← Chapters

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

Chapter 472 ကြောက်စရာကောင်းသော မင်းသား

ရူးသွပ်ချင်စရာ ကောင်းလှသည်။ ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်၏ စကားအဆုံး၌ ဥယျာဉ်တစ်ခုလုံးရှိ သိုင်းပညာရှင်များအားလုံး၏ အသက်ရှူသံက ပြင်းထန်လာသည်။

လူတိုင်း၏ မျက်နှာ၌ လောဘစိတ်နှင့် စိတ်လှုပ်ရှားမှုဟန်များဖြင့် ပြည့်နှက်နေသည်။

ခရမ်းပြာ နတ်မိမယ်ကိုလည်း ရမည်၊ ရှေးဟောင်း အမွေအနှစ်ကိုလည်း ရရှိမည်ဖြစ်သလို ဂြိုဟ်သခင်လည်း ဖြစ်လာနိုင်သည်။

ထို့အပြင် စကြဝဠာသုံး ဒင်္ဂါးများ သန်းနှင့်ချီ၍ ရမည်ဖြစ်သလို C အဆင့် စစ်သင်္ဘော၊ ထိပ်တန်း နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ကျေးကျွန်ဆယ်ယောက်နှင့် ထိပ်တန်း မြေကမ္ဘာအဆင့် သိုင်းကွက်ဆယ်ကွက်ကိုလည်း ရပေဦးမည်။

ခရမ်းပြာ ဧကရာဇ်က သူ၏ အသက်ကယ်နိုင်သည့် အရာများအားလုံးနီးပါးကို ထုတ်ထားသလိုပင်။

ရူးချင်စရာ ကောင်းလှသည်။ ထိုသို့သောအချိန်၌ မင်းသား ကျားလန်တောင်မှ လောဘစိတ်များနှင့် ပြည့်နှက်နေသည်‌။ ဤအခြေအနေများက သူ့ကိုတောင်မှ ရင်တုန်ပန်းတုန် ဖြစ်စေသည်။

“ကဲ”

ထိုစဉ် ခရမ်းပြာ ဧကရာဇ်က အသာပြုံးလာသည်။

“ကျုပ် ပွဲရဲ့ စည်းကမ်းတွေကို ကြေညာမယ်”

“ဒီတစ်ခေါက် ကျုပ်တို့ သုံးပွဲ ယှဉ်ပြိုင်ခိုင်းမယ်”

“ပထမပွဲက အစီအရင်ကို ဖြိုဖျက်နိုင်ရမယ်၊ ဒုတိယက မှော်စာလုံးကို ဖန်တီးရမယ်၊ တတိယကတော့ ကျင့်စဉ်တစ်ခုကို တီထွင်ရမယ်”

“အခု ပထမပွဲကို စမယ်”

ထိုသို့ပြောပြီးနောက် ခရမ်းပြာ ဧကရာဇ်က အသာ လက်ခုပ်တီးလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်က ကျားကွက်ကို သယ်၍ ထွက်လာသည်။

ထိုကျားကွက်၌ ကျားစေ့တစ်ရာ ရှိနေသည်။ ထိုကျားစေ့အားလုံးက မတ်မတ်ထောင်နေပြီး လဲကျခြင်း မရှိချေ။ အလွန် ထူးဆန်းလှပေသည်။ ထိုသည်သာမကသေးချေ၊ ထိုကျားကွက်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို လူတိုင်း ခံစားမိသည်။

၎င်း၌ စကြဝဠာ၏ ထူးခြားဆန်းကြယ်မှုများ ပါဝင်နေပုံရပြီး အလွန်အမင်း နတ်ဘုရား ဆန်လှသည်။

ဘေးပတ်လည်မှ လူတိုင်း၏ တည်ငြိမ်သော မျက်နှာထားကို ကြည့််ပြီး ခရမ်းပြာ ဧကရာဇ်က အသာအယာ ပြုံးလိုက်သည်.

“ဒီကျားကွက်ကို သေမင်းတစ်ရာ ကျားကွက်လို့ ခေါ်တယ်၊ ဒါက ရှေးဟောင်း တားမြစ် ကျားကွက်ပဲ”

“အဲ့ဒီပေါ်မှာ ရှေးဟောင်း အစီအရင် အခုတစ်ရာပါတယ်၊ မင်းတို့ အစီအရင် ငါးဆယ်ကို ဖြိုဖျက်နိုင်သရွေ့ မင်းတို့ အောင်တယ်”

“မင်းတို့ နည်းနည်းပဲရွေ့ပြီး များများ ဖြိုဖျက်နိုင်လေဆိုရင် မင်းတို့ ငါ့သမီးရဲ့ နှစ်သက်မှုကို ပိုရနိုင်လေပဲ”

*ရှေးဟောင်း တားမြစ် ကျားကွက်တဲ့လား*

ခရမ်းပြာ ဧကရာဇ်၏ စကားကိုကြားပြီးနောက် ပါရမီရှင်လူငယ်များအားလုံး မျက်နှာပျက် သွားကြသည်။

ကျင့်စဉ်ဖြစ်စေ၊ မှော်စာလုံးဖြစ်စေ၊ အစီအရင်ဖြစ်စေ၊ ၎င်းတို့သည် ရှေးဟောင်းအရာများ ဖြစ်နေပါက အလွန် နက်နဲလှသည်။ ဤသေမင်းတစ်ရာ အစီအရင်နှင့်ပင် သိုင်းပညာရှင် တော်တော်များများကို ဖယ်ထုတ်ပစ်နိုင်နေသည်။

ထိုစဉ် သိုင်းပညာရှင်တစ်ယောက်က စင်မြင့်ပေါ် တက်လာပြီး ပထမပြိုင်ပွဲကို စ၍ ဝင်ပြိုင်လေသည်။

ထိုသို့သောအချိန်၌ စင်မြင့်ထက်မှနေ၍ နတ်ဘုရား စွမ်းအင်များ တစ်ဟုန်ထိုး ထိုးတက်လာသည်။

သိုင်းပညာရှင်တစ်ယောက်ချင်းစီက ကျင့်ကြံကြသော ကျင့်စဉ် သိုင်းကွက်များသည် မတူညီဘဲ ခြားနားကြသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို သုံး၍ အစီအရင်ကို အရူးအမူး ဖြိုဖျက်ကြလေ၏။

ကျားကွက်တစ်ခုလုံး ခပ်ဖျော့ဖျော့ လင်းလက်လာသည်။ ကျားစေ့များက ဆက်တိုက် လှုပ်ရှားလာ၏။

ကျားစေ့တိုင်းက မဆုတ်သာ မတိုးသာသော အခြေအနေသို့ ရောက်ရှိအောင် စွမ်းဆောင်နေပြီး သိုင်းပညာရှင်များ ထောင်ချောက်မိသွားလေသည်။

ဝုန်း!

