← Chapters

အခန်း (၅၀၉-၅၁၀)

Vol. 39 Ch. 509-510

အခန်း (၅၀၉-၅၁၀)

Vol. 39 Ch. 509-510

အခန်း ၅၀၉ ရှန်ထျန်း

"အရှင်မင်းသမီး..."

အန်ရှင်း ၊ လုံချင်း ၊ ချန်ချွမ် နှင့် အခြားသူများသည် ကျူရှီး ကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ဒီအမျိုးသမီးရဲ့ နောက်ခံက ဘယ်လောက်တောင် ကြီးမားနေလို့လဲ။

အထူးသဖြင့် တတိယဆေးတောင်ကြား မှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး သိုင်းပညာ ( ကိုသာ အာရုံစိုက်ကာ ကျင့်ကြံနေခဲ့သော ချန်ချွမ်အတွက် ပို၍ အံ့သြစရာဖြစ်နေသည်။ သူသည် တောင်ကြားအကြောင်းကို နက်နက်နဲနဲ မသိရှိခဲ့ပေ။

သူ့အမြင်တွင် တတိယဆေးဝါးတောင်ကြားသည် ပုန်းနေသောနဂါး ဝှက်နေသောကျား (လျှို့ဝှက်ကျွမ်းကျင်ပညာရှင်များ စုဝေးရာ) အရပ်ဖြစ်သည်။

သက်ရှိသတ္တဝါအားလုံး အကြောင်း အမြဲပြောလေ့ရှိပြီး လောကီနှင့် ကင်းကွာသလိုဖြစ်နေသည့် ဟယ်ချင်းစုန်က ကျူရှီးကို အရှင်မင်းသမီး ဟု ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။

ကျူရှီးက တကယ်ပဲ ဘယ်သူလဲ။

ရုတ်တရက်ဆိုသလို ချန်ချွမ်သည် သူ အရင်က အလွန်ပေါ့ဆခဲ့မိပြီး သူ့ပတ်ဝန်းကျင်ကို ပိုမို ဂရုစိုက်သင့်ကြောင်း ခံစားလိုက်ရသည်။

ကျူးရှီးသည် ဟယ်ချင်းစုန်ကို ကျောခိုင်းထားပြီး ခေါင်းငုံ့ကာ သူမလက်ထဲမှ ကောင်းကင်တာအိုသိအိုရီ ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ၏ စိတ်ထဲတွင် ရုန်းကန်နေရကြောင်း သိသာထင်ရှားလှသည်။

ခဏကြာ တွေဝေပြီးနောက် ကျူးရှီးသည် ကောင်းကင်တာအိုသီအိုရီ ကို ကိုင်ဆောင်လျက် ထွက်ခွာသွားရာ ဘေးမှကြည့်နေသူများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

ဟယ်ချင်းစုန်သည် သူမ ထွက်ခွာသွားပုံကို ကြည့်နေပြီး တားဆီးရန် စကားထပ်မပြောတော့ပေ။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာအတွေးနွံထဲသို့ ရောက်သွားသည်။

"ကဲ... လူစုခွဲကြတော့၊ လူစုခွဲကြတော့"

အရပ်ရပ်မှ စုရုံးရောက်ရှိလာသော ဂိုဏ်းသားများကို အန်ရှင်း က လက်ကာပြကာ ပြောလိုက်သည်။ ဂိုဏ်းသားများသည် စိတ်ထဲတွင် စူးစမ်းလိုစိတ်များနှင့် ဇဝေဇဝါဖြစ်မှုများဖြင့် လူစုခွဲသွားကြရသည်။

လုံချင်းသည် ဟယ်ချင်းစုန် အနားသို့ ကပ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ကျူးရှီးရဲ့ နောက်ခံက ဘာလဲဗျ။ ကျွန်တော့်ကို ပြောပြပါဦး"

ဟယ်ချင်းစုန်၏ ဇာစ်မြစ်ကို မသိရသော်လည်း သူသည် တတိယဆေးတောင်ကြားအတွင်း၌ မည်သည့်အန္တရာယ်ကိုမျှ မကြောက်ရွံ့ခဲ့ပေ။

ဟယ်ချင်းစုန်သည် လုံချင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "သူမမှာ နောက်ခံတွေ အများကြီးရှိတယ်။ ဘဝတစ်ခုမှာ သူမရရှိခဲ့တဲ့ ဘွဲ့နာမည်ကို မင်းကြားဖူးမှာပါ။ သူမကို ရှန်ထျန်း လို့ ခေါ်တွင်ခဲ့ကြတယ်"

ထိုသို့ပြောပြီးနောက် ဟယ်ချင်းစုန် လှည့်ထွက်သွားသည်။

ရှန်ထျန်း... ဟုတ်လား။

လုံချင်း မှင်သက်သွားသည်။ အန်ရှင်း၊ ချန်ချွမ်နှင့် အခြားသူများ၊ အဝေးသို့ မရောက်သေးသော ဂိုဏ်းသားများပါ အားလုံး အံ့အားသင့်သွားကြသည်။

ရှန်ထျန်းဟူသော အမည်ကို လူတိုင်း သိကြသည်။ ကောင်းကင်ဝိညာဉ်ကမ္ဘာကြီး ၏ အသန်မာဆုံးဖြစ်ပြီး မြင့်မြတ်ခုံရုံးတွင် အကြီးမြတ်ဆုံးဖြစ်ကြောင်း မသိသူ မရှိပေ။

ရှန်ထျန်းနှင့် ဆရာသခင်ဓားအရှင် ဘယ်သူက ပိုသန်မာသလဲဆိုတာ သက်ရှိသတ္တဝါတွေအတွက် ဆုံးဖြတ်ရခက်ခဲသည်။ ရှန်ထျန်း ပျောက်ဆုံးသွားပြီးနောက် ဆရာသခင်ဓားအရှင် ပေါ်ထွက်လာခဲ့ပြီး သူတို့နှစ်ဦး တစ်ခါမှ ထိပ်တိုက် မတွေ့ခဲ့ကြဖူးပေ။

