← Chapters

ပျောက်ဆုံးသွားသော နှစ်ပေါင်းတစ်ရာ

Vol. 60 Ch. 667

ပျောက်ဆုံးသွားသော နှစ်ပေါင်းတစ်ရာ

Vol. 60 Ch. 667

"အော"

နဂါးဟိန်းသံ တစ်ချက်နှင့်အတူ ခရမ်းရောင် ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ကုချင်းဟွမ်၏ လက်ချောင်းထိပ်မှ စီးထွက်လာပြီး အမိုးပေါ်တွင် ဝဲပျံနေလေသည်။

"ခြုံပြောရရင်တော့ သူက တော်တော်လေး ငြိမ်ပါတယ်... ရံဖန်ရံခါတော့ ကလေးဆိုး ဆိုးတတ်တာမျိုး ရှိတာပေါ့"

အမိုးပေါ်တွင် ဝဲပျံနေသော ဧကရာဇ်ဝိညာဉ်စွမ်းအားကို ကြည့်ရင်း ကျန်းပေရန်သည် ယဲ့ဖန်၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေသော ဧကရာဇ်ဝိညာဉ်စွမ်းအားကို ပြန်လည် အမှတ်ရလိုက်လေသည်။ ပုံပန်းသဏ္ဍာန်ချင်း တူညီကြသော်လည်း ယဲ့ဖန်၏ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ပိုမို ကြမ်းတမ်းရက်စက်လှပေသည်။

၎င်းမှာ ကုချင်းဟွမ်က ပိုမိုကောင်းမွန်စွာ ယဉ်ပါးအောင် လုပ်ဆောင်ထားခြင်းကြောင့်လား သို့မဟုတ် ဧကရာဇ်ဝိညာဉ်စွမ်းအား တစ်ခုချင်းစီမှာ ကိုယ်ပိုင် ထူးခြားချက်များ ရှိနေကြခြင်းကြောင့်လား ဆိုသည်ကိုမူ သူ မသိရှိနိုင်ပေ။

"ဥပမာ ဘယ်လိုမျိုးလဲ"

"သူက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပြီး အပြင်မှာ သွားဆော့ချင်နေတာမျိုးပေါ့"

"ဒါကတော့ ကလေးဆိုး ဆိုးတာထက်တောင် ပိုနေပြီထင်တယ်"

ကျန်းပေရန် က ရယ်မောရင်း ပြောဆိုလိုက်လေသည်။

"အနည်းငယ်လောက် ချော့လိုက်ရင်ပဲ ရသွားတာမို့လို့ ကျွန်တော်က ကလေးဆိုး ဆိုးတယ်လို့ပဲ ပြောတာ"

ကုချင်းဟွမ် စကားပြောနေစဉ်မှာပင် ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ တစ်ချက် တုန်ယင်သွားပြီး တစ်စုံတစ်ခုကို ဖော်ပြနေသကဲ့သို့ ရှိနေလေသည်။ ကုချင်းဟွမ်က မြင်သောအခါ ပြုံးလိုက်ပြီး ပြောဆိုလိုက်လေသည်။

"သူက အခုတလော အပြင်မသွားတော့ပါဘူးတဲ့... ကျွန်တော့်ကို သူ့အကြောင်း မပြောဖို့ ပြောနေတာ"

'......'

'မင်းက သုံးနှစ်သားလေးလား ဟေ့ကောင်ရေ့'

ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ အတန်ငယ် ချစ်စရာ ကောင်းနေသည်ဟု ခံစားလိုက်ရသဖြင့် ကျန်းပေရန် မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရလေသည်။

မူလက ယဲ့ဖန်၏ ကိုယ်တွင်းမှ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ အလွန်ပင် မာန်မာန ကြီးမားလှသဖြင့် ယဲ့ဖန်မှာ သူ၏ ကျင့်ကြံမှုဖြင့် အတင်းအကျပ် ဖိနှိပ်ထားရခြင်း ဖြစ်သော်လည်း ကုချင်းဟွမ်တွင်မူ ထိုသို့သော ကျင့်ကြံမှုမျိုး မရှိပေ။ သို့သော် ယခု ကြည့်ရသည်မှာ ကုချင်းဟွမ်၏ ယဉ်ပါးအောင် လုပ်ဆောင်သည့် နည်းလမ်းမှာ ယဲ့ဖန်ထက် များစွာ ပိုမို သိပ္ပံနည်းကျ ပုံရလေသည်။

"သိမ်းလိုက်တော့"

စီနီယာအစ်ကို၏ စကားကို ကြားလိုက်ရသည်နှင့် ကုချင်းဟွမ်က လက်ချောင်းကို တစ်ချက် လှုပ်ရှားလိုက်ရာ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စီးဝင်သွားတော့လေသည်။

"ဧကရာဇ်ဝိညာဉ်စွမ်းအားရဲ့ အနှစ်သာရက ဘာလဲဆိုတာ ခံစားလို့ ရလား"

