← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

Chapter 517 အမှောင်သခင် လွတ်မြောက်လာပြီ

“ယနေ့ခေတ် ကမ္ဘာမြေသားတွေက မိုးကောင်းကင်ရဲ့ အရှင်သခင်တွေပဲ”

ရိုးရှင်းသော စကားလေးတစ်ခွန်းပင်။ သို့သော် ထိုစကားတစ်ခွန်း ရေးထွင်းပြီးသည်နှင့် ထိုစာလုံးများမှ တိုင်းတာမရနိုင်သည့် ရှေးဟောင်း စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့လာသည်။

ထိုအငွေ့အသက်သည် လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာပြီး အားလုံးက တစ်ကိုယ်လုံး တုန်ယင် သွားစေသည်။

ဆရာများနှင့် ကျောင်းသားကျောင်းသူများအားလုံး ထိုစာကြောင်းကို ငေးကြည့်နေကြသည်။ ထိုသို့သောအချိန်၌ လူအုပ်ထဲမှ အဆင့်တက်လာသည့် အသံများ ထွက်ပေါ်လာ၏။ တစ်ယောက်ပြီးတစ်ယောက် ဝမ်းသာအားရ ဖြစ်လာသောအသံများဖြင့် အော်ဟစ်လာသည်။

“မြတ်စွာဘုရား၊ ငါ … ငါ နတ်ဘုရား သေနာပတိအဆင့်ကို ချိုးဖောက်ပြီး နတ်ဘုရား ဂိုဏ်းချုပ်အဆင့်ကို အဆင့်တက်သွားပြီပဲ”

“ငါ အဆင့်သုံးခုတောင် ချိုးဖျက်ပြီး နတ်ဘုရား ဂိုဏ်းချုပ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီပဲ”

“မယုံနိုင်စရာပဲ၊ ငါ နှစ်လလောက် ပိတ်ဆို့နေတဲ့ အတားအဆီးက ချက်ချင်း ကျိုးပေါက်သွားပြီ၊ ဒါက …”

“ဒီစာကြောင်းက၊ ဒါ … ဒါ ကျင့်စဉ်ပဲ”

ထိုသို့သောအချိန်၌ အားကစားကွင်းတစ်ခုလုံး ပွက်လောရိုက်နေ၏။ ဆရာများနှင့် ကျောင်းသား ကျောင်းသူများအားလုံး ထိတ်လန့် အံ့အားသင့်နေကြသည်။

ဤစာကြောင်းကို ဆက်ကြည့်နေပါက ခန္ဓာကိုယ်ထဲရှိ နတ်ဘုရား စွမ်းအင်များ ဆက်လက်၍ ပြင်းထန်စွာ ဆူပွက်လာပြီး ထူးဆန်းသော အငွေ့အသက် စွမ်းအင်များက ခန္ဓာကိုယ်ထဲမှနေ၍ ပေါက်ကွဲထွက်လာသည်ကို သတိထားမသိည်။

ထိုစာကြောင်း၌ စကြဝဠာ၏ အခြေခံ ဆန်းကြယ်မှုများ ပါဝင်နေပုံရသည်။ သာမန် ကျောင်းသား ကျောင်းသူများနှင့် ဆရာများသာမက ရှုကွမ်းနှင့် မာစတာလင်ပါ ထိတ်လန့်သွားသည်။

သူတို့နှစ်ယောက်၏ ခွန်အားက ရုတ်ချည်းဆိုသလို တစ်ဟုန်ထိုး တိုးတက်သွားပြီး နတ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလေသည်။

“စာလုံးကိုကြည့်ရုံနဲ့ အဆင့်တက်သွားတာပဲ”

“ဒါ … ဒါက ရှေးခေတ်တုန်းက ရှေးဟောင်းကျင့်စဉ်မှာပဲ ပေါ်လာနိုင်တဲ့ သဘာဝဖြစ်စဉ် မျိုးပါလား”

စိတ်လှုပ်ရှားနေသော သူတို့နှစ်ယောက်၏ စကားသံနှင့်အတူ အားကစားကွင်းတစ်ခုလုံး ဆူညံသွားလေ၏။

ဤစာကြောင်းသည် သာမန် ကျောက်စာမျိုး မဟုတ်ဘဲ ရှေးဟောင်း ကျင့်စဉ်တစ်စုံ ဖြစ်နေသည်။ တွေးပင် မတွေးဝံ့သည့် ကိစ္စမျိုးပင်။

ချက်ချင်းဆိုသလို လူတိုင်းသည် ယဲ့ဖန်အား ပို၍လေးစား ကြည်ညိုသော အကြည့်များဖြင့် ကြည့်လာကြသည်။ ထို့နောက် လူတိုင်းက ယဲ့ဖန်အား အကြိမ်ပေါင်းများစွာ အရိုအသေ ပေးလေတော့သည်။

“စစ်နတ်ဘုရားကို ကျေးဇူးတင်ပါတယ်”

ကျယ်လောင်သော အသံက မိုးပွင့်မတတ် ထွက်ပေါ်လာ၏။ ယဲ့ဖန်က ခေါင်းအသာ ညိတ်ပြလိုက်သည်။ ထို့နောက်တွင်မူ ချင်ရွှယ်နှင့် ယုဖေးတို့အား ပြုံးပြလေသည်။

ပြီးနောက် သူ လက်ဝါးကို လှုပ်ယမ်းလိုက်သောအခါ ဖားလောင်းအရွယ် နဂါးလေးတစ်ကောင်က လေထဲ ပျံသန်းရောက်ရှိလာ၏။

ချက်ချင်းဆိုသလိုပင် ထိုနဂါးလေးမှနေ၍ ဧရာမ ရှေးဟောင်းနဂါးအသွင်သို့ ပြောင်းလဲသွား လေသည်။ ၎င်း၌ နက်မှောင်နေသော ခန္ဓာကိုယ်ရှိပြီး တက္ကသိုလ် တစ်ခုလုံးအား အုပ်မိုးသွား လေသည်။

ယဲ့ဖန် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ဧရာမ နဂါး၏ ဦးခေါင်းပေါ် တက်ကာ မျက်စိရှေ့မှ ပျောက်ကွယ် သွားသည်။

ယဲ့ဖန် ထွက်သွားပြီး မကြာခင်မှာပင် အားကစားကွင်းတစ်ခုလုံး၌ မည်သူမျှ မရှိတော့ချေ။ အားလုံးက နံရံရှေ့သို့ ရောက်နေပြီး ထိုပေါ်မှ စာကြောင်းကိုသာ ကြည့်နေကြသည်။

“ယနေ့ခေတ် ကမ္ဘာမြေသားတွေက မိုးကောင်းကင်ရဲ့ အရှင်သခင်တွေပဲ”

ကမ္ဘာမြေသား သိုင်းပညာရှင်တိုင်း သွေးပွက်ပွက်ဆူသလို ခံစားလာရသည်။ သူတို့သည် ကမ္ဘာဂြိုဟ်က စကြဝဠာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်တော့မည်ဟု မြင်ယောင်နေကြသည်။

“ကျင့်ကြံရမယ်၊ ကျင့်ကြံရမယ်ကွ၊ ငါ အရူးအမူး ကျင့်ကြံချင်တယ်၊ တစ်နေ့ကျရင် ငါက စစ်နတ်ဘုရားဘေးမှာ ရပ်ပြီး သူနဲ့အတူ အဖော်လုပ်ပြီး ဂြိုဟ်တွေကြားမှာ သွေးသံတရဲရဲနဲ့ အရူးအမူး တိုက်ခိုက်ချင်တယ်”

ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှား၍ အလွန်အမင်း ရူးသွပ်ဟန် ထင်ဟပ်နေသော မျက်လုံးများဖြင့် ရေရွတ်လာသည်။

သူသည်သာမကချေ၊ သူ့ဘေးပတ်လည်မှ လူတိုင်းသည် အလွန်အမင်း ဝမ်းသာ၍ တက်ကြွ နေကြ၏။

“စစ်နတ်ဘုရား မျက်နှာပျက်ရအောင် ငါ လုပ်လို့ မဖြစ်ဘူး၊ ငါ သန်မာမှဖြစ်မယ်၊ ငါ ဂြိုဟ်တွေရဲ့ အရှင်သခင် ဖြစ်ချင်တယ်၊ ပြီးတော့ စစ်နတ်ဘုရားအပေါ် သစ္စာရှိချင်တယ်”

“ငါရောပဲ”

“…”

ချက်ချင်းဆိုသလိုပင် အားကစားကွင်း၌ အားလုံး အရူးအမူး ကျင့်ကြံလေတော့သည်။

ဆရာဖြစ်စေ၊ ကျောင်းသား ဖြစ်စေ၊ အားလုံး၏ စိတ်ထဲ၌ ဆန္ဒတစ်ခုက ပြင်းပြစွာ ကိန်းအောင်းနေ၏။ ထိုဆန္ဒမှာ စစ်နတ်ဘုရားကို အဖော်ပြု၍ မိုးကောင်းကင်အား လွှမ်းမိုးလိုသည့် ဆန္ဒပင် ဖြစ်လေသည်။

အားကစားကွင်း တစ်ခုလုံးမှ အရူးအမူး ကျင့်ကြံနေကြသော လူများကို ကြည့်ပြီး အသစ်စက်စက် ပါမောက္ခချုပ် ဖြစ်လာသူ ချင်ရွှယ်နှင့် ဒုတိယ ပါမောက္ခချုပ် ဖြစ်လာသူ ယုဖေးတို့ မနေနိုင်ဘဲ အချင်းချင်း ကြည့်လိုက်မိကြသည်။

ထို့နောက် အမျိုးသမီး နှစ်ယောက်လုံး အနေရခက်စွာ ရယ်မောလာကြသည်။ ယဲ့ဖန်၌ မည်သို့သော မှော်အစွမ်းမျိုး ရှိနေသလဲ သူမတို့ မတွေးတတ်တော့ချေ။ စာကြောင်းလေး တစ်ကြောင်းနှင့်တင် လူတိုင်းအား ရူးမတတ် ဖြစ်သွားစေသည်။

“သူနဲ့ဆိုရင် ကျွန်မတို့ ကမ္ဘာဂြိုဟ်က တစ်နေ့ မိုးကောင်းကင်ကြီးကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျွန်မ ထင်နေတယ်”

ယုဖေး၏ မျက်နှာလေး၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ သူမ ယဲ့ဖန်အကြောင်း ပိုသိသာလေ၊ သူမ သူ့ကို ပို၍ နက်ရှိုင်းစွာ ချစ်မိလာလေဖြစ်ပြီး အချစ်နွံ၌ နက်နက်နဲနဲကို ကျဆင်းသွားလေ ဖြစ်သည်ကို သူမ သတိထားလိုက်မိသည်။

ထို့အတူ ချင်ရွှယ်သည်လည်း ယဲ့ဖန် ပျောက်ကွယ်သွားသည့်ဘက်ကို လှမ်းကြည့်နေပြီး မျက်နှာလေးက အမူအယာ ပြောင်းနေသည်။

“ဟုတ်တယ်၊ သူနဲ့ဆိုရင် အရာအားလုံး ဖြစ်နိုင်တယ်”

…

ထိုအချိန်၌ ယဲ့ဖန်သည် သူ၏ စာကြောင်းက ဆရာများနှင့် ကျောင်းသား ကျောင်းသူများ၏ ဘဝကို သက်ရောက်လွှမ်းမိုးသွားကြောင်း မသိချေ။

သူသည် နတ်ဆိုးနဂါးကို စီး၍ အနောက်တောင်ဘက်ရှိ နတ်ဆိုးတောင်ကြားသို့ ဦးတည်နေသည်။

နတ်ဆိုးတောင်ကြား။ ထိုနေရာ၌ နတ်ဆိုးစွမ်းအင်များက ပိုကြွယ်ဝစွာ ထွက်ပေါ်လျက် ရှိသည်။

အဝင်ဝ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော တောအုပ်ထဲ၌ တည်ရှိပြီး အငွေ့အသက်များက နတ်ဆိုးဘုရင်၏ ပါးစပ်မှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာသည်ဟု ထင်မှတ်မှားရသည်။

နတ်ဆိုးတောင်ကြားပတ်လည်၌ ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းပညာရှင်များ မရေတွက်နိုင်လောက်အောင် ရှိနေကြသည်။ ထိုသူတို့သည် နတ်ဆိုးဘုရင် အမှောင်သခင်၏ ကျေးကျွန်များ ဖြစ်ကြသည်။

ကောင်းကင်ထက်မှ နဂါးတစ်ကောင် ဆင်းသက်လာသည်ကိုမြင်ပြီး နတ်ဆိုးများအားလုံးက ဒူးထောက်၍ မြေကြီးပေါ် ဝပ်တွားကာ အရိုအသေပေးလာသည်။

“နတ်ဆိုးတွေက သခင်ကြီးကို အရိုအသေပေးပါတယ်”

ထိုစကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

“ထတော့”

ထိုစကားအဆုံး၌ သူ လက်ကို အသာလှုပ်လိုက်သည်။ ရုတ်တရက် ထိတ်လန့်ဖွယ် စွမ်းအင်ကြီးတစ်ခုက နတ်ဆိုးများအပေါ် သက်ရောက်လာပြီး မမြင်ရသော လက်ကြီးတစ်ဖက်က သူတို့ကို ဖေးကူလာသလို ခံစားလိုက်ရသည်။

ဤသည်ကို ခံစားမိပြီးနောက် နတ်ဆိုးများ၏ ယဲ့ဖန်ကို ကြည့်လာသောအကြည့်က ပို၍ ဝမ်းသာ ကြည်နူးလာသည်။

“ပျံ့ကြဲစမ်း”

ထိုစဉ် ယဲ့ဖန်၏ အသံ ထွက်ပေါ်လာ၏။ သူ့စကားကြောင့် နတ်ဆိုးများအားလုံး မှင်တက်သွားကြသည်။ ထို့နောက် ယဲ့ဖန်က သူ့လက်ဝါးကို လှုပ်ခါလိုက်သောအခါ နတ်ဘုရား အမြုတေ အခုတစ်သောင်းနီးပါးက လေထဲ ထွက်ပေါ်လာသည်။

ထိုနတ်ဘုရား အမြုတေများသည် နဂါးနက် ဧကရာဇ် ဦးဆောင်သော နတ်ဘုရား စစ်တပ်၏ နတ်ဘုရား အမြုတေများ ဖြစ်လေသည်။

ထိုအမြုတေများ ပျံ့ကြဲသွားပြီးနောက် ထိတ်လန့်၍ နက်နဲသော အစီအရင်တစ်ခု ဖြစ်ပေါ် လာသည်။

“အမှောင်သခင် သွားကြစို့”

ယဲ့ဖန်သည် နတ်ဆိုးတောင်ကြား၏ ချိုင့်ဝှမ်းကို လှမ်းကြည့်၍ ပြောလိုက်သည်။

ဂါး!

