← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

Chapter 451 မင်းအသက်နဲ့ လဲရမယ်

“ငါ သေသွားပြီလား”

ရွှမ်ချင်းအာသည် သူမ၏ လှပသော မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားမိသည်။ သူမ၏ နဖူးမှ ဇောချွေးများ စီးကျလျက်ရှိသည်။

မရဏအရိပ်အသက်က သူမ၏ ချစ်စဖွယ်ကောင်းသော ကိုယ်လေးအား တုန်ယင်သွားစေသည်။

သူမသည် ငယ်ရွယ်သေးပြီး မထက်မြက်သေးသောအချိန်၌ သေရပေ တော့မည်။ ဤသည်မှာ အလွန့်ကို မျှော်လင့်ချက် မဲ့လှပေသည်။

ထိုသို့သောအချိန်၌ ကျယ်လောင်စွာ ဟထားသည့် ပါးစပ်ကြီးမှ သွေးနံ့များက မသတီစရာ ကောင်းလှသည်။

ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့သည် သေခြင်းတရား နီးကပ်လာ သကဲ့သို့ ခံစားနေရလေသည်။

“ချင်းအာ”

ထိုသို့သောအချိန်၌ အဘိုးအိုသည် ဆို့နင်အက်ကွဲသံနှင့် ထအော်မိသည်။ သူတို့ထံသို့ ပြေး၍ ကယ်တင်ချင်သော်လည်း အလွန် နောက်ကျသွားချေပြီ။ သူသည် သွေးအန်မိသွားလေသည်။

“မလုပ်နဲ့”

အဘိုးအိုသည် ရွှမ်ချင်းအာနေရာ၌ သူ့သာ ဖြစ်လိုက်ချင်နေပြီး အဆိပ်ပြင်း ရေဘဝဲအား အသည်းအသန် သတ်ပစ်ချင်နေသည်။

သူ အော်ဟစ်လိုက်မိပြီးနောက် မယုံနိုင်စရာကောင်းသည့် အရာ တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်း သွားလေသည်။

*ဟမ်*

အဘိုးအိုသာမက ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့ပါ မသိမသာ အံ့အားသင့် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ယောက်လုံး မည်သည့် နာကျင်မှုကိုမှ မခံစားရသော ကြောင့်ပင်။

*ဘယ်လိုဖြစ်သွားတာလဲ*

မျှော်လင့်ချက်မဲ့နေသော သူတို့နှစ်ယောက်သည် ဇဝေဇဝါနှင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ နောက်ထပ် မြင်လိုက်ရသော မြင်ကွင်းက သူတို့အား ထိတ်လန့်သွားစေသည်။

ကျယ်လောင်စွာ ဟထားသော သွေးစွန်းနေသည့် အဆိပ်ပြင်း ရေဘဝဲ၏ ပါးစပ်ကြီးသည် လက်တစ်ဖက်ကြောင့် ပြန်ပိတ် သွားလေသည်။

၎င်း၏ တောက်ပနေသော မျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်၍ အံ့အားသင့်နေဟန်များ ပါဝင်နေသည်။

ရွှစ်!

အဆိပ်ပြင်းရေဘဝဲ၏ မျက်နှာထက်၌ သွေးစင်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရဲရဲနီသော သွေးများ ပန်းထွက်လာသည်။

စစ်သင်္ဘောတစ်စီးစာ အရွယ်အစား ရှိသော အဆိပ်ပြင်း ရေဘဝဲသည် တစ်ကိုယ်လုံး နှစ်ပိုင်းပိုင်းခံလိုက်ရလေသည်။

သွေးသံတရဲရဲနှင့် ခန္ဓာကိုယ်နှစ်ပိုင်းက ကျယ်ပြောသော အာကာသ အတွင်း၌ ကျဆင်းလာသည်။

ထိုထဲမှနေ၍ အမြုတေတစ်လုံး ထွက်ပေါ်လာသည်။ ထိုအမြုတေအား လက်တစ်ဖက်က ဆုပ်ကိုင်သွားသည်။

*သူပဲ*

ယဲ့ဖန်၏လက်ကို ကြည့်လိုက်ပြီးနောက် သွေးသံတရဲရဲနှင့် အဆင့်လေး နတ်ဘုရားသားရဲကို ကြည့်ပြီး အဘိုးအို၊ ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့သည် အတတ်နိုင်ဆုံး စဉ်းစားခန်း ဝင်နေကြသည်။

*တစ်ချက်တည်းလား*

*နတ်ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ အဆိပ်ပြင်း ရေဘဝဲကို တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

ရွှမ်ဟောင်၏ မျက်လုံးများက ပြူးကျယ်ကာ ထွက်ကျမတတ် ဖြစ်နေ၏။ သူသည် ယဲ့ဖန်အား သရဲသဘက်ကို တွေ့မြင်လိုက် ရသကဲ့သို့ ကြည့်နေ၏။

“သူ … သူက နတ်ဘုရား ဆရာသခင်အဆင့်ဆိုတာ အသိသာကြီးပဲလေ၊ ဘယ်လိုလုပ် သူက အဆိပ်ပြင်း ရေဘဝဲကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မှာလဲ။ မဟုတ်ဘူး … ငါ အမြင်မှားတာ ဖြစ်မယ်”

ရွှမ်ဟောင်သည် မယုံနိုင်သလို မယုံချင်သလိုလည်း ဖြစ်နေ၏။ သူ့ကိုယ်သူ ပါရမီရှင်ဟု သတ်မှတ်ထားသော်လည်း ယခုအချိန်၌ သူသည် ထိတ်လန့်လို့နေသည်။

ယဲ့ဖန်သည် နတ်ဘုရား ဆရာသခင်အဆင့်သာ ဖြစ်သော်လည်း အဆိပ်ပြင်း ရေဘဝဲကို သတ်ပစ်လိုက်နိုင်သည်။

ဤတစ်ချက်တည်းကပင် သူ၏အမြင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်နိုင်နေသည်။ တစ်ဖက်တွင်မူ အဘိုးအိုနှင့် ရွှမ်ချင်းအာတို့က အံ့ဩနေကြသည်။

ထို့နောက် သူတို့သည် ယဲ့ဖန်အား အလျင်အမြန် အရိုအသေ ပေးကြသည်။

“ဆာ … ကျွန်တော်တို့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အဘိုးအိုနှင့် ရွှမ်ချင်းအာတို့သည် ယဲ့ဖန်ကို ကျေးဇူးတင် နေကြလေသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက ရွှမ်ချင်းအာ သေသွားပေလိမ့်မည်၊ ထို့အပြင် အဘိုးအိုသည်လည်း အသက်ရှင် နိုင်မည် မဟုတ်ပါ။

သူတို့နှစ်ယောက်၏ စိတ်လှုပ်ရှား၍ ကျေးဇူးတင်နေသော အမူအရာကို ကြည့်ပြီး တစ်ဖက်မှ ရွှမ်ဟောင်သည် ရူးမတတ် ဖြစ်နေလေ၏။

“ဆရာ၊ ဂျူနီယာညီမ … ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ၊ ဘာလို့ သူ့ကို ကျေးဇူးတင်နေတာလဲ”

*ဘာ*

အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ရွှမ်ဟောင်ကို စိတ်ရှုပ်၍ အထင်သေးသလို ကြည့်လိုက်သည်။

