ငါက မုဆိုး မင်းက သားကောင်
Vol. 59 Ch. 585
တောင်ပိုင်းဟုန်၏ ရေပိုင်နက်သည် ကုန်းမြေနှင့် နှိုင်းယှဉ်လျှင် များစွာ ပိုမိုကျယ်ဝန်းပြီး အဆုံးအစမဲ့ ကျယ်ပြန့်လှပေသည်။
တောင်ပိုင်း နဂါးနန်းတော်မှ ဦးဆောင်ပြီး နဂါးမင်းသားခြောက်ပါး၊ နဂါးမျိုးဆက် ဆယ့်သုံးဆက်နှင့် ကျောက်စိမ်းဖြူမြို့တော်၏ မဟာစစ်သူကြီးများနှင့် တန်းတူညီမျှရှိသော စစ်သူကြီး တစ်ရာကျော် ပါဝင်သည်။
၎င်း၏ ကွပ်ကဲမှုအောက်ရှိ နတ်ဆိုးတပ်ဖွဲ့များသည် ရေပြင်တစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီး ရေနေမျိုးနွယ်စု အမျိုးမျိုးကို လွှမ်းခြုံကာ ကျယ်ပြန့်သော ကွန်ရက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထား၏။
ထို့အပြင် နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ခဲ့ရသော အစီအရင်များလည်း ရှိသေးသည်။
ရေအောက်ရှိ နဂါးနန်းတော် တပ်ဖွဲ့များကြားသို့ မည်သူမျှ မသိစေဘဲ ခိုးဝင်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ပင် ခက်ခဲလှပေသည်။
"ဟူး... ခဏလောက် နားကြစို့"
ကြီးမားလှသော ဂဏန်းနတ်ဆိုးကြီးသည် ကျောက်ဆောင်မျက်နှာပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ၎င်း၏ အခွံမှာ ထူထဲကာ ကြမ်းတမ်းလှ၏။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသောလက်မကြီးများကို ဖွဖွလေး ချထားလိုက်ရုံဖြင့် ပင်လယ်ကြမ်းပြင်မှာ အဆက်မပြတ် တုန်ခါသွားလေသည်။
၎င်းသည် လူပုံစံသို့ ပြောင်းလဲသွားပြီး မျက်နှာမှာ နီမောင်းနေကာ စိတ်ပျက်နေပုံရသည်။
နဂါးနန်းတော် လက်အောက်ရှိ နတ်ဆိုး မဟာစစ်သူကြီး တစ်ဦးအနေဖြင့် ပဉ္စမမင်းသား၏ အမိန့်တော်ကို နာခံကာ နှစ်သောင်းချီ၍ နယ်မြေတစ်ခုကို တပ်စွဲစောင့်ကြပ်ခဲ့ရာ ၎င်း၏ ဂုဏ်သတင်းမှာ ဖော်ပြ၍မရနိုင်အောင် ကြီးမားခဲ့သည်။
ဤကဲ့သို့ လျှို့ဝှက်စွာ အရှုံးပေးလိုက်ရခြင်းမျိုး တစ်ခါမျှ မကြုံဖူးချေ။
တပ်ဖွဲ့များကို စုစည်းကာ ရေအောက်မှ ထွက်ပေါ်လာခဲ့သော်လည်း တိုက်ခိုက်ခွင့်ပင် မရလိုက်ဘဲ အသက်ပေါင်းများစွာကို စတေးခဲ့ရကာ ရှုံးနိမ့်စွာ ဆုတ်ခွာခဲ့ရ၏။
ကြည့်ရသည်မှာ များပြားလှသည်ဟု မထင်ရသော်လည်း၊ ၎င်းတို့သည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း နောက်ဆုံးအဆင့် နှင့် ပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်ဆိုးကြီးများ နှင့် နှိုင်းယှဉ်နိုင်သော ရေနေမျိုးနွယ်စု အသီးသီးမှ စုဆောင်းထားသည့် အထက်တန်းလွှာ ရဲရင့်သောစစ်သည်တော်များ ဖြစ်ကြသည်။
ပဉ္စမမင်းသား နှင့် စတုတ္ထသခင်လေးတို့ အစွမ်းကုန် ကြိုးစားခဲ့လျှင်ပင် အင်အား သုံးထောင်ခန့်သာ စုဆောင်းနိုင်ခဲ့၏။
ဤကဲ့သို့ ရှက်ဖွယ်ကောင်းပြီး စိတ်ပျက်စရာကောင်းသော ကိစ္စမျိုးမှာ နဂါးနန်းတော်ပြုလုပ်မည့် အရာမျိုးနှင့် မတူချေ။
