အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
Chapter 454 ရှန်းပေါင်ရဲ့သွေး
ကျားနက်ဂြိုဟ် ပထမ သိုင်းပညာသင်တန်းကျောင်း၌ ဆရာ တစ်ယောက်က ကျင့်ကြံခြင်း အသိပညာများကို ရှင်းပြလျက် ရှိသည်။
စင်အောက်၌ ကျောင်းသားများသာမက သင်တန်းကျောင်း၏ မဟာဌာနမှုးနှင့် ဆရာများစွာတို့ကပါ လာရောက် နားထောင် နေကြသည်။
ထိုဆရာ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် သူတို့သည် သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်၌ ပိတ်ဆို့နေသည့် သံသယများကို ရုတ်တရက် သိမြင်သွားပြီး အလင်းရသွားသည်။
လူတိုင်းသည် ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားနေကြလေသည်။
ဤဆရာ၏ အလွန် လေးနက်သော အသိပညာများက အလွန်အမင်း လေးစားဖွယ် ကောင်းလှသည်။
ပရိသတ်များ နားထောင်နေကြစဉ်တွင် ထိုဆရာက တုန်ယ င်သွားပြီး မျက်နှာပျက်သွားလေသည်။
“အားလုံးကို စိတ်မကောင်းပါဘူးဗျာ၊ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြ တာပေါ့၊ အတန်းချိန် ပြီးပါပြီ”
ရုတ်တရက် အတန်းပြီးချိန်ရောက်ပြီဟု ပြောသံကြားလိုက် ရသဖြင့် မဟာဌာနမှုး၊ ဆရာနှင့် ကျောင်းသားများအားလုံး နှမြော တသ ဖြစ်သွားကြသည်။
ထို့နောက် လူတိုင်းက မတ်တပ်ထရပ်၍ ထိုဆရာကို ဦးညွှတ်ကာ အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်သွားကြသည်။
လူတိုင်း ထွက်သွားသည်နှင့် ထိုတည်ငြိမ်သော ဆရာသည် သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ဘဲ သူ့ရင်ဘတ်ရှိ အင်္ကျီစကို ဆွဲဖြဲလေသည်။
ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင် နတ်ဆိုးဦးခွံတစ်ခုကို သူ ချက်ချင်း မြင်လိုက်ရသည်။
“အဲ့ဒီပုဂ္ဂိုလ် … ပြန်လာပြီပဲ”
ထိုဆရာ၏ မျက်နှာထက်၌ တက်ကြွ၍ ပီတိဖြစ်နေဟန်များ လွှမ်းမိုး လာသည်။ သူ၏ ခန္ဓာကိုယ်က ရိပ်ခနဲ ဖြတ်သန်းသွား လေသည်။
….
ကျားနက်ဂြိုဟ်၏ တိုက်ပွဲစင်မြင့်၌ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က မျှော်စင့်ကဲ့သို့ မြင့်မားသော လူတစ်ယောက်ကို ပြင်းထန်စွာ ထိုးနှက်နေသည်။
ဒုန်း!
ထိုလူကောင်ကြီးသော လူကြီးသည် နောက်သို့ ငါးလှမ်း၊ ခြောက်လှမ်းမက ဆုတ်လိုက်ရပြီး ကြမ်းပြင်ကို ခြေစုန်ကန် တော့မှသာ ရပ်သွားသည်။
သူသည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်သာ ဖြစ်သည်။
သာမန်လူများ၏ အမြင်တွင်မူ နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ် တစ်ယောက်က နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ကို ဆန့်ကျင် တိုက်ခိုက်ပါက ထိုသူ သေချာပေါက် သေသွားပေမည်။
သို့သော် ထိုသို့သောအချိန်၌ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်သည် သေမတတ် ထိတ်လန့်၍ သွေးပျက်နေ၏။
သူ့နဖူးမှ ဇောချွေးများက တဒီးဒီး စီးကျနေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ဖြစ်သော သူသည် ထိုနတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်ကို အလွန်အမင်း ကြောက်နေပုံ ရသည်။
“ရက်စက်သောဘုရင်”
“ရက်စက်သောဘုရင်”
“ရက်စက်သောဘုရင်”
ထိုအချိန်တွင် တိုက်ပွဲပြိုင်ကွင်းမှ ပွဲကြည့်ပရိသတ်များအားလုံးက ရက်စက်သောဘုရင်ကို သူတို့၏ နှလုံးသားထဲမှ နတ်ဘုရားကဲ့သို့ မှတ်ယူထားဟန်ဖြင့် ဩဘာပေးနေကြသည်။
ဒီရေကဲ့သို့ ဟစ်အော်နေသော အသံများကို ကြားပြီး ထို လူကောင်ကြီးသော လူကြီးသည် ပြိုင်ကွင်း၏ ဘုရင်ကဲ့သို့ ခံစားလိုက် ရသည်။
သူသည် သူ့ရင်ဘတ်သူ ပုတ်၍ မျက်နှာချင်းဆိုင်မှ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်ကို စိုက်ကြည့်၍ ကြုံးဝါးလိုက် သည်။
“လာခဲ့၊ ဆက်တိုက်မယ်”
ထိုမြင်ကွင်းသည် တိုက်ပွဲပြိုင်ကွင်းရှိ ပွဲကြည့်ပရိသတ်များ အားလုံး၏ စိတ်အားတက်ကြွမှုကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်ကာ အော်သံများက ပို၍ပြင်းထန်လာသည်။
“ချီးတဲ့မှပဲ”
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်သည် ဒေါသထွက်ကာ ဗျာများလို့နေသည်။ ယခုအချိန်တွင် သူ အခြေအနေ ကောင်းနေ ပါသေးသည်။
ပြင်းထန်သော လက်သီးချက်များက ထပ်ခါထပ်ခါ ထိပ်တိုက် တွေ့ဆုံလာသည်။ သို့သော် လူကောင်ကြီးသော လူ၏ ခန္ဓာကိုယ်သည် နှစ်ပေါင်း တစ်သောင်းကျော် ကြာမြင့်သည့် သံမဏိနှင့် ထုလုပ်ထားသကဲ့သို့ မာကျောလှသည်။
သူသည် သေလည်းမသေသွားသလို ထိခိုက်ခြင်းလည်း မရှိချေ။
“အားနည်းတယ်၊ အားနည်းတယ်၊ အားနည်းတယ်”
“မင်းက တော်တော် အားနည်းတာပဲ”
ရက်စက်သော ဘုရင်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ သန်မာ၍ လှောင်ပြောင်၍ နေသည်။
သူ ပြောလိုက်သည့် စကားတိုင်းက နတ်ဧကရာဇ် တစ်ပိုင်း အဆင့်အား အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
ရက်စက်သောဘုရင်က ဤမျှ ကြောက်လန့်ဖွယ် ကောင်းလိမ့် မည်ဟု သူ မထင်ထားမိချေ။ အဘယ်ကြောင့်ဆိုသော် သူ ပြိုင်ဘက်ကို အချက်တစ်ရာကျော် ထိုးနှက်သော်လည်း ထိုသူက အရိုးတစ်ချောင်းပင် မကျိုးသွားသောကြောင့်ပင်။
မယုံနိုင်စရာ ကောင်းလှပါသည်။
ရွှစ်!