သူ့စကားအဆုံး၌ နတ်ဆိုးတောင်ကြား၏ ချိုင့်ဝှမ်းမှနေ၍ ဟိန်းသံတစ်ခု ထွက်လာသည်. ချက်ချင်းဆိုသလိုပင် လက်တစ်စုံက မြေကြီးထဲမှ တိုးထွက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုသို့သောအချိန်၌ ကမ္ဘာမြေသည် တုန်ခါလာပြီး တောင်များ လှုပ်ယမ်းလာသည်။ ကမ္ဘာပျက်ကပ် ဆိုက်လာသကဲ့သို့ တောင်ပုလေးများ ပေါက်ကွဲသွားပြီး ကျောက်ဆောင်များ ပြိုကျလာသည်။

နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်မောင်းနှစ်ဖက်က မိုးကောင်းကင်သို့ ထောင်တက်လာပြီးနောက် မြေကြီးကို လက်ဖြင့်ထောက်လာသည်။

ဧရာမ လက်ဝါးရာကြီးနှစ်ခုက ကမ္ဘာ့မြေမျက်နှာပြင်၌ ထင်ကျန်ရစ်သွားသည်။ နတ်ဆိုးတစ်ကောင် မြေကြီးထဲမှ တိုးထွက်လာလေမလားဟု ထင်မှတ်ရသည်။

ထိုအချိန်၌ အမှောင်သခင်သည် ချိပ်ပိတ်ထားရာမှ လွတ်မြောက်ရန် ရုန်းကန်နေ၏။ ထူးဆန်းသော မှော်စာလုံးများက ရုတ်တရက် လင်းလက်လာပြီး အမှောင်သခင်အား ထပ်မံ၍ ချိပ်ပိတ်ထားချင်ပုံ ရသည်။

“ငါ့အတွက် ချိုးဖျက်လိုက်စမ်း”

ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေ၏။ သူ လက်ဖျောက်တီးလိုက်သောအခါ နတ်ဘုရား အမြုတေများက ချက်ချင်း ပေါက်ကွဲလာသည်။

ဝုန်း! ဝုန်း! ဝုန်း!

အက်ကွဲသံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေသည်။

ဆယ်ခု၊ အခုတစ်ရာ၊ အခုတစ်ထောင်။

…

မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရား အမြုတေ သုံးထောင်တိတိ ပေါက်ကွဲသွားပြီး ထိတ်လန့်ဖွယ် နတ်ဘုရားစွမ်းအင်များက ကောင်းကင်ထက်မှနေ၍ စည်းတံဆိပ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဂျွတ်! ဂျွတ်!

စည်းတံဆိပ်က ချက်ချင်း အက်ရာထင်လာသည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် မြေကြီးထဲမှ ဧရာမ ဦးခေါးတစ်လုံး ပြူထွက်လာသည်။ ဤသည်မှာ အမှောင်သခင်၏ ဦးခေါင်းပင်။

ဂါး!

အမှောင်သခင်သည် ကောင်းကင်ကို တစ်ဖန်ပြန်၍ မြင်လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှား နေသည်။ နတ်ဆိုးစွမ်းအင်များကလည်း အဆုံးအစမရှိ တိုးတက်လာသည်။ ဤသည်မှာ အစသာ ရှိသေးသည်။

ကောင်းကင်ထက်မှ နတ်ဘုရား အမြုတေများ တစ်ခုပြီး တစ်ခု အက်ကွဲသွားခြင်းနှင့်အတူ အမှောင်သခင်၏ နတ်ဆိုးခန္ဓာကိုယ်သည်လည်း မြေကြီးထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။

ထို့နောက် ရင်ဘတ် ထွက်ပေါ်လာသည်။ ဆက်လက်၍ ဝမ်းဗိုက်ပိုင်း ထွက်ပေါ်လာသည်။ တဖြည်းဖြည်း ခြေထောက်နှစ်ဖက် ပေါ်လာသည်။ နောက်ဆုံးတွင် ခြေဖဝါးနှစ်ဖက်ပါ စည်းတံဆိပ်အပြင်သို့ ရောက်ရှိလာ၏။

ကြောက်မက်ဖွယ် ဧရာမ နတ်ဆိုးတစ်ကောင်က ကမ္ဘာမြေထက်၌ မားမားမတ်မတ် ရပ်နေသည်။ သူ၏ဦးခေါင်းသည် ကောင်းကင်နှင့် ထိမတတ် ဖြစ်နေ၏။ နတ်ဆိုးခန္ဓာကိုယ်သည် မီတာ ထောင်ချီရှည်လျား၍ ရှေးဟောင်း ဘီလူးတစ်ကောင်ဟု ထင်မှတ်ရပြီး တစ်ကမ္ဘာလုံးအား တုန်လှုပ်သွားစေသည်။

အမှောင်သခင် လွတ်မြောက်လာလေပြီ။

Chapter 518 စစ်မှန်သော မသေမျိုး အလင်းသခင်

အဆုံးအစမဲ့သော စကြဝဠာကြီးအတွင်း၌ ဂြိုဟ်သေတစ်ခုတွင် သစ်ပင်ပန်းမန်များအားလုံး ညှိုးနွမ်း ခြောက်သွေ့၍ သေဆုံးနေပြီး အရိုးစုများက မြေပြင်အနှံ့ ပျံ့ကြဲနေသည်။

ထိုအရိုးစုများကြားထဲ၌ နတ်ဆိုးအရိုးစုများ၊ နတ်ဘုရားအရိုးစုများနှင့် အင်မော်တယ်တို့၏ အရိုးစုများ ရှိနေ၏။

ထိုဂြိုဟ်သည် အရိုးဖြူဂြိုဟ်တစ်ခုဟု ထင်မှတ်မှားရလောက်အောင် ဖြူစွတ်နေသော အရိုးများနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ထူးဆန်းသည်ကား ကျောက်တောင်ထွတ်၌ ခရမ်းရွှေရောင် ဝတ်ရုံနှင့် လူငယ်လေး တစ်ယောက်က ခြေချိတ်၍ ထိုင်လျက်ရှိသည်။ သူ့မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေး၍ ဩဇာကြီးမားပုံ ရသည်။

မိုးကောင်းကင်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ဖျက်ဆီးမရနိုင်သော ဖိနှိပ်နိုင်သည့် အရှိန်အဝါက သူ့ဘေးပတ်လည်၌ ရစ်ဝဲနေသည်။

“အား”

ထိုလူငယ်လေးရှေ့မှ အော်သံများ ထွက်ပေါ်နေသည်။ သေချာ ကြည့်မည်ဆိုလျင် သတ္တဝါ ခြောက်မျိုးအား ချုပ်နှောင်ထားသည်ကို တွေ့ရပေမည်။ သူတို့ အသည်းအသန် ရုန်းကန်လျင်တောင်မှ လွတ်မြောက်ရန် ခက်ခဲလှသည်။

ထိုသတ္တဝါ ခြောက်ကောင်သည် အလွန် ကြောက်လန့်လျက် ရှိသည်။ နှစ်ယောက်သည် နတ်ဘုရား သူတော်စင်ဖြစ်ပြီး တစ်ယောက်သည် အင်မော်တယ် သူတော်စင်ဖြစ်ကာ နောက်ထပ် နှစ်ယောက်သည် နတ်ဆိုး သူတော်စင်များ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာ တစ္ဆေ သူတော်စင်ပင် ဖြစ်လေသည်။

