← Chapters

အခန်း (၅၆၃)

Vol. 46 Ch. 563

အခန်း (၅၆၃)

Vol. 46 Ch. 563

ဝူဟုန်မှ ယဲ့လုဖုန်းကို ကြည့်၍ ပြောသည်။

ယဲ့လုဖုန်းသည် အားအာထိုက်ကို လှည့်ကြည့်လိုက်သည်။ အားအာထိုက်၏မျက်နှာမှာ အပြာရောင်၊ ခရမ်းရောင်များ ယှက်သန်းနေ၏။ အားအာထိုက်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်နေမိသည်။ ဤကလေးသည် သူ့ကို ဤသို့ဆန့်ကျင်လာမည်ဟု သူလုံးဝ ထင်မထားခဲ့ပါချေ။

သို့သော် သူသည် လူကြီးတစ်ယောက်အနေဖြင့် မျက်နှာအမူအရာကို ထိန်းသိမ်းထားရပေမည်။ အပြုအမူမှာ အရမ်းလွန်ကြူး၍ မဖြစ်ချေ။

ထို့နောက် ယဲ့လုဖုန်းသည် လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။

“အင်းးး ရာဇဝတ်တရားကြီးထန် ငါနားလည်ပါတယ်”

“ကျွန်တော်တို့ရဲ့တာဝန်ပါပဲ”

“ဝူဟုန်ကို ခေါ်သွားလိုက်ပါ”

“ဟုတ်ကဲ့”

ထန်ဝမ်နျန်သည် ဝူဟုန်ကို ခေါ်သွားခဲ့သည်။ ထို့နောက် ယဲ့လုဖုန်းသည် အားအာထိုက်ဘက်သို့ လှည့်၍ ပြောသည်။

“ဦးလေးအားအာထိုက် ဦးလေး ဘာလို့များ တကယ့်လူသတ်သမားအစစ်ကို လျစ်လျူရှုပြီး ချန်ကျိုစစ်ကို မတရားစွပ်စွဲရတာပါလဲ။ အဲဒီလိုလုပ်လိုက်ရင် သေဆုံးသူထာရာနဲ့ သူ့ရဲ့မိသားစုက ကောင်းကင်ဘုံမှာ ဘယ်လိုများ စိတ်အေးချမ်းစွာ အနားယူနိုင်ပါ့မလဲ”

အားအာထိုက်မှ ပြောသည်။

“သခင်ကြီးယဲ့လု မင်းက ငါတို့မုလန်လူမျိုးတွေရဲ့ အစောင့်အရှောက်နတ်ဘုရားလို တည်ရှိမှုပါ။ မုလန်လူမျိုးတွေရဲ့ လုံခြုံဘေးကင်းမှုက မင်းအပေါ်မှာ မူတည်နေပါတယ်။ မင်းအနေနဲ့ ငါတို့အတွက် တရားမျှတမှုရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

ယဲ့လုဖုန်းမှ ပြောသည်။

“တရားမျှတမှုကို ရယူပေးတာက ရပါတယ်။ ဒါပေမဲ့ ချန်ကျိုစစ်က လူသတ်သမားမဟုတ်ဘူး”

အားအာထိုက်မှ ပြောသည်။

“အဲဒါက သူက မင်းရဲ့လူမို့လို့လေ။ သခင်ကြီးယဲ့လု ဒါပေမဲ့ မင်းသိထားရမှာက ငါတို့က ထျန်းခယ့်ဟန်ရဲ့ မျိုးဆက်တွေဖြစ်တဲ့ မုလန်လူမျိုးတွေပဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“အခု ထျန်းခယ့်ဟန်လို့ မခေါ်တော့ဘဲ ဧကရာဇ်မင်းကြီးလို့ ခေါ်ပါတယ်”

