← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်ပြီ ၃

Vol. 59 Ch. 589

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်ပြီ ၃

Vol. 59 Ch. 589

သူတို့သည် အင်အားချင်း မမျှတော့ပေ။

ခေါင်းသုံးလုံးပါကြီးမြတ်သော နတ်ဆိုးကြီးသည် တစ်ခဏမျှ အံ့အားသင့်သွားပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာခံစစ်ကျိုးပေါက်သွားမှုနှင့်အတူ နတ်ဆိုးကျောက်တိုင် နတ်ဆိုးကြီးများအတွက် အခွင့်အရေးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် တစ်ကောင်ပြီးတစ်ကောင် ရှုံးနိမ့်သွားကာ ကျဆုံးရန် သေချာသွားခဲ့လေပြီဖြစ်သည်။

အသိပေးချက် မျက်နှာပြင် ပေါ်လာသည့် အခိုက်အတန့်တွင်...

ရှန်းယီ သည် နတ်ဆိုးကျောက်တိုင် အားလုံးကို တစ်ခုပြီးတစ်ခု သူ၏ မျက်ခုံးကြားသို့ ပြန်လည် ရုပ်သိမ်းလိုက်လေ၏။ နတ်ဆိုးမူလများသည် စုစည်းသွားကာ နတ်ဆိုးဝိညာဉ်ထဲသို့ အပြည့်အဝ စီးဝင်သွားပေ၏။

သူသည် တရားထိုင်ကာ အခြေအနေကို ညှိယူရန်ပင် အချိန်မဖြုန်းလိုတော့ချေ။

ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသော နောက်ထပ် ဦးတည်ရာတစ်ခုဆီသို့ သူ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ထိုနေရာတွင် မိစ္ဆာကျင့်ကြံသူများ သို့မဟုတ် နတ်ဆိုးများ မရှိဘဲ၊ ဆာလောင်မွတ်သိပ်နေသော စားသုံးသူတစ်ဦးသာ ရှိနေပေမည်။

နဂါးနန်းတော်မှ တာအိုပေါင်းစည်းခြင်းအဆင့် ရှိ ကြီးမြတ်သော နတ်ဆိုးကြီးများမတုံ့ပြန်နိုင်ခင် အရသာရှိသော အစားအစာများကို တတ်နိုင်သမျှ များများ သိမ်းပိုက်ရမည် ဖြစ်ပေ၏။

...

နဂါးမျိုးဆက်များ၏ နန်းတော်

သေသပ်လှပစွာ ဖန်တီးထားသော ပုလဲခွက်တိုင်းမှ အဖြူရောင် အလင်းတန်းဖျော့ဖျော့ ထွက်ပေါ်နေပြီး၊ စည်ကားနေသော ခန်းမဆောင်ကြီးကို နေ့ခင်းဘက်အလား လင်းထိန်နေစေလေသည်။

ဤနေရာရှိ မည်သည့် အလှဆင်ပစ္စည်းကိုမဆို အပြင်ဘက်သို့ ယူဆောင်သွားပါက အလွန် တန်ဖိုးကြီးမားသော ရတနာတစ်ပါး ဖြစ်လာမည်မှာ အသေအချာပင်။

အနီရောင်နဂါးတစ်ကောင်တည်းဖြင့် နဂါးဘုရင် ဖြစ်မလာနိုင်သည်ကို လူတိုင်း သိထားကြလေသည်။ အကြီးအကဲ ခယ်စစ်၏ သစ္စာရှိမှုကို ရယူရန်အတွက် တောင်ပိုင်းနဂါးနန်းတော်က သူ့ကို လျော်ကြေးများစွာ ပေးအပ်ခဲ့ပေ၏။

ဥပမာအားဖြင့် အခြားသော နဂါးမျိုးဆက်များထက် ပိုမို ခမ်းနားထည်ဝါသော နန်းတော်တစ်ခု၊ နဂါးမျိုးဆက်များသာ ခံစားခွင့်ရှိသည့် မိုးမြေရတနာ အမျိုးမျိုး၊ ထို့အပြင် ကျောက်စိမ်းဖြူမြို့တော်မှ ထူးချွန်သော စစ်သူကြီး ငါးဦးကို သူ၏ ကွပ်ကဲမှုအောက်တွင် ထားရှိပေးကာ စစ်ရေးအာဏာကိုပင် ပေးအပ်ထားလေသည်။

ဤမျှရက်ရောသော ဆက်ဆံရေးနှင့်အတူ...

အကြီးအကဲ ခယ်စစ်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ နန်ဟုန် သားခုနစ်ယောက်အနီးရှိ ရေပြင်ကို စောင့်ကြည့်ရန်နှင့် သတင်း သို့မဟုတ် အပြောင်းအလဲ တစ်စုံတစ်ရာ ရှိသည်နှင့် နဂါးနန်းတော်သို့ ချက်ချင်း သတင်းပို့ရန်သာ ဖြစ်ပေသည်။

အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ...

