အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
Chapter 505 အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူများ
*ယောက္ခမတဲ့လား*
ထိုအမျိုးသမီး၏ စကားကိုကြားပြီးနောက် ဖန့်ယင်း၏ ခန္ဓာကိုယ်လေး တုန်ယင်သွားရသည်။
*တကယ်ပဲကိုး*
*သူက တကယ်ကို ယဲ့ဖန်ရဲ့ အမေ ဖြစ်နေတာကိုး*
သို့သော် အကယ်၍ သူမက ယဲ့ဖန်၏ မွေးမိခင် အစစ်အမှန် ဖြစ်နေပါက အဘယ်ကြောင့် သူမရင်သွေးကို အူးလန်ဂြိုဟ်၌ စွန့်ပစ်ရက်သည့် နှလုံးသားမျိုး ရှိနေရသနည်း။
မိမိရင်သွေးက အမှိုက်ပုံထဲမှ အကြွင်းအကျန်များကို ထပ်ခါထပ်ခါ ကောက်ယူစားသောက်ရပြီး လမ်းမထက်၌ ဒုက္ခရောက်၍ အကြိမ်ကြိမ် သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်ကို ဘယ်လိုလုပ် ကြည့်နေရက်သနည်း။
*ဒါက ...*
ဖန့်ယင်း ပဟေဠိဖြစ်နေသည်။ ထိုအမျိုးသမီးသည် ဖန့်ယင်း မေးလိုသည့် မေးခွန်းကို သိနေပုံရသည်။ သူမပါးထက်မှ မျက်ရည်များက အဆက်မပြတ် စီးကျလာပြီး သူမ၏ ဝမ်းနည်း ပူဆွေး၍ ယူကြုံးမရဟန်က မြင်သူတကာအား ဝမ်းနည်း သွားစေသည်။
“ဒီကိစ္စက ယဲ့ဖန်ရဲ့ မူလနောက်ခံနဲ့ ပတ်သက်နေတယ်၊ ပြီးတော့ ဒီကိစ္စမှာ စကြဝဠာတစ်ခုလုံးရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်လည်း ပါဝင်နေတယ်”
“အဲ့ကောင်လေးက အံ့မခန်းအစွမ်းနဲ့ မွေးလာခဲ့တာ။ သူက မျိုးနွယ်စုရဲ့ ဘေးအန္တရာယ် ဒါမှမဟုတ် ကယ်တင်ရှင် ဖြစ်လာ နိုင်တယ်”
ထိုအမျိုးသမီး၏ မျက်ဝန်း၌ ဝမ်းနည်းရိပ်များက အတော မသတ်နိုင်ချေ။
“အဲ့အချိန်တုန်းက ငါ သူ့ကို အူးလန်ဂြိုဟ်ပေါ်မှာ စွန့်ပစ်ခဲ့တယ်။ သူ လမ်းဘေးတွေရဲ့ သားကောင် ဖြစ်လာတာကိုလည်း ငါ ကြည့်နေခဲ့ပြီးတော့ ခြေသလုံးအိမ်တိုင်တွေ သတ်တာကို ခံရလုနီးပါး ဖြစ်ခဲ့တာကိုလည်း ငါ ကြည့်နေခဲ့တယ်။ သူ သေတွင်းထဲ ခဏခဏ ကျခဲ့ရတာကို ငါ စောင့်ကြည့် နေခဲ့တယ်၊ ပြီးတော့ သူက အမြဲ အသက်ရှင်နိုင်ခဲ့တယ်”
“အကြိမ်တိုင်း ငါ့ရင်ကို ဓားနဲ့မွှမ်းနေသလို ငါ ခံစားရပြီးတော့ သူ့ကို မကူညီဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့တယ်”
“ဒါပေမဲ့ ငါ သူ့ကို တစ်ခါလောက် ကယ်လိုက်တာနဲ့ သူ သေချာပေါက် သေသွားလိမ့်မယ်ဆိုတာကို ငါ သိနေခဲ့တယ်”
*ဘယ်လို*
ဖန့်ယင်း အလွန်အမင်း ထိတ်လန့်သွားရသည်။ ဤအမျိုးသမီးက ပြိုင်ဘက်ကင်းလုနီးပါး သန်မာသည်ကို သူမ တွေ့မြင်ခဲ့ရ သောကြောင့် ဤသို့ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။
ဤအမျိုးသမီးက တစ်စုံတစ်ရာကို အလွန် ကြောက်ရွံ့နေပြီး ထိုသူများက ယဲ့ဖန်ကို ထိခိုက်လာအောင် လုပ်လာမည်ကို စိုးထိတ်နေ လိမ့်မည်ဟု ဖန့်ယင်း ထင်မထားခဲ့မိချေ။
“သူ့ရဲ့ နောက်ခံက သိပ်ကို ထူးခြားလွန်းတယ်၊ သိပ်ထူးခြားလွန်းလို့ ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးကို သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”
ထိုအမျိုးသမီးက မချိပြုံးပြုံးနေသည်။ ဤသည်မှာ ယဲ့ဖန်၏ ဘဝပင်။ ဤသည်မှာ သူတို့မိသားစု၏ ဘဝလည်း ဖြစ်ပေသည်။
“ဒါပေမဲ့ သူ ငါ့ကို စိတ်မညစ်စေခဲ့ဘူး။ သူ တစ်ဆင့်ချင်း ပြန်ဦးမော့လာခဲ့တာကို ငါ့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတယ်။ သူ့နဲ့အတူ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ဆင်နွှဲနိုင်တဲ့ ညီအစ်ကိုတွေ ရလာတာကို ငါ တွေ့ခဲ့တယ်။ ပြီးတော့ မင်းလို သူ့အတွက် သေရဲရှင်ရဲတဲ့သူနဲ့လည်း ကြုံခဲ့ရတယ်”
ထိုသို့ပြောပြီး ထိုအမျိုးသမီးက ဖန့်ယင်း၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သလို သူမမျက်ဝန်း၌ အလွန် ချစ်မြတ်နိုးဟန်များ ထင်ဟပ်နေသည်။ ဖန့်ယင်း၏ မျက်နှာလေး နီမြန်းသွားလေသည်။ သူမ ထိုအမျိုးသမီးကို သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။
“အမေ၊ ဘယ်သူက ယဲ့ဖန်ကို အန္တရာယ်ပေးချင်တာလဲ”
ထိုအမျိုးသမီးက ခေါင်းခါလေသည်။ သူမသည် စကြဝဠာ၏ အမှောင်ထုကို ငေးကြည့်လာပြီး မျက်လုံးများက အေးစက် လာသည်။
“အလွန်တရာကို ကြောက်စရာကောင်းတဲ့လူတစ်စုပေါ့၊ မင်း သူတို့နာမည်ကို ထုတ်ပြောလို့မရဘူး။ ထုတ်ပြောလို့ မဖြစ်ဘူး”
“တစ်နေ့တော့ ဖန်အာ သူတို့ကို ရင်ဆိုင်နိုင်မှာပါ”
ထိုသို့ပြောပြီး ထိုအမျိုးသမီးက လက်ဝါးကို တစ်ချက်လှုပ်လိုက် သောအခါ ဖန့်ယင်း တစ်ကိုယ်လုံး ရုတ်တရက် မြောက်တက် လာသည်။
“သွားကြရအောင်၊ ငါနဲ့အတူ အိမ်ကိုလိုက်ခဲ့၊ တစ်နေ့တော့ မင်းနဲ့သူနဲ့ ပြန်ဆုံမှာပါ”
ထိုစကားအဆုံး၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုအမျိုးသမီးနှင့် ဖန့်ယင်းတို့ ချက်ချင်း ပျောက်ကွယ် သွားလေသည်။
….
