← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

Chapter 514 ပါမောက္ခချုပ် ဟုန်တု

*ဟမ်*

ဆရာလီ၏ စကားအဆုံးတွင် အားကစားခန်းမမှ လူများအားလုံး မှင်တက်သွားကြသည်။

*အားလုံးက နတ်ဘုရား လက်နက် ဖြစ်သွားတယ်တဲ့လား*

*မိုးကောင်းကင်အဆင့် ဆေးဝါးတွေ၊ မိုးကောင်းကင်အဆင့် နတ်ဘုရား သိုင်းကျင့်စဉ်တွေနဲ့ မိုးကောင်းကင်အဆင့် နည်းဗျူဟာတွေ*

*ဒါက …*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

မိုးကောင်းကင်အဆင့်သည် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး၌ အလွန် ရှားပါးသော အရာတစ်ခု ဖြစ်လေသည်။

ယခုအခါတွင် သိုလှောင်ခန်းမထဲမှ ရတနာများအားလုံးက မိုးကောင်းကင်အဆင့်သို့ ရောက်သွားသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အားကစားကွင်းတစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားလေသည်။ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ အားလုံး အပါအဝင် ဟုန်ပျောင်တောင်မှ ထိတ်လန့်သွားရသည်။

ရတနာများရှိရာ ခန်းမသို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည့် ချင်ရွှယ်တောင်မှ ပါးစပ်ကို ခပ်တင်းတင်း အုပ်ထားမိပြီး အံ့အားသင့်နေ၏။

“မိုးကောင်းကင်အဆင့်လား၊ ငါတောင်မှ သတိမထားမိတဲ့အချိန်မှာ ဒီလူက ရတနာအားလုံးရဲ့ အရည်အသွေးကို ပြောင်းပစ်လိုက်တာလား”

ချင်ရွှယ် ကြက်သီးမွေးညင်း ထသလို ခံစားလိုက်မိသည်။ သူမ ဦးဆောင်၍ ယဲ့ဖန်အား ရတနာများ ထားရာအခန်းသို့ ခေါ်သွားခဲ့စဉ်က ယဲ့ဖန်က တစ်ချက်မျှသာ ကြည့်၍ လက်ကို လှုပ်ခဲ့သည်။

ယခုအခါတွင် ခန်းမထဲမှ ရတနာများအားလုံး မိုးကောင်းကင်အဆင့်သို့ အဆင့်တက် သွားကြသည်။ ဤထင်မှတ်မထားရသည့် နည်းလမ်းက အံ့ဩစရာ ကောင်းလွန်းလှသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

ထိုသို့သောအချိန်၌ ဟုန်ပျောင် နားဝေတိမ်တောင် ဖြစ်နေလေသည်။ သူသည် နှုတ်ခမ်းကိုမဲ့၍ သရဲတစ္ဆေအား တွေ့လိုက်ရသကဲ့သို့ ဖြစ်နေ၏။

“ဆရာလီ ခင်ဗျား အမှတ်မှားတာဖြစ်မယ်၊ အဲ့ဒီရတနာတွေကို ခန်းမထဲ မထည့်ခင်ကတည်းက မိုးကောင်းကင်အဆင့်မှာ ရှိနေတာပဲ ဖြစ်မယ်။ မဟုတ်ရင် အဲ့ဒါတွေက အကြောင်းရင်းမရှိ အဆင့်တက်သွားမှာလဲ”

“ဒါ … မဖြစ်နိုင်ဘူး”

ဟုန်ပျောင်သာမက ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသား ကျောင်းသူမျာအားလုံး လက်သင့်မခံနိုင် ဖြစ်နေကြသည်။ ဤသို့သော ကိစ္စက အလွန် ထူးဆန်းသော ကိစ္စပင်။

ဆရာလီ ခန်းမထဲ မထည့်ခင် အမှတ်မှားခဲ့သည်မှလွဲ၍ တစ်ခြား ဖြစ်နိုင်ချေအားလုံး မရှိနိုင်ပါ။

ဟုန်ပျောင်၏ စကားကြောင့် ဆရာလီသည် ငိုရမလား သို့မဟုတ် ရယ်ရမလား မသိဖြစ်နေ၏။

သို့သော် သူတောင်မှ အိပ်မက်မက်သကဲ့သို့ ခံစားနေရသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် မဖြစ်နိုင်ချေ။

ထိုစဉ် ဟုန်ပျောင်က ဆရာလီ၏ အမူအရာကို ဂရုမစိုက်တော့ချေ။ သူသည် ယဲ့ဖန်ကိုသာ စိုက်ကြည့်၍ လေသံမာမာနှင့် ပြောလိုက်သည်။

“ဟေ့ကောင် ငါ့မှတ်ဉာဏ်က တမူထူးခြားတယ်ကွ၊ ငါ ကျန်းရှီမြို့က လူတိုင်းနီးပါးကို မှတ်မိသလို သိလည်းသိတယ်ကွ”

“ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ ငါ မမြင်ဖူးတာ”

“ဒီတော့ ငါ့အမြင်မှာတော့ မင်းက သူလျှိုဖြစ်ကိုဖြစ်ရမယ်”

ထိုသို့ပြောပြီး ဟုန်ပျောင်က လက်ကိုဝှေ့ယမ်း၍ သူ့ဘေးမှ ကျောင်းသားကို အမိန့်ပေးလိုက်သည်။

“သွား … ပါမောက္ခချုပ်နဲ့ အကြီးအကဲတွေကို သွားခေါ်လာခဲ့”

“သူတို့ကို ဒီမှာ သူလျှိုတစ်ယောက် မိထားတယ်လို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

ထိုကျောင်းသားက ခပ်သွက်သွက် ခေါင်းညိတ်၍ မဟာဌာနမှုးရှိရာသို့ ထွက်သွားလေသည်။

*ပါမောက္ခချုပ် လား*

ထိုစကားကို ကြားသည်နှင့် ယဲ့ဖန်က မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ ချင်ရွှယ်က ယဲ့ဖန်ကို အသည်းအသန် ရှင်းပြလေသည်။

“ယဲ့ဖန် နင့်နောက်ခံကို နင် တန်းမဖော်ထုတ်သင့်ဘူးလား”

“အဲ့ဒီ ပါမောက္ခချုပ်က ဟုန်ပျောင်ရဲ့ ဦးလေးပဲ၊ သူ့မှာ နောက်ထပ် နောက်ခံ တစ်ခု ရှိသေးတယ်၊ သူက …”

ထိုသို့ပြောရင်း ချင်ရွှယ်က ယဲ့ဖန်ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေသည်။

“အဲ့ဒီ ပါမောက္ခချုပ်ကလည်း နင့်တပည့်ပဲ”