"ကျွန်တော် ခန့်မှန်းတာကတော့ သူ့ရဲ့ မူလ အခြေခံက ဝိညာဉ်စွမ်းအားနဲ့ တူတူပါပဲ... ဒါပေမဲ့ အထဲမှာ အရမ်း ထူးခြားတဲ့ စွမ်းအားတစ်ခု ပါဝင်နေတယ်... ၎င်းက ငါးပါးဓာတ် စုစည်းမှုထဲမှာတောင် မပါဝင်တဲ့ အရာမျိုး"

"အိုး... အသေးစိတ် ပြောပြပါဦး"

"ကျွန်တော် တန်တိုင်းပြည် မှာ ရှိတုန်းက ငါးပါးဓာတ် ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတဲ့ အနက်ရောင် သူတော်စင်တွေကို တွေ့ဖူးတယ်... ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ်တွေထဲမှာ ဧကရာဇ်ဝိညာဉ်စွမ်းအားနဲ့ ဆင်တူတဲ့ အရာမျိုး တစ်ခုမှ ရှာမတွေ့ဘူး... နောက်ပိုင်းမှာ လော်ကျင်းထျန် က ထူးခြားတဲ့ ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ နှစ်ယောက်ကိုပါ ခေါ်လာပြီး ကျွန်တော့်ကို နှိုင်းယှဉ်ခိုင်းသေးတယ်... ဒါပေမဲ့ အကုန်လုံးက ကွာခြားနေတုန်းပဲ"

"ဘယ်လို ထူးခြားတဲ့ ဝိညာဉ်စွမ်းအားတွေလဲ"

"တစ်ခုကတော့ မှောင်မိုက်ဝိညာဉ်စွမ်းအား... အဲဒီ ဝိညာဉ်စွမ်းအားရဲ့ လွှမ်းခြုံမှုကို ခံရရင် အရမ်းကို စိတ်ဖိစီးလာပြီး စိတ်တွေ ဝေဝါးလာတတ်တယ်... မိမိနဲ့ ဆိုင်တာဖြစ်စေ မဆိုင်တာဖြစ်စေ ကြောက်စရာကောင်းတဲ့ အမှတ်တရတွေက အဆက်မပြတ် ပေါ်ထွက်လာတာပေါ့"

'ကြည့်ရတာ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းစေတာမျိုးပဲ......'

"နောက်တစ်ခုကတော့ လေဝိညာဉ်စွမ်းအား... သူ့ရဲ့ အာနိသင်ကတော့ အများကြီးပါပဲ... ပထမကတော့ လေတိုက်သွားတဲ့ နေရာတိုင်းမှာ ဘာဖြစ်နေသလဲ ဆိုတာကို ပိုင်ရှင်က ရှင်းရှင်းလင်းလင်း သိနိုင်တယ်... ဒုတိယကတော့ မိမိရဲ့ ပတ်ဝန်းကျင်မှာ လေပြင်းနယ်ပယ်တစ်ခု တည်ဆောက်ပြီးတော့ ဝင်လာတဲ့လူတွေကို လှုပ်ရှားလို့ မရအောင် လုပ်နိုင်တာပေါ့... တတိယကတော့..."

"ရပြီ"

ကျန်းပေရန် က လက်ကာပြလိုက်လေသည်။

"ဒါဆိုရင် နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက်မှာ ဧကရာဇ်ဝိညာဉ်စွမ်းအားရဲ့ အာနိသင်က ဘာလို့ မင်း ထင်လဲ"

ကုချင်းဟွမ် က နားထောင်ပြီးနောက် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်လည် ဖြေကြားလိုက်လေသည်။

"လက်ရှိမှာတော့ ဂူအဆိပ်ကျင့်ကြံသူတွေအပေါ်မှာ အလွန် ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတာတစ်ခုပဲ သိပါသေးတယ်... တခြား အာနိသင်တွေကိုတော့ ကျွန်တော် မခံစားရသေးပါဘူး"

'ဂူအဆိပ်ကျင့်ကြံသူ နှိမ်နင်းရေး ဝိညာဉ်စွမ်းအား လား'

ထိုအတွေး ပေါ်လာသည်နှင့် ကျန်းပေရန် က ချက်ချင်းပင် ပယ်ဖျက်လိုက်လေသည်။ ဧကရာဇ်ဝိညာဉ်စွမ်းအား၏ ကန့်သတ်ချက်မှာ ဤမျှလောက် မသေးငယ်နိုင်ဟု သူ ယူဆသောကြောင့် ဖြစ်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းပေရန် သည် အဆောင်စက္ကူတစ်ခုကို ထုတ်ယူကာ စာတစ်ကြောင်း ရေးသား၍ အပြင်သို့ လွှတ်တင်လိုက်လေသည်။ မကြာမီမှာပင် အခန်းတံခါး ခေါက်သံ ထပ်မံ ထွက်ပေါ်လာလေသည်။

"ဝင်ခဲ့"

"ကျွိ"

အသံနှင့်အတူ အခန်းတံခါး ပွင့်သွားပြီး အတွင်းသို့ ဝင်လာသူမှာ ယဲ့ဖန်ပင် ဖြစ်လေသည်။

"နတ်မင်းကြီးကို ဂါရဝပြုပါတယ်... ဟင် ဆရာစုန် ဆရာစုန်ကို တွေ့ရတာ ဝမ်းသာတယ်ဗျာ"

