အခန်း (၄၉၁-၄၉၂)
Vol. 37 Ch. 491-492
အခန်း ၄၉၁ ကောင်းကင်နှင့် မြေကြီး ပြန်လည်မွေးဖွားခြင်း ၂
ကုအန် သည် ကောင်းကင်တာအိုအလင်းလွှာ ကို ဖြတ်သန်းသွားသောအခါ သေမျိုးကမ္ဘာရှိ သဘာဝ ဘေးအန္တရာယ်များနှင့် ကပ်ဘေးများသည် တဖြည်းဖြည်း နှေးကွေးလာပြီး သေမျိုးဝိညာဉ်များကို ရှောင်တိမ်းရန် အချိန်များစွာ ပေးလျက် လျော့ပါးလာခဲ့သည်။
သေမျိုးကမ္ဘာကို အပေါ်မှ ငုံ့ကြည့်လိုက်လျှင် ရွှေရောင် အလင်းတန်းတစ်ခုက ကုအန် ၏ မျက်နှာပေါ်တွင် တောက်ပလာခဲ့သည်။ သူသည် သက်ရှိအားလုံးအပေါ် တွင် ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်နေခဲ့သည်။
သူ ကျိရှောင်ယု ကို တွေ့လိုက်သည်။
ကျိရှောင်ယု ၏ ပုံရိပ်သည်လည်း မှိန်ဖျော့လာပြီး သူမ၏ ထင်ယောင်ထင်မှားပုံရိပ်အောက်တွင် တောက်ပနေသော ရှေးဦးတာအိုအဆောင်ဖွဲ့ တစ်ခု ပေါ်ထွက်လာပြီး သူမ၏ ဝိညာဉ်ကို စုပ်ယူနေခဲ့သည်။ မမြင်နိုင်သော ပြန်လည်မွေးဖွားခြင်းစည်းမျဉ်းများသည် ဒီရေလှိုင်းများကဲ့သို့ သူမထံသို့ တိုးဝင်လာပြီး မည်သည့် အခိုက်အတန့်မဆို သူမကို ထို အဆောင်ဖွဲ့ထဲသို့ ဆွဲသွင်းရန် အသင့်ရှိနေခဲ့သည်။
ကျိရှောင်ယု သည်လည်း ကုအန် ကို မော့ကြည့်နေသည်။
ကုအန် သည် တစ်ခဏမျှ တွေဝေသွားပြီးနောက် သူ၏ ပါးစပ်ကို ဖွင့်လိုက်သည်။
ကျိရှောင်ယု ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသကဲ့သို့ အနည်းငယ် တုန်လှုပ်မှုတစ်ခု ဖြတ်သန်းသွားပြီးနောက် သူမသည် ရှေးဦးတာအိုအဆောင်ဖွဲ့ ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။
ထို့နောက် အဆောင်ဖွဲ့သည် ကျုံ့ဝင်သွားပြီး ပင်လယ် ကြမ်းပြင်ရှိ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
လွတ်ငြိမ်းရာအမတ များသည် သူမ ပျောက်ကွယ်သွားခြင်းကို ဂရုမစိုက်ကြဘဲ အားလုံးသည် ဆရာသခင်ဓားအရှင် ၏ စွမ်းအားကို တုန်လှုပ်နေဆဲ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများဝင်လာသည်နှင့်အမျှ သူတို့သည် မကြာမီ သမုဒ္ဒရာ ကြမ်းပြင်သို့ နစ်မြုပ်သွားတော့မည် ဖြစ်သော်လည်း သူတို့သည် မလှုပ်ရှားကြသေးဘဲ ကောင်းကင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့ကြသည်။
မြင့်မြတ်အရှင်သခင် သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ မျက်နှာအမူအရာသည် ရှုပ်ထွေးနေပြီး သူ၏ လက်များသည် ဝတ်ရုံလက်စများထဲတွင် လက်သီးဆုပ်ထားသည်။
သူသည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး သက်ပြင်းမချနိုင်သလိုပင်ခံစားလိုက်ရသည်။
ကုအန် ၏ အစွမ်းသည် သူ၏ စိတ်ကူးထက် ကျော်လွန်နေသည်။ ရှန့်ထျန်း ပြန်လာလျှင်ပင် သူသည် ကုအန် ၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ယခု သူ သေချာသွားသည်။
ဤသို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို မိတ်ဖွဲ့ရန် ကြိုးစားခြင်းသည်ပင် ရယ်စရာကောင်းလှပြီး အနာဂတ်တွင် မြင့်မြတ်ခုံရုံး ပြုလုပ်သည့် မည်သည့် ဆုံးဖြတ်ချက်မဆို ဆရာသခင်ဓားအရှင် ၏ အတွေးများကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