“ရွှမ်ဟောင် မင်း ဘာပြောချင်တာလဲ၊ ဒီလူကြီးမင်းက မင်းအသက်ကို ကယ်ခဲ့တာလေ”

အဘိုးအိုသည် အလွန်အမင်း ဒေါသထွက်လာသည်။ ထိုစကားကို ကြားပြီးနောက် ရွှမ်ဟောင်က လုံးဝ မယုံကြည်ချေ။

“ဆရာ ခင်ဗျား ဇဝေဇဝါ ဖြစ်နေတာလား။ သူ့လို နတ်ဘုရား ဆရာသခင်အဆင့်လေးက ဘယ်လိုလုပ် အဆိပ်ပြင်း ရေဘဝဲကို သတ်နိုင်မှာလဲ”

“အစောပိုင်းတုန်းက ထူးချွန်တဲ့ စီနီယာတစ်ယောက်က တိတ်တဆိတ် ကူညီပေးလိုက်မှန်း အသိသာကြီးပဲလေ”

ထိုသို့ပြောပြီး ရွှမ်ဟောင်က ယဲ့ဖန်၏လက်ကို မနာလိုရှုစိမ့်သလို လှမ်းကြည့်လိုက်သည်။

“ပြီးတော့ ဒီကောင်က ကြားကနေ အခွင့်ကောင်း ယူသွားတာ။ သူ့ကိုယ်သူ သူရဲကောင်းလို ဟန်ဆောင်ရုံတင်မကဘူး ကျွန်တော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင် ဝင်လုပ်နေတာ။ သူက သားရဲ အမြုတေကိုတောင်မှ ယူလိုက်သေးတယ်”

ရွှမ်ဟောင်၏စကားကြောင့် အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။ သူတို့သည် ရွှမ်ဟောင်က အလွန် အရှက်မဲ့လှသည်ဟု မတွေးဘဲ မနေနိုင် ဖြစ်နေကြသည်။

တစ်ဖက်က သူ့ကို ကယ်ခဲ့သော်လည်း သူက တစ်ဖက်ကို မဟုတ်မမှန်သော စကားများ ပြောဆိုနေသည်။

ထိုသို့သောအချိန်၌ သူတို့နှစ်ယောက်လုံး ပြောစရာစကားပင် မရှိသလို ဖြစ်နေကြသည်။

သို့သော် ရွှမ်ဟောင်သည် သူတို့၏ အမူအရာကို အရေးမစိုက်ချေ။ သူသည် အာကာသထဲ ဝေ့ကြည့်၍ လက်သီးကိုဆုပ်၍ အရိုအသေ ပေးဟန်ဖြင့် ကျိုးနွံစွာ အော်ပြောလိုက်သည်။

“ဘယ်လို ထူးချွန်တဲ့ စီနီယာက ကူညီပေးခဲ့လဲ ကျွန်တော် မသိပါဘူး။ ကျေးဇူးပြုပြီး ခင်ဗျားနာမည်ကို ပြောပြပေးပါ။ ကျွန်တော် ရွှမ်ဟောင်က နောင်အနာဂတ်မှာ ကျေးဇူးဆပ်ပါ့မယ်”

ရွှမ်ဟောင်၏ မျက်လုံးများက ဘေးပတ်လည်မှ အာကာသကို ဝေ့ကြည့်နေသည်။ ထူးချွန်သော စီနီယာတစ်ယောက် ရှိကိုရှိနေပြီး သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်ကိုဖြစ်လိမ့်မည်ဟု တထစ်ချ ယုံကြည်ထားမှန်း သိသာလှသည်။

သူ့ဘေးပတ်လည်၌ မည်သူမျှ မရှိသလို ဘာအသံမှလည်း မထွက်လာချေ။

ဤသည်ကိုကြည့်ပြီး အဘိုးအိုနှင့် ရွှမ်ချင်းအာက ရွှမ်ဟောင်ကို ကြိမ်းမောင်းရန် ပြင်လိုက်သည်။ သို့သော် ထိုသို့သောအချိန်၌ …

“အဲ့ဒါ ငါတို့ ပစ်လိုက်တာ”

ထိုအသံနှင့်အတူ အာကာသံထဲ၌ စစ်သင်္ဘောတစ်စီး မောင်းနှင်လာ သည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ ရှေ့သို့ ရောက်လာလေသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော လူရိပ်များက စစ်သင်္ဘောထဲမှ ဆင်းလာကြသည်။

အထူးသဖြင့် ရှေ့မှဦးဆောင်လာသော လူပင်။ သူ့၌ မျက်တွင်းကျ၍ ခက်ထန်သော မျက်နှာထား ရှိလေသည်။ သို့သော် ထိုသူသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ဖြစ်သည်။

သူ့နောက်၌ နတ်ဘုရား ဂိုဏ်းချုပ်အဆင့် လေးယောက်နှင့် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့် ဆယ်ယောက် လိုက်ပါလာသည်။

ထိုလူတန်းကြီးသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသည်။

ထိုသူတို့၌ ကြမ်းကြုတ်သော အရိပ်အငွေ့များ ရှိကြသည်။ ထိုသူတို့အားလုံးသည် လက်၌ သွေးများ စွန်းထင်းခဲ့ဖူးသော ရက်စက်သည့်သူများ ဖြစ်မှန်း သိသာသည်။

*တကယ်ပါလား*

ဤမြင်ကွင်းကိုကြည့်ပြီး ရွှမ်ဟောင် တက်ကြွသွားသည်။ သူသည် ထိုသူနှင့် အခြားသူများရှေ့၌ မျက်နှာချင်းဆိုင်ရပ်၍ အရိုအသေ ပေးလိုက်သည်။

“ခင်ဗျားရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် နာမည်က ရွှမ်ဟောင်ပါ။ နောင်အနာဂတ်မှာ ကျွန်တော် ရွှမ်ဟောင်က ကောင်းကောင်း ကျေးဇူးဆပ်ပါ့မယ်”

*ကျေးဇူးဆပ်မယ်တဲ့လား*

သူ့စကားကြောင့် ထိုသူ၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။

“ငါ့နာမည်က ရှန်းပေါင်”

*ရှန်းပေါင်*

ထိုနာမည်ကိုကြားသည်နှင့် အဘိုးအို၊ ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့ အားလုံး မျက်နှာပျက် သွားကြသည်။

“ဆာ … ဆာက ကျားနက်ဂြိုဟ်က သားသတ်အသင်းရဲ့ ဒုတိယ ခေါင်းဆောင် စိတ္တဇ ရှန်းပေါင်လား”

ရွှမ်ဟောင်၏ စိတ်လှုပ်ရှားနေသော ခန္ဓာကိုယ်က ကတုန်ကယင် ဖြစ်လာသည်။

ထိုရက်စက်သောသူ၏ အကြောင်းများကို သူ ကြားဖူးပါသည်။ ထိုသူသည် နာမည်ကြီး သွေးဆာသည့် လူတစ်ယောက် ဖြစ်သည်။

ကျားနက်ဂြိုဟ်၏ သားသတ်အသင်း၌ သူသည် တိုက်ပွဲ ခြောက်ဆယ့်ရှစ်ပွဲကို ဆင်နွှဲခဲ့ပြီး တစ်ပွဲမှ မရှုံးချေ။