သို့သော်လည်း အဆင့်မြင့် ကျင့်ကြံသူများကမူ ဆရာသခင်ဓားအရှင်၏ ကျင့်ကြံမှုအဆင့်သည် ရှန်ထျန်း ထက် များစွာ သာလွန်ကြောင်း သိကြသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းသည် ကောင်းကင်ဝိညာဉ်ကမ္ဘာကြီးရှိ သက်ရှိများအပေါ် ဖျောက်ဖျက်မရသော အထင်ကြီးမှုကို ပေးစွမ်းခဲ့သည်။

သက်ရှိများစွာသည် ရှန်ထျန်းကို ကောင်းကင်ဘုံ နှင့် တန်းတူထားကြသည်။

သွေးကျဥ်းထောင်သူတော်စင် က မော့ကြည့်ပြီး မေးလိုက်သည်။ "သခင်... ကျူရှီးက ရှန်ထျန်လား"

ကုအန်က သူ့ကျောပေါ်တွင် ထိုင်လျက် ဂရုမစိုက်သလို ပြောလိုက်သည်။ "ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက မင်းနဲ့ရောငါနဲ့ရော မဆိုင်ပါဘူး"

တစ်ဦးတည်းသော ထိုက်ချူယွမ်ဝါးမျိုခန္ဓာကိုယ် !

ရှန်ထျန်းက ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖိနှိပ်နိုင်ပြီး ကောင်းကင်မိစ္ဆာမျိုးနွယ် ကို ဟန့်တားနိုင်လောက်အောင် စွမ်းအားကြီးတာ အံ့သြစရာ မဟုတ်တော့ပေ။

ကုအန်က စိတ်ဝင်စားစရာ ကောင်းသည်ဟု တိတ်တဆိတ် တွေးလိုက်သည်။

ဟယ်ချင်းစုန်က ကုအန်ကို ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုတွင် ဝင်မပါစေချင်ကြောင်း သူရိပ်မိသည်။ ဟယ်ချင်းစုန်သည် အလိုဆန္ဒတစ်ခုခု၏ ထိန်းချုပ်မှုကို ခံနေရပြီး ကုအန်ကို လာရောက် စမ်းသပ်ခြင်း ဖြစ်နိုင်သည်။ သို့သော် သူက ကျူရှီးနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကုအန်း ကိုယ်တိုင်လည်း ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုတွင် မကြာခဏ ဝင်ရောက်စွက်ဖက်ချင်စိတ် မရှိပေ။ ယခင်က ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမှာလည်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် က သူ့ကိုနှင့် လုံချင်းကို ပစ်မှတ်ထားခဲ့သောကြောင့်သာ ဖြစ်သည်။ တိုက်ပွဲ မည်သို့ပင် ဆက်လက်ဖြစ်ပွားပါစေ သူ ဂရုစိုက်မည် မဟုတ်ပေ။ သူနှင့် သူ့ပတ်ဝန်းကျင်က လူများကို ကာကွယ်ရန်သာ လိုအပ်သည်။

"သက်ရှိသတ္တဝါ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို သုတ်သင်ရှင်းလင်းဖို့..."

ကုအန်သည် ကောင်းကင်ကို မော့ကြည့်ရင်း အတွေးနယ်ချဲ့သွားသည်။

၉၉ ရာခိုင်နှုန်းဆိုသည်မှာ များပြားလှသော်လည်း ကောင်းကင်ဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံး၏ အတိုင်းအတာဖြင့် ကြည့်လျှင် ၉၉ ရာခိုင်နှုန်း ပျက်စီးသွားပြီးနောက် ကျန်ရှိနေမည့် သက်ရှိအရေအတွက်မှာ များပြားနေဦးမည် ဖြစ်သည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် ကောင်းကင်လမ်းစဉ် သည် ကရုဏာနှင့် မျှော်လင့်ချက် ရောင်ခြည်အနည်းငယ် ချန်ထားပေးခဲ့ပြီး လက်ရှိ ပဋိပက္ခများသည် သက်ရှိများအတွက် ဘဝသစ်တစ်ခု ရရှိရန် တိုက်ပွဲဝင်ခွင့် အခွင့်အရေး ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး ပြောင်းလဲခြင်းထက် ကုအန်သည် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမို မျှော်လင့်နေမိသည်။

​ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ ဖြစ်ရုံဖြင့် မလုံလောက်သေးပေ။

သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ စစ်မှန်ပုံရိပ်ကို ကျော်လွန်ရန်၊ ကောင်းကင်ဝိညာဉ်နတ်ဘုရား ကို ကျော်လွန်ရန်၊ အမတနတ်ဘုရားများနှင့် မြူခိုးများထဲတွင် ပုန်းကွယ်နေသော စကြဝဠာ နိယာမများကို ကျော်လွန်ရန် သူ့စွမ်းအားကို ဆက်လက် မြှင့်တင်နေရမည် ဖြစ်သည်။

ကျူရှီးသည် ရှင်းထျန် ဖြစ်သည်ဟူသော သတင်းမှာ ပျံ့နှံ့မသွားပေ။ အဓိပတိဂိုဏ်းသည် လျင်မြန်စွာ လှုပ်ရှားခဲ့သော်လည်း ကျူရှီး၏ ဘဝမှာမူ ထိုအကြောင်းကြောင့် ပြောင်းလဲသွားခဲ့သည်။ သူမ အိမ်မှထွက်တိုင်း လူအများအပြား ဝိုင်းအုံနေသည်ကို ကြုံတွေ့ရသည်။ မြင့်မြတ်ခုံရုံး မှ ထိပ်တန်းကျင့်ကြံသူများပင် တတိယဆေးတောင်ကြားတွင် လာရောက် နေထိုင်ကြသည်။

ကုအန်သည် ပြတင်းပေါက်ရှေ့တွင် ရပ်လျက် ရှုပ်ထွေးနေသော ဆေးတောင်ကြားကို ကြည့်ကာ ပြောလိုက်သည်။ "လူတွေ ပိုပိုများလာပါလား"

ပန်းချီဆွဲရန် ပြင်ဆင်နေသော ရှန်ကျန်း သည် သူ့ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ "လူများတာက ရှင့်အတွက် ကောင်းတာလား၊ ဆိုးတာလား"