ထိုနတ်ဧကရာဇ် တစ်ပိုင်းအဆင့် ထိတ်လန့်နေစဉ် ရက်စက်သော ဘုရင်၏ သံမဏိ လက်သီးထက်၌ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာသည်။
ထိုသည်မှာ အနက်ရောင် ဦးခွံပင်။
“သခင်ကြီး”
ရက်စက်သော ဘုရင်သည် မယုံနိုင်စရာကောင်းသော အရာ တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ မှင်တက်လို့နေ၏။
“ဟားဟားဟား … အိမ်ပြန်မယ်၊ ငါ အိမ်ပြန်ရတော့မယ်ကွ”
ရက်စက်သောဘုရင်သည် ဟက်ဟက်ပက်ပက် ရယ်မောနေ၏။ သူ့အား အလွန်အမင်း ပျော်ရွှင်စေနိုင်သည့် အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရ သကဲ့သို့ စိတ်လှုပ်ရှားစွာ ရယ်မောနေသဖြင့် သူ၏ခန္ဓာကိုယ်က တုန်ခါလို့နေသည်။
“သေစမ်းကွာ”
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်က ဤအခွင့်အရေးကို အခွင့်ကောင်းယူ၍ ရက်စက်သောဘုရင်၏ နှလုံးသားရှိရာသို့ အားကုန်သုံးကာ ထိုးနှက်လာသည်။
ဝုန်း!
ပြင်းထန်သော သံမဏိလက်သီးသည် လေထုကို ထိုးခွင်းမတတ် ဖြစ်သွားလေသည်။ ထို့သော ထိုသို့သောအချိန်၌ ကြီးမားသော လက်သီးတစ်ချက်က သူ့ဦးခေါင်းထံသို့ ဝင်ရောက်လာသည်။
ဖောင်း!
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်သည် မည်သို့မျှပင် မတုံ့ပြန်လိုက်ရဘဲ သူ၏ဦးခေါင်းတစ်ခုလုံး ပြုတ်ထွက် သွားလေ၏။
ခေါင်းပြတ်နေသော အလောင်းသည်လည်း ကြမ်းပြင်ပေါ် လဲကျ သွားလေသည်။
“ရက်စက်သောဘုရင်ကွ”
ရုတ်တရက် တိုက်ပွဲကွင်းပြင်၌ ဆူနာမီမုန်တိုင်း ဝင်သကဲ့သို့ ကျယ်လောင်လှသည့် အသံများ ထွက်ပေါ်လာသည်။
ထိုအသံများသည် နတ်ဘုရားကို ပူဇော်နေသော အသံလိုပင်။ သို့သော် သူတို့၏ နတ်ဘုရားသည် ပြိုင်ကွင်းထဲမှနေ၍ မည်သည့် အချိန်ကတည်းက ပျောက်သွားမှန်း သူတို့ မသိလိုက်ကြချေ။
တူညီသော အဖြစ်အပျက်များက ကျားနက်ဂြိုဟ်ပေါ်၌ ဆက်တိုက် ဖြစ်ပေါ်လို့နေ၏။
ထိုသို့သောအချိန်၌ သေမင်း ဦးခွံအမိန့်နှင့်အတူ ကျားနက်ဂြိုဟ် တစ်ခုလုံး သက်ဝင် လှုပ်ရှားလာသည်။
လူရိပ်များစွာ ရွေ့လျားနေကြ၏။ ထိုလူများထဲ၌ ကုန်သည်များ၊ မြင့်မြတ်သော စီနီယာ အရာရှိများနှင့် ရက်စက်သော ရာဇဝတ် သားများ ပါဝင်လေသည်။
သို့သော် ယခုအချိန်၌ အမည်နာမ တစ်ခုတည်းသာ ရှိလေသည်။ ထိုသည်ကား နတ်ဆိုးပင်။
…
တစ်ချိန်တည်းမှာပင် သေမင်း ဦးခွံအမိန့်ကို ထုတ်ဖော်ပြီးနောက် ယဲ့ဖန်သည် အသင်းတစ်ခုထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင် သွားလေသည်။
သားသတ်အသင်း။
ယဲ့ဖန် သတ်ခဲ့သော ရှန်းပေါင်သည် သားသတ်အသင်း၏ ဒုတိယခေါင်းဆောင် ဖြစ်လေသည်။
“ဟေး … ဟေး … ဟေး”
သားသတ်အသင်းထဲသို့ ဝင်သွားသည်နှင့် အော်ဟစ်သံများကို ကြားလိုက် ရသည်။
အသင်း၏အလယ်၌ လှောင်ချိုင့် ကာရံထားသော မြေကွက်လပ် တစ်ခု ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
ထိုအထဲ၌ ခပ်ထွားထွား လူတစ်ယောက်နှင့် ပိန်သေးသေး ကောင်လေး တစ်ယောက်တို့ တိုက်ခိုက်နေကြသည်။
ထိုမြေကွက်လပ် အပြင်၌ နာမည်ကြီး သိုင်းပညာရှင် တစ်ယောက်က လက်သီးလက်မောင်းတန်း၍ အော်ဟစ်နေသည်။
အရက်နံများ၊ သွေးနံ့များက အသင်းတစ်ခုလုံး၏ လေထုထဲ၌ လှိုင်လှိုင်လှနေ၏။
ထိုသည်သာ မကသေးချေ။ ထိုလှောင်ချိုင့်ထဲ၌ ခပ်ထွားထွား လူကြီးတစ်ယောက်က ကလေး တစ်ယောက်အား ရိုက်နှက် နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
ထိုကလေးငယ်လေးသည် အလွန် ပိန်ပါးပြီး အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိမည့်ပုံပေါ်လေသည်။
သို့သော် ထိုကောင်လေး၏ ခွန်အားသည် နတ်ဘုရား သေနာပတိ အဆင့် ဖြစ်နေလေသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန်တောင်မှ မှင်တက်သွားရသည်။
အသက် ဆယ့်တစ်နှစ်နှင့် နတ်ဘုရား သေနာပတိအဆင့် ရောက်နေသော ကောင်လေးသည် မည်သည့်နေရာမဆို၌ သေချာပေါက် ကို ထိပ်တန်း ပါရမီရှင်တစ်ယောက်ပင်။
ဂျွတ်!
ထိုစဉ် ခပ်ထွားထွား လူကြီး၏ လက်သီးချက်ကြောင့် ထိုကောင်လေး၏ နံရိုးများက အကြိမ်ပေါင်းများစွာ ကျိုးကြေ လေတော့သည်။
သူ့တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက် သွားလေသည်။
ဘုန်း!
