← Chapters

အခန်း (၁၂၅၅-၁၂၅၆)

Vol. 72 Ch. 1255-1256

အခန်း (၁၂၅၅-၁၂၅၆)

Vol. 72 Ch. 1255-1256

အပိုင်း (၁၂၅၅)

မနက်စာ စားပြီးနောက် ရင်ဝူချန်သည် နန်းတွင်းအတွင်းဝန်ရုံးသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။

ဝင်ပေါက်တွင် ကျောက်လင်နှင့် တွေ့ဆုံခဲ့သည်။ သူသည်လည်း လက်နက်ချ အညံ့ခံခဲ့သော အရာရှိတစ်ဦး ဖြစ်သည်။ သူသည် ချန်အင်ပါယာသစ်၏ နန်းတွင်း အတွင်းဝန်ရုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်သည်။ ယခုအချိန်၌ သူသည် တော်ဝင်ချန်အင်ပါယာ၏ နန်းတွင်းအတွင်းဝန်ရုံးတွင် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ရာထူးအဆင့်အတန်း မှာ များစွာ လျှော့ချခံထားရပြီး လက်ဝဲဝန်ကြီး ဖြစ်နေသည်။

“သခင်ကြီး ကျောက်လင်” ရင်ဝူချန် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။

ကျောက်လင်က ပြန်လည် နှုတ်ဆက်လိုက်သည်။ “မင်္ဂလာနံနက်ခင်းပါ အတွင်းဝန်ရင်။”

ထို့နောက် သူတို့နှစ်ဦးသည် နန်းတွင်းဗျူရို အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ သူတို့သည် မီတာ ဒါဇင်အနည်းငယ်မျှ ကွာဝေးသောနေရာတွင် မင်းသားကျင်း ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ကြရ၏။

“မင်္ဂလာနံနက်ခင်းပါ မင်းသားကျင်း...”

မင်းသားကျင်းက သတိပြုမိသွားသည်။ “ရင်ဝူချန်... ခင်ဗျားရဲ့ အင်္ကျီလက်မှာ သွေးကွက်တွေ ပေနေတယ်။”

ရင်ဝူချန် လန့်ဖျပ်သွားပြီး ပြန်ဖြေလိုက်၏။ “ကျုပ် အလျင်လိုနေလို့ အဝတ်အစား လဲဖို့ အချိန် မရလိုက်ပါဘူး။ လန့်တောင် လန့်သွားတယ်။”

“ကိစ္စမရှိပါဘူး။”

ရင်ဝူချန်က ရှင်းပြသည်။ “မိသားစုထဲမှာ တော်ဝင်ရန် အင်ပါယာနဲ့ ပူးပေါင်းကြံစည်တဲ့ သစ္စာဖောက် တစ်ယောက် ရှိနေလို့ ကျုပ် သတ်ပစ်လိုက်တာပါ။”

မင်းသားကျင်းက ပြောလိုက်၏။ “တော်ဝင်ချန်အင်ပါယာရဲ့ ဥပဒေအရ လူတိုင်းမှာ အဲဒီလို သစ္စာဖောက်မျိုးကို သတ်ပစ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်ခါဆိုရင် သတိထားပါ။ မှုခင်းရုံးကို လွှဲပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်။”

“ကျုပ် နားလည်ပါပြီ။”

ကျောက်လင်က ဝင်ပြောလိုက်သည်။ “ကျုပ်က အသက်ကြီးနေပြီဆိုတော့ ဘယ်သူ့ကိုမှ မသတ်နိုင်ပါဘူး။ ဒါကြောင့် ရေနက်တပ်ဖွဲ့က လူတွေကို လူတစ်ဒါဇင်လောက် ဖမ်းခိုင်းလိုက်ပါတယ်။ ချန်မြို့တော်က ဒီရက်ပိုင်း တော်တော်လေး ရှုပ်ထွေးနေတာပဲ။”

ရင်ဝူချန်က မေးလိုက်၏။ “မိသားစုထဲမှာ တော်ဝင်ရန် အင်ပါယာနဲ့ ပူးပေါင်းကြံစည်တဲ့ လူတွေ ရှိနေလို့လား။”

ကျောက်လင်က ပြောလိုက်သည်။ “မိုက်မဲတဲ့ လူတွေက အရမ်း များလွန်းတယ်။ ရှောင်လွှဲလို့ မရပါဘူး။”

ထို့နောက် သူတို့သည် ဤအကြောင်းကို ဆက်မပြောကြတော့ဘဲ အလုပ်ထဲသို့ ပြန်လည် ဝင်ရောက်သွား ကြသည်။ ဤသည်မှာ အလုပ်မဝင်မီ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုခြင်းမျှသာ ဖြစ်ဟန်တူ၏။

ခဏအကြာတွင် ချောင်ယောင်းအာ၊ ရန်ထျန်းရှောင်နှင့် စုနန်တို့သည် ဝန်ကြီးစားပွဲသို့ ဝင်ရောက်လာကြသည်။

စုနန်က တင်ပြလိုက်သည်။ “မင်းသားကျင်း... ဧရာမ နဂါးကြီး တိုက်ခိုက်မယ့် ကောလာဟလက ပိုပိုပြီး ပြင်းထန်လာပါတယ်။ ချန်မြို့တော်က လူတွေ ထိတ်လန့်တကြား ဖြစ်နေကြပါပြီ။ မရေမတွက်နိုင်တဲ့ လူတွေ ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။ ပိတ်ဆို့ထားတဲ့ နေရာမှာ အဆုံးအစ မမြင်ရအောင် လူတွေ များလာပါတယ်။”

“အခု ကျုပ်တို့ရဲ့ ချန်မြို့တော် တံခါးပေါက်တွေကို စစ်သည် ၂၀၀,၀၀၀ စောင့်ကြပ်နေပါတယ်။ ထွက်ပြေးဖို့ ကြိုးစားနေတဲ့လူတွေက အော်ဟစ်ငိုယိုနေကြတယ်။ တပ်မှုးတွေကို လာဘ်ထိုးတဲ့ ဖြစ်ရပ်တွေတောင် ရှိနေပါတယ်။ ကျုပ်တို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ။”

မင်းသားကျင်းက မေးလိုက်၏။ “လမ်းမကြီးပေါ်မှာ စုရုံးပြီး ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ လူ ဘယ်လောက်လောက် ရှိသလဲ။”

“လက်ရှိမှာ တစ်သိန်းကျော် ရှိပါတယ်။ ပိုပိုပြီး များလာအုံးမှာပါ။”

မင်းသားကျင်းက အမိန့်ပေးလိုက်သည်။ “မြို့တံခါးတွေ ဖွင့်ပေးလိုက်ပါ။ သူတို့ကို သွားခွင့်ပြုလိုက်ပါ။”

“ကောင်းပါပြီ။”

ဤအချိန်၌ ချန်မြို့တော် တံခါးပေါက်လေးခု၏ အနောက်ဘက်တွင် လူပင်လယ်ကြီး ဖြစ်ပေါ်နေသည်။ လူပေါင်း တစ်သိန်းကျော်သည် မိသားစုများကို ဆွဲခေါ်ပြီး ထွက်ပြေးရန် ပြင်ဆင်နေကြ၏။

“စစ်သည်တော်တို့။ ကျုပ်တို့ ထွက်ပြေးတာ မဟုတ်ပါဘူး။ အပူဒဏ် ရှောင်ဖို့ ကျေးလက်ဘက်ကို သွားကြမလို့ပါ။”