တစ်ယောက်ချင်းစီသည် ဂြိုဟ်နယ်မြေကို အစိုးရသူများ ဖြစ်ပြီး အကျော်အမော်များ ဖြစ်ကြသည်။ သို့သော် ယခုအခါတွင် သူတို့သည် သားရဲကောင်များကဲ့သို့ ချုပ်နှောင်ခံရပြီး မြေကြီးပေါ် ပစ်ချခံထားရသည်။

“နတ်ဘုရား သားတော် ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ် … ကျုပ် မူလရင်းမြစ်ကို ဖြည့်ဆည်းပံ့ပိုး ပေးပါ့မယ်၊ ကျုပ်ကို အသက်ချမ်းသာပေးဖို့ပဲ နတ်ဘုရား သားတော်ကို ကျုပ် တောင်းဆိုပါရစေ”

သူတော်စင်တစ်ယောက်က လူငယ်လေးအား အလွန် ကြောက်စရာကောင်းသော အရာတစ်ခုကို ကြည့်နေသကဲ့သို့ ကြောက်လန့်တကြား ကြည့်နေပြီး ကတုန်ကယင် ဖြစ်နေသည်။

ကျန်သတ္တဝါ ငါးကောင်သည်လည်း အလွန်အမင်း သွေးပျက်နေကြသည်။

“နတ်ဘုရား သားတော်၊ ကျုပ်က မကောင်းဆိုးဝါးဘုရင် ဖုန်းရွှမ်ရဲ့သားပဲ၊ တကယ်လို့ မင်း ငါ့ကို သတ်လိုက်တာကို မကောင်းဆိုးဝါးဘုရင် သိသွားရင် သူ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

“နတ်ဘုရား သားတော် ကျုပ်ဆရာက အင်မော်တယ် ကလန်က အင်မော်တယ်ဘုရင်ပဲ၊ မင်းတို့ နတ်ဘုရားမျိုးနွယ်နဲ့ နီးစပ်တယ်လေ၊ နတ်ဘုရား သားတော်က ကျုပ်ကို လွှတ်ပေးမယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

“နတ်ဘုရား …”

“….”

ထိုသို့သောအချိန်၌ သူတော်စင် ခြောက်ယောက်လုံးက ပြောဆိုနေကြသည်။ တစ်ယောက်ချင်းစီ၏ နောက်ခံက အလွန် ထင်ပေါ်ကျော်စောသော နောက်ခံများ ဖြစ်ကြလေသည်။

သို့သော် သူတို့ မည်မျှ ပြောဆိုနေပါသော်လည်း နတ်ဘုရား သားတော်ဟူသော လူငယ်လေးက တစ်စက်ကလေးမျှ မလှုပ်ပေ။

“ငါက လွဲရင် ဒီစကြဝဠာကြီးထဲ မသေမျိုး မျိုးစေ့က ခုနစ်ခု ရှိတယ်”

“ငါ ဘီလီယံနဲ့ ချီတဲ့ ဂြိုဟ်တွေကို ခရီးဆန့်ခဲ့ပြီးမှ ခြောက်ယောက်ကို အသက်ရှင်လျက် ဖမ်းမိခဲ့တယ်”

“ဒါပေမဲ့ မသေမျိုး မျိုးစေ့က နောက်တစ်ခု ကျန်နေသေးတယ်၊ ငါ သူ့ကို ခြေရာခံရမ ဖြစ်နေတာပဲ”

ငယ်ရွယ်သော နတ်ဘုရား သားတော်သည် မျက်မှောင်ကို ကြုတ်ထားသဖြင့် သူ၏ မျက်နှာထားက တင်းမာ ခက်ထန်လျက် ရှိသည်။

အချိန်အတော်ကြာပြီးနောက် သူသည် မျက်စိရှေ့မှ သတ္တဝါခြောက်ကောင်ကို လှမ်းကြည့်လိုက်ကာ နှုတ်ခမ်းကိုတွန့်၍ ထီမထင်ဟန် ပြုံးလိုက်သည်။

“ထားလိုက်ပါတော့၊ ဒီ မသေမျိုး မူလရင်းမြစ် ခြောက်ခုကို သန့်စင်ပြီးတာနဲ့ ငါက မသေမျိုး မျိုးစေ့ခုနစ်ခုရဲ့ စွမ်းအားကို ရလာမှာ၊ ဒီလိုဆို နောက်ဆုံးတစ်ခုရဲ့ ခြေရာကို နောက်ယောင်ခံ နိုင်ပြီ”

ထိုသို့တွေးလိုက်ပြီးနောက် ငယ်ရွယ်သော နတ်ဘုရား သားတော်သည် မတုံ့ဆိုင်းနိုင်တော့ချေ။ သူသည် လက်ကိုဝင့်၍ သူတော်စင်တစ်ယောက်၏ ဦးခေါင်းကို ဖမ်းဆုပ်၍ စွမ်းအား အနည်းငယ် ထုတ်သုံးလိုက်သည်။

ဂျွတ်!

ထိုသူတော်စင်၏ ဦးခေါင်းမှ အက်ရာများ ထွက်ပေါ်လာသည်။ ထိုသူ အလွန် ကြောက်လန့်၍ သွေးပျက်သွားသည်။ ကြေးချွတ်သန့်စင်ဘုံမှ နာကျင်မှုကို ခံစားရသကဲ့သို့ နာကျင်စွာ အော်ဟစ်လိုက်မိသည်။

နောက်ဆုံးတွင် သူ၏မျက်လုံးထဲမှ ကြောက်စိတ်နှင့် စိတ်ဓာတ်ကျဟန်များက ငြိမ်သက် သွားသည်။ ထို့နောက် နတ်ဘုရား သားတော်က မသေမျိုး မူလရင်းမြစ် စွမ်းအင်ကို ထုတ်ယူ လိုက်သည်။

စုတ်ပြဲသံနှင့်အတူ မသေမျိုး စွမ်းအင်က လုံးဝ ထုတ်ယူခံလိုက်ရကာ ထိုသူ၏ ဦးခေါင်းသည်လည်း ရုတ်တရက် ပေါက်ကွဲသွားလေတော့သည်။

ထိုသူတော်စင်၏ ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် လဲကျသွားချိန်တွင် ကျန်ရှိနေသော ငါးယောက်လုံး တတုန်ကယင် ဖြစ်နေကြသည်။

လူမဆန်လွန်းလှသည်။ နတ်ဘုရား သားတော်၏ လူမဆန်မှုက သူတို့အား အလွန် ထိတ်လန့်သွားစေသည်။

သို့သော် နတ်ဘုရား သားတော်က ကျန်လူများ၏ ကြောက်စိတ်ကို အရေးမလုပ်ချေ။ သူသည် လက်ကို ဖိချေ၍ မသေမျိုး မူလရင်းမြစ်ကို ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် ထိုမူလရင်းမြစ်အား သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်ပြီး ဖြည်းဖြည်းချင်း သန့်စင်လိုက်သည်။

နတ်ဘုရား သားတော်က မသေမျိုး ခန္ဓာကိုယ်၏ မူလရင်းမြစ်ကို စုပ်ယူလိုက်ပြီးနောက် သူ၏ အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်ကို အားလုံး ရှင်းလင်းစွာ ခံစားမိသည်။