ထိုကောင်လေးသည် လှောင်ချိုင့်နံရံနှင့် ဝင်တောင့်မိပြီးနောက် ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျ သွားလေသည်။
“ထစမ်း … သဲအိတ် မင်း ဆယ်စက္ကန့်လောက်ပဲ တောင့်ခံ ထားလိုက်ရင် ငါ နိုင်မှာကွ”
“စောက်သုံးမကျတဲ့ကောင် … ပြန်ထပြီး ချစမ်း”
“…”
ဤမြင်ကွင်းကိုကြည့်ပြီး အရက်သောက်သံနှင့် ကျိန်ဆဲသံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ဝေါ့!
ထိုကောင်လေး၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
သဲအိတ်၊ ဤသည်မှာ သူ၏နာမည်ပင်။
သူသည် ကျွန်တစ်ယောက် ဖြစ်ပြီး၊ သားသတ်အသင်း၏သခင်ကြီး ရှန်းလုံ၏ ကျေးကျွန်ပင် ဖြစ်သည်။
ရှန်းလုံ သူ့ကို အသက်ရှင်လျက်ထားရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ အရိုက်ခံရခြင်းမှနေ၍ ပိုက်ဆံရှာချင် သောကြောင့်ပင်။
သဲအိတ်လေးက ဖြည်းဖြည်းချင်း ထရပ်လာသည်။ ယခုအချိန်၌ သူသည် တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသည်။
သို့သော် သူ့မျက်လုံးထဲတွင် ရူးသွပ်ဖွယ် သွေးဆာနေဟန်များဖြင့် ပြည့်နှက်သွားသည်။
“လာစမ်းပါ … တိုက်မယ်”
သဲအိတ်လေးက အရွယ်မရောက်သေးသော အသံလေးဖြင့် ထိုလူကြီးကို ကြိမ်းမောင်းလိုက်သည်။ သူ၏ ခပ်ပါးပါး ကိုယ်လေးကလည်း ထိုလူကြီးထံသို့ ပြန်၍ ပြေးဝင်သွား လေသည်။
“သေချင်နေတာပဲ”
ဤမြင်ကွင်းကိုကြည့်ပြင်း ထိုလူကြီး၏ မျက်လုံး၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်လာပြီး သဲအိတ်လေးအား နောက်ထပ် လက်သီးချက်ဖြင့် ထပ်၍ ထိုးနှက်လိုက်သည်။
ထိုအခါတွင်မူ ယဲ့ဖန် ထိတ်လန့်သွားလေသည်။ ပိန်ပါးပါး ကောင်လေးက ဆာလောင်နေသော ဝံပုလွေကဲ့သို့ ထိုလူထံသို့ အကြိမ်ကြိမ် အခါခါ ပြေးဝင်သွားသည်ကို သူ တွေ့နေရသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သဲအိတ်လေးသည် အကြိမ် နှစ်ဆယ်မက လွင့်ထွက် သွားလေသည်။
သူ၏ခန္ဓာကိုယ်၌ အကောင်းအတိုင်း ရှိနေသော အရေပြားဟူ၍ မရှိတော့ဘဲ သူ၏ အသားစကိုပါ မြင်နေရသည်။
သို့သော် သူ၏မျက်လုံးထဲ၌ ရူးသွပ်မှုကတော့ ပို၍ခိုင်မာလာ၏။
“စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ”
ယဲ့ဖန်သည် သဲအိတ်လေးကို ကြည့်ရင်း တစ်ချိန်တုန်းက သူ့အကြောင်းကို မရည်ရွယ်ဘဲ ပြန်အမှတ်ရသွားသည်။
ဤသဲအိတ်လေး၏ ရူးသွပ်မှုက သူ ငယ်စဉ်အခါက ပုံစံနှင့် အလွန် ဆင်တူနေသည်။
ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီးနောက် ယဲ့ဖန်သည် နေရာလွတ် တစ်ခုကို ရှာတွေ့သွားပြီး ထိုနေရာ၌ ဝင်ထိုင်လိုက်သည်။
“လူကြီးမင်း ဘာများ သောက်ချင်ပါသလဲဗျာ”
စားပွဲထိုးတစ်ယောက် ရောက်လာပြီး ယဲ့ဖန်ကို မေးမြန်းလာသည်။ သူ့အမေးကြောင့် ယဲ့ဖန်က မသိမသာ ပြုံးလိုက်သည်။
ထို့နောက် စားပွဲပေါ်သို့ သွေးစွန်းနေသော ဦးခေါင်းတစ်လုံးကို တင်လိုက်သည်။
“ငါ သောက်ဖို့အတွက် ရှန်းပေါင်ရဲ့သွေးကို ချပေး”
*ဘာ*
သူ့စကားအဆုံး၌ စားပွဲထိုး မျက်နှာပျက်သွားလေသည်။ သူ့ဘေးနားမှ အော်သံများကလည်း ရုတ်ချည်းဆိုသလို တိတ်ကျ သွားသည်။
အသင်းတစ်ခုလုံး တိတ်ဆိတ်လို့သွား၏။ မျက်လုံးအားလုံးက ယဲ့ဖန်ထံ ကျရောက်လာသည်။
*ရှန်းပေါင်ရဲ့သွေးတဲ့လား*
*တစ်ယောက်ယောက်ကတော့ သေချင်နေပြီပဲ
Chapter 455 ငါ ဒီကို သတ်ဖို့လာတာ
တိတ်ဆိတ်လို့သွားလေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ စကားအဆုံး၌ သားသတ် အသင်းတစ်ခုလုံး သုသာန်အလား ငြိမ်သက်လို့နေ၏။
လှောင်ချိုင့်ထဲမှ လူကြီးတောင်မှ တိုက်ခိုက်ရာမှ ရပ်သွား လေသည်။
သတ်ဖြတ်လိုဟန်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ လူသတ်လိုသော အရိပ်အငွေ့ များက လွှမ်းမိုးလာလေသည်။
“လူကြီးမင်း၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား”
စားပွဲထိုး၏ မျက်နှာက အေးစက်လာပြီး မျက်လုံးများက တောက်ပလာသည်။
ရှန်းပေါင်သည် သားသတ်အသင်း၏ ဒုတိယခေါင်းဆောင် ဖြစ်သည်။
ဤလူက ရှန်းပေါင်၏ သွေးကို သောက်ချင်နေသည်ဟု ပြောခြင်း သည် သားသတ်အသင်း တစ်ခုလုံးကို ရန်စလိုက်ခြင်းသာ ဖြစ်လေ သည်။
ထိုသည်သာမကသေးချေ။ ထိုစားပွဲထိုးသည် စားပွဲပေါ်မှ ယဲ့ဖန် ချထားသော ခေါင်းပြတ်ကို မြင်ပြီးနောက် မသိမသာ တွေဝေ သွားသည်။ ထို့နောက် သူ့မျက်နှာက ပြာနှမ်းသွားလေသည်။
“ဒါ … အစ်ကိုကြီး ရှန်းပေါင် ကိုယ်ပွားရဲ့ ခေါင်းပဲ၊ သေစမ်း”