ပထမသိုင်းပညာရှင်က အစီအရင် အခုသုံးဆယ်ကို လျင်မြန်စွာ ဖျက်ဆီးနိုင်ပြီးနောက် တန်ပြန် တိုက်စစ် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့အား အလဲထိုးသွားလေသည်။

ဤသည်မှာ အစသာ ရှိသေးသည်။ ထို့နောက်တွင် ဒုတိယမြောက် သိုင်းပညာရှင်၊ တတိယမြောက်၊ စတုတ္ထမြောက်။

သိုင်းပညာရှင်တစ်ယောက် လွင့်ထွက်လာပြန်သည်။ ထို့နောက် ကြေညာသံများ ထွက်ပေါ်လာ၏။

“အာကာစကီ တစ္ဆေသခင်လေးက သေမင်းကျားကွက် အစီအရင် သုံးဆယ့်ကိုးခုကိုပဲ ဖြိုခွင်းနိုင်ပါတယ်၊ ထုတ်ပယ်ခံရပါတယ်”

“ကြယ်ငါး နတ်ဘုရားဂိုဏ်းက သေမင်းကျားကွက် အစီအရင် လေးဆယ့်သုံးခုကိုပဲ ဖြိုခွင်းနိုင်ပါတယ်၊ ထုတ်ပယ်ခံရပါတယ်”

“သခင်လေး ရွှမ်ယုရှင်းကျစ်က သေမင်းကျားကွက် အစီအရင် ငါးဆယ့်နှစ်ခုကို ဖြိုခွင်းနိုင်ပါတယ်၊ အောင်မြင်ပါတယ်”

“…”

ထိုကြေညာသံများက လူတို့အား ပျော်ရွှင်စေသကဲ့သို့ စိုးလည်း စိုးရိမ်စေသည်။ ရွေးချယ်ပွဲ ပြိုင်ပွဲကြီး ဆက်လက်ကျင်းပနေသည်နှင့်အတူ သိုင်းပညာရှင်များစွာတို့ ထုတ်ပယ်ခံရလေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ခရမ်းပြာ ဧကရာဇ်က သူ၏သမီးဖြစ်သူ ခရမ်းပြာ နတ်မိမယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ရှောင်လန်၊ ဘယ်သူက သမီးအတွက် ပိုသင့်တော်တယ်လို့ သမီး ခံစားရလဲ”

ပါရမီရှင် ရွေးချယ်ပွဲသည် ခရမ်းပြာ ဧကရာဇ်တစ်ယောက်တည်း၏ အကြံဉာဏ်ပင် ဖြစ်လေသည်။ ထို့အပြင် ခရမ်းပြာ နတ်မိမယ်က အေးတိအေးစက် အနေအထားနှင့်သာ ရှိနေသည်။

သူမက ခေါင်းအသာခါ၍ သူမ၏ လှပ၍ ဆွဲဆောင်မှုရှိသော မျက်နှာထက်၌ အရေးမစိုက် ဟန်များနှင့် ပြည့်နှက်နေသည်။

“သူတို့အားလုံးက အရေးမပါတဲ့ လူတစ်သိုက်ပဲ၊ ကျွန်မရဲ့ ခင်ပွန်းဖြစ်ဖို့ မထိုက်တန်ဘူး”

သူမသည် ဥဒေါင်းကဲ့သို့ ဘဝမြင့်နေသည်။ ခရမ်းပြာ ဧကရာဇ်၏ မျက်နှာထက်မှ အောင့်သီးအောင့်သက် အပြုံးက ပို၍ ထင်ရှားလာသည်။

“ရှောင်လန်၊ ဒီလောက် မရေတွက်နိုင်တဲ့နှစ်တွေထဲမှာ သမီးကို လိုက်ပိုးပန်းတဲ့သူတွေ မနည်းဘူး။ တစ်ယောက်ချင်းစီတိုင်းက နာမည်ကြီး ပါရမီရှင် ကောင်လေးတွေချည်းပဲ၊ သမီးက ဘယ်လိုလူစားမျိုးကို သမီးခင်ပွန်းအဖြစ် သတ်မှတ်ပြီး ရှာဖွေချင်တာလဲ”

ခရမ်းပြာ ဧကရာဇ်သည် အလွန်အမင်း ကူကယ်ရာမဲ့သလို ခံစားမိနေသည်။ သူ၏သမီးသည် မာနကြီး၍ မောက်မာသည်။ အခြားသောသူများ၏ မျက်လုံးထဲမှ ပါရမီရှင်များသည် သူမအမြင်တွင်တော့ ဘောင်မဝင်ချေ။

*ဘယ်လိုလူစားမျိုးတဲ့လား*

ခရမ်းပြာ နတ်မိမယ်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

“သမီးရဲ့ခင်ပွန်းက ကမ္ယာခြားတစ်ယောက် ဖြစ်ရမယ်၊ ပြီးတော့ အားလုံးရဲ့ လေးစားတာကို ခံရတဲ့သူ ဖြစ်ရမယ်၊ ဥပမာ ပြောရမယ်ဆိုရင် …”

*ဟမ်*

ခရမ်းပြာ ဧကရာဇ် မှင်တက်သွားသည်။

*ငါ့သမီးစိတ်ထဲမှာ ချစ်ရမယ့်သူ ရှိနေတာလား*

“ဘယ်လိုမျိုးလဲ”

ခရမ်းပြာ ဧကရာဇ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုအခါ ခရမ်းပြာ နတ်မိမယ် ပြန်ပြောလိုက်သော နာမည်တစ်ခုကြောင့် ခရမ်းပြာ ဧကရာဇ် တောင့်ခနဲ ဖြစ်သွားရသည်။

“နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်လိုလူမျိုးပေါ့”

*ဘာ*

ခရမ်းပြာ ဧကရာဇ် ခေါင်းမီးတောက်သွားသည်။

*နဂါးငွေ့တန်း စစ်နတ်ဘုရားတဲ့လား*

ခရမ်းပြာ ဧကရာဇ်၏ နဖူး၌ ချွေးများ စို့လာပြီး သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“တော်တော့၊ စိတ်ကူးယဉ်မနေနဲ့တော့၊ နဂါးငွေ့တန်း စစ်နတ်ဘုရားက တုနှိုင်းမဲ့တဲ့သူပဲ။ ကျားနက် ဧကရာဇ်တောင်မှ အသတ်ခံရပြီးတော့ ကျားနက် အင်ပါယာတစ်ခုလုံးကို နဂါးငွေ့တန်း အင်ပါယာက ပိုင်ဆိုင်သွားတာ”

“သူလိုလူမျိုးက အဖေတို့ထက် မြင့်မားပြီး ကြောက်စရာကောင်းတဲ့ ထိပ်သီးပုဂ္ဂိုလ်မျိုးပဲ”

ထိုသို့ပြောပြီး ခရမ်းပြာ ဧကရာဇ်က အစီအရင်ကို ဖြိုဖျက်ရန် ကြိုးစားနေသည့် ပါရမီရှင် လူငယ်များကို ငုံ့ကြည့်လိုက်သည်။

“ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် အဖေ သမီးအတွက် ခင်ပွန်းတစ်ယောက် ကူရွေးပေးမယ်”

ဖခင်ဖြစ်သူ၏ စကားကို ကြားပြီးနောက် ခရမ်းပြာ နတ်မိမယ် သုန်မှုန်သွားသည်။ ဧကရာဇ်၏ စကားကို သူမ အလေးအနက် မထားမှန်း သိသာလှသည်။

လူအားလုံးနီးပါး အရင်စမ်းသပ်ပြိးနောက် ခြေသံတစ်သံ ထွက်ပေါ်လာပြီး မင်းသား ကျားလန် ရှေ့သို့ ထွက်လာသည်။ ဤသည်ကိုမြင်ပြီး အားလုံး တိတ်ဆိတ်သွားသည်။

“မင်းသား ကျားလန်က အင်ပါယာရဲ့ ပထမဆုံး အစီအရင် ဆရာသခင်ပဲ။ သူ ဘယ်လောက်ထိ ဖြိုဖျက်နိုင်မလဲဆိုတာတော့ ငါ မသိဘူး”

သိုင်းပညာရှင်အားလုံး၏ မျက်နှာ၌ သိချင်စိတ်များနှင့် ပြည့်နှက်နေပြီး စင်မြင့်ထက်သို့ စိုက်ကြည့်နေကြသည်။

