← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

Chapter 481 မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်

*သေသွားပြီလား*

ထိုသို့သောအချိန်၌ လူတိုင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်၍ တွဲလောင်းကျနေသော ကျားလန် မင်းသားကိုကြည့်ပြီး လူတိုင်း မနည်း တံတွေးမျိုချမိသွားသည်။

ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။

ကောင်းကင်တစ်ခွင်၌ လေဟာနယ်သည် ခုတ်ပိုင်းခံထားရသောကြောင့် ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်နေပြီး ကောင်းကင်၌ ဟင်းလင်းပြင် ဧရိယာသည် ပျံ့နှံ့လျက်ရှိသည်။

ဤမြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်။ ကောင်းကင်၌ အက်ကွဲရာ တစ်ခု ဖြစ်ပေါ်နေသလားဟု ထင်မှတ်ရလေသည်။ ခြောက်ခြားဖွယ် ကောင်းလှသည်။

ထိုသို့သောအချိန်၌ လူတိုင်းသည် မနေနိုင်ဘဲ ယဲ့ဖန်လက်ထဲမှ ရွှေရောင်ဓားကျိုးကို ကြည့်လိုက်မိကြသည်။

ထိုရွှေရောင်ဓားပေါ်၌ ဓားထိပ်ပိုင်း မရှိဘဲ “ကောင်းကင်ဘုံ” ဟု ထွင်းထုထားသည့် ဓားရိုးနှင့် ဓားသွားသာ ရှိလေသည်။

သို့သော် ထိုဓားမှ ထွက်ပေါ်လာသည့် အရှိန်အဝါက ကြက်သီးထဖွယ်ကောင်းလှသည်။

နတ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိသည့် ကျားလန် ဧကရာဇ်တောင်မှ ထိတ်လန့် သွားရသည်၊ ထိုဓားအောက်၌ အရာအားလုံး ပျောက်ကွယ်သွားလေမလားဟု ထင်မှတ် နေမိသည်။

ယဲ့ဖန်၏ နှုတ်ခမ်းက မသိမသာ တွန့်ကွေးလာသည်။ အကယ်၍ သူ့၌ ဤရွှေရောင်ဓားကျိုးသာ အစောကြီးကတည်းက ရှိနေခဲ့ပါက နတ်ဧကရာဇ် နောက်ဆုံးအဆင့်ရှိသည့် ကျားနက် ဧကရာဇ်ကိုပင် တစ်ချက်တည်းနှင့် ခုတ်ပိုင်းနိုင်မည် ဖြစ်သည်။

ယဲ့ဖန် လှည့်ကြည့်လာသည်နှင့် ကျားလန် ဧကရာဇ်နှင့် အခြားသူများ ကြမ်းပြင်ပေါ်၌ ကတုန်ကယင် ဖြစ်နေကြသည်။

“ကျေးဇူးပြုပြီး စစ်နတ်ဘုရား ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။ အသုံးမကျတဲ့ ကျွန်တော်မျိုးရဲ့သားက စစ်နတ်ဘုရားကို ရန်စမိပါတယ်။ ဒါက တော်ဝင်မျိုးနွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျေးဇူးပြုပြီး စစ်နတ်ဘုရား ညှာတာပေးပါ”

ကျားလန် ဧကရာဇ်သည် ထိုသို့ပြောလိုက်သော်လည်း သူ၏ခန္ဓာကိုယ်က အေးစက်ကာ တုန်ယင်နေ၏။ သူ ရင်တုန်နေသည်။ ယဲ့ဖန် ဒေါသထွက်ပြီး ဤနေရာရှိ လူတိုင်းအား သတ်ပစ်လိုက်မည်ကို သူ စိုးရိမ်နေမိသည်။

ကျားလန် ဧကရာဇ် တုန်ယင်နေသည်ကိုမြင်ပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်လာကြသည်။

လူတိုင်း သိုးပေါက်ဟု ထင်ထားမိသည့် ဤလူက သိုးရေခြုံ ထားသော ဝံပုလွေတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ယဲ့ဖန်က ကျားလန် အင်ပါယာကို ဂရုမစိုက်ပါ။ ထိုအစား သူသည် မျောက်ပိန်လေးကို လှမ်းကြည့်၍ ပြောလိုက်သည်။

“မင်းက တော်သားပဲ၊ ဒီကျင့်စဉ်က မင်းအတွက်ပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကိုလှုပ်ယမ်းလိုက်သည်။

ဝှစ်!

ချက်ချင်းဆိုသလိုပင် ကျားနှစ်ကောင် ကျင့်စဉ်က အလင်းတန်း အသွင်ပြောင်း၍ မျောက်ပိန်လေး၏ စိတ်ထဲသို့ ဝင်ရောက်သွားလေသည်။

မျောက်ပိန်လေး တုန်ယင်သွားပြီးနောက် အံ့အားသင့်ဖွယ် ကောင်းသည့် ရှေးဟောင်း ဥပဒေသတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ပျံ့နှံ့ဝင်ရောက်လာသည်ကို ခံစားလိုက်မိသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်တစ်ခုက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

“ဒါက …”

မျောက်ပိန်လေး ထိတ်လန့် အံ့အားသင့်သွားသည်။ ဘေးပတ် လည်မှ လူတိုင်းလည်း မှင်တက် သွားကြသည်။

ယဲ့ဖန်က ရှေးဟောင်း သိုင်းကျမ်းအား သူများကို ပေးပစ် လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

“ကျေးဇူးတင်ပါတယ် စစ်နတ်ဘုရား … ကျေးဇူးတင်ပါတယ်”

မျောက်ပိန်လေးသည် အလွန်ကျေးဇူးတင်နေပြီး သူ၏ ကျေးဇူးတင်စိတ်ကို မဖော်ပြတတ် တော့သဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်၍ ယဲ့ဖန်အား ဦးညွှတ်ဂါဝရပြု၍ ကျေးဇူးတင်ကြောင်း ပြသလေသည်။

ဤမြင်ကွင်းကိုမြင်ပြီး ယဲ့ဖန်က အရေးမကြီးသော ကိစ္စတစ်ခု ကိုသာ လုပ်ခဲ့ဟန်ဖြင့် လက်ခါပြလေသည်။

ဝှစ်!

