← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 38 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 38 Ch. 497-498

အခန်း ၄၉၇ ပြီးပြည့်စုံခြင်းနယ်ပယ်၊ ဓားတာအိုသူတော်စင်

ကုအန်သည် ရဲလန်မှာ ပြန်လည်မွေးဖွားခြင်းဝဲဂယက်ထဲသို့ မျောလွင့်ဝင်ရောက်သွားသည်ကို ကြည့်နေခဲ့သည်။

သူ၏ နတ်ဘုရားအတွေးကို ပြန်လည် မရုတ်သိမ်းဘဲ သူမနောက်သို့ ပြန်လည်မွေးဖွားခြင်းဝဲဂယက်ထဲအထိ လိုက်ပါသွားစေခဲ့သည်။

ရဲလန်သည် ပြန်လည်မွေးဖွားခြင်းဆိုင်ရာ စည်းမျဉ်းများဖြင့် မဟာတာအိုထဲသို့ ဆွဲငင်ခံလိုက်ရပြီးမှသာလျှင် ၊ သူ၏ နတ်အတွေးကို ရုတ်သိမ်းလိုက်သည်။

သူသည် ထိုနေရာတွင်ပင် ရပ်နေရင်း ရဲလန်၏ သင်္ချိုင်းကျောက်တိုင်ကို ဆက်လက် စိုက်ကြည့်နေမိသည်။

အချိန်အတော်ကြာပြီးနောက်။

အန်ရှင်းသည် သူ၏ဘေးသို့ ရောက်လာကာ မေးလိုက်သည်။

"ဆရာ၊ အဆင်ပြေရဲ့လား"

ကုအန်သည် လှည့်ကြည့်လိုက်ပြီး အကြောဆန့်ကာ ရယ်မောလိုက်သည်။

"ငါ အတိတ်က အကြောင်းတွေကို တွေးနေမိလို့ပါ.. သွားကြစို့၊ တောင်ကြားကို ပြန်ဖို့ အချိန်တန်ပြီ"

အန်ရှင်းသည် ခေါင်းညိတ်ကာ တောင်ကြားဆီသို့ လျှောက်လှမ်းသွားသော ကုအန်နှင့်အတူ အဖော်ပြု လိုက်ပါလာခဲ့သည် ။

"ဆရာ ၊ ဆရာဒေါ်လေးရဲ့ သင်္ချိုင်းကျောက်တိုင်ကို ဒီနေ့ကစပြီး နေ့တိုင်း စောင့်ကြပ်ဖို့ တပည့်မတစ်ယောက်ကို ကျွန်မ စီစဉ်ထားပြီးပါပြီ"

"အင်း၊ မင်း စဉ်းစားတတ်သားပဲ၊ သူ့ကို ဆက်ဆံရေး မညံ့စေနဲ့"

"ဟုတ်ကဲ့ စိတ်ချပါ ၊ ဒါနဲ့ ဆရာသခင်..အပြင်မှာ လူတိုင်းက ရှန်ထျန်း ပြန်လာတော့မှာတဲ့ .. အမတမင်းဆက်က ရှုံးနိမ့်တော့မယ်ဆိုပြီး ပြောနေတယ် ဒါ တကယ်ပဲလားဟင် "

အန်ရှင်းသည် ကုအန် ဝမ်းနည်းနေမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

သူမ၏ အတွေးများကို ကြားနိုင်သော ကုအန်မှာ ရယ်ချင်သွားသည်။ ဤကဲ့သို့ ခွဲခွာရခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူသည် မည်သို့ ဝမ်းနည်းနိုင်မည်နည်း။

ထို့အပြင် သူနှင့် ရဲလန်သည် မကြာမီ သို့မဟုတ် နောက်ကျသည်ဖြစ်စေ ပြန်လည် တွေ့ဆုံကြမည်သာ ဖြစ်သည်။

ကုအန်က ပြန်ဖြေသည်။

"'ရှန်ထျန်း က တကယ် ပြန်လာတော့မှာ... ဘယ်အချိန်လဲဆိုတာတော့၊ အခု ပြောဖို့ ခက်သေးတယ်..ပြန်လည်မွေးဖွားခြင်းစည်းမျဉ်းတွေက ကံကြမ္မာကို ဖုံးကွယ်ထားလို့ ဘယ်သူမှ အပြည့်အဝ တွက်ချက်လို့ မရဘူး.. ဒါပေမဲ့ တစ်ခု သေချာတာကတော့ ..အမတမင်းဆက်ဟာ ရှုံးနိမ့်ဖို့ အများကြီး လိုပါသေးတယ်"

နှစ်ပေါင်း ၄၂၀ ကြာမြင့်ခဲ့ပြီးနောက် လူ့လောကတွင် ဒုက္ခပေးနေသော ကောင်းကင်မိစ္ဆာများ မရှိတော့ပေ။ကောင်းကင်မိစ္ဆာဂိုဏ်း မရှိတော့သော်လည်း ရွှမ်ယုနတ်ဘုရားမင်းဆက်မှာမူ ကျန်ရှိနေသေးသည်။

သို့သော် ရွှမ်ယုနတ်ဘုရားမင်းဆက်သည် အမတမင်းဆက်ထံ အညံ့ခံခဲ့ပြီးဖြစ်ကာ ယခုအခါ ကမ္ဘာကြီးသည် မြင့်မြတ်ခုံရုံးက အမတမင်းဆက်နှင့် ယှဉ်ပြိုင်နေသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ဤနှစ်များအတွင်း ဆရာသခင်ဓားအရှင်သည် နောက်ထပ် လှုပ်ရှားမှု မပြုခဲ့ဘဲ ကုအန်၏ ဘဝသည် အလွန် ငြိမ်းချမ်းနေခဲ့သည်။ သူ၏ ပတ်ဝန်းကျင်ရှိလူများကို တာအိုနည်းစနစ်များ နားလည်သဘောပေါက်စေရန် သင်ကြားပေးခြင်း သို့မဟုတ် ပန်းများနှင့် ဆေးပင်များကို ခူးဆွတ်ခြင်းများ ပြုလုပ်နေခဲ့သည်။

သူသည် ယခု ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတပြီးပြည့်စုံအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နှောင်းပိုင်းအဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ သူသည် သူ၏ သက်တမ်း နှစ်သန်း ၅၀၀ နီးပါး သုံးစွဲခဲ့ရသည်။

