← Chapters

အချိန်တွေ အကုန်မြန်လိုက်တာ

Vol. 5 Ch. 446

အချိန်တွေ အကုန်မြန်လိုက်တာ

Vol. 5 Ch. 446

ပိုင်ယွိဖေးသည် အိပ်ပျော်နေရာမှ နိုးလာသည့် အခါတွင်တော့ စားပွဲထက်မှ ကဗျာလေးကို စိုက်ကြည့် နေမိလေသည်။

ထိုကဗျာလေးကို ဖတ်ရင်း သူ၏ စိတ်ထဲတွင် ဝမ်းနည်းခြင်းကို ခံစားလိုက်ရသလို စိတ်သက်သာရာလည်း ရသွားခဲ့ လေသည်။

ထိုကဗျာလေးထဲတွင် ဆန်းလျန်၏ အတွေ့အကြုံနှင့် ခံစားချက်များကို မြင်တွေ့ နေရလေသည်။

နောက်ဆုံးတော့ နတ်ဘုရားများ ဆိုသည်ကလည်း လူသားများပင် မဟုတ်ပါလား။ ဘဝသံသရာ ပင်လယ်ကြောတွင် ရုန်းမထွက်နိုင်ကြဘဲ နစ်မွမ်း နေကြဆဲပင် ဖြစ်လေသည်။

ပိုင်ယွိဖေးသည် စားပွဲကို ကောက်မလိုက်လေသည်။ သို့သော် ထိုစားပွဲကို မည်သည့်နေရာသို့ ရွှေ့ထားရမည်ကိုလည်း မသိ ဖြစ်နေရလေသည်။ နောက်ဆုံးတွင်တော့ မူလနေရာတွင်ပင် ပြန်ချ ထားလိုက်လေတော့သည်။

သူက ထိုကဗျာလေးကို ဖျက်ပစ်ချင်စိတ်လည်း မရှိသလို ဂါထာတစ်ပုဒ်လို ရွတ်ဖတ် နေချင်စိတ်လည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဗျာလေးထဲတွင် ဆန်းလျန်၏ ကြေကွဲခြင်းများကို မြင်တွေ့ နေရသောကြောင့် ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့….

ပိုင်ယွိဖေးသည် လယ်တောသူ မိန်းမပျို တစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး သားသမီးများစွာ ထွန်းကား ခဲ့လေသည်။ သူက ဆန်းလျန် ပြောပြသည့် ဆန်းလျန်၏ ဘဝဇာတ်လမ်းများကို သူ၏ ကလေးများကို ပုံပြင်အဖြစ် ပြန်ပြောပြလေ့ ရှိလေသည်။

ထိုပုံပြင်များသည် မျိုးဆက် တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းသွားပြီး ဆန်းလျန်သည် ဒဏ္ဍာရီသဖွယ် ထင်ကျန်ရစ် လေတော့သည်။

ဆီးနှင်းမိုးများ ရွာသွန်းခြင်း မရှိသည့်တိုင် ကျီဖူတောင်ထိပ်ရှိ မြင်ကွင်းကတော့ အလွန်မှ ထူးခြားစွာ လှပ လွန်းလေသည်။

နှင်းပွင့်လေးများက အနည်းငယ် ကျဆင်းနေပြီး ပန်းများက လှပစွာ ပွင့်လန်း နေကြလေသည်။ ကျီဖူတောင်ထိပ်တွင် ယင် နှင့် ယန်သည် သဟဇာတ ဖြစ်လျက် ရှိလေသည်။

ချင်းရှဝတ် ကျောင်းတော်မှ ပြန်လာသည့် ဆန်းလျန်သည် ကျီဖူတောင်ထိပ်မှ လှပသည့်ရှုခင်းကို ငေးကြည့် နေမိလေသည်။ ဆန်းလျန်မှမဟုတ်၊ ထိုရှုခင်းကို ချင်းရွှမ်နတ်တံခါးမှ လူများအားလုံး ငေးမောကြည့်ကြရသည် ချည်းပင် ဖြစ်သည်။