မဟုတ်ရင် ဆရာသခင်ဓားအရှင် သည် မြင့်မြတ်ခုံရုံး ကို တစ်ခဏအတွင်း ချေမှုန်းပစ်နိုင်သည်။
သူသာမက ဧကရာဇ်ယန်ရှင်း သည်လည်း ထိုနည်းတူ တွေးနေမိသည်။
နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ရာ တူညီသော နားလည်မှုသို့ ရောက်ရှိသွားသည်။
သူတို့ အဓိပတိဂိုဏ်း သို့ သွားရောက်လည်ပတ်ရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင်။
တတိယဆေးတောင်ကြား အတွင်း တပည့်များသည် စိုးရိမ်တကြီး စောင့်မျှော်နေကြဆဲ ဖြစ်သည်။
ရှန်ကျန်း သည် ပြတင်းပေါက်နားတွင် ရပ်နေပြီး ကုအန် ထွက်ခွာသွားချိန်က ကျန်ရစ်ခဲ့သော ရွှေရောင် အလင်းတန်းတွင်ရပ်နေခဲ့သည်။ သူမသည် ကုအန် ၏ ပုံရိပ်ကို တစ်ချက်မျှ တွေ့မြင်နိုင်ရန် ရွှေရောင် အလင်းတန်းနောက်သို့ လိုက်လိုနေခဲ့သည်။
သူမ၏ စိတ်သည် ရှုပ်ထွေးနေ၏။ကောင်းကင်ဘုံ အပြင်ဘက်တွင် အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိသေးပေ။
"ကုအန် ရှင် ဒုက္ခမရောက် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ကျွန်မက ဘယ်သူ့အတွက် စာအုပ်တွေ ရေးရတော့မှာလဲ။" ရှန်ကျန်းသည် အံကြိတ်ပြီး တီးတိုး ရေရွတ်လိုက်သည်။ သူမ စကားပြောပြီး မကြာမီပင် သူမသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားရသာ်။ သူမ မြင်မှားနေခြင်း မဟုတ်ကြောင်း သေချာစေရန် ပွတ်သပ်ကြည့်လိုက်သည်။ သူမ မှန်တကယ်ကြောင်း အတည်ပြုပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာခဲ့သည်။
ရှန်ကျန်း၏ အကြည့်အောက်တွင် ကုအန် သည် သူ၏ ခြေဖဝါးအောက်တွင် မမြင်နိုင်သော လှေကားတစ်ခု ရှိနေသကဲ့သို့ ရွှေရောင် အလင်းတန်းမှ ဆင်းသက်လာသည်။ သူသည် အလွန် တည်ငြိမ်စွာ လျှောက်လှမ်းလာပြီးသေမျိုးကမ္ဘာသို့ ဆင်းသက်လာသော ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးနှင့် တူသည်။
တပည့်များ ပိုမို များပြားလာသည်နှင့်အမျှ ကုအန် ၏ ပုံရိပ်ကို သတိပြုမိလာကြပြီး သူတို့အားလုံး အံ့အားသင့်မှုများ လှိုက်တက်လာကာ စတင် အော်ဟစ် အားပေးကြသည်။
"ဆရာ ပြန်လာပြီ"
"တကယ် ဆရာပဲ"
”သူ ဘယ်လိုဖြစ်လို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ။"
"တစ်ဖက်လူ ထွက်ပြေးသွားတာလား။"
"မရှင်းဘူး...ဒါပေမဲ့ ခုနက တကယ် ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခု ရောက်လာတာတော့ အမှန်ပဲ....သူတို့ တိုက်ခိုက်ခဲ့ကြတယ်လို့ ငါ ခံစားမိတယ်။"
"မဟုတ်တာတွေ ငါတို့ ဆရာက ဆရာသခင်ဓားအရှင် လေ။ စဉ်းစားကြည့်စမ်း....ဆရာက သူ့ရန်သူတွေကို သတ်ဖြတ်ဖို့ လုံးဝ လွှမ်းမိုးတဲ့ အနေအထားကို မသုံးခဲ့ဖူးလို့လား။"
တပည့်များသည် အချင်းချင်း စကားစမြည် ပြောဆိုနေကြပြီး ပိုမို များပြားသော တပည့်များကို လူအုပ်ထဲသို့ ဆွဲဆောင်လာကြသည်။
