← Chapters

အခန်း (၁၂၄၇-၁၂၄၈)

Vol. 72 Ch. 1247-1248

အခန်း (၁၂၄၇-၁၂၄၈)

Vol. 72 Ch. 1247-1248

အပိုင်း (၁၂၄၇)

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ရှင် သူနဲ့ မခွဲချင်ဘူး ဆိုတာ ကျွန်မ သိပါတယ်။ သူလည်း ရှင်နဲ့ မခွဲချင်ပါဘူး။ သခင်မမူလန်ရဲ့ သိုင်းပညာ အစွမ်းထက်၊ မထက် ဆိုတာကိုတောင် ရှင် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက တကယ် အရေးကြီးပါတယ်။ အရမ်း အရေးကြီးပါတယ်။”

ရှမ့်လန်သည် ဝင်ရိုးစွန်း အလင်းတန်းများကို ကြည့်ရင်း ဘာမှ မပြောဘဲ နေလိုက်၏။

မြို့တော်ဖြူ အမျိုးသမီး က ပြောလိုက်သည်။ “ကောင်းကင်ဘုံနဲ့ ငရဲ ဆိုတာ အတွေးတစ်ချက်ပဲ ကွာခြားပါတယ်။ ရှင့်ရဲ့ ဝိညာဉ်ခန္ဓာက ငရဲမှာ မဟုတ်ဘဲ အလှတရားတွေနဲ့ ပြည့်စုံတဲ့ ကောင်းကင်ဘုံမှာ ရှိနေဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ အဲဒီလို မဟုတ်ရင် ဒီလောကကြီးအတွက် မျှော်လင့်ချက် မရှိတော့ပါဘူး။”

ဤစကားထဲတွင် ပါဝင်သော သတင်းအချက်အလက် ပမာဏက ပို၍ပင် များပြားလှသည်။ ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်အဖေ ကျန်းလီက မြို့တော်ဖြူကို လာလေ့ရှိတယ်။”

မြို့တော်ဖြူ အမျိုးသမီးက ပြောသည်။ “ဟုတ်ပါတယ်။ သူ အကြာကြီးလည်း နေခဲ့ဖူးပါတယ်။ ကျွန်မတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖွဲ့မှု ရှိပါတယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်အမေက တစ်ချိန်တုန်းက ကျောက်စိမ်းဖြူမြို့တော်က နိုင်ငံသား တစ်ယောက် ဖြစ်ခဲ့တယ်။”

“ဟုတ်ပါတယ်။” မြို့တော်ဖြူ အမျိုးသမီးက ဖြေလိုက်သည်။

ရှမ့်လန်က ပြော၏။ “ဒါက ခင်ဗျား ပြောတဲ့အတိုင်းပဲ။ ကောင်းကင်ဘုံနဲ့ ငရဲ ဆိုတာ အတွေးတစ်ချက်မှာပဲ ကွာခြားတယ်။”

“ဟုတ်ပါတယ်။” မြို့တော်ဖြူ အမျိုးသမီးက ထောက်ခံလိုက်သည်။

ရှမ့်လန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဤအချိန်၌ မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါနေသည်။ အဘယ်ကြောင့်ဆိုသော် ဧရာမနဂါးကြီးသည် မနီးမဝေးတွင် အိပ်ပျော်နေပြီး သူ၏အသက်ရှူသံကြောင့် လေထုတစ်ခုလုံး တုန်ခါနေသောကြောင့် ဖြစ်၏။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ဒါကြောင့် သခင်မမူလန်ကို မြို့တော်ဖြူမှာ ခဏလောက် နေစေချင်ပါတယ်။ အနည်းဆုံးတော့ သူ့ကို အတိုင်းအတာ တစ်ခုအထိ စွမ်းအား ကြီးလာအောင် လုပ်ပေးပြီးမှ စိတ်ချလက်ချ ထွက်ခွာခွင့် ပြုချင်ပါတယ်။ ဒါက အရမ်း .... အရမ်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အတိုင်းအတာတစ်ခုအထိ သူက ရှင့်ရဲ့ ကောင်းကင်ဘုံ ဖြစ်နေလို့ပါ။”

ရှမ့်လန်က မေးလိုက်၏။ “အဒေါ့ဖ် ဒီမှာ ရှိသေးလား။”

မြို့တော်ဖြူ အမျိုးသမီးက ဖြေသည်။ “ရှိပါတယ်။ အဒေါ့ဖ်က ဉာဏ်ကြီးရှင် တစ်ယောက်ပါ။ ရှင် သူ့ကို ခေါ်သွားချင်လို့လား။”

“ရမလား။” ရှမ့်လန်က မေးလိုက်၏။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “သေချာပေါက် ရတာပေါ့။ ရှင်က အခု မြို့တော်ဖြူကို တောင်းဆိုမှု တစ်ခု ပြုလုပ်နိုင်လောက်အောင် စွမ်းအားကြီးနေပြီပဲ။ ဒါပေမဲ့ ဒီအချိန်မှာ သူ့ကို ခေါ်မသွားဖို့ ကျွန်မ အလေးအနက် အကြံပြုချင်ပါတယ်။ အနာဂတ်မှာ သူက ရှင့်အတွက် ပိုပြီး အသုံးဝင်လာပါလိမ့်မယ်။”

“အနာဂတ်...”

မြို့တော်ဖြူ အမျိုးသမီးက မေးလိုက်၏။ “ရှင့်ရဲ့ ရည်မှန်းချက်က လောကမှာ ရန်သူမရှိစေဖို့ မဟုတ်လား။”

“ဟုတ်တယ်။” ရှမ့်လန်က ဖြေသည်။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “ဒါက ရှင့်ရဲ့ စွဲလမ်းမှုတွေထဲက တစ်ခုပါ။ ပြီးတော့ ပြီးမြောက်အောင် လုပ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ရှင်လိုလူမျိုးအတွက် စွဲလမ်းမှုတွေကို ဖြည့်ဆည်းပေးရပါမယ်။ ဒါကြောင့် ရှင့်ရဲ့ နောက်ထပ် ပစ်မှတ်က တော်ဝင်ရန်အင်ပါယာရဲ့ ဧကရာဇ်ကို အနိုင်ယူဖို့ မဟုတ်လား။”

“ဟုတ်တယ်။” ရှမ့်လန်က ဖြေလိုက်သည်။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “ဒီကိစ္စအတွက် အဒေါ့ဖ်က ရှင့်အတွက် သိပ်တန်ဖိုးမရှိနိုင်ပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ သူက ရှင့်အတွက် အများကြီး အသုံးဝင်လာနိုင်ပါတယ်။ ဒါအပြင် သူက အခု အရမ်း အာရုံစိုက် နေပြီး မြန်မြန် တိုးတက်နေတဲ့ ကာလ ဖြစ်နေပါတယ်။”

