← Chapters

လုယက်ဝယ်ယူခြင်း

Vol. 60 Ch. 669

လုယက်ဝယ်ယူခြင်း

Vol. 60 Ch. 669

ဆရာကြီးခူနောက်မှလိုက်ကာ ဆေးဖော်စပ်သည့် အခန်းထဲသို့ ဝင်လာပြီးနောက် ကျန်းပေရန် မေးခွန်းမမေးရသေးမီမှာပင် ဆရာကြီးခူက ဆေးကြောကြောင်း သုံးကြောင်းပါရှိသော မဲနယ်ရောင် ဝိညာဉ်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျန်းပေရန်ထံသို့ ကမ်းပေးလာလေသည်။

"ဆရာကြီးကျန်း အကြိမ်ပေါင်း ထောင်ချီ စမ်းသပ်ပြီးတဲ့နောက်မှာတော့ မင်းလိုချင်တဲ့ ဝိညာဉ်ဆေးလုံးကို ငါတို့ ဖော်စပ်နိုင်ခဲ့ပြီ"

'ဒီလောက်တောင် မြန်တာလား'

ဆရာကြီးခူ ပြောသော ဝိညာဉ်ဆေးလုံးဆိုသည်မှာ ကျန်းပေရန် သူတို့ကို အကူအညီတောင်းထားခဲ့သည့် ဝိညာဉ်အာရုံကို ပြန်လည်နိုးထစေနိုင်သော ဆေးလုံးပင် ဖြစ်သည်။ သို့သော် ကျန်းပေရန်က ထိုခေါင်းစဉ်ကို သူတို့ထံ ပေးအပ်ခဲ့စဉ်က အချိန်တိုအတွင်း ရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေ ဝိညာဉ်အာရုံနှင့် သက်ဆိုင်သော ဆေးလုံးများဆိုသည်မှာ ဒီဆေးဆရာများအတွက် လုံးဝ အသစ်အဆန်းတစ်ခု ဖြစ်နေပြီး ဒီနေရာတွင် အဆင့်ကိုး ဆရာကြီးများစွာ ရှိနေသော်လည်း မည်သူကမျှ ဒီနယ်ပယ်နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိကြချေ။

ထို့ကြောင့် သူတို့အနေဖြင့် အခြေခံသီအိုရီများကို နားလည်သဘောပေါက်ရန်ပင် အချိန်များစွာ ယူရလိမ့်မည်ဟု ကျန်းပေရန် ထင်မှတ်ထားခဲ့သည်။

သို့သော် အဆင့်ကိုး ဆရာကြီး တစ်စု စုဝေးမိသွားသောအခါ အံ့ဖွယ်အရာများကို ဖန်တီးနိုင်စွမ်း ရှိကြောင်း အဖြစ်မှန်က ထပ်မံ သက်သေပြလိုက်ပြန်လေသည်။

ဆယ်ရက်ပင် မပြည့်သေးသော အချိန်အတွင်း သူတို့သည် ဝိညာဉ်အာရုံကို ပြန်လည်နိုးထစေနိုင်သော ဆေးလုံးကို တကယ် ဖော်စပ်နိုင်ခဲ့ကြပေသည်။

ရင်ထဲတွင် ကြိတ်၍ ချီးကျူးသွားပြီးနောက် ကျန်းပေရန်က ဆရာကြီးခူအား ပြောလိုက်၏။

"လေးစားသွားပါပြီ ဆရာကြီးတို့က ဆေးပညာလောကရဲ့ ထိပ်သီးတွေဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လွန်းပါတယ် တကယ်ကို အံ့မခန်း စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာပဲ"

ထိုစကားကို ကြားသောအခါ ဆရာကြီးခူက ရယ်မောလိုက်ပြီး ပြန်ပြောလေသည်။

"ဒါတွေအကုန်လုံးက ဆရာကျန်း ငါတို့ကို တွေးခေါ်ပုံ အသစ်တစ်ခု ပေးခဲ့လို့ပါ မဟုတ်ရင် ငါတို့လည်း ဒီလောက် မြန်မြန် အောင်မြင်နိုင်မှာ မဟုတ်ဘူး"

ထို့နောက် ဆရာကြီးခူသည် ကျန်းပေရန်အား အရိုအသေပေးလိုက်၏။

"ဆရာကျန်းရဲ့ ထူးခြားဆန်းပြားတဲ့ တွေးခေါ်မှုတွေက ငါ့ကို တကယ် လေးစားသွားစေတယ် ရိုးရိုးသားသား ပြောရရင် အစတုန်းက မင်းပြောတာတွေ အကုန်လုံးက အဓိပ္ပာယ်မရှိဘူးလို့ ငါထင်ခဲ့တာ ဒါပေမယ့် ဆေးဖော်စပ်တာနဲ့ ပတ်သက်ပြီး မင်းရဲ့ အမြင်သစ်တွေကို ကြားပြီးတဲ့နောက်မှပဲ ငါတို့လို လူအိုကြီးတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အချိန်အကြာကြီး ရပ်တန့်နေခဲ့ကြမှန်း သိလိုက်ရတော့တယ်"

ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းပေရန်သည် ဆရာကြီးခူကို ကပျာကယာ ထူမလိုက်ပြီး ပြောလိုက်လေသည်။

