အခန်း (၄၉၅-၄၉၆)
Vol. 38 Ch. 495-496
အခန်း ၄၉၅ ကောင်းကင်တက်လှမ်းခြင်းက ကောင်းကင်ဘုံကို ကိုယ်စားပြုခြင်း
ယန်ကျန့်သည် တတိယဆေးတောင်ကြား၏ တောင်ပေါ်လမ်းကလေးအတိုင်း လျှောက်လှမ်းလာရင်း စည်ကားနေသော ဆေးတောင်ကြားကို ကြည့်ကာ သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ အရာအားလုံးက တကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲ..
ယန်ကျန့်သည် ခဏမျှ လမ်းလျှောက်ခဲ့သော်လည်း၊ သူသိသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့မိပေ။ သူသည် သူ၏ နတ်ဘုရားအာရုံကို အသုံးမပြုခဲ့ပေ။ ဤနေရာသို့ ပြန်ရောက်လာချိန်တွင်၊ သူသည် ထင်ထင်ရှားရှား မဖြစ်လိုခဲ့ပေ။
"အစ်ကိုကြီးယန်ကျန့်လား"
အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာသဖြင့် ယန်သည် လှည့်ကြည့်လိုက်သည်။ သူ့ဆီသို့ လျှောက်လှမ်းလာသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။ သူမတွင် လှပသောရုပ်ရည်ရှိပြီး အသက်သုံးဆယ်အရွယ်ခန့် ရှိနေသည်။
ယန်ကျန့်ကို ကြည့်နေသော သူမ၏မျက်ဝန်းများထဲတွင် ကြည်နူးအံ့သြမှုများဖြင့် ပြည့်နှက်နေပြီး မျက်ရည်များပင် ဝဲနေသည်။ ယန်ကျန့်သည် သူမကို ပြန်ကြည့်လိုက်ရာ ၊ အနည်းငယ် ရင်းနှီးသလို ခံစားရသော်လည်း သူမ မည်သူဖြစ်သည်ကို ပြန်မမှတ်မိနိုင်ခဲ့ပေ။
ရာစုနှစ်ချီသော နှစ်ကာလများသည် မည်မျှ ရှည်လျားသနည်း။ ထို့အပြင်၊ သူသည် ပြန်လည်မွေးဖွားခြင်းဝဲဂယက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဘဝများစွာကို ဖြတ်သန်းခဲ့ရသည်။ သူ၏ အမြင်တွင်၊ ကုန်ဆုံးသွားသော အချိန်သည် ရာစုနှစ်ကာလများထက် ကျော်လွန်နေခဲ့သည်။
အမျိုးသမီးကျင့်ကြံသူသည် သူ၏အနားသို့ ချဉ်းကပ်လာသည်ကို ကြည့်နေလိုက်သည်။ သူမ၏ဝမ်းမြောက်နေသော အကြည့်က သူ့ကို ခံစားရစေသည်။ များစွာ စဉ်းစားပြီးနောက် ၊ သူသည် သူမကို လှမ်းမေးလိုက်သည်။
"ရှင် အဆင်ပြေရဲ့လား"
တစ်ဖက်လူသည် သူ၏အမည်ကို တန်းခေါ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့်၊ သူမသည် သူ့ကို သေချာပေါက် သိနိုင်သည်။ သူ့အနေဖြင့်၊ ပြန်လည်မွေးဖွားခြင်းအကြောင်းကို ရှင်းမပြနိုင်သည့်အတွက်၊ သူမကို မေ့သွားပြီဟု ပြော၍ မဖြစ်ပေ။
အမျိုးသမီးကျင့်ကြံသူသည် အလွန်စိတ်လှုပ်ရှားနေပုံရကာ ၊ ယန်ကျန့် ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သော သူမ၏ ဘဝဇာတ်ကြောင်းကို စတင် ပြောပြတော့သည်။ သူမ၏ စကားများမှ တစ်ဆင့်၊ ယန်သည် သူမ၏သရုပ်မှန် နှင့် သူထွက်ခွာသွားပြီးနောက်တွင် ၊ တတိယဆေးတောင်ကြားနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ အပြောင်းအလဲများကို သိရှိသွားခဲ့သည်။
ကုအန်၏ ကျင့်ကြံမှုအဆင့် ပေါ်သွားသည်ကို သိရသောအခါ၊ သူသည် အံ့အားသင့်မနေခဲ့ပေ။ အကြောင်းမှာ သူသည် ဤနေရာသို့ လာရာလမ်းတွင် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကြားသိခဲ့ပြီး ဖြစ်သည်။
ဤသို့ ပြန်လာခြင်းသည်လည်း မြင့်မြတ်ခုံရုံးမှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သူသည် မူလက တိုက်ပွဲတွင် ပါဝင်ရန်နှင့် အထောက်အပံ့ပေးရန် ပြန်လာရမည် ဖြစ်သည်။ ယခုမူ သူသည် ကုအန်ကို ရှာဖွေရန် တာဝန်ပေးခံရပြီး၊ မြင့်မြတ်အရှင်သခင် ကိုယ်တိုင်က သူ့ကို ပုဂ္ဂိုလ်ရေးအရ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ဤအချိန်တွင် မြင့်မြတ်အရှင်သခင်သည် ကောင်းကင်ပြုပြင်ခြင်းစင်မြင့် ပေါ်ရှိ ဓားရည်ရွယ်ချက်ကို ခံစားရင်း အပြင်ဂိတ်မြို့တော် တွင် တည်းခိုနေခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ တတိယဆေးတောင်ကြားတွင် ယန်ကို သိသောသူ အများအပြား မရှိတော့သော်လည်း၊ သူ၏ အမည်မှာမူ အမြဲတစေ ပျံ့နှံ့နေခဲ့သည်။
အမျိုးသမီးကျင့်ကြံသူသည် ဆေးတောင်ကြားတပည့်တစ်ဦး မဟုတ်တော့ပေ။ သူမသည် ယနေ့ သူမ၏ ဂျူနီယာများကို လာရောက်လည်ပတ်ရန် ပြန်လာခြင်း ဖြစ်သည်။ ယန်ကျန့်ကို မြင်တွေ့ရသောအခါတွင် သူမသည် မထိန်းချုပ်နိုင်လောက်အောင်ပင် စိတ်လှုပ်ရှားခဲ့ရသည်။
သူမသည် တွေ့သမျှလူတိုင်းကို ယန်ကျန့်နှင့် မိတ်ဆက်ပေးခဲ့သည်။ သူ၏အမည်ကို ကြားဖူးသူများသည် အံ့အားသင့်သွားကြပြီး၊ မကြားဖူးသူများမှာမူ ၊ သူသည် ကုအန်၏ တပည့်ဖြစ်ကြောင်း သိရှိပြီးနောက် အလွန် စိတ်အားထက်သန်နေကြသည်။ ဤသည်က ယန်ကျန့်၏ စိတ်လှုပ်ရှားမှုကို များစွာ လျော့ကျစေခဲ့သည်။
မြင့်မြတ်ခုံရုံး၏ တာဝန်ကို ထမ်းဆောင်လာရခြင်းက သူ့ကို အနေရခက်စေသော်လည်း၊ မြင့်မြတ်အရှင်သခင် က သူ့ကို မတော်မတရား တစ်စုံတစ်ရာ လုပ်ခိုင်းခြင်း မရှိဘဲ၊ ကမ္ဘာကြီး၏ အနာဂတ်အပေါ် ကုအန်၏ အမြင်များကိုသာ မေးမြန်းရန် ခိုင်းစေခဲ့သည်။