သူမသည် ကောင်းကင်ကို မော့ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကောင်းကင်ပေါ်က ကြယ်တွေကို မြင်တိုင်း ကျွန်မ သိမ်ငယ်စိတ် ဝင်မိတယ်။ အရှင်ရှမ့်လန်က ဗဟုသုတ ကြွယ်ဝတော့ ကောင်းကင်ပေါ်က ကြယ်တွေအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်မှာပါ။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့နဲ့ အတော်လေး နီးကပ်နေတဲ့ ဂြိုဟ်အနည်းငယ်ကလွဲရင် ကျန်တဲ့ မြင်ရတဲ့ အရာအားလုံးက ကြယ်တွေပါ။”

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “တစ်နည်းပြောရရင် အဆင့်အတန်းတစ်ခု ရောက်မှသာ ကောင်းကင်ပေါ်မှာ ပေါ်လာခွင့်ရှိပြီး ကျွန်မတို့ မြင်တွေ့ရတဲ့ ကြယ်တွေ ဖြစ်လာနိုင်တာပေါ့။”

“ဟုတ်တယ်။” ရှမ့်လန်က ထောက်ခံလိုက်၏။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်သည်။ “ဒါကြောင့် အရှေ့တိုင်း သမိုင်းမှာ ခေတ်အဆက်ဆက် နာမည်တွင်ကျန်ရစ်တဲ့ သူရဲကောင်းတွေကို ကောင်းကင်ပေါ်က ကြယ်တွေနဲ့ နှိုင်းယှဉ်ရတာ ကြိုက်ကြတာကိုး။ မသေနိုင်တဲ့ အလင်းရောင် တစ်မျိုးကို ကိုယ်စားပြုတာပေါ့။”

ယခင်င်ကသာ ဆိုလျှင် ရှမ့်လန်က သမိုင်းဝင် ပုဂ္ဂိုလ်ကျော်များကို ကြယ်များနှင့် နှိုင်းယှဉ်ခြင်းသည် လူသားတို့၏ မာန်မာနကြီးခြင်း ဖြစ်ကြောင်း သေချာပေါက် ပြောဆိုမိပေလိမ့်မည်။ သို့သော်ငြား ယခု သူ ထိုသို့ မပြောတော့ပေ။

မြို့တော်ဖြူ အမျိုးသမီးက ပြောလိုက်၏။ “သမိုင်းမြစ်ကြောင်း တစ်လျှောက်မှာ လူနည်းစုလောက်ပဲ မသေနိုင်တဲ့ ကြယ်တွေ ဖြစ်လာပြီး သမိုင်းဂလက်ဆီမှာ မြှုပ်နှံခံရပါတယ်။ ကျွန်မတို့ အခုလုပ်ချင်တာက တတ်နိုင်သမျှ လူအများအပြားကို ကြယ်တွေ ဖြစ်လာအောင် ကြိုးစားပေးဖို့ပါ။ ဒါမှ အနည်းဆုံး ညဘက် ကောင်းကင်ယံမှာ အလင်းရောင် ထုတ်လွှတ်ခွင့် ရရှိကြမှာပေါ့။ အရေအတွက် နည်းကောင်း နည်းနိုင်ပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိပါသေးတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ပြောတဲ့ အရေးပါတဲ့တန်ဖိုးက ကောင်းကင်ပေါ်က ကြယ်တွေနဲ့ ညီမျှတယ်ပေါ့။ အနည်းဆုံးတော့ ညရောက်ရင် သူတို့ဘာသာ အလင်းရောင် ပေးနိုင်တာပေါ့။”

“ဟုတ်ပါတယ်။ အရှင် ရှမ့်လန်။”

မြို့တော်ဖြူ အမျိုးသမီးက ပြော၏ “ကျွန်မ ရှင့်ကို ပြောပြနိုင်တာက ရှင် မထင်မှတ်ထားတဲ့ လူများစွာကိုလည်း ကျွန်မတို့ အစွမ်းကုန် ကြိုးစားပြီး ကြယ်တွေ ဖြစ်လာအောင် လုပ်ပေးမှာပါ။ သတ်မှတ်ထားတဲ့ တန်ဖိုးတစ်ခုကို ကျော်လွန်အောင် လုပ်ပေးမှာပါ။ ဒီနည်းအားဖြင့် အနာဂတ် အရေးကြီးတဲ့အချိန်ကျရင် ... ဖြစ်နိုင်မယ်ဆိုရင် ရှင် နေမင်းကြီး ဖြစ်လာတဲ့အခါ အရမ်း အထီးကျန်မှာ မဟုတ်တော့ဘူးပေါ့။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် နေမင်းကြီး မဖြစ်ချင်ပါဘူး။”

“ကျွန်မ သိပါတယ်။ ကျွန်မတို့ သိပါတယ်။”

အမျိုးသမီးက ပြောလိုက်၏။ “ကောင်းကင်ပေါ်က နေမင်းကြီးတိုင်းလည်း နေမင်းကြီး မဖြစ်ချင်ကြပါဘူး။”

ဤစကားက ဤအမျိုးသမီးသည် နက္ခတ္တဗေဒနှင့် ပတ်သက်ပြီး အလွန် နက်ရှိုင်းသော ဗဟုသုတ ရှိကြောင်း ပြသနေသည်။

ဂြိုဟ်တစ်လုံး ဖြစ်ပေါ်လာတိုင်း နာကျင်ရကောင်း နာကျင်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော တိုက်မိမှုများ လိုအပ်သောကြောင့် ဖြစ်၏။ မရေမတွက်နိုင်သော ဝတ္ထုပစ္စည်းများသည် ဆွဲငင်အားကြောင့် တစ်ခုနှင့်တစ်ခု ဆွဲငင်ကြပြီး နောက်ဆုံးတွင် စက်လုံးအဖြစ် စုစည်းကာ နေကို လှည့်ပတ်ကြ၏။

သို့သော်ငြား နေတစ်စင်း ဖြစ်ပေါ်လာပုံမှာမူ လုံးဝ ပြိုင်ဘက်ကင်းသည်။ ဘီလီယံနှင့် ချီသော နှစ်ကာလများ အတွင်း မရေမတွက်နိုင်သော ဒြပ်ဝတ္ထုများသည် ရူးသွပ်စွာ ဖိသိပ်ခြင်း ခံရသည်။ ဖိအား များပြားလွန်း သောကြောင့် ဟိုက်ဒရိုဂျင်အက်တမ်များ ပြိုကွဲသွားပြီး ပြိုင်ဘက်ကင်း နျူကလီးယား ပေါင်းစည်းမှု ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် နေတစ်စင်း ဖြစ်လာရခြင်း ဖြစ်သည်။

“ဒါဆို ကျွန်မ မနှောင့်ယှက်တော့ပါဘူး။” မြို့တော်ဖြူ အမျိုးသမီး ထွက်ခွာသွား၏။

ရှမ့်လန် တဲထဲသို့ ပြန်ရောက်ချိန်မှာတော့ မူလန်သည် စကားမပြောဘဲ ရှမ့်လန်၏ ရင်ခွင်ထဲတွင်သာ မှီတွယ်နေသည်။ “ကောင်းပြီ။ ကျွန်မ နေခဲ့မယ်။”