ပို၍ ထိတ်လန့်စရာ ကောင်းသည်က သူသည် တစ်ခါက နတ်ဧကရာဇ်အဆင့်ကိုပင် သတ်ဖြတ်ခဲ့ဖူးခြင်းပင်။

သူ မအံ့ဩမိတော့ပါ။

ထို့နောက်တွင်မူ ရွှမ်ဟောင်သည် သူ့ကို ကယ်ခဲ့သည့်သူက ရှန်းပေါင်သာ ဖြစ်မည်ဟု တထစ်ချ ကောက်ချက်ချလိုက်မိသည်။ ထို့အပြင် ဤနေရာ၌ အခြားသူလည်း မရှိချေ။

အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ သုန်မှုန်နေကြသည်။ စိတ္တဇ ရှန်းပေါင်၏ အဖွဲ့က အဆိပ်ပြင်း ရေဘဝဲကို လိုက်ဖမ်းနေကြမှန်း သူတို့ ရိပ်မိကြသည်။

သို့သော် ထိုသားရဲကို ခေါင်းဖြတ်လိုက်သည့်သူက သူတို့ မဟုတ်ချေ။ သူတို့သည် အယောင်ဆောင်တွေမှန်း သိသာလှသည်။

ထိုစဉ် ရှန်းပေါင်၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာပြီး ယဲ့ဖန်၏လက်ကို လှမ်းကြည့်လေသည်။ ထို့နောက် သူက မခိုးမခန့်ပြုံးလာသည်။

“ကောင်လေး၊ ငါတို့က အဆိပ်ပြင်း ရေဘဝဲကို လိုက်နေတာ၊ ပြီးတော့ အဲ့ဒါကို သတ်လိုက်တာ ငါတို့ပဲ”

“အမြုတေက မင်းနဲ့ မဆိုင်ဘူး”

“ငါ့ကိုပေး”

ထိုသို့သောအချိန်၌ လေထုသည် ချက်ချင်း ပြင်းထန်လာလေသည်။

ရှန်းပေါင်နှင့် သူ့လူများသည် ယဲ့ဖန်ကို စိုက်ကြည့်နေပြီး မထီမဲ့မြင်ဟန်ဖြင့် ပြုံးနေကြသည်။

ယဲ့ဖန်ကို တမင် အကွက်ချ ကြံစည်မှန်း သိသာလှသည်။ အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ ပိုပို၍ မျက်နှာပျက်လာကြသည်။

ရှန်းပေါင်နှင့် အခြားသူများသည် အလွန် အရှက်မဲ့ကြလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သူတို့သည် ကယ်တင်ရှင် ယောင်ဆောင်ကြရုံသာမက အမြုတေကိုပါ တောင်းယူ နေကြသည်။

ဤသည်မှာ အဆင့်လေး နတ်ဘုရားသားရဲ၏ အမြုတေဖြစ်ပြီး တန်ဖိုးဖြတ်မရချေ။

ရှန်းပေါင်နှင့် အခြားသူများသာမက ရွှမ်ပေါင်ကပါ ယဲ့ဖန်ကို လှောင်ပြောင်သလို ကြည့်လာသည်။

“ဟေ့ကောင် မင်း မမြင်ဖူးလား။ သခင်ကြီးက ဒီရောက်နေပြီလေ၊ အမြုတေကို မြန်မြန် ထုတ်ပေးလိုက်။ မဟုတ်လို့ကတော့ မင်း ကံဆိုးပြီပဲ”

ရွှမ်ဟောင်၏ မျက်လုံးထဲ၌ အထင်သေး စက်ဆုပ်ဟန်များ ပါဝင်နေသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ရယ်လေသည်။ ရယ်သံက အလွန်ရက်စက်၍ သွေးဆာနေပုံပေါက်နေသည်။

“မင်း အမြုတေကို လိုချင်တာ သေချာလား”

“သေချာတာပေါ့”

ရှန်းပေါင်နှင့် သူ့လူများသည် ထပ်ခါထပ်ခါ ပျက်ရယ်ပြုနေကြပြီး ယဲ့ဖန်ကဲ့သို့ နတ်ဘုရား ဆရာသခင်အဆင့်ကို စာရင်းထဲ မထည့်မှန်း သိသာလှသည်။

“ကောင်းပြီလေ”

ထိုစဉ် ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာသည်။

*သဘောတူလိုက်တာလား*

လူတိုင်းက အမြုတေကို အလွယ်တကူ ရလိမ့်မည်ဟု ထင်မထားမိပေ။ ထိုအခါ ရှန်းပေါင်နှင့် အခြားသူများက ဟက်ဟက်ပက်ပက် ရယ်မောလာသည်။

ထိုစဉ် ယဲ့ဖန် ဆက်ပြောလာသောစကားက သူတို့မျက်နှာပေါ်မှ အပြုံးကို အေးခဲသွားစေသည်။

“အမြုတေကို ယူလိုက်၊ ဒါပေမဲ့ မင်းအသက်နဲ့ လဲရမယ်”

Chapter 452 သက်သာလွန်းတယ်

*အမြုတေကို ယူပြီး အသက်နဲ့ အလဲအလှယ်လုပ်ရမယ်တဲ့လား*

ယဲ့ဖန်၏ စကားကိုကြားပြီးနောက် ရှန်းပေါင်နှင့် အခြားသူများ၏ လှောင်ပြုံးများ ချက်ချင်း အေးခဲသွားသည်။

တိတ်ဆိတ်လို့သွား၏။

ထိုသို့သောအချိန်၌ ထိုနေရာရှိ လေထုသည် အလွန်အမင်း ဖိအား ပြင်းထန်လာသည်။

ရှန်းပေါင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်မှ လူသတ်လိုသော အရိပ်အငွေ့များ ပျံ့လွင့်လာသည်။ လူတိုင်းက ယဲ့ဖန်ကို သတ်ဖြတ် လိုသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ပထမဆုံးပင်။ မလောက်လေး မလောက်စား နတ်ဘုရား ဆရာသခ င်အဆင့်လေးက သူ့ရှေ့၌ မောက်မာသော စကားလုံးများကို ပြောရဲသည်က ဤနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

ယဲ့ဖန်ကို ကြည့်နေသည့် ရှန်းပေါင်၏ အကြည့်များက ကြမ်းကြုတ် ခက်ထန်၍ သေလူ တစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေလေသည်။

ထိုသို့သောအချိန်၌ သူ့ဘေးမှ ရှန်းဟောင်သည် ထိတ်လန့်၍ နေ၏။

*မြတ်စွာဘုရား*

ဤမျှ မောက်မာသည့် နတ်ဘုရား ဆရာသခင်အဆင့်ကို သူ တစ်ခါမှ မမြင်ဖူးချေ။

“ဟေ့ကောင်၊ မင်း အရှင်ရှန်းပေါင်ကို ဘယ်လိုတောင် ပြောရဲတာလဲ၊ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလို့ ငါ ထင်တယ်”

ရွှမ်ဟောင်သည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။

ရှန်းပေါင်ကဲ့သို့ ရက်စက်သောလူကို အာခံခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မထူးခြားနားပင်။

သူတို့သည်သာမက အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ကပါ ယဲ့ဖန်သည် အလွန် စိတ်လိုက်မာန်ပါ ရှိလွန်းသည်ဟု ထင်မိသည်။

ချွင်!