ထိုအချိန်မှာပင်၊ နောက်ထပ် လူတစ်ဦး ရောက်ရှိလာခဲ့သည်။
အမတမင်းဆက်မှ ကျန်းရှန့်ဝမ်ပင်။
သူသည် မူလက ဆရာသခင်ဓားအရှင်ကို စည်းရုံးရန် အမတမင်းဆက်၏ကိုယ်စားပြုအနေဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်နှင့်အလျောက်၊ သူသည် ကုအန်ကို မေ့လုနီးပါးဖြစ်နေစဉ် ယန်ရှန်ဧကရာဇ် က သူ့ကို ဆင့်ခေါ်ကာ ဆရာသခင်ဓားအရှင်မှာ ကုအန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့ကို တတိယဆေးတောင်ကြားသို့ ပုဂ္ဂိုလ်ရေးအရ စေလွတ်ခဲ့သည်။
တတိယဆေးတောင်ကြားသို့ ခြေချမိသည်နှင့် သူသည် လုံးဝ မှင်တက်သွားသည်။ သူ၏ မှတ်ဉာဏ်ထဲက မသဲမကွဲဖြစ်နေသော ကုအန်သည် ပို၍ ထင်ရှားလာသည်။ သူတို့၏ ယခင်က ဆက်ဆံရေးများကို ပြန်လည်စဉ်းစားမိသည့်အခါတွင် အရာအားလုံးသည် နက်နဲလှသည်ဟု သူ ခံစားလိုက်ရသည်။
ကုအန်၏ နေရောင်ခြည်ကဲ့သို့ အပြုံးသည် နက်ရှိုင်းသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေပြီး ၊ ယင်းက သူ့ကို အလွန် စိုးရိမ်ပူပန်စေကာ၊ ကုအန်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိ ဖြစ်စေသည်။
သူ၏ ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးလာသည်။ သူသည် ကုအန်နှင့် ရင်ဆိုင်ရန် ရုတ်တရက် ကြောက်လန့်လာခဲ့သည်။
မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို ကယ်တင်ခဲ့သော ပုဂ္ဂိုလ်သည် ဤဆေးတောင်ကြားတွင် ရှိနေသည်။ အကယ်၍ ထိုအနှီပုဂ္ဂိုလ်ကို တွေ့ခဲ့လျှင်ဖြင့် ၊ သူ ဘာပြောသင့်သနည်း။
သူ ဘာပြောနိုင်မည်နည်း။
ကျန်းရှန့်ဝမ်၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး သူ သည် ကြောင်တတ်တတ် ဖြစ်နေခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့ကို မည်သူမျှ နှုတ်မဆက်ကြပေ။ တတိယဆေးတောင်ကြားမှ လူများသည် မောက်မာသွားခြင်း မဟုတ်ဘဲ၊ လူတိုင်းသည် မနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ယခုထိတိုင် တည်ငြိမ်မှု မရနိုင်သေးပေ။ ယန်ကလည်း လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်ထားခြင်းကြောင့် ဖြစ်ပေသည်။
ရုတ်တရက်။
ဖြောင်း!
လက်တစ်ဖက်က ကျန်းရှန့်ဝမ်၏ ပခုံးပေါ်သို့ ကျရောက်လာ၏။ ဤသည်က သူ့ကို ကို ထိတ်လန့်သွားစေကာ၊ သူ၏ ဝိညာဉ်သုံးခုနှင့် စိတ်ဝိညာဉ် ခုနှစ်ခုကို လွင့်ထွက်သွားလုမတတ် ဖြစ်ခဲ့ရသည်။
သူသည် အလိုအလျောက် လှည့်ကြည့်လိုက်ပြီးနောက်တွင် မိုးကြိုးပစ်ခံရသကဲ့သို့ ထိုနေရာတွင်ပင် တောင့်တင်းစွာဖြင့် ရပ်နေမိတော့သည်။
"ညီအစ်ကိုကျန်း၊ မတွေ့တာကြာပြီနော်"
ကုအန်က ပြုံးလျက် ပြောလိုက်သည်။ သူသည် ယခုလေးတင် သူ၏ ကျော်ဖြတ်ခြင်း ကို ပြီးမြောက်ခဲ့ပြီး စိတ်ခံစားချက် ကောင်းမွန်နေခဲ့သည်။
ယခုတွင်မူ သူသည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့တွင် သက်တမ်း နှစ် ၄၁ သန်းကျော် ကျန်ရှိနေသေးသည်။
သူ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မလဲ ...
သူ၏ ပျော်ရွှင်မှုကြား တစ်ဖန် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူ၏ ကျင့်ကြံမှုအဆင့်ကို ကျော်ဖြတ်ရန်အတွက် ၊ သက်တမ်းအတားအဆီးသည် သက်တမ်း နှစ် သန်း ၄၅၀ ကို စားသုံးသွားခဲ့သည်။
နောက်တစ်ကြိမ်တွင်မူ၊ သူသည် နယ်ပယ်ကြီးတစ်ခုကို ကျော်ဖြတ်သည့်အခါတွင် သူ့အနေဖြင့် သက်တမ်း နှစ် သန်းပေါင်းများစွာကို ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပြီး၊ ထိုမှသာလျှင်၊ သူ၏ စွမ်းရည်အသစ်များကိုလည်း ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
ကုအန်သည် ပြုံးလျက် မေးလိုက်သည်။
"ညီအစ်ကိုကျန်း၊ ဘာဖြစ်နေတာလဲ...ကျွန်တော့်ကို မမှတ်မိတော့ဘူးလား"
သူသည် ကျန်းရှန့်ဝမ်၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။ သူသည် ဤ လွတ်ငြိမ်းရာအမတ၏ ကံကြမ္မာအားလုံးကို မြင်တွေ့နိုင်သည်။ သူသည် ကျန်းရှန့်ဝမ်၏ အတွင်းစိတ်အတွေးများကိုပင် ကြားနိုင်သေးသည်။
ဤသည်ကား ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ၏ ဖြစ်တည်မူဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများထဲသို့ ပေါင်းစည်းနိုင်စွမ်းရှိပြီး၊ သူ၏ စိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးအတွင်းရှိ အရာအားလုံးကို သိရှိနိုင်လေသည်။
တစ်နည်းအားဖြင့်၊ ကုအန်သည် မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေ၏ ကောင်းကင်ဘုံ ဖြစ်လာခဲ့သည်။
ကျန်းရှန့်ဝမ်သည် သတိပြန်ဝင်လာပြီး၊ တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဘယ်လို မေ့နိုင်မှာလဲ မဟုတ်ဘူး.. ခင်ဗျားကို မေ့..."
