← Chapters

အခန်း (၄၇၃-၄၇၄)

Vol. 36 Ch. 473-474

အခန်း (၄၇၃-၄၇၄)

Vol. 36 Ch. 473-474

Htet Paing:

အခန်း ၄၇၃ ဖရိုဖရဲကောင်းကင်တာအို၊ နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ကောင်းကင်မိစ္ဆာဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။"နတ်ဧကရာဇ် ခင်ဗျား ငါရဲ့ ဆိုလိုရင်းကို နားလည်သင့်ပါတယ်... ခင်ဗျားရဲ့ မြှင့်တင်ပေးမှုသာ မရှိရင် ငါ့မှာ ဒီလိုနေ့ဆိုတာ ဘယ်လိုရှိနိုင်မှာလဲ။ ဒီကျေးဇူးကြောင့်ပဲ ခင်ဗျားကို ဒီလိုလုပ်ခြင်းရဲ့ အကျိုးဆက်ကို သတိပေးချင်တာပါ"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ့ကို ငုံ့ကြည့်ရင်း မေးလိုက်သည်၊ "မင်း စစ်ခုံရုံး(စစ်ပွဲနန်းတော်) ဘက်ကို သစ္စာဖောက်ပြီး ကူးပြောင်းသွားချင်တာလား"

ကောင်းကင်မိစ္ဆာဧကရာဇ်က ပြန်ဖြေသည် "ကပ်ဘေးမိစ္ဆာဧကရာဇ် က ကျွန်တော့်ကို ရှာဖွေခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ စစ်ခုံရုံးက နယ်နိမိတ်တံခါး ကို ဖြတ်ကျော်လို့မရသလို ငါလည်း သစ္စာဖောက်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ မတူဘူး။ ခင်ဗျားက ဒီစကြဝဠာက မဟုတ်ဘူး။ မကြာခင် ဒါမှမဟုတ် နောက်ကျရင် ထွက်သွားရမှာပဲ"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် တိတ်ဆိတ်သွားသည်။

ကောင်းကင်မိစ္ဆာဧကရာဇ်၏ မျက်လုံးများ အရောင်တလက်လက် ဖြစ်သွားကာ " ခင်ဗျားကို အဲ့ဒီလူကို ရှင်းလင်းဖို့ ကူညီပေးရမလား၊ ဒါဆို ခင်ဗျား ဧကရာဇ်လုံရှင်းကို ကတိမတည်ခဲ့ဘူးလို့ အမြင်မခံရတော့ဘူးပေါ့"

ဘုန်း!

ကြောက်မက်ဖွယ်အရှိန်အဝါ တစ်ခုသတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်မိစ္ဆာဧကရာဇ်ကို အဆက်မပြတ် ရိုက်ခတ်ကာ သူ့ပတ်လည်ရှိ မိစ္ဆာချီများ ပြိုကွဲသွားလိုက် ပြန်စုစည်းလိုက် ဖြစ်သွားစေခဲ့သည်။

ကောင်းကင်မိစ္ဆာဧကရာဇ်က ခေါင်းအနည်းငယ် ငုံ့လိုက်၏။ သူ၏မျက်နှာမှာ မည်းမှောင်သွားသည်။

"မင်းမှာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ချေမှုန်းနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူးထင်တယ် ဒါကြောင့် ငါ့အစွမ်းအားကို မှီခိုချင်နေတာလား" သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။

ကောင်းကင်မိစ္ဆာဧကရာဇ်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်"ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်ရဲ့ တည်ရှိမှုက ကောင်းကင်တာအိုရဲ့ မဟာကောင်းကင်နဲ့မြေပြင်တွေကို ချေမှုန်းဖို့ပဲ။ ဒါက င။တို့ မျိုးနွယ်ရဲ့ သမိုင်းပေး တာဝန်ပဲ။ ငါမလုပ်ရင်တောင် မကြာခင် ဒါမှမဟုတ် ငါ ပြာမှုန့်ဖြစ်သွားရင် ငါရဲ့ လမ်းစဥ်က အချည်းနှီး ဖြစ်သွားလိမ့်မယ်။ အခုခေတ်မှာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ ရွှမ်ယုမင်းဆက်ရဲ့ စွမ်းအား၊ တာဟုန်ဓားကောင်းကင်ရဲ့ ဓားတာအို၊ ပြီးတော့ မသိမြင်ရတဲ့ မူလအစရှိတဲ့ လွတ်ငြိမ်းရာအမတ ရှိနေတယ်။ ငါမှာ လုံးဝယုံကြည်မှု မရှိတာ အမှန်ပဲ။ နတ်ဧကရာဇ် ခင်ဗျားက အဆင့်ကျော်လွန်သွားခဲ့ပေမယ့်.... ခင်ဗျားက ဖရိုဖရဲ(ဟွမ့်သွမ် မူလပျက်ဆီးနယ်မြေ) ထဲကပဲ။ ဒီလိုရပ်တည်မှုက ခင်ဗျားကို ကောင်းကင်တာအိုရဲ့ သက်ရှိတွေနဲ့ သဟဇာတမဖြစ်နိုင်ဘူးလို့ ကံကြမ္မာ သတ်မှတ်ထားပြီးသားပဲ။ နဂါးမျိုးနွယ်ရဲ့ မျိုးဆက်တွေက ပြန်လည်မွေးဖွားခြင်းကို အခွင့်ကောင်းယူပြီး ကောင်းကင်တာအိုထဲ ဝင်ရောက်ခြင်းက ခင်ဗျားနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နှင့်ပြီးသားဆိုတာပြသနေတယ်"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ၏အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး ခဏစဥ်းစားကာ သူ၏ ညာလက်ကို မြှောက်၍ အနည်းငယ် လက်ဟန်လုပ်လိုက်သည်။ သူ၏နောက်ရှိ အမှောင်ထုထဲမှ ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး တဖျပ်ဖျပ်တောက်နေသော မီးတောက်များဖြင့် ဖုံးလွှမ်းနေကာ မျက်နှာအစစ်အမှန်ကိုတော့ မမြင်ရချေ။