*အမ်*

ယဲ့ဖန် မသိမသာ တွေဝေသွားသည်။ ချင်ရွှယ်က ပြုံး၍ ပြောလိုက်သည်။

“တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် နာမည်က ဟုန်တုပဲ၊ သူက ဒေါက်တာ ရှုကွမ်းရဲ့ တပည့်ဆိုတော့ နင့်တပည့်ပဲလေ”

သူမစကားကြောင့် ယဲ့ဖန် မချိပြုံးပြုံးလိုက်ရသည်။

*လတ်စသက်တော့ ရှုကွမ်းရဲ့ တပည့်ကိုး*

ထို့နောက် ယဲ့ဖန်သည် စိတ်ထဲမထားတော့ဘဲ ပခုံးတွန့်လိုက်သည်။

ထိုစဉ် လေတိုးသံနှင့်အတူ တရုတ်လူမျိုး မျက်နှာကျနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က လူအိုကြီးများနှင့်အတူ ကောင်းကင်မှ ပျံသန်းလာသည်။

ထိုတရုတ်လူမျိုး မျက်နှာကျနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နတ်ဧကရာဇ်အဆင့် ဖြစ်နေသည်။

သူ့နောက်မှ လူအိုကြီးများ၏ ခွန်အားသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်လုနီးပါးပင်။

ထိုလူများသည် လေထဲမှ ဆင်းသက်လာချိန်တွင် ဟုန်ပျောင်နှင့် ဆရာများအပါအဝင် အားလုံးက ထိုလူလတ်ပိုင်းအရွယ် အမျိုးသားနှင့် တရုတ်လူမျိုး မျက်နှာကျနှင့် အဖိုးအို ဆယ်ယောက်ကို အရိုအသေပေးကြလေသည်။

“ပါမောက္ခချုပ်ကို အရိုအသေပေးပါတယ်”

“အကြီးအကဲများကို အရိုအသေပေးပါတယ်”

စက္ကန့်ပိုင်းအတွင်းမှာပင် အားလုံး လမ်းဖယ်ပေးကြလေသည်။ ပါမောက္ခချုပ် ဟုန်တုသည် အကြီးအကဲ ဆယ်ယောက်နှင့်အတူ လှမ်းလာသည်။

“ဘာဖြစ်တာလဲ”

ဟုန်တုသည် ရောက်လာသည်နှင့် သူ့တူ ဟုန်ပျောင်ကို လှမ်းမေးလေသည်။ သူ့အမေးကြောင့် ဟုန်ပျောင်က အသည်းအသန် ပြန်ဖြေလိုက်သည်။

“ပါမောက္ခချုပ်ဟုန်၊ ကျွန်တော် အခုလေးတင် သတင်းတစ်ခုရပြီးတော့ သူလျှိုစစ်သား တစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ဆရာမချင်ရွှယ်က သူ့ကို ကာကွယ်ပေးနေပါတယ်”

*ဘာ*

ဟုန်တုနှင့် အကြီးအကဲ ဆယ်ယောက်လုံး မျက်နှာပျက်သွားသည်။ သူတို့အားလုံး ယဲ့ဖန်ကို လှမ်းကြည့်လာသည်။ သူတို့က ယဲ့ဖန်ကို ကြည့်နေရုံသာမက ယဲ့ဖန်ကလည်း သူတို့ကို လှမ်းကြည့်နေသည်။ သူသည် နှုတ်ခမ်းကို တွန့်၍ လှောင်ပြုံးပြုံးနေသည်။

အဘယ်ကြောင့် တက္ကသိုလ်အတွင်း၌ နတ်ဘုရား စစ်တပ်၏ အငွေ့အသက်ကို ရနေရသလဲ ဆိုတာကို သူ ယခု နားလည်သွားလေတော့သည်။

*လတ်စသက်တော့ ဒီလိုကိုး*

“သူလျှိုလား”

ဟုန်တု၏ မျက်လုံးများက တောက်ပလာပြီး ယဲ့ဖန်ကို လည်ညှိုးထိုး၍ အော်ပြောလာသည်။

“သောက်ချီးတဲ့မှ ငါ သူ့ဆီကနေ နဂါးနက်တောင်ရဲ့ ကျင့်စဉ်ကို ခံစားမိနေတယ်”

“လာကြစမ်း၊ သူ့ကို ဝိုင်းဖမ်းကြ”

*ဘာ*

“ပါမောက္ခချုပ် ဟုန်တုက ရောက်လာသညနှင့် ယဲ့ဖန်၏ သူလျှိုနောက်ခံကို အတည်ပြုပေးနိုင်မည်ဟု အားလုံး ထင်မထားမိကြချေ။

ထိုအချိန်၌ ဘေးပတ်လည်မှ လူများအားလုံး အကြီးအကျယ် အမူအယာ ပြောင်းလာသည်။ လက်ရှိတွင် အားလုံးက ကြိုးစားချင်စိတ် ပြင်းထန်၍ ယဲ့ဖန်နှင့် တိုက်ခိုက်ချင်နေကြသည်။

ဤမြင်ကွင်းက ချင်ရွှယ်အား အလွန် မျက်နှာပျက်သွားစေသည်။ သူမ ဝင်ပါတော့မည့်အချိန်၌ ခြေသံတစ်သံ ထွက်လာပြီး လှပသော ဆရာမတစ်ယောက်က ယဲ့ဖန်ထံ လှမ်းလာသည်။ ထို့နောက် ပါမောက္ခချုပ် ဟုန်တုအား ဒေါသတကြီး ကြည့်၍ ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတာတွေ၊ သူက သူလျှိုမဟုတ်ဘူး”

*ဟမ်*

ထိုလှပသော ဆရာမကို မြင်ပြီး လူတိုင်း မှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမက ဆရာမ ယုဖေး ဖြစ်နေသောကြောင့်ပင်။

ယုဖေးသည် နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်၏ ရည်းစားဟောင်း ဖြစ်လေသည်။ ဤသည်မှာ လူတိုင်း သိကြသည့် ကိစ္စပင်။

ယုဖေးက တစ်ကိုယ်တည်းသမား ဖြစ်ပြီး စစ်နတ်ဘုရား ယဲ့ဖန်တစ်ယောက်တည်းကိုသာ ချစ်နေသောကြောင့် မည်သူ့ကိုမျှ လက်ခံခြင်း မရှိသည်ကို အားလုံး သိကြသည်။

နဂါးငွေ့တန်း စစ်နတ်ဘုရားကိုသာ စွဲလမ်းသည့် ဤလှပသော ဆရာမလေးက ရုတ်တရက် ထူးဆန်းသော အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးအတွက် ရပ်တည်ပေးလိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။

ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။

ပါမောက္ခချုပ် ဟုန်တုသည်လည်း မျက်နှာ သုန်မှုန်နေပြီး ယုဖေးက ဒေါသတကြီး စိုက်ကြည့် နေသည်။