မူလန်က တိုးညင်းစွာ ပြောလိုက်သည်။ ဤသည်မှာ မူလန်ပင်။ သူမသည် ရှမ့်လန် စကားပြောရန် လုံးဝ မလိုအပ်ပေ။ ရှမ့်လန်၏ မျက်နှာနှင့် မျက်လုံးများကို ကြည့်စရာပင် မလိုဘဲ သူမယောက်ျား ဘာတွေးနေသည်ကို သိရှိနေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “နောက်ထပ် သုံးရက်... ကိုယ် မင်းနဲ့အတူ ဒီမှာ နေပေးမယ်။”

“ကောင်းပြီ။”

မူလန်က ပြောလိုက်၏။ “နှင်းတောင်ထိပ်ကို သွားကြမယ်။ အမိုးခုံးထိပ်ကို သွားကြမယ်။ အစွန်းဘက်က ဝင်ရိုးစွန်း အလင်းတန်းတွေကို ကြည့်ကြမယ်။ ဒီလောကကြီးရဲ့ မြောက်ဘက်အရပ်ကို သွားကြမယ်။”

“ကောင်းပြီ။” ရှမ့်လန်က သဘောတူလိုက်သည်။

အထက်တန်းကျောင်း ပြီးချိန်မှာတော့ သူတို့သည် မတူညီသော တက္ကသိုလ် နေရာများသို့ ရောက်ရှိသွားကြသည်။ ထို့နောက် တချို့သူများသည် အခြားတက္ကသိုလ်မှ အထက်တန်းကျောင်း သူငယ်ချင်းများနှင့် သွားရောက် လည်ပတ်ကြသည်။ သွားရောက် လည်ပတ်စဉ်က ကောင်းကောင်း ဆွေးနွေးထားကြသည်။

‘ကျုပ် မင်းကို ဒီမြို့က ရှုခင်းတွေ အကုန် လိုက်ပြမယ်။ တောင်တက် ခေါ်သွားမယ်။ ပင်လယ် ကြည့်ဖို့ ခေါ်သွားမယ်။’

နောက်ဆုံးတွင် သူတို့ ရောက်သွားချိန်မှာတော့ ကျောင်းနားက အင်တာနက်ဆိုင်တွင် တစ်ညလုံး ဂိမ်းထိုင်ဆော့ကြသည်။ နေ့ခင်းဘက်တွင် အဆောင်၌ အိပ်ကြသည်။ မည်သည့် ရှုခင်းကိုမှ သွားမကြည့်ကြသလို သူငယ်ချင်း၏ တက္ကသိုလ်ဝင်းထဲသို့ပင် မဝင်ဖြစ်ကြပေ။

ရှမ့်လန်သည် မူလန်နှင့်အတူ သုံးရက်နှင့် သုံးညနေရန် ကတိပေးခဲ့သည်။ တိုက်ကြီး၏ မြောက်ဘက်စွန်းရှိ လှပသော ရှုခင်းများ အားလုံးကို သွားရောက် ကြည့်ရှုရန် ဖြစ်သည်။ နောက်ဆုံးတွင်မူ ဤသုံးရက်နှင့် သုံးညလုံး သူတို့နှစ်ဦးသည် တဲထဲမှ လုံးဝ မထွက်ဖြစ်ကြပေ။

သူတို့နှစ်ဦးသည် အချိန်တိုင်း ကြည်နူးနေကြပြီး အချစ်ဆုံး ချစ်သူများထက်ပင် ပိုမို တွယ်ကပ်နေကြသည်။ အတိတ်က လွမ်းဆွတ်မှုများနှင့် ခွဲခွာခြင်းအားလုံးကို ပြန်လည် အစားထိုးချင်နေသကဲ့သို့ပင်။ သို့သော်ငြား သူတို့ ဘာမှ မပြောဖြစ်ကြသေးပေ။ ချိုမြိန်သော ပင်လယ်ပြင်ကြီးထဲတွင် တိတ်ဆိတ်စွာ လျှောက်လှမ်းနေကြရုံသာ။

သုံးရက်ကြာပြီးနောက် ရှမ့်လန်သည် မူလန်ကို နှုတ်ဆက်လိုက်သည်။ သူ၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုများ ရှိနေပြီး ခြေထောက်များ အနည်းငယ် တုန်ယင်နေသည်။

‘ယောက်ျား... နောက်တစ်ခါ ပြန်တွေ့ရင် ဘယ်တော့မှ မခွဲတော့ဘူးနော်။’

မူလန်သည် စိတ်ထဲတွင် ပြောလိုက်ခြင်းဖြစ်ပြီး အပြင်သို့ ထုတ်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ အသံထွက် ပြောရန် မရဲသောကြောင့် ဖြစ်၏။

“သွားကြစို့။” ရှမ့်လန်သည် လက်ဝှေ့ယမ်းပြပြီး ဧရာမနဂါးကြီးဆီသို့ လျှောက်သွားလိုက်သည်။

မူလန်သည် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းလာပြီး သူမ၏ ပုံရိပ်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

ရှမ့်လန်သည် နဂါးကြီးကို မော့ကြည့်ရင်း ပြောလိုက်သည်။ “သွားကြစို့။”

နဂါးကြီးသည် ရုတ်ခြည်းပင် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း သူသည် မိုင်ရာပေါင်းများစွာ ကွာဝေးသော ရေခဲမြစ်များကို အရည်ဖျော်ကာ ဧရာမ ရေကန်ကြီးအဖြစ် ပြုလုပ်ခဲ့ပြီး ထိုရေကန်ထဲ၌ စိတ်ရှိတိုင်း ပျော်ပါးအနားယူခဲ့၏။

သူ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်နှင့် တပြိုင်နက် အရည်ပျော်ကျခဲ့သော ရေကန်ကြီးသည် သာမန် မျက်စိဖြင့် မြင်နိုင်သည့် နှုန်းထားဖြင့် လျင်မြန်စွာ ပြန်လည် အေးခဲသွားပြန်သည်။

နဂါးကြီး စိတ်ဖောက်ပြန်သွားမည်ကို ရှမ့်လန် အနည်းငယ် စိုးရိမ်ပူပန်မိသည်။ လွန်ခဲ့သည့် တစ်ခေါက်က ဤကဲ့သို့ပင် ဖြစ်ပျက်ခဲ့ဖူးသည် မဟုတ်ပါလား။

သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ထိုသို့ ဖြစ်မလာခဲ့ပေ။ နဂါးကြီးသည် ရှမ့်လန်ကို ကျောပေါ်တွင် တင်ဆောင်လျက် တန်းတန်းမတ်မတ်ပင် ပျံသန်း ထွက်ခွာသွားသည်။ ၎င်းသည် ဤနေရာကို မနှစ်သက်ချေ။ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော လောကကို မုန်းတီး၏။

ကောင်းကင်ယံ၌ အသံ၏အမြန်နှုန်းထက် နှစ်ဆခန့် ပိုမိုမြန်ဆန်သော နှုန်းထားဖြင့် လျင်မြန်စွာ ပျံသန်း သွားသည်။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မြေပြင်ပေါ်တွင် ဟာရီကိန်းမုန်တိုင်း တစ်ခု တိုက်ခတ် သွားသကဲ့သို့ ဖြစ်ပေါ်စေခဲ့ပြီး မီတာရာပေါင်းများစွာ ထူထပ်သော နှင်းလွှာများကို စုတ်ဖြဲပစ်ခဲ့သည်။

........................

