိတ်ဝင် စားနေသည့် လူများကတော့ နေရာအနှံ့တွင် ရှိနေပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ချင်းရွှမ် ခန်းမဆောင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေလေသည်။ သူက တရားထိုင်နေခြင်း ဖြစ်ပြီး လင်ထိုင်တာအို ပြိုင်ပွဲတွင် ယန်ရွှီးနှင့် ရင်ဆိုင်ရမည့် အရေးကို ကြိုတင်တွက်ဆ နေလေသည်။ ထိုကဲ့သို့သော အကြမ်းဖက်မှုနှင့် ထောက်လှမ်းရေး များကို လူတစ် ဦးနှင့် တွန်းလှန်နိုင်ရန် သူ၏ အလားအလာရှိသော အင်အားများကို လှုံ့ဆော်နိုင်ခြင်းနှင့် ပိုမိုမြင့်မားသော ပြည်နယ်အဆင့်ကို ရယူနိုင်ရန် ပို၍ ပင်ဖြစ်နိုင်သည်။

ထိုအချိန်မှာပင် ချန်ကျင်းချင်နှင့် အတူ ယွီကျုန်းကျယ် ရောက်လာလေသည်။ သူတို့က ချင်းရွှမ်ခန်းမဆောင် အတွင်းသို့ ဝင်လာကြသည်။ ယွီကျုန်းကျယ်က ဆန်းလျန်နှင့် ခြေလှမ်း သုံးဆယ့် သုံးလှမ်း အကွာတွင် မတ်တတ် ရပ်လိုက်လေသည်။ ထို့နောက် သူက ဒူးထောက်လိုက်ကာ ဆန်းလျန်ကို ရိုသေစွာဖြင့် ဦးလေးကြိမ် ချလိုက်လေသည်။

ယွမ်ကျုန်းကျယ်၏ ရိုသေလေးစားမှုကြောင့် ချန်ကျင်းချင်ပင်များစွာ အံ့သြ သွားရလေသည်။

ဦးလေးကြိမ် ချပြီးသည့်နောက် ယွီကျုန်းကျယ်က မတ်တတ် ရပ်လိုက်လေသည်။

ဆန်းလျန်က ကျောက်သလွန်ထက်မှ နေပြီး သူ့ကို လှမ်းကြည့်လိုက်သည်။

"နောက်တစ်ကြိမ် ဦးထပ်ချဦးလေ"

ဟု ပြောလိုက်လေသည်။

ယွီကျိုးကျယ်က ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်သည်။

ဆန်းလျန်ကို မြင်တွေ့ လိုက်ရသည်နှင့် ခမ်းနား ထည်ဝါသည့် တောင်တန်းများ၊ ကြည်လင်သည့် ကောင်းကင်၊ အဆုံးမရှိသည့် ပင်လယ်ပြင်ကို မြင်တွေ့ လိုက်ရသကဲ့သို့ ခံစား လိုက်ရလေသည်။

ဆန်းကျန်းရန် နတ်ဘုရား၏ အတိုင်းအဆ မဲ့သည့် တန်ခိုးစွမ်းအားနှင့် အသိဉာဏ် ပညာများကို သူ၏ နှလုံးသားက အလွန်လေးစား လိုက်မိလေသည်။

သူက…

"ဆန်းကျန်းရန် နတ်ဘုရား၊ ဘာလို့ ဒီလိုပြောရတာလဲ"

“မင်းက ကွန်ဖြူးရှပ်ဝါဒရဲ့ အယူဝါဒကို အမွေ ဆက်ခံခဲ့တယ်၊ ဒါပေမဲ့ သင်အခုလို ဦးချပြီး ဂါရဝ ပြုတာဟာ တမင်သက်သက် လုပ်တာလား၊ အခုခေတ်မှာ ကျုပ်ကိုပဲ ဖြစ်ဖြစ် သူ့ကိုပဲဖြစ်ဖြစ် အားလုံးက လေးစားကြတယ်၊ မင်း သူနဲ့တွေ့တဲ့အခါ ခုလိုပဲ ဦးချကန်တော့ နေကျလား"

ယွီကျန်းကျယ်က…

"အမှောင် မိစ္ဆာသခင်ကို တွေ့တော့လည်း ဒီလိုပဲ ဂါရဝပြုတာပါပဲ၊ ဆန်းကျန်းရန် နတ်ဘုရားနဲ့ အမှောင်မိစ္ဆာ သခင်တို့ဟာ လင်ထိုင်တာအိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် သူတွေပဲ၊ အဆင့်အတန်းက အတူတူပါပဲ၊ ကျွန်တော်က ဆန်းကျန်းရန် နတ်ဘုရားကို တစ်ကြိမ်လျှော့ပြီး ဘယ်ဦးချရဲပါ့မလဲ"

ပြောပြီးသည်နှင့် သူက ချက်ချင်းပင် ဆန်းလျန်ကို ကုန်းပြီး ဦးချလိုက်လေသည်။

သူ၏ခေါင်းသည် ကြမ်းပြင်နှင့် ပြင်းထန်စွာ ထိတွေ့သွားပြီး နဖူးထက်တွင် သွေးများ စို့လာလေသည်။ သို့သော် သူက ဂရုမစိုက်ပါ။ သူက ဖြည်းဖြည်းချင်း ထလိုက်ပြီး တည်ငြိမ် အေးဆေးစွာဖြင့် မတ်တတ် ရပ်နေလေသည်။

