← Chapters

အခန်း (၁၅၈၇-၁၅၈၈)

Vol. 122 Ch. 1587-1588

အခန်း (၁၅၈၇-၁၅၈၈)

Vol. 122 Ch. 1587-1588

အခန်း ၁၅၈၇ - တမလွန်နဲ့ လူ့ပြည်ကြားက လမ်း

ယန်ကျန့်နှင့် ကျန်းရှန်းကွမ်တို့သည် ဒီတတိယမြောက် အခန်းအတွင်းသို့ အတူတူ ဝင်ရောက်သွားကြသည်။

အခန်းထဲတွင် မှောင်မည်းနေသော်လည်း တစ္ဆေမျက်လုံး၏ အကြည့်အောက်တွင်တော့ ဒီအမှောင်ထုက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပေ။

သူ၏ ရှေ့တွင် အလွန် ထူးခြားသော လမ်းတစ်လမ်း ရှိနေသည်။ ဒီလမ်းမှာ သဘာဝလွန်စွမ်းအားဖြင့် ဖန်တီးထားခြင်း မဟုတ်ဘဲ သက်ရှိလူများက တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။ အခန်းထဲသို့ စဝင်ခါစက လမ်းမှာ ကျဉ်းမြောင်းပြီး လေးမီတာခန့်သာ ကျယ်သော်လည်း ရှေ့သို့ ဆက်သွားလေလေ လမ်းက ပိုပို ကျယ်လာလေလေ ဖြစ်သည်။

နောက်ဆုံးတွင် လမ်းက လမ်းတစ်လမ်းနှင့် မတူတော့ဘဲ ကြီးမားသော မြေကွက်လပ်ကြီး တစ်ခုနှင့် ပိုတူလာသည်။

ထို့အပြင် ပတ်ဝန်းကျင် အခြေအနေများမှာလည်း ကြီးမားစွာ ပြောင်းလဲသွားသည်။ အစကတော့ ယန်ကျန့် အခန်းထဲတွင် ရှိနေသေးသော်လည်း ရှေ့သို့ ဆက်သွားသည်နှင့်အမျှ အမှောင်ထု တဖြည်းဖြည်း လွင့်စင်သွားပြီး ယန်ကျန့်သည် ထူးခြားသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

သူ၏ အနောက်ဘက်တွင် မှောင်မည်းနေသော အခန်း တစ်ခန်း ရှိနေပြီး သူ၏ ရှေ့တွင်တော့ အဆုံးအစမရှိသော အုံ့မှိုင်းသည့် ကမ္ဘာကြီး တစ်ခု ရှိနေသည်။ ကြီးမားသော တစ္ဆေနယ်မြေကြီး တစ်ခုနှင့် အလွန် တူပေသည်။

ယန်ကျန့် ရှေ့သို့ ဆက်မသွားတော့ဘဲ ခြေလှမ်းများ ရပ်တန့်လိုက်သည်။

"အခု ငါတို့ ရောက်နေတဲ့ နေရာက သဘာဝလွန်နယ်မြေနဲ့ လက်တွေ့ကမ္ဘာကြားက ဆုံမှတ်ပဲ ရှေ့ကို နောက်ထပ် ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရင် သဘာဝလွန်ကမ္ဘာထဲ ရောက်သွားပြီ နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရင်တော့ လက်တွေ့ကမ္ဘာထဲ ရောက်သွားပြီ ငါ ခန့်မှန်းကြည့်ရသလောက် ဒီနယ်နိမိတ်မျဉ်းက မီတာ အနည်းငယ်လောက်ပဲ ရှိတယ် ပြီးတော့ နေရာပေါ် မူတည်ပြီး အကျယ်ကလည်း မတူကြဘူး"

ထို့နောက် သူသည် ဘယ်ညာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ ဘယ်ညာ နှစ်ဖက်စလုံးတွင် လမ်းတစ်လမ်းစီ ရှိနေပြီး ဒီလမ်းမှာ ရှင်းလင်းသော နယ်နိမိတ် မရှိပေ။ လမ်း၏ ဘယ်ဘက်ခြမ်းမှာ အုံ့မှိုင်းပြီး အသက်မဲ့နေကာ ကြောက်မက်ဖွယ် ပုံရိပ်များ လှည့်လည်နေပြီး လမ်း၏ ညာဘက်ခြမ်းမှာတော့ အလင်းရောင်များ လင်းထိန်နေကာ လက်တွေ့ကမ္ဘာမှ မြို့၏ မြင်ကွင်းကို ဝိုးတဝါး မြင်တွေ့နေရသည်။

သဘာဝလွန်နယ်မြေနှင့် လက်တွေ့ကမ္ဘာ ၊ အလင်းနှင့် အမှောင်။

ဒါက နယ်နိမိတ် မသေချာသော တမလွန်နှင့် လူ့ပြည်ကြားက လမ်းတစ်လမ်း ဖြစ်ပေသည်။

ထို့အပြင် ဒီလမ်းမှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်။ သို့သော် ဒီအရှိန်မှာ အလွန် နှေးကွေးလှသည်။ သို့သော် အချို့နေရာများကတော့ ထူးခြားနေပြီး တမလွန်နှင့် လူ့ပြည်ကြားက လမ်းမှာ ပျောက်ကွယ်သွားကာ ကမ္ဘာနှစ်ခုလုံး ဆက်စပ်သွားပြီ ဖြစ်သည်။ ဆိုလိုသည်မှာ တစ္ဆေများသည် ဆက်စပ်သွားသော နေရာများမှတစ်ဆင့် လက်တွေ့ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

ကျန်းရှန်းကွမ်လည်း ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။

"ဒါက ရှောင်လွှဲလို့ မရတဲ့ ကံကြမ္မာပဲ သဘာဝလွန်ခေတ်ကြီး ပေါ်လာတာကို တားဆီးဖို့ မဖြစ်နိုင်တော့ဘူး"

"ဟုတ်လို့လား"

နောက်တစ်ခဏတွင် ယန်ကျန့်၏ တစ္ဆေမျက်လုံး ရုတ်တရက် ပွင့်လာပြီးနောက် တစ္ဆေနယ်မြေများ တစ်ထပ်ပြီး တစ်ထပ် ထပ်ပေါင်းသွားကာ အနီရောင် အလင်းတန်းများက တမလွန်နှင့် လူ့ပြည်ကြားက လမ်းတစ်လျှောက် ချက်ချင်း ထိုးလင်းသွားတော့သည်။

အနီရောင် အလင်းတန်းများက တမလွန်နှင့် လူ့ပြည်ကြားက လမ်းပေါ်သို့ လွှမ်းခြုံသွားသည်နှင့် နယ်နိမိတ်ကို ဖြတ်ကျော်ကာ လက်တွေ့ကမ္ဘာသို့ ဝင်ရောက်ရန် ကြိုးစားနေသော တစ္ဆေတစ်ကောင်သည် တစ္ဆေမျက်လုံး၏ တစ္ဆေနယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး အောင်မြင်စွာ တားဆီးခံလိုက်ရသည်။