အန်ရှင်း သည် ကုအန် ၏ ပုံရိပ်ကို မြင်သောအခါသူမ၏ မျက်နှာသည် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့သည်။ သူမသည် တပည့်များက ကုအန် ကို အနှောင့်အယှက် မပေးနိုင်စေရန် အခြေအနေကို ထိန်းချုပ်ရန် ချက်ချင်း သွားလိုက်သည်။
ဓားတစ်သောင်းတောင်ရှေ့ရှိ ကျွယ်လော့ဓားသခင်သည် ယခင် တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရ၏။ သူက မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရှိနေခဲ့၏။
ဒါက သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်...အသံမဲ့အပျက်အဆီးနယ်မြေရဲ့ အကြောက်မက်ဖွယ် အကောင်းဆုံး ဒဏ္ဍာရီပဲ။ ဒီလို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်က ကုအန် ရဲ့ ရှေ့မှာ ခုခံနိုင်စွမ်း မရှိခဲ့ဘူးလား။
ထို့အပြင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ပြောခဲ့သည်ကို သူ ကြားလိုက်သည်။ ဤ ပုဂ္ဂိုလ်ကြီး နှစ်ဦးသည် နယ်ပယ်တူတူပင်ဖြစ်ကြသည်။
ရုတ်တရက် ကျွယ်လော့ဓားသခင်သည် သူကိုယ်တိုင် ပါရမီရှင်တစ်ယောက်ဟုပင် မသတ်မှတ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။ သူသာ လွတ်ငြိမ်းရာအမတတစ်ဦးနှင့် ရင်ဆိုင်ရလျှင် ပြိုင်ဘက်ကို တစ်ကွက်တည်းဖြင့် ချေမှုန်းရန် မဖြစ်နိုင်သလောက် ခက်ခဲလှ၏။ သူသည် လွတ်ငြိမ်းရာအမတတစ်ဒါဇင်နှင့် တိုက်ခိုက်နိုင်သော်လည်း လွတ်ငြိမ်းရာအမတ
တစ်ဦးကို သတ်ရန် ခက်ခဲ၏။ လွတ်ငြိမ်းရာအမတ က ထွက်ပြေးလိုသမျှ ကာလပတ်လုံး သူ တားဆီးနိုင်မည် မဟုတ်ဟုပင် ဆိုရပေမည်။
ဆေးတောင်ကြား မှ မဟာကျင့်ကြံသူ နှစ်ဦးဖြစ်သော ရှန်ရှင်းကျီ နှင့် လက်ကိုးချောင်းနတ်ဘုရား တို့သည် ယခုအခါ ကုအန် ကို သာမန်တပည့်များကဲ့သို့ ကြည်ညိုလေးစားနေကြသည်။
လက်ကိုးချောင်းနတ်ဘုရားသည် စိတ်ခံစားမှု အပြင်းထန်ဆုံး ဖြစ်သည်။
သူသည် တစ်ချိန်က ကုအန် နှင့် မိတ်ဖွဲ့ရန် သူ၏ အဆင့်အတန်းကို နှိမ့်ချခဲ့သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် ကုအန် ကသာ သူ့ကို နှိမ့်ချပေးခဲ့ခြင်း ဖြစ်သည်။
ကုအန် သူနှင့် ကစားခဲ့သော စစ်တုရင်ပွဲများကို ပြန်တွေးကြည့်လျှင် ကုအန် က သူ့ကို လမ်းညွှန်မှုပေးနေခဲ့သည်ဟုပင် သူ ခံစားရသည်။ တစ်ခဏမျှ လက်ကိုးချောင်းနတ်ဘုရားသည် အတိတ်ကို ပြန်လည် သတိရခြင်းတွင် နစ်မျောသွားသည်။
ကုအန် နှင့် နီးစပ်ခဲ့သူများသည်လည်း အတိတ်ကို ပြန်လည် သတိရနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကုအန် ယနေ့ ပြသခဲ့သော အစွမ်းသည် သူတို့၏ ယခင် အမြင်များကို ရိုက်ချိုးသွားသောကြောင့် ဖြစ်သည်။
ရှန်ကျန်း နောက်သို့ ဆုတ်လိုက်ပြီး ကုအန် ပြတင်းပေါက်မှ ဝင်လာသည်ကို ကြည့်နေသည်။ သူမသည် သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းသည် မပျောက်ကွယ်သေးပေ။
အခန်း ၄၉၂ ကံကောင်းလို့ နိုင်တာပါ