"ဆရာကြီးခူရဲ့ စကားတွေက ကျွန်တော့်ကို နေရခက်စေတယ် ဒီလို အရိုအသေပေးတာမျိုးကို ကျွန်တော် လက်မခံဝံ့ပါဘူး"

ဆရာကြီးခူက ပြန်ပြောလာ၏။

"လက်ခံသင့်ပါတယ် လက်ခံသင့်ပါတယ်"

ထို့နောက် ဆရာကြီးခူက ကျန်းပေရန်ကို ဆွဲခေါ်ကာ ဆေးဖော်စပ်သည့် အခန်းထဲမှ ထွက်လာခဲ့ပြီး အပြင်းအထန် စဉ်းစားခန်း ဝင်နေကြသေးသော အဆင့်မြင့် ဆေးဆရာများကို လှမ်းအော်လိုက်လေသည်။

"အစ်ကိုတို့ရေ ခင်ဗျားတို့ မျှော်နေကြတဲ့ ဆရာကျန်း ရောက်လာပြီဗျို့ ဟားဟားဟား"

ဆရာကြီးခူ၏ စကားကို ကြားသောအခါ အဆင့်မြင့် ဆေးဆရာများ အားလုံး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ပညာရပ်ကို လိုလားတောင့်တသော အရိပ်အယောင်များ တောက်ပနေလေသည်။

"ဆရာကျန်းကို အရိုအသေပေးပါတယ်"

ဆရာကြီးခူ ဘာကိုဆိုလိုသလဲ ဆိုသည်ကို ကျန်းပေရန် နားမလည်လိုက်မီမှာပင် အဆင့်မြင့် ဆေးဆရာများ အားလုံးက သူ့ကို တညီတညွတ်တည်း အရိုအသေပေးလိုက်ကြ၏။

ဘာတွေဖြစ်နေသလဲ ဆိုတာကို သိပ်သဘောမပေါက်သေးသော်လည်း ကျန်းပေရန်က ချက်ချင်းပင် ပြန်လည် အရိုအသေပေးလိုက်သည်။

"ဆရာကြီးတို့ အားလုံးကို ဂါရဝပြုပါတယ် ဒီရက်ပိုင်းအတွင်း အားလုံးပဲ ပင်ပန်းသွားကြပါပြီ"

ထိုအခါ ဆေးဆရာတစ်ဦးက ထွက်လာပြီး ပြောလေသည်။

"အသစ်အဆန်းတွေကို ဖော်ထုတ်နိုင်ခဲ့တာပဲ ပင်ပန်းတယ်လို့ ဘယ်ပြောလို့ရပါ့မလဲ ကျုပ်နာမည်က ချွီခယ်ပါ တန်တိုင်းပြည် ချင်းယွမ်နယ်ကပါ အရင်တစ်ခေါက် တွေ့တုန်းက ဆရာကျန်းကို စော်ကားမိတာတွေ ရှိခဲ့ရင် ကျုပ်လို ရေတွင်းထဲက ဖားသူငယ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့မိလို့ပါ အခု ဆရာကျန်းကို ရိုးရိုးသားသား တောင်းပန်ပါတယ် ဆရာကျန်းက ခွင့်လွှတ်ပေးပါ"

ချွီခယ် ဟုခေါ်သော ဆရာကြီးကို ကျန်းပေရန် တစ်ချက်ကြည့်လိုက်ပြီး သူ အရင်တစ်ခေါက်က ရောက်ခါစတွင် သူနှင့် အပြင်းအထန်ဆုံး ငြင်းခုံခဲ့သူမှာ ဒီလူပင် ဖြစ်ကြောင်း မှတ်မိသွား၏။

အထူးသဖြင့် သူက လုံဖန်ဆေးကျမ်းထဲမှ ယင်သီအိုရီကို ပယ်ချလိုက်ချိန်တွင် ဒီလူက ဒေါသတကြီး ခုန်ပေါက်ကာ သူ့ကို အသိဉာဏ်မဲ့လွန်းတယ် မိုက်မဲလွန်းတယ် ဟုပင် အော်ဆဲခဲ့သေးသည်။

ယခုလို ကိုယ်တိုင် ထွက်လာပြီး အမှားကို ဝန်ခံရဲခြင်းကလည်း တကယ်ကို ဆရာကြီးတစ်ဦး၏ အသွင်အပြင် ရှိပေသည်။

ကျန်းပေရန်က ဒီဆရာကြီးချွီကို ပြန်လည် အရိုအသေမပေးရသေးမီ နောက်ထပ် လူအတော်များများကလည်း ထွက်လာပြီး ကျန်းပေရန်ကို တောင်းပန်ကြပြန်လေသည်။ သူတို့ အားလုံးကလည်း ချွီခယ် ကဲ့သို့ပင် ယခင် ငြင်းခုံပွဲတုန်းက ကျန်းပေရန်ကို စော်ကားခဲ့ဖူးသူများ ဖြစ်ကြသည်။

သေချာသည်မှာ ဒီဆရာကြီးများ၏ စော်ကားမှုများဆိုသည်မှာ ကျန်းပေရန်အတွက်တော့ ကလေးကလားဆန်လွန်းပြီး ဂရုစိုက်စရာပင် မလိုချေ။