"ဟမ်... ဘာဖြစ်နေတာလဲ.. ခင်ဗျား ကျွန်တော့်ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလား ၊ 'ခင်ဗျား' နဲ့ 'မင်း' က ဘာတွေလဲ.. ကျွန်တော် ကြားရတာ မကြိုက်ဘူး"
ကုအန်သည် မကျေနပ်သံဖြင့် ပြောလိုက်သည်။
သူသည် တမင်တကာ ဟန်ဆောင်နေခြင်း မဟုတ်။ သူသည် ကျန်းရှန့်ဝမ်အပေါ် ထားရှိသည့် ထင်မြင်ချက်သည် အလွန်ကောင်းမွန်၏။ သူတို့ ပထမဆုံး တွေ့ဆုံစဉ်က၊ ကျန်းရှန့်ဝမ်သည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မသိခဲ့ပေ။
လွတ်ငြိမ်းရာအမတတစ်ဦးသည် မည်မျှ မြင့်မြတ်သနည်း။
သို့တိုင် သူသည် သေမျိုးနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးနှင့် ဖော်ရွေစွာ ဆက်ဆံနိုင်ခဲ့သည်။ ယင်းက ကျန်းရှန့်ဝမ်တွင် အမတတာအို ရှင်သန်မှုအများစု၏ မာနထောင်လွှားမှု မရှိကြောင်း သက်သေပြနေသည်။
ယခု သူသည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ ဖြစ်နေသော်လည်း ကုအန်သည် သေမျိုးတစ်ဦး၏ ဘဝကို နှစ်သက်နေဆဲပင် ဖြစ်သည်။ သူသည် မြင့်မြတ်ပြီး ခံစားချက်ကင်းမဲ့သော နတ်ဘုရားတစ်ပါး မဖြစ်လိုပေ။ သူသည် လူသားတစ်ဦးအဖြစ် ဆက်လက် ရှင်သန်လိုသေးသည်။
ဤသည်မှာ သူ၏ လက်ရှိ အတွေးမျှသာ ဖြစ်သည်။ အနာဂတ်တွင် ထိုအရာသည် ပြောင်းလဲသွားလေမလား သူ မပြောနိုင်ပေ။ သို့သော် သူ၏ ဘဝတွင် သူသည် ချုပ်တည်းမှုကင်းမဲ့စွာ နေထိုင်လိုသည်။
"အာ"
ကျန်းရှန့်ဝမ်သည် ရုတ်တရက် မည်သို့ ပြန်တုံ့ပြန်ရမည်ကို မသိတော့ချေ။ကုအန်သည် သူ၏ လက်မောင်းကို ဆွဲကာ သူ၏ ခန်းဆောင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။
ကျန်းရှန့်ဝမ်သည် မရုန်းဝံ့သော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန် ကျေနပ်နေသည်။ ကုအန်၏ သဘောထားသည် သူ၏ ဖိအားများစွာကို သက်သာရာရစေသည်။
သူသည် ကုအန်၏ ဘေးတိုက်မျက်နှာကို ကြည့်ကာ ဤလူသည် အမှန်တကယ်ပင် ထူးခြားသည်ဟု ခံစားလိုက်ရသည်။ သူသည် အရှင်မင်းကြီး ထက် များစွာ သာလွန်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် နှိမ့်ချစွာ နေထိုင်နိုင်ပြီး နယ်ပယ်နိမ့်သော ရှင်သန်မှုများနှင့် မိတ်ဖွဲ့ကာ တာအိုကို ဆွေးနွေးနိုင်သည်။
ဤရှုထောင့်မှ ကြည့်လျှင်၊ ကုအန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော ရှင်သန်မှုကို ပြောခဲ့သည့် စကားများသည် မှန်ကန်သည်။ သူသည် သက်ရှိသတ္တဝါအားလုံးကို နားလည်သော နှလုံးသားကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့ပေသည်။
ဆေးတောင်ကြားသည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အားပေးသံများဖြင့် ပေါက်ကွဲထွက်သွားသည်။ အကြောင်းမှာ တစ်စုံတစ်ယောက်က ကုအန် ပြန်လာသည်ကို တွေ့ရှိသွားပြီး၊ တပည့်များသည် ဒီရေကဲ့သို့ တိုးဝှေ့လာကြသည်။
အရိုအသေကင်းမဲ့လိုက်တာ...
ကျန်းရှန့်ဝမ်သည် ထိုသို့ တွေးလိုက်ပြီး ကုအန်သည် တပည့်များကို အရိုအသေကင်းမဲ့ခြင်းအတွက် ဆူပူကြိမ်းမောင်းလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာက သူ့ကို မှင်တက်သွားစေသည်။ကုအန်သည် တပည့်များကို မဆူပူခဲ့ပေ။ သူသည် ၎င်းတို့ကို ပြုံးလျက်ပင် နှုတ်ဆက်ခဲ့သည်။ သူသည် တပည့်များ၏ ဝန်းရံခြင်းကို ခံခဲ့ရပြီး သူသည် တစ်ဦးချင်းစီကို နှုတ်ဆက်ကာ ၎င်းတို့၏ မေးမြန်းမှုများကို တုံ့ပြန်ခဲ့သည်။
ကုအန်၏ မျက်နှာပေါ်က အပြုံးကို ကြည့်ရင်း၊ ကျန်းရှန့်ဝမ်သည် သူသည် သေမျိုးတစ်ဦးမျှသာ ဖြစ်သော်လည်း၊ သူ့ကို မော့ကြည့်စေနိုင်သော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ခံစားလိုက်ရသည်။
စစ်မှန်သော စွမ်းအားသည် သာလွန်မြင့်မြတ်ခြင်း မဟုတ်ဘဲ၊ အရာအားလုံးကို ပွေ့ဖက်နိုင်စွမ်းရှိခြင်း ဖြစ်သည်ဟု ဆိုရပေမည်။
ကျန်းရှန့်ဝမ်သည် ဤခရီးစဉ်သည် တန်ဖိုးရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ကမ္ဘာလောကအပေါ် ကုအန်၏ အမြင်များကို မမေးမြန်းရသေးသော်လည်း၊ သူသည် တစ်စုံတစ်ခုကို ရရှိသွားခဲ့ပြီး ဖြစ်သည်။
သူသည် ဘယ်သောအခါမှ မောက်မာသော လူတစ်ဦး မဟုတ်ခဲ့ပေ။ အမတမင်းဆက်၏ ဂုဏ်သိက္ခာကသာ သူ့ကို အကြိမ်များစွာ မြင့်မားသော ဟန်ပန်ကို မွေးစားရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
"ဆရာသခင်"
ယန်ကျန့်သည် လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာပြီး၊ ကုအန်ကို အလွန် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
ကုအန်သည် ပြုံးလိုက်သည်။
"အင်း ကျန့်အာ မတွေ့တာကြာပြီ.. ဆရာနဲ့အတူ အိမ်ပြန်ပြီး စကားပြောရအောင် လာခဲ့ "
ဤသည်ကို ကြားသောအခါတွင် ယန်ကျန့်သည် ပို၍ပင် ပျော်ရွှင်သွားပြီး၊ သူ၏ နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးများသည်လည်း ပျောက်ကွယ်သွားသည်။
ထိုသို့ဖြင့် ကုအန်သည် ကျန်းရှန့်ဝမ်နှင့် ယန်ကျန့်ကို ဦးဆောင်ကာ လမ်းတစ်လျှောက်ရှိ တပည့်များနှင့် မိတ်ဆွေများကို နှုတ်ဆက်ရင်း ရှေ့ဆက်လာခဲ့သည်။