ရှီလွန် အင်ပါယာ မြို့တော်

ဟယ်လင်သည် ထီးနန်းကို ဆက်ခံခဲ့ပြီး ဖြစ်သော်လည်း အိမ်ထောင်ပြုရန် ရည်ရွယ်ချက် မရှိသေးပေ။ သို့သော်ငြား အနာဂတ်တွင် သူမသည် ရှီလွန်တော်ဝင်မိသားစုထဲမှ ဆက်ခံသူတစ်ဦးကို မွေးစားပေလိမ့်မည်။ အသက်လေးနှစ်အရွယ် အိမ်ရှေ့စံမင်းသား ဆော်ရွန်မှာမူ မေ့လျော့ခြင်း ခံလိုက်ရလေပြီ။

သူသည် အပြစ်ကင်းစင်သူ ဖြစ်၏။ ယုတ္တိဗေဒအရ သုံးသပ်ရလျှင် ဟယ်လင်၏ အရိုက်အရာကို ဆက်ခံရန် သူ့ထက် သင့်တော်သူ မရှိပေ။ သို့သော်ငြား အခြေအနေက ထိုသို့ ဖြစ်မလာခဲ့ချေ။ ဟယ်လင်က စကားတစ်ခွန်းမှ မဟခဲ့သော်လည်း နယ်စားကြီးရပ်ဆဲလ်သည် တရားခံအဖြစ် မိမိဘာသာ ခံယူလိုက်ပြီး ဆော်ရွန်၏ သားဖြစ်သူ အား ယော့ခ်နယ်စားကြီး မင်းသားဘွဲ့ ပေးသနားရန် ဘုရင်မဟယ်လင်ထံ လျှောက်တင်ခဲ့သည်။

ပင်လယ်ပြင်ထဲတွင် အထီးကျန်တည်ရှိနေသော ယော့ခ်ကျွန်းသည် ဆော်ရွန်၏သားဖြစ်သူအား အင်ပါယာ အာဏာစက်၏ ဗဟိုချက်မှ ဝေးရာသို့ ပို့ဆောင်ထားလိုက်ခြင်းပင် ဖြစ်၏။ လူတိုင်း နားမလည်နိုင် ဖြစ်ခဲ့ကြရသည်။ နယ်စားကြီးရပ်ဆဲလ်သည် သစ္စာအရှိဆုံးလူ မဟုတ်ပါလား။ သူ၏ သဘောထားကို အဘယ်ကြောင့် ဤမျှလျင်မြန်စွာ ပြောင်းလဲလိုက်ရသနည်း။ သူ၏ဂုဏ်သတင်းမှာမူ သေချာပေါက် စွန်းထင်းခဲ့ရလေ၏။

သို့သော်ငြား နယ်စားကြီးရပ်ဆဲလ်သည် ဂရုမစိုက်ခဲ့သလို မည်သူ့ကိုမှလည်း ရှင်းပြခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ရှင်းပြရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဆော်ရွန်သည် ဆော်ရွန်စစ်စစ် မဟုတ်ကြောင်း ရှီလွန်အင်ပါယာ တစ်ခုလုံးကို သူ ဖွင့်ပြောရမည်လား။

မြင့်မြတ်ပြီး ဖြောင့်မတ်တည်ကြည်သော အရာရှိတစ်ဦး၊ ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် ဖြောင့်မတ်ရုံသက်သက်ဖြင့် မလုံလောက်ပေ။ အရေးကြီးသော အခိုက်အတန့်တွင် တော်ဝင်မိသားစု၏ အမဲစက်ကို သူ ထမ်းပိုးထားရပေမည်။ အရာအားလုံးသည် အင်ပါယာ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ပေရာ မိမိ၏ ဂုဏ်သိက္ခာဟူသည် အဘယ်မှာလျှင် ပြောပလောက်မည်နည်း။

နယ်စားကြီးဒီဘိုရာသည်လည်း ရှီလွန်အင်ပါယာမြို့တော်၌ ယာယီ ရောက်ရှိနေပြီး အလွန် ရေပန်းစားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်ငြား သူမသည် အလွန်ဉာဏ်ကောင်းသူ ဖြစ်ပြီး အနေအထိုင် ဆင်ခြင်တတ်သူ ဖြစ်သည်။

ယခုအခါ ဟယ်လင် ထီးနန်းတက်ခြင်းကို မည်သူမှ မတားဆီးနိုင်တော့သော်လည်း မြောက်ဘက်ပိုင်းမှ မှူးမတ်များသည် တော်ဝင်မိသားစုထဲမှ ကလေးတစ်ဦးကို ဘုရင်မဟယ်လင်၏ ဆက်ခံသူအဖြစ် ရွေးချယ်ရန် အားပြိုင်နေကြပြီ ဖြစ်၏။

ထိုကလေးသည် လိုကီတော့ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှီလွန်တော်ဝင်မိသားစု၏ သွေးသား မဟုတ်သောကြောင့်ပင်။ သို့သော်ငြား နယ်စားကြီးဒီဘိုရာသည် ဤကိစ္စကြောင့် စိတ်ဓာတ်ကျခြင်း မရှိခဲ့ပေ။

နယ်စားကြီး ဒီဘိုရာက ပြောလိုက်သည်။ “ကျွန်မမှာ ရည်မှန်းချက် တစ်ခုပဲ ရှိတယ်။ ဘုရင်မ ဟယ်လင် မွေးစားမဲ့ ဆက်ခံသူဟာ မိန်းကလေး ဖြစ်ကို ဖြစ်ရမယ်။ အနာဂတ်ကျရင် အဲဒီမိန်းကလေးက လိုကီနဲ့ လက်ထပ်ပြီး ရှီလွန်အင်ပါယာရဲ့ ဘုရင်မသစ် ဖြစ်လာလိမ့်မယ်။”

ရှမ့်လန်သည် ဒီဘိုရာကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောဘဲ လိုကီလေးကိုသာ ပွေ့ချီထား လိုက်သည်။ သူသည် ယခင်အတိုင်းပင် ရှီလွန်အင်ပါယာ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ဒီဘိုရာ၏ ရည်မှန်းချက်နှင့် ပတ်သက်၍ သူ တားဆီးမည် မဟုတ်သလို အားပေးကူညီမည်လည်း မဟုတ်ပေ။ သူ လုပ်ပေးမည့် တစ်ခုတည်းသော အရာမှာ သားအမိ နှစ်ယောက်ကို ကာကွယ်စောင့်ရှောက်ပေးရန်သာ ဖြစ်သည်။ အနာဂတ်ကို အနာဂတ်၌သာ ထားလိုက်မည်။

