အခန်း (၇၈၁-၇၈၂)
Vol. 79 Ch. 781-782
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၁ + ၇၈၂
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုလူယုံတော်က အမှန်တကယ်ပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သခင်လေး ဖန်းချန်၏ လည်ပင်းမှ ကြက်သီးမွေးညင်းများမှာ ချက်ချင်းပင် ထောင်မတ်သွား၏။ ထို့နောက် လည်ပင်းရှိ သွေးကြောများ ဖောင်းကြွလာကာ ရုတ်တရက် တုန်ယင်သွားသည်။
တီးခတ်သံ ရပ်တန့်သွားသောအခါ တော်ဝင်ရောမအင်ပါယာ၏ မင်းသမီး အန်းနီက ညင်သာစွာ မေးလိုက်သည်။
"အချစ်... ဘာဖြစ်လို့လဲ။"
သခင်လေး ဖန်းချန်က အနည်းငယ် ပြုံးလိုက်ပြီး ပြန်ဖြေလေ၏။
"ဘာမှမဖြစ်ပါဘူး ၊ ကိုယ် တီးခတ်တဲ့ဟန်ကို နည်းနည်း ပြောင်းလိုက်မလို့ စဉ်းစားမိသွားလို့ပါ။"
ထို့နောက် သူက ဆက်လက်ပြီး တီးခတ်လိုက်၏။
သို့သော်လည်း နဂိုမူလက ညင်သာပြီး သာယာနာပျော်ဖွယ်ကောင်းသော တေးသွားမှာ အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းလာကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။
မင်းသမီး အန်းနီသည် ထိုတေးသွားကို ကြားလိုက်ရသောအခါ ပို၍ပင် စွဲလမ်းမိန်းမောသွားပြီး သူမ၏ လှပသော မျက်လုံးများမှာ အရောင်လက်သွားတော့သည်။
တီးခတ်ခြင်း ပြီးဆုံးသွားလေ၏။ မင်းသမီး အန်းနီဟ လှိုက်လှဲစွာ လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။
"အချစ်... ရှင်က ကျွန်မ မြင်ဖူးသမျှထဲမှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဖြစ်သလို အရည်အချင်းအရှိဆုံး အနုပညာရှင်တစ်ယောက်ပဲ။"
ထို့နောက် သူမ ဟားပ်ဆီကော့ဒ်အနီးသို့ အမြန်လျှောက်သွားလိုက်ပြီး သူမ၏ အဆုံးမဲ့ လှပနေသော ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်လေ၏။
"ဒီတီးခတ်ဟန်အသစ်လေးက တကယ်ကို အံ့ဩစရာကောင်းလိုက်တာ။ ကျွန်မကို သင်ပေးလို့ရမလား... အချစ်။"
သခင်လေး ဖန်းချန်၏ အကြည့်များက မင်းသမီး အန်းနီ၏ လှပသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
မင်းသမီး အန်းနီက ညင်သာစွာ ပြောလိုက်၏။
"ကျွန်မတို့ တော်ဝင်ရောမအင်ပါယာရဲ့ ဝတ်စုံတွေက အရမ်း ရှုပ်ထွေးလေးလံလွန်းလို့ ၊ ရှင်ပေးထားတဲ့ ပိုးထည်ကို သုံးပြီး ကိုယ်လုံးနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဒီဝတ်စုံအသစ်လေးကို ချုပ်လိုက်တာ။ ရှင် သဘောကျရဲ့လား။"
သူမ၏ ဝတ်စုံအသစ်လေးမှာ နောက်ပိုင်းခေတ်များ၏ ဂါဝန်ဒီဇိုင်း အငွေ့အသက်များ အပြည့်အဝ ပါဝင်နေပြီး အော်ဒရီ ဟပ်ဘန်းအတွက် ဂျီဗန်ချီက အထူးဒီဇိုင်းထုတ်ပေးထားသည့် ဝတ်စုံနှင့် များစွာ တူညီနေကာ သွယ်လျကျော့ရှင်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ ဆွဲဆောင်မှုရှိပြီး မြင့်မြတ်ကျက်သရေရှိလှပေသည်။
ကွာခြားချက်မှာ မင်းသမီး အန်းနီ၏ ဝတ်စုံမှာ ပန်းရောင်ဖြစ်နေခြင်းပင်။ ထိုအရောင်က နို့နှစ်ကဲ့သို့ နူးညံ့ချောမွေ့သော သူမ၏ အသားအရေကို ပိုမို ထင်ပေါ်သွားစေပြီး သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမို ဆွဲဆောင်မှုရှိကာ ရမ္မက်ကြွဖွယ် ဖြစ်လာစေရန် ပုံဖော်ပေးထားလေသည်။