သြဂုတ်လ ရောက်နေပြီ။ အပူဒဏ် ရှောင်ဖို့ဆိုသည်မှာ ဘာအဓိပ္ပာယ် ရှိမည်နည်း။

“တပ်မှုး ... ကျုပ်တို့ မုန့်မိသားစုက နာရေးကိစ္စရှိလို့ ကျေးလက်ဘက်ကို ပြန်ကြမလို့ပါ။ မနှောင့်နှေးရဲပါဘူး။ ကျေးဇူးပြုပြီး သွားခွင့်ပြုပါ။”

ဤလူအုပ်စုတွင် နာရေးကိစ္စမှသည် မင်္ဂလာဆောင်ကိစ္စအထိ အကြောင်းပြချက် အမျိုးမျိုး ရှိကြသည်။ သို့သော်ငြား တံခါးစောင့် စစ်သည်များသည် သူတို့ ပြောသမျှကို မကြားချင်ယောင် ဆောင်နေခဲ့ကြသည်။

နောက်ဆုံးတွင် လူတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်၏။ “ဧရာမနဂါးကြီး လာနေပြီ။ ချန်မြို့တော် တစ်ခုလုံးကို ဖျက်ဆီးတော့မယ်။ ခင်ဗျားတို့ ဒီမှာ စောင့်ပြီး သေချင်သေနေကြ၊ ကျုပ်တို့ကတော့ မသေချင်ဘူး။ တံခါးဖွင့်ပေးပြီး ကျုပ်တို့ကို ထွက်သွားခွင့်ပြုပါ။ ကျုပ်တို့ကို ထွက်သွားခွင့် ပြုပါ။”

“ဟုတ်တယ် တပ်မှုးတို့ ... ချန်မြို့တော် ပျက်စီးတော့မယ်။ ခင်ဗျားတို့လည်း ကျုပ်တို့နဲ့အတူ ထွက်ပြေးသင့်တယ်။”

မရေမတွက်နိုင်သောလူများသည် တံခါးပေါက်များကို ပိတ်ဆို့ထားပြီး ငိုယိုခြင်း၊ ဆဲဆိုခြင်းနှင့် အော်ဟစ်ခြင်း တို့ကို ပြုလုပ်နေကြသည်။

“ကျိန်လိုက်ချင်ပါရဲ့။ ကျုပ်တို့ ချန်မြို့တော်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြတာပါ။ ဘာလို့ ကျုပ်တို့ကို ထပ်ခါထပ်ခါ နှိပ်စက်နေကြတာလဲ။ ဟုတ်တယ်။ အရင်တုန်းက ကျုပ်တို့ ချန်မြို့တော် အရမ်း အေးချမ်းခဲ့ပါတယ်။ ဘာလို့ ပြောင်းလဲသွားတာလဲ။ ဘာလို့ ဘုရင်ပြောင်းလိုက်ရတာလဲ။”

ဤလူများသည် ရှင်းရှင်းလင်းလင်း မပြောရဲကြသော်လည်း သူတို့၏အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းသည်။ ရင်ကွမ်းသည် ချန်မြို့တော်ကို မည်မျှ အုပ်ချုပ်ခဲ့သနည်း။ ထိုအတောအတွင်း ဘာဒုက္ခမှ မရောက်ခဲ့ပေ။ ယခု ရှမ့်လန် အုပ်ချုပ်ချိန်မှ ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ရပေတော့မည်။

ထိုအချိန်၌ ချောင်ယောင်းအာသည် အသံထက်မြန်သော ပျံသန်းသားရဲကို စီးနင်းလျက် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လူအုပ်ကြီး၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

“ကျွန်မ အချက်နှစ်ချက်ပဲ ပြောမယ်။ ပထမအချက် ... တော်ဝင်ချန်အင်ပါယာမှာ ချန်မြို့တော်က ပြည်သူတွေကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိတယ်။ ဒုတိယအချက် ... ရှင်တို့ ထွက်သွားချင်ရင် သွားကြပါ။ ကျွန်မတို့ ရှင်တို့ကို အတင်းအကျပ် ဆွဲမထားပါဘူး။ ဒါပေမဲ့ ရှင်တို့ ထွက်သွားပြီးတာနဲ့ တော်ဝင်ချန် အင်ပါယာရဲ့ နိုင်ငံသား ဖြစ်ခွင့် မရှိတော့ဘူး။ အနာဂတ်မှာ ပြန်လာဖို့ ဆိုတာ အရမ်း ခက်ခဲပါလိမ့်မယ်။”

ပြောပြီးသည်နှင့် ချောင်ယောင်းအာသည် စစ်ဘက်ဆိုင်ရာဗျူရို၏ တိုကင်ပြားကို မြှောက်လိုက်ပြီး အမိန့်ပေးလိုက်၏။ “တံခါးဖွင့်ပေးလိုက်ပါ။”

ရုတ်ခြည်းပင် ချန်မြို့တော် တံခါးပေါက် လေးခုစလုံး ပွင့်သွားခဲ့သည်။ လူအုပ်ကြီးသည် ရေလွှမ်းမိုးသကဲ့သို့ တိုးဝှေ့ ထွက်ခွာသွားကြပြီး ချန်မြို့တော်မှ ထွက်ပြေးသွားကြသည်။ ဤလူအုပ်စုသည် အစတည်းက ရှမ့်လန်ကို မကြိုက်နှစ်သက်ကြပေ။ ရှမ့်လန်နှင့် ရင်ကွမ်းကြား မဲခွဲဆုံးဖြတ်ရာတွင် သူတို့အများစုသည် ရင်ကွမ်းကို ထောက်ခံခဲ့ကြသည်။

ရှမ့်လန်သည် ချန်မြို့တော်ကို သိမ်းပိုက်ပြီးနောက် သူတို့ကို ကျေနပ်စေမည့် မည်သည့် လုပ်ဆောင်ချက်မှ မပြုလုပ်ခဲ့ပေ။ ထို့အစား သူသည် ဤလူအုပ်စု၏ အကျိုးခံစားခွင့်များကို လျှော့ချခဲ့ပြီး အခွန်များကို တိုးမြှင့် ကောက်ခံခဲ့သည်။ သူတို့၏ စိတ်နှလုံးကို ဝယ်ယူရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။

နယ်စပ်ရှိ အန်းယွမ်မြို့နှင့် ပတ်သက်၍မူ ၃ နှစ်ကြာ အခွန်ကင်းလွတ်ခွင့်ပြုမည်ဟု ရှမ့်လန် အမိန့်ထုတ်ပြန် ခဲ့သည်။ မဲခွဲဆုံးဖြတ်စဉ်က မိန့်ခွန်းပြောခဲ့သူမှာ ကိုယ်ပွားဖြစ်သော်လည်း အန်းယွမ်မြို့ရှိ လူတိုင်းနီးပါး ရှမ့်လန်ကို ထောက်ခံခဲ့ကြသည်။ ဤအပြုအမူသည် ချန်မြို့တော်ရှိ ကုန်သည်များနှင့် အရာရှိများကို ပိုမို ဒေါသထွက်စေ ခဲ့၏။

ယခုအချိန်၌ သူတို့သည် ချန်မြို့တော်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီဖြစ်၏။ မိုင်ပေါင်း ဒါဇင်နှင့်ချီ ပြေးပြီးနောက် သူတို့သည် ချန်မြို့တော်ရှိရာဘက်သို့ စိတ်သက်သာရာ ရသွားသော အကြည့်ဖြင့် လှမ်းကြည့်လိုက် ကြသည်။