သူ၏ လက်ရှိသက်တမ်းသည် နှစ် ၃.၇ ဘီလီယံ ရှိနေသေးပြီး သူသည် သက်တမ်း နှစ် ၁၀ ဘီလီယံ သို့ ကျော်ဖြတ်ရန် ပြင်ဆင်နေခဲ့သည်။

"ရှုံးနိမ့်ဖို့ အများကြီး လိုသေးတယ် ဟုတ်လား.. ဒါဆို သူတို့က ရှုံးဖို့ ကံကြမ္မာ ပါလာပြီးသားလို့ ဆိုလိုတာ မဟုတ်ဘူးလား..ကျွန်မ အစ်ကိုကြီးကို သတိပေးသင့်လား" အန်ရှင်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

အန်ဟောင်သည် အမတမင်းဆက်တွင် အမှုထမ်းနေပြီး အလွန်အမင်း ဂုဏ်ကျက်သရေရှိလှကာ သူ၏ အံ့အားသင့်ဖွယ် စစ်အောင်မြင်မှုများသည် အဓိပတိဂိုဏ်းသို့ ရံဖန်ရံခါ ပြန်လည် ရောက်ရှိလာတတ်သည်။

ကုအန်က ပြန်ဖြေသည်။

"သူ နားလည်ပါတယ်.. သူ့အတွက် စိတ်ပူနေမယ့်အစား မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအပေါ် အာရုံစိုက်သင့်တယ်...နိဗ္ဗာန်နယ်ပယ် ကို ကျော်ဖြတ်ဖို့ အချိန်တန်ပြီ"

အန်ရှင်း၏ ကနဦး အမြင့်ဆုံးသက်တမ်းသည် မမြင့်မားခဲ့ပေ။ ရဲလန်နှင့် ကျန်ချင်းတို့ကဲ့သို့ သာမန်မျှသာ ဖြစ်သည်။

သို့သော် သူမ၏ နယ်ပယ်သည် အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ၊ သူမသည် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ် ကိုလည်း ကျင့်ကြံခဲ့ရာသူမ၏ ကျင့်ကြံမှုအဆင့်က ယူဆောင်လာပေးသည့် အမြင့်ဆုံးသက်တမ်းသည် ဆက်လက် တိုးပွားလာသည်။

သူမသည် နိဗ္ဗာန်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ခဲ့မည်ဆိုပါက သူမ၏ အကန့်အသတ်ကို ချိုးဖျက်နိုင်မည်ဖြစ်ပြီး အမြင့်ဆုံးသက်တမ်း၏ ဖိနှိပ်မှုကို အချိန်အတော်ကြာ ခံရမည် မဟုတ်တော့ပေ။

ယခု ပြန်စဉ်းစားကြည့်လျှင်ဖြင့် ယခင်က အန်ဟောင်နှင့် အန်ရှင်းတို့၏ ဇာတိမြို့ကို မိစ္ဆာများ တိုက်ခိုက်ခဲ့စဉ်က သူတို့ နှစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

၎င်းသည် အန်ဟောင်၏ အားကောင်းသော ကံ ကြောင့်သာ မဟုတ်ဘဲ အန်ရှင်း၏ ကံသည်လည်း ထူးကဲနေခဲ့ပြီး သူမသည် အန်ဟောင်ကဲ့သို့ သူမ၏ပါရမီရှင်စွမ်းရည်ကို လျင်မြန်စွာ မပြသနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

"အို... ကျွန်မ ကြိုးစားနေပါတယ်.. ဒါပေမဲ့ မဟာယာနနယ်ပယ် ကျင့်ကြံမှုက တိုးတက်ဖို့ အရမ်းခက်တယ်.. အဆင့် ၈ ကနေ အဆင့် ၉ ကို တတ်ဖို့ အရမ်း ခက်ခဲလွန်းတယ်.. ကျွန်မကို အချိန်နည်းနည်းလောက် ထပ်ပေးပါဦး"

အန်ရှင်းသည် ကုအန်၏ လက်မောင်းကို ဆွဲလှုပ်ကာ ချွဲနွဲ့လိုက်သည်။ကုအန်သည် သူမကို ညင်သာစွာ ပုတ်လိုက်ရုံသာဖြစ်ပြီး သူမကို မဆူပူခဲ့ပေ။

"မင်းရဲ့ လက်ရှိအရှိန်အဟုန်ကို ထိန်းထား...ဒါဆိုရင် မင်းဟာ အန်အာနဲ့ ကျန့်အာ ကို ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်"

ကုအန်သည် ညင်သာစွာ ရယ်မောလိုက်ရင်း အန်ရှင်းမှာ စိတ်လှုပ်ရှားနေခဲ့သည်။ ဆရာသခင်၏စကားကြောင့် သူမသည် မျှော်လင့်ချက်များ ပေါက်ဖွားလာခဲ့သည်။

အမှန်တကယ်အားဖြင့် ဤနှစ်ကာလတစ်လျှောက် သူမသည်လည်း သူမ၏ ကိုယ်ပိုင်ပြောင်းလဲမှုများကို ခံစားမိခဲ့ပြီး ထိုပြောင်းလဲမှုများက သူမကို ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။

မှန်၏။ ဤပြောင်းလဲမှုအားလုံးသည် ဆရာဖြစ်သူ၏ ချီးမြှောက်မှုကြောင့်သာ ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။

ဆရာတပည့်နှစ်ဦးသည် ဤသို့ စကားစမြည်ပြောရင်း တောင်ကြားသို့ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် မည်သည့်တပည့်မျှ ကုအန်ကို အနှောင့်အယှက် မပေးဝံ့ကြပေ။ အကြောင်းမှာ သူတို့အားလုံးသည် ရဲလန် ကွယ်လွန်သွားခြင်းအကြောင်းကို သိရှိထားသောကြောင့် ဖြစ်သည်။

နှစ်ပေါင်း ၄၂၀ ကြာမြင့်ခဲ့ပြီး၊ တောင်ကြားရှိ တပည့်များ၏ ဆယ်ပုံ ခုနစ်ပုံ ရှစ်ပုံခန့်မှာ ပြောင်းလဲသွားခဲ့သည်။လက်ရှိ တပည့်များသည် တောင်ကြားသို့ ပထမဆုံး ဝင်ရောက်လာစဉ်က ကုအန်၏ ဘေးတွင် ကျင့်ကြံနေသော ရဲလန်ကို မြင်တွေ့ခဲ့ဖူးကြသည်။

သူတို့၏ နှလုံးသားထဲတွင် ရဲလန်သည် ဆရာဒေါ်လေးတစ်ယောက် မဟုတ်ဘဲ ဆရာသခင်၏ ဇနီးသည်တစ်ဦးနှင့် ပိုတူသည်။

