အခန်း (၅၁၅-၅၁၆)
Vol. 40 Ch. 515-516
အခန်း ၅၁၅ နားလည်ရခက်သော နည်းလမ်းများ
ဒုတိယဂိုဏ်းချုပ် ကျိဟန်ထျန်းလည်း ရောက်လာပြီး ကုအန်နှင့် ရဲချင်းရွှယ်တို့ကို အစည်းအဝေးခန်းမသို့ ကိုယ်တိုင် ခေါ်ဆောင်သွားခဲ့သည်။
နောက်ဆုံးတွင် ကုအန်သည် ဂုဏ်ထူးဆောင်ထိုင်ခုံ၌ ဝင်ထိုင်လိုက်ပြီး ရဲချင်းရွှယ်က သူ့ဘေးတွင် ရပ်နေကာ အခြားအကြီးအကဲများလည်း မတ်တတ်ရပ်နေကြသည်။ မျက်လုံးမှိတ်ထားသော ကုအန်ကို မြင်လိုက်ရသဖြင့် သူတို့သည် အသံကူးပြောင်းခြင်းနည်းစနစ် ဖြင့် တိတ်တဆိတ် ပဆက်သွယ်ဘဲမနေနိုင် ဖြစ်ကြရသည်။
လူတိုင်းက အသံကူးပြောင်းခြင်းနည်းစနစ်ကို အသုံးပြုနေကြသောကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရဲချင်းရွှယ်မှာမူ အလွန်စိတ်လှုပ်ရှားနေကာ သူမ၏ခန္ဓာကိုယ်မှာ တောင့်တင်းနေခဲ့သည်။
ဤအချိန်မှာ အခြေအနေတွေ အကြီးအကျယ် ပေါက်ကွဲသွားမှာကိုလည်း သူမ စိုးရိမ်နေမိသည်။
သူမနှင့် သူမ၏တပည့်ကြောင့် အဓိပတိဂိုဏ်းကြီး ပြိုကွဲပျက်စီးသွားရတော့မည်လော။
ထိုကဲ့သို့သော ရလဒ်မျိုးကို သူမ လက်ခံမည်မဟုတ်ပါ။ ချင်မိသားစုက သူမတပည့်ရဲ့ ပါရမီကို စိတ်ဝင်စားရုံသက်သက်သာဖြစ်ပြီး သူမတပည့်ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိနိုင်ချေ။ တကယ်လို့ ကုအန်ကို အကူအညီမတောင်းခဲ့ရင် သူမတပည့် လွတ်လပ်ခွင့်ဆုံးရှုံးရုံလောက်သာ ဖြစ်မှာပင်။
ဒါပေမဲ့ အဓိပတိဂိုဏ်းကသာ ကုအန်ကို ဆုံးရှုံးလိုက်ရရင် အဓိပတိဂိုဏ်းရှိ လူတိုင်းကို ထိခိုက်စေပါလိမ့်မည်။
ရဲချင်းရွှယ်သည် မလာခင်ကတည်းက အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သင့်သည်ဟု တွေးမိကာ မိမိကိုယ်ကို အပြစ်တင်မိတော့သည်။
သူမသည် ကုအန်ကို ကြည့်လိုက်ပြီး စကားပြောချင်သော်လည်း တုံ့ဆိုင်းနေမိသည်။
သူမ နားလည်ထားသည်မှာ အမှန်တရားမဟုတ်မှန်း သူမ မသိခဲ့ပါချေ။ ချင်မိသားစုသည် သူမ၏တပည့်ကို လိုချင်ရုံသာမက သူ့အသက်ကိုပါ လိုချင်နေခြင်း ဖြစ်သည်။
အချိန်များ ကုန်ဆုံးလာသည်။ အကြီးအကဲများ ပိုမိုရောက်ရှိလာကြပြီး အချို့မှာ ရဲချင်းရွှယ်ကို မြင်သောအခါ အကြောင်းရင်းကို ခန့်မှန်းမိပုံရကာ မျက်နှာပျက်သွားကြသည်။
လုပိုင်ထျန်းလည်း ရောက်ရှိလာသည်။ သူသည် ကုအန်နှင့် ဆက်ဆံရေးအကောင်းဆုံးဖြစ်သဖြင့် သတ္တိမွေးကာ ကုအန်အား အဘယ်ကြောင့် ရောက်လာသနည်းဟု မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ အားလုံးကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်ချင်လို့ပါ"
ကုအန်က မျက်လုံးမှိတ်လျက် ပြောလိုက်သည်။ ထိုစကားထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း ထိတ်လန့်သွားကြပြီး သူ့ကို စတင် တားဆီးကြတော့သည်။
"ဆရာသခင်ဓားအရှင်၊ ကျွန်တော်တို့ ဘာများ မှားလုပ်မိလို့ပါလဲ"
"ဟုတ်ပါတယ် ဆရာသခင်ဓားအရှင်၊ အဓိပတိဂိုဏ်းက တခြားဘယ်သူမဆို မရှိဘဲ နေလို့ရပေမဲ့ ဆရာသခင် မရှိလို့ မဖြစ်ပါဘူး!"
"ဘယ်သူက ဆရာသခင်ကို စော်ကားလိုက်တာလဲ။ အမိန့်သာ ပေးလိုက်ပါ၊ အဓိပတိဂိုဏ်းက ဆရာသခင် ကျေနပ်တဲ့အထိ ဖြေရှင်းပေးပါ့မယ်!"
"ဆရာသခင်ဓားအရှင်၊ ကျွန်တော်တို့ကို မခြောက်ပါနဲ့ဗျာ!"