သခင်လေး ဖန်းချန်၏ အကြည့်များကို မြင်လိုက်ရသောအခါ မင်းသမီး အန်းနီမှာ ရင်ထဲတွင် ပျော်ရွှင်သွားပြီး သူမ၏ လှပသော မျက်လုံးများကို ရှက်သွေးဖြာစွာ မှိတ်ထားလိုက်ကာ ဖန်းချန်၏ အနမ်းများကို မျှော်လင့်စောင့်စားနေလေ၏။
သို့သော်လည်း သူမ မျှော်လင့်နေသော အနမ်းများ ရောက်မလာချေ။
ဖန်းချန်သည် လက်တစ်ဖက်ဖြင့် မင်းသမီး အန်းနီအား ဟားပ်ဆီကော့ဒ်ပေါ်သို့ ဖိချလိုက်ပြီး နောက်လက်တစ်ဖက်က သူမ၏ ခါးကို ကိုင်ကာ အပေါ်သို့ မြင့်တက်လာစေရန် တွန်းတင်လိုက်ရင်း ရုတ်တရက် ဂါဝန်ကို ဆွဲမကာ အတွင်းခံများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်တော့သည်။
မင်းသမီး အန်းနီ၏ အလန့်တကြား အော်ဟစ်သံနှင့်အတူ သခင်လေး ဖန်းချန်သည် အနောက်ကမ္ဘာ၏ ရတနာလေးကို ရိုင်းစိုင်းကြမ်းတမ်းစွာ သိမ်းပိုက်လိုက်လေတော့သည်။
**--**--**--**--**--**--**--**
နာရီဝက်နီးပါး ကြာပြီးနောက်တွင် သခင်လေး ဖန်းချန်သည် သူ၏ စိတ်ဆန္ဒများကို ဖြေဖျောက်ပြီးစီးသွားလေသည်။
မင်းသမီး အန်းနီသည် ကြားထဲတွင် နှစ်ကြိမ်တိုင်တိုင် သတိလစ်သွားသေး၏။ သူမ သတိပြန်ရလာချိန်တွင် မျက်နှာပေါ်၌ မျက်ရည်များ ပြည့်နှက်နေဆဲ ဖြစ်သော်လည်း သခင်လေး ဖန်းချန်၏ နှုတ်ခမ်းများကို နမ်းရှိုက်ကာ ပြောလိုက်သည်။
"အချစ်... ရှင် တစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံတွေ့ထားလို့လား။ ရှင်က အရင်ကလို ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်း တစ်ယောက် မဟုတ်တော့ဘူး။ ဒါပေမဲ့... ရှင့်ရဲ့ ဆန္ဒတွေကို ဖြေဖျောက်ရုံတင် မဟုတ်ဘဲ ကျွန်မဆီကနေ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုကိုပါ ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။"
သခင်လေး ဖန်းချန်က သူမ၏ ဖြူရော်နေသော မျက်နှာလေးကို ပွတ်သပ်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
"ကိုယ် ရောမက ဧကရာဇ်မင်းမြတ်ဆီကို တမန်တော်တွေ ချက်ချင်း စေလွှတ်ပြီး လက်ထပ်ခွင့် တောင်းလိုက်ပါ့မယ်။ ပြီးရင် ကိုယ်တို့ အမြန်ဆုံး မင်္ဂလာဆောင်ကြတာပေါ့။"
"ခုနက လုပ်ရပ်က ရိုင်းစိုင်းကြမ်းတမ်းတဲ့ အချစ်ရေး တောင်းဆိုမှုတစ်ခုလား" မင်းသမီး အန်းနီက မေးလိုက်သည်။
သခင်လေး ဖန်းချန်က မင်းသမီး အန်းနီကို ပွေ့ချီကာ အဝတ်အစားများကို ချွတ်ပေးလိုက်ပြီး ရေနွေးကန်ထဲတွင် စိမ်၍ ဆေးကြောသန့်စင်ပေးကာ သူမ၏ ဒဏ်ရာများကို ညင်သာစွာ ဆေးလိမ်းပေးလိုက်သည်။
"ဒီဝိုင်နီခွက်ထဲမှာ ဘိန်းနည်းနည်း ပါတယ် ၊ စွဲလမ်းသွားမှာ မဟုတ်ပေမယ့် မင်းကို ပိုပြီး ကောင်းကောင်း အိပ်ပျော်စေလိမ့်မယ်။"
သခင်လေး ဖန်းချန်က ဝိုင်နီတစ်ခွက် ယူလာရင်း ပြောလိုက်၏။
မင်းသမီး အန်းနီက သူမ၏ ပါးစပ်လေးကို ဟကာ ပြောလိုက်သည်။ "အချစ် တိုက်ပေးပါလား။"