ကုအန်သည် ဓားတစ်သောင်းတောင် ကို ဖြတ်သန်းသွားစဉ်၊ သူသည် တောင်ခြေရှိ ပုံရိပ်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

အန်ရှင်းသည် လိုက်မသွားဘဲ နေရာမှာတင် စောင့်နေခဲ့သည်။ ကျွယ်လော့ဓားသခင်သည် ကျောက်စာတိုင်ရှေ့တွင် မျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို နားလည် သဘောပေါက်ရန် ကြိုးစားနေပုံရသည်။

ကုအန်က သူ၏ ဘေးသို့ ရောက်လာပြီး မေးလိုက်သည်။

"မင်းလည်း ခံစားမိတာပဲလား"

ကျွယ်လော့ ဓားသခင်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့ကို ဦးညွှတ်လိုက်သည်။ သူ၏ အမူအရာမှာ လေးနက်နေ၏။

"ကျွန်တော် အဲဒီစွမ်းအားကို အရင်က တွေ့ဖူးတယ်... သူတို့ စကြဝဠာကို အကြိမ်များစွာ ကျူးကျော်ခဲ့ဖူးတယ်"

ကုအန်က ကောင်းကင်ကို မော့ကြည့်ရင်း။

"သူတို့ ရောက်လာတာက အဲဒီ နတ်ဘုရားဧကရာဇ် နဲ့ ပတ်သက်တယ်လို့ မင်းထင်လား"

ကျွယ်လော့ဓားသခင်သည် မျက်မှောင်ကြုတ်သွားသည်။ ကုအန် သူ့ကို စမ်းသပ်နေသည်ဟု ခံစားလိုက်ရသည်။ ကုအန်၏ ကျင့်ကြံမှုအဆင့်ဖြင့် သူ၏ စကြဝဠာအပေါ် နားလည်မှုသည် သူ့ထက် သာလွန်ရမည်မှာ သေချာသည်။

တတိယဆေးတောင်ကြားတွင် နှစ်ကာလပေါင်းများစွာ ရာနှင့်ချီ နေထိုင်ခဲ့ပြီးနောက် သူသည် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့ပြီး ပိုမိုမြင့်မားသော နယ်ပယ်များ၏ တုပ်နှောင်မှုများ လျော့ရဲလာသည်ကို ခံစားလာရသည်။

ဤအရာအားလုံးသည် ကုအန်၏ တာအိုနယ်မြေကြောင့် ဖြစ်သည်ဟု သူ ယုံကြည်သောကြောင့် သူသည် ကုအန် ပြောသမျှ စကားလုံးတိုင်းကို ဂရုတစိုက် စဉ်းစားခဲ့သည်။

"ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်...ခင်ဗျား သူနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲက အရမ်း တုန်လှုပ်စရာ ကောင်းခဲ့တယ်...မဟာတာအိုတောင်မှ အဲဒီအတွက် ငိုကြွေးခဲ့ရတယ်၊ ပြီးတော့ အဲဒီနတ်ဘုရားဧကရာဇ်က မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေမှာ တစ်ခုခုကို ရှာဖွေနေပုံနဲ့ တိတိကျကျ ရောက်လာခဲ့တယ်"

ကျွယ်လော့ဓားသခင်က တွေး‌ဆကာ ပြန်ဖြေလိုက်သည်။

ကုအန်သည် ဤစကြဝဠာထဲသို့ စိမ့်ဝင်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုမှာ မည်သူဖြစ်သည်ကို အမှန်တကယ်ပင် သိပေသည်။

စစ်ခုံရုံး !

လုံကျန့် တည်ထောင်ခဲ့သော်လည်း နဂါးမျိုးနွယ်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် လုံချင်းကို ရှာရန် ရောက်လာခဲ့၏။ ဤကိစ္စသည် စစ်ခုံရုံးနှင့် ပတ်သက်မှု ရှိရမည်ဟု သူ ယုံကြည်သည်။

သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ ကိုယ်ပွားကို ချေမှုန်းခဲ့ပြီးဖြစ်ရာ သတ်ဖြတ်ခြင်းနတ်ဧကရာဇ်သည် သဘာဝအတိုင်း လှုပ်ရှားမည် မှာသေချာသည်။

နှစ်ပေါင်း ၄၀၀ ကျော်ကြာမှ ရောက်လာခြင်းသည် နှေးသည်ဟုပင် ယူဆရမည်။ ပြောစရာရှိသည်မှာ စစ်ခုံရုံးသည် နယ်နိမိတ်တံခါး ကို ဖြတ်ကျော်၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဝိညာဉ်နတ်ဘုရား က အဘယ်ကြောင့် သူတို့ကို မတားဆီးခဲ့သည်ကို ကုအန် အလွန် သိချင်မိသည်။

စစ်ခုံရုံးမှ ဤပုဂ္ဂိုလ်များသည် အလွန် မြင့်မားသော ကျင့်ကြံမှုအဆင့်များ ရှိကြသည်။ သူတို့၏ ခေါင်းဆောင်သည် အာကာပြင်တာအိုအမတ တစ်ဦးဖြစ်ပြီး အာကာပြင်တာအိုအမတ ပြီးပြည့်စုံခြင်းအဆင့်တွင်ပင် ရှိနေသည်။

အင်အားအနည်းဆုံးသူသည် နတ်တွေးအစစ်အမှန်အမတနယ်ပယ်တွင် ရှိပေသည်။

သူတို့သည် လက်ရှိတွင် အသံမဲ့အပျက်အဆီးနယ်မြေအတွင်း လှည့်လည်သွားလာနေကြပြီး၊ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် အလွန် ဝေးကွာပေသည်။ သူတို့သည် အခြားသော မဟာကမ္ဘာကြီးများကို ဦးစွာ ကျူးကျော်ရန် ပြင်ဆင်နေပုံရသည်။

ကျွယ်လော့ဓားသခင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သတိထားကာ ပြောဆိုလိုက်သည်။

"အကြီးအကဲ၊အကယ်၍ ခင်ဗျားက ဓားတာအိုမြင့်မြတ်ဘိုးဘေး သာ ဆိုရင်၊ ကျွန်တော့်ကို ဉာဏ်အလင်း ဖွင့်ပေးပါ့လား ...ကျွန်တော် မဟာဟုန်ဓားကောင်းကင် ကို ခင်ဗျားကို ကူညီဖို့ လာခိုင်းပြီး ခင်ဗျားနဲ့အတူ ရင်ဆိုင်ခိုင်းမယ်!"