"ဆရာသခင်ဓားအရှင်၊ ဘယ်ကိုသွားဖို့ စီစဉ်ထားတာလဲ"
ချင်းမိသားစုမှ လာသူများအပါအဝင် မည်သည့် အင်အားကြီးမိသားစုမှလာသော အကြီးအကဲမဆို ဖရိုဖရဲ ဖြစ်ကုန်ကြသည်။
ယနေ့အထိ အကြီးအကဲခန်းမရှိ အဖွဲ့ဝင်အများစုမှာ လူသစ်များသာဖြစ်ကြပြီး ဆရာသခင်ဓားအရှင်ကြောင့်သာ အဓိပတိဂိုဏ်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
ဆရာသခင်ဓားအရှင်သာ မရှိလျှင် အဓိပတိဂိုဏ်းဟူသည် အဘယ်နည်း။
ကုအန် မျက်လုံးဖွင့်လိုက်ပြီး ခန်းမထဲရှိ မျက်နှာများကို ကြည့်လိုက်ရာ အများစုမှာ စိမ်းသက်နေပြီး အဓိပတိဂိုဏ်း၏ လက်ရှိအခြေအနေအတိုင်း ဖြစ်နေသဖြင့် သူ့ကို ပို၍ စိမ်းကားသလို ခံစားစေသည်။ မိတ်ဟောင်းဆွေဟောင်းများ သေဆုံးကုန်ကြခြင်းကြောင့်သာ မဟုတ်ဘဲ၊ ဂိုဏ်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှုသည် အခြားဂိုဏ်းများနှင့် မခြားနားတော့ပေ။
တောတွင်းဥပဒေသလို အားကြီးသူကို အထွတ်အမြတ်ထားခြင်းမျိုး ဖြစ်သည်။ လူအများစုက သူရဲကောင်းစိတ်ဓာတ်အကြောင်း သိပ်မပြောကြတော့ပေ။ ကောင်းကင်အမိန့်တော်ကို လိုက်စားခြင်းက လူတိုင်း၏ ပန်းတိုင်ဖြစ်လာခဲ့သည်။
ဤလေထုသည် တတိယဆေးတောင်ကြားအထိပင် ပျံ့နှံ့လာခဲ့သည်။
ယင်းက ကောင်းကင်တာအိုနောက်လိုက်များ၏ ကြံစည်မှုဖြစ်ပေမယ့် ဤမျှလောက် လွယ်လွယ်ကူကူ ယိမ်းယိုင်သွားခြင်းက ကုအန်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
လက်ရှိ သူ့၏နတ်ဘုရားစွမ်းရည်နှင့်ဆိုရင် သူကြိုက်သည့်နေရာကို သွားနိုင်ပြီး သူ့၏ဆေးတောင်ကြားကိုလည်း သူနဲ့အတူ ယူသွားနိုင်သည်။
ကုအန်သည် နေရာပြောင်းရန် ကပ်ဘေးဖြတ်ကျော်ခြင်းအတွက် တံခါးပိတ်ကျင့်ကြံရန်နှင့် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိရန် အမှန်တကယ် စီစဉ်နေခြင်း ဖြစ်သည်။
ဤလောကရှိ ပဋိပက္ခများသည် ရှည်လျားနေဆဲဖြစ်ပြီး အဆုံးမရှိသော ကပ်ဘေးများနှင့် မမျှော်လင့်ထားသော အလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ လူသိရှင်ကြားဖြစ်နေခြင်းသည် သူ့ပတ်ဝန်းကျင်ရှိလူများအား ဒုက္ခများသာ ယူဆောင်လာပေးလိမ့်မည်။
လုပိုင်ထျန်း တိတ်ဆိတ်သွားသည်။ ကုအန်က ဒဏ်ရာကုသရန်အတွက်ဟု ထင်နေသဖြင့် အခြားသူများကဲ့သို့ ထိတ်လန့်ခြင်းမရှိပေ။ တကယ်လို့ ကုအန်သာ တကယ်ပင်ပန်းနေပြီဆိုရင် သူတားမှာ မဟုတ်ချေ။
သူ့အမြင်တွင် ကုအန်၌ အဓိပတိဂိုဏ်းကို အမြဲတမ်း စောင့်ရှောက်ပေးရန် တာဝန်မရှိပေ။
သူသည် ယခင်က တတိယဆေးတောင်ကြားတွင် ဟယ်ချင်းစုန် ပြောခဲ့သည်များကို ကြားခဲ့ဖူးပြီး ကုအန်အား ကောင်းကင်တာအိုက ဆန့်ကျင်နေသည်ကိုလည်း သူသတိပြုမိ၏။
အဓိပတိဂိုဏ်းက တည်ငြိမ်နေပုံရပေမဲ့ ကုအန် ရင်ဆိုင်နေရတဲ့ ဖိအားကို ဘယ်သူက တကယ်သိလို့လဲ။
ကုအန်က လူတိုင်းကို ဝေ့ကြည့်လိုက်ရာ ဆွေးနွေးမှုများ ရုတ်တရက် ရပ်တန့်သွားပြီး အားလုံး ခေါင်းငုံ့သွားကြသည်။
ရုတ်တရက် ကုအန်က သူ့ညာလက်ကို မြှောက်လိုက်ရာ အရာဝတ္ထုတစ်ခုသည် ဘာမှမရှိသောလေထဲမှ သူ့လက်ဖဝါးပေါ်သို့ ရောက်လာသည်။ ၎င်းကို မှိန်ဖျော့သော ငွေရောင်အလင်းတန်းများနှင့် ရေများက ဝန်းရံထားသည်။
သေချာကြည့်လိုက်သောအခါ ၎င်းသည် ကျောက်တုံးရုံသက်သက် မဟုတ်ဘဲ ကျွန်းတစ်ကျွန်း ဖြစ်နေသည်။ သို့သော် ကုအန်၏လက်ဖဝါးထဲတွင်မူ ကျောက်တုံးတစ်တုံးကဲ့သို့ ထင်ရသည်။
"ဒါ ဘာကြီးလဲ" လုပိုင်ထျန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
