အခန်း (၁၂၅၇-၁၂၅၈)
Vol. 72 Ch. 1257-1258
အပိုင်း (၁၂၅၇)
ထိုကဲ့သို့ပင် တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးသည် ပို၍ ပို၍ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် တစ်စက္ကန့်လျှင် မီတာ တစ်ထောင်နှုန်းဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ နယ်စပ်မှ ကီလိုမီတာ နှစ်ထောင်ကျော် ဝေးသော ချန်မြို့တော်သို့ ရောက်ရှိရန် မိနစ် နှစ်ဆယ်ပင် မကြာလိုက်ပေ။
အလွန် ဝေးကွာသော နေရာတွင် ရှိနေစဉ်ကပင် ချန်မြို့တော်သားများသည် ကောင်းကင်ယံ၌ ပျံသန်းလာသော ဧရာမ မီးနဂါးကြီးကို မြင်တွေ့နေကြရပြီ ဖြစ်သည်။ သူတို့သည် အဆုံးအစမဲ့သော စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
မရေမတွက်နိုင်သော လူများသည် လွန်ခဲ့သည့် အချိန်တည်းက ချန်မြို့တော်နှင့် တော်ဝင်ချန်အင်ပါယာမှ ထွက်မပြေးခဲ့မိသည့် အတွက် နောင်တရနေကြပြီ ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ယနေ့တွင် သုတ်သင်ခံရမည် မဟုတ်ပေ။
တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီး ချန်မြို့တော်သို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် သေချာပေါက် မီးတောက်များဖြင့် ဝါးမျိုခံရပေလိမ့်မည်။ မရေမတွက်နိုင်သော လူများသည် ပြာအဖြစ် ပြောင်းလဲသွားကြမည် ဖြစ်ပြီး သင်္ချိုင်းဂူမရှိဘဲ သေဆုံးကြရပေလိမ့်မည်။
‘အရှင် ရှမ့်လန်... အရှင်က အတိတ်တုန်းက အံ့ဖွယ်ရာတွေ အများကြီး ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ကျုပ်တို့က အရှင့်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပြီး ချန်မြို့တော်မှာ နေခဲ့ကြတာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရှင့်ရဲ့ အံ့ဖွယ်ရာတွေက အလုပ်မဖြစ်တော့ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တော်ဝင်ရန်အင်ပါယာ ရဲ့ ဧရာမနဂါးကြီးက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ရဲ့ ဖျက်ဆီးမှုကို ဘယ်အရာက တားဆီးနိုင်မလဲ ကျုပ်တို့ စဉ်းစားလို့ မရတော့ဘူး။’
တော်ဝင်ချန် နန်းတော်အတွင်း၌ မင်းသားကျင်း၊ စုနန်၊ ရင်ဝူချန်၊ ကျောက်လင်နှင့် အခြားသူများသည် မြောက်ဘက်မှ ပျံသန်းလာသော တော်ဝင်ရန်အင်ပါယာ ၏ ဧရာမနဂါးကြီးကို မော့ကြည့်လိုက်ကြသည်။ ရင်ဝူချန်နှင့် ကျောက်လင်တို့ တုန်ယင်နေကြသည်။ သူတို့ မတ်တပ်ပင် နိုင်အောင် မရပ်နိုင်ကြတော့ပေ။
ဘေးနားရှိ စုနန်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်၏။ “သခင်ကြီးကျောက်လင်၊ သခင်လေးရင်... အခု ခင်ဗျားတို့ ဘက်ပြောင်းဖို့ အချိန်နှောင်းသွားပြီ ထင်တယ်။ တော်ဝင်ရန်အင်ပါယာရဲ့ ဧရာမနဂါးကြီးက သူ့အမျိုးဆိုပြီး ဂရုစိုက်မှာ မဟုတ်ဘူး။ သူက ဖျက်ဆီးတိုက်ခိုက်မှု စတင်လိုက်တာနဲ့ ဘာမှ မကျန်တော့အောင် တိုက်ခိုက်မှာပဲ။”
ရင်ဝူချန်က တုန်ယင်နေသော အသံဖြင့် ပြန်ပြောသည်။ “သခင်ကြီးစုနန်... ခင်ဗျား နောက်နေတာ ဖြစ်ရမယ်။”
ကျောက်လင်သည် အစပထမတွင် ကြောက်လန့်တကြား ဖြစ်နေခဲ့ပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့သည်။ သို့သော်ငြား သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။ အသက်ရှင်ရပ်တည်နိုင်ရန် သူသည် တော်ဝင်ရန်ဧကရာဇ်၏ အမိန့်ကို မီးရှို့ခဲ့ပြီး မင်းသားလျန်၏ မျက်နှာကို တံတွေးနှင့် ထွေးခဲ့သည်။ သူ တော်ဝင်ရန်အင်ပါယာကို လက်နက်ချ အညံ့ခံလျှင်ပင် အသက်ရှင်ခွင့် ရမည် မဟုတ်ပေ။
သို့သော်ငြား သူသည် တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးကို ခုခံနိုင်မည့် မျှော်လင့်ချက်မျိုး ထားရှိရန် မဝံ့ရဲခဲ့ပေ။ ထို့ကြောင့် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
‘ကျုပ်က သစ္စာရှိတဲ့ အရာရှိတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတာ မဟုတ်ပေမဲ့ ချန်မြို့တော်နဲ့အတူ ပျက်စီးသွားပါစေတော့။ ဘာကိုမှ စိုးရွံ့မနေတော့ဘူး။’
သို့သော်ငြား စုနန် နောက်ပြောင်နေသည်ကို ကြားလိုက်ရချိန်မှာတော့ သူ ချက်ချင်းပဲ မျှော်လင့်ချက် ရောင်ခြည်သန်း လာခဲ့၏။ ‘မင်းသားကျင်းနဲ့ စုနန်က ဒီလောက်ထိ ပေါ့ပေါ့ပါးပါး ဖြစ်နေကြတာလား။ သူတို့ လျှို့ဝှက်ချက် တစ်ခုခု သိနေတာပဲ ဖြစ်ရမယ်။ အရှင်ရှမ့်လန်က ချန်မြို့တော်ကို ကယ်တင်နိုင်မလား။ အရှင် ရှမ့်လန်မှာ ဧရာမနဂါးကြီးကို ခုခံနိုင်မယ့် နည်းလမ်း ရှိနေသလား။ အဲဒါပဲ ဖြစ်ရမယ်။ အဲဒါပဲ ဖြစ်ရမယ်။’
သို့သော်ငြား ကျောက်လင် မည်မျှ ခေါင်းခြောက်အောင် စဉ်းစားပါစေ၊ ရှမ့်လန် မည်သို့ လုပ်ဆောင်မည်ကို စဉ်းစား၍ မရနိုင်ပေ။ နဂါးသည် ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသော အဆုံးစွန်အင်အား၊ ပျက်သုဉ်းခြင်းသားရဲ ဖြစ်သည် မဟုတ်ပါလား။ သို့သော်ငြား ကျောက်လင်၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု လျင်မြန်စွာ ပေါ်လာခဲ့သည်။
‘ကျုပ် စဉ်းစားလို့ မရတာ ပုံမှန်ပါပဲ။ ကျုပ်သာ စဉ်းစားလို့ ရရင် အဲဒါ အံ့ဖွယ်ရာ ဖြစ်ပါအုံးမလား။’
