← Chapters

အခန်း (၅၀၇-၅၀၈)

Vol. 39 Ch. 507-508

အခန်း (၅၀၇-၅၀၈)

Vol. 39 Ch. 507-508

အခန်း ၅၀၇ ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း

ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ကုအန်သည် ပင်မခန်းမဆောင် အလယ်သို့ လက်ခနဲ ရောက်ရှိသွားပြီး တင်ပလ္လင်ခွေထိုင်ကာ အတွင်းအားကို စတင် လှည့်ပတ်လိုက်သည်။ သူ့ကို ထိခိုက်အောင် လုပ်နေသည့် ထူးဆန်းသော စွမ်းအား တစ်ခုကို သူ အာရုံခံမိလိုက်သည်။

ယင်း အကြောင်းအကျိုး စွမ်းအားနှင့် တူပေမယ့် ပိုပြီး ကြောက်စရာကောင်း၏

ကုအန်သည် ခုခံရန်အတွက် သူ၏ ကိုယ်ပိုင် အကြောင်းအကျိုး စွမ်းအားကို အသုံးပြုခဲ့သော်လည်း အချိန်တိုအတွင်း ထို ထူးဆန်းသော စွမ်းအားကို ဖိနှိမ်နိုင်ခြင်း မရှိခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကုအန်သည် ဤ ထူးဆန်းသော စွမ်းအားကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဒါက အကြောင်းအကျိုး တန်ပြန်သက်ရောက်မှု ပဲ။

အမှောင်ထုထဲတွင် အကြောင်းအကျိုး သဘောတရားများကို အသုံးပြုသူများအား ထိန်းကျောင်းပြီး ဟန်ချက်ညီစေသော၊ စည်းမျဉ်းများ ပြိုလဲမသွားစေရန် တားဆီးပေးသော စွမ်းအား တစ်ခု ရှိနေပုံရသည်။

အကြောင်းအကျိုး လမ်းစဉ် သည် မဟာလမ်းစဉ်သုံးထောင် ထဲမှ တစ်ခု ဖြစ်သော်လည်း အခြား မဟာလမ်းစဉ် အားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။

၎င်းတွင် အချိန်နှင့် ဟင်းလင်းပြင်၊ အချိန်စက်ဝန်းခြင်း၊ သေခြင်းနှင့် ရှင်ခြင်း စသည်တို့ ပါဝင်သည်။ အကြောင်းအကျိုး အပြောင်းအလဲ သေးသေးလေး တစ်ခုက အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည်။ဖိနှိပ်မှုသာ မရှိလျှင် အကြောင်းအကျိုး လမ်းစဉ်သည် အမှန်တကယ်ပင် အသန်မာဆုံး မဟာလမ်းစဉ် ဖြစ်လာနိုင်သည်။

လက်တွေ့တွင်မူ မဟာလမ်းစဉ် သုံးထောင် စလုံးသည် တန်းတူညီမျှ ဖြစ်ပြီး အားနည်းသည် အားသာသည် ဟူ၍ မရှိပေ။ ၎င်းတို့ အားလုံးသည် သက်ဆိုင်ရာ လမ်းစဉ်အပေါ် ကျင့်ကြံသူ၏ ဉာဏ်အလင်း ရရှိမှုအပေါ် မူတည်သည်။ အသုံးပြုလိုက်သော အကြောင်းအကျိုး စွမ်းအား ပိုမို ပြင်းထန်လေလေ အကြောင်းအကျိုး တန်ပြန်သက်ရောက်မှု ပိုမို ကြီးမားလေလေ ဖြစ်သည်။

ကုအန်သည် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့၏ စွမ်းရည်ပြဘောင်ကွက် ကို စစ်ဆေးလိုက်သည်။ သူ့သက်တမ်း လျော့နည်းသွားသည်ကို တွေ့လိုက်ရသော်လည်း ၎င်းသည် ကျန်ကူမင် ထံမှ သိမ်းယူပြီးနောက် ရရှိထားသော သက်တမ်း ဖြစ်သည်။ ယခုအခါ ၅.၄ ဘီလီယံ နှစ် ရှိနေသည်။

သူ စောင့်ဆိုင်းနေရင်း ချီကို လည်ပတ်လိုက်သည်။

အကြောင်းအကျိုး တန်ပြန်သက်ရောက်မှုကြောင့် သူ ရရှိထားသော သက်တမ်း ၁.၄ ဘီလီယံ နှစ် အားလုံး ဆုံးရှုံးသွားလောက်သည် အထိတော့ မဖြစ်နိုင်ပါဘူးနော်။

အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင် ယခုတစ်ကြိမ် သက်တမ်း လုံးဝ မရရှိလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

သက်တမ်း မရလိုက်ရုံသာမက လျော့နည်းသွားသေးသည်။ ကုအန် မျက်မှောင်ကြုတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ခဏအကြာတွင် သက်တမ်း ကိန်းဂဏန်းများ လျော့ကျနှုန်း စတင် နှေးကွေးလာသည်။

အချိန်အတိုင်းအတာ တစ်ခု ကြာပြီးနောက် သူ့သက်တမ်း လျော့နည်းခြင်း ရပ်တန့်သွားခဲ့သည်။ သူသည် စုစုပေါင်း သက်တမ်း နှစ်ပေါင်း သန်း ၂၀၀ ဆုံးရှုံးခဲ့ရသော်လည်း သက်တမ်း ၁.၂ ဘီလီယံ နှစ် အမြတ်ရရှိခဲ့သေးသည်။

တော်သေးတယ်!

ကုအန် သက်ပြင်းချလိုက်သည်။ သူသည် ညာလက်ကို မြှောက်ပြီး လက်ဖဝါးကို ကြည့်လိုက်သည်။ လက်ဖဝါးပေါ်တွင် အဆိပ်သင့် ဒဏ်ရာများကဲ့သို့ သေးငယ်သော အနက်ရောင် လိုင်းများကို တွေ့လိုက်ရသဖြင့် အလွန် စိုးရိမ်စရာ ကောင်းနေသည်။

သူသည် အကြောင်းအကျိုး တန်ပြန်သက်ရောက်မှု၏ အကျိုးဆက်များကို ခံစားခဲ့ရပြီး ဖြစ်သော်လည်း ကျန်ရစ်ခဲ့သော အမှတ်အသားများကို ဖျက်ပစ်ရန် အချိန်ယူရပေလိမ့်မည်။

လက်ရှိတွင် သူ့စွမ်းအား ထိခိုက်ခြင်း မရှိသေးပေ၊ ရေတိုအတွင်း ဖျက်ပစ်ရန် ခက်ခဲသော အကြောင်းအကျိုး အမှတ်အသားများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ဘာမှ မဟုတ်ပါဘူး။

ဒါပေမဲ့ အနန္တဓားကျမ်းကို အသုံးပြုပြီးတိုင်း ဒီလို တန်ပြန်သက်ရောက်မှု ခံစားရရင် ဘယ်လို လုပ်မလဲ။

တစ်နေ့တွင် အကြောင်းအကျိုး တန်ပြန်သက်ရောက်မှုမှ လွတ်မြောက်နိုင်စေရန် အနန္တဓားကျမ်း၏ အကြောင်းအကျိုး စွမ်းအားကို ပိုမို မြှင့်တင်ရန် လိုအပ်သည်ဟု ကုအန် ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ယခုတစ်ကြိမ်တွင် ဖုံးကွယ်နေသောအန္တရာယ် တစ်ခုကို ဖယ်ရှားနိုင်ခဲ့ရုံသာမက သက်တမ်း ၁.၂ ဘီလီယံ နှစ် ကိုလည်း ရရှိခဲ့သဖြင့် နှစ်ထပ်ကွမ်း ကံကောင်းခြင်းဟု သတ်မှတ်နိုင်သည်။

ကုအန်သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး အနန္တဓားကျမ်းကို ပြန်ကြည့်လိုက်သည်။

အနန္တဓားကျမ်းကို အသုံးပြုစဉ်က ကုအန်သည် အကြောင်းအကျိုး ဓား မှတဆင့် ကျန်ကူမင် နှင့် သမင်ဦးချိုနှင့် အဘိုးအိုတို့ကို မြင်တွေ့ခဲ့ရသော်လည်း ဤရှုထောင့်မှနေ၍ သူတို့၏ အကြောင်းအကျိုးကို တွက်ချက်နိုင်ခြင်း မရှိခဲ့ပေ။

ကြယ်ရောင်စုံ ကောင်းကင်အောက်၊ ကောင်းကင်တာအို ရွှေအမြုတေ ၏ ရှေ့မှောက်တွင်။

အန်ဟောင် နှင့် ဧကရာဇ်ယန်ရှင်း တို့သည် ဘေးချင်းယှဉ် ထိုင်ကာ အတွင်းအား ကျင့်ကြံနေကြသည်။

(Emperor Yang Xing - ဧကရာဇ်ယန်ရှင်း လို့သုံးပါမယ်)

ရုတ်တရက်။

ဧကရာဇ်ယန်ရှင်း သည် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကောင်းကင်တာအို ရွှေအမြုတေ ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ကောင်းကင်တာအိုရွှေအမြုတေ သည် ဆက်လက်၍ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး လျှို့ဝှက်ဆန်းကြယ်လှရသည်။ ၎င်း၏ မျက်နှာပြင် အရှိန်အဝါသည် အရာခပ်သိမ်းကို အုပ်ချုပ်သောနိယာမများနှင့် တူညီပြီး အဆုံးမဲ့ ပြန်လည် မွေးဖွားနေကာ ၎င်းအတွင်း၌ အမျိုးမျိုးသော မဟာတာအို များကို မြင်တွေ့နိုင်သည်။

အန်ဟောင် သည် သူ့လှုပ်ရှားမှုကို သတိထားမိပြီး မျက်လုံးဖွင့်ကြည့်ကာ "ဘာဖြစ်လို့လဲ" ဟု စပ်စုစွာ မေးလိုက်သည်။

ဧကရာဇ်ယန်ရှင်း သည် ကောင်းကင်တာအို ရွှေအမြုတေ ကို စိုက်ကြည့်ရင်း "ကမ္ဘာကြီးက ကြီးမားတဲ့ ကပ်ဘေးတစ်ခုကနေ ရုတ်တရက် လွတ်မြောက်သွားတာ ထူးဆန်းတယ်၊ ဒါပေမဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ"

"ကပ်ဘေးတစ်ခုကနေ လွတ်မြောက်သွားတယ် ဟုတ်လား။ အရင်က ခင်ဗျား ဘာမြင်ခဲ့လို့လဲ" အန်ဟောင် ပိုမို စိတ်ဝင်စားသွားသည်။

