← Chapters

တောင်ပေါ်ကနေ ဆင်းရပြီ

Vol. 5 Ch. 42

တောင်ပေါ်ကနေ ဆင်းရပြီ

Vol. 5 Ch. 42

ချီရွှမ်းစုသည် အစက သူ၏ လက်အောက်ငယ်သားများနှင့် ပိုမိုရင်းနှီးအောင်နေပြီး ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ကြံရွယ်ထားသည်။ သို့သော်လည်း ဖြစ်ပေါ်လာသော အခြေအနေက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်လာခဲ့၏။

ခန်းမသခင်နှင့် တွေ့ဆုံရာကနေ ပြန်လာပြီးနောက် ကျန်းယွဲ့လုသည် လူတိုင်းကို ဆင့်ခေါ်ကာ သုံးရက်နေလျှင် ခရီးထွက်ဖို့အတွက် ပြင်ဆင်ကြရန် ညွှန်ကြားလိုက်သည်။

ကျန်းယွဲ့လု၏ မူလရည်ရွယ်ချက်သည် တရားဝင် အလုပ်ကိစ္စများကို မထမ်းဆောင်ခင် သူမ၏ အမှုထမ်းအသစ်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် အနည်းဆုံး တစ်လလောက် အချိန်ယူမည်ဖြစ်သည်။ သို့သော်လည်း အနောက်ဘက်ဒေသ တာအိုစံအိမ်မှာ ပဋိပက္ခများက အရှိန်အဟုန် မြင့်တက်လာသောကြောင့် ထိုနေရာတွင် မထင်မှတ်ထားသော အခြေအနေများ ပေါ်ထွက်လာသည်။

နယ်စပ်ဒေသများမှာ နတ်ဆရာဂိုဏ်းနှင့် ရင်ဆိုင်ရန် အနောက်ဘက်ဒေသ တာအိုစံအိမ်သခင်နှင့် ထျန်ကန်းခန်းမ၏ လက်ထောက်ခန်းမသခင်သုံးဦးက တာအိုဂိုဏ်းတော်ထံမှာ စစ်တပ်တစ်တပ်ကို ဦးဆောင်သွားစဉ် မိစ္ဆာများက ဤအခွင့်အလမ်းကို ချိန်ဆပြီး တာအိုဘုရားကျောင်းတစ်ကျောင်းကို တိုက်ခိုက်လာခဲ့သည်။ ဤမိစ္ဆာများသည် အဆင့်-၈ တာအိုဆရာဆယ်ဦးနှင့် အဆင့်-၇ တာအိုဆရာသုံးဦးကို သတ်ဖြတ်ပြီး တာအိုဂိုဏ်းတော်ကို ရန်စလိုက်သည်။ ထိုသို့ဖြင့် တာအိုဂိုဏ်းတော်သည် ဤမိစ္ဆာများကို တတ်နိုင်သမျှမြန်မြန် ချေမှုန်းသုတ်သင်ရမည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။

ထို့ကြောင့်ပင် ခန်းမသခင်က ကျန်းယွဲ့လုကို ဤမျှအထိ အလောတကြီး ဆင့်ခေါ်လိုက်ခြင်းဖြစ်၏။

ဤတာဝန်ပေးမှုသည် ကျန်းယွဲ့လု၏ မူလအစီအစဉ်ကို ပျက်ပြားသွားစေ၏။ နောက်တစ်လနေပြီးလျှင် ရှုခို ပြန်လာဖို့ကို သူမက မျှော်လင့်ထားသည်။ သူက ပြဿနာရှာတတ်သော်လည်း ကျွမ်းကျင်တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ စောစောက သူတို့၏ တစ်ဦးချင်းတိုက်ခိုက်မှုမှာ အသေအကြေ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ ၎င်းသည် အမှန်တကယ် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဖြစ်မည်ဆိုလျှင် ကျန်းယွဲ့လုက သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်မှုမရှိပေ။ ရှုခိုနှင့် လင်းရွှမ်ကျီ၏ အကူအညီနှင့်ဆိုလျှင် ဤမိစ္ဆာအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့က အခက်အခဲရှိလိမ့်မည်မဟုတ်ဟု သူမ ယုံကြည်ထားခဲ့သည်။

သို့သော်လည်း သူတို့က စောလျင်စွာ ထွက်ခွာရတော့မည့်အတွက် ရှုခိုက ဤစစ်ဆင်ရေးမှာ ပါဝင်မလာနိုင်တော့ပေ။ ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ အလားအလာကို အသိအမှတ်ပြုထားသော်လည်း သူ၏ ကျင့်ကြံမှုက နိမ့်ကျနေဆဲဖြစ်သည်။