“ဘာကို ဧကရာဇ်မင်းကြီးလဲ။ အဲဒါက ဟန့်လူမျိုးတွေရဲ့ အခေါ်အဝေါ်ပဲ။ ဧကရာဇ်မင်းကြီးဆိုတဲ့ အခေါ်အဝေါ်အောက်မှာ ထျန်းခယ့်ဟန်က ငါတို့ကို ဟန့်လူမျိုးတွေကို မသတ်ဖြတ်ဖို့ တားမြစ်ခဲ့တယ်။ ဧကရာဇ်မင်းကြီးဆိုတဲ့ အခေါ်အဝေါ်အောက်မှာ ထျန်းခယ့်ဟန်က ဟန့်လူမျိုးတွေကို ငါတို့ခေါင်းပေါ် တက်နင်းခွင့်ပေးတော့မှာတဲ့လား”

အားအာထိုက်သည် သူ၏အစီအစဉ် ကျရှုံးသွားသောကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ ယဲ့လုဖုန်းသည် သူ့ကိုကူညီပြီး ချန်ကျိုစစ်ကို သတ်ပေးမည်မဟုတ်ကြောင်း သိသာလှသည်။

သို့ဖြင့် အားအာထိုက်သည် ဒေါသပေါက်ကွဲတော့သည်။

ထိုအခါ ယဲ့လုဖုန်းမှ အားအာထိုက်ကိုကြည့်ပြီး ပြောသည်။

“ဦးလေးအားအာထိုက် ဦးလေး အဲဒီလိုပြောတာကို ကြားရတာ ကျွန်တော်ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ ကျွန်တော်ပြောပါရစေ၊ ဟန့်လူမျိုးတွေက စိတ်ရှိတိုင်းသတ်ဖြတ်လို့ရတဲ့သူတွေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဟန့်လူမျိုးတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ခြင်းကို လက်ကိုင်ထားသင့်ပါတယ်။ ဦးလေး သတိထားမိလားတော့ မသိဘူး ဒါပေမဲ့ ဝန်ကြီးချုပ်ပေါ်ယန်က ဒုဝန်ကြီးထောထောရဲ့ စွပ်စွဲပြစ်တင်ခံထားရပါတယ်။ အရှင်မင်းကြီးကလည်း ဝန်ကြီးချုပ်ပေါ်ယန်ကို ရုံးတော်ကနေ ဖယ်ရှားဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ ပြီးတော့ ဒုဝန်ကြီးထောထောက ဟန့်ယဉ်ကျေးမှုကို စိတ်ဝင်စားသူပါ။ ဆိုလိုတာက ကျွန်တော်တို့တွေ ဟန့်လူမျိုးတွေနဲ့ ဆက်ဆံရေးအဆင်ပြေအောင် လုပ်သင့်ပါတယ်”

“ဟား ဝန်ကြီးချုပ်ပေါ်ယန် ဖယ်ရှားခံရပြီး ဒုဝန်ကြီးထောထော လွှမ်းမိုးအုပ်စိုးသွားရင်တောင်မှ ငါဘယ်တော့မှ အဲဒီအောက်တန်းကျတဲ့ ဟန့်ခွေးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်မှာ မဟုတ်ဘူး။ အဲဒီအသုံးမကျတဲ့ ဟန့်လူမျိုးတွေနဲ့ ငါ မိတ်ဆွေမဖွဲ့နိုင်ဘူး။ ငါက သူတို့ရဲ့အထက်မှာပဲ ရှိနေရမယ်”

အားအာထိုက်သည် စိတ်ခံစားချက်များ ပြင်းထန်လျက် ပြောသည်။

သူ၏လူမျိုးရေးမာနသည် ဟန့်လူမျိုးများအား ဦးညွှတ်ဆက်ဆံခြင်းငှာ ခွင့်မပြုနိုင်ပေ။ ယဲ့လုဖုန်းသည် အားအာထိုက်ကို ကြည့်လျက် ထိုလူအိုကြီး၏ လိုက်လျောညီထွေမဖြစ်နိုင်မှုအတွက် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။

သို့သော် အခြေအနေသည် မပြောင်းလဲပေ။ ဤအမှုသည် မိန်ဂိုဏ်းမှ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ချန်ကျိုစစ် မဟုတ်ပေ။