ရှေးဟောင်း သားရဲတစ်ကောင်လေအလား ကြောက်မက်ဖွယ် ကောင်းလှသည်။

တစ်ရက်နှင့် တစ်ညကြာပြီးနောက် နတ်ဘုရား သားတော်သည် ပထမဆုံးသော မသေမျိုး ခန္ဓာကိုယ်၏ မူလရင်းမြစ်ကို သန့်စင်ပြီးသွားလေသည်။

ချက်ချင်းဆိုသလိုပင် သူသည် ဘယ်လက်ဖြင့် နတ်ဆိုး သူတော်စင်ကို ဖမ်းဆီးကာ ညာလက်ဖြင့် တစ္ဆေသူတော်စင်ကို ဖမ်းဆီး၍ အရူးအမူး သန့်စင်လေတော့သည်။

“အား…”

ကြောက်လန့်တကြား အော်ဟစ်နေသံများက ဂြိုဟ်သေတစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။ နတ်ဆိုးများ သောင်းကျန်နေသလား ထင်မှတ်ရသည်။

နောက်ထပ် နှစ်ရက်ကြာပြီးနောက် နတ်ဘုရား သားတော်သည် နတ်ဆိုးသူတော်စင်နှင့် တစ္ဆေ သူတော်စင်တို့၏ မသေမျိုး ခန္ဓာကိုယ်မှ မူလရင်းမြစ်များကို သန့်စင်၍ ပြီးသွားလေသည်။

သူ၏ အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး မသေဆုံးနိုင်သလို ဖျက်ဆီး၍ မရနိုင်သကဲ့သို့ ထင်မှတ်ရသည်။

အော်သံများက ဆက်လက်၍ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ခြောက်ရက်နှင့် ခြောက်ညတိတိ ကုန်ဆုံးသွားပြီးနောက် အော်သံများ ချက်ချင်း တိတ်ကျသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ ခြောက်ကောင်သည် ဦးခေါင်းပြတ်နေသော အလောင်းများ ဖြစ်သွားကြပြီး မြေကြီးပေါ်သို့ လဲကျသွားလေသည်။

၎င်းတို့၏ မသေမျိုး ခန္ဓာကိုယ်မှ မူလရင်းမြစ်များအားလုံးကို နတ်ဘုရား သားတော်၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

ထူးဆန်းသော ရွှေရောင်ဖျော့ဖျော့ မှော်စာလုံးတစ်ခုက လူငယ်လေး၏ မျက်ခုံးကြား၌ ပေါ်ထွက်လာသောကြောင့် သူ့အား ပို၍ နက်နဲ၍ တိုင်းတာမရဟန် ပေါ်လာစေသည်။

ဝုန်း!

မသေမျိုး ခန္ဓာကိုယ်၏ နောက်ဆုံးရင်းမြစ်ကို အပြီးတိုင် သန့်စင်ပြီးမှ နတ်ဘုရား သားတော်က မျက်လုံး ပြန်ဖွင့်လိုက်သည်။

“အောင်မြင်ပြီ၊ အခု ငါ့မှာ မသေမျိုး မျိုးစေ့ခုနစ်ခု ရှိနေပြီ။ နောက်ဆုံးမျိုးစေ့တစ်ခုကို ဖမ်းမိတာနဲ့ ကိုးခု မဏရနယ်မြေမှာ ပိတ်မိနေတဲ့ကောင်က လွဲ၍ ငါက ဒီစကြဝဠာထဲမှ တစ်ယောက်တည်းသော မသေမျိုး နတ်ဘုရား ခန္ဓာကိုယ် ရှိနေတဲ့သူပဲ”

ဤသည်ကို တွေးမိပြီး နတ်ဘုရား သားတော်၏ အပြုံးက ပို၍ ထင်ရှားလာသည်။ ထို့နောက် သူသည် လက်ကိုလှုပ်၍ နက်နဲ၍ ဆန်းကြယ်သော မှော်စာလုံးတစ်ခုကို ရေးဆွဲလိုက်ကာ ကျယ်ပြောသော စကြဝဠာထဲသို့ ပို့လွှတ်လိုက်သည်။

မှော်စာလုံးမှ အလင်းရောင်များ ထွက်ပေါ်လာပြီး အဆုံးအစမဲ့သော စကြဝဠာထဲသို့ ပျံ့နှံ့သွားသည်။ သို့သော် အချိန်အတော်ကြာပြီးနောက် ဂြိုဟ်များ၌ မည်သည့်အရာမှ ထွက်ပေါ် မလာချေ။

ဤသည်က နတ်ဘုရား သားတော်ကို သုန်မှုန်သွားစေသည်။

“သုတ်သင်ခံလိုက်ရတာပဲ၊ ရှစ်ခုမြောက် မသေမျိုး မျိုးစေ့က လူသားတွေကြောင့် စိတ်ဝိညာဉ်ပါ ပျက်စီးသွားရပြီ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

နတ်ဘုရား သားတော်၏ မျက်လုံး၌ မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်နေပြီး ဤအဖြစ်က သူ့အား ထိတ်လန့်၍ ခြောက်ခြားသွားစေသည်။

“ဘာပဲဖြစ်ဖြစ် အဲ့ဒီလူကို ရှာရမယ်၊ ရှစ်ခုမြောက် မသေမျိုး မျိုးစေ့က အခြားသူတွေ လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး”

ထိုသို့တွေးပြီးနောက် နတ်ဘုရား သားတော်က သူ့ရင်ဘတ်အား အားနှင့် ပြန်ထုလိုက်သည်။

ဝေါ့!

သူ သွေးတစ်လုပ် အန်မိသွားသည်။ ထို့နောက် သူသည် ဂါထာမန္တရားအား မသဲမကွဲ ရွတ်ဆိုလေသည်။

“မိုနာဒိုဘုရင်ရဲ့ သားတော်က မသေမျိုး ခန္ဓာကိုယ်တွေရဲ့ စိတ်ဝိညာဉ်တွေကို ဆင့်ခေါ်တယ်”

“စိတ်ဝိညာဉ် လာခဲ့စမ်း”

နတ်ဘုရား သားတော်၏ အသံအဆုံး၌ ကောင်းကင်တစ်ခုလုံးသည် ပြိုကျမတတ် မိုးခြိမ်း၍ လျှပ်စီးလက်လာသည်။

ထို့နောက်တွင် ပျက်စီးနေသော စိတ်ဝိညာဉ်က လေထဲ ရစ်ဝဲလာသည်။ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း စုဝေးလာပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် မျက်နှာတစ်ခု ထွက်ပေါ် လာသည်။

ထိုမျက်နှာသည် ယဲ့ဖန် သတ်လိုက်သည့် ကောင်းကင် သားတော် အလင်းသခင်၏မျက်နှာပင်။ သူ ပေါ်လာသည်နှင့် နတ်ဘုရား သားတော်က ခပ်သွက်သွက် မေးလိုက်သည်။

“မင်းကို သတ်လိုက်တာ ဘယ်သူလဲ ငါ့ကို ပြောစမ်း”

ထိုစကားကြောင့် ကောင်းကင်အလင်းသခင်၏ မျက်နှာထက်၌ ရုတ်တရက် အလွန် ကြောက်လန့်၍ သွေးပျက်နေဟန်များ ထင်ဟပ်လာသည်။ သူ၏ စိတ်ဝိညာဉ်သည်လည်း ပျက်စီးလာပုံ ပေါ်သည်။

“ကမ္ဘာဂြိုဟ်က ယဲ့ … ယဲ့ဖန်”