"ငါ့အမြင်တော့ တခြား မင်းသားတွေကို သတင်းပြန်ပို့ပြီး ဒီအခွင့်အရေးကို ယူပြီး ပြန်တိုက်ခိုက်သင့်တယ်" ဟု နီရဲနေသော ဂဏန်းနတ်ဆိုးမဟာစစ်သူကြီး က အရက်ဘူးကို ထုတ်ကာ အငမ်းမရ သောက်လိုက်ရင်း ပြောသည်။
"စကားပြောတာ သတိထားပါဦး သခင်ကြီး"ဒုတိယမဟာစစ်သူကြီး သည် ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်လိုက်ပြီး ရာနှင့်ချီသော စစ်သည်များ လျင်မြန်စွာ လူစုခွဲကာ စေ့စပ်သေချာစွာ ကင်းလှည့်နေကြသည်ကို သတိပြုမိလိုက်၏။
ထိုအခါမှသာ အကြည့်များကို လျှော့ချလိုက်ပြီး ခပ်ဟဟ ပြုံးကာ ပြောလိုက်၏။ "စတုတ္ထသခင်လေးက အခု အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတာပါ။ ပဉ္စမမင်းသား ကလည်း ညီအစ်ကိုတွေအတွက် စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ စတုတ္ထသခင်လေး ဖန်တီးထားတဲ့ ဘေးဒုက္ခကို ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ အသက်တွေကို စတေးဖို့ ဆန္ဒမရှိပါဘူး"
“...”
ဂဏန်းနတ်ဆိုးမဟာစစ်သူကြီးက သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။ "မင်းက စကားတော့ပြောတတ်သားပဲ"
စကားဝိုင်းပြီးဆုံးသွားပြီးနောက် ဂဏန်းနတ်ဆိုးမဟာစစ်သူကြီးက အရက်ဘူးကို ဒုတိယစစ်သူကြီးထံသို့ ပစ်ပေးလိုက်ပြီး စစ်သည်များနှင့် ဝေးရာ ရေအောက်ချောက်ကမ်းပါးတစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။
"ဒါပေမဲ့ ကျွန်တော့်ကို မေးမယ်ဆိုရင်တော့ ဒီကိစ္စက တော်တော်လေးအန္တရာယ်များတယ်။ နန်ယန်ဂိုဏ်းက အရင်က ဘေးဒုက္ခကြီးတစ်ခုနဲ့ ကြုံခဲ့ရပြီး တောင်ပိုင်းဟုန်ရဲ့ အခြေအနေကို ပြောင်းပြန်ဖြစ်သွားစေခဲ့တယ်။ နဂါးနန်းတော်က မနည်းကို အသာစီးရလာခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာ နန်ယန်ဂိုဏ်း က နှစ်တွေကြာလာတာနဲ့အမျှ အင်အားတွေစုဆောင်းနေပြီး ပြန်လည် ထကြွလာမယ့် လက္ခဏာတွေ ပြသနေတယ်"
"နဂါးမင်းသားတွေ နဲ့ မျိုးဆက်တွေ က တကယ်ကို ခန့်မှန်းလို့မရအောင် မြင့်မြတ်ကြပေမဲ့၊ နှစ်ပေါင်းများစွာ သက်တောင့်သက်သာ နေလာခဲ့ရတော့ အတိတ်က အရှက်ကွဲခဲ့ရတာတွေကို မေ့သွားကြပြီထင်တယ်"
"သူတို့ တကယ့် တိုက်ပွဲတစ်ခုကို ဆင်နွှဲပြီး နန်ယန်ဂိုဏ်းကို လုံးဝ နှိမ်နှင်းသင့်တယ်။ ပြီးတော့ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးကိုပါ ပညာပေးပြီး သူတို့မှာ ပုန်ကန်ချင်တဲ့ စိတ်ကူးတွေ ရှိမရှိ စမ်းသပ်သင့်တယ်"
နတ်ဆိုးမဟာစစ်သူကြီး၏ စကားများကို ကြားသောအခါ ဒုတိယစစ်သူကြီးမှာ အတင်းအကျပ် ပြုံးပြရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ပေ။