“ယုဖေး မင်း ဘာလုပ်တာလဲ၊ မင်းက နတ်ဘုရား စစ်တပ်ရဲ့ သူလျှိုကို ကာကွယ်ပေး နေတာကိုရော သတိထားမိရဲ့လား”

“ဒီကိစ္စကို အရှင် စစ်နတ်ဘုရားသာ သိသွားရင် မင်း စစ်နတ်ဘုရားနဲ့ တွေ့ခွင့်ရရင်တောင်မှ အရှင်က မင်းကို လုံးတ ခွင့်လွှတ်မှာ မဟုတ်ဘူး”

*ဟမ်*

ပါမောက္ခချုပ် ဟုန်တုက စစ်နတ်ဘုရား ယဲ့ဖန်၏ အမည်ကို ရှေ့တန်းတင်၍ ပြောဆိုလာလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။

ထိုစကားကို ကြားသည်နှင့် ယုဖေးက ချက်ချင်း ပြန်ပြောချင်လာသည်။ ထိုစဉ် လက်တစ်ဖက်က သူမအား လာကိုင်လေ၏။ ယုဖေး မသိမသာ တောင့်ခနဲ ဖြစ်သွားရပြီး နောက်လှည့်ကြည့်လိုက် သောအခါ ယဲ့ဖန်ကို တွေ့လိုက်ရသည်။

“ရှင် …”

ထိုအချိန်၌ ယုဖေး၏ လှပသော မျက်ဝန်းများက စိုစွတ်၍ နီမြန်းလာသည်။ ဤလူက မျက်နှာပုံစံ ပြောင်းသွားလျင်တောင်မျ သူ၏ ပုံရိပ်၊ မျက်လုံးနှင့် ပင်ကိုစရိုက်တို့က သူမနှလုံးသားထဲ နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီးသား ဖြစ်သည်။

သူမဘဝတွင် ယဲ့ဖန်နှင့် ဤမျှ နီးကပ်နိုင်သည့် အခွင့်အရေးမျိုး ရလာလိမ့်မည်ဟု ယုဖေး လုံးဝ ထင်မထားခဲ့မိပါ။

“မငြင်းနဲ့”

ယဲ့ဖန်က ယုဖေးနဲ့ ချင်ရွှယ်ကို အသာပြုံးပြလိုက်သည်။ ထို့နောက် ပါမောက္ခချုပ် ဟုန်တုအား စူးရဲစွာ လှမ်းကြည့်လိုက်သည်။

“မင်းက ဟုန်တုလား၊ ရှုကွမ်းရဲ့ တပည့်လား”

*ဟမ်*

ယဲ့ဖန်က ပါမောက္ခချုပ် ဟုန်တုနှင့် လေးစားရသော ဆရာရှုကွမ်း၏ အမည်ကို ခေါ်ရဲလောက် သည်အထိ ရဲတင်းလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

ထိုစကားက ဟုန်တုနှင့် ကျန်သူများအားလုံးကို ရူးမတတ် ဒေါသဖြစ်သွားစေသည်။ ပါမောက္ခချုပ် ဟုန်တုသည် ယဲ့ဖန်အား တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်၊ ငါက …”

သူ့စကားမဆုံးသေးခင်၌ ရွှေအိုရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

ရွှစ်!

ချက်ချင်းဆိုသလိုပင် ပါမောက္ခချုပ် ဟုန်တု၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် သူ့ဦးခေါင်းက ပြုတ်ကျလာသည်။

Chapter 515 လတ်စသက်တော့ … သူ ဖြစ်နေတာကိုး

ရွှစ်!

အံ့ဩစရာကောင်းသည့် မြင်ကွင်းတစ်ခုကို လူတိုင်း မြင်လိုက်ရလေသည်။ ပါမောက္ခချုပ် ဟုန်တု၏ လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သွေးများ ပန်းထွက်လာကာ သူ၏ ဦးခေါင်းက လည်ပင်းမှ တိခနဲ ပြတ်ကျလာသည်။

ဂလု!

အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း၏ နဖူးထက်မှနေ၍ ချွေးများ တဒီးဒီး စီးကျလာသည်။ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။

ဘုတ်!

ထိုစဉ် ပါမောက္ခချုပ် ဟုန်တု၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။ ထိုအခါမှ အားကစားကွင်းတစ်ခုလုံး ဆူညံသွားလေသည်။

“မြတ်စွာဘုရား၊ ပါမောက္ခချုပ် အသတ်ခံလိုက်ရပြီ။ ဒီမျိုးမစစ်ကောင်က တကယ်ကို နတ်ဘုရား စစ်တပ်ရဲ့ သူလျှိုပဲ”

“လာကြဟေ့ သူ့ကို သတ်ကြမယ်၊ ပါမောက္ခချုပ်အတွက် လက်စားချေကြမယ်”

“သောက် နတ်ဘုရားစစ်တပ် သူလျှိုတွေ၊ သူတို့ သေကိုသေရမယ်”

“…”

ထိုသို့သောအချိန်၌ အားလုံး အသိဝင်လာကြပြီး ဟုန်ပျောင် အပါအဝင် ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး ယဲ့ဖန်ကို သတ်ရန် ပြေးဝင်လာကြသည်။

“ရပ်လိုက်စမ်း”

ထိုစည် ကောင်းကင်ထက်မှ ကျယ်လောင်သော အော်သံကြောင့် အားလုံး တစ်ကိုယ်လုံး တုန်ယင်သွားသည်။

ဟုန်ပျောင်နှင့် အခြားသူများ ခပ်သွက်သွက် ရပ်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက် ကြသည်။

ထိုအခါ အားလုံး၏ အကြည့်အောက်၌ လူအိုကြီး နှစ်ယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ဆံပင်များ ဖွေးစွတ်နေသည့် အဘိုးအိုနှစ်ယောက်ကိုမြင်ပြီး ဟုန်ပျောင်နှင့်အတူ တက္ကသိုလ်ထဲမှ ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး မြေကြီးပေါ် ဝပ်တွား၍ အရိုအသေ ပေးကြလေသည်။

“ဆရာသခင်ကြီးကို အရိုအသေ ပေးပါတယ်”

“ဒုဆရာသခင်ကြီးကို အရိုအသေ ပေးပါတယ်”

ထိုအသံသည် ကမ္ဘာကို တုန်လှုပ်သွားစေပြီး မြင်ကွင်းက ထိတ်လန့်ဖွယ် ကောင်းလှသည်။

ဆရာသခင်ကြီးသည် ကျန်းရှီ သိုင်းပညာ တက္ကသိုလ်၏ တည်ထောင်သူ ဖြစ်သည်။ သူတို့သည် ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး လေးစားရသည့် စစ်နတ်ဘုရား၏ အကြီးဆုံး တပည့်လက်ရင်း နှစ်ယောက်လည်း ဖြစ်ပေသည်။