ခါရန် စစ်သင်္ဘော ထွက်ပေါ်လာပြီး ယဲ့ဖန်သည် လူအုပ်ကို လျစ်လျူရှု၍ စစ်သင်္ဘောပေါ် တက်ကာ စကြဝဠာထဲ၌ ခရီးဆက် လေတော့သည်။

ယဲ့ဖန် ထွက်သွားသည့်အခါမှသာ ဥယျာဉ်ထဲရှိ လူငယ် ပါရမီရှင်များအားလုံး ပြိုလဲကျ၍ အသက်ကို မနည်းရှူနေရသည်။ သူသည် ဖိနှိပ်ချုပ်ချယ်နိုင်ပြီး စိုးထိတ်ရအောင် လုပ်နိုင်လွန်းသည်။

အစောပိုင်းက ယဲ့ဖန်နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူတို့ ရင်တွေ ပေါက်ကွဲမတတ် ဖြစ်ခဲ့ရသည်။ လူတိုင်းသည် မျောက်ပိန်လေးအား အားကျ၍ မနာလိုဟန်ဖြင့် ကြည့်နေမိသည်။

ယဲ့ဖန်၏ မျက်နှာသာပေးမှုကြောင့် နောင်အနာဂတ်တွင် မျောက်ပိန်လေးအား ကျားလန် ဧကရာဇ်ပင် အန္တရာယ် မပေးရဲကြောင်း လူတိုင်း ရိပ်စားမိလိုက်ကြသည်။

အထူးသဖြင့် ရှေးဟောင်းသိုင်းကျမ်းနှင့်ဆိုလျင် မျောက်ပိန်လေး၏ အနာဂတ်သည် တစ်ဟုန်ထိုး တိုးတက်လာပေလိမ့်မည်။

တစ်ဖက်တွင်မူ ခရမ်းပြာ နတ်မိမယ်သည် တွေဝေငေးငိုင်၍ နေ၏။ သူမ၏ လှပသော မျက်ဝန်းများသည် ကောင်းကင်ထက်မှ ခါရန် စစ်သင်္ဘောကို စိုက်ကြည့်ရင်း မျက်ရည်များ ဆက်တိုက် စီးကျလာသည်။ သူမ၏ အပြုအမူများအတွက် သူမ အမှန်တကယ် နောင်တရမိသည်။

“ငါ သူနဲ့ လွဲသွားခဲ့ပြီလား”

ခရမ်းပြာ နတ်မိမယ်သည် ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်ချင် မိတော့သည်။ အကယ်၍ သူမ အမြင်မမှားခဲ့ပါက၊ သူမ အလွန် ဘဝင်မြင့်၍ မောက်မာခြင်း မရှိခဲ့ပါ သူမ သူထံသို့ မိတ်ဆွေအဖြစ် ကပ်ခွင့်ရနိုင်လောက်သည်။

ယခုအခါတွင်မူ အရာအားလုံး မဖြစ်နိုင်တော့ချေ။ သူမနှင့် သူသည် ကမ္ဘာခြင်း ခြားနားနေခဲ့လေပြီ။

ထိုသို့တွေးမိပြီးနောက် ခရမ်းပြာ နတ်မိမယ်သည် ကြမ်းပြင်ပေါ် ထိုင်ချ၍ အားပါးတရ ငိုကြွေးလေတော့သည်။

သူမပုံစံက ကလေးမလေးတစ်ယောက် သူမ အမြတ်နိုးဆုံး အရုပ်ကို ဆုံးရှုံးလိုက်ရ၍ ငိုကြွေးနေဟန်နှင့် ဆင်တူနေ၏။ နှလုံးသား ကွဲကြေ၍ နောင်တရစိတ်များနှင့် ပြည့်နှက်နေသည်။

ခရမ်းပြာ ဧကရာဇ်က သူ၏ သမီးဖြစ်သူကိုကြည့်၍ သက်ပြင်းချ လိုက်သည်။

“ဘာမျှော်လင့်ချက်မှ ထပ်မထားနဲ့တော့။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ တည်ရှိမှုမျိုးက ရှေးခေတ်အခါကို ကျော်လွန်ပြီး လက်ရှိခေတ်မှ အဖေတို့ တစ်ခါမှ မမြင်ဖူးတဲ့သူမျိုး ဖြစ်လာ တော့မှာ၊ ပြီးတော့ သူက အဖေတို့ လက်လမ်းမှီတဲ့အရာမျိုး မဟုတ်ဘူး”

ထို့နောက် ခရမ်းပြာ ဧကရာဇ်သည် ခေါင်းခါ၍ အနောက်ဘက် ဝန်းထဲသို့ ပြန်လျှောက်သွားသည်။

….

စနေဂြိုဟ်။ ထိုဂြိုဟ်သည် နဂါးငွေ့တန်း အင်ပါယာ၏ ပိုင်နက် အတွင်း၌ မရှိသလို နဂါးနက်တောင် ဂြိုဟ်နယ်မြေ၏ ပိုင်နက် အတွင်း၌လည်း မရှိချေ။

၎င်းဂြိုဟ်အား ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ ပိုင်ဆိုင်လေသည်။ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၌ မည်သည့် အင်ပါယာမှ မရှိဘဲ ဂြိုဟ်များသာ ရှိလေသည်။ ထိုဂြိုဟ်များအားလုံး၌ ကြောက်မက်ဖွယ် ကောင်းသော အင်အားစုများစွာ နေထိုင်လျက် ရှိသည်။

ယခုအချိန်၌ စနေဂြိုဟ်၏ ကောင်းကင်ဘုံ စားသောက်ဆိုင်၌ လူများစွာတို့နှင့် ပြည့်နှက်လျက် ရှိသည်။

အပြင်သို့ ရှုမြင်နိုင်သော ပြတင်းပေါက်ဘေးရှိ စားပွဲဝိုင်း၌ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။

သူသည် နတ်ဘုရား ဆရာသခင်အဆင့်သာ ဖြစ်သော်လည်း အကောင်းဆုံး စားသောက်ဆိုင်၏ အကောင်းဆုံး နေရာထိုင်ခင်းအား ဈေးကြီးပေး၍ ထိုင်နိုင်နေသည်။

ပြတင်းပေါက်မှနေ၍ စနေဂြိုဟ်၏ လှပသော ရှုခင်းများကို ခံစားနေလေသည်။ ဘေးပတ်လည်မှ သိုင်းပညာရှင်များ အားလုံးသည် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား အားကျ၍ သိချင်စိတ်များနှင့် ဝိုင်းကြည့်နေကြသည်။

အားနည်းသော နတ်ဘုရား ဆရာသခင်အဆင့်လေးက ဈေးအကြီးဆုံး ကောင်းကင်ဘုံ စားသောက်ဆိုင်၏ နေရာအား ပေးချေနိုင်လောက် သည်အထိ ချမ်းသာနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ထိုနေရာ၌ စနေဂြိုဟ်ရှိ ဂြိုဟ်စစ်တပ်ခေါင်းဆောင်နှင့် အသန်မာဆုံးသော သိုင်းပညာရှင်များသာ ထိုင်ခွင့်ရှိလေသည်။

“အူးလန်ဂြိုဟ်ကို ရောက်ဖို့ သုံးရက်လောက် လိုသေးတာပဲ”

ယဲ့ဖန်သည် သားရဲကောင်၏ သွေးဖြင့်ပြုလုပ်ထားသော ဝိုင်တစ်ခွက်ကို သောက်လျက်ရှိသည်။

အူးလန်ဂြိုဟ်သည် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၌ ပါဝင်သော သေးနုပ်သည့် ဂြိုဟ်လေးတစ်လုံးသာ ဖြစ်သည်။

သို့သော် မည်သူမျှ ထင်မထားသည်က ထိုဂြိုဟ်လေးသည် နတ်ဆိုး ဧကရာဇ်နှင့် ဧကရီတို့ မွေးဖွားရာ ဇာတိဂြိုဟ်လေး ဖြစ်လေသည်။

ယဲ့ဖန်နှင့် ဟွမ်အာတို့သည် ထိုဂြိုဟ်လေးပေါ်၌ မွေးဖွားခဲ့ကြသည်။ နှစ်ယောက်လုံး မိဘမဲ့များ ဖြစ်ခဲ့ကြလေသည်။

ဝီ! ဝီ!