ဓားတာအိုမြင့်မြတ်ဘိုးဘေးသည်သက်တမ်းပြန်လည်မွေးဖွားခြင်း မှ ကုအန်၏ သရုပ်တစ်ခုဖြစ်ပြီး ယန်ရှန်၏ အကြီးမြတ်ဆုံး ဘွဲ့ထူး လည်း ဖြစ်သည်။

ကုအန်က ပြန်ဖြေသည်။

"ဘယ်က ဓားတာအိုမြင့်မြတ်ဘိုးဘေးလဲ.. မင်း အတွေးလွန်နေပြီ...ငါက ဓားတာအိုမြစ်ကို သွားလည်ပြီး ဓားတာအို နည်းစနစ် တော်တော်များများကို ကျွမ်းကျင်သွားရုံ သက်သက်ပါပဲ"

"အဲ့လိုလား"

ကျွယ်လော့ဓားသခင်သည် သူ့ကို မယုံကြည်ခဲ့ပေ။သူသည်လည်း ဓားတာအိုမြစ်ကို သွားခဲ့ဖူးသည်။ သို့ဖြစ်လျှင် သူသည် အဘယ့်ကြောင့် မြင့်မြတ်နှလုံးသားဓားတာအို ကို မသင်ယူနိုင်ခဲ့ရသနည်း။

သူသည် သူ၏ အရည်အသွေးမှာ မဆိုးရွားကြောင်း အမြဲ ယုံကြည်ခဲ့သော်လည်း မြင့်မြတ်နှလုံးသားဓားတာအိုက သူ့ကို လုံးဝ ငြင်းပယ်ခဲ့သည်။

ကုအန်က သူ၏ ပခုံးကို ပုတ်ကာ ‌ပြန်ပြောလိုက်သည်။

"မင်း လွတ်ငြိမ်းရာအမတနယ်ပယ်ကို ကျော်ဖြတ်သွားတဲ့အခါ.. အရာအားလုံးကို ထွင်းဖောက် မြင်နိုင်လိမ့်မယ်"

ထိုသို့ပြောပြီးနောက် ကုအန်သည် လှည့်ထွက်သွားခဲ့သည်။

ကျွယ်လော့ဓားသခင်သည် တတိယဆေးတောင်ကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး၊ ရံဖန်ရံခါ တပည့်များကို လမ်းညွှန်မှု ပေးခဲ့သည်။

သူသည် တတိယဆေးတောင်ကြားကို ဓားတာအိုပါရမီရှင်များစွာ မွေးထုတ်ပေးနိုင်ရန် ကူညီခဲ့ပြီး ကုအန်၏ နှလုံးသားထဲတွင် မျက်နှာသာ အနည်းငယ် ရရှိခဲ့သည်။ ဤအချက်ကြောင့်ပင် ကုအန်က သူ့ကို လမ်းညွှန်ပေးလိုခြင်း ဖြစ်သည်။

သူသည် ပြန်လည်မွေးဖွားခြင်းကပ်ဘေးကို တွေ့ကြုံခံစားခဲ့ပြီး ဖြစ်ကာ လွတ်ငြိမ်းရာအမတနယ်ပယ်၏ အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကျော်ဖြတ်ခြင်းနှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

ကျွယ်လော့ဓားသခင်ကို တွေ့တိုင်း ကုအန်သည် ယန်ဖင်အန် ကို သတိရမိသည်။ ထိုကောင်လေးသည်လည်း မာနကြီးပြီး ဆရာသခင်ဖြစ်သော သူ့ကိုပင် စိန်ခေါ်ဝံ့ခဲ့သည်။ကုအန်သည် ယန်ဖင်အန်း အသက်ရှင်နေသေးသည်ဟုပင် ခံစားလိုက်ရသည်။

ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတသို့ ရောက်ရှိပြီးနောက်၊ သူ၏ ကံကြမ္မာ တွက်ချက်နိုင်စွမ်းသည် အရည်အသွေးအရ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ကျွယ်လော့ဓားသခင်၏ ကံကြမ္မာမှတစ်ဆင့် မဟာဟုန်ဓားကောင်းကင်၏ ကံကြမ္မာကို လှမ်းမြင်နိုင်ခဲ့သည်။

ထိုကြီးမားလှသော ကံကြမ္မာအတွင်း အနက်ရှိုင်းဆုံးအပိုင်းတွင် တရားထိုင်နေသော ပုံရိပ်တစ်ခု ရှိနေပြီး နက်နဲလှသော တာအိုကျွမ်းကျင်မှုများ ရှိနေသည်။

ကုအန်သည် ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် မတွက်ချက်နိုင်ခဲ့သော်လည်း ရုပ်ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် သူသည် ၎င်းမှာ ယန်ဖင်အန်ဖြစ်နိုင်ခြေ အလွန်များကြောင်း ခံစားလိုက်ရသည်။

ကျွယ်လော့ဓားသခင်သည် ကုအန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အတွေးများနေသည်။ကုအန်သည် စစ်ခုံရုံးကို အလေးမထားကြောင်း သူ ခံစားမိသည်။

သူသည် စစ်ခုံရုံး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်းပြချင်မိသော်လည်း သူ တွေးမိသည်။ အမှန်အားဖြင့် ကုအန်သည် မည်မျအားကောင်းသည်ကို သူ မသိခဲ့ခြင်းဖြစ်နိုင်သည်။

အားအင်ကြီးမားလှသော သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် သူ၏ တစ်ကွက်တည်းသော တိုက်ကွက်ဖြင့် ပျက်စီးသွားခဲ့သည်။

အကယ်၍ စစ်ခုံရုံးက သူနှင့် တွေ့ဆုံခဲ့လျှင်ဖြင့် ဘာဆက်ဖြစ်မည်ကို ပြောရန် ခက်ပေသည်။

ကုအန်သည် ဓားတာအိုမြင့်မြတ်ဘိုးဘေး ဖြစ်သည်ဟု တွေးမိသောအခါသူ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်လာခဲ့ပြန်သည်။

မဖြစ်ဘူး!