ကုအန် ပြုံးလိုက်သည်။ သူ၏ နောက်မှ ရွှေရောင်အလင်းသည် ပျောက်ကွယ်သွားပြီး အခန်းသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်။
သူသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ရှန်ကျန်း၏ ရှေ့တွင် ဝှေ့ယမ်းကာ မေးလိုက်သည် "မင်း ဘာတွေ တွေးနေတာလဲ။"
ရှန်ကျန်းသတိပြန်ဝင်လာပြီး အလျင်အမြန် မေးလိုက်သည် "ပြီးသွားပြီလား။"
"အဲလိုမဟုတ်ရင် ဘာဖြစ်ရမလဲ။ ငါက သနားခွင့် တောင်းဖို့ သွားတယ်လို့ မင်း ထင်နေတာလား။" ကုအန်က မျက်တောင်ခတ်ကာ ပြန်ပြောလိုက်သည်။
ရှန်ကျန်း၏ လှပသော မျက်လုံးများ ကျယ်သွားပြီး သူမ၏ အသက်ရှူသံသည် ရုတ်တရက် မြန်ဆန်လာခဲ့သည်။ "ရှင် နိုင်ခဲ့တာလား။"
"အင်း ကံကောင်းလို့ နိုင်ခဲ့တာလေးပါ"
"ကံကောင်းတာက ဒီလောက် မြန်ရတာလား"
"ကျွမ်းကျင်သူတွေ ယှဉ်ပြိုင်တဲ့အခါ အနိုင်အရှုံးက မကြာခဏဆိုသလို တစ်ခဏအတွင်းမှာပဲ ဆုံးဖြတ်သွားတတ်တယ်လေ"
"ကျွန်မ မယုံဘူး"
"ဒါဆိုလည်း ထားလိုက်တော့။ မင်း ငါ့ကို ပုံဆွဲပေးမယ်ဆိုပြီး ဘာလို့ မစသေးတာလဲ။ မင်း မလုပ်နိုင်တာလား"
"ကျွန်မက ဘယ်လိုလုပ် မလုပ်နိုင်ရမှာလဲ။ ကျွန်မအခုပဲ ရှင်ပုံကို ဆွဲပြမယ်။"
သူတို့ အပြန်အလှန် စနောက်နေကြသော်လည်း၊ ရှန်ကျန်းသည် အလွန် စိတ်လှုပ်ရှားနေသည်။ သူမ စကားဆုံးသည်နှင့်၊ သူမသည် လှည့်ပြီး စားပွဲဆီသို့ သွားလိုက်သည်။
ကုအန် သည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ရင်း လှည့်လိုက်သည်။ ကောင်းကင်မှ အမှောင် တိမ်တိုက်များသည် ပြန့်ကျဲနေပြီး အပြင်ဘက် လောကကြီးသည် တဖြည်းဖြည်း ပိုမို တောက်ပလာသည်။
"မင်းတို့အတွက် ငါ တိုက်ခိုက်ပေးခဲ့တဲ့ ဒီနှစ်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါ"
ကုအန် သည် တီးတိုး ရေရွတ်လိုက်၏။ သူသည် သူ၏ အဆင့်တက်ခြင်း အတွက် ပြင်ဆင်ရန် လိုအပ်နေလေသည်။
သူသည် သူ၏ နတ်အတွေးကို သေမျိုးကမ္ဘာအပေါ် ဖြန့်ကျက်လိုက်ပြီး ဖရိုဖရဲဖြစ်အောင် လုပ်နေဆဲ ဖြစ်သော ကောင်းကင်မိစ္ဆာ များကို ရှင်းလင်းလိုက်သည်။ ထွက်ပြေးသွားသော သူများကိုမူ သူ လိုက်ဖမ်းရန် စိတ်မဝင်စားတော့ပေ။
သူ သက်တမ်းသည် နှစ်ပေါင်း ၆ ဘီလီယံ ပြည့်သည်နှင့်ပြီဖြစ်၍ သူ အဆင့်တက်တော့မည်ဖြစ်သည်။
ကုအန် ပြန်လာသည့် သတင်းသည် အဓိပတိဂိုဏ်း သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သဘာဝဘေးအန္တရာယ်များ တဖြည်းဖြည်း လျော့ပါးသွားပြီး ကောင်းကင်မိစ္ဆာများ စတင်ဆုတ်ခွာသွားသည်နှင့်အမျှ မြေပြင်တစ်ဝှမ်းလုံးရှိ သက်ရှိအားလုံးသည် ဆရာသခင်ဓားအရှင် နိုင်ခဲ့ကြောင်း နားလည်လိုက်ကြသည်။
မြောက်ပင်လယ်တောင်တန်း အတွင်းရှိ တောင်စောင့်နတ်ဘုရားကျောင်းတွင်
သူတော်စင်ရွှမ်မြှောင်သည် ကျောက်လှေကားထစ်များပေါ်တွင် ထိုင်လျက် ပြန့်ကျဲနေသော အမှောင် တိမ်တိုက်များကို မော့ကြည့်ရင်း စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။
"တောင်စောင့်နတ်...ဆရာသခင်ဓားအရှင်... ဒီလိုကိုး..."