တဖြည်းဖြည်းနှင့် နောက်ထပ် လဝက်မျှကာလသည် အေးချမ်းစွာ ကုန်ဆုံးသွားလေသည်။ ထိုအချိန်အတောအတွင်း၌ လင်းလန်နှင့် အခြားသူများ ကမ္ဘာမြေသို့ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
သို့သော် ယဲ့ဖန်ကတော့ သတိမရသေးချေ။ ထိုအတွက်လည်း လူတိုင်း မစိုးရိမ်ကြချေ၊ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၌ အသက်ဓာတ်စွမ်းအင်များ ပြည့်နှက်နေသည်ကို သူတို့ ရှင်းလင်းစွာ ခံစားမိနေသောကြောင့် ဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်း။
ယဲ့ဖန် ဆင့်ကဲ ပြောင်းလဲနေမှန်း အားလုံး သိနေကြသည်။ သူ ပြန်သတိရလာသည်နှင့် စကြဝဠာထဲ၌ ထပ်မံ၍ တုန်ခါမှု ဖြစ်လာတော့မည်ကို သူ သိနေသည်။
ထိုအချိန်အတွင်း၌ မိုရိုသွေးစွန်းတစ္ဆေ၊ သံလက်ဝံပုလွေရိုင်းနှင့် အခြားသူများသည် ယဲ့ဖန်ကို နှုတ်ဆက်စကားပြော၍ စကြဝဠာ ထဲသို့ ခရီးဆန့်ကြလေသည်။
သူတို့၏ ခွန်အားသည် ကမ္ဘာမြေပေါ်၌ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုထက်ပို၍ သန်မာလာချင်ပါက ကျယ်ပြောသော စကြဝဠာကြီးသည် သူတို့၏ စစ်မြေပြင်သာ ဖြစ်လေတော့သည်။
ကမ္ဘာမြေသည် အလွန်တရာ အေးချမ်းသာယာလျက် ရှိသည်။ လူတိုင်းက သူတို့၏ ဘုရင် နိုးထလာမည့် အချိန်ကိုသာ စောင့်မျှော်နေကြလေသည်။
….
“ငါ့မှာ ဓားသွားတစ်လက် ရှိပင်မဲ့ ဓားအိမ် မရှိဘူး။ တစ်နေ့ ငါ နဂါးမလေးတစ်ကောင်နဲ့ တွေ့တဲ့အချိန် သူက ဟစ်အော်လေရဲ့”
ကမ္ဘာမြေပေါ်၌ နတ်ဆိုးနဂါးသည် ဓားကျိုးထဲမှ ထွက်၍ လည်ကိုဆန့်ကာ လေတချွန်ချွန်နှင့် နဂါးနက် ဘုရင်မနောက်သို့ လိုက်နေ၏။
ထိုသို့လိုက်နေစဉ်တွင် သူသည် အရှေ့မှ နဂါးနက် ဘုရင်မအား သီချင်းလုပ်၍ သီဆိုနေလေသည်။ ထိုသီချင်းသံသည် နဂါးနက် ဘုရင်မ၏ နားထဲတွင်တော့ နားဝင်ဆိုးလှသည်။
“ဒီသေနာကောင်ကတော့”
နဂါးနက် ဘုရင်မ ရူးမတတ် ဖြစ်နေသည်။
“ဒီနှာဘူးနဂါးနဲ့ ကမ္ဘာမြေပေါ် ပြန်ရောက်လာကတည်းက ငါ့ကိုပဲ အပူကပ်နေတော့တာပဲ”
“ရိုက်လို့လဲမရ၊ ထွက်ပြေးလို့မလည်း မရနဲ့”
ဤအခြင်းအရာက နဂါးနက် ဘုရင်မအား ဒေါသထွက်နေစေသည်။ နဂါးနက် ဘုရင်မသည် အမြီးကိုယမ်း၍ အရှိန်ကိုမြှင့်၍ ဥက္ကာပျံကဲ့သို့ ပစိဖိတ် သမုဒ္ဒရာပေါ်၌ ကူးခတ်နေသည်။
သို့သော် သူမနောက်မှ ဓားကျိုးသည် ဆတ်ခနဲ လှုပ်ရှားလိုက်ရုံနှင့် သူမအနောက်သို့ ချက်ချင်း ရောက်လာပြန်သည်။ ထိုဓားကျိုးမှ နတ်ဆိုးနဂါး၏ အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
“လုံအာ လုံအာ မသွားနဲ့လေ။ အစ်ကို ဒီမှာ ရှိနေတယ်လေ”
“ဘီယာလေးသောက် ဟော့ပေါ့လေးစားပြီး သီချင်းအတူတူ ဆိုရအောင်”
နဂါးနက်ဘုရင်မ : “သေနာကြီး”
နဂါးနက်ဘုရင်မသည် သည်းမခံနိုင်တော့လောက်အောင် ဖြစ်နေ သည်။ အထူးသဖြင့် အောက်ဘက်ရှိ နတ်ဆိုးများက သူမတို့ကို ငေးကြောင်ကြည့် နေသည်ကိုမြင်ပြီး သူမမျက်နှာ သုန်မှုန် သွားသည်။
*နဂါးသိက္ခာကျပါပြီ*
ထိုစဉ် ဓားကျိုးသည် ဖြတ်ခနဲ လှုပ်ရှားသွားပြီး နဂါးနက် ဘုရင်မ၏ အမြီးကို ထိုးလိုက်သောကြောင့် နဂါးနက် ဘုရင်မ ထအော်ရ လေသည်။
“နဂါးယုတ်၊ သူတောင်းစားကြီး”
နဂါးနက် ဘုရင်မသည် အလွန် ရှက်ရွံ့နေသောကြောင့် ဘာပြောရမှန်း မသိတော့ချေ။ ဤမျိုးမစစ်ကောင်သည် နေ့ခင်း ကြောင်တောင်အချိန်၌ သူမအား မဟုတ်တရုတ်များ လာလုပ်နေ လေသည်။
ထိုနဂါး၌ နဂါးနှင့်တူသော မျက်နှာထားပင် မရှိချေ။ ယခုအချိန်၌ သူသည် ရှက်ရွံ့သလို ပြုံးနေ၏။
“မင်း ခြေထောက်လေးကို ကားပြီး အထဲကို ခပ်နာနာလေး သွင်းလိုက်တော့ … အိုးအိုးအိုး … မင်းဆီက ရေတွေ စီးကျလာပါလား”
နဂါးနက် ဘုရင်မ၏ ကြီးမားသော နဂါးခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ဘုတ်ခနဲ ပြုတ်ကျ လာလေ၏။ သူမ အလွန် ဒေါသထွက်လာရသောကြောင့် လူသတ်ချင်စိတ် ပေါက်နေသည်။
ထို့နောက် နဂါးနက် ဘုရင်မသည် ခန္ဓာကိုယ်ကို တွန့်လိမ့်၍ နတ်ဆိုးနဂါးထံသို့ ပြေးဝင်သွားသည်။
“နှာဘူးကောင် ငါ နင့်ကို သတ်မယ်”
ထို့နောက် နဂါးနက်ဘုရင်မသည် နတ်ဆိုးနဂါးရှိသော ဓားကျိုးအား ဆက်တိုက် တိုက်ခိုက်လေသည်။
ဝုန်း! ဝုန်း! ဝုန်း!