ထိုစဉ် ရှန်းပေါင်နှင့် အခြားသူများက သူတို့၏ လက်နက်များကို ထုတ်လာကြသည်။ ပြင်းထန်သည့် လူသတ်လိုသော အရိပ်အငွေ့ များက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။

သူတို့သည် ယဲ့ဖန်ထံသို့ တစ်လှမ်းခြင်းလှမ်းလာပြီး သူ့ကို ဝိုင်းထားကြသည်။ ဤမြင်ကွင်းက အဘိုးအိုအား ထိတ်လန့်၍ မျက်နှာဖြူရော်သွားစေသည်။ ထို့နောက် အဘိုးအိုက အလျင်စလို ဝင်ပြောလိုက်သည်။

“ဒုခေါင်းဆောင် ခွင့်လွှတ်ပေးပါ။ မစ္စတာယဲ့က စကြဝဠာထဲကို အခုမှ ဝင်လာတာဖို့ သူ အတိမ်အနက်ကို မသိတာပါ။ ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးပါ”

သူသည်သာမက သူ့ဘေးမှ ရွှမ်ချင်းအာကပါ အသည်းသအန် ဝင်ပြောလာသည်။

“ကျေးဖူးပြုပြီး အစ်ကိုယဲ့ဖန်ကို ခွင့်လွှတ်ပေးပါ”

*ဘာ*

ဤသည်က ရှန်းပေါင်အား မျက်ခုံးပင့်သွားစေပြီးနောက် သူ့နှုတ်ခမ်း၌ လှောင်ရိပ်သန်းလာသည်။

“မင်းတို့ သူ့ကို အသက်ချမ်းသာပေးစေချင်တယ်ဆိုရင် ရတယ်။ သူ့ကို ဒူးထောက်ပြီး သူ့ခေါင်းကို ရိုက်ခိုင်းလိုက်။ ပြီးတော့ သူ့ပါးကိုလည်း အချက်တစ်ရာ ရိုက်ခိုင်းလိုက်”

“မဟုတ်လို့ကတော့ သူ သေမယ်”

ရှန်းပေါင်၏ ရယ်သံက ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ ယဲ့ဖန်ကို တမင်ရန်စနေမှန်း သိသာလှသည်။

*ဒါ အရှက်ခွဲတာပဲ*

*ဒူးထောက်ပြီး ကိုယ့်ခေါင်းကိုယ်ရိုက်ရမယ်*

*ကိုယ့်ပါးကိုယ် ပြန်ရိုက်ရမယ်*

ထိုစကားက အဘိုးအိုနှင့် ရွှမ်ချင်းအာတို့အား အရှက်ရ သွားစေသည်။ သို့သော် ယဲ့ဖန်က ခေါင်းကိုခါ၍ ပြုံးလာသည်။

“ဒါက တအား သက်သာလွန်းတယ်”

*ဘာ*

လူတိုင်းသည် ယဲ့ဖန်၏ ဆိုလိုရင်းကို နားမလည်ကြချေ။ ထိုစဉ် ယဲ့ဖန်က ရှန်းပေါင်နှင့် အခြားသူများကို ကြည့်၍ ပြောလိုက်သည်။

“အခု မင်းတို့ ဒူးထောက်ပြီး ကိုယ့်ခေါင်းကိုယ်ရိုက်ပြီးတော့ ကိုယ့်ပါးကိုယ်ပြန်ချရင်တောင်မှ မင်းတို့ သေရမယ်”

*မောက်မာလွန်းတယ်*

ယဲ့ဖန်က အလွန် ရူးသွပ်လွန်းလိမ့်မည်ဟု လူတိုင်း ထင်မထား မိကြချေ။ ရှန်းပေါင်က အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလာသည်။

“ကောင်းပြီလေ၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတဲ့ပုံပဲ”

ထိုသို့ပြောပြီး သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

“သွားကြ၊ သူ့ကို သတ်ကြ”

ထိုစကားအဆုံး၌ နတ်ဘုရားဂိုဏ်းချုပ်အဆင့် လေးယောက်နှင့် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့် ဆယ်ယောက်သည် ရှေ့သို့ထွက်လာပြီး ယဲ့ဖန်ထံသို့ ပြေးဝင်သွားကြသည်။

“ကောင်စုတ်လေး သေပေတော့”

သိုင်းပညာရှင် ဆယ့်လေးယောက်နှင့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ရှန်းပေါင်။ ထိုအင်အားက အလွန် သွေးပျက်ဖွယ် ကောင်းလှသည်။

သူတို့သည် ဟာရီကိန်းမုန်တိုင်း ဝင်သကဲ့သို့ ယဲ့ဖန်ကို အုပ်မိုး သွားသည်။

ဝုန်း!

ပေါက်ကွဲမှုက ဤနေရာရှိ အာကာသကို ပုံပျက်သွားစေသည်။ အဘိုးအို၊ ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့သည် ထိုပြင်းထန်သော အရှိန်အဝါကြောင့် လန်ထွက်သွားမတတ် ဖြစ်လာသည်။

မှင်တက်လို့နေကြသည်။

*သွားပါပြီ*

ရွှမ်ချင်းအာ၏ လှပသော မျက်နှာလေးက ဖြူရော်လာသည်။

ရှန်းပေါင် တစ်ယောက်တည်းနှင့်ပင် နတ်ဧကရာဇ်အဆင့်ကို သတ်နိုင်နေသည်။ ထို့အပြင်ကိုပါ သိုင်းပညာရှင် ဆယ့်လေး ယောက်ကို ထည့်ပေါင်းလိုက်ပါ ယဲ့ဖန် ပြေးမလွတ် နိုင်တော့ချေ။

ထိုသို့သောအချိန်၌ ရွှမ်ချင်းအာ၏ မျက်နှာလေးက သေမတတ် ပျက်ယင်းလာ၏။

ရွှမ်ဟောင်ကမူ မထီလေးစားဟန်ဖြင့် ပျက်ရယ်ပြုနေသည်။

“တတ်ယောင်ကား လာလုပ်နေတယ်။ ဟေ့ကောင် … အခြားသူရဲ့ အစွမ်းအစကို အထင်သေးမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်၊ ကိုယ့်သေလမ်း ကိုယ်ရှာနေတဲ့ကောင်”

ထိုသို့ရှိနေစဉ်တွင် ရွှမ်ဟောင်သည် ယဲ့ဖန်တစ်ယောက် အသားတုံး သဖွယ် ခုတ်ပိုင်းခံလိုက်ရပြီဟု ထင်မှတ်နေလေသည်။

ဝှစ်! ဝှစ်! ဝှစ်!

သို့သော် ထိုစဉ် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွား ပြီးနောက် ရွှမ်ဟောင်၏ လှောင်ပြောင်နေသော မျက်နှာက ချက်ချင်း အေးခဲသွားလေသည်။

ယဲ့ဖန်၏ ပုံရိပ်က လှစ်ခနဲ ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက် ရသည်။ သို့သော် ရှမ်းပေါင်နှင့် သန်မာသော သိုင်းပညာရှင် ဆယ့်လေးယောက်တို့၏ အပြင်းအထန် တိုက်ခိုက်မှု က ရုတ်ချည်း ရပ်စဲသွားသည်။

ထိုသူတို့သည် သူတို့၏ သားသတ်ဓားများကို ဝင့်၍ အချိန်ရပ်သွား သကဲ့သို့ နေရာမှာတင် ခပ်တောင့်တောင့် အေးခဲနေကြသည်။

“ဒါက … ဘယ်လိုဖြစ်တာလဲ”

ရွှမ်ဟောင်သာမက အဘိုးနှင့် ရွှမ်ချင်းအာတို့တောင်မှ ထိတ်လန့် သွားကြသည်။

တောက်!