ကျန်းယွဲ့လု၏ အဖွဲ့မှာ ကျွမ်းကျင်တိုက်ခိုက်ရေးသမားများ လစ်ဟာနေ၏။ မည်သို့ပင်ဆိုစေ သူမက လိုအပ်ချက်နှင့်ပတ်သက်၍ စောဒကတက်မည့်သူ မဟုတ်ပေ။ ထို့ကြောင့် သုံးရက်နေလျှင် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာ၍ အနောက်ဘက်ဒေသကို သွားရောက်ဖို့ သူမက မဆိုင်းမတွ သဘောတူခဲ့သည်။

ဤသည်မှာ တာအိုဂိုဏ်းတော်မှ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် မည်သူကမှ ကန့်ကွက်ရဲခြင်းမရှိပေ။ လူတိုင်းက ခရီးစဉ်အတွက် လိုအပ်သည်များကို အလောတကြီး ပြင်ဆင်နေကြသည်။

ဆောင်းဝင်လာသည့်အချိန်မှာ အနောက်ဘက်ဒေသနှင့် မြောက်ဘက်လွင်ပြင်များသည် ကျန်းနန်ဒေသနှင့် လင်းနန်ဒေသတို့ထက် များစွာပိုမိုအေးစက်သည်။ မြောက်ဘက်လွင်ပြင်များ၏ နေရာများစွာမှာ ဆီးနှင်းများ ကျနေပြီဟူသော အစီရင်ခံတင်ပြချက်များပင် ရှိနေသည်။ ထို့ကြောင့် နွေးထွေးသော အဝတ်အစားများ၊ နေကာမျက်မှန်များနှင့် ခြုံထည်များကို မဖြစ်မနေ လိုအပ်နေသည်။ သူတို့သည် အမျိုးမျိုးသော နတ်ဆေးများ၊ စစ်တပ်သုံး အားဆေးလုံးများနှင့် အခြားလိုအပ်သော ပစ္စည်းများကိုလည်း ပြင်ဆင်ကြရသည်။

အမျိုးမျိုးသော အစာအာဟာရများနှင့် ဆေးဘက်ဝင် ပါဝင်ပစ္စည်းများကို လျှို့ဝှက်ဖော်စပ်နည်းတစ်ခုနှင့်အတူ ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ပြုလုပ်ခြင်းဖြင့် စစ်တပ်သုံး အားဆေးလုံးများကို ရရှိသည်။ သူတို့သည် ထိုကဲ့သို့သော ဆေးလုံးတစ်လုံးကို စားသုံးခြင်းဖြင့် ဆာလောင်ခြင်းမရှိဘဲ သုံးရက်သုံးည ခရီးဆက်နိုင်ကြသည်။ အမည်အတိုင်းပင် ယင်းသည် စစ်ပွဲတစ်ပွဲမှာ ချီတက်နေသော စစ်တပ်များအတွက် အထူးတလည် သင့်လျော်သည်။

သို့သော်လည်း ဤဆေးလုံးများက အလွန်တရာ ဈေးကြီးပြီး ဆေးလုံးတစ်လုံးလျှင် ထိုက်ဖျင်ဒင်္ဂါး တစ်ပြား ကျသင့်သည်။ ဆေးလုံးများက အစာအာဟာရကိုသာ ထောက်ပံ့ပေးနိုင်သည်။ သူတို့သည် ကိုင်တွယ်ရကြမ်းတမ်းပြီး ခါးသက်သော ဆေးပေါင်းရည်များကဲ့သို့ ဆိုးဝါးသော အရသာရှိသည်။ ထို့ကြောင့် တာအိုဆရာများသည် များသောအားဖြင့် ခရီးရှည်များ သွားလာသည့်အခါမှသာ ထိုဆေးလုံးများကို ဆောင်သွားတတ်ကြ၏။

ထျန်ကန်းခန်းမ၏ အားသာချက်သည် လက်နက်များကို တသမတ်တည်း ဖြန့်ဝေပေးနိုင်ခြင်းပင်။ လူတစ်ယောက်လျှင် ဓားနှစ်လက်စီ ရရှိပြီး သတ္တုဓားတစ်လက်နှင့် သစ်သားဓားတစ်လက် ဖြစ်သည်။