စားပွဲထိုး၏ အော်သံနှင့်အတူ အသင်းတစ်ခုလုံးမှ သိုင်းပညာရှင် များအားလုံး ထရပ်လာသည်။ အားလုံးသည် စားပွဲပေါ်မှ ခေါင်းပြတ်ကို လှမ်းကြည့်ပြီးနောက် ထိတ်လန့် ဒေါသထွက် လာကြသည်။
ထို့အပြင် စားပွဲထိုးလေးက အသင်း၏ ဒုတိယအထပ်သို့ ပြေးတက် သွားသည်။
“သခင်ကြီးနဲ့ ဒုသခင်ကြီးကို မြန်မြန်ခေါ်ကြ၊ တစ်ယောက် ယောက်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေပြီ”
ထိုစကားကို ကြားသည်နှင့် ဒုတိယထပ်ရှိ စားပွဲထိုးက လှစ်ခနဲ ပျောက်ကွယ်သွားသည်။
ဒေါက် ဒေါက် ဒေါက်
တစ်ခဏအကြာ၌ ဒုတိယထပ်မှနေ၍ ခြေသံများ ထွက်ပေါ် လာလေသည်။ ထို့နောက် ဘေးနှစ်ဘက်မှနေ၍ အသင်း၏ သိုင်းပညာရှင်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့၏ ရှေ့၌ ယောက်ျားနှစ်ယောက်က ဒုတိယထပ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။
သန်မာလှပေသည်။ ယခုလေးတင် ဆင်းလာသော ထိုလူစုသည် ရုတ်တရက် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှင့်လာပြီး ထိုအရှိန်အဝါက အသင်းတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
ရှေ့မှဦးဆောင်လာသောသူသည် နတ်ဧကရာဇ် အလယ်အလတ် အဆင့် သိုင်းပညာရှင် ဖြစ်သည်။
သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ ကောင်းကင်တာအို သဘောတရားများ ပါဝင်နေသကဲ့သို့ လူတို့အား အပြင်းအထန် ရင်တုန်သွားစေပြီး နှလုံးပေါက်ကွဲ၍ အချိန်မရွေး သေသွားမလား ထင်ရစေသည်။
သူ့ဘေး၌ ရက်စက်သောသူတစ်ယောက် ရှိနေသည်။ ထိုသူကား ယဲ့ဖန် သတ်ခဲ့သော ရှန်းပေါင်ပင်။
ယဲ့ဖန် သတ်ခဲ့လိုက်သည်မှာ သူ၏ကိုယ်ပွားသာ ဖြစ်ပြီး လက်ရှိသူကတော့ အစစ်အမှန် ဖြစ်လေသည်။
ယဲ့ဖန်နှင့် စားပွဲပေါ်မှ ကိုယ်ပွား၏ ခေါင်းပြတ်ကိုမြင်ပြီး ရှန်းပေါင်သည် ဒေါသကြောင့် တုန်ယင် လာသည်။
လူသတ်ချင်သည့် အရှိန်အဝါများက ကောင်းကင်အထိ မြင့်တက်လာလေသည်။
“ဟေ့ကောင်လေး၊ မင်း ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တာလား”
ရှန်းပေါင်၏ မျက်နှာက ပြာနှမ်းလာသည်။
ယနေ့မနက်တွင် သူ၏ကိုယ်ပွားသည် အပြင်ဘက်၌ တစ်စုံ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နတ်ဘုရား စိတ်ဝိညာဉ် သည်လည်း သုတ်သင်ခံခဲ့ရသည်။
သူသည် စုံစမ်းစစ်ဆေးရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီးသား ဖြစ်သည်။
စုံစမ်းစစ်ဆေးခြင်း၏ သတင်းက ပြန်လည်ရောက်ရှိလာခြင်း မရှိချေ၊ သို့သော် လူသတ်သမားက မျက်စိရှေ့သို့ ကိုယ်တိုင် ကိုယ်ကျ ရောက်လာလိမ့်မည်ဟု ထင်မထားမိပါ။
ဤသည်မှာ အမှန်ပင် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေ သည်။
ရှန်းပေါင်၏ စကားကို နားထောင်ပြီးနောက် ယဲ့ဖန်က မခိုးမခန့် ပြုံး၍ ပြောလိုက်သည်။
“ငါ မင်းကိုယ်ပွားကို သားရဲ အမြုတေကို လိုချင်ရင် သူ့အသက်နဲ့ လဲရမယ်လို့ ပြောခဲ့တာလေ”
“အခု ငါ ဒီကို သတ်ဖို့လာတာ”
*မောက်မာလိုက်တာ*
သားသတ်အသင်း၏ ရာနှင့်ချီသော သိုင်းပညာရှင်များရှေ့၌ တစ်စုံတစ်ယောက်က ထိုမျှ မောက်မာလိမ့်မည်ဟု ထင်မထား မိချေ။
သခင်ကြီး ရှန်းလုံက အေးတိအေးစက်ကြည့်၍ ခက်ထန်စွာ မေးလိုက်သည်။
“မိတ်ဆွေ၊ မင်း ငါတို့ရန်သူ ဖြစ်ချင်တာ သေချာလား”
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သခင်ကြီး ရှန်းလုံသည် ယဲ့ဖန်ထံမှနေ၍ ဖိနှိပ်ချုပ်ချယ် နိုင်သော အရှိန်အဝါမျိုးကို ခံစားမိနေသည်။
ယဲ့ဖန်၌ သူ့အား ကြောက်လန့်စေနိုင်သော တစ်စုံတစ်ခု ရှိနေသလိုပင်။ ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ခေါင်းခါလေသည်။
“ခင်ဗျား အထင်လွဲနေပြီ”
“ကျုပ်က ခင်ဗျားကို ရန်စဖို့ လာတာမဟုတ်ဘူး၊ ကျုပ်က ဒီကို သတ်ဖို့လာတာ”
ယဲ့ဖန်က ထိုသို့ပြောပြီး ရှန်းလုံအား ကြည့်နေသည်။ သူ့နှုတ်ခမ်း၌ သွေးဆာနေသော အရိပ်အယောင်များ ပါဝင်နေ၏။
“ရွေးချယ်စရာ နှစ်ခုရှိတယ်၊ သူ သေမလား ဒါမှဟုတ် ခင်ဗျား … ခင်ဗျားတို့ နှစ်ယောက်လုံး အသေခံမလား”
*ဘာ*
ယဲ့ဖန်၏စကားက ချက်ချင်းဆိုသလို ဒေါသကို ဆွပေးသလို ဖြစ်သွားသည်။
သားသတ်အသင်း တစ်ခုလုံးရှိ ရာနှင့်ချီသော သိုင်းပညာရှင် များသည် အလွန် ဒေါသထွက်ကာ အော်ဟစ်၍ မာန်မဲ လာကြသည်။
“မောက်မာလိုက်တဲ့ ပုရွက်ဆိတ်လေး၊ နတ်ဘုရား ဆရာသခင် အဆင့်လေးကများ သတ်နိုင်သလို လာဟန်ဆောင်နေတယ်”
“ဟမ့် … ဒီလောက် ဟန်ဆောင်ကောင်းတဲ့ကောင်မျိုးကို အခုမှ မြင်ဖူးထားပဲ၊ သူ့ကို ရှစ်ပိုင်း ပိုင်းပြီး လွှင့်ပစ်ရမယ်”
“ဟားဟားဟား … အရူးကွာ၊ ဒီနေ့ မင်း အသင်းအပြင်ကို ပြန်မထွက်နိုင်စေရဘူးကွ”
“…”
ချွင်!