ထိုစဉ် ရှန်းပေါင်၏ မျက်ခုံးမှနေ၍ သွေးတစ်စက် စီးကျလာသည်။ ရှန်းပေါင်၏ မျက်လုံးထဲ၌ အလွန် ဝမ်းနည်း၍ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

ထိုစကားအဆုံး၌ နောက်ထပ် သွေးစက်များက သူ၏မျက်ခုံးမှ စီးကျလာသည်။

ထို့နောက်တွင်မူ ရှန်းပေါင်၏ သန်မာသော ခန္ဓာကိုယ်သည် မျက်ခုံးနေရာမှနေ၍ နှစ်ခြမ်းကွဲသွားလေသည်။

*ဟာ*

ဤမြင်ကွင်းက အဘိုးအိုတို့သုံးယောက်ကို မှင်တက်သွားစေသည်။

*သေသွားပြီလား*

ဂုဏ်သိက္ခာရှိသော သားသတ်အသင်း၏ ဒုတိယခေါင်းဆောင်၊ နတ်ဧကရာဇ်အဆင့်ကိုပင် သတ်နိုင်သည့် စိတ္တဇရှန်းပေါင်က ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်း ခံလိုက်ရ သည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယခုအချိန်၌ အဘိုးအိုတို့သုံးယောက်သည် အိပ်မက်မက် နေသည်ဟု ထင်မိနေသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

ရွှစ်! ရွှစ်! ရွှစ်!

စုတ်ပြဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အဘိုးအိုတို့ သုံးယောက်၏ ထိတ်လန့်နေသော မျက်လုံးများအောက်၌ ရှန်းပေါင် နောက်မှ နတ်ဘုရားဂိုဏ်းချုပ်အဆင့် လေးယောက်နှင့် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့် ဆယ်ယောက် တို့ထံမှ သွေးစင်းကြောင်းများ ထွက်ပေါ်လာပြီး ကိုယ်နှစ်ခြမ်း ကွဲသွားလေသည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် အလောင်း ဆယ့်ငါးလောင်း ထွက်ပေါ် လာသည်။

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ သွေးသံတရဲရဲနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အပိုင်းသုံးဆယ်လုံးသည် အာကာသထဲ မျောလွင့်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

သွေးဆာလွန်းလှသည်။ ရက်စက်လွန်းလှသည်။

ထိုသွေးမြူခိုးများကြားထဲ၌ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက် ရှိနေသည်ကို အဘိုးအိုတို့ သုံးယောက်လုံး တွေ့လိုက်ရသည်။

ထိုသူကား ယဲ့ဖန်ပင်။

သူ့လက်ထဲ၌ ရွှေရောင်ဓားရိုးရှိသည့် ဧရာမ ပုရွက်ဆိတ် ဓားတစ်လက် ရှိနေသည်။ ထိုဓားမှနေ၍ သွေးစက်များက တတောက်တောက် စီးကျနေသည်။

*သူပါလား*

စက္ကန့်ပိုင်းအတွင်းမှာပင် အသန်မာဆုံးသော သိုင်းပညာရှင် ဆယ့်ငါးယောက်ကို သတ်ဖြတ်ခဲ့သည်။

အဘိုးအို၊ ရွှမ်ချင်းအာနှင့် ရွှမ်ဟောင်တို့ ခေါင်းခြောက်လာ ကြသည်။

*ဘာလဲကွာ …*

ယခုအချိန်ထိ သုံးယောက်သား အိပ်မက်မက်နေသည်ဟု ထင်နေ ကြသည်။

ထိုသည်သာမကသေးချေ။ ရှန်းပေါင်တို့ ဆယ့်ငါးယောက်လုံး အသတ်ခံရပြီးသည်နှင့် သွေးမြူခိုးများ ဖြစ်သွားကြသည်။

ရုတ်တရက် ယဲ့ဖန်က လက်ဝါး ဖြန့်လိုက်သည်။ ထိုအခါ ငရဲမီးက သူ့လက်ဝါးမှနေ၍ ထွက်ပေါ်လာပြီး လောင်မြိုက်လေတော့သည်။

သွေးမြူခိုးထဲမှနေ၍ နတ်ဘုရား စိတ်ဝိညာဉ်များ၏ အော်သံများ ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရား စိတ်ဝိညာဉ်များ သေဆုံးကုန်ပြီး ပျောက်ကွယ် သွားကြသည်။

ဂလု!

ဤမြင်ကွင်းကို ကြည့်ပြီး အဘိုးအိုတို့ သုံးယောက်လုံး မနည်းကို တံတွေးမျိုချမိကြသည်။ သန်မာလွန်းလှပေ၏။

ယဲ့ဖန်ကဲ့သို့သော လူစားမျိုးကို သူတို့ တစ်ခါမှမမြင်ဖူးကြချေ။ ငရဲမှ မိစ္ဆာများထက်တောင်မျ ပို၍ ရက်စက်ပေဦးမည်။

အထူးသဖြင့် ရွှမ်ဟောင်သည် နဖူးမှနေ၍ ချွေးများ တဒီးဒီး ကျနေ၏။ ယခုအခါတွင်တော့ အဆိပ်ပြင်း ရေဘဝဲကို သတ်ဖြတ်လိုက်သည့်သူက ယဲ့ဖန်ပင် ဖြစ်ကြောင်း သူ သေချာ သိသွားလေသည်။

သို့သော် ယဲ့ဖန်က သူတို့ကို လှည့်ပင်မကြည့်ချေ။

“နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်သည် လက်ကိုတစ်ချက် လှုပ်လိုက်သည်။

ဝှစ်!

အာကာသထဲ၌ ရုတ်တရက် စစ်သင်္ဘောတစ်စီး ထွက်ပေါ် လာလေသည်။ ယဲ့ဖန်သည် စစ်သင်္ဘောထဲ ဝင်သွားပြီး ကျားနက် ဂြိုဟ်သို့ ပျံသန်းမောင်းနှင်သွားသည်။

*ငါ မသေဘူးပဲ*

ထိုအခါမှသာ ရွှမ်ဟောင် စိတ်သက်သာရာ ရသွားသည်။

အသက်သခင် ကျေးဇူးရှင်ဖြစ်သူ ယဲ့ဖန်အား သူ အထင်မှားခဲ့ မိသော်လည်း သူ အသတ်မခံရဘဲ နေလိမ့်မည်ဟု ထင်မထားမိချေ။

“တော်သေးတယ်၊ သေခြင်းတရားကို ရှောင်လိုက်နိုင်ပြီ”

ရွှမ်ဟောင်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်မိသည်။ သို့သော် ထိုစဉ် အဘိုးအိုနှင့် ရွှမ်ချင်းအာတို့က သူ့အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်ကို သူ သတိထား မိသွားသည်။

“ဘာလဲ … ဘာဖြစ်လို့လဲ”

ရွှမ်ဟောင် စိတ်ထဲ စိုးရိမ်လာသည်။ သူတို့၏ အကြည့် အောက်မှာပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။

ငရဲမီးစတစ်စက သူ့အဝတ်အစားပေါ်၌ တောက်လောင်လာ၏။

“မလုပ်နဲ့”

ရွှမ်ဟောင် သွေးပျက်သွားပြီး ထိုမီးစကို ငြှိမ်းချင်နေသည်။ သို့သော် ငရဲမီးသည် ဝိညာဉ်စား ပုရွက်ဆိတ်များကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ့အသားနှင့် သွေးများ လောင်ကျွမ်းခံရပြီးနောက် သူ၏အရိုးစု သည်လည်း ပြာဖြစ် သွားလေသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပါ အော်ဟစ်နေရသည်။

“အား….”