ဤပုံရိပ်ကို မြင်သောအခါ ကောင်းကင်မိစ္ဆာဧကရာဇ်၏ အမူအရာ ပြောင်းလဲသွားပြီး သူ မထိန်းနိုင်ဘဲ "နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ခင်ဗျား သူ့ကို ဘယ်လိုခေါ်လာတာလဲ"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ပြန်မဖြေဘဲ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်က ကြီးမြတ်သော နေနှစ်စင်းနှင့် တူသော မျက်လုံးတစ်စုံကို ဖွင့်လိုက်၏။ ၄င်း၏ တည်ရှိမူက ဖိနှိပ်မှုဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမျက်လုံးများရှေ့တွင် ကောင်းကင်မိစ္ဆာဧကရာဇ်သည် ဖုန်မှုန့်တစ်စကဲ့သို့ သေးငယ်သွားပုံရသည်။

ကောင်းကင်မိစ္ဆာဧကရာဇ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရူးသွပ်ကြမ်းကြုတ်သော အမူအရာတစ်ခုပေါ်လာခဲ့သည်။

"ဒီစွမ်းအားနဲ့ဆိုရင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်!"

အဓိပတိဂိုဏ်းသည် နွေဦးပွဲတော်၏ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်တွင် နစ်မြောနေပြီး တတိယဆေးဝါးတောင်ကြားကိုမူ အစီအရင်များဖြင့် သီးခြားခွဲထုတ်ထားသည်။ အစီအရင်အတွင်း သွေးအကျဥ်းထောင်သူတော်စင်သည် သူ၏ ကပ်ဘေးကို ကြုံတွေ့နေရပြီး ကြမ်းတမ်းသော ကောင်းကင်မိုးကြိုးများက သူ့ကို အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။

သူက လေမြင့်တွင် ပျံဝဲနေရင်း နာကျင်မှုမခံစားရဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူက တော်တော်လေး သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားနေရသည်။

ကုအန်က စင်မြင့်တစ်ခုပေါ်တွင် ရပ်ကာ သူ၏ကိုယ်ပိုင် တာအို ကို အသုံးပြု၍ သွေးအကျဥ်းထောင်သူတော်စင်၏ ကောင်းကင်ကပ်ဘေးကို အရှိန်မြှင့်တင်ပေးနေခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးအကျဥ်းထောင်သူတော်စင်သည် အ​ချုပ်အနှောင်မဲ့အမတအဆင့် သို့ ခြေချနှင့်ပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို လိုက်လျောညီထွေ ဖြစ်အောင် နေနေသည်။

တောင်ကြားရှိ လူတိုင်းက ဤမြင်ကွင်းကို ကြည့်ရှုရင်း အချင်းချင်း စကားပြောနေကြသည်။ မမြင်ရသောအင်အားတခုက သူတို့တစ်ဦးချင်းစီကို ကိုယ်ပိုင် နားလည်သဘောပေါက်မှုများ ရရှိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုအန်၏ တာအိုသည် ဆေးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး လူတိုင်းကို ၎င်းကို ခံစားခွင့်ပြုထားသောကြောင့် ဖြစ်သည်။

ကြီးကျယ်သော ပွဲတော်တစ်ခုသည် သွေးအကျဥ်းထောင်သူတော်စင်၏ အဆင့်တက်ခြင်းကို ကြည့်ရှုရန်သက်သက်တော့ မဖြစ်နိုင်ပါ။ ဆေးတောင်ကြားသို့ လာရောက်သူများသည် သူ့မိတ်ဆွေများ သို့မဟုတ် ဂိုဏ်း၏ ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်ကြပြီး ၎င်းကို နွေဦးပွဲတော်အတွက် လက်ဆောင်တစ်ခုအဖြစ် မှတ်ယူကြသည်။