သူ ရုတ်တရက် အသိဉာဏ် ရှင်းလင်းသွားသည်။ မည်သူမည်ဝါဖြစ်ခြင်းက အရေးမကြီးပေ....အရေးကြီးဆုံးမှာ သက်ရှိအားလုံးအတွက် ကောင်းကင်တာအို ၏ ဖြောင့်မတ်မှုဖြင့် ပြုမူရန် ဖြစ်သည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ကျင့်ကြံမှုကို ဆက်လက် ပြုလုပ်လိုက်သည်။
ဆရာသခင်ဓားအရှင် က ဤမျှ အစွမ်းထက်နေသဖြင့် သူလုံးဝ အရှက်ရစေလို့ မဖြစ်ပေ။ နောက်ဆုံးတွင် သူသည် ဆရာသခင်ဓားအရှင် ၏ တပည့်တစ်ဝက် ကဲ့သို့ ဖြစ်နေပြီ မဟုတ်ပါလား။
လောကကြီးထဲမှ ဆူညံသံများသည် ဆက်လက် မြင့်တက်လာသည်။ လောကကြီး၏ သက်ဝင်လှုပ်ရှားနေသော နောက်ခံကားချပ်ကို ဆန့်ကျင်လျက် ကုအန် သည် သူ၏ တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ခဲ့ပြီး အပြင်မထွက်တော့ပေ။
လောကကြီးကို လွှမ်းခြုံထားသော အမှောင် တိမ်တိုက်များ ပြန့်ကျဲသွားသောအခါ နေသည်လည်း ဝင်စပြုနေပြီ ဖြစ်သည်။
နေဝင်၍ လထွက်၏။ နံနက်ခင်း နေ ထွက်သောအခါ ကုအန် သည်အစောကြီးတွင် တိတ်တဆိတ် ထွက်ခွာသွားသည်။
ပထမဦးစွာ သူသည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် သို့ သွားပြီး သက်တမ်းရစ်ဆေးအပင်များကို ရိတ်သိမ်းကာ ပင်လယ်နက်နဂါးငါးကြင်း ကို မျိုးစေ့သစ်များ ကြဲချခိုင်းလိုက်သည်။
ကုအန် သည် လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း သူ၏ အရည်အချင်း ဇယားကွက်ကို ကြည့်နေခဲ့သည်။
[အမည် - ကုအန် ]
[သက်တမ်း - ၁,၁၄၅/၆,၀၀၁,၃၁၉,၄၃၁]
[ခန္ဓာကိုယ် - ယွမ်ပေါင်းစည်းသန့်စင်ခြင်းခန္ဓာ ]
[ကျင့်ကြံမှုအဆင့် - အာကာပြင်တာအိုအမတပြီးပြည့်စုံအဆင့်]
သက်တမ်း နှစ်ပေါင်း ၆ ဘီလီယံ!