အပိုင်း (၁၂၄၈)

“အရှင် ရှမ့်လန်... အင်ပါယာ ဝန်ကြီးချုပ် နယ်စားကြီး ရပ်ဆဲလ်က တွေ့ခွင့် တောင်းခံနေပါတယ်။”

ရှမ့်လန်သည် ဖြောင့်မတ်ပြီး ကိုယ်ကျိုးစွန့်သော ရှီလွန်အင်ပါယာ ဝန်ကြီးချုပ်နှင့် လျှို့ဝှက်အခန်းထဲတွင် တွေ့ဆုံခဲ့သည်။

နယ်စားကြီး ရပ်ဆဲလ်က လေးစားစွာ ပြောလိုက်၏။ “အရှင် ရှမ့်လန်... အင်ပါယာ ဆော်ရွန် နတ်ရွာစံပြီးတဲ့နောက် သူ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ရှာဖွေဖို့ ကျုပ် အချိန်အတိုင်းအတာ တစ်ခုအထိ ယူခဲ့ရပါတယ်။ ဒီပစ္စည်းတွေကို အရှင်ဆီ အပ်နှံတာက ပိုပြီး သင့်တော်မယ်လို့ ကျုပ် ထင်ပါတယ်။”

ရှမ့်လန်သည် စိတ်လှုပ်ရှားသွားပြီးနောက် ပြောလိုက်၏။ “ကျေးဇူးပြုပြီး လမ်းပြပေးပါ။”

နယ်စားကြီး ရပ်ဆဲလ်သည် ရှီလွန်အင်ပါယာ မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ အလွန်တရာ လျှို့ဝှက်ထားသော မြေအောက် ကတုတ်ကျင်း တစ်ခုဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် မြေအောက် အနက် မီတာ ၁၀၀ ကျော်အထိ ရောက်ရှိသည်အထိ ဆက်လက် ဆင်းသက်သွားကြရာ ထိုနေရာတွင် သဘာဝ မြေအောက် အက်ကွဲကြောင်း တစ်ခု ရှိနေသည်။

ထိုနေရာ၌ စီစီရီရီ ထားရှိသော သေတ္တာပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး အလွန် ထူးခြားသော ရှေးဟောင်းသေတ္တာများ ဖြစ်ကြသည်။ သို့တိုင်အောင် ရှမ့်လန်သည် သေစေလောက်သည့် ပမာဏ မဟုတ် သော်လည်း အတိုင်းအတာ တစ်ခုအထိ ရှိနေသော ရောင်ခြည်သင့်မှုကို အာရုံခံမိနေသေးသည်။ ဆိုလိုသည်မှာ ဤသေတ္တာများထဲတွင် ယူရေနီယမ်များ အပြည့် ရှိနေခြင်းပင်။

ရှေးဟောင်းဘုရင်လက်စွပ်သည် ယူရေနီယမ်ရောင်ခြည်သင့်မှုကို အတိုင်းအတာ တစ်ခုအထိ တွန်းလှန်နိုင်စွမ်း ရှိသည်။ ထို့ကြောင့်လည်း ဆော်ရွန်သည် ယူရေနီယမ်များ ပြည့်နှက်နေသော မြေအောက် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပြီး တူးဖော်ရဲခြင်း ဖြစ်ပေ၏။

ရှမ့်လန်က သတိပေးလိုက်သည်။ “နယ်စားကြီး ... မြေပြင်ပေါ်ကို ကျေးဇူးပြုပြီး ပြန်တက်သွားပေးပါ။ ဒီနေရာက အရမ်း အန္တရာယ်များလွန်းပြီး အရှင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

နယ်စားကြီးရပ်ဆဲလ်သည် မြေပြင်ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ရှမ့်လန်က ရှေ့သို့ တိုးကာ သေတ္တာတစ်လုံး ကို ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ထိုအရာသည် ယူရေနီယမ်၊ သို့မဟုတ် အတိုင်းအတာ တစ်ခုအထိ သန့်စင်ထားသော ယူရေနီယမ် သတ္တုရိုင်းများ ဖြစ်နေသည်။ သေတ္တာတစ်လုံးထဲတွင် ကီလိုဂရမ် ရာပေါင်းများစွာ ပါဝင်နေ၏။ အမှန်စင်စစ် သန့်စင်မှုနှုန်း မမြင့်မားလှဘဲ ၁ ရာခိုင်နှုန်းမျှသာ ရှိ၏။

သို့သော်ငြား ဤအရာကပင် အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းနေပြီ ဖြစ်သည်။ သဘာဝ ယူရေနီယမ် သတ္တုရိုင်း၏ သန့်စင်မှုနှုန်းသည် အလွန် နိမ့်ကျပြီး ယခု ၁ ရာခိုင်နှုန်းအောက် ပမာဏသည်ပင်လျှင် သန့်စင်ပြီး ဖြစ်သည်ဟု ဆိုရမည်။ ထို့အပြင် ဤနေရာတွင် သေတ္တာပေါင်း ရာနှင့်ချီ၍ ရှိနေသည်။

ဤသေတ္တာများသည် အမှန်တကယ် အစွမ်းထက်လှသည်။ ဤမျှ များပြားသော ယူရေနီယမ် ပမာဏကြောင့် ရောင်ခြည်သင့်မှု ပမာဏသည် တုန်လှုပ်ဖွယ်ရာ ကောင်မည်ဖြစ်သော်လည်း သေတ္တာကို အပြည့်အဝ ပိတ်လိုက်ပြီးနောက် စိမ့်ထွက်လာသော ရောင်ခြည်သင့်မှုသည် အံ့ဩစရာ ကောင်းလောက်အောင် နည်းပါး သွားခဲ့၏။

ရှမ့်လန်သည် သေတ္တာကို ပြန်ပိတ်လိုက်၏။ သေတ္တာအတွင်း၌ တုံ့ပြန်မှုများ ဆက်တိုက် ဖြစ်ပေါ်သွားပြီး အလွှာလိုက် အလွှာလိုက် အလုံပိတ်သွားခဲ့သည်။

နယ်စားကြီး ရပ်ဆဲလ်က အပေါ်မှ လှမ်းအော်ကာ အကြံပြု၏။ “ဒီပစ္စည်းတွေက အရမ်း အန္တရာယ်များပါတယ်။ ဒီစွမ်းအင်ကို အရှင် ရှမ့်လန် တစ်ယောက်တည်းပဲ ထိန်းချုပ်နိုင်မယ်လို့ ကျုပ် ထင်ပါတယ်။ ရှီလွန်အင်ပါယာမှာ ထားရှိဖို့က အရမ်း အန္တရာယ်များပြီး မသင့်တော်ပါဘူး။”