နောက်ဆုံးတော့ လွတ်မြောက်လာခဲ့၏။ အနာဂတ် ငရဲခန်းမှ နောက်ဆုံးတော့ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ဧရာမနဂါးကြီး တိုက်ခိုက်လာသည့်အခါ ချန်မြို့တော်သည် ပျက်စီးသွားမှာ ဖြစ်ပြီး လူတိုင်း သင်္ချိုင်းဂူမရှိဘဲ သေဆုံးကြရပေလိမ့်မည်။

“သွားကြစို့။ တော်ဝင်ရန် အင်ပါယာဆီကို ...။”

လူများစွာ၏ တိုက်တွန်းမှုအောက်တွင် ချန်မြို့တော်မှ ထွက်ပြေးလာသူများသည် တော်ဝင်ရန် အင်ပါယာ၏ နယ်မြေဆီသို့ ဦးတည် ပြေးလွှားသွားကြသည်။

ယခင်က တော်ဝင်ရန်အင်ပါယာ၏ စစ်သည် တစ်သန်း ချန်မြို့တော်ကို ခြိမ်းခြောက်ခဲ့စဉ်က လူများစွာသည် တော်ဝင်ရန်အင်ပါယာသို့ ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် တော်ဝင်ရန် အင်ပါယာ၏ နိုင်ငံသားများ အောင်မြင်စွာ ဖြစ်လာခဲ့ကြ၏။

သဘာဝကျစွာပင် သူတို့သည် တော်ဝင်ရန် အင်ပါယာနှင့် သွေးကြွေး ရှိခဲ့သောကြောင့် အငြိုးအတေး ထားရှိခဲ့ကြသည်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော်က တော်ဝင်ရန်အင်ပါယာ၏ စစ်တပ်သည် ချန်နိုင်ငံကို ကျူးကျော်ခဲ့ပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့ကြသည်။

ထို့ကြောင့် အစပထမတွင် သူတို့သည် အခြားသော လက်အောက်ခံနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ သို့သော်ငြား သတင်းများအရ လက်အောက်ခံ နိုင်ငံငယ်လေးများသို့ ထွက်ပြေးသွားသူများသည် ကောင်းမွန်သော ဘဝကို မရရှိခဲ့ကြပေ။ သူတို့ ယူဆောင်သွားသော ချမ်းသာကြွယ်ဝမှု အားလုံး လုယက်ခံခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ တော်ဝင်ရန် အင်ပါယာသို့ ထွက်ပြေးသွားသူများသည် အဆင်ပြေနေကြ၏။

ထို့ကြောင့် ဤလူအုပ်စုသည် ခြေထောက်ဖြင့် မဲပေးပြီး တော်ဝင်ရန်အင်ပါယာသို့ ထွက်ပြေးခဲ့ကြသည်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော်က သွေးကြွေးနှင့် ပတ်သက်၍မူ ပြီးခဲ့တာတွေကို ပြီးပါစေတော့ဟု သဘောထားလိုက်ကြသည်။ လူဆိုသည်မှာ အမုန်းတရားနှင့် နေထိုင်၍ မရဘူး မဟုတ်ပါလား။

ရှမ့်လန်လိုမျိုး သဘောထား သေးသိမ်ပြီး လက်စားချေချင်စိတ် ပြင်းထန်၍ မဖြစ်ပေ။ ရှမ့်လန်သည် လောကကြီးမှာ ရန်ငြိုးဖွဲ့စရာ မရှိဘူးဟု ကြွေးကြော်ပြီး အုပ်စိုးသူတစ်ယောက်လို လုံးဝ မပြုမူခဲ့ပေ။ ဤကဲ့သို့သော လူမျိုးက အုပ်စိုးသူ ဖြစ်ဖို့ အဘယ်သို့ ထိုက်တန်ပါမည်နည်း။

ကြောက်ရွံ့ခြင်းသည် ကူးစက်တတ်သည်။ ၁၀ ရက်ဟူသော သတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ ချန်မြို့တော်သားများ သည် ပိုမို စိုးရိမ်ပူပန်လာကြသည်။ တော်ဝင်ရန်အင်ပါယာ၏ ဧရာမ နဂါးကြီးသည် မဝေးတော့သည့် အလားပင်။ အချိန်ပြည့်သွားသည်နှင့် တပြိုင်နက် ၎င်းသည် ချန်မြို့တော် အထက်သို့ ချက်ချင်း ပျံသန်းလာပြီး အကြီးအကျယ် ဖျက်ဆီးတိုက်ခိုက်ပေလိမ့်မည်။

တော်ဝင်ရန်အင်ပါယာ၏ အတွင်းဝန်ရုံးနှင့် စစ်ဗျူရိုတို့သည် ပြည်သူများကို နှစ်သိမ့်ပေးပြီး ကြေညာချက်များစွာ ထုတ်ပြန်ကာ တော်ဝင်ချန် အင်ပါယာနှင့် တော်ဝင်ချန် ဧကရာဇ်တို့၌ ချန်မြို့တော် ပြည်သူများကို ကာကွယ် စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ကြေညာခဲ့သည်။ တော်ဝင်ချန်အင်ပါယာ နယ်မြေ၏ လက်မတိုင်းကို ကျူးကျော်မှုမှ ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်း ကြေညာခဲ့သည်။

မင်းသားကျင်း၊ စုနန်၊ ရင်ဝူချန်၊ ကျောက်လင်နှင့် အခြားသူများသည်လည်း လူထုရှေ့ ထွက်ပြပြီး ချန်မြို့တော်ကို မည်သည့်အခါမှ စွန့်ခွာမည် မဟုတ်ကြောင်း အော်ဟစ်ပြောဆိုခဲ့ကြသည်။ သူတို့သည် ဧကရာဇ်ရှမ့်လန် အနေဖြင့် ချန်မြို့တော်ကို သေချာပေါက် ကာကွယ်ပေးမည်ဟု ယုံကြည်ကြ၏။

အခြားတစ်ဖက်တွင်မူ မြို့တံခါးများသည် အမြဲတမ်း ပွင့်နေခဲ့သည်။ ထွက်ပြေးသောသူများကို သူတို့ မတားဆီးခဲ့ကြပေ။ ပို၍ ပို၍ များပြားသော လူများသည် ထွက်ပြေးခဲ့ကြသည်။ ယခင် ချန်မြို့တော် အကျပ်အတည်း ကာလတွင် လူပေါင်း ၂၀၀,၀၀၀ ထွက်ပြေးခဲ့ကြသည်။

ယခင်တုန်းက လူပေါင်းများစွာတို့ ထွက်ပြေးရန် ကြံစည်ခဲ့ကြဖူးသည်။ သို့သော်ငြား ရှမ့်လန်သည် အထူးနဂါးနောင်တ နှစ်စင်း ပစ်လွှတ်လိုက်ပြီး ရန်မြို့တော်က အလျှော့ပေးလိုက်သောကြောင့် ထိုသူတို့သည် ချန်မြို့တော်မှ ထွက်ပြေးခြင်းအား ရပ်တန့်လိုက်ကြ၏။

လူပေါင်း ၂၀၀,၀၀၀ ထွက်ပြေးသွားပြီးသည့်တိုင်အောင် ချန်မြို့တော်တွင် လူဦးရေ တစ်သန်းနီးပါး ရှိနေသေးသည်။ ဤသည်မှာ မြို့ကြီးတစ်မြို့ ဖြစ်သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ တော်တော်များများ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။