မင်းသားကျင်းက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။ “သွားကြစို့။ ကျုပ်တို့ အလုပ်ဆက်လုပ်ကြမယ်။ ကျုပ်တို့ အရမ်း အလုပ်များနေတယ်။”
ထို့နောက် သူ နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်၌ တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီးသည် ချန်မြို့တော်နှင့် ပို၍ ပို၍ နီးကပ်လာခဲ့သည်။ မိုးကုပ်စက်ဝိုင်း တစ်ခုလုံး မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ အရောင်အဝါသည် အခြားသော နေမင်းကြီး တစ်စင်းနှင့် တူလုနီးပါး ဖြစ်နေ၏။
ချန်မြို့တော်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ အပူချိန်နှင့် ပျက်သုဉ်းခြင်း အငွေ့အသက်ကို ခံစားနေကြရသည်။ မကြာမီမှာပင် ချန်မြို့တော်၏ မြေပြင်သည် စတင် တုန်ခါလာခဲ့သည်။ အဆောက်အအုံ အားလုံး စတင် တုန်ခါလာခဲ့သည်။ တော်ဝင်ရန်အင်ပါယာ၏ ဧရာမနဂါးကြီး ကိုယ်ပေါ်ရှိ မီးတောက်များသည် ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း အဆုံးစွန်အင်အားပင်ဖြစ်သည်။ မရောက်လာမီကပင် ပျက်သုဉ်းခြင်း အငွေ့အသက် သည် ချန်မြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
မရေမတွက်နိုင်သော လူများသည် နောက်ဆုံး၌ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ကြသည်။ သူတို့သည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ကြပြီး သေခြင်းတရားနှင့် ပျက်သုဉ်းခြင်းကို စောင့်ဆိုင်း နေလိုက်ကြသည်။
နောက်ဆုံးတွင်မူ လူအချို့၏ စိတ်သည် ရုတ်တရက် ကြည်လင်လာခဲ့၏။ ‘အရှင် ရှမ့်လန်... ကျုပ်တို့ အရှင့်ကို အပြစ်မတင်ပါဘူး။ ဒါက ကျုပ်တို့ရဲ့ ရွေးချယ်မှုပါပဲ။ အရာအားလုံးက ကံစီမံရာပါပဲ။ သူတို့က ကျုပ်တို့ကို ချန်မြို့တော်နဲ့အတူ မြေမြှုပ်ချင်မှတော့ အတူတူ မြေမြှုပ်ခံလိုက်ကြတာပေါ့။’
ချန်မြို့တော်သည် နှစ်ပေါင်း ရာနှင့်ချီ၍ ဂုဏ်ယူဝင့်ကြွားခဲ့သော မြို့ကြီးတစ်မြို့ ဖြစ်သည်။ အကယ်၍ မြို့တော် ပျက်စီးသွားသည့်အချိန် အတူလိုက်ပါမည့်သူ မရှိလျှင် အလွန် အထီးကျန်နေမည် မဟုတ်ပါလား။ ပြာအဖြစ် ပြောင်းလဲသွားခြင်းသည် အလွန်အမင်း နာကျင်မှုမျိုး ရှိမည်မဟုတ်ပေ။ လျင်မြန်စွာ ပြီးဆုံးသွားပေလိမ့်မည်။
ထိုအခိုက်အတန့်၌ ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ “ကြည့်စမ်း။ ကြည့်စမ်း။ အရှေ့ဘက်ကို ကြည့်လိုက်။ အဲဒါ ဘာကြီးလဲ။ နောက်ထပ်။ နောက်ထပ် နဂါးတစ်ကောင်လား။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ကျုပ်ပါးကို ရိုက်ပေးနိုင်မလား။ ကျုပ် မျက်စိမှားနေတာ ဖြစ်ရမယ်။ ကျုပ် စိတ်ကူးယဉ်နေတာ ဖြစ်ရမယ်။ နောက်ထပ် နဂါးတစ်ကောင်က ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။”
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းသော်လည်း မည်သူမှ သူ့ကို ပါးလာမရိုက်ကြပေ။ ထို့ကြောင့် သူက မိမိပါးကို မိမိ ပြန်ရိုက်လိုက်၏။
သို့သော်ငြား အရှေ့ဘက်မှ ပျံသန်းလာသော နဂါးကြီးသည် ပျောက်ကွယ်မသွားခဲ့ပေ။ ထို့အစား ၎င်းသည် ပို၍ ပီပြင်လာပြီး ကြီးမားလာခဲ့သည်။ သူ တစ်ယောက်တည်း မြင်နေရခြင်း မဟုတ်ပေ။ လူတိုင်းလည်း မြင်တွေ့နေကြရသည်။ နောက်ထပ် ဧရာမနဂါးကြီးတစ်ကောင် အရှေ့ဘက်မှ လာနေသည်။
လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့ မြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေကြသည်။ အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က တိုးညင်းစွာ မေးလိုက်၏။ “အဲဒါ တော်ဝင်ချန်အင်ပါယာရဲ့ နဂါးကြီးလား။ အရှင်ရှမ့်လန်မှာလည်း နဂါးရှိတယ်ပေါ့။ ဘယ်တုန်းက ဖြစ်သွားတာလဲ။ ဘာလို့ ကျုပ် မသိရတာလဲ။”
ထိုအရာက အရှင်ရှမ့်လန်၏ နဂါး ဟုတ်ပါသလား။ သူတို့ မယုံကြည်နိုင်ကြပေ။ တော်ဝင်ရန်အင်ပါယာမှာ နဂါးရှိသလို တော်ဝင်ချန်အင်ပါယာမှာလည်း နဂါးတစ်ကောင် ရှိနေသည်လား။ သို့မဟုတ် တော်ဝင်ရန်အင်ပါယာ မှာ နဂါးနှစ်ကောင် ရှိပြီး ချန်မြို့တော်ကို အရှေ့ဘက်နှင့် မြောက်ဘက်ကနေ တိုက်ခိုက်နေသည်များလား။
သို့သော်ငြား ဤအချိန်၌ တော်ဝင်ချန်နန်းတော်မှ စစ်သည်ထောင်ပေါင်းများစွာသည် အသံလှိုင်းသားရဲများနှင့် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး အော်ဟစ်လိုက်ကြသည်။
“အရှင်ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ချန်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”
ဤအချိန်၌ လူတိုင်း သေချာသွားကြသည်။ ဤနဂါးသည် တော်ဝင်ချန်အင်ပါယာ၏ နဂါးအစစ် ဖြစ်သည်။ အရှင် ရှမ့်လန် တကယ် ရောက်လာခဲ့သည်။ ထို့အပြင် သူသည် နဂါးကို စီးနင်းလျက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ကြွားလုံးထုတ်မှုသည် နောက်တစ်ကြိမ် အမှန်တကယ် ဖြစ်လာခဲ့ပြန်၏။ သူက ချန်မြို့တော်ကို ကယ်တင်မည်ဟု ပြောခဲ့ပြီး တကယ် ရောက်လာခဲ့၏။
ထို့နောက် ပို၍ များပြားသော လူများသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။ “တော်ဝင်ချန်အင်ပါယာ ... အရှင်ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။”