ချက်ချင်းဆိုသလိုပင် သားသတ်အသင်း အတွင်းရှိ ရာနှင့်ချီသော သိုင်းပညာရှင်များအားလုံးက သတ်ဖြတ်လိုဟန်ဖြင့် သူတို့၏ ဓားများကို ဆွဲထုတ်လာကြသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လှောင်ချိုင့်ထဲမှ သဲအိတ်လေးသည် ပြူးကျယ်သော မျက်လုံးများဖြင့် ယဲ့ဖန်အား စပ်စုသလို ကြည့်နေသည်။
သူသည် ဤနေရာ၌ အဖမ်းခံထားရသည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ သုံးနှစ်အတွင်း၌ သားသတ်အသင်း တစ်ခုလုံး၏ တည်ရှိမှုကို စိန်ခေါ်လိုသည့် ပထမဆုံးသူက ယဲ့ဖန်ပင်။
“သူ … ဒါကို တကယ် လုပ်နိုင်လို့လား”
သဲအိတ်လေး မယုံနိုင်သလို ဖြစ်နေ၏။ ရှန်းလုံ၏ ကျေးကျွန် ဖြစ်သောကြောင့် သူသည် ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိနေပါသည်။
သူ၏မိဘများနှင့် သူ၏ တာအိုအစောင့်အရှောက်များအားလုံးကို ထိုသူက သတ်ခဲ့ခြင်း ဖြစ်သည်။ ရှန်းလုံသည် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။
ယခုအခါတွင် ယဲ့ဖန်က ရှန်းလုံ၊ ရှန်းပေါင်နှင့် ရာချီသော သိုင်းပညာရှင်များကို ရန်စနေသည်။ ဤသည်မှာ သေဖို့ရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။
ထိုစဉ် သူ့လူများ၏ လူသတ်လိုသော အရှိန်အဝါကိုကြည့်ပြီး ရှန်းလုံ မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူ လက်ဝှေ့ ယမ်းပြလိုက်သည်။
အသင်းတစ်ခုလုံး အော်ဟစ်၍ သတ်ဖြတ်လိုဟန်များက ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။ ရှန်းလုံ၏ အမူအရာတိုင်းက လွှမ်းမိုးနိုင်ပုံရပြီး လူတိုင်းက နာခံကြလေသည်။
“မိတ်ဆွေ၊ မင်း အခု ဒီထဲကနေ မင်းသာသာမင်း ထွက်သွားရင် ငါ ဘာမှမဖြစ်ခဲ့သလို နေလိုက်မယ်။ မင်း ငါ့ညီ ရှန်းပေါင်ရဲ့ ကိုယ်ပွားကို သတ်ခဲ့တာကိုလည်း ငါ မေ့ထားလိုက်မယ်”
ရှန်းလုံက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
“ဘယ်လိုလဲ”
*ဘာ*
*သူ့ကို သွားခွင့်ပေးမယ်တဲ့လား*
ထိုသို့သောအချိန်၌ သူ့ဘေးမှ ရှန်းပေါင်နှင့် ရာချီသော သိုင်းပညာရှင်များအားလုံး မိမိနားနှင့် ကြားလိုက်ရသည်များကို မယုံနိုင်သလို ဖြစ်နေ၏။
သူတို့မျက်လုံးထဲတွင် ရှန်းလုံသည် ရက်စက်ကြမ်းကုတ်သော သူများထဲ၌ ဧကရာဇ်သာ ဖြစ်သည်။
အလွန် ရက်စက်သည်။ မသက်ညှာတတ်ချေ။
သို့သော် ယခုအခါတွင် သူသည် ရှန်းပေါင်၏ ကိုယ်ပွားကို သတ်ခဲ့သော လူသတ်သမားကို သွားခွင့်ပေးနေ၏။
ပြောရမည်ဆိုလျင် လူသတ်သမားက အသင်းသားအားလုံးကို ရန်စနေခြင်း ဖြစ်သည်။ ဤသည်ကြောင့် လူတိုင်း ယုံရခက် နေလေသည်။
“အစ်ကိုကြီး ခင်ဗျား …”
ရှန်းပေါင် နားချချင်နေ၏။ သူ ဘာတစ်လုံးမှ မပြောရသေး ခင်မှာပင် ရှန်းလုံ၏ အကြည့်ကြောင့် သူ ချက်ချင်း ပြောချင်သည့် စကားများကို မြိုသိပ်လိုက်ရသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ရှန်းလုံအား အနည်းငယ် အံ့ဩနေဟန်ဖြင့် ကြည့်နေသည်။ ထိုသူသည် လူမိုက်များစွာကို တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်သည်။
ဒေါသကို ပိုထိန်းနိုင်ပြီး ဘေးဒုက္ခကို ရှောင်တိမ်းတတ်သည်။
သူသည် ရှိန်လောက်သော သူတစ်ယောက်ပင်။ သူ ယဲ့ဖန်နှင့် လာဆုံမိသည်က စိတ်မကောင်းစရာပင်။
“ဒီတော့ မင်းရွေးတာက မင်းတို့အားလုံး သေတဲ့လမ်းကိုလား”
ယဲ့ဖန်က ရှန်းလုံကို တည့်တည့်စိုက်ကြည့်၍ ပြုံးနေသည်။ သူ့စကားက ရှန်းလုံအား အလွန် မျက်နှာပျက်သွားစေသည်။
“ကောင်းပြီလေ၊ မဆင်မခြင် ပြုမူတတ်တဲ့ကောင်ပါလား”
“မင်း မလုပ်နိုင်မှာကို ငါ စိုးရိမ်တယ်များ မှတ်နေလား”
ထိုသို့ပြောလိုက်ပြီးနောက် ရှန်းလုံ၏ မျက်လုံးများက အလွန်အမင်း ခက်ထန်လာသည်။
“မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”
ထို့နောက် ရှန်းလုံက လက်ကိုဝင့်၍ ပြောလိုက်သည်။
“သူ့ကို အတူတူ သတ်ကြ”
“ရား”
ရှန်းလုံ၏ စကားကို ကြားသည်နှင့် ရုတ်တရက် အသင်းတစ်ခုလုံးရှိ ရာချီသော သိုင်းပညာရှင်များက အရူးအမူး လှုပ်ရှားလာသည်။
ရွှစ်! ရွှစ်! ရွှစ်!