ကျန်းရှန့်ဝမ်တစ်ဦးတည်းသာ ကုအန်၏ အမူအရာကြောင့် စိတ်လှုပ်ရှားသွားခြင်း မဟုတ်ဘဲ ကျွယ်လော့ဓားသခင် သည်လည်း နက်ရှိုင်းစွာ ခံစားခဲ့ရသည်။
ကုအန်သည် အဘယ်ကြောင့် ဤသေမျိုးများနှင့် ဤမျှ အဆင်ပြေပြေ ပေါင်းသင်းနေသည်ကို သူ နားမလည်သလို၊ ဤသေမျိုးများသည် အဘယ်ကြောင့် ကုအန်အပေါ်တွင် ရိုသေလေးစားမှု မရှိသည်ကိုလည်း သူ နားမလည်ပေ။
"ဆရာသခင်"
ကျန်ချင်း၏ အသံသည် လူအုပ်ကြီး၏ နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
လူတိုင်း၏ ဝန်းရံခြင်းခံထားရသော ကုအန်သည် သူမနှင့် ရဲလန်ကို ပြုံးပြလိုက်၏။ ထို့နောက် သူ၏ ခန်းဆောင်ကို ညွှန်ပြရင်း ဆိုလိုက်သည်။
"ငါ့အခန်းကို စကားပြောဖို့ လာခဲ့လေ"
ရဲလန်သည် ဤသို့သော ကုအန်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်က အပြုံးတစ်ပွင့်သည် အလိုအလျောက် ပွင့်လန်းလာသည်။
အစ်ကိုကြီးက အစ်ကိုကြီးပင် ဖြစ်သည်။ မည်မျှပင် အားကောင်းသည်ဖြစ်စေ၊ အမြဲတစေ ကြင်နာတတ်သည်။ အချိန်အတော်ကြာပြီးနောက်၊ ကုအန်နှင့် အခြားလေးဦးတို့သည် အိမ်တော်သို့ ပြန်ရောက်လာကြသည်။
ကုအန်သည် သူတို့ကို ထိုင်ခိုင်းပြီးနောက်၊ ကျန်ချင်းကို လက်ဖက်ရည်ငှဲ့ခိုင်းလိုက်သည်။ ကျန်ချင်းသည် ဆေးတောင်ကြားမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သော်လည်း၊ ကုအန်၏ တာဝန်ပေးအပ်မှုကြောင့် သူမသည် ဒေါသထွက်ခြင်း မရှိရုံသာမက အလွန် ပျော်ရွှင်နေသည်။
ဆရာသခင်သည် သူမကို သူ့လူတစ်ဦးအဖြစ် ဆက်လက် ဆက်ဆံနေဆဲပင် ဖြစ်သည်။ကုအန်သည် ဦးစွာ ကျန်းရှန့်ဝမ်နှင့် ယဉ်ကျေးမှုအရ စကားစမြည်ပြောပြီး၊ ထို့နောက်တွင် သူ့ကို ရဲလန်နှင့် ယန်တို့ဖြင့် မိတ်ဆက်ပေးခဲ့သည်။
ဤလူသည် အမတမင်းဆက်မှ ဖြစ်ကြောင်း သိရသောအခါတွင် ၊ ရဲလန်သည် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာဖြင့် စိတ်သက်သာရာရသွားသည်။
ဤကမ္ဘာကြီးတစ်ခုလုံးတွင် မည်သူကများ သူမ၏ အစ်ကိုကြီးနှင့် မိတ်ဖွဲ့ရန် မလိုလားဘဲ နေမည်နည်း။
သို့သော် ယန်သည် အမှန်တကယ်တွင် မြင့်မြတ်ခုံရုံး၏ သူတော်စင်ဘုရင် ၏ ပြန်လည်မွေးဖွားခြင်း ဖြစ်ကြောင်း ရဲလန် သိရှိသွားသောအခါတွင်၊ သူမသည် အနည်းငယ် အံ့အားသင့်သွားသည်။
ထိုအခိုက်အတန့်တွင် ၊ ကုအန်သည် ကြီးမြတ်သော စွမ်းအားရှင်တစ်ဦး၏ ပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး၊ သူမ၏ ငယ်ဘဝ အမှတ်တရများသည် မှားယွင်းခြင်း မရှိကြောင်း ပိုမို သေချာသွားခဲ့သည်။
ကျန်းရှန့်ဝမ်ကမူ ၊ အံ့အားသင့်မနေခဲ့ပေ။ သူသည် ယန်ကျန့်၏ကိုယ်ပေါ်မှ မြင့်မြတ်ခုံရုံး၏ ကံကြမ္မာကို ခံစားနိုင်ပြီး၊ မိတ်ဆွေဟောင်းတစ်ဦး၏ အငွေ့အသက် ကိုပင် ခံစားမိခဲ့သည်။
သူ ထွက်သွားခဲ့ပြီလား...
ကျန်းရှန့်ဝမ်သည် 'ထျန်းကျုံး' ကို တွေးမိရင်း အနည်းငယ် နှမြောတသ ဖြစ်သွားသည်။
သို့သော် သူသည် အချိန်၏တိုက်စားခြင်းကို ခံခဲ့ရပြီးဖြစ်၍ ဤအတွက် ဝမ်းနည်းနေမည် မဟုတ်ပေ။
"မင်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ငါသိတယ်"
ကုအန်က ရုတ်တရက် ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်က အပြုံးတို့သည် ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ကျန်းရှန့်ဝမ်နှင့် ယန်ကျန့်တို့သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။သူတို့သည် ကောင်းကင်တာအို နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
အခန်း ၄၉၆ ကောင်းကင်တာအိုနှင့် ရင်ဆိုင်ခြင်း
ကုအန် စကားဆုံးသွားပြီးနောက်၊ သူ၏ အကြည့်သည် ယန်ကျန့်နှင့် ကျန်းရှန့်ဝမ်တို့အပေါ်သို့ ကျရောက်သွားရာ အခန်းတွင်းရှိ အငွေ့အသက်သည် ရေခဲမှတ်သို့ ကျဆင်းသွားသည်။
ယခုလေးတင် ထိုင်ချလိုက်သော ကျန်ချင်းသည်လည်း မှင်တက်သွားပြီး အသက်ပြင်းပြင်း မရှူဝံ့တော့ပေ။
ဤအခိုက်အတန့်တွင် သူမ၏ ဆရာသခင်သည် ဆရာသခင်ဓားအရှင် ဖြစ်သည်ကို သူမ အမှန်တကယ် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ဤအငွေ့အသက်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
ယန်ကျန့်သည်လည်း ဆရာသခင်မှ ဤသို့သော အငွေ့အသက်ကို ထုတ်ဖော်သည်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။ သူ၏အတိတ်ဘဝက မှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့ပြီး ကြွယ်ဝသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော်လည်း သူသည် ကုအန်၏ အငွေ့အသက်နှင့် ရင်ဆိုင်ရသည့်အခါတွင် အေးစက်မှုကို ခံစားမိနေဆဲပင် ဖြစ်သည်။သူ၏ ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအင်များပင်လျှင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရှန့်ဝမ်၏ ယခင်က စိုးရိမ်ပူပန်မှုများသည် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းသွားသည်။ ရဲလန်ကမူ စိတ်လှုပ်ရှားမနေခဲ့ပေ။