ကျီဖူတောင်ထိပ်တွင် ကျိလင်နတ်သမီးသည် တရားထိုင် နေလေသည်။

ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များက ကျိလင်နတ်သမီး၏ ယင်နှင့်ယန်ကို သဟဇာတ ဖြစ်စေသည့် တန်ခိုးစွမ်းအားကြောင့် ကျီဖူတောင်ထိပ်သည် ထိုမျှ လှပနေရသည်ဟု ခန့်မှန်း ပြောဆိုလေ့ ရှိကြလေသည်။

ဆန်းလျန်၏ စိတ်များက လွတ်လပ် ပေါ့ပေါးနေပြီး လောကတွင် သူ့အတွက် စိတ်ပူစရာ ဘာမှ မရှိတော့သလို ခံစားနေရလေသည်။ အရက်သောက်ရင်း သူ့အကြောင်းများ အားလုံးကို သူငယ်ချင်း ဖြစ်သူထံ ရင်ဖွင့် လိုက်ရသောကြောင့်လည်း ဖြစ်ဟန်တူလေသည်။

ယန်ရွှီးနှင့် တိုက်ခိုက်သည့် အခါ သူ့စိတ်သည် ကြည်လင်နေဖို့ လိုလေသည်။ သူအနိုင် ရမည်လား၊ ရှုံးနိမ့်မည်လား မည်သူမျှ မခန့်မှန်းနိုင်ပေ။ သို့သော် တိုက်ပွဲကတော့ အံ့သြ တုန်လှုပ်စရာ တိုက်ပွဲတစ်ခု ဖြစ်မည်မှာ သေချာလေသည်။ ထို့ပြင် ထိုတိုက်ပွဲသည် သူ့ဘဝတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ယန်ရွှီးသည် သူနှင့် လက်ရည် ညီသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သောကြောင့်ပင်။

ချန်ပေသိုနှင့်တိုက်ပွဲသည် သူတို့ နှစ်ယောက်လုံး အတွက် အရှုံး ဖြစ်ခဲ့လေသည်။ သို့သော် ဆန်းလျန်က ရွေးချယ်စရာ မရှိသောကြောင့်သာ ချန်ပေသိုနှင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပြီး ဆန်းလျန်၏ ဓားသိုင်းစွမ်းရည်သည် ချန်ပေသိုလောက် ကောင်းမွန်ခြင်း မရှိပေ။

ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား၏ အကူအညီသာ မရခဲ့လျှင် သူသည် တာအိုနှင့်လည်း တစ်သားတည်း ကျအောင် ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် ချန်ပေသိုကိုလည်း မရှုမလှရှုံးကာ အသက်ဆုံးရမည် ဖြစ်လေသည်။

သို့သော်… ယန်ရွှီးနှင့်ကတော့ ထိုသို့ မဟုတ်ပေ။  ယန်ရွှီးနှင့် ဆန်းလျန်မှာ လက်ရည်တူသူ နှစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် ဝိညာဉ် မြစ်ရေထက်မှ ဖြတ်ကျော်ကာ ကျီဖူတောင်ထိပ်ရှိ ချိုင့်ဝှမ်း တစ်ခုဆီသို့ ရောက်ရှိ လာလေသည်။ သူက ကျီဖူတောင်ထိပ်ရှိ သစ်ပင်များမှ သစ်ကိုင်းများကို ကိုင်လှုပ် ဆော့ကစားရင်း၊ သစ်ရွက်ကြွေများကို ငေးကြည့်ရင်း လမ်းလျှောက် လာလေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင်ဆီမှ မိုးမခပင်များမှ ကြွေကျလာသည့် မိုးမခရွက်များသည် ချိုင့်ဝှမ်းလေး အတွင်းမှ စမ်းချောင်းလေး ထက်သို့ ကျဆင်းလာပြီး စမ်းချောင်းလေးသည် နေရောင်ခြည် အောက်တွင် ငွေရောင် တောက်ပ နေလေသည်။

ထိုရှုခင်းသည် ဆန်းလျန်ကို ရင်သပ်ရှုမော အံ့သြစေသည်။

ဆရာဘွားဘွား ကျိလင်သည် ခရမ်းနုရောင် ပိုးသားပျော့ပျော့ ဝတ်စုံလေးကို ဝတ်ဆင် ထားလေသည်။ သူမ၏ အလှတရားသည် ကောင်းကင်ထက်တွင် လွင့်မျောနေသည့် ခရမ်းရောင် တိမ်တစ်စနှင့် ဆင်တူလေသည်။ ခါးထိ ရှည်လျားသည့် သူမ၏ လှပလွန်းသည့် ဆံနွယ်များနှင့် ကျောက်စိမ်းသားကဲ့သို့ နူးညံ့လွန်းသည့် အသားအရေကို ပိုင်ဆိုင်ထားသည့် ကျိလင်နတ်သမီး၏ အလှတရားသည် ကမ္ဘာ့ထိပ်တန်း အလှတရား တစ်ခုထက်ပင် သာလွန်လေသည်။