သတ္တုဓားများသည် ထိပ်တန်းအရည်အသွေး မော်တယ်လက်နက်များဖြစ်ပြီး ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကျားဆေဘာနှင့် ယှဉ်နိုင်သည်။ ၎င်းကို သတ်ဖြတ်ခြင်းမှာ အသုံးပြုသည့်အတွက် ကွပ်မျက်သူဟူသောအမည်ကို ရရှိထားသည်။

သစ်သားဓားသည် အရည်အသွေးနိမ့် စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး လီစန်ရှင်း၏ မြွေစိမ်းဓားပျံထက် များစွာ နိမ့်ကျသည်။ ဤသစ်သားဓားများသည် မရီးဒျန်ဟူသော အမည်ကို ရရှိထားပြီး တစ္ဆေသရဲများနှင့် ဆိုးယုတ်စိတ်ဝိညာဉ်များကို သတ်ဖြတ်ရာမှာ အသုံးချနိုင်သည်။

ခဲယမ်းလက်နက်များ တွင်ကျယ်လာခြင်းနှင့်အတူ ထျန်ကန်းခန်းမသည် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ကတည်းက ပစ္စတိုများကို စတင်၍ ဖြန့်ဝေပေးလာခဲ့သည်။ သို့သော်လည်း ထိုလက်နက်များသည် နတ်နဂါးပစ္စတိုကဲ့သို့ အရည်အသွေး မြင့်မားခြင်းမရှိဘဲ အရည်အသွေးနိမ့် ပုံစံတစ်ခုနှင့်တူပြီး ငှက်စိမ်းပစ္စတိုဟူသော အမည်ကို ရရှိထားသည်။

ငှက်စိမ်းပစ္စတိုကို နတ်ဘုရားလက်နက်တိုက်ကနေ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကျိုးရှီခေတ်၏ ဆယ့်ခြောက်ခုနှစ်မှာ ထန်ကျိခန်းမကနေ ထုတ်လုပ်ခဲ့သည်။ ၎င်းမှာ ကြေးလက်ကိုင်၊ အစိမ်းရောင် သတ္တုရည်စိမ်ထားသော သံပြောင်းနှင့် ငှက်နှုတ်သီးနှင့်ဆင်တူသည့် ပြောင်းဝရှိပြီး ငှက်စိမ်းဟူသောအမည်ကို ရရှိလာသည်။

၎င်းသည် စက်ခလုတ်နှင့် ပြောင်းရှည်ပါရှိသည့် ကျည်ထိုးသေနတ်ဖြစ်ပြီး ပေ ၄၀၀ အတွင်း ပစ်ခတ်နိုင်စွမ်းရှိသည်။ ပေ ၂၆၀ အတွင်းမှာ ၎င်းသည် ရှန်းထျန်သက်ရှိတစ်ဦး၏ ချီဒိုင်းကာကို ထိုးဖောက်နိုင်သည်။ ၎င်းသည် အမျိုးမျိုးသော နဂါးမျက်စိကျည်ဆန်များနှင့် ကိုက်ညီမှုရှိပြီး မှောင်ခိုဈေးကွက်မှာ အကြမ်းဖျင်းအားဖြင့် ထိုက်ဖျင်ဒင်္ဂါး ၅၀၀ တန်လေသည်။

ဤဓားများနှင့် ပစ္စတိုများမှာ သီးသန့် ကိုယ်ပိုင်နံပါတ်များ ပါရှိသည်။ ထို့ကြောင့် တစ်ယောက်ယောက်က ထိုလက်နက်များကို အကျိုးအမြတ်အတွက် ရောင်းချမည်ဆိုလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။

ချီရွှမ်းစုက သူ့လက်နက်များကို ထုတ်ယူရန် စွန်းယုံဖုန့်ထံသို့ သွားလိုက်၏။ သူဆောင်နေကျဓားကို ထည့်တွက်မည်ဆိုလျှင် ချီရွှမ်းစုမှာ စုစုပေါင်း လက်နက်လေးခု ရှိသွားပြီဖြစ်သည်။ သို့သော်လည်း ထျန်ကန်းခန်းမမှ တာဝန်တပည့်ဂိုဏ်းသားများသည် ချပ်ဝတ်တန်ဆာများကို မရရှိပေ။

ချီရွှမ်းစုမှာ မှော်သိုလှောင်ပစ္စည်း မရှိသောကြောင့် သူက လက်နက်နှစ်လက်ကိုသာ ဆောင်နိုင်သည်။ သူက ဘယ်ဘက်ခါးမှာ ဓားတိုနှင့် ညာဘက်ခါးမှာ ပစ္စတိုကို ချိတ်ဆွဲလိုက်သည်။