လူတိုင်း၏ အကြည့်အောက်မှာပင် မင်းသား ကျားလန်က သေမင်း ကျားကွက်ကို ဆက်တိုက် လက်ညှိုးထိုးလိုက်သည်။ ရုတ်တရက် ကျားစေ့များ ရွေ့လျားလာပြီး အစီအရင်များ ကျိုးပျက် သွားသည်။

ဆယ်ခု၊ အခု သုံးဆယ်၊ အခု ငါးဆယ်။

…

မင်းသား ကျားလန်သည် အလွန် သန်မာလှသဖြင့် အစီအရင် အခုငါးဆယ်ကို ဆက်တိုက်နီးပါး ဖြိုဖျက်နိုင်သည်။ ထိုသို့ ထိတ်လန့်ဖွယ်ကောင်းသည့်နှုန်းက လူတိုင်းအား ငေးငိုင်သွားစေသည်။

ထိုမျှနှင့် မလုံလောက်သေးချေ။

အခုခြောက်ဆယ်၊ ခုနစ်ဆယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြိုဖျက်နိုင်သည့် အစီအရင် အရေအတွက်က ခုနစ်ဆယ်အထိ ရောက်ရှိသွားပြီး လူအားလုံး၏ ပထမဆုံး ဖြစ်လာသည်။

ခြောက်ခြားဖွယ် ကောင်းလှသည်။ လူတိုင်း အလွန် ထိတ်လန့်နေကြသည်။

မင်းသား ကျားလန်၏ အစီအရင်အပေါ် ထူးချွန်မှုက ဤမျှ မြင့်မားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ခရမ်းပြာ ဧကရာဇ်နှင့် နတ်မိမယ်တောင်မှ အံ့အားသင့်နေကြ၏။

ဝုန်း!

ထိုသို့သောအချိန်၌ ကျားလန် မင်းသားသည် ရှစ်ဆယ့်ကိုးခုမြောက် အစီအရင်ကို ဖြိုဖျက်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့အား စင်အောက် ပြုတ်ကျသွားအောင် ပြုလုပ်လာသည်။

ရှစ်ဆယ့်ကိုးခု။ ဤအရေအတွက်က လူတိုင်းအား ပို၍ ထိတ်လန့်သွားစေသည်။

“သန်မာတယ်၊ တကယ်ကို … တအား သန်မာလွန်းတယ်၊ နောက်ထပ် အစီအရင် ဆယ့်တစ်ခုသာ ဖြိုဖျက်နိုင်မယ်ဆိုရင် သူ သေမင်း ကျားကွက်တစ်ရာလုံးကို ဖြိုဖျက်နိုင်ပြီ”

“ပထမက သူပဲ ဖြစ်မယ်နဲ့တူတယ်၊ နောက်ဆိုရင် ကျားလန် အင်ပါယာတစ်ခုလုံးရဲ့ အစီအရင် ဆရာသခင်က ဒီကြောက်စရာကောင်းတဲ့ မင်းသားပဲ ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်”

“…”

ချက်ချင်းဆိုသလိုပင် ပါရမီရှင် လူငယ်များအားလုံး အားငယ်လာကြလေသည်။ မင်းသား ကျားလန်၏ ထိတ်လန့်ဖွယ် စွမ်းဆောင်မှုအား လူတိုင်းအား ထိတ်လန့်တကြား ဖြစ်သွား စေသည်မှာ အမှန်ပင်။

ဘေးပတ်လည်မှ အာမေဍ္ဍိတ်သံများကို နားထောင်ပြီး မင်းသား ကျားလန်၏ နှုတ်ခမ်းက တွန့်ကွေးသွားသည်။ ယခုအကြိမ်၌ သူသာလျင် ချန်ပီယံဖြစ်ကြောင်း သူ သိနေ၏။ ခရမ်းပြာ နတ်မိမယ်အား သူ အရယူကို ယူနိုင်ရမည်။

“နောက်တစ်ယောက်”

ထိုစဉ် ခရမ်းပြာ ဧကရာဇ်က အောက်ရှိလူများထံသို့ အော်ပြောလိုက်သည်။ သူ့စကားကို ကြားပြီးနောက် မည်သူမျှ ထရပ်မလာကြချေ။

ပြိုင်ပွဲက ပြီးဆုံးလုနီးပါး ဖြစ်နေပြီး ကျန်ရှိနေသေးသော လူတစ်ချို့သည် သူတို့ ပို၍သာလွန်အောင် လုပ်နိုင်ရန် မဖြစ်နိုင်ဟု ခံစားမိသောကြောင့် သူတို့ လက်လျော့ရန်သာ ရွေးချယ်လိုက်ကြသည်။

ဤအခြေအနေကိုမြင်ပြီး ခရမ်းပြာ ဧကရာဇ်က ပထမအဆင့် ပြိုင်ပွဲ ပြီးဆုံးကြောင်း ချက်ချင်း ကြေညာရန် ပြင်လိုက်သည်။

သို့သော် သူ စကားစရုံသာ ရှိသေးချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ဖြည်းဖြည်းချင်း ထရပ်၍ စင်မြင့်ထက်သို့ ခပ်ဖြည်းဖြည်း လှမ်းလာသည်။

Chapter 473 ရှေးဟောင်း သေမင်းကျားကွက် ပျက်သုဉ်းသွားခြင်း

ဒေါက်! ဒေါက်! ဒေါက်!

ခြေသံကြားလိုက်ရသောကြောင့် လူတိုင်း ဉယျာဉ်၏ အနောက်ဘက်ခြမ်းသို့ လှည့်ကြည့် လိုက်ကြသည်။

အားအနည်းဆုံးသူကိုသာ အနောက်ဘက်၌ နေရာချထားပေးခြင်း ဖြစ်သည်။ အများစုသည် နတ်ဘုရား သေနာပတိအဆင့်များ ဖြစ်ပြီး တော်တော်များများက အရှုံးပေးရန် ရွေးချယ် လိုက်ကြသည်။

သို့သော် ထိုသို့ အားနည်းသည့် လူများကြားထဲ၌ အစီအရင်ကို ဖြိုခွင်းရန် ကြိုးစားချင် နေသေးသည့် လူများ ရှိနေဦးမည်ဟု လူတိုင်း ထင်မထားမိချေ။

အထူးသဖြင့် ယဲ့ဖန်ကို မြင်တွေ့လိုက်ရန်ချိန်တွင် လူတိုင်း မျက်နှာပျက်သွားကြသည်။

*နတ်ဘုရား ဆရာသခင်အဆင့်လား*

ဤဂြိုဟ်သခင်၏ အိမ်တော်ထဲသို့ နတ်ဘုရား ဆရာသခင်အဆင့်ကိုတောင်မှ ဝင်ခွင့်ပေး၍ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုပေးလိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။

ခရမ်းပြာ ဧကရာဇ်နှင့် ခရမ်းပြာ နတ်မိမယ်တောင်မှ မျက်မှောင်ကြုတ်သွားကြသည်။

“ဘာဖြစ်တာလဲ၊ နတ်ဘုရား ဆရာသခင်အဆင့်ကိုတောင်မှ ဝင်ခွင့်ပေးတာလား။ ကျွန်မက ခင်ပွန်းလောင်းတစ်ယောက် ရွေးချယ်မှာကို ဒီလို ဆိုးရွားတဲ့လူမျိုးကိုလည်း ပါဝင်ခွင့် ပေးတယ်ပေါ့လေ”