သခင်လေး ဖန်းချန်က ဝိုင်နီကို သူ၏ ပါးစပ်ထဲတွင် ငုံထားလိုက်ပြီး မင်းသမီး အန်းနီ၏ ပါးစပ်ထဲသို့ နည်းနည်းချင်းစီ တိုက်ကျွေးလိုက်လေ၏။
မကြာမီတွင် သူမ၏ မျက်နှာပေါ်၌ သွေးရောင်အနည်းငယ် လွှမ်းလာပြီး အိပ်ပျော်သွားတော့သည်။
**--**--**--**--**--**--**--**
ဘုရင်ခံအိမ်တော် အတွင်း၌ ဖရိုဖရဲ ဖြစ်နေသော မိုဟန်သည် သခင်လေး ဖန်းချန်၏ ရှေ့တွင် ပေါ်လာလေ၏။
"ဒဏ်ရာတွေ အဆင်ပြေရဲ့လား" သခင်လေး ဖန်းချန်က မေးလိုက်သည်။
မိုဟန်က ခေါင်းယမ်းပြလိုက်၏။
"မင်းရဲ့ ဒဏ်ရာက သိပ်အရေးမကြီးပါဘူး ၊ ဒါပေမဲ့ မင်းရဲ့ ရူးသွပ်လွန်ကဲတဲ့ စိတ်ခံစားချက်တွေက ဒဏ်ရာကို ပိုဆိုးသွားစေတာပဲ။" သခင်လေး ဖန်းချန်က ဆက်ပြောသည်။ "နောက်နှစ်ရက်လောက်နေရင် မင်းကို ကုသပေးဖို့ လူတစ်ယောက် လွှတ်လိုက်မယ်။"
"အင်း" မိုဟန်က ပြန်ဖြေလိုက်၏။
သခင်လေး ဖန်းချန်က မေးလိုက်သည်။ "တုပိုင် သုံးတဲ့ စွမ်းအင်လက်နက်က ဘာလဲ။"
"မှော်အမြောက် နဲ့ အလင်းတန်းသံဓား ပဲ။" မိုဟန်က ဖြေသည်။
သခင်လေး ဖန်းချန်သည် တုပိုင်၏ ကျောက်သလင်း မှော်အမြောက် နှင့် အလင်းတန်း သံဓား အကြောင်း အချက်အလက်များကို အသေးစိတ် ရရှိထားပြီး ဖြစ်လေသည်။ ကျောက်သလင်း၏ လေဆာ ချိန်ရွယ်မှု ကိရိယာအပြင် ကျည်ဆန်ထွက်ပေါ်လာသည့် အမြန်နှုန်းအပါအဝင် အားလုံးကို ရှင်းလင်းစွာ ဖော်ပြထားသည်။
ယင်းမှာ သူလျှိုများက ပေးပို့ထားခြင်း မဟုတ်ဘဲ စစ်မြေပြင်မှ အသက်ရှင်ကျန်ရစ်သူများက ပြောပြထားခြင်း ဖြစ်သည်။
"နားလည်ပြီ။" သခင်လေး ဖန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "မိုဟန်... မင်းကို ငါ ကတိပေးထားတဲ့အတိုင်း လုပ်ပေးနိုင်ပါသေးတယ်။ ဒီတစ်ကြိမ်မှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင်တောင် နောက်တစ်ကြိမ်မှာ မင်းကို နှစ်ဆ ပြန်ပေးဆပ်ပါ့မယ်။ မင်းက အန်နမ်နိုင်ငံ တစ်ခုလုံးကို ရရှိမယ့်အပြင် ကွမ်ရှီးနဲ့ ယူနန် ပြည်နယ်တွေကိုပါ ရရှိစေရမယ်။"
ထို့နောက် သခင်လေး ဖန်းချန်က ထွက်ခွာရန် ပြင်လိုက်သည်။
မိုဟန်က မေးလိုက်၏။ "ဖန်းချန်... မင်းက ဘာလို့ ငါ့အပေါ် ဒီလောက် ကောင်းရတာလဲ။"
သခင်လေး ဖန်းချန်က ဖြေသည်။ "ငါ မင်းကို လက်ထပ်ချင်လို့လေ။"
မိုဟန်က ပြောလိုက်၏။ "ငါ့ကို လက်ထပ်ချင်ရုံ သက်သက်နဲ့လား。ဒါပေမဲ့ မင်းက ငါ့ကို တစ်ခါမှ မထိတွေ့ဖူးသလို ငါနဲ့လည်း အတူတူ မအိပ်ဖူးဘူး။"
သခင်လေး ဖန်းချန်က ဖြေသည်။ "ငါတို့ လက်မထပ်ရသေးခင်အထိ မင်းကို ငါ မထိပါဘူး။"
မိုဟန်က ပြောလိုက်၏။ "အိန်ဂျယ်နဲ့ မင်းက လက်မှမထပ်ရသေးတာ ၊ ဒါပေမဲ့ မင်းတို့က အကြိမ် တစ်ထောင်ကျော်လောက် အတူတူ အိပ်ပြီးပြီပဲ။ ပြီးတော့ ဒီမင်းသမီး အန်းနီ ဆိုရင်လည်း မင်းကို လက်ထပ်ဖို့တောင် မတောင်းဆိုရသေးဘဲ အခု အတူတူ အိပ်လိုက်ပြန်ပြီ။ သူ့ရဲ့ အော်ဟစ်သံတွေကို မီတာ ရာနဲ့ချီ ဝေးတဲ့နေရာကနေတောင် ငါ ကြားနေရတယ်။"
သခင်လေး ဖန်းချန်က ပြောသည်။ "ဘာဖြစ်လို့လဲဆိုတော့... မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ သွေးဆက်က အရမ်းကို ထူးခြားလို့ပဲ ၊ လူတစ်သန်းမှာတောင် တစ်ယောက် မရှိနိုင်တဲ့ အမျိုးအစားလေ။ မကြာခင် မင်း သိလာရပါလိမ့်မယ်။"