ရှုကွမ်း၊ မာစတာလင်။

အားလုံး အရိုအသေပေးနေစဉ်အတွင်း၌ ရှုကွမ်းနှင့် မာစတာလင်တို့က မြေကြီးပေါ်သို့ ဆင်းလာကြသည်။

နှစ်ယောက်လုံးသည် မြေကြီးပေါ်မှ ပါမောက္ခချုပ် ဟုန်ထု၏ အလောင်းကို တစ်ချက်ကြည့် ပြီးနောက် ချက်ချင်း မျက်နှာပျက်သွားကြသည်။

ထိုသို့သောအချိန်၌ ဟုန်ပျောင်က သူတို့နှစ်ယောက်ထံသို့ လှမ်းလာပြီး ဒူးထောက်၍ အော်ပြောလေသည်။

“ဆရာသခင်ကြီး ကျွန်တော်က ပါမောက္ခ ဟုန်တုရဲ့တူပါ။ နတ်ဘုရား စစ်တပ်က သူလျှိုကို ကျွန်တော် ရှာတွေ့ခဲ့လို့ သတ်ပစ်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ချင်ရွှယ်နဲ့ ယုဖေးတို့ကပါ သူလျှိုဘက်က ကာကွယ်ပေးလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး။ ဒီသူလျှိုက အခွင့်ကောင်းကို အသုံးချပြီး ပါမောက္ခချုပ်ကို သတ်လိုက်ပါတယ်”

“ဆရာသခင်ကြီး ကျေးဇူးပြုပြီး အပြစ်ပေးပေးပါ”

ထိုသို့ပြောပြီး ဟုန်ပျောင်က ရှုကွမ်းနှင့် မာစတာလင်တို့ရှေ့၌ ဝပ်တွားလိုက်သည်။

သူသည်သာမကချေ၊ သူ့နောက်မှာ တက္ကသိုလ် အကြီးအကဲ ဆယ်ယောက်လုံးသည် သုန်မှုန်နေသော မျက်နှာထားနှင့် ယဲ့ဖန်အား မကျေမချမ်းကြည့်လိုက်ပြီး ဆရာသခင်ကြီး နှစ်ယောက်လုံးရှေ့၌ ဒူးထောက် ဝပ်တွားလိုက်ကြသည်။

“ကျေးဇူးပြုပြီး ဆရာသခင်ကြီးနှစ်ယောက်က ဦးဆောင်ပြီး သူလျှိုတွေကို သတ်ပစ်ပြီးတော့ ကျွန်တော်တို့ တက္ကသိုလ် ပြန်အေးချမ်းအောင် ပြုလုပ်ပေးပါ”

ထို့နောက် အားလုံးက ယဲ့ဖန်အား အလွန်တရာ မုန်းတီး၍ လူသတ်လိုသော အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။

ရှုကွမ်းနှင့် မာစတာလင်တောင်မှ သုန်မှုန်သွားပြီး လူသတ်လိုဟန်ဖြင့် လှမ်းကြည့်လာသည်။ သူတို့နှစ်ယောက် မေးခွန်းထုတ်တော့မည့်အချန်၌ ဓားရောင်များ လက်ခနဲ ဖြတ်ပြေးသွား ပြန်သည်။

ထို့နောက် လူတိုင်း ထိတ်လန့်ရသည့် မြင်ကွင်းတစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာသည်။ အားလုံး၏ အကြည့်အောက်မှာပင် တက္ကသိုလ်၏ အကြီးအကဲ ဆယ်ယောက်လုံး တောင့်ခနဲ ဖြစ်သွားသည်။

ရွှစ်!

အကြီးအကဲတစ်ယောက်၏ လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူ့ဦးခေါင်းသည် လည်ပင်းမှ တိခနဲ ပြတ်ကျလာသည်။ ရဲရဲနီသော သွေးများက လည်ပင်းမှ စီးကျလာ၏။

ထို့နောက် ဒုတိယမြောက် အကြီးအကဲ၊ တတိယမြောက် အကြီးအကဲ။

နောက်ဆုံးတွင် အကြီးအကဲ ဆယ်လောက်လုံး ခေါင်းပြတ်သွားပြီး ခေါင်းပြတ်သွားသော အလောင်းများက ဘုန်းခနဲ လဲကျလာကာ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

ရှုကွမ်းနှင့် မာစတာလင်တောင်မှ ထိတ်လန့်သွားရသည်။

“ီးပဲ၊ မင်းက …”

သူတို့ အလွန်အမင်း မျက်နှာ မည်းမှောင်လာသည်။ သူတို့လက်ထဲ၌ လက်နက်များ ထွက်ပေါ်လာပြီး ယဲ့ဖန်အား ချက်ချင်း ခုတ်ပိုင်းချင်လာကြသည်။

ထိုအချိန်၌ ယဲ့ဖန်သည် မကြောက်ရုံသာမက သူ၏ မျက်လုံးများက အလွန်တရာ အေးစက်နေ၏။

“နတ်ဘုရား စစ်တပ်က သူလျှိုတွေက မင်းတို့မျက်စိရှေ့တင် ရှိနေတာ၊ မင်းတို့နှစ်ယောက်က ဘာလုပ်နေလဲ”

အားကစားကွင်းထဲရှိ ဟုန်ပျောင်သာမက ဘေးပတ်လည်ရှိ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ အားလုံးသည် ဤသူလျှိုက လူသတ်ထားပြိး မကြောက်သည့်အပြင် ဆရာသခင်ကြီး နှစ်ယောက်ကို ပြန်၍ မေးခွန်းထုတ်နေသည်။

“ခွေးမသား … ရဲတင်းလိုက်တာ၊ မင်း ရူးနေပြီ၊ မင်းကများ မေးခွန်းထုတ် …”

ထိုအချိန်၌ ဟုန်ပျောင်သည် ဒေါသထွက်ကာ ယဲ့ဖန်အား ပြန်အော်လိုက်သည်။ သို့သော် ယဲ့ဖန်၏အသံကို ကြားသည်နှင့် မာစတာ ရှုကွမ်းနှင့် မာစတာလင်တို့ တုန်ယင်သွားသည်ကို သူ မသိလိုက်ပေ။ နှစ်ယောက်လုံး မျက်ခုံးလှုပ်နေကြသည်။

ထို့နောက် နှစ်ယောက်လုံးသည် ယဲ့ဖန်ဘက်လှည့်၍ ချက်ချင်း ဒူးထောက်လာသည်။

“ရှုကွမ်းက သခင်ကြီးကို အရိုအသေ ပေးပါတယ်”

“လင်လင်းစုက သခင်ကြီးကို အရိုအသေ ပေးပါတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်ရှေ့၌ ဆရာသခင်ကြီး နှစ်ယောက်သည် မှင်တက်နေသော မျက်နှာထားများဖြင့် တုန်လှုပ်နေကြလေသည်။

*ဘာ*

ဤမြင်ကွင်းက အားလုံးကို အံ့အားသင့်သွားစေသည်။ အထူးသဖြင့် ဟုန်ပျောင်သည် ပြောချင်သည့် စကားများက လည်မျိုသို့ ရောက်နေသော်လည်း ပြန်မျိုချလိုက်ရသည်။

ဂလု!