ယဲ့ဖန် အတွေးနွံထဲ နစ်မျောနေစဉ်တွင် ပြတင်းပေါက်အပြင်ဘက်မှ စက်သံတစ်သံ ထွက်ပေါ်လာသည်။

ဧရာမ စစ်သင်္ဘောတစ်စီးက စနေဂြိုဟ်၏ လေထဲ၌ ရပ်နားလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ကျွီ!

စစ်သင်္ဘော၏ တံခါးပေါက် ပွင့်လာပြီးနောက် နတ်ဧကရာဇ် စဦးအဆင့် ရောက်နေသော လူငယ်လေးတစ်ယောက်နှင့် လူတစ်စုတို့ စစ်သင်္ဘောထဲမှ ဆင်းလာပြီး ကောင်းကင်ဘုံ စားသောက်ဆိုင်ထဲသို့ လှမ်းလာကြသည်။

“ဂြိုဟ်သခင် ပြန်လာပြီ။ ဒီတစ်ခေါက် သူ ကမ္ဘာဦး လေလံစံအိမ်ကို သွားခဲ့တာ၊ အဲ့ကနေ သူ ဘယ်လိုကလေးမျိုး ဝယ်လာတာလဲ မသိဘူး”

“ဟီးဟီး … ဂြိုဟ်သခင် အချီကြီး ရကိုရခဲ့လိမ့်မယ်၊ မဟုတ်ရင် သူ စက်နားပြီးတာနဲ့ ဆိုင်ထဲ တန်းလာမှာ မဟုတ်ဘူး”

“အင်း … ဒါပေမဲ့ သူ့နေရာကို သူများ ယူထားတယ်၊ အဲ့ကောင်လေး ကန်ထုတ်ခံရမှာတော့ စိုးရိမ်သား”

“…”

ထိုသို့သောအချိန်၌ စားသောက်ဆိုင်ထဲမှ သိုင်းပညာရှင်များ အားလုံး ယဲ့ဖန်ကို မချိုမချဉ် မျက်နှာပေးဖြင့် လှမ်းကြည့် လာကြသည်။ လူတိုင်း၏ အကြည့်၌ ပျက်ရယ်ပြုဟန်များ ပါဝင်နေ၏။

*မင်း ကျိကျိတက် ချမ်းသာတော့ရော ဘာဖြစ်သလဲ*

*မင်းက ကောင်းကင်ဘုံ စားသောက်ဆိုင်က ပထမတန်း ထိုင်ခုံကို ယူထားနိုင်တော့ရော ဘာအရေးလဲ*

*ဂြိုဟ်သခင် ဒီကိုရောက်နေမှတော့၊ ဒီနတ်ဘုရား ဆရာသခင် အဆင့်လေးက သူ့အမိန့်ကို မနာခံဘဲ နေရဲလို့လား*

ဘေးပတ်လည်မှ စားသုံးသူများသာမက ဆိုင်ပိုင်ရှင်ကလည်း အသည်းအသန် ပြေးလာသည်။ ယဲ့ဖန်ရှေ့၌ သူက ခေါင်းကိုငုံ့၍ တောင်းပန်စကား ဆိုလေသည်။

“ဒီက ညီငယ်လေး၊ ငါ တကယ် စိတ်မကောင်းပါဘူး။ ဒီဆိုင်က ဒီပထမတန်းနေရာက ဂြိုဟ်စစ်တပ်ခေါင်းဆောင်ရဲ့ နေရာပါ။ ဂြိုဟ်သခင်က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာမို့ ငါတို့ မင်းကို ဈေးကြီးပေးပြီး ထိုင်ခွင့်ပေးခဲ့တာပါ”

“အခု ဂြိုဟ်သခင် ပြန်လာပြီဆိုတော့ ကျေးဇူးပြုပြီး ငါ့ကို နေရာပြန်ပေးပါ။ ဒီနေ့ စားသောက်စရိတ်ကို ငါ အခမဲ့ထားလိုက်ပါ့မယ်။ ဘယ်လိုလဲ”

စားသောက်ဆိုင်ပိုင်ရှင်သည် ချမ်းသာသော ယဲ့ဖန်အား ရန်စမိသွားမည်ကိုလည်း မလိုလားချေ။ သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ဆိုင်ပိုင်ရှင်၏ စကားကို ကြားပုံမရချေ။

သူ့မျက်လုံးများက ပြတင်းပေါက်မှနေ၍ အောက်ဘက်ရှိ ဂြိုဟ်သခင်ထံသို့ အကြည့်ရောက် နေသည်။

ပြောရမည်ဆိုလျင် ဂြိုဟ်သခင်၏ လက်ထဲမှ လှောင်ချိုင့်ထံသို့ အကြည့်ရောက်နေခြင်း ဖြစ်သည်။ ထိုလှောင်ချိုင့်သည် တစ်စတုရန်း မီတာလောက်သာ ရှိသည်။ ၎င်းအား အနက်ရောင် သံမဏိဖြင့် ပုံသွင်းထားသည်။

လှောင်ချိုင့်ထဲ၌ ကလေးမလေးတစ်ယောက်အား ချုပ်နှောင်ထား လေသည်။

ထိုကလေးမလေး၏ မျက်နှာကိုမြင်ပြီးနောက် ယဲ့ဖန်၏ မျက်လုံးများသည် သွေးရောင်လွှမ်း သွားလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုကလေးမလေး၏ မျက်နှာသည် သူ၏ဆရာ မဖြစ်သူ ဖန့်ယင်းနှင့် တစ်ထေရာတည်း တူနေသော ကြောင့်ပင်။

“မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်”

“ဖန့်ယင်းရဲ့သွေးကို ဆင့်ကဲပြောင်းလဲထားတာပါလား”

Chapter 482 သူ ဘယ်ကလာတာလဲ

ထိုကလေးမလေး၏ မျက်နှာက ဖြူရော်နေပြီး သူမမျက်ဝန်း၌ မျက်ရည်များ ဝေ့တက်နေ၏။ အပြင်လောကကြီး၌ သူမ မသိသော ကြောက်စရာကောင်းသည့် အရာများနှင့် ပြည့်နှက် နေသည်ဟု ထင်မှတ်နေသည်။