အခြားသူများသည်လည်း ကုအန်လက်ထဲရှိ ကျွန်းကို အာရုံစိုက်လိုက်ကြပြီး သူတို့၏ နတ်ဘုရားအာရုံ ဖြင့် စူးစမ်းလိုက်ရာ မကြာမီ သူတို့အချို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ချင်မိသားစုမှ အကြီးအကဲများမှာမူ ပို၍ ထိတ်လန့်သွားကြပြီး အလွန်အမင်း ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
ရဲချင်းရွှယ်လည်း ထိုကျွန်းငယ်လေးကို အံ့သြစွာ ကြည့်လိုက်သည်။ သူမသည် သူမ၏ နတ်အာရုံကို အသုံးပြု၍ စူးစမ်းလိုက်ရာ ကျွန်းတစ်ခုလုံး၏ မြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏တပည့်ကို တွေ့လိုက်ရသည်။
"ချန်အာ..." ရဲချင်းရွှယ်၏ လှပသောမျက်ဝန်းများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး အော်ခေါ်လိုက်သည်။
ကျောက်တိုင်တစ်ခုတွင် ချည်နှောင်ခံထားရပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည့် သူမ၏တပည့်ကို မြင်လိုက်ရသည်။ သူ့ဘေးပတ်လည်ရှိ အခြားကျောက်တိုင်များတွင်လည်း လူများ ချည်နှောင်ခံထားရပြီး သူတို့၏ခန္ဓာကိုယ်များတွင် အဆောင်လက်ဖွဲ့ မျိုးစုံ ကပ်ထားသည်။
သူမ စကားပြောလိုက်သည်နှင့် ချင်မိသားစုအကြီးအကဲများသည် ကြောက်လွန်းသဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြပြီး ချွေးများ ရွှဲနစ်နေကြသည်။
ကုအန်သည် ထိုကျွန်းကို ထိန်းချုပ်ထားပြီးဖြစ်သည်။ သူ၏နည်းလမ်းများကို သူတို့ နားမလည်နိုင်သော်လည်း ကုအန်က သူတို့ကို ပစ်မှတ်ထားနေမှန်း သူတို့သိကြသည်။
လုပိုင်ထျန်းက ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာတွေဖြစ်ကုန်တာလဲ"
အခြားအကြီးအကဲများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ချင်မိသားစု ဘာတွေကြံစည်နေမှန်း သူတို့လည်း မသိကြပေ။ သို့သော် ကျွန်းအတွင်းရှိ အစီအရင် ကို ကြည့်ခြင်းအားဖြင့် ကျောက်တိုင်ပေါ်ရှိ လူများကို ယဇ်ပူဇော်ခံများပုံ ပေါက်နေသည်။
ဒီလူတွေအားလုံးက အဓိပတိဂိုဏ်းက တပည့်တွေများလား။
သူတို့ မသေချာပေ။ သို့သော် အချက်တစ်ချက်ကတော့ သေချာသည်။ တစ်စုံတစ်ယောက်က ရဲချင်းရွှယ်နှင့် ပတ်သက်နေပြီး ရဲချင်းရွှယ်က ဆရာသခင်ဓားအရှင်နောက်သို့ လိုက်ပါလာခြင်းက...
ပြဿနာအကြီးကြီး တက်တော့မည်ပင်။
အကြီးအကဲများစွာသည် ချင်မိသားစုအကြီးအကဲများကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်ကြပြီး ထိုနေရာမှာပင် ကွပ်မျက်ပစ်ချင်နေကြသည်။
ချင်မိသားစုမှာ အင်အားကြီးသော်လည်း မည်သူနှင့်ယှဉ်ပြိုင်ရဆိုတာအပေါ် မူတည်၏။
အကယ်၍ သူတို့သာ ဆရာသခင်ဓားအရှင်ကို ဆန့်ကျင်လျှင် အဓိပတိဂိုဏ်းတစ်ခုလုံး ပေါင်းစည်းပြီး ချင်မိသားစုကို အမြစ်ဖြတ် ချေမှုန်းကြလိမ့်မည်။ ကုအန်၏ စိတ်အကြံတစ်ခုဖြင့် ကျွန်းထဲမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပျံထွက်လာကြသည်။ အားလုံးမှာ ဖမ်းဆီးခံထားရသည့် ပါရမီရှင်များဖြစ်ပြီး မြေပြင်ပေါ်သို့ ဖရိုဖရဲ ကျဆင်းလာကြသည်။
ရဲချင်းရွှယ်သည် သူတို့ထဲမှ တစ်ယောက်ဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။ ကုအန်လည်း နောက်မှလိုက်သွားပြီး သက်တမ်းစစ်ဆေးခြင်း ကို အသုံးပြုလိုက်သည်။
[ရဲချန် (စိတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ၅ ) ၁၂၉/၇၀၀/၉၉၉၉]
ဟမ်
သက်တမ်းကန့်သတ်ချက် ၉၉၉၉ နှစ်တောင်ပဲလား!