သူသည် တောင်ပိုင်းနဂါးနန်းတော်ကို ကာကွယ်စောင့်ရှောက်မည့် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ယှဉ်နိုင်သော ကြီးမြတ်သည့် နတ်ဆိုးကြီးတစ်ပါး ဖြစ်လာပေမည်။

သို့သော် ဤအခိုက်အတန့်တွင်၊ နန်းတော်ထဲ၌ တစ်ယောက်နှင့်တစ်ယောက် အရက်ခွက်များ မြှောက်ကာသောက်သုံးနေသော ပုံရိပ်နှစ်ခုမှလွဲ၍ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေလေသည်။

အရက်၏ ပြင်းရှသော ရနံ့မှာ သာမန်မဟုတ်ကြောင်း ထင်ရှားနေပေ၏။

သာမန်နေ့ရက်များတွင်ဆိုလျှင် ကျောက်စိမ်းဖြူမြို့တော်မှ စတုတ္ထသခင်လေး၏ ကွပ်ကဲမှုအောက်ရှိ အနှစ်သက်ဆုံး စစ်သူကြီးများပင်လျှင် ဤကဲ့သို့သောနတ်သုဒ္ဓါမျိုးကို သုံးဆောင်ရန် ခက်ခဲလှပေမည်။

စိတ်အာရုံများ ဝေဝါးသွားသည်အထိ အဝသောက်ရန်ဆိုသည်မှာ ဝေလာဝေးပင်။

စတုတ္ထသခင်လေးအတွက် နဂါးနန်းတော်မှ သတ်မှတ်ထားသော လိုအပ်ချက်များမှာ အမှန်တကယ်ပင် အလွန် နည်းပါးလှ၏။

သို့သော် ထိုတစ်ခုတည်းသော လိုအပ်ချက်ကိုပင် တစ်ဖက်လူက ဆန့်ကျင်ခဲ့လေသည်။

အကြီးအကဲ ခယ်စသ်သည် သခင်လေးဆယ့်သုံး သေဆုံးမှုကို ဖုံးကွယ်ခဲ့သည့် အချိန်မှစ၍ သူ ရှုံးနိမ့်၍ မဖြစ်တော့ပေ။

ယခု အခြေအနေက ဤသို့ ဖြစ်လာခဲ့ပြီဖြစ်ရာ၊ သူသည် သူ၏ မိသားစုနှင့် စစ်သည်အများအပြားကို နဂါးနန်းတော်သို့ ခေါ်ဆောင်သွားကာ၊ စစ်ရေးအာဏာကို စွန့်လွှတ်ကြောင်း ပြသပြီး နဂါးဘုရင်ထံ ခွင့်လွှတ်မှု တောင်းခံရန်သာ ရှိတော့ပေမည်။

"တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား..."

အရက်ကြောင့် မျက်လုံးများ ဝေဝါးနေသော အရပ်ရှည်ရှည်ပိုးကောင်နတ်ဆိုးကြီးသည် သူ၏ ခွက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး သူ၏ မျက်လုံးများမှ ကြမ်းကြုတ်မှုများ ထွက်ပေါ်လာလေ၏။

"ဒီနေရာမှာ ဒီသက်မဲ့အရာဝတ္ထုတွေကို စောင့်ရှောက်နေရတာ ဘာအသုံးကျမှာလဲ။ နဂါးဘုရင်ကသာ သနားညှာတာမှု မပြချင်ဘူးဆိုရင်၊ ငါတို့ရဲ့ အနာဂတ်တွေ ပျက်စီးပြီး အသက်အန္တရာယ်ပါ ကျရောက်နိုင်တယ်..."

"ဒီလိုလည်း မဟုတ်သေးပါဘူး..." အခြား နတ်ဆိုးကြီးတစ်ပါးမှာလည်း မူးယစ်နေသော်လည်း အခြေခံအသိစိတ် အနည်းငယ် ကျန်ရှိနေသေးလေသည်။

၎င်းက ခေါင်းခါယမ်းလိုက်ပြီး ရုတ်တရက် အသံကို နှိမ့်လိုက်လေ၏။ "ဒီသတင်းစကားက သတ္တမသခင်လေးဆီက လာတာ... သတ္တမသခင်လေးက ကောင်းကင်ဓားဂိုဏ်းက စုဟုန်ရှို့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီပဲ... လှုပ်ရှားဖို့ အခွင့်အရေး ရှိပါသေးတယ်..."

"စတုတ္ထသခင်လေးက မင်းသားတွေကို သွေးထိုးလှုံ့ဆော်ဖို့သေချာပေါက် ကြိုးစားပြီး အပြစ်တွေ အားလုံးကို နန်ဟုန်သားခုနစ်ယောက်ဆီ ပုံချလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းနဲ့ ငါ ပိုပြီး သတ်ဖြတ်ဖို့ လိုတယ်၊ ပိုများများ သတ်ရမယ်၊ မသေမျိုးဂိုဏ်းက တပည့်တစ်ထောင်လောက်ရဲ့ ခေါင်းတွေကို ဖြတ်နိုင်ရင် ပိုကောင်းတာပေါ့... အခွင့်အရေး ရှိပါသေးတယ်..."