ခုနစ်ရက် ကြာပြီးနောက် ချန်မြို့တော်၏ လူဦးရေသည် ထက်ဝက် လျော့ကျသွားခဲ့သည်။ လူပေါင်း သိန်းချီ ထွက်ပြေးသွားခဲ့ကြ၏။

ဒဏ္ဍာရီလာ ဧရာမ နဂါးကြီး တိုက်ခိုက်ရန် သုံးရက်သာ လိုတော့သည်။ သို့သော်ငြား ထွက်ပြေးသူ အရေအတွက် များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် သူတို့ထဲမှ ထက်ဝက်ခန့်သည် အခြေအနေကို စောင့်ကြည့်ပြီးနောက် ချန်မြို့တော်တွင် ဆက်လက် နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ ပထမအချက်မှာ သူတို့သည် တော်ဝင်ချန်အင်ပါယာနှင့် ရှမ့်လန်ကို ယုံကြည် သောကြောင့် ဖြစ်၏။

ဒုတိယအချက်မှာ ဤလူများအများစုသည် ဆင်းရဲနွမ်းပါးကြသောကြောင့် ဖြစ်သည်။ ချန်မြို့တော်ရှိ အိမ်များသည် သူတို့အတွက် အရာရာ ဖြစ်သည်။ ထိုအရာများသည် ဘိုးဘွားများ လက်ထက်တည်းက လက်ဆင့်ကမ်း လာခဲ့သော အခြေခံ အုတ်မြစ် ဖြစ်သည်။ ချန်မြို့တော်မှ ထွက်ပြေးလိုက်သည်နှင့် တပြိုင်နက် သူတို့ မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ သုညကနေ ပြန်စရပေမည်။ သူတို့၌ ဘာမှရှိတော့မည် မဟုတ်ပေ။

ရှစ်ရက်မြောက်သောနေ့တွင် တော်ဝင်ချန် အင်ပါယာ အရာရှိများသည် ဆန်စပါးများကို စတင် ဝေငှပေးခဲ့သည်။ ချန်မြို့တော်တွင် ကျန်ရစ်သူ မည်သူမဆို၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အကျပ်အတည်း မပြီးမချင်း နေ့စဉ် ဆန်တစ်ပိဿာ ရရှိနိုင်မည်။

ချန်မြို့တော်သားများသာ ထွက်ပြေးနေကြသည် မဟုတ်ဘဲ တော်ဝင်ချန်အင်ပါယာ၏ အခြား ပြည်နယ်များမှ လူများသို့လည်း ရိုက်ခတ်မှု ရှိခဲ့သည်။ လူပေါင်း တစ်သန်းကျော်သည် နယ်စပ်များကို ဖြတ်ကျော်ပြီး တော်ဝင်ရန် အင်ပါယာ အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

သူတို့ကို တော်ဝင်ရန်အင်ပါယာ၏ အရာရှိများက ချက်ချင်း ကြိုဆိုခဲ့ကြသည်။ တော်ဝင်ချန်အင်ပါယာမှ ဒုက္ခသည်များကို လက်ခံရန် ပြည်နယ် ၄ ခုနှင့် ခရိုင် ဒါဇင်ပေါင်းများစွာမှ အရာရှိများကို စုစည်းပြီး စီစဉ် ဆောင်ရွက်ပေးခဲ့၏။

အိမ်နှင့် မြေနေရာများကို ချက်ချင်း စီစဉ်ပေးရန် မဖြစ်နိုင်ပေ။ သူတို့သည် တဲများ သို့မဟုတ် ယာယီ စစ်တန်းလျား များတွင် ဦးစွာ နေထိုင်ရမည် ဖြစ်သည်။ ဤသည်မှာ တော်ဝင်ရန်အင်ပါယာ ဒုက္ခသည်စခန်းပင်။ ဤလူများကို ဦးစွာ စာရင်းသွင်းပြီးနောက် သူတို့၏အဆင့်အတန်း၊ ဂုဏ်ပုဒ်နှင့် ပိုင်ဆိုင်မှုများအလိုက် နိုင်ငံသား ခံယူခွင့် ပေးမည်။ သို့သော်ငြား သူတို့သည် ဤယာယီ စစ်တန်းလျားများတွင် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် နေထိုင်ရပေမည်။

ကောလာဟလ သတင်းထွက်နေသော ၁၀ ရက်ဟူသည့် သတ်မှတ်ရက် ရောက်ရှိလာခဲ့လေပြီ။

တော်ဝင်ရန်အင်ပါယာ နယ်စပ်ရှိ ယာယီစခန်းတွင် ပထမဆုံးအသုတ် ချန်မြို့တော် ဒုက္ခသည်များအား နေရာချထားပြီး ဖြစ်ကာ ကျန်အစီအစဉ်များအတွက် စောင့်ဆိုင်းခိုင်းထားသည်။

ထိုလူအုပ်စုသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။ ပထမဆုံးအသုတ် ဒုက္ခသည်များ၏ သိသာ ထင်ရှားသော အစိတ်အပိုင်းတစ်ခုသည် အလယ်အလတ်တန်းစား ၊ အထက်တန်း မိသားစုများမှ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုသည် ချမ်းသာကြွယ်ဝသော မိသားစုများမှ ဖြစ်ကြ၏။

သူတို့သည် ထွက်ပြေးလာကြသော်လည်း ငွေကြေး အမြောက်အမြား ယူဆောင်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ချန်မြို့တော်သို့ ဝင်ရောက်စဉ်က မည်သည့် လုယက်မှုမှ မပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလူအုပ်စု၏ ပိုင်ဆိုင်မှုများသည် မပျောက်မပျက် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

“အဘိုးလင်... ဧရာမနဂါးကြီးက ချန်မြို့တော်ကို တိုက်ခိုက်မယ်လို့ အဘိုး ထင်လား။” တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်၏။

ဤမေးခွန်းသည် ဒုက္ခသည်များ၏ အတွင်းစိတ်မိစ္ဆာဆိုးများကို ချက်ချင်း နိုးကြားလာစေခဲ့သည်။

အပိုင်း (၁၂၅၆)

“ကျုပ်တို့ ချန်မြို့တော်က ထွက်ပြေးလာခဲ့ပေမဲ့ ကျုပ်တို့ ဘိုးဘွားပိုင်မြေတွေနဲ့ အိမ်တွေကို ထားခဲ့ရတယ်။ ပြီးတော့ ကျုပ်တို့နဲ့အတူ ယူမလာနိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထားခဲ့ရတယ်။ တကယ်လို့ ဧရာမနဂါးကြီးက ချန်မြို့တော်ကို မဖျက်ဆီးဘူးဆိုရင် ကျုပ်တို့ ထွက်ပြေးလာတာ အလကား ဖြစ်မသွားဘူးလား။”

“ဟုတ်တယ်။ ကျုပ်တို့ အများကြီး ပေးဆပ်ခဲ့ရတာ။ ကျုပ်တို့ ထွက်ပြေးလာတာ အလကား မဖြစ်စေရဘူး။ တော်ဝင်ရန်အင်ပါယာ အရာရှိတွေကို သွားရှာပြီး တော်ဝင်ရန် ဧကရာဇ်ဆီ တင်ပြခိုင်းကြရအောင်။ ချန်မြို့တော်ကို ဖျက်ဆီးဖို့ ဧရာမနဂါးကြီးကို စေလွှတ်ပေးရမယ်လို့။”