ဤလို ပါရမီရှင်မျိုးက ဤခေတ်၌ ရှားပါးလှသည်။
ကုအန် တိတ်တဆိတ် ချီးကျူးလိုက်ပြီး သူ့ညာလက်ကို ဆုပ်လိုက်ရာ သက်တမ်းများကို သိမ်းယူရန် အချက်ပြစာသားများ ဆက်တိုက် ပေါ်လာသည်။
ဤကျွန်းသည် ကာလကြာရှည် တည်ရှိခဲ့ပြီး အလွန်ယုတ်မာသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ရဲချန်နှင့် အခြားသူများ မဖမ်းဆီးခံရမီက ချင်းမိသားစုသည် ဤနေရာတွင် သူတို့၏ မိစ္ဆာကျင့်စဉ် ကို ကျင့်ကြံခဲ့ကြရာ ကျွန်းပေါ်ရှိ လူတိုင်း၏ လက်များသည် သွေးစွန်းနေသည်။ သူတို့ကို သတ်ရခြင်းအတွက် ကုအန်အနေဖြင့် မည်သည့်ဝန်ထုပ်ဝန်ပိုးမှ မခံစားရပေ။
ကုအန် လက်သီးဆုပ်လိုက်သည်ကို မြင်သောအခါ အကြီးအကဲအားလုံး၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ နှိပ်စက်ခံထားရသော ပါရမီရှင်များကိုပင် သူတို့ လှမ်းမကြည့်နိုင်တော့ဘဲ ကုအန်ကိုသာ စိုက်ကြည့်နေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။
ချင်မိသားစုအကြီးအကဲများမှာ ကြောက်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့နေကြသည်။ သူတို့ စောင့်ကြည့်နေစဉ်မှာပင် ကုအန်က ညာလက်ကို ဖြန့်လိုက်ရာ သဲမှုန်များက သူ့လက်ဖဝါးမှ ကျဆင်းလာသည်။
အစမှအဆုံး ကုအန်၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး လူတိုင်း၏ နှလုံးသားကို အေးစက်သွားစေကာ ကျောချမ်းသွားစေသည်။
လုပိုင်ထျန်းအပါအဝင် မည်သူမျှ စကားမပြောရဲကြပေ။ ဘာပြောရမှန်းမသိဖြစ်နေပြီး သူတို့ရင်ထဲတွင် ကြောက်ရွံ့မှုကိုသာ ခံစားနေရသည်။
ကုအန်နှင့် ရန်သူဖြစ်ရခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို နောက်ဆုံးတွင် သူတို့ နားလည်သွားကြသည်။ ကုအန် သက်ပြင်းချလိုက်ရုံနှင့်ပင် သူတို့ သေသွားနိုင်သည်ဟု ယုံကြည်နေကြသည်။
"ကိစ္စရဲ့ အမှန်တရားကို မင်းတို့ဘာသာ စုံစမ်းကြည့်ကြ၊ နောက်နောင် ဆင်ခြင်ကြပေါ့"
ကုအန်က မတ်တတ်ရပ်လိုက်ပြီး တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။
ရဲချန်ကို တွဲထူထားသော ရဲချင်းရွှယ်လည်း သူ့နောက်သို့ အလျင်အမြန် လိုက်သွားသည်။
လူတိုင်း ကုအန်ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ကြသည်။ ကယ်တင်ခံလိုက်ရသော ပါရမီရှင်များသည် ဘာဖြစ်မှန်းမသိ နားမလည်စွာဖြင့် ကုအန်ကို ကြည့်နေကြသည်။ သူတို့ ကယ်တင်ခံလိုက်ရမှန်းကိုပင် သတိမထားမိကြပေ။
ကျိဟန်ထျန်းသည် မဲမှောင်သော မျက်နှာထားဖြင့် ချင်မိသားစုအကြီးအကဲတစ်ဦးထံ လျှောက်သွားကာ အံကြိတ်လျက် ပြောလိုက်သည်။ "ပြောစမ်း၊ မင်းတို့ ချင်းမိသားစုက ဘာတွေ အတိအကျ လုပ်ခဲ့တာလဲ"
ချင်မိသားစုအကြီးအကဲသည် သူ့ထံ ကျရောက်နေသော လူသတ်ချင်သည့် အကြည့်များအောက်တွင် တုန်လှုပ်သွားပြီး ချင်းမိသားစု၏ ယုတ်မာသော ကျင့်စဉ်အကြောင်း ချက်ချင်း ဝန်ခံလေတော့သည်။ ဝန်ခံစကားကို ကြားပြီးနောက် လုပိုင်ထျန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ခဲ့သည်မှာ တစ်ကြိမ်မကတော့ပေ။ ဆရာသခင်ဓားအရှင် လောကထဲ ထွက်ပေါ်လာခြင်းမှာ အဓိပတိဂိုဏ်းအား ဤကဲ့သို့သော ယုတ်မာမှုများကို တားဆီးရန် ကူညီပေးဖို့ ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကျော်ခဲ့ပြီ ယခု နှစ်ပေါင်းနှစ်ထောင် နီးပါးရှိနေပြီဖြစ်သော်လည်း ဤကဲ့သို့ မိုက်မဲသော လုပ်ရပ်များကို ကျူးလွန်သူများ ရှိနေဆဲပင်။
လုပိုင်ထျန်း ရုတ်တရက် အားလျော့သွားသလို ခံစားလိုက်ရသည်။
အဓိပတိဂိုဏ်းသည် အမှန်တကယ် လျင်မြန်စွာ ကြီးထွားလာခဲ့သော်လည်း ၎င်းက ဘာကို ဆိုလိုသနည်း။
ဂိုဏ်းချုပ်ရာထူးတွင် ဆက်နေခြင်းဖြင့် သူဘာကို မျှော်မှန်းနေသနည်း။
အခြားတစ်နေရာတွင်။
ကုအန်သည် အကြီးအကဲခန်းမမှ ထွက်လာခဲ့သည်။ သူရပ်တန့်လိုက်ပြီး ရဲချင်းရွှယ်ဘက် လှည့်ကာ ပြောလိုက်သည်။ "သူ့ကို ပြန်ခေါ်သွားပြီး ကုသပေးလိုက်ပါ။ နောက်ဖြစ်လာမယ့် ကိစ္စတွေအတွက် မင်းကို ဘယ်သူမှ ဒုက္ခပေးမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် ဂိုဏ်း၏ ပင်မမြို့တော်တစ်ဝိုက် လမ်းလျှောက်ရန်အတွက် လမ်းမများဆီသို့ လျှောက်သွားလိုက်သည်။
ရဲချင်းရွှယ်က ထွက်ခွာသွားသော ကုအန်၏ ကျောပြင်ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
မျက်နှာတစ်ခုလုံး သွေးများဖုံးနေသော ရဲချန်သည် မျက်လုံးဖွင့်ရန် အားယူလိုက်ပြီး အားနည်းစွာ ပြောလိုက်သည်။ "ဆရာ... သူက ဘယ်သူလဲဟင်..."