"ကောင်းကင်တာအို ရွှေအမြုတေကို နားလည်သဘောပေါက်ဖို့ ကြိုးစားနေတုန်း အနာဂတ်ကို မြင်ခဲ့ရတယ်။ သက်ရှိသတ္တဝါ အားလုံး မြင်နိုင်တဲ့ ကောင်းကင်ပေါ်မှာ တွဲခိုနေတဲ့ မြစ်တစ်စင်းကို တွေ့ခဲ့ရတယ်။ ဒီမြစ်ကို ဓားတာအို နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး သက်ရှိသတ္တဝါ အားလုံးဆီကို ကပ်ဘေးဆိုးကြီး ယူဆောင်လာလိမ့်မယ်"

ဧကရာဇ်ယန်ရှင်း ပြန်ဖြေလိုက်သည်။ သူ့အတွေးများ အတိတ်ကို ပြန်လည် ရောက်ရှိသွားပြီး အေးဆေးတည်ငြိမ်စွာ ပြောပြနေသော်လည်း သူ့လေသံတွင် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသဖြင့် အန်ဟောင် အား သူ ဖော်ပြသော မြင်ကွင်းကို ပြန်လည် သတိရစေသည်။

အန်ဟောင် မမေးဘဲ မနေနိုင်တော့ပေ "အဲ့ဒီလို ကပ်ဘေးကြီးက ရုတ်တရက် ပျောက်သွားတယ် ဟုတ်လား။ အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးက ကောင်းကင်နဲ့မြေပြင်ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တာများလား။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ က အခု ငြိမ်းချမ်းသွားပြီလား။ ဘယ်တော့မှ ထပ်ပြီး ဖရိုဖရဲ မဖြစ်တော့ဘူးလား"

ဧကရာဇ်ယန်ရှင်း နှာခေါင်းရှုံ့လိုက်ပြီး "ကောင်းကင်နဲ့မြေပြင်ရဲ့ ကပ်ဘေးတွေက အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးရဲ့ ရည်မှန်းချက်ကြောင့် ဖြစ်လာတယ်လို့ မင်း တကယ် ထင်နေတာလား။ အဲ့လို မဟုတ်ပါဘူး။ အမတမင်းဆက် ပဲ ဖြစ်ဖြစ် မြင့်မြတ်ခုံရုံး ပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကံတရားတွေက ကျုံ့ဝင်နေတာ။ တဖက်လူရဲ့ ကံတရားကို ဝါးမျိုမှသာ သူတို့ရဲ့ မျိုးရိုးကို ထိန်းသိမ်းထားနိုင်မှာ"

ဤသည် ကောင်းကင်နှင့် မြေပြင်အလိုဆန္ဒ ၏ လက်ရာ ဖြစ်၏။ ၎င်းသည် အကြောင်းအကျိုး တရားများကို အဆက်မပြတ် ထုတ်လွှတ်ပြီး ကပ်ဘေးများ ဆက်တိုက် ဖြစ်ပေါ်စေရန် ဖိအားပေးလိမ့်မည်။

သူ လှည့်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။"ဒီကပ်ဘေး ပြီးသွားရင် နောက်ထပ် ကပ်ဘေး အသစ် တစ်ခု လိုက်လာဦးမှာပဲ။ လုံးဝ အဆုံးသတ်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်"

"ဘာနည်းလမ်းလဲ" အန်ဟောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူသည် ဤ ကြိုတင် သတ်မှတ်ထားသော ကံကြမ္မာကို မနှစ်သက်ချေ၊ ၎င်းက သူ့ပါရမီသည် ဘုရားသခင် ပေးသော လက်ဆောင် ဖြစ်ကြောင်းနှင့် သူ ရရှိထားသော ကျင့်ကြံမှုသည် ကောင်းကင်နှင့် မြေပြင် အလိုဆန္ဒ၏ ရွေးချယ်မှု ဖြစ်ကြောင်း ခံစားရစေသည်။

အရာအားလုံး အဓိပ္ပာယ်မဲ့သွားသလိုပင်။

ဧကရာဇ်ယန်ရှင်း က ပြန်ဖြေလိုက်သည်။ "ဆိုလိုတာက အမတမင်းဆက် နဲ့ မြင့်မြတ်ခုံရုံး တို့ တစ်ခုစီ အသက်ရှင် ကျန်ရစ်မယ်၊ အနိုင်ရသူက သက်ရှိသတ္တဝါ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်း ကို သုတ်သင်ပစ်ပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ အသက်စွမ်းအားကို အနိမ့်ဆုံး အမှတ်အထိ လျှော့ချလိုက်မယ်၊ ကောင်းကင်နဲ့မြေပြင်ရဲ့ စည်းမျဉ်းတွေကို ပြန်လည် ပုံဖော်ပြီး ကောင်းကင်နဲ့မြေပြင် အလိုဆန္ဒကို သဘာဝအတိုင်း ငြိမ်သက်သွားစေမယ်"

အန်ဟောင် ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ သက်ရှိသတ္တဝါ ၉၉ ရာခိုင်နှုန်းသေဆုံးရမယ် ဟုတ်လား။ ထိုကဲ့သို့သော ကောင်းကင်နှင့်မြေပြင် အလိုဆန္ဒသည် သူ့စိတ်ကူးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

"ဒါပေါ့... ဒီလို အခြေအနေမျိုးက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး အနိုင်ရသူတောင် စိတ်သက်သာရာ ရဖို့ ခက်ခဲလိမ့်မယ်။ ဘယ်သူမှ သက်ရှိသတ္တဝါ အားလုံးကို မသတ်ချင်ကြဘူး၊ ဒါကြောင့် အမတမင်းဆက် နဲ့ မြင့်မြတ်ခုံရုံး တို့က သေတူရှင်တူ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာ၊ ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် လူဦးရေ လျှော့ချလိုက်သလိုလည်း ဖြစ်တာပေါ့" ဧကရာဇ်ယန်ရှင်း က ပြောလိုက်သည်။

သူ့မျက်နှာထားသည် မည်သည့် ခံစားချက်မှ မရှိသကဲ့သို့ အေးစက်နေသည်။

အန်ဟောင် ၏ မျက်ခုံးများ ပိုမို တွန့်ချိုးသွားသည်။

သူ အခြားအရာ တစ်ခုကို စဉ်းစားမိပြီး "စကြဝဠာပြင်ပက ကျူးကျော်မှုတွေက ကိန်းရှင် တစ်ခု ဖြစ်လာနိုင်မလား။ စကြာဝဠာပြင်ပ အင်အားစုတွေကို နောက်ဆုံး အောင်ပွဲ မခံစေနဲ့ဦး" ဟု

ဧကရာဇ်ယန်ရှင်း လှောင်ရယ်လိုက်ပြီး "သူတို့က ဓားပြတွေထက် မပိုပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေ လွန်ကဲလာရင် သူတို့ ပျက်စီးသွားရုံပဲ ရှိမှာ၊ သူတို့ရဲ့ ကျင့်ကြံမှုတွေလည်း ငြိမ်းသတ်ခံရလိမ့်မယ်"

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက သူ့ဆရာသခင်သာ မရှိခဲ့ရင် ငါတို့အားလုံး သေကုန်ကြပြီး ကမ္ဘာကြီးကို ကောင်းကင်မိစ္ဆာ က သိမ်းပိုက်သွားလောက်ပြီ ဟု အန်ဟောင် တကယ် ပြောချင်နေသည်။ သို့သော် သူ ပြန်စဉ်းစားကြည့်လျှင် သူ့ဆရာသခင် ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း ကောင်းကင်နှင့်မြေပြင် အလိုဆန္ဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် သူ့ဆရာသခင် မရှိလျှင်တောင် ဝင်ရောက်စွက်ဖက်မည့် အခြား အစွမ်းထက် ပုဂ္ဂိုလ်များ ရှိကောင်းရှိနိုင်သည်။

ဟုတ်တယ်။ ဒီလောက် စွမ်းအားကြီးတဲ့ ဆရာသခင်က ဘာလို့ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ မှာ ဆက်နေနေရတာလဲ။ ဆရာသခင်က ကောင်းကင်နှင့်မြေပြင် အလိုဆန္ဒကို ကိုယ်စားပြုနေတာလား။

အန်ဟောင် ထိုအကြောင်း တွေးတောနေစဉ် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ပြီးနောက် သူသည် သမိုင်းကြောင်းကို ကောင်းစွာ နားလည်ထားပြီး ငြိမ်းချမ်းသော အချိန်ကာလများသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း၊ လက်ရှိ ဖရိုဖရဲ အခြေအနေသည် နှစ်သန်းပေါင်းများစွာမှ တစ်ကြိမ်သာ ဖြစ်ပေါ်တတ်ကြောင်း သိရှိထားသည်။

ဆရာသခင်ဓားအရှင် သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကမှ စတင် တည်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ရှန်ထျန်း ပျောက်ကွယ်သွားပြီးနောက်မှ ဖြစ်သည်။ တွေးလေ ပိုပြီး အဓိပ္ပာယ် ရှိလေ ဖြစ်နေပြီး ကမ္ဘာကြီး၏ အမှန်တရားကို ထိုးဖောက်မြင်နိုင်သလို ခံစားရသည်။

နေဦး... ဆရာသခင်က ကောင်းကင်တာအိုကို ကိုယ်စားပြုတယ် ဆိုရင် ဆရာသခင်က သူ့ကို ရွေးချယ်ခဲ့တာ...