ရှမ့်လန်က လက်ကို ဆန့်တန်းလိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် .... ကျုပ် ဒီပစ္စည်းတွေကို တကယ်ပဲ လိုအပ်နေတာပါ။”

နယ်စားကြီး ရပ်ဆဲလ်က ပြန်ပြောလိုက်၏။ “အရှင်ကို အလုပ်အကျွေး ပြုခွင့်ရတာ ကျုပ်ရဲ့ ဂုဏ်ယူမှုပါပဲ။”

ထို့နောက် ရှမ့်လန်သည် စစ်တပ်တစ်တပ်ကို စေလွှတ်ကာ ဤသေတ္တာများကို ပင်လယ်ကမ်းစပ်သို့ လျှို့ဝှက် သယ်ဆောင်စေပြီး နုရှောင့်မြို့သို့ သီးခြားသင်္ဘောတစ်စင်းဖြင့် သယ်ယူပို့ဆောင်စေခဲ့သည်။ သေတ္တာများကို အလုံပိတ်ထားပြီး ရောင်ခြည်သင့်မှု မမြင့်မားသော်လည်း သင်္ဘောပေါ်ရှိ စစ်သည်များနှင့် သင်္ဘောသားများကိုမူ ၎င်းတို့၏ ခန္ဓာကိုယ်အား ထိခိုက်မှု မရှိစေရန် ရက်အနည်းငယ်ကြာတိုင်း လူလဲလှယ်ပေးခဲ့ရသည်။

............

ထို့နောက် နဂါးကြီးသည် စွမ်းအင်ဖြည့်တင်းရန် အိုလံပစ်တောင်တော်သို့ ပြန်သွားခဲ့၏။ အကြောင်းမှာ ရှမ့်လန်သည် ရှီလွန်အင်ပါယာ၌ အချိန်တိုတစ်ခုအကြာ ဆက်လက် နေထိုင်ရဦးမည် ဖြစ်သောကြောင့် ရှမ့်လန် ပြန်လည် ထွက်ခွာလိုသည့်အခါမှ နဂါးကြီးက အလိုအလျောက် ပျံသန်းလာပေမည်။

နောက်တစ်ကြိမ်တွင်မူ သူသည် တချောင်ကို စီးနင်းလျက် အမေဇုန်နိုင်ငံတော်ဆီသို့ ပျံသန်းသွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် တချောင်သည် အစွမ်းကုန် ကြိုးစားပြီး အလုပ်ကြိုးစားနေခဲ့သည်။ နဂါးကြီး ပေါ်လာပြီးနောက် တချောင်သည် သူ၏ နေရာ ပျောက်ဆုံးသွားမည်ကို စိုးရိမ်သောကြောင့် ရှမ့်လန် နှစ်သက်စေရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။ ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ မြေကြီးပေါ်တွင် ထိုင်ချကာ လျှာထုတ်ပြီး ချစ်စဖွယ်ကောင်းအောင် ပြုမူရန်သာ လိုတော့သည်။

ပြောရလျှင် တချောင်သည် ပို၍ ချစ်စဖွယ် ကောင်းလာသည်။ ၎င်းသည် တိုက်ပွဲဝင် လုပ်ဖော်ကိုင်ဖက် ဖြစ်သော်လည်း အိမ်မွေးတိရစ္ဆာန် တစ်ကောင်နှင့် ပိုတူပြီး လူသားများနှင့် အလွန် ရင်းနှီးကျွမ်းဝင်၏။

နဂါးကြီးမှာမူ အမှန်တကယ်ပင် မောက်မာလွန်းလှ၏။ သူသည် အမြဲတမ်း မြင့်မြတ်ပြီး အထက်စီး ဆန်နေတတ်သည်။ ရှမ့်လန်မှလွဲ၍ အခြားသော လူသားများကို ပုရွက်ဆိတ်များအလား သဘောထားသည်။

အမေဇုန်နိုင်ငံတော်တွင် ရှမ့်လန်သည် ဘုရင်မအီဒါနှင့် ထပ်မံ တွေ့ဆုံခဲ့သည်။ အနာဂတ် အမေဇုန်ဘုရင်မ ဖြစ်လာမည့် သူ၏အငယ်ဆုံးသမီးလေးနှင့်လည်း တွေ့ဆုံခဲ့၏။ ဤ အမေဇုန်မင်းသမီးလေးသည် လိုကီထက် နှစ်အနည်းငယ် ငယ်၏။

ရှမ့်လန် သူမကို ပထမဆုံး မြင်လိုက်ရချိန်တွင် သူမသည် သံချပ်ကာ ဝတ်ဆင်ထားပြီး ဓားရေး လေ့ကျင့်နေ ခဲ့သည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သေသပ်လှပသော ထိုမိန်းကလေးငယ်သည် ဆံပင်ကို ရိတ်ထား သောကြောင့် ကောင်လေးတစ်ယောက်နှင့် တူနေသည်။

ထို့အပြင် သူမသည် ဓားကို အားပါးတရ ဝှေ့ယမ်းနေ၏။ ဤသေးငယ်သော လှုပ်ရှားမှုသည် အမှန်တကယ်ပင် ထက်မြက်ပြီး ပြင်းထန်လှသည်။ ထို့နောက် သိုင်းပညာနှင့် ပတ်သက်လျှင် သူသည် ဤမိန်းကလေးငယ်ကို မယှဉ်နိုင်ကြောင်း ရှမ့်လန် ဝမ်းနည်းစွာဖြင့် တွေ့ရှိလိုက်ရသည်။ ပို၍ တိကျစွာ ပြောရလျှင် ဤလေးနှစ်အရွယ် မိန်းကလေးငယ်သည် ရှမ့်လန်ဆယ်ယောက်မကကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ အလွန် အစွမ်းထက်လွန်းလှ၏။

ရှမ့်လန်သည် ရှေ့သို့ ပြေးသွားပြီး မိန်းကလေးငယ်ကို ပွေ့ဖက်လိုက်သည်။

လှပသော အမေဇုန်မင်းသမီးလေး သည် ရှမ့်လန်ကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်နေ၏။ “ဖေဖေ...”