ရဲချင်းရွှယ်က သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "သူက မင်းဘိုးဘေးရဲ့ စီနီယာအစ်ကို၊ မင်းနဲ့ ဆရာဘိုးလေးတော်တယ်"
ရဲချန် မျက်လုံးပြူးသွားသည်။ သူ ခေါင်းမော့ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကုအန်၏ ပုံရိပ်ကို လှမ်းကြည့်ရန် ကြိုးစားလိုက်သော်လည်း မမြင်ရတော့ပေ။
ကုအန် လူအုပ်ကြားထဲ ပျောက်ကွယ်သွားသည်။ လမ်းတစ်လျှောက် စည်ကားနေသော မြင်ကွင်းများကို ကြည့်ရင်း အဓိပတိဂိုဏ်း၏ အနာဂတ်ကို စတင် တွေးတောမိသည်။
ဤလမ်းမကြီးသည် စည်ကားခြင်းနှင့် ဆိတ်ငြိမ်ခြင်း လောကအပြောင်းအလဲများနှင့်အတူ အတက်အကျများကို ကြုံတွေ့ရပေလိမ့်မည်။ ယနေ့ သူချမှတ်လိုက်သော ဆုံးဖြတ်ချက်အရ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤလမ်းမကြီးသည် တောရိုင်းမြေအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အခန်း (၅၁၆) - ကောင်းကင်တာအို ပြန်လည်မွေးဖွားခြင်း၊ နှစ်ပေါင်း သက်တမ်း ၁၀ ဘီလီယံ
ကုအန် တတိယဆေးတောင်ကြားသို့ ပြန်ရောက်သောအခါ နေဝင်ရီတရောအချိန် ဖြစ်နေပြီဖြစ်သည်။
သူ အန်ရှင်း ကို သူ၏အိမ်သို့ ခေါ်လိုက်သည်။
"ဆရာ တခုခု လိုအပ်တာရှိလို့လား" အန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ကုအန်သည် အရေးကြီးသော အကြောင်းပြချက်မရှိဘဲ သူမကို ခဲယဉ်းမှ ခေါ်လေ့ရှိသည်။
ကုအန်က ပြုံးလျက် မေးလိုက်သည်။ "ဆရာသာ ဒီနေရာကနေ ထွက်ခွာဖို့ ပြင်ဆင်မယ်ဆိုရင် မင်းဘယ်လိုထင်လဲ"
ထိုစကားကို ကြားသောအခါ အန်ရှင်း၏ မျက်နှာထားသည် ချက်ချင်း တည်ကြည်လေးနက်သွားသည်။ သူမ၏ ဆရာသခင် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူမ သိ၏။ နှစ်ကာလများစွာအတွင်း သူမလည်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားခဲ့ရသည်။
လောကတွင်း လူတိုင်း ကောင်းကင်တာအိုကို ယုံကြည်ပြီး ကောင်းကင်ဘုံအမိန့်တော်ကို လိုက်နာရမည်ဟု တွင်တွင်ကျယ်ကျယ် ကြေညာထားကြသည်။ အစပိုင်းတွင် သူမ သိပ်မခံစားရသော်လည်း ကမ္ဘာကြီး၏ ကံကြမ္မာကို ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားကြောင်း ဂိုဏ်းသားများ ပြောဆိုကြသည်ကို ကြားသောအခါ ဒုက္ခရောက်တော့မည်ကို သူမ အာရုံခံမိလိုက်၏။
ဟယ်ချင်းစုန် ပြောခဲ့ဖူးသည့် ကောင်းကင်တာအိုက သူမ၏ဆရာသခင်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုစေချင်ဘူး ဆိုသည့်စကားကို သူမ မှတ်မိနေသေးသည်။
ဟယ်ချင်းစုန်သည် ကောင်းကင်တာအိုကို ကိုယ်စားပြုနိုင်ခြင်း ရှိမရှိ သူမ မသေချာသော်လည်း ထိုအကြောင်းကို ပိုမိုတွေးတောမိနေခဲ့သည်။
"ဆရာ ထွက်ခွာချင်ရင် တပည့်လည်း လိုက်ပါ့မယ်ေလ။ ဆရာဘယ်ကို သွားမှာလဲ" အန်ရှင်းက တွန့်ဆုတ်ခြင်းမရှိဘဲ စိတ်အားထက်သန်စွာ မေးလိုက်သည်။
ကုအန် ခါးသက်သက်အပြုံးဖြင့် ခေါင်းခါလိုက်၏။ "မင်းမှာ ထားခဲ့ဖို့ ဝန်လေးရတဲ့ လူတွေ၊ အရာတွေ မရှိဘူးလား"
အန်ရှင်းက "တပည့်က ဆေးတောင်ကြားရဲ့ အကြီးဆုံးတပည့်ဆိုပေမယ့် ဂိုဏ်းသားများစွာနဲ့ ရင်းနှီးပေမဲ့ တပည့်ပိုင်ဆိုင်သမျှက ဘယ်ကလာသလဲဆိုတာ သိပါတယ်။ တပည့်က ဆရာနဲ့ စီနီယာဂိုဏ်းတူအစ်ကိုကိုပဲ ဂရုစိုက်တာ"
သူမသည် သဘာဝအလျောက် နူးညံ့သိမ်မွေ့ပြီး ဆက်ဆံရေးတွင် စာနာတတ်သော်လည်း သူမ၏ စိတ်နှလုံးက ဝေခွဲမရဖြစ်နေသည်ဟု မဆိုလိုပေ။
ကုအန်သည် သူမ၏ အသံထဲမှ ရိုးသားမှုကို ကြားနိုင်သည်။
သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး "ဒါဆိုရင် မင်းကို တာဝန်တစ်ခု ပေးမယ်။ တတိယဆေးတောင်ကြားက သင့်တော်တဲ့ တပည့်တစ်ယောက်ကို ရွေးပြီး နောင်တစ်ချိန်မှာ တောင်ကြားသခင်အဖြစ် ဆက်ခံခိုင်းလိုက်ပါ။ ဒါပေမဲ့ လောလောဆယ် ငါ့ရဲ့ရည်ရွယ်ချက်ကို ထုတ်မပြောနဲ့ဦး"
အန်ရှင်းက ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် ကုအန် ဘယ်သွားမည်ကို စတင်မေးမြန်းသော်လည်း ကုအန်က ဖြေကြားခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူလည်း တုံ့ဆိုင်းနေသောကြောင့် ဖြစ်သည်။
စကြာဝဠာကြီးသည် ကျယ်ပြောလှပြီး ကမ္ဘာများစွာ ရှိသည်။ ကောင်းကင်ပြင်ပ သို့ သွားမလား၊ မဟာကောင်းကင်စိတ်ဝိညာဉ်ကမ္ဘာ တွင်ပဲ ဆက်နေမလား ဆိုသည်မှာ စဉ်းစားရမည့် ကိစ္စဖြစ်သည်။
ကြယ်ရောင်စုံလင်နေသော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်အောက်တွင် ကောင်းကင်တာအိုရွှေအမြုတေ သည် အဆုံးမဲ့အလင်းရောင်များ ထုတ်လွှတ်ကာ စကြာဝဠာတစ်ခုလုံးကို လင်းလက်စေသည်။
ဝုန်း!