ခရမ်းပြာ နတ်မိမယ်၏ လှပသော မျက်နှာက အေးစက်လို့လာသည်။ သူမ၏ ခင်ပွန်းလောင်း ရွေးချယ်ပွဲ၌ ဤသို့သော နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်ကို တက်ရောက်ခွင့် ပေးလိုက်ခြင်းက ရှက်စရာကောင်းလှသည်ဟု သူမ ထင်နေသည်။

ယဲ့ဖန်ဘေးမှ မျောက်ပိန်လေးသည်လည်း မှင်တက်နေ၏။

“ဟ … ဒီညီငယ်လေးက သေရမှာကို မကြောက်ဘူးပဲ၊ နတ်ဘုရား ဆရာသခင် အဆင့်လေးက တကယ်ပဲ နတ်မိမယ်လေးကို အရယူချင်နေတာလား”

မျောက်ပိန်လေး ဆွံ့အသွားသည်။ သူသည် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့် ဖြစ်သည်။ ထို့အပြင် မင်းသား ကျားလန်၏ ထူးချွန်မှုကို မြင်တွေ့ပြီးနောက် သူ လက်လျော့ရန် ရွေးချယ်လိုက်သည်။ ထင်မှတ်မထားဘဲ ယဲ့ဖန်က မတ်တပ်ထရပ်လာသည်။ ထိုသည်သာ မကသေးချေ။

“ခွေးမသား … လတ်စသက်တော့ မင်းကိုး”

ထိုစဉ် အံ့ဩ၍ ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဝှစ်!

ချက်ချင်းဆိုသလိုပင် မင်းသား ကျားလန်က နတ်ဧကရာဇ်အဆင့် နှစ်ယောက်နှင့် ဒါဇင်ချီသော လူများကို ဦးဆောင်၍ ယဲ့ဖန်ကို ဝိုင်းဖမ်းလိုက်သည်။ အားလုံးက သူတို့၏ ဓားများကို ဆွဲထုတ်၍ လူသတ်လိုသော အရှိန်အဝါအား ထုတ်ဖော်လာကြသည်။

*ဘာလဲဟ*

ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤနတ်ဘုရား ဆရာသခင် အဆင့်လေးက မင်းသား ကျားလန်ကို ရန်စဖူးလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

မင်းသား ကျားလန်၏ အံကြိတ်ထားသော အမူအရာအရ သူသည် တစ်ဖက်လူလက်ထဲ၌ အတော်လေး ထိခိုက်ခံစားခဲ့ရပုံပေါ်သည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ထိတ်လန့်နေကြသည်။ အထူးသဖြင့် ခရမ်းပြာ ဧကရာဇ်သည်လည်း အံ့ဩ၍ မျက်မှောင်ကြုတ်နေသည်။

“မင်းသား၊ ဘာတွေ ဖြစ်နေတာလဲ၊ မင်း ဒီလူကို သိတာလား”

“သူ့ကို သိတယ်တဲ့လား”

မင်းသားကျားလန်၏ မျက်နှာထက်၌ မကျေမချမ်း ဖြစ်နေဟန်များ ထင်ဟပ်လာသည်။

“ဒီမျိုးမစစ်ကောင်က ကျုပ်ကို သတ်မိလုနီးပါး ဖြစ်ခဲ့တာ”

*ဟာ*

ထိုစကားကြောင့် ဉယျာဉ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

*ဒီကိုလာတဲ့ လမ်းမှာတုန်းကများလား*

*ဒီလူက အဲ့ဒီ E အဆင့် စစ်သင်္ဘောပိုင်ရှင်များလား*

လူတိုင်း အာကာသထဲမှ အကြောင်းကို ကြားထားကြပြီး E အဆင့် စစ်သင်္ဘောက မင်းသား ကျားလန်၏ C အဆင့် စစ်သင်္ဘောကို ဖျက်ဆီးခဲ့ကြောင်းကိုလည်း သိထားကြသည်။

သို့သော် စစ်သင်္ဘော၌ ရာနှင့်ချီသော မှော်စာလုံးများ ထွင်းထုနိုင်သည့် စစ်သင်္ဘော ပညာရှင်က နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက် ဖြစ်နေသည်တဲ့လား။

လူတိုင်း မျက်နှာပျက်လာကြသည်။ မင်းသား ကျားလန်သည်လည်း အလွန် သုန်မှုန်နေပြီး ယဲ့ဖန်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

“ဟေ့ကောင် ... ဒီမင်းသားက မင်းလိုလူကို ရှာမတွေ့ခဲ့တာကို မအံ့ဩတော့ဘူး။ လတ်စသက်တော့ မင်းလိုခွေးကောင်က သိပ်သတ္တိကောင်းပြီး ဒီနေရာမှာ လာပုန်းနေတာကိုး”

“မင်းက ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ့် လမ်းကို မရွေးဘဲ ငရဲလမ်းကိုမှ ရွေးလျှောက်နေတာပဲ”

မင်းသား ကျားလန်သည် နတ်မိမယ်ဂြိုဟ်ကို ရောက်လာပြီးသည်နှင့် ပထမဆုံးလုပ်သည့် အလုပ်က ယဲ့ဖန်၏ စစ်သင်္ဘောကို စုံစမ်းခြင်းပင်။ သို့သော် ထူးဆန်းသည်က ယဲ့ဖန်၏ စစ်သင်္ဘောသည် ပျောက်ကွယ်သွားပုံရပြီး မည်သို့မျှ စုံစမ်းမရချေ။

ယဲ့ဖန်က သားမက်လောင်း ရွေးချယ်ပွဲသို့ပါ လာရောက်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။ ယခုအခါတွင် သူက လူလုံးပြ၍ ဟန်ထုတ်ချင်နေသေးသည်။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်သည်။

ထိုစဉ် မင်းသား ကျားလန်သည် ယဲ့ဖန်အား ဤနေရာ၌ သတ်ဖြတ်ရန် အမိန့်ပေးချင်နေသည်။ ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်က အသည်းအသန် ဝင်ပြောလာသည်။

“မင်းသား စိတ်ဆိုးနေမှန်း သိပါတယ်၊ ဒါပေမယ့် ဒီနေရာက ကျုပ်သမီးလေးရဲ့ သားမက်လောင်း ရွေးချယ်ပွဲအတွက် ကျင်းပမယ့်နေရာပါ။ တကယ်လို့ မင်းသားနဲ့ အဲ့ဒီလူမှာ မကျေနပ်ချက်တွေ ရှိတယ်ဆိုရင် ဒီပွဲပြီးမှာ ဖြေရှင်းမယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ခရမ်းပြာ ဧကရာဇ်၏ စကားများက မင်းသား ကျားလန်ကို မျက်မှောင်ကြုတ်သွားစေသည်။ ထို့နောက် သူသည် မုန်းတီးစွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ကျုပ် ခရမ်းပြာ ဧကရာဇ်ကို မျက်နှာသာပေးတဲ့အနေနဲ့ မင်းကို မိနစ်ပိုင်းလောက် အသက်ရှင်ခွင့် ပေးလိုက်မယ်”

“မင်းအသက်ကို နုတ်ယူမခံရခင် ဒီမင်းသားက နတ်မိမယ်ရဲ့ ခင်ပွန်းဖြစ်လာတာကို စောင့်ကြည့်လိုက်”

ထို့နောက် မင်းသား ကျားလန်က ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်၍ ရှေ့ဆုံးတန်းသို့ ပြန်လှည့်ကာ ပြန်ထိုင်နေလိုက်သည်။