လူအများစုက အဓိပတိဂိုဏ်းသည် ဆရာသခင်ဓားအရှင်ကို မှီခိုနေရသည်ဟု ယုံကြည်ကြသော်လည်း ကုအန်က အဓိပတိဂိုဏ်းသည်လည်း သူ့ကို များစွာ ဖုံးကွယ်ကူညီပေးခဲ့ပြီး အဆင့်မြင့်ပုဂ္ဂိုလ်များက သူ့ကို အမှန်တကယ် လေးစားကြသည်ဟု ခံစားမိသည်။ အနှောင်အယှက်များ ရှိခဲ့လျှင်တောင် ၎င်းတို့သည် တတိယဆေးတောင်ကြား အပြင်ဘက်တွင်သာ ဖြစ်ပြီး သူ၏ တိတ်ဆိတ် ကျင့်ကြံမှုကို မနှောင့်ယှက်ခဲ့ကြပေ။

နှစ်တစ်ထောင်ကျော်အတွင်း အဓိပတိဂိုဏ်းသည် အတက်အကျ အဖုအထစ်များ ကြုံတွေ့ခဲ့ရသော်လည်း ၎င်း၏အမှားများကို အမြဲတမ်း ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ ယေဘုယျအားဖြင့် ကုအန်သည် အဓိပတိဂိုဏ်းအပေါ် တော်တော်လေး ကျေနပ်မိ၏။ ထို့ကြောင့်ပင် သူက ဤသို့ ကြီးကျယ်သော လက်ဆောင်ကို ပေးအပ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

"အမတကျင့်ကြံခြင်းနဲ့ အသိဉာဏ်ပွင့်လင်းခြင်းကို လိုက်စားတာက အတူတူ အရေးကြီးတယ်။ ခင်ဗျားတို့ထဲက အများစုကစုပ်ယူခြင်း ကျင့်ကြံမှုတွေနဲ့ အလုပ်များနေပြီး ပိုသန်မာလာဖို့ကိုပဲ အာရုံစိုက်နေကြတယ်။ တကယ်တော့ ဒါက စွဲလမ်းမှုတစ်ခု ဖြစ်လာနိုင်ပြီး အတွင်းစိတ်မိစ္ဆာတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ကျွန်တော့်ရဲ့ စီးတော်ယာဥ်က သဘာဝလောကကြီးကို ခံစားရင်း နှစ်ပေါင်းများစွာကျင့်ကြံခဲ့တယ်။ ဒါကြောင့်ပဲ သူက အမတတစ်ပါး ဖြစ်လာခဲ့တာ"

ကုအန်၏ အသံ မြင့်တက်လာပြီး သူ၏စကားလုံးများက လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိကာ သူတို့ကို စဥ်းစားတွေးခေါ်မှုထဲသို့ နစ်မြုပ်သွားစေသည်။

ကုအန်က အလကားပြောနေခြင်း မဟုတ်ပေ။ သွေးအကျဥ်းထောင်သူတော်စင်၏ ခွန်အားသည် လမ်းစဥ်ကို အသိဉာဏ်ပွင့်လင်းခြင်းနှင့် မသက်ဆိုင်သော်လည်း သဘာဝလောကကြီးကို ခံစားခြင်းသည်လည်း လမ်းကြောင်းတစ်ခုဖြစ်ပြီး ၎င်း၏ အလားအလာသည် ချီစုပ်ယူခြင်း ကျင့်ကြံမှုထက် ပိုမိုမြင့်မားသည်။

"တစ်စုံတစ်ယောက်က တာအိုကို ရရှိနိုင်ရင် စွမ်းအားက အလိုအလျောက် ရောက်လာလိမ့်မယ်"

ကျင့်ကြံသူအများစုသည် ချီစုပ်ယူခြင်း ကျင့်ကြံမှုဖြင့် အလုပ်များနေကြပြီး သဘာဝတရားကို နားလည်သဘောပေါက်ရန် လျစ်လျူရှုထားကြသည်။ သူတို့၏ အကျိုးအမြတ်ကိုသာ ကြည့်သော စိတ်သဘောထားကလည်း သူတို့ကို မတည်မငြိမ် ဖြစ်စေပြီး အစွန်းရောက်သော လမ်းကြောင်းများသို့ ပို့ဆောင်ပေးသည်။

ကုအန် ပြောနေသည်မှာ ဝူကျဲ၏ အသိဉာဏ်ပွင့်လင်းခြင်းမျိုး မဟုတ်ဘဲ မဟာတာအို ကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ မဟာတာအိုသည် နေရာတိုင်းတွင် ရှိနေပြီး အသိတရား၏ သဲလွန်စတစ်ခုမျှပင် နှစ်တစ်ထောင် ကြိုးစားကျင့်ကြံမှုထက်ပင် ပိုတန်ဖိုးရှိသည်။