ကုချင်းဟွမ်ကို မြင်လိုက်ရသည်နှင့် ယဲ့ဖန်သည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ကုချင်းဟွမ် အား ချက်ချင်းပင် ဂါရဝပြုလိုက်လေသည်။ ကုချင်းဟွမ်ကလည်း ပြုံး၍ ခေါင်းညိတ် နှုတ်ဆက်လိုက်လေသည်။

"ယဲ့ဖန်... မင်းရဲ့ ဧကရာဇ်ဝိညာဉ်စွမ်းအားကို ထုတ်ပြလိုက်စမ်း"

ကျန်းပေရန် က တိုက်ရိုက်ပင် အမိန့်ပေးလိုက်လေသည်။

"အဲဒါ... နတ်မင်းကြီး... ကျွန်တော် ကောင်းကောင်း မထိန်းချုပ်နိုင်လို့ နတ်မင်းကြီးကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့"

ယဲ့ဖန် က အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောဆိုလိုက်လေသည်။

ယဲ့ဖန် ထိုသို့ ပြောသည်ကို ကြားလိုက်ရသဖြင့် သူသည် ဧကရာဇ်ဝိညာဉ်စွမ်းအားကို ကောင်းကောင်း ယဉ်ပါးအောင် မလုပ်နိုင်သေးမှန်း ကျန်းပေရန် သိရှိလိုက်လေသည်။ မလိုအပ်သော ဆူညံမှုများ မဖြစ်ပေါ်စေရန် ကျန်းပေရန် သည် ၎င်းတို့ နှစ်ဦးကို ပျံသန်းစံအိမ် အတွင်းသို့ ခေါ်ဆောင်ခဲ့လေသည်။

"အခု ထုတ်လိုက်တော့"

ခြံဝင်းအတွင်းသို့ ရောက်သောအခါ ကျန်းပေရန်က ယဲ့ဖန် ကို ပြောဆိုလိုက်လေသည်။

ယဲ့ဖန် သည် မူလက နတ်မင်းကြီးအား အနည်းငယ် နောက်သို့ ဆုတ်ခိုင်းရန် ပြင်လိုက်သော်လည်း နတ်မင်းကြီး၏ အရည်အချင်းနှင့်ဆိုလျှင် ဤသေးငယ်လှသော ဧကရာဇ်ဝိညာဉ်စွမ်းအားက မည်သို့ ထိခိုက်စေနိုင်မည်နည်း ဟုတွေးမိသဖြင့်... ယဲ့ဖန် သည် နောက်ထပ် မစိုးရိမ်တော့ဘဲ သူ၏ ကိုယ်တွင်းမှ ဧကရာဇ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက် ထုတ်လွှတ်လိုက်လေသည်။

"အော…."

သေချာပေါက်ပင် ကုချင်းဟွမ်၏ ဧကရာဇ်ဝိညာဉ်စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ယဲ့ဖန်၏ ကိုယ်တွင်းမှ အရာမှာ ပိုမို ရူးသွပ်လှပေသည်။ ခရမ်းရောင် ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ထွက်လာသည်နှင့် ကြီးမားလှသော မိုးကြိုးတိမ်တိုက်များကို ဖြစ်ပေါ်စေပြီး အနက်ရောင် သန်းနေသော အနီရောင် အလင်းတန်းများမှာလည်း တဖျတ်ဖျတ် လက်နေလေသည်။

"ဝုန်း"

ထိုအချိန်တွင် ခရမ်းရောင် လျှပ်စီးတန်းတစ်ခုမှာ ဘေးနားတွင် ပွဲကြည့်နေသော ရှီဖုန်းလန် ဆီသို့ ဦးတည်၍ ပစ်ခတ်သွားလေသည်။

"ဒုက္ခပဲ"

ယဲ့ဖန်က အော်ဟစ်လိုက်ပြီး တားဆီးရန် ပြင်လိုက်သော်လည်း ဧကရာဇ်ဝိညာဉ်စွမ်းအား အစုအဝေးတစ်ခုမှာ သူ့ထက် အရင် စော၍ ရှီဖုန်းလန်၏ ရှေ့တွင် ကာကွယ်လိုက်ပြီး ထိုလျှပ်စီးတန်းကို ဝါးမျိုလိုက်သည်ကို တွေ့ရှိလိုက်ရလေသည်။

၎င်းက ယဲ့ဖန်ကို ကြောင်အသွားစေခဲ့လေသည်။ ဘာလို့လဲဆိုတော့ ထိုဧကရာဇ်ဝိညာဉ်စွမ်းအားမှာ မိမိနှင့် မဆိုင်မှန်း သူ သိရှိထားသောကြောင့် ဖြစ်လေသည်။ ဧကရာဇ်ဝိညာဉ်စွမ်းအား လာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ယဲ့ဖန် မှာ အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားရလေသည်။