အခြေခံကျောင်းသားလေးများ ရန်ဖြစ်နေသည့် အဆင့်သာ ရှိလေသည်။

လူတိုင်း တောင်းပန်ပြီးသွားသောအခါမှသာ ကျန်းပေရန်က ပတ်ဝန်းကျင်ကို လက်အုပ်ချီလိုက်ပြီး ပြန်ပြောလိုက်၏။

"ဆရာကြီးတို့ စကားတွေ လွန်ကုန်ပါပြီ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေဆိုတာ ဒီလိုပါပဲ ဒါပေမယ့် ဆရာကြီးတို့ဆီကနေ အစစ်အမှန် ဆရာကြီးတွေရဲ့ စိတ်ဓာတ်ကို မြင်တွေ့လိုက်ရလို့ ကျွန်တော် အရမ်းကို လေးစားသွားရပါတယ်"

ဒီစကားကို ကျန်းပေရန်က ရိုးသားစွာ ပြောလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ အဆင့်အတန်း မြင့်မားလေလေ သူ၏ အမှားကို ဝန်ခံရန် ဝန်လေးလေလေ ဖြစ်ပြီး တောင်းပန်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း သူ သိထားသည်။

တစ်ခါတစ်ရံတွင် မျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့် ကိုယ်မှားနေမှန်း သိသိရက်နှင့်ပင် အသေခံ ငြင်းဆန်တတ်ကြသည်။

သို့သော် ဒီဆရာကြီးများက တောင်းပန်ရန် လုံးဝ မလိုအပ်သော အခြေအနေမျိုးတွင်ပင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် တောင်းပန်ခဲ့ကြသဖြင့် ကျန်းပေရန် အနည်းငယ်ပင် စိတ်လှုပ်ရှားသွားမိလေသည်။

ထိုစဉ် ဆရာကြီးခူက ကျန်းပေရန်ထံသို့ ချဉ်းကပ်လာပြီး ပြောလိုက်၏။

"ဆရာကျန်း ပြောခဲ့တဲ့ သူတော်စင်တွေတောင် အမှားလုပ်တတ်တယ် ဆိုတဲ့ စကားက ဒီမှာရှိတဲ့ လူတိုင်းကို အိပ်မက်ကနေ လန့်နိုးသွားသလို ဖြစ်စေခဲ့ပြီး အတွေးသစ် အမြင်သစ်တွေကို ဖွင့်လှစ်ပေးလိုက်တာပါပဲ ဆရာကျန်းက ဆေးပညာလမ်းကြောင်းအတွက် လမ်းသစ်တစ်ခု ဖောက်ပေးလိုက်တယ်လို့တောင် ပြောလို့ရပါတယ်"

ကျန်းပေရန်က ရယ်မောကာ ပြန်ပြောလိုက်သည်။

"ဒီတစ်ခေါက် သုတေသန လုပ်တဲ့နေရာမှာ အားလုံးပဲ အကျိုးအမြတ်တွေ အများကြီး ရခဲ့ကြပုံပဲ"

ကျန်းပေရန်၏ စကားကို ကြားသောအခါ အခန်းထဲရှိ လူအားလုံးကလည်း လိုက်ပါ ရယ်မောကြလေသည်။

မှန်ပေသည်။ ဒီတစ်ခေါက် အတွေးအခေါ်ချင်း ထိပ်တိုက်တွေ့ဆုံမှုက သူတို့ကို ဝိညာဉ်အာရုံ ဟုခေါ်သော မြေရိုင်းပြင်ကြီးထဲတွင် ရတနာများစွာကို တူးဖော်တွေ့ရှိစေခဲ့သည်။

သို့သော် ဒါက အကြီးမားဆုံး အကျိုးအမြတ် မဟုတ်သေးပေ။ အကြီးမားဆုံး အကျိုးအမြတ်မှာ သူတို့သည် သံကြိုးများ မှ ရုန်းထွက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သူတို့ ယခင်က သံသယမဝင်ရဲခဲ့သော သို့မဟုတ် သံသယဝင်ရန် စိတ်ကူးမရှိခဲ့သော အရာများစွာသည် ထင်သလောက် သေချာရေရာမှု မရှိတော့ချေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဒီကမ္ဘာကြီးသည် နောက်တစ်ဖန် အသစ်ပြန်ဖြစ်သွားပြီး မရေတွက်နိုင်သော အသိပညာသစ်များက သူတို့ကို လာရောက် စူးစမ်းရှာဖွေရန် စောင့်ကြိုနေလေသည်။

ထို့နောက် ကျန်းပေရန်သည် ဒီအဆင့်မြင့် ဆေးဆရာများ မေးမြန်းသော မေးခွန်းများစွာကို ဆက်လက် ဖြေကြားပေးခဲ့၏။

ဒီမေးခွန်း အများစုမှာ သမားရိုးကျ ဘောင်များကို ဖောက်ထွက်ထားပြီး ကန့်သတ်ချက်များကို ချိုးဖျက်ထားကာ တစ်ခုထက် တစ်ခု ပို၍ ဆန်းသစ်နေလေသည်။