အသိဉာဏ်ပွင့်လင်းမှု မရရှိလျှင်တောင်မှ ရံဖန်ရံခါ တရားထိုင်ခြင်းသည် တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှ မတည်ငြိမ်မှုများကို သက်သာစေနိုင်ပြီး ရှေ့ဆက်ရမည့် ခရီးကို ပိုမို တည်ငြိမ်စေသည်။

တရုတ်စကားပုံတစ်ခုရှိ၏။ 'အလျင်လိုခြင်းသည် အလဟဿဖြစ်စေသည်' ၎င်းသည် အမတဖြစ်ခြင်းကို လိုက်စားရာတွင်လည်း အကျုံးဝင်၏။

ကုအန်က ညင်သာစွာ ပြောကြားရင်း ဧည့်သည်အားလုံးကို သူ၏ တာအိုဖြင့် လမ်းညွှန်ပေးနေသည်။ ကျွယ်လော့ဓားသခင်နှင့် ဝတ်ရုံဖြူဘိုးအိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်များပင်လျှင် နက်ရှိုင်းသောတွေးနွံ့ထဲသို့ ကျရောက်သွားကြသည်။

ရှကျဲသည် လူအုပ်ထဲတွင် ရပ်နေရင်း အလွန်အမင်း နားလည်သဘောပေါက်သွားသည်ဟု ခံစားလိုက်ရသည်။

အမှန်တကယ်တော့ နှစ်များတစ်လျှောက် သူ အလွန်စိတ်မရှည်ဖြစ်နေပြီး သူ၏နှလုံးသားထဲတွင် ဒေါသများ တဆူဆူပွက်နေသည်ဟု ခံစားခဲ့ရသည်။ မဖြေရှင်းလျှင် ၎င်းသည် အနာဂတ်တွင် စိတ်မိစ္ဆာ ဖြစ်လာနိုင်သည်။

အခု သူ၏ဆရာ၏ အသံကို နားထောင်ရင်း သူ၏နှလုံးသားသည် မကြုံစဖူး တည်ငြိမ်မှုထဲသို့ ကျရောက်သွားသည်။ ၎င်းသည် အလွန် သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခု ဖြစ်သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကုအန်၏ အကူအညီဖြင့် သွေးအကျဥ်းထောင်သူတော်စင်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ဖြစ်စဥ်သည် အလွန်လျင်မြန်လှသည်။

ညနေ ရောက်သောအခါ ကောင်းကင်ကပ်ဘေး ပျောက်ကွယ်သွားခဲ့သည်။

သွေးအကျဥ်းထောင်သူတော်စင်သည် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အချုပ်အနှောင်မဲ့အမတ လ ပထမအဆင့်သားရဲဖြစ်လာခဲ့သည်။

သူက နိဗ္ဗာနအဆင့် ကို တိုက်ရိုက် ခုန်ကျော်နိုင်ခဲ့ခြင်းမှာ ကုအန်က သူ့အပေါ် နှစ်များတစ်လျှောက် ရင်းနှီးမြှုပ်နှံခဲ့သော ဆေးအပင်များနှင့် ဆေးလုံးများကြောင့် အဓိက ပါဝင်သည်။

အချုပ်အနှောင်မဲ့အမတအဆင့်၏ အစွမ်းထက်သော ကျင့်ကြံမှုအဆင့်ကို ခံစားမိရင်း သွေးအကျဥ်းထောင်သူတော်စင်သည် ကျယ်လောင်စွာဟိန်းလိုစိတ် ပေါ်လာသော်လည်း သူ ထိန်းချုပ်ထားလိုက်သည်။

သူက ကောင်းကင်မှ ဆင်းသက်လာပြီး ကုအန်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်နှင့် လက်ဖဝါးကို ပေါင်း၍ အရိုအသေပေးလိုက်သည်၊ "ကျေးဇူးတင်ပါတယ် သခင်ကြီး၊ ခင်ဗျားရဲ့ ကျေးဇူးတော်အတွက်ပါ။ ကျွန်တော် ခင်ဗျားဘေးမှာ ထာဝရ အမှုထမ်းပါ့မယ်!"

သူ၏အသံသည် ကျယ်လောင်ရှင်းလင်းပြီး လူအများအပြားကို နိုးထလာစေသည်။ ဤလူသိရှင်ကြား ကြေညာချက်သည်လည်း သူ၏ အမတဖြစ်လာခြင်းမှာ ကုအန်၏ လက်ဆောင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များ မပျောက်ကွယ်သေးဘဲ ညဉ့်နက်လာသည်နှင့်အမျှ တိမ်တိုက်များ၏ အနားသတ်များသည် နီရဲသော အလင်းရောင်ဖြင့် ဆိုးထားသည်။

ကုအန်က သွေးအကျဥ်းထောင်သူတော်စင်ကို ထူပေးလိုက်ပြီး အောက်မှ ပရိသတ်ကို လှည့်ကြည့်လိုက်သည်။ သူတို့အများစု နိုးထလာကြသည်ကို မြင်သောအခါ သူ လက်မြှောက်ကာ ပြုံးလိုက်သည်။ "မိတ်ဆွေတို့ နှစ်သစ်ကူးပွဲတော် ရောက်ရှိလာပြီ သောက်စားပျော်ပါးကြရမယ့် အချိန်ပါပဲ!"