"ဆရာစုန်... ခင်ဗျားမှာလည်း ဧကရာဇ်ဝိညာဉ်စွမ်းအား ရှိနေတာလား"

ကုချင်းဟွမ် က ခေါင်းညိတ်ပြပြီး ပြန်လည် ဖြေကြားလိုက်လေသည်။

"ဆရာ ပေးသနားထားတာ"

'နတ်မင်းကြီးကတော့ တကယ်ပဲ... အရာအားလုံး ရှိတာပဲ'

ယဲ့ဖန်သည် ဧကရာဇ်ဝိညာဉ်စွမ်းအား၏ တန်ဖိုးကို ကောင်းကောင်း သိရှိထားလေသည်။ ဘာလို့လဲဆိုတော့ ဇန်တိုင်းပြည် မှ အနက်ရောင် သူတော်စင် များသည် သူ၏ ဧကရာဇ်ဝိညာဉ် စွမ်းအားကို မြင်တွေ့ရချိန်တွင် အားလုံးမှာ မျက်လုံးပြူးကာ လောဘဇောများ တက်ခဲ့ကြသောကြောင့် ဖြစ်လေသည်။ ၎င်းတို့မှာ တစ်ခါမျှ မမြင်ဖူးသလို အလွန်လည်း လိုချင်နေကြမှန်း အမူအရာအားဖြင့် သိသာလှပေသည်။

အနက်ရောင် သူတော်စင်များပင် မရရှိနိုင်သော အရာမှာ မည်မျှအထိ တန်ဖိုးကြီးသနည်း ဆိုသည်မှာ ထပ်ပြောနေရန် မလိုတော့ပေ။ ၎င်းမှာ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်ရှိ အရှားပါးဆုံးသော ရတနာပင် ဖြစ်လေသည်။

ထို့ကြောင့် ဆရာစုန်က ထိုဧကရာဇ်ဝိညာဉ်စွမ်းအားမှာ နတ်မင်းကြီး ပေးသနားထားခြင်း ဖြစ်ကြောင်း အေးအေးဆေးဆေး ပြောဆိုလိုက်ချိန်တွင် သူ၏ ရင်ထဲ၌ နတ်မင်းကြီးအပေါ် လေးစားမှုမှာ... ကောင်းပြီ... ထပ်တိုးစရာ မရှိတော့ပေ။ သူ၏ ကျင့်ကြံခြင်း ပါရမီကို ပြန်လည် ရရှိစေခဲ့သည့် အချိန်ကတည်းက သူ၏ နတ်မင်းကြီးအပေါ် လေးစားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ မည်သည့်အရာကမျှ လှုပ်ခါနိုင်မည် မဟုတ်ပေ။

သို့သော် ယဲ့ဖန် နောက်ထပ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ကိုယ်တွင်းမှ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ထိန်းမနိုင် သိမ်းမရဘဲ ရူးသွပ်စွာ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

"ပြန်လာစမ်း ငါ့ဆီ ပြန်လာခဲ့စမ်း"

သို့သော် ယဲ့ဖန် မည်မျှပင် အားစိုက်၍ ပြန်လည် ခေါ်ယူပါစေ မရခဲ့ပေ။ ထိုဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ယခုအခါ ရန်သူကို တွေ့ရှိလိုက်ရသကဲ့သို့ မျက်လုံးများ နီမြန်းနေပြီး ခရမ်းရောင် သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲကာ ကုချင်းဟွမ်ဆီသို့ ပြေးဝင်သွားတော့လေသည်။

ခဏချင်းအတွင်းမှာပင် ခြံဝင်းတစ်ခုလုံး အမည်းရောင် တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး အရှိန်အဝါမှာလည်း အလွန်ပင် ယုတ်မာလှပေသည်။ သို့သော် ကျန်းပေရန် က ကြားဝင် တားဆီးရန် ပြင်လိုက်ချိန်မှာပင် ကုချင်းဟွမ် ၏ နောက်ကွယ်မှ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ကြီးမားလှသော လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုသားရဲကြီး၏ မျက်နှာကို တိုက်ရိုက်ပင် ရိုက်ချလိုက်လေသည်။

"ဖြန်း"

ဘာကြောင့် ထိုသို့သော အသံ ထွက်ပေါ်လာသနည်း ဆိုသည်ကို မသိသော်လည်း ခြံဝင်းအတွင်းရှိ လူတိုင်းမှာ တိတ်ဆိတ်သွားကြလေသည်... ယဲ့ဖန်၏ ဧကရာဇ်ဝိညာဉ်စွမ်းအား အပါအဝင်ပေါ့။

ထိုရိုက်ချက်ကြောင့် ၎င်းမှာ အချိန်အတော်ကြာအောင် ကြောင်အသွားခဲ့လေသည်။ ၎င်း ဖန်တီးထားသော သားရဲကြီးမှာ မျက်နှာ မရှိသော်လည်း ကျန်းပေရန်မှာမူ ၎င်း၏ ရင်ထဲမှ 'ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ သူက ငါ့ကို ဘယ်လိုများ ရိုက်ရဲတာလဲ' ဆိုသည့် ခံစားချက်များကို ခံစားနေရလေသည်။

"ဝေါင်း……"

အချိန်အတော်ကြာမှ မိမိ ဒေါသထွက်သင့်မှန်း သတိရသွားသော ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်လေသည်။

"ဖြန်း"

သို့သော် ၎င်း တိုက်ခိုက်ရန် မပြင်ရသေးမီမှာပင် နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်မှာ ၎င်း၏ မျက်နှာပေါ်သို့ ကျရောက်လာပြန်လေသည်။

"......"