နောက်ဆုံးတွင် နောင်တရ၍ မကျေမချမ်း ဖြစ်နေသော အော်သံနှ င့်အတူ ရွှမ်ဟောင်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သေဆုံးသွား လေတော့သည်။

Chapter 453 သေမင်း ဦးခေါင်းခွံ အမိန့်

ကျားနက်ဂြိုဟ်၏ ကျားနက် နန်းတော်အတွင်း၌ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်က တည်တံ့စွာ ထိုင်နေသည်။ သူ့ခန္ဓာကိုယ် ပေါ်၌ ရှုပ်ယှက်ခတ်နေသော အမာရွတ်များ ရှိနေပြီး ထိတ်လန့်ဖွယ်ကောင်းလာသည်။

ပုလ္လင်ပေါ်၌ ထိုင်နေပြီး ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ကျောချမ်းဖွယ် အရှိန်အဝါကို ထုတ်လွှတ်လျက် ရှိသည်။

သူသည် ကျားနက်ဂြိုဟ်၏ ဧကရာဇ်ဖြစ်ပြီး နတ်ဧကရာဇ် နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်လေသည်။

ကျားနက်အင်ပါယာ၏ အင်အားအကြီးဆုံး သိုင်းပညာရှင်ဖြစ်ပြီး ၎င်း၏လက်အောက်၌ အဆင့်နှစ် အင်ပါယာ ခြောက်ခုနှင့် အဆင့်တစ် အင်ပါယာ ဆယ့်လေးခုတို့ရှိ သိုင်းပညာရှင်များ ထက်လည်း သန်မာလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ထိုသို့သောအချိန်၌ ခပ်သွက်သွက် လှမ်းလာသော ခြေလှမ်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုခြေသံကို ကြားလိုက်ရသောအခါ ကျားနက် အင်ပါယာ၏ ဧကရာဇ်က မျက်လုံးဖွင့်လာပြီး သူ့မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“သတင်း အခြေအနေ ဘယ်လိုရှိလဲ”

ကျားနက် ဧကရာဇ်၏ အသံသည် ဩရှရှနှင့် အက်တတ်တတ်အသံ ရှိလေသည်။ သူ့စကားကို ကြားသည်နှင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်က ကြမ်းပြင်ပေါ် ဒူးထောက်၍ တလေးတစားနှင့် ပြန်ဖြေလေသည်။

“ကျားနက် ဧကရာဇ်ခင်ဗျား၊ နတ်ဆိုး သတ်ဖြတ်ပွဲ သတင်းကို ပထမအဆင့် အင်ပါယာ ဆယ့်လေးခုလုံးနဲ့ အဆင့်နှစ် အင်ပါယာ ခြောက်ခုလုံးဆီ ဖြန့်ထားပြီးပါပြီ။ အဲ့ဒီ နတ်ဆိုးငတုံးကောင်တွေက မျက်လုံးတစ်လုံး နတ်ဆိုးကို ကယ်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“ကောင်းတယ်”

ထိုစကားကို ကျားပြီး ကျားနက် ဧကရာဇ်က ရုတ်တရက် နဂါးပုလ္လင်ထက်မှ ထရပ်လေသည်။ သူ့မျက်နှာထက်၌ လှောင်ရိပ် များ ယှက်သန်းလာသည်။

“ကျားနက် အင်ပါယာကြီးက တည်ငြိမ်နေခဲ့တာ အချိန် အတော်ကြာ နေခဲ့ပြီ။ နတ်ဆိုးမျိုးနွယ် မထိုးဖောက်လာခင်အထိ တည်ငြိမ်နေခဲ့ပြီးတော့ ငါလည်း ထင်မထားခဲ့မိဘူး”

“ဒီတစ်ခါတော့ မျက်လုံးတစ်လုံး နတ်ဆိုးကို တည်ကြက်အဖြစ် အသုံးချပြီးတော့ အင်ပါယာ အောက်မှာ ပုန်းကွယ်နေတဲ့ နတ်ဆိုး မျိုးနွယ်တွေကို တတ်နိုင်သလောက် ခပ်များများ သတ်ပစ်ရမယ်”

ကျားနက် ဧကရာဇ်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုး သတ်ဖြတ်ပွဲက ထောင်ချောက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။

နတ်ဆိုးမျိုးနွယ်များအတွက် သေခြင်းတရားက စောင့်မျှော်နေ၏။ သူတို့ ရောက်လာသည်နှင့် အသတ်ခံရပေမည်။

ထိုစဉ် ကျားနက် ဧကရာဇ်က တစ်ခုခုကို သတိရသွားဟန်နှင့် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“တတိယမင်းသား ဟေးဟန်ထိုက်နဲ့ ပတ်သက်ပြီးတော့ကော၊ ဘာသတင်းမှ မရဘူးလား”

ဧကရာဇ်၏ မေးမြန်းမှုကြောင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် စုံစမ်းစစ်ဆေးဌာနသို့ သွားစုံစမ်း၍ ခပ်သွက်သွက် ပြန်လာလေသည်။

“ဧကရာဇ် တတိယမင်းသား သတင်းကို မရပါဘူး။ သူ့ရဲ့စစ်သင်္ဘောရဲ့ အချက်ပြသင်္ကေတက နောက်ဆုံးအနေနဲ့ နဂါးငွေ့တန်း အင်ပါယာထဲမှာ ပျောက်ဆုံးသွားပါတယ်”

*နဂါးငွေ့တန်းလား*

ကျားနက် ဧကရာဇ်က မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် လက်ကိုခါ၍ ပြောလိုက်သည်။

“ထားလိုက်တော့၊ အဲ့ဒီမှာ နတ်ဧကရာဇ်အဆင့် လေးယောက်နဲ့ အစောင့်အရှောက်တွေ အများကြီး ပါသွားတာပဲ၊ ပြီးတော့ C အဆင့် စစ်သင်္ဘောတစ်ခုနဲ့တင် ကျားနက် အင်ပါယာကို ကာကွယ်နိုင်တဲ့ အခြေအနေပဲလေ”

“လက်ရှိ အရေးကြီးဆုံးကိစ္စက ပုန်းကွယ်နေတဲ့ နတ်ဆိုးမျိုးနွယ် အကြွင်းအကျန်တွေအားလုံးကို ရှင်းပစ်ဖို့ပဲ”