"နန်ယန် ရတနာနယ်မြေကို မြေလှန်ပစ်ရမယ်..."

နတ်ဆိုးကြီးသည် သူ့ကိုယ်သူ အားပေးသည့်အလားလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး၊ သူ၏ ကြမ်းတမ်းသော အသံမှာ ပိုမို ပြတ်သားလာလေသည်။

"လောလောဆယ်တော့ အမူးလွန်အောင် သောက်လိုက်ကြရအောင်၊ အရမ်းကြီး မတွေးနဲ့တော့၊ စတုတ္ထသခင်လေးဆီက သတင်းကိုပဲ စောင့်ကြတာပေါ့..."

"အမူးလွန်အောင် သောက်မယ်..."

အရပ်ရှည်ရှည် ပိုးကောင်နတ်ဆိုးကြီးက ခေါင်းခါယမ်းလိုက်ပြီး ခန်းမဆောင်၏ အရှေ့ဘက်ရှိ ကျောက်စိမ်းဖြူ ပလ္လင်ဆီသို့ လှမ်းကြည့်ကာ ရူးကြောင်ကြောင် အပြုံးဖြင့် ပြောလိုက်လေ၏။

"ငါ မူးနေပြီလို့ ထင်တယ်..."

ထို သန့်စင်လှသော ပလ္လင်ပေါ်တွင်

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည်ညင်သာစွာ ယိမ်းနွဲ့ကာ သက်တောင့်သက်သာထိုင်နေပြီး၊ သူ၏ လက်ထဲရှိ ခွက်ကို တည်ငြိမ်စွာ စစ်ဆေးနေလေသည်။

အထဲရှိ အရည်များကို ညင်သာစွာ လှုပ်ယမ်းလိုက်ပြီးနောက် စားပွဲပေါ်သို့ ဖြည်းညင်းစွာ ချလိုက်ပေ၏။

ဒေါက်

ခန်းမဆောင်ထဲတွင် သီချင်းတစ်ပုဒ်၏ အစပျိုးသံကဲ့သို့ တိုးညင်းသောအသံလေးတစ်ခု ထွက်ပေါ်လာပြီး၊ ချက်ချင်းဆိုသလိုပင် ခြေသံများက နောက်မှ လိုက်ပါလာ၏။

အခြား နတ်ဆိုးကြီးက အပြင်ဘက်သို့ ကြောင်တောင်တောင်ဖြင့် လှမ်းကြည့်လိုက်လေသည်။

ပုံရိပ်များ ပေါ်ထွက်လာပြီး ခန်းမဆောင်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင် တောင်တန်းကြီးများနှင့် သွေးပင်လယ်ကြီးထဲမှ ထွက်ပေါ်လာသည့်အလား သွေးများဖြင့် ရွှဲနစ်နေပြီး၊ သူတို့ ပတ်ဝန်းကျင်ရှိ အငွေ့အသက်များကြောင့် ခန်းမဆောင် တစ်ခုလုံးပင် တုန်လှုပ်သွားစေလေသည်။

တစ်... ခြောက်... ဆယ့်နှစ်... ဆယ့်ရှစ်...

ပုံရိပ် ဆယ့်ရှစ်ခုလုံးသည် နတ်ဆိုးကြီး နှစ်ပါးရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေကြလေ၏။ ဝူကျွင်းသည် ခါးကိုကိုင်းလိုက်ပြီး သူတို့ လက်ထဲမှ အရက်ခွက်များကို ယူကာ၊ အခြား နတ်ဆိုးကျောက်တိုင် တစ်ခုထံသို့ ဂရုတစိုက် ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်လေသည်။

"ဒါတွေကို သေချာသိမ်းထားလိုက်စမ်း၊ ဒါတွေ အားလုံးက ငါ့သခင်ရဲ့ ပစ္စည်းတွေ၊ မပျက်စီးစေနဲ့..."

သူ၏ စကားသံ မဆုံးခင်မှာပင်...

ဝူကျွင်း၏ လက်ဝါးသည် ပိုးကောင်နတ်ဆိုးကြီး၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ကျောက်စားပွဲပေါ်သို့ ရက်စက်စွာ ဆောင့်ချလိုက်လေတော့သည်။

ဘန်း

ကျောက်စားပွဲကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေ၏။ ခန်းမဆောင်၏ ကြမ်းပြင်တစ်ခုလုံးလည်းအောက်ဘက်သို့ ပြင်းထန်စွာ နိမ့်ဆင်းသွားလေတော့သည်။

သူသည် ထပ်မံ၍ ခါးကို ကိုင်းလိုက်ပြီး၊ ပိုးကောင်နတ်ဆိုးကြီး၏ ခေါင်းကို ဆွဲမကာ နားနားသို့ ကပ်၍ ညင်သာစွာ မေးလိုက်လေသည်။ "မင်း ခုနက ဘာကို မြေလှန်ပစ်ချင်တယ်လို့ ပြောလိုက်တာလဲ၊ ဟင်..."

All Chapters