ကျန်းယွဲ့လုမှာ မှော်သိုလှောင်ပစ္စည်းတစ်ခု ရှိထားပြီး လက်နက်များကို သူမ၏ ကိုယ်ပေါ်မှာ သယ်ဆောင်စရာမလိုပေ။ ထို့ကြောင့် ချီရွှမ်းစုသည် ဒဏ္ဍာရီလာ အင်မော်တယ်တစ်ပိုင်းပစ္စည်းကိုလည်း သူမထံမှာ မတွေ့မြင်ရပေ။

ထျန်ကန်းခန်းမသည် တာရွှယ်တောင်ပေါ်မှာရှိသော အနောက်ဘက်ဒေသ တာအိုစံအိမ်သို့ သူတို့ကို ဝေဟင်ပျံသင်္ဘောဖြင့် ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုဝေဟင်ပျံသင်္ဘောက ကျောက်စိမ်းရေကန်မှာ ဆိုက်ကပ်လိမ့်မည်။

တာရွှယ်တောင်သည် မူလက နတ်ဆရာဂိုဏ်း၏ အထွတ်အမြတ်နေရာဖြစ်ခဲ့ပြီး ရွှေပြည်သစ်ဘုရင်၏ ခမ်းနားသော နန်းတော်လေးဆောင်ထဲမှာ တစ်ဆောင်ဖြစ်ခဲ့သည်။ သို့သော်လည်း မဟာရွှမ်မင်းဆက်၏ ထိုက်ဖျင်ခေတ် ဆယ့်တစ်ခုနှစ်မှာ တာရွှယ်တောင်ကို အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်က သိမ်းပိုက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ တာရွှယ်တောင်နန်းတော်သည် အနောက်ဘက်ဒေသ တာအိုစံအိမ် ဖြစ်လာခဲ့သည်။ နတ်ဆရာဂိုဏ်းက သူတို့၏ အထွတ်အမြတ်ကုန်းမြေကို ပြန်လည်ရယူလိုပြီး တာအိုဂိုဏ်းတော်နှင့် အကြိမ်များစွာ တိုက်ခိုက်နေခဲ့ကြသည်။

သို့သော်လည်း ကျန်းယွဲ့လုက ဝေဟင်ပျံသင်္ဘောကို အသုံးပြုဖို့ ငြင်းဆန်ပြီး ခြေကျင်ခရီးသွားဖို့သာ ဆုံးဖြတ်လိုက်၏။ ခွန်လွင်ဒေသကကို အနောက်ဘက်ဒေသအတွင်းမှာ ရှိနေပြီး ခရီးစဉ်က သိပ်ပြီးမဝေးသောကြောင့်ဖြစ်သည်။ နောက်ထပ် အကြောင်းအရင်းမှာ မြေပြင်ဒေသကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်ကျော်ခြင်းဖြင့် အခြေအနေကို ပို၍ကောင်းကောင်း နားလည်သဘောပေါက်စေဖို့ဖြစ်သည်။

ရှစ်လပိုင်း ၂၀ရက်နေ့ မနက်စောစောမှာ အယောက်ခြောက်ဆယ်ကျော်ပါသော လူတစ်အုပ်စုသည် ကျောက်စိမ်းနေပြည်တော် ထျန်ကန်းခန်းမကနေ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် ရှစ်လပိုင်း ၂၂ရက်နေ့ ညနေပိုင်းမှာ ခွန်လွင်တောင်ပေါ်ရှိ နောက်ဆုံး တာအိုဘုရားကျောင်းသို့ ရောက်ရှိသွားကြသည်။

နှစ်ရက်မျှ ခရီးသွားရုံဖြင့် သူတို့ကြား ကွာဟချက်များက ပေါ်ထွက်လာ၏။ ချီရွှမ်းစု၊ ကျောက်ပိုင်နှင့် ခရီးသွားလာနေကျသူများသည် ဤခရီးစဉ်မှာ မဖြုံသော်လည်း ကျောက်စိမ်းနေပြည်တော်မှာ အသားကျ နေထိုင်လာခဲ့သော မူကျင်းလိုသူများက သူတို့၏ ပင်ပန်းနွမ်းနယ်မှုကို မဖုံးနိုင်မဖိနိုင် ဖြစ်လာကြသည်။

တာအိုဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော်က သူတို့ကို ထွက်တွေ့သည့်အခါ ချီရွှမ်းစုက ထျန်ကန်းခန်းမမှ စာရွက်စာတမ်းများနှင့်အတူ အနားကို ချဥ်းကပ်ပြီး လူတိုင်း၏ သရုပ်သကန်ကို ရှင်းပြလိုက်၏။ ထို့နောက် သူက ကျန်းယွဲ့လုကို လက်ဟန်ခြေဟန်ဖြင့် မိတ်ဆက်ပေးလိုက်၏။

“ဒါက ထျန်ကန်းခန်းမရဲ့ လက်ထောက်ခန်းမသခင်ကျန်းပါ… ဆရာတော်မှာ ပိုကောင်းတဲ့ ဧည့်ခန်းအပိုရှိမယ်ဆိုရင် လက်ထောက်ခန်းမသခင်ကျန် ကိုယ်လက်သန့်စင်ဖို့အတွက် ကျေးဇူးပြုပြီး ပေးသုံးလို့ရမလားခင်ဗျာ”

ကျောင်းထိုင်ဆရာတော်သည် အသက်ပိုကြီးသော လင်းချွမ်ကျီကို စစချင်း သူတို့အုပ်စု၏ ခေါင်းဆောင်အဖြစ် အမှတ်မှားသွားခဲ့သည်။

သူတို့ကြားမှာ အငယ်ဆုံး ကျန်းယွဲ့လုက အမြင့်မားဆုံးရာထူးကို ရယူထားသည့်အတွက် သူက အံ့အားသင့်သွားသည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လု၏ နာမည်ဂုဏ်သတင်းကို ကြားဖူးထားသည့်အတွက် ကျောင်းထိုင်ဆရာတော်က သူမကို လျစ်လျူမရှုရဲဘဲ နေရာထိုင်ခင်းပေးရန် ဘုရားကျောင်းထဲသို့ ခေါ်ဆောင်သွားလေသည်။ သူသည် တတိယအဆင့် တာအိုဆရာတစ်ဦး၏ စံနှုန်းစံထားများအတိုင်း သူမကို ပြုမူဆက်ဆံပေးသည်။

သို့သော်လည်း အခြားသူများကတော့ ကံမကောင်းကြရှာပေ။ သူတို့၏ ရာထူးများကိုလျစ်လျူရှုပြီး သူတို့၏ ကိုယ်ပိုင်အဆင့်များအလိုက်သာ ပြုမူဆက်ဆံခံရသည်။

ချီရွှမ်းစု၊ မူကျင်း၊ ကျောက်ပိုင်နှင့် ရှူကျန်းတို့အားလုံးက အမှုဆောင်များဖြစ်သော်လည်း ချီရွှမ်းစုသည် အဆင့်-၇ တာအိုဆရာတစ်ဦးသာဖြစ်သည့်အတွက် သူ့ကိုပေးသောအဆောင်အယောင်က သိသိသာသာပိုမိုနိမ့်ကျသည်။

ထျန်ကန်းခန်းမမှာ နေခဲ့သည့် စွန်းယုံဖုန့်၊ ထန်ပေါင့်ပေါင်နှင့် ဒဏ်ရာရထားသော ရှုခိုကလွဲလျှင် လူတိုင်းက ဤခရီးစဥ်မှာ ကျန်းယွဲ့လုနှင့်အတူ အနောက်ဘက်ဒေသို့ လိုက်ပါလာကြ၏။

ခွန်လွင်းဒေသ၏ တောင်ပူစာမှာရှိသော ဤတာအိုဘုရားကျောင်းက တည်းခိုခန်းတစ်ခုနှင့် ဆင်တူနေသည်။ အခန်းများထဲမှာ အတော်လေး နွေးထွေးနေ၏။ ချီရွှမ်းစုက ခဏလောက်အနားယူဖို့ကြံပြီး သူ၏ အပေါ်ဝတ်ရုံကို ချွတ်ချလိုက်စဥ် သူ၏ လက်အောက်ငယ်သား ရှောင်လီယိုက တံခါးလာခေါက်၍ ပြောလိုက်၏။

“အမှုဆောင်ချီ… လက်ထောက်ခန်းမသခင်က ခင်ဗျားကို တွေ့ချင်နေပါတယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြ၍ သူ၏ အပေါ်ဝတ်ရုံကို အလျင်အမြန် ပြန်ဝတ်ပြီး ကျန်းယွဲ့လု၏ အခန်းရှိရာသို့ တာအိုအစောင့်တစ်ဦးနှင့်အတူ လိုက်ပါသွားသည်။