နဂါးလက်သည်းချက်တိုင်းသည် ကောင်းကင်နှင့် မြေကြီးအား ဖျက်ဆီးနိုင်လောက်သည်အထိ အင်အားကြီးလှသည်။
သို့သော် တဏှာရူး နတ်ဆိုးနဂါး၏ အရှိန်က အလွန် မြန်ဆန်လှပြီး လျင်မြန်စွာ ရှောင်တိမ်းသောကြောင့် နဂါးနက် ဘုရင်မ၏ တိုက်ခိုက်မှုတိုင်းမှ လွတ်မြောက်နေသည်။
“ရိုက်တာက အနမ်းပဲနော်၊ ကြိမ်းမောင်းတာက ချစ်လို့ပဲ။ ရိုက်လည်း မရိုက်နဲ့၊ ဆူလည်းမဆူပါနဲ့ ပျော်ပျော်နေစမ်းပါ”
“အမယ်လေး ငါ နဂါးမလေးနဲ့ နမ်းမိပြီကွ၊ လတ်စသက်တော့ မင်းက ငါ့ကို သိပ်ချစ်နေတာကိုး။ မင်းက ဒီနဂါးချောလေးရဲ့ ရင်ကို ခိုက်သွားအောင် လုပ်နိုင်တာပဲ”
ထိုသို့ပြောပြီး နတ်ဆိုးနဂါးသည် ဓားကျိုးကို လှုပ်ရှား၍ နဂါးနက် ဘုရင်မ၏ အမြီးကို ဆက်တိုက် ဓားနှင့်ထိုးလေသည်။ ဓားချက်တစ်ချက်တိုင်း၌ နဂါးနက်ဘုရင်မ၏ မျက်နှာက သုန်မှုန် လာသည်။
နဂါးနက်ဘုရင်မ ပေါက်ကွဲနေ၏။ သူမက နတ်ဆိုးနဂါး၏ ပြိုင်ဘက်မဟုတ်သည်ကို သူမ သိနေသည်။ သူမသည် နဂါးခန္ဓာကိုယ်ကို တွန့်လိမ်၍ ကမ္ဘာမြေမှ ထွက်ခွာပြီး စကြဝဠာထဲသို့ ထွက်သွားရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုအချိန်၌ ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများက ရယ်မောနေကြသည်။ နဂါးနက် ဘုရင်မက ကောင်းကင်ထက် တက်သွားပြီး ပျံသန်းနေသည်ကို သူတို့အားလုံး မြင်နေရသည်။
ဝုန်း!
ထိုစဉ် ပေါက်ကွဲသံတစ်သံနှင့်အတူ နဂါးနက်ဘုရင်မ ကောင်းကင်ထက်မှ ပြန်ပြုတ်ကျ လာသည်။ ခန္ဓာကိုယ် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ရာနှင့် တိုက်မိသွား သကဲ့သို့ ဒဏ်ရာများ ဖြစ်ပေါ်လာကာ သွေးအလိမ်းလိမ်းနှင့် ပြန်ပြုတ်ကျလာ၏။
“နဂါးမလေး”
နတ်ဆိုးနဂါးသည် ထိတ်လန့်တကြားနှင့် မျက်နှာ ဖြူစုတ်သွားပြီး ပြောင်းလဲမှုတစ်ခုခု ဖြစ်လာလိမ့်မည်ဟု ထင်မထားမိချေ။ ဓားကျိုးကို ထိန်းချုပ်၍ နဂါးနက်ဘုရင်မအား အောက်မှ လှမ်းဖမ်းလိုက်သည်။
ထိုသို့သောအချိန်၌ နဂါးနက် ဘုရင်မသည် ဆက်တိုက် သွေးအန် နေသည်။ သူမ၏ မျက်လုံးများက ကောင်းကင်ထက်မှ လေထုကို မော့ကြည့်နေသည်။
“မြန်မြန်လုပ်၊ ရန်သူတွေ လာနေပြီ”
Chapter 506 သခင်ကြီး လာပါတော့
*ရန်သူ*
နဂါးနက် ဘုရင်မ၏ စကားကြောင့် နတ်ဆိုးနဂါးနှင့် ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများအားလုံး မျက်နှာပျက် သွားကြသည်။
လူတိုင်း၏ အံ့အားသင့်၍ ဒေါသထွက်နေသော အကြည့် အောက်မှာပင် ထိတ်လန့်ဖွယ် စစ်သင်္ဘော တစ်စီးသည် လေဟာနယ်ကို ထိုးခွင်း၍ ကမ္ဘာမြေပေါ်သို့ ဝင်ရောက်လာသည်။
ဝုန်း!