သူ့စကားဆုံးသည်နှင့် အန်ရှင်းက လက်ဝှေ့ယမ်း အမူအရာပြလိုက်ပြီး ဆေးတောင်ကြား တပည့်အများအပြား စတင် လှုပ်ရှားကြသည်။

ဘုန်း! ဘုန်း! ဘုန်း

မီးရှူးမီးပန်းများက ဆေးတောင်ကြား၏ အစွန်အဖျားရှိ တောင်များမှ ထိုးတက်လာပြီး ၎င်းတို့၏ မိုးခြိမ်းသံများက ကောင်းကင်နှင့်မြေကြီးကို စဥ်းစားတွေးခေါ်မှုတွင် နစ်မြောနေဆဲဖြစ်သော လူတိုင်းကို နိုးထလာစေသည်။

ရုတ်တရက် နိုးထလာသောအခါ သူတို့သည် ဆုံးရှုံးမှု ခံစားချက်ကို ခံစားလိုက်ရပြီး သူတို့၏ ယခင် အတွေ့အကြုံကို ပြန်လည်ရယူလိုကြသည်။

သူတို့သည် သဘာဝတရားကို နားလည်သဘောပေါက်ခြင်းအကြောင်း ကုအန်၏ စကားများကို အလေးအနက် စတင် စဥ်းစားလာကြသည်။

တတိယဆေးတောင်ကြားရှိ နှစ်သစ်ကူးပွဲတော်သည် တရားဝင် စတင်ခဲ့ပြီး ကုအန်သည် သွေးအကျဥ်းထောင်သူတော်စင်နှင့်အတူ စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။ သူသည် ချက်ချင်းပင် အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်သွားပြီး လူအများအပြားက သွေးအကျဥ်းထောင်သူတော်စင်ကို ဝန်းရံကာ ချီးကျူးစကားများ ဆိုကြပြီး အမတဖြစ်လာခြင်း အတွေ့အကြုံကို မေးမြန်းကြသည်။

သွေးအကျဥ်းထောင်သူတော်စင်က ခါးထောက်လျက် တက်ကြွစွာ ရပ်၏။ သူက အချေုပ်အနှောင်မဲ့အမတ၏ စွမ်းအားအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

သူ၏အကြည့်က အဝေးသို့ လှည့်သွားပြီး ဆန်းကြယ်သန့်စင်သောသစ်ပင် အောက်ရှိ ဝိညာဥ်ဖြူကြွက် ကို စိုက်ကြည့်လိုက်ရာ ၎င်းမှာ ကြောက်လန့်တကြား ချက်ချင်း မြေအောက်သို့ တူးဝင် ပျောက်ကွယ်သွားသည်။

သွေးအကျဥ်းထောင်သူတော်စင်က ပြုံးလိုက်သည်။ သူ၏ ချိုများနှင့် သွေးနီရောင်ဆံပင်များက သူ့ကို ဤလောကရှိ အသူရာတစ်ကောင်ကဲ့သို့ ဖြစ်စေပြီး သူ၏အပြုံးသည် ထူးဆန်းစွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။

အခန်း ၄၇၄ ကောင်းကင်တာအို သီအိုရီ

တတိယဆေးဝတောင်ကြားရှိ နွေဦးပွဲတော်သည် ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပြီး လူတိုင်း တစ်ညလုံး သောက်စားကာ ဇာတ်လမ်းများ ဝေမျှရင်း ပိုမို ရင်းနှီးသွားကြသည်။

ကုအန်သည် ထိုညနေခင်းတွင် အတော်လေး အလုပ်များနေခဲ့သည်။ အန်ရှင်းနှင့် ရှန်ကျန်းမှလွဲ၍ လူတိုင်းက သူ့ပတ်ဝန်းကျင်တွင် စကားပြောဆင်ခြင်နေကြသည်ကို သူ ခံစားမိသည်။

ဝူကျဲပင်လျှင် ယခင်ကနှင့် ပြောင်းလဲသွားသည်။

ဒါက အစွမ်းထက်လွန်းခြင်းရဲ့ အားနည်းချက်ပေလော။

ကုအန်က ပြတင်းပေါက်နားတွင် ရပ်ကာ သူ့မိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

မနက်ခင်း နေရောင်ခြည်က တောက်ပနေပြီး ထွက်ခွာသွားသော သူ့မိတ်ဆွေများကို ပန်းနုရောင် မိုးသောက်အလင်းဖြင့် ပတ်ရစ်ကာ ထွက်ခွာသွားသကဲ့သို့ ဖြစ်စေသည်။