လူပေါင်း သောင်းချီ၊ သိန်းချီနှင့် နောက်ဆုံးတွင် သိန်းပေါင်းများစွာသော လူများသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။ ဤအချိန်၌ သူတို့၏ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှု၊ ရူးသွပ်မှု၊ ဂုဏ်ယူမှုနှင့် ဂုဏ်သိက္ခာတို့ကို မည်သည့် စကားလုံးဖြင့်မှ ဖော်ပြ၍ မရနိုင်ပေ။
‘တော်ဝင်ရန်အင်ပါယာမှာ နဂါးတွေ ရှိသလို တော်ဝင်ချန်အင်ပါယာမှာလည်း ရှိတာပါပဲ။ ဒါဆိုရင် အရှင် ရှမ့်လန်ကလည်း ကံကြမ္မာရဲ့ အရှင်သခင်ပဲ မဟုတ်လား။’
ကျောက်လင်နှင့် ရင်ဝူချန်တို့သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူတို့သည် နန်းတော်ထဲမှ နောက်တစ်ကြိမ် ပြေးထွက်လာခဲ့ကြသည်။ ထို့နောက် အရှေ့ဘက်မှ ပျံသန်းလာသော ဧရာမနဂါးကြီးကို မြင်တွေ့ လိုက်ကြရသည်။ ရုတ်ခြည်းပင် ကျောက်လင်၏ မျက်ရည်များ ပန်းထွက်လာခဲ့သည်။ သူသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး အော်ဟစ်ငိုကြွေးလိုက်သည်။
“အရှင်... ကျုပ်ရဲ့အရှင်က ကံကြမ္မာရဲ့ အရှင်သခင်ပါပဲ။ ကျုပ်ရဲ့ ဧကရာဇ်ရှမ့်လန်က ကံကြမ္မာရဲ့ အရှင်သခင် အစစ်ပါပဲ။”
ဘေးနားရှိလူများက ကျောက်လင်ကို ရုတ်တရက် ကြည့်လိုက်ကြ၏။ ‘ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းနေပြီ။’
သို့သော်ငြား အမှန်တကယ်တော့ ကျောက်လင်သည် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် ရင်ထဲမှ လာသော စကားများကို ပြောဆိုနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်အပေါ် သစ္စာစောင့်သိခြင်းမှတပါး သူ့တွင် အခြား ရွေးချယ်စရာ မရှိသောကြောင့်ပင်။ ယခု ရှမ့်လန် နဂါးစီးပြီး ရောက်လာပြီဖြစ်ရာ သူ၏ ရွေးချယ်မှု မှန်ကန်ကြောင်း သက်သေပြလိုက်ခြင်းပင်။ သူ၏ မိသားစု ဆက်လက် ရှင်သန်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့အပြင် ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ ပြာဖြစ်သွားပြီး ချန်မြို့တော်နှင့်အတူ ပျက်စီးသွားလျှင်ပင် ကိစ္စမရှိဟု ကျောက်လင် ခံစားမိသည်။ သူသည် အသက် ၈၀ ကျော်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့်အချိန်က သူသည် သူ၏ မြေးများကို နုရှောင့်မြို့သို့ ပညာသင်ကြားရန် မျက်နှာပြောင်တိုက်ပြီး ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ ဧရာမနဂါးကြီးများ၏ တိုက်ပွဲတွင် အရှင်ရှမ့်လန် ရှုံးနိမ့်သွားလျှင်ပင် ကိစ္စမရှိဟု သူ ခံစားမိ၏။
မဟုတ်ပေ။ အရှင်ရှမ့်လန် နဂါးပေါ်တွင် ကိုယ်ထင်ပြပြီး ချက်ချင်း ဆုတ်ခွာသွားလျှင်ပင် ကိစ္စမရှိပေ။ ချန်မြို့တော် ပျက်စီးသွားလျှင်လည်း ကိစ္စမရှိပေ။ လူတိုင်း အရှင်ရှမ့်လန်၏ နဂါးကို မြင်တွေ့လိုက်ရသရွေ့ တော်ဝင်ချန် အင်ပါယာအတွက် မျှော်လင့်ချက် ရှိနေမည် ဖြစ်သည်။ ကျောက်လင်၏ မိသားစု သုတ်သင်ခံရမည် မဟုတ်ပေ။
ဤသည်မှာ ကျောက်လင်၏ အတွေးသက်သက် မဟုတ်ပေ။ ချန်မြို့တော်ရှိ မရေမတွက်နိုင်သော လူများသည်လည်း ဤအတိုင်း တွေးတောနေကြသည်။ ဤကဲ့သို့ ပျက်သုဉ်းတော့မည့် အရေးကြီးသောအချိန်တွင် လူအချို့သည် သဘာဝကျစွာပင် လောကပျက်မည့်အရေးကို တွေးပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သို့သော်ငြား ယခုအားလုံး စိတ်ကျေနပ်သွားကြသည်။
ရှမ့်လန် နဂါးပေါ်တွင် ပေါ်လာချိန်မှာတော့ လူများစွာသည် ပျော်ရွှင်သွားကြ၏။
‘အရှင်ရှမ့်လန်က ချန်မြို့တော်ကို စွန့်ပစ်မသွားခဲ့ဘူး။ တို့ကို ကယ်တင်ဖို့ တကယ် ရောက်လာခဲ့တယ်။ ဒါဆိုရင် လုံလောက်ပါပြီ။ ဒါဆိုရင် လုံလောက်ပါပြီ။
ကျုပ်တို့က မူလက ချန်မြို့တော်ရဲ့ အောက်ဆုံးအလွှာ နိုင်ငံသားတွေပါ။ ကျုပ်တို့ စိတ်ပျက်အားငယ် နေခဲ့ကြပြီးပြီ။ အခု အရှင်ရှမ့်လန်က ကျုပ်တို့ကို ကယ်တင်ဖို့ ရောက်လာပြီ ဆိုတော့ ကျုပ်တို့လို နိမ့်ကျတဲ့ သာမန်ပြည်သူတွေကို သူ ဂရုစိုက်နေတုန်းပဲ ဆိုတာ ပြသနေတာပါပဲ။ ကျုပ်တို့ ပြာဖြစ်သွားရင်တောင် နောင်တရစရာ မရှိတော့ဘူး။’
လူအချို့ကမူ အရှင်ရှမ့်လန် အနေဖြင့် နဂါးစီးပြီး ချက်ချင်း ထွက်ခွာသွားသင့်ကြောင်း၊ အန္တရာယ်တွင်းထဲသို့ မဆင်းသင့်ကြောင်းပင် ခံစားမိကြသည်။ ရှမ့်လန်သည် နဂါးစီးပြီး ချန်မြို့တော် ကောင်းကင်ယံထက်တွင် ပေါ်လာသည့် အခိုက်အတန့်မှစ၍ သိန်းပေါင်းများစွာသော လူထု၏ သစ္စာစောင့်သိမှုနှင့် ကိုးကွယ်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။
ထို့အပြင် ဤသစ္စာစောင့်သိမှုမျိုးသည် ထာဝရနီးပါး ခိုင်မြဲပေလိမ့်မည်။ ယခုအချိန်မှစ၍ ချန်မြို့တော်တွင် ကျန်ရစ်သော လူပေါင်းသိန်းချီသည် ထျန်းရွဲ့မြို့နှင့် ချောင်ပြည်နယ်မှ နိုင်ငံသားများကဲ့သို့ ဖြစ်လာကြပေ လိမ့်မည်။ သူတို့သည် တော်ဝင်ချန်အင်ပါယာအပေါ် အလွန်အမင်း သစ္စာစောင့်သိကြပေလိမ့်မည်။
တော်ဝင်ရန်အင်ပါယာ၏ နဂါးသည် ရှမ့်လန်၏ နဂါးကို သတိပြုမိလိုက်ချိန်မှာတော့ ချက်ချင်း ရပ်တန့် သွားခဲ့သည်။ နဂါးနှစ်ကောင်သည် မိုင်ရာပေါင်းများစွာ အကွာအဝေးမှ တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြ၏။