ဤကဲ့သို့သော ကိစ္စမျိုးကို သူတို့နေနေသာသာ ပဉ္စမမင်းသား ပင်လျှင် ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့သည် နန်ယန် ရတနာနယ်မြေကို တိုက်ခိုက်ပြီး နန်ဟုန် သားတော်ခုနစ်ပါး က အညံ့ခံလျှင်တော့ ကောင်းသည်။ သို့သော် သူတို့က နောက်မဆုတ်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာလျှင် ပဋိပက္ခသည် အခြားသော နဂါးနန်းတော်များဆီသို့ပင် ပျံ့နှံ့သွားနိုင်၏။
ထိုသို့ဖြစ်လျှင် သူတို့ ဘာအကျိုးအမြတ် ရမည်နည်း။
နန်ဟုန် သားတော်ခုနစ်ပါးသည် နဂါးနန်းတော် ကို မထိခိုက်စေဘဲ သူတို့၏ ကိုယ်ပိုင်နယ်မြေကို အမြဲတမ်း ထိန်းသိမ်းထားခဲ့ကြသည်။
ရတနာနယ်မြေ အနည်းငယ်အတွက်ဖြင့်လော့။ ထိုအရာများသည် ရေနေမျိုးနွယ်စုအတွက် အသုံးဝင်မည်ဟုပင် မပြောနိုင်ပေ။ သူတို့၏ သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်ဖြင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သော မင်းသားအချို့ကိုသာ ကြည့်လိုက်ပါ။ အချိန်ကုန်ခံပြီး ဘာလုပ်မည်နည်း။
စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း ဖြစ်နေသည့် ကိစ္စမျိုးကို နဂါးနန်းတော် က အားယားနေ၍ဝင်ပါရမည်လော။
"ဟက်"
ဂဏန်းနတ်ဆိုးစစ်သူကြီး သည် ဒုတိယစစ်သူကြီး၏ အတွေးများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သူသည် လက်အောက်ငယ်သားများရှေ့တွင် မျက်နှာပျက်မခံလို၍ ပေါ့ပေါ့ပါးပါး စကားများဖြင့် မိမိကိုယ်ကို နှစ်သိမ့်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
"နန်ဟုန် သားတော်ခုနစ်ပါးရဲ့ အကာအကွယ်သာ မရှိဘူးဆိုရင်၊ အဲဒီ လက်အောက်ခံ ဂိုဏ်းတွေရယ်၊ ရတနာနယ်မြေထဲက သေနေတဲ့ငါးတွေ ပုပ်နေတဲ့ပုစွန်တွေနဲ့တင် သူတို့ ငါ့ရှေ့မှာ ရပ်ပြီး နန်ယန် မသေမျိုးဂိုဏ်းဆိုပြီး မာနတကြီး ခေါ်ဝံ့မှာ မဟုတ်ဘူး"
"သူတို့က ဟုန်ကျယ်ကို အုပ်ချုပ်ကြောင်း ကြေညာဖို့ သားတော်ခုနစ်ပါး မဟာညီလာခံကိုတောင် ကျင်းပချင်နေသေးတယ်။ အဲဒီ အဘိုးကြီးတွေက အသက်ပိုကြီးလာလေ ပိုပြီး သတိမေ့လာလေပဲ... ငါ့ကို ရယ်သေအောင် လုပ်နေတာလား၊ တကယ့်ကို အရှက်မရှိတာပဲ"
နောက်ဆုံးတွင် သူတို့သည် ထိုအကြောင်းအရာကို ရှောင်လွှဲသွားကြသည်။
ဒုတိယစစ်သူကြီး၏ မျက်နှာပေါ်ရှိ အပြုံးသည် ရိုးသားလာ၏။ ပဉ္စမမင်းသား လက်အောက်ရှိ အထက်တန်းလွှာ စစ်သည်များအနေဖြင့် သူတို့တွင် နာမည်ခံ မသေမျိုးဂိုဏ်းတစ်ခုကို အထင်သေးခွင့် အမှန်တကယ် ရှိပေသည်။
"အဲဒီ တာအိုကလေးငယ်တွေက သူတို့ကို ယာယီ ကာကွယ်ပေးနိုင်ပေမဲ့၊ တစ်သက်လုံးတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့အပြင် ဂိုဏ်းခုနစ်ဂိုဏ်း အတွင်းမှာလည်း သူတို့က မပြိုကွဲနိုင်တာမျိုး မဟုတ်ပါဘူး။သခင်ကြီး... အလောတကြီး မလုပ်ပါနဲ့။ အချိန်တန်ရင် သခင်ကြီး ကိုယ်တိုင် ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ခေါင်းကို ဖြတ်နိုင်ကောင်း ဖြတ်နိုင်မှာပါ"