မိုဟန်က မေးလိုက်၏။ "ဒါဆိုရင် ငါတို့ တုပိုင်ကို ဘယ်တော့ သွားချေမှုန်းကြမလဲ။"
သခင်လေး ဖန်းချန်က ဖြေသည်။ "မကြာခင်ပေါ့... မဟုတ်ဘူး။ ချက်ချင်း ၊ အခုချက်ချင်းသွားမယ်။"
မိုဟန်က မေးလိုက်၏။ "မင်း ကိုယ်တိုင် သွားမှာလား။"
သခင်လေး ဖန်းချန်က ဖြေသည်။ "ငါ ကိုယ်တိုင် သွားမယ်။"
မိုဟန် ဆက်မေး၏။ "နိုင်ပါ့မလား။"
သခင်လေး ဖန်းချန်သည် ဘာမှပြန်မဖြေဘဲ တိုက်ရိုက် ထွက်ခွာသွားလေသည်။
**--**--**--**--**--**--**--**
ထျန်ကျင်းဆိပ်ကမ်းရှိ အိမ်တစ်လုံး အတွင်း၌ လီတောက်ယွဲ့နှင့် ဧကရာဇ်ယုံတယ်၏ ဘေးရှိ လျှို့ဝှက်ဆန်းကြယ်သည့် ယွီမဟာဆရာသခင်တို့သည် အကြိတ်အနယ် တိုက်ခိုက်နေကြလေသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်သည် ဧကရာဇ်ယုံတယ်၏ လည်ပင်းပေါ်သို့ ဓားထောက်ထား၏။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်မှာ သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
ဤသူမှာ သူ အယုံကြည်ရဆုံးသော အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖြစ်ပြီး ၊ မကြာသေးမီ ရက်များအတွင်းက တုပိုင်အား အသရေဖျက်သည့် ကိစ္စရပ်များ အားလုံးကို ဦးဆောင်ထားသည့် ဖုန်းပေါင်ပေါင်လော။
နှစ်သောင်းချီ၍ နံစော်နေမည့် ပန်းချီကား စစ်ဆင်ရေးဖြစ်စေ ၊ ယန်ရှန်းကျိုက်အဆောင် ရှေ့တွင် တုပိုင် ဒူးထောက်နေသော အရှက်ရဖွယ် ရုပ်တုကြီးကို ထုလုပ်ခြင်းဖြစ်စေ ဖုန်းပေါင်ပေါင်ကပင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
ထို့ကြောင့်ပင် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်သည် ဖုန်းပေါင်ပေါင်ကို ဤမျှလောက်အထိ ယုံကြည်ထားခြင်း ဖြစ်သည်။
သို့သော် ယခုကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် သစ္စာဖောက်ကာ သူ၏ လည်ပင်းပေါ်သို့ ဓားထောက်လိမ့်မည်ဟု ဧကရာဇ်ယုံတယ် လုံးဝ မျှော်လင့်မထားချေ။
"ဖုန်းပေါင်ပေါင် ၊ မင်းက လေတိုက်ရာ ယိမ်းတတ်တဲ့ မိန်းမစိုးတစ်ယောက်ပဲ ၊ တုပိုင် နိုင်သွားတာကို မြင်တော့ ငါ့ကို သစ္စာဖောက်ချင်လာတာလား။" ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ဒီရက်ပိုင်းအတွင်း တုပိုင်ကို အရှက်ခွဲဖို့ မင်း ဘယ်လောက်တောင် လုပ်ခဲ့ပြီးပြီလဲ ၊ သူက မင်းကို လက်ခံမယ်လို့ ထင်နေတာလား။ သူက မင်းကို အသက်ချမ်းသာပေးမယ်လို့ ထင်နေတာလား။"
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်က ပြန်ပြော၏။ "ရုပ်သေးရုပ် ဧကရာဇ်ယုံတယ် ၊ မှားယွင်းမှုအချို့ကို ပြင်ဆင်ပါရစေ။ ပထမအချက် ၊ နန်းတော်ထဲမှာ ရင်ခွင်ပိုက်မင်းသားကို ငါ အပြင်းအထန် တိုက်ခိုက်ခဲ့တာက မင်းရဲ့ ယုံကြည်မှုကို ရဖို့အတွက်ပါ။ လုပ်ရပ်တိုင်းကို ရင်ခွင်ပိုက်မင်းသားဆီ အစီရင်ခံခဲ့ပြီး သူကိုယ်တိုင် သဘောတူခဲ့တယ်။"