ထိုသို့ပြောပြီး ကျားနက် ဧကရာဇ်၏ အကြည့်များက အေးစက်လာသည်။

“သိုင်းပညာရှင်အားလုံးကို အသင့်ပြင်ထားဖို့ အမိန့်ပေးလိုက်”

“နတ်ဆိုး သတ်ဖြတ်ပွဲမှာ ပါရမီရှင်တွေ ယှဉ်ပြိုင်တာနဲ့ နတ်ဆိုး မျိုးနွယ် အားလုံး ဘယ်သောအခါမှ မပြန်နိုင်စေရဘူး”

…

တစ်ချိန်တည်းမှာပင် စစ်သင်္ဘောတစ်စီးက ကျားနက်ဂြိုဟ်သို့ ရောက်ရှိလာသည်။ ထို့နောက် ထိုစစ်သင်္ဘောသည် ကျားနက်ဂြိုဟ် ပေါ်၌ ရုတ်တရက် ရပ်တန့်သွားပြီး ယဲ့ဖန်က ဖြည်းညှင်းစွာ ထွက်လာသည်။

“ကျားနက်ဂြိုဟ်”

သူ့မျက်လုံးများက သွေးဆာနေသကဲ့သို့ တောက်ပလာသည်။ ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ် ပေါ်ရှိ လူများအားလုံး သေမင်းနတ်ဘုရား ရောက်ရှိလာသည်ကို မသိလိုက်ကြချေ။

ရွှစ်!

ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် သိုင်းပညာရှင်တစ်ယောက် လျင်မြန်စွာ ရောက်ရှိလာသည်။ ထို့နောက် ထိုသူက ယဲ့ဖန်၏ စစ်သင်္ဘောကို တစ်ချက်ကြည့်၍ ပြုံးကာ စကားစလာသည်။

“ဒီကမိတ်ဆွေ၊ ကျားနက်ဂြိုဟ်ကို မိုးပြီး စစ်သင်္ဘောတွေ လွန်းတင်ခွင့် မပြုဘူးဗျ။ ခင်ဗျား ယာဉ်ရပ်ထားချင်လား။ ကျုပ် ခင်ဗျားကို သင်္ဘောဆိုက်လို့ရမယ့်နေရာကို ခေါ်သွားပေးမယ်။ စကြဝဠာသုံး ဒင်္ဂါးတစ်ရာပဲပေး”

ကျားနက်ဂြိုဟ်ပေါ်၌ နတ်ဘုရား သေနာပတိအဆင့်များကို အဆင့်နိမ့်သည်ဟု သတ်မှတ်၍ ရလေသည်။ ထို့ကြောင့် ထိုသိုင်းပညာရှင်သည် စစ်သင်္ဘောများ ရပ်နားရန် နေရာပြုလုပ်၍ အသက်မွေးဝမ်းကြောင်း လုပ်ရလေသည်။

သို့သော် သူ မသိမသာ အံ့အားသင့်နေသည်။ ယဲ့ဖန်ကဲ့သို့ နတ်ဘုရား ဆရာသခင်အဆင့်လေးက စစ်သင်္ဘောတစ်စီး ပိုင်နေလိမ့်မည်ဟု သူ ထင်မထားမိချေ။

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလာသည်။

“ခင်ဗျား အထင်မှားနေပြီပဲ၊ ဘယ်က စစ်သင်္ဘောက ဒီမှာ ရှိနေလို့လဲ”

*ဘာ*

ထိုနတ်ဘုရား သေနာပတိအဆင့် မသိမသာ တွေဝေသွားသည်။

“မိတ်ဆွေ၊ ဟိုစစ်သင်္ဘောက ခင်ဗျားဟာ မဟုတ်ဘူးလား”

ထို့နောက် ထိုနတ်ဘုရား သေနာပတိအဆင့် သိုင်းပညာရှင်က ယဲ့ဖန်နောက်ကို လက်ညှိုးထိုး ပြလာသည်။ ထို့နောက် သူ တောင့်ခနဲ ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအနောက်၌ ဘာမှရှိမနေသောကြောင့်ပင်။

သူ ယခုလေးတင် မြင်လိုက်ရသည့် စစ်သင်္ဘောက လှစ်ခနဲ ပျောက်ကွယ် သွားလေ၏။

*ဒါက …*

နတ်ဘုရား သေနာပတိအဆင့် သိုင်းပညာရှင်သည် တစ်ခဏမျှ မှင်တက်နေပြီးနောက် ယဲ့ဖန်ကို မေးချင်လာသည်။

သို့သော် သူ တစ်ဖက်လှည့်ကြည့်လိုက်သည်နှင့် ဤနေရာ၌ သူတစ်ယောက်တည်းသာ ရှိနေသည်ကို သူ တွေ့လိုက်ရလေသည်။

အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

ဤမြင်ကွင်းက ထိုနတ်ဘုရား သေနာပတိအဆင့် သိုင်းပညာရှင်ကို လုံးဝ စိတ်ဓာတ်ကျ သွားစေသည်။

“အဲ့ဒီလူ … စစ်သင်္ဘော …”

သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေလေသည်။

“ငါ ထင်ယောင်ထင်မှား ဖြစ်တာလား”

နတ်ဘုရား သေနာပတိအဆင့် သိုင်းပညာရှင်သည် ခေါင်းကုတ်၍ ရှက်ရွံ့နေ၏။

ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ်၏ လမ်းမထက်၌ ယဲ့ဖန်က အေးအေးဆေးဆေး လမ်းလျှောက်နေသည်။

သူ့မျက်လုံးများက တောက်ပနေပြီး ရင်းနှီးသော အငွေ့အသက်က သူ့သွေးကြောထဲ စီးဝင်လာသည်။

“နတ်ဆိုးတွေ၊ နတ်ဆိုးတွေ၊ နတ်ဆိုးတွေ”

“ကြည့်ရတာ ကျားနက်ဂြိုဟ်ပေါ်မှာ မိတ်ဆွေဟောင်းတွေ ရှိနေတဲ့ပုံပဲ”

ယဲ့ဖန်၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာ၏။

“မင်းတို့ ပြန်ဆုံကြမှာလား။ စိတ်လှုပ်ရှားစရာ ကောင်းသားပဲ”

ယဲ့ဖန်၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားပြီးနောက် လက်ဖဝါး ထက်၌ နတ်ဆိုးချီမျှင်စုများ စုဝေးလာသည်။ ထို့နောက် သူ့လက်ကို ကောင်းကင်ထက်သို့ ဝှေ့ယမ်းလိုက်သည်။

ရွှစ်!

နတ်ဆိုးချီမျှင်စု စွမ်းအင်အလုံးသည် လျှပ်စီးကဲ့သို့ ကောင်းကင် ထက်သို့ ထိုးတက်သွားသည်။ ထို့နောက် ထိုနတ်ဆိုး ချီမျှင်စု စွမ်းအင်အလုံးမှနေ၍ ကျားနက်ဂြိုဟ်တစ်ခွင်သို့ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲပျံ့လွင့်သွားသည်။

ဝုန်း!