"အရင်တုန်းကတော့ ကောင်းတယ်လို့ ထင်ခဲ့ဖူးပေမယ့် ဒီတလောတော့ သိပ်မကောင်းတော့ဘူး"

ကုအန်က နက်နဲသော အကြည့်ဖြင့် တုံ့ပြန်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။ ထိုစကားကို ကြားသောအခါ ရှန်ကျန်းသည် တွေးတောနေပုံရသည်။ ချထားရန် တွေဝေနေသော စုတ်တံသည် နောက်ဆုံးတွင် ပန်းချီကားပေါ်သို့ သက်ရောက်သွားသည်။

ဆေးတောင်ကြား၏ ရှုခင်းကို ခဏကြာ ကြည့်ရှုပြီးနောက် ကုအန်သည် လှည့်ပြီး ရှန်ကျန်း၏ ပန်းချီကားကို ကြည့်ရန် စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

၎င်းသည် တောင်တန်းများ၊ ရေတံခွန်များ၊ ရေတံခွန်ဘေးရှိ အဆောက်အဦးများနှင့် အောက်ဘက်တွင် လူတစ်ယောက် မျိုးစေ့ချနေသော ဆေးဥယျာဉ်ကို သရုပ်ဖော်ထားသည့် ရှုခင်းပန်းချီကား တစ်ချပ်ဖြစ်သည်။ မနီးမဝေးတွင် နွားတစ်ကောင်နှင့် ဝဖြိုးသော ကြွက်တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။

"မင်း ငါ့ပုံကို ဆွဲနေတာလား" ကုအန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ရှန်ကျန်းက ပြန်ဖြေသည်။ "အင်း... ဘာကြောင့်မှန်း မသိပေမယ့် ဒီလိုမြင်ကွင်းက ကျွန်မစိတ်ထဲမှာ ရုတ်တရက် ပေါ်လာပြီး တဖြည်းဖြည်း ပိုရှင်းလင်းလာတယ်။ ဒါက နောင်အနာဂတ်မှာ ရှင် နေထိုင်မယ့် နေရာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ကုအန် ဘာမှပြန်မပြောဘဲ ရေတံခွန်အထက်မှ ကျောက်ကမ်းပါးဆီသို့ အကြည့်ရောက်သွားသည်။ ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးဟု ထင်ရသော ပုံရိပ်တစ်ခုသည် ကျောက်ကမ်းပါးထိပ်မှ ဆေးဝါးဥယျာဉ်ကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီအမျိုးသမီးက ဘယ်သူလဲဟု သူ မတွေးဘဲ မနေနိုင်ဖြစ်သွားသည်။

သူ မမေးခဲ့သလို တွက်ချက်ကြည့်ရန်လည်း မကြိုးစားခဲ့ပေ။

ရှန်ကျန်း ပန်းချီဆွဲပြီးသွားသောအခါ သူမ ရုတ်တရက် အာမေဋိတ် ပြုလိုက်သည်။ "အို... ကျွန်မ ဘယ်လိုလုပ်ပြီး အမျိုးသမီးပုံ ဆွဲလိုက်မိတာပါလိမ့်၊ ဒါ ဘယ်သူလဲ?"

ကုအန်က ကြည့်ပြီး "ဒါက မင်းဆွဲလိုက်တာလေ၊ ဘာလို့ ငါ့ကို လာမေးနေတာလဲ"

ရှန်ကျန်းသည် ပန်းချီကားကို ကောက်ကိုင်လိုက်ပြီး မှတ်ချက်ပြုသည်။ "ဒီပန်းချီကားက အရမ်းဝေးကွာတဲ့ အနာဂတ်ကလို့ ကျွန်မ အမြဲ ခံစားရတယ်"

ကုအန်က စနောက်လိုက်သည်။ "ဘာလဲ? မင်းက အနာဂတ်ကို ဟောကိန်းထုတ်နိုင်နေပြီလား?"

"အဲဒီလို မပြောပါနဲ့၊ တကယ်လည်း ဖြစ်နိုင်တယ်လေ။ ပုံရိပ်တွေ အများကြီးက ကျွန်မ မကြုံဖူးတဲ့အရာတွေ၊ လက်ရှိ ဒါမှမဟုတ် အတိတ်နဲ့လည်း မကိုက်ညီဘူး။ ရှင် သင်ပေးပြီးတဲ့နောက် ကျွန်မ ဉာဏ်အလင်းပွင့်စပြုလာပြီ ထင်တယ်၊ ဒါပေမယ့် ကျွန်မ ရရှိတာက 'အကြောင်းနှင့် အကျိုးလမ်းစဥ် မဟုတ်ဘူး" ရှန်ကျိက လေးနက်စွာ ပြောလိုက်သည်။

ကုအန်က ပြုံးလိုက်သော်လည်း ငြင်းခုံမနေတော့ပေ။

ရှန်ကျန်းသည် တကယ်ပင် မဟာတာအိုလမ်းစဉ် ကို စတင် နားလည်သဘောပေါက်စ ပြုနေပြီဖြစ်သည်။ သူမ တွေးတောဆင်ခြင်နေသည်မှာ အကြောင်းနှင့် အကျိုး မဟုတ်ဘဲ ကံကြမ္မာလမ်းစဉ် ဖြစ်သည်။ ဉာဏ်အလင်းရရှိလာသော ရှန်ကျန်းသည် သက်ရှိသတ္တဝါ အများစုကို ကျော်လွန်သွားပြီဖြစ်သည်။ အမတလမ်းစဉ်မှ ကျွမ်းကျင်သူများစွာသည်ပင် တစ်သက်လုံး ဉာဏ်အလင်းမရနိုင်ကြပေ။

ရှန်ကျန်းသည် သူမ၏ အိပ်မက်များနှင့် ကံကြမ္မာလမ်းစဉ်အပေါ် သူမ၏ ထိုးထွင်းသိမြင်မှုများကို ဆက်လက် မျှဝေပြောပြ၏။ ကုအန်က သေချာ နားထောင်သည်။ သူ့ကျင့်ကြံမှုအဆင့် ပိုမြင့်သော်လည်း သူမ၏ သိမြင်မှုများမှ စိတ်ကူးဉာဏ်များ ရရှိနိုင်ကြောင်း သူ နားလည်သည်။