"အခု ဘယ်လိုထင်လဲ"

ယန်ကျန့်က မေးလိုက်သည်။

ကျန်းရှန်းကွမ်က ပြောလိုက်သည်။

"မင်းက တစ္ဆေနယ်မြေကို အသုံးပြုပြီး သဘာဝလွန်ကမ္ဘာနဲ့ လက်တွေ့ကမ္ဘာကြားမှာ အကာအကွယ် တစ်ခု တည်ဆောက်လိုက်တာပေါ့ တစ္ဆေတွေ လက်တွေ့ကမ္ဘာထဲ ဝင်ချင်ရင် မင်းရဲ့ တစ္ဆေနယ်မြေထဲကနေ အရင် ထွက်နိုင်မှ ရမယ် နည်းလမ်းတော့ မဆိုးပါဘူး ဒါပေမဲ့ မင်းရဲ့ တစ္ဆေနယ်မြေက ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ ဘယ်လောက် ကျယ်ကျယ်လောက်အထိ ဖုံးလွှမ်းနိုင်မှာလဲ မင်း လုပ်သမျှ အရာအားလုံးက အလကား ဖြစ်သွားလိမ့်မယ်"

ယန်ကျန့်က ပြန်ပြောလိုက်သည်။

"ငါ့ရဲ့ တစ္ဆေနယ်မြေကို အမြင့်ဆုံးအထိ ထပ်ပေါင်းလိုက်ရင် နေရာတစ်ခုကို အချိန်အတော်ကြာအောင် သက်ရောက်မှု ပေးနိုင်တယ် အရာအားလုံး အဆင်ပြေရင် ငါ တည်ဆောက်ထားတဲ့ ဒီအကာအကွယ်ကို အသုံးပြုပြီး သဘာဝလွန် အရာအများစုကို တားဆီးထားနိုင်မယ် ငါ့ရဲ့ တစ္ဆေနယ်မြေ အရှိန်ကျသွားပြီး တစ္ဆေတွေက တစ္ဆေနယ်မြေ အကာအကွယ်ကို ထိုးဖောက်လာနိုင်တဲ့ အချိန်ကျမှပဲ အန္တရာယ်က ထပ်ပြီး ရောက်လာလိမ့်မယ်"

"အဲဒီအချိန်က နောက်တစ်ကြိမ် တစ္ဆေနိုးထလာမယ့် အချိန်ပဲ"

ကျန်းရှန်းကွမ်က ဆက်ပြောသည်။

"မင်း သဘာဝလွန်ကမ္ဘာ တစ်ခုလုံးကို တားဆီးနိုင်မလား မတားဆီးနိုင်ဘူးလား ဆိုတာကို အသာထားဦး တကယ်လို့ လုပ်နိုင်တယ်ဆိုရင်တောင် အလကားပါပဲ မင်း ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်လောက် နောက်ဆုတ်ထားနိုင်တယ်ဆိုရင်တောင် နောက်ဆုံး ရလဒ်ကတော့ အတူတူပဲလေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး အရာအားလုံးက မူလ နေရာကို ပြန်ရောက်သွားမှာပဲ"

"ဒါက အစီအစဉ်ရဲ့ ပထမ အဆင့်လေးပဲ ရှိသေးတယ် အရင်ဆုံး ဒီကမ္ဘာကြီးကို အရင်လို ငြိမ်းချမ်းရေး ပြန်ရအောင် လုပ်ပေးရမယ် ငါ့ရဲ့ တကယ့် ရည်ရွယ်ချက်က သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်ဖို့ပဲ ဒါပေမဲ့ ဒီအစီအစဉ် အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာရယ် အချိန်ဘယ်လောက် ကြာမလဲ ဆိုတာရယ်ကို ငါ မသိဘူး ဒါကြောင့် ကြိုတင် ပြင်ဆင်မှုတွေ သေချာ လုပ်ထားမှ ရမယ်"

ယန်ကျန့်က ပြောလိုက်သည်။

သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်မယ်။

ကျန်းရှန်းကွမ် ဒီစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ယန်ကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"မင်း နောက်နေတာလား နိုးထလာတဲ့ သဘာဝလွန်စွမ်းအားတွေကိုတောင် မထိန်းချုပ်နိုင်ဘဲနဲ့ သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်ဖို့ စဉ်းစားနေတာလား တစ္ဆေကို သတ်လို့ မရဘူးဆိုတာ မင်း သိထားသင့်တယ် အဲဒီတော့ သဘာဝလွန်စွမ်းအား ဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"

"သဘာဝလွန်စွမ်းအားတွေ လုံးဝ ပျောက်ကွယ်သွားဖို့ မလိုပါဘူး သဘာဝလွန်ဖြစ်ရပ်တွေကို အချိန်မီ ဖြေရှင်းနိုင်ရင် ရပြီ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့ အရှိန်က သဘာဝလွန်ဖြစ်ရပ်တွေ ပေါ်လာတဲ့ အရှိန်ထက် ပိုမြန်နေပြီဆိုရင် သဘာဝလွန်ခေတ်ကြီး အဆုံးသတ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ" ယန်ကျန့်က ရှင်းပြလိုက်သည်။

"ဒါဆိုရင် ထိပ်တန်း တစ္ဆေဆရာတွေ အများကြီး လိုအပ်လိမ့်မယ် တစ္ဆေဆရာတွေ ဆိုတာကလည်း သေနိုင်တဲ့ လူတွေပဲလေ"

ကျန်းရှန်းကွမ်က ထောက်ပြလိုက်သည်။

ယန်ကျန့်က ပြောလိုက်သည်။

"ဟုတ်တယ် လူတွေမှာ ကန့်သတ်ချက် ရှိတယ် ဒါကြောင့် တစ္ဆေဆရာတွေက ဒီကိစ္စကို လုပ်နိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး ဒီရည်မှန်းချက်ကို ပြီးမြောက်အောင် ငါ ကိုယ်တိုင် ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခုကို မွေးထုတ်ဖို့ ရည်ရွယ်ထားတယ် ဒီထူးခြားတဲ့ ဖြစ်တည်မှုက လူလည်း မဟုတ် တစ္ဆေလည်း မဟုတ် တစ္ဆေဆရာလည်း မဟုတ်တဲ့ လုံးဝ ဖြစ်တည်မှု အသစ်တစ်ခုပဲ ဒါပေမဲ့ ဒီဖြစ်တည်မှု အသစ်က ပုံမှန် လူရဲ့ အသိစိတ်ရယ် အကန့်အသတ်မရှိတဲ့ သဘာဝလွန်စွမ်းအားရယ် ရှည်လျားတဲ့ သက်တမ်းရယ် ရှိနေရမယ်"

"အောင်မြင်သွားရင် ဒီလို ဖြစ်တည်မှုမျိုး တစ်ခုတည်း ရှိရင်တောင် သဘာဝလွန်ခေတ်ကြီးက အဆုံးသတ်သွားလိမ့်မယ်"

