← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

Chapter 523 ရဲရဲနီသော နတ်ဘုရားသွေး

ထိုသို့သောအချိန်၌ အားလုံးက ယဲ့ဖန်နှင့် ဖီးနစ် ကချေသည် နတ်သမီးတို့ ခွက်ချင်းတိုက်၍ ဝိုင်သောက်နေကြသည်ကို အားကျစွာ ကြည့်နေကြသည်။

အကယ်၍ သူတို့သာ မရှိပါက သူတို့နှစ်ယောက် ရယ်မော၍ စကားပြောဆိုနေလောက်သည်။

ထိုအချိန် အတောအတွင်း၌ ဖီးနစ် ကချေသည် နတ်သမီးနှင့် အတူဝိုင်သောက်ရန် သိုင်းပညာရှင်များစွာတို့ အနားသို့ ကပ်သွားသော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရသည်။

နတ်မိမယ် ခုန်လင်တောင်မှ သွား၍ တောင်းဆိုခဲ့သော်လည်း ဖီးနစ် ကချေသည် နတ်သမီးက အပြုံးလေးနှင့် ခေါင်းခါပြလေသည်။

ဤသည်က ဘေးပတ်လည်မှ သိုင်းပညာရှင်များစွာတို့အား ယဲ့ဖန်အပေါ် ပို၍ မနာလို ဖြစ်သွားစေသည်။

အထူးသဖြင့် နတ်မိမယ် ခုန်လင်က ယဲ့ဖန်အား မီးပွင့်မတတ် မျက်လုံးများဖြင့် ကြည့်နေ၏။

“ဒီခြေသလုံးအိမ်တိုင်း သိုင်းသမားက ဘာတွေများ ဒီလောက် ကောင်းနေလို့လဲ၊ သူက ထိပ်တန်း သိုင်းပညာရှင်လည်း မဟုတ်သလို တော်ဝင် မင်းသားလည်း မဟုတ်ဘူး။ ဒီလူကို ဘာလို့ ဖီးနစ် ကချေသည် နတ်သမီးက ဘာလို့ စကားပြောချင်နေလဲ ငါ နားမလည်နိုင်တော့ဘူး”

နတ်မိမယ် ခုန်လင်သည် မျက်နှာအား အားနှင့် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ အထင်အသေးဆုံး အမျိုးသားက ဖီးနစ် ကချေသည် နတ်သမီး၏ ရတနာသဖွယ် သတ်မှတ်ခြင်း ခံလိုက်ရသည်။ သူမက သူ့ကို အဖော်လုပ်၍ အရက်သောက်ကာ ပျော်ရွှင်စွာ စကားပြောနေသည်။

အရိုက်ခံရသလို ခံစားလိုက်ရသည့် ခံစားချက်က သူမအား ရူးမတတ် ဖြစ်သွားစေသည်။

“ငါ တကယ်ပဲ အမြင်မှားမိတာလား”

နတ်မိမယ် ခုန်လင် ပိုပို၍ ဒေါသထွက်လာသည်။

“မဖြစ်နိုင်ဘူး၊ ဒီလူက ခြေသလုံးအိမ်တိုင် သိုင်းသမားကို ငါ ဘယ်တော့မှ အမြင်မမှားနိုင်ဘူး”

ထိုအချိန်၌ သူမကိုယ်သူမ နှစ်သိမ့်ရုံသာ တတ်နိုင်တော့သည်။ ထိုအချိန်၌ ခန်းမအတွင်းမှ သံမဏိမျှော်စင်သဖွယ် မြင့်မားသော ခက်ထန် ကြမ်းကြုတ်သည့် လူတစ်ယောက်က ရုတ်တရက် ထရပ်လာသည်။

ထိုသူသည် သူတော်စင်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ သူ့မျက်နှာ၌ အမာရွတ်စင်းကြောင်းကြီး တစ်ခု ရှိနေသဖြင့် သူ့ပုံစံက အလွန် ထိတ်လန့်ဖွယ် ကောင်းနေသည်။

ထိုသူကို မြင်သည်နှင့် ဘေးပတ်လည်မှလူတိုင်း မှင်တက်သွားကြသည်။

“သူတော်စင်အဆင့် လောင်ဇူပဲ၊ သူ ရောက်နေတာပဲ”

ထိုသူကို သိသည့် သိုင်းပညာရှင်တစ်ယောက်သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ သွေးပျက်၍ ကြောက်လန့်ကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထို့ကြောင့် ဘေးပတ်လည်မှ လူတိုင်းက ဝိုင်းမေးမြန်းကြလေသည်။

ထိုအချိန်၌ သူတော်စင်အဆင့် လောင်ဇူကို သိသော သိုင်းပညာရှင်က ခပ်သွက်သွက် ရှင်းပြလေသည်။

“ဒီလူက ရွှမ်ထျန်း ဂြိုဟ်စုနယ်မြေရဲ့ ထိပ်တန်း ပင်လယ်ဓားပြဘုရင် ဖြစ်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက သူက ထိပ်သီး ပင်လယ်ဓားပြလေးယောက်ကို ဦးဆောင်ပြီး ရွှမ်ထျန်း ဂြိုဟ်စုနယ်မြေတစ်ခုလုံးကို သွေးစွန်းစေခဲ့တာပေါ့”

“သူ့လက်ထဲမှာ သေခဲ့တဲ့ နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေက ထောင်ချီလုနီးပါးပဲ။ ရွှမ်ထျန်းနယ်မြေက သူတော်စင်အဆင့်တောင်မှ ဒီလူလက်ထဲမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရတာ”

“သူက ရွှမ်ထျန်း ဂြိုဟ်စုနယ်မြေကို မိကျောင်းရိုင်း ဂြိုဟ်စုနယ်မြေလို့ အမည်ပြောင်းပြီးတော့ အုပ်စိုးခဲ့တာ”

“သူက မိစ္ဆာပဲ”

လောင်ဇူအကြောင်း သိသွားသောသူတိုင်း ကြောက်လန့်သွားကြသည်။ သူတို့သည် လောင်ဇူကို ကြည့်ရဲသည့် သတ္တိမရှိတော့ချေ။ သူ့စကားကို ကြားပြီး ခန်းမထဲက လူတိုင်း ပွက်လောရိုက်သွားသည်။

*ဂြိုဟ်စုနယ်မြေတစ်ခုလုံးကို သွေးချောင်းစီးစေခဲ့ပြီးတော့ သူတော်စင်တစ်ယောက်ကို သတ်ခဲ့တယ်တဲ့လား*