လူရိပ်တစ်ခုက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။ အသင်း တစ်ခုလုံးရှိ သိုင်းပညာရှင်များကလည်း ယဲ့ဖန်ထံသို့ ပြေးဝင် လာကြသည်။
ဓားသွားများက ဆီးနှင်းပွင့်များပမာ ယဲ့ဖန်ထံ ကျရောက်လာသည်။
ထိုသို့သောအချိန်၌ ပြေးလမ်းမရှိသလို ခုခံစရာ နေရာလည်း မရှိချေ။ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တောင်မှ တစ်စစီ ခုတ်ပိုင်းခံရလောက်သည်။
ထိုစဉ် သဲအိတ်လေးက ယဲ့ဖန်ကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လာသည်။
*သွားပြီ*
သူသည် ယဲ့ဖန်၏ ကြမ္မာဆိုးကို မြင်ယောင်နေသကဲ့သို့ သနားစိတ်ဖြင့် မျက်လုံးမှိတ်ထားမိသည်။
ထိုစဉ် ယဲ့ဖန်သည် အပေါ်မှ ဓားများ ကျဆင်းလာသည်ကို မမြင်သကဲ့သို့ ပြုမူနေသည်။ သူသည် စားပွဲပေါ်မှ လက်ဘက်ရည် တစ်ခွက်ကို ယူ၍ အေးအေးဆေးဆေး ငှဲ့၍ ဖြည်းဖြည်းချင်း အရသာခံ နေသည်။
*ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“သေစမ်း”
လှစ်ခနဲဆိုသလို ဓားချက်က ယဲ့ဖန်၏ ဦးခေါင်းထံသို့ ကျရောက် လာသည်။ တစ်ချိန်တည်းမှာပင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
သွေးစွန်းဓားတစ်ဘက်က လျှပ်စီးကဲ့သို့ တံခါးကိုဖြတ်၍ ရောက်ရှိ လာသည်။
ထိုဓားသည် ရောက်ရှိလာပြီးသည်နှင့် သွေးများ ပြန့်ကျဲလာသည်။ ထိုမြင်ကွင်းသည် လူတိုင်းအား သေမတတ် ကြောက်လန့် သွားစေသည်။
Chapter 456 မိတ်ဆွေများ ပြန်လည် ဆုံစည်းပြီ
ရွှစ်! ရွှစ်! ရွှစ်!
ခပ်ရေးရေး အသံက ပဲစေ့များ ကျလာသကဲ့သို့ ထွက်ပေါ် လာသည်။ သဲအိတ်လေး တစ်ကိုယ်လုံး တုန်ယင်လာ၏။
“ခင်ဗျား သေသွားပြီလား”
သူ ယခုလေးတင် ဓားချက်က အရိုးထဲသို့ နစ်ဝင်သွားသည့်အသံကို ကြားလိုက်ရသည်။ ထို့နောက် သူသည် မချိပြုံးပြုံး၍ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
သို့သော် မြင်ကွင်းကို သေချာမြင်လိုက်ရပြီးနောက် သူ့ တစ်ကိုယ်လုံး ထိတ်လန့် တုန်လှုပ် သွားရသည်။
ယဲ့ဖန်သည် နေရာ၌ ထိုင်မြဲထိုင်၍ လက်ဘက်ရည်ကို အေးအေး ဆေးဆေး သောက်နေဆဲပင်။
သူ့ဘေးပတ်လည်၌ ဓားတစ်ချောင်းက လေထဲ ရစ်ဝဲနေ၏။ လူတိုင်း ငြိမ်၍ရပ်နေမိကြသည်။
ထိုသို့သောအချိန်၌ သူတို့သည် တစ်ကိုယ်လုံး မလှုပ်ရှားနိုင် သကဲ့သို့ ဖြစ်နေကြသဖြင့် အံ့ဩစရာ ကောင်းလှပေသည်။
“ဘာဖြစ်သွားတာလဲ”
သဲအိတ်လေးသည် အလွန်အမင်း မှင်တက်မိနေသည်။ ထိုမျှနှင့် မပြီးသေးချေ။
ရွှစ်!
ထို့နောက်တွင်မူ နတ်ဘုရား ဂိုဏ်းချုပ် သိုင်းပညာရှင် တစ်ယောက်၏ လည်ပင်းမှ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာ သည်ကို သူ တွေ့လိုက်ရသည်။
ထို့နောက် ထိုသိုင်းပညာရှင်၏ ဦးခေါင်းသည် လည်ပင်းထက် မှနေ၍ ပြုတ်ကျလာလေသည်။
ဝုန်း!
ထိုမြင်ကွင်းသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ သဲအိတ် လေးအား နေရာမှာတင် ငုတ်တုတ်မေ့သွားစေသည်။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက သူ့အား ပို၍ သွေးပျက်သွားစေသည်။ ပထမ ဦးခေါင်းတစ်လုံး ပြုတ်ကျလာ ပြီးနောက် ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်လာသကဲ့သို့ ဒုတိယ ဦးခေါင်း တစ်လုံး ပြုတ်ကျလာသည်။
ငါးလုံးမြောက်ဦးခေါင်း၊ ဆယ်လုံးမြောက်ဦးခေါင်း။
….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဦးခေါင်းအလုံးနှစ်ဆယ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ယဲ့ဖန်ဘေးပတ်လည်မှ လူစုအားလုံး၌ ခေါင်းပြတ်နေသော ခန္ဓာကိုယ်များသာ ကျန်ရစ်ခဲ့သည်။
ဘုတ်!
ထိုခေါင်းပြတ်အလောင်းများ ကြမ်းပြင်ပေါ်သို့ အရှိန်နှင့် ပြုတ်ကျ သွားစဉ်တွင် ထိုအသံက လူတိုင်းအား ရင်တုန်သွားစေပြီး သူတို့ မျက်လုံးကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြလေသည်။
*သေကုန်ပြီ*
*သိုင်းပညာရှင် အယောက်နှစ်ဆယ်လုံး သေကုန်ပြီ*
ထိုသူတို့သည် နတ်ဘုရား သေနာပတိအဆင့်၊ နတ်ဘုရားဂိုဏ်းချုပ် အဆင့်များ ဖြစ်ကြပြီး နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့် ရှိသူများ ပါလေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တောင်မှ ပါဝင်လေသည်။ ထိုသူတို့ အားလုံး တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သဲအိတ်လေးသာမက ရှန်းလုံ၊ ရှန်းပေါင်နှင့် ဘေးပတ်လည်မှ ရာချီသော သိုင်းပညာရှင်များ အားလုံး ထိတ်လန့်သွားကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှပေ၏။
“သွေးစွန်းဓား”
“အဲ့ဒါ သွေးစွန်းဓားပဲ”
ထိုသို့သောအချိန်၌ သိုင်းပညာရှင်တစ်ယောက်၏ ထအော် လိုက်သံကြောင့် လူတိုင်းသည် လေထဲ ရစ်ဝဲနေသည့် အေးစက်သော အငွေ့အသက်ရှိသော သွေးစွန်းဓားတစ်လက်ကို ကြည့်လိုက်မိကြသည်။
ထိုသွေးစွန်းဓားမှနေ၍ ရဲရဲနီသောသွေးများက တတောက်တောက် စီးကျနေ၏။
ဝုန်း!