"စိတ်ချပါ၊ ငါ လျှော့ပေးမှာ မဟုတ်ဘူး" ဂဏန်းနတ်ဆိုးစစ်သူကြီးက လှောင်ပြုံးပြုံးလိုက်ပြီး အရက်ဘူးကို ပြန်ထုတ်ကာ တစ်ကျိုက်တည်း အကုန်သောက်လိုက်ပြီးနောက် အရက်ဘူးကို သန္တာကျောက်တန်းပေါ်သို့ ဂရုမစိုက်ဘဲ ရိုက်ခွဲလိုက်၏။
ဂိုဏ်းချုပ် တစ်ယောက်၏ ခေါင်းကို ကိုယ်တိုင် ဖြတ်ယူနိုင်ခြင်းက ကြီးမားသော ဂုဏ်ကျက်သရေ တစ်ခု ဖြစ်လိမ့်မည်။
"ဒါပေမဲ့ ဒါတွေအကုန်လုံးက စကားသက်သက်ပါပဲ။ အဲဒီ တာအိုကလေးငယ်တွေရဲ့ အကာအကွယ်အောက်မှာ သူအပြင်ထွက်လာရဲမှာ မဟုတ်ဘူး၊ အခုဆို ပိုဆိုးတာပေါ့။ သူ နန်ယန် ရတနာနယ်မြေ ထဲမှာ ပုန်းနေပြီး အပြင်ထွက်လာဖို့ အစီအစဉ် ရှိမှာ မဟုတ်ဘူး"
ဂဏန်းနတ်ဆိုးစစ်သူကြီး ရေအောက် ချောက်ကမ်းပါးကို ငုံ့ကြည့်ရင်း အနည်းငယ် နောင်တရနေပုံပေါ်သည်။
ထိုအချိန်တွင် သူ၏ အကြည့်များ ရုတ်တရက် စူးရှသွားလေ၏။
“…”
ချောက်ကမ်းပါးထက်တွင် ဤနေရာကို ကျောခိုင်းထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ရှိနေပြီး သူ၏ အနက်ရောင်ဝတ်ရုံမှာ အစိမ်းရောင်းလှိုင်းလုံးများကြားတွင် တလွင့်လွင့် ဖြစ်နေကာ ချောက်ကမ်းပါးအောက်ခြေကို ငုံ့ကြည့်နေစဉ် သူ၏ အမူအရာမှာ တည်ငြိမ်နေလေ၏။
သူသည် ဖြတ်သွားဖြတ်လာ ခရီးသည်တစ်ဦးနှင့် တူပြီး သူ၏ အတွေးများသည် ရေအောက်ကမ္ဘာ၏ ထူးဆန်းပြီး လှပသောမြင်ကွင်းများကြောင့် ဖမ်းစားခံထားရပုံရကာ၊ ကျောက်စိမ်းဖြူမြို့တော်၏ နတ်ဆိုးမဟာစစ်သူကြီးတစ်ဦး သူ၏ အနောက်ဘက်သို့ ချဉ်းကပ်လာသည်ကိုပင် ဂရုမစိုက်ဘဲ ရှိနေသည်။
ဤမြင်ကွင်းသည် နန်ဟုန်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း ရေအောက်ကြမ်းပြင်တွင်တော့ လုံးဝ မဖြစ်သင့်ပေ။
"ရိုင်းစိုင်းလိုက်တာ"
ဒုတိယစစ်သူကြီးသည် လက်ထဲတွင် လက်နက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ရှေ့သို့ ခြေတစ်လှမ်း ခိုင်ခိုင်မာမာ တိုးလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်း မျက်လုံးကန်းနေတာလား ခွေးကောင်။ ဒါက မင်း လာချင်တိုင်း လာလို့ရတဲ့ နေရာလို့ ထင်နေတာလား"
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီးက နားကွဲမတတ် ဖြစ်သော်လည်း အနက်ရောင် ဝတ်ရုံနှင့် လူငယ်လေးမှာ မည်သည့်အရာကိုမျှ မကြားရသကဲ့သို့ ပုံမှန်ပင် ရှိနေသည်။
အေးတိအေးစက် အမူအရာဖြင့် ဂဏန်းနတ်ဆိုးမဟာစစ်သူကြီး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ယခုလိုနီးကပ်သော အကွာအဝေးဖြစ်ရာ ထိုကျင့်ကြံသူ၏ သက်ရှုဖုံးကွယ်ခြင်းနည်းစနစ်ကို ၎င်းက အလွယ်တကူ ထိုးဖောက် သိမြင်နိုင်ခဲ့သည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း နောက်ဆုံးအဆင့်၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။