မိုးကြိုးပစ်ချသကဲ့သို့ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲ ထွက်သွားသည်။ လေထုထဲ၌ ထိတ်လန့်ဖွယ် ကောင်းသော အနက်ရောင် ဦးခွံတစ်လုံး ဖြစ်ပေါ်လာသည်။

နတ်ဆိုးဆန်လှသည်။ ထိတ်လန့်ဖွယ်ကောင်းသည်။

ထိုအနက်ရောင်ဦးခွံသည် သာမန် နတ်ဘုရားမျိုးနွယ်စုများ၏ မျက်လုံးထဲတွင် မည်သည့် ထူးခြားမှုကိုမျှ မြင်တွေ့ရမည် မ ဟုတ်ချေ။

သို့သော် ဤနေရာရှိ နတ်ဆိုးမျိုးနွယ်များကမူ အကြီးအကျယ် အမူအယာ ပြောင်းလဲသွား ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သေမင်းဦးခွံ အမိန့် ဖြစ်နေသောကြောင့်ပင်။

ထိုသေမင်း ဦးခွံအမိန့် ဖြစ်ပေါ်လာသည်နှင့် ကျားနက်ဂြိုဟ်ရှိ နေရာတိုင်း တုန်ခါသွားကြသည်။

မွေးနေ့ပါတီပွဲတစ်ခု၌ ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင် တစ်ယောက် ဩဇာအာဏာ ညောင်းသည့် ပုဂ္ဂိုလ်တစ်ယောက်ကို လက်ဘက်ရည်ငှဲ့ပေးနေသည်။

ထိုဩဇာအာဏာညောင်းသည့် ပုဂ္ဂိုလ်သည် လူလတ်ပိုင်း အရွယ်ရှိပြီး သူ၏မျက်နှာထားက ဖြူရော်နေသည်။

သူသည် အနက်ရောင် သံမဏိဖြင့် ပြုလုပ်ထားသော တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုဏ်သတင်း ကြီးလှသည်။

ထိုပုဂ္ဂိုလ်သည် ပါတီ၏ အဓိကလူဖြစ်သည်။

မရေတွက်နိုင်သော လူကြီးများက ခေါင်းကိုငုံ့၍ ထိုလူလတ်ပိုင်း အရွယ်ပုဂ္ဂိုလ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို မရမက ထူထောင်ချင်နေကြသည်။

သို့သော် ထိုလူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်သည် တစ်ခွက်မျှ သောက်ပြီးနောက် မသိမသာ မျက်နှာ အမူအရာ ပြောင်းလဲ သွားသည်။

သူ့လက်ဝါးကို သူ ပြန်ကြည့်လာသည်။ လက်ဝါးပေါ်၌ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင် ဦးခွံတစ်လုံး ဖြစ်ပေါ်လာသည်။

“ဒါက …”

ဤမြင်ကွင်းကြောင့် ထိုလူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်သည် အကြီးအကျယ် မျက်နှာထား ပြောင်းသွားလေသည်။ ထို့အပြင် သူ၏ အမူအယာ၌ အလွန်အမင်း စိတ်လှုပ်ရှား အံ့ဩနေဟန်များ ပျော်ဝင်နေ၏။

“အသက်ရှင်နေတယ်၊ သခင်ကြီး … အခုထိ အသက်ရှင်နေ သေးတယ်”

ထိုလူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့် သွားစေသည်။

ထိုသူများသည် ဘာဖြစ်နေသလဲဆိုတာကို နားမလည်ကြချေ။ ဘယ်အရာကများ ရက်စက် ကြမ်းကြုတ်သော ဤပုဂ္ဂိုလ်အား အလွန် စိတ်လှုပ်ရှားအောင် လုပ်နိုင်နေတာပါလိမ့်။

ထိုလူသည် ဘေးပတ်လည်မှ အခြားသူများ၏ အတွေးကို လုံးဝ အရေးမစိုက်ချေ။ သူသည် လူတိုင်းအား တစ်ချက်ကလေးပင် မကြည့်ဘဲ ရိပ်ခနဲ လှုပ်ရှားလိုက်ကာ လူတိုင်းရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။

အံ့ဩမှင်သက်နေသော လူတို့သာ ကျန်ရစ်ခဲ့လေသည်။

….

ကျားနက်ဂြိုဟ်၏ ထိတ်လန့်ဖွယ်ကောင်းသော မိသားစု၏ ပင်မခန်းမထဲ၌ ကျော်ကြားသော် မိသားစုဝင်ကလေးက ပင်မခုံရှိ အဘိုးအိုကို ဂါဝရပြုနေကြသည်။

ထိုအဘိုးအိုသည် ဩဇာတိက္ကမနှင့် ပြည့်စုံ၍ လေးစားဖွယ် ကောင်းသည်။ ထိုအချိန်၌ အဘိုးအိုသည် သူ၏သားသမီးနှင့် မြေးများကို ပြုံး၍ ကြည့်နေ၏။

သို့သော် ထိုအဘိုးအို၏ အပြုံးထဲ၌ အဆုံးမသတ်နိုင်သော အထီးကျန်မှုနှင့် ဝမ်းနည်းမှုတို့ တည်ရှိနေသည်ကို မည်သူမျှ မမြင်ကြချေ။

“ဒါက ငါ့ရဲ့နောက်ဆုံးမွေးနေ့ပွဲ ဖြစ်သင့်နေပြီ …”

ထိုအဘိုးအိုသည် အတိတ်ကို တွေးတောလျက် မျက်ရည်များ ရစ်ဝဲလာသည်။ ထိုစဉ် …

ရွှစ်!

အဘိုးအို၏ ပခုံးမှ မီးလောင်သလို ခံစားချက်မျိုး ဖြစ်ပေါ် လာသည်။ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားလေ၏။

“ဒါ …”

အဘိုးအိုသည် သူ ထင်ယောင်ထင်မှား ဖြစ်သည်ဟု သံသယ ဝင်နေသည်။ ထိုပုဂ္ဂိုလ် ကျဆုံးသွားပြီးကတည်းက နှစ်ရာနှင့်ချီ၍ ဤခံစားချက်က ဘယ်သောအခါမှ ထွက်ပေါ် မလာခဲ့ချေ။ သို့သော် ယခုအချိန်တွင်တော့ ထိုခံစားချက်က ပြန်လည် ဖြစ်ပေါ်လာ လေသည်။

ထိုစဉ် အဘိုးအိုသည် တုန်ယင်နေသော လက်များဖြင့် သူ၏ ပခုံးပေါ်မှ အဝတ်ကို စုတ်ဖြဲကြည့်လေသည်။

အဝတ်များ စုတ်ပြဲသွားပြီးနောက် သူ့ပခုံးပေါ်၌ အနက်ရောင် နတ်ဆိုးဦးခွံက ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက် ရသည်။

ထိုဦးခွံပေါ်၌ အနက်ရောင်အလင်းတန်းများ တောက်ပနေပြီး ထူးဆန်းသော အငွေ့အသက်က ရုတ်တရက် ပျံ့လွင့်လာသည်။

“သေမင်း ဦးခွံ အမိန့်”

“ဟားဟားဟား … ပြန်ရောက်လာပြီ။ အဲ့ဒီပုဂ္ဂိုလ် မသေဘူး … သူ ပြန်လာပြီ”

အဘိုးအိုသည် စိတ်လိုလက်ရ ရယ်မောလာပြီး မျက်ရည်များက ပါးပြင်ထက်သို့ ဆက်တိုက် စီးကျလာသည်။

မိသားစုဝင်အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထိုအဘိုးအို ပျောက်ကွယ် သွားလေတော့သည်။

All Chapters