ရာစုနှစ်၏ အလင်းရောင်ကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။ ကျန်းမျိုးနွယ်နှင့် ကျိမျိုးနွယ်ကြားတွင် တစ်ဦးတည်းသာလျှင် အရှေ့တိုင်း၏ အုပ်စိုးသူ ဖြစ်လာနိုင်ပေမည်။ ဤနဂါးနှစ်ကောင်၏ အကြည့်များသည် တူညီနေကြသည်။ အရှေ့တိုင်းတစ်ခုလုံးတွင် နဂါးတစ်ကောင်တည်းသာ ကောင်းကင်ယံကို စိုးမိုးနိုင်ပေမည်။
ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တော်ဝင်ရန်အင်ပါယာရဲ့ နဂါးကြီး... ကျုပ်တို့ ပင်လယ်ပြင်ထက်မှာ တိုက်ခိုက်ကြမလား။”
အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက် ကိရိယာကို အသုံးပြုထားသောကြောင့် ရှမ့်လန်၏အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။ နဂါးနှစ်ကောင်၏တိုက်ပွဲသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။ လုံးဝ စိတ်ကူးကြည့်၍ မရနိုင်ပေ။
သို့သော်ငြား သေချာသော အချက်တစ်ချက် ရှိသည်။ တိုက်ပွဲနယ်မြေ အတွင်းရှိ မြို့အားလုံးနှင့် အရာအားလုံး သည် ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ နဂါးများက တိုက်ရိုက် ဖျက်ဆီးပစ်သည်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
အကယ်၍ သူတို့ ချန်မြို့တော် ကောင်းကင်ယံတွင် တိုက်ခိုက်ပါက ချန်မြို့တော်တစ်ခုလုံး အန္တရာယ် ကျရောက်ပေလိမ့်မည်။
ပြောပြီးသည်နှင့် ရှမ့်လန်သည် နဂါးကို စီးနင်းလျက် အရှေ့ဘက်သို့ ပျံသန်းသွားခဲ့ သည်။ ခဏအကြာတွင် တော်ဝင်ရန်အင်ပါယာ၏ နဂါးသည်လည်း သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ချန်မြို့တော်သားများနှင့် တော်ဝင်ရန်အင်ပါယာ ၏ နိုင်ငံသားများသည် ရုတ်တရက် သူတို့၏ ကြောက်ရွံ့မှုကို မေ့လျော့သွားကြပြီး အရှေ့ဘက်သို့ အမှန်တကယ် ပြေးလိုက်သွား ကြ၏။
သူတို့ မကူညီနိုင်သော်လည်း အရှင်ရှမ့်လန်အတွက် အားပေးနိုင်သည် မဟုတ်ပါလား။ အရေးကြီးသော အချိန်တွင် ယဇ်ကောင်များအဖြစ်ပင် ပူဇော်ပေးနိုင်သည်။ သို့သော်ငြား ဤအရာသည် အဆင်ခြင်မဲ့သော စိတ်ကူးယဉ်မှုမျိုး ပင်။ အဘယ်သို့ လိုက်မီမည်နည်း။
နဂါးတစ်ကောင်သည် မည်မျှ လျင်မြန်စွာ ပျံသန်းနိုင်သနည်း။
ရှမ့်လန်၏နဂါးသည် မီတာသောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိမ်တိုက်များ အထက်တွင် ပုန်းအောင်းလိုက်သည်။ တော်ဝင်ရန်အင်ပါယာ၏ နဂါးသည်လည်း မီတာသောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
နဂါးနှစ်ကောင်သည် ပို၍ ပို၍ လျင်မြန်စွာ ပျံသန်းသွားကြသည်။ ချန်မြို့တော်သည် ပင်လယ်နှင့် မိုင်ပေါင်း တစ်သောင်းကျော် ဝေးကွာသည်။ နှစ်နာရီ မပြည့်မီတွင် သူတို့ ထိုနေရာသို့ ရောက်ရှိသွားကြသည်။ သို့သော်ငြား လုံလောက်အောင် မဝေးသေးပေ။
ရှမ့်လန်သည် အရှေ့ဘက်သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ အရှေ့ဘက် တိုက်ကြီးနှင့် မိုင်ပေါင်း နှစ်ထောင် ကွာဝေးသောနေရာသို့ ရောက်မှသာ သူ ရပ်တန့်လိုက်သည်။ ထို့နောက် နဂါးနှစ်ကောင်သည် မိုင်တစ်ရာ အကွာအဝေးမှ နောက်တစ်ကြိမ် မောက်မာစွာ မျက်နှာချင်းဆိုင်လိုက်ကြ၏။
သူတို့၏ တိုက်ပွဲဝင်လိုစိတ်သည် ဆက်လက် မြင့်တက်လာပြီး စုစည်းလာခဲ့သည်။ အစွန်းဆုံးအထိ စုစည်းသွားခဲ့ပြီ ဖြစ်သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
နှစ်ဖက်စလုံး ရူးသွပ်စွာဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော နဂါးနောင်တများ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ နဂါးမီးလုံးကြီး နှစ်လုံးသည် ပြင်းထန်စွာ ဝင်ဆောင့်မိသွား၏။
မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်ပေါ်လာသော အလင်းရောင်သည် နေမင်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို တောက်ပနေသည်။ လောကကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီးဖြစ်ပြီး မီတာ တစ်သောင်း အတွင်းရှိ လေထုအားလုံးကို နဂါးမီးတောက်များက ဝါးမျိုသွားခဲ့သည်။
ချက်ချင်း ဆိုသလိုပဲ ပင်လယ်ပြင်ပေါ်ရှိ ကျွန်းတစ်ကျွန်းသည် တိုက်ရိုက် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ပင်လယ်ရေပမာဏ တော်တော်များမျာသည် ချက်ချင်း ဆူပွက်သွားပြီး ဘာမှမရှိသည့် အခြေအနေသို့ ရောက်ရှိသွား ခဲ့သည်။ ပင်လယ်ပြင်တစ်ခုလုံးကို ဧရာမ တွင်းနက်ကြီးတစ်ခုအဖြစ် ထွင်းပစ်လိုက်သကဲ့သို့ပင်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် ကုန်းမြေနှင့် ဝေးကွာသည်။ မဟုတ်ပါက စိတ်ကူးကြည့်၍ပင် ရမည် မဟုတ်ပေ။
အပိုင်း (၁၂၅၈)
သို့သော်ငြား နောက်ပိုင်း၌ ရှမ့်လန်ပင်လျှင် အနည်းငယ် ကြောင်အသွားခဲ့ရသည်။ နဂါးနှစ်ကောင်၏ တိုက်ပွဲသည် အနည်းငယ် ငြီးငွေ့စရာ ကောင်းမနေဘူးလား။
နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် မီးမှုတ်ပြီး တိုက်ခိုက်နေကြသည်။ ကောင်းကင် တစ်ခုလုံးကို တိုက်ရိုက် မီးလောင်ကျွမ်းစေခဲ့သည်။ ပင်လယ်ပြင်တစ်ခုလုံး ဆူပွက်ပြီး ခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ နဂါးများက တစ်ကောင်နှင့်တစ်ကောင် ရူးသွပ်စွာ ပစ်ခတ်နေကြ၏။