"ဒုတိယအချက် ၊ ငါက အရင်တုန်းကတော့ မင်းအပေါ် ခြွင်းချက်မရှိ သစ္စာရှိခဲ့ပါတယ်။ ဒါပေမဲ့ မင်းရဲ့ နောက်ခံသမိုင်းကြောင်း ပေါ်လွင်လာပြီး မိခင်ကို သတ်တဲ့ ရာဇဝတ်မှု ကျူးလွန်ပြီးတဲ့နောက်မှာတော့ ငါ့ရင်ထဲမှာ မင်းက ပြိုင်ဘက်ကင်းတဲ့ ရန်သူတစ်ယောက် ဖြစ်သွားပြီ။"
"မင်းအပေါ်မှာ သစ္စာရှိမှုဆိုတာ မရှိတော့ဘူး။ ဒါဆို ဘယ်မှာလဲ သစ္စာဖောက်မှု။ ငါနဲ့ ငါ့အစ်ကို ဝမ်ဟွေ့တို့က အပြင်ပန်းမှာရော လျှို့ဝှက်စွာပါ တိုက်ခိုက်နေခဲ့ကြပေမယ့် ဧကရာဇ်အပေါ် ငါတို့ရဲ့ သစ္စာရှိမှုကတော့ အတူတူပါပဲ။ ငါတို့ မိန်းမစိုးတွေက လေတိုက်ရာ ယိမ်းတတ်တဲ့ အရပ်ဘက် အရာရှိတွေနဲ့ မတူဘူး။ ငါတို့က ခွေးတွေဖြစ်လို့ သခင်တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတယ်။"
"တတိယအချက် ၊ မင်းကို သတ်ဖို့ ငါ ဘယ်နှစ်ကြိမ်လောက် ကြိုးစားခဲ့လဲဆိုတာ မင်း သိလား။ ကံမကောင်းစွာနဲ့ပဲ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး။ မင်းက သိပ်ကို သံသယကြီးလွန်းတယ်။ ယွီမဟာဆရာသခင်က အမြဲတမ်း မင်းဘေးနားမှာ ရှိနေတယ်။ ဒါပေမဲ့ ငါသိရသလောက်တော့ ဒီယွီမဟာဆရာသခင်က ဖန်းမိသားစုက စေလွှတ်ထားတဲ့သူ ဖြစ်ပြီး အစကတည်းက မင်းကို သတ်ဖို့ ရည်ရွယ်ထားတာပဲ။"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်သည် ဖုန်းပေါင်ပေါင်၏ စကားကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"လီဝမ်ဟွေ့ရဲ့ အင်အားစုတွေက မြို့တော်ထဲမှာ ခိုအောင်းပြီး ဖျက်ဆီးမှုတွေ လုပ်တယ် ၊ လူထုသဘောထားနဲ့ ငါ့ကို တိုက်ခိုက်တယ်။ ဒါပေမဲ့ ဘယ်လိုမှ တားဆီးလို့ မရခဲ့ဘူး ၊ လအနည်းငယ် ဖမ်းဆီးခဲ့တာတောင်မှ မဖမ်းမိခဲ့ဘူး။ အဲဒါက မင်းတို့ကောင်တွေ အစကတည်းက ပူးပေါင်းကြံစည်နေခဲ့တာကိုး။"
ဖုန်းပေါင်ပေါင်က ဆက်ပြောသည်။ "ဟုတ်တယ် ၊ ရင်ခွင်ပိုက်မင်းသားရဲ့ စစ်တပ်က မြို့တော်နဲ့ အဝေးကြီး လိုပါသေးတယ်။ ဒါပေမဲ့ ခွေးသူခိုး ရုပ်သေးရုပ် ဧကရာဇ် မင်းက ထွက်ပြေးဖို့ လုပ်နေတယ်။ မင်းက ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ထားတာ ၊ ဘယ်လိုလုပ် ထွက်ပြေးလို့ ရနိုင်ပါ့မလဲ။ ဒါကြောင့် အစ်ကို ဝမ်ဟွေ့က မင်းကို ဆွဲဆောင်ဖို့အတွက် ကိုယ်တိုင် ငါးစာအဖြစ် နေပေးတာပဲ။"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က ရယ်မောလိုက်ပြီး ပြောသည်။ "ငါ့ကို ဒီလိုမျိုး ဖမ်းနိုင်မယ်လို့ ထင်နေတာလား။ ငါ့ဘေးနားမှာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ဘယ်လောက်ရှိလဲဆိုတာ မင်း သိလား။ မင်းက လီတောက်ယွဲ့ကြောင့် ဒီလို အော်ရဲနေတာ မဟုတ်လား။"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က လီတောက်ယွဲ့ကို ကြည့်ကာ ပြောလိုက်၏။ "မင်းက တုပိုင်ရဲ့ မိန်းမပဲ။ ဒီခန္ဓာကိုယ် အချိုးအစားနဲ့ ဒီရုပ်ရည်က တကယ်ကို လှတာပဲ။ ခဏနေရင် မင်း ငါ့လက်ထဲကို ကျရောက်လာလိမ့်မယ်။ မင်းရဲ့ သိုင်းပညာတွေကို ဖျက်ဆီးပစ်မယ် ၊ ပြီးရင် နှိပ်စက်ပြီး အရှက်ခွဲပစ်မယ်။ တုပိုင်ကို မျက်နှာပျက်အောင် လုပ်ပေးမယ်။"
"ရွှစ် ရွှစ် ရွှစ်..."