ခဏအကြာတွင် ကုအန် နောက်ပြန်လှည့်ကာ သူ၏စားပွဲသို့ သွားပြီး စိတ်နှလုံးကျင့်ကြံခြင်း အကြောင်း စတင် ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မနေ့ညက လုပိုင်ထျန်းက စိတ်နှလုံးကျင့်ကြံခြင်း နည်းလမ်းတစ်ခု ထူထောင်ရန်နှင့် ၎င်းကို အဓိပတိဂိုဏ်း တစ်လျှောက် ဖြန့်ဝေကာ တပည့်များ၏ ရှေ့ဆက်ရမည့် လမ်းခရီးကို ပိုမို ခိုင်မာစေရန် ကူညီပေးလိုကြောင်း ဆန္ဒပြခဲ့သောကြောင့် ဖြစ်သည်။

ကုအန်က အကြံပြုချက်များစွာ ပေးခဲ့သည်။ ဥပမာအားဖြင့် အနီးကပ်ဆက်ဆံရေး မရှိခြင်းကြောင့် တပည့်တစ်ဦးတစ်ယောက်ကိုမျှ လျစ်လျူမရှုမိစေရန် ဆရာက ကျင့်ကြံမှုကို တပြေးညီ သင်ကြားပေးခြင်း ဖြစ်သည်။

အဓိပတိဂိုဏ်းသည် ပါရမီရှင်များကို တမင်တကာ မွေးထုတ်ရန် မလိုအပ်တော့ပေ။ ခိုင်မာသော အခြေခံအုတ်မြစ်က ပိုအရေးကြီးပြီး ၎င်းအတွက် တပည့်အားလုံး၏ ကြိုးပမ်းမှု လိုအပ်သည်။

ပါရမီရှင်များစွာရှိသော ဂိုဏ်းသည် အားကောင်းချင်မှ ကောင်းပေလိမ့်မည်။ သို့သော် ထူးချွန်သောတပည့်များရှိသော ဂိုဏ်းသည် သေချာပေါက် အားနည်းမည်မဟုတ်ပေ။

ကုအန်က အဓိပတိဂိုဏ်းအတွက် နှစ်တစ်ရာ ကျင့်ကြံရေးနှင့် ပညာရေးအစီအစဥ်တစ်ခု ဖန်တီးခဲ့သည်။ ဝင်ခွင့်ရသော တပည့်တိုင်းသည် စည်းကမ်းဖောက်ဖျက်ခြင်းမရှိပါက ဂိုဏ်းမှ နှစ်တစ်ရာ ကျင့်ကြံခြင်းနည်းလမ်းများနှင့် မန္တန်လမ်းညွှန်မှုများကို အခမဲ့ ရရှိမည်ဖြစ်ပြီး တပည့်တစ်ဦးချင်းစီတွင် ထူးခြားသော ခွန်အားများ ပိုင်ဆိုင်ကာ အရည်အချင်းပြည့်မီသော ကျင့်ကြံသူများ ဖြစ်လာစေရန် သေချာစေမည်ဖြစ်သည်။

လုပိုင်ထျန်းသည် ထိုအစီအစဥ်အကြောင်းကြားသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုက ကြီးမားသော်လည်း အောင်မြင်ခဲ့ပါက အဓိပတိဂိုဏ်းသည် အမှန်တကယ်ပင် မြင့်မြတ်နယ်မြေဖြစ်လာမည်မှာ သေချာသည်။

ဟုတ်သည်။ အရေးအကြီးဆုံးအချက်က အကြံပြုချက်က ဆရာသခင်ဓားအရှင်ထံမှ လာသောကြောင့် ဖြစ်သည်။ မည်သူမျှ ၎င်းကို တားဆီးရန် မဝံ့ရဲဟု သူ ယုံကြည်သည်။ အရင်းအမြစ်များ မလုံလောက်ပါက ထိုမိသားစုများသည် သေချာပေါက် အလုအယက် ပေးကမ်းကြမည်သာ။ ဆိုလိုသည်မှာ သူတို့ ဆန္ဒရှိပါက အစီအစဥ်သည် သေချာပေါက် အောင်မြင်မည်ဖြစ်သည်။

"အဓိပတိဂိုဏ်းက ဘယ်လောက်ကြာကြာ တည်တံ့မလဲ မသိပေမယ့် တပည့်အများစုရဲ့ ဘဝတွေကို ဂရုစိုက်ပေးတာကလည်း ကောင်းမှုကုသိုလ်တွေ စုဆောင်းရရောက်တာပါပဲ" ကုအန်က ကျေနပ်စွာ ရေရွတ်လိုက်သည်။

သူသည် ယခုအခါ အကျိုးအမြတ်များထက် မမြင်နိုင်သော အရာများကို ပိုမို ဂရုစိုက်လာသည်။ ပြန်လည်မွေးဖွားခြင်း ဘဝများစွာကို အမွေဆက်ခံခဲ့ပြီး ထိုးထွင်းအမြင်များစွာ ရရှိခဲ့သောကြောင့် သူသည် သူ၏ ကိုယ်ပိုင်ဘဝမှ ထိုးထွင်းအမြင်များကို ထုတ်နှုတ်ယူလိုသည်။