သူမသည် လှောင်ချိုင့်ထဲ၌ အဖမ်းခံထားရသောကြောင့် ကူရာမဲ့၍ မျှော်လင့်ချက်မဲ့နေခဲ့သည်။ ယခုအချိန်၌ ဂြိုဟ်သခင် တုခီသည် လက်ထဲမှလှောင်ချိုင့်ကို မြှောက်ကာ အထဲမှ ကလေးမလေးကို စိုက်ကြည့်၍ ညစ်ကျယ်ကျယ် ပြုံးလေသည်။

“ဟားဟားဟား … ဒီတစ်ခေါက် ကမ္ဘာဦး လေလံစံအိမ်မှာ ဒီလောက် ကောင်းတဲ့အရာမျိုး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ သွေးနဲ့ ဆင့်ကဲ ပြောင်းလဲထားတဲ့ ကလေးမလေး၊ ကျစ် … ကျစ် … တော်တော်လှတာပဲ”

ဂြိုဟ်သခင် တုခီ၏ မျက်လုံးများသည် အလွန် မကောင်းဆိုးဝါး ဆန်လှသည်။

“အောင်ပွဲခံပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ငါ အရင်ဆုံး ဒီမွေးရာပါ စိတ်ဝိညာဉ်ပိုင်ရှင် ကောင်မလေးရဲ့ အရသာကို မြည်းစမ်း ကြည့်ဦးမယ်၊ ပြီးမှ ငါ သူ့ကို ဆေးဝါးအဖြစ် ချက်ပြုတ်ပစ်မယ်”

ထိုစကားကို ကြားပြီးနောက် ဂြိုဟ်သခင်တုခီ၏ အနောက်ရှိ နာမည်ကြီး သိုင်းပညာရှင် တစ်ယောက်က ဟားတိုက်ရယ်မော၍ ပြောလာသည်။

“ဂုဏ်ယူပါတယ် ဂြိုဟ်သခင်၊ ဂုဏ်ယူပါတယ်”

“ဒီကောင်မလေးကို ဆေးဝါးအဖြစ် သုံးပြီးတာနဲ့ ဂြိုဟ်သခင်ရဲ့ ခွန်အားက ထိုးတက်လာပြီးနောက် တစ်ချက်တည်းနဲ့ နတ်ဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်တော့မှာပဲ”

ဘေးပတ်လည်မှ ပြောဆိုလာသော စကားများ၌ မျက်နှာချိုသွေး၍ ပြောဆိုသော စကားများနှင့် ပြည့်နှက်နေသည်။

ဂြိုဟ်သခင်တုခီသည် ဟက်ဟက်ပက်ပက် ရယ်မော၍ သိုင်းပညာရှင်အဖွဲ့ကို ဦးဆောင်ကာ ကောင်းကင်ဘုံ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

သို့သော် သူတို့သည် စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်သို့ တက်လာပြီးသည်နှင့် မှင်တက်သွား ကြလေသည်။ အဘယ်ကြော င့်ဆိုသော် ဆိုင်ထဲရှိ အခြေအနေက အနည်းငယ် ထူးဆန်းနေ သောကြောင့်ပင်။

*ဟမ်*

ဂြိုဟ်သခင် တုခီ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် စားသောက်ဆိုင် ပိုင်ရှင်က ခေါင်းပြတ်မည်ကို ကြောက်ရွံ့နေပြီး ချွေးတလုံးလုံးနှင့် ပြေးလာသည်။

“ဂြိုဟ်သခင်”

ဆိုင်ပိုင်ရှင်သည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဂြိုဟ်သခင် တုခီအား အသည်းအသန် ဂါဝရပြု၍ နှုတ်ဆက်နေသည်။ ဤမြင်ကွင်း ကြောင့် ဂြိုဟ်သခင် တုခီ မျက်ခုံးပင့်လိုက်သည်။

“ဘာဖြစ်တာလဲ”

“အရှင့်ရဲ့ စားပွဲကို ပြန်တောင်းနေတာပါ၊ အရှင့် … အရှင့်ရဲ့ ပြတင်းပေါက်ဘေးနားက စားပွဲဝိုင်းကို လူငယ်တစ်ယောက်က ဈေးကြီးပေးပြီး ဝယ်ထားတာပါ။ အခု ဒီကျွန်အိုကြီးက အဲ့ဒီလူကြီးမင်းလေးနဲ့ စကားပြောနေတာပါ”

စားသောက်ဆိုင်ပိုင်ရှင် ဇောချွေးပြန်နေသည်။ ထိုစကားအဆုံး၌ ဆိုင်ထဲရှိ အပူချိန်သည် သုညမှတ်သို့ ချက်ချင်း ထိုးကျသွား လေသည်။

“စကားပြောနေတယ် ဟုတ်လား”

တုခီ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးလာပြီး မျက်နှာထားက တင်းမာလာသည်။ ဤနေရာသည် သူ၏နေရာဖြစ်သည်။ သူ့နေရာသူ ထိုင်ချင်မှတော့ အဘယ်ကြောင့် အခြားသူနှင့် စကားပြောရန် လိုအပ်နေသေးသနည်း။ ရယ်ချင်စရာ ကောင်းလှသည်။

ထို့နောက်တွင်မူ ဂြိုဟ်သခင် တုခီသည် သိုင်းပညာရှင်များကို ဦးဆောင်၍ စားသောက်ဆိုင်၏ ပထမတန်းနေရာသို့ လျှောက်လာသည်။

ဒေါက်! ဒေါက်! ဒေါက်!

စားသောက်ဆိုင်တစ်ခုလုံး တုန်ယင်နေပုံရသည်။ ဆိုင်သို့ လာရောက် စားသောက်သော ဧည့်သည်များ၏ မျက်နှာထက်၌ အတိုင်းမသိသော သွေးပျက်ကြောက်ရွံ့နေဟန်များ ထင်ဟပ် နေသည်။ အထူးသဖြင့် ဆိုင်၏ ပထမတန်းနေရာ၌ ထိုင်နေသော ယဲ့ဖန်ကို သနားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူတို့အားလုံးသည် ယဲ့ဖန်၏ ဆိုးရွားလှသော သေခြင်းတရားအား ကြိုမြင်နေပုံရသည်။

ချက်ချင်းဆိုသလိုပင် ဂြိုဟ်သခင် တုခီနှင့် အခြားသူများသည် ဆိုင်၏ ပထမတန်းနေရာသို့ ရောက်လာကြသည်။

လူအုပ်ကြီးသည် တစ်မိနစ်အတွင်း ယဲ့ဖန်အား ဝိုင်းထားလိုက် ကြပြီး လှောင်ရယ်၍ ပြောလိုက်သည်။