‘ဒါက နဂါးတွေရဲ့ သေနတ်ပစ်ခတ်မှု ဗားရှင်းလား။ ပို၍ အရေးကြီးတာက ငါ မမှားဘူးဆိုရင် မင်းတို့ နဂါးနှစ်ကောင်စလုံးက မီးကို မကြောက်ကြဘူး မဟုတ်လား။ ပြီးတော့ မင်းတို့က မီးကိုစားသုံးပြီး အသက်ရှင်ကြတာ မဟုတ်လား။ ဒါဆိုရင် ဒီလိုမျိုး တိုက်ခိုက်နေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။’
သေချာသည်မှာ ဤကဲ့သို့ နဂါးများအကြား မီးမှုတ်တိုက်ခိုက်ခြင်းသည် တိုက်ပွဲအစစ် လုံးဝ မဟုတ်ကြောင်း ရှမ့်လန် မသိခဲ့ပေ။ ၎င်းတို့သည် မိမိ၏အရှိန်အဝါ ပြသနေပြီး အင်အားကို ထုတ်ဖော်ပြသနေခြင်းမျှသာ ဖြစ်သည်။ မြွေနှစ်ကောင် တိုက်ခိုက်ရာတွင် မည်သူက ခေါင်းပိုထောင်နိုင်သနည်း ပြိုင်ဆိုင်နေသကဲ့သို့ ဖြစ်သည်။ ကြမ်းတမ်းသော ကျားတစ်ကောင် တိုက်ခိုက်ရာတွင် အော်ဟစ်ပြီး သွားဖြဲပြနေသကဲ့သို့လည်း ဖြစ်သည်။
ရလဒ် ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်၏ နဂါးက ပိုမို အားနည်းသည်။ ၎င်း၏ နဂါးမီးတောက် စွမ်းအားသည် တော်ဝင်ရန်အင်ပါယာ၏ နဂါးထက် များစွာ ပိုမိုအားနည်းသည်။ ဤအချက်သည် ရှမ့်လန်၏ မျှော်လင့်ချက် နှင့်လည်း ကိုက်ညီမှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏နဂါးသည် များစွာ ပိုမို သေးငယ်သောကြောင့်ပင်။
တော်ဝင်ရန်အင်ပါယာ၏ နဂါးသည် နဂါးမီးတောက် ဗုံးကြဲတိုက်ခိုက်မှုတွင် အနိုင်ရပြီးနောက် ချက်ချင်းပဲ လွှမ်းမိုးနိုင်သော စိတ်ဓာတ်ရေးရာ အားသာချက်နှင့် ယုံကြည်မှုကို ရရှိသွားခဲ့သည်။ ထို့နောက် ၎င်းသည် ကောင်းကင်ယံသို့ မော့ပြီး အော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ပင်လယ်ပြင်တစ်ခုလုံး ပြင်းထန်စွာ လှိုင်းထန်လာပြီး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အော်ဟစ်သံ လှိုင်းများသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသောကြောင့် ဖြစ်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ဝေးကွာသော ကျွန်းပေါ်ရှိ ကျောက်တုံးကြီးများသည် ကြေမွသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ နဂါးနှစ်ကောင်၏ တိုက်ပွဲအစစ် စတင်တော့မည် ဖြစ်ကြောင်း ရှမ့်လန် သိလိုက်သည်။
သူ၏ ဧရာမနဂါးကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ရှမ့်လန်... ကျုပ်တို့ နဂါးနှစ်ကောင်ရဲ့ တိုက်ပွဲ စတင်တော့မယ်။ ဒါကြောင့် အရှင် ခဏလောက် ရှောင်နေပေးပါ။”
ပြောပြီးသည်နှင့် နဂါး၏ ကျောပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး ရှမ့်လန်၏ ခန္ဓာကိုယ် တစ်ခုလုံး နဂါး၏ ကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဤသည်မှာ သူ့ကို ကာကွယ်ရန် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် နဂါးများ၏ တိုက်ပွဲသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ရှမ့်လန် လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ဘဲ အလွယ်တကူ အပိုင်းပိုင်းအစစ ကြေမွသွားပေလိမ့်မည်။ ထို့ကြောင့် ပုန်းအောင်းနေရမည်။
နဂါးကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျုပ် နဂါးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပါ့မယ်။ ကျန်းမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကိုလည်း ကျုပ်အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်။”
‘သောက်ကျိုးနည်း... မင်းပြောတာတွေက နိမိတ်မကောင်းလိုက်တာ၊ စစ်ပွဲမှာ သေခါနီးမှာစရာရှိတာ မှာသလို ဖြစ်နေပြီ။’
သို့သော်ငြား မကြာမီမှာပဲ ရှမ့်လန်သည် နဂါး၏ ကိုယ်ထဲရှိ နေရာလွတ် တစ်ခုထဲသို့ မျိုချခံလိုက်ရသည်။ သူ ဘာမှ မမြင်ရ၊ မကြားရ၊ မခံစားရတော့ပေ။
အပြင်ဘက်တွင် နဂါးနှစ်ကောင်သည် သူတို့၏အင်အားကို ပြန်လည် စုစည်းလိုက်ကြသည်။ ထို့နောက် သူတို့သည် အသံ၏ အမြန်နှုန်းထက် ငါးဆမြန်သောနှုန်းဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်ကြသည်။
သားရဲနှစ်ကောင် ချက်ချင်း ဝင်ဆောင့်မိသွားကြ၏။
ဤအခိုက်အတန့်၌ အင်္ဂါဂြိုဟ်က လောကမြေကို အမှန်တကယ် ဝင်တိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်တစ်ခုလုံး ချက်ချင်း တွန့်လိမ်ရှုံ့တွသွားခဲ့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ပင်လယ်ပြင် တစ်ခုလုံး ထက်ခြမ်းကွဲသွားခဲ့သည်။ ပင်လယ်ကြမ်းပြင်ရှိ မရေမတွက်နိုင်သော ကျောက်တုံးများ ကြေမွသွားခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ ကျွန်းများ အားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့၏။
နဂါးနှစ်ကောင်သည် ရူးသွပ်စွာ တိုက်ခိုက်ကြသည်၊ ရူးသွပ်စွာ သတ်ဖြတ်ကြသည်၊ သူတို့ တိုက်ခိုက်ရာ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ကြသည် ကောင်းကင်နှင့်မြေကြီးသည် မှောင်မိုက်သွားခဲ့ပြီး ပျက်စီးသွားခဲ့၏။ ဤသည်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော တိုက်ပွဲ ဖြစ်သည်။
သို့သော်ငြား.... နေရာလွတ် တစ်ခုထဲတွင် ကာကွယ်ခြင်း ခံထားရသော ရှမ့်လန်သည် မည်သည့်အရာကိုမှ မကြားရ၊ မခံစားရပေ။ အပြင်ဘက်တွင် တိုက်ပွဲ မည်သို့ ဖြစ်ပွားနေသည်ကိုပင် သူ မသိရှိရပေ။
.........