၎င်းကို မြင်သောအခါ ကျန်းပေရန် သည် လက်ထဲမှ ရွှေရောင်အဆောင်ကို တိတ်တဆိတ် ပြန်လည် သိမ်းဆည်းလိုက်လေသည်။ ဘာလို့လဲဆိုတော့ ဤအခြေအနေမှာ သူ ကြားဝင် နှိမ်နင်းရန် မလိုအပ်တော့မှန်း သိရှိလိုက်သောကြောင့် ဖြစ်လေသည်။

"ဝေါင်း….."

ပါးရိုက်ချက် နှစ်ချက် ဆက်တိုက် ခံလိုက်ရသော ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ အပြည့်အဝ ရူးသွပ်သွားပြီး ကုချင်းဟွမ် ဆီသို့ တိုးဝင်ကာ ရူးသွပ်စွာ ကုတ်ခြစ်နေတော့လေသည်။ သို့သော် ကုချင်းဟွမ် ၏ နောက်ကွယ်မှ ဧကရာဇ်ဝိညာဉ်စွမ်းအား ဖန်တီးထားသော လက်ကြီးက ၎င်း၏ ဦးခေါင်းကို ထိန်းထားသဖြင့် ၎င်း၏ လက်သည်းများမှာ ကုချင်းဟွမ်အား မည်သို့မျှ ထိတွေ့နိုင်ခြင်း မရှိခဲ့ပေ။

'စိတ်ဝင်စားစရာပဲ'

ဧကရာဇ်ဝိညာဉ်စွမ်းအား နှစ်ခု တွေ့ဆုံခြင်းမှာ သူငယ်ချင်းဟောင်းများ တွေ့ဆုံသကဲ့သို့ အေးအေးဆေးဆေး ရှိလိမ့်မည်ဟု ကျန်းပေရန် ထင်မှတ်ထားခဲ့သော်လည်း ယခုမူ တွေ့သည်နှင့် ရန်ဖြစ်နေကြခြင်း မဟုတ်ပါလော။ သို့သော် ၎င်းမှာ အရေးမကြီးပေ။ ဤဧကရာဇ်ဝိညာဉ်စွမ်းအားများကြားမှ တိုက်ပွဲမှတစ်ဆင့် ကျန်းပေရန် သည် သူ၏ ခန့်မှန်းချက်တစ်ခု မှန်ကန်ကြောင်း သိရှိလိုက်လေသည်။

၎င်းမှာ ဧကရာဇ်ဝိညာဉ်စွမ်းအားတွင် အလွန် ပြင်းထန်သော ကိုယ်ပိုင် အသိစိတ် ရှိနေခြင်းပင် ဖြစ်လေသည်။ ၎င်းမှာ သာမန် ဝိညာဉ်စွမ်းအားများကဲ့သို့ ကျင့်ကြံသူ၏ တိုက်ခိုက်ရေးအင်အားအဖြစ် ပြောင်းလဲသွားရုံသာ မဟုတ်ဘဲ ကိုယ်ပိုင် ဉာဏ်ရည် ရှိနေခြင်း ဖြစ်လေသည်။ ၎င်းမှာ မည်သည့် ဝိညာဉ်စွမ်းအား အမျိုးအစားတွင်မျှ မတွေ့ဖူးသေးသော အချက် ဖြစ်လေသည်။

၎င်းအပြင် ဧကရာဇ်ဝိညာဉ်စွမ်းအား၏ ခွန်အားမှာ ပိုင်ရှင်၏ ကျင့်ကြံမှုနှင့် လုံးဝ မသက်ဆိုင်ပုံရလေသည်။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံမှုအရ ဆိုလျှင် ယဲ့ဖန် သည် ယခုအခါ ကုချင်းဟွမ် အား အပြတ်အသတ် အနိုင်ရနိုင်သော်လည်း ဧကရာဇ်ဝိညာဉ်စွမ်းအား နှစ်ခု၏ တိုက်ပွဲတွင်မူ ကုချင်းဟွမ်၏အရာမှာ သိသိသာသာ အသာစီး ရနေခြင်း ဖြစ်လေသည်။

'ဆိုလိုတာက ဒီဧကရာဇ်ဝိညာဉ်စွမ်းအားက ကျင့်ကြံသူရဲ့ ကိုယ်ထဲကို စီးဝင်သွားပေမဲ့... ၎င်းက သီးခြား တည်ရှိမှု တစ်ခုပဲပေါ့'