ဤစကားများ ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း တိတ်ဆိတ်သွားကြပြီး ထိုလူကို ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ထိုသို့ ဝိုးတဝါး တွေးမိသော်လည်း အသံထွက် ပြောလိုက်ခြင်းမှာ ရူးသွပ်လွန်းရာ ရောက်နေသည်။ ပြောရလျှင် ချန်မြို့တော်တွင် လူပေါင်း သိန်းချီ ကျန်ရှိနေသေးသည် မဟုတ်ပါလား။ အကယ်၍ ဧရာမနဂါးကြီးက ချန်မြို့တော်ကို ဖျက်ဆီးလိုက်ပါက ထိုလူပေါင်း သိန်းချီသည် သုတ်သင်ခံရမည် မဟုတ်ပါလား။

ထိုလူက အေးစက်စွာ ပြောလိုက်သည်။ “တကယ်လို့ ဧရာမနဂါးကြီးက ချန်မြို့တော်ကို မဖျက်ဆီးဘူး ဆိုရင် ကျုပ်တို့ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်ကြောင်း ဘယ်လို သက်သေပြမလဲ။ ကျုပ်တို့ရဲ့ ရွေးချယ်မှုက ဉာဏ်ပညာရှိပြီး အမြော်အမြင် ကြီးမားကြောင်း ဘယ်လို သက်သေပြမလဲ။”

ထိုစကားများသည် နှလုံးသားကို ထိခိုက်စေခဲ့၏။

တစ်စုံတစ်ယောက်က တိုးညင်းစွာ ပြောလိုက်သည်။ “တကယ်တော့ တော်ဝင်ရန်အင်ပါယာက ချန်မြို့တော် ဖျက်ဆီးခိုင်းမှာ မဟုတ်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အရှေ့တိုင်းရဲ့ အင်ပါယာလေ။ လက်ရှိမှာ ချန်မြို့တော်က တော်ဝင်ရန်အင်ပါယာ ရဲ့ နယ်မြေထဲမှာ ရှိနေတုန်းပါပဲ။”

“ရန်မြို့တော်က ချန်နိုင်ငံကို တော်ဝင်ချန်နိုင်ငံတော်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အသိအမှတ်ပြုထားပေမဲ့ တော်ဝင်ချန်အင်ပါယာကိုတော့ အသိအမှတ် မပြုထားပါဘူး။ ဒါကြောင့် တော်ဝင်ရန်အင်ပါယာ အရာရှိတွေရဲ့ မျက်လုံးထဲမှာ ချန်မြို့တော်ဟာ တော်ဝင်ရန်အင်ပါယာနဲ့ သက်ဆိုင်နေတုန်းပါပဲ။ တကယ်လို့ ဧရာမနဂါးကြီး တိုက်ခိုက်လိုက်ရင် နဂါးနောင်တနဲ့ ချန်မြို့တော်ကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။ ဒါက အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်။”

ဤစကားများ ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်ကြသည်။ တစ်စုံတစ်ယောက် က တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ ဘာလုပ်သင့်သလဲ။ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ကျုပ်တို့ တကယ်ပဲ အလကား ထွက်ပြေးလာမိတာလား။ ကံကြမ္မာရဲ့ အရှင်သခင်အနေနဲ့ အင်ပါယာက သတ်ဖြတ်တဲ့ နေရာမှာ ပြတ်သားသင့်ပါတယ်။ ဘာလို့ အဲဒီလောက် အစိုးရိမ် လွန်နေရတာလဲ။”

“ရန်သူကို ချေမှုန်းဖို့ ဘယ်နည်းလမ်းမဆို လိုအပ်တယ်။ ဒါကြောင့် သူ သနားညှာတာနေစရာ မလိုပါဘူး။ သူက ဧရာမနဂါးကြီးကို စေလွှတ်ပြီး ချန်မြို့တော်ကို ဖျက်ဆီးပစ်ရမယ်။ နုရှောင့်မြို့ကို ဖျက်ဆီးပစ်ရမယ်။ တော်ဝင်ချန်အင်ပါယာကို သုတ်သင်ပစ်ပြီး ရှမ့်လန်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရမယ်။ ဒါမှသာ တော်ဝင်ရန်အင်ပါယာ က ပြိုင်ဘက်ကင်း ဖြစ်နိုင်မှာ။”

“မပူပါနဲ့။ ဧရာမနဂါးကြီးက မီးမှုတ်ပြီး ချန်မြို့တော်ကို မဖျက်ဆီးဘူး ဆိုရင်တောင်မှ နိမ့်နိမ့်ပျံသန်းပြီး မီးတောက်တွေ၊ ငလျင်တွေ ဖြစ်ပေါ်စေလိမ့်မယ်။ အဲဒါက ချန်မြို့တော်ကို သေစေလောက်တဲ့ ထိုးနှက်ချက် ဖြစ်စေမှာပါ။ ဒီနည်းလမ်းနဲ့ဆိုရင် ဧရာမနဂါးကြီးက မတိုက်ခိုက်ဘဲ ချန်မြို့တော်ကို ဖြတ်ပျံရုံနဲ့ ဘယ်သူမှ အာဏာစက် ဆုံးရှုံးမှာ မဟုတ်ဘူး။”

“ကောင်းတယ်။ ကောင်းတယ်။ ချန်မြို့တော်မှာ ကျန်ခဲ့တဲ့ လူတွေကို သတ်ပစ်၊ မီးရှို့ပစ်။ မင်းသားကျင်းကို မီးရှို့၊ ချောင်ယောင်းအာကို မီးရှို့၊ စုနန်ကို မီးရှို့။ တော်ဝင်ရန်အင်ပါယာ ရဲ့ ဧရာမနဂါးကြီး... ချန်မြို့တော်ကို မဖြစ်မနေ တိုက်ခိုက်ပါ။”

ထိုအခိုက်အတန့်၌ ရုတ်တရက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ စတင် တုန်ခါလာခဲ့သည်။ မရေမတွက်နိုင်သော တဲများ လွင့်ပါသွားပြီး ယာယီ စစ်တန်းလျားများစွာ အမြစ်မှ ကျွတ်ထွက်သွားခဲ့ရသည်။ ပူပြင်းသော ဟာရီကိန်းမုန်တိုင်း တစ်ခု ဖြတ်တိုက်သွားခဲ့သည်။ လူတစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ကျွမ်းလောင်သွား လုမတတ် ခံစားလိုက်ရသည်။ နားကွဲမတတ် လေတိုးသံများ ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်ကြရာ အံ့သြဖွယ်ကောင်းသော နဂါးကြီးတစ်ကောင်သည် ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးကွယ်လျက် ကောင်းကင်ယံ၌ ဖြတ်ကျော်ပျံသန်းသွားသည်ကို တွေ့လိုက်ကြရ၏။

ချက်ချင်းပဲ မရေမတွက်နိုင်သော လူများက အော်ဟစ်လိုက်ကြသည်။

“ဧရာမနဂါးကြီး... အဲဒါ ဧရာမနဂါးကြီးပဲ။ တော်ဝင်ရန်အင်ပါယာရဲ့ ဧရာမနဂါးကြီးက ချန်မြို့တော်ဆီ ပျံသန်းသွားနေပြီ။ သူက ချန်မြို့တော်ကို ဖျက်ဆီးတော့မယ်။”

“တော်ဝင်ရန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ ဧရာမနဂါးကြီး အသက်ရာကျော် ရှည်ပါစေ။ ချန်မြို့တော်ကို သွားပါ။ ချန်မြို့တော်ကို သွားပါ။” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ သူသည် ဧရာမနဂါးကြီးအား ချန်မြို့တော်ကို ချက်ချင်း တိုက်ခိုက်စေချင်နေ၏။