ဤကြမ်းကြုတ်သော လောင်ဇူသည် သူတော်စင်အဆင့်ဖြစ်ပြီး ကြောက်လန့်စရာ ကောင်းလှသည်။

ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ လောင်ဇူက ယဲ့ဖန်ထံသို့ သရော်ပြုံး ပြုံး၍ လှမ်းလာနေသည်။

သူ၏ ကြီးမားသော သံမဏိသဖွယ် လက်တစ်ဖက်က ယဲ့ဖန်၏ ပခုံးပေါ်သို့ ကျရောက်လာပြီး ခက်ထန်စွာ ပြောလေသည်။

“ဟေ့ကောင် ငါ လောင်ဇူရှေ့က ဖယ်စမ်း၊ နတ်သမီးနဲ့ ငါ့ကြားမှာ ဝင်မနှောင့်ယှက်နဲ့”

*ခုံလုချင်တာလား*

ခန်းမထဲမှ လူတိုင်း စိတ်လှုပ်ရှားလာကြသည်။ အားလုံးက ယဲ့ဖန်အား သနားသလို ကြည့်လာကြလေသည်။

သနားစရာပင်။ ထိုကောင်လေးသည် အလွန် ကံကောင်းလှသော်လည်း ဘဝကို ပျော်ရွှင်စွာ ခံစားချိန် မရလိုက်ပေ။

ယဲ့ဖန်က အမြီးကုပ်၍ ထွက်သွားလိမ့်မည်ဟု သူတို့ ထင်နေကြသည်။ အထူးသဖြင့် နတ်မိမယ် ခုန်လင်က လှောင်ပြုံးပြုံးနေ၏။

“ဟွန့် ဒီခြေသလုံးအိမ်တိုင် သိုင်းသမားတော့ ကံဆိုးပြီပဲ၊ သူတော့ နတ်သမီးရှေ့မှာ အရှက်ကွဲတော့မှာပဲ”

သို့သော် အားလုံး အထင်နှင့်အမြင် လွဲလေတော့သည်။ ယဲ့ဖန်က သူတော်စင် လောင်ဇူအား ပြန်လှည့်ကြည့်ကာ ဝိုင်ကို တစ်ငုံသောက်၍ ဖီးနစ် ကချေသည် နတ်သမီးအား ပြုံး၍ ပြောလိုက်သည်။

“နတ်သမီး ပြောရရင် ဒါက တကယ့် ဟုန်ယန်ဝိုင် မဟုတ်ဘူး”

“ဟုန်ယန်ဝိုင်က ငရဲသွေးနဲ့ ကိုးမျိုးအဆိပ် သစ်သီးဝိုင်ကို ပေါင်းစပ်ရပင်မယ့် အဲ့ထက် ပိုဆိုးတဲ့ တစ်ခု ရှိသေးတယ်”

*ဘာ*

ထိုစကားကြောင့် ခန်းမထဲက လူတိုင်း နင်သွားကြသည်။ သူတော်စင် လောင်ဇူ ရှိနေသော်လည်း နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့် ကောင်လေးက တည်ငြိမ်နေပြီး ဝိုင်ကို အရသာခံ သောက်ရဲသည့် စိတ်မျိုး ရှိနေလိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။ဖီးနစ် ကချေသည် နတ်သမီးတောင်မှ မျက်လုံးဝိုင်းသွားရသည်။

“ပိုဆိုးတဲ့အရာက ဘာလဲ”

ထိုအချိန်တွင် သူမ ယဲ့ဖန်အကြောင်း သိချင်မိသွားသည်။ သူမသည်သာမက ဘေးပတ်လည်မှ လူတိုင်းက ယဲ့ဖန်အား သိချင်စိတ်ဖြင့် ကြည့်နေကြသည်။

အားလုံး၏ စိတ်ဝင်စားနေဟန်၌ ယဲ့ဖန်က အသာပြုံးလိုက်ပြီး သူ့မျက်လုံးက အေးစက်နေသည်။

“ပိုဆိုးတာက နတ်ဘုရားရဲ့ သွေးပဲ”

*ဘာ*

ထိုစကားကြောင့် လူတိုင်း မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် သူ့ဘေးမှ သူတော်စင် လောင်ဇူသည် မျက်နှာ ပြာနှမ်းသွားရသည်။

ဤသေးနုပ်သောကောင်က သူ့ကို မကြောက်သည့်အပြင် သူ့ရှေ့၌ သေရည်အကြောင်း ပြောလာမည်ဟု သူ တွေးမထားမိပါ။ ဤသည်မှာ အထင်သေးခြင်း အစစ်ပင်။

“ီးပဲ၊ ငါ မင်းကို သတ်ပစ်မယ်”

လောင်ဇူ၏မျက်နှာ၌ လူသတ်လိုဟန်များ ဖြတ်ပြေးသွားပြီး သူ၏လက်ဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ချေမွရန် ပြင်လိုက်သည်။

လေဟပ်သံကပင် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်အား အသားစ ဖြစ်သွားစေနိုင် လောက်သည်။ ချက်ချင်းဆိုသလိုပင် ခန်းမထဲမှ လူတိုင်း အမူအယာ ပျက်ယွင်းသွားကြသည်။

သူတို့သည် ယဲ့ဖန် အသားပြားသဖွယ် ရိုက်နှက်ခံရတော့မည်ကို မြင်ယောင်နေပုံရသည်။ အထူးသဖြင့် နတ်မိမယ် ခုန်လင်က သရော်ပြုံး ပြုံးနေ၏။

“နတ်ဘုရားဂိုဏ်းချုပ် တစ်ပိုင်းအဆင့်က သူတော်စင်အဆင့်ရှေ့မှာ မာန်တက်ချင်တယ်ပေါ့လေ၊ တကယ် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”

ထိုသို့ရေရွတ်ရင်း နတ်မိမယ် ခုန်လင်သည် ယဲ့ဖန်၏ အဆုံးသတ်ကို ကြိုမြင်နေပုံရသည်။ သူမ ခေါင်းတခါခါနှင့် ကြည့်နေရန်ပင် ပျင်းရိနေ၏။

ရွှစ်!