“ဟေ့ကောင် ဒီနေရာက ငါ့နေရာပဲ”

ဂြိုဟ်သခင် တုခီသည် ယဲ့ဖန်အား ခြေဆုံးခေါင်းဆုံးကြည့်၍ တစ်ဖက်လူက နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်ကို ခံစားမိပြီးနောက် သူ မသိမသာ အံ့အားသင့်သွားရသည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို သူ့မျက်နှာထက်၌ လောဘစိတ်နှင့် ရက်စက်လိုစိတ်များ ပြည့်နှက်လာသည်။

“မင်း မသေချင်ဘူးဆိုရင် မင်းမှာ ပါလာသမျှ ရတနာအားလုံးနဲ့ ပိုက်ဆံတွေ ငါ့ဆီ ပေးလိုက်”

“မဟုတ်လို့ကတော့ မင်း ဒီတံခါးဝကနေ အသက်ရှင်လျက် ထွက်သွားရမယ် မထင်နဲ့”

*ဟမ်*

တုခီ၏ စကားများကြောင့် ဆိုင်ထဲရှိ လူများကြား၌ ပွက်လောရိုက်သွားလေသည်။ သူတို့သည် ဂြိုဟ်သခင် တုခီ လက်မလျော့လောက်ဟုသာ ထင်ခဲ့ကြသည်။ သို့သော် ယဲ့ဖန်၏ ရတနာများနှင့် ပိုက်ဆံကိုပါ လိုချင်လိမ့်မည်ဟု သူတို့ ထင်မထား မိကြချေ။

ထိုသို့သောအချိန်၌ လူတိုင်းသည် ယဲ့ဖန်ကိုကြည့်၍ ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။ သူတို့စိတ်ထဲတွင် ဂြိုဟ်သခင် တုခီ၏ စိုက်ကြည့်ခြင်းကို ခံရသောကြောင့် ယဲ့ဖန်သည် သေလူဖြစ်သွားပြီဟု ထင်မှတ်နေကြလေသည်။

တုခီ၏ ရက်စက်မှုနှင့် လောဘကို သူတို့အားလုံး သိထားကြသည်။ ထိုသို့သောအချိန်၌ ယဲ့ဖန်သည် တုခီ၏ စကားကို ကြားပုံမရချေ။

သူ့မျက်လုံးများက လှောင်ချိုင့်ထဲမှ ကလေးမထံသို့သာ အကြည့်ရောက်နေသည်။

လင်းလန်၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်။ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် အခြေအနေတစ်ခုသို့ ဆင့်ကဲ ပြောင်းလဲပြီးပါက သွေးစက်တစ်စက်တိုင်း၌ အသက်ဓာတ် ပါရှိနေမည် ဖြစ်သည်။ ထိုအခါ ထိုသွေးတစ်စက်မှနေ၍ လူတစ်ယောက် မွေးဖွားလာနိုင်သည်။

ယဲ့ဖန်၏ မျက်စိရှေ့မှ ကလေးမလေးသည် ဖန့်ယင်း၏ သွေးမှနေ၍ ပြောင်းလဲဖြစ်တည်လာခြင်း ဖြစ်မှန်း သိသာလှ၏။

“သူ ဘယ်ကလာတာလဲ”

ထိုအချိန်၌ ယဲ့ဖန်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများက ဂြိုဟ်သခင်တုခီကို စိုက်ကြည့်၍ အေးတိအေးစက် လေသံဖြင့် မေးလိုက်သည်။

ထိုအသံသည် ဩရှ၍ ငရဲမှ ထွက်ပေါ်လာလေသလားဟု ထင်မှတ်ရသည်။ ရုတ်တရက် လူတိုင်း ခိုက်ခိုက်တုန်အောင် တုန်ယင်သွားသည်။

ဂြိုဟ်သခင်တုခီတောင်မှ အေးစက်သော လေထုကို ခံစားမိပြီး နောက်သို့တစ်လှမ်း ဆုတ်သွားမိသည်။ သူ့စိတ်ထဲ အေးခဲသွားသလို ခံစားလိုက်ရသည်။ ယခုအချိန်၌ ငရဲမှ နတ်ဆိုးတစ်ကောင်က သူ့အား စကားပြောနေသည်ဟု သူ ခံစားမိနေသည်။

“ချီးတဲ့မှပဲ”

ဂြိုဟ်သခင်တုခီသည် ခေါင်းကိုခပ်ပြင်းပြင်းခါ၍ သူ့စိတ်ထဲမှ မဖြစ်နိုင်သော ထိုအတွေးကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူသည် ယဲ့ဖန်အား စိုက်ကြည့်၍ ခပ်တည်တည် ပြောလိုက်သည်။

“ဟေ့ကောင် မင်းက ငါ့ကို ပြောနေတာလား”

“သူ ဘယ်ကလာတာလဲ”

ယဲ့ဖန်၏ ဒုတိယအကြိမ် ထပ်မေးသံက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။ သူ၏အသံက ပို၍ အေးစက်လာသည်။

တိတ်ဆိတ်၍သွားသည်။ ထိုသို့သောအချိန်၌ စားသောက်ဆို င်တစ်ခုလုံး အပ်ကျသံကို ကြားရလုမတတ် တိတ်ဆိတ်သွားသည်။

သိုင်းပညာရှင်အားလုံးသည် မိမိတို့ မြင်နေကြားနေရသည့်အရာကို ယုံကြည်ရခက်ခဲနေ၏။

*ဘယ်သူမှ ဂြိုဟ်သခင် တုခီကို အဲ့လိုမပြောရဲတာကို သူက သေမှာကို မကြောက်ဖူးလား*

ဘေးပတ်လည်မှ လူတိုင်းသည် ယဲ့ဖန် ရူးနေပြီဟု ထင်နေကြလေသည်။ ဂြိုဟ်သခင် တုခီက ဟားတိုက်ရယ်မော လာသည်။

“ကောင်းပြီလေ၊ တော်တော်ကို မဆင်မခြင် ပြုမူရဲတဲ့ကောင်ပဲ”

တုခီ၏ မျက်လုံး၌ လူသတ်လိုသော အရိပ်အငွေ့ ဖြတ်ပြေး သွားသည်။

ချွင်!

သူ့လက်အောက်မှ သိုင်းပညာရှင်များအားလုံးက သူတို့၏ လက်နက်များကို ဆွဲထုတ် လာကြသည်။ အားလုံးက ယဲ့ဖန်ကို စိုက်ကြည့်နေကြပြီး ဂြိုဟ်သခင် တစ်ခွန်းပြောလိုက် သည်နှင့် သူတို့ ဤနတ်ဘုရား ဆရာသခင်အဆင့်လေးကို နုတ်နုတ်စင်း ပစ်မည် ဖြစ်သည်။

“ကောင်လေး၊ တစ်ခုခု ချန်ထားခဲ့ပြီး ထွက်သွားလိုက် မဟုတ်လို့ ကတော့ …”

ဂြိုဟ်သခင် တုခီက ယဲ့ဖန်အား နောက်ဆုံး သတိပေးချက်ကို ထုတ်ပြောလိုက်သည်။

ရွှစ်!