သို့သော်ငြား ဒုက္ခသည် အများစုမှာမူ ခံစားချက်များ ရောထွေးနေခဲ့ကြသည်။ သူတို့သည် တော်ဝင်ရန်အင်ပါယာ ၏ ဧရာမနဂါးကြီးကို မြင်တွေ့လိုက်ရပြီး ၎င်းသည် သူတို့ စိတ်ကူးထားသည်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်။ ထို့ကြောင့် သူတို့သည် ချန်မြို့တော်မှ ထွက်ပြေးရန် မှန်ကန်စွာ ရွေးချယ်ခဲ့မိသည်ဟု ဝမ်းမြောက် နေကြသည်။

သို့သော်ငြား လူသား၏ စိတ်နှလုံးသည် နူးညံ့သည် မဟုတ်ပါလား။ ချန်မြို့တော်၌ ကျရောက်တော့မည့် ဘေးဒုက္ခနှင့် မြင်ချိန်မှာတော့ သူတို့သည် သနားကရုဏာ သက်မိကြပြီး တိတ်ဆိတ်သွားကြ၏။

တော်ဝင်ရန်အင်ပါယာ ၏ ဧရာမနဂါးကြီးသည် တောင်ဘက်ရှိ ချန်မြို့တော်ဆီသို့ ဆက်လက် ပျံသန်း သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် တော်ဝင်ရန်အင်ပါယာ၏ မရေမတွက်နိုင်သော ပြည်သူများသည် ဦးတိုက်ကြပြီး အော်ဟစ်နေကြသည်။ “အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

မကြာမီမှာပဲ တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးသည် နယ်စပ်ကို ဖြတ်ကျော်ပြီး တော်ဝင်ချန်အင်ပါယာ၏ ကောင်းကင်ယံထက်သို့ ဝင်ရောက်လာခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ ပြည်သူများသည် ကောင်းကင်ယံရှိ ဧရာမနဂါးကြီးကို မော့ကြည့်ပြီး ချက်ချင်းပဲ စိတ်ပျက်အားငယ်သွားကြ၏။

ဆယ်ရက် ပြည့်သွားခဲ့ပြီ။ တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီး အမှန်တကယ် ရောက်ရှိလာခဲ့သည်။ ၎င်းသည် ချန်မြို့တော်ကို အမှန်တကယ် ဖျက်ဆီးတော့မည်။

‘အရှင် ရှမ့်လန်... အရှင်က ကျုပ်တို့ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်။ တော်ဝင်ချန်အင်ပါယာ နယ်မြေရဲ့ တစ်လက်မတိုင်းကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်။ အခု အရှင် ဘယ်မှာလဲ။’

ရှမ့်လန်သည် နဂါးကို ရန်မြို့တော်အား ဖျက်ဆီးခွင့် ဘယ်တော့မှ ပေးမည် မဟုတ်ပေ။ အလားတူပင် တော်ဝင်ရန် ဧကရာဇ်သည်လည်း နဂါးကို ချန်မြို့တော်အား ဖျက်ဆီးခွင့် ပေးမည် မဟုတ်ပေ။ ရှမ့်လန်၌ နဂါးရှိသည်ကို တော်ဝင်ရန်အင်ပါယာ မသိရှိလျှင်ပင် ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။

ထို့ကြောင့် တော်ဝင်ရန်အင်ပါယာ ချန်မြို့တော်သို့ ရောက်ရှိလာခြင်းသည် တော်ဝင်ချန်အင်ပါယာကိုသာမက လောကပေါ်ရှိ အခြားနိုင်ငံများကိုပါ ဟန့်တားရန် ဖြစ်သည်။ သေချာသည်မှာ ချန်မြို့တော်ကို မဖျက်ဆီးခြင်းသည် သနားတတ်သော စိတ်ရှိသည်ဟု မဆိုလိုပေ။

အမှန်စင်စစ် နဂါး၏ မီးမှုတ်ထုတ်မှုပင် မလိုအပ်ပေ။ နဂါးသည် မီးတောက်များဖြင့် ချန်မြို့တော် အထက် မီတာ ၁,၀၀၀ အမြင့်မှ ပျံသန်းလိုက်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရှီလွန်အင်ပါယာတွင် နဂါးသည် ကောင်းကင်ယံကို ဖြတ်ပျံသွားချိန်မှာပင် မြေပြင်ပေါ်ရှိ သစ်ပင်များမှာ ချက်ချင်း မီးကျွမ်းသွားခဲ့ပြီး ကျောက်တုံးများပင်လျှင် နီရဲသွားခဲ့ရသည်။ နဂါးသည် ချန်မြို့တော် ကောင်းကင်ယံတွင် အကြိမ်အနည်းငယ် ဝဲပျံလိုက်ရုံဖြင့် မြို့၏ ထက်ဝက်ကို မီးလောင်ကျွမ်းစေနိုင်၏။

ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိသူများ အနေဖြင့် မြေအောက်ခန်းများတွင် ပုန်းအောင်းပြီး သီသီလေး လွတ်မြောက်နိုင်ပေလိမ့်မည်။ သာမန်ပြည်သူများမှာမူ ကံတရားကိုသာ ပုံချရတော့မှာဖြစ်ပြီး နဂါးကြီး သူတို့၏ ခေါင်းပေါ်မှ ဖြတ်မပျံပါစေနဲ့ဟု ဆုတောင်းရုံသာ ရှိတော့သည်။

ချန်မြို့တော်၏ နောက်ကျောဘက်တွင် မဟာချန်တောင်ဟု အမည်ရသော မြင့်မားသည့် တောင်ကြီးတစ်လုံး ရှိသည်။ နဂါးသည် ချန်မြို့တော်ကို ဝဲပျံပြီးနောက် မိုင်တစ်ရာ အကွာအဝေးရှိ မဟာချန်တောင်ဆီသို့ မီးမှုတ် ထုတ်ပေလိမ့်မည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ မြင့်သော တောင်ထိပ်သည် လုံးဝ ပျက်စီးသွားပေလိမ့်မည်။

မဟာချန်တောင်သည် တော်ဝင်ချန်အင်ပါယာ၏ အမျိုးသား အထိမ်းအမှတ်တောင် မဟုတ်သော်လည်း နီးစပ်မှု ရှိသည်။ တောင်ထိပ်၏ ထက်ဝက် ပျက်စီးသွားခြင်းသည် လောကကို တုန်လှုပ်စေရန် လုံလောက်ပေသည်။

ချန်မြို့တော်ကို သေစေလောက်သော ထိုးနှက်ချက် ပေးပြီးနောက် နဂါးသည် သူ၏ ခရီးစဉ်ကို ဆက်လက် ထွက်ခွာပြီး အရှေ့တိုင်းလောကရှိ နိုင်ငံများအထက်သို့ ပျံသန်းသွားပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာ ၏ ကျိမင်းဆက်သည် လောက၏ အုပ်စိုးသူအစစ် ဖြစ်ကြောင်း လောကတစ်ခုလုံးကို သိစေလိမ့်မည်။

လွန်ခဲ့သည့် ရက် ၂၀ က တော်ဝင်ရန်အင်ပါယာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြောင်း ကြားလိုက်ရသည့် အချိန်၌ ရှမ့်လန်သည် မကောင်းသော ခံစားချက် ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။ သူ၏ ယခင် တွက်ချက်မှုများ အရ တော်ဝင်ရန်အင်ပါယာသည် နောက်ထပ် ငါးလလောက်ကြာမှ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရမည်။