အန်ဟောင် ၏ မျက်လုံးများ ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေ တစ်ခုသို့ ကျရောက်သွားသည်။

ဧကရာဇ်ယန်ရှင်း သည် သူ၏ အပြောင်းအလဲကို သတိပြုမိပြီး ကောင်းကင်ဘုံ၏ မတရားမှုကို စိတ်ထဲတွင် ညည်းညူရုံသာ တတ်နိုင်တော့သည်။ အန်ဟောင် ကို မနာလို ဖြစ်နေမည့်အစား ထို ကပ်ဘေးကြီး ဘာကြောင့် ပျောက်ကွယ်သွားရသလဲ ဆိုတာကို သူ ပိုသိချင်နေမိသည်။

သူ့အမြင်အရ ထို ကပ်ဘေးကြီးသည် ယခင် ကပ်ဘေးများထက် ပိုမို မျှော်လင့်ချက် ကင်းမဲ့စေပြီး ကျန်ကူမင်၏ ပုံရိပ်ကို သူ မေ့မရနိုင်အောင် ဖြစ်နေသည်။

ထို ပုံရိပ်သည် ယခင် နတ်ဆိုးနတ်ဘုရားရွှမ်ဟွမ် နှင့် နတ်ဘုရားဧကရာဇ် တို့ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။

"နောက်ကွယ်မှာ ဘယ်လို အင်အားစုတွေက အာဏာလုနေကြတာလဲ။ ဒါက ကောင်းကင်ကို ဆန့်ကျင်တဲ့ တိုက်ပွဲ တစ်ခုလား"

"ကံကြမ္မာကို တိုက်ခိုက်ပြီး တကယ် အနိုင်ရနိုင်ပါ့မလား"

ဧကရာဇ်ယန်ရှင်း တွေးတောနေပြီး အန်ဟောင် ကို ကြည့်လိုက်သည်။ အကယ်၍ အန်ဟောင် သည် ကောင်းကင်တာအို ၏ ရွေးချယ်ခံရသူ ဖြစ်ပြီး အနာဂတ်တွင် ထိုကဲ့သို့သော ဖြစ်တည်မှုမျိုးကို တိုက်ခိုက်ရမည် ဆိုပါက ဒီကောင်လေး တကယ် အနိုင်ရနိုင်ပါ့မလား။

အနာဂတ်တွင် အန်ဟောင် မည်သို့သော စိတ်ထားမျိုး ရှိလာမည်ကို သူ စိတ်ကူး၍ မရနိုင်ပေ။

ဆောင်းဦးရာသီ အစောပိုင်း၊ နက်နဲတောင်ကြား အတွင်း၌။

ကုအန်သည် ချောက်ကမ်းပါးပေါ်တွင် ထိုင်ပြီး ရှေ့လေထဲတွင် တိုက်ခိုက်နေကြသော ကျန်းချောင် နှင့် အန်ရှန့်ထျန်း တို့ကို ကြည့်နေခဲ့သည်။

နှစ်ယောက်စလုံးသည် ဆန်းကြယ်နှလုံးသားအဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အန်ရှန့်ထျန်း စရောက်လာစဉ်က ဆယ်ကျော်သက် သို့မဟုတ် အသက် ၂၀ ဝန်းကျင်သာ ရှိသေးသော်လည်း ယခုအခါ အသက် တစ်ထောင်နီးပါး ရှိနေပြီ ဖြစ်သည်။

နောက်ထပ် နှစ်ငါးရာခန့် အကြာတွင် ဤ ဆရာနှင့် တပည့်သည် နိဗ္ဗာနနယ်ပယ် သို့ အဆင့်တက်နိုင်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

ကုအန်သည် သူတို့ကို နက်နဲတောင်ကြားတွင် ပြုစုပျိုးထောင်ပေးရုံသာ ဖြစ်ပြီး အားစိုက်ထုတ်မှု အများကြီး မလုပ်ခဲ့ပေ။ ရွှမ်ရှင်းနယ်ပယ်သို့ သူတို့ ရောက်ရှိနိုင်ခြင်းသည် သူတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ခွဲခြား၍ မရနိုင်ပေ။

ကုအန်၏ နောက်တွင် ထိုင်နေသော သွေးအကျဉ်းထောင်သူတော်စင်ကသက်ပြင်းချလိုက်သည်။ "ဒီကောင်လေး အန်ရှန့်ထျန်း က တကယ်ပဲ သူ့ဘိုးဘေးနဲ့ ပိုပိုတူလာတယ်"

အန်ရှန့်ထျန်း သည် အန်ဟောင် နှင့် အလွန် တူပြီး သူ့၏ အစွမ်းထက်သော အရှိန်အဝါက သူ့ကို အန်ဟောင် နှင့် ပိုမို တူညီစေသည်။

"သူက လိုပါသေးတယ်" ကုအန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အန်ဟောင် သည် ကောင်းကင်တာအို ၏ အမွေအနှစ်ကို ဆက်ခံထားပြီး ဖြစ်ကာ သူ့ကျင့်ကြံမှုသည် ယုံနိုင်စရာမရှိလောက်အောင် လျင်မြန်သော နှုန်းဖြင့် တိုးတက်နေခဲ့သည်။ အန်ရှန့်ထျန်း သည် ဒီဘဝတွင် အန်ဟောင် ကို ဘယ်တော့မှ ကျော်တက်နိုင်မည် မဟုတ်ပေ။ ကွာဟချက်က ပိုမို ကျယ်ပြန့်လာရုံသာ ရှိမည်။

အန်ရှန့်ထျန်း သာမက သူ့ရွယ်တူများ အကြားတွင်လည်း လူတိုင်းသည် အန်ဟောင် ကို မော့ကြည့်ရုံသာ တတ်နိုင်တော့သည်။ ကုအန်သည် သူ့လက်ထဲမှ ကောင်းကင်ဘုံဂိုဏ်း အမွေအနှစ်ကို ရုတ်တရက် သတိရလိုက်သည်။ ကောင်းကင်ဘုံဂိုဏ်း အမွေအနှစ်သည်လည်း ကောင်းကင်တာအို ကံတရား တစ်မျိုး ဖြစ်ပြီး လူများကို ထာဝရ အသက်ရှင်စေနိုင်သော်လည်း လွတ်လပ်ခွင့် ဆုံးရှုံးစေကာ ကောင်းကင်တာအို ၏ ကြိုးကိုင်မှုကို ခံရစေသည်။

အန်ရှန့်ထျန်း က ကောင်းကင်ဂိုဏ်း အမွေအနှစ်ကို လက်ခံသင့်သလား။

ထားလိုက်ပါတော့၊ သူ လိုက်မီနိုင်သည်ဖြစ်စေ မမီနိုင်သည်ဖြစ်စေ အန်ဟောင် အတွက် ပြဿနာ ရှာပေးစရာ မလိုဘူး။

သူ တပည့် ဘယ်နှယောက် လက်ခံသည်ဖြစ်စေ အန်ဟောင် သည် ကုအန် အတန်ဖိုးထားဆုံးနှင့် မျှော်လင့်ချက် အထားဆုံး တပည့် ဖြစ်နေဆဲပင်။ အန်ရှန့်ထျန်း သည် သူ့ရင်ထဲတွင် အန်ဟောင် လောက် နေရာမရပေ။

အန်ဟောင် သည် သူ ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ပြီး အမှန်တကယ် ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော ပထမဆုံး တပည့် ဖြစ်သည်။

အန်ရှန့်ထျန်း နှင့် ယှဉ်လျှင် ကုအန်သည် ကျန်းချောင် ကို ပိုမို ဂရုစိုက်သည်။ နက်နဲတောင်ကြား သို့ ဝင်ရောက်ကတည်းက ကျန်းချောင် သည် လုံ့လဝီရိယ ရှိပြီး သတိရှိခဲ့သည်။ ယခင်က သူသည် နက်နဲတောင်ကြား သို့ ဝင်ရောက်ရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုခဲ့ပြီး လုကျိုကျား ကိုပင် သတ်ဖြတ်လုနီးပါးဖြင့်ခဲ့သဖြင့် ကုအန် သူ့အပေါ် အနည်းငယ် မကောင်းမြင်ခဲ့ဖူးသည်။

နှစ်ပေါင်းများစွာ အတူနေလာပြီးနောက် ကျန်းချောင် သည် နှစ်တစ်ထောင်ကျော် ကာလအတွင်း သူ့သစ္စာစောင့်သိမှုကို သက်သေပြခဲ့သဖြင့် ကုအန် သူ့ကို တန်ဖိုးထားလာခဲ့သည်။ အန်ရှန့်ထျန်း ၏ သိသာထင်ရှားသော စွမ်းအားနှင့် မတူဘဲ ကျန်းချောင် တွင် အလားအလာ ပိုရှိသည်ဟု ကုအန် ခံစားမိသည်။ ဤကောင်လေးက အဆင့်တူ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါ အန်ရှန့်ထျန်း ၏ စွမ်းအားကို ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် တမင် လက်လျှော့ပေးလေ့ ရှိသည်။

ကုအန်သည် သူ့ထံမှ တာအိုအငွေ့အသက် တစ်ခုကိုပင် အာရုံခံမိခဲ့သည်။

နိဗ္ဗာနနယ်ပယ်သို့ မရောက်မီကပင် ကျန်းချောင် သည် အကြောင်းအကျိုး တာအိုကို စတင် နားလည်သဘောပေါက်နေပြီ ဖြစ်သည်။ ဉာဏ်အလင်း ရယူနိုင်စွမ်း ပါရမီအရ ကြည့်လျှင် ဒီကောင်လေးက နှစ်တစ်ထောင်မှ တစ်ယောက် ပေါ်ထွန်းတတ်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။

သေချာတာပေါ့... ယင်းက ကုအန် တာအို သဘောတရားတွေ ကျင့်ကြံတာနဲ့လည်း သက်ဆိုင်သည်။

ကျန်းချောင် တွင် အကြောင်းအကျိုး တာအိုကို အာရုံခံနိုင်သော ထူးခြားသည့် ပါရမီ ရှိကြောင်း တွေ့ရှိပြီးနောက် ကုအန်သည် ရည်ရွယ်ချက် ရှိရှိဖြစ်စေ မရှိသည်ဖြစ်စေ အကြောင်းအကျိုး စွမ်းအားများကို သူ့ထံသို့ လွှတ်ပေးနေခဲ့သည်။

"တကယ်ပဲ၊ ခရီးက ရှည်လျားလွန်းတယ်။ အန်ဟောင် ဆီက သတင်းမကြားရတာ ကြာပြီ။ သူ သီးသန့်ကျင့်ကြံနေတာလား" သွေးအကျဉ်းထောင်သူတော်စင်က စပ်စုစွာ မေးလိုက်သည်။ သူ့သခင်က အန်ဟောင် ဘယ်မှာ ရှိလဲ ဆိုတာ သိလိမ့်မယ်လို့ ယုံကြည်နေသည်။

ကုအန် ချက်ချင်း မဖြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက် ပျံသန်းလာနေသောကြောင့် ဖြစ်သည်။

လူရိပ်တစ်ခု နက်နဲတောင်ကြား ထဲမှ ပျံသန်းထွက်လာသည်။ အန်ရှင်း ပင်။

အန်ရှင်း သည် ကုအန် ဘေးတွင် ဆင်းသက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည် "ဆရာသခင်... အမတတွေနဲ့ နတ်ဘုရားတွေ သေမျိုးလောကမှာ ပေါ်လာပြီ!"