ကမ္ဘာမြေတစ်ခုလုံး၏ လေထုသည် အက်ကွဲလုနီးပါး ဖြစ်လာသည်။ ထိုအချိန်၌ ထိုစစ်သင်္ဘောက အလွန် အရွယ်အစား ကြီးမား၍ စစ်သင်္ဘောတစ်စီးလုံးက ကမ္ဘာမြေ အရွယ်အစားနီးနီး ရှိသည်ကို လူတိုင်း မြင်လိုက်ရသည်။
ထိုသင်္ဘောသည် B အဆင့် စစ်သင်္ဘော ဖြစ်နေ၏။ ထိုသည်သာမကချေ ထိုစစ်သင်္ဘော၏ ခေါင်းပိုင်း၌ နဂါးနက်တောင် ဟူသည့် အလံကို လွှင့်ထူထားသည်။
“နဂါးနက်တောင် ဂြိုဟ်စုနယ်မြေ၊ ဒါက နဂါးနက်ဘုရင်ရဲ့ အလံပဲ”
ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများအားလုံး မျက်နှာ မည်းမှောင် သွားသည်။ ထိုစဉ် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က ကောင်းကင် ထက်သို့ ပျံသန်း၍ ထိုစစ်သင်္ဘောထံသို့ ချဉ်းကပ် သွားသည်။
ထိုအဖွဲ့ကို ဦးဆောင်သူကား လင်းလန်ပင်။ သူမနောက်၌ ဒါဇင်ချီသော မြေကမ္ဘာ နတ်ဆိုးများနှင့် မရေတွက်နိုင်သော နတ်ဆိုးများ လိုက်ပါလာသည်။
“ကျူးကျော်လာတာ ဘယ်သူလဲ”
ထိုစဉ် လင်းလန်သည် ထိုစစ်သင်္ဘောရှေ့၌ အော်ဟစ်လိုက်သည်။ သူမ စကားအဆုံး၌ စစ်သင်္ဘော၏ တံခါး ပွင့်လာသည်။ ထို့နောက် ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် ထောင်သောင်းချီသော သိုင်းပညာရှင်များ နှင့်အတူ ဖိနှိပ်နိုင်သော အရှိန်အဝါဖြင့် ထွက်လာသည်။
သူသည် နဂါးနက်တောင် ဂြိုဟ်စုနယ်မြေ၏ နဂါးနက် ဧကရာဇ် ဖြစ်လေသည်။ ထိုအချိန်၌ သူသည် လင်းလန်ကို စိုက်ကြည့်၍ ပျက်ရယ်ပြုလေသည်။
“မင်းက နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရီလား”
“ဒူးထောက်စမ်း”
*ဘာ*
ထိုစကားကြောင့် နတ်ဆိုးများအားလုံး မျက်မှောင်ကြုတ် လာသည်။ ထို့အပြင် နဂါးနက် ဧကရာဇ်က ရုတ်တရက် ဖိနှိပ်နိုင်သော အရှိန်အဝါအား ထုတ်လွှတ်၍ ကမ္ဘာမြေတစ်ခု လုံးအား ဖိအားပေး လာလေသည်။
ကမ္ဘာမြေပေါ်ရှိ သိုင်းပညာရှင်တစ်ယောက်သည် ထိုဖိအား ဒဏ်ကြောင့် မြေကြီးပေါ် လဲကျ သွားလေသည်။ မြေဆီလွှာများ နိမ့်ဝင်သွားပြီး ဆူနာမီလှိုင်းများ ထလာခဲ့သည်။ ကမ္ဘာမြေတစ်ခုလုံး ကမ္ဘာပျက်တော့မည့်အလား ထင်မှတ်ရသည်။
“သေစမ်း”
လင်းလန် အကြီးအကျယ် မျက်နှာပျက်သွားပြီး ခေါင်းကိုမော့၍ နဂါးနက် ဧကရာဇ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“နဂါးနက် ဧကရာဇ်လို မြင့်မြတ်တဲ့သူတစ်ယောက်က အခြားသူတွေကို သည်းမခံနိုင်လောက်အောင် အနိုင်မကျင့် သင့်ပါဘူး”
*ဟမ်*
သူမစကားကြောင့် နဂါးနက် ဧကရာဇ်က ပြုံးလာသည်။ သူသည် လင်းလန်ကို ညစ်ကျယ်ကျယ် ပြုံးကာ သတ်ဖြတ်လိုဟန်ဖြင့် စိုက်ကြည့်နေ၏။
“သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်တယ် ဟုတ်လား။ မင်းရဲ့ နဂါးငွေ့တန်း အင်ပါယာက မူလက ငါ့ရဲ့ နဂါးနက်တောင် ဂြိုဟ်စုနယ်မြေထဲက သေးငယ်တဲ့ အဆင့်တစ် အင်ပါယာတစ်ခုပဲ။ ဒါကိုတောင်မှ မင်းတို့က အဆင့်သုံး ကျားနက် အင်ပါယာကို ဖျက်ဆီးဝါးမျိုရဲတယ်ပေါ့လေ”
“ငါ့ညီ ကျားနက်ကို ဘယ်သူ သတ်လာလဲ ပြောစမ်း။ သူ့ကို ထွက်လာခိုင်းပြီး အသေခံခိုင်းလိုက်”
နဂါးနက် ဧကရာဇ်က ကျားနက် ဧကရာဇ်အတွက် လက်စားချေရန် ရောက်လာခြင်း ဖြစ်ကြောင်း လင်းလန်နှင့် နတ်ဆိုးမျိုးနွယ်များ ယခုအခါမှ ရိပ်စားမိသွားကြသည်။ အားလုံး အလွန် မျက်နှာ သုန်မှုန်နေ၏။
လူတိုင်း စကားတစ်ခွန်းမှ မပြောသည်ကိုမြင်ပြီး နဂါးနက် ဧကရာဇ် ပို၍ ဒေါသထွက်လာရသည်။
“မပြောဘူးပေါ့လေ၊ ကောင်းပြီလေ … ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေလိုက်တော့”
ထိုသို့ပြောပြီး နဂါးနက် ဧကရာဇ်က လက်ကိုဝင့်၍ ပြောလိုက်သည်။
“သတ်”
ထိုအခါ သူ့အနောက်ရှိ နဂါးနက်တောင် ဂြိုဟ်စုနယ်မြေမှ သိုင်းပညာရှင်များ အားလုံးသည် ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများ ထံသို့ ပြေးဝင်လာပြီး သတ်ဖြတ်လေတော့သည်။
ထို့နောက်တွင်မူ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ တိုက်ပွဲကြီး စတင်လေတော့သည်။ အလောင်းများ တဖြုတ်ဖြုတ် ပြုတ်ကျလာပြီး နတ်ဆိုးအားလုံး အသတ်ခံလိုက်ရသည်။
ထိုအချိန်၌ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ သွေးများက ကမ္ဘာတစ်ခုလုံးသို့ ဆက်တိုက် စီးဆင်းနေ၏။
ကမ္ဘာမြေပေါ်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေကြသည်။ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲကြီးကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ဤမျှ ရူးသွပ်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မထားမိကြချေ။
ထိုမျှနှင့် မလုံလောက်သေးချေ။ နဂါးနက် ဘုရင်က လင်းလန်ကို စူးစိုက်ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။
“နဂါးငွေ့တန်း ဧကရီ သေလိုက်တော့”
ထိုစကားသံနှင့်အတူ သူ၏ ကြောက်မက်ဖွယ် လက်ဝါးတစ်ဖက်က လင်းလန်ထံ ကျရောက်လာသည်။
“သူ့ကို တားကြ”
ဤသည်ကိုမြင်ပြီး ဒါဇင်ချီသော မြေကမ္ဘာနတ်ဆိုးများ မျက်နှာပျက် သွားပြီး လင်းလန်ထံ လှမ်းလာ၍ ထိုလက်ဝါး တစ်ဖက်အား အပြင်းအထန် တိုက်ခိုက်ကြလေသည်။
သို့သော် ထိုအခိုက်၌ နတ်ဆိုးများ ထိတ်လန့်သွားရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ် လက်ဝါး တစ်ဖက်သည် ရုတ်ချက်ဆိုသလို နဂါးနက်တစ်ကောင်၏ လက်သည်းများအဖြစ်သို့ အသွင်ပြောင်းသွားသည်။
ဒါဇင်ချီသော မြေကမ္ဘာ နတ်ဆိုးများ ပြင်းထန်စွာ ထိခိုက်သွားရပြီး လွင့်ထွက်သွားလေသည်။ မြေကမ္ဘာ နတ်ဆိုးတိုင်း၏ ကိုယ်၌ သွေးများ စီးကျ၍နေ၏။
နဂါးနက် ဧကရာဇ်၌ နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ်မျိုး ရှိနေသည်ကို သိလိုက်ရသဖြင့် သူတို့ ထိတ်လန့်သွားရသည်။
*ဒါက …*
“ဧကရီ သတိထား”
နဂါးနက်၏ ထက်ရှသော လက်သည်းများက လင်းလန်ထံသို့ ကျရောက်လာ၏။ နတ်ဆိုးများအားလုံး ဒေါသထွက်ကာ လင်းလန်ကို ကယ်ချင်ကြသော်လည်း အချိန်နှောင်းသွားချေပြီ။
“သေလိုက်တော့”
နဂါးနက် ဧကရာဇ်၏ မျက်လုံးများက ခက်ထန်နေပြီး ဤတစ်ကြိမ်တွင် သူ၏ညီဖြစ်သူ ကျားနက်အတွက် လက်စားချေနိုင်ရန် ကမ္ဘာမြေအား လုံးဝ ဖျက်ဆီးပစ်မည် ဖြစ်သည်။
ထိုသို့သောအချိန်၌ သူ၏ လက်သည်းအောက်သို့ လင်းလန် ကျရောက်နေသော်လည်း သူမမျက်နှာထက်၌ လုံးဝ ကြောက်လန့်စိတ် ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားရသည်။
“အမှောင်သခင်”
လင်းလန်၏ အော်ခေါ်သံအဆုံး၌ မြေဆီလွှာ ပေါက်ကွဲလာသည်။
ဝုန်း!