ကျိလင်နတ်သမီးသည် အလွန်မှ ချောမော လှပလွန်းသည့် အတွက် ဆန်းလျန်သာ သာမန် လူတစ်ယောက်ဆိုလျှင် ကျိလင်နတ်သမီးကို မော်ဖူးဝံ့မည်ပင် မဟုတ်ပေ။

ကျိလင်နတ်သမီးသည် ဆီးနှင်းကဲ့သို့ ဖြူစင်သည့် စက္ကူ တစ်ရွက်ပေါ်တွင် စုတ်တံကို ကိုင်ကာ ပန်းချီ ဆွဲနေလေသည်။ စက္ကူထက်တွင် ငါးတစ်ကောင်ပုံ ရှိနေပြီး အလွန်မှ အသက်ဝင် လှသည်။ ထိုငါးသည် ဖော်ပြခြင်းငှာ မစွမ်းသာသည့် တာအိုကာရံနှင့် အတူ စီးဆင်း သွားတော့မည့် အလား ထင်မှတ်ရလေသည်။

နောက်ဆုံး စုတ်ချက်ရေးဆွဲ ပြီးချိန်တွင်တော့ ကျိလင်နတ်သမီးသည် သူမဘေးနားတွင် ဆန်းလျန်ကို မြင်တွေ့ လိုက်ရလေသည်။ သူမသည် အိပ်မက်မှာ နိုးထလာသူ တစ်ယောက်ပမာ ခံစားလိုက်ရသည်။

ဆန်းလျန်သည် ဆရာဘွားဘွား ရေးဆွဲနေသည့် ထိုက်ချိယင်ယန် ပန်းချီကားကို တိတ်တဆိတ် ကြည့်နေရင်း သူ၏စိတ်များသည် ငြိမ်သက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းကို တစ်ပြိုင်တည်း ခံစားနေရလေသည်။

ယန်နှင့်ယန် ငါးလေးသည် တာအိုကာရံနှင့်အတူ စီးမျောရင်း မိုးနှင့် မြေကြားတွင် အဆက်မပြတ် စီးဆင်းနေရာမှာ သဘာဝ ပင်လယ်အတွင်းသို့ ဆက်လက် စီးမျော သွားလေသည်။

ထို့ပြင် ထိုပန်းချီကား၏ ဘေးတွင် စာကြောင်းတစ်ကြောင်း ရေးထားလေသည်။

“လင်ထိုင်ဖန်းကျွမ်းစန်း၊ ရှယ်ယွဲ့စန်းရှင်းသုန့်”

အဓိပ္ပာယ်မှာ…

“လင်ထိုင်ဖန်းကျွမ်းတောင်၊ လဝင်ချိန်၊ ကြယ်သုံးပွင့်ဂူ”

ထိုစာကြောင်းကို ဆန်းလျန်လည်း ရေးသား ခဲ့ဖူးလေသည်။ ထို့ကြောင့် ဆန်းလျန်သည် ပန်းချီကား၏ အဓိပ္ပာယ်ကို ချက်ချင်းပင် ရင်းနှီး သွားသလို ခံစားလိုက်ရတော့သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဆန်းလျန်က စကား စပြောလိုက်သည်။

“ဆရာဘွားဘွားက ကျင့်စဉ်လမ်း တစ်ခုတည်းကိုပဲ အာရုံစိုက်တယ်၊ တခြားပြင်ပ ကျင့်စဉ်တွေကို စိတ်မဝင်စားဘူး ဆိုတာ လူတိုင်း သိကြပါတယ်၊ ဒါပေမဲ့ သူတို့မသိတာက တာအိုမဟာ လမ်းစဉ်ဟာ အစနဲ့ အဆုံး တစ်ခုတည်းပဲ ဆိုတာကိုပေါ့၊ တစ်ခုဖြစ်ဖြစ် နှစ်ခုဖြစ်ဖြစ် သုံးခုဖြစ်ဖြစ် အားလုံးက အတုအယောင်တွေပဲ၊ နောက်ဆုံးမှာတော့ အားလုံးဟာ တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားကြတယ်၊ ကြည့်ရတာ ဆရာဘွားဘွား ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ် တစ်ခုလုံးကို အောင်မြင်ဖို့ သိပ်မလိုတော့ဘူး မဟုတ်လား”