ဟုန်ပျောင်သည် မျက်လုံးကျွတ်ကျမတတ် ဖြစ်နေ၏။

“သ … သခင်ကြီးတဲ့လား”

ထို့နောက် သူသည် ယဲ့ဖန်အား လှမ်းကြည့်မိပြီး ရင်တုန်ပန်းတုန်ဖြစ်ကာ လည်ချောင်းထဲမှ နှလုံးခုန်ထွက်လာလေမလားဟု ခံစားမိနေသည်။

*ဆရာသခင်ကြီးနှစ်ယောက်ရဲ့ သခင်ကြီးက ဟို … ဟို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးလား*

ဤသည်ကို တွေးမိပြီးနောက် ဟုန်ပျောင် ကြောက်လန့်လာသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ မျက်လုံးများသည် အေးစက်နေပြီး သူ၏ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲလာပြီးနောက် မူလအသွင် ပြန်ပေါ်လာသည်။

*ဟာ*

ဤမြင်ကွင်းကြောင့် အားလုံး မိုးကြိုးပစ်ချခံရလိုက်ရသကဲ့သို့ ဖြစ်ကာ အံ့ဩနေကြသည်။

သူက သူတို့ နေ့တိုင်း သွားရောက်၍ အရိုအသေပေးခဲ့သော၊ သူတို့ လေးစားခဲ့သည့် နတ်ဘုရား ဖြစ်နေသည်။

ယခုအချိန်၌ အားလုံးသည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်ယင်၍ ခြောက်ခြားနေကြသည်။

ထို့နောက် အားကစားကွင်းထဲမှ ဆရာများနှင့် ကျောင်းသား ကျောင်းသူများအားလုံးက ယဲ့ဖန်ကို တအံ့တဩ ငေးကြည့်နေသည်။

ဟုန်ပျောင်တောင်မှ ကြက်သီးထကာ ခြေထောက်များ ပျော့ခွေ့၍ လဲကျသွားသည်။

နှုတ်ဆက်သံများက ကောင်းကင်ယံသို့ ပဲ့တင်ထပ်လာသည်။

“နဂါးငွေ့တန်း စစ်နတ်ဘုရားကို ဂါဝရပြုပါတယ်”

“နဂါးငွေ့တန်း စစ်နတ်ဘုရားကို ဂါဝရပြုပါတယ်”

“…”

ထိုအခါမှသာ အားကစားကွင်းထဲရှိ ဟုန်ပျောင်၊ ဆရာလီနှင့် လူတိုင်းနီးပါး အရာအားလုံးကို နားလည်သွားကြလေသည်။

အဘယ်ကြောင့် ချင်ရွှယ်က ဤလူကို ကျောင်းထဲ လိုက်ပြရသလဲ ဆိုသည့်အချက်နှင့် ဘာကြောင့် ယုဖေးက ယဲ့ဖန်အတွက် ရှေ့ထွက်ရပ်၍ ကာကွယ်ပေးနေခဲ့သလဲဆိုတာကို နားလည်သွား ကြသည်။

ရတနာခန်းမထဲမှ ရတနာများအားလုံး ချက်ချင်း မိုးကောင်းကင်အဆင့်သို့ အဆင့်တက် သွားကြသလဲ ဆိုတာကိုပါ နားလည်သွားသည်။

*လတ်စသက်တော့ … သူ ဖြစ်နေတာကိုး*

ယခုအချိန်၌ အားလုံး အလွန် ထိတ်လန့်နေကြသည်။ ပါမောက္ခချုပ်နှင့် အကြီးအကဲ ဆယ်ယောက်တို့က နတ်ဘုရား စစ်တပ်၏ သူလျှိုများ ဖြစ်နေကြောင်းကိုလည်း သူတို့ ရိပ်စားမိ သွားသည်။

ယဲ့ဖန်က သူ၏နောက်ခံကို အရင်ထုတ်မပြောရသည့် အကြောင်းရင်းမှာ ထိုသူများကို သတ်ချင်၍သာ ဖြစ်လေသည်။

ဤသည်ကို တွေးမိပြီးနောက် ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး ရှက်ရွံ့သွားကာ မျက်နှာအား အားနှင့် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားမိသွားကြသည်။

သူတို့သည် နတ်ဘုရား စစ်တပ်မှ သူလျှိုများ၏ အမိန့်ကို နားယောင်ပြီး နဂါးငွေ့တန်း စစ်နတ်ဘုရားကို ဝိုင်းသတ်မိလုနီးပါး ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိကြသည်။

သူတို့ အလွန် မျက်လုံးကန်းခဲ့မိကြသည်။ ထိုစဉ် ယုဖေး၏ ကိုယ်လေးက တုန်ယင်သွားပြီး ကြည်လင်သော မျက်ရည်များက တတောက်တောက် စီးကျလာသည်။

“တကယ်ပဲ သူကိုး၊ ငါ ထင်တာ မှန်နေတာပဲ၊ ငါ ထင်တာ မှန်နေခဲ့တာပဲ”

ယုဖေးရင်ထဲ မခံချိမခံသာ ဖြစ်လာသည်။ ဒူးထောက်နေသော ဆရာများနှင့် ကျောင်းသား ကျောင်းသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမဘေးမှ သူ့ကို ပြန်ကြည့်လိုက်သည်။ သူမ မည်မျှ ကြိုးစားပါစေ၊ သူမ သူနှင့် တစ်တန်းတည်း ဖြစ်မလာနိုင်မှန်း သူမ သိနေ၏။

သူသည် ကမ္ဘာမြေ၏ နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

Chapter 516 ယနေ့ခေတ် ကမ္ဘာမြေသားတွေက မိုးကောင်းကင်ရဲ့ အရှင်သခင်တွေပဲ

တောက်! တောက်!