ရုတ်တရက် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ဆယ်ဦးသည် အိမ်ငယ်လေးကို ဝိုင်းရံလိုက်ကြ၏။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က အောင်ပွဲခံသည့် အပြုံးဖြင့် ပြုံးလိုက်၏။ "ငါ့ဆီမှာ မဟာဆရာသခင် တစ်ဒါဇင်ကျော် ရှိတယ်။ မင်းတို့ဆီမှာက လီတောက်ယွဲ့ တစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် မင်းတို့က သေလမ်းကို ရွေးနေတာပဲ။ ဖုန်းပေါင်ပေါင် ၊ လီဝမ်ဟွေ့... မင်းတို့ရဲ့ အစီအစဉ်က အချည်းနှီး ဖြစ်သွားပြီ။ မင်းတို့ ဘယ်မှ ထွက်ပြေးလို့ မလွတ်နိုင်တော့ဘူး။"
အမှန်တကယ်ပင် သူ၏ ရှေ့ရှိ အခြေအနေမှာ သေလမ်းတစ်ခုနှင့် တူနေပေသည်။
အပြင်ဘက်တွင် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် ဆယ်ဦး ဝိုင်းရံထားလေရာ မဟာဆရာသခင် လီတောက်ယွဲ့ တစ်ဦးတည်းနှင့် ဖောက်ထွက်ရန် မဖြစ်နိုင်ချေ။ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ကို ခေါ်ဆောင်သွားရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့နောက် နောက်တစ်စက္ကန့်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်က မဲ့ပြုံးပြုံးလိုက်လေ၏။
"ရွှပ်"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်၏ ပေါင်ကြားသို့ ဓားချက်တစ်ချက် အပြင်းအထန် ကျရောက်သွားပြီး သူ၏ ယောက်ျားအင်္ဂါကို အရှင်လတ်လတ် ဖြတ်ချပစ်လိုက်၏။
ထိုမျှသာမကသေးချေ။ ဧကရာဇ်ယုံတယ်၏ အသက်သွေးကြောပင် ဖြတ်တောက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ကျသွားပြီးနောက် ဖုန်းပေါင်ပေါင်က ခြေထောက်ဖြင့် မြောက်ကာ အပြင်းအထန် နင်းချေလိုက်ရာ လုံးဝ ကြေမွပျက်စီးသွားတော့သည်။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်သည် သူ၏ ပေါင်ကြားမှ အေးစက်စက် ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီးနောက် သွေးများ အလဟဿ ပန်းထွက်လာသည်။ သူသည် အရောင်ကန်းဝေဒနာ ခံစားနေရသဖြင့် သွေးများက အနီရောင် မဟုတ်ကြောင်း မြင်တွေ့နေရသော်လည်း သူ၏ ဝိညာဉ်မှာ လွင့်စင်သွားမတတ် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်သွားရ၏။
"အား... အားးး အားးးးး"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ထံမှ မကြုံစဖူး ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်က အပြင်ဘက်သို့ အော်ဟစ်လိုက်၏။
"ဖန်းကျိုး ၊ ငါ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ကို သင်းကွပ်လိုက်ပြီ။ သူက မင်းအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး။ မင်း သူ့ကို မင်းသမီး ဖန်းချင်းယီနဲ့ ပေးစားလိုက်တာက အနာဂတ်မှာ ယောက်ျားလေးတစ်ယောက် မွေးဖွားလာပြီး ထီးနန်းဆက်ခံဖို့အတွက် မဟုတ်လား။"
"ဒီယောက်ျားလေးက နင်တောက်ရွှမ်ရဲ့ သွေးဆက် ပါရုံတင်မကဘူး ဖန်းမိသားစုရဲ့ သွေးဆက်လည်း ပါဝင်ဖို့လေ။ အခုတော့ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်မှာ အဲဒီလို စွမ်းရည် မရှိတော့ဘူး ၊ သူ သင်းကွပ်ခံလိုက်ရတဲ့ အရာကိုလည်း ငါ နင်းခြေပစ်လိုက်ပြီ။"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လာကြစမ်း ၊ လာကြစမ်း ၊ ဖုန်းပေါင်ပေါင်နဲ့ လီဝမ်ဟွေ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ကြစမ်း။ တုပိုင်ရဲ့ မိန်းမ လီတောက်ယွဲ့ကို ဖျက်ဆီးပြီး သတ်ပစ်ကြစမ်း။"
သို့သော်လည်း အပြင်ဘက်တွင်မူ တိတ်ဆိတ်ငြိမ်သက်နေလေ၏။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်က ဆက်ပြောသည်။ "ဖန်းကျိုး ၊ မိန်းမစိုး တစ်ယောက်က ဧကရာဇ် မဖြစ်နိုင်ပါဘူး။ မင်းအနေနဲ့ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ရဲ့ သားအကြီးဆုံးကိုပဲ ဖြစ်ဖြစ် ၊ နန်ကျင်းက ယန်မင်းသားကိုပဲ ဖြစ်ဖြစ် ဧကရာဇ် တင်မြှောက်လို့ ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက နင်တောက်ရွှမ်ရဲ့ သွေးဆက်တွေပဲ မဟုတ်လား။ သစ္စာဖောက် ဧကရာဇ်ယုံတယ်နဲ့ ယှဉ်ရင် သူတို့ကို ထိန်းချုပ်ရတာ ပိုလွယ်ကူတယ် မဟုတ်လား။"