သူမ၏နှလုံးသား အနက်ရှိုင်းဆုံးတွင် ကုအန်သည် သူမကို ဘယ်တော့မှ ထိခိုက်စေမည် မဟုတ်ဟု ယုံကြည်ထားလေသည်။
"တာအိုမိတ်ဆွေ ပြောပါ "
ကုအန်၏ဖိအားအောက်တွင် ကျန်းရှန့်ဝမ်သည် ကြိတ်မှိတ်ကာ မေးလိုက်သည်။
ကုအန်သည် ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည် ။
"ဒီကမ္ဘာလောကရဲ့ အာဏာလွန်ဆွဲပွဲထဲကို ငါ ဝင်မစွက်ဖက်ဘူး.. ဒါပေမဲ့ ငါ့ကိုတော့ လာမဆွနဲ့...ပြီးတော့ သေမျိုးတွေကို မပတ်သက်မိစေနဲ့... အမတတွေနဲ့ သေမျိုးတွေက မတူဘူး.. အဆင့်အတန်းကြောင့် မဟုတ်ဘဲ စွမ်းအားကွာဟမှုကြောင့် လုံခြုံတဲ့ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားဖို့ လိုတယ်"
ကျန်းရှန့်ဝမ်နှင့် ယန်ကျန့်တို့သည် ဤသည်ကို ကြားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ကုအန် ပြုံးလိုက်၏။ ထိုကြောက်မက်ဖွယ် ဖိနှိပ်စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ယန်ကျန့်၊ ကျန်းရှန့်ဝမ်နှင့် ကျန်ချင်းတို့သည်ပင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
"ကောင်းပြီ၊ မင်းတို့ မေးချင်တာကို ငါပြောပြီးပြီ.. အခု ပျော်စရာကောင်းတဲ့ကိစ္စကို ပြောကြရအောင်..ဒီနှစ်တွေအတွင်း မင်းတို့ ဘယ်လိုနေခဲ့ကြလဲ... ကျန့်အာ မင်း အရင်ပြော"
ကုအန်သည် ယန်ကျန့်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ ယန်ကျန့်သည် သတိပြန်ဝင်လာပြီး သူ၏ နှစ်များတစ်လျှောက် အတွေ့အကြုံများကို ချက်ချင်း စတင် ပြောပြတော့သည်။
ကျန်းရှန့်ဝမ်သည် သူ၏ အတွေ့အကြုံများကို အလွန် စိတ်ဝင်စားနေခဲ့သည်။ ရဲလန်နှင့် ကျန်ချင်းတို့ နှစ်ဦးစလုံးသည်လည်း ယန်ကျန့်၏ ပြန်လည်မွေးဖွားခြင်းထဲသို့ ဝင်ရောက်ခဲ့ကြောင်းကို ကြားသိရသောအခါတွင် စိတ်ဝင်စားလာကြသည်။
ကုအန်တို့နှစ်ဦးနှင့် မတူဘဲ သူတို့နှစ်ဦးစလုံးသည် သေမျိုးနယ်ပယ်တွင် ရှိနေကြသည်။ သူတို့သည် ဂိုဏ်းခွဲအတွင်း အာဏာရှိသော ရာထူးများတွင် ရှိနေသော်လည်း ကျင့်ကြံလောကတစ်ခုလုံးနှင့် နှိုင်းယှဉ်ရလျှင်ဖြင့် သူတို့သည် အောက်ခြေတွင် ရှိနေကြဆဲပင် ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း ကိစ္စရပ်များသည် သူတို့အတွက် လုံးဝ လက်လှမ်းမမီနိုင်သော အရာများပင် ဖြစ်သည် ။
သူတို့သည် လေလွင့် ဝိညာဉ်များကို နှင်ထုတ်ရန် သေမျိုးလောကသို့ သွားရောက်ခဲ့ဖူးသော်လည်း သရဲတစ္ဆေများ မည်သို့ ပြန်လည်မွေးဖွားသည်ကို မစူးစမ်းနိုင်ခဲ့ပေ။
ကုအန်သည်လည်း စေ့စေ့စပ်စပ် နားထောင်နေပြီး အသေးစိတ်အချက်အလက်များကို အခါအားလျော်စွာ မေးမြန်းနေကာ အငွေ့အသက်မှာ အလွန် သဟဇာတ ဖြစ်နေသည်။
ထိုအချိန်မှာပင်၊ အပြင်ဘက်မှ ကောင်းကင်ဆိုင်ရာ ပုံမှန်မဟုတ်မှုသည် နောက်ဆုံးတွင် နှေးကွေးစပြုလာသည်။ အသံမဲ့အပျက်အဆီးနယ်မြေရှိ သက်ရှိသတ္တဝါများသည် ဂနာမငြိမ် ဖြစ်နေကြသည်။ ၎င်းသည် ယခင်က ရပ်တန့်သွားခဲ့သော်လည်း တာအိုစွမ်းအင်များ တစ်ဖန်ပြန်ပြန်လည် လှုပ်ခတ်လာသောကြောင့် ဤငြိမ်းချမ်းရေးသည် နောက်ဆုံးဖြစ်မည်ဟု မယုံဝံ့ကြပေ။
အချိန်သည် လျင်မြန်စွာဖြင့် ကုန်ဆုံးလာခဲ့သည်။ ညနေစောင်းတွင် ကုအန်သည် အန်ရှင်းကို ကျန်ချင်း၊ ယန်ကျန့်နှင့် ကျန်းရှန့်ဝမ်တို့အတွက် နေရာစီစဉ်ပေးရန် ခိုင်းစေခဲ့ပြီး သူကိုယ်တိုင်မှာမူ ၊ ရဲလန်နှင့် နှစ်ဦးတည်း ကျန်ရစ်နေခဲ့သည်။
ကုအန်သည် ရဲလန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း မေးချင်တာမှန်သမျှ မေးလေ"
သူသည် ဆရာသခင်ဓားအရှင် ဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ သူသည် ရဲလန်၏ အတွေးများကို ကြားနိုင်သဖြင့် သူမအား ချုပ်တည်းမထားဘဲ မေးရန် ပြောလိုက်သည်။
ရဲလန်တွင် အမှန်တကယ်ပင် မေးခွန်းများစွာ ရှိနေသော်လည်း ကုအန်သည် သူတစ်ဦးတည်း ချန်ရစ်ခဲ့ပြီး ရှင်းပြလိုစိတ် ရှိသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ နှလုံးသားထဲမှ မကျေနပ်မှုများသည် ပျောက်ကွယ်သွားခဲ့သည်။
ကုအန် မည်သူဖြစ်သည်က အရေးကြီးသလော။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ကုအန်သည် မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားဘဲ၊ သူမကို ကာကွယ်ပေးနေခြင်းပင် ဖြစ်သည်။
ထို့အပြင်၊ အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြည့်ရင်း ဆရာသခင်ဓားအရှင်၏သရုပ်မှန်ကို အမှန်တကယ်ပင် ဖုံးကွယ်ထားရန် လိုအပ်ကြောင်း ရဲလန် သိလေသည်။
ရဲလန်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"တခြားသူတွေရဲ့ ချီးကျူးလေးစားမှုကို ခံရတာ ဘယ်လိုခံစားရလဲ"
ကုအန်သည် သူမ၏ မေးခွန်းမှတစ်ဆင့် သူမ၏ နှလုံးသားထဲတွင် နာကြည်းမှုများ မရှိကြောင်း သိလိုက်ရသည်။ဂျူနီယာညီမလေးသည် အမြဲတစေ အသိတရား ရှိလှသည်။
ကုအန်သည် ခေါင်းခါကာ ပြုံးလိုက်သည်။