ထိုသို့သောအချိန်၌ ဥယျာဉ်ထဲမှလူများအားလုံး ယဲ့ဖန်အတွက် ချွေးပြန်နေကြသည်။ သူ ကံကောင်း၍သာ လွတ်မြောက်သွားခဲ့လေသည်။

“ကောင်လေး၊ မင်း အစီအရင်ကို ချိုးဖျက်ချင်လို့လား”

ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်က ယဲ့ဖန်ကို သိချင်စိတ်ဖြင့် လှမ်းကြည့်လာသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူ၏ရှေ့မှ ကောင်လေးထံမှ တစ်မူထူးခြားသော ခံစားချက်မျိုးကို ခံစားမိနေသည်။ ဤသည်က လူတိုင်းအား တုန်လှုပ်သွားစေသည်။

*တော်တော် ထူးဆန်းတာပဲ*

*မဖြစ်နိုင်ဘူး၊ ငါ အတွေးလွန်နေတာပဲ ဖြစ်မယ်*

ခရမ်းပြာ ဧကရာဇ်က ခေါင်းခါ၍ ဖြစ်နိုင်ချေမရှိသော ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပယ်ပစ် လိုက်သည်။

ထိုစကားကို ကြားသော်လည်း ယဲ့ဖန်က ပြန်မဖြေချေ။ သူ့အကြည့်များက စင်မြင့်ထက်မှ သေမင်း ကျားကွက်တစ်ရာကိုသာ အကြည့်ရောက်နေသည်။

မင်းသား ကျားလန်၏ ခြိမ်းခြောက်မှုဖြစ်စေ သို့မဟုတ် ခရမ်းပြာ ဧကရာဇ်၏ စကားကဖြစ်စေ သူ့အတွက် သေမင်း ကျားကွက်လောက် စိတ်ဝင်စားစရာ မကောင်းသည့်ပုံ ပေါ်နေသည်။

ယဲ့ဖန်သည် စင်မြင့်ထက်သို့ တက်သွားပြီး သေမင်း ကျားကွက်တစ်ရာရှေ့၌ ရပ်နေသည်။ သူ၏ မျက်လုံးအစုံက ကျားကွက်ကိုသာ စိုက်ကြည့်နေပြီး သူ့အတွေးများကို ဖြန့်ကျက်နေသည်။

တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။

အချိန်များစွာ ကြာသွားသော်လည်း အံ့ဩစရာကောင်းသည်က ယဲ့ဖန်သည် အစီအရင်ကို ချိုးဖျက်ခြင်း မပြုချေ။

သူသည် နေရာ၌ တုံးအစွာ ရပ်၍ ရူးကြောင်ကြောင်နှင့် စိုက်ကြည့်နေသည်။

*ဒါက ...*

ဉယျာဉ်ထဲမှ လူတိုင်း စိတ်မရှည်ဖြစ်ကာ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

“အဲ့ကောင် ဘာလုပ်နေတာလဲ၊ သူ တစ်နေကုန် ကြည့်ဖို့ တွေးထားတာလား”

“အဲ့ဒါပဲလေ ... အစီအရင်ကို ချိုးဖျက်ချင်နေတဲ့ နတ်ဘုရား ဆရာသခင်အဆင့်‌လေးက တစ်ခြားသူတွေရဲ့ အစွမ်းအစကို အထင်သေးနေတာကိုး။ သူက လူတိုင်းရဲ့ အချိန်ကို ဖြုန်းတီးပစ်နေတာ”

“....”

ထိုသို့သောအချိန်၌ လူတိုင်း ပြောဆိုနေကြပြီး ယဲ့ဖန်ကို ပို၍ မကျေမနပ် ဖြစ်လာကြသည်။ ဤသည်ကိုကြည့်ပြီး မင်းသား ကျားလန်က လှောင်ပြောင်လိုက်သည်။

“ဘယ်လိုလဲ၊ ဒီကောင်က ခွေးတစ်ကောင်နဲ့ လျှောက်သွားချင်နေတဲ့ ပုရွက်ဆိတ်လိုကောင်ပါလို့ ငါ ပြောသားပဲ။ သူ့စစ်သင်္ဘောကလည်း အပျက်အစီးတွေကနေ ရခဲ့တာ ဖြစ်မယ်။ သူက မင်းတို့ ထင်သလို ခန့်မှန်းရခက်တဲ့သူ မဟုတ်ဘူး”

သူ့စကားကို နားထောင်ပြီး ဘေးနားမှ နတ်ဧကရာဇ်အဆင့် နှစ်ယောက်က ခေါင်းညိတ်လာသည်။

ယခင်ကလည်း ယဲ့ဖန်သည် အကာအကွယ် မှော်စာလုံးတစ်ရာပါသော စစ်သင်္ဘောကို ပိုင်ဆိုင်ထားသဖြင့် ရင်ဆိုင်ရမလွယ်လောက်ဟု ထင်ထားခဲ့မိသည်။ သို့သော် ယခုအခါတွင် သူသည် ပုရွက်ဆိတ်သာသာအဆင့်သာ ဖြစ်နေသည်။

*ဒါက ...*

ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်တစ်ယောက်တည်းသာ မှင်တက်နေ၏။ သူ့အကြည့်များက ရပ်မြဲရပ်နေသော ယဲ့ဖန်ကိုသာ ကြည့်နေပြီး အမူအယာ ပျက်ယွင်းနေသည်။

“ဉာဏ်အလင်းရတာ၊ ဒီ ... ဒီလူက အစီအရင်ကို ချိုးဖျက်နေတာ မဟုတ်ဘူး၊ သူက သေမင်း ကျားကွက်တစ်ရာကနေ ဉာဏ်အလင်း ရနေတာပဲ”

ခရမ်းပြာ ဧကရာဇ် အံ့အားသင့်နေသည်။ ဉာဏ်အလင်းရသည့် နယ်ပယ်သို့ ဝင်ရောက် နေခြင်းသည် ရှေ့တန်းမှ လူငယ်များသည် သေမင်းကျားကွက်ကိုသာ ချိုးဖျက်ရုံသာ ချိုးဖျက်ခဲ့ပြီး သေမင်း ကျားကွက်ပေါ်မှ ထင်မှတ်မထားသော ရှေးဟောင်း မှော်စာလုံးများကို သိမြင်ခြင်း မရှိကြောင်း ဖော်ပြနေသည်။

ဉာဏ်အလင်းရသည့် နယ်ပယ်သို့ ဝင်ရောက်ရန် ဖြစ်နိုင်ချေ မရှိချေ။ ထိုသည်သာမကသေးချေ။

ဝှစ်!