ခွန်လွင်တောင်က ကျယ်ပြော၍ လူနေကျဲပါးပြီး တာအိုဘုရားကျောင်းက ကြီးမားသော နေရာတစ်ခုကို သိမ်းပိုက်ယူထားသည်။ ချီရွှမ်းစု၏ အခန်းကနေ ကျန်းယွဲ့လု၏ အခန်းသို့ အတော်လေး ဝေးကွာသေးသည်။ ချီရွှမ်းစုသည် ရှည်လျားသော စင်္ကြံနှစ်ခုကို ဖြတ်ကျော်ပြီးနောက် သီးသန့်ခြံဝန်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။

သူ့ကို လမ်းပြလာသော တာအိုအစောင့်က ထိုနေရာမှာ ရပ်တန့်သွား၏။ ချီရွှမ်းစုက ခြံဝန်းထဲသို့ ဝင်ရောက်၍ စာကြည့်ခန်းရှေ့သို့ ရောက်သောအခါ တံခါးကို ညင်သာစွာ ခေါက်လိုက်၏။

အထဲကနေ ကျန်းယွဲ့လု၏ အသံက ထွက်ပေါ်လာသည်။

“ဝင်လာခဲ့လေ”

ချီရွှမ်းစုက တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်၏။ အထဲမှာ နွေးထွေး၍ နေရထိုင်ရ သက်တောင့်သက်သာရှိပြီး စာကြည့်ခန်းတစ်ခုလုံးကို ဖယောင်းတိုင်နှစ်တိုင်က လင်းထိန်နေအောင် အလင်းပေးထားသည်။ အနောက်ဘက်ဒေသပုံစံ ကော်ဇောတစ်ချပ်ကို ကြမ်းပြင်မှာ ခင်းထား၏။

သူမ၏ အပေါ်ဝတ်ရုံကို ချွတ်ထားသော ကျန်းယွဲ့လုက စားပွဲခုံနောက်မှာထိုင်၍ သူမနှင့်အတူ ယူဆောင်လာသည့် စာလိပ်များကို စိတ်ဝင်တစား ဖတ်ရှုနေ၏။

“ထိုင်လေ”

ကျန်းယွဲ့လုက မော့မကြည့်ဘဲ ပြောလိုက်၏။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ရှေ့တည့်တည့်မှာ ထိုင်ပြီး မေးလိုက်၏။

“မိန်းမပျိုထန်ထိုက်… ခင်ဗျား ကျုပ်ဆီကနေ တစ်ခုခု လိုအပ်တာ ရှိလို့လား”

ကျန်းယွဲ့လုက စာလိပ်ကို ချီရွှမ်းစုထံ တွန်းပို့ပေးပြီး ပြောလိုက်၏။

“ဒါက… အနောက်ဘက်ဒေသက မိစ္ဆာအန္တရာယ်ရဲ့ အနှစ်ချုပ်ပဲ… ရင်းနှီးသွားအောင် တစ်ချက်ယူကြည့်လိုက်”

ချီရွှမ်းစုက စာလိပ်ကိုယူပြီး အသိအမှတ်ပြု ခေါင်ညိတ်လိုက်၏။

“တခြားသူတွေက သူတို့ရဲ့ စာလိပ်တွေကို ယူသွားကြပြီ”

ကျန်းယွဲ့လုက ထပ်ပြောလိုက်၏။

“အဆင့်-၇ တာအိုဆရာတစ်ဦးအနေနဲ့ ရှင့်ကိုပေးထားတဲ့ အခန်းက စားပွဲခုံကောင်းကောင်းမရှိတဲ့ ရိုးရိုးအခန်းတစ်ခန်းပဲ… အဲဒီမှာ မီးရောင်ကလည်းမှိန်တယ်… ရှင် အဲဒါကို ဒီမှာဖတ်တာ ပိုကောင်းလိမ့်မယ်”

ချီရွှမ်းစုက သူမ၏ ကမ်းလှမ်းမှုကို ချက်ချင်းမငြင်းပယ်ပေ။ ထိုအစား သူတို့၏ သရုပ်သကန်ကို သူက သတိပေးလိုက်၏။

“အခုက နောက်ကျနေပြီ… ကျုပ် ဒီမှာ ကြာကြာဆက်နေရင် အတင်းအဖျင်းတွေ ထွက်လာလိမ့်မယ်… အဲ့ဒါက ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်”