ထို့အပြင် အဆင့်ကိုး ဆရာကြီးများ ဆိုသည့်အတိုင်း တစ်ယောက်ချင်းစီ၏ စိတ်ကူးယဉ်ဆန်သော မေးခွန်းများက ခိုင်လုံသော အကြောင်းပြချက်များ ရှိနေကြပြီး ရမ်းသန်းမေးလိုက်ခြင်း မဟုတ်ဘဲ သေချာ စဉ်းစားပြီးမှ မေးမြန်းထားကြောင်း သိသာလှသည်။

ဒါက တစ်တိုက်ကြီးလုံး ကြုံတွေ့နေရသော ဒီအကျပ်အတည်းကြီးသည် ကျင့်စဉ်ပညာရပ်များအတွက် သမိုင်းတွင်မည့် အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ကြောင်း ကျန်းပေရန်ကို ပို၍ ခံစားရစေသည်။

ကျင့်စဉ်ပညာရပ်များ၏ ဘာသာရပ်ပေါင်းစုံ ယှဉ်ပြိုင်ကြမည့် ခေတ်သစ်တစ်ခုကိုပင် ကြိုဆိုရနိုင်ပေသည်။

သူကတော့ ဒီခေတ်သစ်ကြီး၏ ကန့်လန့်ကာကို ဖွင့်လှစ်ပေးမည့်သူ ဖြစ်လာမည်မှာ သေချာလှ၏။

'ပင်လယ်ဓားပြဘုရင် ငါကတော့'

လိုင်းတွေ လွဲကုန်ပြီ လိုင်းတွေ လွဲကုန်ပြီ

"ကျင့်စဉ်ပညာရပ်တွေရဲ့ ဘုရင် ငါကတော့ သေချာပေါက် ဖြစ်လာစေရမယ်"

ဆေးဖော်စပ်သည့် အခန်းထဲသို့ ပြန်လည်ရောက်ရှိလာသောအခါ ကျန်းပေရန်က ထိုမဲနယ်ရောင် ဝိညာဉ်ဆေးလုံးကို ထပ်မံ ထုတ်ယူလိုက်ပြီး ဆရာကြီးခူအား မေးလိုက်လေသည်။

"သူ့အတွက် နာမည်ပေးပြီးပြီလား"

"နိဗ္ဗာန်"

"အတော်လေး လိုက်ဖက်တာပဲ"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး ဆက်မေးလေသည်။

"စုစုပေါင်း ဘယ်နှစ်လုံး ဖော်စပ်နိုင်ခဲ့လဲ"

နိဗ္ဗာန်ဆေးလုံး ၏ အာနိသင်နှင့် ပတ်သက်၍ ကျန်းပေရန်တွင် မည်သည့် သံသယမျှ မရှိပေ။ ဆရာကြီးခူ လို ပုဂ္ဂိုလ်မျိုးက သေချာမှုမရှိသော ဝိညာဉ်ဆေးလုံးတစ်လုံးကို သူ့ထံ ယူလာမည် မဟုတ်မှန်း သူ သိထားသည်။ ဒါက ကိုယ့်နာမည်ကို ကိုယ်ဖျက်ဆီးနေသလိုပင် ဖြစ်မည်။

ထို့ကြောင့် ယခု ကျန်းပေရန် အဓိက စိတ်ဝင်စားနေသည်မှာ ဒီဆေးလုံးက ဖော်စပ်ရ လွယ်ကူခြင်း ရှိမရှိ ကိုသာ ဖြစ်သည်။

"တစ်အိုးကို နှစ်လုံးနဲ့ စုစုပေါင်း နှစ်အိုး ဖော်စပ်ထားတယ်"

"ဖော်စပ်ရတာ သိပ်မလွယ်ဘူး ထင်တယ်"

ဆရာကြီးခူက ရယ်မောရင်း ပြန်ဖြေလိုက်၏။

"အခု လောကမှာရှိတဲ့ ပါရမီရှင်တွေ အားလုံးက ယွမ်မြို့တော်မှာ လာစုနေကြလို့သာပေါ့ မဟုတ်ရင် ဒီဆေးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုတောင် စုဆောင်းနိုင်မှာ မဟုတ်ဘူး"

"လိုအပ်တဲ့ ပစ္စည်းတွေက အဲ့ဒီလောက်တောင် ရှားပါးတာလား"

ဆရာကြီးခူလို အဆင့်ကိုး ဆရာကြီး တစ်ဦးအတွက် ရှားပါး ဆေးဘက်ဝင် အပင်မျိုးစုံကို ယူဆောင်သွားခြင်းက အလွန် ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်သည်။ သူကိုယ်တိုင်ကပင် ဒီဆေးအတွက် ပါဝင်ပစ္စည်းများ ရှာဖွေရ ခက်ခဲသည်ဟု ယူဆနေလျှင် တကယ်ကို ရှာရခက်နေ၍သာ ဖြစ်ပေလိမ့်မည်။

"အင်း ပြီးတော့ အတော်လေးလည်း ထူးဆန်းတယ် ဒါပေမယ့် ကံကောင်းတာက ဒီတစ်ခေါက် လာတဲ့ ဆေးဆရာတွေ အများကြီး ရှိနေလို့ ဟိုလူ့ဆီက နည်းနည်း ဒီလူ့ဆီက နည်းနည်း စုလိုက်တော့ လုံလောက်သွားတယ် အခု အဓိက ပြဿနာက ဖော်စပ်ဖို့ မလွယ်တာပဲ မင်းလိုအပ်တဲ့ ပမာဏကို ရဖို့ဆိုရင် နောက်ထပ် ရက်အနည်းငယ်လောက် ကြာဦးမယ် ထင်တယ်"