ကျန်းပေရန် စဉ်းစားနေစဉ်မှာပင် ယဲ့ဖန်၏ ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ကြီးမားလှသော တုတ်ကြီးတစ်ချောင်း၏ လိုက်လံ ရိုက်နှက်ခြင်းကို ခံနေရသဖြင့် ကောင်းကင်အနှံ့ ပျံသန်း ပြေးလွှားနေရကာ ရံဖန်ရံခါတွင်လည်း နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ ၎င်းမှာ တကယ်ပင် နာကျင်နေမှန်း သိသာလှပေသည်။

နောက်ဆုံးတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်အထိ အရိုက်ခံလိုက်ရသော ဧကရာဇ်ဝိညာဉ် စွမ်းအားမှာ နာကျင်စွာ အော်ဟစ်ရင်း ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ ပုန်းအောင်း ဝင်ရောက်သွားတော့လေသည်။ ထိုတုတ်ကြီးမှာ ယဲ့ဖန် ကို ဆက်လက်၍ လိုက်လံ ရိုက်နှက်ရန် ပြင်လိုက်သော်လည်း ကုချင်းဟွမ်က လက်မြှောက်၍ ပြန်လည် ခေါ်ယူလိုက်မှသာ ရပ်တန့်သွားတော့လေသည်။

မိမိ၏ ကိုယ်တွင်း၌ တုန်ယင်နေသော ဧကရာဇ်ဝိညာဉ်စွမ်းအားကို ခံစားရင်း ယဲ့ဖန် ၏ မျက်လုံးများအတွင်း၌ လေးစားအားကျသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။

"ဆရာစုန် ကတော့ တကယ်ကို တော်တာပဲဗျာ... အံ့ဩစရာကြီး"

ယဲ့ဖန်သည် ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ရိုင်းစိုင်းလှသဖြင့် သူတစ်ပါး စကားကို နားထောင်လိမ့်မည် မဟုတ်ဟု အမြဲ ယူဆထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယခုမူ ဆရာစုန် က ဤဧကရာဇ်ဝိညာဉ်စွမ်းအားမှာ ယဉ်ပါးအောင် လုပ်ဆောင်၍ ရကြောင်းနှင့် မိမိအလိုအတိုင်း စေခိုင်းနိုင်ကြောင်းကို လက်တွေ့ သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်လေသည်။

'နတ်မင်းကြီးရဲ့ တပည့်နဲ့ နှိုင်းယှဉ်ရင် ငါကတော့ တကယ်ကို ဉာဏ်နည်းလွန်းသေးတာပဲ'

၎င်းတို့ နှစ်ဦး၏ ဧကရာဇ်ဝိညာဉ်စွမ်းအားများ နှုတ်ဆက်ခြင်းပြီးဆုံးသွားသောအခါ ကျန်းပေရန် က ၎င်းတို့အား လက်လှမ်းခေါ်လိုက်လေသည်။

"လာပြီ"

ယဲ့ဖန် က မြင်သည်နှင့် ကျန်းပေရန် ၏ ရှေ့သို့ အပြေးလာကာ ခါးကို မတ်၍ ရပ်လိုက်လေသည်။ ကုချင်းဟွမ်သည်လည်း ဧကရာဇ်ဝိညာဉ်စွမ်းအားကို သိမ်းဆည်းပြီးနောက် ကျန်းပေရန် ၏ ရှေ့သို့ လျှောက်လာခဲ့လေသည်။

"ယဲ့ဖန်... မင်းကော ဧကရာဇ်ဝိညာဉ်စွမ်းအားက တခြား ဝိညာဉ်စွမ်းအားတွေနဲ့ နှိုင်းယှဉ်ရင် အကြီးမားဆုံးသော ထူးခြားချက်က ဘာလို့ ထင်လဲ"

'ထူးခြားချက်......'

ယဲ့ဖန် က ခေါင်းငုံ့၍ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အနည်းငယ် အားနာသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

"နတ်မင်းကြီးလည်း မြင်တဲ့အတိုင်းပါပဲ... ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဧကရာဇ်ဝိညာဉ်စွမ်းအားကို လုံးဝ ထိန်းချုပ်လို့ မရဘူး... ကျွန်တော်က ဧကရာဇ်ဝိညာဉ်စွမ်းအား အားလုံးက ဒီလိုပဲလို့ ထင်နေတာ... ဆရာစုန် ကို မြင်တော့မှပဲ မှားနေမှန်း သိတော့တာ"

ယဲ့ဖန် က ပြောရင်းနှင့် ကုချင်းဟွမ် ကို မနေနိုင်ဘဲ လှမ်းကြည့်ကာ ဂါရဝပြုလိုက်ပြန်လေသည်။

"ဆရာစုန်... ခင်ဗျားကတော့ တကယ်ကို တော်တာပဲဗျာ... ကျွန်တော်လည်း ဒီဧကရာဇ်ဝိညာဉ်စွမ်းအားကို ယဉ်ပါးအောင် အကြိမ်ကြိမ် ကြိုးစားဖူးတယ်... ဒါပေမဲ့ သူက ကျွန်တော့်ကို အဖတ်တောင် မလုပ်ဘူးဗျာ"