ထိုစကားနှင့်အတူ ကောင်းကင်အလင်းသခင်၏ မျက်နှာအသွင်က တုန်လှုပ်လာသည်။ ထို့နောက် စိတ်ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားသည်။

ထိုအခါမှ နတ်ဘုရား သားတော်၏ နဖူး၌ ချွေးများ စို့တက်လာသည်။ သူ မည်မျှပင် သန်မာပါသော်လည်း စိတ်ဝိညာဉ် ပျက်စီးသွားသောသူ၏ စိတ်ဝိညာဉ်ကို ဖွဲ့စည်းရန် မဖြစ်နိုင်ချေ။

“ကမ္ဘာဂြိုဟ်က ယဲ့ … ယဲ့ဖန်”

ထိုအချိန်၌ သူ၏ခါးနားမှ ကျောက်စိမ်းပြားက လင်းလက်လာသည်။ ထိုအခြင်းအရာကြောင့် သူ မသိမသာ မှင်တက်သွားသည်။

“အာ … ဝမ်ရှင်း ညီလာခံက စတော့မှာပဲ၊ အဲ့ဒီမှာ ကမ္ဘာဂြိုဟ်က ယဲ့ဖန်ကို ခြေရာခံနိုင်မယ် ထင်တာပဲ”

ဤသည်ကို တွေးမိပြီးနောက် နတ်ဘုရား သားတော်သည် ဖျတ်ခနဲ လှုပ်ရှား၍ ပျောက်ကွယ် သွားသည်။

ဂြိုဟ်သေတစ်ခုလုံးတွင် ကြောက်မက်ဖွယ် သတ္တဝါ ခြောက်ကောင်၏ ခေါင်းပြတ်အလောင်း ခြောက်လောင်းသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်မှာပင် ယဲ့ဖန်သည်လည်း ဝမ်ရှင်း ညီလာခံသို့ ခရီးနှင်နေလေ၏။

Chapter 519 ဝမ်ရှင်း ညီလာခံ

ကျယ်ပြောသော စကြဝဠာကြီးအတွင်း၌ စစ်သင်္ဘောများသည် ဝမ်ရှင်းညီလာခံ၌ ပါဝင်ရန် အတွက် ကပ်ဆိုးဂြိုဟ်သို့ ဦးတည်နေကြသည်။

ထိုအချိန်မှာပင် ဧရာမ သတ္တဝါကြီး တစ်ကောင်က စစ်သင်္ဘော တစ်စီးချင်းစီတိုင်း၏ ဘေးမှနေ၍ ဖြတ်သန်းသွားလေသည်။

၎င်း၏အလျင်က အလွန် မြန်လွန်းလှသည်။ ၎င်းဖြတ်သန်းသွားသဖြင့် ဖြစ်ပေါ်လာသော လေတိုးသံများက အလွန် ပြင်းထန်လှသဖြင့် စကြဝဠာထဲမှ စစ်သင်္ဘောများ ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။

၎င်း ပျောက်ကွယ်မသွားခင် စစ်သင်္ဘောမှ သိုင်းပညာရှင်တောင်မှ ဖျတ်ခနဲ လှမ်းမြင်လိုက်ရသည်။

“မြတ်စွာဘုရား ငါများ အမြင်မှားသွားတာလား၊ ငါ … ငါ ဧရာမ နဂါးကြီးကို မြင်လိုက်ရသလိုပဲ”

“ချီးတဲ့မှ အဓိပ္ပာယ် မရှိလိုက်တာ၊ နဂါးဘုရင်ကလွဲရင် သာမန် နဂါးတစ်ကောင်က ငါတို့မျက်စိအောက်က ဘယ်လိုလုပ် လွတ်နိုင်မှာလဲ၊ မင်း အမြင်မှားတာ ဖြစ်မယ်”

“ငါ … ငါတော့ ခုနတုန်းက မြင်လိုက်တယ် ထင်တာပဲ”

စစ်သင်္ဘောများစွာမှ သိုင်းပညာရှင်များသည် ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေကြသည်။ သို့သော် ထိုအချိန်၌ ယဲ့ဖန်သည် နဂါးဦးခေါင်းထက်၌ ထိုင်၍ လက်ထဲ၌ ကျောက်စိမ်းပြား တစ်ခုကို ကိုင်ထားသည်။

ထိုကျောက်စိမ်းပြား၌ မှော်စာလုံးများစွာ ထွင်းထုထားပြီး ဝမ်ရှင်း ဟူသော စာလုံးကြီးနှစ်လုံး ရေးသားထားသည်။

“ဒါက ဝမ်ရှင်း ညီလာခံလား”

ဤကျောက်စိမ်းပြားအား နဂါးနက်တောင် ဂြိုဟ်နယ်မြေ၏ မူလ ဂြိုဟ်သခင်ထံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာမြေသို့ ရောက်လာခြင်း ဖြစ်သည်။

ဝမ့်ရှင်း ညီလာခံ။ ဤသည်မှာ ရာနှင့်ချီသော ဂြိုဟ်နယ်မြေများရှိ ထောင်သောင်းချီသော ဂြိုဟ်များမှ ဂြိုဟ်သခင်များ စုဝေးကြသည့် ထိပ်သီး စုဝေးပွဲသာ ဖြစ်သည်။

ထိုညီလာခံ၌ ပါဝင်သည့် အားအနည်းဆုံး သူပင် နတ်ဧကရာဇ်အဆင့် ရှိကြလေသည်။ ဤသည်မှာ အမှန်ပင် ဂြိုဟ်ပေါင်းစုံ စုဝေးပွဲကြီး တစ်ခု ဖြစ်လေသည်။

ယဲ့ဖန်သည် အန်းရှီနှင့် အခြားသူများနှင့် ပတ်သက်၍ စုံစမ်းချင်သောကြောင့် လာခြင်း ဖြစ်သည်။

“ကပ်ဆိုးဂြိုဟ်”

ယဲ့ဖန်၏ မျက်လုံးများ လင်းလက်သွားပြီး နတ်ဆိုးနဂါးကို စီး၍ အာကာသထဲမှ ဂြိုဟ်တစ်လုံးထဲ ဦးတည်၍ လျင်မြန်စွာ ထွက်ခွာလိုက်သည်။

….

သုံးရက်ကြာပြီးနောက် ယဲ့ဖန်ရှေ့၌ ဧရာမ ဂြိုဟ်ကြီးတစ်လုံး ပေါ်ပေါက်လာသည်။ ထိုဂြိုဟ်ကြီးသည် ကမ္ဘာဂြိုဟ်ထက် အဆပေါင်းများစွာ ကြီးမားလှသည်။

ယဲ့ဖန်သည် ထိုဂြိုဟ်အနားသို့ နီးကပ်သွားသည်နှင့် နတ်ဆိုးနဂါးကို သိမ်းဆည်းလိုက်သည်။

“ဒီဝမ်ရှင်း ညီလာခံမှာ မိတ်ဆွေဟောင်းအချို့ကို ဆုံတွေ့ကောင်းဆုံတွေ့နိုင်တာပဲ”

ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်နေသည်။ သူ၏ နတ်ဆိုးဧကရာဇ် ရုပ်တုသည် ဂြိုဟ်များပေါ်၌ မိုးထိမတတ် တည်ရှိခဲ့ဖူးသည်။ ထိပ်တန်း သိုင်းပညာရှင်များစွာက သူ့အား သိရှိကြလေသည်။