အချိန်ကာလ လေးနာရီ ကုန်လွန်သွားခဲ့သည်။ ရှမ့်လန်သည် အရာအားလုံးကို ပြန်လည်အာရုံခံမိ လာခဲ့သည်။ သူ၏ စိတ်အာရုံအတွင်း၌ နဂါး၏ အသံ ပဲ့တင်ထပ်လာခဲ့၏။
“အရှင် ရှမ့်လန်... ကျုပ် ရှုံးနိမ့်သွားခဲ့ပြီ။ ဒါပေမဲ့ ကျုပ်အနေနဲ့ နဂါးမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို အညှိုနွမ်း မခံခဲ့ပါဘူး။ ကျုပ် သေဆုံးသွားခဲ့ရင်တောင်မှ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေစေရမယ်။ ခတ်ကျွဲမှန်ရင် ဂျိုရာ မကင်းရဘူး။”
ထိုအချိန်၌ပင် ကျယ်လောင်သော အသံကြီးတစ်သံ လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ နဂါးသည် ကောင်းကင်ယံမှ ထိုးဆင်းကျလာပြီး ပင်လယ်ပြင်ထက်သို့ ကျဆင်းသွားခဲ့၏။ တော်ဝင်ရန်နဂါး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း ၎င်းသည် မယုံနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးဆင်း လာခဲ့၏။ ၎င်းသည် ပင်လယ်ထဲသို့ ငုပ်လျှိုးဝင်ရောက်ကာ ကျန်းကလန်နဂါးနောက်သို့ ရူးသွပ်မတတ် လိုက်လံ တိုက်ခိုက်သည်။
မဖြစ်နိုင်ပေ။ ဤလောကကြီးတွင် နဂါးတစ်ကောင်တည်းသာ အသက်ရှင်သန်ခွင့် ရှိပေသည်။ နဂါး တစ်ကောင်တည်း သာလျှင် ကောင်းကင်ယံကို အုပ်စိုးနိုင်မည်။ ဤပင်လယ်ရေပြင်သည် အလွန်တရာ နက်ရှိုင်းလွန်းလှ၏။ အမှန်တကယ်ပင် နက်ရှိုင်းလွန်းလှသည်။ ကျန်းကလန်နဂါးသည် ပင်လယ်ရေအောက်သို့ တစ်စထက် တစ်စ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့၏။
နဂါးက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျုပ် ခင်ဗျားကို ပြောပြဖို့ အချိန်မရခဲ့တဲ့ ကိစ္စတစ်ခု ရှိခဲ့တယ်။ အကယ်၍ ကျုပ်သာ ထုတ်ပြောလိုက်ရင် သူရဲဘောကြောင်သူ ဖြစ်သွားမှာကိုး။ နဂါးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားမှာ စိုးရိမ်မိတယ်။
ကျုပ်တို့ အရှေ့လောကကို ပြန်လာတာ စောလွန်းအားကြီးတယ်။ အလောတကြီး နိုင်လွန်းခဲ့တယ်။ ခင်ဗျားက ဟိုပုရွက်ဆိတ်တွေကို အရမ်းဂရုစိုက်လွန်းနေတာပဲ။ ကျုပ် လုံလောက်တဲ့ အင်အားရှိလာတဲ့အထိ ခင်ဗျား စောင့်ဆိုင်းသင့်ခဲ့တာ။ ဒါပေမဲ့ ဒါတွေက အရေးမကြီးတော့ပါဘူး။ အနိုင်ရသူက အကုန်ယူသွားမှာပဲ။ ကျုပ်တို့ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်သရွေ့ ကြိုးစားရတော့မှာပေါ့။”
မှန်ပေသည်။ သူ အလောတကြီး နိုင်လွန်းခဲ့သည်။ ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများကြားရှိ ပိရမစ်များဆီသို့ သွားရောက်ကာ နဂါးအကြောင်း သင်ယူခဲ့ဖူး၏။ ထိုစဉ်က သူသည် အလောတကြီး နိုင်လွန်းခဲ့သည်။ ရှမ့်လန်သည် အရှေ့လောကသို့ ပြန်လာရာတွင်လည်း အလောတကြီး နိုင်လွန်းခဲ့၏။
သို့သော်ငြားလည်း အလောတကြီး ဖြစ်လွန်းသူမှာ ရှမ့်လန်တစ်ယောက်တည်း မဟုတ်ပေ။ တော်ဝင်ရန်အင်ပါယာ သည်လည်း အလောတကြီး နိုင်လွန်းခဲ့သည်။ ရှမ့်လန်နှင့် နဂါးတို့ အရှေ့လောကသို့ ပြန်ရောက်ပြီး မကြာမီမှာပင် အင်ပါယာသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ခွာလာခဲ့၏။ သူသည် ခန့်မှန်းထားသည်ထက် ငါးလစော၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။
“အရှင်ရှမ့်လန်... အတူတူ သေဆုံးကြရအောင်။ ကျုပ်နဲ့ နဂါးစာချုပ် ချုပ်ဆိုခဲ့တာ မင်းရဲ့ ဖခင်ပဲ။ ဒါပေမဲ့ သူ့ကို ကျုပ် မမှတ်မိတော့ဘူး။ ကျုပ် မှတ်မိနေတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့ မျက်လုံးတွေပဲ။ နဂါးမျိုးနွယ်စုရဲ့ ကာကွယ်ရမယ့် သိက္ခာတရားကြောင့် မင်းနဲ့ စာချုပ်သစ် ထပ်ချုပ်ခဲ့ရတာ။ မင်းအပေါ် ကျုပ် သိပ်ပြီး သံယောဇဉ်မရှိလှပေမဲ့ မင်းနဲ့အတူ သေဆုံးရတာက ဂုဏ်ယူစရာပါပဲ။”
နဂါးသည် ပင်လယ်ကြမ်းပြင်ဆီသို့ ဆက်လက် နစ်မြုပ်သွားခဲ့သည်။ ဒဏ်ရာရထားသော တော်ဝင်ရန်နဂါးသည် ရေမိုးငုပ်လျှိုးလျက် ကျန်းကလန်နဂါးနောက်သို့ လိုက်လံကာ ကိုက်ခဲ ဆွဲဖြဲနေခဲ့၏။ ပင်လယ်ပြင် တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ နဂါး၏ သွေးသည် အနီရောင် မဟုတ်ဘဲ ရွှေရောင် ဖြစ်၏။ ရွှေရောင်ဟုပင် ဆို၍မရပေ။ နေမင်း၏ အရောင်နှင့် ပို၍ တူညီ၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ကျုပ်ကို လွှတ်ပေးစမ်း နဂါးကြီး... ကျုပ် အပြင်ထွက်ပြီး တိုက်ခိုက်ပါရစေ။”