မင်းသမီးလေး ကျန်းနင်၏ တွက်ချက်မှုများသည် မှားယွင်းနိုင်စရာ မရှိပေ။ သူမ တွက်ချက်ထားသော ဖော်မြူလာများကိုလည်း ရှမ့်လန် မြင်တွေ့ခဲ့ဖူးသည်။ နဂါး၏ နှလုံးခုန်သံ ပြောင်းလဲမှုများအရ အနည်းဆုံး ငါးလခန့် ကျန်ရှိနေသေးသည်။

အင်ပါယာသည် အဘယ်ကြောင့် ကြိုတင်၍ ထွက်လာခဲ့သနည်း။ ထို့အပြင် ထွက်လာချိန်၌ တစ်ယောက်တည်း ဖြစ်နေသည်။ ကောင်းကင်ယံတွင် နဂါး မရှိပေ။ သို့သော်ငြား ရှမ့်လန်သည် ပေါ့ပေါ့ဆဆ မနေခဲ့ပေ။ သူသည် တန်ပြန် အစီအမံများကို ချက်ချင်း စဉ်းစားခဲ့၏။

ပထမဦးစွာ သူသည် ပျောက်ဆုံးအင်ပါယာ၏ နေဝင်ချိန် လက်နက်ရှိရာ နေရာကို သိရှိရန် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်ထံ သွားရောက်ခဲ့သည်။ သို့သော်ငြား ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် နေဝင်ချိန် လက်နက် မည်သည့်နေရာတွင် ရှိမှန်း သူမ အမှန်တကယ် မသိကြောင်း ကောင်းကင်နှင့်ပင်လယ်ကို တိုင်တည်၍ ကျိန်ဆိုခဲ့သည်။

ရှမ့်လန်သည် ပျောက်ဆုံး အင်ပါယာ၏ နဂါးသတ်လက်နက်ကို ရှာဖွေမည့် အကြံအစည်ကို ခေတ္တ ဘေးဖယ် ထားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အချိန်နှောင်းသွားပြီ ဖြစ်သောကြောင့်ပင်။ တော်ဝင်ရန်အင်ပါယာ သည် သူ၏ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လောကကို သေချာပေါက် တုန်လှုပ်စေ ပေလိမ့်မည်။ ဧရာမနဂါးကြီးသည် တော်ဝင်ချန်အင်ပါယာ အထက်မှ ပျံသန်းသွားရုံမျှဖြင့် ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေလိမ့်မည်။

သို့သော်ငြား ရှမ့်လန်သည် နောက်ဆုံးတိုက်ပွဲအတွက် အဆင်သင့် မဖြစ်သေးပေ။ တော်ဝင်ရန်အင်ပါယာ ၏ နဂါးသည် သေချာပေါက် ပိုမို အသက်ကြီးရင့်မည်ဖြစ်ပြီး အင်ပါယာ၏ နဂါးအပေါ် နားလည်သဘော ပေါက်မှုသည် ပိုမို နက်ရှိုင်းပေလိမ့်မည်။

သို့သော်ငြား တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးသည် တော်ဝင်ချန်အင်ပါယာ၏ နယ်မြေကို ကျူးကျော်လာပါက ရှမ့်လန် သေချာပေါက် လက်တုံ့ပြန်ရပေမည်။ တော်ဝင်ချန်အင်ပါယာ၏ ပြည်သူများ အတွက်မူ ရှမ့်လန်၏နဂါး ပေါ်လာသရွေ့ လောကကြီး တုန်လှုပ်သွားမည်ဖြစ်ပြီး လူထုသည်လည်း ရူးသွပ်သွားကြ ပေလိမ့်မည်။

ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားလျှင်ပင် ကိစ္စမရှိပေ။ သို့သော်ငြား ရှမ့်လန်အတွက်မူ နိုင်မှ ဖြစ်မည်၊ ရှုံး၍ မဖြစ်ပေ။ သို့သော်ငြား သူသည် ပျောက်ဆုံး အင်ပါယာ၏ နဂါးသတ်လက်နက်ကို မရရှိခဲ့ပေ။

သူ ဘာလုပ်သင့်သနည်း။

ရှမ့်လန်သည် နည်းလမ်းများစွာကို စဉ်းစားခဲ့ပြီး နဂါးနောင်တအတုအချို့ကိုပင် တစ်ညတည်းနှင့် ပြုပြင် မွမ်းမံခဲ့သည်။ ဤကဲ့သို့သော နဂါးနောင်တ အတုများသည်လည်း ပေါက်ကွဲနိုင်သော်လည်း အစစ်အမှန်လောက် စွမ်းအားမကြီးပေ။ အရေးအကြီးဆုံးမှာ ၎င်းတို့ထဲတွင် ယူရေနီယမ်များ ဖြည့်သွင်းထားခြင်း ဖြစ်သည်။

ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ညစ်ညမ်းဗုံးအချို့ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ သို့သော်ငြား ဤအရာများသည် ညစ်ညမ်းမှု လွန်ကဲလွန်းလှသည်။ လုံးဝ မဖြစ်မနေ လိုအပ်သည်မဟုတ်ပါက ရှမ့်လန်သည် ထိုအရာတို့ကို အသုံးမပြုချင်ပေ။

နောက်ဆုံးတွင် ရှမ့်လန်၏အကြည့်သည် အခြားပစ္စည်းတစ်ခုထံသို့ ကျရောက်သွားခဲ့သည်။ ၎င်းမှာ ငရဲဝိညာဉ်ပုလဲ ဖြစ်သည်။ ဧရာမနဂါးကြီးကပင် ငရဲဝိညာဉ်ပုလဲနှင့် ပတ်သက်ပြီး နေရထိုင်ရ ခက်ခဲကြောင်း ရှမ့်လန်ကို ရှင်းလင်းစွာ ပြောပြဖူး၏။

၎င်းတို့သည် အပြန်အလှန် အားပေးပြီး အပြန်အလှန် ဟန့်တားနေကြသကဲ့သို့ ဖြစ်နေသည်။ ငရဲဝိညာဉ်ပုလဲထဲရှိ သရဲတစ္ဆေ ထောင်ပေါင်းများစွာသည် ဘာမှ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ၎င်းသည် ငရဲသလင်းကျောက်၏ ထုတ်ကုန်တစ်ခု ဖြစ်နေခြင်းပင်။ ထိုအရာသည် ချော်ရည်ပင်လယ် တစ်ခုလုံးကို အေးခဲသွားစေနိုင်စွမ်း ရှိသည်။

မီးလျှံမြို့တော်ရှိ ချော်ရည်ပင်လယ်၏ မီးစွမ်းအင်သည် အိုလံပစ်တောင်ထက် များစွာ သာလွန်သည်။ ကြောက်မက်ဖွယ် အကောင်းဆုံး အချက်မှာ မြောက်ဘက်စွန်း တိုက်ကြီး၏ အေးခဲမှုသည် ငရဲသလင်းကျောက်နှင့် သက်ဆိုင်နေပုံပေါ်ခြင်းပင်။

သေချာသည်မှာ မြောက်ဘက်စွန်းတိုက်ကြီးရှိ ငရဲသလင်းကျောက်၏ အဆင့်အတန်းသည် ပိုမို မြင့်မားပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ တော်ဝင်ရန်အင်ပါယာ၏ နဂါးနှင့် ရှမ့်လန်၏ နဂါး နှစ်ကောင်စလုံးသည် မီးကို ကိုယ်စားပြုကြ၏။