အားကစားကွင်းရှိ လူတိုင်း၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလျက် ရှိသည်။ လူတိုင်း ကြက်သီးမွေးညင်းထကာ တုန်လှုပ်နေကြသည်။

နဂါးငွေ့တန်း စစ်နတ်ဘုရား။

ကမ္ဘာမြေ၏ ကာကွယ်စောင့်ရှောက်သူ၊ အားလုံး၏ စံပြပုဂ္ဂိုလ်က ယခု အားလုံး၏ မျက်စိရှေ့၌ အရှင်လတ်လတ် ရောက်ရှိနေသဖြင့် ကျောင်းသားကျောင်းသူများစွာတို့အား စိတ်လှုပ်ရှား သွားစေသည်။ ဆရာ၊ ဆရာမများစွာတို့သည်လည်း စိတ်လှုပ်ရှားနေကြသည်။

ဆရာသခင်ကြီးနှစ်ယောက် ဖြစ်သော ရှုကွမ်းနှင့် မာစတာလင်တို့သည် ရှက်ရွံ့၍ မှင်တက်နေကြသည်။

“သခင်ကြီး၊ ဒီတပည့်ရဲ့ ပေါ့ဆမှုကြောင့် နတ်ဘုရား စစ်တပ်က သူတွေက ကျောင်းတော်ထဲကို စစ်ဆေး မေးမြန်းခြင်း မခံရဘဲ ရောက်နေခဲ့တာပါ။ သခင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အပြစ်ပေးပါ”

ထိုစကားကိုကြားပြီးနောက် မြေကြီးပေါ် ဒူးထောက်နေသည့် ဆရာသခင်ကြီး နှစ်ယောက်ကို ကြည့်ကာ လူအုပ်ထဲမှ ဟုန်ပျောင်တစ်ယောက် ထိတ်လန့်ကာ သွေးပျက်နေ၏။

သူသည် ကမ္ဘာမြေ၏ အထင်ကရ ပုဂ္ဂိုလ်အား သွားရန်စလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ထိုသို့သောအချိန်၌ သူသည် တစ်ခဏမျှ တွေဝေနေပြီးနောက် သူ့ခန္ဓာကိုယ်အား ဝပ်တွား၍ နောက်သို့ ဆုတ်လိုက်သည်။

ဤနေရာမှ ထွက်ပြေးရန် အဆင်သင့် ဖြစ်နေသည်။ ထိုစဉ် ရေခဲတမျှ အေးစက်သော အကြည့်က သူ့အား မလှုပ်နိုင်အောင် ပြုလုပ်လာပြီး သူ့အား လူတစ်ကိုယ်လုံး အေးစက်နေသော ရေထဲသို့ ကျရောက်သွားသည့်အလား ခံစားသွားရစေသည်။

“ဘာလဲ ပြေးချင်တာလား”

ဟုန်ပျောင် မော့ကြည့်လိုက်သောအခါ ယဲ့ဖန်က အသာပြုံး၍ သူ့ကို လှမ်းကြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ဟုန်ပျောင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

“စစ်နတ်ဘုရား ချမ်းသာပေးပါ၊ ဒီအသုံးမကျတဲ့ကောင်က စစ်နတ်ဘုရား ရောက်လာတာကို မသိလိုက်ပါဘူး၊ ကျွန်တော်မျိုး မျက်စိကန်းနေခဲ့ပါတယ်”

“ကျေးဇူးပြုပြီး စစ်နတ်ဘုရား ခွင့်လွှတ်ပေးပါ”

ထိုသို့ပြောပြီး ဟုန်ပျောင်က တုန်တုန်ယင်ယင်နှင့် လေးဘက်ထောက် ဝပ်တွားနေ၏။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က ပြုံးသာပြုံးနေလိုက်သည်။

“တကယ့် ဟုန်တု၊ ဟုန်ပျောင်နဲ့ အကြီးအကဲ ဆယ်ယောက်ကို သတ်လိုက်တာ မင်းလား”

*ဟမ်*

ယဲ့ဖန်၏ စကားအဆုံး၌ ရှုကွမ်း၊ မာစတာလင်နှင့် အားကစားကွင်းရှိ ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး မျက်နှာပျက်သွားကြသည်။

*သူလျှိုလား*

*ဒါဆို ဒီဟုန်ပျောင်က အတုကြီးလား*

လူတိုင်း မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ ဟုန်ပျောင်သည် ထိုစကားကို ကြားပြီးနောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်၍ မျက်နှာက စက္ကူကဲ့သို့ ဖြူစုတ် သွားသည်။

“ဒီ … ဒီလူက သခင်ကြီး ဘာပြောတာလဲဆိုတာကို မသိပါဘူး …”

*မသိဘူးတဲ့လား*

ယဲ့ဖန် ရယ်လိုက်သည်။ သူ ရယ်လိုက်မှ ပို၍ ကြောက်စရာ ကောင်းနေသည်။ ထို့နောက် သူသည် သေဆုံးသွားသော ပါမောက္ခချုပ် ဟုန်တုနှင့် အကြီးအကဲ ဆယ်ယောက်ရှိရာဘက်သို့ လက်ဝှေ့ယမ်း လိုက်သည်။

ထိုအခါ အလောင်း ဆယ့်တစ်လောင်းမှနေ၍ စိတ်ဝိညာဉ် စုတ်ပြဲသံများ ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်၏ အော်သံများက ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ ထိုအလောင်းများမှ နတ်ဘုရား စိတ်ဝိညာဉ် ဆယ့်တစ်ခု ထွက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။

ထိုမျှနှင့် မပြီးသေးချေ၊ နတ်ဘုရား စိတ်ဝိညာဉ်များ စုတ်ဖြဲခံလိုက်ရပြီးနောက် မြေကြီးပေါ်ရှိ ဟုန်တုနှင့် အကြီးအကဲ ဆယ်ယောက်၏ဦးခေါင်းများသည် တွန့်လိမ်၍ အသွင်ပြောင်း လာပြီးနောက် ထူးဆန်းသော မျက်နှာ ဆယ့်တစ်ခု ဖြစ်သွားလေသည်။

*ဒါက …*

ရှုကွမ်းနှင့် အခြားသူများအားလုံး မျက်နှာပျက်သွားကြသည်။

*တကယ်ပဲကိုး*

*တက္ကသိုလ်ရဲ့ ရာထူးကြီးတဲ့ လူဆယ့်တစ်ယောက်လုံးက အတုတွေ ဖြစ်နေတာပဲ*

ငရဲမီးများနှင့် လောင်မြှိုက်ခံရသောကြောင့် နတ်ဘုရား စိတ်ဝိညာည် ဆယ့်တစ်ခုလုံး ခြောက်ခြားလာကြသည်။

“အရှင် နတ်ဆိုးဧကရာဇ် ဒီမလောက်လေး မလောက်စားတွေကို အသက်ချမ်းသာပေးပါ၊ အရှင် နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှဝ်ပေးပါ။ ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိပြီးတော့ အရှင် နတ်ဆိုးဧကရာဇ်အပေါ် အမြဲ သစ္စာရှိသွားပါ့မယ်”