"အို"

ဆရာကြီးခူ ကိုယ်တိုင်ကပင် ဒီဆေးကို ဖော်စပ်ရခက်သည်ဟု ယူဆနေကြောင်း ကြားသောအခါ ကျန်းပေရန်မှာ ရုတ်တရက် လက်ယားလာသလို ခံစားလိုက်ရပြီး ပြောလိုက်လေသည်။

"စိတ်ဝင်စားစရာ ကောင်းပုံရတယ် ကျွန်တော်လည်း တစ်ခေါက်လောက် စမ်းကြည့်လို့ ရမလား"

ထိုစကားကို ကြားသောအခါ ဆရာကြီးခူ၏ မျက်လုံးများက တောက်ပသွားပြီး ပြန်ပြောလေသည်။

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"

ယခုအချိန်အထိ ဆရာကြီးခူသည် ကျန်းပေရန်၏ အဆင့်မြင့်မားလှသော ဆေးပညာကို တွေ့မြင်ဖူးပြီး ဖြစ်သော်လည်း သူ ဆေးဖော်စပ်သည်ကိုတော့ မမြင်ဖူးသေးပေ။

ဆေးဆရာများ၏ အမြင်တွင် ဆေးဖော်စပ်ခြင်းကသာ ဆေးဆရာတစ်ဦး၏ အစစ်အမှန် အဆင့်အတန်းကို အကောင်းဆုံး ပြသနိုင်သည့် အရာဖြစ်သည်။

"ဒါဆိုရင်လည်း ဆရာကြီးခူက ဒီဆေးရဲ့ ဖော်စပ်နည်းကို အရင်ဆုံး သင်ပေးပါဦး"

"အာ ခဏလေး"

ဆရာကြီးခူက ပြောရင်း အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

"ငါတစ်ယောက်တည်း မင်း ဆေးဖော်စပ်တာကို ကြည့်နေပြီး သူတို့ကို မခေါ်ဘူး ဆိုတာ သိသွားရင် သူတို့က ငါ့ကို သေချာပေါက် အပြစ်တင်ကြတော့မှာပဲ"

"ဆရာကြီးခူကတော့ လွန်ပြန်ပါပြီ ဆေးဖော်စပ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်က ဆရာကြီးတို့ဆီကနေ သေချာ လေ့လာသင်ယူရမှာပါ"

"အဲ့ဒါ ပိုတောင် ကောင်းသေး အခု တိုက်ကြီးပေါ်မှာ အကောင်းဆုံး ဆေးဆရာတွေ အကုန်လုံး ဒီမှာ စုနေကြတာပဲ မင်း တကယ်လို့ မေးစရာရှိရင်တောင် ပွဲချင်းပြီး ဖြေရှင်းပေးလို့ ရတာပေါ့"

"ဟားဟားဟား ဒါဆိုရင်တော့ တကယ်ကို ကံကောင်းတာပဲ"

"ဒါဆို ခဏလောက် စောင့်ဦး အခုပဲ သွားခေါ်လိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ဆရာကြီးခူသည် ဆေးဖော်စပ်သည့် အခန်းထဲမှ ထွက်သွားလေသည်။

စောင့်ဆိုင်းနေစဉ်အတွင်း ကျန်းပေရန်က ဆေးဖော်စပ်သည့် အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ရာ ဒီနေရာက ဆေးဆရာများအတွက်တော့ လိုတရ နတ်ပြည်လေးလို ဖြစ်နေပြီး အလွန်ပင် ခမ်းနားကြွယ်ဝကြောင်း တွေ့လိုက်ရ၏။

အလင်းနဂါး တံတွေး၊ မှော်ဆန်သော မြူခိုးကိုင်း၊ မိုးကြိုး အဖူးအစရှိသော ရှားပါးပစ္စည်း စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည့် ဆေးဘက်ဝင် အပင်များကို နေရာအနှံ့တွင် ပစ်ထားပြီး သူတို့၏ ချမ်းသာကြွယ်ဝမှုကို ဗြောင်ကျကျ ကြွားဝါနေကြလေသည်။

ထို့အပြင် အခန်းတစ်ခုလုံး ပြည့်နေသော ဆေးဖိုများကလည်း သာမန် ပစ္စည်းများ လုံးဝ မဟုတ်ကြပေ။

ရွှေကျီးကန်း ဆေးအိုး နှင့် နာမည်ကြီးမှုချင်း တူညီသော နောက်ထပ် မိုးပျံကျောက် ဆေးအိုး နှစ်လုံးပင် ရှိနေသေးသည်။

လက္ခဏာများကို အကဲခတ်ကြည့်ပြီးနောက် ကျန်းပေရန်သည် တစ်လုံးက အသက်ကယ်ဆေးအိုး ဖြစ်ပြီး နောက်တစ်လုံးကတော့ အင်မော်တယ် မှိုဆေးအိုး ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။