ကျိလင် နတ်သမီး ရေးဆွဲထားသည့် ထိုက်ချိယင်ယန် ပန်းချီကားမှာ ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ထိုက်ချိ ပန်းချီကားကို တုပပြီး ရေးဆွဲထားခြင်း ဖြစ်လေသည်။ သို့သော် ကျိလင်နတ်သမီး၏ ထူးချွန်မှုကြောင့် ထိုက်စန့် တာအိုဆရာသခင် ချန်ထားခဲ့သည့် တရားအဓိပ္ပာယ်ကို ကျိလင်နတ်သမီး၏ ပန်းချီကားထဲတွင် အကန့်အသတ်မရှိ တွေ့မြင်နိုင်လေ သည်။

ဆန်းလျန်သည်လည်း ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နှင့် ပတ်သက်ပြီး ကျင့်စဉ် လမ်းတစ်လျှောက် အတွေ့အကြုံများစွာ ရခဲ့သော်လည်း ဆရာဘွားဘွားကိုတော့ မီနိုင်ဦးမည် မထင်ပေ။

ကျိလင်နတ်သမီးက ပြုံးလိုက်ရင်း…

“ငါ့မှာ မင်းကို ဘာမှလည်း သင်ကြား မပေးလိုက်ရဘူး၊ မင်းက ဆရာဘွားဘွားလို့ ခေါ်တာကိုတောင် မခံယူထိုက်ပါဘူး”

ဆန်းလျန်သည် ထိုအပြောများကြောင့် ဆရာဘွားဘွားကို မလေးစားဘဲ မနေနိုင်တော့ပေ။ သူ့စိတ်ထဲတွင်လည်း နောင်တ ရသွားမိလေသည်။ ဆရာဘွားဘွား ရေးဆွဲထားသည့် ပန်းချီကားကို ကြည့်ခြင်းအားဖြင့် သူမသည် အချိန်မရွေး လောကကို ကျော်လွန် သွားနိုင်မည့် နတ်ဘုရား တစ်ပါးဖြစ်နေလေပြီ။

သူမသည် ဆရာဘိုးဘိုးယွမ်ချင်း၊ ဆရာဘွားဘွား လီချင်းဆွေတို့၏ ခြေရာကို ကျိန်းသေ နင်းနိုင်မည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူမသည် လောကီရေးရာများထဲတွင် အချိန်ဖြုန်းတီးမည့် အစား လောကကို ကျော်လွန်သွားသည့် နတ်ဘုရားတစ်ပါး ဖြစ်လာ ပေတော့မည်။

အမှန်တော့ ရှန်စန်းကျန်းရန် လုကျိုးယွမ်သည် မိုးနှင့်မြေတွင် အခြားသော နတ်ဘုရားများနှင့် မတူသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူသည် လောကကို ကျော်လွန်၍ ရနေသည့်တိုင် ထိုလမ်းကို မလျှောက်လှမ်းခဲ့ဘဲ လူ့လောကတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ထိုသူသည် ယခုတော့ နဂါးငွေ့တန်းကို ဖြတ်ကျော်ကာ စကြဝဠာထဲတွင် ခရီးလှည့်လည် နေလေသည်။ သူ မည်သည့်နေရာသို့ ရောက်နေသည်လဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ သူသာရှိနေပါက ဆန်းလျန်နှင့် ယန်ရွှီးကို ကျင့်ကြံသူလောကတွင် အဓိကကျသည့် သူများဟု မည်သူကမှ မှတ်ယူလိမ့်မည် မဟုတ်ပေ။