ထိုသို့သောအချိန်၌ သားသတ်အသင်း၏ တံခါးက ပေါက်ထွက် သွားပြီး လျှပ်စီးကဲ့သို့သော ပုံရိပ်တစ်ခု ဝင်လာသည်။
“ငါ့သခင်ကြီးကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲလဲ”
ကြောက်ခမန်းလိလိ အော်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ဒုက္ခသံသရာကို ခံနိုင်ရည်ရှိသော အဘိုးအိုတစ်ယောက်က ချက်ချင်း မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
ဂလု!
ထိုအဘိုးအိုကိုမြင်သည်နှင့် သားသတ်အသင်းရှိ ရာချီသော သိုင်းပညာရှင်များအားလုံး မနည်းကို တံတွေးမျိုချမိသွားကြသည်။
လူတိုင်း ချွေးတဒီးဒီး ကျလာကြသည်။
“သူ … သူက တုကူးမိသားစုရဲ့ စစ်နတ်ဘုရား တုကူးမလား”
“ငါ … ငါ မယုံနိုင်ဘူး၊ ဘယ်လိုလုပ် ဒီလို ကြမ်းကြုတ်တဲ့ နတ်ဘုရားက ရောက်လာတာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သခင်ကြီးလား၊ အခုလေးတင် တုကူးသခင်ကြီးက ဒီကောင်လေးကို သခင်ကြီးလို့ ခေါ်လိုက်တာမလား”
“…”
ထိုသို့သောအချိန်၌ သားသတ်အသင်း တစ်ခုလုံးရှိ သိုင်းပညာရှင်များ အားလုံး မှင်တက် နေကြသည်။
တုကူးသခင်ကြီး။ ဤသည်မှာ ဒဏ္ဍာရီလာ နာမည်တစ်ခု ဖြစ်လေသည်။
သူသည် ဆယ်ကျော်သက်အရွယ်ကတည်းက ကျော်ကြားပြီး ကျားနက် အင်ပါယာ၏ သမိုင်းတွင် ထိပ်သီး ပါရမီရှင် လေးယောက်ထဲမှ တစ်ယောက်ဟု လူသိများလေသည်။
သို့သော် သူသည် ကျော်ကြားလာချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
နှစ်ရာချီကြာမြင့်ပြီးသောအခါမှသာ ကျားနက် အင်ပါယာသို့ ပြန်ရောက်လာခဲ့သည်။ ထိုအခါမှသာ ကျန်ရစ်ခဲ့သော မိသားစုကို ဓားပြတစ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူတစ်ယောက်တည်း ဓားကိုဆွဲ၍ ကျားနက် အင်ပါယာ၏ တောင်ပိုင်းဒေသမှနေ၍ မြောက်ပိုင်းဒေသသို့ ရောက်သည်အထိ သတ်ဖြတ်လေတော့သည်။
ထိုလမ်းတစ်လျှောက်၌ တည်ရှိသော ကြောက်မက်ဖွယ် ကောင်းသည့် အင်အားကြီး ဓားပြအဖွဲ့များ အားလုံး သုတ်သင်ခံ လိုက်ရလေသည်။
ထိုလက်စားချေသော တိုက်ပွဲ၌ သူသည် အင်ပါယာတစ်ခုလုံးရှိ သိုင်းပညာရှင် အယောက် တစ်သောင်းနီးပါးကို သတ်ဖြတ်ခဲ့ သည်ဟု ဆိုခဲ့ကြသည်။
ထိုစစ်နတ်ဘုရားက ကျားနက်အင်ပါယာတစ်ခုလုံးကို ထိတ်လန့် စေခဲ့သည်။ ထိုအခါမှစ၍ သူသည် ကျားနက် ဧကရာဇ် လက်အောက်ရှိ အသန်မာဆုံး နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် သုံးယောက်ထဲမှ တစ်ယောက်အဖြစ်လည်း ကျော်ကြားလာ၏။
လက်တစ်ဖက်တည်းဖြင့် တုကူးမိသားစုကို ပြန်လည် တည်ဆောက်ခဲ့ပြီး ကျားနက်ဂြိုဟ် တစ်ခွင်၌ သူ၏မိသားစုကို မည်သူမျှ ရန်မစရဲတော့ချေ။
သို့သော် ယခုအခါ၌ … သူက ဤနေရာသို့ မည်သို့ ရောက်လာ သနည်း။
ရာနှင့်ချီသော သိုင်းပညာရှင်များသာမက ရှန်းလုံနှင့် ရှန်းပေါင်ပါ ထိတ်လန့် ကြောက်ရွံ့ နေကြသည်။
ထိုသည်သာမကသေးဘဲ တုကူးသခင်ကြီးသည် ဘေးပတ်လည်ကို ဝေ့ကြည့်ပြီးနောက် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
ထို့နောက် သူ၏မျက်လုံးမှနေ၍ မျက်ရည်များ စီးကျလာပြီး တစ်ကိုယ်လုံးသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာ လေသည်။
ဒုန်း!
ထို့နောက် သူသည် ဒူးထောက် အရိုအသေပေး၍ ဟစ်ကြွေး လာသည်။
“မြေကမ္ဘာနတ်ဆိုး ခုနှစ့်ဆယ်နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ မိုးမြေနတ်ဆိုးက သခင်ကြီးကို ဂါရဝပြုပါတယ်”
ဝုန်း!
ထိုစကားသံသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်းအား မှင်တက် သွားစေသည်။
*နတ်ဆိုး*
*သခင်ကြီး*
လူတိုင်း၏ အတွေးထဲသို့ သွေးပျက်ဖွယ်ကောင်းသည့် အတွေးတစ်ခု ဝင်ရောက်လာသဖြင့် သူတို့သည် သွေးပျက်၍ မှင်တက် နေကြသည်။
ထို့နောက် ရွှစ်! ရွှစ်! ရွှစ်!
သားသတ်အသင်း တစ်ခုလုံးသို့ အနက်ရောင် မြူခိုးတစ်ခုက ဖြတ်သွားသည်။ ထိုအနက်ရောင်မြူခိုး ဖြတ်ပြေးသွားသည့် နေရာတိုင်း၌ အေးစက်စက် အလင်းတန်းတစ်ခုပါ ဖြတ်ပြေးသွားပြီး ရှစ်ဆယ့်ရှစ်ယောက်သော သိုင်းပညာရှင်များ ချက်ချင်း ထအော်မိကြသည်။
“အား….”
ထိုအနက်ရောင်မြူခိုး ရောက်သွားသည့်နေရာတိုင်း၌ ငယ်သံ ပါအောင် ဟစ်ကြွေးသံများ ပဲ့တင်ထပ်လာသည်။
အားလုံးသည် ထိတ်လန့်ဖွယ်ကောင်းသော ငရဲခန်းတစ်ခုကို ခံစားနေလိုက် ရပုံပေါ်သည်။
ဝှစ်!