ခွန်အား ဥပဒေသတစ်ခုက ယဲ့ဖန်ထံသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။ သာမန်လူများသည် ဤခွန်အား ဥပဒေသကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။

ခရမ်းပြာ ဧကရာဇ်ကဲ့သို့ အစီအရင် ပညာရပ်၌ တစ်သက်လုံး စိတ်ဝင်စားစွာ လေ့လာ လိုက်စားသည့် ပညာရှင်တစ်ယောက်သာ သိမြင်နိုင်ည်။

ဤရှာဖွေမှုအသစ်က ခရမ်းပြာ ဧကရာဇ်အား လိပ်ပြာလွင့်မတတ် ဖြစ်သွားစေသည်။

“ဒါ ... ဒါက ပြောင်းလဲခြင်း အဆင့်နယ်ပယ်ပဲ”

*သေစမ်း*

ခရမ်းပြာ ဧကရာဇ် ကျိန်ဆဲလုမတတ် ဖြစ်သွားရသည်။ အစီအရင် ပညာရပ်၌ ပထမဆုံး ပညာရပ်ကို လေ့လာရမည်၊ ထို့နောက် ဉာဏ်အလင်းရအောင် ကြိုးစားရမည်။ နောက်ဆုံးတွင်မှ ပြောင်းလဲနိုင်မည် ဖြစ်လေသည်။

ယခုအခါတွင် ယဲ့ဖန်သည် သေမင်း ကျားကွက်ပေါ်မှ ရှေးဟောင်း မှော်စာလုံးများနှင့် ရင်းနှီးနေသည်မှာ သိသာလှသည်၊ ထို့ကြောင့်ပင် သူက ပြောင်းလဲခြင်းအဆင့် နယ်ပယ်သို့ ဝင်ရောက်သွားပြီး အစီအရင်ကို ပုံပြန်ဖော်နိုင်နေခြင်း ဖြစ်သည်။

ဤသည်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။ ဤစကြဝဠာထဲ၌ ထိုသို့ပြုလုပ်နိုင်သည့် အစီအရင် ပညာရှင်တစ်ယောက် ရှိနေသည်ဟု ခရမ်းပြာ ဧကရာဇ် တစ်ခါမှ မကြားခဲ့ဖူးချေ။

ထိုသို့သောအချိန်၌ ဉယျာဉ်ထဲမှ လူများအားလုံးသည် ခရမ်းပြာ ဧကရာဇ်၏ အတွေးကို မသိကြပေ။ အကယ်၍ သူတို့ သိလျင်တောင်မှ သူတို့ ယုံကြည်နိုင်မည် မဟုတ်ပါ။

အားလုံး၏ အမြင်တွင် ယဲ့ဖန်သည် ငေးငိုင်၍ ရပ်နေပြီး တစ်ဖက်ပြန်လှည့်၍ စင်မြင့်ထက်မှ ပြန်ဆင်းလာသည်ကိုသာ တွေ့လိုက်ရသည်။

*ဟမ်*

လူတိုင်း တွေဝေသွားကြသည်။

*ဒီကောင် အစီအရင်ကို ချိုးဖျက်ခဲ့လို့လား*

*မင်း ဘယ်လိုလုပ် နောက်ပြန်လှည့်လာရဲတာလဲ*

*ဘယ်လိုကောင်လဲကွာ*

လူတိုင်းသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။သို့သော် ထိုသို့သောအချိန်၌ ...

ဘုန်း!

ကျိုးပဲ့ပျက်စီးသံ ထွက်ပေါ်လာပြီးနောက် သေမင်း ကျားကွက်တစ်ရာပေါ်မှ ကျားစေ့များအားလုံး မြေကြီးပေါ် ပြုတ်ကျလာသည်ကို လူတိုင်း မှင်တက်စွာ တွေ့လိုက်ရသည်။

ထိုသည်သာမကသေးချေ။

ဝုန်း!

သေမင်း ကျားကွက်တစ်ရာတစ်ခုလုံး ချက်ချင်း မီးဟုန်းဟုန်းတောက်၍ ပေါက်ကွဲသွားသည်။

သေမင်းကျားကွက်တစ်ရာ ပျက်သုဉ်းသွားလေပြီ။

Chapter 474 မိုးကောင်းကင်ကို ပေါက်ကွဲစေသော နတ်ဆိုး၏ အရှိန်အဝါက အကန့်အသတ်မဲ့လှသည်

ဝုန်း!

သေမင်း ကျားကွက်တစ်ရာသည် ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ချက်ချင်း အမှုန့်ဖြစ် သွားလေသည်။

ဤမြင်ကွင်းက လူတိုင်းအား အံ့အားသင့်သွားစေသည်။ လူတိုင်းသည် ပျံ့ကျဲနေသော အပိုင်းအစများနှင့် ကျားကွက်ကို ကြည့်ပြီး ရီဝေဝေ ဖြစ်လာကြသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒါက သေမင်း ကျားကွက်လေ၊ ဒါက နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တာ။ ဒါကို နတ်ဘုရား လက်နက်နဲ့တောင် ယှဉ်လို့ရပြီးတော့ ကြောက်ဖို့ကောင်းတာကို။ ဘယ်လိုလုပ် ဒါက အကြောင်းပြချက် မရှိဘဲ ပျက်စီးသွားရတာလဲ*

လူတိုင်း ယဲ့ဖန်ကို လှမ်းကြည့်နေမိသည်။ လူတိုင်း၏ အတွေးထဲသို့ အံ့အားသင့်စရာကောင်းသည့် အတွေးတစ်ခု ရောက်လာသည်။

*ဒီလိုဖြစ်အောင် ဒီကောင်များ လုပ်လိုက်တာလား*

“မဟုတ်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”

သိုင်းပညာရှင်တစ်ယောက်သည် သူ၏အတွေးကို ပြန်ရုတ်သိမ်း၍ ခေါင်းကို ခပ်သွက်သွက်ခါပြီး သူ့စိတ်ထဲမှ ထိုထိတ်လန့်ဖွယ်အတွေးကို ဖယ်ရှားပစ်လိုက်သည်။

ယဲ့ဖန်က အစီအရင် ချိုးဖျက်ခြင်းအား လက်လျှော့ပြီး နောက်ပြန်ဆုတ်လာသည်ကို သူတို့ သေချာ မြင်ခဲ့ရသည်။

ထို့အပြင် ထိုသူသည် အစမှအဆုံးထိ မည်သို့မျှ မလှုပ်ရှားခဲ့ပေ။ ဘယ်လိုလုပ် ကျားကွက်က သူ့ကြောင့် ပျက်ဆီးနိုင်ပါမည်နည်း။

သို့သော် ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။

“ဒါက …”

*ဟမ်*

ခရမ်းပြာ ဧကရာဇ်သည် စကားပြောရန် ပြင်လိုက်သော်လည်း သူ ယဲ့ဖန်၏အမည်ကိုပင် မသိသေးသည်ကို သတိရသွားသည်။ ထို့ကြောင့် သူသည် ယဲ့ဖန်ကို လှမ်းကြည့်၍ အနေရခက်စွာ မေးလိုက်သည်။

“ကောင်လေး၊ မင်း နာမည် ဘယ်လိုခေါ်လဲ”

“ယဲ့ဖန်”

စကားလုံး နှစ်လုံး ပြန်ကြားလိုက်ရသည်နှင့် ခရမ်းပြာ ဧကရာဇ်က စိတ်အားထက်သန်စွာ ကြေညာလိုက်သည်။

“ယဲ့ဖန်က ကျားကွက်တစ်ရာရဲ့ အစီအရင် အခုတစ်ရာကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်လို့ ပထမနေရာကို ဆွတ်ခူးသွားပြီလို့ ကျုပ် ကြေညာတယ်”

*ဟာ*

ခရမ်းပြာ ဧကရာဇ်၏ စကားကြောင့် လူတိုင်း မှင်တက်သွားသည်။ လူတိုင်း မယုံနိုင်လောက်အောင် မျက်နှာပျက်သွားကြသည်။

*အစီအရင်တစ်ရာကို ချိုးဖျက်ပစ်တယ်*

*ပထမနေရာ*

*ဘယ်လိုလုပ်*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်ကြချေ။ ထိုသူသည် လက်ပင် မမြောက်ဘဲ တစ်ခဏမျှ ကြည့်ရုံသာကြည့်၍ ရပ်နေခဲ့သည်။ သူ နောက်လှည့်၍ ပြန်ဆင်းလာခဲ့သည့်အချိန်တွင် ကျားကွက်က အလိုအလျောက် ကျိုးပျက်သွားခဲ့သည်။