လေပြင်းတစ်ချက်သည် ယန်ဧကရာဇ်ယန်ရှင်း ထံသို့ တိုက်ခတ်လာပြီး သူ၏ ရွှေရောင်ဝတ်ရုံကို ပြင်းထန်စွာ လွင့်ပျံစေသည်။ သူသည် မျက်လုံးများကို ကျဉ်းမြောင်းကာ သူ့ရှေ့တွင် ရပ်နေသော အန်ဟောင် ကို ကြည့်လိုက်သည်။
ဆယ်ပေအကွာတွင် အန်ဟောင်သည် သူ့ကို ကျောပေးလျက် ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်မီးတောက်များ လွှမ်းခြုံထားပြီး ဆံပင်ရှည်များ လွင့်ပျံကာ မြင့်မားသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
"ဒီအော်ရာက ကောင်းကင်စျန်အမတ အဆင့်ကိုတောင် မီလုနီးပါးပဲ။ သူ့ရဲ့ အင်အားက ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာတာလဲ။ တစ်ခုခုတော့ မှားနေပြီ"
ဧကရာဇ်ယန်ရှင်း၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
အန်ဟောင်သည် ဖြည်းညှင်းစွာ လှည့်လာပြီး ဧကရာဇ်ယန်ရှင်းကို ဘေးတိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာထားသည် လျစ်လျူရှုထားပုံပေါ်ပြီး ပုံမှန်နှင့် လုံးဝမတူသောကြောင့် ဧကရာဇ်ယန်ရှင်း မျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်တာလဲ" ဧကရာဇ်ယန်ရှင်း မေးသည်။
အန်ဟောင်က "စွမ်းအားကြီးတဲ့ သက်ရှိတစ်ပါးက ကောင်းကင်တာအိုရွှေအမြုတေကို ပစ်မှတ်ထားနေတယ်။ သူတို့က ဒါ ပေါ်ထွက်လာမှာကို စောင့်ဆိုင်းနေကြပြီ"
"ကောင်းကင်တာအိုရွှေအမြုတေက မင်းကို ပြောပြတာလား"
အန်ဟောင်က ပြန်မဖြေဘဲ ဧကရာဇ်ယန်ရှင်း ကို စိုက်ကြည့်ကာ "အမတမင်းဆက် ရဲ့ ကပ်ဘေးတွေ နီးကပ်လာပြီ။ အရှင်မျှော်လင့်နေတဲ့ ပြင်းထန်တဲ့တိုက်ပွဲဆိုတာ စိတ်ကူးယဉ်သက်သက် ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ကပ်ဘေးတွေ ဟုတ်လား"
ဧကရာဇ်ယန်ရှင်း ၏ မျက်ခုံးများ ပိုမိုတင်းကျပ်စွာ တွန့်ချိုးသွားပြီး အန်ဟောင်၏ အခြေအနေအပေါ် သံသယများ တိုးပွားလာသည်။
အန်ဟောင်က လေးနက်စွာဖြင့် "အရှင်မင်းကြီး... အကယ်၍ အမတမင်းဆက်သာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရရင် အရှင်က အမတမင်းဆက်ကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးမှာလား"
ဝူးးး
ဧကရာဇ်ယန်ရှင်း သူ့နောက်ဘက်မှ အသံတစ်သံကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ ကောင်းကင်တာအိုရွှေအမြုတေ၏ မျက်နှာပြင်ပေါ်တွင် အလင်းကွင်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းကွင်းသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး အမတမင်းဆက်၏ စည်ပင်ဝပြောသော မြင်ကွင်းများကို ပြသနေခဲ့သည်။
သူကြည့်နေစဉ်မှာပင် ကောင်းကင်မှ လက်တစ်ဖက် ဆင်းသက်လာပြီး အမတမင်းဆက် တည်ရှိရာ တိုက်ကြီးကို အမြစ်မှဆွဲနှုတ်ကာ ကောင်းကင်ပြင်ပ သို့ ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် ဤလက်ကြီးသည် အမတမင်းဆက်တစ်ခုလုံးကို ဖုန်မှုန့်အဖြစ် ကြေမွသွားအောင် ချေမှုန်းလိုက်ရာ ဘာမျှမကျန်ရစ်တော့ပေ။
ဧကရာဇ်ယန်ရှင်း ၏ မျက်နှာသည် တင်းမာသွားသည်။ အလင်းကွင်းအတွင်းမှ မြင်ကွင်း ပျောက်ကွယ်သွားပြီး ဝေဝါးသော ပုံရိပ်တစ်ခုသာ ကျန်ရစ်ကာ သူ့ကို စောင့်ဆိုင်းနေပုံရသည်။