ငါ အဆင့်တက်နိုင်လောက်တယ်....ဟုတ်တယ်မလား။
အရင်တစ်ခေါက် ငါ အဆင့်တက်တုန်းက...ငါ့မှာ သက်တမ်း နှစ်ပေါင်း ၃ ဘီလီယံပဲ ရှိခဲ့တာ။
ကုအန် သည် မည်သည့် တာအိုနတ်သိုင်း ကို မြှင့်တင်ရမည်ကို စတင် စဉ်းစားနေသည်။ သူသည် နယ်ပယ်တူ ရန်သူများကို တစ်ခဏအတွင်း သတ်ဖြတ်ခြင်း၏ စိတ်လှုပ်ရှားမှုကို တွေ့ကြုံခဲ့ရပြီး ဖြစ်သောကြောင့် သူသည် သူစွမ်းအား၏ ရှုထောင့်အားလုံးကို ဆက်လက် အားကောင်းစေရန် လိုအပ်နေဆဲ ဖြစ်သည်။
ဟုတ်သည်။ ရွေးချယ်ခွင့်သာ ပေးလျှင် သူသည် မြင့်မားသောနယ်ပယ်ဖြင့် အဆင့်နိမ့်နယ်ပယ်များကို တိုက်ခိုက်ခြင်းကို ပိုနှစ်သက်ဆဲ ဖြစ်၏။ နယ်ပယ်တူ အင်အားကြီးများနှင့် ရင်ဆိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားလိမ့်ရပေမည်။
ခဏအကြာတွင် ပင်လယ်နက်နဂါးငါးကြင်းသည် သူ၏ အလုပ်များ ပြီးဆုံးသွားပြီးနောက် ကုအန် ၏ ရှေ့သို့ ရောက်လာကာ တစ်စုံတစ်ခု ပြောချင်သော်လည်း ပြောမထွက်ပဲ တုံ့ဆိုင်းစွာ ကြည့်နေခဲ့သည်။
"ပြောစရာ ရှိရင် ပြောပါ" ကုအန်က သူ၏ မျက်လုံးများကို မှိတ်ထားရင်းပျင်းရိသော လေသံဖြင့် ပြောလိုက်သည်။
ပင်လယ်နက်နဂါးငါးကြင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး သတိထားကာ မေးလိုက်သည် "သခင်... မနေ့က အသံက သခင် အသံလား"
"ဘာလဲ....မင်း မခွဲခြားနိုင်ဘူးလား"
"မဟုတ်ဘူး....မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်"
ပင်လယ်နက်နဂါးငါးကြင်းသည် ရုတ်တရက် စိတ်လှုပ်ရှားလာ၏။ သူ၏ စိတ်ခံစားမှုများကို ဖော်ပြနိုင်ခြင်း မရှိဘဲ စကားများ ဘရုတ်သုခစွာ ပြောနေခဲ့သည်။
သူသည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် အတွင်း၌ပင် နတ်ဆိုးနတ်ဘုရားရွှမ်ဟွမ် နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် တို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများကို ခံစားခဲ့ရသည်။ မနေ့က သူသည်လည်း မျှော်လင့်ချက်မဲ့မှုကို ခံစားခဲ့ရပြီး ကျင့်ကြံရာနေရာမှ ထွက်ခွာရန် တွေဝေနေခဲ့သော်လည်း၊ နောက်ဆုံးတွင် သူ၏ သခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
သခင်က သူ့ကို ခေါ်သွားရန် ပြန်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း မမျှော်လင့်ဘဲ သခင်သည် သက်ရှိအားလုံး၏ ကိုယ်စား လောကကြီးကို အဆုံးသတ်စေမည့် နတ်ဆိုးကြီး ကို တိုက်ရိုက် ရင်ဆိုင်ခဲ့သည်။
သူ တိုက်ပွဲကို မျက်မြင် မတွေ့နိုင်ခဲ့သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် နှင့် သူ၏ သခင်ကြား စကားပြောဆိုမှုကို ကြားရခြင်းက သူ့ကို အလွန်အမင်း လှုပ်ရှားစေခဲ့သည်။
ကျင့်ကြံခြင်းဆိုသည်မှာ အမှန်တကယ်ပင် ဤသို့ တောက်ပပြီး ကြောက်ရွံ့ လေးစားဖွယ် ဖြစ်သင့်သည်။ ကောင်းကင်ကို အန်တုကာ မားမားမတ်မတ် ရပ်တည်နိုင်ရမည်။