သို့သော် ထိုသို့သောအချိန်မှာပင် ရွှေအိုရောင် အလင်းတန်း တစ်ခုက ရုတ်တရက် ဖြတ်ပြေးသွားသည်။

ရွှစ်! ရွှစ်! ရွှစ်!

ဘေးပတ်လည်မှ ဒါဇင်နှင့်ချီသော သိုင်းပညာရှင်များ၏ လည်ပင်းမှနေ၍ သွေးများ ပန်းထွက်လာသည်။ သိုင်းပညာရှင် တိုင်း၏ လက်နက်များ ပြုတ်ကျလာသည်။ သူတို့သည် ထိတ်လန့်တကြား လက်ကိုဆန့်၍ သူတို့၏လည်ပင်းများကို အုပ်ချင်နေကြသည်။

ဂျွတ်!

သို့သော် သူတို့လက်ဝါးများက လည်ပင်းနှင့်ထိမိသည်နှင့် ဦးခေါင်းများက လည်ပင်းမှ တိခနဲ ပြတ်ကျလာသည်။ ကြမ်းပြင်ပေါ်သို့ ဦးခေါင်းပြတ်များ ပြုတ်ကျလာသံက ဆူညံစွာ ထွက်ပေါ်လာသည်။ သို့သော် ထိုမျှနှင့် မရပ်သေးချေ။

ဂျွတ်!

ထိုစဉ် ဖြူဝင်းသော လက်ဝါးတစ်ဖက်က ဂြိုဟ်သခင်၏ နဖူးထဲသို့ ချက်ချင်း ဖောက်ဝင်သွားသည်။

တောက်! တောက်!

တုခီ၏ နဖူးမှနေ၍ ရဲရဲနီသော သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသည်။

“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဂြိုဟ်သခင် တုခီ မယုံသင်္ကာ ဖြစ်နေသည်။ မြင့်မြတ်သော နတ်ဧကရာဇ် စဦးအဆင့်ရှိသည့် သူသည် မည်သို့မျှ မတုံ့ပြန်လိုက် ရဘဲ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ သို့သော် ကြောက်ရွံ့မှုက အဆုံးမသတ်သေးချေ။

ထိုလက်ဝါးကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် တုခီ၏ နတ်ဘုရား အမြုတေပါ ပါသွားလေသည်။

ယဲ့ဖန်က အမြုတေကို ဖိချေ၍ ထပ်မေးလိုက်သည်။

“သူ ဘယ်က လာတာလဲလို့ ငါ မင်းကို မေးနေတယ်လေ”

ဝုန်း!

ထိုစကားသံက မိုးခြိမ်းသံကဲ့သို့ တုခီ၏ နတ်ဘုရား စိတ်ဝိညာဉ်အား တုန်ခါသွားစေသည်။

“ကမ္ဘာဦး လေလံစံအိမ်ကပါ၊ အဲ့ … အဲ့ဒီမှာ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် လေလံပွဲ ရှိပါတယ်။ ငါ့ကို မသတ်ပါနဲ့ … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”

ဂြိုဟ်သခင် တုခီ အလွန် မှင်တက်နေ၏။ ဤလူက နတ်ဆိုး တစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။

ထို့အတူ ဘေးပတ်လည်မှ လူများအားလုံး သွေးပျက်တုန်လှုပ် နေကြသည်။ ဤမျှ လူမဆန်၍ ရက်စက်မှုက လူတိုင်းအား လည်ပင်းမှနေ၍ နှလုံးသား ခုန်ထွက်လာလေမလားဟု ထင်မှတ် နေကြသည်။

ထိုစဉ် အားလုံး၏ သွေးပျက်နေသော အကြည့်အောက်မှာပင် ငရဲမီးတစ်စ တောက်လောင် လာသည်။ ထိုငရဲမီးအောက်၌ တုခီ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အရှင်လတ်လတ် မီးမြှိုက်ခံ လိုက်ရသည်။

ထို့နောက် ချက်ချင်း သုတ်သင်ခံလိုက်ရကာ လောကထဲမှ ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပြန်လည်မွေးဖွားခြင်း မပြုနိုင်တော့ချေ။

Chapter 483 သတ်ဖြတ်ခြင်း နတ်ဘုရား ရောက်လာပြီ

သေသွားလေပြီ။ တစ်မိနစ်ပင် မကြာလိုက်သောအချိန်၌ ဂြိုဟ်သခင်တုခီနှင့်အတူ သိုင်းပညာရှင်များ အားလုံး သုတ်သင်ခံ လိုက်ရလေသည်။

အထူးသဖြင့် မြင့်မြတ်သော နတ်ဧကရာဇ် စဦးအဆင့် သိုင်းပညာရှင် တုခီပင်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပျောက်ကွယ် သွားလေပြီ။

ဤခြောက်ခြားဖွယ်မြင်ကွင်းက စားသောက်ဆိုင်ထဲမှ အခြား သူများအား လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားစေသည်။

လူတိုင်း နှလုံးပေါက်ကွဲမတတ် တုန်လှုပ်နေကြသည်။ သူတို့၏ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျနေသည်။

ရက်စက်လွန်းလှသည်။

ဤမျှရက်စက်သောလူစားမျိုး သူတို့ တစ်ခါမှ မမြင်ဖူးချေ။ အထူးသဖြင့် စားသောက်ဆိုင် ပိုင်ရှင်ပင်၊ ဤသို့ရက်စက်သော နတ်ဘုရား ဆရာသခင်အဆင့် ပုဂ္ဂိုလ်အား သူ ထွက်သွားခိုင်း မိသည်ကို တွေးမိပြီး သူ လိပ်ပြာလွင့်မတတ် ဖြစ်လာရသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ဘေးပတ်လည်မှ လူများ၏ ထိတ်လန့်နေဟန်ကို အရေးမစိုက်ဘဲ လက်ကိုခါလိုက်သည်။

ဝှစ်!