သူမ၏ မိခင် ဘုရင်မအီဒါက ရှမ့်လန်၏ ပုံတူပန်းချီကားကို မရေမတွက်နိုင်အောင် ပြသပေးခဲ့ဖူးသောကြောင့် သူမသည် ရှမ့်လန်ကို သိရှိနေခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် ဖေဖေဟု ခေါ်လိုက်သည့် အချိန်၌ သူမ၏ အသံမှာ ပြတ်သား ကြည်လင်နေသည်။

သူမ၏ တည်ကြည်သော ပုံစံလေးမှာ အလွန် ချစ်စဖွယ် ကောင်းနေသောကြောင့် ရှမ့်လန် မနေနိုင်တော့ဘဲ သူမ၏ နှာခေါင်းထိပ်လေးကို နမ်းလိုက်မိ၏။ “ဖေဖေ သမီးကို ခေါ်ပြီး ပျံသန်းပေးမယ်လေ။ ကောင်းလား။”

မလှမ်းမကမ်းတွင် ရှိနေသော တချောင်သည် ချက်ချင်းပဲ မျက်နှာချိုသွေးသော အပြုံးကို ထုတ်ဖော်လိုက်ပြီး ခေါင်းမလှည့်မီ ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ အမှန်တကယ်ပင် လျှာထုတ်ပြလိုက်သည်။

ရှမ့်လန်၏ အငယ်ဆုံးသမီးလေးမှာ စိတ်လှုပ်ရှားသွားခဲ့၏။ လူတိုင်း ပျံသန်းချင်ကြသည် မဟုတ်ပါလား။ အထူးသဖြင့် ရဲရင့်သော စစ်သည်တော်များ ပို၍ပင် ပျံသန်းချင်၏။

အမေဇုန်မင်းသမီးလေးက ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါပေမဲ့ သမီး ဓားရေးလေ့ကျင့်ပြီးတဲ့အထိ နှစ်နာရီ လောက် စောင့်ပေးပါ။”

ထို့နောက် သူမသည် ရှမ့်လန်၏ ကိုယ်ပေါ်မှ လျှောဆင်းလိုက်ပြီး မြေပြင်ပေါ်ရှိ ဓားကို ကောက်ယူကာ စေ့စပ် သေချာစွာဖြင့် ဆက်လက် လေ့ကျင့်နေခဲ့၏။

ရှမ့်လန် သက်ပြင်းချလိုက်မိ၏။ ဤမိန်းကလေးငယ်သည် ရှမ့်လန်၏ ကောက်ကျစ်စဉ်းလဲမှုကို လုံးဝ အမွေ မရရှိခဲ့ပေ။ သူမသည် ယခင် အမေဇုန်ဘုရင်မများ နည်းတူ ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်ကြောင့် ပင် သူမသည် ပို၍ ပြင်းထန်စွာ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။ သူမ ဓားကို ဝှေ့ယမ်းလိုက်သည့် အခါ လေကို ခွင်းသွားသည့် အသံများ ထွက်ပေါ်လာခဲ့သည်။

“ဝုန်း...”

သူမသည် ကျောက်တုံးကြီး တစ်တုံးကို ခုတ်ပိုင်းလိုက်ရာ ၎င်းမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့၏။ ရှမ့်လန် ပြုံးလိုက်ပြီး သူ၏ စိတ်ထဲမှ အချက်အလက်များကို ပြန်လည် ချိန်ညှိလိုက်သည်။ ဤမိန်းကလေးငယ်သည် ဖခင်ပေါင်း သုံးဆယ်ကျော်ကို အနိုင်ယူနိုင်လောက်၏။

ဘုရင်မအီဒါက ပြုံးလျက် ပြောလိုက်သည်။ “အမေဇုန်နိုင်ငံတော် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဘုရင်မတစ်ပါး မွေးဖွားလာတော့မယ်။ ကြိုဆိုပါတယ် အရှင်။”

ဘုရင်မအီဒါသည် သံချပ်ကာ ဝတ်စုံဖြင့် တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ သူမသည် အလွန် မြင့်မြတ်သော အမျိုးသမီးတစ်ဦး ဖြစ်၏။ ရှမ့်လန် ရောက်လာသည့်အတွက် အလွန် ဝမ်းသာနေသော်လည်း မူလန်ကဲ့သို့ အပြေးအလွှား လာရောက်ပြီး တွယ်ကပ်နေမည် မဟုတ်ပေ။

နှစ်နာရီဟု ပြောလျှင် နှစ်နာရီပင် ဖြစ်သည်။ လေ့ကျင့်မှု ပြီးဆုံးချိန်မှာတော့ မိန်းကလေးငယ်သည် သူမ၏ မိခင်အား စစ်သည်တော်တို့၏ အလေးပြုခြင်းဖြင့် ဂါရဝပြုလိုက်သည်။ “မယ်မယ်... သမီး မနက်ခင်း ဓားရေး လေ့ကျင့်လို့ ပြီးပါပြီ။ အခု ဖေဖေနဲ့ သွားဆော့လို့ ရပြီလား။”

ဘုရင်မအီဒါက ခွင့်ပြုလိုက်၏။ “ရပြီ။”

ထို့နောက် မိန်းကလေးငယ်သည် တချောင်၏ ရှေ့သို့ ရောက်လာခဲ့ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် စိတ်အားထက်သန်မှုနှင့် သိလိုစိတ်များ ပြည့်နှက်နေသည်။ မိန်းကလေးငယ်က လေးလေးစားစား မေးလိုက်သည်။ “မင်္ဂလာပါ။ သမီး ရှင့်ကျောပေါ် တက်စီးပြီး ပျံသန်းလို့ ရမလားဟင်။”

တချောင်သည် အစွမ်းကုန် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝပ်ချပေးလိုက်၏။ သူ့ထံတွင် အစွမ်းအထက်ဆုံး လေတပ်သားတစ်ဦး၏ ဂုဏ်သိက္ခာမျိုး အနည်းငယ်မျှပင် မကျန်တော့ပေ။ မိန်းကလေးငယ်သည် တချောင်၏ အတောင်ပံများမှတစ်ဆင့် ကျောပေါ်သို့ တက်လိုက်သည်။ သူမသည် ကျွမ်းကျင်စွာဖြင့် ကိုယ်ကို ကိုင်းလိုက်ပြီး တချောင်၏ လည်ပင်းကို ဖက်ထားလိုက်၏။

ဘုရင်မအီဒါက ရှင်းပြသည်။ “သူက မကြာခဏ မြင်းစီးလေ့ရှိတယ်၊ သူ့ဘာသာ တစ်ယောက်တည်း စီးတာ။”

မိန်းကလေးငယ်သည် လိုကီထက် လအနည်းငယ် ငယ်သော်လည်း ခေါင်းတစ်လုံး၏ ထက်ဝက်ကျော်ခန့် ပိုမြင့်၏။

ရှမ့်လန် ရှေ့သို့ တိုးသွားပြီး မေးလိုက်သည်။ “ချစ်လှစွာသော အမေဇုန်မင်းသမီးလေး။ သမီး တစ်ယောက်တည်း ပျံသန်းချင်တာလား၊ ဒါမှမဟုတ် ဖေဖေနဲ့အတူ ပျံသန်းချင်တာလား။”

မိန်းကလေးငယ်က ပြောလိုက်၏။ “ဖေဖေ... ပထမတစ်ကြိမ်မှာ သမီးနဲ့အတူ ပျံသန်းပေးပါ။ ဒုတိယ တစ်ကြိမ်ကျရင် မယ်မယ်နဲ့အတူ ပျံသန်းခွင့် ပြုပါ။ တတိယတစ်ကြိမ်ကျမှ သမီး တစ်ယောက်တည်း ပျံသန်းပါ့မယ်။ ရမလားဟင်။”

“ရတာပေါ့။” ထို့နောက် ရှမ့်လန် ရှေ့သို့ တိုးသွားပြီး မိန်းကလေးငယ်ကို ပွေ့ချီလိုက်သည်။