"မင်းမှာ မြင့်မြတ်တဲ့ တန်ခိုးစွမ်းအားတွေ ရှိပေမယ့် ဂုဏ်သိက္ခာ မရှိဘူးဆိုရင် ဘယ်တော့မှ အမြင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး"

ဆန်းလျန်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

ယွီကျုန်းကျယ်က…

"ကျွန်တော်က ကွန်ဖြူးရှပ်ဝါဒကို လက်တွေ့ ကျင့်သုံးဖို့အတွက် လေ့လာ သင်ယူခဲ့ပါတယ်၊ ဒါပေမဲ့ သစ္စာရှိတဲ့ သားကောင်း တစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး၊ ပြီးတော့ ဆန်းကျန်းရန် နတ်ဘုရား ပြောတာတွေက အမှန်တွေချည်းပါပဲ၊ ကျွန်တော် နာခံပါ့မယ်"

"ဒီအဓိပ္ပါယ်က သိပ်မများပါဘူး၊ ယန်ရွှီးပေးလိုက်တဲ့ လက်ဆောင်ကိုသာ ထုတ်လိုက်ပါ၊ သူကျုပ်ကို ဘာလက်ဆောင်များ ပေးလိုက်သလဲ သိချင်မိတယ်"

ဆန်းလျန်က ဖြည်းညင်းစွာပြောလိုက်လေသည်။

ယွီကျုန်းကျယ်သည် ဆန်းလျန်၏ စကားကို ကြားသည်နှင့် သူ၏ အင်္ကျီလက်ထဲမှ သစ်ပင်တစ်ပင်ကို ထုတ်ယူ လိုက်လေသည်။ သစ်ပင်မှာ ညှိုးနွမ်း ခြောက်သွေ့နေပြီး သစ်ရွက်များ ကြွေကျနေလေသည်။

ဆန်းလျန်က ထိုသစ်ပင်ကို မြင်တွေ့သည်နှင့် သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"သစ်ပင်ဆိုတာ အရွက်တွေ ကြွေကျကုန်ပြီ ဆိုရင် သေခါနီးပြီပဲ"

ယွီကျုန်းကျယ်က…

"အမှောင်မိစ္ဆာ သခင်က အမှာစကား ပါးလိုက်ပါတယ်၊ ဒီသစ်ပင်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှေ့မှာ စိုက်ပျိုးပြီး ဝိညာဉ်မြစ်ရေနဲ့ နေ့စဉ် ရေလောင်းပေးမယ် ဆိုရင် စွမ်းအား မြင့်မား လာပါလိမ့်မယ် တဲ့"

"ကျုပ်အဲဒီလို လုပ်မယ်ဆိုတာ သူ့ကို ပြန်ပြောပြလိုက်ပါ၊ ပြီးတော့ မင်းလုပ်ရမယ့် တာဝန် ပြီးခဲ့ပြီဆိုတာလည်း သူ့ကိုပြန်ပြီး အစီရင် ခံလိုက်ပါဦး"

စကားဆုံးသွားသည်နှင့် ဆန်းလျန်သည် အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

ယွီကျုန်းကျယ်မှာ လေပြင်းတစ်ချက်နှင့် အတူ လွင့်ထွက်သွားပြီး သူ၏ခြေထောက်များ မြေပြင်ပေါ်သို့ ချမိသည့် အချိန်တွင် သူသည် ချင်းရွှမ်တောင် အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ သူသည် ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားမှုကို များစွာ အံ့သြ ထိတ်လန့် သွားရလေသည်။

သူက မိုးတိမ်ကိုစီးကာ အမှောင်သခင်ဆီသို့ ပြန်သွားကာ ကိစ္စပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း အစီရင် ခံလိုက်လေသည်။

ချင်းရွှမ် ခန်းမဆောင်ထဲတွင်တော့  ချန်ကျင်းချင် ကျန်ရစ်ခဲ့လေသည်။

"ဆရာ အမှောင်မိစ္ဆာ သခင်က အရမ်း ဉာဏ်များတယ် မဟုတ်လား၊ သူပို့လိုက်တဲ့ လက်ဆောင်ကို ဘာလို့ သိမ်းထားရတာလဲ"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ဆိုတာ ဘေးအန္တရာယ်တွေကို တွန်းလှန်နိုင်တယ်၊ ဒါပေမဲ့ သူ့ရဲ့ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအား ဘယ်လောက်ပဲ ကြီးမားပါစေ ကျုပ်ကိုတော့ မတွန်းလှန်နိုင်ပါဘူး၊ ကျင်းချင် … မင်းအမြဲတမ်း မှတ်ထားပါ၊ ရိုးသားကြည်လင်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရင် ဘယ်အရာကမှ မင်းကို အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ပါဘူး၊ နတ်ဘုရား တစ်ပါးဖြစ်လာတဲ့ အချိန်မှာတောင် ရိုးသားကြည်လင်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရန် ဘယ်လို အစစ်ဆေး ခံရမှုတွေပဲ လာလာ အေးအေးဆေးဆေးပဲ ကျော်လွှား သွားနိုင်မှာပါ"

***

All Chapters