အဓိပတိဂိုဏ်း အပြင်ဘက် တောင်ထိပ်တစ်ခုပေါ်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဓားကို ပိုက်လျက် ရပ်နေပြီး သူ၏ ဆံပင်ဖြူများသည် လေထဲတွင် လွင့်ပျံနေသည်။ သူ့ဘေးတွင် ထူးခြားသော အရှိန်အဝါများ ထုတ်လွှတ်နေပြီး မှော်ရတနာများကိုယ်စီ ကိုင်ဆောင်ထားသော ကျင့်ကြံသူ တစ်ဒါဇင်ခန့် ရပ်နေကြသည်။

"သခင်ကြီး... အဓိပတိဂိုဏ်းက ရှေ့မှာပါပဲ။ ဆရာသခင်ဓားအရှင်က ဒီအခွင့်အရေးမှာ တကယ်ပဲ ဝင်မပါတော့ဘူးလား" မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတစ်ဦးက အနက်ရောင်ဝတ် အမျိုးသားကို စိုးရိမ်တကြီး မေးလိုက်သည်။

သူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ကြပြီး ဆရာသခင်ဓားအရှင်က ကောင်းကင်မိစ္ဆာနတ်ဘုရား နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်တို့ကို တိုက်ခိုက်ခဲ့သည်များကို ကြုံတွေ့ခဲ့ရသဖြင့် သူ့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုကြသည်။

အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ "ဆရာသခင်ဓားအရှင်က သူ့ဆန္ဒကို ဖော်ပြဖို့ 'ကောင်းကင်တာအိုသီအိုရီ' ကို ထုတ်ပေးလိုက်တာပဲ။ ငါတို့က အပြစ်မဲ့သူတွေကို မထိခိုက်အောင် လုပ်ဖို့ပဲ လိုတယ်" ကျန်တဲ့သူများကလည်း ကောင်းကင်တာအိုသီအိုရီကို လိုလားတောင့်တမှုဖြင့် ထောက်ခံပြောဆိုကြသည်။

အနက်ရောင်ဝတ် အမျိုးသား၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။ "အဓိပတ်ဂိုဏ်းကို ရောက်ရင် အရင်ဆုံး လူတစ်ယောက်ကို သွားတွေ့ရမယ်။ သူက လမ်းပြဓားသခင်ရဲ့ သဘောထားကို သိလိမ့်မယ်"

စကားဆုံးသည်နှင့် သက်တံ့ရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မျက်နှာဖုံးစွပ် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "အဲဒါ အန္တိမကိုးပါးသူတော်စင်နတ်ဘုရား မဟုတ်လား?"

အနက်ရောင်ဝတ် အမျိုးသားက ပြန်ဖြေသည်။ "ဟုတ်တယ်။ အဲဒီလို မာနကြီးတဲ့လူကလည်း ကောင်းကင်တာအ်ုသီအိုရီ ကို လိုက်ရှာမယ်လို့ မထင်ထားဘူး။ သူ့ကံတရားကို သူသိသွားပြီ ထင်တယ်"

သူသည် ခုန်တက်လိုက်ပြီး အနက်ရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားရာ အခြားသူများလည်း လျင်မြန်စွာ လိုက်ပါသွားကြသည်။

ထိုအချိန်တွင်...

တတိယဆေးဝါးတောင်ကြားရှိ တောအုပ်တစ်ခုအတွင်းကျူရှီးသည် သူမလက်ထဲရှိ ကောင်းကင်တာအိုသီအိုရီ ကို စိတ်ဝင်တစား ကြည့်နေသော ကျွယ်လော့ဓားသခင် နှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

"ရှန်ထျန်း... မင်းက ဒီအခွင့်အရေးကို ငါ့ကို တကယ်ပဲ ပေးချင်တာလား။ဓားသခင်က ဒါကို မင်းကို အပ်နှင်းခဲ့တာ၊ မင်းဆီမှာ အလားအလာရှိလို့ ဖြစ်နိုင်တယ်"

ကျူရှီးက ခေါင်းခါလိုက်သည်။ "ကျွန်မက ရှင်ပြောတဲ့ ရှန်ထျန်း မဟုတ်ပါဘူး။ ကျွန်မ သိတာက အခုအချိန်မှာ ဒါကို လုံခြုံအောင် မထိန်းသိမ်းနိုင်ဘူး ဆိုတာပါပဲ။ ဓားသခင်ကလည်း နောက်ဆက်တွဲ ပြဿနာတွေကို မဖြေရှင်းချင်ဘူးဆိုတော့ ဒါကို ရှင့်ကိုပဲ ပေးလိုက်ပါမယ်။ ရှင်က လုံလောက်အောင် သန်မာတယ်၊ 'စစ်မှန်သော အမတ အမွေအနှစ်' ကို ရယူနိုင်လောက်ပါတယ်"

ဒါကို ကြားတော့ ကျွယ်လော့ဓားသခင်က ရယ်မောလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းကာ ကောင်းကင်တာအိုသီအိုရီ ကို လေထဲမှတဆင့် သိမ်းယူလိုက်သည်။

"ရှန်ထျန်း... ဒီဘဝမှာ မင်းက ဘာလို့ ဒီလောက် သူရဲဘောကြောင်ရတာလဲ။ မှတ်ဉာဏ်တွေ ပြန်မရသေးလို့လား။ ဒါပေမယ့် အဲဒါ အကြောင်းပြချက် မဖြစ်သင့်ဘူး၊ လူတစ်ယောက်က ဘယ်နှကြိမ်ပဲ ပြန်လည်ဝင်စားပါစေ သူ့ရဲ့ ပင်ကိုစရိုက်ကတော့ မပြောင်းလဲသင့်ဘူး" ကျွယ်လော့ ဓားသခင်က ရန်စလိုက်သည်။

ကျူရှီးက ပြန်မဖြေဘဲ သက်ပြင်းရှည် တစ်ချက်သာ ချလိုက်သည်။

သူမက ဒီလောက်အထိ နုံအနေသည်ကို မြင်တော့ ကျွယ်လော့ဓားသခင် စိတ်ပျက်သွားသည်။ သူ ခုန်တက်လိုက်ပြီး ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

"ငါက ကောင်းကင်တာအိုသီအိုရီ ကို ပိုင်ဆိုင်ထားတဲ့ ကျွယ်လော့ ဓားသခင်ပဲ။ အမတအမွေအနှစ် ကို လိုချင်တဲ့သူတွေ ငါ့ကို လာစိန်ခေါ်ကြ!"