"ဒါတွေအားလုံးက အနှစ်မရှိတဲ့ ကျော်ကြားမှုတွေပါပဲ..ဒီလောကမှာ ကျော်ကြားမှုက လူတစ်ယောက်ရဲ့ ရှင်သန်မှုထက် ပိုကြာရှည်ခံနိုင်ပေမယ့်၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရဲ့ တိုက်စားမှုကိုတော့ မခံနိုင်ပါဘူး"
"ဒါက သာမန်လူတွေအတွက်ပါ.. အစ်ကိုကြီးက အရမ်းစွမ်းအားကြီးတာလေ.. ဒီကမ္ဘာလောကကြီးက အစ်ကိုကြီးကို ထာဝရ ချီးကျူးနေမှာ သေချာတယ်" ရဲလန်က လေးနက်စွာ ပြောလိုက်သည်။
သမိုင်းတစ်လျှောက် ပြန်ကြည့်လျှင်ဖြင့်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့သူ ဘယ်နှယောက် ရှိခဲ့ဖူးသနည်း။
အနည်းဆုံးတော့ သူမ၏ အစ်ကိုကြီးထက် ပိုမို အစွမ်းထက်သော သို့မဟုတ် ကြီးမြတ်သော အောင်မြင်မှုများ ရှိသူ တစ်ဦးတစ်ယောက်အကြောင်းမျှ မကြားဖူးခဲ့ပေ။
ကုအန်သည် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ ရဲလန်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
ရဲလန်သည် သူ၏ အမူအရာမှ အဓိပ္ပာယ်အချို့ကို ပိုင်းခြားသိမြင်လိုက်သည်။ သူမသည် ယခင်က ကုအန်နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်တို့ ပြောဆိုခဲ့သော စကားဝိုင်းကို ပြန်လည်သတိရသွားသည်။
သူမသည် မနေနိုင်ဘဲ မေးလိုက်သည်။
"ကျွန်မတို့လို့ကမ္ဘာကြီးတွေက တကယ်ပဲ ပျက်စီးသွားနိုင်တာလား"
ကုအန်က ခေါင်းညိတ်ကာ ပြောသည်။
"အရမ်း အရမ်း ကြာမြင့်ခဲ့တဲ့ အတိတ်က တစ်ခါ ပျက်စီးခဲ့ဖူးတယ်.. လက်ရှိ မဟာကောင်းကင်စိတ်ဝိညဥ်နယ်မြေက အတိတ်က အစအနတစ်ခုပဲ.. ပြီးတော့ ဒီတစ်ခုအပြင်ဘက်မှာ တခြား မဟာကမ္ဘာကြီးတွေ အများကြီး ရှိသေးတယ်.. ဒီကမ္ဘာ့အပြင်ဘက်မှာ စကြဝဠာ တစ်ခုမက ရှိနိုင်တယ်။ ဒီထက် အများကြီး အများကြီး ပိုများတဲ့ စကြဝဠာတွေလည်း ရှိနိုင်တယ်..ငါကိုယ်တိုင်တောင်မှ အရမ်း သေးငယ်နေတုန်းပဲ "
ဤသည်ကို ကြားပြီးနောက်၊ ရဲလန်၏ နှလုံးသားထဲတွင် တောင့်တမှုများ ဖြစ်ပေါ်လာပြီး သူမသည် သက်ပြင်းချလိုက်သည်။
"လူတွေအထက်မှာ လူတွေ အမြဲရှိနေပြီး၊ ကောင်းကင်တွေအထက်မှာ ကောင်းကင်တွေ ရှိနေတာပဲ...ဒီကမ္ဘာ့အပြင်ဘက်မှာ ဘာတွေရှိလဲဆိုတာကို ကျွန်မ တကယ်ကို မြင်တွေ့ချင်လိုက်တာ...ဒါပေမဲ့ ဝမ်းနည်းစရာက..ကျွန်မမှာက အဲ့လို အရည်အချင်း မရှိဘူး"
ကုအန်သည် သူမကို ကြည့်ကာ ပြောလိုက်သည်။
"မင်း သွားချင်တယ်ဆိုရင်၊ ငါ မင်းကို ခေါ်သွားနိုင်တယ်"
ရဲလန်သည် အနည်းငယ် စိတ်ယိုင်သွားသော်လည်း၊ သူမသည် ခေါင်းခါကာ ပြောလိုက်သည်။
"တော်ပါပြီ.. အဲ့တာကို မြင်လိုက်ရရင် ကျွန်မကိုယ်ကျွန်မ ပိုပြီး မကျေမနပ် ဖြစ်မိသွားမှာကို စိုးရတယ်"
ထို့နောက် သူမသည် ကုအန်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး၊ ပြန်လည်မွေးဖွားခြင်းက တကယ်ပဲ ဘဝအခွင့်အရေးတစ်ခု ပေးတာလား...နောက်ဘဝက ကျွန်မက ကျွန်မပဲ ဖြစ်နေဦးမှာလား"
ယန်ကျန့်၏ အတွေ့အကြုံကို ကြားပြီးနောက်၊ သူမသည် ပြန်လည်မွေးဖွားခြင်းအပေါ် စိတ်ဝင်စားလာခဲ့သည်။
ထို့အပြင် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ် သည် ပြန်လည်မွေးဖွားခြင်းများ တစ်လျှောက် ကျင့်ကြံမှုအဆင့်ကို စုဆောင်းနိုင်သည်။ သူမ သည် ယခင်က မယုံကြည်ခဲ့သော်လည်း၊ ယခုအခါ သေခြင်းတရားဆီသို့ ပထမဆုံး ခြေလှမ်းလှမ်းခြင်းသည် မူပြန်လည်မွေးဖွားခြင်းကျင့်စဉ်၏ အစပြုခြင်း ဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။
ကုအန်သည် သူမ၏ အတွေးများကို ကြားသိပြီး ပြန်ဖြေလိုက်သည်။
"ဒါပေါ့.. ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ မဟာတာအိုလမ်းမကြီးကို စူးစမ်းရှာဖွေခြင်းပဲ..ပြန်လည်မွေးဖွားခြင်း ဆိုတာလည်း တာအိုတစ်မျိုးပဲ.. အကယ်၍ နောက်ဘဝက မင်းက မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ရနိုင်ခဲ့မယ်ဆိုရင်၊ မင်းက လက်ရှိ မင်းပဲပေါ့...ဒါပေမဲ့ မင်း မှတ်ဉာဏ်တွေ ပြန်မရခဲ့ရင်တောင်၊ မင်းက မင်းပါပဲ..မင်းရဲ့ ဝိညာဉ်က မပြောင်းလဲသွားဘူး... ပြန်လည်မွေးဖွားခြင်းက မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်ပေမယ့်၊ မင်းရဲ့ ပင်ကိုသဘာဝကိုတော့ မပြောင်းလဲနိုင်ဘူး၊ မင်းရဲ့ အတွင်းစိတ်ကနေ ပေါက်ဖွားလာတဲ့ နက်ရှိုင်းတဲ့ တောင့်တမှုတွေကိုလည်း မပြောင်းလဲနိုင်ဘူး"
သူ၏ ပင်ကိုယ်သဘာဝသည် ကံကြမ္မာအရ သတ်မှတ်ပြီးသား ဖြစ်သော်လည်း၊ ရရှိလာသော အတွေ့အကြုံများက ပင်ကိုယ်သဘာဝကို ဖိနှိပ်ကာ စည်းမျဉ်းများကို ပုံဖော်သည်။ ယင်း လူသစ်တစ်ယောက်လို ဖြစ်စေသည်ဟု အမြဲ ခံစားရသည်။
သူ၏ အတိတ်က ကိုယ်ပိုင်ဘဝကဲ့သို့ပင်၊ သူသည် စည်းမျဉ်းများစွာကို နားလည်ခဲ့သော်လည်း၊ သူ၏ ကိုယ်ပိုင် စိတ်ဆန္ဒနှင့် တောင့်တမှုများကို ထိန်းချုပ်ရန် ခက်ခဲခဲ့သည်။
ယခုအချိန်အထိပင်၊ သူသည် အလွန် အားကောင်းနေသော်လည်း၊ အတွေးများစွာသည် သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာဆဲဖြစ်ပြီး၊ ဤအတွေးများသည် သူ အသိအမှတ်ပြုထားသော တာအိုနှင့်ပင် ဆန့်ကျင်နေသည်။