ငရဲဝိညာဉ်ပုလဲသည် ရေခဲစွမ်းအားကို ကိုယ်စားပြုသည်။ ထို့ကြောင့် ငရဲဝိညာဉ်ပုလဲသည် ဧရာမနဂါးကြီးကို ဆန့်ကျင်ရာတွင် အလွန် အစွမ်းထက်သည်။ သို့သော်ငြား သူသည် ထိုအရာ၏စွမ်းအားကို မည်သို့ ထုတ်လွှတ်မည်နည်း။ သူသည် ထိုအရာကို လက်နက်တစ်ခုအဖြစ် အသုံးပြုပြီး တော်ဝင်ရန်အင်ပါယာ ၏ ဧရာမနဂါးကြီး ပါးစပ်ထဲသို့ ပစ်ထည့်၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤကာလအတွင်း ရှမ့်လန်သည် စက္ကန့်တိုင်းကို တန်ဖိုးထားပြီး ဤမေးခွန်းကို နှလုံးသွင်းကာ အသည်းအသန် စဉ်းစားခဲ့သည်။ သူသည် ငရဲဝိညာဉ်ပုလဲကို နဂါးဓားပေါ်တွင် မြှုပ်နှံပြီး စွမ်းအင်ဝဲကတော့ကို ထုတ်လွှတ်ရန် ကြိုးစားခဲ့သည်။

သူ၏ စိတ်ကူးသည် ရယ်စရာ ကောင်းလှသည်။ ဂိမ်းကစားနေသည်ဟု ထင်နေသည်လား။ လက်နက်အပေါ်တွင် ကျောက်မျက်ရတနာများကို မည်သို့ မြှုပ်နှံနိုင်မည်နည်း။ အရေးအကြီးဆုံးမှာ ရှမ့်လန်၏ စွမ်းအင် အရင်းအမြစ် သည် နဂါးနှလုံးသားဖြစ်ပြီး သူ၏ လက်နက်သည် နဂါးဓား ဖြစ်သည်။ နှစ်ခုစလုံးသည် နဂါးများနှင့် သက်ဆိုင် နေသောကြောင့် ငရဲဝိညာဉ်ပုလဲကို တွန်းလှန်ပေမည်။ အတူတကွ အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။

သို့သော်ငြား အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ငရဲဝိညာဉ်ပုလဲနှင့် နဂါးနှလုံးသားသည် တစ်ခုနှင့်တစ်ခု မတွန်းလှန်ကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ ထူးဆန်းနေသည်။ သူ၏ နဂါးနှလုံးသားတွင် တိကျသော ဂုဏ်သတ္တိမျိုး မရှိပေ။

သူ၏ စိတ်ကူးသည် အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။ ငရဲဝိညာဉ်ပုလဲကို နဂါးဓားပေါ်တွင် အမှန်တကယ် တွဲချိတ်၍ ရနိုင်သည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် ထွက်ပေါ်လာသော စွမ်းအင်ဝဲကတော့သည် အမှန်တကယ် ပြောင်းလဲသွားပြီး ငရဲဝိညာဉ်ပုလဲ၏ စွမ်းအင်များ ယိုစိမ့်ဝင်ရောက်လာခဲ့သည်။

သို့သော်ငြား ရှမ့်လန် မစမ်းသပ်ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်ကို အာရုံခံမိသောကြောင့် ဖြစ်၏။ ငရဲဝိညာဉ်ပုလဲ၏ စွမ်းအင်သည် ဂနာမငြိမ် ဖြစ်နေပြီး ရှမ့်လန်ကို ဆွဲဆောင်ရန် ကြိုးစားနေသကဲ့သို့ ရှိသည်။ တိုက်ခိုက်ရန် စွမ်းအင်ဝဲကတော့ကို စုစည်းသည့်အခါ မရေမတွက်နိုင်သော စွမ်းအင်များကို ဝဲကတော့ တစ်ခုလုံးထဲသို့ ထည့်သွင်းရန် အားကောင်းသော စိတ်စွမ်းအား လိုအပ်၏။

ဤအချိန်၌ သူ၏ ဝိညာဉ်သည် လုံးဝ ပါဝင်ပတ်သက်နေရသည်။ စွမ်းအင်ဝဲကတော့ကို စုစည်းပြီး သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်တော့မည့်ဆဲဆဲတွင် ငရဲဝိညာဉ်ပုလဲထဲမှ ထူးဆန်းသော စိတ်စွမ်းအားသည် ရှမ့်လန်၏ စိတ်ထဲသို့ ဝင်ရောက်ရန် အမှန်တကယ် ကြိုးစားခဲ့သည်။

ဤအရာသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် အကျိုးဆက် မည်သို့ ဖြစ်လာမည်ကို သူ မသိသောကြောင့် ဖြစ်၏။ ဤအရာသည် ပင်ကိုယ်သဘောသဘာဝအရ မကောင်းဆိုးဝါး ဖြစ်သည်ဟု ရှမ့်လန် ခံစားမိသည်။ ထိုသို့မဟုတ်ပါက ချော်ရည်ပင်လယ် တစ်ခုလုံးကို အေးခဲသွားစေမည် မဟုတ်သလို မြောက်ဘက်စွန်း တိုက်ကြီးကိုလည်း လုံးဝ ဖျက်ဆီးပစ်မည် မဟုတ်ပေ။

သို့သော်ငြား တစ်ခါတစ်ရံတွင် အခြေအနေသည် လူတို့ကို ရွေးချယ်စရာ မရှိအောင် ဖန်တီးတတ်သည်။ အင်ပါယာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး လဝက်ခန့် အကြာတွင် ဧရာမနဂါးကြီးသည် ကောင်းကင်ယံသို့ ပျံတက် သွားခဲ့၏။

ထိုအချိန်၌ ရှမ့်လန် အနေဖြင့် စဉ်းစားရန် အချိန်သိပ်မကျန်တော့ကြောင်း သိလိုက်ရသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ဧရာမနဂါးကြီး တောင်ဘက်သို့ ဆင်းသက်လာရန် အချိန် သိပ်မလိုတော့ပေ။

ဤသည်မှာ တော်ဝင်ချန်အင်ပါယာအတွက် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အချိန်အခါ ဖြစ်သည်။

တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးသည် တော်ဝင်ချန်အင်ပါယာ၏ နယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များကို ထိန်းချုပ်ထားခြင်း မရှိတော့ပေ။ မူလက မဲနက်နေသော နဂါးအကြေးခွံများသည် ပိုမို နီရဲလာပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များသည် ပိုမို ပူပြင်းလာခဲ့သည်။ သူက မီတာ တစ်သောင်း အမြင့်မှ ပျံသန်းနေသော်လည်း ဖြတ်တိုက်လာသော ဟာရီကိန်းမုန်တိုင်းသည် ပူလောင်နေဆဲ ဖြစ်၏။

ဧရာမနဂါးကြီး ဖြတ်သန်းသွားရာ နေရာတိုင်း၌ စိမ်းလန်းသော သစ်ပင်များ အားလုံး ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရသည်။

သူ၏ လမ်းကြောင်းပေါ်ရှိ လူများသည် ပူပြင်းသော အပူရှိန်ကြောင့် အသက်ရှူကျပ်လုမတတ် ဖြစ်ခဲ့ရပြီး သတိလစ် မေ့မြောလုနီးပါး ဖြစ်ခဲ့ကြရသည်။ ဤသည်မှာ အမှန်တကယ်ပင် လောကဖျက်မည့် သတ္တဝါကြီးတစ်ကောင် ဖြစ်၏။

All Chapters