ကျွယ်လော့ ဓားသခင်၏ လွှမ်းမိုးထားသော အသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားသည်။ တချိန်တည်းမှာပင် ကြီးမားသော ဓားဆန္ဒတစ်ခု အဝေးမှ ပေါက်ကွဲထွက်လာသည်။ ကျူရှီး လှည့်ကြည့်လိုက်သော်လည်း ကျွယ်လော့ ဓားသခင်၏ ပုံရိပ်ကို မမြင်ရတော့ပေ။

သူမ စိတ်ထဲတွင် တွေးလိုက်သည်။ "ကံကောင်းလို့ပေါ့ လူအတွေ ရှိနေသေးတာ။ မဟုတ်ဘူး... ငါ အဓိပတိဂိုဏ်းကနေ ထွက်သွားမှ ဖြစ်မယ်!"

သူမသည် ကုအန်၏ ခန်းဆောင် ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းနေကာ အဝေးမှနေ၍ ကုအန်ကို ဦးညွှတ်အရိုအသေ ပြုလိုက်သည်။

"ဆရာ... ခွင့်လွှတ်ပေးပါ။ ကျွန်မက ကိုယ့်ကိုယ်ကို ကယ်တင်နေတာတင် မဟုတ်ဘဲ ဆရာကိုလည်း ဒုက္ခမရောက်စေချင်လို့ပါ"

ထို့နောက် ကျူရှီးသည် နောက်ပြန်မကြည့်ဘဲ တောင်ကြားထွက်ပေါက်ဆီသို့ ပြေးထွက်သွားလေသည်။

အခန်း ၅၁၀ စစ်မှန်အမတ

ခန်းဆောင်အတွင်း၌...

ကုအန်က စာအုပ်ဖတ်နေပြီး နတ်ဘုရားအာရုံမှာတော့ တတိယဆေးတောင်ကြားမှ ထွက်ခွာသွားသော ကျူရှီးကို ငေးကြည့်နေခဲ့သည်။

ဒီကောင်မလေးရဲ့ စိတ်နေစိတ်ထားက...

ကုအန် သူမကို ဘယ်လိုဆုံးဖြတ်ရမှန်း မသိတော့ပေ။ သူမက သူ့လိုပဲ သွေးတူသားတူလို့ ပြောလို့ရပေမယ့် သူကရော တကယ်ပဲ အဲ့ဒီလောက် သူရဲဘောကြောင်လို့လား။

သူ့အနေဖြင့် ကျူရှီးကို အတင်းအကျပ် တားဆီးလိုစိတ် မရှိပါ။ ဖြစ်နိုင်သည်မှာ သူက ကျူရှီးကို တကယ်ကာကွယ်ပေးနိုင်သော်လည်း ကျူရှီးသည် ပြီးခဲ့သောနှစ်များအတွင်း အထူးသဖြင့် ရှန့်ထျန်း၏ အထောက်အထား ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် အလွန်နေရခက်နေခဲ့ကြောင်း ထင်ရှားသည်။ သူမသည် ပို၍ပင် ပူပန်သောကရောက်နေပြီး ကုအန်က သူမ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ကြားနေခဲ့ရသည်။

ထားလိုက်ပါတော့။

သူမကို လွှတ်ထားလိုက်ပါမယ်လေ။

ဘာပဲဖြစ်ဖြစ် သူမက ရှန်ထျန်း ဝင်စားသူဖြစ်သည့်အတွက် ကံဆိုးခြင်းများကို ကံကောင်းခြင်းများအဖြစ် အမြဲပြောင်းလဲနိုင်စွမ်း ရှိသည်။

ဒါပေမဲ့ ငါက ကံကြမ္မာကို မဖီဆန်နိုင်ဘူးလို့ သူမ ထင်နေတာလား။

ကုအန် တွေးလိုက်မိသော်လည်း စိတ်မဆိုးမိပါ။ ထိုအစား သူသည် ပြိုင်ဘက်ကင်းဖြစ်သည်ဟု ထင်မှတ်လောက်အောင် မာနမကြီးကြောင်း ဆင်ခြင်သုံးသပ်မိသည်။ သူ မလုပ်နိုင်သည့်အရာများစွာ ရှိနေသေးသည်။ သူ မလုပ်နိုင်သည့်အရာတစ်ခုခုကို ကြုံတွေ့ရတိုင်း သူသည် စိတ်ဓာတ်တက်ကြွလာလေ့ရှိသည်။

သူသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို အဆက်မပြတ် ကယ်တင်နိုင်သော်လည်း နောက်ကွယ်မှ ကောင်းကင်တာအိုကိုတော့ အလုံးစုံ မမြင်နိုင်သေးပေ။

ပြီးပြည့်စုံသော ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတသည် စကြဝဠာအတွင်း၌ ထင်တိုင်းကြဲနိုင်သော်လည်း ၎င်းသည် စကြဝဠာအတွင်း၌သာ ဖြစ်သည်။

စကြဝဠာ၏ အပြင်ဘက်တွင် ဘာများရှိနေမည်နည်း။ ကုအန်သည် စဉ်းစားရင်း စာအုပ်ဆက်ဖတ်နေခဲ့သည်။ သူကျူရှီး၏ အနာဂတ်ကံကြမ္မာကို တွက်ချက်ရန် မကြိုးစားခဲ့ပေ။ ရှောင်ချွမ်၏ ပြန်လည်ဝင်စားခြင်းကို ကြုံတွေ့ခဲ့ရပြီးကတည်းက သူသည် အနာဂတ်ကို အတတ်နိုင်ဆုံး မတွက်ချက်ရန် ကြိုးစားခဲ့သည်။ သို့မှသာ အလွန်အကျွံ သိရှိပြီး အရာရာကို ပြောင်းလဲချင်စိတ်များ မဖြစ်ပေါ်စေရန်နှင့် မမျှော်လင့်ထားသော အပြောင်းအလဲများ မဖြစ်စေရန်ဖြစ်သည်။