မြင့်မြတ်ဘိုးဘေးသည် သူ၏သရုပ်မှန်ကို ဝန်မခံခဲ့သော်လည်း ဂျူနီယာတစ်ဦးအနေဖြင့် သူ ဘာမျှ မလုပ်ဘဲ နေ၍ မဖြစ်ချေ။

ကျွယ်လော့ဓားသခင်သည် သူ၏ လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးမှ အလင်းစိမ်းတစ်ခု ပေါက်ကွဲထွက်လာပြီး ထို့နောက်တွင် ထင်ယောင်ထင်မှားဖြစ်စေသော ကြာပန်းစိမ်းတစ်ပွင့် ပွင့်လန်းလာလေသည်။

အခန်း ၄၉၈ ကောင်းကင်နှင့် မြေကြီးကို ဝါး​မြိုခြင်း

ရဲလန်ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ကုအန်၏ ဘဝသည် ဆက်လက် ဖြစ်တည်နေသည်။ သူ့အနေဖြင့် အနည်းငယ် လွမ်းဆွေးမိသော်လည်း မည်သို့ပင်ဖြစ်စေ ရှေ့ဆက်လျှောက်လှမ်းရမည်သာ ဖြစ်သည်။

သူသည် နှစ်ရက်တစ်ကြိမ် ဆေးပင်များ စုဆောင်းရန် ဆေးတောင်ကြားအသီးသီးသို့ ထွက်သွားတတ်ပြီး ဆေးတောင်ကြားများတွင် စောင့်ကြပ်နေသူများကို သင်ကြားပြသလေ့ရှိသည်။ သူ၏ နေ့ရက်များသည် အလွန် ပြီးပြည့်စုံသည်ဟု ဆိုရမည်။

နွေရာသီမှ ဆောင်းဦးရာသီသို့ ပြောင်းလဲသွားသည်နှင့်အမျှ နှင်းများသည် ခြောက်သွေ့သော မြေပြင်ကြီးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့ချေပြီ။

ဤနေ့တွင်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာပြီး၊ တတိယဆေးတောင်ကြား၏ အစွန်အဖျားရှိ တောင်ထိပ်တစ်ခုပေါ်သို့ ကျရောက်လာသည်။

သူ၏ အနက်ရောင်ဆံပင်များက ပခုံးပေါ်သို့ ဝဲကျနေပြီး သူ၏ ဝတ်ရုံများက လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ သူ၏ တက်ကြွသော အမူအရာကို ပြသနေသည်။

၎င်းမှာ လီယ ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူသည် ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တတိယဆေးတောင်ကြားကို ကြည့်ရင်း နက်ရှိုင်းစွာ စိတ်လှုပ်ရှားနေမိသည်။

သူ၏ အကြည့်သည် တတိယဆေးတောင်ကြား၏ ထောင့်တိုင်းကို ဖြတ်သန်းသွားပြီး နေရာများစွာကို ရင်းနှီးသောခံစားချက်နှင့်အတူ တစ်ဖန် စိမ်းသက်သော ခံစားချက်လည်း ဖြစ်ပေါ်မိသည်။

သူ၏ မျက်လုံးများက ခန်းဆောင်တစ်ခုပေါ်သို့ ကျရောက်သွားသည့်အခါ၊ သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် နိဗ္ဗာန်နယ်ပယ် သို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း သူ၏ မိတ်ဆွေဟောင်းနှင့် ရင်ဆိုင်ရသည့်အခါတွင် ဝန်လေးနေမိသည်။

ကုအန်ကို သူ၏ဘိုးဘေးဟု ခေါ်ရန် တွေးမိသည့်အခိုက်အတန့်တွင် ၊ သူ့မျက်နှာတစ်ခုလုံး ပူလောင်လာသည်။ ရာစုနှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ပြီးသည့်တိုင် ထိုသို့ တွေးမိတိုင်း သူ၏ စိတ်ခံစားချက်သည် လှုပ်ခတ်သွားဆဲပင် ဖြစ်သည်။

သို့သော် ထို့နောက် သူသည် ဤသို့တွေးမိပြန်သည်။ အကယ်၍ ကုအန်၏ ဂရုစိုက်မှုသာ မရှိခဲ့လျှင် သူသည် ယနေ့လိုနေရာမျိုးကို မည်သို့ ရောက်ရှိနိုင်မည်နည်း။

သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားမြို့တော် တစ်ခုတည်းကပင် သူ့ကို မရှုံးနိမ့်နိုင်သော ယုံကြည်မှုကို ပေးစွမ်းထားသည်။ လီယ က အသက်ပြင်းပြင်းရှူလိုက်ပြီး တောင်ပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်စဉ် တောင်၏ ဘေးဘက်မှ အပြေးအလွှား တက်လာသော လူနှစ်ဦးကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

မကြာမီ သူတို့သည် လီယ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။ သွေးအကျဥ်းထောင်သူတော်စင်သည် လီယကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

နောက်မှ လိုက်လာသော လုံချင်းသည်လည်း လီယကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ‌မေးလိုက်သည်။

"ခင်ဗျားက ဆရာဦးလေးလီလား"

လီယ က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူသည် လုံချင်းကို အနည်းငယ် မှတ်မိသလို ရှိသော်လည်း သိပ်မရှင်းလင်းလှပေ။ သို့သော် တစ်ဖက်လူ၏ ခေါ်ဝေါ်ပုံအရ ဤကလေးသည် ကုအန်၏ တပည့် ဖြစ်ပုံရသည်။

"ဆရာသခင်က ခင်ဗျားအကြောင်း ခဏခဏ ပြောတယ်၊ ခင်ဗျားက ပါရမီရှင်ဖြစ်လာပြီးနောက်ပိုင်း စိတ်ကြီးဝင်သွားလို့ သူ့ကိုတောင် ပြန်လာမတွေ့တော့ဘူးတဲ့"

လုံချင်းက ပြုံးလျက် ပြောလိုက်သည်။

သူသည် လီယကို အထူးတလည် စိတ်ဝင်စားခြင်း မရှိသော်လည်း ကုအန်သည် သူ့အကြောင်း ရံဖန်ရံခါ ပြောတတ်သဖြင့် ကြားဖူးနားဝရှိပေသည်။

ဤသည်ကို ကြားသောအခါ လီယ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"သူ တကယ်ပဲ အဲ့လို ပြောခဲ့တာလား"

သွေးအကျဥ်းထောင်သူတော်စင်က ဝင်ပြောသည်။

"ကောင်လေး၊ မင်း ငါ့ကို မေ့သွားပြီလား"

မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိခါစ သူ၏ ပထမဆုံးတိုက်ပွဲသည် လီယ နှင့် ကျန်းပုခု တို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၎င်းက သူ့ကို နှစ် ၁၀၀ နီးပါး ဖိနှိပ်ခံရစေခဲ့သည်။