ကျန်းယွဲ့လုက ညင်သာစွာပြုံး၍ ပြောလိုက်၏။

“လိပ်ပြာသန့်နေရင် ရှင်းပြစရာမလိုဘူး… လူတွေ ဘယ်လိုထင်လဲ ကျမ ဂရုမစိုက်တတ်ဘူး… ရှင်ကရော ဘာလို့ ဂရုစိုက်နေမှာလဲ”

ကျန်းယွဲ့လုက ဂရုမစိုက်ကြောင်း ပြသလိုက်သည့်အတွက် ချီရွှမ်းစုကလည်း ထပ်မံ၍ မပြောဆိုတော့ပေ။ ဒါ့အပြင် တာအိုဓလေ့ထုံးတမ်းသည် ကွန်ဖြူးရှပ်ဓလေ့ထုံးတမ်းလို အမျိုးသားများနှင့် အမျိုးသမီးများအကြား ထိတွေ့ဆက်ဆံမှုကို တင်းကျပ်စွာ ကန့်သတ်ထားခြင်းမရှိချေ။ ချီရွှမ်းစုက ကျန်းယွဲ့လုနှင့် ထောင့်ဖြတ်မှာထိုင်ပြီး အတော်လေးထူသော စာလိပ်ကို ဖတ်ရှုနေ၏။

စာလိပ်ကို ဖတ်ပြီးနောက် ဤမိစ္ဆာများသည် အနောက်ဘက်ဒေသ တိုင်းပြည်များကနေ အမှန်တကယ် ရွှေ့ပြောင်းလာခြင်းဖြစ်ကြောင်း ချီရွှမ်းစု သိရှိသွားသည်။ သူတို့မှာ အနောက်ဘက်ဒေသများမှ လူများ၏ သွင်ပြင်လက္ခဏာများဖြစ်သော နှာတံရှည်ရှည်နှင့် ချိုင့်ဝင်နေသော ရောင်စုံမျက်လုံးများ ရှိကြသည်။ သူတို့သည် ညဘက်မှာ ပြုမူလှုပ်ရှားပြီး သဘာဝလွန် ပြန်လည်ကုသနိုင်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် ပုံရိပ်ယောင်များကိုလည်း ကောင်းကောင်းအသုံးချနိုင်ပြီး ယခုအချိန်ထိတော့ သူတို့၏ ရည်ရွယ်ချက်သည် အနောက်ဘက်ဒေသမှာ အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ဖို့ဖြစ်ပုံရသည်။

ချီရွှမ်းစုက စာလိပ်ကို ဖတ်ပြီးသွားသည်ကိုမြင်ပြီး ကျန်းယွဲ့လုက မေးလိုက်၏။

“အဲ့ဒါနဲ့ပတ်သက်ပြီး ရှင် ဘယ်လိုထင်လဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ထိုက်ဖျင်ခေတ်ရဲ့ ၁၀ ခုနှစ်ကတည်းက အနောက်ဘက်ဒေက တည်ငြိမ်အေးချမ်းမှုမရှိခဲ့ဘူး… တာအိုဂိုဏ်းတော်၊ ဗုဒ္ဒဂိုဏ်း၊ နတ်ဆရာဂိုဏ်း၊ ရှေးကျတဲ့အင်မော်တယ်တွေနဲ့ ရုနိုင်ငံလို အဖွဲ့အစည်းအမျိုးမျိုးက အဲဒီနေရာမှာ ခြေရှုပ်နေခဲ့ကြတာ… ဒီနေ့အထိကို တာအိုဂိုဏ်းတော်က အဲဒီဒေသကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး”

“နောက်ပြီး အနောက်ဘက်ဒေက အနောက်ဘက်တိုင်းပြည်တွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်လမ်းကြောင်းတစ်ခုပဲ... အဲဒီမှာ လူပေါင်းစုံရှိပြီး နိုင်ငံအမျိုးမျိုးက ကုန်သည်တွေက ရောထွေးနေတယ်… အဲဒါက တကယ့်ကို ယဥ်ကျေးမှုမျိုးစုံ ပေါင်းစုံနေတဲ့နေရာပဲ… အဲဒီဒေသရဲ့ ကျယ်ပြောမှုနဲ့ လူနေကျဲပါးမှုအရဆို အဲဒီပြင်ပမိစ္ဆာတွေကို အဲဒီနေရာမှာ ခြေကုပ်ရယူခွင့်ပေးလိုက်မယ်ဆိုရင်... သူတို့တွေက တခြားအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့သွားမယ်ဆိုရင် သူတို့ကို ချေမှုန်းသုတ်သင်ဖို့က ပိုပြီးတော့ ခက်ခဲသွားလိမ့်မယ်”