ယခုအချိန်တွင် ယဲ့ဖန်သည် ပြဿနာ မတက်ချင်သောကြောင့် အေးအေးဆေးဆေးသာ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုစဉ် သူ၏မျက်နှာကြွက်သားများ မသိမသာ တွန့်လိမ် လာပြီး သူ၏မျက်နှာအသွင်အပြင်က တဖြည်းဖြည်း ပြောင်းလဲသွားသည်။

လက်ရှိတွင် သူသည် စကြဝဠာ၏ တပသီမျိုးနွယ်တစ်ယောက်နှင့် ဆင်တူနေ၏။

ယခုအချိန်၌ သူ့မျက်နှာအား နတ်ဆိုးဧကရာဇ်၏ မျက်နှာနှင့် နှိုင်းယှဉ်ရန် အလွန် ခက်ခဲလှသည်။ ထိုအခါမှသာ ယဲ့ဖန်က ကပ်ဆိုးဂြိုဟ်ပေါ်သို့ ဖြည်းဖြည်းချင်း ခြေချလိုက်သည်။

လူအုပ်ကြီးသည် အလွန် ထူထပ်လှသည်။ အဝင်ဝ၌ အစောင့်တစ်ယောက်က ကျောက်စိမ်းပြားများကို စစ်ဆေးနေသည်။

ဂြိုဟ်သခင်ရာထူးအထက်ရှိသူများနှင့် ကျောက်စိမ်းပြား ရှိသူများသာလျင် အထဲသို့ ဝင်ရောက်နိုင်သည်။

“ဟင် နတ်မိမယ်လေး ဟိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေးကို ကြည့်ပါဦး၊ သူက တအား အေးတိအေးစက်နိုင်ပြီး မိုက်လိုက်တာ၊ ပြီးတော့ သူက နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်ပဲ ရှိသေးတယ်။ သူ့ဆီမှာ ဝမ်ရှင်း ညီလာခံရဲ့ သင်္ကေတ ရှိနေတယ်၊ သူက ကြောက်စရာကောင်းတဲ့ အင်အားကြီးတစ်စုရဲ့ မင်းသားများလား မသိဘူးနော်”

ထိုအချိန်၌ အစေခံတစ်ယောက်က သူမ၏ နတ်မိမယ်ကို လှမ်းပြောလာသည်။ ပြောရမည်ဆိုလျင် ဝမ်ရှင်း ညီလာခံသို့ တက်ရောက်လာသည့် လူတိုင်းသည် များသောအားဖြင့် နတ်ဧကရာဇ် သိုင်းအဆင့်နှင့် အထက်ရှိသူများသာ ဖြစ်သည်။

ယဲ့ဖန်က နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သာ ရှိနေသောကြောင့် စိတ်ဝင်စားစရာ ကောင်းလှသည်။

သူမစကားကြောင့် နတ်မိမယ်လေးက တစ်ဖက်လှည့်၍ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် သူမအပေါ် မရိုးသားသော စိတ်ထားများ ရှိနေသည်ဟု ထင်မှတ်နေ၏။

သူမသည် မြင်သူတကားတိုင်း တစ်ချက်ကြည့်ရုံနှင့် စိတ်မလှုပ်မရှားဘဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိသူ ဖြစ်လေသည်။

ဤသည်ကိုကြည့်ပြီး နတ်မိမယ်က အသာပြုံးလိုက်သည်။

“လာ … အဲ့ဒီ ပါရမီရှင်လေးကို သွားတွေ့ကြမယ်”

ထိုသို့ပြောပြီး နတ်မိမယ်က သူမ၏ အစေခံကိုခေါ်၍ ယဲ့ဖန်ထံသို့ ခပ်ဖြည်းဖြည်းချင်း လှမ်းလာသည်။ ထို့နောက် ကိုယ်ကိုအသာရို့ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ဒီက လူကြီးမင်းလေး ကျွန်မက ခုန်လင် နတ်မိမယ်ပါ၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ သိလို့ရမလား၊ ရှင်က ဘယ်ကလာတာလဲ”

ယဲ့ဖန် တစ်ခဏမျှ တောင့်ခနဲ ဖြစ်သွားပြီးမှ ထိုနတ်မိမယ်၏ ချဉ်းကပ်ခြင်းကို ချက်ချင်း နားလည်သွားသည်။

ဝမ့်ရှင်း ညီလာခံသည် စုဝေးပွဲတစ်ခုသာမက နတ်မိမယ်များစွာအတွက် တာအို လက်တွဲဖော် ရှာရန် အသင့်တော်ဆုံး နေရာလည်း ဖြစ်ပေသည်။

ယဲ့ဖန်ကဲ့သို့ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်က ဝမ်ရှင်း ကျောက်စိမ်းပြားကို ကိုင်ဆောင်ခွင့် ရထားသဖြင့် သူသည် ကြောက်မက်ဖွယ် အင်အားစုတစ်စု၏ ထိပ်သီး လူစွမ်းကောင်း သို့မဟုတ် မင်းသားတစ်ပါးသာ ဖြစ်နိုင်သည်။

ဤနတ်မိမယ်က သွက်လက်စွာဖြင့် မိတ်ဆွေဖွဲ့လာသည်က အံ့ဩစရာ မရှိတော့ချေ။ ထိုစဉ် ယဲ့ဖန်က အသာပခုံးတွန့်၍ ပြောလိုက်သည်။

“ကမ္ဘာဂြိုဟ်က ယဲ့ဖန်”

*ဟမ်*

ကမ္ဘာဂြိုဟ် ဟူသည့် စကားကို ကြားလိုက်ရသောအခါ ခုန်လင် နတ်မိမယ် မျက်မှောင်ကြုတ် သွားသည်။ ထိုအမည်အား သူမ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး သူမ အချိန်အတော်ကြာ မျက်မှောင်ကြုတ်၍ စဉ်းစားပါသော်လည်း “ကမ္ဘာဂြိုဟ်” ဟူသည့် အမည်အား မသိချေ။

သို့သော် ခုန်လင် နတ်မိမယ်က အရေးမစိုက်ဘဲ အသာပြုံး၍ ယဲ့ဖန်၏ အနောက်ကို လှမ်းကြည့်လိုက်သည်။

“ဒီက လူကြီးမင်းက တစ်ယောက်တည်းလား၊ ရှင့်မှာ အကြီးအကဲတွေ ဒါမှမဟုတ် ကျေးကျွန်တွေ မပါဘူးလား”

ခုန်လင် နတ်မိမယ်သည် ယဲ့ဖန်၏နောက်ခံအား သိရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ သူသာ အင်အားကြီး မျိုးနွယ်စုတစ်စု၏ သခင်လေးသာ ဖြစ်နေပါက သူ့အား လိုက်ပါ စောင့်ရှောက်ရန် တာအို စောင့်ရှောက်သူ ရှိကိုရှိပေလိမ့်မည်။

ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီးနောက် မချိုမချဉ် ပြန်ပြောလိုက်သည်။

“ကျုပ်က ခြေသလုံးအိမ်တိုင် သိုင်းသမား တစ်ယောက်ပါ၊ ဒါပါပဲ”

*ခြေသလုံးအိမ်တိုင် သိုင်းသမားတဲ့လား*

ထိုစကားကြောင့် နတ်မိမယ် ခုန်လင်နှင့် သူမဘေးမှ အစေခံများ မျက်နှာထား ပြောင်းလဲ သွားကြသည်။ သူတို့သည် ယဲ့ဖန်လက်ထဲမှ သင်္ကေတ ကျောက်စိမ်းပြားကို ထိတ်လန့်တကြား ကြည့်လာသည်။