ကျန်းရှန်းကွမ်သည် ယန်ကျန့်၏ စကားကို ကြားပြီးနောက် ယခုအခါ အနည်းငယ် တုန်လှုပ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ယန်ကျန့်၏ ဒီလမ်းသာ ပေါက်သွားခဲ့ပါက သူပြောသလိုပင် သဘာဝလွန်ခေတ်ကြီး လုံးဝ အဆုံးသတ်သွားမည် ဖြစ်သည်။ ဒါက သူ၏ အစီအစဉ်ထက် ဘယ်လောက်တောင် ပိုသာသလဲဆိုတာ မသိနိုင်ပေ။

"ဒါက မင်းရဲ့ စိတ်ကူးသက်သက်ပဲလား ဒါမှမဟုတ် လမ်းစ ပေါ်နေပြီလား"

ကျန်းရှန်းကွမ် တည်ငြိမ်သွားပြီး ထပ်မေးလိုက်သည်။

"မင်းက ကလေးဆန်တဲ့ စိတ်ကူးလေး သက်သက်ဆိုရင်တော့ ငါ့ကို သဘောပေါက်အောင် ပြောနိုင်မှာ မဟုတ်ဘူး တကယ်လို့ မင်း ရှေ့တစ်လှမ်း လှမ်းနိုင်ပြီး မျှော်လင့်ချက် နည်းနည်းလောက် မြင်နေရပြီဆိုရင်တော့ မင်းနဲ့အတူ လောင်းကြေးထပ်ဖို့ ငါ ဆန္ဒရှိပါတယ်"

"စောစောက ဒီအခန်းထဲ ဝင်လာတုန်းက မင်း ကလေးလေး တစ်ယောက်ကို တွေ့ခဲ့တယ်မလား အဲဒီ ကလေးလေးက ဘယ်လို ဖြစ်တည်မှုမျိုးလို့ မင်း ထင်လဲ"

ယန်ကျန့်က မေးလိုက်သည်။

ကျန်းရှန်းကွမ်၏ ခေါင်းထဲတွင် တစ္ဆေငယ်၏ ပုံရိပ် ချက်ချင်း ပေါ်လာပြီး သူ ချက်ချင်း ပြောလိုက်သည်။

"အဲဒီ ကလေးကို ငါ လေ့လာကြည့်ဖူးတယ် သူက လူလည်း မဟုတ်ဘူး တစ္ဆေလည်း မဟုတ်ဘူး တစ္ဆေဆရာလည်း မဟုတ်ဘူး တစ္ဆေကျွန်နဲ့ ဆင်တူတဲ့ အရာတစ်ခုပဲ ဒါပေမဲ့ တွေးကြည့်လို့တောင် မရနိုင်တဲ့ သဘာဝလွန်စွမ်းအားတော့ ရှိနေတယ် မင်း ပြောတဲ့ ဖြစ်တည်မှု အသစ်ဆိုတာ အဲဒါကို ပြောတာလား"

"သေချာ ပြောရရင် သူက တစ္ဆေကျွန်တောင် မဟုတ်ဘူး သူက သဘာဝလွန်စွမ်းအားတွေ တိုက်မိရာကနေ ထွက်လာတဲ့ ဖန်တီးမှုပဲ အကန့်အသတ်မရှိတဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ် တစ်ခုတည်းသော အားနည်းချက်က အသတ်ခံရနိုင်တာပဲ ဒါပေမဲ့ သူ အတိုင်းအတာ တစ်ခုအထိ အစွမ်းထက်လာရင် သူ့ကို သတ်နိုင်ဖို့ ရာခိုင်နှုန်းက အရမ်း နည်းသွားလိမ့်မယ်"

ယန်ကျန့် ဆက်ပြောသည်။

"ပထမအဆင့် အစီအစဉ် ပြီးသွားရင် ကျန်တဲ့ အချိန်တွေကို သူ့ကို ပြုစုပျိုးထောင်ဖို့ သုံးမယ် သူ ငါ မျှော်မှန်းထားတဲ့ အဆင့်ကို ရောက်တဲ့အထိပေါ့"

"တစ္ဆေငယ်"

ထို့နောက် ယန်ကျန့် တစ်ချက် ခေါ်လိုက်သည်။

အသံသည် တမလွန်နှင့် လူ့ပြည်ကြားက လမ်းတစ်လျှောက် အခန်းအပြင်ဘက်သို့ လွင့်ပျံသွားပြီး လက်တွေ့ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။

နောက်တစ်ခဏတွင် တစ်ကိုယ်လုံး အေးစက်နေပြီး သေလူ ဝတ်စုံကို ဝတ်ဆင်ထားကာ သူငယ်အိမ် မရှိဘဲ အနီရောင် အလင်းတန်းများ အနည်းငယ် ထွက်ပေါ်နေသော ထူးဆန်းသည့် ကလေးငယ် တစ်ဦး သူတို့ နှစ်ယောက်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာတော့သည်။

"ကြည့် သူက အရမ်း စကားနားထောင်တယ် ဆိုလိုတာက သူက တစ္ဆေတွေထက် ထိန်းချုပ်ရ ပိုလွယ်တယ် ပြီးတော့ သူ့မှာ သဘာဝလွန်ခေတ်ကြီးကို အဆုံးသတ်နိုင်တဲ့ အလားအလာလည်း ရှိတယ်"

ယန်ကျန့် ထို့နောက် တစ္ဆေငယ်ကို ဆက်တိုက် ခေါ်လိုက်ပြန်သည်။

တစ်ခါ ခေါ်လိုက်တိုင်း ပတ်ဝန်းကျင်တွင် တစ္ဆေငယ် တစ်ကောင် ချက်ချင်း ထွက်ပေါ်လာပြီး အချိန်တိုအတွင်းမှာပင် ပတ်ဝန်းကျင်တွင် တစ္ဆေငယ် ခြောက်ကောင် ခုနစ်ကောင်ခန့် ရှိနေပြီ ဖြစ်သည်။

ထို့အပြင် တစ္ဆေငယ်တိုင်းသည် တစ်ပုံစံတည်း တူညီကြပြီး တူညီသော သဘာဝလွန်စွမ်းအားများလည်း ရှိကြသည်။

"အရေအတွက် တိုးလာဖို့က အကန့်အသတ် မရှိသလောက်ပဲ"

ယန်ကျန့်က ပြောလိုက်သည်။

"သူ တစ်ကောင်တည်းနဲ့တင် ရေတွက်လို့ မရတဲ့ သဘာဝလွန်စွမ်းအားတွေကို ရင်ဆိုင်နိုင်တယ် ဒါက တစ္ဆေဆရာတွေမှာ မရှိတဲ့ အချက်ပဲ"

"ဒီလောက် ထူးခြားပြီး အလားအလာ ကြီးမားတဲ့ အရာကို မင်း ဘယ်လိုများ လုပ်လိုက်တာလဲ"