တကယ်ပင် အနာဂတ်ကို မသိရခြင်းက ကောင်းသည့်အရာတစ်ခုဖြစ်ပြီး အနည်းဆုံးတော့ မျှော်လင့်စောင့်စားစရာ တစ်ခုခု ကျန်ရှိနေစေသည်။

ကုအန်သည် အရာရာကို အလွန်အကျွံ ချောင်းကြည့်ခဲ့ဖူးသဖြင့် ဘဝကို ပျင်းစရာကောင်းသည်ဟု ထင်မြင်လာခဲ့၏။

"ဖြစ်နိုင်တာက နောက်ခေတ်ကာလတစ်ခုကျရင် ငါတို့ တခြားတစ်နေရာမှာ သွားနေလို့ရတာပဲ"

ကုအန် တွေးလိုက်မိပြီး သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူသည်လည်း အနာဂတ်နှင့် လုံးဝအသစ်ဖြစ်သော ဘဝတစ်ခုကို စတင်မျှော်လင့်လာခဲ့သည်။

ဆောင်းဦးကုန်၍ ဆောင်းရာသီရောက်လာသောအခါ တောင်များနှင့် မြေပြင်ကို နှင်းဖြူများ ဖုံးလွှမ်းသွားသည်။ မြောက်ပိုင်းပင်လယ် တောင်တန်းရှိ တောင်စောင့်နတ်ဘုရားကျောင်းအတွင်း၌

သူတော်စင်ရွှမ်မြှောင် သည် ခေါင်မိုးပေါ်တွင် ရပ်လျက် အဝေးမှ ပြင်းထန်သော တိုက်ပွဲကို ငေးကြည့်နေသည်။ လေပြင်းများ တိုက်ခတ်နေပြီး တောင်များနှင့် သစ်တောများသည် လှိုင်းလုံးများသဖွယ် ပြင်းထန်စွာ လှုပ်ခတ်နေသည်မှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် သူတော်စင်ရွှမ်မြှောင်၏ ပုံရိပ်သည် မလှုပ်မယှက် ရှိနေပြီး သူ့မျက်လုံးများက တောက်ပနေခဲ့သည်။

ဤနေရာကို နှစ်ပေါင်းတစ်ထောင်ကျော် စောင့်ကြပ်ခဲ့ပြီး သူ့၏ တာအိုနှလုံးသား ပိုမိုတည်ငြိမ်လာခဲ့သော်လည်း သူ့အရိုးထဲသားထဲတွင် စွမ်းအားကို တောင့်တနေဆဲဖြစ်သည်။

သူသည် ဆန်ချင်းတောင် သမိုင်းတွင် အကြီးမြတ်ဆုံး ပါရမီရှင်ပင်။

ကံမကောင်းစွာဖြင့် လီယက သူ့နေရာကို လုယူသွားခဲ့ပြီး လီမိသားစုနှင့် ဆန်ချင်းတောင်၏ အထင်ရှားဆုံး ပါရမီရှင် ဖြစ်လာခဲ့သည်။ သို့သော် ဤနေရာတွင် နေထိုင်စဉ်အတွင်း သူ၏ ကျင့်ကြံမှု ရပ်တန့်မသွားခဲ့ပေ။

တောင်စောင့်နတ်၏ အကူအညီဖြင့် သူသည် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အမတတစ်ပါး၏ အငွေ့အသက်များလွမ်းခြုံလျက်ခေါင်မိုးစွန်းပေါ်တွင် ရပ်နေခဲ့သည်။

ခြံဝင်းအတွင်း၌ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် တာအိုကလေးငယ်တစ်ဦးသည် ဆေးပေါင်းဖိုရှေ့တွင် ထိုင်လျက် ယပ်ခတ်နေခဲ့သည်။ ရံဖန်ရံခါ ချွေးသုတ်လိုက်၊ ခေါင်မိုးပေါ်မှ သူတော်စင်ရွှမ်မြှောင်ကို လှမ်းကြည့်လိုက် လုပ်နေသည်။

ခဏကြာတော့...

တာအိုကလေးငယ်က မနေနိုင်တော့ဘဲ မေးလိုက်သည် "ဆရာသခင်.. ဘာကို ကြည့်နေတာလဲ။ ဒီလေပြင်းတွေက ကောင်းကင်နဲ့မြေကြီးရဲ့ လေတွေ မဟုတ်ဘူးလား"

သစ်တောက အလွန်ထူထပ်သဖြင့် မိုးကုပ်စက်ဝိုင်းမှ တိုက်ပွဲအခြေအနေကို သူ မမြင်ရဘဲ မိုးရွာတော့မည်ဟု ထင်နေခြင်းဖြစ်သည်။

သူတော်စင်ရွှမ်မြှောင်က ပြန်ဖြေသည် "ဘာမှမဟုတ်ပါဘူး။ စာကလေးနှစ်ကောင် ရန်ဖြစ်နေတာကို ကြည့်နေတာပါ။ လေတိုက်တာကတော့ မြောက်ပိုင်းပင်လယ်တောင်တန်းမှာ ထူးဆန်းတဲ့လေတွေ အများကြီးရှိတယ်။ နောက်ကျရင် မင်း ကြုံရဦးမှာပါ"

တာအိုကလေးငယ်က မျက်လုံးပြူးသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးသည် "ဒီလောက် လေပြင်းတိုက်နေတာ စာကလေးတွေ ဘယ်လိုလုပ် ရန်ဖြစ်နိုင်မှာလဲ။ ကျွန်တော် စာကလေးတွေ ရန်ဖြစ်တာ တခါမှ မမြင်ဖူးဘူး။ ကျွန်တော်လည်း ကြည့်ချင်တယ်"