ယခု ပြန်ကြည့်လျှင်ဖြင့် ၎င်းသည် မထင်မှတ်ဘဲ ကောင်းချီးတစ်ခု ဖြစ်ခဲ့သော်လည်း သူသည် လီယကို စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့အပြင် လီယသည် တောင်ကြားသို့ ပြန်လာတိုင်း နွားမိစ္ဆာအဖြစ် ပြောင်းလဲနေသော သူ့ကို မြင်လျှင် လှောင်ပြောင်တတ်သေး၏။

အမှန်အားဖြင့် သူ နွားဖြစ်နေစဉ်က လူတိုင်းသည် သူ့ကို လှောင်ပြောင်နေသည်ဟုပင် သူ ခံစားမိသည်။ သူ၏ အမြင်တွင် အခြားသူများ၏ အပြုံးများသည် အတော်လေး မုန်းတီးကောင်းပေသည်။

လီယ၏ အကြည့်သည် သွေးအကျဥ်းထောင်သူတော်စင်အပေါ်သို့ ကျရောက်သွားပြီး သူသည် ၎င်းအား သေချာ စူးစိုက်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လီယ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ၏ ညာလက်ကို တိုက်ရိုက် မြှောက်လိုက်ပြီး နတ်ဘုရားမြို့တော်ကို ဆင့်ခေါ်လိုက်သည်။ နတ်ဘုရားမြို့တော်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ကောင်းကင်ယံတွင် မြင့်မားစွာတည်ရှိခဲ့သည်။

လုံချင်းသည်လည်း မော့ကြည့်လိုက်ပြီး နတ်ဘုရားမြို့တော်ကြောင့် ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူ၏ ချီ သည် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း အဓိပတိဂိုဏ်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရာ၊ ဤသို့သော အဓိပတိရတနာမျိုးကို မြင်တွေ့ရခဲသည်။

လီယသည် သွေးအကျဥ်းထောင်သူတော်စင်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ထိုနှစ်က သွေးအကျဥ်းထောင် သူတော်စင်သည် အလွန် ကြမ်းတမ်းခဲ့သည်။ ယခုတွင်မူ သူ၏ ပုံပန်းသဏ္ဌာန်မှာ မပြောင်းလဲသော်လည်း စိတ်နေသဘောထားမှာမူ မိုင်ပေါင်းများစွာ ကွာခြားသွားပြီဖြစ်သည်။ ဤအချက်က လီယကို မြင်မြင်ချင်း မမှတ်မိစေခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်က တိုက်ပွဲကို ပြန်အမှတ်ရမိပြီး လီယသည် ကျန်းပုခုကို မလွှဲမရှောင်သာ တွေးမိသွားကာ ချက်ချင်း ဒေါသတကြီး ဖြစ်သွားသည်။

ကျန်းပုခုသည် သူ၏ နှလုံးသားထဲက ဆူးတစ်ချောင်း ဖြစ်ခဲ့သည်။ သူသည် ကျန်းပုခုကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်ခဲ့သည်ဟု ခံစားရပြီး၊ ယင်းက သူ၏ ခံစားချက်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။

သွေးအကျဥ်းထောင်သူတော်စင်က လှောင်ပြောင်လိုက်သည်။

"ငါ ဒီမှာ နေလာတာ နှစ်တစ်ထောင်ကျော်ပြီ. မင်းက ငါ့ ပြန်လာမေးနေတာလား ...ငါကသာ မင်းကို မေးရမှာလေ ... မင်း ပြန်လာတိုင်း၊ ငါ ဒီမှာ ရှိနေခဲ့တာလေ .. မင်းကသာ မျက်လုံးကန်းပြီး ငါ့ကို မမှတ်မိတာ"

လီယသည် မျက်မှောင်ကြုတ်ကာ သေချာ ပြန်စဉ်းစားလိုက်သည်။

လုံချင်းက ဘယ်ညာ ကြည့်ရင်း ဘာသာသူ တွေးနေမိသည်။

" ဒီလူတွေ ဘာလို့ မတိုက်ခိုက်ကြသေးတာလဲ"

သူသည် သွေးအကျဥ်းထောင်သူတော်စင်နှင့် မကြာခဏ ယှဉ်ပြိုင်တိုက်ခိုက်လေ့ရှိသော်လည်း သို့သော် တစ်ခါမျှ အနိုင်ယူနိုင်ခြင်း မရှိခဲ့လေရာ ထို့ကြောင့် သွေးအကျဥ်းထောင်သူတော်စင် ဒုက္ခရောက်သည်ကို မြင်ချင်နေခဲ့သည်။

လီယ၏ ကျင့်ကြံမှုအဆင့်သည် သွေးအကျဥ်းထောင်သူတော်စင်လောက် မမြင့်မားနိုင်သော်လည်း လုံချင်းသည် နတ်ဘုရားမြို့တော်၏ ကြီးမားသော ကျော်ကြားမှုကို ကြားဖူးသည်။

၎င်းသည် အ​ချုပ်အနှောင်မဲ့အမတနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အတုအယောင်အမတအဓိပတိရတနာ တစ်ခုဟု ဆိုကြသည်။

နတ်ဘုရားမြို့တော် ပေါ်ပေါက်လာမှုသည် တပည့်တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့သည်။ လီယသည် စိတ်တည်ငြိမ်သွားပြီး နတ်ဘုရားမြို့တော်ကို သူ၏ လက်ဖဝါးထဲသို့ ချက်ချင်း ပြန်ထည့်လိုက်သည်။

သွေးအကျဥ်းထောင်သူတော်စင်သည် ဤနေရာတွင် ရှိနေခြင်းသည် အနည်းဆုံး ရန်သူတစ်ဦး မဟုတ်ကြောင်း၊ သို့မဟုတ် သူသည် ကုအန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ညွှန်ပြနေခဲ့သည်။

ထပ်ပြီးပြောရလျှင်ဖြင့် သူသည် သွေးအကျဥ်းထောင် သူတော်စင်နှင့် တကယ့် ရန်ငြိုး မရှိခဲ့ပေ။ သူတို့သည် ထိုစဉ်က အခွင့်အရေးတစ်ခုအတွက်နဲ့ တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ကြပြီး သူသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။

ထိုစဉ် အန်ရှင်းသည် ပျံသန်းလာပြီး ချောက်ကမ်းပါး အစွန်းတွင် ဆင်းသက်လိုက်သည်။ သူမသည် သွေးအကျဥ်းထောင်သူတော်စင်နှင့် လုံချင်းကို စိုက်ကြည့်လိုက်၏။ ထို့နောက် လီယကို ကြည့်ကာ လက်မြှောက်၍ အရိုအသေပြုလိုက်သည်။