"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားရဲ့ ရန်သူက ဒီနယ်ပယ်ကို ပစ်မှတ်ထားလိုက်ပြီ။ အမတမင်းဆက်ကို ဖျက်ဆီးတာက အစပဲရှိသေးတယ်၊ နောက်တစ်ခုက မြင့်မြတ်ခုံရုံး ပဲ။ အရှင် ဘာလုပ်မလဲ။ ဒီသက်ရှိက လွတ်ငြိမ်းရာအမတ ကိုတောင် ကျော်လွန်နေတယ်" အန်ဟောင်က ပြောလိုက်သည်။ သူ၏ လေသံသည် စွမ်းအားကြီး သက်ရှိတစ်ပါး ပူးကပ်နေသကဲ့သို့ ရာအားလုံးကိုလျစ်လျူရှုထားပုံ ပေါက်နေသည်။
ဧကရာဇ်ယန်ရှင်း က သူ့ကို ထပ်မံကြည့်ရှုပြီး "မင်းက တကယ်တမ်း ဘယ်သူလဲ"
အန်ဟောင်၏ မျက်နှာထား ပြောင်းလဲခြင်းမရှိဘဲ "ကျွန်တော်က အန်ဟောင် ပါပဲ။ ဒါပေမဲ့ နှစ်ကာလများစွာ ကောင်းကင်တာအို ပြန်လည်မွေးဖွားခြင်းနဲ့ ပုံသွင်းခံထားရတဲ့အတွက် အရင်နဲ့ မတူတော့တာပါ"
"ကောင်းကင်တာအို ပြန်လည်မွေးဖွားခြင်းလား"
"အင်း... ကျွန်တော်က မဟာကောင်းကင်စိတ်ဝိညာဉ်ကမ္ဘာ ပျက်စီးခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတယ်။ အကြိမ်တိုင်းမှာ သက်ရှိအားလုံး မျိုးသုဉ်းတယ်၊ ကမ္ဘာကြီး ကြေမွတယ်၊ ပြီးတော့ ကောင်းကင်တာအိုရွှေအမြုတေကို လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးတဲ့ သက်ရှိတစ်ပါးက ယူဆောင်သွားတယ်။ ကျွန်တော်က ပြန်လည်မွေးဖွားခြင်းထဲမှာ အခြေအနေတွေကို အမြဲပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ အတူတူပဲ။ ကမ္ဘာကြီး ကြေမွပြီး ကမ္ဘာကို လွှမ်းခြုံထားတဲ့ ကောင်းကင်တာအိုအလင်းရောင် ကွဲသွားတာနဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရှိက လှုပ်ရှားတော့တာပဲ"
အန်ဟောင်သည် ဝမ်းနည်းမှုနှင့် ပြတ်သားမှုတို့ ပြည့်နှက်နေသည့်ဖော်ပြ၍မရနိုင်သော အဓိပ္ပာယ်ပါသည့် လေသံဖြင့် ပြောလိုက်သည်။ ဧကရာဇ်ယန်ရှင်း သည် လန့်ဖျပ်သွားခြင်း မရှိသော်လည်း သူ့မျက်လုံးများကို နက်ရှိုင်းစွာ ကြည့်ကာ "အဲဒီလိုဆိုရင် ငါ့ရဲ့ ပေးဆပ်စတေးမှုက ဘာအကျိုးရှိမှာလဲ"
အန်ဟောင်က ကောင်းကင်တာအိုရွှေအမြုတေဘက်သို့ ကြည့်ကာ "ကောင်းကင်တာအိုရွှေအမြုတေက အရှင့်ကို လွတ်ငြိမ်းရာအမတ ထက် သာလွန်တဲ့ အင်အားကို ပေးပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အရှင်က ကောင်းကင်တာအိုရွှေအမြုတေရဲ့ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်။ အရှင့်ရဲ့ စိတ်ခံစားမှုတွေ ဖျက်ဆီးခံရမယ်။ အရှင်က အရှင် ဖြစ်နေဦးမှာပေမဲ့ လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိတော့မှာ မဟုတ်ဘူး။ ဒါတောင်မှ အသွင်ပြောင်းလဲခြင်း အောင်မြင်မှပါ"
ဧကရာဇ်ယန်ရှင်းက နှုတ်ခမ်းထောင့်များ ကွေးညွှတ်ပြုံးလိုက်ပြီး "ဒါက လူ့လောကမှာ လှည့်လည်သွားလာနေတဲ့ ကောင်းကင်ဘုံဂိုဏ်း နဲ့ တော်တော်ဆင်တူတာပဲ"
သူသည် ကောင်းကင်တာအိုရွှေအမြုတေဘက်သို့ လှည့်ကြည့်လိုက်ရာ အလင်းရောင်အတွင်းမှ ပုံရိပ်သည် တဖြည်းဖြည်း ပိုမိုထင်ရှားလာသည်။ ၎င်းမှာ ကြေးမုံပြင်ထဲသို့ ကြည့်နေရသကဲ့သို့ အခြားသော သူတစ်ယောက် ဖြစ်နေသည်။
ဧကရာဇ်ယန်ရှင်း ၏ မျက်လုံးများတွင် မီးတောက်များ လက်ခနဲ ဖြစ်သွားပြီး ပိုမိုပြင်းထန်လာသည်။
...