ကျန်းရှန်းကွမ် ထိုတစ္ဆေငယ် ခြောက်ကောင် ခုနစ်ကောင်ကို စိုက်ကြည့်ရင်း ဒီအချိန်တွင် သူသည် သဘာဝလွန်ခေတ်ကြီးကို အဆုံးသတ်နိုင်မည့် ဖြစ်နိုင်ခြေကို တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

ယန်ကျန့်က ပြန်ဖြေလိုက်သည်။

"ဒုတိယအကြိမ် ပြန်လုပ်လို့ မရနိုင်တဲ့ မတော်တဆမှု တစ်ခုပဲ"

ယခုလက်ရှိ သူကိုယ်တိုင်ပင် ဒုတိယမြောက် တစ္ဆေငယ်ကို ဖန်တီးနိုင်မည် မဟုတ်တော့ပေ။

ကျန်းရှန်းကွမ် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။

သို့သော် သူ နားလည်သွားပြီ ဖြစ်သည်။ ယန်ကျန့်သည် ဒီအရေးကြီးဆုံး ပထမခြေလှမ်းကို လှမ်းခဲ့ပြီးပြီ ဖြစ်ကာ နောက်ဆက်တွဲ လမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုပါက သူ၏ အစီအစဉ်က တကယ်ပဲ အောင်မြင်နိုင်ခြေ ရှိပြီး ကလေးဆန်သော စိတ်ကူးသက်သက် မဟုတ်ကြောင်းပင် ဖြစ်သည်။

"မင်းရဲ့ အစီအစဉ်က ငါ့ရဲ့ စိတ်ကူးထက်တောင် ကျော်လွန်နေတယ် တကယ်ကို အံ့ဩစရာကောင်းတယ်"

ဒီအချိန်တွင် ကျန်းရှန်းကွမ်သည် ယန်ကျန့်၏ သတ္တိနှင့် ရဲရင့်မှုကို အရှုံးပေးလိုက်ရပြီ ဖြစ်သည်။

"ဒါပေမဲ့ မင်းမှာ ဦးတည်ချက် ရှိနေပြီဆိုမှတော့ ဘာလို့ သဘာဝလွန်ခေတ်ကြီး ရောက်လာမှာကို နှောင့်နှေးအောင် အားကုန်ထုတ်ပြီး လုပ်နေသေးတာလဲ သဘာဝလွန်ခေတ်ကြီးကို အဆုံးသတ်ဖို့နဲ့ ယှဉ်ရင် အခု မင်း လုပ်နေတဲ့ အလုပ်တွေက ဘာအဓိပ္ပာယ်မှ မရှိဘူး"

သူ၏ အတွေးကလည်း ဆေးဆိုင် အဘိုးကြီး ကျန်းပိုင်ဟွာနှင့် အတူတူပင် ဖြစ်သည်။ ယန်ကျန့်သည် သဘာဝလွန်ခေတ်ကြီးကို ဂရုစိုက်မနေဘဲ တစ္ဆေငယ်ကို ပြုစုပျိုးထောင်ရန်သာ အာရုံစိုက်သင့်သည်ဟု သူ ထင်သည်။ အောင်မြင်သွားပါက ယခု ဆုံးရှုံးမှု အချို့က ဘာမှ မဟုတ်တော့ပေ။

"ဒီမေးခွန်းကို အရင်က ငါ မင်းကို ဖြေခဲ့ပြီးပြီပဲ"

ယန်ကျန့်က ပြောလိုက်သည်။

ကျန်းရှန်းကွမ် ချက်ချင်း ပြုံးလိုက်သည်။

"ကြည့်ရတာ မင်း အရာအားလုံးကို စီစဉ်ပြီးသွားပြီပဲ ဒီလိုဆိုမှတော့ ဘာစောင့်နေဦးမှာလဲ စတင် အကောင်အထည်ဖော်လိုက်ကြတာပေါ့ ငါ ကူညီပေးရမယ့် နေရာ ရှိရင်လည်း ကူညီပေးနိုင်ပါတယ်"

ယခုအခါ သူသည် ယန်ကျန့် ပြောပြသော အနာဂတ်ကို စိတ်ဝင်စားသွားပြီ ဖြစ်ပြီး သစ်တော်ပွင့်ရွာ အစီအစဉ်ကိုပင် ခေတ္တ စွန့်လွှတ်ရန် ဆန္ဒရှိနေပြီ ဖြစ်သည်။

"ကောင်းပြီလေ ငါလည်း အကြံဉာဏ်တွေ စုဆောင်းပြီး အားနည်းချက်တွေကို ရှာဖွေ ပြင်ဆင်ဖို့ လိုတယ် နှမြောစရာ ကောင်းတာက အခု သဘာဝလွန်လောကမှာ ဒီအစီအစဉ်မှာ ပါဝင်ဖို့ အရည်အချင်း ရှိတဲ့သူ သိပ်မကျန်တော့တာပဲ"

ယန်ကျန့်က ပြောလိုက်သည်။ သူသည် ကျန်းရှန်းကွမ်၏ ကမ်းလှမ်းမှုကို မငြင်းဆန်ခဲ့ပေ။

ဒီလို ကြီးမားသော အရေးကိစ္စကြီး ရှေ့တွင် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကို ဘေးဖယ်ထားနိုင်သည်။

အခန်း ၁၅၈၈ - အတိတ်နှင့် အနာဂတ်ကို ဆင့်ခေါ်ခြင်း

"ငါတို့မှာ အချိန် အများကြီး မကျန်တော့ဘူး အခု သဘာဝလွန်လောကကို ခဏတာ တည်ငြိမ်အောင် လုပ်ထားနိုင်တဲ့ အချိန်လေးမှာ သဘာဝလွန်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာမယ့် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရမယ် အဲဒီလို လုပ်နိုင်မှသာ အပြင်က အသေအပျောက်တွေကို အများဆုံး လျှော့ချနိုင်မယ် မဟုတ်ရင် နောက်တစ်ခါ သဘာဝလွန်စွမ်းအားတွေ ရောက်လာရင် ငါ ဒီမှာ စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် ဒီတမလွန်နဲ့ လူ့ပြည်ကြားက လမ်းကို စမ်းသပ်တာကို ချက်ချင်း စလုပ်ရမယ်"

"ကျန်းရှန်းကွမ် ငါ ခင်ဗျားကို ယုံသင့်မယုံသင့် အခုထိ မသေချာသေးဘူး ဒါပေမဲ့ အခုချိန်မှာ ဒီကိစ္စမှာ ပါဝင်ဖို့ အရည်အချင်းရှိတဲ့ တစ္ဆေဆရာ ဘယ်နှစ်ယောက်မှ ရှာမရတော့ဘူး ဒါကြောင့် ငါ့ရဲ့ လျှို့ဝှက်ချက် တစ်ချို့ကို ခင်ဗျားကို ပြောပြဖို့ ဆုံးဖြတ်လိုက်တာ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်"

"တကယ်လို့ ခင်ဗျားမှာ တခြား ရည်ရွယ်ချက် ရှိနေရင်တော့ ခင်ဗျားကို ဒီမှာပဲ မြှုပ်ပစ်လိုက်ဖို့ ဝန်လေးမှာ မဟုတ်ဘူးနော်"