“ဒီလူကြီးမင်းရဲ့ သင်္ကေတက ဘယ်ကလာတာပါလဲ”

“ဒီဟာလား”

ယဲ့ဖန်က သူ့လက်ထဲမှ ကျောက်စိမ်းပြားကို သိမ်းဆည်း၍ အသာ ပြုံးလိုက်သည်။

“ဘယ်ကမှ မလာပါဘူး၊ ဒါကို ကျုပ်ဘာသာကျုပ် ရလာတာ”

ယဲ့ဖန် လိမ်လည်ခြင်း မဟုတ်ပါ၊ ဤကျောက်စိမ်းပြားသည် နဂါးနက်၏ ပစ္စည်းဖြစ်သည်။ ထို့အပြင် နဂါးနက် ဧကရာဇ် သေဆုံးသွားပြီ ဖြစ်သောကြောင့် သူက နဂါးနက် ဧကရာဇ်ကို အစားထိုး ပြောင်းလဲရန် လာခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖန်၏ စကားကြောင့် နတ်မိမယ် ခုန်လင်နှင့် သူမအစေခံများ ရုတ်တရက် စိတ်ပျက် သွားကြသည်။

“ဟွန့် လတ်စသက်တော့ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်ပဲ ရှိတဲ့ ခြေသလုံးအိမ်တိုင်သမားကိုး၊ ရှက်ဖို့ကောင်းလိုက်တာ”

ထို့နောက် နတ်မိမယ် ခုန်လင်က သူမအစေခံများကို ခေါ်၍ ထွက်သွားလေသည်။ သူမ ယဲ့ဖန်ကို အလွန်အမင်း အထင်သေးသွားမှန်း သိသာလှသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က အေးတိအေးစက်သာ ပြုံးနေသည်။

သူသည် ပင်ကိုအားဖြင့် နာမည်ကြီးချင်၍ နဂါးနှင့် ဖီးနစ်ကဲ့သို့ အထွတ်အထိပ်၌ ရှိသောသူများကိုသာ ဖက်တွယ်လိုသည့် သူမကဲ့သို့သော မိန်းမမျိုးအား အရေးမစိုက်တတ်ပေ။

ထို့နောက် သူသည် အစောင့်အား ကျောက်စိမ်းပြားပြလိုက်ပြီး ကပ်ဆိုးဂြိုဟ်ထဲသို့ ဝင်လာလိုက်သည်။

ကပ်ဆိုးဂြိုဟ်သည် အလွန် စည်ပင်သာယာသော ဂြိုဟ်ကြီးဖြစ်သည်။ လမ်း၏ တစ်ဖက် တစ်ချက်၌ ဈေးဆိုင်တန်းများနှင့် ပြည့်နှက်နေသည်။

ယဲ့ဖန် ဘေးဘီကို ဝေ့ကြည့်လိုက်ပြီးနောက် ကြီးမားသော ခန်းမတစ်ခုကို မျက်စိကျသွားသည်။

နဂါးနက် ခန်းမ။ ဤသည်မှာ ကပ်ဆိုးဂြိုဟ်၏ နာမည်အကြီးဆုံး ဇိမ်ခံ အပန်းဖြေခန်းမ ဖြစ်လေသည်။

ထိုဆိုင်ထဲ၌ လူတန်းစားပေါင်းစုံက အုတ်ရောရော ကျောက်ရောရော ဖြစ်နေသဖြင့် သတင်းရရန် အလွယ်ဆုံးနေရာ ဖြစ်လေသည်။

နဂါးနက်ခန်းမ၏ နဂါးသဏ္ဌာန် သင်္ကေတကိုမြင်ပြီး သူ့လက်မောင်းကြားမှ ကျောက်စိမ်းကို မရည်ရွယ်ဘဲ ကိုင်ကြည့်လိုက်မိသည်။ သူ၏ နှုတ်ခမ်းသားများ ကော့တက်သွားလေသည်။

သို့သော် ယဲ့ဖန် အနားမကပ်နိုင်ခင်၌ အရိပ်နှစ်ခု ရောက်ရှိလာသည်။

“နတ်မိမယ်လေး ကြည့်ပါဦး၊ ဟို ခြေသလုံးအိမ်တိုင် သိုင်းသမားပဲ”

ထိုသူနှစ်ယောက်သည် နတ်မိမယ် ခုန်လင်နှင့် သူမအစေခံသာ ဖြစ်ပေသည်။ ထိုသို့သောအချိန်၌ သူမတို့နှစ်ယောက်သည် နဂါးနက် ခန်းမထဲသို့ ဝင်ရန် ပြင်နေကြသော်လည်း ယဲ့ဖန်ကို မြင်လိုက်ရသောကြောင့် နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားသည်။

“ဟွန့် သေးနုပ်တဲ့ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲ ရှိတဲ့ ခြေသလုံးအိမ်တိုင် သိုင်းသမားက နဂါးနက် ခန်းမထဲ ဝင်ချင်နေတယ်ပေါ့လေ၊ ဒါ ပွဲကြီးပွဲကောင်းပဲ”

“ဟီဟိ … နဂါးနက် အစည်းအရုံး ခန်းမထဲကို နတ်ဧကရာဇ် သိုင်းအဆင့်နဲ့ အထက် ရောက်နေတဲ့သူပဲ ဝင်လို့ရတယ်ဆိုတာကို သူ မသိသေးဘူး ထင်တယ်။ ဒီခြေသလုံးအိမ်တိုင် သိုင်းသမားတော့ မဝင်ရခင် ကန်ထုတ်ခံရမှာကို ကျွန်မ မြင်ယောင်နေပြီ”

ထို့နောက် နတ်မိမယ် ခုန်လင်နှင့် အစေခံတို့က ယဲ့ဖန်က လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေကြသည်။ သို့သော် ယဲ့ဖန်ကတော့ အရေးမစိုက်ချေ။

ခန်းမ၏ အဝင်ဝရှေ့၌ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် အစောင့်နှစ်ယောက်က မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား ချက်ချင်း ဟန့်တားကြသည်။

“ရပ်၊ ဒီနေရာက လူတိုင်းကို ဝင်ခွင့်မပေးဘူး။ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တွေပဲ ဝင်လို့ရတယ်”

အစောင့်နှစ်ယောက်၏ အကြည့်၌ ယဲ့ဖန်အား အလွန် အထင်သေး စက်ဆုပ်နေဟန်များ ပါဝင်နေသည်။ ထိုအခါ ယဲ့ဖန်က နဂါးနက် ကျောက်စိမ်းဆွဲပြားကို ထုတ်ပြလိုက်သည်။

ထိုကျောက်စိမ်းဆွဲပြားကို မြင်သည်နှင့် အစောင့်နှစ်ယောက်က ချက်ချင်း အမူအယာပြောင်း၍ ကိုယ်ကိုရို့ကာ အရိုအသေပေးလေသည်။

“လူကြီးမင်း ကျေးဇူးပြုပြီး အထဲကိုကြွပါ”

ထိုသို့ပြောပြီး နတ်ဧကရာဇ် တစ်ပိုင်းအဆင့် အစောင့်နှစ်ယောက်က ယဲ့ဖန်အတွက် တံခါးကို ဖွင့်ပေးပြီး အထဲသို့ ဝင်ခွင့်ပြုလာသည်။

All Chapters