ပြောပြီးနောက် ယဲ့ဖန် က သက်ပြင်းချလိုက်ပြီး ကုချင်းဟွမ် အား ထပ်မံ၍ ဂါရဝပြုလိုက်လေသည်။

"ဆရာစုန် ရဲ့ အရည်အချင်းကို ကျွန်တော် တကယ်ပဲ လေးစားတယ်ဗျာ"

ကုချင်းဟွမ် က ယဲ့ဖန် အား ဂါရဝပြန်ပြုလိုက်ပြီး ပြုံး၍ ပြောဆိုလိုက်လေသည်။

"ဒီထဲမှာ နည်းစနစ်လေးတွေ ရှိတယ်... မင်း သင်ချင်တယ်ဆိုရင် ငါ သင်ပေးနိုင်ပါတယ်"

ယဲ့ဖန် က ကြားသောအခါ ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်လေသည်။

"ဆရာ... ကျွန်တော့်ကို သင်ပေးပါဦးဗျာ"

ကုချင်းဟွမ် က မြင်သောအခါ ခေါင်းခါယမ်းလိုက်ပြီး ယဲ့ဖန် ကို ဆွဲထူလိုက်လေသည်။

"ဒီလောက်အထိ မလိုအပ်ပါဘူး... ဆရာက ဒါတွေကို မကြိုက်မှန်း မင်း သိရမှာပေါ့"

နတ်မင်းကြီးက ထိုသို့သော အပြုအမူများကို မနှစ်သက်မှန်း ကြားလိုက်ရသဖြင့် ယဲ့ဖန် က အလျင်အမြန်ပင် မြေပြင်မှ ထရပ်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပါပြီ... နောက်ပိုင်း ကျွန်တော် သတိထားပါ့မယ်"

ယဲ့ဖန် ပြန်လည် ရပ်တန့်သွားသည်ကို ကြည့်ရင်း ကျန်းပေရန် က ထပ်မံ မေးမြန်းလိုက်လေသည်။

"ထိန်းချုပ်လို့ မရတာကလွဲရင် ဧကရာဇ်ဝိညာဉ်စွမ်းအားမှာ တခြား ဘာများ ထူးခြားချက်တွေ ရှိသေးလဲ... ဒါမှမဟုတ် မင်းအတွက် ဘယ်လိုမျိုး အပြောင်းအလဲတွေ ယူဆောင်လာပေးလဲ"

"အပြောင်းအလဲ......"

ယဲ့ဖန် က နောက်တစ်ကြိမ် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းကာ ပြန်ဖြေလေသည်။

"နတ်မင်းကြီးကို ပြောရရင်တော့... ဒီဧကရာဇ်ဝိညာဉ်စွမ်းအားကို ရပြီးကတည်းက ၎င်းက ဘာအာနိသင် ရှိသလဲဆိုတာ ကျွန်တော် အခုထိ မသိသေးဘူး... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ရော ကျင့်ကြံမှုမှာပါ ၎င်းကြောင့် ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး"

"တစ်ခါတည်း အာနိသင် ပြခဲ့တာကတော့ ထိုဂူအဆိပ်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာပါပဲ... ၎င်းက ထိုဂူအဆိပ်ကျင့်ကြံသူတွေရဲ့ ဒဏ်ရာတွေကို အမြန် ပြန်မကောင်းလာအောင် လုပ်ဆောင်နိုင်သလို ထိုဂူအဆိပ်ကျင့်ကြံသူတွေကလည်း ဒီဧကရာဇ်ဝိညာဉ်စွမ်းအားကို အရမ်း ကြောက်ကြပုံရတယ်"

'ဒီအာနိသင် တစ်ခုပဲ ရှာတွေ့သေးတာလား...... ဒါဆိုရင် တကယ်ပဲ ဂူအဆိပ်ကျင့်ကြံသူ နှိမ်နင်းရေး ဝိညာဉ်စွမ်းအား လား'

သို့သော် ကျန်းပေရန် ကမူ ဧကရာဇ်ဝိညာဉ်စွမ်းအား၏ အာနိသင်မှာ ဤမျှလောက်သာ မကဟု ယူဆနေဆဲ ဖြစ်လေသည်။ မှန်ကန်သော အသုံးပြုနည်းကို ရှာမတွေ့သေးခြင်းသာ ဖြစ်ရမည်။

ဧကရာဇ်ဝိညာဉ်စွမ်းအား အသုံးပြုနည်းအကြောင်း ပြောဆိုရာတွင် ကျန်းပေရန် သည် သူ ဆတ်ကျွယ်ဓား ရရှိခဲ့သော ထိုရှေးဟောင်းဂူသင်္ချိုင်းကို သတိရလိုက်မိလေသည်။ ထိုဂူအတွင်း၌ ဆတ်ကျွယ်ဓား ပုံစံများ ရှိနေခြင်းမှာလည်း စဉ်းစားစရာ ဖြစ်လေသည်။ ၎င်းမှာ ထိုဂူသင်္ချိုင်း၏ ပိုင်ရှင်မှာ သက်ရှိထင်ရှား ရှိစဉ်က ဂူအဆိပ်ကျင့်ကြံသူများနှင့် ရန်ငြိုး ရှိခဲ့သည် သို့မဟုတ် အမြဲတမ်း ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သူ ဖြစ်မှန်း သိသာလှပေသည်။