ထို့နောက် နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်မောင်းသည် ကမ္ဘာ့မြေ မျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာပြန်သည်။ ယခင် တစ်ခေါက်နှင့် မတူသည်က ဤတစ်ခေါက်တွင် လက်မောင်း နှစ်ဖက်လုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝုန်း! ဝုန်း! ဝုန်း!
လေဟာနယ်သည် ပေါက်ကွဲလာပုံရသည်။ ကြောက်ခမန်းလိလိ လက်သီးနှစ်လုံးသည် နဂါးနက် ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
“ချီးတဲ့မှပဲ … ဒါက နတ်ဆိုးပါလား”
နဂါးနက် ဧကရာဇ်၏ မျက်နှာထားက သုန်မှုန်နေသည်။ အကယ်၍ သူသာ လင်းလန်ကို ဆက်၍ တိုက်ခိုက်နေပါက သူ၏ ခန္ဓာကိုယ်သည် နတ်ဆိုးဘုရင် အမှောင်သခင်ကြောင့် ပေါက်ကွဲ သွားလောက်သည်။
ယခုအချိန်၌ နဂါးနက် ဧကရာဇ်သည် လင်းလန်ကို တိုက်ခိုက်ခြင်းအား လက်လျှော့၍ တစ်ဖက်လှည့်၍ နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်သီးချက်များကိုသာ ရင်ဆိုင်တိုက်ခိုက် လိုက်ရသည်။
ဝုန်း!
ပြင်းထန်လှသည့် ပေါက်ကွဲအားတစ်ခု ဖြစ်ပေါ်လာသည်။ နဂါးနက် ဧကရာဇ် ထိုးနှက်ခံလိုက်ရပြီးနောက် အနောက်သို့ မီတာ တစ်ထောင်ခန့် လွင့်ထွက်သွားသည်။ သူ့လက်မောင်းတစ်ဖက် နာကျင်နေသည်ဟု ခံစားရချိန်တွင် သူ့အရိုးများ ကျိုးသွား လေသည်။
“ဘယ်လိုလုပ် …”
နဂါးနက် ဧကရာဇ်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် လောက်အောင် ဖြစ်နေလေ၏။ သူ၏ လက်သည်းချက် တစ်ချက်အား နတ်ဆိုးတစ်ကောင်တောင်မှ ခုခံရန် ခက်ခဲလှသည်။ သို့သော် ယခုအခါတွင် တစ်ဖက်လူက သူ၏လက်မောင်းကို လက်သီးတစ်ချက်တည်းဖြင့် ချိုးပစ်လိုက် သောကြောင့် ထိုသူသည် နတ်ဆိုးတစ်ကောင်ထက် ပိုသာလွန်ကြောင်း သိသာ လှသည်။
ထိုသူသည် … နတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်နိုင်သည်။
“ချီးတဲ့မှ … ဒီလို ကမ္ဘာမြေလေးမှာ နတ်ဆိုးဘုရင်တစ်ပါးက ပုန်းလျှိုးကွယ်လျှိုး နေနေတာပါလား”
နဂါးနက် ဧကရာဇ် ကြက်သီးမွေးညင်း ထလာသည်။ ချက်ချင်းဆိုသလိုပင် သူ ခြောက်ခြားသွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
နတ်ဆိုးဘုရင် အမှောင်သခင်သည် နဂါးနက် ဧကရာဇ်အား ထိုးနှက်ပြီးသည်နှင့် သူ့လက်အား နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များထံသို့ လမ်းကြောင်းပြောင်းလိုက်သည်။
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် ရှောင်ပင် မရှောင်လိုက်နိုင်ဘဲ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွား ကြသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် ပုရွက်ဆိတ်များကဲ့သို့ ရိုက်သတ်ခံလိုက်ရသည်။
ကမ္ဘာမြေပေါ်၌ သွေးနံ့များ လှိုင်လှိုင်ထနေ၏။
အသက်ရှင်နေသေးသော နတ်ဘုရားမျိုးနွယ်ဝင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ သရဲသဘက်အား မြင်လိုက်ရသကဲ့သို့ အသည်းအသန် နောက်ဆုတ်ကြလေသည်။
“နတ်ဆိုးဘုရင်၊ ကြည့်ရတာ သူက ကမ္ဘာမြေပေါ်မှာ ချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးဘုရင် ထင်တယ်”
နဂါးနက် ဧကရာဇ်သည် နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်မောင်းနှစ်ဖက်ကိုသာ မြင်ရပြီး သူ၏ခန္ဓာကိုယ်ကို မမြင်ရသောကြောင့် စိတ်အေးသွားသည်။
“ဒီလိုဆိုရင် ငါ့မှာ အခွင့်အရေး ရှိသေးတာပဲ”
ထိုသို့တွေးပြီးနောက် နဂါးနက် ဧကရာဇ်သည် ဆတ်ခနဲ လှုပ်ရှား၍ နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်မောင်းအား အပြင်းအထန် တိုက်ခိုက်လေသည်။
ဝုန်း! ဝုန်း!
ထို့နောက်တွင်မူ အလွန် မှင်တက်ရှုမောဖွယ်ရာ ကောင်း လောက်သည့် မဟာ နတ်ဘုရားနှစ်ပါး၏ တိုက်ပွဲသည် တွေ့မြင် လိုက်ရသည်။
လေထုသည် ချက်ချင်း ပေါက်ကွဲလာပြီး နောက်ဆက်တွဲ အဖြစ်အပျက်များက ကမ္ဘာပေါ်ရှိ တောင်တန်းများအား ချက်ချင်း ပြိုကျသွားစေသည်။ ပစိဖိတ် သမုဒ္ဒရာတစ်လျှောက်လုံး လှိုင်းထန်၍ လှေများအား မှောက်လုမတတ် ဖြစ်သွားစေသည်။
ကမ္ဘာမြေသားတိုင်း ထိတ်လန့်လာကြသည်။ ဤသို့သော တိုက်ခိုက်မှုအဆင့်အား သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤသည်မှာ အလွန်ကို မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ဝုန်း!