ယန်ကျန့် ဒီစကားတွေ ပြောပြီးနောက် ကျန်းရှန်းကွမ် ဘယ်လို တွေးမလဲဆိုတာကို ဂရုမစိုက်ဘဲ ချက်ချင်း စတင် လုပ်ဆောင်ရန် ပြင်လိုက်သည်။

တစ္ဆေနယ်မြေကို အသုံးပြု၍ လက်တွေ့ကမ္ဘာနှင့် သဘာဝလွန်နယ်မြေကို ခြားထားမည့် ဒီအစီအစဉ်မှာ စိတ်ကူးတော့ ကောင်းသော်လည်း တကယ် လက်တွေ့ လုပ်ဆောင်ရန်အတွက် အကြိမ်ကြိမ် စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ထိုသို့ စမ်းသပ်ရန် အကောင်းဆုံး နည်းလမ်းမှာ ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်ကြည့်ခြင်းပင် ဖြစ်သည်။

ကံကောင်းသည်မှာ ဒီတမလွန်နှင့် လူ့ပြည်ကြားက လမ်းသည် အလွန် ရှည်လျားသဖြင့် ယန်ကျန့်အတွက် စမ်းသပ်ရန် နေရာ အလုံအလောက် ရှိနေသည်။

ချက်ချင်းပင် ယန်ကျန့်၏ တစ္ဆေမျက်လုံးများ ထပ်ပေါင်းသွားပြီး ပဉ္စမအဆင့် တစ္ဆေနယ်မြေ ပျံ့နှံ့သွားကာ သွေးနီရောင် အလင်းတန်းများက တမလွန်နှင့် လူ့ပြည်ကြားက လမ်းပေါ်သို့ လွှမ်းခြုံသွားရာ ထိုလမ်းမှာ အနည်းငယ် ဝေဝါးသွားပုံရသည်။

"ဒီအနီးအနားမှာ တစ္ဆေ မရှိဘူးဆိုတော့ ငါပဲ စမ်းသပ်ပေးမယ်လေ"

ကျန်းရှန်းကွမ်က ချက်ချင်းပင် ထိုတမလွန်နှင့် လူ့ပြည်ကြားက လမ်းဘက်သို့ လျှောက်သွားလိုက်သည်။

မကြာမီ သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားသော်လည်း အချိန်အနည်းငယ် အကြာတွင် သူသည် တမလွန်နှင့် လူ့ပြည်ကြားက လမ်းမှ ထွက်လာပြီး သဘာဝလွန်ကမ္ဘာထဲသို့ ရောက်ရှိသွားသည်။

"မရဘူး ဒီလောက်အဆင့် တစ္ဆေနယ်မြေနဲ့က အဆင့်သိပ်မမြင့်တဲ့ တစ္ဆေလောက်ပဲ တားနိုင်မှာ ပြီးတော့ ခံနိုင်မယ့် အချိန်ကလည်း အကန့်အသတ် ရှိတယ် နောက်ထပ် သဘာဝလွန်စွမ်းအား ထပ်မဖြည့်ပေးနိုင်ရင် ဒီတမလွန်နဲ့ လူ့ပြည်ကြားက လမ်းကို မင်း အများဆုံး တစ်နှစ်လောက်ပဲ တားထားနိုင်မယ် တစ်နှစ်ပြည့်တာနဲ့ သဘာဝလွန်ကမ္ဘာက မင်းရဲ့ တစ္ဆေနယ်မြေ သက်ရောက်မှုကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်"

ကျန်းရှန်းကွမ်က အကဲဖြတ်ကာ ပြောလိုက်သည်။

"ဆိုလိုတာက တစ္ဆေနယ်မြေရဲ့ သက်ရောက်မှုကို ဆက်လက် ထိန်းသိမ်းထားရုံတင် မကဘဲ သဘာဝလွန်ကမ္ဘာရဲ့ တိုက်စားမှုကိုပါ တားဆီးရမယ်ပေါ့ ဒီလိုကိုး"

ယန်ကျန့် ခေတ္တ စဉ်းစားပြီးနောက် ထပ်မံ စမ်းသပ်ကြည့်လိုက်သည်။

"ငါ့ရဲ့ ဆဋ္ဌမအဆင့် တစ္ဆေနယ်မြေက ပတ်ဝန်းကျင်က အရာအားလုံးကို ခဏတာ ရပ်တန့်သွားအောင် လုပ်နိုင်ပေမဲ့ တစ္ဆေမျက်လုံးကို ပိတ်လိုက်တာနဲ့ ဒီသဘာဝလွန်စွမ်းအားလည်း ချက်ချင်း ပျောက်သွားမှာ သတ္တမအဆင့်က ကိုယ့်ကိုယ်ကိုယ် အချိန်နောက်ပြန်ဆုတ်တာ အဋ္ဌမအဆင့်ကျမှ ဧရိယာ ကျယ်ကျယ် အချိန်နောက်ပြန်ဆုတ်နိုင်တာ ဆိုတော့ ပတ်ဝန်းကျင်ကို အချိန်အကြာကြီး သက်ရောက်မှု ပေးနိုင်တာဆိုလို့ ပဉ္စမအဆင့် တစ္ဆေနယ်မြေပဲ ရှိတယ်"

"ဒါဆို ငါ့မှာ နဝမအဆင့် တစ္ဆေနယ်မြေရဲ့ စွမ်းရည်ပဲ မသေချာတော့ဘူး အရင်က နဝမအဆင့် တစ္ဆေနယ်မြေကို မစမ်းသပ်ဖူးဘူး အခု အချိန်ကျပြီ"

လက်ရှိ ယန်ကျန့်၏ စွမ်းရည်ဖြင့် နဝမအဆင့် တစ္ဆေနယ်မြေကို ဖွင့်ရန် လုံးဝ ပြဿနာ မရှိတော့ဘဲ တစ္ဆေနိုးထလာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဘာပဲဖြစ်ဖြစ် တစ္ဆေဘတ်စ်ကားနှင့် တစ္ဆေသွေးကို ထိန်းချုပ်ပြီးနောက် တစ္ဆေမျက်လုံးကို ဖိနှိပ်ထားနိုင်မှုမှာ အရင်က မရှိခဲ့ဖူးသော အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဘေးမှ ကျန်းရှန်းကွမ်သည် ယန်ကျန့် စဉ်းစားခန်း ဝင်နေသည်ကို မြင်သော်လည်း လောဆော်ခြင်း မပြုခဲ့ပေ။

ယန်ကျန့်၏ ဒီလို လုပ်ရပ်က ဒီတမလွန်နှင့် လူ့ပြည်ကြားက လမ်းကို တကယ် ခြားထားနိုင်မလား ပြီးတော့ သဘာဝလွန်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာမယ့် အချိန်ကို တကယ် နှောင့်နှေးစေနိုင်မလား ဆိုသည်ကို သူလည်း စောင့်ကြည့်လေ့လာချင်နေသည်။ စောစောက ပထမအကြိမ် စမ်းသပ်မှုမှာ အောင်မြင်ဖို့ အဝေးကြီး လိုသေးသော်လည်း စမ်းသပ်မှုက ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ရာ ယခု ချက်ချင်း ကောက်ချက်ချရန် မသင့်သေးပေ။