နှစ်ကာလများ ကုန်ဆုံးသွားပြီး နောက်ထပ် နှစ်ပေါင်းနှစ်ရာ ကြာမြင့်သွားသည်။
တတိယဆေးတောင်ကြား။
ကုကျုံး သည် ကုအန်၏ စံအိမ်ရှေ့တွင် ရပ်နေပြီး သူ၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။
သူ့ဘေးတွင် ရပ်နေသော အန်ရှင်းက "အကြီးအကဲကု၊ ပြန်ပါတော့။ ဆရာသခင် ပြန်ရောက်လာရင် ကျွန်မ အကြောင်းကြားပေးပါ့မယ်"
ကုကျုံး၏ ဘေးတွင်ရှိသော ကုယု က မနေနိုင်ဘဲ "သူ ထွက်သွားတာ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်နေပြီ၊ ဘာလို့ ပြန်မလာသေးတာလဲ။ သူ တကယ်ပဲ ထွက်သွားတာများလား။ ချင်မိသားစု လည်း အပြစ်ပေးခံရပြီး နှင်ထုတ်ခံရပြီးပြီပဲ၊ သူ အာဃာတတွေကို မလွှတ်ချနိုင်သေးဘူးလား"
အန်ရှင်းက ခေါင်းခါပြီး "အဲဒါနဲ့ မဆိုင်ပါဘူး။ ဆရာသခင် ထွက်သွားတာက တခြားကိစ္စကြောင့်ပါ၊ ရှင်တို့ တွေးလွန်နေကြတာပါ"
ကုကျုံးက ကုယုကို ဆက်မပြောရန် တားလိုက်သည်။
"ပြန်ကြစို့။ ငါတို့ တွေးလွန်နေတာ ဖြစ်မှာပါ"
အကြီးအကဲကုက သက်ပြင်းချရင်း လှည့်ထွက်သွားသည်။ကုယုလည်း သူ့နောက်သို့ လိုက်ရုံသာ ရှိတော့သည်။
အနီးနားရှိ သစ်ပင်အောက်တွင် တရားထိုင်နေသော သွေးအကျဉ်းထောင်သူတော်စင် သည် မျက်လုံးများ ဖွင့်ကာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
အန်ရှင်းသည် စံအိမ်အောက်တွင် ဆက်မနေတော့ဘဲ လှည့်ထွက်သွားသည်။
ထိုအချိန်မှာပင် စံအိမ်အတွင်း၌ ကုအန် ရှိနေပြီး ထွက်ခွာသွားခြင်း မရှိပေ။ သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း စာအုပ်ဖတ်နေခဲ့သည်။ သူသည် သူ၏ အော်ရာနှင့် ကံကြမ္မာကို ဖုံးကွယ်ထားသဖြင့် အခြားသူများက သူ မရှိတော့ဟု ထင်မြင်စေခြင်း ဖြစ်သည်။ ယခု တစ်စုံတစ်ယောက် ဝင်လာလျှင်ပင် သူ့ကို မြင်ရမည် မဟုတ်ပေ။
နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးနောက် ကုအန်သည် သူ၏ စွမ်းရည်ဇယားကို ဖွင့်လိုက်သည်။
အမည်: ကုအန်
ယသက်တမ်း: ၂,၁၄၃ / ၉,၉၉၉,၆၀၅,၀၀၁
ခန္ဓာကိုယ်ဖွဲ့စည်းပုံ: ကမ္ဘာဦးဖရိုဖရဲမဲ့ခန္ဓာ
ကျင့်ကြံမှုအဆင့်: ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတပြည့်ပြီးစုံအဆင့်
...
သက်တမ်း ၉ ဘီလီယံ!
၁၀ ဘီလီယံပြည့်ဖို့ နီးစပ်နေပြီ!
ကုအန်သည် သူ့၏ စွမ်းရည်သစ်များကို စိတ်အားထက်သန်စွာ မျှော်လင့်နေပြီး စိတ်ပျက်စရာ မဖြစ်လာရန် ဆုတောင်းနေသည်။
သူ စောစီးစွာ ထွက်ခွာဟန်ဆောင်ခဲ့ရခြင်းမှာ သူ၏ အဆင့်တက်ရောက်မှု အတွက် ပြင်ဆင်ရန် ဖြစ်သည်။
နောက်ထပ် အဆင့်တက်ရောက်မှုသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည်မှာ သေချာသလို ပြန်လည်မွေးဖွားခြင်းနယ်မြေ သို့ သွားရောက်ခြင်းက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို သတိပေးသလို ဖြစ်သွားမလား ဆိုသည်ကို မသေချာသောကြောင့် ကြိုတင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မှလွဲ၍ သူ ရှိနေသေးသည်ကို မည်သူမျှ မသိသင့်ပေ။ သူ ကိုယ်ကိုရွှေ့လိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
သူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီသို့ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။
တာအိုသခင် ကျန် !
ဤသက်ရှိသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်း မဟုတ်ဘဲ ၎င်း၏ ထောင့်တစ်နေရာကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
ထိုအရပ်မျက်နှာသည် အမတမင်းဆက် တည်ရှိရာ ဖြစ်သည်!
ကုအန်သည် ကောင်းကင်တာအိုရွှေအမြုတေ ဆိုသည်ကို မျှော်လင့်စောင့်စားလာသလို ၎င်းက ဧကရာဇ်ယန်ရှင်း ထက် သာလွန်သော ရန်သူကို အနိုင်ယူရာတွင် ကူညီပေးနိုင်မလား ဆိုသည်ကိုလည်း စောင့်ကြည့်ချင်နေမိသည်။
အန်ဟောင်ကြောင့် ကုအန်သည် ကောင်းကင်တာအိုရွှေအမြုတေကို မကြာခဏ စောင့်ကြည့်လေ့ရှိသည်။ အထူးနေရာတစ်ခုတွင် တည်ရှိနေသော်လည်း ကုအန်သည် အန်ဟောင်အပေါ်တွင် တာအိုဖျက်ဆီးခြင်းကံကြမ္မာတံဆိပ် ( ကို လျှို့ဝှက်ခတ်နှိပ်ထားခဲ့သောကြောင့် ၎င်းကို တစ်စိတ်တစ်ပိုင်း အာရုံခံနိုင်ခြင်း ဖြစ်သည်။
ဟယ်ချင်းစုန် ကဲ့သို့သော ရုပ်သေးရုပ်များထက် အန်ဟောင်၏ ကောင်းကင်တာအိုကံကြမ္မာ က ပိုမိုပြင်းထန်သည်ကို ကုအန် ခံစားေလမိသည်။