သို့သော် ထိုသို့သောအချိန်၌ နဂါးနက် ဧကရာဇ်သည် ထပ်မံ၍ ထိုးနှက်ခံလိုက်ရပြန်သည်။ သူ၏ခန္ဓာကိုယ်မှ အသွေးအသားများ ထုံထိုင်းလာကာ အရိုးများသည်လည်း ဘယ်အချိန်ကတည်းက ကျိုးလို့ကျိုးသွားမှန်း မသိလိုက်ရဘဲ ဖြစ်နေသောကြောင့် သူ ထိတ်လန့်၍ ဒေါသထွက်လာရသည်။
“ဒီနတ်ဆိုးဘုရင်က သန်မာလွန်းတယ်။ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး”
နဂါးနက် ဧကရာဇ်၏ မျက်နှာက သုန်မှုန်နေ၏။ နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်သီးချက်က သူ့အပေါ် ကျရောက် လာသည်ကို မြင်လိုက်ရချိန်တွင် သူသည် အားတင်း၍ အတင်းအဓမ္မ ခုခံရန်သာ တတ်နိုင်လေတော့သည်။
ဝုန်း! ဝုန်း! ဝုန်း!
ယခုအချိန်၌ ကမ္ဘာမြေသားများအားလုံး နဂါးနက် ဧကရာဇ် ထပ်ခါထပ်ခါ ထိုးနှက်ခံနေရသည်ကို မြင်တွေ့နေရ၏။ သူ၏ခန္ဓာကိုယ်၌ အက်ရာထင်လာသည်။ သွေးများက ကမ္ဘာပေါ်သို့ တတောက်တောက် စီးကျလာသည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေသား သိုင်းပညာရှင်မျာအားလုံး ပျော်ရွှင်တက်ကြွသွားပြီး ဝမ်းသာအားရ ဟစ်ကြွေး လေတော့သည်။
“နတ်ဆိုးဘုရင် အမှောင်သခင်”
“နတ်ဆိုးဘုရင် အမှောင်သခင်”
“နတ်ဆိုးဘုရင် အမှောင်သခင်”
…
အားလုံး၏ မျက်နှာထက်၌ ဂုဏ်ယူနေဟန်များက ထင်ရှားစွာ ပေါ်လွင်နေ၏။ နတ်ဆိုးဘုရင် အမှောင်သခင်သည် ကမ္ဘာဂြိုဟ်၏ ကာကွယ်စောင့်ရှောက်သူလိုပင်။ နဂါးနက်တောင် ဂြိုဟ်နယ်မြေ၏ အရှင်သခင်တောင်မှ အသေအကြေ ထိုးနှက်ခံနေရ၏။
ဂျွတ်!
ထိုစဉ် နဂါးနက် ဧကရာဇ်၏ ခန္ဓာကိုယ်တစ်ဝက်သည် နတ်ဆိုးဘုရင် အမှောင်သခင်ကြောင့် ကျိုးကြေသွားသည်။ နဂါးနက် ဧကရာဇ်သည် ပြင်းထန်လှသည့် နာကျင်မှုကြောင့် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။
“မလုပ်နဲ့”
နဂါးနက် ဧကရာဇ် ကြောက်လန့်နေသည်။ ထို့နောက် သူသည် ကမ္ဘာဂြိုဟ် အပြင်ဘက်သို့ လှမ်းကြည့်၍ အရူးအမူး ဟစ်အော်လေတော့သည်။
“သခင်ကြီး ဒီကို လာပါတော့”
Chapter 507 နတ်ဆိုးနဂါးများ
“သခင်ကြီး ဒီကို လာပါတော့”
ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤနဂါးနက် ဧကရာဇ်၌ သခင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ယခုအချိန်တွင် အားလုံး၏ အကြည့်များက ကမ္ဘာမြေ အပြင်ဘက်ရှိ စကြဝဠာအား လှမ်းမျှော် ကြည့်နေကြသည်။
လူတိုင်းသည် ထင်မထားရလောက်သည့် ဖိနှိပ်နိုင်သော အရှိန်အဝါက အချိန်မရွေး ကျရောက်လာနိုင်သည်ဟု ခံစားမိနေ ကြသည်။
ထိုသို့သော အရှိန်အဝါက အလွန် အေးစက်၍ လူတိုင်း၏ နှလုံးသားအား အေးခဲနိုင်သကဲ့သို့ ခံစားရစေသည်။ နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်သီးများတောင်မှ အလွန် ထိတ်လန့် တုန်လှုပ်နေ၏။
ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် ပုံရိပ်တစ်ခုက ကမ္ဘာမြေ၏ လေထုထဲသို့ ပျံသန်းရောက်ရှိ လာသည်ကို လူတိုင်း မြင်လိုက်ရသည်။
ထိုပုံရိပ်သည် အလွန် ရှည်လျားလှပြီး ကမ္ဘာတစ်ခုလုံးအား စက်ဝိုင်းကဲ့သို့ ရစ်ပတ်နိုင်သည် ထင်မှတ်ရသည်။
“သေစမ်း၊ အဲ့ဒါ ဘာကြီးလဲ”
လူတိုင်း အလွန် ထိတ်လန့်နေကြသည်။ ထိပ်ပိုင်းလေးပဲ မြင်ရသော်လည်း အတော်လေး ကြောက်လန့်ဖွယ် ကောင်းလှ သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မယုံနိုင်စရာ ကောင်းလှ ပေသည်။
အထူးသဖြင့် နတ်ဆိုးနဂါးပင်၊ ထိုအနက်ရောင် ပုံရိပ် ပျံသန်း လာသည်ကို မြင်ရပြီးနောက် နတ်ဆိုးနဂါး ပြင်းထန်စွာ တုန်ယင် သွားသည်။ သူ၏ မျက်လုံး၌ ထိတ်လန့်၍ မယုံနိုင်ဟန်များနှင့် ပြည့်နှက်လာ၏။
“ဒါ … ဒါက အမှန်ပဲလား”
နတ်ဆိုးနဂါးက သူ အမြင်အာရုံမကောင်းတော့ဟု သံသယဝင် မိသွားသည်။ ထိုသို့သောအချိန်၌ ကမ္ဘာမြေပေါ်ရှိ လေဟာနယ် သည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းလှသည့် ပြိုင်ဘက်ကင်းသော နဂါးနက် တစ်ကောင်က ကမ္ဘာမြေပေါ်သို့ ဦးတည်၍ ရောက်ရှိလာသည်။
ကြီးမားလွန်းသည်။ ထိုနဂါးကန်သည် လေဟာနယ်တွင်း ရစ်ခွေနေပုံက ကမ္ဘာတစ်ခုလုံးကို ရစ်ပတ်ထားနိုင်သည်ဟု ထင်မှတ်ရသည်။ ထိုနဂါး၏ ဦးခေါင်းသည် အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။
*ဧရာမ နဂါးကြီးပါလား*
၎င်းခန္ဓာကိုယ်ကို ရစ်ခွေထားပုံက နေအဖွဲ့အစည်း တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားနိုင်လောက်၏။ ကြီးမားသော နဂါးနက် ဘုရင်မတောင်မှ ထိုနဂါးကြီးရှေ့၌ သေးငယ်သော ငါးလောင်း လေးကဲ့နှင့် သဏ္ထာန်တူသွားလေသည်။