“ဆရာဘွားဘွား၊ ဒီလောကမှာ ဆရာဘွားဘွားက အကြာကြီးနေဦးမှာ မဟုတ်လား၊ ဒါပေမဲ့ ဆရာဘွားဘွား သိမြင်ချင်တာတွေကို ဆက်ပြီး ရှာဖွေချင်လို့ လောကကို ကျော်လွန် သွားမယ်ဆိုရင်လည်း ကျွန်တော် ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ၊ အဲဒီလိုမျိုး မဖြစ်စေချင်သေးဘူး ဆိုပေမယ့် တစ်ချိန်မှာတော့ ဆုံးဖြတ်ချက်ချရမှာပဲ မဟုတ်လား”

ကျိလင်နတ်သမီးက ပြုံးလိုက်ရင်း…

“လျန်လေး၊ လောကမှာ ကံကောင်းလို့ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင် သွားတဲ့သူ ဘယ်သူမှ မရှိဘူး၊ ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်ကို အောင်မြင်သွားတဲ့ သူတိုင်းဟာ ဆရာဘွားဘွား လီချင်းဆွေရဲ့ လေးစားမှုကို ကျိန်းသေ ခံယူကြရလိမ့်မယ်၊ လောကမှာ အမှောင်ထဲမှာ ရုန်းကန် နေကြရတဲ့ သတ္တဝါတွေမှ အများကြီးပဲ၊ အဲဒီလို မရေမတွက်နိုင်တဲ့ သတ္တဝါတွေနဲ့ ယှဉ်လိုက်ရင် ငါတို့ ရင်ဆိုင်ကြရတဲ့ ဒုက္ခဆိုတာ ဘာမှ မဟုတ်တော့ပါဘူး၊ ဒုက္ခတရားကြောင့် ဘယ်လောက်ပဲ မျှော်လင့်ချက် မဲ့နေပါစေ အဲဒီဒုက္ခဟာ ငါတို့အတွက်တော့ စမ်းသပ်မှုပါပဲ”

“ပြီးတော့ ငါတို့ရင်ထဲက တာအို စိတ်ထားကြောင့် အဲဒီ ဒုက္ခတရားတွေဟာ ငါတို့ကို ကူရာကယ်ရာမဲ့တဲ့ အခြေအနေထိ ဘယ်တော့မှ တွန်းမပို့နိုင်ဘူး၊ ဒါပေမဲ့ ဒုက္ခကို ဒုက္ခလို့ လက်ခံလိုက်နိုင်ရန် ကျင့်စဉ်လမ်းမှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါပဲ၊ ဒါကြောင့်လည်း မင်းကို ယန်ရွှီးက မတားဆီး နိုင်ခဲ့တာပေါ့၊ ဒါကြောင့်ပဲ မင်းဟာ ယန်ရွှီးကို အနိုင်ရအောင် တိုက်ခိုက်နိုင်မှာပါ၊ ဆရာဘွားဘွား လုပ်ပေးနိုင်တာဆိုလို့ ဒီတိုက်ပွဲမှာ မင်းကို အနိုင်ရအောင် လမ်းပြ ပေးနိုင်တာ တစ်ခုပဲရှိတယ် လျန်လေး…”

ဆန်းလျန်က ဆရာဘွားဘွားကို ဦးညွတ် ဂါရဝပြုလိုက်ရင်း…

“ဆရာဘွားဘွား သင်ပြပေးလို့ လျန်လေး စိတ်ထဲ ရှင်းလင်းသွားပါပြီ၊ လျန်လေး အာမခံပါတယ်၊ ဆရာသခင် ကျန်းရော့ရွှီး အတွက်၊ ဆရာသခင် ပိယွင်နတ်သမီး အတွက်၊ ကျွန်တော်နဲ့ တစ်ခါမှ မဆုံလိုက်ရဘဲ ယန်ရွှီးကြောင့် သေဆုံးသွားခဲ့ကြရတဲ့ ချင်းရွှမ်က ဆရာသခင်တွေနဲ့ ဂိုဏ်းတူ မောင်နှမတွေ အားလုံးအတွက် အဲဒီယန်ရွှီးကို လျန်လေး လက်စား ချေပေးပါ့မယ်၊ လက်စား မချေနိုင်ခဲ့ရင် လျန်လေး ဘယ်တော့မှ လူပြန်မဝင်စားနိုင်ဘဲ ငရဲခြောက်ထပ်မှာ မလွတ်ဘဲ ခံစားရပါစေ”

***

All Chapters