*ဘာလို့ သူက အစီအရင်တစ်ရာကို ဖျက်ဆီးနိုင်တာလဲ*

*ပြီးတော့ အစီအရင်ကို ချိုးဖျက်ပြီးတော့ ပထမနေရာကို ရသွားတယ်တဲ့လား*

ထိုသို့သောအချိန်၌ ဉယျာဉ်တစ်ခုလုံး ပွက်လောရိုက်လာသည်။

*သောက်ခွေးက ကံကောင်းလှချည်လား*

ဤသည်မှာ ခွေးတစ်ကောင် ကံကောင်းသွားခြင်းသာဖြစ်ပြီး ပထမနေရာကို ရူးကြောင်ကြောင်နှင့် ရသွားခြင်း ဖြစ်သောကြောင့် လူတိုင်း အလွန် မနာလိုရှုစိမ့် ဖြစ်နေကြသည်။

“ကျုပ် လက်မခံဘူး”

ထိုစဉ် မင်းသား ကျားလန်က မတ်တပ်ထရပ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူသည် အံကိုကြိတ်၍ ခရမ်းပြာ ဧကရာဇ်ကို စိုက်ကြည့်ကာ သုန်မှုန်စွာ ပြောလိုက်သည်။

“ဧကရာဇ်၊ ဘာလို့ သူ အစီအရင်ကို ဖျက်ဆီးပစ်တာကို ထည့်တွက်ရတာလဲ”

“ဒီကောင် တစ်ချက်ကလေးမှ မလှုပ်ရှားခဲ့တာကို ကျုပ်တို့အားလုံးကို မြင်တာပဲ၊ ဘယ်လိုလုပ် သူက ကျားကွက်ကို အက်ကွဲပြီး ပျက်စီးသွားရတာလဲ”

ထိုသို့သောအချိန်၌ မင်းသား ကျားလန်သာမက ဉယျာဉ်ထဲမှလူများအားလုံး ခရမ်းပြာ ဧကရာဇ်ကို စိုက်ကြည့်လာကြသည်။

ခရမ်းပြာ နတ်မိမယ်တောင်မှ အလွန်အမင်း အံ့အားသင့်သွားရသည်။ သူမဖခင်က သုံးစားမရသော နတ်ဘုရား ဆရာသခင်အဆင့်ကို ပထမနေရာ ပေးလိမ့်မည်ဟု သူမ ထင်မှတ်မထားမိချေ။

သူ၏စကားကို ကြားပြီးနောက် ခရမ်းပြာ ဧကရာဇ်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းသား စိတ်ဆိုးနေမှန်း ကျုပ် သိပါတယ်၊ ဒါပေမဲ့ စည်းကမ်းက သတ်မှတ်ထားပြီးသားလေ”

“လူငယ်လေး ယဲ့ဖန်က လှုပ်ရှားမှု မလုပ်ခဲ့ဘူးဆိုပင်မဲ့ ကျားကွက်က သူ့ကြောင့် ပျက်စီးသွားသလို အစီအရင်ကလည်း သူ့ကြောင့်ပဲ ကျိုးပျက်သွားခဲ့တာ။ အဲ့ဒီတော့ သူ့ကို ထည့်တွက်ပြီး ပထမနေရာ ပေးတာ ပုံမှန်ပါပဲ”

ခရမ်းပြာ ဧကရာဇ်၏ စကားများက မင်းသား ကျားလန်နှင့် အခြားသူများအား ငြိမ်ကျသွား စေသည်။

သူတို့ ထပ်၍ လက်မခံနိုင်ဟု ငြင်းဆန်ခြင်း မပြုတော့ချေ။ ထိုစည်းမျဉ်းများသည် သူတို့ မပြောင်းလဲနိုင်သည့် စည်းမျဉ်းများပင် ဖြစ်လေသည်။

သူတို့အားလုံး ပြောနိုင်သည်ဟူ၍ သူ၏ ကံက မိုးထိအောင် မြင့်မား၍ ကောင်းမွန်နေသည်ဟုသာ ပြောနိုင်ပေတော့သည်။

“ကောင်းပြီလေ၊ ပထမ ဖြစ်တယ်ပဲ ထားပါတော့၊ မင်းက ပထမဖြစ်တော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ”

မင်းသား ကျားလန်က ယဲ့ဖန်ကို စိုက်ကြည့်ကာ မုန်းတီးစိတ်ဖြင့် အံကိုကြိတ်ထားလေသည်။

“ဘာပဲဖြစ်ဖြစ် အမှိုက်က အမှိုက်ပါပဲ၊ နောက်တစ်ခါ မင်း အဲ့သလောက် ကံကောင်းမယ်လို့ ငါ မယုံဘူး”

ထိုသို့ပြောပြီး မင်းသား ကျားလန်က အေးစက်စွာ လှောင်ရယ်ပြီး ယဲ့ဖန်ကို ထပ်၍ ဂရုမစိုက်တော့ချေ။

ဤမြင်ကွင်းကို အခြားသူများမြင်ပြီးနောက် သူတို့သည် ယဲ့ဖန်အား အားကျသလို ကြည့်နေကြသည်။

သို့ရာတွင်မူ ခရမ်းပြာ နတ်မိမယ်သည် မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား အထင်မြင်သေးကာ စက်ဆုပ်ဟန်အပြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

“နင့်နာမည်က ယဲ့ဖန်လား”

*ဟမ်*

ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ဟမ့် … နင်ကများ ဒီနာမည်ကို စော်ကားရဲတယ်ပေါ့လေ”

ခရမ်းပြာ နတ်မိမယ်၏ မျက်နှာက အေးစက်လာသည်။

“ယဲ့ဖန်ဆိုတာက နဂါးငွေ့တန်း စစ်နတ်ဘုရားရဲ့ နာမည်ပဲ။ ပြီးတော့နင် … နင်က နဂါးငွေ့တန်း စစ်နတ်ဘုရားရဲ့ တူညီတဲ့ မျိုးရိုးနာမည်ရဲ့ ပထမနာမည်ကို သုံးဖို့ မထိုက်တန်ဘူး”

*ဟမ်*

သူမစကားက လူတိုင်းကို သတိပေးလိုက်သလို ဖြစ်သွားသည်။

ထိုအခါတွင်မှ ဂြိုဟ်ပေါင်းများစွာ၏ အရှင်သခင် ဖြစ်ပြီး မရေတွက်နိုင်သော သိုင်းပညာရှင်များ လေးစားကြည်ညိုရသည့် နဂါးငွေ့တန်း စစ်နတ်ဘုရားဟု ခေါ်တွင်သည့်သူ၏ အမည်မှာ ယဲ့ဖန်ဖြစ်ကြောင်း သူတို့ သတိရလိုက်ကြသည်။

နဂါးငွေ့တန်း စစ်နတ်ဘုရားသည် တုနှိုင်းမဲ့သောသူ ဖြစ်လေသည်။ သို့သော် သူတို့၏ မျက်စိရှေ့မှ လူသည် နတ်ဘုရား ဆရာသခင်အဆင့်လေးသာ ဖြစ်ပြီး ကံကောင်း၍သာ ပထမနေရာ ရခဲ့သူ ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် မိုးနှင့်မြေသကဲ့သို့ ကွာခြားသောကြောင့် သူတို့၏ မျက်စိရှေ့မှ လူသည် ယဲ့ဖန်၏ နာမည်အား စွန်းထင်းအောင် လုပ်နေသည်ဟု လူတိုင်း ခံစားမိသွားကြသည်။