"ဆေးဖော်တာကိုပဲ အာရုံစိုက်စမ်းပါ။ မင်း ဘာလို့ ဒီကိုရောက်လာလဲဆိုတာ မမေ့နဲ့"

သူတော်စင်ရွှမ်မြှောင်က ပေါ့ပေါ့ပါးပါး ဖြေလိုက်ရာ တာအိုကလေးငယ်မှာ နှုတ်ခမ်းစူပြီး မကျေမနပ် ဖြစ်သွားသည်။

ထို့နောက် တာအိုကလေးငယ်က ထပ်မေးသည် "ဆရာသခင်... တောင်စောင့်နတ်က ဘာလို့ မပေါ်လာသေးတာလဲ"

"ပေါ်လာရမယ့်အချိန်ကျရင် ပေါ်လာလိမ့်မယ်။ ဖြစ်နိုင်တာက မင်းက မရိုးသားလို့ နေမှာပေါ့"

"ဆရာသခင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတွေပြောနေတဲ့ စစ်မှန်အမတအမွေအနှစ် ဆိုတာ တကယ်ပဲလား။ သူတို့က ဘာလို့ တောင်စောင့်နတ်ကို မယုံကြည်ကြတာလဲ"

"မင်း ကြီးလာရင် နားလည်လာလိမ့်မယ်။ လူအများစုက အမတတွေနဲ့ နတ်ဘုရားတွေရဲ့ တာဝန်ဝတ္တရားတွေကို မလိုက်စားကြဘူး။ အမတတွေနဲ့ နတ်ဘုရားတွေရဲ့ စွမ်းအားကိုပဲ လိုက်စားကြတာ။ မင်းလည်း မင်းတကယ် ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာ သေချာစဉ်းစားသင့်တယ်"

သူတော်စင်ရွှမ်မြှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့လေသံက တာအိုကလေးငယ်၏ စိတ်နှလုံးကို အေးချမ်းစေသော လေပြည်ညင်းကဲ့သို့ ငြိမ်းချမ်းမှုကို ပေးစွမ်းသည်။ မရပ်မနား တိုက်ခတ်နေသော လေပြင်းများပင်လျှင် ခြံဝင်းအတွင်းရှိ တည်ငြိမ်မှုကို မဖျက်ဆီးနိုင်ပေ။

ထိုစဉ် လူရိပ်တစ်ခု တာအိုကျောင်းဆောင်ထဲသို့ ဝင်လာသည်။ ထိုသူမှာ ဟယ်ချင်းစွန် ပင်ဖြစ်သည်။

ဟယ်ချင်းစွန်က ဦးစွာ ခေါင်မိုးပေါ်ရှိ သူတော်စင်ရွှမ်မြှောင်ကို ကြည့်လိုက်ပြီးနောက် တာအိုကလေးငယ်ကို ကြည့်လိုက်သည်။ သူတော်စင်ရွှမ်မြှောင်က ဟယ်ချင်းစွန်ဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။ အကြောင်းတစ်ခုခုကြောင့် ဟယ်ချင်းစွန်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူ အလွန်နေရခက်သွားသည်။ ဒီခံစားချက်က သူ့အတွက် ထူးဆန်းနေသည်။

"ကျွန်တော်က ခင်ဗျားကို မကောင်းတဲ့ခံစားချက် ပေးမိလို့လား" ဟယ်ချင်းစွန်က မေးလိုက်သည်။

တာအိုကလေးငယ်က ဟယ်ချင်းစွန်ကို ကြောက်ရွံ့စွာ ကြည့်နေပြီး "ဒီလူက မိစ္ဆာကောင်များလား" ဟု တွေးနေမိသည်။

"မင်းက ဘယ်သူလဲ၊ ဘာကိစ္စ လာတာလဲ" သူတော်စင်ရွှမ်မြှောင်က ဟယ်ချင်းစွန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ဟယ်ချင်းစွန်က ပြန်ဖြေသည် "ကျွန်တော့်နာမည် ဟယ်ချင်းစွန်ပါ။ ကျွန်တော့်နာမည်က အရေးမကြီးပါဘူး။ ကျွန်တော် တည်ရှိနေရတဲ့ အဓိပ္ပာယ်က ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသတွေနဲ့အညီ ဆောင်ရွက်ဖို့ပါ။ ခင်ဗျားက ကောင်းကင်တာအို သည်းမခံနိုင်တဲ့ ဖြစ်တည်မှုတစ်ခုနဲ့ အရမ်းနီးကပ်သွားပြီ။ ဒါကြောင့် ခင်ဗျားရဲ့ မသိစိတ်က ကျွန်တော့်အပေါ် ရန်လိုမှု ခံစားနေရတာပါ။ ဒါက ကောင်းကင်တာအိုရဲ့ အလိုဆန္ဒကို ဆန့်ကျင်တဲ့သူနဲ့ တွေ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုပါပဲ"

"မင်း ဘာကိုဆိုလိုတာလဲ။ ဘယ်သူက ကောင်းကင်တာအိုကိုလဲ" သူတော်စင်ရွှမ်မြှောင် မျက်မှောင်ကြုတ်လိုက်သည်။

ဟယ်ချင်းစွန်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောသည် "သူဘယ်သူလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ကျွန်တော် ခင်ဗျားကို ပြောနိုင်တာက လောကမှာ အမတတွေ တကယ်ရှိတယ်။ ဒါပေမဲ့ သူက အဲဒီအထဲမှာ မပါဘူး။ အမတတွေက မြင့်မြတ်ပြီး သေမျိုးတွေ လက်လှမ်းမမီနိုင်ဘူး။ ခင်ဗျားက နိဗ္ဗာန်အဆင့်ကို ရောက်နေပြီဆိုတော့ အမတလမ်းစဉ်ကို လိုက်စားတဲ့လမ်းပေါ် ရောက်နေပြီ။ ခင်ဗျား အမတတွေကို ရိုသေလေးစားသင့်တယ်"

သူတော်စင်ရွှမ်မြှောင်က အေးစက်စွာ ပြောသည် "အမတတွေဆိုတာ သက်ရှိအားလုံးကို ကာကွယ်ပေးတဲ့သူတွေ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ကိုယ်သူတို့ သက်ရှိတွေနဲ့ စည်းခြားထားရတာလဲ"