ပင်လယ်နက်နဂါးငါးကြင်း၏ ကုအန် ကို ကြည့်သော အကြည့်သည် စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ကုအန် မျက်လုံးတစ်ဖက် ဖွင့်ပြီး သူ့ကို ကြည့်လိုက်ရာ ကြက်သီးမွှေးညှင်း ထလုနီးပါးပင် ခံစားလိုက်ရသည်။
ပင်လယ်နက်နဂါးငါးကြင်းက သူ့ကို တစ်ခါတည်း မျိုချတော့မည့် နူးညံ့ပြီး ဖြူစင်သော အလှတရားတစ်ခု ကဲ့သို့ ဖြစ်နေသည်။ သူ ဘယ်လို မကြောက်ဘဲ နေနိုင်မည်နည်း။
"ချက်ချင်း သွား ကျင့်ကြံတော့။ မင်းရဲ့ ကျင့်ကြံမှု အဆင့်က တက်တာ အရမ်း နှေးတာပဲ"
ကုအန်က တင်းမာစွာ ပြောလိုက်ရာ ပင်လယ်နက်နဂါးငါးကြင်းသည် သူ၏ မှိန်းမူးနေရာမှ သတိပြန်ဝင်လာပြီး အသိစိတ်မရှိဘဲ ခေါင်းညိတ်ကာ ထို့နောက် လှည့်ထွက်သွားသည်။
သို့သော် သူ ထွက်ခွာသွားရင်း သူသည် နောက်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေပြီး ကုအန်ကမူ မကြည့်မိအောင် အပြင်းအထန် ကြိုးစားနေရသည်။
ပင်လယ်နက်နဂါးငါးကြင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ကုအန် သည် ၎င်းကို ကြည့်ရသည်မှာ အမှန်တကယ် ကြည်နူးဖွယ် ကောင်းကြောင်း သဘောပေါက်လိုက်သည်။
ထို အတွေးက သူ၏ စိတ်ထဲသို့ ဝင်လာသည်နှင့် ကုအန် သည် အလျင်အမြန် ပိုမို အားကောင်းလာစေရန် သူ၏ အစီအစဉ်ကို ဆက်လက် စဉ်းစားနေလိုက်သည်။
တစ်နာရီအကြာတွင် ကုအန် သည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်မှ ထွက်ခွာပြီး ကောင်းကင်ဘုံ အပြင်ဘက် သို့ ခြေချလိုက်သည်။
သူ ဒီနေ့ အဆင့်တက်ရမည်။
သတ်ဖြတ်ခြင်းနတ်ဘုရား ဧကရာဇ် ၏ ကိုယ်ပွားတစ်ခုကို ယခုလေးတင် သတ်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် သည် အချိန်တိုအတွင်း ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
ကုအန် သည် သူ ရောက်လာမှ အဆင့်တက်ရန် စောင့်နေမည် မဟုတ်ပေ။ ထို့အပြင် စကြဝဠာသည် ဤ ရက်အနည်းငယ်အတွင်း လှုပ်ခတ်နေပြီးသား ဖြစ်သည်။ ဖရိုဖရဲ ဖြစ်အောင် လုပ်ခြင်းသည် အခြားသူများကို ၎င်းက ဆရာသခင်ဓားအရှင် ၏ လုပ်ရပ်ဟု ယူဆစေမည် မဟုတ်ပေ။
နောက်ဆုံးတွင် ဆရာသခင်ဓားအရှင် သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကိုသာ ကာကွယ်လိုသည် မဟုတ်ပါလား။
ကုအန် သည် သူ၏ ပုံရိပ်ကို ဖုံးကွယ်လိုက်၏။ အာကာပြင်တာအိုအမတ ပင်လျှင် သူ့ကို မြင်နိုင်တော့မည် မဟုတ်ပေ။ သူသည် သူ ယခင်က အဆင့်တက်ရန် ရွေးချယ်ထားသော နေရာဖြစ်သော အသံမဲ့အပျက်အဆီးနယ်မြေ အတွင်းသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
ဤတစ်ကြိမ် သူသည် အသံမဲ့အပျက်အဆီးနယ်မြေ ၏ နက်ရှိုင်းသော အပိုင်းသို့ ဝင်ရောက်ရန် စီစဉ်ထားသည်။
လမ်းတစ်လျှောက်တွင် ကုအန် သည် မဟာကောင်းကင်နှင့် မြေကြီး များစွာကို တွေ့မြင်ခဲ့ရပြီး တစ်ခုချင်းစီသည် အသံမဲ့အပျက်အဆီးနယ်မြေ ၏ တာအိုဝိညာဉ်စွမ်းအင်များ တိုက်စားခြင်းမှ ကာကွယ်ရန် ကောင်းကင်တာအိုအလင်းလွှာဖြင့် ဝန်းရံထားသည်။
ဒီစကြဝဠာထဲမှာ ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်တောင် ရှိနေလဲ။