ယဲ့လုဖုန်းသည် ဖမ်းဝရမ်း ချက်ချင်းထုတ်ပြန်စေသည်။ မိန်ဂိုဏ်းသားများအား စီရင်စုအနှံ့ ရှာဖွေဖမ်းဆီးစေပြီး ရာဇဝတ်သား တစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်ခွင့်မပေးရန် ထုတ်ပြန်သည်။

အားအာထိုက်လည်း နောက်ဆုတ်ပေးလိုက်ရသည်။

သူပြန်သွားပြီးနောက် ဒေသခံမုလန်လူမျိုးများမှ ဒီနေ့အဖြစ်အပျက်အကြောင်း မေးမြန်းကြသောအခါ အားအာထိုက်သည် အံကိုတင်းတင်းကြိတ်လျက် ပြောသည်။

“ယဲ့လုဖုန်းက ဟန့်လူမျိုးတွေကို ဘက်လိုက်ပြီး တရားမျှတမှု မရှိဘူး။ ဒါပေမဲ့ ငါတို့မုလန်လူမျိုးတွေအတွက် ငါတို့ရဲ့အဆင့်အတန်းကို ပြန်ဆယ်ယူဖို့ ငါဆုံးဖြတ်ချက်ချခဲ့တယ်။ ဟန့်လူမျိုးတွေ ငါတို့ကို ဖိနှိပ်တာကို ခွင့်ပြုမထားသင့်ဘူး။ မဟုတ်ရင် ငါတို့ ဒီမျန့်ရွှေစီရင်စုမှာ ထပ်ပြီး အရင်လို ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး”

ထိုအခါ မုလန်လူမျိုးများသည် မကျေချမ်းမှုများဖြင့် အချင်းချင်း ပေါင်းစည်းသွားကြသည်။ ယခုတွင် စီရင်စုအုပ်ချုပ်ရေးမှူးသည်လည်း ဟန့်လူမျိုးများကို မျက်နှာသာပေးနေရာ သူတို့၏အနာဂတ်လမ်းကြောင်း တောက်ပဖြောင့်ဖြူးရေးအတွက် ဟန့်လူမျိုးများကို ဖိနှိပ်ထားရပေမည်။

သို့ဖြင့် မုလန်လူမျိုးတစ်စုသည် အတူတကွ စုစည်းလျက် ဟန့်လူမျိုးများကို ဖိနှိပ်ရေးအစီအစဉ်အား ကြံစည်ကြတော့သည်။ အထူးသဖြင့် ချန်ကျိုစစ်ကို ပစ်မှတ်ထားခြင်း ဖြစ်၏။

ထို့နောက်တွင်မူ သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။ ချန်ကျိုစစ်သည် လတ်တလောတွင် ကျားဖြူခန်းမ၏ သူရဲကောင်း၂၈ဦးအတွက် စျာပနအခမ်းအနားကျင်းပရန် စီစဉ်နေသည်ဟူသည့် သတင်းဖြစ်သည်။

လတ်တလော၌ ချန်ကျိုစစ်၏ ငွေတုံးထောင်ချီကို အကုန်အကျခံကာ ရွှေချည်ထိုးနန်သစ်သားဖြင့် ပြုလုပ်အပ်သော ခေါင်းတလား၂၈လုံးကို ဝယ်ယူခဲ့သည့်သတင်းသည် မျန့်ရွှေစီရင်စုတစ်ခုလုံး ပျံ့နှံ့နေခဲ့သည်။

ဘယ်သူကများ လက်အောက်ငယ်သားတွေရဲ့ ခေါင်းတလားအတွက်နဲ့ ဒီလောက်ပိုက်ဆံအများကြီးကို သုံးမှာတဲ့လဲ။