"အဲဒါက သေမျိုးတွေရဲ့ အတွေးပဲ။ ဘယ်သူက အမတတွေက သက်ရှိအားလုံးကို ကာကွယ်ပေးရမယ်လို့ ပြောလဲ။ အမတတွေက အသက်ကို ဖန်ဆင်းတယ်၊ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ်၊ အရာအားလုံးကို ဖန်ဆင်းတယ်။ အမတတွေရဲ့ မျက်လုံးထဲမှာ အရာအားလုံးက တန်းတူပဲ။ ခင်ဗျားရဲ့ အခု ခံပြင်းမှုက မှားယွင်းနေတယ်။ ဒီနေ့ခေတ် သက်ရှိတွေရဲ့ ဆင်းရဲဒုက္ခက သူတို့တွေ ကောင်းကင်နဲ့မြေကြီးအပေါ် ဝန်ပိလွန်းအားကြီးလို့ ဖြစ်တာ။ ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ဗီဇပဲ။ ကပ်ဘေးတွေ အဆက်မပြတ် ဖြစ်နေတာက ကောင်းကင်နဲ့မြေကြီးက ဝန်ထုတ်ဝန်ပိုးတွေကို လျှော့ချချင်လို့ပဲ။ သက်ရှိတွေက ဝန်ထုတ်ဝန်ပိုးတွေပဲ။ ပြီးတော့ အမတတွေက ကောင်းကင်နဲ့မြေကြီး ဝန်လျှော့ချတာကို အသိအမှတ်ပြုပြီး ထောက်ခံကြတယ်"

ဟယ်ချင်းစွန်၏ စကားများကြောင့် သူတော်စင်ရွှမ်မြှောင်၏ မျက်နှာ အရောင်ပျက်သွားပြီး သူ့၏ တာအိုနှလုံးသားပါ တုန်လှုပ်သွားသည်။

အမတဆိုတာ တကယ်ပဲ အဲဒီလိုလား။

ဟယ်ချင်းစွန်က သူ့ညာလက်ကို မြှောက်လိုက်ရာ ကျိုးပဲ့နေသော ကျောက်စိမ်းဖြူတစ်စ သူ့လက်ထဲတွင် ပေါ်လာသည်။ သူက လေးနက်စွာ ပြောသည် "ခင်ဗျားမှာ လောကမှာ ရှားပါးတဲ့ မဟာကရုဏာစိတ် နှလုံးသား ရှိတယ်။ ခင်ဗျားက အမတဖြစ်ဖို့ ကံပါလာပြီးသား။ ဒီကျောက်စိမ်းကို ကောင်းကင်တာအိုကျောက်စိမ်း လို့ ခေါ်တယ်။ သူက အဖြစ်ဆိုးအားလုံးကို ကယ်တင်နိုင်ပေမယ့် ပေးဆပ်ရမယ့် တန်ဖိုးလည်း ရှိတယ်။ ကျွန်တော် ဒီကျောက်စိမ်းကို

ခင်ဗျားကို ပေးမယ်။

ခင်ဗျား သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ၊ ဘယ်လိုသုံးမလဲ ဆိုတာကတော့ ခင်ဗျားသဘောပါပဲ"

သူစကားဆုံးသည်နှင့် ကောင်းကင်တာအိုကျောက်စိမ်းသည် သူတော်စင်ရွှမ်မြှောင်၏ လက်ထဲသို့ ပျံဝဲရောက်ရှိလာသည်။

ဟယ်ချင်းစွန် ထွက်ခွာတော့မည်ကို မြင်သောအခါ သူတော်စင်ရွှမ်မြှောင်က မေးလိုက်သည် "မင်း သူ့ကြောင့် ငါ့ကို ရွေးချယ်တာလား"

ဟယ်ချင်းစွန်က မရပ်တန့်ဘဲ ခေါင်းမလှည့်ဘဲ ပြောသည် "ခင်ဗျားရဲ့ အမတဖြစ်ချင်တဲ့ ဆန္ဒကို အမတတွေလည်း အာရုံခံမိနိုင်တယ်။ ခင်ဗျား တပည့်ကို ပြောခဲ့တဲ့စကားကို ပြန်သုံးရရင်... ခင်ဗျား အမတဖြစ်မှုကို အာရုံမခံနိုင်သေးတာက အချိန်မတန်သေးလို့ပဲ။ ခင်ဗျား အမတဖြစ်ချင်ရင် အရာအားလုံးကို နားလည်သဘောပေါက်ပြီး သေမျိုးလောကရဲ့ ကပ်ဘေးတွေကို တွေ့ကြုံခံစားရမယ်။ ခင်ဗျား စိတ်ခံစားမှုတွေနဲ့ ယိမ်းယိုင်မနေတော့မှသာ အမတဖြစ်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"

သူသည် တံခါးပေါက်မှ ထွက်သွားပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်မှာ မူလကတည်းက မရှိခဲ့ဖူးသကဲ့သို့ပင်။ သူတော်စင်ရွှမ်မြှောင်သည် လက်ထဲမှ ကောင်းကင်တာအိုကျောက်စိမ်းကို ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

တာအိုကလေးငယ်က သူ့ဘေးသို့ ရောက်လာပြီး ကောင်းကင်တာအိုကျောက်စိမ်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးသည် "ဆရာသခင်... သူပြောတာတွေ အမှန်ပဲလား"

"တောင်စောင့်နတ်က အမတ မဟုတ်ဘူးလား"

သူတော်စင်ရွှမ်မြှောင်က ကောင်းကင်တာအိုကျောက်စိမ်းကို ကိုင်ထားရင်း အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် "တပည့်လေး... ဒီနေ့ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးမယ်"

လူတွေပြောတာကို နားမထောင်နဲ့၊ သူတို့လုပ်တာကို ကြည့်။ မင်းရဲ့ ယုံကြည်မှုတွေကို တခြားသူတွေ သတ်မှတ်ခွင့်မပေးနဲ့။ မင်းယုံကြည်တဲ့အရာကသာ အမှန်တရားပဲ။

All Chapters