" ဆရာဦးလေးလီ... ဆရာသခင်က ရှင့်ကို စောင့်နေခဲ့တာ ကြာခဲ့ပြီ..ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ"

လီယသည် အန်ရှင်းကို မှတ်မိသဖြင့် သူသည် အနည်းငယ် အံ့အားသင့်သွားသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အန်ရှင်းသည် သေမျိုးမိန်းကလေးတစ်ဦးနှင့် မတူတော့ပေ။ သူမ၏ အမူအရာတိုင်းတွင် ဉာဏ်အလင်းရ ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်မျိုးပင်ရှိနေသည်။ သူသည် အန်ရှင်းကို အဓိကဂိုဏ်းကြီးများမှ ဂုဏ်ယူဖွယ် သမီးတော်များနှင့် နှိုင်းယှဉ်ကြည့်ရာ အန်ရှင်းသည် လွန်စွာ အားကောင်းသည့်အပြင် တစ်မူ ထူးခြားသော ဆွဲဆောင်မှုတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။

ကုအန်သည် တပည့်များကို သင်ကြားရာတွင် အလွန် တော်ပုံရသည်။ လီယသည် ဤသို့ တွေးလိုက်၏။ ထို့နောက် အန်ဟောင်သည်လည်း ကုအန်၏ တပည့်ဖြစ်ကြောင်း သတိရသွားကာ ယင်းက သူ့ကို ပို၍ပင် စိတ်မကောင်း ဖြစ်သွားစေသည်။

သူ၏ ဘဝတွင် အကြီးမားဆုံး ပြိုင်ဘက်မှာ ကုအန်၏ တပည့်ဖြစ်ပြီး သူ အလေးစားရဆုံးနှင့် အကျေးဇူးတင်ရဆုံးသော ဘိုးဘေးမှာ ကုအန် ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ဘဝတစ်ခုလုံးသည် ကုအန်၏ ဂရုစိုက်မှုအောက်တွင် ရှိနေခဲ့ပြီး ၊ သူ ဒဏ်ရာရချိန်တိုင်း သေခြင်းတရားမှ လွတ်မြောက်နိုင်ခဲ့သည်။လီယသည် အန်ရှင်းနောက်သို့ လိုက်သွားရင်း တွေးနေမိသည်။

လုံချင်းသည် သွေးအကျဥ်းထောင်သူတော်စင်ကို ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် အရင်က ရန်ငြိုး ရှိခဲ့ဖူးလား"

သွေးအကျဥ်းထောင် သူတော်စင်က မထီမဲ့မြင် ပြုလိုက်သည်။

"သူ့အစွမ်းအစလောက်နဲ့တော့ ငါ့ကို မခြိမ်းခြောက်နိုင်ခဲ့ဘူးလေ"

သူသည် ထိုနှစ်က အဖြစ်အပျက်များကို ပြန်ပြောပြရာ လုံချင်းသည် ၎င်းကို ကြားပြီးနောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်သည် အင်အားကြီးမားသော နောက်ခံရှိသည့် အားနည်းသူတစ်ဦးကို အနိုင်ကျင့်ခဲ့သဖြင့် အဆုံးတွင် တိရစ္ဆာန် အဖြစ် ဖမ်းဆီးခံခဲ့ရလေသလော။

ဒါ အရမ်း ကြောက်စရာကောင်းလိုက်တာ!

လုံချင်းသည် ကမ္ဘာလောကကြီးအပေါ် ပို၍ပင် ကြောက်ရွံ့ ရိုသေသွားသည်။ အကယ်၍ သွေးအကျဥ်းထောင်သူတော်စင်သာ သူ၏ ဆရာသခင်နှင့် မတွေ့ဆုံခဲ့ပါက သူသည် ယခုအချိန်တွင် သေဆုံးနေလောက်ပြီဟု ခံစားမိသည်။

ဤကမ္ဘာလောကတွင် သူ၏ ဆရာသခင်ကဲ့သို့ ကြင်နာပြီး သဘောထားကြီးသော အစွမ်းထက် ပုဂ္ဂိုလ်များမှာ များများစားစား မရှိပေ။

ဂျိန်း

မိုးခြိမ်းသံတစ်ခု မြည်ဟည်းသွားသည်။ တောရိုင်းတိရစ္ဆာန်များသည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်သကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။

လူသူကင်းမဲ့သော မြေပြင်အထက်တွင် အလောင်းများ နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ချောက်ကမ်းပါးများနှင့် အက်ကွဲကြောင်းများက ကန့်လန့်ဖြတ်နေကာ သွေးများက မရေမတွက်နိုင်သော နေရာများတွင် စွန်းထင်းနေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် မိစ္ဆာများသည် မြေပြင်ပေါ်တွင် ရပ်နေကြသည်။သူတို့အများစုမှာ ဒဏ်ရာရနေကြပြီး သူတို့အားလုံးသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မှိန်ဖျော့ဖျော့ ကောင်းကင်ကြီးကို မော့ကြည့်နေကြသည်။

လှုပ်ရှားနေသော မိုးတိမ်မည်းများအထက်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ပုံရိပ်တစ်ခု ရပ်နေသည်။ သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခါးတွင် အနီရောင် ပဝါရှည်တစ်ထည် ပတ်ထားကာ သူ၏ ရင်ဘတ်အကာတွင် ပါးစပ်နှင့် နှာခေါင်းမှ မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေသော ချီလင်ဦးခေါင်းဖြင့် အလှဆင်ထားသည်။

ထို့အထက်တွင် ခန့်ညားသော်လည်း ခံစားချက်ကင်းမဲ့သော မျက်နှာတစ်ခု ရှိသည်။ ဤလူသည် ရွှေရောင်သံခမောက်ကို ဆောင်းထားပြီး ခန့်ညားထည်ဝါကာ စိုးမိုးခြယ်လှယ်နိုင်စွမ်း ရှိသည်။ သူ၏နောက်တွင် ရွှေရောင်ဆေးမီးဖိုကြီးတစ်လုံး ပျံဝဲနေကာ နဂါးအမြီးတစ်ချောင်းအလား ယမ်းခါနေခဲ့သည်။

သူ၏ ရှေ့မှောက်ရှိ သက်ရှိသတ္တဝါအားလုံးသည် ပုရွက်ဆိတ်များနှင့် ဘာမှ မခြားနားပေ။ သူသည် အောက်မှ သတ္တဝါများကို ငုံ့ကြည့်နေပြီး၊ တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။