ကျန်းကလန် နဂါးက ငြင်းဆန်လိုက်၏။ “အရှင် ရှမ့်လန်... ဒါက အဓိပ္ပာယ် မရှိပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးကြီး... ခင်ဗျား မာန်မာနကြီးတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျား ထင်သလောက် အားမနည်းပါဘူး။ နဂါးကြီး... ခင်ဗျားမှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ကျုပ်မှာလည်း တခြား ရွေးချယ်စရာ မရှိတော့ဘူး။ ကျုပ်ကို လွှတ်ပေးစမ်း။ နဂါးကြီး... ကျုပ်တို့က တိုက်ပွဲဖော်တွေ ဖြစ်ပေမဲ့ အဆုံးသတ်မှာတော့ ကျုပ်က ခင်ဗျားရဲ့ သခင်ပဲ။ ကျုပ်ကို အပြင်လွှတ်ပေးပြီး တော်ဝင်ရန်နဂါးကို တိုက်ခိုက်ဖို့ အခွင့်အရေးပေး။ ဒါအမိန့်ပဲ။”
ရှမ့်လန် အော်ဟစ်လိုက်၏။
ကျန်းကလန် နဂါးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါဆိုရင်လည်း ခင်ဗျားရဲ့ ဆန္ဒအတိုင်း ဖြစ်စေရပါမယ် အရှင်ရှမ့်လန်။”
ထို့နောက် ကြီးမားလှသော ကျန်ကလန် နဂါးကြီးသည် ၎င်း၏ ကျောကုန်းထက်ရှိ အက်ကွဲကြောင်းကို ဖြည်းညင်းစွာ ဖွင့်ပေးလိုက်ရာ ရှမ့်လန်သည် အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။ ဤနေရာသည် အဆုံးအစမဲ့သော ပင်လယ်ကြမ်းပြင် ဖြစ်၏။ ရွှေရောင်အလင်းတန်းများသည် နေရာအနှံ့ ဖြာကျနေ၏။
ဤသည်မှာ နဂါးကြီးတစ်ကောင်၏ သွေးများ ဖြစ်ပေသည်။ ကျန်းကလန်နဂါး၏ သွေးများသာမက တော်ဝင်ရန်နဂါး၏ သွေးများလည်း ပါဝင်နေ၏။ တော်ဝင်ရန်နဂါးသည်လည်း ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ဤအချိန်တွင် ၎င်းသည် ကျန်းကလန်နဂါးအား ဆက်လက် ကိုက်ဖြတ် ဆွဲဖြဲနေဆဲ ဖြစ်သည်။
“ဝေါင်း...”
တော်ဝင်ရန်နဂါးသည် ပါးစပ်ကိုဟကာ ကျန်းကလန် နဂါး၏ လည်ပင်းကို ချိန်ရွယ်လိုက်၏။ သူသည် ကိုက်ချလိုက်တော့မည့် အနေအထား ဖြစ်သည်။ ထိုအချိန်၌ သူသည် ရှမ့်လန်ကို မြင်တွေ့သွားခဲ့၏။
ပင်လယ်ရေအောက်တွင် ရှိနေသော ရှမ့်လန်သည် တော်ဝင်ရန် နဂါးကို စိုက်ကြည့်လိုက်သည်။ သူသည် နဂါး၏ မျက်လုံးများကိုသာ မြင်တွေ့နေရသည်။ ရှမ့်လန်သည် လက်ထဲရှိ နဂါးဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
‘ငရဲဝိညာဉ်ပုလဲ... မင်း ဘာလုပ်ချင်နေမှန်း ငါ မသိဘူး မင်း ဘာကြောင့် ငါ့စိတ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေမှန်းလည်း ငါ မသိဘူး။ မင်း ဘာတွေ ကြံစည်နေမှန်း ငါ မသိဘူး။ ငါ့စိတ်ထဲမှာ မင်းက အရမ်း ယုတ်မာပြီး ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့ အခု ငါ့မှာ အခြား ရွေးချယ်စရာ မရှိတော့ဘူး။’
တော်ဝင်ရန်နဂါးသည် ရှမ့်လန်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျန်းကလန်ရဲ့ အရှင်ရှမ့်လန် ပါလား။ နေကောင်းရဲ့လား။ တော်ဝင်ရန်အင်ပါယာက မင်းကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။”
ထို့နောက် နဂါးကြီးသည် မီးများကိုအသာအယာ မှုတ်ထုတ်လိုက်၏။ ၎င်းသည် ရှမ့်လန်ကို အမှုန့်ကြိတ် ပစ်တော့မည်။
ထိုအတောအတွင်း ရှမ့်လန်သည် သူ၏ စိတ်စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်ပြီး စွမ်းအင်ဝဲကတော့ တစ်ခုကို စတင် ဖန်တီးသည်။ ရုတ်တရက် ငရဲဝိညာဉ်ပုလဲသည် အလွန်တရာ တက်ကြွ လှုပ်ရှားလာခဲ့၏။ အတိုင်းအဆမဲ့သော စိတ်စွမ်းအားများ၊ အတိုင်းအဆမဲ့သော ထူးဆန်းသည့် စွမ်းအင်များနှင့် အတိုင်းအဆမဲ့သော ဝိညာဉ်စွမ်းအင်များသည် ရှမ့်လန်၏ ဦးနှောက်အတွင်းသို့ တိုးဝင်လာခဲ့၏။
နှစ်ဖက်စလုံး၏ စိတ်အာရုံများနှင့် ဝိညာဉ်များသည် ပေါင်းစပ်သွားကြပြီး ဤမကြုံစဖူး ထူးကဲသော စွမ်းအင်ဝဲကတော့ကြီး ကို ဖန်တီးလိုက်ကြသည်။ ၎င်းသည် တော်ဝင်ရန်နဂါး၏ မျက်လုံးများကို ချိန်ရွယ်ကာ ပစ်လွှတ်လိုက်သည်။
“ရွှီ...” စွမ်းအင်ဝဲကတော့ကြီးသည် မည်သူမျှ မမြင်ဖူးခဲ့သော လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် တော်ဝင်ရန် နဂါး၏ မျက်လုံးထဲသို့ ပစ်ဝင်သွားခဲ့၏။ နဂါးသည် မျက်လုံးကို မှိတ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်ငြားလည်း အချိန်နှောင်းသွားခဲ့၏။ ငရဲဝိညာဉ်ပုလဲ၏ စွမ်းအင်များနှင့် ရောစပ်ထားသော မကြုံစဖူး စွမ်းအင်ဝဲကတော့ကြီးသည် ၎င်း၏ မျက်လုံးများကို ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
“ဝေါင်း.... ဝေါင်း.... ဝေါင်း...”