တာအိုကို ကျင့်ကြံခြင်းသည် နှလုံးသားကို ကျင့်ကြံခြင်း ဖြစ်သည်။ နှလုံးသားကို ကျင့်ကြံမှသာလျှင်၊ လူတစ်ဦးသည် သူတို့၏ ပင်ကိုယ်သဘာဝကို ထိန်းချုပ်နိုင်သည်။
ရဲလန်က ပြုံးလျက် ပြောသည်။
"ကျွန်မလည်း ပြန်လည်မွေးဖွားချင်တယ်.. နောက်ဘဝမှာ အစ်ကိုကြီး ကျွန်မကို ရှာဖွေနေလိမ့်မလား "
ယခုအချိန်တွင်၊ သူမသည် ကုအန်၏ စွမ်းရည်များအပေါ် သံသယ မရှိတော့ပေ။ ပြန်လည်မွေးဖွားခြင်းသည် ကုအန်၏အမြင်တွင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်ဟု သူမ ယုံကြည်သည်။
ကုအန်သည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"သေချာပေါက် မင်းကို လာရှာမှာပေါ့...ငါ မင်းကို ငါ့ဘေးမှာ ချည်နှောင်ထားမှာ .. မင်းကို ထာဝရ ချုပ်နှောင်ထားမှာ မင်း ကြောက်လား"
"ဒါဆို အရမ်းကောင်းတာပေါ့.. ကျွန်မက အစ်ကိုကြီး ကျွန်မကို မလိုချင်တော့မှာကိုပဲ ကြောက်နေတာ"
ရဲလန်က သနားစဖွယ် ဟန်ဆောင်ကာ ပြောလိုက်သည်။
ကုအန်က ပြုံးလျက် ပြောသည်။
"ငါကသာ မင်း နောက်ဘဝမှာ ပုန်ကန်တတ်ပြီး ငါ့ကို ရန်သူတစ်ယောက်လို ဆက်ဆံမှာကိုပဲ ကြောက်တာ"
ရဲလန်သည် ကုအန်ကို တည်ငြိမ်စွာဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ ကျွန်မမှာ မှတ်ဉာဏ်တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ...ကျွန်မ ရှင့်ကို မြင်မြင်ချင်းမှာတင် ရှင့်အပေါ်ကို လုံးဝ ယုံကြည်နေမိမှာ ... ကျွန်မ ပြန်လည်မွေးဖွားခြင်းထဲကို တစ်ခါမှ မဝင်ဖူးပေမယ့်၊ ကျွန်မ ဒါကိုတော့ ခိုင်ခိုင်မာမာ ယုံကြည်တယ်"
ကုအန်သည် သူမ၏ အကြည့်များကို ရင်ဆိုင်ရင်း၊ သူမ၏ အတွေးများကို နားထောင်နေမိသည်။ ထို့နောက် အခန်းသည် တိတ်ဆိတ်သွားသည်။
"အစ်ကိုကြီး၊ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေ အဆက်မပြတ် ပြန်လည်မွေးဖွားနေတာကို တစ်ယောက်တည်း စောင့်ကြည့်ရတာ ဘယ်လို ခံစားရလဲ"
ရဲလန်သည် ဆက်လက် မေးမြန်းလိုက်သည်။
ကုအန်သည် မရေမတွက်နိုင်သော နှစ်များစွာ ရှင်သန်ခဲ့သည်ဟု သူမ ယုံကြည်ထားသည်။ သူမ၏ အတိတ်ဘဝက ကုအန်နှင့် နီးစပ်သော ဆက်နွယ်မှု ရှိ၊ မရှိကို သူမ မပြောနိုင်ပေ။ ထို့ကြောင့် ကုအန်သည် သူမကို ဤမျှ ဂရုစိုက်ခဲ့ခြင်း ဖြစ်သည်။
ကုအန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
"သစ်ပင်ပေါ်က သစ်ရွက်တွေကြွေပြီး အညွန့်သစ်တွေ ပေါက်တာကို မင်းမြင်ရတဲ့အခါ ဘယ်လိုခံစားရလဲ"
ထိုအခါ ရဲလန်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း၊ သူမ၏ အတွေးများက လွင့်မျောသွားသည်။
ကုအန်၏ တာအိုရည်ရွယ်ချက်က သူမကို ဖုံးလွှမ်းသွားပြီး၊ ကမ္ဘာလောက၏ သဘာဝတရားကို နားလည်သဘောပေါက်စေရန် ကူညီပေးလိုက်သည်။သူတို့နှစ်ဦးသား ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း၊ အတူတကွ အတွေးနယ်ချဲ့နေကြသည်။
ကုအန်၏ စိတ်ထဲတွင် သူ၏ အတိတ်အားလုံးကို ပြန်လည် ပြသနေသည်။ သူ့တွင် လုပ်စရာ မရှိသည့်အခါ၊ သူသည် သူ၏ ယခင်ဘဝ ကမ္ဘာမြေပေါ်မှ အတွေ့အကြုံများ အပါအဝင် အတိတ်ကို ပြန်လည် အမှတ်ရလေ့ရှိသည်။ သူသည် သူ မည်သည့်နေရာမှ လာသည်၊ အဘယ်ကြောင့် ကျင့်ကြံခြင်းကို လိုက်စားခဲ့သည်ကို အမြဲတစေ သတိရလိုသည်။
ကုအန်၏ အတွေးများ လွင့်မျောနေစဉ်၊ ပြတင်းပေါက်အပြင်ဘက်တွင် လေပြေညင်းတစ်ချက် တိုက်ခတ်လာပြီး၊ ခန်းဆောင်ဘေးမှ သက်တမ်းရင့် သစ်ပင်ကြီးကို တရှဲရှဲ မြည်သွားစေသည်။ သူပြောခဲ့သည့်အတိုင်း၊ သစ်ရွက်များ လွင့်ကြွေသွားသည်။
ထိုသစ်ရွက်သည် မြေပြင်ပေါ်သို့ မကျချင်သကဲ့သို့၊ လေထဲတွင် ယိမ်းနွဲ့ကာ ရုန်းကန်နေပြီး လေနှင့်အတူ အတက်အကျ အပေါ်အောက် လွင့်မျောနေသည်။
၎င်းသည် နီရဲသော ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းပြီး တိမ်ဖြူများဖြင့် ပြည့်နှက်နေသော ကောင်းကင်ပြာထဲသို့ ရောက်ရှိလာသည်။ ထို့နောက်တွင် ၎င်းသည် ဖြည်းညှင်းစွာ ကျဆင်းလာပြီး ကုအန်၏ လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့သည်။
ဤသို့ ကျဆင်းလာခြင်းသည် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။အဖြူရောင် ဝတ်ဆင်ထားသော ကုအန်သည် သင်္ချိုင်းကျောက်တိုင်တစ်ခုရှေ့တွင် ရပ်နေပြီး သူ၏ လက်ထဲက သစ်ရွက်ကို ငုံ့ကြည့်နေခဲ့သည်။
ထိုစဉ် ကုအန်၏ဘေးမှ လက်တစ်ဖက်သည် သူ၏ လက်ဖဝါးထဲမှ သစ်ရွက်ကို ဆုပ်ကိုင်ရန် ကြိုးစားနေခဲသော်လည်း ကုအန်၏လက်ကိုသာ ဖောက်ထွက်သွားခဲ့သည်။
"သေပြီးရင် ဒီလို ခံစားရတာလား... တော်တော် ထူးဆန်းတာပဲ"
ရဲလန်၏ ဝိညာဉ်သည် ကုအန်၏ ဘေးတွင် ရပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ကုအန်က သူမကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် ။
"မင်းက ပြန်လည်မွေးဖွားမှာကို ပျော်နေတုန်းပဲလား"
ရဲလန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"ကျွန်မ ပျော်တာပေါ့...ကျွန်မ ဘဝကို အသစ်ကနေ ပြန်စတော့မှာ ပြီးတော့ ဒီနှစ်လေးရာအတွင်း ကျွန်မမှာ နောင်တရစရာ ဘာမှ မရှိဘူး"