ကျန်းပေရန်က ဒီဆေးအိုး နှစ်လုံးကို လက်လှမ်း၍ စမ်းသပ်ကိုင်တွယ်ကြည့်ရန် ပြင်လိုက်စဉ် ရုတ်တရက် ရှုပ်ထွေးသော ခြေသံများက သူ၏ နားထဲသို့ ဝင်ရောက်လာပြီး မကြာမီမှာပင် အဆင့်မြင့် ဆေးဆရာ တစ်အုပ်ကြီးက ဆေးဖော်စပ်သည့် အခန်းထဲသို့ အလုအယက် တိုးဝှေ့ဝင်ရောက်လာကြသည်ကို မြင်လိုက်ရလေသည်။

သူတို့ ဒီလောက်တောင် အပြင်းအထန် ကြိုးစားနေရခြင်းမှာ ဆရာကြီးကျန်း ဆေးဖော်စပ်သည်ကို အနီးကပ် ကြည့်ရှုနိုင်ရန် နေရာကောင်း တစ်ခု အရင်ဆုံး ဦးထားချင်သောကြောင့် ဖြစ်သည်။

နိဗ္ဗာန်ဆေးလုံးကို သုတေသန လုပ်နေစဉ်အတွင်း ဒီလူများသည် ကျန်းပေရန်၏ သီအိုရီများကြောင့် အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသဖြင့် ကျန်းပေရန်၏ ဆေးဖော်စပ်မှု အဆင့်က ဘယ်လောက်တောင် ရှိမလဲ ဆိုသည်ကို စိတ်ဝင်တစား သိချင်နေခဲ့ကြပြီး ယခုလို ဆန္ဒပြည့်ဝခွင့် ရသွားသောအခါ သဘာဝကျစွာပင် အနည်းငယ် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်၏။

နောက်ဆုံးတွင် ဆရာကြီးခူ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အဆင့်မြင့် ဆေးဆရာ တစ်အုပ်ကြီးက ကျန်းပေရန်ကို အလယ်တွင် စနစ်တကျ ဝိုင်းရံထားလိုက်ကြပြီး သူတို့ အားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အပြည့်အဝ ရှိနေကြလေသည်။

ကျန်းပေရန်သည် ယခုအချိန်တွင် သူတစ်ပါး၏ ဆေးအိုးများကို စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသော်လည်း နောက်ထပ် ရင်ဆိုင်ရမည့် အခက်အခဲ မြင့်မားသော စိန်ခေါ်မှုကို တွေးမိသောအခါ လက်စွပ်ထဲမှ ရွှေကျီးကန်း ဆေးအိုးကိုသာ ထုတ်ယူလိုက်တော့သည်။

"အို"

ရွှေကျီးကန်း ဆေးအိုး ကို မြင်လိုက်ရသောအခါ ရှေ့ဆုံးတန်းတွင် ရပ်နေသော ဆေးဆရာ အချို့က အံ့ဩတကြီး ရေရွတ်လိုက်မိကြ၏။

သူတို့က ဒါသည် ဒဏ္ဍာရီလာ ဆေးအိုး ကိုးလုံးထဲမှ တစ်လုံးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသွားကြခြင်း မဟုတ်ဘဲ ဆေးဆရာများ ဖြစ်ကြသည့် အားလျော်စွာ ရွှေကျီးကန်း ဆေးအိုး ပေါ်တွင် ကျန်ရစ်နေခဲ့သော ဆေးဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဒီဆေးအိုးက အလွန် အစွမ်းထက်သော ဝိညာဉ်ဆေးလုံးများကို သေချာပေါက် ဖော်စပ်ခဲ့ဖူးကြောင်း သူတို့ သိလိုက်ကြသည်။

"ရွှေကျီးကန်း ဆေးအိုး ဟုတ်လား ဒါက ရွှေကျီးကန်း ဆေးအိုးလား"

ထိုစဉ် ပစ္စည်းအကဲခတ်တတ်သော ဆေးဆရာတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်၏။

"ရွှေကျီးကန်း ဆေးအိုး ဟုတ်လား မတူပါဘူး"

"မှတ်တမ်းစာအုပ်ထဲက ပုံနဲ့ မတူပေမယ့် ဒီသမင်ပုံစံ မဟူရာကျောက်ကို ကြည့်လိုက်ဦး ပြီးတော့ အောက်ခြေခုံရဲ့ အရောင်ကိုပါ ကြည့်လိုက် ရွှေကျီးကန်း ဆေးအိုး ဖြစ်တာ သေချာတယ် မမှားနိုင်ဘူး"

ကျန်းပေရန်ကလည်း ထိုစကားကို ကြားသောအခါ လက်အုပ်ချီကာ ပြန်ပြောလိုက်သည်။

"ဆရာကြီးမေ မျက်စိရှင်လှချည်လား ဒါက တကယ်ပဲ ရွှေကျီးကန်း ဆေးအိုးပါပဲ ဒါပေမယ့် ကျွန်တော် နည်းနည်းလေး ပြုပြင်မွမ်းမံထားလို့ပါ"

ဆရာကြီးမေ သည် ထိုစကားကို ကြားသောအခါ ခဏမျှ ကြောင်အသွားပြီးမှ ဆက်မေးလေသည်။

"ဆရာကြီးကျန်း ကိုယ်တိုင် ပြုပြင်မွမ်းမံထားတာလား"

"အင်း"