'အကယ်၍ ဆန်းကြယ်စက်ကွင်းကျွန်း ကို ပြန်လည် တိုက်စစ်ဆင်မယ်ဆိုရင် အဲဒီရှေးဟောင်းဂူအတွင်းမှာ ဂူအဆိပ်ကျင့်ကြံသူတွေကို နှိမ်နင်းနိုင်မယ့် တခြား ကောင်းမွန်တဲ့ အရာတွေ ရှိနေနိုင်သေးတယ်... အင်း... အရာအားလုံး ပြီးဆုံးသွားရင် နောက်တစ်ခါ သွားကြည့်ရမယ်'

၎င်းကို တွေးမိသည်နှင့် ကျန်းပေရန် သည် ယဲ့ဖန် ကို ကြည့်ကာ မေးမြန်းလိုက်လေသည်။

"မင်းရဲ့ ဧကရာဇ်ဝိညာဉ်စွမ်းအားကို ဘယ်ကနေ ရခဲ့တာလဲ"

"နတ်မင်းကြီးကို လျှောက်တင်ရရင်... ရှေးဟောင်းဂူသင်္ချိုင်း တစ်ခုကနေ ရခဲ့တာပါ"

'ဂူသင်္ချိုင်း ထဲကပဲ ဟုတ်လား'

ကျန်းပေရန် က နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ပြီး မျက်စိရှေ့မှ လူနှစ်ဦးကို ပြောဆိုလိုက်လေသည်။

"မင်းတို့ နှစ်ယောက်လုံး မိမိတို့ရဲ့ အလုပ်တွေကို သွားလုပ်ကြတော့... ငါ့မှာ စဉ်းစားစရာ ကိစ္စအချို့ ရှိနေလို့"

"ဟုတ်ကဲ့"

လူနှစ်ဦးမှာ ရိုသေစွာဖြင့် ပြန်လည် ဖြေကြားပြီးနောက် အသီးသီး ဆုတ်ခွာသွားကြလေသည်။

ပတ်ဝန်းကျင်ရှိ ပွဲကြည့်နေကြသော လူများသည်လည်း ကျန်းပေရန် ကိစ္စရပ်များကို စဉ်းစားလိုမှန်း သိရှိသွားကြသဖြင့် အလိုက်တသိဖြင့် ထွက်ခွာသွားကြရာ ကြီးမားလှသော ခြံဝင်းအတွင်း၌ ကျန်းပေရန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

'ဧကရာဇ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးက ဂူသင်္ချိုင်းတွေထဲကနေ လာတာပဲ... ပြီးတော့ ဒီအမည်ကိုပါ တွဲကြည့်လိုက်ရင်တော့ ဂူသင်္ချိုင်းတွေကို အနက်ရောင် ဧကရာဇ် တွေနဲ့ ဆက်စပ်ကြည့်ဖို့က မခက်ခဲတော့ပါဘူး'

သို့သော် ခြေချ၍ မရနိုင်သော ထိုရှေးဟောင်းဂူသင်္ချိုင်းများမှာ အနက်ရောင် ဧကရာဇ် များ ချန်ထားခဲ့ခြင်း ဖြစ်မည်ဆိုလျှင် အရာအားလုံးမှာ ကျိုးကြောင်းဆီလျော်သွားခဲ့လေပြီ။ အနက်ရောင် ဧကရာဇ်များ ချန်ထားခဲ့သော ဂူသင်္ချိုင်းများမှသာ အနက်ရောင် သူတော်စင်များပင် အတင်းအကျပ် မဝင်ရောက်နိုင်သည့် အစီအရင်များနှင့် စက်မှုပစ္စည်းများ ရှိနေနိုင်သောကြောင့် ဖြစ်လေသည်။

၎င်းအပြင် ကျန်းပေရန် ယခုကာလအတွင်း မြင်တွေ့ခဲ့ရသော ဖြစ်ရပ် အမျိုးမျိုးအရ သူသည် သမိုင်းစာအုပ်များပေါ်မှ ပထမဆုံးသော ကျင့်ကြံသူများမှာ အစစ်အမှန် ပထမဆုံး အသုတ် မဟုတ်ဟု ယူဆမိလေသည်။ ၎င်းတို့ခေတ် မတိုင်မီက နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်တွင် ပိုမို ထွန်းကားသော ခေတ်ကာလတစ်ခု ရှိခဲ့ဖူးလေသည်။ ထို ကောင်းကင်ဘုံအဆင့် မှော်ပစ္စည်းများနှင့် ဝိညာဉ်ဆေးလုံးများမှာ သက်သေပင် ဖြစ်လေသည်။

"ပျောက်ဆုံးသွားသော နှစ်ပေါင်းတစ်ရာလား... ဒါမှမဟုတ် နှစ်ပေါင်းတစ်ရာထက် ပိုမို ကြာမြင့်ခဲ့တာလား"

All Chapters