တော်ဝင်ရန်နဂါးသည် နားကွဲလုမတတ် အော်ဟစ်သံကြီးကို ချက်ချင်း လွှတ်ထုတ်လိုက်၏။
...........
နဂါးကြီး၏ ခန္ဓာကိုယ်သည် ဖျက်ဆီး၍ မရနိုင်ဟု ဆို၍မရပေ။ သာမန် လက်နက်များ၊ သေနတ်များဖြင့် ၎င်းကို ထိခိုက်အောင် လုပ်၍မရနိုင်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရှေးဟောင်း ပျောက်ဆုံးအင်ပါယာသည် ယူရေနီယမ်ကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့်သာလျှင် ဤဖျက်ဆီးနိုင်စွမ်း ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် နဂါးကြီးကို ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။
နဂါးကြီး နှစ်ကောင် အပြန်အလှန် မီးမှုတ်တိုက်ခိုက်ကြချိန်မှာတော့ နဂါးနောင်တနှင့် တူသည်။ သို့သော်ငြား နဂါးကြီးမှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ပေ။ နဂါးကြီးနှစ်ကောင်သည် တစ်စက္ကန့်လျှင် မီတာ နှစ်ထောင် သုံးထောင်ခန့် အရှိန်ဖြင့် ပြင်းထန်စွာ ဝင်ဆောင့်ခဲ့ကြသည်။
၎င်းတို့ ဝင်ဆောင့်လိုက်သည့်အားသည် အာကာသထဲတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှား နှစ်ခု ဝင်တိုက်မိသည်ထက် မလျော့နည်းပေ။ သို့သော်ငြား ၎င်းတို့ ဒဏ်ရာ အနာတရ မဖြစ်ခဲ့ကြချေ။
ထို့ကြောင့် ဤလောကလောကတွင် အမည်မသိသော ယူရေနီယမ် လက်နက်များမှလွဲ၍ နဂါးအချင်းချင်း သာလျှင် နဂါးကို ထိခိုက်အောင် လုပ်နိုင်ပေသည်။ မျက်လုံးသည် သက်ရှိသတ္တဝါတိုင်း၏ အားအနည်းဆုံး အစိတ်အပိုင်း ဖြစ်သည်။ နဂါးကြီးဆိုလျှင်ပင် ခြွင်းချက် မရှိပေ။
သို့သော်ငြားလည်း ပုံမှန် အခြေအနေမျိုးတွင် ရှမ့်လန်အနေဖြင့် နဂါးကြီး၏ မျက်လုံးများကို ထိခိုက်အောင် လုပ်ရန် မဖြစ်နိုင်ပေ။ စွမ်းအင်ဝဲကတော့ပင်လျှင် ၎င်းကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။ ယခုမူ ရှမ့်လန်၏ စွမ်းအင်ဝဲကတော့သည် ငရဲသလင်းကျောက်မှ ကြောက်မက်ဖွယ် စွမ်းအင်များနှင့် ရောစပ် ထားသည်။
၎င်းသည် နဂါးကြီး၏ မျက်လုံးထဲသို့ ပစ်ဝင်သွားပြီးနောက် မည်သို့သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာမည်နည်း။
အစပိုင်းတွင် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ လုံးဝ ဒဏ်ရာအနာတရ မရရှိသကဲ့သို့ပင်။ သို့သော်ငြား နောက်တစ်စက္ကန့်တွင်တော့ နဂါးကြီး၏ မျက်လုံးသည် စတင် အေးခဲလာခဲ့သည်။ ၎င်းသည် မီးတောင်ချော်ရည် ပင်လယ် သို့မဟုတ် မြောက်ဘက် အစွန်ဆုံး တိုက်ကြီး တစ်ခု ကဲ့သို့ပင်။ ရေခဲအတွင်း၌ ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပဲ နဂါးကြီးသည် အမြင်အာရုံ ပျောက်ကွယ်သွား၏။
မကြာမီမှာပဲ ကြောက်မက်ဖွယ် ကောင်းလှသော၊ အမှောင်ထု ဆန်သော၊ အေးစက်သော စွမ်းအင် တစ်ခုသည် ပေါက်ကွဲထွက်လာပြီး နဂါးကြီး၏ ဦးနှောက်ကို ရူးသွပ်မတတ် တိုက်ခိုက်လေတော့သည်။ ၎င်း၏ အခြား မျက်လုံးတစ်ဖက်မှာ ဒဏ်ရာ မရသော်လည်း မြင်ကွင်းအားလုံးမှာ အမှောင်အတိ ကျသွားခဲ့၏။ ၎င်းသည် မည်သည့် အရာကိုမှ မမြင်ရတော့ပေ။ အမှောင်ထုဆန်သော အေးစက်သည့် စွမ်းအင်သည် ၎င်း၏ ဦးနှောက် အတွင်း ဆက်လက် ပျံ့နှံ့နေခဲ့သည်။
“ဝေါင်း...”
နဂါးကြီးသည် အစွမ်းကုန် အော်ဟစ်ပြီး အစွမ်းကုန် တိုက်ခိုက်လေသည်။ ၎င်းသည် အစွမ်းကုန် တိုက်ခိုက်နေခြင်း ဖြစ်၏။ မည်သည့်အရာကိုမှ မမြင်ရသော်လည်း နဂါးမီးလျှံများကို ရူးသွပ်စွာ မှုတ်ထုတ်နေခဲ့၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း......”
ပင်လယ်ကြမ်းပြင် တစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့ရ၏။ ကြောက်မက်ဖွယ် ဆူနာမီ ရေလှိုင်းကြီးများသည် ကောင်းကင်ယံ သို့ ထိုးတက်သွားခဲ့သည်။ မရေမတွက်နိုင်သော နဂါးမီးလျှံတန်းများသည် ပင်လယ်ပြင်ကို ဆွဲဖြဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ပင်လယ်ပြင်၏ ဤတည်နေရာသည် လုံးဝ ပြောင်းပြန် လှန်သွားသကဲ့သို့ ဖြစ်နေသည်။
နဂါးကြီးသည် မမြင်ရတော့သော်လည်း ရှမ့်လန်နှင့် ကျန်းကလန် နဂါးကြီးကို သတ်ဖြတ်လိုစိတ် ပြင်းပြနေသည်။ ၎င်းသည် နဂါးမီးလျှံများကို ရူးသွပ်စွာ မှုတ်ထုတ်ရင်း ထက်ရှသော လက်သည်းများဖြင့် ရူးသွပ်စွာ ကုတ်ခြစ် နေခဲ့၏။ ၎င်း၏ ကြီးမားသော အတောင်ပံများသည် ပင်လယ်ကြမ်းပြင် တစ်လျှောက် ရိုက်ခတ်နေခဲ့သည်။ ၎င်း၏ ထက်ရှသော လက်သည်းများ ဖြစ်စေ၊ အတောင်ပံများ ဖြစ်စေ၊ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။