အမတတွေနဲ့ နတ်ဘုရားတွေ ဟုတ်လား။

သွေးအကျဉ်းထောင်သူတော်စင်သည် အန်ရှင်း ဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုက်ခိုက်နေသော ကျန်းချောင် နှင့် အန်ရှန့်ထျန်း တို့လည်း အာရုံစိုက်လာကြသည်။

ကုအန် ခေါင်းမလှည့်ဘဲ "ဘာ အမတတွေနဲ့ နတ်ဘုရားတွေလဲ။ ပြောပါဦး"

အန်ရှင်း သည် သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး "အမတ တစ်ပါး မြေပြင်ပေါ် ဆင်းသက်လာပြီး ကောင်းကင်တာအို သီအိုရီ စစ်မှန်သော လက်ရေးမူ ကိုးခု စလုံးကို စုဆောင်းနိုင်ရင် ကောင်းကင်တာအို မှတ်တမ်းကို နားလည်သဘောပေါက်နိုင်ပြီး စစ်မှန်သော အမတ ရဲ့ အမွေအနှစ်နဲ့ ကံတရားကို ဆက်ခံနိုင်မယ်လို့ ပြောနေကြတယ်"

သွေးအကျဉ်းထောင်သူတော်စင်က မမေးဘဲ မနေနိုင်တော့ပေ "ဘာ အမတ က မြေပြင်ပေါ် ဆင်းသက်လာတာလဲ။ ဘာလို့ လှုပ်ရှားမှုက ဒီလောက် တိတ်ဆိတ်နေရတာလဲ"

ယခင်က ကုအန် ထို အစွမ်းထက် ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်စဉ်က တိုက်ပွဲများသည် တကယ်ပင် ကောင်းကင်နှင့် မြေကြီး တုန်ဟီးစေခဲ့သည်။

သွေးအကျဉ်းထောင်သူတော်စင်၏ အမြင်တွင် စစ်မှန် အမတ တစ်ပါးသာ ရောက်ရှိလာပါက လှုပ်ရှားမှုသည် အတော်လေး ကြီးမားသင့်ပေသည်။

အခန်း ၅၀၈ လူသားမျိုးနွယ်၏ တိုင်မဏ္ဍိုင်များ၊ အမတကျင့်ကြံမှု ဆိုသည်မှာ

စစ်မှန် အမတ အမွေအနှစ် ဟုတ်လား။

ကုအန် မှန်လောက်သည်ဟု ခန့်မှန်းမိသည်။ လုရှန် သူ့ကို ပေးခဲ့သော အမွေအနှစ်ကို သတိရမိသွားသည်။ ထိုအထဲတွင် ကောင်းကင်တာအို အမတ ရာထူး အမွေအနှစ်လည်း ပါဝင်၏။

ထို့အပြင် ကျိ သည်လည်း သူ့ဘဝ နောက်ဆုံး အချိန်တွင် အမတ သို့မဟုတ် နတ်ဘုရား ရာထူးကို ငြင်းပယ်ခဲ့သောကြောင့် သေဆုံးခဲ့ရသည်။

ကောင်းကင်တာအို သီအိုရီသည် အမတများနှင့် နတ်ဘုရားများ၏ လွှမ်းမိုးမှု ခံထားရသလော။

တာအိုသစ်သီးနယ်ပယ်သို့ ရောက်ရှိသူများပင် အမတများနှင့် နတ်ဘုရားများ၏ ခြေရာလက်ရာများကို တွေ့မြင်ရခဲလှသည်။ သူတို့သည် ဝေဝါးနေပြီး သူတို့၏ ဇာတ်လမ်းများကို စကြဝဠာတွင် ကြားရခဲလှသည်။

သွေးအကျဉ်းထောင်သူတော်စင်နှင့် အန်ရှင်း တို့သည် ကောင်းကင်တာအို သီအိုရီနှင့် စစ်မှန်အမတ အမွေအနှစ် အကြောင်း စတင် ဆွေးနွေးလာကြသည်။ အမတများနှင့် နတ်ဘုရားများသည် ကျင့်ကြံသူများအတွက် တွန်းလှန်၍ မရနိုင်သော ဆွဲဆောင်မှုပင်။

အမတကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က အမတ ဖြစ်ဖို့ မဟုတ်ဘူးလား။

အမတမင်းဆက် ဆိုတာ အမတတွေနဲ့ ပြည့်နှက်နေတယ်လို့ အရင်က ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတာက သူတို့ဟာ အမတနယ်ပယ်ကို ရောက်ရှိထားတဲ့ သက်ရှိတွေပဲ ဖြစ်တယ် ဆိုတာပါပဲ။

စစ်မှန်အမတများနှင့် နတ်ဘုရားများသည် စိတ်ကူး၍ မရနိုင်လောက်အောင်ပင်။

ကုအန်သည်လည်း အမတများနှင့် နတ်ဘုရားများ ပါဝင်ပတ်သက်နေသော ကြီးမားသည့် အင်အားစု အကြောင်း သိချင်နေမိသည်။ သို့သော်လည်း သူသည် လောလောဆယ် စစ်မှန်အမတ အမွေအနှစ် ကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မပြုလိုပေ။ အကယ်၍ သူသည်လည်း အကြောင်းအကျိုးကို ထိတွေ့မိပါက အမတ ဖြစ်ရန် ငြင်းပယ်လျှင်တောင် အဆုံးမဲ့ ပြဿနာများနှင့် ကြုံတွေ့ရဦးမည် ဖြစ်သည်။

ဤသတင်းသည် အဓိပတိဂိုဏ်း သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်စေသော လှုပ်ရှားမှုသည် စိတ်ကူး၍ မရနိုင်လောက်အောင်ပင်။

"နောက်ထပ် သွေးစွန်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်လာတော့မယ်"

ကုအန် ကိုယ့်ဘာသာ တွေးလိုက်သည်။ ကောင်းကင်တာအို သီအိုရီ၏ စစ်မှန်သော လက်ရေးမူ တစ်စောင် သူ့လက်ထဲတွင် ရှိနေခြင်းက အနာဂတ်တွင် ဘာဖြစ်လာမည် ဆိုသည်ကို အနည်းငယ် မျှော်လင့်စေသည်။

သူ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာခြင်းမပြုချေ။ အနာဂတ်တွင် မရေရာမှု အချို့ ချန်ထားရန် ပိုနှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ဝင်ရောက်စွက်ဖက်လျှင်တောင် ကိန်းရှင် အသစ်များ မလွဲမသွေ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။

ကျန်းချောင် နှင့် အန်ရှန့်ထျန်း တို့သည် ကုအန် ရပ်တန့်ခိုင်းသည် အထိ ခဏကြာ စကားပြောဆိုနေခဲ့သည်။ ဆရာနှင့် တပည့် ကုအန် ထံသို့ ချဉ်းကပ်လာကြပြီး ကုအန်က မထွက်ခွာမီ ရိုးရှင်းသော ညွှန်ကြားချက် အချို့ ပေးလိုက်သည်။

ကျန်းချောင် တွင် အကြောင်းအကျိုးကို အာရုံခံနိုင်သော ထူးခြားသည့် ပါရမီ ရှိသော်လည်း ကုအန် သူ့ကို ပြုစုပျိုးထောင်ပေးမည်ဟု မဆိုလိုပေ။ ကုအန်၏ ပတ်ဝန်းကျင်တွင် ပါရမီရှင် အများအပြား ရှိပြီး လူတိုင်းကို ပြုစုပျိုးထောင်ပေးနေရသည်။ သူ ဘယ်လိုလုပ် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်တော့မည်နည်း။

အပြန်လမ်းတွင် အန်ရှင်း က စစ်မှန်အမတ အမွေအနှစ်နှင့် ပတ်သက်၍ ကုအန်၏ ထင်မြင်ချက်ကို အတင်း မေးမြန်းနေသည်။ ကုအန် က အမှန်ဖြစ်စေ အမှားဖြစ်စေ ကိုယ်တိုင် ကြုံတွေ့ကြည့်မှ သိရမည်ဟု ပြန်ဖြေလိုက်သည်။

သွေးအကျဉ်းထောင်သူတော်စင်က သူ့သခင်သည်လည်း မြေပြင်ပေါ် ဆင်းသက်လာသော စစ်မှန်အမတ တစ်ပါး ဖြစ်လေမလားဟု တွေးတောနေမိသည်။

ယနေ့ထက်ထိ မည်သူမျှ သခင်၏ ဇစ်မြစ်ကို မသိကြပေ။ သွေးအကျဉ်းထောင်သူတော်စင်သည်လည်း သူ့ရှေ့မှ ကုအန်၏ ကျောပြင်ကို ကြည့်လိုက်ရာ မျက်လုံးများတွင် ကြောက်ရွံ့ရိုသေမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။

ဤဘဝတွင် ဉာဏ်အလင်း ရနိုင်မလား ဆိုသည်မှာ သခင် ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတဲ့အပေါ် မူတည်၏။

ကုအန်သည် သွေးအကျဉ်းထောင်သူတော်စင်၏ အတွင်းစိတ်ကို ကြားလိုက်ရပြီး နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ရာစုနှစ် တစ်ခု မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဆံပင်ဖြူများနှင့် ချန်လော့သည် ချောက်ကမ်းပါးပေါ်တွင် ရပ်နေခဲ့သည်။ သူသည် ရှေ့မှ ဆက်တိုက် တည်ရှိနေသော တောင်တန်းများကို ကြည့်လိုက်ရာ ကောင်းကင်ယံတွင် ငှက်များထက်ပင် ပိုများသော ကျင့်ကြံသူများ ရှိနေပြီး အများစုမှာ တူညီသော ဦးတည်ချက်သို့ ပျံသန်းနေကြသည်။

"အဓိပတိဂိုဏ်း..."

ချန်လော့၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် ခိုင်မာမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် နောက်ဆုံးတွင် အဓိပတိဂိုဏ်း သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ယ

မြင့်မြတ်နယ်မြေ မှ အဓိပတိဂိုဏ်း သို့ ရောက်ရှိရန် သူ နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် ကျေးဇူးရှင် များစွာ၏ အကူအညီကို ရရှိခဲ့၏။ မဟုတ်လျှင် လမ်းခုလတ်မှာတင် သေဆုံးခဲ့တာ ကြာပြီ ဖြစ်သည်။

ရာစုနှစ် တစ်ခုစာ စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများသည် သူ့ကို ပိုမို တည်ငြိမ်လာစေပြီး ယခင်က စိတ်လိုက်မာန်ပါ ဖြစ်မှုများ ပျောက်ဆုံးသွားခဲ့သည်။

Htet Paing:

"ထိုက်ချန်တိုက် ရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်တဲ့ အဓိပတိဂိုဏ်း ဟာ ဒီ ကုန်းမြေ ရဲ့ တိုင်မဏ္ဍိုင်လည်း ဖြစ်တယ်။ အဓိပတိဂိုဏ်း မှာ တစ်ချိန်က သက်ရှိသတ္တဝါ အားလုံးကို ကယ်တင်ခဲ့ဖူးတဲ့ အမတတစ်ပါး ပုန်းအောင်းနေတယ်လို့ ပြောကြတယ်။ အချို့က သူ့ကို ဆရာသခင်ဓားအရှင်လို့ ခေါ်ကြပြီး အချို့က သူ့ကို အထီးကျန်သူတော်စင်လို့ ခေါ်ကြတယ်။ သူ့ကို ဘယ်လိုပဲ ထင်ထင် ဒီကမ္ဘာပေါ်က သက်ရှိသတ္တဝါ အားလုံးအတွက် ငြိမ်းချမ်းမှု ယူဆောင်လာပေးခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး"