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး လန့်သွားကြ၏။

သူတော်စင် လောင်ဇူ၏ လက်က ယဲ့ဖန်၏ခေါင်းကို ဖမ်းဆုပ်နိုင်တော့မည်ကို အားလုံး မြင်လိုက်ရသည့်အချိန်၌ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် သူတော်စင် လောင်ဇူ၏ လက်မောင်းတစ်ဖက်သည် လစ်ဟာသွားလေတော့သည်။ သူ့လက်တစ်ခုလုံး အဖြတ်ခံလိုက်ရလေသည်။

ယဲ့ဖန်၏ လက်ထဲ၌ လက်ပြတ်တစ်ခု ရှိနေ၏။ သူသည် သွေးထွက်နေသော အပိုင်းကို ကရားပေါ် ထား၍ လက်ဝါးကို အသာလှုပ်လိုက်သည်။

မီးတောက်များ ထွက်ပေါ်လာပြီး လက်ပြတ်တစ်ခုလုံး အရည်ပျော်၍ သွေးစက်များအဖြစ်သို့ ပြောင်းလဲကာ ကရားထဲ တစက်စက်ကျသွားသည်။

တောက်!

စိတ်ဝိညာဉ် သွေးစက်များ တစက်စက် ကျသံများ ပဲ့တင်ထပ်သွားပြီး ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။

လူတိုင်း သွေးပျက်သွားကြသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းသဖြင့် လူတိုင်း ဘာမှ မတုံ့ပြန်လိုက်နိုင်ပေ။

လူတိုင်းသည် သူတော်စင် လောင်ဇူ၏ ပြတ်သွားသော လက်မောင်းကို ကြည့်ပြီး ထိတ်လန့်တကြား ဖြစ်နေကြသည်။

“အား…”

ထိုစဉ် အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လောင်ဇူက သူ၏ ပြတ်သွားသော လက်ကိုအုပ်၍ ထိတ်လန့်ဒေါသထွက်ဟန်ဖြင့် ထပ်ခါ ထပ်ခါ အော်ဟစ်နေသည်။

ရဲရဲနီသော သွေးများက သူ့လက်မောင်းပြတ်မှ ကြမ်းပြင်ပေါ်သို့ တစ်စက်စက် စီးကျနေသည်။ သူသည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“ဘယ်လိုလုပ် မင်းက … မင်း ငါ့လက်မောင်းကို ဘယ်လိုဖြတ်လိုက်တာလဲ”

သူတော်စင် လောင်ဇူသည် ထိတ်လန့်၍ နေ၏။ သူတောင်မှ ယဲ့ဖန် ဘယ်လိုလုပ်လိုက်မှန်း မမြင်လိုက်ချေ။

သူသည်သာမက ဘေးပတ်လည်မှ လူတိုင်း ခေါင်းခြောက်နေကြသည်။

*နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်က သူတော်စင်အဆင့်ရဲ့ လက်မောင်းကို တိတ်တဆိတ် ဖြတ်လိုက်တာလား*

*ဒါက လောကကြီး ပြောင်းပြန်လှန်သွားသလိုပဲ*

နတ်မိမယ် ခုန်လင်းသည် ယခုအချိန်၌ အတော်လေး ကြောက်နေ၏။ အဖြစ်အပျက်က ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မထားမိပါ။

သို့သော် ဤမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က လူတိုင်း၏ ကြောက်စိတ်ကို အရေးလုပ်ပုံ မပေါ်ချေ။ သူသည် အရက်စပ်သမားကဲ့သို့ ဝိုင်၏အရောင်ကို ကြည့်၍ ခေါင်းခါနေပြီး အမူအရာက အေးစက် ခက်ထန်နေ၏။

သူ၏ စကားသံက သေမင်းနတ်ဘုရား၏ ကျိန်စာလိုပင်။

“နတ်ဘုရားသွေးက ဖိတ်စဉ်သွားတာပဲ၊ မလောက်သေးဘူး”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ဖြင့် သူတော်စင် လောင်ဇူအား ဖမ်းဆွဲလိုက်သည်။

“မလုပ်နဲ့”

သူတော်စင် လောင်ဇူ ကြောက်လန့်သွားသည်။ သူသည် ထိုလက်က လက်နှင့်မတူဘဲ ကြောက်မက်ဖွယ် လက်ထိပ်နှင့်တူပြီး သူ့အား ပြေးပေါက်ပိတ်အောင် တားဆီးနေသည်ဟု ခံစားမိနေသည်။

ထိုစဉ် လက်ဝါးက တဖြည်းဖြည်း ကြီးမားလာပြီး လောင်ဇူအား ကြက်ပေါက်ကို ဆုပ်ကိုင်ထားသကဲ့သို့ တင်းနေအောင် ဆုပ်ထားသည်။

အောက်ဖက်၌ တောက်လောင်နေသော မီးများ ရှိနေသည်။ ထို့နောက် စူးရှသော အော်သံနှင့်အတူ လောင်ဇူ၏ တစ်ကိုယ်လုံး လောင်ကျွမ်း၍ သွေးစက်အဖြစ်သို့ ပြောင်းသွားလေသည်။

ထို့နောက် ထိုသွေးစက်ကို ထိန်းချုပ်၍ ယဲ့ဖန်က ကျေနပ်သွားသလို ခေါင်းညိတ်ကာ ကရားထဲ လောင်းထည့်လိုက်သည်။ ထို့နောက် တစ်ခွက်ငှဲ့၍ သောက်လိုက်သည်။

“နတ်ဘုရားသွေးနဲ့မှ လိုက်ဖက်သွားတာ”

Chapter 524 သွေးအဖြစ် သန့်စင်၍ ဝိုင်ဖန်တီးခြင်း

“နတ်ဘုရားသွေးနဲ့မှ လိုက်ဖက်သွားတာ”

ယဲ့ဖန်၏ မှတ်ချက်ချသံ ပဲ့တင်ထပ်လာပြီးနောက် ခန်းမတစ်ခုလုံး၏ လေထုသည် အေးစက်၍ အသက်ရှူရ ကျပ်လာသည်။

လူတိုင်း၏ မျက်လုံးများက ရဲရဲနီနေသော သွေးဝိုင်ကရားကိုသာ စိုက်ကြည့်နေကြသည်။ ဤနတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့် သိုင်းပညာရှင်က သူတော်စင်အဆင့် လောင်ဇူအား နတ်ဘုရား‌ သွေးစက်အဖြစ် သန့်စင်၍ သောက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

လူတိုင်း ရင်တုန်နေပြီး မျက်စိရှေ့မှ အမှန်တရားကို လက်ခံရ ခက်ခဲနေသည်။ နတ်မိမယ် ခုန်လင်သည် အထိတ်လန့်ဆုံး ဖြစ်လေသည်။