အနက်ရောင် သံလှောင်ချိုင့် ချက်ချင်း ကျိုးပျက်သွားသည်။ ထို့နောက် သူက ကလေးမလေးကို စိုက်ကြည့်၍ နွေးထွေးစွာ မေးလိုက်သည်။

“ကလေးမလေး မင်း ဖန့်ယင်းကို သိလား”

*ဖန့်ယင်းလား*

ကလေးမလေးသည် တစ်ခဏမျှ တောင့်တင်းသွားပြီးမှ ပျော်ရွှင်ဟန် ပြလာသည်။

“အမေလား၊ ရှင်က ကျွန်မအမေကို သိတာလားဟင်”

“အီးဟီး … ရှောင်ယာက အမေရဲ့ သွေးအဆီအနှစ်နှင့် ဖြစ်လာတာ၊ ဒါပေမဲ့ ရှောင်ယာ အမေ့ကို ရှာလို့မတွေ့ဘူး၊ အစ်ကို အစ်မတွေကိုလည်း ရှာမတွေ့ဘူး”

“သူတို့ ဘယ်မှာလဲ၊ ရှောင်ယာ သူတို့ကို သတိရတယ်”

ကလေးမလေးသည် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချ၍ အော်ငိုလေတော့သည်။ မျက်ရည်များက ကြမ်းခင်းပေါ် စီးကျလာသည်။ ရုတ်တရက် ခြောက်သွေ့သော ကြမ်းခင်းမှနေ၍ ပြင်းထန်သော အသက်ဓာတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

သစ်သားသည် အသက်ပြန်ဝင်၍ အဖူးပြန်ထွက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ယဲ့ဖန်တစ်ယောက်တည်းသာလျင် စိတ်ရှုပ်မှုများ ပြေလျော့ သွားပုံရသည်။ အရာအားလုံးက သူ ထင်ထားသည့်အတိုင်း ဖြစ်နေ၏။

ထို့နောက် သူက ကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ရှောင်ယာ၊ ငါက မင်းအမေရဲ့ သူငယ်ချင်းပဲ။ ငါ မင်းကို သူ့ဆီခေါ်သွားမယ် ဟုတ်ပြီလား”

သူ့စကားကို ကြားသောအခါ ရှောင်ယာက ခေါင်းလေးမော့ လာသည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေး၌ မျက်ရည်များ ပေကျံနေပြီး အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်ကို မြင်သောအခါ ကလေးမလေး၏ ရင်ထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားမိနေသည်။ သူ့အား သူမ မတွေ့ဖူးခင်ကတည်းက မြင်ဖူးနေသကဲ့သို့ ခံစားနေရသည်။

ထို့နောက် ယဲ့ဖန်က ရှောင်ယာကို ကောက်ချီလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ထိုအခါမှသာလျင် စားသောက်ဆိုင်ပိုင်ရှင်သည် ကြမ်းပြင်ပေါ် ပြိုလဲကျ၍ အသက်ကို မနည်းရှူနေရသည်။ သူ့ကျောပြင်၌ ချွေးများ ရွှဲနစ်နေသည်။ ယခုအချိန်၌ သူသည် ငရဲဂိတ်ဝမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရပြီး ငေးငိုင်နေသည်။

သူသည်သာမကချေ၊ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး သူတို့၏ လက်ဝါး၌ ချွေးစေးများနှင့် ပြည့်နေပြီး ရင်တုန်နေသည်ကို သတိထားမိလာကြသည်။

….

ယဲ့ဖန် ထွက်သွားပြီး မကြာခင်မှာပင် စနေဂြိုဟ်၏ ကောင်းကင်ထက်၌ ပေါက်ကွဲသံ ချက်ချင်း ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် စစ်သင်္ဘောများ ရုတ်တရက် ‌ရောက်ချလာသည်။ ထိုစစ်သင်္ဘောတိုင်း၌ ဂြိုဟ်ပြာ၏ အလံများ ပါရှိလေသည်။

“အဲ့ဒါ တစ္ဆေဧကရီ လန်ရှင်းအာပဲ။ သူက ဂြိုဟ်ပြာရဲ့ အရှင်သခင်ပဲ”

“တစ္ဆေဧကရီ လန်ရှင်းအာမှာ အမျိုးသား အချစ်တော်တွေ အများကြီး ရှိတယ် ဒါပေမဲ့ ဂြိုဟ်သခင် တုခီ တစ်ယောက် တည်းကိုပဲ ချစ်တယ်လို့ ပြောကြတယ်။ ဒီတစ်ခေါက် ဂြိုဟ်သခင် တုခီ၏ စိတ်ဝိညာဉ် မီးအိမ် ငြိမ်းသွားတာကို သူ မြင်သွားတာပဲ ဖြစ်မယ်”

ထိုသို့သောအချိန်၌ စားသောက်ဆိုင်တစ်ခုလုံး၏ လေထုသည် တစ်ဖန်ပြန်၍ လေးလံ ထိုင်းမှိုင်းလာသည်။

ဂြိဟ်ပြာ၏ တစ္ဆေဧကရီ။ သူမသည် အနီးအနားရှိ ရာပေါင်းများစွာသော ဂြိုဟ်များစွာတို့ကို လွှမ်းမိုးထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။

သူမသည် နတ်ဧကရာဇ် နောက်ဆုံးအဆင့်ရှိသောသူ ဖြစ်သည်။ မဟာမိတ် စစ်တပ်မှ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် ရှိသောသူသည် သူမနှင့်ယှဉ်လျင် ဒုတိယသာ ဖြစ်လေသည်။ သူမသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုသို့သောအချိန်၌ စစ်သင်္ဘောများသည် စနေဂြိုဟ်၏ လေထုထဲ၌ ရပ်နားလာပြီးနောက် သွေးဆာနေသော အမျိုးသမီးတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“တုခီ ဘယ်မလဲ”

*ဟမ်*

ထိုစကားကြောင့် စားသောက်ဆိုင်ပိုင်ရှင်နှင့် ဧည့်သည်များအားလုံး သေမင်း ခေါင်းလောင်း တီးလာသလို ခံစားလိုက်ရသည်။

ထိုသို့သောအချိန်၌ စားသောက်ဆိုင်ပိုင်ရှင်သည် စိတ်ကိုတင်း၍ ပြတင်းပေါက်မှနေ၍ ပြန်အော်ပြောလိုက်သည်။

‘တစ္ဆေဧကရီခင်ဗျား၊ ဂြိုဟ်သခင် ကျဆုံးသွားပါပြီ”

တိတ်ဆိတ်သွားသည်။ ထိုစကားအဆုံး၌ ကြောက်ခမန်းလိလိ မရဏ အရိပ်အငွေ့ ပျံ့နှံ့လာသည်ကို လူတိုင်း ခံစားမိလာသည်။

ဝုန်း!

ကောင်းကင်ဘုံ စားသောက်ဆိုင်တစ်ခုလုံး ချက်ချင်း တုန်ခါသွားသည်။

“ဘယ်သူလဲ”

ထွက်ပေါ်လာသော စကားတစ်ခွန်းတည်းနှင့်တင် စားသောက်ဆိုင် ပိုင်ရှင်သည် ကြမ်းပြင်ပေါ် ပြိုလဲကျသွားလေသည်။ သူသည် ချက်ချင်း ဟန်ချက်ထိန်း၍ နဖူးမှချွေးကို သုတ်ကာ ထိတ်လန့်တကြား ပြန်ဖြေလိုက်သည်။

“အဲ့ဒါက အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်ပါ၊ သူက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် အတွက် ရောက်လာပုံရပါတယ်။ ပြီးတော့ အခု သူက ကမ္ဘာဦး လေလံစံအိမ်ကို သွားနေပါတယ်”

ဝုန်း!