ယန်ကျန့် အကြာကြီး စဉ်းစားမနေဘဲ ချက်ချင်း ထပ်မံ လှုပ်ရှားလိုက်သည်။

ဒီတစ်ကြိမ် တစ္ဆေမျက်လုံး ပွင့်လာသောအခါ အလင်းတန်းများ အချင်းချင်း ထပ်ပေါင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နဝမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

"ဟင်"

ဒီအချိန်တွင် ကျန်းရှန်းကွမ်သည် ယန်ကျန့်၏ ဘေးတွင် ထူးခြားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်သည်။

ယန်ကျန့်၏ ပတ်ဝန်းကျင်တွင် အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများသည် တစ်စုတစ်စည်းတည်း ဖြစ်သွားကာ ပျံ့နှံ့သွားခြင်းလည်း မရှိသလို ပျောက်ကွယ်သွားခြင်းလည်း မရှိပေ။ တံခါးတစ်ချပ်နှင့်လည်း တူသလို လမ်းကြောင်း တစ်ခုနှင့်လည်း တူနေပြီး ဘယ်နေရာကို ဆက်သွယ်ထားမှန်း မသိရပေ။ သို့သော် နှစ်စက္ကန့်ခန့် အကြာတွင် ထိုအနီရောင် အလင်းတန်းများမှာ ပြောင်းလဲလာပြီး အနည်းငယ် တွန့်လိမ်လာသည်။

အနီရောင် အလင်းတန်းများ တွန့်လိမ်သွားပြီးနောက် နောက်ဆုံးတွင် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

ဒီလူသည် တစ်ကိုယ်လုံး အနီရောင် ဖြစ်နေပြီး အနည်းငယ် ထူးဆန်းနေသော်လည်း ရုပ်ရည်နှင့် အရပ်အမောင်းမှာ ယန်ကျန့်နှင့် တစ်ပုံစံတည်း တူညီနေကာ ထွက်ပေါ်နေသော သဘာဝလွန် အငွေ့အသက်မှာလည်း အတူတူပင် ဖြစ်သည်။

မဟုတ်ဘူး။

ဒီလူက ယန်ကျန့်ပင် ဖြစ်သည်။

"ဒီလိုကိုး ဒါက နဝမအဆင့် တစ္ဆေနယ်မြေလား လက်တွေ့ကမ္ဘာရဲ့ ကန့်သတ်ချက်တွေ အားလုံးကို လျစ်လျူရှုပြီး အချိန်ရဲ့ ချုပ်နှောင်မှုကနေ ရုန်းထွက်ကာ တစ္ဆေမျက်လုံးကို အမှတ်အသား အဖြစ် သုံးပြီး အတိတ်နဲ့ အနာဂတ်က ကိုယ့်ကိုယ်ကိုယ် ခေါ်ယူလိုက်တာပဲ ဒါပေမဲ့ ဘယ်လောက်ကြာကြာ နေနိုင်မလဲ ဆိုတာတော့ မသိဘူး"

ယခုအခါ တစ်ကိုယ်လုံး အနီရောင် ဖြစ်နေပြီး ယန်ကျန့်နှင့် တစ်ပုံစံတည်း တူညီသော ထိုလူက စကားပြောလိုက်သည်။ သူ၏ လေသံနှင့် တွေးခေါ်ပုံမှာလည်း ယန်ကျန့် ကိုယ်တိုင်နှင့် အတူတူပင် ဖြစ်သည်။

ဒါက သဘာဝလွန်စွမ်းအားက ပြောင်းလဲဖန်တီးထားသော တစ္ဆေ လုံးဝ မဟုတ်ပေ။

"မုန်ရှောင်တုံးရဲ့ အကန့်အသတ်မရှိ ကျူးကျော်ဝင်ရောက်တာနဲ့ တူနေတာလား"

ကျန်းရှန်းကွမ်၏ မျက်နှာမှာ လေးနက်သွားသည်။ ယန်ကျန့်တွင် ဒီလောက် ကြောက်စရာကောင်းသော စွမ်းရည်မျိုး ဖုံးကွယ်ထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

မုန်ရှောင်တုံး၏ ဒီလို စွမ်းရည်မျိုးက ဘယ်တစ္ဆေဆရာမှာပဲ ရှိနေပါစေ အရည်အသွေးပိုင်းအရ အကြီးအကျယ် ပြောင်းလဲသွားစေနိုင်သည် မဟုတ်ပါလော။ ယခု ဒီလို ဆင်တူသော စွမ်းရည်မျိုးက ယန်ကျန့်၏ ကိုယ်ပေါ်တွင် ပေါ်လာရာ အခြားသူများအတွက်တော့ ဒါက အိပ်မက်ဆိုး တစ်ခုနှင့်ပင် တူပေသည်။

ယန်ကျန့် တစ်ယောက်တည်းကိုပင် ရင်ဆိုင်နိုင်ရန် ခက်ခဲနေချိန်တွင် ဒုတိယ ယန်ကျန့် တစ်ယောက် ထပ်ပေါ်လာသည်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

သို့သော် နဝမအဆင့် တစ္ဆေနယ်မြေ ဆက်လက် လည်ပတ်နေသည်နှင့်အမျှ ဒုတိယ ယန်ကျန့်၏ ဘေးတွင် အနီရောင် အလင်းတန်း တစ်စု ထပ်မံ ပေါ်လာပြီး ထိုအလင်းတန်းများ ပြောင်းလဲသွားကာ တတိယ ယန်ကျန့် ထပ်မံ ပေါ်ထွက်လာပြန်သည်။

ယန်ကျန့်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"ပထမလူကို ငါက နဝမအဆင့် တစ္ဆေနယ်မြေနဲ့ ခေါ်လာတာ ဒါပေမဲ့ ဒုတိယလူက ငါနဲ့ မသက်ဆိုင်တော့ဘူး သူက ပထမလူက နဝမအဆင့် တစ္ဆေနယ်မြေ ဖွင့်ပြီး ခေါ်လာတာ ဒီလိုနဲ့ ဆက်သွားနေတာပဲ"

ထို့နောက် တတိယမြောက် အနီရောင် အလင်းတန်း ထပ်ပေါ်လာသည်။

ဒီအချိန်တွင် ယန်ကျန့် တစ္ဆေမျက်လုံးကို မှိတ်လိုက်ပြီး နဝမအဆင့် တစ္ဆေနယ်မြေကို ဆက်မဖွင့်တော့ပေ။

ချက်ချင်းပင် စောစောက ပေါ်လာသော တတိယမြောက် အနီရောင် အလင်းတန်းမှာ စတင် လွင့်စင်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားကာ တတိယလူမှာ လက်တွေ့ကမ္ဘာထဲသို့ အောင်မြင်စွာ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။