“သူ … ဘယ်လိုလုပ် သူက ဒီလောက် သန်မာနေတာလဲ”

နတ်မိမယ် ခုန်လင် မျက်ခုံးလှုပ်နေပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ သူမ အထင်သေးသော အားအနည်းဆုံး ခြေသလုံးအိမ်တိုင် သိုင်းသမားက တစ်ချက်တည်းဖြင့် သူတော်စင်အဆင့် လောင်ဇူအား သေအောင် သတ်၍ သန့်စင်ကာ အရက်အဖြစ် ပြောင်းလဲလိုက်သည်။

ဤသည်မှာ အလွန် မယုံနိုင်စရာ ကောင်းလှသသည်။ သူမ မော်ကြည့်ရသော သူက ယခုအခါတွင် ယဲ့ဖန်ရှေ့၌ ကြက်ပေါက်တစ်ကောင်ကဲ့သို့ သေဆုံးသွားလေသည်။

သန်မာလှသည်။ ကြမ်းကြုတ်၍ ကြောက်စရာ ကောင်းလှ၏။

လူအုပ်ကြီးသာမက ဖီးနစ် ကချေသည် နတ်သမီးတောင်မှ ထိတ်လန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

“ရက်စက်တယ်၊ လူမဆန်လွန်းတယ်”

“အဲ့ … အဲ့ဒီလူလိုပဲ”

ဖီးနစ် ကချေသည် နတ်သမီး၏ မျက်လုံးထဲတွင် ယဲ့ဖန်၏ပုံရိပ်သည် သူမနှလုံးသားထဲမှ လူနှင့် တစ်ထပ်တည်း တူညီလာသည်။ ဤသည်က သူမအား အိပ်မက်မက်နေသည်ဟု ထင်မှတ် သွားစေသည်။

“သွားပြီ၊ ဒီကောင်လေးတော့ တကယ့်လူကို ရန်စမိပြီ”

အားလုံး သတိဝင်လာစဉ်တွင် သိုင်းပညာရှင် တော်တော်များများက မျက်စိမျက်နှာ ပျက်လာကြသည်။ သူတို့က ယဲ့ဖန်အား ထိတ်လန့်၍ သနားသလို ကြည့်နေကြသည်။

“ဘာဖြစ်လို့လဲ”

သတိမထားမိကြသော သိုင်းပညာရှင်များက ထိုလူများအား ဇဝေဇဝါဖြင့် ဝိုင်းမေးကြသည်။ သူတို့ အမေးကြောင့် ထိုသိုင်းပညာရှင်များက အချင်းချင်း ဖြူဖပ်ဖြူရော် မျက်နှာထားများဖြင့် ပြန်ကြည့်လာသည်။

“မင်းတို့ … လောင်ဇူက ရွှမ်ထျန်း နယ်မြေကို ကြီးစိုးခဲ့ပင်မယ့် ဘာလို့ အသတ်မခံရတာလဲ ဆိုတာကို မင်းတို့ သိလား”

*ဟမ်*

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။

*အဲ့ဒါ လောင်ဇူက သူတော်စင်အဆင့် ဖြစ်နေလို့ မဟုတ်ဘူးလား*

သိုင်းပညာရှင် တော်တော်များများ ပဟေဠိဖြစ်လာကြသည်။ ထိုအခါ ထိုသိုင်းပညာရှင်များက ဆက်ပြောလာသည်။

“ခက်ထန်တဲ့ လောင်ဇူက သူတော်စင်ဖြစ်နေလို့ဆိုပင်မယ့် အဲ့ဒါ အခြေအနေတစ်ခုပဲ ရှိတာ၊ ဒါပေမဲ့ ရွှမ်ထျန်း နတ်ဘုရားနယ်မြေမှာ သိုင်းပညာရှင်တွေက တိမ်လိုပဲ၊ အဲ့ဒီမှာ လောင်ဇူထက် ပိုပြီး သန်မာတဲ့ သူတော်စင်အဆင့်တွေ ရှိတယ်”

“ဒါပေမဲ့ အဲ့ဒီလူတွေ လောင်ဇူနဲ့ မပတ်သက်ရဲတဲ့ အကြောင်းရင်းက ဘာလို့လဲဆိုတော့ နဂါးနက် အစည်းအရုံးခန်းမကြောင့်ပဲ”

*ဘာ*

ထိုစကားက လူတိုင်းအား မျက်နှာပျက်သွားစေသည်။

နဂါးနက် အစည်းအရုံး ခန်းမ။ ဤသည်မှာ ကြီးမားသော တည်ရှိမှု တစ်ခုဖြစ်ပြီး မရေတွက်နိုင်သော ဂြိုဟ်များ၌ ခန်းမခွဲများ ရှိလေသည်။

အထူးသဖြင့် ပို၍ ကြောက်စရာကောင်းသည်ကား နဂါးနက် အစည်းအရုံးခန်းမ၏ အဖွဲ့ဝင် တော်တော်များများသည် နတ်ဘုရားများနှင့် မကောင်းဆိုးဝါးဖြစ်သည်ဟု ကောလာဟလ ရှိသည်။ နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများထက် ပို၍ သန်မာသည်ဟု ဆိုကြသည်။

*လောင်ဇူက နဂါးနက် အစည်းအရုံးနှင့် ပတ်သက်နေတာပါလား*

“ဟုတ်တယ်၊ ကပ်ဆိုးဂြိုဟ်ရဲ့ နဂါးနက် အစည်းအရုံး ခန်းမရဲ့ ဒုခန်းမသခင် ယင်းရှာက လောင်ဇူရဲ့ ဦးလေးပဲ”

*ဟာ*

ထိုစကားအဆုံး၌ ခန်းမထဲမှ လူတိုင်း ပွက်လောရိုက်သွားကြသည်။

ယင်းရှာသည် သူတော်စင် နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်လေသည်။ သူသည် မိစ္ဆာအိုကြီးသာ ဖြစ်သည်။

တစ်ချိန်တုန်းက လူတစ်ဘောက်သည် ဂြိုဟ်စုနယ်မြေများစွာရှိ ဒါဇင်နှင့်ချီသော သူတော်စင်အဆင့် သိုင်းပညာရှင်များစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ ဂြိုဟ်တို့၏ အရှင်သခင် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုသူသည် နဂါးနက် အစည်းအရုံးခန်းမသို့ ဝင်ရောက်ခဲ့ပြီး ဒုခန်းမသခင် ဖြစ်လာလေသည်။