ချန်လော့၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ယပ်တောင် ကိုင်ထားသော အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့ တစ်ပါး လျှောက်လာသည်။ ရသေ့သည် အသက် လေးဆယ်အရွယ်ခန့် ရှိပြီး မုတ်ဆိတ်ရှည်များ ကျဆင်းနေကာ ညာဘက်ပခုံးပေါ်တွင် ကြိုးကြာငှက်ငယ်လေး တစ်ကောင် နားနေသည်။

ချန်လော့ လှည့်ကြည့်လိုက်ရာ သူ့ဘေးသို့ ရောက်လာသဖြင့် "စီနီယာ... အခု အဓိပတိဂိုဏ်း ကို ရောက်ပြီဆိုတော့ ခင်ဗျား ဘာလို့ ဒီကို လာတာလဲ ဆိုတာ ပြောပြလို့ ရမလား"

ဤ စီနီယာသာ မရှိလျှင် ထိုက်ချန်တိုက် သို့ ရောက်ရှိရန် သူ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာပင် ကြာမြင့်နိုင်ပေသည်။

အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့သည် အဝေးကို မျှော်ကြည့်ရင်း "ငါ ဒီ ဖရိုဖရဲ နှစ်ကာလတွေကို အဆုံးသတ်ဖို့ မျှော်လင့်ချက် လာရှာတာပါ"

"ဆရာသခင်ဓားအရှင် ကို ရည်ညွှန်းတာလား" ချန်လော့ သံသယဖြင့် မေးလိုက်သည်။

"ကောင်းကင်တာအို သီအိုရီ အကြောင်း ကြားဖူးလား။ ထိုက်ရွှမ်ဂိုဏ်း မှာ စစ်မှန်တဲ့ လက်ရေးမူ တစ်စောင် ရှိတယ်" အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချန်လော့ အံ့သြသွားသည်။

သူ နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်စဉ် အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့သည် ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ သူ့ကို နူးညံ့သော လေပြည်ထဲသို့ ခေါ်ဆောင်သွားပြီး အဝေးမှ မြို့ရိုးအပြင်ဘက်သို့ ပျံသန်းသွားသည်။

ချန်လော့သည် လေထဲတွင် ရပ်နေပြီး သူ့စပ်စုချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို မမေ့သေးပေ။ နှစ်တွေ ကြာလာတာနဲ့အမျှ သူသည် ဇနီးသည်ကို အချိန်တိုင်း လွမ်းဆွတ်နေခဲ့သည်။

သူတော်စင်ဘုရင် က သူ့ကို အဓိပတိဂိုဏ်း သို့ စေလွှတ်လိုက်သော်လည်း ရောက်ပြီးရင် ဘာလုပ်ရမလဲ ဆိုတာ မပြောခဲ့သဖြင့် သူ အခု အတော်လေး ရှုပ်ထွေးနေသည်။

လမ်းတစ်လျှောက်လုံး သူတို့ တိတ်ဆိတ်နေကြသည်။ နှစ်ယောက်သား မြို့ရိုးအပြင်ဘက် တံခါးပေါက်သို့ ရောက်ရှိလာပြီး ဝင်ရောက်ရန် တန်းစီလိုက်ကြသည်။

မြို့ထဲသို့ ဝင်ရောက်သည်နှင့် လူတစ်ယောက် ချန်လော့ထံ ချဉ်းကပ်လာပြီး "ခင်ဗျားက မြင့်မြတ်နယ်မြေ က ချန်လော့ လား" ဟု မေးလိုက်သည်။

မေးသူမှာ လုံချင်း ဖြစ်ပြီး ချန်လော့ကို စပ်စုစွာ ကြည့်နေသည်။

ထိုစကားကို ကြားသောအခါ ချန်လော့ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လက်မြှောက်ကာ "ကျွန်တော် ချန်လော့ ပါ။ မိတ်ဆွေ တာအိုကျင့်ကြံသူကို နှုတ်ဆက်ပါတယ်။ ခင်ဗျားကို သူတော်စင်ဘုရင် စီစဉ်လိုက်တာလားလို့ သိခွင့်ရှိမလား"

"သူတော်စင်ဘုရင်လား"

လုံချင်း ခေါင်းခါလိုက်ပြီး တခစ်ခစ် ရယ်မောကာ "ကျွန်တော့်နောက် လိုက်ခဲ့ပါ"

သူ့ဆရာက ဘာလို့ ဒီလူနဲ့ တွေ့ချင်ရသလဲ ဆိုတာ သူလည်း အလွန် သိချင်နေပြီး လမ်းတစ်လျှောက်တွင် ဒီလူ့အကြောင်း ပိုမို စုံစမ်းရန် စီစဉ်ထားသည်။

လုံချင်း လှည့်ထွက်သွားရာ ချန်လော့ အလျင်အမြန် နောက်မှ လိုက်ပါသွားသည်။

အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့သည် လုံချင်း ထွက်ခွာသွားသော ပုံရိပ်ကို စိုက်ကြည့်နေပြီး မျက်လုံးများ တဖျပ်ဖျပ် ခတ်ကာ အတွေးထဲ နစ်မြောနေသည်။

တစ်ချိန်တည်းမှာပင် တတိယဆေးတောင်ကြား အပြင်ဘက် သစ်တောတစ်ခုတွင် ကုအန်သည် ချန်ချွမ်နှင့် အတူ ဓားသိုင်းပညာ လေ့ကျင့်နေသည်။ သူသည် လက်ချောင်းများကို ဓားအဖြစ် အသုံးပြုကာ ချန်ချွမ်၏ ဓားကွက် အားလုံးကို အလွယ်တကူ ကာကွယ်နေသည်။

အသက် ၁၁၁ နှစ် ရှိပြီဖြစ်သော ချန်ချွမ်သည် ဝိညာဉ်ခြေတည်အဆင့် (၆) ကျင့်ကြံမှု ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ဓားကိုင်ထားသော သူသည် ယုံကြည်မှုနှင့် စိတ်ဓာတ်ခွန်အား မြင့်မားနေသည်။

သူ အသက် ၅၀ အရွယ်တွင် ကုအန်၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ၆၁ နှစ်ကြာ ကုအန်၏ ဘေးတွင် ဓားသိုင်းပညာ လေ့လာခဲ့သည်။ သူ့၏ စစ်မှန်သော စွမ်းအားသည် သူ့နယ်ပယ်ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။

သူသည် တတိယဆေးတောင်ကြား တွင်လည်း ကျော်ကြားသော ပါရမီရှင် တစ်ဦး ဖြစ်လာခဲ့သည်။ မည်သူမျှ သူ့နောက်ခံကို မသိကြသော်လည်း ကုအန် သတိပြုမိသည် ဆိုကတည်းက သူသည် ထူးခြားသော ပါရမီရှင် တစ်ဦး ဖြစ်ရပေမည်။

လုပိုင်ထျန်း သည်လည်း ချန်ချွမ်ကို အားကျနေပြီး ရံဖန်ရံခါ ချန်ချွမ်၏ အခြေအနေကို လာရောက် စုံစမ်းလေ့ရှိသည်။ ယခုအချိန်တွင် ချန်ချွမ်သည် အလွန် စွမ်းအားမဲ့သလို ခံစားနေရသည်။ သူ၏ ဓားသိုင်းပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ယုံကြည်ထားသော်လည်း ရိုးရှင်းသော ဓားသိုင်း ယှဉ်ပြိုင်မှုတွင် သူ့ဆရာ၏ အားနည်းချက် တစ်ခုမှ ရှာမတွေ့ပေ။

ကုအန်သည် ချန်ချွမ်၏ ပြင်းထန်သော တိုက်စစ်ကို ကြည့်ရင်း ပြုံးလိုက်ပြီး ကျေနပ်အားရနေသည်။

ဒါက ရှောင်ချွမ် ဖြစ်ချင်ခဲ့တဲ့ လူမျိုး မဟုတ်ဘူးလား။

ဆရာနှင့် တပည့် နောက်ထပ် အကွက် တစ်ရာလောက် ဖလှယ်ပြီးနောက် ကုအန်က "ဒီမှာပဲ ရပ်လိုက်ကြရအောင်"

ချန်ချွမ် ဓားကို ပြန်သိမ်းလိုက်ပြီးနောက် ကုအန်ကို ဦးညွှတ်လိုက်သည်။ သူ့အကြည့်များတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

ဒါက ကမ္ဘာ့နံပါတ်တစ် ဓားသမားရဲ့ စွမ်းအားလား။

တတိယဆေးတောင်ကြား တွင် အချိန်အကြာကြီး နေထိုင်ခဲ့ပြီးနောက် သူသည် ယခုအခါ ကုအန်သည် ကမ္ဘာလောကကို ကယ်တင်မည့် ဓားသခင် ဖြစ်ကြောင်း သိရှိထားသဖြင့် အလွန် ကံကောင်းသည်ဟု ခံစားရပြီး ငယ်ဘဝ အရိပ်မည်းများမှ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့သည်။

အကြံဉာဏ် အချို့ ပေးပြီးနောက် ကုအန်သည် ချန်ချွမ်ကို တောင်ကြားထဲသို့ ခေါ်ဆောင်သွားသည်။

လမ်းတစ်လျှောက်တွင် နေရာတိုင်း၌ တပည့်များ ကျင့်ကြံနေသည်ကို တွေ့ရသည်။ ကုအန်ကို မြင်သောအခါ အားလုံးက ဦးညွှတ် နှုတ်ဆက်ကြပြီး ချန်ချွမ်ကို ကြည့်သောအခါ မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

ယနေ့ခေတ် ဆေးတောင်ကြားတွင် ပါရမီရှင်များစွာ ရှိသော်လည်း ဆရာသခင်ထံမှ ကိုယ်တိုင် သင်ကြားမှု ရရှိသူ အလွန် နည်းပါးသည်။ ထို့အပြင် ချန်ချွမ်သည် ဆရာသခင် ကိုယ်တိုင် အပြင်မှ ခေါ်ဆောင်လာသူ ဖြစ်သည်။

ချန်ချွမ်သည် စိုက်ကြည့်မှုများကို လစ်လျူရှုပြီး ဆရာသခင်ထံမှ လမ်းညွှန်မှုများကို နှိမ့်ချစွာ မေးမြန်းနေသည်။

သူသည် သူ့သံသယများကို တစ်ခုပြီး တစ်ခု ပြန်ပြောပြနေခဲ့သည်။

မကြာမီ သူတို့ တောင်ကြားသို့ ပြန်ရောက်လာကြသည်။ လုံချင်းနှင့် ချန်လော့တို့သည် မျှော်စင်ဆောင် ရှေ့တွင် စောင့်နေကြသည်။ ချန်လော့သည် အလွန် စိတ်လှုပ်ရှားနေပြီး သွေးအကျဉ်းထောင်သူတော်စင်က သူ့ကို စိစစ်နေသည်။

ချန်ချွမ်သည် ချန်လော့ကို အဝေးမှ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အာရုံလွှဲလိုက်ကာ ဓားလမ်းစဉ် အကြောင်း ဆက်လက် တွေးတောနေလိုက်သည်။ သူ့ဖခင်သည် သူ မွေးဖွားစဉ်ကတည်းက ထွက်သွားခဲ့ပြီး သူ့တွင် ဖခင်နှင့် ပတ်သက်သော မှတ်ဉာဏ် လုံးဝ မရှိပေ။

ကုအန်ကို မြင်သောအခါ လုံချင်း အလျင်အမြန် နှုတ်ဆက်လိုက်သည် "ဆရာသခင်ကို နှုတ်ဆက်ပါတယ်!"