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်က ဟိန်းဟောက်လိုက်၏။
"ငါ့ရဲ့ အမိန့်တော်ကို မကြားကြဘူးလား။ လာကြစမ်း ၊ လီဝမ်ဟွေ့နဲ့ ဖုန်းပေါင်ပေါင်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်။ လီတောက်ယွဲ့ကို လူထောင်ပေါင်းများစွာနဲ့ အလှည့်ကျ မုဒိမ်းကျင့်ပစ်ကြ။"
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ကြီးကြပ်ရေးမှူးချုပ် ဖုန်းပေါင်ပေါင်က ဆက်ပြောလိုက်သည်။
"အမတ်ချုပ်ကြီးကျိုး... အရှင်မင်းမြတ် တုပိုင်က ကျွန်တော့်ဆီ ပေးပို့ခဲ့တဲ့ လျှို့ဝှက်စာထဲမှာ ပေမင်ဓားဂိုဏ်းရဲ့ ကြီးမားတဲ့ အားနည်းချက်တစ်ခု သူ့လက်ထဲမှာ ရှိနေတယ်လို့ ပြောထားပါတယ်။ ပုံမှန် တိုက်ပွဲတွေဆိုရင် ပြဿနာ မရှိပေမယ့် ၊ ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်တွေက အရှင်မင်းမြတ် တုပိုင်ရဲ့ ဘေးနားက လူတွေကို သတ်ဖြတ်ရဲရင်တော့ သူက အပြင်းအထန် လက်စားချေလိမ့်မယ်လို့ ဆိုထားပါတယ်။"
ဖန်းကျိုးမှာ ထိုအကြောင်းကို အမှန်တကယ်ပင် မသိခဲ့ချေ။ သူသည် ပေမင်ဓားဂိုဏ်းမှ လူတစ်ယောက် မဟုတ်ပေ။
သူသည် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်၏ ဘေးတွင် ရှိနေသော နင်တောက်ရွှမ်ဂိုဏ်း၏ အမြင့်ဆုံး အဖွဲ့ဝင်ဖြစ်သည့် ပေမင်ဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
ဖန်းကျိုး၏ အကြည့်ကို မြင်လိုက်ရသောအခါ ပေမင်ဓားဂိုဏ်းမှ အကြီးအကဲက ခေါင်းညိတ်ပြလိုက်လေ၏။
"နင်တောက်ရွှမ်က တာ့နင်အင်ပါယာရဲ့ ထီးနန်းကိုပဲ ဂရုစိုက်တာ ဖြစ်ဖို့များတယ်။ ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ရဲ့ သားကို သူ သိပ်ဂရုစိုက်ပုံ မရဘူး။ မဟုတ်ရင် အဲဒီအချိန်တုန်းက ယန်မင်းသားကို သူ ထောက်ပံ့ခဲ့မှာ မဟုတ်ဘူး။" ဖုန်းပေါင်ပေါင်က ဆက်ပြောသည်။ "အခု သူက သင်းကွပ်ခံလိုက်ရပြီ ၊ ဧကရာဇ်လည်း ဆက်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ဘာတန်ဖိုးမှလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ ဒီလိုပဲ လမ်းခွဲလိုက်ကြရင် မကောင်းဘူးလား။"
ဖန်းကျိုး ခဏတာမျှ ရွေးချယ်ရ ခက်ခဲသွားရသည်။
ပထမဆုံးအနေဖြင့် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်၌ အမှန်တကယ်ပင် တန်ဖိုးမရှိတော့ချေ။ သို့သော် နင်တောက်ရွှမ်၏ ရှင်းလင်းသော သဘောထား မပါဘဲ ၊ သခင်လေး၏ ဆန္ဒမပါဘဲ ၊ သူတို့အနေဖြင့် ဤဧကရာဇ်ယုံတယ်ကို စွန့်ပစ်ရန် အခွင့်အာဏာ မရှိပေ။
ထိုအချိန်လေးမှာပင် အဝေးမှ ချဉ်းကပ်လာသော လှပသည့် လူရိပ်တစ်ခုမှာ ပေမင်ဓားဂိုဏ်း အန်ချိုကျွန်း၏ အကြီးအကဲ ကျီမင်းကျစ် ဖြစ်နေသည်။
"ဂိုဏ်းချုပ်အမိန့် ၊ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အမြင့်ဆုံး အမိန့်တော် ၊ ပေမင်ဓားဂိုဏ်းသားအားလုံး လက်ရှိလုပ်နေတဲ့ ကိစ္စအဝဝကို ချက်ချင်း ရပ်တန့်ပြီး ပေမင်ဓားဂိုဏ်းဆီ ချက်ချင်း ပြန်လာကြရမယ်။ အရမ်းအရေးကြီးတယ်။"
တစ်ချိန်တည်းမှာပင် ကျီမင်းကျစ်က ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံး ဆင့်ခေါ်မိန့် ဖြစ်သော အမိန့်ပြားတစ်ခုကို မြှောက်ပြလိုက်သည်။
အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။ မည်သည်များ ဖြစ်ပျက်သွားသနည်း။ ပေမင်ဓားဂိုဏ်းက အမှန်တကယ်ပင် အမြင့်ဆုံး ဆင့်ခေါ်မိန့်ကို ထုတ်ပြန်လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် နောက်ထပ် လူရိပ်တစ်ခု အဝေးမှ ချဉ်းကပ်လာပြန်သည်။ ထိုသူမှာလည်း ပေမင်ဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးပင် ဖြစ်လေသည်။