သူ၏ဘေးတွင် ပုံရိပ်တစ်ခုသည် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ အနက်ရောင်ဆံပင်များ ဝဲကျနေသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သူမ၏ မျက်နှာပေါ်တွင် အမှောင်ငွေရောင် မျက်လုံးအကာ မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားရာ သရဲတစ္ဆေတစ်ကောင်နှင့် တူနေသည်။

"ဧကရာဇ်၊ ဒီကမ္ဘာရဲ့ ကံကြမ္မာ က ပြတ်တောက်သွားပါပြီး။ ပြိုလဲတော့မှာပါ.. ကျွန်မတို့ နောက်ထပ် ကောင်းကင်နဲ့ မြေကြီးဆီကို ဆက်သွားကြမလား"

အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက မေးလိုက်သည်။ သူမ၏ အသံမှာ သာယာသော်လည်း သူမ၏ လေသံမှာ အေးစက်နေသည်။

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသား၏ အမူအရာမှာ မပြောင်းလဲဘဲ၊ ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သည်။

"ငါ့ကို ပြော နဂါးမျိုးနွယ်ရဲ့ မျိုးဆက်တွေ ဘယ်မှာ ပုန်းအောင်းနေမလဲ.. အဲဒီ ဆရာသခင်ဓားအရှင်က နဂါးမျိုးနွယ်နဲ့ ပတ်သက်နေလား"

အနက်ရောင်ဝတ်စုံကို ဝတ်ထားသော အမျိုးသမီးက ပြန်ဖြေသည်။

"လက်ရှိမှာတော့ ပတ်သက်မှု မရှိပုံပါပဲ ..ဆရာသခင်ဓားအရှင် က ကောင်းကင်နဲ့မြေကြီး တစ်ခုလုံးရဲ့ သက်ရှိသတ္တဝါတွေကို ကာကွယ်ပေးနေပါတယ်.. နဂါးမျိုးနွယ်ရဲ့ မျိုးဆက်တွေလည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ ပုန်းအောင်းနေနိုင်ခြေတော့ ရှိပါတယ်.. ဒါပေမဲ့ အဲ့လိုဆိုတောင် နတ်ဘုရားဧကရာဇ် ကိုယ်ပွားတောင်မှ အနိုင်မတိုက်နိုင်တဲ့ ရှင်သန်မှုမျိုးပါ... ဒါကြောင့် ကျွန်မတို့ မဆင်မခြင် ရှေ့တိုးလို့မဖြစ်ဘူး"

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နှာမှုတ်လိုက်သည်။

" သတ်ဖြတ်ခြင်း နတ်ဘုရားဧကရာဇ်ရဲ့ ကိုယ်ပွားက အာကာပြင်တာအိုအမတ တစ်ယောက် သက်သက်ပဲ ပြီးတော့ သူ့ရဲ့ ရုပ်ခန္ဓာ က တကယ့် အာကာပြင်တာအိုအမတ အဆင့်ကိုတောင် မရောက်သေးဘူး"

အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက ဆက်လက် တုံ့ပြန်ခြင်း မပြုတော့ပေ။ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားက သူ၏ လက်ကို မြှောက်လိုက်ရာ၊ သူ၏ နောက်မှ ဆေးမီးဖိုအိုးကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။

နဂါးဟိန်းသံများ အတွင်းမှ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ကောင်းကင်သည် ပြင်းထန်စွာ လိမ်ကျစ်သွားပြီး၊ အောက်မှ မြေပြင်သည် စတင် ကွဲအက်လာသည်။ ကျောက်တုံးများနှင့် အလောင်းများ လေထဲသို့ ပျံတက်သွားပြီး မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ စတင် အော်ဟစ်လာကြကာ ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲအခြေအနေသို့ ထိုးကျသွားသည်။

"ငါ ကောင်းကင်နဲ့ မြေကြီး တစ်ရာကို ဝါးမြိုပြီးတာနဲ့... ငါ စစ်တာအို ကို ဖွင့်နိုင်လိမ့်မယ်.. အဲဒီအချိန်ကျရင် နဂါးမျိုးနွယ် ဘယ်နေရာမှာ ပုန်းအောင်းနေပါစေ ဒါမှမဟုတ် ဆရာသခင်ဓားအရှင်က သူတို့နဲ့ ပတ်သက်သည်ဖြစ်စေ..မပတ်သက်သည်ဖြစ်စေ အရေးမကြီးတော့ဘူး.. စစ်ခုံရုံးက ငါတို့လမ်းကို ပိတ်ဆို့တဲ့သူ အားလုံးကို ဖျက်ဆီးပစ်မယ်...ငါတို့ရဲ့ ရန်သူတွေကို ထာဝရ ငရဲဒဏ် ခံစားစေရမယ်"

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားသည် သူ့ကိုယ်သူ ပြောနေသကဲ့သို့ တီးတိုး ရေရွတ်လိုက်သည်။

မိုးကြိုးတိမ်တိုက်များသည် ဆေးမီးဖိုအိုး၏ ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရပြီး ကမ္ဘာပေါ်ရှိ ကွဲအက်သွားသော ကျောက်တုံးများ၊ အလောင်းများနှင့် သက်ရှိသတ္တဝါအားလုံးသည် ရွှေရောင် ဆေးမီးဖိုအိုးကြီးဆီသို့ တိုက်ခတ် ဆွဲယူခံလိုက်ရသည်။ ထိုမြင်ကွင်းသည် လုံးဝ မျှော်လင့်ချက်ကင်းမဲ့ပြီး ပရမ်းပတာ ဖြစ်နေသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ဤဆေးမီးဖိုအိုးကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုနေခြင်း ဖြစ်သည်။ ဆေးမီးဖိုအိုးကြီး၏ ရှေ့တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီးတို့သည် မလှုပ်မယှက်ဖြင့် သက်ရှိအားလုံး၏ အော်ဟစ်သံများနှင့် သေဆုံးမှုများကို ခံစားချက်ကင်းမဲ့စွာ ကြည့်ရင်း ကမ္ဘာကြီး ပြိုလဲ ပျက်စီးသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး၊ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ၏ ဦးခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ဓားစွမ်းအင်တစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ သူ၏ ဘေးမှ ဖြတ်သန်းသွားသည်။

သူသည် လက်မြှောက်ကာ ထိုဓားစွမ်းအင်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်မှုနှင့် သံသယများဖြင့် လေးဘက်လေးတန်ကို စစ်ဆေးကြည့်ရှုလိုက်သည်။

All Chapters