ထို့နောက် ချန်လော့သည် ကုအန်နှင့် အခြားသူကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ တောက်ပလာသည်၊ ချန်ချွမ်ကို မှတ်မိသောကြောင့် မဟုတ်ဘဲ ကုအန်၏ ရုပ်ရည်သွင်ပြင်နှင့် စိတ်နေသဘောထားကြောင့် အံ့သြသွားသောကြောင့် ဖြစ်သည်။

ဒီလောကကြီးမှာ ဒီလို ကောင်းကင်ဘုံသားတော်မျိုး ရှိတာလား!

ကုအန်သည် လုံချင်းထံသို့ ချဉ်းကပ်သွားပြီး သူ့ဂျူနီယာ ညီလေးကို ခေါ်သွားရန် ပြောလိုက်သည်။ လုံချင်းသည် ချက်ချင်းပင် ချန်ချွမ်၏ ပခုံးကို ဖက်ကာ ထွက်ခွာသွားသည်။

ချန်လော့သည် ကျန်ရစ်ခဲ့ပြီး ကုအန်ကို စိတ်လှုပ်ရှားစွာ ရင်ဆိုင်နေရသည်။

"အပေါ်ထပ် သွားပြီး စကားပြောကြရအောင်"

ကုအန် ပြုံးလိုက်ပြီး အပေါ်ထပ်သို့ ဦးစွာ တက်သွားသည်။

ချန်လော့ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကုအန်၏ ခြေလှမ်းများနောက် လိုက်ပါသွားသည်။

အခန်းထဲသို့ ဝင်ပြီးနောက် တံခါးပိတ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားကာ ဒူးထောက်ချလိုက်သည်။

"စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော့် မိန်းမကို ကယ်ပါဦး"

ချန်လော့ အံကြိတ်ကာ ပြောလိုက်သော်လည်း သူ သိပ်စိတ်လှုပ်ရှားပုံ မရပေ။ သူ့စိတ်ခံစားချက်များကို အစွမ်းကုန် ထိန်းချုပ်ထားသည်။

ကုအန် သူ့ကို ကြည့်ပြီး "ဒီနှစ်တွေအတွင်း အတွေ့အကြုံတွေကနေ မင်း ဘာရလိုက်လဲ။ မင်း ဘာကို နားလည်လာလဲ"

ချန်လော့ မော့ကြည့်ပြီး ကုအန်၏ အကြည့်ကို ရင်ဆိုင်လိုက်သည်။

သူ ပြင်ဆင်ပြီးသား ဖြစ်သဖြင့် "ဟုတ်ကဲ့... ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်က အဆိုးရွားဆုံး လူ မဟုတ်ပါဘူး။ မိန်းမ အပြင် ကျွန်တော့်မှာ ပြုစုစောင့်ရှောက်ရမယ့် မိဘတွေနဲ့ သားလည်း ရှိပါသေးတယ်။ ကျွန်တော်ကိုယ်ကျိုးမဆန်သင့်သလို စိတ်လိုက်မာန်ပါ မဖြစ်သင့်ပါဘူး"

ကုအန် ခေါင်းအနည်းငယ် ခါလိုက်ပြီး "မင်း မှားတယ်။ မင်း မေ့လျော့နေတဲ့ အရာတစ်ခု ရှိသေးတယ်" ဟ

"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး စီနီယာ"

ချန်လော့ သတိထားပြီး ပြောလိုက်သလို သူ ဘာမေ့လျော့နေသလဲ ဆိုတာကိုလည်း တွေးတောနေမိသည်။

ကုအန်၏ မျက်လုံးများ အေးစက်သွားသဖြင့် ချန်လော့ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သူက "မင်း ကျင့်ကြံမှု ကမ္ဘာမှာ မွေးဖွားလာတာကို ကျေးဇူးတင်သင့်တယ်။ ကျင့်ကြံမှု ဆိုတာ ဘာလဲ။ အဆိုးရွားဆုံး အဖြစ်ဆိုးတွေ အားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ စွမ်းအားကို လိုက်စားခြင်းပဲ။ မင်းမိန်းမ သေဆုံးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းရဲ့ ခံစားချက်တွေကို ကျင့်ကြံမှု အတွက် တွန်းအားအဖြစ်ပြောင်းလဲသင့်တယ်။ မင်း အမတ ဖြစ်လာနိုင်ရင် မင်းမိန်းမကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်"

အခန်း ၅၀၈ သက်ရှိသတ္တဝါ အားလုံး အထက်က ကံကြမ္မာ

ကုအန်၏ စကားကို ကြားသောအခါ ချန်လော့ မျက်နှာ နီရဲသွားပြီး ရှက်ရွံ့မှုနှင့် လုံခြုံမှု မရှိခြင်းတို့ကို ခံစားလိုက်ရသည်။

"ဒါပေမဲ့... ကျွန်တော် အခုမှ ဆက်ကျင့်ကြံရင်တောင် နောက်ကျ မနေဘူးလား" ချန်လော့ အံကြိတ်ကာ မေးလိုက်သည်။

သူသည် တစ်ချိန်က မဟာယာန နယ်ပယ် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ကျင့်ကြံခြင်း၏ စွမ်းအားကို သဘာဝကျကျ နားလည်ထားသည်။ သို့သော် သူ့ဇနီးသည် သူ့ရှေ့တွင် သေဆုံးသွားခဲ့ပြီး သူတော်စင်ဘုရင် တောင်မှ မတားဆီးနိုင်ခဲ့ပေ။

သူတော်စင်ဘုရင် ဆိုသည်မှာ ချန်မိသားစု တည်ထောင်ကတည်းက ဘယ်သူမှ မရောက်ရှိဖူးတဲ့ အဆင့်အတန်း တစ်ခုဖြစ်လေသည်။

"မင်းမိန်းမကို အဖြစ်ဆိုးကနေ ငါ ကယ်တင်ပေးနိုင်တယ်၊ ဒါပေမဲ့ အနာဂတ်မှာ ကြုံတွေ့ရမယ့် အဖြစ်ဆိုးတွေကိုတော့ မင်းဘာသာ ရင်ဆိုင်ရလိမ့်မယ်။ ငါ ကြိုပြောထားမယ်၊ မင်းသားရဲ့ ကံကြမ္မာက ရိုးရှင်းတာ မဟုတ်ဘူး။ သူက အနာဂတ်မှာ အဆုံးမဲ့ ပြဿနာတွေကို ရင်ဆိုင်ရလိမ့်မယ်။ မင်းမိန်းမ သေဆုံးရတာလည်း သူ့ကြောင့်ပဲ" ကုအန်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ တစ်ခုက မင်းသားနဲ့ ပတ်သက်မှု အားလုံးကို ဖြတ်တောက်လိုက်တာ၊ မင်းတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိအောင် ငါ လုပ်ပေးနိုင်တယ်။ နောက်တစ်ခုက မင်း သူ့အဖေ အဖြစ် ဆက်နေဖို့၊ ဒါပေမဲ့ ထပ်ပြီး လက်လျော့ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ မင်း ဘာပဲ ရွေးရွေး ငါ မင်းမိန်းမကို ကယ်တင်ပေးမယ်"

ထိုစကားကို ကြားသောအခါ ချန်လော့၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ပေါင်ပေါ် တင်ထားသော လက်နှစ်ဖက်ကို လက်သီးဆုပ်လိုက်သည်။

ကုအန်သည် သူ့ရင်ထဲမှ ရုန်းကန်နေရမှုများကို ကြားနေရသည်။ သူ့အသံတွင် အမှောင်ထု အတွေးများ ပြည့်နှက်နေသော်လည်း ကုအန် ဂရုမစိုက်ပေ။

လူတွေက ရှုပ်ထွေးတယ်၊ လူ့စိတ်နှလုံးထဲမှာ အမှောင်ခြမ်းတွေ ရှိကြတယ်၊ ဒါပေမဲ့ ပြုလုပ်လိုက်တဲ့ ရွေးချယ်မှုတွေ ကောင်းမွန်နေသရွေ့ ဒီကိစ္စကို ဆွေးနွေးနေစရာ မလိုပါဘူး။

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ချန်လော့ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး "စီနီယာ... ကျွန်တော် သူ့ကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားပါ့မယ်။ သားအဖ သံယောဇဉ် ဆိုတာ ဘဝပေါင်း တစ်ရာ ကျင့်ကြံရင်တောင် ရဖို့ ခက်ခဲပါတယ်။ ကျွန်တော် တာဝန်ကနေ မရှောင်လွှဲသင့်ပါဘူး။ ဒါ့အပြင် ကျွန်တော့် မိန်းမလည်း ဒီလိုပဲ တွေးလိမ့်မယ်လို့ ယုံကြည်တယ်။ ကိုယ့်ကိုယ်ကို စွန့်လွှတ်ရမယ် ဆိုရင်တောင် အနာဂတ်မှာ သူ့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ထောက်ပံ့ပေးဖို့ ကျွန်တော် ကြိုးစား ကျင့်ကြံသွားပါ့မယ်"

ကုအန် မျက်နှာထား မပြောင်းလဲဘဲ "နောင်တ မရဘူးလား" ဟု မေးလိုက်သည်။

ချန်လော့ တွန့်ဆုတ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြုံးလိုက်သည် "နောင်တ မရပါဘူး"

ကုအန် ပြုံးလိုက်ပြီး "ဒါဆိုရင် သွားပြီး လုံ့လဝီရိယ ရှိရှိ ကျင့်ကြံချေ" ဟ

ထိုသို့ ပြောပြီးနောက် သူ၏ တုံ့ပြန်မှုကို မစောင့်ဘဲ ချန်လော့ကို လက်ဝှေ့ယမ်းကာ ပို့လိုက်သည်။

အခန်းထဲရှိ ပရိဘောဂများ ယိမ်းထိုးသွားသော်လည်း တံခါးမှာ မရွေ့လျားဘဲ ရှိနေခဲ့သည်။ ချန်လော့သည် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်အတွင်းသို့ ချက်ချင်း ရောက်ရှိသွားသည်။