"ဂိုဏ်းချုပ်အမိန့် ၊ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အမြင့်ဆုံး အမိန့်တော် ၊ ပေမင်ဓားဂိုဏ်းသားအားလုံး လက်ရှိလုပ်နေတဲ့ ကိစ္စအဝဝကို ချက်ချင်း ရပ်တန့်ပြီး ပေမင်ဓားဂိုဏ်းဆီ ချက်ချင်း ပြန်လာကြရမယ်။"
သူသည်လည်း ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံး ဆင့်ခေါ်မိန့် အမှတ်အသား ဖြစ်သော အနီရောင် အမိန့်ပြားတစ်ခုကို ကိုင်ဆောင်ထားလေသည်။
ကြီးမားသော ၊ တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စကြီး တစ်ခုခု ဖြစ်ပွားနေမည်မှာ သေချာလှသည်။ ထို့ကြောင့်သာ ပေမင်ဓားဂိုဏ်းသား အားလုံးကို ပြန်လာရန် ဆင့်ခေါ်နေခြင်း ဖြစ်ပေလိမ့်မည်။
ဤအနီရောင် အမြင့်ဆုံး ဆင့်ခေါ်မိန့်ပြား၏ အဓိပ္ပာယ်မှာ ပေမင်ဓားဂိုဏ်းသား မည်သူမဆို မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၊ ဘုရားဝတ်ပြုနေသည်ဖြစ်စေ ၊ မင်္ဂလာဆောင်နေသည်ဖြစ်စေ ၊ ကလေးမွေးဖွားနေသည်ဖြစ်စေ ချက်ချင်း ရပ်တန့်ကာ ပေမင်သို့ အမြန်ဆုံး သွားရောက်ရမည် ဖြစ်သည်။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်၏ ဘေးတွင် အမြဲရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် ယွီမဟာဆရာသခင်သည် ထိုအချိန်၌ လီတောက်ယွဲ့နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။ သို့သော် ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံး ဆင့်ခေါ်မိန့်ကို ကြားလိုက်ရပြီးနောက် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ နောက်ဆုတ်သွားကာ ဧကရာဇ်ယုံတယ်ကို ဘေးသို့ ပစ်ထားခဲ့လိုက်တော့သည်။
ထိုမျှသာမကသေး ၊ အပြင်ဘက်ရှိ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် တစ်ဒါဇင်ကျော်သည်လည်း စကားတစ်ခွန်းမှ မပြောဘဲ ပေမင်ဓားဂိုဏ်းရှိရာ အရပ်ဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေမင်ဓားဂိုဏ်းမှ သိုင်းပညာရှင် အားလုံး တစ်ယောက်မကျန် ထွက်ခွာသွားကြလေသည်။
ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်မှာ လုံးဝနီးပါး ပြိုလဲကျသွားပြီး ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "မင်းတို့ ပြန်လာကြ ၊ ပြန်လာခဲ့ကြစမ်း။"
"ပေမင်ဓားဂိုဏ်း ၊ မင်းတို့အားလုံး သေရမယ်။ နင်တောက်ရွှမ် ၊ ခင်ဗျား သေရမယ်။"
လီဝမ်ဟွေ့က သူ၏ ခန္ဓာကိုယ်ပေါ်မှ ကြိုးများကို ညင်သာစွာ ရုန်းထွက်လိုက်ပြီးနောက် ထိုကြိုးများဖြင့် ရုပ်သေးရုပ် ဧကရာဇ်ယုံတယ်ကို ပြန်လည် တုပ်နှောင်လိုက်ကာ အေးစက်စွာ ပြောလိုက်၏။ "လူယုတ်မာ မျိုးမစစ် ၊ နန်းတော်ထဲသွားပြီး စောင့်နေကြရအောင် ၊ တုပိုင်က မင်းကို အရမ်း သတိရနေလောက်ပြီ။"
ထိုအချိန်၌ တောင်ဘက်ကောင်းကင်ပြင်တစ်ခုလုံး သွေးရောင်များ လွှမ်းခြုံသွား၏။ ကောင်းကင်ကြီး ပြောင်းလဲသွားပုံရသည်။
**--**--**--**--**--**--**--**
နှစ်ရက် ကြာပြီးနောက်တွင် တုပိုင်နှင့် နင်းရွှဲ့တို့သည် သွေးမိစ္ဆာစစ်သည် နှစ်ထောင်ကို ဦးဆောင်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်လာကြ၏။
ပထမဆုံးအနေဖြင့် မြောက်ပိုင်းရှိ စစ်တပ်အင်အား သိန်းနဲ့ချီ၍ တုပိုင်ထံသို့ ထပ်မံ လက်နက်ချ အညံ့ခံလာကြသည်။
ဤစစ်တပ်များမှာ မူလက လန်အောက်နယ်စားမင်းနှင့် ယွမ်ထိန်နယ်စားမင်းတို့၏ လက်အောက်ခံများ ဖြစ်ကြပြီး ဂျာချင်အင်ပါယာထံသို့ အရင် လက်နက်ချပြီး ယခုအခါ တုပိုင်ထံသို့ ထပ်မံ လက်နက်ချလာကြခြင်း ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၁ + ၇၈၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team