ကျန်းပေရန်က ခေါင်းညိတ်လိုက်၏။

"ဂလု"

တစ်ခဏချင်းမှာပင် တံတွေးမျိုချသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျန်းပေရန်မှာ လူတိုင်း၏ အမြင်တွင် ကင်ထားပြီးသား သိုးပေါက်လေး တစ်ကောင် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဒီအဆင့်မြင့် ဆေးဆရာများ ရုတ်တရက် ဝံပုလွေလို ကျားလို ဖြစ်သွားကြသည်မှာလည်း မဆန်းပေ။ ကျန်းပေရန်၏ ဒီလုပ်ဆောင်မှုက သူတို့ အိပ်မက်မက်နေကြသော်လည်း မည်သို့မျှ မလုပ်နိုင်သော အရာဖြစ်နေသောကြောင့်ပင်။

အဆင့်ကိုး ဆေးဆရာများ ဖြစ်ကြသည့် အားလျော်စွာ ဆေးဖော်စပ်ခြင်း အကြောင်းကို သူတို့ထက် ပိုသိသောသူ မရှိသလို ဆေးဖော်စပ်သည့် အချိန်တွင် ဘာတွေ လိုအပ်သလဲ ဆိုသည်ကိုလည်း သူတို့ထက် ပိုနားလည်သောသူ မရှိချေ။

ဒဏ္ဍာရီလာ ဆေးအိုး ကိုးလုံးကို ရရှိထားသော အဆင့်ကိုး ဆေးဆရာ အနည်းငယ်မှလွဲ၍ ကျန်သော ဆေးဆရာ အများစုသည် သူတို့အတွက် သီးသန့် ဆေးအိုး တစ်လုံးကို ဖန်တီးပေးရန် အဆင့်ကိုး လက်နက်ဖန်တီးရှင် တစ်ဦးကို ရှာဖွေတတ်ကြသည်။

သို့သော် သူတို့က လိုအပ်ချက်များကို အသေးစိတ် ရှင်းပြထားခဲ့လျှင်တောင်မှ ထွက်ပေါ်လာသော ပစ္စည်းက သူတို့ကို အပြည့်အဝ ကျေနပ်မှု မပေးနိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေ တစ်ဖက်လူက အဆင့်ကိုး လက်နက်ဖန်တီးရှင် ဖြစ်နေလျှင်တောင်မှ အဆင့်ကိုး ဆေးဆရာ တစ်ဦး တကယ် လိုအပ်နေသည်မှာ ဘာလဲ ဆိုသည်ကို အတိအကျ နားလည်နိုင်မည် မဟုတ်ချေ။

အသေးစိတ် အချက်အလက်များက တစ်ခါတစ်ရံတွင် အလွန် ကွာဟသွားတတ်လေသည်။

သို့သော် ကျန်းပေရန်ကတော့ မတူပေ။ ကျန်းပေရန်သည် ကျင့်စဉ်ပညာရပ် အားလုံးကို ကျွမ်းကျင်ပြီး အားလုံးက အဆင့်ကိုးသို့ ရောက်ရှိနေကြောင်း ကောလာဟလများကို သူတို့ အစောကြီးကတည်းက ကြားသိထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် လက်နက်ဖန်တီးခြင်း နှင့် ဆေးဖော်စပ်ခြင်း နှစ်ခုစလုံးတွင် အဆင့်ကိုးသို့ ရောက်ရှိနေသော ကျင့်စဉ်ပညာရှင် တစ်ဦးက သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဆေးအိုး တစ်လုံး ဖန်တီးပေးလာပါက ဘယ်လောက်တောင် ပြီးပြည့်စုံနေလိုက်မည်နည်း။

တွေးကြည့်ရုံနှင့်ပင် သူတို့ သွားရည်ကျလာမိကြလေပြီ။

"ဆရာကြီးကျန်း ကျွန်တော့်အတွက်လည်း ဆေးအိုး တစ်လုံးလောက် ဖန်တီးပေးလို့ ရမလား ဆရာကြီး လိုချင်တဲ့ ဘယ်ရတနာနဲ့မဆို လဲလှယ်ပေးပါ့မယ် ရှားပါးစာရင်းထဲမှာ ပါတာဖြစ်ဖြစ် မပါတာဖြစ်ဖြစ် အကုန်ပေးပါ့မယ်"

"ဆရာကြီးဟယ် ခင်ဗျားရဲ့ ကြယ်တာရာ ဆေးအိုး က လုံလောက်နေပြီလေ ဒီလို အခွင့်အရေးမျိုးကို ဆေးအိုးကောင်းကောင်း မရှိသေးတဲ့ ကျွန်တော်တို့ကိုပဲ ပေးလိုက်ပါ ဆရာကြီးကျန်း ကျွန်တော့်ကို ဆေးအိုး တစ်လုံး ဖန်တီးပေးဖို့ ဘယ်လောက်ပဲ တောင်းတောင်း ကျွန်တော် ပေးပါ့မယ် စရန်ငွေ အရင်ပေးထားလို့လည်း ရပါတယ် ဒီ လက်စွပ်ထဲက ရတနာတွေ ဆရာကြီး မျက်စိကျလောက်လား ကြည့်ကြည့်ပါဦး"