"လက်တွေ့ကမ္ဘာက ငါကမှ တခြားသူတွေ ပေါ်လာဖို့အတွက် ဆုံမှတ် ဖြစ်နေတာ တကယ်လို့ ငါသာ ပြဿနာ တစ်ခုခု ဖြစ်သွားရင် တခြားလူတွေလည်း လက်တွေ့ကမ္ဘာထဲကို အောင်မြင်စွာ ဝင်လာနိုင်မှာ မဟုတ်ဘူး ဒါကြောင့် ငါ နဝမအဆင့် တစ္ဆေနယ်မြေ ဖွင့်ထားတဲ့ အချိန် ပိုကြာလေလေ လူပိုခေါ်နိုင်လေလေပဲ ဒါပေမဲ့ လူများလာလေလေ နောက်လူ ပေါ်လာမယ့် အချိန်က ပိုနှေးလေလေပဲ"

ဒီစမ်းသပ်မှုကနေ ယန်ကျန့် နောက်ထပ် အချက်အချို့ကို သဘောပေါက်သွားသည်။

ယခု သူ နဝမအဆင့် တစ္ဆေနယ်မြေကို ဆက်မဖွင့်တော့သော်လည်း ဒုတိယ ယန်ကျန့်နှင့် တတိယ ယန်ကျန့်တို့မှာ ပျောက်ကွယ်မသွားဘဲ သူတို့၏ ကိုယ်ပေါ်တွင် အနီရောင်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ သိသာသည်မှာ တစ္ဆေမျက်လုံး၏ သဘာဝလွန်စွမ်းအားက သူတို့ကို ဒီကမ္ဘာပေါ်တွင် ဆက်လက် တည်ရှိနေအောင် အတင်းအကျပ် ထိန်းသိမ်းထားပေးခြင်း ဖြစ်သည်။

သို့သော် ဒီလို နေနိုင်မည့် အချိန်က ဘယ်လောက် ကြာမလဲ ဆိုသည်ကိုတော့ မသိရပေ။

"နှစ်ယောက်တည်းလား အရေအတွက် နည်းနည်း နည်းနေတယ် ဒါပေမဲ့ မင်း တတိယလူ၊ စတုတ္ထလူ၊ ပဉ္စမလူ အထိ ဆက်ခေါ်နိုင်သေးတယ် ဆိုတာ ငါ ခံစားမိတယ် မင်း ကန့်သတ်ချက်ကို မရောက်သေးဘူး"

ကျန်းရှန်းကွမ်က ပြောလိုက်သည်။

ယန်ကျန့်က ပြောလိုက်သည်။

"ဒီလောက်ဆို လုံလောက်ပါပြီ စမ်းသပ်ရုံသက်သက်ပဲလေ လူအများကြီး မလိုပါဘူး နည်းလမ်း ရှာတွေ့သွားတဲ့ အချိန်ကျမှ ကန့်သတ်ချက် ရောက်တဲ့အထိ ခေါ်ပြီး တမလွန်နဲ့ လူ့ပြည်ကြားက လမ်းကို တစ်ခါတည်း ဖြတ်တောက်ပစ်မယ်"

"ဒါလည်း ဟုတ်တာပဲ စမ်းသပ်ရုံ သက်သက်နဲ့တော့ အဲဒီလောက် အသက်စွန့်စရာ မလိုပါဘူး"

ကျန်းရှန်းကွမ် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ လူနည်းနည်းလောက်ပဲ ထပ်တိုးလာတာနဲ့တော့ လုပ်နိုင်တဲ့ ကိစ္စက အကန့်အသတ် ရှိတယ် အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူး"

"တခြားလူတွေအတွက်တော့ ဟုတ်ချင် ဟုတ်လိမ့်မယ် ငါ့အတွက်တော့ မတူဘူး ငါ့ရဲ့ တစ္ဆေနယ်မြေတွေက အချင်းချင်း ပေါင်းစပ်လို့ ရတယ် ထပ်ပေါင်းလို့ ရတယ် ငါ တစ်ယောက်တည်း ဆိုရင် အများဆုံး နဝမအဆင့်အထိပဲ ထပ်ပေါင်းလို့ ရမယ် စောစောက မင်း မြင်တဲ့အတိုင်းပဲ ငါ နဝမအဆင့် တစ္ဆေနယ်မြေကို သုံးပြီး ဒုတိယ၊ တတိယ ငါ့ကိုယ်ငါ ခေါ်လာခဲ့တယ် ဒါပေမဲ့ ဒုတိယ တစ္ဆေမျက်လုံး ပေါ်လာပြီဆိုတော့ ငါ့ရဲ့ တစ္ဆေနယ်မြေမှာ အပြောင်းအလဲ အသစ်တွေ ထပ်ဖြစ်လာနိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ"

"စောစောက ပထမတစ်ခေါက် စမ်းသပ်တုန်းက ငါ့ရဲ့ တစ္ဆေနယ်မြေက တစ်နှစ်လောက်ပဲ ခံနိုင်ပြီး သိပ်မကြောက်စရာ မကောင်းတဲ့ တစ္ဆေလောက်ပဲ တားနိုင်တယ်လို့ မင်း ပြောခဲ့တယ်မလား အခု မင်း ထပ်ကြည့်လိုက်ဦး"

ယန်ကျန့် တစ္ဆေမျက်လုံးကို ထပ်ဖွင့်လိုက်ပြီး ဒီတစ်ကြိမ်တွင် ဘေးရှိ မိမိကိုယ်ကို တစ်ချက် ကြည့်လိုက်သည်။

အခြား တစ်ယောက်ကလည်း တစ္ဆေမျက်လုံးကို ဖွင့်လိုက်ပြီး တစ်ယောက်၏ ဆိုလိုရင်းကို နောက်တစ်ယောက်က နားလည်နေပုံရသည်။

သူတို့ နှစ်ယောက်စလုံး တစ္ဆေနယ်မြေကို ထပ်မံ အသုံးပြုလိုက်ကြသည်။

ဒီတစ်ကြိမ်တွင် အနီရောင် အလင်းတန်း နှစ်ခု ပေါင်းစပ်သွားသည်။ ၎င်းသည် တစ်ယောက်ချင်းစီ၏ ပဉ္စမအဆင့် တစ္ဆေနယ်မြေကို ကိုယ်စားပြုသည်။

မျက်တောင်တစ်ခတ်အတွင်း မျက်စိရှေ့ရှိ တမလွန်နှင့် လူ့ပြည်ကြားက လမ်းမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အနီရောင် အလင်းတန်းများဖြင့် ခင်းထားသော လမ်းတစ်လမ်း အဖြစ် အစားထိုး ဝင်ရောက်လာသည်။

ထိုလမ်းမှာ အနီးလေးတွင် ရှိနေပုံရသော်လည်း တကယ်တမ်းတွင်မူ အလွန် ဝေးကွာနေသကဲ့သို့ ခံစားရစေပြီး ထိုလမ်းပေါ်သို့ တက်လှမ်းလိုက်သည်နှင့် ပြန်မလာနိုင်တော့မည့်သကဲ့သို့ ဖြစ်နေသည်။