တချောင်သည် အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ မိန်းကလေးငယ်၏ ကြည်လင် ပြတ်သားသော ရယ်မောသံများ ထွက်ပေါ်လာခဲ့၏။

ရှမ့်လန်သည် အမေဇုန်ကျွန်း၌ သုံးရက်ကြာ နေထိုင်ခဲ့သည်။ သူသည် ဘုရင်မအီဒါကို ချက်ချင်းပဲ ကျော်ဖြတ်ကာ မိန်းကလေးငယ်၏ သံယောဇဉ် အတွယ်ဆုံးလူ ဖြစ်လာခဲ့သည်။

ဤဖခင်ဖြစ်သူကြောင့် မင်းသမီးလေးသည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ချိုးဖောက်လုနီးပါး ဖြစ်ခဲ့ပြီး ကျောင်းပင် ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမသည် နေ့စဉ် ခြောက်နာရီကြာ သိုင်းပညာ လေ့ကျင့်လေ့ ရှိသည်။ သို့သော်ငြား သူမသည် ဖခင်ဖြစ်သူနှင့် အပျော်ကြီး ပျော်နေသောကြောင့် နေ့လယ်ပိုင်း၌ သိုင်းပညာ မလေ့ကျင့်ချင်တော့ဘဲ စိတ်ယိုင်နဲ့လုနီးပါး ဖြစ်ခဲ့ရ၏။

သို့သော်ငြား နောက်ဆုံး၌ သူမသည် အံကိုကြိတ်ထားလိုက်ပြီး ရှမ့်လန်၏ ရင်ခွင်ထဲမှ ထွက်ခွာသွားခဲ့သည်။ သူမသည် ပုံမှန်အတိုင်းပင် ဓားရေးလေ့ကျင့်ခဲ့၏။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အလွန်မြင့်မားသော ကလေးငယ်ပင် ဖြစ်သည်။

ဘုရင်မအီဒါ ပြောသည်မှာ မှန်ကန်ပေသည်။ သူမသည် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး အမေဇုန်ဘုရင်မ ဖြစ်လာပေလိမ့်မည်။

သုံးရက်ကြာပြီးနောက် ရှမ့်လန်သည် အမေဇုန်ကျွန်းမှ ထွက်ခွာခဲ့သည်။ “မင်းသမီးလေး... ဖေဖေ တော်ဝင်ချန် အင်ပါယာကို ပြန်ရောက်တဲ့အခါ သမီးအတွက် လက်ဆောင်တစ်ခု ပေးမယ်နော်။ သမီးကို အသံထက်မြန်တဲ့ ပျံသန်းသားရဲ တစ်ကောင် ပေးမယ်။ ကောင်းလား။”

မိန်းကလေးငယ်က ခေါင်းညိတ်လိုက်၏။

ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် အီဒါနှင့် သမီးဖြစ်သူကို လက်ပြနှုတ်ဆက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထွက်ခွာသွားခဲ့သည်။

မိန်းကလေးငယ်သည် မော့ကြည့်နေခဲ့သည်။ ရှမ့်လန်၏အရိပ်ကို မမြင်ရတော့သည်အထိ မျက်တောင် တစ်ချက် မခတ်ခဲ့ပေ။

ဘုရင်မအီဒါ က ပြောလိုက်သည်။ “အမေတို့အမေဇုန်တွေက ငိုခွင့် မရှိပေမဲ့ ဒီတစ်ကြိမ်တော့ ခြွင်းချက်ထားလို့ ရပါတယ်။”

မိန်းကလေးငယ်က ငြင်းဆန်လိုက်၏။ “သမီး မငိုပါဘူး။ သမီး အကြာကြီး စိုက်ကြည့်မိလို့ပါ။”

သူမသည် အံကိုကြိတ်ထားပြီး မျက်လုံးထဲမှမျက်ရည်များ စီးကျမလာစေရန် အစွမ်းကုန် ကြိုးစား ထိန်းချုပ်ထားသည်။

ဘုရင်မအီဒါက သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး နှစ်သိမ့်၏။ “မင်းသမီးလေး။ မယ်မယ် သမီးနဲ့အတူ လေ့ကျင့်ပေးမယ်လေ။ ကောင်းလား။”

“ကောင်းပါတယ်။”

မိန်းကလေးငယ်သည် ကောင်းကင်ယံကို နောက်ဆုံးအကြိမ် မော့ကြည့်လိုက်၏။ ဖခင်ဖြစ်သူ၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူမသည် မြေကြီးပေါ်မှ ဓားကို ပြန်လည် ဆွဲထုတ်လိုက်သည်။

“ယား...” ကြွေးကြော်သံများနှင့်အတူ သူမသည် ရတနာဓားကို ဝှေ့ယမ်းလိုက်ပြီး ဘုရင်မအီဒါကို ခံ့ညား ထည်ဝါစွာဖြင့် တိုက်ခိုက်လိုက်၏။

သားအမိနှစ်ယောက်သည် မနက်ခင်း နေရောင်အောက်တွင် လေ့ကျင့်နေခဲ့ကြသည်။ ချွေးနှင့် မျက်ရည်များ ရောထွေးသွားခဲ့၏။ ထိုနည်းလမ်းသည်သာ မျက်ရည်ကျသည်ကို သူတစ်ပါး မမြင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

..........................

ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် ဘုရင်မဟယ်လင်၊ ဒီဘိုရာနှင့် လိုကီတို့ကို နှုတ်ဆက်လိုက်၏။

“နှုတ်ဆက်ပါတယ် ချစ်ရတဲ့မောင်လေး။ နှုတ်ဆက်ပါတယ် ချစ်ရတဲ့ ရှောင်ယီ။”

ဘုရင်မဟယ်လင်နှင့် ရှမ့်လန်တို့သည် မျက်နှာချင်းဆိုင်လိုက်ကြ၏။ ထို့နောက် သူမသည် ရှမ့်ယီ၏ နဖူးကို နမ်းလိုက်သည်။

“နှုတ်ဆက်ပါတယ် အရှင်။” နယ်စားကြီးဒီဘိုရာသည် ရှမ့်လန်၏ နှုတ်ခမ်းကို နမ်းလိုက်ပြီး ခွဲခွာလိုခြင်း မရှိသေးပုံပင်။

“နှုတ်ဆက်ပါတယ် အစ်ကို။” လိုကီသည် ရှမ့်ယီ၏ ခါးကို ဖက်ထားပြီး လွှတ်ပေးလိုခြင်း မရှိပေ။

ရှမ့်ယီသည် လိုကီ၏ နူးညံ့သော ရွှေရောင်ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် ညီလေး။ အစ်ကို မင်းကို အနာဂတ်မှာ ကာကွယ်ပေးပါ့မယ်။ မင်း ဘာပဲလုပ်လုပ် အစ်ကို မင်းကို ကာကွယ် ပေးပါ့မယ်။”

All Chapters