ကမ္ဘာမြေပေါ်ရှိ လူများအားလုံးသည် ထိုဧရာမနဂါးကြီးအား သေချာမြင်လိုက်ရပြီးနောက် ထိတ်လန့်သွားသည်။
ထိုဧရာမ နဂါးကြီး၏ မျက်နှာသည် နတ်ဆိုးနဂါးနှင့် တစ်ထပ်တည်း တူညီနေ၏။
*ဟမ်*
နတ်ဆိုးများအားလုံးသည် ကောင်းကင်ထက်မှ ဧရာမ နဂါးကြီးကို ကြည့်ပြီးနောက် နတ်ဆိုးနဂါးကို ပြန်ကြည့်ကာ မှင်တက်နေ ကြသည်။ နဂါးနက် ဘုရင်မတောင်မှ နတ်ဆိုးနဂါးအား သိချင် စိတ်ဖြင့် မေးလိုက်သည်။
“နဂါးယုတ်၊ အဲ့အကောင်က … နင်လား”
“အဲ့ဒါ ငါ မဟုတ်ဘူး”
ထိုသို့သောအချိန်၌ နတ်ဆိုးနဂါး၏ မျက်နှာသည် အလွန်အမင်း သုန်မှုန်နေ၏။ သူသည် ကောင်းကင်ထက်မှ ဧရာမ နဂါးကြီးကို မော့ကြည့်နေမိသည်။ ကောင်းကင်ထက်မှ နဂါးကလည်း သူ့အား စိုက်ကြည့်နေ၏။
နဂါးနှစ်ကောင် အကြည့်ချင်းဆုံပြီးနောက် မျက်လုံးများက မီးဝင်းဝင်း တောက်လာကြသည်။ ဤမြင်ကွင်းကိုကြည့်ပြီး နဂါးနက် ဧကရာဇ်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက ဧရာမ နဂါးကြီးထံသို့ အပြေးလာ၍ တရိုတသေဖြင့် ပြောလေသည်။
“သခင်ကြီး၊ ဒီလူတွေက ကျားနက်လေးကို သတ်ပစ်ပြီးတော့ ကျားနက် အင်ပါယာကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ သူတွေပါ”
“သခင်ကြီး ကျေးဇူးပြုပြီး ကျားနက်လေးအတွက် လက်စားချေပေးပါ”
နဂါးနက် ဧကရာဇ်၏ စကားသံအဆုံး၌ ကမ္ဘာမြေတစ်ခုလုံး တိတ်ဆိတ် သွားသည်။ ထိုစကားကို ကြားပြီးနောက် ဧရာမ နဂါးကြီးသည် သူ၏အစွယ်များကို လှစ်ဟပြ၍ စကားစလာသည်။
“လက်စားချေရမယ်၊ ငါ ဒီကို လက်စားချေဖို့လာတယ်လို့ ဘယ်သူပြောလဲ”
*ဘာ*
နဂါးနက် ဧကရာဇ်သာမက ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်များပါ အံ့ဩသွားကြသည်။ ဧရာမ နဂါးကြီး၏ စကားကို သူတို့ နားမလည်ကြချေ။
သို့သော် ထိုဧရာမ နဂါးကြီးသည် အားလုံး၏ အတွေးကို လုံးဝ အဖက်မလုပ်ချေ။ သူသည် အေးစက်၍ ရက်စက်သော မျက်လုံးများနှင့် ချွန်ထက်သော နဂါးလက်သည်းများဖြင့် နတ်ဆိုး နဂါးအား လက်ညှိုးထိုးလာသည်။
“ငါ အဲ့ဒါအတွက် လာတာ”
*ဟမ်*
နဂါးနက် ဧကရာဇ်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ သူတို့၏ သခင်ကြီးက ကမ္ဘာမြေသို့ လာရန် ပျော်ရွှင်စွာ ကတိပေးခဲ့ခြင်းက ကျားနက် ဧကရာဇ်အတွက် လက်စားချေရန် မဟုတ်ဘဲ တစ်ခြားအရာအတွက် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
*ဒါက …*
“ငါ့ရဲ့ နဂါးစိတ်ဝိညာဉ်လေး မတွေ့ရတာ ကြာပြီနော်”
ထိုသို့သောအချိန်၌ ဧရာမ နဂါးကြီးက နတ်ဆိုးနဂါးကို စိုက်ကြည့်၍ အာဏာရှင်ကဲ့သို့ ပြောဆိုလာသည်။
သူ့စကားအဆုံး၌ နတ်ဆိုးနဂါး၏ မျက်နှာထက်မှ ထိတ်လန့်နေဟန် များက ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအစား နတ်ဆိုးနဂါးက ပြုံးစိစိ ဖြစ်လာသည်။
“ဟားဟားဟား … ထင်မထားစရာပဲ၊ တကယ်ကို ထင်မထား စရာပဲ”
ထိုသို့သောအချိန်၌ နတ်ဆိုးနဂါးသည် အလွန် အံ့ဩစရာ ကောင်းသည့် အရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ရယ်မော လာသည်။
“အံ့ဩစရာပဲ၊ ထိပ်တန်း နတ်ဆိုးနဂါးဧကရာဇ်က လွတ်မြောက် ခဲ့တာကိုး”
“အဲ့ဒီနှစ်တွေတုန်းက အဲ့ကောင်မလေးက ဒီအစ်ကိုကြီးရဲ့ ညီငယ်လေး (ဖွားဖက်တော်)ကို ဖြတ်ထုတ်ခဲ့လို့ အဲ့ဒါက ဒီစကြဝဠာကြီးထဲ ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီက ထိပ်တန်း နတ်ဆိုးနဂါးဧကရာဇ်ရဲ့ ညီငယ်လေးက နတ်ဘုရား စိတ်ဝိညာဉ်တစ်ခုကို မွေးထုတ်နိုင်ပြီး အဖွဲ့တစ်ဖွဲ့ကို အုပ်စိုးနိုင် နေတာပဲ”
ထိုသို့ပြောပြီး နတ်ဆိုးနဂါးက ဧရာမ နဂါးကြီးအား ထီမထင်ဟန် မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။
“ငါ့ညီငယ်လေး ကျန်းမာပါစ”
ဧရာမ နဂါးကြီး : “….”
နဂါးနက် ဧကရာဇ် : “….”
ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများ : “%# ...”
*အဓိပ္ပာယ် မရှိလိုက်တာ*
အားလုံးသည် နတ်ဆိုးနဂါးသည် အံ့ဩစရာကောင်းလွန်းသည်ဟု မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။
*ညီငယ်လေးတဲ့လား*
အားလုံးသည် ကောင်းကင်ထက်ရှိ ဧရာမ နဂါးကြီးကို မော့ကြည့် ပြီးနောက် နဂါး၏ ကိုယ်အောက်ပိုင်းကို လှမ်းကြည့်၍ ပြုံးစိစိ ဖြစ်လာကြသည်။
*ဒီညီငယ်လေးက တော်တော် ဟန်လုပ်တာပဲ*
ဂါး!
ဧရာမ နဂါးကြီးသည် အလွန် ဒေါသထွက်သွားလေ၏။ ၎င်း၏ နဂါးကြေးခွံများ ထောင်တက်လာပြီး မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
“ချီးတဲ့မှပဲ၊ နဂါးစိတ်ဝိညာဉ် မင်းကများ ဒီလူကို လှောင်ပြောင်ရဲ တယ်ပေါ့လေ၊ မင်း သေလိုက်တော့”
“ဒီလူကသာ တကယ့် နတ်ဆိုးနဂါး ဧကရာဇ်ကွ၊ မင်းက ဒီအတိုင်း ဒီစကြဝဠာထဲမှာ ဖိနှိပ်ခံရတဲ့ စွန့်ပစ်ခံ နဂါးစိတ်ဝိညာဉ်ကွ၊ အမှိုက်ကောင်၊ သုံးစားမရတဲ့ကောင် သက်သက်ပဲ”
ဧရာမ နဂါးကြီးသည် နတ်ဆိုးနဂါး၏ လှောင်ပြောင်မှုကြောင့် ဒေါသထွက်ကာ ပေါက်ကွဲနေ၏။ ၎င်း၏ အေးစက်သော မျက်လုံးများက နတ်ဆိုးနဂါးကို နုတ်နုတ်စင်းပစ်ရန် မစောင့်နိုင်တော့ပုံ ပေါ်နေသည်။
သို့သော် နတ်ဆိုးနဂါးက ဂရုမစိုက်ချေ။ သူသည် လေထဲ ဝဲပျံ၍ နဂါး၏ ခြေထောက်ကို မှီကာ နဂါးလက်သည်းကို ပိုက်ဖက်၍ ရယ်ချင်သော မျက်နှာပေးနှင့် ပြောလာသည်။
“မရေတွက်နိုင်တဲ့ နှစ်တွေတုန်းကပေါ့၊ အဲ့အချိန်တုန်းက ဒီချောမောပြီး ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုး နဂါးဧကရာဇ်က တစ်လောကလုံးက လူတွေရဲ့ ပြုစုတာကို ခံခဲ့ရတာပေါ့”
“မမျှော်လင့်ဘဲ ငါ နိုးလာတဲ့ မနက်ခင်းတစ်ခုမှာ ကောင်းကင်ထက်ကနေ မတော်တဆ အဲ့ကောင်မလေးနဲ့ နတ်ဘုရားကျောင်းဆောင်ကို ခိုးကြည့်မိသွားတယ်။ ပြီးတော့ ငါ့ညီငယ်လေးက အဲ့ကောင်မလေးရဲ့ အရေခွံနဲ့ ဖြတ်တောက် တာကို ခံလိုက်ရတာပေါ့လေ”
“ငါ အဲ့ဒါကို ပြန်တွေးမိတိုင်း ရင်ထဲမှာ မချိမဆံ့ ခံစားရတယ်ကွာ”
ထို့နောက် နတ်ဆိုးနဂါးက ဧရာမ နဂါးကြီးဘက် လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ညီငယ်လေး မင်းဘာသာမင်း နတ်ဆိုးစိတ်ဝိညာဉ် တစ်ခုကို မွေးဖွားပြီး ကိုယ်ပိုင်ဘဝတစ်ခု ရလာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ဒါကို ဒီဧကရာဇ် ထင်မထားမိဘူး”
“ဒီကိုလာ၊ ဒီဧကရာဇ်ရှေ့မှာ ဒူးထောက်လိုက်၊ ဒီနဂါးချောလေးက မင်းကို ပုလွေမှုတ်ပေးတဲ့ ကောင်လေးအဖြစ် လက်ခံပေးမယ်”
နတ်ဆိုးနဂါး၏ စကားကို နားထောင်ပြီး အားလုံး မှင်တက်နေကြသည်။ နတ်ဆိုးတိုင်း နှုတ်ခမ်းကို တွန့်ကွေး၍ နတ်ဆိုးနဂါး၏ အရှက်မရှိသော မျက်နှာကိုကြည့်ပြီး တစ်ကိုယ်လုံး ချွေးပျံလာကြသည်။
ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးဘုရင် အမှောင်သခင်တောင်မှ ဆွံ့အနေသည်။ ဤနဂါးအစုတ်ပလုတ်၏ အပြောအဆိုသည် တစ်လောကလုံး၌ ပြိုင်ဘက်ကင်းလေသည်။
သူ့စကားကြောင့် ဧရာမ နဂါးကြီး၏ ဒေါသက မိုးထိမတတ် ဖြစ်လာရသည်။ ဘေးမှ နဂါးနက် ဘုရင်မသည် နတ်ဆိုးနဂါးအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
ဤနတ်ဆိုးနဂါး၏ ပြောင်စပ်စပ်နှင့် အရေးမလုပ်တတ်သည့် အရှက်မရှိသော အပြောအဆိုများ အသုံးဝင်သည့် နေရာရှိသေး ပါလားဟု သူမ ပထမဆုံးအကြိမ် တွေးမိသွားသည်။
ဂါး! ဂါး! ဂါး!
ဧရာမ နဂါးကြီးသည် နတ်ဆိုးနဂါး၏ ပြောင်ချော်ချော် စကားများကြောင့် အလွန် ဒေါသူပုန်ထ နေလေသည်။ သူသည် အံကိုကြိတ်၍ မာန်မဲလာသည်။
“နဂါးစိတ်ဝိညာဉ် မင်း သေချင်နေတာပဲ”
“ဒီလူက မင်းရဲ့ နဂါးစိတ်ဝိညာဉ်ကို စုပ်ယူပြီး မွမ်းမံပစ်မယ်၊ တစ်နေ့ကျရင် ဒီလူက မူလခန္ဓာကိုယ်ကို လိုက်ရှာပြီး သိမ်းပိုက် ပစ်မယ်။ ဒီစကြဝဠာကြီးက ငါ့အပိုင် ဖြစ်လာစေရမယ်ကွ”
“နတ်ဘုရားတွေ၊ နတ်ဆိုးတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေ၊ မျိုးနွယ်စုအားလုံးက ဒီလူရဲ့ ကျေးကျွန်တွေ ဖြစ်လာပြီး ဒီလူရဲ့ စားစရာတွေ ဖြစ်လာစေရမယ်”
ထိုစကားသံအဆုံး၌ ဧရာမနဂါးကြီး၏ လက်သည်းများက နတ်ဆိုးနဂါးထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။ ချက်ချင်း ဆိုသလိုပင် လေထုသည် အက်ကွဲ၍ မရဏ အငွေ့အသက်များက နတ်ဆိုးနဂါးအား လွှမ်းခြုံလာသည်။
သို့သော် နတ်ဆိုးနဂါးက တည်ငြိမ်နေပြီး နဂါးလက်သည်းများကို ဝင့်၍ ယဲ့ဖန်နှင့် လင်းလန်တို့၏ လေသံအတိုင်း အော်လိုက်သည်။
“အမှောင်သခင်”
သို့သော် သူ အော်ပြောလိုက်ပြီးနောက် မသိမသာ မှင်တက်သွား ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့မျက်စိရှေ့မှ အမှောင် သခင်သည် လက်နှစ်ဖက်လုံးနှင့် လက်ခလယ် ထောင်ပြနေ သောကြောင့်ပင်။
နတ်ဆိုးနဂါးသည် ထခုန်လုမတတ်ဖြစ်ကာ ကျိန်ဆဲမိမလို ဖြစ်သွားလေသည်။ ထိပ်သီး နတ်ဆိုးနဂါး ဧကရာဇ်ဟူသည့် ကိုယ်နှုတ်အမူအရာ ပျက်ယွင်းမတတ် ဖြစ်သွားလေသည်။