ကုအန်သည် စုံတွဲ ပြန်လည် ဆုံတွေ့သည့် ကြည်နူးဖွယ် မြင်ကွင်းကို မကြည့်ခဲ့ပေ၊ ပင်လယ်နက်နဂါးငါးကြင်းကို ဒုက္ခခံစားရစေရန် လွှတ်ထားလိုက်သည်။ သို့သော် သူ့နောက်ခံကြောင့် ရယ်စရာ ကောင်းသည်ဟုသာ ထင်ကောင်း ထင်နိုင်သည်။

ကုအန်သည် ကောင်းကင်တာအိုသီအိုရီ စာအုပ်ကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် စာအုပ်ကို ကိုင်ထားလိုက်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်ခြည် မှိန်ဖျော့သွားသော်လည်း ကုအန်သည် ကောင်းကင်တာအို သီအိုရီ စာအုပ်ကို ပြန်မသိမ်းသေးပေ။

ချန်လော့ ရောက်လာခြင်းနှင့် ပျောက်ကွယ်သွားခြင်းသည် ဆေးတတိယတောင်ကြားတွင် မည်သူ့ကိုမျှ သတိမထားမိစေခဲ့ပေ။ လုံချင်း က စပ်စုချင်စိတ်ဖြင့် ကုအန်ကို မေးမြန်းခဲ့ခြင်းကလွဲ၍ပင်။

တစ်လ ကြာပြီးနောက် ကုအန်သည် သွေးအကျဉ်းထောင်သူတော်စင်ကို စီးပြီး တတိယဆေးတောင်ကြား သို့ ပြန်လာသည်။ ယနေ့ သူတို့ ထျန်းယာတောင်ကြား သို့ သွားခဲ့ကြပြီး နှစ်ယောက်စလုံး စိတ်အခြေအနေ ကောင်းမွန်နေကြသည်။

"ဟားဟားဟား... အဲ့ဒီ လုရှန် က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ငါနဲ့ တိုက်ခိုက်ချင်နေတယ်လေ။ ငါ အစွမ်းကုန် ထုတ်သုံးလိုက်တော့ သူ ဖျင်ထိုင်လဲသွားတာပဲ ဟားဟား" နွားသွင်ပြောင်းလဲထားသော သွေးအကျဉ်းထောင်သူတော်စင်သည် လှောင်ရယ်လိုက်ပြီး အတော်လေး ကျေနပ်အားရနေခဲ့သည်။

ကုအန် ဖန်တီးပေးထားသော အကာအကွယ် အတွင်း၌ သွေးအကျဉ်းထောင်သူတော်စင်နှင့် လုရှန် တို့သည် အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြ၏။ အချုပ်အနှောင်မဲ့အမတ အဆင့်ရှိသော သွေးအကျဉ်းထောင်သူတော်စင်က အနိုင်ရရှိသွားခဲ့သည်။

သွေးအကျဉ်းထောင်သူတော်စင်၏ ကျင့်ကြံမှု အဆင့် ပိုမြင့်မားသည်သာမက နိဗ္ဗာန မတိုင်မီ သက်တမ်းလည်း ပိုများသည်။ ကုအန်ကတော့ အဲ့ဒီအဆင့်ထိ တိုက်ခိုက်နိုင်တာကို ထောက်ရင် လုရှန် ရှုံးသည်ဟု မခံစားမိပေ။

သူသည် အနာဂတ်တွင် နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လာရန် တကယ် ထိုက်တန်ပါသည်။

ကုအန်သည် သွေးအကျဉ်းထောင်သူတော်စင်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေရင်း သူ၏ နတ်ဘုရား အာရုံသည် ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ကျက်သွားပြီး မိတ်ဆွေဟောင်းများ မည်သို့ ဖြတ်သန်းနေကြသည်ကို လေ့လာနေသည်။

လီယ သည် လိုက်လံ ဖမ်းဆီးခံနေရပြီး အခြေအနေ စိုးရိမ်ရ၏။ လူငယ်လေး၏ အသက်သည် ဓားသွားပေါ် ရောက်နေသကဲ့သို့ ဖြစ်နေပြီး သားအမိ နှစ်ယောက်လည်း အတူ ရှိနေသည်။

ယုယင်းယင်း က ကျင့်ကြံနေ၏။ ကျွန်းပိုင်ရှင်က သူသည် အသက်ရှည်ရှည် မနေနိုင်သော အမတ တစ်ပါး ဖြစ်ပြီး ကံပါသူများကို အမတ ဖြစ်နည်း သင်ပေးလိုကြောင်း ပြောဆိုနေခဲ့သည်။ တကယ်တမ်းတွင်မူ သူသည် မကောင်းမှု အမျိုးမျိုး ကျူးလွန်ခဲ့သော မိစ္ဆာကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။

အန်ဟောင် သည် ကောင်းကင်တာအိုရွှေအမြုတေ ရှေ့တွင် ရှိနေဆဲဖြစ်ပြီး ကောင်းကင်တာအို သဘာဝလွန် စွမ်းအားများကို ကျင့်ကြံနေကာ သူ့စွမ်းအားများ လျင်မြန်စွာ တိုးတက်နေသည်။

လုလင်ကျွင်း သည် ပင်လယ်ဗုဒ္ဓဂိုဏ်းတွင် ကျင့်ကြံနေဆဲ ဖြစ်သည်။ မကြာသေးမီက ဗုဒ္ဓ က သူမကို ခက်ခဲသော ပုစ္ဆာ တစ်ပုဒ် ပေးခဲ့သဖြင့် သူမ တရားထိုင် စဉ်းစားနေဆဲ ဖြစ်သည်။

ကျန်းချောင် သည် တစ်ယောက်တည်း လေ့ကျင့်နေခဲ့သည်။

ဒီကောင်လေးက တကယ်ပဲ မိစ္ဆာလမ်းစဉ် က လာတာပဲ။ ဂိုဏ်းရဲ့ အထွတ်အထိပ် သဘာဝလွန် စွမ်းအားကို ခိုးယူချင်နေတယ်။

ကုအန်သည် နတ်ဆိုးမျိုးနွယ်များ သိမ်းပိုက်ထားသော တိုက်ကြီးကို ဟောင်လုံ လွှမ်းမိုးထားသည်ကိုလည်း တွေ့လိုက်ရသည်။ သို့သော် ၎င်း၏ ဒုတိယ ခေါင်းဆောင်က ၎င်းကို သတ်ဖြတ်ပြီး စစ်မှန်သွေး ကို သိမ်းယူရန် ကြံစည်နေခဲ့သည်။

အခြား မိတ်ဆွေဟောင်းများလည်း ရှိသေးပြီး တစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင် အံ့သြဖွယ် ဘဝများ ရှိကြသည်။ ကုအန်သည် တတ်နိုင်သမျှ ဝင်မပါဘဲ နေမည် ဖြစ်ပြီး ပရိသတ် အဖြစ် နေရခြင်းက အဆင်ပြေပါသည်။

ထိုအချိန်တွင် အစိမ်းရောင် ဝတ်ရုံနှင့် တာအိုရသေ့ တစ်ပါး သွေးအကျဉ်းထောင်သူတော်စင် ထံသို့ ချဉ်းကပ်လာသည်။ သူသည် လက်မြှောက် နှုတ်ဆက်လိုက်ပြီး "ကျွန်တော်က ဟယ်ချင်းစုန် ပါ"

"ဆရာသခင်ဓားအရှင်ကို နှုတ်ဆက်ပါတယ်"

"မကြားဖူးပါဘူးကွာ! ဖယ်စမ်း! ငါ့လမ်းကို ပိတ်ရဲရင် မင်းကို နင်းသတ်ပစ်မယ်" သွေးအကျဉ်းထောင်သူတော်စင်က ဒေါသတကြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

သူသည် ကုအန်၏ မိတ်ဆွေ အားလုံးနှင့် တွေ့ဖူးသော်လည်း ဒီလူကိုတော့ တစ်ခါမှ မတွေ့ဖူးသဖြင့် သဘာဝကျကျ မျက်နှာသာ ပေးမည် မဟုတ်ပေ။

ဟယ်ချင်းစုန် သည် သွေးအကျဉ်းထောင်သူတော်စင်၏ စော်ကားမှုကို ခံလိုက်ရသော်လည်း ဒေါသမထွက်ပေ။ အစား သူသည် ကုအန်ကို တည်ငြိမ်စွာ ကြည့်နေသဖြင့် သွေးအကျဉ်းထောင်သူတော်စင် ပိုမို ဒေါသထွက်လာသည်။

ကုအန် ဟယ်ချင်းစုန် ကို ကြည့်ပြီး "ကိစ္စ ရှိလို့လား" ဟု ပြုံးလျက် မေးလိုက်သည်။

[ဟယ်ချင်းစုန် (နိဗ္ဗာနနယ်ပယ် အဆင့် ၈) ၆၄၂၀ / ၂၀၀၀၀ / ၂၀၀၀၀]

သူ့သက်တမ်းသည် ယေဘုယျအားဖြင့် ကန့်သတ်ချက် ရှိပြီး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထူးခြားမှု မရှိဟု ထင်ရသည်။ သို့သော် ဤလူသည် ကောင်းကင်တာအို အရှိန်အဝါများ ဝန်းရံထားပြီး ထိုအရှိန်အဝါသည် ယခင် ကောင်းကင်ဘုံဂိုဏ်း ထက်ပင် ပိုမို ပြင်းထန်သဖြင့် ကုအန် အလွန် စိတ်ဝင်စားသွားသည်။

သူသည် ကောင်းကင် အလိုဆန္ဒနှင့် ရှုပ်ထွေးနေသဖြင့် ကုအန် အနေဖြင့် သူ့ အကြောင်းအကျိုး သို့မဟုတ် ကံကြမ္မာကို တွက်ချက်၍ မရနိုင်ပေ။

ဟယ်ချင်းစုန် သည် နှိမ့်ချခြင်း ၊ မာနကြီးခြင်း မရှိချေ။

"ဆရာသခင်အရှင်က ဒီကမ္ဘာကြီးကို ဘယ်လို မြင်လဲ။ သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ပေးတဲ့ နတ်ဘုရား တစ်ပါး ဖြစ်ချင်လား"

ကုအန်၏ စကားကို ကြားသောအခါ သွေးအကျဉ်းထောင်သူတော်စင် တိတ်ဆိတ်သွားသည်။ သူသည် ဟယ်ချင်းစုန် ကို သံသယဖြင့် ကြည့်လိုက်ပြီး ဒီလူတွင် ထူးခြားသော နောက်ခံ ရှိနေမလားဟု တွေးတောမိလိုက်သည်။

သူ့အမြင်တွင် ဟယ်ချင်းစုန် သည် သာမန် နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။ ယနေ့ခေတ် အဓိပတိဂိုဏ်း တွင် နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူများသည် ရှားပါးလှသည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်က ကောင်းကင်နှင့်မြေပြင်သို့ တက်လှမ်းသွားသော ကောင်းကင်ဘုံသား တစ်ပါးသည် ထိုက်ရွှမ်ဂိုဏ်း ၏ အကြီးအကဲ တစ်ဦး ဖြစ်လာခဲ့ပြီး ကြီးကျယ်ခမ်းနားသော ဝင်ရောက်မှု ရှိခဲ့သည်။