ကုအန် သည် ရုတ်တရက် သိချင်လာသော်လည်း စူးစမ်းလေ့လာရန် အလျင်မလိုပေ။ သူသည် လူသူမနေသော တိုက်ကြီးတစ်ခုပေါ်သို့ ဆင်းသက်ပြီးသည်နှင့် သူသည် ချက်ချင်း သက်တမ်းအတားအဆီး တစ်ခုကို တည်ဆောက်လိုက်သည်။ ဤတိုက်ကြီးသည် ထိုက်ချန်းတိုက်ကြီး ထက် များစွာ ကြီးမားပြီး ၎င်း၏ ပတ်ပတ်လည်တွင် အခြား အလားတူ အရွယ်အစား အမျိုးမျိုးရှိသော လူသူမနေသော တိုက်ကြီးများ ပျံဝဲနေ၏။ စိမ်းလန်းစိုပြည်မှုများ မြင့်မားခြင်း မရှိဘဲ မှောင်မိုက်ပြီး နေ့အလင်းရောင် မရှိပေ။
ကုအန် ၎င်းသည်မဟာကောင်းကင်နှင့် မြေကြီးတစ်ခု အပိုင်းပိုင်းအစစ ဖြစ်သွားပြီးနောက် ကျန်ရစ်ခဲ့သော အရာ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် အလွန် ဝေးကွာပြီး လမ်းတစ်လျှောက်တွင် မဟာကောင်းကင်နှင့်မြေကြီး ရှစ်ခုဖြင့်ခြားနားနေသည်။
သူသည် သူ၏ နတ်တွေး ဖြင့် စကြဝဠာကိုစတင်စူးစမ်းလေ့လာလိုက်ရာ အာကာပြင်တာအိုအမတပြီးပြည့်စုံအဆင့်၏ နတ်တွေးသည် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
စကြဝဠာသည် အဆုံးမရှိ ဖြစ်ပြီး အာကာပြင်တာအိုအမတပြီးပြည့်စုံအဆင့်၏ နတ်တွေးပင်လျှင် အချိန်တိုအတွင်း အဆုံးသို့ မရောက်နိုင်ပေ။ ဖြစ်နိုင်သည်မှာ အဆုံးဆိုသည်မှာ မရှိသောကြောင့်လည်း ဖြစ်နိုင်လေသည်။
ကုအန် သည် နယ်နိမိတ်တံခါး တစ်ခုကို တွေ့မြင်ခဲ့ရ၏။ ၎င်းသည် သူ၏ မျက်လုံးထဲတွင် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ သူသည် ကောင်းကင် ဝိညာဉ်နတ်ဘုရား ကို မနှောင့်ယှက်လိုသောကြောင့် နယ်နိမိတ် တံခါးကို တမင်တကာ ရှောင်ကွင်းခဲ့သည်။
ဆယ်စက္ကန့်အကြာတွင် ကုအန် သည် သူ၏ နတ်တွေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
သူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် မည်သို့မျှ မနိမ့်ကျသော မဟာကောင်းကင်နှင့်မြေကြီး ၃၇ ခု.... ထို့အပြင် ထောင်ပေါင်းများစွာသော အသေးစားကောင်းကင်နှင့်မြေကြီးများကိုလည်း စူးစမ်းလေ့လာခဲ့သည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ယခင်က တည်ရှိခဲ့သော အရာတခု၏ အပိုင်းအစတစ်ခုမျှသာ ဖြစ်သည်ဟု ဆိုသော ဒဏ္ဍာရီတစ်ခုကို သူ သတိရမိသည်။ စကြဝဠာရှိ ကောင်းကင်နှင့်မြေကြီးများ အားလုံးသည် တူညီသော ရင်းမြစ်တစ်ခုမှ မူလအစပြုခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည်လည်း အလယ်ဗဟို အပိုင်းအစ ဖြစ်နေခဲ့ခြင်း ဖြစ်နိုင်သည်လား။
သူ ၎င်းသည် ဖြစ်နိုင်ခြေ အတော်လေး ရှိသည်ဟု တွေးမိသည်။အထူးသဖြင့် နယ်နိမိတ် တံခါးကို စောင့်ကြပ်နေသော ပုဂ္ဂိုလ်သည်လည်း ကောင်းကင်ဝိညာဉ် ဟု အမည်ပေးထားသောကြောင့် ဖြစ်သည်။
ကုအန် သည် နယ်နိမိတ်တံခါး အတွင်းရှိ လောကများအကြောင်း အလွန် သိချင်နေသော်လည်း အခုချိန်မှာ နယ်နိမိတ် တံခါးကို စူးစမ်းလေ့လာရန် အချိန် မဟုတ်သေးကြောင်း သူ၏။ ၎င်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီများကိုပင် ရှာဖွေမည် မဟုတ်ပေ။