မဟာတာအို သို့ သွားရာလမ်းသည် ရှည်လျားပြီး အတားအဆီးများ ပြည့်နှက်နေ၏။ မဟာတာအိုကို နားလည်ခြင်းသည် သက်တမ်းဖြင့် တိုက်ရိုက် မြှင့်တင်နိုင်သော အရာမဟုတ်ပေ။ သို့သော် ဘဝမှတစ်ဆင့် တိုးတက်ပြောင်းလဲနိုင်သော စွမ်းရည်ဖြင့် သူသည် မဟာတာအိုကို နားလည်ရန် အချိန်ပိုမို ရရှိခဲ့သည်။

နွေဦးလေပြေသည် ပြတင်းပေါက်မှ တိုက်ခတ်ဝင်ရောက်လာပြီး စားပွဲပေါ်ရှိ ပလ္လင်ငယ်ပေါ်မှ အစိမ်းရောင်ပန်းတစ်ပွင့်ကို ယိမ်းနွဲ့သွားခဲ့သည်။

အစိမ်းရောင်ပန်းလေး တုန်ခါသွားသည်။ နှစ်များက လက်ယပ်ခေါ်နေသကဲ့သို့ လူငယ်ဘဝသည် တစ်ခါသွားလျှင် ဘယ်တော့မှ ပြန်မလာတော့ကြောင်း သက်ရှိအားလုံးကို သတိပေးနေသကဲ့သို့ပင်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရာစုနှစ်တစ်ခု ကြာသွားသည်။

တစ်နေ့တွင် ကုအန်သည် အပြင်တံခါးမြို့ ၏ လမ်းများပေါ်တွင် လမ်းလျှောက်နေပြီး သူ့နောက်တွင် သွေးအကျဥ်းထောင်သူတော်စင် လိုက်ပါနေသည်။ သူ၏ သွင်ပြောင်းထားသောခန္ဓာသည် အရပ်မြင့်မားပြီး ခံ့ညားကာ သူ၏ ကြမ်းတမ်းသော အကြည့်များက အာရုံစိုက်မှုကို ဖမ်းစားထားသည်။ သို့သော် လူအများအပြားက သူ့ကို မဟုတ်ဘဲ ကုအန်ကို ကြည့်နေကြသည်။

လူများသည် လမ်းတစ်လျှောက် ကုအန်ကို နွေးထွေးစွာ နှုတ်ဆက်ကြပြီး သူကလည်း ခေါင်းညိတ်ကာ တုံ့ပြန်ခဲ့သည်။ သူ့ကို မတွေ့ဖူးသော တပည့်များက အခြားသူများကို သူ့အကြောင်း မေးမြန်းကြသည်။

"ဒါက တတိယဆေးတောင်ကြားရဲ့ တောင်ကြားသခင် ကုအန်ပဲ။ သူက ဆရာသခင်ဓားအရှင်လို့လည်း သံသယရှိကြတယ်"

"ဘာလဲ...သူက ကောလာဟလထဲက ဆရာသခင်ဓားအရှင်လား"

"မသေချာဘူး၊ ဒါပေမဲ့ သူက ဆရာသခင်ဓားအရှင်ရဲ့ တပည့်ဖြစ်တယ်လို့ ငါမှတ်မိတယ်၊ ဘာပဲဖြစ်ဖြစ် သူက သူ့ကို ကိုယ်စားပြုတယ်"

"နှစ်တစ်ရာ လမ်းညွှန်သင်ကြားမှုက သူ့ရဲ့ အဆိုပြုချက်ပဲ။ မင်းတို့ မျိုးဆက်သစ်တွေ သူ့ကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ပါရမီမရှိဘဲ ဂိုဏ်းထဲဝင်လာရင် တာအိုပညာရပ်တွေကို လိုက်စားဖို့က အဆက်အသွယ် ဒါမှမဟုတ် ကိုယ်တိုင် တိုက်ခိုက်ရယူရမှာ"

"နှစ်တစ်ရာ လမ်းညွှန်သင်ကြားမှုက သူ့စိတ်ကူးလား။ ဒါဆိုရင် သူ ဒီလို ဆက်ဆံခံရတာနဲ့ တကယ် ထိုက်တန်တာပဲ၊ ငါတို့အားလုံးက သူ့ကျေးဇူးကြောင့် ဒီလိုတွေ ခံစားရတာ"

ကုအန် သွားလေရာရာတွင် အနီးအနားမှ လူများက နှစ်တစ်ရာ လမ်းညွှန်သင်ကြားမှုအကြောင်း ဆွေးနွေးနေကြသည်။ အဓိပတိဂိုဏ်းသည် ဤအစီအစဥ်ကို လျင်မြန်စွာ အကောင်အထည်ဖော်ခဲ့ပြီး မြေပြင်နှင့် ပင်လယ်ရပ်ခြားအထိ ပျံ့နှံ့သွားသည်။