ထိုစကားကို ကြားသော်လည်း ယဲ့ဖန်က အေးအေးဆေးဆေး ပခုံးတွန့်ပြလိုက်သည်။ အခြားသူများ သူ့ကိုသိလည်း သူ ဂရုမစိုက်ပါ။ သူသည် တားမြစ်ထားသော အခန်း၏ သော့ကိုသာ ရယူလိုခြင်း ဖြစ်သည်။ ထို့ထက်လည်း မပိုချေ။

ယဲ့ဖန် သူ့နေရာသို့ ပြန်လာထိုင်သောအခါ မျောက်ပိန်လေးက အနားကပ်လာပြီး ယဲ့ဖန်အား စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

“ငါ မင်းကို အားကျတယ်၊ ငါ့လူရေ မင်း တော်တော် မိုက်တာပဲ”

မင်း အစောပိုင်းတုန်းက မမြင်လိုက်လို့။ ဧကရာဇ်က မင်း ပထမရတယ်လို့ ကြေညာတော့ မင်းသား ကျားလန်ပုံစံက ယင်ကောင်တစ်ကောင်ကို စားလိုက်မိသလို ဖြစ်နေတာ။ ဟားဟားဟား … ငါ ရယ်ရလွန်းလို့ အူတောင် နာတော့မယ်”

ဤနေရာရှိ လူများ၌ ယဲ့ဖန်ကို မနာလိုခြင်း မရှိသောသူအား ပြပါဆိုလျင် ဤမျောက်ပိန်လေး ကိုသာ ပြရပေမည်။

သူသည် ပါဝင်ယှဉ်ပြိုင်ခြင်း၌ လက်လျော့လိုက်ပြီးနောက် ယဲ့ဖန်က မင်းသား ကျားလန်၏ မျက်နှာကို ဖြတ်ရိုက်နိုင်ပါစေဟု မျှော်လင့်နေခဲ့မိသည်။

ယဲ့ဖန်က ပထမနေရာကို ရရှိသွားချိန်၌ သူသည် စိတ်ထဲရှိသည့်အတိုင်း ပျော်ရွှင်တက်ကြွ သွားမိသည်။

“ဒါနဲ့ စကားမစပ် မင်းနာမည်က နဂါးငွေ့တန်း စစ်နတ်ဘုရားရဲ့ နာမည်နဲ့ ဆင်တယ်နော်။ မင်း တော်တော် ကံကောင်းတာပဲ”

ထိုသို့ပြောပြီး မျောက်ပန်လေးက လေးစားအားကျဟန်ဖြင့် ပြောလာသည်။

“ငါ မင်းကို တစ်ခု ပြောပြမယ်သိလား၊ ငါ နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်ကို မြင်ဖူးတယ်”

*ဟမ်*

ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားပြီး အထူးတဆန်းဖြင့် ပြန်မေးလိုက်သည်။

“မင်း သူ့ကို မြင်ဖူးတာလား”

“ဒါပေါ့”

မျောက်ပိန်လေးသည် နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်ကို မြင်ဖူးဟန်ဖြင့် အပျော်ကြီးပျော်၍ ကျေနပ်နေသည်။ ထိုကိစ္စသည် သူ့ဘဝ၌ ဂုဏ်အယူရဆုံး ကိစ္စဖြစ်သကဲ့သို့ ကြွားဝါလေ တော့သည်။

“နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်ကလေ ပေနှစ်ဆယ်လောက် မြင့်မားပြီးတော့ နတ်ဆိုးနဲ့တူတယ်။ သူက လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖျက်ဆီးနိုင်ပြီးတော့ ခြေတစ်ဖက်တည်းနဲ့ မြေကြီးကို အက်ကွဲအောင် လုပ်နိုင်တယ်”

“ကြောက်စရာ အကောင်းဆုံးက သူ့ခေါင်းပေါ်မှာ ဂျိုနှစ်ချောင်း ရှိနေတာပဲ”

ယဲ့ဖန် : “…”

“အဲ့ဒါတင် မကဘူးကွ၊ စစ်နတ်ဘုရား ယဲ့ဖန်မှာ ဘယ်ဟာက အကောင်းဆုံးလဲ မင်း သိလား”

ထိုသို့သောအချိန်၌ မျောက်ပိန်လေးသည် တံတွေးစဉ်မတတ် ပြောရင်း ရေကျောက်များ ရှိနေသော စပ်ဖြဲဖြဲ မျက်နှာနှင့် ပြောလိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် နှုတ်ခမ်း တွန့်ကွေးသွားပြီး သူ့စိတ်ထဲ၌ ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။

“ဘာများလဲ”

“ဟီးဟီး … မင်း လုံးဝ မှန်းမိမှာ မဟုတ်ဘူးကွ”

မျောက်ပိန်လေးက ပြုံးစိစိနှင့် ပြောလိုက်သည်။

“စစ်နတ်ဘုရား ယဲ့ဖန်ရဲ့ အောက်ပိုင်းက အတော်လေး မိုက်တာကွ။ ကောင်းကင်နဲ့ မြေကြီးလောက်ထိကို ကြီးပြီးတော့ လေထဲမှာ ထောင်နေတာတဲ့”

ဖွီ!

ထိုစကားကို ကြားပြီး ယဲ့ဖန် သွေးအန်မတတ် ဖြစ်သွားရသည်။ သူ့စိတ်ထဲ၌ မြက်ပင်တွေနှင့် ရွှံ့စေးများ စို့နေသကဲ့သို့ ခံစားလိုက်ရသည်။

ယခုအချိန်၌ သူသည် မျောက်ပိန်လေး၏ ပါးစပ်ကို ဆွဲဖြဲရန် မထိန်းနိုင်တော့ချေ။ ဤမျိုးမစစ်ကောင်သည် အလွန် ကြွားဝါလွန်း၏။

ထိုမျှနှင့် မပြီးသေးချေ။ မျောက်ပိန်လေး၏ မျက်နှာသည် ဖြူရော်လာပြီး ယဲ့ဖန်ခြေထောက်ကို မှီထားရင်း မျက်လုံးကိုမှေး၍ ရယ်မောကာ ပြောလိုက်သည်။

“အရင် ကျားနက် ဧကရာဇ်က သူ မွေးဖွားလာကတည်းက အမြင့်မှာ ရှိနေခဲ့တာ။ ဒါပေမဲ့ ယဲ့ဖန်လည်း မွေးဖွားလာပြီးရော ကျားနက် ဧကရာဇ်က သူ တစ်ချက်လှုပ်လိုက်တာနဲ့ လွင့်ထွက်သွားပါလေရောကွာ”

“လူတွေက ဒီလို မကြာမကြာ ပြောတယ်ကွ၊ ကောင်းကင်ကို ပေါက်ကွဲစေတဲ့ နတ်ဆိုးရဲ့ အရှိန်အဝါက အတိုင်းမသိပဲတဲ့”

ထိုသို့သောအချိန်၌ ယဲ့ဖန်သည် သူ၏ နတ်ဆိုးသွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်မိသည်။ သူသည် မျောက်ပိန်လေးအား တွဲလောင်းချ၍ ချိတ်လှန်းထားချင်စိတ် ပေါက်နေသည်။

မျောက်ပိန်လေး ဆက်၍ လေလုံးထွားနေစဉ်တွင် ခရမ်းပြာ ဧကရာဇ်၏ စကားသံ ထပ်၍ ထွက်ပေါ်လာသည်။

“ဒုတိယပြိုင်ပွဲဖြစ်တဲ့ မှော်စာလုံး ပြိုင်ပွဲ စတင်မယ်”

All Chapters