အော်သံများ ရုတ်ချည်း ရပ်တန့်သွားပြီးနောက် အနက်ရောင် မြူခိုးသည် ရုတ်တရက် အနက်ရောင် သံချပ်ကာ ဝတ်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်အသွင် ဖြစ်ပေါ် လာသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုအနက်ရောင်မြူခိုး ဖြတ်ခဲ့သည့်နေရာမှ အလောင်းများသည် ဖက်ထုပ်ကဲ့သို့ လေထဲမှနေ၍ ပြုတ်ကျလာသည်။
ထိုအလောင်းများသည် အနက်ရောင်မြူခိုးက သတ်ဖြတ်ခဲ့သော သိုင်းပညာရှင် ရှစ်ဆယ့်ရှစ်ယောက်၏ အလောင်းများပင် ဖြစ်လေသည်။
ယခုအချိန်၌ အကောင်းပတိ ကျန်ရစ်သော အလောင်းဟူ၍ မကျန်ရှိခဲ့ချေ။ အလောင်းများက တစ်စစီ ပြန့်ကျဲနေပြီး သွေးများ စီးဆင်းလျက်ရှိသည်။
သွေးပျက်ဖွယ်ကောင်းလှပေ၏။
တုကူးသခင်ကြီးနှင့်တင် မလုံလောက်သေးဘဲ နောက်ထက် ကြောက်စရာကောင်းသော သူတစ်ယောက် ရောက်လာ လိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။
အနက်ရောင် သံချပ်ကာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခပ်ဖြူဖြူမျက်နှာကို ကြည့်ပြီး ရှန်းလုံနှင့် ရှန်းပေါင်တို့ ကြက်သီး မွေးညင်း ထသွားလေသည်။
“သူ … သူက နတ်ဧကရာဇ်အဆင့် သွေးအရိပ်အင်ပါယာရဲ့ ဧကရာဇ် သွေးအရိပ် ပဲ”
*ဟာ*
ထိုသို့သောအချိန်၌ အသင်းထဲရှိ သိုင်းပညာရှင်များအားလုံး ထိတ်လန့် သွားလေသည်။
သွေးအရိပ်အင်ပါယာသည် ကျားနက် အင်ပါယာ လက်အောက်ရှိ အင်အားကြီး အဆင့်နှစ် အင်ပါယာတစ်ခု ဖြစ်သည်။
ဧကရာဇ်များထဲမှ တစ်ယောက်ဖြစ်သော သွေးအရိပ် ဧကရာဇ်သည် အလွန် ကြောက်လန့်ဖွယ် ကောင်းသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လေသည်။
သူသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက နန်းတက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ နန်းတက်ပြီးချိန်မှစ၍ သွေးအရိပ် အင်ပါယာသည် အင်အားကြီးလာခဲ့လေသည်။
တောင်ဘက်တိုက်ပွဲနှင့် မြောက်ဘက်စစ်ပွဲများ၌ သွေးအရိပ် သံမဏိစစ်တပ်သည် ပြိုင်ဘက်ကင်းသည်။
အထူးသဖြင့် သွေးအရိပ် ဧကရာဇ်ပင်။ သူ၏ ဦးဆောင်မှုအောက်၌ အဆင့်နှစ် အင်ပါယာနှစ်ခုနှင့် အဆင့်တစ် အင်ပါယာငါးခုလုံး လုံးဝ ပျက်ဆီးသွားခဲ့ရသည်။
သွေးအရိပ် ဧကရာဇ်သည် အဆင့်နှစ် ဧကရာဇ်များကြား၌ ထပ်သီး ဘုရင်အဖြစ် ကျော်ကြားလေသည်။
သို့ရာတွင်မူ ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်က ဤနေရာသို့ ဘယ်လိုလုပ် ရုတ်တရက် ရောက်လာရသနည်း။
*ဒါ …*
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် ရှန်းလုံနှင့် ရှန်းပေါင်တို့ အပြင် ကျန်ရှိနေသေးသော သိုင်းပညာရှင်များအားလုံး ကြောက်လန့်လာကြသည်။
ဒုန်း!
ထိုစဉ် သွေးအရိပ် ဧကရာဇ်က ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လာသည်။
“သွေးအရိပ် နတ်ဆိုးက သခင်ကြီးကို ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
အံ့အားသင့်နေကြသည်။ ဘေးပတ်လည်မှ လူတိုင်း မှင်တက် ငေးမော နေကြလေသည်။
*လာပြန်ပြီ၊ နတ်ဆိုးတဲ့လား*
*လာပြန်ပြီ၊ သခင်ကြီးပဲ*
လူတိုင်းသည် ထိတ်လန့်မှုက ပြီးသွားပြီဟု ထင်နေကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးလေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ကြောက်မက်ဖွယ်ကောင်းသော လူရိပ်များက သားသတ်အသင်း ထဲသို့ အတူတကွ လှစ်ခနဲ ဝင်လာကြသည်။
ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။ ယခုအထိ အယောက်သုံးဆယ်ကျော် ဝင်လာကြလေသည်။
ထိုသူတို့သည် အထဲသို့ ရောက်လာသည်နှင့် အသင်းထဲရှိ သိုင်းပညာရှင်များကို အရူးအမူး သတ်ဖြတ်ကြလေသည်။
ရွှစ်! ရွှစ်! ရွှစ်!
သိုင်းပညာရှင်တစ်ယောက် သွေးအိုင်ထဲသို့ လဲကျသွားသည်။ ထို့နောက် လူတိုင်း တစ်စစီ ခုတ်ပိုင်းခံလိုက်ရသည်။
နတ်ဘုရား သေနာပတိအဆင့်ဖြစ်စေ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ဖြစ်စေ၊ နတ်ဧကရာဇ် အဆင့်ပင် ဖြစ်စေကာမူ သေခြင်းတရား နှင့်သာ ကြုံတွေ့လိုက်ရသည်။
ဆယ်စက္ကန့်အကြာ၌ ထိုကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင်များ သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်ချိန်၌ သားသတ်အသင်း၏ ရာချီသော သိုင်းပညာရှင်များအားလုံး အလောင်းကောင်များ ဖြစ်သွားကြလေသည်။
ဒုန်း! ဒုန်း!
…..
သို့သော် ထိုနတ်ဆိုးများသည် ပုရွက်ဆိတ်တစ်သိုက်ကိုသာ သတ်ဖြတ်ခဲ့သည်ဟု သဘောထားပုံရပြီး ထိုအလောင်းများကို လှည့်ပင် မကြည့်ချေ။ သူတို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက် ထောက်၍ ရင်ဘတ်ပေါ် လက်တင်ထားကာ အလွန်အမင်း ပျော်ရွှင်သော လေသံဖြင့် နှုတ်ဆက်လာကြသည်။
“မိစ္ဆာသခင်က သခင်ကြီးကို လာတွေ့ပါတယ်”
“နတ်ဆိုးဘုရင် ရော်ကာက သခင်ကြီးကို လာတွေ့ပါတယ်”
“နတ်ဆိုး စီလိုက သခင်ကြီးကို ဂါဝရပြုပါတယ်”
“…”
နှုတ်ဆက်သံများ တစ်သံပြီးတစ်သံ ဟိန်း၍ ထွက်ပေါ်လာပြီး စကားလုံးတိုင်းက ရှန်းလုံနှင့် ရှန်းပေါင်ကို သေးထွက်ကျမတတ် ကြောက်လန့်သွားစေသည်။