“အဲဒါကြောင့် ကျုပ်တို့က ဒီအခွင့်အရေးကိုချိန်ဆပြီး သူတို့ကောင်းကောင်းပြင်ဆင်မထားတုန်း တစ်ခါတည်း အမြစ်ပြတ်ရှင်းလင်းသုတ်သင်ရမယ်”

ကျန်းယွဲ့လုက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ရှင့်ရဲ့စကားက ထျန်ကန်းခန်းမက ဝါစဉ်မြင့်အဖွဲ့ဝင်အတော်များများရဲ့ လေသံနဲ့ ကိုက်ညီမှုရှိတယ်… အနောက်ဘက်ဒေသတာအိုစံအိမ်က ဗျာများနေတဲ့အတွက် အဲ့ဒီမိစ္ဆာတွေက အခွင့်အလမ်းကိုချိန်ဆပြီး သောင်းကျန်းလာမယ်လို့ သူတို့ ယုံကြည်ထားတယ်… သူတို့ရဲ့ ရည်ရွယ်ချက်က ပစ္စည်းဥစ္စာနဲ့ငွေကြေး ဒါမှမဟုတ် သူတို့ရဲ့ ဩဇာအာဏာကို တည်ဆောက်ဖို့ ဆန္ဒရှိနေတာ ဖြစ်နိုင်တယ်…”

“ဒါပေမယ့်… ကိစ္စတွေက ထင်ထားသလောက် မရိုးရှင်းဘူးဆိုတဲ့ ခံစားချက်ကို ကျွန်မ လွှတ်ချလို့မရဘူး ဖြစ်နေတယ်… သူတို့တွေက အနောက်ဘက်ဒေသမှာ ခြေကုပ်ရယူချင်တာဆိုရင် တာအိုဂိုဏ်းတော်ကို ရန်စတာက တန်ပြန်ရိုက်ခတ်မှု ကြီးမားလာမယ့်အတွက် အဲ့ဒါက ဉာဏ်ရှိရာကျတဲ့ လှုပ်ရှားမှုမဟုတ်ဘူး… အဲ့ဒီမိစ္ဆာတွေမှာ တခြားမကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမယ်လို့ ကျွန်မ ယုံတယ်”

ပေးလာသောအမိန့်ကို မေးခွန်းထုတ်ခြင်းမရှိဘဲ ရလဒ်ကိုသာ အာရုံစိုက်ထားသည့် ချင်းဖျင်အသင်းတော်၏ အမူအကျင့်များနှင့် အသားကျနေသော ချီရွှမ်းစုက မေးလိုက်၏။

“အဲ့ဒီမိစ္ဆာတွေရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ဒေသခံဂိုဏ်းဂဏတွေကြားမှာ အကျိုးစီးပွားအတွက် ပဋိပက္ခတစ်ခု ရှိနေမှာပဲမလား… ကျုပ်တို့က သူတို့ကိုကိုင်တွယ်ဖို့အတွက် အဲ့ဒီဒေသဆိုင်ရာ ဂိုဏ်းဂဏတွေကို အသုံးချလို့ မရနိုင်ဘူးလား”

ကျန်းယွဲ့လုက ပြန်ပြောလိုက်၏။

“အဲ့ဒီလူတွေက တာအိုတပည့်ဂိုဏ်းသားတွေကို မသတ်ဖြတ်ခဲ့ဘူးဆိုရင် အဲ့ဒီနည်းလမ်းက အလုပ်ဖြစ်ကောင်း ဖြစ်နိုင်တယ်… ဒါပေမယ့် သူတို့တွေက ကျွန်မတို့ ဂိုဏ်းသားတွေကို သတ်ဖြတ်လိုက်တဲ့အတွက် အခြေအနေက လုံးဝပြောင်းလဲသွားပြီ… ခန်းမသခင်ရဲ့ ရည်ရွယ်ချက်က တာအိုဂိုဏ်းတော်ကို ဆန့်ကျင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲကို နမူနာပြတဲ့အနေနဲ့ သူတို့ကို လူသိရှင်ကြား အပြစ်ပေးဖို့ ဖြစ်လာတယ်။”

ချီရွှမ်းစုက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကျုပ် နားလည်ပါပြီ။”

All Chapters