နတ်ဘုရား စိတ်ဝိညာဉ် ဆယ့်တစ်ခုလုံး သွေးပျက်နေကြသည်။ သူတို့အား ယဲ့ဖန်၏ နတ်ဆိုးချီမျှင်စုများက ရစ်ပတ်ထားပြီး သူတို့ မည်မျှ ရုန်းကန်ပါစေ သူတို့ နည်းနည်းလေးမျှ မလွတ်နိုင်ပေ။

ဤမြင်ကွင်းကိုကြည့်ပြီး ဟုန်ပျောင် ပြာနှမ်းလာသည်။ ထိုစဉ် ယဲ့ဖန်၏ ခက်ထန်သော အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။

“ကျန်တဲ့ နတ်ဆိုးစစ်တပ်အားလုံး အခု ဘယ်မှာလဲ”

“ပြောရင် ကောင်းကောင်း သေခွင့်ရမယ်၊ မပြောလို့ကတော့ မင်း ပြောလာအောင် လုပ်မယ်”

ယဲ့ဖန်၏ စကားသံနှင့်အတူ ငရဲမီးများက ပို၍တောက်လောင်လာသည်။ နတ်ဘုရား စိတ်ဝိညာဉ် ဆယ့်တစ်ခုသည် သူတို့၏ စိတ်ဝိညာဉ်မှ အစိတ်အပိုင်းအားလုံး စုတ်ဖြဲခံရသည်ဟု ခံစားမိပြီး နာကျင်မှုကြောင့် အသည်းအသန် အော်ဟစ်မိသည်။

“ရပ် ရပ်”

“ကျွန်တော်တို့ ပြောပါ့မယ်၊ ကျွန်တော်တို့ အားလုံး ရှင်းပြပါ့မယ်”

ထိုအခိုက်တွင် နတ်ဘုရား စိတ်ဝိညာဉ် ဆယ်တစ်ခုသည် ဘာတစ်ခုမှ မဖုံးကွယ်ရဲတော့ပဲ အားလုံး ထုတ်ပြောလာသည်။

“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ ကျွန်တော်တို့ ရှုံးနိမ့်သွားပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ကမ္ဘာမြေက သိုင်းပညာရှင်တွေအဖြစ် ဖုံးကွယ်ခဲ့ပါတယ်၊ ပြီးတော့ အသက်ရှင်ဖို့ အလုံခြုံဆုံး နေရာကို ရှာဖို့အတွက် ပါမောက္ခချုပ်ဟုန်တုကို သတ်ခဲ့ပါတယ်”

“နောက်တော့ တက္ကသိုလ်ထဲ ဝင်ရောက်လာပြီးတော့ အကြီးအကဲ ဆယ်ယောက်ကို သတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အစပိုင်းတုန်းက တက္ကသိုလ်ရဲ့ ဆရာအားလုံးကို ထိန်းချုပ်ဖို့ ကြံစည်ထားခဲ့တာပါ။ ကျွန်တော်တို့မှာ အဲ့လိုလုပ်နိုင်တဲ့ အချိန်လည်း ရပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ဟုန်ပျောင်ကိုပဲ ဝင်စီးထားရပါသေးတယ်”

“အရှင် … နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေါးပါ၊ ကျွန်တော်တို့ ပါမောက္ခချုပ် ဟုန်တုနဲ့ အခြားသူတွေရဲ့ နေရာကို ဝင်ဖြည့်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အင်အားကို ကမ္ဘာမြေအတွက် ဖြည့်ဆည်းပေးပြီးတော့ အရှင်တို့ကို ခစားပါ့မယ်”

နတ်ဘုရား စိတ်ဝိညာဉ် ဆယ်တစ်ခုလုံး အလွန် ကြောက်လန့်၍ သွေးပျက်နေကြသည်။ သူတို့စကားကို ကြားပြီးနောက် အားကစားကွင်းတစ်ခုလုံး ပွက်လောရိုက်လာသည်။

“သေသွားပြီလား”

“ပါမောက္ခချုပ် ဟုန်တု သေသွားပြီလား”

“အကြီးအကဲ ဆယ်ယောက်လည်း သေသွားပြီတဲ့လား”

“ဒီလူတွေက နတ်ဘုရားစစ်တပ်က သူလျှိုတွေပဲ ပြီးတော့ သူတို့က တက္ကသိုလ်ထဲ ခိုးဝင်ပြီး ဆရာအားလုံးကို ထိန်းချုပ်ပြီးတော့ ကျောင်းကို ထိန်းချုပ်ချင်နေကြတယ်တဲ့”

ထိုစကားများက ဆရာများနှင့် ကျောင်းသားကျောင်းသူများအား တုန်လှုပ်သွားစေခဲ့သည်။ အကယ်၍ ဤလူများ၏ အကြံအစည်သာ အောင်မြင်သွားပါက ကမ္ဘာမြေရှိ လူသားမျိုးနွယ်များ အပေါ်ဘေးအန္တရာယ် အသစ်တစ်ခု ကျရောက်လာနိုင်သည်။

ထို့နောက် ဆရာများနှင့် ကျောင်းသားကျောင်းသူများက ဟုန်ပျောင်အား ပြိုင်တူ ပိတ်ဆို့ ဝိုင်းရံလာကြသည်။

ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသားကျောင်းသူများ၏ လူသတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိပြီး ဟုန်ပျောင် အလွန် လန့်ဖြန့်သွားသည်။ သူ၏ဘောင်းဘီဂွကြားမှ ဆီးများ ထွက်ကျ လာသည်။

သူ့မျက်နှာထားက တဖြည်းဖြည်း တွန့်လိမ်၍ ပြောင်းလဲလာပြီးနောက် ထူးဆန်းသော မျက်နှာတစ်ခု ဖြစ်လာသည်။

သူ လေးဘက်ထောက်ရင်း ရှေ့သို့တိုးလာကာ ယဲ့ဖန်ရှေ့ ဝပ်တွား၍ အသနားခံလေသည်။

“နတ်ဆိုး … အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန် … ကျွန်တော်က ဟုန်ပျောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် နဂါးနက်တောင် နယ်မြေကို စွန့်ပစ်ချင်စိတ် ရှိပါတယ် ပြီးတော့ ကမ္ဘာမြေသားအဖြစ် နေထိုင်ပါ့မယ်။ အရှင် ကျွန်တော့်ကို ညှာတာပေးမယ်လို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီး ဟုန်ပျောင်သည် သူ့ခေါင်းဖြင့် ယဲ့ဖန်အား တိုးဝှေ့နေ၏။ ကြောက်လန့်နေကြသည်၊ ယခုအချိန်၌ နတ်ဘုရား စိတ်ဝိညာဉ် ဆယ့်တစ်ခုနှင့် ဟုန်ပျောင်တို့၏ စိတ်ထဲတွင် အလွန်အမင်း ကြောက်လန့်နေကြသည်။

သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက ပို၍အေးစက်လာသည်။

“ငါက မင်းကို မသတ်ဘူးဆိုရင်တောင်မှ သူတို့က မင်းကို မသတ်ဘဲ နေပါ့မလား”

*ဘာ*

ဟုန်ပျောင်သည် ခေါင်းမော့၍ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သောအခါ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ၏ ဖိအားက သူ့အပေါ် အလွန် ကျရောက်လာသည်။

“မလုပ်နဲ့”

ဟုန်ပျောင် သွေးပျက်ကာ အော်လိုက်မိသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် မရေတွက်နိုင်သော ဆရာများနှင့် ကျောင်းသားကျောင်းသူများကြောင့် နုတ်နုတ်စင်း ခံလိုက်ရသည်။

ထို့နောက် ယဲ့ဖန်က လက်ကို တစ်ချက်လှုပ်၍ ဟုန်ပျောင်၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။ ထို့အတူ ကြောက်မက်ဖွယ် ငရဲမီးများ တောက်လောင်လာ၏။

မျက်စိတ်စ်မှိတ်အတွင်း၌ နတ်ဘုရား စိတ်ဝိညာဉ် ဆယ့်နှစ်ခုလုံးသည် စိတ်ဓာတ်ကျ၍ မရှုမလှ သေဆုံးကာ ပြာဖြစ်သွားကြလေသည်။

ထိုသို့သောအချိန်၌ နတ်ဘုရား စစ်တပ်၏ အကြွင်းအကျန်လူများ ပျက်စီးသွားတော့သည်။ ထို့နောက်တွင် ရှုကွမ်းနှင့် မာစတာလင်းတို့ ဦးဆောင်သော ဆရာများနှင့် ကျောင်းသား ကျောင်းသူများ အားလုံးက ယဲ့ဖန်ရှေ့ ရှက်ရွံ့နေသော မျက်နှာများနှင့် ထပ်၍ ဒူးထောက် လာကြပြန်သည်။

“ကျွန်တော် သေချာ မစစ်ဆေးနိုင်ခဲ့ပါဘူး၊ နဂါးငွေ့တန်း စစ်နတ်ဘုရား အပြစ်ပေးပါ”

အားလုံး ခေါင်းငုံ့ထားကြသည်။ ထိတ်လန့်စရာ ကောင်းလှသည်။ ထောင်ချီသော လူများက ဒူးထောက်၍ အပြစ်ပေးရန် တောင်းဆိုနေကြသည်။ ဤသည်မှာ အလွန် ထိတ်လန့် အံ့အားသင့်စရာ ကောင်းလွန်းလှသည်။

သူတို့စကားကြောင့် ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။

“ဒီနေ့ကစပြီး ချင်ရွှယ်ကို ကျန်းရှီ သိုင်းပညာ တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ပြီး ယုဖေးကို ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်တယ်လို့ ကျုပ် ကြေညာတယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ လက်ချောင်းမှ ရွှေအိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ရွှယ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ရွှစ်!

ထို့နောက် ရွှေအိုရောင် အလင်းတန်းက ချင်ရွှယ်၏ မျက်ခုံးကြားထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ရုတ်တရက် ချင်ရွှယ် မျက်လုံးဖွင့်လိုက်သောအခါ သူမမျက်လုံးမှ ရွှေအိုရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူမ မျက်တောင် တဖျပ်ဖျပ် ခတ်နေမိသည်။

ထိုမျက်လုံးများသည် အရာအားလုံးကို မြင််နိုင်ပြီး စိတ်ဝိညာဉ်ကို ဖောက်ထွင်းနိုင်သည်ဟု ထင်မှတ်ရသည်။

“ဒါက ယင်ယန် နတ်ဆိုးမျက်လုံးပဲ၊ မင်း လူတစ်ယောက်ရဲ့ မျက်နှာအစစ်အမှန်ကို ထိုးထွင်းပြီး မြင်နိုင်တယ်၊ သူတို့တွေ ဘယ်လောက် ဟန်ဆောင်ဖုံးကွယ်ထားပါစေ ဒီမျက်လုံးအောက်မှာ ဘာမှ ပုန်းကွယ်မနေနိုင်ဘူး”

ယဲ့ဖန်၏ စကားကြောင့် ချင်ရွှယ္က နတ်ဘုရား စွမ်းအင်ကို စုစည်း၍ သူမမျက်လုံးထံသို့ ပို့လွှတ်လိုက်သည်။ ရုတ်တရက် ကမ္ဘာတစ်ခုလုံးက သူမမျက်စိအောက်သို့ ရောက်ရှိလာသလို သူမ ခံစားမိသွားသည်။

မည်သူ၏ ဖုံးကွယ်မှုကိုမဆို သူမ အလွယ်တကူ မြင်နိုင်နေသလို ခံစားနေရသည်။ ထို့နောက် ချင်ရွှယ်သည် ဝမ်းသာပျော်ရွှင်လာပြီး ယဲ့ဖန်ကို ဦးညွှတ်၍ အရိုအသေ ပေးမိသည်။

“စစ်နတ်ဘုရားကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ချင်ရွှယ်၏ မျက်နှာ အမူအရာက မသိမသာ ပြောင်းလဲလာပြီး ယဲ့ဖန်ကို မော့ကြည့်၍ ပြောလာသည်။

“စစ်နတ်ဘုရားက တက္ကသိုလ်ကို ရောက်လာခဲတယ်၊ ဆရာတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ကျင့်ကြံခြင်းအတွက် စိတ်အားတက်ကြွလာဖို့အတွက် စစ်နတ်ဘုရားကို တက္ကသိုလ်အတွက် ကျောက်စာရေးထိုးပေးဖို့ တောင်းဆိုချင်ပါတယ်”

*ကျောက်စာ ရေးထိုးပေးရမယ်*

သူမစကားကြောင့် ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး တွေဝေသွားသည်။ ထို့နောက် ဝမ်းသာအားရ အော်ဟစ်၍ ပြောဆိုလာကြသည်။

“ကျေးဇူးပြုပြီး စစ်နတ်ဘုရား ကျောက်စာ ရေးထိုးပေးပါ”

ပဲ့တင်ထပ်နေသော အသံနှင့် အားလုံး၏ မျှော်လင့်တကြီး ကြည့်နေသော မျက်နှာများကို ကြည့်ပြီး ယဲ့ဖန် မငြင်းရက်တော့ချေ။

ထို့နောက် ရွှေအိုရောင် ဓားကျိုး ထွက်ပေါ်လာပြီး အားကစားကွင်း၏ နံရံ၌ စာလုံးအချို့ကို ရေးထွင်းလိုက်သည်။

“ယနေ့ခေတ် ကမ္ဘာမြေသားတွေက မိုးကောင်းကင်ရဲ့ အရှင်သခင်တွေပဲ”

All Chapters