အခြားဂိုဏ်းများမှ တပည့်များပင်လျှင် အဓိပတိဂိုဏ်း၏ ကြီးမြတ်သော ဂိုဏ်းစိတ်ဓာတ်ကို ချီးကျူးကြပြီး အချို့က ၎င်းထံမှ သင်ယူလိုကြသော်လည်း အတွင်းပိုင်း ခုခံမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

တူညီသော ဂိုဏ်းတစ်ခုအတွင်း၌ပင် အာဏာရှိသူအားလုံးက သူတို့၏ တပည့်များ ကောင်းစားသည်ကို မလိုလားကြဘဲ သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ပိုမို တန်ဖိုးထားကြသည်။ နှစ်တစ်ရာ လမ်းညွှန်သင်ကြားမှုသည် ဤအကျိုးစီးပွားများကို ထိခိုက်စေခဲ့သည်။ သူတို့ ဘယ်လို သဘောတူနိုင်မည်နည်း။

အချိန်အတန်ကြာအတွင်း မိသားစုများနှင့် ဂိုဏ်းများကြား ပဋိပက္ခသည် နေရာတိုင်းတွင် ဖြစ်ပွားခဲ့ပြီး အချို့မှာ သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သလို အချို့မှာမူ လျှို့ဝှက်လှိုင်းတံပိုးများ ရှိနေခဲ့သည်။

ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်နေဆဲဖြစ်သော်လည်း ကုအန်သည် ကမ္ဘာကြီးတစ်ခုလုံးကို မစိုးရိမ်နိုင်ပေ။ အဓိပတိဂိုဏ်းကို စီမံခန့်ခွဲနိုင်ခြင်းသည်ပင် အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။

[အမည် ကုအန်]

[သက်တမ်း - ၁,၁၀၀/၃,၃၉၁,၅၁၄,၂၂၀]

[ခန္ဓာကိုယ် - ယွမ်ပေါင်းစည်းသန့်စင်ခြင်းခန္ဓာ]

[ကျင့်ကြံမှုအဆင့် - အာကာပြင်တာအိုအမတပြီးပြည့်စုံခြင်းအဆင့်]

နှစ် သုံးဆယ့်သုံးဘီလီယံ သက်တမ်း!

ကုအန် အလွန်ကျေနပ်မိသည်။ အချိန်သည် သူ့အတွက် ပိုမို မြန်ဆန်စွာ ကုန်ဆုံးနေပုံရသည်။ သူသည် ဆေးတောင်ကြားကို ဖွံ့ဖြိုးတိုးတက်ရဲ့ ချဲ့ထွင်ရန် သို့မဟုတ် သက်တမ်းသိမ်းယူရန် မသွားခဲ့ပေ။ ၎င်းကို သူ၏ မူလခန္ဓာကိုယ်က လုပ်ဆောင်ရမည်ဖြစ်ပြီး ရုပ်သေးများနှင့် ကိုယ်ပွားများက မလုံလောက်ပေ။

မုန်းတီးမှု မရှိဘဲ သူ၏ စွမ်းအင်အားလုံးကို သက်တမ်းရယူရန် အာရုံစိုက်ရန် မလိုအပ်ပေ။

ထို့အပြင် သူ၏ လှုပ်ရှားမှုများ ပိုကြီးလေ ပိုကြီးမားသော အကျပ်အတည်းများကို ဆွဲဆောင်နိုင်ခြေ ပိုများလေ ဖြစ်သည်။ လက်ရှိတွင် သူ၏ သက်တမ်း တိုးတက်မှုသည် သူ့ကို ကျေနပ်စေသည်။ သူသည် သက်တမ်းကို တည်ငြိမ်စွာ ရရှိနိုင်ပြီး ဘဝကို ပျော်မွေ့ရန် အချိန်လည်း ရှိသည်။ ထိုသို့သော အမတကျင့်ကြံခြင်း ဘဝသည် ပိုမို အံ့ဩဖွယ်ကောင်းနိုင်မည် မဟုတ်တော့ပေ။

သွေးအကျဥ်းထောင်သူတော်စင်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိပြီးနောက် ကုအန် နှစ်သက်သော ပျော်ရွှင်မှုများကို နားလည်လာသည်။

သာမန်ဘဝသည် ပျင်းစရာ မကောင်းနိုင်သလို တိုက်ခိုက်သတ်ဖြတ်ခြင်းသည်လည်း အမတကျင့်ကြံခြင်းတွင် ပါဝင်သင့်သော အရာအားလုံး မဟုတ်ပေ။

ကုအန် စာအုပ်စုဆောင်းရေးခန်းမ ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သွေးအကျဥ်းထောင်သူတော်စင်သည် သူ့နောက်သို့ မလိုက်ဘဲ ခန်းမ၏ တံခါးဝရှေ့တွင် လျှောက်သွားနေလိုက်သည်။

All Chapters