ကုအန် ခေါင်းခါလိုက်ပြီး "ငါ့မှာ အဲ့လို အစီအစဉ် မရှိပါဘူး။ ငါ အမတ ဖြစ်ချင်တာလည်း မဟုတ်ဘူး၊ နတ်ဘုရား ဖြစ်ချင်တာလည်း မဟုတ်ဘူး။ ငါ ဒီမှာ အေးအေးဆေးဆေး နေချင်ရုံပါပဲ"

ဟယ်ချင်းစုန် ချက်ချင်း ဖိအားပေးလိုက်သည် "ဒါဆိုရင် ဘာလို့ ဆရာသခင်ဓားရှင်က ကောင်းကင်တာအို သီအိုရီကို သိမ်းထားရတာလဲ"

ကောင်းကင်တာအို သီအိုရီ ဟုတ်လား။

သွေးအကျဉ်းထောင်သူတော်စင် အံ့သြသွားသည်။ သူ့သခင်မှာ ကောင်းကင်တာအို သီအိုရီ မိတ္တူ တစ်စောင် ရှိနေလိမ့်မယ်လို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။

အဝေးတစ်နေရာ ဓားတစ်သောင်းတောင် ရှေ့တွင် တရားထိုင်ပြီး ဓားသိုင်းပညာကို နားလည်သဘောပေါက်နေသော ကျွယ်လော့ဓားသခင်သည် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့အကြည့်သည် အဝေးမှ ဟယ်ချင်းစုန် ပေါ်သို့ ကျရောက်သွားသည်။

"ဒီအရှိန်အဝါက... ဖြစ်နိုင်တာက.." ကြွယ်လွော်ဓားသခင် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရင်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။

ကုအန် ပြုံးလိုက်ပြီး မေးလိုက်သည်"မင်း ကောင်းကင်တာအို သီအိုရီ ကို လိုချင်တာလား"

ဟယ်ချင်းစုန် က "ကျွန်တော် မလိုချင်ပါဘူး၊ ဒါပေမဲ့ ဒီပစ္စည်းက ဆရာသခင်ဓားအရှင် လက်ထဲမှာ ရှိနေတော့ ကမ္ဘာပေါ်က ကံကောင်းခြင်း ကြီးမားတဲ့ သူတွေ ဘယ်သူမှ စစ်မှန်တဲ့ အမတ အမွေအနှစ်ကို မရနိုင်တော့ဘူးပေါ့။ ခင်ဗျားရဲ့ ကျင့်ကြံမှုက ကောင်းကင်နဲ့မြေပြင်ရဲ့ လည်ပတ်မှုကို ဝင်ရောက် မစွက်ဖက်သင့်ဘူး"

ကုအန် သူ့ကို ကြည့်လိုက်သည်။ သူ့အကြည့်က တဖက်လူကို ဖောက်ထွင်းမြင်နိုင်ပုံ ရသော်လည်း တဖက်လူက ကြောက်ရွံ့ခြင်း မရှိဘဲ ကုအန်၏ အကြည့်ကို ပြန်လည် ရင်ဆိုင်လိုက်သည်။

ဟယ်ချင်းစုန် က ကုအန်ကို "အရှင်" ဟု မခေါ်ဘဲ ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် သွေးအကျဉ်းထောင်သူတော်စင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင် လက်သွားသည်။

အန်ရှင်း၊ လုံချင်းနှင့် ချန်ချွမ် တို့သည် ဤမြင်ကွင်းကို သတိပြုမိပြီး ရောက်လာကြသည်။ အခြား တပည့်များသည်လည်း တစ်စုံတစ်ယောက်က သူတို့၏ ဆရာသခင်ကို ပိတ်ဆို့ထားကြောင်းနှင့် လေထု အခြေအနေ ထူးဆန်းနေကြောင်း သတိထားမိသဖြင့် လူပိုမို များပြားလာကြသည်။

လုံချင်း အမြန်ဆုံး လျှောက်လာသည်။ သူ ဟယ်ချင်းစုန် ရှေ့သို့ ရောက်လာပြီး အထက်အောက် ကြည့်ကာ "မင်းပဲ... ငါ မင်းကို မြင်ဖူးတယ်။ မင်းက ဘယ်သူမို့လို့ ငါ့ဆရာသခင်ကို ဒီလောက် မလေးမစား လုပ်ရဲတာလဲ"

ဟယ်ချင်းစုန် ပြန်မဖြေပေ၊ သူ ကုအန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အဖြေကို စောင့်မျှော်နေသည်။

ကုအန် စိတ်ဝင်စားစွာဖြင့် "မင်းက သက်ရှိသတ္တဝါ အားလုံးအတွက် ရောက်လာတာလား"

ဟယ်ချင်းစုန် က "ကျွန်တော် ကောင်းကင်နဲ့မြေပြင်ရဲ့ လုပ်ဆောင်မှုတွေအတွက် ရောက်လာတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ တစ်လလုံး အဓိပတိဂိုဏ်း ကျင့်ကြံသူတွေနဲ့ အချိန်ကုန်ဆုံးခဲ့တယ်"

"ခင်ဗျားရဲ့ စရိုက်နဲ့ အပြုအမူတွေကို သိရတော့ ခင်ဗျားမှာ တကယ်ပဲ ကြီးမားတဲ့ ကရုဏာတရား ရှိတယ် ဆိုရင် ကောင်းကင်ဘုံရဲ့ သဘောတရားတွေကို လိုက်နာသင့်တယ်၊ ဒီကမ္ဘာကြီးကို ကယ်တင်ရှင် အမြန်ဆုံး ရောက်လာခွင့် ပေးသင့်တယ်။ ဒါက ကောင်းကင် အလိုဆန္ဒရဲ့ ရွေးချယ်မှုလည်း ဖြစ်တယ်"

ကုအန် ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်ရာ ကောင်းကင်တာအို သီအိုရီ စာအုပ်သည် သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

သူ အဝေးမှ ကျူရှီး ကို ကြည့်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

ကျူရှီး ခဏတာ တွန့်ဆုတ်နေပြီးမှ စိတ်ကို တင်းကာ လျှောက်လာသည်။

ဟယ်ချင်းစုန် သည် ကုအန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ သူ့မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးအိမ် ကျယ်သွားသည်။

"ဘယ်လိုလုပ် သူ ဖြစ်နိုင်ရတာလဲ" ဟယ်ချင်းစုန် မျက်မှောင်ကြုတ်ကာ အံ့သြတကြီး တွေးလိုက်သည်။

ကျူရှီး သည် သွေးအကျဉ်းထောင်သူတော်စင်၏ ဘေးသို့ ရောက်လာပြီး ကုအန်ကို ဦးညွှတ်လိုက်သည်။

ကုအန် ပြုံးလိုက်ပြီး "တပည့်လေး... ဒီလူက ငါ့ဆီကနေ ကောင်းကင်တာအို သီအိုရီ ကို လိုချင်နေတယ်။ ငါ သူ့ကို ပေးလိုက်သင့်တယ်လို့ မင်း ထင်လား"

ကျူရှီး စောစောက ကြားခဲ့သည်။ ကောင်းကင်တာအို သီအိုရီ သည် သူမ ပိုင်ဆိုင်သည် ဆိုသော်လည်း သူမ ပြဿနာ ဖြစ်မှာကို ပိုကြောက်၏။

"ဆရာသခင် ဆုံးဖြတ်သမျှ အားလုံး လက်ခံပါတယ်" ကျူရှီး ရိုသေစွာ ပြောလိုက်သည်။

ကုအန် ဟယ်ချင်းစုန် ကို ပြန်ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။"ငါ့တပည့်က ကယ်တင်ရှင် ဖြစ်နိုင်တယ်လို့ မင်း ထင်လား"

ဟယ်ချင်းစုန် ၏ မျက်နှာထား သဘာဝမကျ ဖြစ်နေပြီး တိုက်ရိုက် ပြန်မဖြေပေ။ သူ ကျူရှီး ကို သတိထားနေပုံ ရသည်။

အခြားသူများလည်း သတိထားမိပြီး ကျူရှီးကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ကျူရှီး၏ တည်ရှိမှုသည် တတိယဆေးတောင်ကြား တွင် သိပ်ထင်ရှားခြင်း မရှိပေ။

သူမတွင် အခြား အထောက်အထား တစ်ခု ဖုံးကွယ်ထားကြောင်း တပည့်များ မသိကြပေ။

ကုအန်က ထပ်ပြောလိုက်သည်။"မင်းလည်း ကောင်းကင် အလိုဆန္ဒကို ထိုးဖောက် မမြင်နိုင်ဘူးပဲ"

သူ ကောင်းကင်တာအို သီအိုရီ စာအုပ်ကို ကျူရှီး ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ ကျူရှီး အလိုအလျောက် ဖမ်းယူလိုက်သည်။ ကုအန် သွေးအကျဉ်းထောင်သူတော်စင်၏ ပခုံးကို ပုတ်လိုက်ပြီး ဆက်သွားရန် အချက်ပြလိုက်သည်။

ဒီတစ်ကြိမ်တွင် ဟယ်ချင်းစုန် သည် သွေးအကျဉ်းထောင်သူတော်စင်ကို မတားဆီးတော့ပေ။ သို့သော် ကျူရှီး အပေါ် သူ၏ အကြည့်များ ရှုပ်ထွေးနေပြီး မျက်နှာထားမှာ အလင်းနှင့် အမှောင် တစ်လှည့်စီ ပြောင်းလဲနေခဲ့သည်။

အခြားသူများ၏ မျက်လုံးများသည် ကျူရှီးနှင့် ဟယ်ချင်းစုန် ကြားတွင် ဟိုဟိုဒီဒီ ရွေ့လျားနေပြီး စပ်စုချင်စိတ်နှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

အခြေအနေ မကောင်းသည်ကို မြင်သောအခါ ကျူရှီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"အရှင်မင်းသမီး... သက်ရှိသတ္တဝါ အားလုံးကို ကျော်လွန်တဲ့ သင့်ကံကြမ္မာကို ပြန်လည် ရယူချင်ပါသလား" ဟယ်ချင်းစုန် ရုတ်တရက်ကျူရှီးကို လှမ်းခေါ် မေးလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျွယ်လော့ဓားသခင် သည် တစ်စုံတစ်ရာကို သဘောပေါက်သွားပုံရပြီး မျက်လုံးများတွင် တုန်လှုပ်မှုများ ပေါ်လာသည်။

သူ တိုးတိုးလေး ရေရွတ်လိုက်သည် "သူမ ဖြစ်နေတာကိုး..."

All Chapters