"ငါနဲ့ လာမလုကြနဲ့"

ထိုစဉ် တောင့်တင်းသော ခန္ဓာကိုယ်နှင့် မုတ်ဆိတ်မွေး ဖွာလန်ကြဲနေသော အဘိုးအို တစ်ဦးက အော်ဟစ်လိုက်၏။

"ဆရာကြီးကျန်း အဲ့ဒီ အသက်ကယ်ဆေးအိုး က ကျုပ် ဝုန်းအိုကြီးရဲ့ ပစ္စည်းပဲ တကယ်လို့ ဆရာကြီးက အဲ့ဒါကို ပိုကောင်းအောင် ပြုပြင်မွမ်းမံပေးနိုင်ရင် ဆရာကြီးနဲ့ အတူတူ မျှသုံးဖို့ သဘောတူတယ် ဘယ်လိုလဲ"

မက်မောစရာ ကောင်းသော ကမ်းလှမ်းချက်များကို တစ်ခုပြီးတစ်ခု ပြောဆိုလာကြသည်ကို မြင်သောအခါ ကျန်းပေရန်လည်း အတော်လေး စိတ်လှုပ်ရှားသွားသော်လည်း ယခုအချိန်တွင် သူ လုပ်ရမည့် ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေးကြောင်း သိထားသဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ဆေးအိုး ကောင်းကောင်း တစ်လုံး လိုချင်နေကြတဲ့ အားလုံးရဲ့ ဆန္ဒတွေကို ကျွန်တော် နားလည်ပါတယ် ဒါပေမယ့် ဆေးအိုး အသစ် ဖန်တီးတာဖြစ်ဖြစ် ပြုပြင်မွမ်းမံတာဖြစ်ဖြစ် အချိန်တိုအတွင်း လုပ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး အချိန်အကြာကြီး ယူရပါလိမ့်မယ် ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် အားလုံးကို ကတိပေးနိုင်တာက အားလပ်ချိန် ရတာနဲ့ အားလုံးရဲ့ တောင်းဆိုချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ် ဘယ်လိုလဲ"

ကျန်းပေရန်က ထိုမျှအထိ ပြောလိုက်ပြီ ဖြစ်ရာ အဆင့်ကိုး ဆရာကြီး တစ်အုပ်ကြီးမှာလည်း ဆက်လက်၍ ပူဆာနေရန် မသင့်တော်တော့ပေ။

"ဒါဆိုလည်း သဘောတူတယ်နော်"

"ဆရာကြီးကျန်း စကားပြန်ရုပ်လို့ မရဘူးနော်"

"ဆရာကြီးကျန်း အခု ဘယ်မှာ တည်းခိုနေလဲ မသိဘူး"

ထိုကဲ့သို့သော စကားများကိုသာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတော့သည်။

'တကယ်ကို ဆာလောင်နေကြတာပဲ'

ရွှေကျီးကန်း ဆေးအိုး ပေါ်မှ အကြည့်မခွာနိုင်ကြသေးသော ဆေးဆရာများကို ကြည့်ရင်း ကျန်းပေရန်သည် စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။

တစ်ယောက်ချင်းစီကို ယဉ်ယဉ်ကျေးကျေး ပြန်လည် ဖြေကြားပြီးနောက် ကျန်းပေရန်သည် နောက်ဆုံးတွင် ရွှေကျီးကန်း ဆေးအိုး နံဘေး၌ ရပ်ကာ ဆရာကြီးခူအား လက်အုပ်ချီလိုက်လေသည်။

"ဆရာကြီးခူ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"

ဆရာကြီးခူကလည်း အလွန် သဘောကောင်းစွာဖြင့် ဆေးဖော်စပ်နည်း တစ်ရွက်ကို ကျန်းပေရန်ထံ တိုက်ရိုက် ကမ်းပေးလိုက်၏။

"ကျေးဇူးတင်ပါတယ်"

ဆေးဖော်စပ်နည်းကို လက်ခံရရှိပြီးနောက် ကျန်းပေရန်က အမြန်ဆုံး တစ်ခေါက် ဖတ်ကြည့်ရန် ရည်ရွယ်ထားသော်လည်း လိုအပ်သော ပထမဆုံး ပါဝင်ပစ္စည်းကို မြင်လိုက်ရချိန်တွင် မှင်သက်သွားလေသည်။

'ယွင်လင်ပန်း ဟုတ်လား'

ဒီပန်းကို ကျန်းပေရန်သည် ရှားပါးစာရင်း သို့မဟုတ် ရှီဟုန်ဖန်း ၏ ကိုယ်ပိုင် ရှားပါးစာရင်းထဲတွင် မမြင်ဖူးခဲ့သော်လည်း အလွန် နက်ရှိုင်းသော မှတ်ဉာဏ် တစ်ခုတော့ ရှိနေခဲ့သည်။

အကြောင်းမှာ ၎င်းသည် တစ်ကြိမ်တွင် ဆေးဖော်စပ်ခြင်း အမှတ် တစ်မှတ် တက်လာချိန်၌ သူ၏ ဦးနှောက်ထဲရှိ အသိပညာ သိုလှောင်ရုံအတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်သောကြောင့်ပင်။

အတော်လေးကို ထူးခြားဆန်းပြားသော ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်လေသည်။

All Chapters