ကုအန်သည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတနယ်ပယ် သို့ ကျော်ဖြတ်ခဲ့သည်မှာ နှစ်ပေါင်း ၄၂၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်လေးရာက သူတို့၏ စကားဝိုင်းပြီးကတည်းက ရဲလန်သည် ဤဘဝတွင် တာအိုကို လိုက်စားရန် မျှော်လင့်ချက် မရှိတော့ဟု ခံစားရသဖြင့် စောစော ပြန်လည်မွေးဖွားရန် တောင့်တခဲ့သည်။
သို့သော် ကုအန်သည် သူမကို စောင့်ခိုင်းခဲ့သည်။ နှစ်ပေါင်း ၄၂၀ အတွင်း သူမသည် ဂိုဏ်းခွဲ၏ အကြီးအကဲရာထူးမှ နုတ်ထွက်ခဲ့ပြီး တတိယဆေးတောင်ကြားတွင် နေထိုင်ကာ ကုအန်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခဲ့သည်။
ကုအန်၏ စကားအရ ပြန်လည်မွေးဖွားခြင်းမပြုမီ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများအပေါ် ထိုးထွင်းသိမြင်မှုများကို စုဆောင်းထားခြင်းက နောက်ဘဝတွင် ကျင့်ကြံရန် ပိုမို လွယ်ကူစေမည် ဖြစ်သည်။
ကုအန်သည် သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ပြုံးလိုက်သည်။ ကုအန်သည် သူ၏ လက်ထဲက သစ်ရွက်ကို အောက်ချလိုက်ပြီး ရဲလန်၏ မျက်နှာကို ထိတွေ့ရန် ဟန်ပြင်လိုက်သည်။
ရဲလန်သည် မရှောင်တိမ်းခဲ့သော်လည်း ကုအန်၏ လက်က သူမ၏မျက်နှာကို ထိတွေ့လာခဲ့ချိန်တွင် သူမ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင် သူမသည် နားလည်သွားခဲ့သည်။
အစ်ကိုကြီးသည် အလွန် အစွမ်းထက်၏။ ယင်နှင့်ယန်ခြားနားခြင်းကို ဖြတ်ကျော်ခြင်းသည် ခက်ခဲမည် မဟုတ်ပေ။
ကုအန်သည် သူမ၏ မျက်နှာကို ထိတွေ့ရင်း ယခင်က သူ့ကို အမြဲ တွယ်ကပ်နေခဲ့သော ကောင်မလေးငယ်ကို တွေးတောနေမိသည်။
မသိလိုက်ဘဲ သူမသည် သူ၏ ဘေးတွင် နှစ်ပေါင်း ၁၅၀၀ ကျော် နေထိုင်ခဲ့ပြီး ဖြစ်သည်။
ကုအန်က ပြုံးလျက် ပြောသည်။
"မင်း အဆင်သင့်ဖြစ်ပြီလား"
ရဲလန်က ခေါင်းညိတ်၏။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
ကုအန်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ၏ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။ မတားဆီးနိုင်သော စွမ်းအားတစ်ခုက ရဲလန်၏ ဝိညာဉ်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူမကို ကောင်းကင်ဆီသို့ ပျံတက်သွားစေသည်။
ရဲလန်သည် မြေပြင်ပေါ်တွင် ကျန်ခဲ့သော ကုအန်နှင့် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း သူမ၏ စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားပြီး ယင်းအစား ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
အကယ်၍ နောက်ဘဝတွင် အစ်ကိုကြီးသည် သူမကို ရှာမတွေ့ခဲ့လျှင် သို့မဟုတ် သူမကို မေ့သွားခဲ့လျှင် မည်သို့လုပ်သင့်သနည်း။
ရဲလန်သည် အလွန် ဝမ်းနည်းသွားသည်။ ထိုအခါမှသာ သူမ မည်မျှပင် စိတ်သဘောထား ပွင့်လင်းသည် ဖြစ်စေ၊ မည်မျှပင် ကောင်းမွန်စွာ ပြင်ဆင်ထားသည် ဖြစ်စေ၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရသော ခံစားချက်သည် လုံးဝ ကွဲပြားခြားနားကြောင်း နားလည်သွားသည်။
"စိတ်မပူနဲ့၊ ဒီကမ္ဘာကြီး ပျက်စီးသွားရင်တောင် ငါ ရှိနေဦးမှာပါ...ငါ ရှိနေသရွေ့ အချိန်ရဲ့ ပြောင်းလဲမှုအားလုံးကို ဖြတ်သန်းပြီး မင်း ငါ့ဘေးမှာ နေချင်သရွေ့ ငါ မင်းကို လာရှာမယ်"
ကုအန်၏ နူးညံ့သော အသံသည် ရဲလန်၏ နားထဲသို့ ဝင်ရောက်လာပြီး၊ သူမ၏ နှလုံးသားကို ချက်ချင်း တည်ငြိမ်သွားစေသည်။
ဟုတ်သည်။ အကယ်၍ အစ်ကိုကြီးသည် သူမကို စွန့်ပစ်လိုပါက သူ အရင်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သူမကို လှည့်စားခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။
သူမသည် စကားပြောရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်အသံမျှ ထွက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိလိုက်ရသည်။
ကုအန်သည် လေထဲမှ ရဲလန်ကို ကြည့်ရင်း သူမ၏ အတွေးများကို ကြားလိုက်သည်။ သူသည် စကားဆက်မပြောတော့ပေ။ သူ၏ အကြည့်သည် ကောင်းကင်ဘုံဆီသို့ လှည့်သွားသည်။
ထိုကောင်းကင်တာအို၏ စွမ်းအား ကို ကိုယ်စားပြုသော အလင်းလွှာ...သူသည် ပြန်လည်မွေးဖွားခြင်းမှာ ကောင်းကင်တာအိုနှင့် တစ်စုံတစ်ရာ ဆက်နွယ်မှု ရှိ၊ မရှိကို တွေးတောနေမိသည်။
အရာအားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်သူ....ဤ ပုဂ္ဂိုလ်သည် မည်သူနည်း။
သူ့အနေဖြင့် နောက်ဆုံးတွင် ရင်ဆိုင်ရမည့် အမတများနှင့် နတ်ဘုရားများ ကို တွေးလိုက်မိသည်။ ကောင်းကင်တာအို၏ နောက်ကွယ်တွင် အရာအားလုံးကို ထိန်းချုပ်နေသော ထိုသို့သော ထူးခြားသည့် အမတများနှင့် နတ်ဘုရားများ ရှိနေခြင်း ဖြစ်နိုင်သည်။
တစ်နေ့တွင် သူသည် ဤပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ တစ်နည်းအားဖြင့် ကောင်းကင်တာအိုနှင့် ရင်ဆိုင်ရမည့်နေ့ရက်ကို ရောက်လာပေလိမ့်မည်။