ထို့ပြင် စျာပနအခမ်းအနားနေ့တွင် မြို့တစ်ဝက်ခန့် စီတန်းလှည့်လည်ပြီး နောက်ဆုံးတွင် အရှေ့မြို့ဂိတ်တံခါးမှ ထွက်ခွာကာ တောင်တန်းစိမ်းများတွင် မြှုပ်နှံမည်ဟူသည့် သတင်းများလည်း ပျံ့နှံ့နေခဲ့သည်။

“ဘာ။ ချန်ကျိုစစ်က နိမ့်ကျတဲ့ ဟန့်လူမျိုးတပ်သားလေးတစ်အုပ်စုအတွက်နဲ့ အဲဒီလောက်ကြီးကျယ်ခမ်းနားတဲ့ စျာပနပွဲကို ကျင်းပဖို့ စီစဉ်နေတယ်ပေါ့လေ။ သူရဲကောင်း၂၈ယောက်လို့တောင် အမည်တပ်လိုက်သေးတယ်။ ဟန့်လူမျိုးတွေကိုများ သူရဲကောင်းလို့ ခေါ်ဝေါ်ထိုက်မတဲ့လား။ မဖြစ်ဘူး၊ ငါတို့ သူတို့ကို ဖိနှိပ်ရမယ်”

မုလန်လူမျိုးများ၏ ဝိုင်းဝန်းတိုင်တန်းမှုများကို နားထောင်ပြီးနောက် အားအာထိုက်သည် ရုတ်တရက် ထရပ်လာပြီး ပြော၏။

“မဖြစ်ဘူး၊ ငါတို့ သူတို့ကို ဖိနှိပ်ရမယ်။ ငါတို့လည်း စျာပနအခမ်းအနားကျင်းပရမယ်။ သူတို့ရဲ့စျာပနထက် ပိုပြီး ကြီးကျယ်ခမ်းနားရမယ်။ ဟန့်လူမျိုးတွေကို သူရဲကောင်းလို့ ခေါ်ဝေါ်နိုင်ရင် ငါတို့ညီနောင်ထာရာက ပိုလို့တောင် ခေါ်ဝေါ်ထိုက်သေးတယ်။ ငါတို့လည်း စျာပနအခမ်းအနားကျင်းပကြမယ်”

ထိုအခါ မုလန်လူမျိုးတစ်ယောက်မှ ပြောသည်။

“ဒါပေမဲ့ ဒါပေမဲ့ ကျွန်တော်တို့မှာ လူမြှုပ်နှံတဲ့ ရိုးရာဓလေ့မရှိဘူးလေ”

တကယ့်ကိုပင် မုလန်လူမျိုးများ၌ လူမြှုပ်နှံသည့် ရိုးရာဓလေ့ မရှိပါချေ။ သို့ဖြစ်ရာ မုလန်လူမျိုးများသည် လူမြှုပ်နှံသည့် စည်းမျဉ်းများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ အားအာထိုက်မှ ပြောသည်။

“အဲဒါက အရေးမကြီးဘူး။ ငါတို့မှာ မရှိရင် ငါတို့သင်ယူလို့ရတယ်။ မြို့ထဲက နာမည်အကြီးဆုံး ဖုန်းရွှေဆရာကို ရှာပြီးတော့ ငါတို့စျာပနအခမ်းအနားကျင်းပချင်တဲ့အကြောင်း ပြောပြလိုက်။ ဒါနဲ့ ချန်ကျိုစစ်တို့ စျာပနက ဘယ်နေ့လဲ”

မုလန်လူမျိုးတစ်ယောက်မှ ပြန်ပြောသည်။

“နောက်သုံးရက်နေရင်ပါ”

“ဒါဆို ငါတို့လည်း နောက်သုံးရက်နေရင် စျာပနလုပ်မယ်။ သူက မြို့တစ်ဝက် စီတန်းလှည့်လည်မှာမလား။ ငါတို့က တစ်မြို့လုံး လှည့်လည်မယ်။ မျန့်ရွှေစီရင်စုမှာ ငါတို့မုလန်လူမျိုးတွေကသာ အင်အားအာဏာအကြီးဆုံးဖြစ်ကြောင်း လူအားလုံးကို သိစေမယ်”