သို့သော် စားသောက်ပိုင်ရှင်၏ စကားအဆုံး၌ မျက်စိရှေ့ရှိ စစ်သင်္ဘောထံမှ နတ်ဘုရား အလင်းတော် အမြောက် ထွက်ပေါ် လာသည်။

ဝုန်း!

အမြောက်သံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဘုံ စားသောက်ဆိုင် တစ်ခုလုံး ပျက်ဆီးသွား လေတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အပျက်အစီးများအဖြစ် လွင့်ပြယ် သွားလေသည်။ စားသောက်ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ထဲရှိ စားသောက်နေသော သိုင်းပညာရှင်များ အားလုံး သုတ်သင်ခံ လိုက်ရသည်။

ရက်စက်ကြမ်းကြုတ်လှပေသည်။

သိုင်းပညာရှင်များစွာကို သတ်ဖြတ်ပြီးနောက် စိတ်ထိခိုက်၍ မကျေမချမ်း ပြောနေသော အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

“တုခီ၊ ငါ မင်းအတွက် လက်စားချေပေးတာကို စောင့်နေလိုက်ပါ”

သွေးဆာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင် ထက်မှ စစ်သင်္ဘောများသည် ချက်ချင်း ထွက်ခွာသွား လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနပင် မတွေ့တော့ချေ။

…

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဂြိုဟ်၌ နာမည်ကြီး သိုင်းပညာရှင် တစ်ယောက်က တက်ကြွပျော်ရွှင်စွာနှင့် အိမ်ပြန်နေသည်။ လူများစွာတို့၏ လက်ထဲ၌ လှောင်အိမ်များ ပါရှိနေသည်။

လှောင်အိမ်ထဲ၌ ကလေးမလေးများစွာ ရှိနေကြသည်။

“ဟားဟားဟား … အစ်ကိုရှန့်၊ ဒီကောင်မလေးက လှပပြီးတော့ ဆွဲဆောင်မှု ရှိတယ်။ သူက အစ်ကိုရှန့်အတွက် စိတ်ဆန္ဒ ပြေပျောက်စေမှာပဲ”

“ညီနောင်ချမ်ရဲ့ ကောင်မလေးကလည်း ကောင်းပါတယ်၊ ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်လှပတယ်။ ကျစ်ကျစ် … ဒီလောက် လှတဲ့မိန်းကလေးက သန္ဓေသားလောင်းအဆင့်ပဲ ရှိသေးတယ်”

သိုင်းပညာရှ င်နှစ်ယောက်က အချင်းချင်း ချီးမွမ်းခန်း ဖွင့်နေကြသည်။ သူတို့မျက်နှာထက်မှ ပျော်ရွှင်မှုက ဖုံးဖိမရချေ။

“အိုး … ကျုပ်တော့ အဲ့ဒီ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ကို တကယ် မြင်ဖူးချင်တယ်”

“သူ့သွေးတစ်စက်ကနေ ဖြစ်လာတဲ့ ကလေးမတွေက ဒီလောက် လှနေတာ၊ သူသာဆို ဘယ်လောက်တောင် လှနေလိုက်မလဲ”

သူတို့နှစ်ယောက်သည် အချင်းချင်း စကားစမြည်ပြော၍ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများပါသော လှောင်အိမ်များကို သယ်၍ သူတို့၏ ကိုယ်ပိုင် စစ်သင်္ဘောထံ ပြန်သွားရန် မစောင့်နိုင်ကြတော့ချေ။

ဘေးပတ်လည်မှ သိုင်းပညာရှင်များစွာတို့သည် သူတို့အား အလွန်အမင်း အားကျနေကြသည်။ ဂြိုဟ်တို့၏ အရှင်သခင် များသာ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း များကို ဝယ်ယူနိုင်သည့် ဥစ္စာဓာနကို ပိုင်ဆိုင်ကြလေသည်။

သာမန်သိုင်းပညာရှင်များအတွက် ထိုမွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း များသည် အလွန် ဈေးကြီးလှသည်။

ထိုစဉ် သိုင်းပညာရှင်ပေါင်းများစွာတို့ ဂြိုဟ်သခင်များအား လေးစားအားကျနေကြစဉ်တွင် ကောင်းကင်ထက်မှ အနက်ရောင် တိမ်လိပ်များ ဆင်းသက်လာသည်ကို တွေ့လိုက်ရလေသည်။

တကယ်တမ်းတွင် ထိုအရာများသည် တိမ်လိပ်များ မဟုတ်ဘဲ ပုရွက်ဆိတ်များသာ ဖြစ်လေသည်။ ထိုပုရွက်ဆိတ်များသည် အလွန် ကြောက်လန့်ဖွယ်ကောင်းလှသည်။

ထိုပုရွက်ဆိတ်များသည် ဂြိုဟ်သခင်များထံသို့ ချက်ချင်း ပြေးဝင်သွားသည် အစွယ်များကို လှစ်ဟ၍ အရူးအမူး ကိုက်ဖြတ်လေတော့သည်။

“အား ….”

ထိုသို့သောအချိန်၌ ကမ္ဘာဦးဂြိုဟ်ပေါ်၌ ဂြိုဟ်သခင်များ၏ အော်သံများနှင့် ပြည့်နှက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များ အစားခံရ၍ ကျိုးပဲ့လာသည်။ အတွင်းကလီစာများပါမကျန် အစားခံ လိုက်ရသည်။

များပြားသော ပုရွက်ဆိတ်များက မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူတို့အား စားသောက် လိုက်သဖြင့် သွေးအိုင်များသာ ကျန်ရစ်ခဲ့လေသည်။

စစ်သင်္ဘောများတောင်မှ စုတ်ပြတ်သက်၍ ဗြုတ်စဗျင်းတောင်း ဖြစ်သွားသည်။

ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။

ဘေးရှိ သိုင်းပညာရှင်များအားလုံး သွေးပျက်မတတ် ကြောက်လန့် လာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများကို ဝယ်ယူခဲ့သော ဂြိုဟ်သခင်များ အားလုံး သေဆုံးသွားလေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သို့သော် ထိုမျှနှင့် မပြီးသေးချေ။

ဂျွတ်! ဂျွတ်!

ကိုက်ဖြတ်သံများ ဆက်လက်ထွက်ပေါ်နေပြီး မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများကို ချုပ်နှောင် ထားသည့် လှောင်အိမ်များပါ ဝါးစားခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တကျက်ကျက် အသံထွက်ပေါ်နေသော ပုရွက်ဆိတ်အုံကြီးသည် နာမည်ကြီး မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် သန္ဓေသားလောင်းနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ မြေကြီးပေါ်၌ ရဲရဲနီသော သွေးကွက်များသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters