အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
Chapter 511 ဘီလီယံချီတဲ့ ဂြိုဟ်တွေ အဝေးကနေ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်
နဂါးနက် ဧကရာဇ် သေဆုံးသွားခြင်းနှင့်အတူ နဂါးနက်တောင် ဂြိုဟ်စုနယ်မြေတစ်ခုလုံးအား နတ်ဆိုးများက သိမ်းပိုက် သွားလေသည်။
ထို့အတူ ထိုဂြိုဟ်စုနယ်မြေအား နဂါးငွေ့တန်း ဂြိုဟ်စုနယ်မြေဟု အမည်ပြော င်းလဲလိုက်သည်။
ဧရာမ နဂါးကြီး ချန်ထားရစ်ခဲ့သော များပြားလှသည့် ပစ္စည်းဉစ္စာများသည် ထောင်သောင်းချီသော နတ်ဆိုးများ၏ ခွန်အားက ထပ်၍ တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
အူးလန်ဂြိုဟ်မှ ယဲ့ဖန် ပြန်ခေါ်လာခဲ့သော ထောင်ချီသည့် နတ်ဆိုးများသည် ကြောက်မက်ဖွယ် ကောင်းသော ခန္ဓာကိုယ်များကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
နတ်ဆိုးစစ်တပ်၏ စုပေါင်းခွန်အားသည် မိုးထိမတတ် မြင့်တက်လာလေတော့သည်။ ပို၍ ကြောက်လန့်ဖွယ် ကောင်းသည့်အချက်မှာ အားလုံး၏ အဆင့်တက်ခြင်းပင်။
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သူ နှစ်ဆယ့်သုံးယောက် ရှိခဲ့သည်။ နတ်ဧကရာဇ်အဆင့် မြေကမ္ဘာ နတ်ဆိုးများနှင့် လူနှစ်ရာကျော်တို့သည် ယခင် နတ်ဆိုးဂြိုဟ်မှ ခုနစ်ဆယ့် နှစ်ယောက်သော မြေကမ္ဘာ နတ်ဆိုးများထက် ပို၍ ကြမ်းကြုတ်ပြီး ပိုသန်မာနေသည်။
ထိတ်လန့်စရာ အကောင်းဆုံးသည်ကား နတ်ဆိုးနဂါးပင်။
နေအဖွဲ့အစည်းတစ်ခုလုံးတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော နဂါးတစ်ကောင်သည် စက်ဝိုင်းသဖွယ် ပျံသန်းနေ၏။ ၎င်း၏ အကြေးခွံတစ်ခုတိုင်းသည် ရေကန်တစ်ကန်နှင့် ညီမျှလေသည်။ ၎င်း၏ ခန္ဓာကိုယ်အား ရစ်ခွေထားလျင် နေအဖွဲ့အစည်းတစ်ခုလုံးကို အုပ်မိုးထားနိုင်၏။
ဤဧရာမ နဂါးကြီးသည် နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်နှင့် ဧရာမ နဂါးကြီး၏ ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် နဂါးတစ်ကောင်သာ ဖြစ်သည်။
“ဟားဟားဟား … ဒီဧကရာဇ်က သေးငယ်တဲ့ နဂါးစိတ်ဝိညာဉ်လေး မဟုတ်တော့ဘူးကွ၊ ဒီဧကရာဇ်မှာ ခန္ဓာကိုယ် ရှိလှပြီ၊ ဟားဟား …”
“စကြဝဠာထဲက နတ်သမီးလေး ဒီနတ််ဆိုးနဂါး ဧကရာဇ် လာမှာကို စောင့်နေလိုက်တော့”
နတ်ဆိုးနဂါးသည် အပြုံးကြီး ပြုံးနေလေ၏။ စကြဝဠာထဲမှ လှပသော ဂြိုဟ်များအကြောင်း တွေးမိပြီး နတ်ဆိုးနဂါးသည် ပြုံးရယ်နေရာမှ မရပ်နိုင်တော့ချေ။
နတ်ဆိုးနဂါး စိတ်လှုပ်ရှားနေစဉ်တွင် ယဲ့ဖန်က နတ်ဆိုးနဂါး၏ ခေါင်းကို လှမ်းထိုးလိုက်သည်။ ရုတ်တရက် နတ်ဆိုးနဂါး ခေါင်းမူးဝေသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
“အားရိုးရိုး … ငယဲ့ကြီး မင်း ဘာလို့ ငါ့ကို ထိုးတာလဲ”
သူ၏ အပျော်လွန်နေသော လေသံကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
“မင်းက အခု စီးတော်ယာဉ် ဖြစ်နေတာကို မမေ့နဲ့”
နတ်ဆိုးနဂါး : “…”
သူ နှုတ်ခမ်းမဲ့ရွဲ့သွားသော်လည်း သူ ပြန်မပြောနိုင်မှန်း သိနေသည်။
“မင်း … မင်း ရက်စက်လိုက်တာ”
နတ်ဆိုးနဂါးသည် အံကြိတ်ထားသော်လည်း ယဲ့ဖန်အား နည်းနည်းလေးမျှ ပြန်ခံမပြောရဲချေ။ ယဲ့ဖန်သည် ပြန်သတိရလာပြီးကတည်း ပို၍ ထိတ်လန့်ဖွယ်ကောင်းလာသည်ကို သူ သိနေသည်။ ယဲ့ဖန်၏ သိုင်းအဆင့်သည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်မှနေ၍ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သို့ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
သူ၏ တိုက်ပွဲဝင်ခွန်အားသည် နတ်ဧကရာဇ်အဆင့်များနှင့် တိုက်ခိုက်နိုင်သည်အထိ သန်မာနေပြီ ဖြစ်သည်။
သူတို့နှစ်ယောက်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ကြောက်လန့်သွားစေသည်။
“အမေတဲ့၊ ပြိုင်ဘက်ကင်း ထိပ်တန်း ခန္ဓာကိုယ်လေးမျိုး၊ နှစ်မြွှာကျင့်စဉ်။ ဒီစကြဝဠာထဲမှ ဒီလို နတ်ဆိုးမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ၊ ငါတို့ စကြဝဠာထဲမှာဆိုရင်တောင်မှ ဒီကောင်ကို့ နတ်ဆိုးလို့ ခေါ်လို့ရနေပြီ”
နတ်ဆိုးနဂါးက တီးတိုးပြောဆိုနေသည်။ သို့သော် ယဲ့ဖန်က နတ်ဆိုးနဂါး၏ စကားကို အရေးမလုပ်ချေ။
“ကမ္ဘာမြေဆီ ပြန်ကြရအောင်”
ထို့နောက် ယဲ့ဖန်သည် နတ်ဆိုးနဂါး သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ ၎င်း၏ခေါင်းကို လက်ဖြင့် ခပ်တင်းတင်း ကိုင်ထားလိုက်သည်။
ထို့နောက် နတ်ဆိုးနဂါး၏ ဦးခေါင်းသည် အောက်သို့ ငုံ့ဆင်းသွားပြီး ကမ္ဘာဂြိုဟ်ရှိရာသို့ ပျံသန်းသွားလေသည်။ နတ်ဆိုးနဂါးသည် စိတ်ထဲတွင်တော့ အကြိမ်တစ်သောင်းမက ဆဲဆိုနေလေ၏။
*ဒီသူတောင်းစားက ငါ့ကို မော်တော်ဆိုင်ကယ်လို သဘောထားပြီး စီးနေတာပဲ*
သို့သော် သူ မည်မျှ မကျေမနပ် ဖြစ်ပါသော်လည်း သူ့စကားများကို အောင့်အည်း၍ မျိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
ကမ္ဘာမြေပေါ်သို့ ရောက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က ကျုံ့သွားပြီး ဖားလောင်းအသွင်ပြောင်းသွားကာ ယဲ့ဖန်၏ လက်ပေါ်သို့ ရောက်သွားသည်။
နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကိုကြည့်ပြီး ယဲ့ဖန်က ပြုံးလိုက်သည်။
“မင်းက တော်တော်သေးပြီး ရုပ်ဆိုးတာပဲကွ”
နတ််ဆိုးနဂါး ရုတ်တရက် ပေါက်ကွဲလာသည်။ သူ ပေါက်ကွဲတော့မည့်အချိန်၌ ယဲ့ဖန်က သူ့အား အင်္ကျီလက်ထဲသို့ ပစ်ထည့်၍ ချိပ်ပိတ်လိုက်လေသည်။
ထို့နောက် ယဲ့ဖန်သည် ကျန်းရှီ သိုင်းပညာ တက္ကသိုလ်ထဲသို့ ဝင်လိုက်သည်။ ကျန်းရှီ သိုင်းပညာ တက္ကသိုလ်သည် ကျန်းရှီ မြူနီစီပယ် အလယ်တန်းကျောင်းမှ ပြောင်းလဲထားခြင်း ဖြစ်သည်။
တစ်ချိန်တစ်ခါက ကျန်းရှီမြို့၏ မြို့မျက်နှာဖုံးများသည် သူတို့မိသားစု၏ ကလေးများအား ဤကျောင်း၌ ပညာသင်စေခဲ့သည်။
ယဲ့ဖန်သည် အုတ်အော်သောင်းနင်း မဖြစ်စေလိုသောကြောင့် ကျောင်းဘေးပေါက်မှနေ၍ ဝင်လာခဲ့သည်။ ထိုစဉ် သူ မသိမသာ မျက်ခုံးပင့်မိသွားပြီး ချက်ချင်း အမူအယာ ပြောင်းလဲသွားသည်။
သူသည် ကျောင်းထဲသို့ ဖြည်းဖြည်းချင်း လှမ်းဝင်လာလိုက်သည်။
“ငါ ပြန်မရောက်ဖြစ်တာ အတော်ကြာပြီပဲ”
မမှတ်မိနိုင်တော့သည့် ကျန်းရှီ အလယ်တန်းကျောင်းကို ကြည့်ပြိး ယဲ့ဖန် မနေနိုင်ဘဲ လှပသော ပုံရိပ်လေးတစ်ခုကို အမှတ်ရလေသည်။
“ဖန့်ယင်း …”
ယဲ့ဖန်၏ မျက်နှာထက်၌ အောက်မေ့တမ်းတသော အမူအယာများ ဖြစ်ပေါ်လာသည်။ သူသည် ကျောင်း၏ နေရာလပ်မကျန် လိုက်ကြည့်၍ ထိုအချိန်များက အမှတ်တရများကို ပြန်သတိရ လာသည်။
အားကစားကွင်းထဲသို့ ရောက်လာပြီးနောက် သူသည် ဓားကျိုးကို မွမ်းမံရန်အတွက် သစ်ပင်ပန်းမန်များ၏ စိတ်ဝိညာဉ်ကို အသုံးပြုခဲ့သောကြောင့် ကျောင်းထဲရှိ သစ်ပင်ပန်းမန်များ အားလုံး ညှိုးနွမ်းခြောက်သွေ့သွားပြီး အံ့အားသင့်စရာ ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ဖန့်ယင်းက သတင်းထောက်များကို ဆက်တိုက် ရှင်းပြခဲ့ရသည်။
သူသည် စာသင်ဆောင်များရှိရာသို့ ဖြတ်သွားရင်း ပျက်စီးခဲ့ဖူးသည့် နံရံအား ကြည့်လိုက်မိသည်။ ထိုအချိန်က သူ ဓားကျိုးကို ဝှေ့ယမ်းရာမှ စာသင်ခန်းအား ဖျက်စီးခဲ့မိသည်ကို အမှတ်ရ သွားသည်။ ထိုစာသင်ခန်းထဲ၌ စာသင်နေခဲ့သူက ဖန့်ယင်းပင်။
သူသည် စီနီယာ အထက်တန်းကျောင်းဘက်သို့ ဦးတည်လိုက်ပြီး စာသင်နေသော ဆရာမတစ်ယောက်ကို မြင်ပြီး ဖန့်ယင်း၏ မပင်မပန်းနှင့် စာသင်ပေးနေသော ဟန်ပန်ကို ပြန်မြင်ယောင်လာသည်။
ထို့နောက် သူသည် ဆရာ၊ ဆရာမရုံးခန်းသို့ ဝင်လာလိုက်သည်။
“ဒီနေရာလေးက ဖန့်ယင်းရဲ့ စားပွဲနေရာလေး ဖြစ်ခဲ့ဖူးတာပဲ”
ထိုစားပွဲ၌ ဖန့်ယင်းက သင်ခန်းစာများ ပို့ချရန် စိတ်နှစ်၍ ပြင်ဆင်နေပုံနှင့် စာမေးပွဲ စာရွက်များကို သေချာ စစ်ဆေးနေသည့်ဟန်များကို ပြန်မြင်ယောင်လာသည်။
“ဖန့်ယင်း ငါ မင်းကို လိုက်ရှာမယ်၊ သေချာပေါက် လိုက်ရှာမယ်”
ယဲ့ဖန်၏ မျက်နှာထက်၌ ဝမ်းနည်းရိပ်များ ပြည့်နှက်လာသည်။ သူ သတိလစ်နေစဉ်အခါက အသိစိတ် ရှိနေသေးသည်။
သူမက အားနည်းသော ပခုံးလေးများဖြင့် သူ့ကိုထမ်း၍ ဂြိုဟ်များအား ဖြတ်သန်းသွားသည်ကို သူ သေချာသိနေခဲ့သည်။ သူမ ဂြိုဟ်များကြား၌ မကြာခဏ လဲကျခဲ့သော်လည်း သူမ ပြန်ထခဲ့သည်။
သူ ငိုယိုသံများကို အမှတ်ရနေသေးသည်။ “ကျွန်မ ရှင့်ကို ချစ်တယ်” ဟူသော စကားကိုလည်း ယခုထိ မှတ်မိနေပါသေးသည်။
ဖန့်ယင်း၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို လွှဲပြောင်း၍ သူ့အား ပြိုင်ဘက်ကင်း ခန္ဓာကိုယ် လေးမျိုးကို ပိုင်ဆိုင်စေခဲ့သော ထိုအနမ်းကိုလည်း သူ သတိရနေသည်။
“ငါ မင်းကို အတော်လေး အကြွေးတင်နေတာပဲ … တော်တော်များများပဲ”
ယဲ့ဖန် မချိပြုံး ပြုံးလိုက်မိသည်။ သူ့အတွက် မိန်းမလှလေးများကို လက်ခံရမည်က အခက်ခဲဆုံး အလုပ်ပင် ဖြစ်လေသည်။ သူမကို သူ တစ်ဘဝစာ အကြွေးတင်နေလေပြီ။
သို့သော် သူ ပြန်ထွက်သွားတော့မည့်အချိန်၌ စားပွဲပေါ်ရှိ စာအုပ်တစ်အုပ်က လင်းလက်လာသည်။ ထို့နောက် မှော်စာလုံးတစ်လုံး ထွက်ပေါ်လာ၏။
“ဒါ … ဒါက ကြယ်တာရာ သတင်းစကားပဲ”
ယဲ့ဖန် မှင်တက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ထိုမှော်စာရွက်အား ကောက်ယူလိုက်သည်။ မှော်စာလုံးက လောင်ကျွမ်းလာပြီးနောက် ဖန့်ယင်း၏ လှပသော မျက်နှာလေး ထွက်ပေါ်လာသည်။
သူမ၌ ဆံပင်အဖြူရောင်များ ရှိနေသော်လည်း ဘီလီယံချီသော ဂြိုဟ်များကို ဖြတ်ကျော်၍ ယဲ့ဖန်နှင့် စကားပြောရန် ကြိုးစားနေပုံ ပေါ်သည်။
သူမ၏ မျက်နှာထက်၌ အလွန်ပြီးပြည့်စုံသော အပြုံးလေးတစ်ပွင့် ရှိနေ၏။
“ယဲ့ဖန် ရှင် သတိရလာပြီပဲ …”
ဖန့်ယင်းသည် စိတ်အေးသွားဟန်ပုံပေါ်ပြီး ယဲ့ဖန်အား ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လာသည်။
“ဖန့်ယင်း မင်း ဘယ်မှာလဲ၊ မင်း ခန္ဓာကိုယ်က …”
ယဲ့ဖန်က စိုးရိမ်တကြီး မေးလိုက်သည်။ သို့သော် သူ့စကားမဆုံးခင်၌ ဖန့်ယင်းက ဖြတ်ပြောလာသည်။
“စိတ်အေးအေးထားပါ၊ အခု ကျွန်မ အဆင်ပြေနေပါပြီ၊ ကျွန်မက … အမေနဲ့”
ထိုသို့ပြောနေစဉ်၌ ဖန့်ယင်း၏ မျက်နှာလေးက ရှက်သွေးဖြာလာလေသည်။ သို့သော် သူမ ဆက်၍ မရှင်းပြချေ။
“ယဲ့ဖန်၊ ဒါက အမေ့ရဲ့ သွေးစွမ်းအင်ကို သုံးစွဲပြီး ဖန်တီးထားတဲ့ ကြယ်တာရာ သတင်းစကားပဲ၊ ကျွန်မက ကျွန်မ အဆင်ပြေတယ်လို့ ရှင့်ကို ပြောချင်ရုံလေးပါ၊ ကျွန်မကို လိုက်မရှာပါနဲ့”
“တစ်နေ့နေ့တော့ ကျွန်မတို့ ပြန်ဆုံမှာပါ”
ထိုသို့ပြောနေစဉ် ဖန့်ယင်း၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာသည်။ ရင်ကိုနွေးထွေးစေသည့် စကားသံကတော့ ဆက်၍ ထွက်ပေါ်နေသည်။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ ကျွန်မ ရှင့်ကို ဘီလီယံချီတဲ့ ဂြိုဟ်တွေကို ဖြတ်ကျော်ပြီး စောင့်နေပါ့မယ်”
ထိုစကားသံအဆုံး၌ ကြယ်တာရာ သတင်းစကားသည် အငွေ့ပျံ့သွားပြီး ဖန့်ယင်း၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားလေသည်။
ထိုအခါတွင်မှ ယဲ့ဖန် စိတ်အေးသွားရသည်။
“ဖန့်ယင်း ပြောနေတဲ့ အမေဆိုတာ ဘယ်သူလဲ ငါ မသိဘူး။ သူက ဘီလီယံချီတဲ့ ဂြိုဟ်တွေကို ဖြတ်ကျော်ပြီး ကမ္ဘာမြေဆီကို သတင်းစကား ပို့ပေးနိုင်တယ်ဆိုတော့ သူ့ခွန်အားက မခန့်မှန်းနိုင်လောက်အောင်ပဲ”
ယဲ့ဖန် ခေါင်းခါလိုက်မိသည်။ စိတ်ဝိညာဉ် ခန္ဓာကိုယ်က ပြန်မကောင်းသေးသော်လည်း ဖန့်ယင်း၌ ပြဿနာ မရှိတော့သည်ကို သူ တွေ့လိုက်ရသဖြင့် သူ စိတ်အေးသွားရသည်။
“ယဲ့ဖန်”
ထိုစဉ် အမျိုးသမီးတစ်ယောက်သည် ရုံးခန်းထဲ ဝင်ရောက်လာပြီး ယဲ့ဖန်ကို တွေ့သွားလေသည်။
သူမလက်ထဲမှ ဖတ်စာအုပ် ပြုတ်ကျသွားပြီး သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်၍ တအံ့တဩ ဖြစ်နေ၏။
Chapter 512 ယနေ့ခေတ် ကမ္ဘာမြေ
“ယဲ့ဖန်”
ရုံးခန်းတွင်း၌ လှပသော ဆရာမတစ်ယောက်သည် ယဲ့ဖန်၏ ကျောပြင်ကို မြင်လိုက်ရချိန်၌ ထိတ်လန့်အံ့ဩသွားလေသည်။ သူမ အိပ်မက်မက်နေသလားဟု ထင်မှတ်နေသည်။
အနက်ရောင်ဝတ်စုံ၊ ပိန်ပါးပါးခန္ဓာကိုယ်နှင့် ထက်မြက်၍ နတ်ဆိုးဆန်သော ပင်ကိုစရိုက်။
ကမ္ဘာမြေပေါ်မှ လူငယ်များစွာ ယဲ့ဖန်၏ ဝတ်ပုံစားပုံကို အတုခိုး၍ ဝတ်ဆင်ကြသော်လည်း ဤလှပသော ဆရာမလေးသည် ယဲ့ဖန်အား တစ်ချက်ကြည့်ရုံနှင့် သူသည် ယဲ့ဖန် အစစ်အမှန်ဖြစ်ကြောင်း တပ်အပ် ပြောနိုင်လေသည်။
ယဲ့ဖန် တစ်ဒင်္ဂမျှ တောင့်ခနဲ ဖြစ်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။
ချင်ရွှယ်။
ထိုအမျိုးသမီးသည် ဖန့်ယင်း၏ အခင်ဆုံး သူငယ်ချင်းမလေးဖြစ်ပြီး ကျန်းရှီပြည်သူ့ ဆေးရုံ၏ ဆေးရုံအုပ်လည်း ဖြစ်လေသည်။
“ဆေးရုံအုပ်ချင် မတွေ့ရတာ ကြာပြီပဲ”
ယဲ့ဖန် အသာပြုံးလိုက်မိသည်။ သူမက ကျန်းရှီ သိုင်းပညာ တက္ကသိုလ်သို့လာရောက်၍ ဆရာမအဖြစ် အလုပ်လုပ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။
“တကယ်ပဲ နင်ကိုး”
ချင်ရွှယ်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေ၏။
ယခုအခါတွင် ယဲ့ဖန်သည် မျက်နှာသွင်ပြင် ပြောင်းနေပြီဖြစ်သည်။ သို့သော် သူ၏ ကြယ်တာရာများကဲ့သို့ နက်မှောင်သော မျက်လုံးများနှင့် ပြုံးတုံ့တုံ့ အပြုံးတို့သည် ယခင်ကနှင့် အတူတူပင် ဖြစ်လေသည်။
“နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“ဒီလာပြီး တစ်ချက်လောက် လာကြည့်တာ”
ယဲ့ဖန်က ပြုံးလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ခင်ဗျား ဒီမှာ ဆရာမလုပ်ဖို့ ဘယ်လိုလုပ် အတွေးရသွားရတာလဲ”
ချင်ရွှယ်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်း မဖြစ်ခင်က ဆေးပညာ အသိုင်းအဝိုင်းမှ ဆရာတစ်ယောက် ဖြစ်သည်။ ယခုအခါတွင် သူမက ဆရာမ တစ်ယောက် ဖြစ်နေသဖြင့် ယဲ့ဖန် နားမလည်နိုင်တော့ပေ။
သူ့စကားကြောင့် ချင်ရွှယ်က ဆံပင်ကိုသပ်၍ ခပ်ဖွဖွ ပြုံးလာသည်။
“တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်ပြီးတော့ ငါ သိုင်းပညာသင်ခဲ့တယ်လေ၊ ဒါပေမဲ့ ကံမကောင်းချင်တော့ ကမ္ဘာပေါ်မှာ သိုင်းပညာရှင်တွေ များပြီး ရောဂါ ကုသနိုင်တဲ့သူ နည်းတယ်လေ”
“အဲ့ဒါကြောင့် ငါက သိုင်းပညာ တက္ကသိုလ်ကို လာပြီးတော့ နတ်ဘုရား ဆေးပညာကို စသင်ပေးနေတာ။ ကမ္ဘာပေါ်က လူတွေ ကုသဖို့အတွက် နည်းလမ်း ပိုရနိုင်မယ်လို့ မျှော်လင့်တာပေါ့”
ထိုသို့ပြောပြီး ချင်ရွှယ်က ယဲ့ဖန်အား မှင်တက်အံ့ဩသော မျက်နှာလေးဖြင့် ကြည့်လာသည်။
“Class 2 Grade 3 အတန်းက ကောင်လေးက အခု နဂါးငွေ့တန်း ဂြိုဟ်နယ်မြေကြီး တစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာပြီးတော့ နဂါးငွေ့တန်း စစ်နတ်ဘုရားအဖြစ် လူတွေအများကြီးရဲ့ လေးစားတာကို ခံရလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး”
ချင်ရွှယ်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် သာမန်ထက် တစ်မူထူးကဲလွန်းနေ၏။
မာစတာလင်ကို သိမ်းသွင်းနိုင်ခဲ့သည့် စားသောက်ဆိုင်ထဲမှ စိတ်ဝိညာဉ် တေးသွားဖြစ်စေ၊ နတ်ဆိုးခြင်၏ အဆိပ်ဖြေဆေးဖြစ်စေ ထိုအရာအားလုံးကပင် အလွန် ထိတ်လန့်စရာ ကောင်းလွန်းလှသည်။
သို့သော် ယဲ့ဖန်၏ အောင်မြင်လာသည့်နှုန်းက ချင်ရွှယ် ထင်မှတ်ထားသည်ထက် အတော်လေး သာလွန်နေခဲ့သည်။
မကြာသေးခင်ကပင် ယဲ့ဖန်က ကြောက်စရာကောင်းသည့် ဧရာမနဂါးကြီးအား သတ်ဖြတ် ခဲ့သည်ကို သူမမျက်လုံးနှင့် တပ်အပ်မြင်တွေ့ခဲ့ရသည်။ ဤသည်က ကမ္ဘာမြေပေါ်မှ လူများအားလုံးကို ထိတ်လန့်သွားစေသည်။
ချင်ရွှယ်၏ စကားကြောင့် ယဲ့ဖန် သက်ပြင်းရှည် ချမိသည်။ တစ်နှစ်ဟူသည့် အချိန်အတွင်း၌ ကမ္ဘာဂြိုဟ်က အတော်လေး ဒုက္ခရောက်၍ ပြောင်းလဲခဲ့သည်ကို သူ ဝန်ခံရပေမည်။
“ဒီနေ့ခေတ် ကျန်းရှီ အလယ်တန်းကျောင်းက တော်တော်လေး ကြီးလာတာပဲ”
ယဲ့ဖန် သက်ပြင်းချလိုက်သည်။ ချင်ရွှယ်က ခပ်ဖွဖွ ပြုံးလာသည်။
“ကြီးမြတ်တဲ့ နဂါးငွေ့တန်း စစ်နတ်ဘုရား၊ ဒီကောင်မလေးက ရှင့်ကို လိုက်ပြမယ်ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ”
*ဟင်*
ယဲ့ဖန် မှင်တက်သွားပြီးမှ ချင်ရွှယ်၏ ကျီစယ်လိုသည့် ဟန်ပန်ကိုမြင်ပြီး အသာပြုံးလိုက်သည်။
“ကောင်းပါပြီ ဆရာမချင်”
ထို့နောက်တွင် ချင်ရွှယ်က ဦးဆောင်၍ ယဲ့ဖန်အား ကျန်းရှီ သိုင်းပညာ တက္ကသိုလ်အား လိုက်လံ ပြသလေသည်။
….
တက္ကသိုလ်သည် အတော်လေး ပြောင်းလဲသွားသည်။ ယခင်ကထက် အဆပေါင်းများစွာ ပိုကြီးလာသည်။
မိုးမျှော်တိုက် အဆောက်အအုံများကြား လျှောက်နေကြစဉ်တွင် အသားအရောင် မတူသော ကျောင်းသား ကျောင်းသူများက ဆက်တိုက် ဖြတ်သွားကြသည်။
သူတို့သည် ချင်ရွှယ်ကိုမြင်သည်နှင့် ဦးညွှတ်၍ ဂါဝရပြုလေသည်။ ယဲ့ဖန်ကို မြင်သောအခါ အံ့ဩမှင်တက်သော မျက်နှာများနှင့် ကြည့်နေကြသည်။
*ဒီလူက ဘယ်သူမလို့ တက္ကသိုလ်ရဲ့ တအား အေးတိအေးစက်နိုင်တဲ့ ဆရာမချင်ကို ရှေ့ကနေ ဦးဆောင်ပြီး ကျောင်းတစ်ပတ် လိုက်ပြခိုင်းနိုင်ရတာလဲ၊ ဒါ တော်တော် အံ့ဩစရာကောင်းတာပဲ*
ထိုသည်သာမကချေ၊ ကျောင်းသားကျောင်းသူ အားလုံးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူတို့၏ ပြုမူပုံက မည်သို့ပင် ကြည့်စေကာမူ သူ့အား အတုခိုးထားမှန်း သိလိုက်ရသဖြင့် ယဲ့ဖန် အံ့ဩသွားရသည်။
ဤမြင်ကွင်းက ယဲ့ဖန်အား တစ်ခဏမျှ ငိုရမလား ရယ်ရမလား ဖြစ်သွားစေသည်။ ဤသည်ကိုမြင်သော ချင်ရွှယ်သည်လည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
“ဘယ်သူက နင့်ကို ဒီလောက် ဆွဲဆောင်နိုင်အောင် လုပ်လိုက်တာပါ့လိမ့်။ ဒီနေ့ခေတ် လူငယ်အားလုံးနီးပါးက နင့်ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် အမြဲ သတ်မှတ်ထားကြတာ”
ထို့နောက် ချင်ရွှယ်က အသာ ပခုံးတွန့်ပြ၍ ကြီးမားသော ရတနာခန်းအား ဖွင့်ပြလိုက်သည်။
“ယဲ့ဖန် ဒါက ကျောင်းရဲ့ လက်နက်ခန်းပဲ”
“ဒါက ကမ္ဘာပေါ်က လူသားမျိုးနွယ်ရဲ့ လက်နက် သိုလှောင်ခန်းဆိုလည်း ဟုတ်တယ်၊ လက်နက်တိုင်းက အဲ့ဒီနတ်ဘုရားတွေဆီကနေ သိမ်းယူထားတဲ့ လက်နက်တွေပဲ၊ ထူးချွန်တဲ့ ကမ္ဘာ့သိုင်းပညာရှင် တစ်ယောက် ထွက်ပေါ်လာတာနဲ့ လက်နက်တစ်ခုကို ဆုအဖြစ် ချီးမြှင့်ပေးမှာ”
ထိုစကားကို နားထောင်ရင်း ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လက်ကို မသိမသာ လှုပ်လိုက်သည်။
ရုတ်တရက် ရှင်းလင်းသော မှော်စာလုံးများ ထွက်ပေါ်လာပြီး လက်နက်တိုင်းထံသို့ ဝင်ရောက်သွားသည်။ လက်နက်များအားလုံး ချက်ချင်း ပုံစံပြောင်းသွားလေသည်။
ကောင်းကင် လက်နက်များသည် နတ်ဘုရား လက်နက်များအဖြစ်သို့ အဆင့်တက်သွားပြီး နတ်ဘုရား လက်နက်များက စစ်သည်တော် လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
လက်နက်အခန်းတွင်းမှနေ၍ ဖိနှိပ်နိုင်သော အရှိန်အဝါများက ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။
ထိုအခြင်းအရာကို ချင်ရွှယ် သတိမထားမိပေ။ သူမသည် ယဲ့ဖန်အား ဆေးဝါးခန်း၊ ကျင့်စဉ်ခန်းမ၊ တိုက်ပွဲဗျူဟာခန်းနှင့် အခြားအခန်းများသို့ ဆက်၍ လိုက်ပြလေသည်။
ဝင်ကြည့်သွားသည့် အခန်းတိုင်း၌ ယဲ့ဖန်သည် မှော်စာလုံးများကို လျှို့ဝှက်၍ ထားရှိခဲ့သည်။ လက်နက်များ၊ ကျင့်စဉ်များ၊ တိုက်ပွဲဝင် ဗျူဟာများနှင့် ဆေးဝါးများဖြစ်စေ အရာအားလုံး အသံပင် မထွက်ဘဲ ပြောင်းလဲသွားကြသည်။
နောက်ဆုံးတွင် ချင်ရွှယ်သည် ယဲ့ဖန်အား သိုင်းပညာ တက္ကသိုလ်၏ အားကစားကွင်းသို့ ခေါ်သွားလေသည်။
အားကစားကွင်းရှိ မိုးမခသစ်ပင်သည် ဆက်လက်၍ မိုးထိမတတ် မြင့်တက်ရှင်သန်ဆဲပင် ဖြစ်ပြီး အပင်၏ လုံးပတ်က လူပေါင်းများစွာ ဝိုင်းဖက်ထားနိုင်သည်အထိ ကြီးမားလေသည်။
မိုးမခသစ်ပင်၏ ဘေး၌ ဧရာမ ရုပ်တုကြီး ရှိသည်။ ထိုရုပ်တုသည် ယဲ့ဖန်၏ ရုပ်တုပင် ဖြစ်သည်။ ရုပ်တုမှ သူ၏မျက်နှာသည် အေးစက်၍ ခက်ထန်ကာ ကောင်းကင်ကိုသာ မျှော်ကြည့်နေသည်။ သူသည် ကမ္ဘာပေါ်ရှိ မရေတွက်နိုင်သော လူသားတို့၏ စောင့်ရှောက်သူအဖြစ်၊ အားလုံး၏ ရင်ထဲတွင် နတ်ဘုရားတစ်ပါးအဖြစ် ရှိနေ၏။
အားကစားကွင်းထဲတွင် ဆရာ၊ ဆရာမပေါင်းများစွာက သူတို့၏ တပည့်များကို ခေါ်၍ ယဲ့ဖန်၏ ရုပ်တုကို အရိုအသေပေးခိုင်းပြီး တစ်ဖွဲ့စီ သင်ပြပေးကြလေသည်။
ကျောင်းသားအားလုံး၏ အရှိန်အဝါကို ခံစားမိပြီး ယဲ့ဖန် အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“အခု ကမ္ဘာမြေရဲ့ တိုးတက်နှုန်းက စကြဝဠာထဲမှာ အကောင်းဆုံးပဲ၊ သာမန် ကျောင်းသားတွေရဲ့ ခွန်အားက အခု သူတောင်းစားအိုကြီးနဲ့ ယှဉ်လို့တောင် ရနေပြီ”
ကျောင်းသား တော်တော်များများက နတ်ဘုရား သေနာပတိအဆင့်သို့ တိုးတက်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
သူတို့သည် မူလ သူတောင်းစားအိုကြီးထက် ပို၍ သန်မာနေသေးသည်။
ယဲ့ဖန်၏ စကားကြောင့် ချင်ရွှယ်က အသာပြုံးနေသည်။ သူမမျက်နှာထက်၌ ဂုဏ်ယူဟန်များ ဝင့်ကြွယ်နေ၏။
“ဟုတ်တယ်၊ ဒီကျောင်းသားတွေက နောက်ဆို ကမ္ဘာမြေ တိုးတက်လာခြင်းရဲ့ မျှော်လင့်ချက်ပဲ၊ ပြီးတော့ မိုးကောင်းကင်ကို စိုးမိုးနိုင်ဖို့ နင့်ရဲ့ သစ္စာအရှိဆုံး နောက်လိုက်ငယ်သားတွေပေါ့”
ထိုသို့ပြောပြီးနောက် ချင်ရွှယ်က မျက်မှောင်ကြုတ်လာသည်။
“ဒါပေမဲ့ အခုအချိန်မှာ နဂါးနက် ဧကရာဇ်နဲ့ အတူပါလာတဲ့ ထောင်ချီတဲ့ နတ်ဘုရားတွေ ရှိနေတယ်၊ အဲ့ထဲက အချို့က ပုန်းတဲ့နေရာမှာ တော်တော်တော်တယ်။ သူတို့တွေက နဂါးနက် ဧကရာဇ်နဲ့ အခြားသူတွေနဲ့အတူ ဖျက်ဆီးမခံရသေးဘူး”
“အဲ့အစား သူတို့က ကမ္ဘာမြေပေါ် ထွက်ပြေးလာပြီး ပုန်းကွယ်နေကြတယ်။ ဒါက ကွယ်ဝှက်နေတဲ့ အန္တရာယ်ပဲ”
*ဘာ*
ယဲ့ဖန် အံ့ဩသွားပြီး မျက်မှောင်ကြုတ်လာသည်။
“မင်း သူတို့ကို ဖမ်းမိပြီလား”
“မြေကမ္ဘာနတ်ဆိုး သခင်က လိုက်ရှာနေတယ်၊ ဒါပေမဲ့ နတ်ဘုရား စစ်တပ်ရဲ့ ခွန်အားက တအား သန်မာပြီး ပုန်းကွယ်တဲ့ပညာကလည်း မခန့်မှန်းနိုင်လောက်အောင် ကောင်းတော့ သူတို့တော်တော်များများက ကမ္ဘာမြေက သိုင်းပညာရှင်အဖြစ် ရုပ်ဖျက်နေကြတယ်။ သူတို့ကို လိုက်ရှာဖို့ ခက်နေတယ်”
ချင်ရွှယ်သည် စိုးရိမ်နေသော မျက်နှာလေးနှင့် ပြောလာသည်။ သူမစကားအဆုံး၌ ငယ်ရွယ်သော ဆရာတစ်ယောက် သိုင်းပညာရှင်တစ်စုနှင့်အတူ အားကစားကွင်းသို့ မောက်မာစွာ လှမ်းလာသည်။
ဤမြင်ကွင်းက ချင်ရွှယ်နှင့် ယဲ့ဖန်တို့ မျက်မှောင်ကြုတ်သွားကြသည်။ ထိုလူစု၏ ရည်ရွယ်ချက်က သူတို့မှန်း ရိပ်မိသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ငယ်ရွယ်သော ဆရာက လက်ကာပြလိုက်သောအခါ သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်ကို ဝိုင်းထားသည်။
“ဟုန်ပျောင် နင် ဘာလုပ်တာလဲ”
ချင်ရွှယ်သည် ထိတ်လန့်၍ ဒေါသထွက်ကာ ထိုငယ်ရွယ်သော ဆရာအား ပြစ်တင်ကြိမ်းမောင်း လိုက်သည်။
သူမစကားကြောင့် ထိုဆရာက ပြုံး၍ သူမကို မျက်နှာချိုသွေးလေသည်။
“ရှောင်ရွှယ်၊ မင်းက လူစိမ်းတစ်ယောက်နဲ့ ကျောင်းကိုပတ်ပြီး လမ်းလျှောက်နေတယ်လို့ ကျောင်းသားတွေ ပြောနေကြတာကို ကိုယ် ကြားလိုက်လို့လေ”
“ဒီလူကို ဘယ်သူမှ မသိကြလို့ ကိုယ်ကိုယ်တိုင် လာပြီး သူ့ကို ကြည့်တာ”
ထိုသို့ပြောပြီးနောက် ဟုန်ပျောင်ဟုခေါ်သည့် ငယ်ရွယ်သော ဆရာက ယဲ့ဖန်ကို စိုက်ကြည့်၍ သရော်ပြုံးပြုံးလိုက်သည်။
“ကောင်လေး ငါက တအား မှတ်ဉာဏ်ကောင်းတဲ့သူပဲ။ ကျန်းရှီမြို့က သန်းချီတဲ့ လူတွေထဲမှာ မင်းနဲ့တူတဲ့လူမျိုး ငါ လုံးဝ မမြင်ဖူးတာ သေချာတယ်”
“ပြောစမ်း၊ မင်းက နတ်ဘုရား စစ်တပ်က အသက်ရှင်နေသေးတဲ့ ကောင်မဟုတ်လား”
Chapter 513 အားလုံး အဆင့်တက်သွားတယ်
“ပြောစမ်း၊ မင်းက နတ်ဘုရား စစ်တပ်က အသက်ရှင်နေသေးတဲ့ ကောင်မဟုတ်လား”
ငယ်ရွယ်သော ဟုန်ပျောင်၏ စကားသံ ပဲ့တင်ထပ်သွားပြီးနောက် အားကစားကွင်းထဲရှိ လူများအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
*နတ်ဘုရားမျိုးနွယ်လား*
ထိုစကားကို ကြားပြီးနောက် ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး ဝိုင်းလာ ကြသည်။
သို့သော် သူတို့ရှေ့မှ မြင်ကွင်းကိုမြင်ပြီးနောက် အားလုံးက ယဲ့ဖန်က သနားသလို ကြည့်လာ ကြသည်။
“အဲ့ဒါ ဟုန်ပျောင်ပဲကွ၊ အနက်ရောင်ဝတ်စုံလေးနဲ့ လူငယ်ကတော့ ကံဆိုးပြီပဲ၊ ဟုန်ပျောင်က ချင်ရွှယ်ကို အသည်းအသန် ပိုးပန်းနေတာ။ ချင်ရွှယ်ကလည်း လူတိုင်းကို ဥပေက္ခာ ပြုတတ်တဲ့ အေးစက်တဲ့ အလှလေးလို့ နာမည်ကြီးတာလေ၊ ဒီတစ်ခေါက်တော့ သူက ဒီကောင်လေးကို တက္ကသိုလ်ထဲ လိုက်ပြနေတယ်။ ဟုန်ပျောင်က မနာလိုဖြစ်ပြီး အနက်ရောင်ဝတ်စုံနဲ့ လူငယ်ကို ပစ်မှတ်ထားချင်နေတာ ဖြစ်မယ်”
“ဟုတ်တယ်၊ ဟုန်ပျောင်က တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ တူလေ၊ ဒီတစ်ခေါက်တော့ အဲ့ကောင်လေး ကံဆိုးပြီပဲ”
“ဒါနဲ့ အဲ့ကောင်လေးက ဘယ်သူလဲ၊ စိတ်သဘောထားကောင်းတယ်၊ ငါတို့ တက္ကသိုလ်က ကျောင်းသား မဖြစ်နိုင်ဘူး။ ပြီးတော့ ဆရာမချင်ရွှယ်က တအား အလေးပေးပြီးတော့ သူ့ကို ကိုယ်တိုင် ကျောင်းကိုလိုက်ပြတယ်ဆိုတော့ အံ့ဩစရာ ကောင်းလွန်းတယ်”
“…”
ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသားကျောင်းသူများက ကျိတ်၍ ပြောဆိုနေကြသည်။
သူတို့ထဲမှ ဆရာမတစ်ယောက်သည် ယဲ့ဖန်၏ ပုံရိပ်ကိုမြင်သွားပြီးနောက် တတုန်ကယင် ဖြစ်သွားလေသည်။ သူမ၏ မျက်လုံး၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာ၏။
“ဒါ … သူ မဟုတ်လား”
ယုဖေး ကိုယ့်လက်ကိုယ် ပြန်ဆိတ်မိသည်။ ရင်းနှီးနေသော အနက်ရောင်ဝတ်စုံသည် သူမနှလုံးသား၌ စွဲထင်လျက် ရှိသည်။ ယခုအချိန်၌ သူမသည် ယဲ့ဖန်ကို မြင်လိုက်ရသဖြင့် မယုံနိုင်လောက်အောင် ဖြစ်နေ၏။
“ဟုန်ပျောင်၊ သူ ဘယ်သူလဲ နင် သိရဲ့လား၊ နင် တော်တော် သတ္တိကောင်းနေတယ်ပေါ့”
ထိုသို့သောအချိန်၌ ချင်ရွှယ်၏ မျက်နှာလေးက ဒေါသကြောင့် နီမြန်းလာပြီး ဟုန်ပျောင်အား ကြိမ်းမောင်းလိုက်သည်။
*ဘယ်သူမို့လို့လဲ*
ဟုန်ပျောင် တောင့်ခနဲ ဖြစ်သွားပြီး ယဲ့ဖန်အား ခေါင်းစခြေဆုံး ကြည့်၍ ပျက်ရယ်ပြုလိုက်သည်။
“ငါ ထင်တာ မမှားဘူး။ သူက ငါတို့ကျောင်းရဲ့ ကျောင်းသား လုံးဝ မဟုတ်ဘူး ပြီးတော့ ကျန်းရှီမြို့က သိုင်းပညာရှင်လည်း မဖြစ်နိုင်ဘူး”
“ဆရာမချင် သူ အရူးလုပ်တာ မခံနဲ့၊ သူက သူလျှိုပဲ”
“ရှင် …”
ဟုန်ပျောင်၏ မောက်မာမှုကြောင့် ချင်ရွှယ် ပြောစရာစကား မဲ့သွားလေသည်။ သူမ ထပ်၍ငြင်းခုန်ရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က သူမကို လက်ကာပြ၍ ဟုန်ပျောင်အား ရယ်ချင်သည့် အမူအရာဖြင့် ကြည့်နေမိသည်။
“ငါက သူလျှိုလို့ မင်း ပြောခဲ့တယ်မလား၊ အဲ့ဒါကို မင်း သက်သေပြနိုင်လား”
“သက်သေလား၊ ရတယ်လေ ဒီလိုဆိုမှတော့ ငါ မင်းကို သက်သေပြရတာပေါ့”
ထိုသို့ပြောပြီးနောက် ဟုန်ပျောင်က တစ်ဖက်လှည့်၍ ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။
“ဒီကောင်လေးက ဘယ်တွေသွားခဲ့တာလဲ”
ထိုမေးခွန်းကြောင့် ထိုကျောင်းသားက ခပ်သွက်သွက် ပြန်ဖြေလာသည်။
“ဆရာမချင်ရွှယ်က ဒီလူကို လက်နက်ခန်း၊ သိုင်းကျင့်စဉ်ခန်း၊ တိုက်ခိုက်ရေး နည်းဗျူဟာခန်းနဲ့ ဆေးဝါးခန်းမတို့ကို ခေါ်သွားခဲ့ပါတယ်”
*ဘာ*
သူ့စကားကိုကြားပြီးနောက် ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသားများအားလုံး မျက်နှာပျက် သွားကြသည်။
သာမန်လူများသည် ထိုရတနာခန်းမများသို့ ဝင်ရောက်ရန် အခွင့်မသာသော်လည်း ဤလူစိမ်းက ချင်ရွှယ်ကို ရတနာများထားရာခန်းသို့ သူ့ကိုခေါ်သွားရန် ပြောခဲ့သည်။
*ဒါ ဟုန်ပျောင် ပြောသလိုများ ဖြစ်နေမလား*
ထိုသူကြောင့် ချင်ရွှယ် တွေဝေသွားသည်။
*ဒီလူက တကယ်ပဲ နတ်ဘုရား စစ်တပ်ရဲ့ သူလျှိုများလား*
ထိုသို့သောအချိန်၌ ဆရာများနှင့် ကျောင်းသားများအားလုံးက ယဲ့ဖန်အား ဒေါသစိတ်ဖြင့် ဝိုင်းကြည့် လာကြသည်။
“ဟမ့်”
ထိုစဉ် ဟုန်ပျောင်က အေးတိအေးစက်ဖြင့် သရော်သံပြုကာ ယဲ့ဖန်အား စိုက်ကြည့်နေသည်။
“ဟေ့ကောင် မင်းက နတ်ဘုရား စစ်တပ်ရဲ့ သူလျှိုဆိုရင် မင်း ငါတို့ကျင့်စဉ်တွေ၊ လက်နက်တွေ၊ တိုက်ခိုက်ရေး နည်းဗျူဟာနဲ့ ဆေးဝါးတွေကို ဖျက်ဆီးကို ဖျက်ဆီးခဲ့ရမယ်”
“တစ်ယောက်ယောက်ကို လွှတ်ပြီး ရတနာခန်းမတွေကို စစ်ဆေးခိုင်းလိုက်၊ တစ်ချက်ကြည့်ရုံနဲ့ သိသာမှာပဲ”
*ဟုတ်သားပဲ*
ဟုန်ပျောင်၏ စကားကြောင့် ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသားများအားလုံး ခေါင်းတဆတ်ဆတ် ညိတ်လာကြသည်။ သူတို့သည် ဟုန်ပျောင်၏ အတွေးကို အလွန် သဘောတူ လက်ခံကြသည်။
“ဆရာလီ”
ထိုစဉ် ဟုန်ပျောင်က အနီးအနားမှ ဆရာတစ်ယောက်ကို လက်ယပ်၍ ခေါ်လိုက်သည်။
“ခင်ဗျားက ရတနာခန်းမတွေကို တာဝန်ယူထားရတဲ့ အချိန်ပြည့် ဆရာတစ်ယောက်ပဲ။ ခင်ဗျားက အထဲက ရတနာတွေရဲ့ အရည်အသွေးနဲ့ အရေအတွက်ကို ရင်းနှီးမှာပဲ”
“လူတစ်ချို့ကို ခေါ်ပြီး စစ်ဆေးကြည့်ဖို့က ခင်ဗျား တာဝန်ပဲ”
သူ့စကားကြောင့် ဆရာလီက သူ့နဖူးမှ ချွေးကိုသုတ်၍ ယဲ့ဖန်အား ဒေါသတကြီး လှမ်းကြည့်လိုက်မိသည်။ အကယ်၍ တစ်ဖက်လူက ဟုန်ပျောင် ပြောသကဲ့သို့ သူလျှိုဖြစ်နေပြီး ရတနာများကို ဖျက်ဆီးလိုက်ပါက သူ့လည်း အမှုပတ်ပေတော့မည်။
“ကောင်းပြီလေ၊ ငါ သွားမယ်”
လက်ရှိတွင် ဆရာလီသည် အခြားသူများကို အရေးမလုပ်နိုင်ဘဲ လူတစ်ချို့ခေါ်၍ ရတနာရှိရာ ခန်းမများထံသို့ အသည်းအသန် ထွက်သွားလေသည်။
ယခုအချိန်၌ အားလုံး စောင့်ဆိုင်းနေကြသည်။ ဆရာများနှင့် ကျောင်းသားများအားလုံးက ယဲ့ဖန်အား ဝိုင်းထားကြဆဲပင်။
ဤသည်ကိုမြင်ပြီး ချင်ရွှယ် မချိပြုံးပြုံး၍ ယဲ့ဖန်အား တောင်းပန်သလို ခဏခဏ ကြည့်နေမိသည်.
“ငါ တောင်းပန်ပါတယ်၊ ငါ နင့်ကို ကျောင်းထဲ လိုက်ပြတာက ဒီလို အခြေအနေမျိုး ဖြစ်လာစေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”
ယဲ့ဖန် ဆတ်ခနဲ ဖြစ်သွားပြီးမှ အသာ ပခုံးတွန့်ပြလေသည်။
“ရပါတယ်၊ သွားကြည့်လည်း ဘာမှမဖြစ်ပါဘူး၊ ထင်မထားတဲ့ အံ့ဩစရာ ကိစ္စလည်း ဖြစ်လာချင် ဖြစ်လာမှာပေါ့”
*ဘာ*
ချင်ရွှယ်သည် တစ်ခဏမျှ တွေဝေသွားပြီး ယဲ့ဖန်၏ စကားကို နားမလည်ချေ။ ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ အမှန်တကယ်တွင် သူသည် ဤသို့သော ပြဿနာများ ရှောင်ရှားနိုင်ရန် သူ၏နောက်ခံကို ထုတ်ပြောချင်ခဲ့သည်။ သို့သော် အစောပိုင်းလေးတင် တက္ကသိုလ်တွင်းမှ နတ်ဘုရားမျိုးနွယ်များ၏ သဲလွန်စကို အနံ့ရလိုက် မိသည်။
နတ်ဘုရားစစ်တပ်မှ ပုန်းကွယ်နေကြသူများသည် တက္ကသိုလ်တွင်း၌ ပုန်းကွယ်နေကောင်း ပုန်းကွယ်နေနိုင်သည်။
“စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ”
ယဲ့ဖန် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက လူတိုင်းအား ခေါင်းမွေးထောင်သွားစေသည်။
ထိုသို့သောအချိန်၌ ဆရာလီသည် လူတစ်ချို့နှင့်အတူ ပြန်လာလေသည်။ စုံစမ်းစစ်ဆေးပြီးနောက် သူသည် အားကစားကွင်းသို့ ခပ်သွက်သွက် ပြန်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် သူတို့မျက်နှာထက်၌ သွေးပျက် ခြောက်ခြားဟန်များ ရှိမနေဘဲ ဝမ်းသာ၍ မယုံနိုင်ဟန်များနှင့်သာ ပြည့်နှက်နေသည်။
သူတို့ အားလုံးရှေ့သို့ ရောက်လာသည်နှင့် ဟုန်ပျောင်က အသည်းအသန် မေးလိုက်သည်။
“ဆရာလီ၊ အခြေအနေ ဘယ်လိုရှိလဲ”
ထိုစကားကြောင့် ဆရာများနှင့် ကျောင်းသားများအားလုံးက ဆရာလီအား ပြိုင်တူ ကြည့်လာကြပြီး အဖြေကို စောင့်ဆိုင်းနေကြသည်။
ထိုအချိန်၌ ဆရာလီ၏ မျက်နှာထားက ထူးဆန်းနေသည်။ ထို့နောက် သူသည် ယဲ့ဖန်ကို အလေးအနက် စိုက်ကြည့်၍ အသံကျယ်ကျယ်ဖြင့် လူအုပ်အား အော်ပြောလိုက်သည်။
“သိုလှောင်ရုံခန်းမထဲ မထားခင်တုန်းက လက်နက်တွေက စုစုပေါင်း ၂၃၁၉ ခု ရှိတယ်၊ အဲ့တာတွေထဲမှာ ကောင်းကင် လက်နက်၊ နတ်ဘုရား လက်နက်၊ အင်မော်တယ် လက်နက်တွေ ရှိတယ်၊ အဲ့ထဲကမှ နတ်ဘုရား လက်နက်က ၁၀၅ ခု ရှိတယ်”
“သိုလှောင်ရုံ ခန်းမထဲ မထည့်ခင်က တိုက်ခိုက်ရေး နည်းဗျူဟာနဲ့ သိုင်းကျင့်စဉ်ပေါင်း ၁၀၂ ခုရှိတယ်၊ အဲ့ဒါတွေက နက်နဲအဆင့်နဲ့ မြေကမ္ဘာအဆင့်တွေ”
“ဆေးဝါးတွေကို သိုလှောင်ရုံ ခန်းမထဲ မထည့်ခင်က နက်နဲအဆင့်နဲ့ နတ်ဘုရားအဆင့် ဆေးဝါးတွေ ၃၈၄ ပုလင်း ရှိတယ်”
“အခုက ...”
ထိုသို့ပြောနေစဉ် ဆရာလီ၏ မျက်နှာက ပို၍ ထူးဆန်းသထက် ထူးဆန်းလာသည်။ သရဲသဘက်အား တွေ့လာရလေသလားဟု ထင်မှဝ်ရလေသည်။
ဤသည်ကိုကြည့်ပြီး အားလုံး စိတ်ထဲ မသိမသာ လေးလံလာသည်။ ဟုန်ပျောင်သည် အေးစက်နေသော မျက်လုံးများနှင့် ဖြစ်နေပြီး ဆရာလီအား ပြန်မေးလိုက်သည်။
“ဆရာလီ လက်နက်တွေ၊ သိုင်းကျင့်စဉ်နဲ့ တစ်ခြားရတနာတွေ အားလုံး အခိုးခံလိုက်ရပြီလား”
ဟုန်ပျောင်၏ စကားအဆုံး၌ အားလုံးက ယဲ့ဖန်အား အေးစက်စွာ ဝိုင်းကြည့်လာကြသည်။
“မဟုတ်ဘူး၊ အားလုံး အထင်လွဲနေပြီ”
ထိုစဉ် ဆရာလီက ကသိုက်ကရိုက် ဝင်ပြောလာသည်။
“ဘယ်ရတနာမှ မပျောက်သွားဘူး”
*ဘာ*
အားလုံး အံ့ဩသွားကြသည်။
*မပျောက်သွားဘူးလား*
*ဒါဆို ဘာလို့ ဆရာလီရဲ့ မျက်နှာထားက ထူးဆန်းနေရတာလဲ*
အားလုံး တွေဝေသွားပြီး ဆရာလီ၏ စကားကို နားမလည်နိုင် ဖြစ်နေကြသည်။ ဟုန်ပျောင်တောင်မှ နားဝေတိမ်တောင် ပြန်ဖြစ်သွားကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
*လျော့မသွားဘူးလား၊ ဒါဆို ဒီကောင်ကြောင့် ပျက်ဆီးသွားတာလား၊ အရည်အသွေးတွေ တအား လျော့ကျသွားလို့လား*
ဟုန်ပျောင်၏ စကားများက လက်သင့်မခံနိုင် ဖြစ်နေဟန်များ ပါဝင်နေသည်။
အကယ်၍ နတ်ဘုရား စစ်တပ်၏ သူလျှိုဖြစ်နေပါက ရတနာများ အခိုးမခံရပါက ရတနာများ၏ အရည်အသွေးကို ဖျက်ဆီး၍ ကမ္ဘာမြေမှ သိုင်းပညာရှင်များ၏ ခွန်အားကို လျော့ကျအောင် လုပ်ခြင်းသာ ဖြစ်ပေမည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
ဆရာလီက ခပ်သွက်သွက် ရှင်းပြလိုက်သည်။
“ရတနာတွေရဲ့ အရည်အသွေးတွေက ဘယ်လိုနည်းနဲ့မှ လျော့ကျမသွားဘူး”
“အဲ့အစား လက်နက်အားလုံးက နတ်ဘုရား လက်နက်အဆင့်ကို ရောက်သွားကြတာ”
“ဆေးဝါးအားလုံးက မိုးကောင်းကင်အဆင့် ဆေးဝါးတွေအဖြစ် အဆင့်တက်သွားပြီ”
“သိုင်းကျင့်စဉ်နဲ့ တိုက်ခိုက်ရေး နည်းဗျူဟာအားလုံး ... မိုးကောင်းကင်အဆင့် နတ်ဘုရား ကျင့်စဉ်နဲ့ နည်းဗျူဟာတွေ ဖြစ်သွားကြတာ”