အားအာထိုက်မှ ဒေါသတကြီး ကြွေးကြော်သည်။ ဤတစ်ကြိမ်၌ သူ ချန်ကျိုစစ်ကို ဖိနှိပ်နိုင်ရပေမည်။ ဤသည်မှာ ဂုဏ်သိက္ခာတိုက်ပွဲပင်။

…

ချန်ကျဲ့၏အိမ်တော်၌ ချန်ကျဲ့သည် ခြံဝင်းထဲတွင် အေးအေးလူလူပင် လက်ဝါးသိုင်းလေ့ကျင့်နေသည်။ ယခုတွင် သူ၏အစီအစဉ်အားလုံး နေရာတကျ အဆင်ပြေချောမွေ့နေသည်ဖြစ်ရာ သူလုပ်စရာဟူ၍ အချိန်ကောင်းကို စောင့်ဆိုင်းပြီး လှုပ်ရှားရန်သာ ကျန်ရစ်တော့ပေသည်။

သို့ဖြစ်ရာ ချန်ကျဲ့သည် အေးဆေးသက်သာစွာ နေထိုင်နိုင်သည့် အချိန်ရနေတုန်းလေးတွင် သိုင်းကျင့်နေခြင်း ဖြစ်သည်။

ချန်ကျဲ့ သိုင်းလေ့ကျင့်နေစဉ် ရှောင်ဟူမှ အလျင်စလို ပြေးဝင်လာ၏။ ချန်ကျဲ့ သိုင်းလေ့ကျင့်နေသည်ကို မြင်သောအခါ ရှောင်ဟူသည် ချန်ကျဲ့ကို မနှောင့်ယှက်ဘဲ လက်ဖက်ရည်အိုးရှိရာသို့သာ အမြန်သွားလိုက်ပြီး ရေငတ်ပြေရန်အတွက် လက်ဖက်ရည်အိုးလိုက်သာ မော့ချပစ်လိုက်သည်။

ချွေးများစိုရွှဲနေသည့် ရှောင်ဟူကို ချန်ကျဲ့ လှည့်ကြည့်လိုက်၏။

“ဖြည်းဖြည်းသောက်”

ရှောင်ဟူမှ ပြန်ပြောသည်။

“ဟဲဟဲ အစ်ကိုကျိုစစ် အစ်ကိုပေးလိုက်တဲ့တာဝန် ပြီးမြောက်သွားပြီ။ ဟန်ဟယ့်ပြောလိုက်တယ်၊ ပစ္စည်းတွေ မြို့ပြင်ရောက်တာနဲ့ ဆေးဖော်စပ်နည်းရဲ့ နေရာကို ပြောပြမယ်တဲ့”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အင်း သူတို့ ငါ့ကိုလှည့်စားမှာကို ငါမစိုးရိမ်ပါဘူး”

“ဒါနဲ့ ခန်းမအရှင်သခင် ဒီနှစ်ရက်အတွင်း ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေက နန်ပါးထျန်းကို သံသယဝင်သွားစေပါတယ်။ နန်ပါးထျန်းက ကျွန်တော်တို့ ခေါင်းတလားဝယ်ယူတာနဲ့ပတ်သက်ပြီး လူလွှတ်စုံစမ်းခိုင်းထားပါတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဪ ကြည့်ရတာ သူတို့က ထင်သလောက် မတုံးဘူးပဲ။ ဒါပေမဲ့ ကံကောင်းတယ်ပြောရမယ်။ သူတို့စုံစမ်းလို့ရသမျှက ငါ သူတို့ကိုသိစေချင်တဲ့အရာတွေချည်းပဲ ဖြစ်နေမှာလေ။ ဟားဟား ဒီကစားပွဲမှာ နန်ပါးထျန်း ကျုပ် ခင်ဗျားကို သေတဲ့အထိ ကစားပေးမယ်”

All Chapters