ကျန်းရှန်းကွမ်သည် မကြောက်မရွံ့ဘဲ ချက်ချင်းပင် လမ်းပေါ်သို့ စမ်းသပ် လျှောက်သွားလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ပုံရိပ်မှာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ လက်တွေ့ကမ္ဘာတွင်လည်း မပေါ်လာသလို သဘာဝလွန်ကမ္ဘာတွင်လည်း မပေါ်လာဘဲ ထိုထူးဆန်းသော လမ်းလေးပေါ်တွင် တိုက်ရိုက် လမ်းပျောက်သွားတော့သည်။

တစ္ဆေနယ်မြေများဖြင့် ဖန်တီးထားသော ထိုလမ်းကို ယခုလက်ရှိ ယန်ကျန့် ကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ဒါက ပဉ္စမအဆင့် တစ္ဆေနယ်မြေ နှစ်ခု ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘယ်လို အကျိုးသက်ရောက်မှုမျိုး ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မသိသလို ယန်ကျန့် ကိုယ်တိုင်လည်း ဒါက ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ထိုအနီရောင်လမ်းက ပိုအန္တရာယ်များလေ ပိုကောင်းလေ ဖြစ်သည်။ ထိုသို့ဆိုမှသာ တစ္ဆေများ လက်တွေ့ကမ္ဘာထဲ ဝင်လာမည်ကို ပိုမို ကောင်းမွန်စွာ တားဆီးနိုင်မည် ဖြစ်သည်။

ယန်ကျန့် ယခုအခါ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

သူသည် ကျန်းရှန်းကွမ် ပြန်လာမည့် အချိန်ကို စောင့်ဆိုင်းနေသလို ဘေးရှိ ဒုတိယနှင့် တတိယ ကိုယ်ပွားများ ပျောက်ကွယ်သွားမည့် အချိန်ကိုလည်း စောင့်ဆိုင်းနေသည်။

အဘယ်ကြောင့်ဆိုသော် ယန်ကျန့်သည် နောက်ပိုင်းတွင် အမျိုးမျိုးသော စမ်းသပ်မှုများ ပြုလုပ်ရန် အချိန်အတိအကျကို သိရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။

သို့သော် တစ်နာရီတိတိ စောင့်ပြီးသည့်တိုင်အောင် ကျန်းရှန်းကွမ် ပြန်မလာသေးသလို ဘေးရှိ အနီရောင် ယန်ကျန့် နှစ်ယောက်မှာလည်း ပျောက်ကွယ်မသွားသေးပေ။

"ပိုင်ဆွေမြို့တုန်းကနဲ့ မတူဘူး ငါနဲ့ တခြားကိုယ်ပွား တစ်ယောက်က ပဉ္စမအဆင့် တစ္ဆေနယ်မြေကို သုံးတာက ပေါင်းစပ်တာပဲ ရှိသေးတယ် ထပ်ပေါင်းလိုက်တာ မဟုတ်ဘူး ဒါကြောင့် အရင်က တွေးထားတဲ့ ဒသမအဆင့် တစ္ဆေနယ်မြေ ဆိုတဲ့ အခြေအနေကို မရောက်နိုင်ဘူး ဒါတောင်မှ ဒီလို ပေါင်းစပ်လိုက်တာနဲ့တင် ဖြစ်လာတဲ့ အပြောင်းအလဲက တွေးကြည့်လို့တောင် မရနိုင်ဘူး ကျန်းရှန်းကွမ်လို စွမ်းရည်ရှိတဲ့ လူတောင် တစ်နာရီကျော် ကြာတဲ့အထိ အထဲမှာ ပိတ်မိနေပြီး ထွက်မလာနိုင်ဘူးဆိုတော့ သာမန် တစ္ဆေတွေ အထဲ ဝင်သွားရင် အဲဒီထက် ပိုကြာကြာ ပိတ်မိနေလိမ့်မယ်"

ဒီတစ်ကြိမ် စမ်းသပ်မှု ရလဒ်အတွက် ယန်ကျန့် အတော်လေး ကျေနပ်သွားသည်။

"တစ်နာရီ ဆိုတာ ငါ့ရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူး ကြည့်ရတာ ငါ ဒီကမ္ဘာပေါ်မှာ နေနိုင်မယ့် အချိန်က ထင်ထားတာထက် ပိုကြာပုံရတယ်" ထိုအချိန်တွင် ဘေးရှိ အနီရောင် ယန်ကျန့် တစ်ယောက်က စကားပြောလာသည်။

"တကယ်လို့ သဘာဝလွန်စွမ်းအားတွေကို လိုသလို သုံးလိုက်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ နေနိုင်မယ့် အချိန်က တိုသွားမလား ဆိုတာကို ငါ သိချင်တယ်"

တတိယ ယန်ကျန့်က အကြံပြုလာသည်။

"အဓိပ္ပာယ် ရှိတယ် ငါ စမ်းသပ်ကြည့်မယ် စောစောက မင်း လုပ်ပြီးပြီဆိုတော့ အခု မင်း မလှုပ်နဲ့တော့" ဒုတိယ ယန်ကျန့်က ပြောလိုက်သည်။

သူတို့ နှစ်ယောက် အချင်းချင်း စကားပြောနေကြသည်။

ဒါက တကယ့် ယန်ကျန့်ကို အနည်းငယ် ထူးဆန်းသလို ခံစားရစေသည်။

သူတို့နဲ့ ဘာမှ မဆိုင်တော့သလိုပဲ။

သူတို့က ကိုယ်ပိုင် တွေးခေါ်နိုင်ပြီး ကိုယ်ပိုင် လှုပ်ရှားနိုင်သဖြင့် သူ စိတ်ပူစရာ လုံးဝ မလိုတော့ပေ။

သို့သော် ဒီလို ဖြစ်တာကလည်း ကောင်းပါတယ်။ အနည်းဆုံးတော့ အခုကစပြီး ကိုယ့်စွမ်းရည်နဲ့ တစ်ပုံစံတည်း တူညီတဲ့ အကူအညီ နှစ်ယောက် ထပ်တိုးလာတာပေါ့။

"သဘာဝလွန်စွမ်းအားတွေကို လျှောက်စမ်းနေမယ့်အစား ဒီတမလွန်နဲ့ လူ့ပြည်ကြားက လမ်းပေါ်မှာ တစ္ဆေနယ်မြေ ထပ်ပေါင်းတာကို စမ်းသပ်ပြီး မှတ်တမ်းတင်ထားတာ ပိုကောင်းမယ် နောက်ဆုံးကျမှ အကောင်းဆုံး အစီအစဉ် တစ်ခုကို ရွေးပြီး အကောင်အထည်ဖော်တာပေါ့"

ယန်ကျန့်က ပြောလိုက်သည်။

"ငါလည်း အဲဒီလိုပဲ တွေးနေတာ"

ဒုတိယ ယန်ကျန့်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

All Chapters