သူတော်စင် လောင်ဇူက ထိုသူ၏ တူဖြစ်နေလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။ အားလုံးက ယဲ့ဖန်အား သနားသလို ကြည့်လာပြန်သည်။

သူ၏ အဖြစ်ဆိုးကို အားလုံး မြင်ယောင်နေပုံရသည်။ ယဲ့ဖန်၏ သိုင်းပညာက တစ္ဆေကဲ့သို့ ကောင်းမွန်လျင်တောင်မှ သူသည် နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သာ ဖြစ်သည်။

သူက ဘယ်လိုလုပ် နဂါးနက် အစည်းအရုံး၏ ဒုခန်းမသခင်ဖြစ်သူ သူတော်စင် နောက်ဆုံးအဆင့် ရှိသူအား ယှဉ်နိုင်မည်နည်း။

ဤသည်မှာ လုံးဝ ဖြစ်နိုင်ချေ မရှိချေ။ ယခုအချိန်၌ ခန်းမထဲရှိ လေထုသည် အလွန် ငြိမ်သက်နေ၏။ လူတိုင်းက တီးတိုးပြောဆိုနေကြလေသည်။

နတ်မိမယ် ခုန်လင်သည် ယဲ့ဖန်အား ဇဝေဇဝါ အကြည့်ဖြင့် ကြည့်နေသော်လည်း ကံဆိုးလွန်းသူဟု ထင်နေလေသည်။

“ဒီခြေသလုံးအိမ်တိုင် သိုင်းသမားက တကယ် အံ့ဩစရာပဲ၊ သူက လောင်ဇူကို သတ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ခုန်လင်သည် သူမ ယခင်က ယဲ့ဖန်ကို အထင်သေးခဲ့မိခြင်းက အနည်းငယ် နောင်တရနေသည်။ သို့သော် သူမအစေခံက သရော်ပြုံးပြုံး၍ ဝင်ပြောလေသည်။

“နတ်မိမယ်လေး သနားစရာ မလိုပါဘူး။ သူက သန်မာရင်တောင်မှ သူတော်စင်အဆင့်ကို ယှဉ်နိုင်ပါ့မလား။ ဒီခြေသလုံးအိမ်တိုင် သိုင်းသမားတော့ ကံဆိုးမှာပဲ”

အစေခံသည် ယဲ့ဖန်အား အလွန် အထင်သေးလေ၏။ သူမစိတ်ထဲတွင် သေတော့မည်သူက သူမနှင့် မျက်နှာချင်းဆိုင်ရန် အဆင့်မမီဟု ထင်နေလေသည်။

ဘေးပတ်လည်မှ စကားများကို ကြားပြီးနောက် ဖီးနစ် ကချေသည် နတ်သမီး၏ မျက်နှာတောင်မှ သုန်မှုန်သွားလေသည်။

“လူကြီးမင်း ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မကြောင့် ရှင် ဒုက္ခရောက်ခဲ့တာပါ”

“ရှင် စိတ်မရှိဘူးဆိုရင် ကျွန်မနောက် လိုက်ခဲ့ပါ။ ကျွန်မ ဒီနဂါးနက် အစည်းအရုံးခန်းမက ထွက်တာနဲ့ ကျွန်မ ရှင့်အသက်ကို ကယ်နိုင်ပါတယ်”

ဖီးနစ် ကချေသည် နတ်သမီးသည်လည်း ဤနဂါးနက် အစည်းအရုံး ခန်းမ၏ မကောင်းဆိုးဝါးကို မနှစ်သက်ပါ။ အကယ်၍ ယဲ့ဖန်သာ ဒီနေရာ၌ ဆက်နေပါက သူမ ယဲ့ဖန်၏ အသက်ကို ကယ်နိုင်မည် မဟုတ်ပါ။ သူမစကားကြောင့် ယဲ့ဖန်က အသာပြုံးလာသည်။

“သောက်ပါဦး”

သူသည် သူတော်စင်အဆင့် ယင်းရှာနှင့် နဂါးနက် အစည်းအရုံးခန်းမကို ဂရုမစိုက်ပုံ ပေါ်သည်။

“ရှင် …”

ဖီးနစ် ကချေသည် နတ်သမီး စိတ်ပူသွားပြီး သူမမျက်နှာသို့ ချွေးများ စီးကျလာလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ဖီးနစ် ကချေသည် နတ်သမီးက ယဲ့ဖန်အား ဆက်၍ နားချရန် ပြင်နေချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး လူတစ်စု ဆင်းလာလေသည်။ ထိုလူများအား အဘိုးအိုတစ်ယောက်က ဦးဆောင်လာသည်။

ထိုအဘိုးအိုသည် အိုမင်းသော်လည်း ခြိမ်းခြောက်နိုင်သော အရှိန်အဝါများ လွှမ်းမိုးနေ၏။ သူ၏ စူးရှသော မျက်လုံးများက အဆိပ်ပြင်း မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ အေးစက်၍ စူးရှကာ အကြည့်နှင်တင် လူတို့အား တုန်ယင်သွားစေသည်။

ထိုသူကိုမြင်သည်နှင့် ခန်းမထဲမှ သိုင်းပညာရှင်အားလုံးနီးပါးက အတူတူ ဦးညွှတ်၍ အရိုအသေ ပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအိုက နဂါးနက် အစည်းအရုံး ခန်းမ၏ ဒုခန်းမသခင် ယင်းရှာ ဖြစ်နေသောကြောင့်ပင်။

“ဟမ် … လောင်ဇူရော”

ထိုအဘိုးအို၏ စူးရှသော မျက်လုံးများက လောင်ဇူထိုင်ခဲ့သော နေရာသို့ လှမ်းကြည့်ပြီးနောက် သုန်မှုန်လာသည်။ သူက တစ်ဖက်လူများကို လှည့်ကြည့်၍ မေးလိုက်သည်။

“မင်းတို့ လောင်ဇူကို ဘယ်နားမှာ တွေ့ခဲလဲ”

တိတ်ဆိတ်၍ သွားသည်။ သူတော်စင်အဆင့်၏ စကားကြောင့် မည်သူမျှ စကားမစရဲချေ။ လူတိုင်းက ခေါင်းကိုငုံ့၍ ချွေးပြန်နေကြသည်။

ငါးစာဟပ်ခံခံရမည်စိုးသကဲ့သို့ ကြောက်လန့်နေသည်။ ဤမြင်ကွင်းကြောင့် ယင်းရှာ အမူအယာ ပြောင်းသွားသည်။ သူ့စိတ်ထဲတွင် မကောင်းသော အငွေ့အသက်မျိုး ခံစားလာရသည်။

“လောင်ဇူ ဘယ်သွားလဲလို့ မင်းတို့ကို ငါ မေးနေတယ်လေ”

ထိုငေါက်ငမ်းသံက အားလုံး၏ စိတ်ဝိညာဉ်အား တုန်ခါသွားစေပြီး ခြေထောက်များ ပျော့ခွေ သွားစေသည်။

ထိုစဉ် ခုန်လင်၏ အစေခံက မတ်တပ်ရပ်၍ ယင်းရှာအား ပြောလိုက်သည်။

“ဒုခန်းမသခင် ကျွန်မ ဆရာလောင်ဇူ ဘယ်ကိုရောက်သွားသလဲ ဆိုတာကို သိပါတယ်”

*ဟင်*

သူမစကားကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။ ခုန်လင်သည်လည်း သူမအစေခံက စလှုပ်ရှားလိမ့်မည်ဟု ထင်မထားမိချေ။

သို့သော် ထိုအစေခံက အားလုံး၏ အကြည့်ကို အရေးမလုပ်ဘဲ သူမ၏ စဉ်းလဲသော မျက်လုံးအား ဝေ့၍ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

“ဆရာလောင်ဇူက အဲ့ဒီလူ သတ်တာကို ခံလိုက်ရပြီးတော့ သွေးအဖြစ် သန့်စင်ခံရပြီး ဝိုင်အဖြစ် ဖန်တီးခံလိုက်ရပါတယ်”

*ဘာ*

အစေခံ၏ စကားအဆုံး၌ ယင်းရှာ မျက်နှာပျက်သွားသည်။

*သွေးအဖြစ် သန့်စင်ခံရပြီးတော့ ဝိုင်အဖြစ် ဖန်တီးခံရတယ်တဲ့လား*

နွေခေါင်ခေါင်နေ့၌ မိုးကြိုးပစ်ချခံရသကဲ့သို့ ယင်းရှာ ရင်ကွဲနာကျ၍ ခံရခက်လာသည်။ သူ ချက်ချင်း ယဲ့ဖန်၏ ဝိုင်နီကရားအား စိုက်ကြည့်လိုက်ပြီးနောက် လောင်ဇူ၏ သွေးကို ခံစားမိ သွားသည်။

*ဒါ အမှန်ပါပဲလား*

“ီးပဲ၊ သေစမ်းကွာ”

ယင်းရှာ ရူးမတ် ဖြစ်နေသည်။ သူ့၌ ကလေးမရှိသလို လောင်ဇူကသာ သူ ချစ်ရသည့် တစ်ဦးတည်းသော သွေးသား ဖြစ်လေသည်။ ကြားရက်များတွင် သူသည် လောင်ဇူအား မိဘက သားသမီးအား ကျင့်ကြံခြင်း သင်ပေးသကဲ့သို့ သင်ပြပေးခဲ့သည်။

ခက်ထန်သော လောင်ဇူက နတ်ဘုရား နယ်မြေတွင် သွေးမိုးရွာစေခဲ့သော်လည်း သူက လောင်ဇူကို စောင့်ရှောက်ပေးခဲ့သည်။

သို့သော် သူ၏ ကိုယ်ပိုင်နယ်မြေ၊ သူ၏ မျက်စိအောက်၌ လောင်ဇူက နတ်ဘုရားသွေးစက် အဖြစ် သန့်စင်ခံရပြီး ဝိုင်ထဲသို့ ဖြည့်စွက်ခံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

Chapter 525 သတ်ပစ်

ရွှစ်!

ထိုစဉ် နဂါးနက် အစည်းအရုံးခန်းမ၏ သိုင်းပညာရှင်များက ယဲ့ဖန်ကို ဝိုင်းလာကြသည်။ ထို့နောက် ဓားများကို ဆွဲထုတ်လိုက်သည်။ အန္တရာယ်ရှိသော အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။

ယင်းရှာ စကားတစ်ခွန်း ပြောလိုက်သည် သူတို့က ယဲ့ဖန်ကို နုတ်နုတ်စင်း၍ သတ်ပစ်မည် ဖြစ်သည်။

ထိုစဉ် သူတော်စဉ်အဆင့် ယင်းရှာက ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး မျက်လုံးထဲရှိ လူသတ်လိုသော အရိပ်အငွေ့က ပို၍ ပြင်းထန်လာသည်။

“ကောင်လေး ဘာလို့လဲ၊ မင်း ဘာလို့ ငါ့တူကို သန့်စင်ရတာလဲ”

ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလေသည်။

ဖီးနစ် ကချေသည် နတ်သမီး ကြက်သီးထလာသလို ခံစားမိသည်။ ထို့နောက် သူမ ယဲ့ဖန်အတွက် ဝင်၍ အသနားခံစကား ပြောရန် ပြင်လိုက်သည်။

ထိုစဉ် ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်လာသည်။

“သူက ကျုပ်ကို ရန်စတာလေ၊ အဲ့ဒါနဲ့ သူ့ကို သတ်လိုက်တာ”

“ခင်ဗျား ကျုပ်ကို ရန်စရင် ခင်ဗျားလည်း သေရမယ်”

*ဟမ်*

ယဲ့ဖန်၏ စကားသည် ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ လူတိုင်းအား သွေးပျက်၍ ဆူညံသွားစေသည်။ အားလုံး ကိုယ့်နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည့် စကားများကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။

*ရဲတင်းလိုက်တာ*

*ဒီသေးနုပ်တဲ့ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်လေးက နဂါးနက် အစည်းအရုံးခန်းမရဲ့ ဒုခန်းမသခင် ရှေ့မှာ မောက်မာရဲနေပါလား*

*ဒီကောင်လေး သေမှာကို မကြောက်ဘူးလား*

လူတိုင်းက ယဲ့ဖန်ကို ပို၍ သနားဟန်ဖြင့် ကြည့်လာကြသည်။ ယဲ့ဖန်က သရဲသဘက်ကဲ့သို့ သန်မာသည် ဆိုလျင်တောင်မှ သူတော်စင် နောက်ဆုံးအဆင့် ပုဂ္ဂိုလ်အား မည်သို့ အနိုင်ယူ နိုင်မည်နည်း။

“ဟားဟားဟား ...”

ထိုသို့သောအချိန်၌ ယင်းရှာက ရယ်လေသည်။ ကျောချမ်းဖွယ်ကောင်းသော ရယ်သံပင်။

“ငါလည်း သေရမယ် ဟုတ်လား၊ ဟာသပဲ၊ တကယ့် ဟာသကြီးပဲ”

ယင်းရျာက အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ယဲ့ဖန်ကို ကြည့်နေလေသည်။

“ဒါက ငါ့နဂါးနက် အစည်းအရုံးရဲ့ ပိုင်နက်ပဲ၊ ငါက ဒီက ဒုခန်းမသခင်၊ ဘယ်ကောင် ငါ့ကို သတ်ရဲသလဲ၊ ဘယ်ကောင် ငါ့ကို သတ်နိုင်သလဲ”

ကြောက်ရွံ့စိတ်များက ခန်းမ၏ ထောင့်နေရာအားလုံး၌ ပြည့်နှက်နေ၏။ သိုင်းပညာရှင်များ အားလုံး အလွန်အမင်း ကြောက်လန့်နေကြလေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး နတ်မိမယ် ခုန်လင်က ခေါင်းသာခါနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် သူတော်စင် ယင်းရှာအား ပို၍ စိတ်ပျက်လာအောင် လုပ်မိသောကြောင့် သူ၏သေခြင်းက ပို၍ အဖြစ်ဆိုးလိမ့်မည်ဟု ထင်နေသည်။

“သေလိုက်တော့ ချီးလို ခြေသလုံးအိမ်တိုင် သိုင်းသမား”

အစေခံ၏ မျက်လုံးများက ရွံရှာစက်ဆုပ်ဟန်များဖြင့် ပြောလိုက်သည်။ သူမကို အံ့ဩအောင် လုပ်ခဲ့သော သူ၏ အဖြစ်ဆိုးကို မြင်ရတော့မည် ဖြစ်သဖြင့် သူမ ကျေနပ်နေလေသည်။

“ဘယ်သူ မင်းကို သတ်နိုင်လဲ ဟုတ်လား”

ထိုစဉ် ယဲ့ဖန်၏နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု ပေါ်လွင်လာပြီး အထင်သေးသလို ပြောလိုက်သည်။

“မင်းကို ဘယ်သူ သတ်နိုင်လဲဆိုတာ မကြာခင် မင်း သိရမှာပေါ့၊ စမ်းကြည့်လိုက်လေ”

*ဘာ*

လူတိုင်း မှင်တက်သွားပြီး ယဲ့ဖန်အား ရူးနေသလား ဟူသည့် အကြည့်မျိုးနှင့် ကြည့်လာကြသည်။

*စမ်းကြည့်လိုက်လေတဲ့လား*

လူတိုင်းသည် ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟုသာ တွေးမိလာသည်။ ထိုအချိန်၌ လျှပ်စီးကဲ့သို့ လူရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ဓားရောင်များ လက်လာပြီး ခန်းမထဲ၌ သွေးစက်များ ဖြန်းပက် လာလေသည်။

ဝှစ်! ဝှစ်! ဝှစ်!

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယင်းရှာ၏ လူများအားလုံး အေးစက် တောင့်တင်းသွားကြပြီး သူတို့လည်ပင်း၌ သွေးစီးကြောင်းများ ထွက်ပေါ်လာသည်။

ဘုတ်!

တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။ ထိုလူများသည် သေသွားသည်အထိ ဘာဖြစ်သွားသလဲ ဆိုတာကို နားမလည်ကြချေ။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

…..

မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်းရှာ ခေါ်လာသော ဒါဇင်နှင့်ချီသည့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်များ လဲကျသွားပြီး အလောင်းများ ပြန့်ကျဲသွားလေသည်။ ခန်းမထဲ၌ သွေးနံ့များ လှိုင်လှိုင်ထလာသည်။

ခန်းမထဲက လူများအားလုံး ရူးမတ် ဖြစ်သွားကြသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူရိပ်များက ခန်းမပတ်လည်မှ ထွက်ပေါ်လာသည်။

အားလုံးက နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်များ ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းလှသည်။ အခြေအနေက ကြောက်မက်ဖွယ်ကောင်းလှသည်။

အထူးသဖြင့် ရှေ့မှဦးဆောင်လာသော လူငါးယောက်ပင်။ သူတို့အားလုံးက သူတော်စင် အထွတ်အထိပ်အဆင့်များ ဖြစ်ကြလေသည်။

“ခန်းမသခင်က သတ်လိုက်တာလား၊ ပြီးတော့ … နဂါးနက် ခန်းမရဲ့ ထိပ်သီးအကြီးအကဲ လေးယောက်”

“သူ … သူတို့ ဘယ်လိုလုပ် ထွက်လာကြတာလဲ၊ ပြီးတော့ …”

ကြောက်လန့်နေကြသည်။ အားလုံးသည် မြင်ရုံနှင့် လန့်နေကြလေသည်။ နဂါးနက် ခန်းမသခင်နှင့် ခန်းမ၏ ထိပ်သီးအကြီးအကဲ လေးယောက်က သူတို့၏ အဖွဲ့ဝင်များကို ပြန်သတ်လိုက်ခြင်းပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အထူးသဖြင့် ယင်းရှာတစ်ယောက် အတော်လေး တုန်လှုပ်နေ၏။

“ခန်းမသခင်၊ အကြီးအကဲ လေးယောက်၊ ခင် … ခင်ဗျားတို့ ဘာလုပ်တာလဲ”

*ရူးနေပြီ*

ယင်းရှာ၏ စိတ်ထဲတွင် ခန်းမသခင်နှင့် ထိပ်သီး အကြီးအကဲ လေးယောက်လုံး ရူးနေပြီဟု ထင်နေသည်။

သို့မဟုတ်ပါက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာပြီး ကိုယ့်လူကိုယ်ပြန်သတ်မည်နည်း။ သို့သော် ငါးယောက်လုံးက ယင်းရှာ၏ မေးခွန်းကို အဖတ်မလုပ်ချေ။

အားလုံးက ယဲ့ဖန်ကိုသာ ဝိုင်းကြည့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကြသည်။

ခန်းမသခင်က ယင်းရှာ၏ လူများကို သတ်လိုက်ပြီးနောက် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်၍ မိုးခြိမ်းမတတ် အသံနှင့် ဟစ်ကြွေးလာသည်။

“ကျေးကျွန်တွေက နဂါးနက်အရှင်ကို အရိုအသေပေးပါတယ်”

ထိုဟစ်ကြွေးသံက ခန်းမတစ်ခုလုံးအား ပွင့်ထွက်မတတ် ဖြစ်သွားစေသည်။ အားလုံး ထိတ်လန့်၍ နားအူသွားကြသည်။

*ကျေးကျွန်တွေတဲ့လား*

*အရှင်*

*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဖီးနစ် ကချေသည် နတ်သမီးသည် တအံ့တဩနှင့် ဝမ်းနည်း၍ မယုံနိုင်ဟန်များဖြင့် ယဲ့ဖန်ကို လှမ်းကြည့်လာသည်။

နတ်မိမယ် ခုန်လင်နှင့် သူမအစေခံတို့သည် ပစ်လဲကျမတတ် ဖြစ်သွားကြသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ သူက ခြေသလုံး အိမ်တိုင် သိုင်းသမား မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူက ခန်းမသခင်နဲ့ အခြားသူတွေရဲ့ အရှင် ဖြစ်နေတာလဲ”

နတ်မိမယ် ခုန်လင်သည် မိုးကြိုးထိမှန်သွားသကဲ့သို့ ခံစားမိကာ သူမမျက်စိရှေ့မှ အရာအားလုံးကို ယုံကြည်ရန် ခက်ခဲနေ၏။

သူမအစေခံတောင်မှ ကြမ်းပြင်ပေါ် လဲကျကာ သရဲသဘက်ကို တွေ့ရသကဲ့သို့ ခပ်တိုးတိုး ရေရွတ်နေသည်။

“အရှင်တဲ့လား၊ သူ … သူက နဂါးနက် အစည်းအရုံးခန်းမရဲ့ အရှင်သခင်ပေါ့”

အစေခံသည် မျက်ခုံး တဆတ်ဆတ် လှုပ်နေပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။

အထူးသဖြင့် ယဲ့ဖန်ကို အထင်သေးပြီး ယင်းရှာကို အသုံးချ၍ သေစေလိုခဲ့သည်ကို တွေးမိပြီးနောက် သူမ ပို၍ ကြောက်လန့်လာသည်။

“မဟုတ်ဘူး … ဒီလို မဖြစ်နိုင်ဘူး”

ထိုအချိန်၌ ယင်းရှာ၏ မျက်နှာထားသည် မယုံနိုင်ဟန်များနှင့် ပြည့်နှက်လာကာ ယဲ့ဖန်ကို လှမ်းကြည့်လာသည်။

“သူက ဒီအတိုင်း နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲလေ။ ဘယ်လိုလုပ် နဂါးနက်အရှင် ဖြစ်နိုင်မှာလဲ”

ယင်းရှာသည် ရူးမတတ် ဖြစ်နေပုံရပြီး ခန်းမသခင်နှင့် အခြားသူများအား အသံကျယ်ကျယ်နှင့် အော်ဟစ်လေတော့သည်။

“ခန်းမသခင် ခင်ဗျား မှားနေပြီ၊ သူက ကျုပ်တူကို သတ်လိုက်တဲ့ လူသတ်သမား၊ ဘယ်လိုလုပ် နဂါးနက်အရှင် ဖြစ်နိုင်မှာလဲ”

*မှားနေတယ် ဟုတ်လား*

ခန်းမသခင်နှင့် အခြားသူများက လှောင်ပြုံးပြုံး၍ ယင်းရှာအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

ထိုစဉ် ယဲ့ဖန်က နဂါးသဏ္ဌာန် ကျောက်စိမ်းကို ကောင်တာပေါ် တင်လိုက်ချိန်တွင် ယင်းရှာသည် လည်ပင်း အစ်နေသည့် ဘဲတစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။

“နဂါးနက် အမိန့်ပြား၊ ဒါ … ဒါက တကယ့် နဂါးနက် အမိန့်ပြား အစစ်ပဲ”

ယင်းရှာ အလွန် မှင်တက်သွားသည်။ နဂါးနက် အမိန့်ပြား ပိုင်ရှင်သည် နဂါးနက် ခန်းမများ၏ အရှင်သခင်သာ ဖြစ်လေသည်။ ယခုအခါတွင်မူ …

“သတ်လိုက်”

ထိုစဉ် ယဲ့ဖန်ထံမှ ထွက်လာသော ထိုစကားသံကြောင့် ယင်းရှာ အေးခဲ တောင့်တင်းသွားရသည်။

ချက်ချင်းဆိုသလိုပင် အနားမှ ခန်းမသခင်နှင့် ထိပ်သီး အကြီးအကဲ လေးယောက်က ယင်းရှာအား အပြင်းအထန် တိုက်ခိုက်လာကြသည်။

ဤအဖြစ်ကြောင့် ယင်းရှာ သည်းခြေပျက်မတတ် လန့်သွားသည်။ သူ ထွက်ပြေးချင်နေ၏။ သို့သော် ထိပ်တန်း သူတော်စင်အဆင့် ငါးယောက်၏ ရှေ့၌ သူ့တွင် ပြေးစရာမြေ မရှိချေ။

ဝှစ်! ဝှစ်! ဝှစ်!

ရဲရဲနီသော သွေးများက ယင်းရှာ၏ ခန္ဓာကိုယ်မှ ပန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း စုတ်ပြတ်လာ၏။

“ငါ နောင်တရမိတယ်”

ယင်းရှာသည် စိတ်ထဲ၌ နောင်တတရားများဖြင့် ပြည့်နှက်လို့လာသည်။ အကယ်၍ ယဲ့ဖန်က နဂါးနက်အရှင်ဆိုတာကိုသာ သူ ကြိုသိခဲ့ပါက လောင်ဇူ အယောက်တစ်သောင်းကို သတ်ခဲ့ပါစေ၊ သူ နည်းနည်းလေးမှ ရန်စခဲ့မည် မဟုတ်ပါ။

သို့သော် ယခုအခါတွင်တော့ နောင်တရရန် အလွန် အချိန်နှောင်းသွားလေပြီ။

ပြင်းထန်သော လူငါးယောက်၏ တိုက်ခိုက်မှုက ယင်းရှာထံ ကျရောက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ပေါက်ထွက်သွားသော သဲအိတ်ကဲ့သို့ ပေါက်ထွက်လာသည်။ သွေးများက သိုင်းပညာရှင်တိုင်း၏ မျက်နှာသို့ စဉ်လာသည်။ ဤသည်ကြောင့် သူတို့အားလုံး သွေးပျက်၍ ကတုန်ကယင် ဖြစ်လာကြလေသည်။

စာစဉ် (၃၅) ဤတွင် ပြီးပါပြီ။

All Chapters